သတင်းများ

ပိုင်နက်မြေပေါ်မှတစ်ဆင့် ပထမဆုံး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ဂျပန်တပ်မတော်ပြုလုပ်

တိုကျို ဇွန် ၂၅

ဂျပန်ပိုင်နက်မြေပေါ်မှတစ်ဆင့် ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုကို ဂျပန်တပ်မတော်က ပထမဆုံးအကြိမ်အဖြစ် ဇွန် ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဂျပန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ဇွန် ၂၄ ရက် စမ်းသပ်မှုတွင် ဂျပန်တပ်ဖွဲ့ဝင်များသည် ပုံစံ-၈၈ အမျိုးအစား မြေပြင်မှ ရေပြင်ပစ် ဒုံးကျည်တစ်စင်းကို ဟော့ကိုင်းဒိုး ကျွန်းမှတစ်ဆင့် ပစိဖိတ်ရေပြင် အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

ပုံမှန်အားဖြင့် နေရာအကန့် အသတ်နှင့်လုံခြုံရေးပြဿနာများကြောင့် ဂျပန်နိုင်ငံသည် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများကို အမေရိကန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့၌ ပြုလုပ်လေ့ရှိသည်။

သို့ရာတွင် လက်ရှိနိုင်ငံတကာ လုံခြုံရေးအခြေအနေများအရ ဂျပန်တပ်မတော်အနေဖြင့် ကျည်စစ်သုံး စစ်ရေးလေ့ကျင့်မှုများကို ဂျပန်မြေပေါ်မှာပင် ပြုလုပ်ရန် လိုပြီဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဒေသတွင်း စစ်ရေးဩဇာကြီးမားလာချိန်တွင် ဂျပန်တပ်မတော်က ဂျပန်မြေပေါ် မှတစ်ဆင့် ပထမဆုံးဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဂျပန်တပ်မတော်သည် ဇွန်၂၉ ရက်တွင်လည်း ပုံစံ-၈၈ မြေပြင်မှ  ဝေဟင်ပစ်ဒုံးကျည်တစ်စင်း ထပ်မံ စမ်းသပ်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper

ai

တရုတ်နိုင်ငံသည်    ဉာဏ်ရည်တုနည်းပညာ(AI)အတွက်  ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုသည် ယွမ်ဘီလီယံ  ၆၀၀ မှ ၇၀၀ အထိရှိလာနိုင်ကြောင်း  အမေရိကန်ဘဏ်က ထုတ်ပြန်ထားသည်။

ထိုပမာဏသည် ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံက အသုံးပြုခဲ့သော AI တွင်ရင်းနှီးမြှုပ်နှံမှု ပမာဏထက် ၄၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။

အဆိုပါရင်းနှီးမြှုပ်နှံမှု ပမာဏအနက် အစိုးရက အသုံးပြုသော ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယွမ်ဘီလီယံ ၄၀၀ အထိရှိပြီး အင်တာနက် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံ မှုမှာ ယွမ် ၁၇၂ ဘီလီယံအထိရှိလာနိုင်ကြောင်း အမေရိကန်ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လာခြင်းကြောင့် Deep-Seek ကဲ့သို့သော AI ကုမ္ပဏီများက အချိန်တိုအတွင်း အောင်မြင်လာခြင်းဖြစ်သည် ကိုမြင်တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့က AI နည်းပညာတွင် လွှမ်းမိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေစဉ်  ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

MWD Portal

EU မှ လက်ဆွဲအိတ်များနှင့်ပတ်သက်သည့် စည်းမျဉ်းအသစ်များ ထုတ်ပြန်

ဥရောပပါလီမန်သည် လေကြောင်းလိုင်းများအား ခရီးသည်များထံမှ လက်ဆွဲအိတ်အတွက် အပိုကြေးငွေများ ကောက်ခံခြင်းကို တားမြစ်ရန် မဲခွဲဆုံးဖြတ်ခဲ့သည်။

