ကဏ္ဍများ

ထိုင်းနိုင်ငံ BRICS အဖွဲ့ဝင်ဖြစ်ရေးအတွက် အင်ဒိုနီးရှားက သဘောတူလိုက်သည် ဆိုခြင်း

ထိုင်းနိုင်ငံက တရုတ်ဦးဆောင်သည့် BRICS အဖွဲ့ဝင်အသစ်ဖြစ်ရေးအတွက် လျှောက်ထားရာမှာ အင်ဒိုနီးရှားနိုင်ငံ၏ သဘောတူညီချက်ကို ယခုလက်ခံရရှိပြီဖြစ်ပါသည်။  သမ္မတ ပရာဘိုဝို ဆူဘီအန်တို သည် အဆင့်မြင့်အရာရှိ တွေ့ဆုံပွဲအဖြစ် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာနှင့် တွေ့ဆုံရန် အတွက် ဘန်ကောက်မြို့သို့ ရောက်ရှိနေပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် BRICS အဖွဲ့၏ နောက်ဆုံး အဖွဲ့ဝင်ဖြစ်ပြီး၊ လွန်ခဲ့သည့်သုံးလခန့်က တင်းပြည့်အဖွဲ့ဝင်ဖြစ်ရေးအတွက် ဆောင်ရွက်ခဲ့ရပြီး ဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ၏ လမ်းစဉ် အတိုင်း

ထိုင်းနိုင်ငံက တရုတ်ဦးဆောင်သည့် BRICS အဖွဲ့ဝင်အသစ်ဖြစ်ရေးအတွက် လျှောက်ထားရာမှာ အင်ဒိုနီးရှားနိုင်ငံ၏ သဘောတူညီချက်ကို ယခုလက်ခံရရှိပြီဖြစ်ပါသည်။  သမ္မတ ပရာဘိုဝို ဆူဘီအန်တို သည် အဆင့်မြင့်အရာရှိ တွေ့ဆုံပွဲအဖြစ် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာနှင့် တွေ့ဆုံရန် အတွက် ဘန်ကောက်မြို့သို့ ရောက်ရှိနေပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် BRICS အဖွဲ့၏ နောက်ဆုံး အဖွဲ့ဝင်ဖြစ်ပြီး၊ လွန်ခဲ့သည့်သုံးလခန့်က တင်းပြည့်အဖွဲ့ဝင်ဖြစ်ရေးအတွက် ဆောင်ရွက်ခဲ့ရပြီး ဖြစ်ပါသည်။ အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ၏ လမ်းစဉ် အတိုင်း လိုက်ပါဆောင်ရွက်လိုသဖြင့် ပရာဘိုဝို၏ ထောက်ခံမှုကို ရယူလိုပါကြောင်း၊  “အင်ဒိုနီးရှားသည် ထိုင်းနိုင်ငံအနေဖြင့် BRICS အဖွဲ့ဝင်ဖြစ်လာစေရေး ကြိုးပမ်းမှုကို အပြည့်အဝ ထောက်ခံပါကြောင်း၊ မိမိတို့အနေဖြင့်(ထိုင်းနိုင်ငံကို) အဖွဲ့ဝင်ဖြစ်ရေးအတွက် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း” ပရာဘိုဝိုက ပြောကြားပါသည်။

BRICS အဖွဲ့ဝင်တိုးချဲ့ရေး ဖြစ်နိုင်ချေရှိသကဲ့သို့၊ ပရာဘိုဝိုကလည်း အပြန်အလှန် ကုန်သွယ်မှု တိုးမြှင့်ရန် အစီအစဉ်လည်း ရှိပါသည်။ မျှော်လင့်ထားသည့်အတိုင်း ပရာဘိုဝိုသည် အင်ဒိုနီးရှားနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ကြွယ်ဝမှုရန်ပုံငွေ Danantaraတွင် ပူးပေါင်း ပါ၀င်ရန် ကမ်းလှမ်းခဲ့သည်။  ရှင်နာဝပ်ထရာ၏ ထုတ်ပြန်ကြေညာချက်အရ ထိုင်းခေါင်းဆောင်က ၎င်းနိုင်ငံအား BRICS အဖွဲ့ဝင်ဖြစ်ရေး ရွေးချယ်ထား ရှိမှု နှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိပေ။  သို့ရာတွင် ရှင်နာဝပ်ထရာသည် နှစ်နိုင်ငံစီးပွားရေး ဆက်သွယ်မှု အထူးသဖြင့် hala နှင့် စိုက်ပျိုးရေး ထွက်ကုန်များ အပြန်အလှန် ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေးအတွက် သဘောတူခဲ့ပါသည်။ 

