သတင်းများ

မြေပြင်မှနေ၍ အာကာသထဲအထိပစ်ခတ်နိုင်မယ့် လျှပ်စစ်သံလိုက်လှိုင်းလက်နက်

လျှပ်စစ်သံလိုက်လှိုင်းဆိုတာ လက်ရှိကမ္ဘာ ကြီးမှာ သိပ်ကိုအသုံးတည့်တဲ့အရာတစ်ခု ဖြစ်လာပါတယ်။ ဒီလိုအသုံးတည့်တဲ့ အရာကိုပဲ လက်နက်တစ်ခုအဖြစ် တီထွင်လိုက်တဲ့အခါ သူ့ရဲ့အသုံးဝင်မှုက သိပ်ကိုကြီးမားသွားပါပြီ။ ဒီလိုအသုံးဝင်လှတဲ့ လျှပ်စစ်သံလိုက်လှိုင်းသုံး လက်နက်ကို  တီထွင်ထားတဲ့ နိုင်ငံတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ စွမ်းအင်ပမာဏ ၁၀ ဂစ်ဂါဝပ်အထိ ထုတ်လွှတ်ပေးနိုင်တဲ့ လက်နက်အမျိုးအစားကို ဒီနေ့အချိန်အထိ မြင်တွေ့ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ အခု တော့ တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များရဲ့ ကြိုးစားမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှုတို့ကြောင့် စွမ်းအင်ပမာဏ ၁၀ ဂစ်ဂါဝပ်အထိထုတ်လွှတ်ပေးနိုင

ဝေဟင်ပစ်မှတ်မှန်သမျှကို ထိမလွဲဖြစ်စေမယ့် ပေါင် ၉၉၀ ဒုံးကျည်

ဥရောပစစ်လက်နက်ပစ္စည်းထုတ် လုပ်ရေးကုမ္ပဏီတစ်ခုက အဆင့်မြှင့်တင်ထားတဲ့ ဒုံးကျည်အမျိုး အစားအသစ်တစ်ခုကို မကြာသေးခင်ကပဲ လက်တွေ့ပစ်ခတ်စမ်းသပ်မှု လုပ်ဆောင်ခဲ့ပါတယ်။ သူ့ကိုတော့ ASTER B1 New Technology (B1NT) ဒုံးကျည်လို့အမည် ပေးထားပါတယ်။ လက်တွေ့စမ်းသပ်တဲ့ နေရာက ပြင်သစ်နိုင်ငံရှိ DGA Essais de Missiles ဆိုတဲ့ ဒုံးကျည်စမ်းသပ်ကွင်းမှာ ဖြစ်ပါတယ်။

တရုတ်နှင့်ရုရှားတို့က ဆက်ဆံရေးပိုမိုခိုင်မာစေရန် အရှေ့ပင်လယ်အတွင်း ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်ခန်းပြုလုပ်

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က နှစ်နိုင်ငံကြား ချစ်ကြည်ရေး ပိုမိုခိုင်မာစေရန် အရှေ့ပင်လယ်အတွင်း ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်ခန်းကို ဩဂုတ်လ ၃ ရက်တွင် လုပ်ဆောင်ကြောင်း သိရသည်။

အဆိုပါ အင်အားကြီးနှစ်နိုင်ငံသည် စီးပွားရေးနှင့်နိုင်ငံရေးတွင် ပူးပေါင်းဆောင် ရွက်မှုများကို တိုးမြှင့်ထားသည်သာမက စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို လည်း မြှင့်တင်လာခြင်းဖြစ်သည်။

နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

နေပြည်တော် ဩဂုတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါးပိတ်ထားခဲ့ရပြီး ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ကျိုင်းတုံမြို့နှင့် ကျိုက်မရောမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၃

ကျိုင်းတုံမြို့နှင့် ကျိုက်မရောမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

တရားမဝင် စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညို ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်

နေပြည်တော် ဩဂုတ် ၃

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ဇနီး ဒေါ်ကြူကြူလှ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၃

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ဇနီး ဒေါ်ကြူကြူလှ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပဲခူးမြို့ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။