အဆိုပါ စည်းမျဉ်းအသစ်အရ ဥရောပသမဂ္ဂ (EU) အတွင်း သွားရောက် ကြမည့် ခရီးသည်များသည် ကိုယ်ပိုင်အိတ် (လက်ဆွဲအိတ် သို့မဟုတ် ကျောပိုးအိတ်) တစ်လုံးနှင့် ၇ ကီလိုဂရမ်အထိ အလေးချိန်ရှိသော လက်ဆွဲ ခရီးဆောင်အိတ်တစ်လုံးကို အပိုကြေးမယူဘဲ ယူဆောင်ခွင့်ရှိသည်။ ကိုယ်ပိုင်အိတ်၏ အများဆုံးအရွယ်အစားမှာ ၄၀x၃၀x၁၅ စင်တီမီတာ ဖြစ်ပြီး လက်ဆွဲအိတ်အတွက် အလျား၊ အနံ၊ အမြင့်ပေါင်း ၁၀၀ စင်တီ မီတာ (စုစုပေါင်းအရွယ်အစား) ထိခွင့်ပြုထားသည်။

ဥရောပကော်မရှင်၏ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မတ်တီယို ရစ်ချီ (Matteo Ricci) က အခမဲ့ လက်ဆွဲအိတ် ယူဆောင်ခွင့်အတွက် စံသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းသည် အပို ကုန်ကျစရိတ်များကို ရှောင်ရှားရန် အခြေခံအခွင့်အရေးတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဇွန် ၂၅ ရက်က မဲခွဲဆုံးဖြတ်မှုသည် ပိုမိုတရားမျှတ၍ ပွင့်လင်းမြင်သာသော ခရီးသွားလာရေးဆီသို့ အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်သည်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ၂၀၂၃ ခုနှစ်မှ ဥရောပကော်မရှင်မှ တင်ပြ ခဲ့သော ခရီးသည်အခွင့်အရေးပြုပြင်ပြောင်းလဲမှုများ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး လေကြောင်းလိုင်းများအား လေယာဉ် လက်မှတ်စာရင်း သွင်းခြင်း လုပ်ငန်းစဉ်တွင် ကုန်ကျစရိတ်များကို အပြည့်အဝပြသရန် နှင့် ပိုမိုပြေလည်သော လျော်ကြေးပေးချေမှုလုပ်ငန်းစဉ်များ ပါဝင်သည်။

အဆိုပါ စည်းမျဉ်းသစ်များသည် စားသုံးသူအဖွဲ့များမှ လက်ဆွဲအိတ်များ အတွက် မလိုလားအပ်သော အပိုကြေးများကောက်ခံမှုအား (အိတ်များ၏ အလေးချိန်နှင့် အရွယ်အစားသည် သတ်မှတ်ချက်အတွင်းရှိသော်လည်း) စုံစမ်းစစ်ဆေးရန် EU အား တောင်းဆိုခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လက်ဆွဲအိတ်များအတွက် အပိုကြေးကောက်ခံသည်ဟု စွပ်စွဲ ခံထားရသော လေကြောင်းလိုင်းအချို့တွင် အီဇီဂျက် (EasyJet)၊ နော်ဝေ ဂျီယံ အာရှတ္တယာ (Norwegian Air Shuttle)၊ ရိုင်ယန်းအေယာ (Ryanair)၊ ထရန်ဆေးဗီးယား (Transavia)၊ ဗိုလိုတီယာ (Volotea)၊ ဗွီလင်း (Vueling) နှင့် ဝီဇ်အေယာ (Wizz Air) တို့ ပါဝင်သည်။

ဥရောပလေကြောင်းလိုင်းများအသင်း (A4E) က အဆိုပါ စည်းမျဉ်းသစ်များသည် အထူးသဖြင့် စျေးနှုန်းချိုသာသော လေကြောင်းလိုင်းများတွင် လေယာဉ်လက်မှတ်စျေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။ A4E ကိုယ်စားလှယ်များက မဖြစ်မနေဝန်ဆောင်မှုများအားစည်းကမ်းချမှတ်ခြင်းသည် ခရီးသည်များအား ၎င်းတို့လိုအပ်သော ဝန်ဆောင်မှုများအတွက် ရွေးချယ်စရာများကို ကန့်သတ်လိုက်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဇွန် ၂၅

မိုးရာသီပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အခွန်အယူခံခုံအဖွဲ့ရုံး၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ ဒုတိယဝန်ကြီး ဦးထင်ကျော်သူ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာ အသီးသီးတွင် နှစ်ရှည်ပင်၊ သီးပင်စားပင်နှင့် ပျိုးပင် ပေါင်း ၂၀၀ တို့ကို စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုပြီး ပါဝင်စိုက်ပျိုးခဲ့သူများအား အမှတ်တရလက်ဆောင်အဖြစ် Indoor Plant များကို ပေးအပ်သည်။

Source: Myanmar Digital News

28 Years Later ဇာတ်ကား ပထမသီတင်းပတ်ကုန် ဝင်ငွေကန်ဒေါ်လာ သန်း ၃၀ ထိ ရရှိခဲ့

နယူးယောက်  ဇွန် ၂၅

ဆိုနီရုပ်ရှင်ကုမ္ပဏီ၏ 28 Years Later ဇာတ်ကားကို စတင်ရုံတင်ပြီး ပထမသီတင်းပတ်ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈ သန်းနင့် သန်း ၃၀ အကြား ရရှိခဲ့ကြောင်း ဇွန် ၂၄ ရက် သတင်းများအရ သိရသည်။

ဆိုနီရုပ်ရှင်ကုမ္ပဏီသည် 28 Years Later ဇာတ်ကားကို ဇွန် ၁၉ ရက်တွင် ပွဲကြိုပြသခဲ့ပြီး ဇွန် ၂၀ ရက်တွင် စတင်ရုံတင်ပြသခဲ့သည်။ 28 Years Later ဇာတ်ကားသည် ပွဲကြိုပြသမည့်နေ့မှာပင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်းထိ ရရှိခဲ့သည်။

28 Years Later ဇာတ်ကားကို ဒါရိုက်တာ ဒန်နီဘွိုင်းက တာဝန်ယူ ရိုက်ကူးပေးထားကြောင်း သိရသည်။ ၎င်းဇာတ်ကားအတွက် ဝတ္တုဇာတ်ညွှန်းကို ဇာတ်ညွှန်းရေးဆရာအဲလက်စ်ဂါးလန်းက ရေးသားပေးထားသည်။ 28 Years Later ဇတ်ကားတွင် မင်းသား ရက်ဖ်ဖင်းနက်၊ အေရွန်တေလာဂျွန်ဆင်၊ မင်းသမီး ဂျိုဒီကမ်မာတို့ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

၂၀၂၅ ခုနှစ်၏ ပထမဆုံး ဧရာမပန်ဒါဝက်ဝံကို တရုတ်တွင် မွေးဖွား

ချန်ဒူ၊ ဇွန် ၂၅

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ် အနောက်ပိုင်းတောင်ရှိ ဧရာမပန်ဒါ ထိန်းသိမ်းရေးနှင့် သုတေသနဗဟို (CCRCGP) သည် ၎င်းတို့၏ စင်ချူပင် အခြေစိုက်စခန်းတွင် ယခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသော ပထမဆုံး ဧရာမပန်ဒါကလေး မွေးဖွားလာကြောင်းကြေညာခဲ့သည်။

ယင်းပန်ဒါကလေးကို ဇွန်လ ၂၁ ရက်၊ ည ၁၁:၅၀ နာရီတွင် မွေးဖွားခဲ့ပြီး၊ ဤပန်ဒါကလေး၏ မိခင်ဖြစ်သော လင်လန်းသည် ပထမဆုံးအကြိမ် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မတ်လအစောပိုင်းတွင် ပန်ဒါအထီး ယရှင်း နှင့် သဘာဝအတိုင်း မိတ်လိုက်ပြီးနောက် ပထမဆုံးအကြိမ် အောင်မြင်စွာ မွေးဖွားခဲ့ခြင်း ဖြစ်သည်။