BRICS စတင်တည်ထောင်သည့် အဖွဲ့ဝင်ဖြစ်သည့် ရုရှားနိုင်ငံသည် ယမန်နှစ် နှောင်းပိုင်းက ထိုင်းနိုင်ငံကို “Partner Country” မိတ်ဖက်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ လက်ခံရန် သဘောတူခဲ့ ပြီးကြောင်း အသိပေးထားပြီးဖြစ်ပါသည်။ ယခုလ အစောပိုင်းက ထိုင်းအစိုးရက တင်းပြည့်အဖွဲ့ဝင်အဖြစ် လက်ခံရေးအတွက် ရုရှားနိုင်ငံ၏ ကျောထောက် နောက်ခံရယူ လိုပါသည်ဟု တောင်းဆိုထားပါကြောင်း မီဒီယာများကဆိုပါသည်။  အာဆီယံအဖွဲ့ဝင် နောက်တစ်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည်လည်း BRICS ၏ မိတ်ဖက်အဖွဲ့ဝင်ဖြစ်လာသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။   

အင်ဒိုနီးရှားနိုင်ငံသည် အောက်တိုဘာလ ပါရာဘိုဝို အာဏာရရှိပြီးနောက် BRICS အဖွဲ့ဝင် ဖြစ်ရေး လျှောက်ထားခဲ့ပါသည်။  ယခုနှစ် ဇန်နဝါရီလ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရာဇီးနိုင်ငံက အင်ဒိုနီးရှား နိုင်ငံအား တင်းပြည့်အဖွဲ့ဝင်အဖြစ် လက်ခံရန် မီးစိမ်းပြလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  BRICS သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက အစရှိသည့် နိုင်ငံများ၏အတိုကောက်အမည်ဖြင့် ဖွဲ့စည်းထားသည့်  စီးပွားရေးထွန်းသစ်စ နိုင်ငံများ၏ တရားဝင်အဖွဲ့အစည်း ဖြစ်ပါသည်။   ထို့နောက် အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ မကြာသေးမီက အင်ဒိုနီးရှားအထိ အဖွဲ့ဝင်များ တိုးမြှင့်လာခဲ့ခြင်း ဖြစ်ပါသည်။  BRICS သည် အထူးသဖြင့် ကုန်သွယ်ရေး၊ ဘဏ္ဍာရေးတို့တွင် နိုင်ငံများအကြား ဆက်သွယ်ဆောင်ရွက်ရန် ထူထောင်ထားသည့် အဖွဲ့ဖြစ်ပြီး၊   နိုင်ငံ တစ်နိုင်ငံ အဖွဲ့ဝင်ဖြစ်မီ BRICS နိုင်ငံများ၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုပါသည်။ အဖွဲ့ဝင် နိုင်ငံများသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ရမည်။ အရွေးချယ်ခံအဖွဲ့ဝင်များသည် BRICS အဖွဲ့ဝင် နိုင်ငံအားလုံးနှင့် ကောင်းမွန်သည့် သံတမန်ဆက်ဆံရေးကို ထူထောင်ထားရှိရမည့်အပြင်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သဘောတူခွင့်ပြုမှု မပါဝင်ဘဲ ပိတ်ဆို့ကန့်သတ်မှုများ (sanction) ချမှတ်ခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။

