သတင်းများ

ပူတင်-ဇီလန်စကီး တွေ့ဆုံမှုဖြစ်နိုင်ခြေရှိဟု ကရင်မလင် ထုတ်ပြန်

ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး တို့၏ တွေ့ဆုံမှုသည် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ၏ လိုအပ်သော ပြင်ဆင်မှုများ ပြည့်စုံပါက ဖြစ်လာနိုင်ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ဩဂုတ် ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဟားမက်အဖွဲ့က ဂါဇာမှ ဓားစာခံများထံ အကူအညီပေးရန် စည်းကမ်းချက်များ သတ်မှတ်

ဟားမက်အဖွဲ့က အစ္စရေးအနေဖြင့်အချို့သော စည်းကမ်းချက်များနှင့် ကိုက်ညီပါက ဂါဇာတွင် ထိန်းသိမ်းထားသည့် ဓားစာခံများထံ အကူအညီ ပေးမည်ဟု ပြောကြားခဲ့သည်။ ဟားမက်စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ အဘူအိုဘိုင်ဒါက ဩဂုတ်လ ၃ ရက်နေ့တွင် "အကူအညီ ပေးပို့ ရာတွင် အစ္စရေးက လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေး လမ်းကြောင်း များကို အမြဲတမ်းဖွင့်ပေးပြီး အဆိုပါဒေသတွင် လေကြောင်း တိုက်ခိုက် မှုများ ရပ်တန့်ရန်" လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းတို့ သည် "ထိန်းသိမ်းခံထားရသော အကျဉ်းသားများထံ အစားအစာနှင့် ဆေးဝါး များ ပို့ဆောင်ရန် နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ၏ မည်သည့် တောင်းဆိုမှု

တောင်ကိုရီးယားက မြောက်ကိုရီးယား နယ်စပ်၌ တပ်ဆင်ထားသည့် ဝါဒဖြန့်ချိရေး အသံချဲ့စက်များကို ဖြုတ်သိမ်း

တောင်ကိုရီးယားနိုင်ငံသည် မကြာသေးမီက မြောက်ကိုရီးယားနှင့် နယ်စပ် တစ်လျှောက်ရှိ ဝါဒဖြန့်ချိရေး အသံချဲ့စက်များကို ဖြုတ်သိမ်းရန် စတင် ဆောင်ရွက်ခဲ့ပါသည်။ သမ္မတ Lee Jae-myung အစိုးရအနေဖြင့် ပြုံယမ်း နှင့်ဆက်ဆံရေးတင်းမာမှုများ လျှော့ချရန် ကြိုးပမ်းလျက်ရှိသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Trump နှင့် အဆင်မပြေသောဖုန်းစကားပြောဆိုမှုအပြီး ကုန်သွယ်ရေး ဆွေးနွေးပွဲ ပျက်သွားခြင်းကြောင့် ဆွစ်သမ္မတ Keller-Sutter ဝေဖန်မှု များ ရင်ဆိုင်နေရဟု Financial Times ဖော်ပြ

Financial Times သတင်းစာ၏ ဖော်ပြချက်အရ အမေရိကန်သမ္မတ Donald Trump နှင့် အဆင်မပြေဖြစ်ခဲ့သည့် ဖုန်းစကားဝိုင်း တစ်ခု အပြီး တွင် အမေရိကန်နှင့် ဆွစ်ဇာလန်၏ ကုန်သွယ်ရေးဆွေးနွေးပွဲများ ပျက်သွား ခဲ့ပြီး ဆွစ်သမ္မတ Karin Keller-Sutter သည် ပြည်တွင်းမှ ပြင်းထန်စွာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် Trump က ဆွစ်ဇာလန် အမျိုးသားနေ့နှင့် တိုက်ဆိုင်စွာ သောကြာနေ့ (ဩဂုတ် ၁) တွင်  ဆွစ် သွင်းကုန် များအပေါ် ၃၉% အထိ အကောက်ခွန်တိုးမြှင့်မည်ဟု ကြေညာခဲ့ပြီး ယင်း ပမာဏမှာ ကမ္ဘာ့အမြင့်ဆုံး အကောက်ခွန်နှုန်းထားများထဲမှ တစ်ခု ဖြစ်သည်။

ရုရှားနှင့် ဆက်ဆံရေးဖြတ်တောက်မှုကြောင့် EU ထရီလီယံချီဆုံးရှုံးဟု မော်စကိုထုတ်ပြန်

ယူကရိန်းပဋိပက္ခနှင့် ဆက်စပ်ကာ ရုရှားနှင့် စွမ်းအင်နှင့်ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လျှော့ချခဲ့သည့် ဥရောပသမဂ္ဂ (EU) သည် ယခုအခါ ယူရို ၁ ထရီလီယံကျော် (ဒေါ်လာ ၁.၁၅ ထရီလီယံ) ဆုံးရှုံးခဲ့ရကြောင်း ရုရှား ဒုတိယသမ္မတ အာလက်ဇန္ဒား ဂရူရှ်ကို (Aleksandr Grushko) က ထုတ်ဖော်ပြောကြားခဲ့သည်။

