ရှန်းကျန့်မြို့ (Shenzhen)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရှေ့တောင်ပိုင်း၊ ကွန်ဒုန်ရှန်ပြည်နယ် (Guangdong Sheng )၏ တောင်-အလယ်ပိုင်းတွင် တည်ရှိသည်။ တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ဟောင်ကောင်၏မြောက်ဘက်တွင် တည်ရှိသည်။


အထူးစီးပွားရေးဇုန်တစ်ခုနှင့် သိပ္ပံနှင့်နည်းပညာများ ထွန်းကားသောမြို့အဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏တောင်ပိုင်း ဂန်ဒေါင်း (Guangdong) ပြည်နယ်ရှိ ရှန်းကျန့် (Shenzhen) ဒေသသည် စီးပွားရေးရှေ့ပြေးသာလျှင်မဟုတ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နည်းပညာဆန်းသစ် တီထွင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျင်မြန်သောအရှိန်အဟုန်ကို သရုပ်ဖော်သည့် "မှန်" တစ်ချပ်လည်းဖြစ်ပါသည်။

Atul Aneja သည် နိုင်ငံခြားရေးရာအထူးပြု ဝါရင့် သတင်းထောက်တစ်ဦးဖြစ်ပါသည်။ ၎င်းသည် India Narrative website ၏ အယ်ဒီတာဟောင်းတစ်ဦးဖြစ်ပြီး ဟိန္ဒူသတင်းစာ၏ မဟာဗျူဟာ ရေးရာ အယ်ဒီတာလည်း ဖြစ်ပါသည်။

ပြည်သူများ ဆက်သွယ်သွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေးနှင့် ရထားပို့ဆောင်ရေး ဟူသည့် နည်းလမ်းလေးမျိုးဖြင့် အစဉ်အဆက် ဆောင်ရွက်ခဲ့ရာတွင် ရထားပို့ဆောင်ရေးနည်းလမ်းသည် သယ်ယူပို့ဆောင်စရိတ်အနည်းဆုံးဖြင့် ခရီးသည်နှင့် ကုန်စည်များစွာကို အချိန်တိုအတွင်း သယ်ယူ ပို့ဆောင်ပေးနိုင်သည်။ နှစ်ပေါင်း ၁၄၀ ကျော် သက်တမ်းရှည်ကြာပြီဖြစ်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရန် အချိန်ကာလ နီးကပ်လာပြီဖြစ်သည်။ အမျိုးသားအားကစားပွဲတော်သည် နိုင်ငံတော်အဆင့်ဖြစ်သည်နှင့်အညီ ဖွင့်ပွဲအခမ်း အနားကို ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ကျင်းပနိုင်ရန်နှင့် ပြိုင်ပွဲများကျင်းပခြင်း၊ ယှဉ်ပြိုင်ခြင်းတို့တွင်လည်း အဆင့်အတန်းမီမီ၊ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲများ၌ အားကစားနည်း ခြောက်မျိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲများတွင် အားကစားနည်း ၂၃ မျိုး ကျင်းပသွားမည်ဖြစ်ပြီး အားကစားသမား စုစုပေါ

ဒေါက်တာခင်မျိုးမြင့်ကြူ (ပညာရေး)
ကမ္ဘာ့အလယ်တွင် မြန်မာဟူ၍ ထည်ထည်ဝါဝါရပ်တည်နိုင်ရန် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးများ နည်းတူ ပညာရေးသည်လည်းအရေးကြီးသော ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေပါသည်။ ပညာမြင့်မှ လူမျိုးတင့်မည် ဆိုသည့်စကားလည်းရှိပါသည်။ ဤ နေရာတွင် “စာ” နှင့် “ပညာ” ခွဲခြားသိရှိရန် လိုအပ်ပါသည်။

ပါကင်ဆန်ရောဂါကို အိန္ဒိယနိုင်ငံမှာ ဘီစီ ၅၀၀၀ ၀န်းကျင်ကတည်းက ဖြစ်ပေါ် ခံစားလာခဲ့ကြရပြီး အိန္ဒိယလို Kampavata ရောဂါလို့ ခေါ်ပါတယ်။ အဲဒီ အချိန်က ဒီရောဂါ ဘာကြောင့်ဖြစ်တယ်ဆိုတာကို သေချာအဖြေ မထုတ်နိုင်ခဲ့ကြသေးပါဘူး။ ၁၈၁၇ ခုနှစ် ရောက်လာတဲ့အခါမှာတော့ ဗြိတိသျှလူမျိုး ဒေါက်တာ James Parkin-son (၁၇၅၅ - ၁၈၂၄) ဆိုသူက ရောဂါဖြစ်လာရတဲ့အကြောင်းကို လေ့လာဖော်ထုတ် အဖြေရှာနိုင်ခဲ့တာကြောင့် အဲဒီ့ဒေါက်တာရဲ့အမည်ကို အစွဲပြုပြီး ဆေးသိပ္ပံနည်းအရ Parkinson’s disease (PD) လို့ ရောဂါအမည်တပ်ခဲ့ကြကြောင်း မှတ်သားရပါတယ်။

ကမ္ဘာ့နိုင်ငံအလိုက်၊ လူမျိုးအလိုက် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိကြသည်။ ရေအတိမ်အနက်ကို ကြာရိုးကြာစွယ်ကြည့်ခြင်းဖြင့် သိနိုင်သလို နိုင်ငံနှင့် လူမျိုးအဆင့်အတန်းကိုလည်း ယဉ်ကျေးမှုကိုကြည့်၍ စံပြုတိုင်းတာကြသည်။ မြန်မာ့ယဉ်ကျေးမှုသည် နှစ်ပေါင်းထောင်ချီ၍ ဖြစ်ထွန်းလာခြင်းဖြစ်ပြီး ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဓလေ့များဖြင့် ယနေ့တိုင်တည်တံ့ ခိုင်ခံ့လျက်ရှိသည်။

ချင်းတောင်တန်းဒေသမှာ ချိုချင်းတို့သည် တောင်ယာစိုက်ပျိုးရေးသာ အဓိကထားလုပ်ကိုင်ခဲ့ ကြရသည်။ ရာသီဥတုကိုလိုက်၍ အပူတောနှင့် အအေးတောဟု နှစ်မျိုးရှိရာ တောင်ယာစပါးကို အပူတော၌သာ စိုက်ပျိုးရသည်။ အအေးတောတွင် စိုက်၍မရပါ။ ထိုအခါ ဖူးစားပြောင်းကိုသာစိုက်၍ ပြောင်းထမင်းကိုသာ စားရသည်။ ပြောင်းထမင်းသည် ပူနေသည့်အချိန်စားလျှင် ကောင်းသော်လည်း အေးသွားလျှင်မာသည်။ ကြမ်းသည်။ ကြေညက်အောင် မဝါးလျှင် အစာအိမ်ထိခိုက်နိုင်သည်။