အစိုးရ၏ တရားဝင် စာရင်းအင်းများအရ အင်ဒိုနီးရှား-ထိုင်း ကုန်သွယ်မှု စုစုပေါင်းတန်ဖိုး သည် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇.၄ ဘီလီယံရှိခဲ့ပါသည်။ ယမန်နှစ် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ် ရာတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံရှိခဲ့ကြောင်း ဂျကာတာ၏ ထုတ်ပြန်ချက်က ဆိုပါသည်။ 

ကိုးကား - Jakarta Globe

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

ထရမ့်၏ လူဝင်မှုတားမြစ်ချက်က “အမေရိကန်အိပ်မက်” တွေကို ကြေမွ စေခဲ့

သမ္မတ ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး အမိန့်သစ်ကြောင့် မရေရာမှုနှင့် ခက်ခဲမှုများကြားတွင် နေထိုင် နေရသူများအတွက် အမေရိကန်တွင် နေထိုင်ရပ်တည်နိုင်ရန် မျှော်လင့်ချက်များ ပျက်သုဉ်းသွား ခဲ့သည်။

မြန်မာနိုင်ငံမှ ၃၅ နှစ်အရွယ် စာရင်းကိုင် ကိုမင်းနွယ်သည် ပြီးခဲ့သည့်လက အမေရိကန် လူဝင်မှု ကြီးကြပ်ရေး ထီပေါက်ခဲ့သည်။ ၎င်းကို Diversity Immigrant Visa (DV) Program ဟုလည်း ခေါ်ဆို ကြပြီး အမေရိကန်အစိုးရမှ နှစ်စဉ် လူဝင်မှုဗီဇာ (ဂရင်းကဒ်) ၅၅,၀၀၀ ကို အမေရိကန်သို့ လူဝင်ရောက်မှု နှုန်းနည်းသော နိုင်ငံများမှ လူများအား ကျပန်းရွေးချယ် ထုတ်ပေးသည့် အစီအစဉ်ဖြစ်သည်။

သို့သော် အမေရိကန်သို့ ရောက်ရှိရန် အိပ်မက်သည် အလှမ်းဝေးသွားခဲ့သည်။ ဇွန်လ ၄ ရက်နေ့ညတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အာဖဂန်နစ္စတန်၊ မြန်မာ၊ ချက်၊ ကွန်ဂို၊ အီကွေတာ ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့အပါအဝင် နိုင်ငံ ၁၂ နိုင်ငံမှ နိုင်ငံသားများ ဝင်ရောက်ခွင့်ကို အပြည့်အဝ တားမြစ်သည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံများမှ နိုင်ငံသား ၇ နိုင်ငံသည် ခရီးသွားဗီဇာ (သို့) ကျောင်းသားဗီဇာဖြင့် အမေရိကန်သို့ ဝင်ရောက်ခွင့် တားမြစ်ခံရမည်ဖြစ်ပြီး အမေရိကန်တွင် အမြဲတမ်းနေထိုင်ခွင့်ကိုလည်း ပိတ်ပင်ခံရမည်ဖြစ်သည်။

“အိပ်ရာနိုးနိုးချင်း သတင်းဆိုးကို ကြားလိုက်ရတယ်။ ရခဲတဲ့ ရှားပါးကံကောင်းမှုလေးဟာ မျက်စိရှေ့ မှာပဲ လက်လွတ်သွားတော့မယ်ဆိုတာ သိလိုက်ရတယ်” ဟု ကိုမင်းနွယ်က ပြောသည်။

မြန်မာနိုင်ငံသည် အစိုးရတပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူဦးရေ ၅၅ သန်းအနက် ၃.၅ သန်းကျော်သည် မိမိတို့၏ နေအိမ်များမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သန်းနှင့်ချီသော ပြည်သူများသည် အိမ်နီးချင်းနိုင်ငံများသို့ ခိုလှုံခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် သမ္မတ ဂျိုးဘိုင်ဒင်က ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များကို အမေရိကန်သို့ ပြောင်းရွှေ့နေရာချထားရန် စီမံကိန်းတစ်ရပ်ကို စတင်ခဲ့သည်။ သို့သော် ဇန်နဝါရီလကုန်ပိုင်းတွင် ထရမ့်ရာထူးတက်လာပြီးနောက် အဆိုပါစီမံကိန်းကို ရပ်ဆိုင်းလိုက်သည်။ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများရှိ မြန်မာဒုက္ခသည်များအတွက် အမေရိကန်၏ အကူအညီများလည်း ဖြတ်တောက် ခံလိုက်ရသည်။

