ကဏ္ဍများ

သဘာဝသာယာမင်္ဂလာရှိရာ သီတင်းကျွတ်ချိန်ခါ

သီတင်းကျွတ်လသည် မြန်မာပြက္ခဒိန်၏ သတ္တမမြောက်လဖြစ်သည်။ ရက်မစုံလဖြစ်ပြီး ရာသီပန်းမှာ ကြာပန်းဖြစ်သည်။ စန်းယှဉ်နက္ခတ်မှာ အသဝနီနက္ခတ်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ ဝါတွင်းကာလ ပြီးဆုံးသော အချိန်အခါလည်း ဖြစ်သည်။ “တော်ကျွတ်မုန်းရှေ့”ဆိုသော စကားအရ နဂါးဦးခေါင်းသည် အရှေ့အရပ်သို့လှည့်၏။ ရက်ရာဇာများမှာ အင်္ဂါနှင့်ကြာသပတေးတို့ဖြစ်ပြီး  တနင်္ဂနွေနှင့်တနင်္လာတို့မှာ ပြဿဒါးရက်များ ဖြစ်ကြသည်။

အစ္စရေးက ဟစ်ဇ်ဘိုလာကို တိုက်ခိုက်မှု အရှိန်မြှင့်

အစ္စရေးသည် ဟစ်ဇ်ဘိုလာအဖွဲ့ကို ဝေဟင်ရော မြေပြင်ပါ အရှိန်လျှော့ချခြင်းမရှိဘဲ အရှိန်မြှင့်တိုက်ခိုက်လျက်ရှိသည်။ ဟစ်ဇ်ဘိုလာက လက်ဘနွန်မှ အစ္စရေးသို့ ဦးတည်ကာ ဒုံးကျည်ရာနှင့်ချီ ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးကပြောသည်။ အစ္စရေးတပ်မတော်သည် ဟစ်ဇ်ဘိုလာစစ်ရေးပစ်မှတ် ၂၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ခိုက်ရေးသမား ၂၅၀ ခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော် တာဝန်ရှိသူများက ပြောသည်။ အခြားတစ်ဖက်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးကို ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။ ထိုသို့တိုက်ခိုက်မှုများကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူအချို့ရ

ပထမဆုံး မျောက်ကျောက်ရောဂါ အရေးပေါ်စမ်းသပ်ကိရိယာ အသုံးပြုခွင့်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အတည်ပြု

ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့က မျောက်ကျောက်ရောဂါ ရှာဖွေစမ်းသပ်မှုအတွက် မှတ်တိုင်တစ်ခုအဖြစ် ပထမဆုံး ရောဂါရှာဖွေစမ်းသပ်ကိရိယာ အသုံးပြုခွင့်ကို အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း စက်တင်ဘာ ၄ ရက်က ပြောကြားသည်။ 

အာဖရိကတွင် ရောဂါရှာဖွေစမ်းသပ်မှုစွမ်းရည်ကို အကန့်အသတ်ဖြစ်စေပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဆက်လက်ရုန်းကန်နေရချိန်တွင် အဆိုပါ အတည်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။