“ခုနစ်နှစ်အရွယ် လင်လန်းက မိခင်ရဲ့ဗီဇကို ပြင်းပြင်းထန်ထန်ပြသခဲ့တယ်” ဟု အခြေစိုက်စခန်းမှ ဒုတိယညွှန်ကြားရေးမှူး ဝုဟောင်လင် က ပြောကြားခဲ့သည်။ “သူက လိမ္မာပါးနပ်စွာ ပွေ့ပိုက်ပြီး သူ့သားကို သန့်ရှင်းပေးတယ်၊ ကာကွယ်တယ်၊ ဂရုတစိုက် ပြုစုပေးတယ်”ဟု သူက ပြောကြားခဲ့သည်။

တိရစ္ဆာန်ဆရာဝန်အဖွဲ့များသည် ပန်ဒါမိခင်နှင့်ပန်ဒါကလေးကို ဆက်လက်စောင့်ကြည့်လျက်ရှိပြီး၊ နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်း အတည်ပြုထားသည်။

၁၉၈၀ ပြည့်နှစ်များမှစ၍ CCRCGP သည် ပန်ဒါ ဖမ်းသိမ်းမွေးမြူခြင်းအတွက် အဓိကအခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပြီး၊ ၁၉၈၃ တွင် ပန်ဒါ ၆ ကောင်မှ စတင်ကာ ယနေ့အချိန်တွင် ပန်ဒါ ၃၈၀ ကျော်အထိ ပြုစုမွေးမြူမှုအောင်မြင်လာခဲ့သည်။

Source: Popular Myanmar

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ရန် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိ

နေပြည်တော် ဇွန် ၂၅

EAEU ၏အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ်ကြားချက်အရမင့်စ်မြို့၌ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေး ဖိုရမ်(EEF 2025)သို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။

‌တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်

ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ခြင်း၊ EAEU၏အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် Eurasian Economic Union - EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် မင့်စ်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၁) Mr. Lukashevich Sergey Vladimirovich နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့်မင့်စ်မြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူတို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဂုဏ်ပြုကြိုဆို

လေဆိပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအားကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သတင်းရရှိသည်။

MOI

ဝါသီးနှံသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)၌ ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေး ကွင်း သရုပ်ပြပွဲ ပြုလုပ်

ကျောက်ဆည်မြို့နယ် ၊ ဇွန်-၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ တံတာဦး မြို့နယ်များရှိတောင်သူများ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန့်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။ 