ခရီးသွားတားမြစ်ချက်ကို ဇွန်လ ၉ ရက်နေ့တွင် စတင်အသက်ဝင်စေမည်ဖြစ်သည်။ ထရမ့်က အဆိုပါတားမြစ်ချက်၏ ရည်ရွယ်ချက်မှာ အကြမ်းဖက်သမားများ များပြားသော နိုင်ငံများမှ လူဝင်မှုကို ရပ်တန့်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တားမြစ်စာရင်းတွင်ပါဝင်သော နိုင်ငံများစွာတွင် အမေရိကန်သို့လာရောက်သည့် ၎င်းတို့၏နိုင်ငံသားများအား စိစစ်ရန် ထိရောက်သော နည်းလမ်းများ မရှိခြင်း၊ အမေရိကန်တွင် ဗီဇာသက်တမ်းကျော်နေထိုင်မှု မှတ်တမ်းရှိခြင်းနှင့် ၎င်းတို့၏နိုင်ငံသားများအား ပြန်လည်လက်ခံရန် အလွယ်တကူ သဘောမတူခြင်းစသည့် အကြောင်း အရင်းများကိုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုတားမြစ်ချက်ကို ကြေညာရာတွင် ထရမ့်က ကော်လိုရာဒိုပြည်နယ်၊ ဘိုလ်ဒါမြို့တွင် လမ်းမတစ်ခု အပေါ် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတစ်ခုကိုလည်း ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် လူ ၁၅ ဦး ဒဏ်ရာရခဲ့ပြီး ဖက်ဒရယ်အရာရှိများက ယင်းတိုက်ခိုက်မှုကို အီဂျစ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးက ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“မိမိတို့အား အန္တရာယ်ပြုလိုသူများကို မိမိတို့၏နိုင်ငံသို့ ဘယ်တော့မှ ဝင်ရောက်ခွင့်မပြုပါ” ဟု ထရမ့်က လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

၎င်း၏ ပထမသက်တမ်းအတွင်း ထရမ့်သည် မွတ်စ်လင်မ်အများစုနေထိုင်သော နိုင်ငံများအား ခရီးသွား တားမြစ်ချက်များ ချမှတ်ခဲ့ပြီး အချို့ကို တရားရုံးများက ပယ်ချခဲ့သည်။ ယခင်သမ္မတ ဂျိုးဘိုင်ဒင်သည် ၂၀၂၁ ခုနှစ်တွင် ရာထူးတက်ပြီးနောက် ယင်းဝင်ရောက်ခွင့်တားမြစ်ချက်များကို ရုပ်သိမ်းခဲ့သည်။

“မိမိတို့ အများကြီးခံစားခဲ့ရပါပြီ။ ဒါက မိမိတို့လူမျိုးတွေအတွက် နောက်ထပ်ကြီးမားသည့် ဒဏ်ရာ တစ်ခုပါ” ဟု နယူးယောက်မြို့ရှိ Save Immigrants and Venezuelans အဖွဲ့၏ ခေါင်းဆောင် ဗင်နီဇွဲလားနိုင်ငံသား Niurka Melendez က ပြောကြားခဲ့သည်။

