အိန္ဒိယနှင့် ရုရှားတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံမှုကို ဂရုမစိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက် ပါသည်။
“အိန္ဒိယက ရုရှားနှင့် မည်သို့ပင်ဆောင်ရွက်နေစေကာမူ ဂရုမစိုက်ပါ။ ၎င်းတို့နှစ်နိုင်ငံလုံး စီးပွားပျက်နေတာ အတူတူပဲ ပျက်သွားပါစေ။ အိန္ဒိယ နှင့် အမေရိကန်တို့ ကုန်သွယ်မှု အလွန်နည်းပါးပါသည်။ ၎င်းတို့ ကုန်သွယ်ခွန် က ကမ္ဘာ့အမြင့်ဆုံးထဲမှာ ပါဝင်နေပါသည်။ ရုရှားနှင့် အမေရိကန် ကလည်း ကုန်သွယ်မှု လုံးဝနီးပါး မရှိသလောက်ပါပဲ" ဟု ထရမ့်က ၎င်း၏ Truth Social စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။