အကျိုးခံစားခွင့် တောင်းဆိုရမည့်ကန့်သတ်ချက်တွေကို ဥပဒေပုဒ်မ ၇၃ မှာ တရားဝင်ပြဋ္ဌာန်းထားပါတယ်။ အလုပ်တွင်ထိခိုက်မှုနှင့်ပတ်သက်သည့် ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှုနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်တွေကို တစ်နှစ်အတွင်း တောင်းခံရန် လိုအပ်သလို အငြိမ်းစားယူပြီး ဆေးကုသမှုဆက်လက်ခံယူခွင့်ကိုလည်း တစ်နှစ်အတွင်း တောင်းဆိုရမှာဖြစ်ပါတယ်။ ကျန်အကျိုးခံစားခွင့်များကို ၃လ အတွင်းတောင်းဆိုရမှာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျခဲ့လျှင် အကြောင်းပြချက်ခိုင်လုံပါက အမှုတွဲတစ်ခုချင်းအလိုက် စိစစ်ခွင့်ပြုပေးလျက်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျူံးဝင်မှတ်ပုံတင်ရမည့် အလုပ်ရှင်တစ်ဦးသည် ၎င်း၏ အလုပ်သမားကို ဥပဒေနှင့်အညီအကျုံးဝင်မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးပေးသွင်း ထားလျှင် အလုပ်ကိုအကြောင်းပြု၍ အလုပ်သမားထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း ဖြစ်ပါက အလုပ်သမားလျော်ကြေးဥပဒေနှင့်အညီပေးလျော်ရခြင်းမှ ကင်းလွတ်ခွင့်ရှိပါတယ်။ လူမှုဖူလုံရေးဥပဒေအရ အကျိုးခံစားခွင့်ခွင့်ပြုမှာဖြစ်တဲ့အတွက် အလုပ်သမားအနေဖြင့် အလုပ်ရှင်ထံမှ လျော်ကြေးတောင်းခံခွင့်မရှိပါ။ အလုပ်ရှင်တွေအတွက် လူမှုဖူလုံရေးဥပဒေ ပုဒ်မ-၄၉ နှင့်အညီ အလုပ်သမားလျော်ကြေးမှ ကင်းလွတ်ခွင့်ရှိအောင် ကာကွယ်ပေးထားပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လူမှုဖူလုံရေးဥပဒေ၊ နည်းဥပဒေတွေမှာ တရားဝင်ပြဋ္ဌာန်းထားပါတယ်။ အကျုံးဝင်တဲ့ နိုင်ငံပိုင်လုပ်ငန်းမှ အကျူံးမဝင်တဲ့ဦးစီးဌာနကို ပြောင်းသွားလျှင် မိမိဆန္ဒအလျောက် ဆက်လက်အာမခံထားခွင့်ရှိပါတယ်။ ထည့်ဝင်ကြေးကို ဆက်လက်ပေးသွင်းခြင်းမရှိရင် တော့ ၃၆လနှင့် အထက်ပြတ်တောက်ပါက ယာယီရပ်ဆိုင်းထားပြီး အကယ်၍ လူမှုဖူလုံရေး နှင့် အကျူံးဝင်သောလုပ်ငန်းဌာန၊ မြို့နယ်ကိုပြန်လည်ပြောင်းရွှေ့လာပါက ပြန်လည်မှတ်ပုံတင်ခြင်း ၊ သို့မဟုတ် ဆန္ဒအလျောက်ပြန်ဝင်ပြီး ယခင်လူမှုဖူလုံရေးအာမခံစိစစ်ရေး အမှတ်ဖြင့် ထည့်ဝင်ကြေးများပြန်လည်ပေးသွင်းနိုင်ပါတယ်။ ယခင်ထည့်ဝင်ကြေးပေးသွင်းထားသောကာလများဖြင့် ပြန်လည်ဆက်စပ်၍ ဥပဒေပါခံစားခွင့်များကို ခံစားခွင့်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လူမှုဖူလုံရေးဥပဒေနှင့် အကျုံးဝင်တဲ့အစိုးရဝန်ထမ်းများအတွက် အလုပ်ရှင်ထည့်ဝင်ကြေးကို