အမေရိကန်ရှိ မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းရန်၊ အမေရိကန်တွင် ပညာသင်ကြားရန် သို့မဟုတ် အမေရိကန်သို့ ခရီးသွားရန် မျှော်လင့်ထားသည့် ဗင်နီဇွဲလားနိုင်ငံသားများသည် ၎င်းတို့၏ အစီအစဉ် များ ပျက်ပြားသွားသည်ကို တွေ့မြင်ခဲ့ရသည်။ Melendez က ဗင်နီဇွဲလားအစိုးရအား ၎င်းတို့၏ ကိုယ်ပိုင် အထောက်အထားများကို သက်သေပြနိုင်သည့် ပတ်စ်ပို့နှင့် အထောက်အထားကဒ်များကဲ့သို့သော အရေးကြီးသည့် စာရွက်စာတမ်းများကို နိုင်ငံသားများအား မထောက်ပံ့ပေးခြင်းအတွက် အပြစ်တင် ခဲ့သည်။

ထရမ့်အစိုးရ၏ ယင်းတားမြစ်ချက်သည် ဟေတီ၊ ဗင်နီဇွဲလားနှင့် ကျူးဘားနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင် သူများအတွက် နောက်ဆုံးရိုက်ခတ်မှုတစ်ရပ်ဖြစ်သည်။ ယခုလွန်ခဲ့သော တစ်ပတ်က အမေရိကန် အမြင့်ဆုံးတရားရုံးက ဘိုင်ဒင်အစိုးရမှ ဟေတီနိုင်ငံသား ၂၁၁,၀၀၀၊ ဗင်နီဇွဲလားနိုင်ငံသား ၁၁၇,၀၀၀ နှင့် ကျူးဘားနိုင်ငံသား ၁၁၀,၀၀၀ တို့အပါအဝင် ယာယီဥပဒေဝင်နေထိုင်ခွင့်များကို ပယ်ဖျက် ခဲ့သည်။

ထရမ့်သည် အမေရိကန်သို့ ဝင်ရောက်မှုအတွက် နောက်ထပ်အတားအဆီးများ ထပ်မံတည်ဆောက် ခဲ့သည်။ ဟေတီနှင့် ဆူဒန်ကဲ့သို့သော နိုင်ငံများမှ လူများသည် ပဋိပက္ခ သို့မဟုတ် ဂိုဏ်းများ၏ အကြမ်းဖက်မှုများ၊ ပြင်းထန်သော အစားအစာဖူလုံမှုမရှိခြင်းတို့ကြောင့် မတည်ငြိမ်ပြီး အန္တရာယ်ရှိသော ဘဝများကို ရင်ဆိုင်နေရသည်။

ဆူဒန်အကျိုးသက်ဆိုင်သူများအဖွဲ့ Darfur Human Rights Network ၏ ခေါင်းဆောင် Mohammed Hassan က အဆိုပါတားမြစ်ချက်သည် ဆူဒန်နိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ဒဏ် ခံစား နေရမှုများအတွက် ထရမ့်အစိုးရ၏ “စာနာမှုကင်းမဲ့ခြင်း” ၏ နောက်ထပ် သက်သေတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက အမေရိကန်တွင် နေထိုင်သော ဆူဒန်နိုင်ငံသားများမှ ပြည်တွင်းအကူအညီများပေးခြင်းကို အဆိုပါတားမြစ်ချက်က အဟန့်အတားဖြစ်စေမည်ဟု ခန့်မှန်းခဲ့သည်။ ထိုအကူအညီများသည် ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသော လူ ၁၂ သန်းအတွက် အရေးကြီးသော အထောက်အပံ့ တစ်ရပ်ဖြစ်သည်။

“ဤတားမြစ်ချက်သည် ကြမ်းကြုတ်လှပါသည်” ဟု Hassan က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံအတွက် အမေရိကန်ထုတ်ပြန်ချက်တွင် တာလီဘန်ထိန်းချုပ်ထားသော အစိုးရသည် နိုင်ငံသားများအား ပက်စ်ပို့နှင့် အထောက်အထားများ ထုတ်ပေးရန် “ဗဟိုအာဏာပိုင် အဖွဲ့ ကင်းမဲ့ခြင်း” နှင့် “သင့်လျော်သော စိစစ်ရေးနည်းလမ်းများ မရှိခြင်း” တို့ကို ထောက်ပြခဲ့သည်။