NATO အဖွဲ့ဝင်အက်စတိုးနီးယားနိုင်ငံမှ ရုရှားနယ်စပ် စစ်ဆေးရေး ဂိတ်တွင် အတားအဆီးများ တပ်ဆင်ချထားရန် လုပ်ဆောင်

အက်စတိုးနီးယားအာဏာပိုင်များသည် ရုရှားနှင့်နယ်နိမိတ် ဆက်စပ် နေသော အဓိကဝင်/ထွက်ပေါက်တစ်ခုတွင် သံမဏိဂိတ်များနှင့် အတားအဆီး များ တပ်ဆင်ရန် စတင်လုပ်ဆောင်နေကြောင်း ဒေသခံရုပ်သံ ERR က စနေနေ့ (ဩဂုတ် ၂) တွင် ဖော်ပြခဲ့သည်။ အဆိုပါအစီအမံသည် လုံခြုံရေး ကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု သတင်းများအရသိရပြီး မော်စကိုနှင့် NATO နိုင်ငံများအကြား တင်းမာမှုများ တိုးလာနေချိန်တွင် ဆောင်ရွက် ခြင်း ဖြစ်သည်။

ရုရှားဓာတ်ခွဲခန်းက ကင်ဆာကာကွယ်ဆေး ထုတ်လုပ်မည့်အချိန်ကို ကြေညာ

ရုရှား၏ ပထမဆုံး ကင်ဆာကာကွယ်ဆေးကို လာမည့် လအနည်းငယ်အတွင်း လူနာများအား စတင် ထိုးနှံနိုင်တော့မည်ဟု Gamaleya သုတေသနဌာနမှ ညွှန်ကြားရေးမှူး Alexander Gintsburg က ကြေညာလိုက်သည်။ ထိုနည်းပညာမှာ AI အကူအညီဖြင့် လူနာ၏ မျိုးရိုးဗီဇဒေတာအခြေပြု၍ mRNA နည်းပညာဖြင့် ကင်ဆာကျိတ်များကို တိုက်ဖျက်ရန် ဒီဇိုင်းထုတ်ထားသော ကုထုံးတစ်ခုဖြစ် သည်။

ထရမ့်က Witkoff ၏ မော်စကိုခရီးစဉ် ရက်စွဲကို ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ အထူးကိုယ်စားလှယ် Steve Witkoff သည် လာမည့်သီတင်းပတ်တွင် မော်စကိုသို့ သွားရောက်မည် ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပြီး ယူကရိန်းနှင့် ငြိမ်းချမ်းရေး သဘော တူညီချက်ရရှိရန် ရုရှားအား ၎င်းသတ်မှတ်ထားသော ၁၀ ရက်ပြည့်ရန် နောက်ဆုံးနေ့မတိုင်မီ ရက်ပိုင်းအလိုတွင် သွားရောက်မည်ဖြစ်သည်။

Esports World Cup Championship ဆုရရှိသည့် မြန်မာအသင်း ဒေါ်လာ (500,000) ရရှိ

ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် ကျင်းပသည့် Esports World Cup Championship တွင် World Champion ဆုရရှိသည့် မြန်မာအသင်း သည် ဒေါ်လာ (500,000) ရရှိမည်ဖြစ်ကြောင်း သိရသည်။

Esports World Cup Championship တွင် Main Sponsor -KBZ Bank (KBZPay) မှ ပံ့ပိုးပေးထားပြီး ဇူလိုင် (၂၅) ရက်မှ ဩဂုတ် (၃) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ကိယက်ဗ် အား ငွေကြေးထောက်ပံ့ခြင်းသည် အမေရိကန်အများစုအား သစ္စာဖောက်ခြင်းဖြစ်သည်ဟု ရီပတ်ပလီကန်အမျိုးသမီး လွှတ်တော် အမတ် ပြောကြား

ယူကရိန်းအား ငွေကြေးထောက်ပံ့ရန် ထောက်ခံသော အမေရိကန် နိုင်ငံရေးသမားများသည် ၎င်းတို့၏ မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ဆုံးရှုံးနိုင်ကြောင်း အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် Marjorie Taylor Greene မှ သတိပေးခဲ့သည်။ ရုရှားနှင့် ပဋိပက္ခဖြစ်နေသော ယူကရိန်း အစိုးရအား ဆက်လက်ငွေကြေးထောက်ပံ့ခြင်းသည် အမေရိကန် ပြည်သူများအား "လုံးဝသစ္စာဖောက်ခြင်း" ဖြစ်ကြောင်း ဂျော်ဂျီယာ ရီပတ်ပလီကန် အမတ်မှ ပြောကြားခဲ့သည်။