ကြိုတင်လျာထားပြီး ပြည်ထောင်စုရန်ပုံငွေမှ ဘတ်ဂျက်တောင်းခံရပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေဖြင့် ရပ်တည်နေသည့် အဖွဲ့အစည်းများအနေဖြင့် လုပ်ခ လစာပေးသော တာဝန်ရှိသူသည် အလုပ်ရှင်ဖြစ်သည့်အတွက် အလုပ်ရှင်ထည့်ဝင်ကြေးကို တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေမှ ပေးဆောင်ရမှာဖြစ်ပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
လူမှုဖူလုံရေးဥပဒေပုဒ်မ (၁၂) နှင့် (၂၀) တို့အရ ဥပဒေနှင့်အညီ မှတ်ပုံမတင်မနေရ မှတ်ပုံတင်ရမည့် ဌာနများနှင့် သက်ဆိုင်ခြင်းမရှိသည့် မည်သူမဆို ကျန်းမာကြောင်းဆေး သက်သေခံလက်မှတ်နှင့်အတူ မှတ်ပုံတင်ပြီး အာမခံထားခွင့်ရှိပါတယ်။ အလုပ်လက်မဲ့ဖြစ် နေသူများ မှီခိုမိသားစုများ၊ လက်လုပ်လက်စားပြည်သူများအနေဖြင့် မိမိတို့စားဝတ်နေရေးအတွက်ဝင်ငွေအဖြစ် သတ်မှတ်ရမည့် အသုံးစရိတ်မှာ လူမှုဖူလုံရေး နည်းဥပဒေအပိုဒ် ၅၀(ခ)အရ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအားဖြစ်စေ၊ ဒေသအလိုက် ကြေညာထားသော အနိမ့်ဆုံးလုပ်ခဝင်ငွေအောက်မနည်းသည့်လုပ်ခဝင်ငွေအဖြစ်ဖော်ပြ၍ ဆန္ဒအလျောက် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်သို့ အဆိုပြုငွေ၏ ၄ ရာခိုင်နှုန်းကို ပေးသွင်းပြီး အာမခံထားခွင့်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူ မည်သူမဆို လူမှုဖူလုံရေးအဖွဲ့မှ ကျန်းမာကြောင်း ထောက်ခံစာနှင့်အတူ ဆန္ဒအလျောက်မှတ်ပုံတင်လို့ရပါတယ်။ မှတ်ပုံတင်ပြီဆိုပါက မိမိ၏ အဆိုပြုလစာအရ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်မှာ အလုပ်ရှင် ထည့်ဝင်ကြေး ၂ ရာခိုင်နှုန်းနှင့် အလုပ်သမားထည့်ဝင်ကြေး ၂ ရာခိုင်နှုန်း၊ စုစုပေါင်း ၄ ရာခိုင် နှုန်းကိုပေးသွင်းပြီး ဆေးကုသမှုခံယူခွင့်အပါအဝင် အဆိုပါအာမခံစနစ်မှ ကျန်အကျိုးခံစား ခွင့် (၁၂) မျိုးကို ခံစားခွင့်ရမှာဖြစ်ပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
ပြည်သူပိုင်ကဏ္ဍရှိ လုပ်ငန်းဌာနများအနေဖြင့် စီးပွားရေးလုပ်ကိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများသည် မဝင်မနေရ မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံမတင်မနေရပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ခြင်းမရှိသည့် ဦးစီးဌာနသို့ ပြောင်းသွားခြင်း၊ လူမှုဖူလုံရေးနှင့် အကျုံးမဝင်ရသေးသည့် မြို့နယ်များသို့ ပြောင်းရွှေ့ သွားခြင်းဖြစ်ပါက အာမခံအလုပ်သမားအနေဖြင့် ဆက်လက်အကျုံးဝင်ချင်လျှင် ဝန်ကြီးဌာနမှတစ်ဆင့် အလုပ်ရှင်ထည့်ဝင်ကြေးအတွက် ဘတ်ဂျက်ဆက်လက်တောင်းခံပြီး ခွင့်ပြုချက်ရရှိပါက ယခင်ပေးသွင်းနေကျ ရုံးခွဲမှတာဝန်ယူပေးသွင်းမယ်ဆိုပါက ဆက်လက် အကျုံးဝင်နိုင်သလို အကယ်၍ အလုပ်ရှင်ထည့်ဝင်ကြေးအတွက် ခွင့်ပြုရန်ပုံငွေမရရှိပါက မိမိ၏ လုပ်ခလစာဖြင့် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်သို့ အလုပ်ရှင်နှင့် အလုပ်သမားထည့်ဝင်ကြေးများကိုပေးသွင်းပြီး ဥပဒေပါခံစားခွင့်များကို ဆက်လက်ခံစား ခွင့်ရှိပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
ဆရာဝန်၊ သူနာပြု၊ လူမှုဖူလုံရေးအဖွဲ့မှ သတ်မှတ်ထားသည့် ဆေးခန်းအကျယ်အဝန်းရှိရမယ်။ အဲဒီပတ်ဝန်းကျင်မှာ လူမှုဖူလုံရေးအဖွဲ့နဲ့ အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အလုပ်ဌာန၊ အလုပ်သမားတွေ နေထိုင်ရာနေရာနဲ့နီးရပါမယ်။ အဲဒါဆိုရင် အလုပ်သမား ဦးရေများပြားတဲ့နေရာတွေမှာ ဦးစားပေးအနေနဲ့ စာချုပ်ဆေးခန်းတွေချုပ်ဆိုပြီး အာမခံ အလုပ်သမားတွေကို ပိတ်ရက်မရှိ (နံနက် ၈ နာရီ မှ ည ၈ နာရီအထိ) ဆေးကုသမှုပေးပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
တစ်ကြိမ်တစ်ခါမျှ လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ခဲ့ခြင်းမရှိသော ဆန္ဒအလျောက် မှတ်ပုံတင်တဲ့သူ တွေဟာမဖြစ်မနေ ကျန်းမာကြောင်းထောက်ခံစာယူဖို့ လိုပါတယ်။ အများစုပေါင်းထည့်ဝင်ထားတဲ့ ထည့်ဝင်ကြေးများနဲ့ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုတာဖြစ်တဲ့အတွက် မကျန်းမာတဲ့အခြေအနေမှလာရောက် အာမခံထားပြီး ထည့်ဝင်ကြေးပေးသွင်းတာမျိုးမဖြစ်ရအောင် ဆန္ဒအလျောက်မှတ်ပုံတင်သူအတွက်ကို ကျန်းမာကြောင်းထောက်ခံ စာယူတာ ဖြစ်ပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
ဝန်ထမ်းဖြစ်သူက လူမှုဖူလုံရေးထည့်ဝင်မှ မိသားစုက ထည့်ဝင်လို့ရတာ မဟုတ်ပါဘူး။ ဥပဒေပုဒ်မ ၁၂၊ ၂၀ တို့အရ လက်လုပ်လက်စား ပြည်သူတွေဟာလည်း လူမှုဖူလုံရေးနဲ့ အကျုံးဝင်မယ်ဆိုရင် ကျန်းမာကြောင်း ထောက်ခံချက်နဲ့အညီ မည်သူမဆို ဆန္ဒအလျောက် အကျုံးဝင်မှတ်ပုံတင်ခွင့်ရှိပါတယ်။ (၁/၂၀၂၃)လ မှာ (၁,၃၃၃) ဦးဟာ အလုပ်ရှင်မရှိဘဲ ကိုယ်ပိုင်အလုပ်လုပ်သူတွေ၊ ပင်စင်သွားသူတွေ အကျုံးဝင်မှတ်ပုံတင်ထားတာဖြစ်ပါတယ်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/