သရုပ်ပြပွဲတွင်  မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးဦးဝင်းထိန်မှ ဝါစိုက်တောင်သူများအနေဖြင့်  ပန်းတိုင် အထွက်နှုန်းဝါ(၁)ဧက၊ ပိဿာ(၇၀၀)ထွက်ရှိရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးသွားရန်နှင့် ဝါအထွက်နှုန်း ကောင်းမွန်ပြီး၊  ဝါသီးနှံ၌ စုပ်စားပိုးကျရောက်မှုခံနိုင်ရည်ရှိသောဝါမျိုးများ ပေါ်ပေါက်လာပြီဖြစ်သဖြင့် မျိုးစေ့ကုန်ကျ စရိတ်အားထည့်မတွက်ဘဲ ပြောင်းလဲစိုက်ပျိုးသွားကြစေလိုကြောင်း၊ ကျောက်ဆည်မြို့နယ်သည် ရေမြေကောင်း သဖြင့် စပါးစိုက်တောင်သူများအနေဖြင့် လက်ရှိစိုက်ပျိုးနေသော ဧရာမင်းစပါးထက် အထွက်နှုန်း ပိုမို ကောင်းမွန်သော အောင်နိုင်တိုး စပါးမျိုးသစ်အား စမ်းသပ်စိုက်ပျိုးစေလိုကြောင်း၊ ဝါပန်းတိုင်အထွက်နှုန်း ပိဿာ (၇၀၀)စံပြကွက်အားကြည့်ပြီး စိုက်နည်းစနစ်၊ မြေဩဇာသုံးစွဲမှု၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းမှုများကို လက်တွေ့ လေ့လာ မေးမြန်း ဆွေးနွေးသွားစေလိုကြောင်း၊  ယှဉ်ပြိုင်စမ်းသပ်ကွက်အဖြစ် စိုက်ပျိုးထားသော ငွေနှင်းမှုန်-၇၁၁၊ Raka-666၊ TBL-95B-31 စသည့် Hybridစပ်မျိုးများနှင့်ဒေသဝါမျိုးများဖြစ်သည့်ရွှေတောင်-၈၊ ရွှေတောင် ၁၀ ဝါမျိုးများ၏အရည်အသွေးလက္ခဏာများအားလေ့လာသွားစေချင်ကြောင်းနှင့် (၁)ဧက မျှော်မှန်း အထွက်နှုန်း (၁၀၀-၁၂၀)တင်းရရှိရေး စိုက်ပျိုးထားသည့် စပါးမျိုးသစ် အောင်နိုင်တိုး နွေစပါးစိုက်ခင်းပါ သွားရောက်လေ့လာ စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဝါသီးနှံသုတေသနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)တာဝန်ခံ ဒေါက်တာအေးအေးမြတ်က ခြံ၏ ရည်ရွယ်ချက်များနှင့် ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးနိုင်သည့် နည်းလမ်း (၁၀) ချက် အား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနမှဖြန့်ဖြူးနေသော ရွှေတောင်-၈၊ ရွှေတောင်-၁၀ ဝါမျိုးများသည် မျိုးခံ၊ မျိုးပွား စိုက်ပျိုးနိုင်ကြောင်း၊ အက်ဆစ်ချွတ်ဝါမျိုးစေ့၏ ဈေးနှုန်းမှာ Hybrid စပ်မျိုးဝါစေ့ဖြင့် နှိုင်းယှဉ်ပါက မျိုးစရိတ် သက်သာပြီး (1)kgတွင် မျိုးစေ့ပါဝင်မှုများသည့်အတွက် စိုက်ပျိုးသင့်ကြောင်း ဆွေးနွေးခဲ့ပြီး  ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသူများမှ ပန်းတိုင်အထွက်နှုန်း(၁)ဧကပိဿာ(၇၀၀)စံပြဝါစိုက်ခင်း၊ မျိုးယှဉ်ပြိုင်စမ်းသပ် စိုက်ခင်းများနှင့် အောင်နိုင်တိုးနွေစပါးစိုက်ခင်းများသို့ ကွင်းဆင်းလေ့လာကြည့်ရှု့ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ကွင်းတာဝန်ခံများမှ ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ကွင်းသရုပ်ပြပွဲသို့ ကျောက်ဆည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကောင်းမြတ်နိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား မြို့နယ်များမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တောင်သူများ စုစုပေါင်း (၁၉၁) ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။ 

ပေးပို့သူ- သက်မောင်၊ ကျောက်ဆည်

ကမ္ဘောဒီးယားနိုင်ငံ ကမ်းခြေဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျကာ လူနှစ်ဦးပျောက်ဆုံးနေ

ဖနွမ်းပင် ဇွန် ၂၄ 

ကမ္ဘောဒီးယားနိုင်ငံ ကမ်းခြေဒေသများဖြစ်သည့် ဖရဲသီဟာနု ပြည်နယ်နှင့် ကော့ကုံးပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေမှုကြောင့် ဇွန် ၂၃ ရက်က မြေပြိုကျကာ ဒေသခံနှစ်ဦး ပျောက်ဆုံးနေကြောင်း ကမ္ဘောဒီးယား အာဏာပိုင်အဖွဲ့အစည်းက ထုတ် ပြန်ခဲ့သည်ဟု ယနေ့သတင်းများ တွင် ဖော်ပြထားသည်။ 

ပျောက်ဆုံးနေသူ နှစ်ဦးအနက် တစ်ဦးမှာ ဖရဲသီဟာနုပြည်နယ် သီဟာနှောင့်ဗီးလ်မြို့မှ အသက် ၅၄ နှစ်အရွယ် ထရိုင်ဖဲလေဆိုသည့်အမျိုးသမီးဖြစ်ပြီး ကျန်တစ်ဦးကိုမူ အတည်မပြုနိုင်သေးဘဲ ရဲတပ်ဖွဲ့ဝင်များက ကြိုးစား ရှာဖွေနေဆဲဖြစ်ကြောင်း သီဟာနှောင့်ဗီးမြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ "မြေပြိုကျမှုကြောင့် ပျောက်ဆုံးနေတဲ့အမျိုးသမီးဟာ စားဖိုမှူး တစ်ယောက်ဖြစ်ပြီး အလုပ်ပြီးလို့ မော်တော်ဆိုင်ကယ်နဲ့ နေအိမ် ကို ပြန်လာရာမှာ ရေလွှမ်းနေတဲ့ လမ်းကို ဖြတ်သန်းမောင်းနှင်စဉ် မြေပြိုကျသွားခဲ့ပြီး ရေစီးနဲ့အတူ ပျောက်ဆုံးသွားခဲ့ပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေကလည်း အမြန်ဆုံးရှာဖွေတွေ့ ရှိနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု သီဟာနှောင့်ဗီးလ်မြို့ အာဏာပိုင် အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဒါရာဗူသ်က ပြောကြားခဲ့သည်။ 

မိုးရေချိန်မြင့်မားစွာ ရွာသွန်းနေဆဲဖြစ်သည့်အတွက် ရေကြီးရေလျှံမှုအခြေအနေမှာ ပိုမိုဆိုးရွား လာနိုင်ကြောင်းလည်း ကမ္ဘောဒီးယား မိုးလေ၀သဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

 Ref: Russia Today 

Trs: Sai Sat

YDNB Newspaper

Photo : Asian News Network

TikTok သည် ကင်ညာနိုင်ငံတွင် သတင်းမှားများဖြန့်ဝေသည့် ထိပ်တန်း ပလက်ဖောင်းအဖြစ် သတ်မှတ်ခြင်းခံရ

TikTok သည် ကင်ညာနိုင်ငံတွင် မှားယွင်းသော သို့မဟုတ် လှည့်ဖြားသော အကြောင်းအရာများ ဖြန့်ဝေသည့် အဓိကရင်းမြစ်အဖြစ် ရပ်တည် နေကြောင်း တနင်္လာနေ့ (ဇွန် ၂၃) တွင် ထုတ်ပြန်ခဲ့သည့် Reuters Institute Digital News Report 2025 တွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှ မေလအတွင်း အွန်လိုင်းမှတစ်ဆင့် ကင်ညာ နိုင်ငံသား ၂,၀၀၇ ဦးအား ပြုလုပ်ခဲ့သည့် အဆိုပါသုတေသနတွင် ၂၀၂၇ ခုနှစ်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ လူမှုမီဒီယာ၏ အခန်း ကဏ္ဍ တိုးမြင့်လာနေသည့်အခြေအနေကို မီးမောင်းထိုးပြထားသည်။

သုတေသနရလဒ်များအရ ကင်ညာနိုင်ငံသား ၅၅ ရာခိုင်နှုန်းသည် TikTok ကို မှားယွင်းသော သတင်းများဖြန့်ဝေသည့် အဓိကအရင်းအမြစ်အဖြစ် သတ်မှတ်ထားကြသည်။ ၎င်းသည် လူမှုမီဒီယာပလက်ဖောင်းများ အားလုံး တွင် အမြင့်ဆုံးရာခိုင်နှုန်းဖြစ်သည်။ အချက်အလက်များအရ WhatsApp သည် အများသုံးလူမှုမီဒီယာများနှင့် နှိုင်းယှဉ်ပါက အန္တရာယ်နည်းသည် ဟု ယူဆရသည်။ အဘယ့်ကြောင့်ဆိုသော် ဆွေးနွေးမှုများသည် ယုံကြည် စိတ်ချရသည့် သီးသန့်မိတ်ဆွေအုပ်စုများအတွင်း၌သာ ဖြစ်ပွားလေ့ ရှိသောကြောင့် ဖြစ်သည်။

တရုတ်ကုမ္ပဏီ Bytedance ပိုင်ဆိုင်သည့် TikTok အား ကင်ညာနိုင်ငံ၏ လက်ခံအသုံးပြုမှုသည် ကမ္ဘာတစ်ဝှမ်းတွင် ထင်ရှားသည်။ ၂၀၂၃ ခုနှစ် Reuters Institute အစီရင်ခံစာအရ ကင်ညာနိုင်ငံသည် ကမ္ဘာပေါ်တွင် TikTok အသုံးပြုမှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး စစ်တမ်း ဖြေကြားသူ ၂၉ ရာခိုင်နှုန်းသည် ထိုအက်ပလီကေးရှင်းမှတစ်ဆင့် သတင်း များ ရယူကြောင်း ဖော်ပြခဲ့သည်။ ယခုအခါတွင် အဆိုပါပမာဏသည် ၃၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး ကင်ညာနိုင်ငံသည် Global South ရှိ Reuters Institute ၏ စစ်တမ်းကောက်ယူထားသည့် အခြားနိုင်ငံများ ဖြစ်သော တောင်အာဖရိက (၃၃%)၊ နိုင်ဂျီးရီးယား (၂၈%) နှင့် မော်ရိုကို (၂၄%) တို့ထက် သာလွန်လာခဲ့သည်။

သို့ရာတွင် သုတေသီများက ၂၀၂၅ ခုနှစ် သုတေသနအား အွန်လိုင်းမှ တစ်ဆင့် သီးသန့်ပြုလုပ်ခဲ့ခြင်းကြောင့် ရလဒ်များသည် အသက် ၁၈ နှစ်မှ ၅၀ အတွင်း မြို့ပြနေထိုင်သူများနှင့် အင်္ဂလိပ်စကားပြော ကင်ညာ နိုင်ငံသားများဘက်သို့ ဦးတည်နိုင်ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါအုပ်စုသည် အွန်လိုင်းပေါ်တွင် အမျိုးသားရေးဆွေးနွေးမှုများကို ပုံဖော်နိုင်သည့် အုပ်စု တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

တင်းကျပ်လာသည့် စောင့်ကြည့်ဝေဖန်မှုများကြားတွင် TikTok သည် ၎င်း၏ ပလက်ဖောင်းဆိုင်ရာ တားမြစ်ချက်များကို ချိုးဖောက်သည်ဟု ဆိုကာ ကင်ညာနိုင်ငံတွင် ဗီဒီယိုပေါင်း ၃၃၄,၀၀၀ ကျော်အား ဖယ်ရှား ခဲ့သည်။ ပလက်ဖောင်း၏ ၂၀၂၄ ခုနှစ် တတိယ သုံးလပတ် ပလက်ဖောင်း ဆိုင်ရာ တားမြစ်ချက်များ အကောင်အထည်ဖော်မှု အစီရင်ခံစာအရ၊ ထိုဗီဒီယိုများ၏ ၈၈.၉% ကို အခြားသူများ မမြင်ရမီ အချိန်မီ ဖယ်ရှား နိုင်ခဲ့ပြီး ၉၃% ကို တင်ပြီး ၂၄ နာရီအတွင်း ဖယ်ရှားနိုင်ခဲ့သည်။ 

ဧပြီလတွင် ကင်ညာသမ္မတ William Ruto သည် ဒစ်ဂျစ်တယ် သတင်းမှား များပျံ့နှံ့မှုကို နိုင်ငံ၏ ဒီမိုကရေစီ အခြေခံအုတ်မြစ်အတွက် ခိုင်လုံသော ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းသည် လူမှုမီဒီယာ ပေါ်တွင် “မှားယွင်းသော ဆွေးနွေးမှုများနှင့် သံသယဖြစ်ဖွယ် လှည့်စားမှု များ” တိုးပွားလာမှုကို ရှုတ်ချခဲ့ပြီး အွန်လိုင်းလှည့်ဖြားမှုများကို မထိန်း ချုပ်နိုင်ပါက အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။

“လက်နက်သဖွယ် အသုံးချပါက လူမှုမီဒီယာပလက်ဖောင်းများသည်အမုန်းစကား၊ လှုံ့ဆော်မှု၊ အစွန်းရောက်မှုနှင့် မလုံခြုံမှုတို့အတွက် မြေဩဇာ ကောင်းတစ်ခု ဖြစ်လာနိုင်သည်” ဟု သမ္မတက ထုတ်ဖော် ပြောကြား ခဲ့သည်။

ကိုးကား- RT