အသက် ၃၅ နှစ်ရှိ Aimal သည် ၂၀၂၁ ခုနှစ်တွင် တာလီဘန်များ အာဖဂန်နစ္စတန်ကို သိမ်းပိုက် ပြီးနောက် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ရန် လျှောက်ထားခဲ့သည်။ ၎င်းနှင့် ၎င်း၏မိသားစုသည် ပါကစ္စတန်သို့ ပြောင်းရွှေ့ခဲ့ပြီး အမေရိကန်အစိုးရမှ ၎င်းတို့၏လျှောက်လွှာကို အတည်ပြုပေးရန် သုံးနှစ်ကျော်ကြာ စောင့်ဆိုင်းနေခဲ့သည်။

“ဒါက အာဖဂန်တွေ၏ အခြေအနေကို ပိုဆိုးစေရုံပါပဲ” ဟု ၎င်းက ထရမ့်၏ အဆိုပါ တားမြစ်ချက် အသစ်ကို ရည်ညွှန်းပြောကြားခဲ့သည်။

Aimal က ပါကစ္စတန်သည် မကြာသေးမီက အာဖဂန်ဒုက္ခသည်များအား ပြန်ပို့ခြင်းကို တိုးမြှင့်ခဲ့ပြီး သိန်းနှင့်ချီသော လူများသည် ထွက်ခွာရန် တွန်းအားပေးခံခဲ့ရသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ Aimal သည် ၎င်း၊ ၎င်း၏ဇနီး နှင့် ကလေးနှစ်ဦးတို့သည် နောက်တစ်ကြိမ်တွင် ဖြစ်နိုင်သည်ဟု စိုးရိမ်နေသည်။

“မိမိ၏အနာဂတ်မှာ ဘာတွေဖြစ်မလဲ မသိပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- VN Express

https://vnexpress.net/nhung-giac-mo-my-tan-vo-vi-lenh-cam-nhap-canh-cua-ong-trump-4895004.html

(ရှင်းလင်းချက်။ အချို့သော အသုံးအနှုန်း ၊ စာသားများအား ဖြတ်တောက်ထားပါသည်။)

ဆန်ကို အလကားရနေသဖြင့် ဘယ်တော့မှ ဝယ်မစားရကြောင်း ပြောကြားခဲ့သူ ဂျပန်စိုက်ပျိုးရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

ဂျပန်စိုက်ပျိုးရေးဝန်ကြီး Taku Etō သည် မိမိအနေဖြင့် ဆန်ကို အခမဲ့ ရရှိသောကြောင့် မည်သည့်အခါမျှ မဝယ်ယူရကြောင်း ပြောဆိုမှုနှင့်ပတ်သက်၍ အများပြည်သူ၏ အမျက်ဒေါသကို ခံခဲ့ရပြီးနောက် နုတ်ထွက်လိုက်ပြီဖြစ်ပါသည်။ 

ပြီးခဲ့သည့် ရန်ပုံငွေ ရှာဖွေရေးအခမ်းအနားတစ်ခုတွင် စိုက်ပျိုးရေးဝန်ကြီး က ယင်းသို့ ပြောကြားလိုက်မှုကြောင့် စားနပ်ရိက္ခာမြင့်တက်မှုဒဏ်ကိုခံစားနေရသော ပြည်သူများ အမျက်ဒေါသထွက်ကြရာမှ ယခုအခါ ၎င်း၏ နုတ်ထွက်စာအား ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပြီးပြီဖြစ်ပါသည်။

Taku Etō ၏ နုတ်ထွက်မှုသည် ဇူလိုင်လတွင် ကျင်းပမည့် အထက် လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒရှင်များ၏ အမျက်ဒေါသကို ဖြစ်စေသည့် ဆန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်ရန် ပျက်ကွက်နေခြင်းနှင့် လူနေမှုစရိတ်အကျပ်အတည်းကို ဖြေရှင်းရန် ပျက်ကွက်ခဲ့သည့် ဝန်ကြီးချုပ် Shigeru Ishiba အတွက် ဖိအားတစ်ရပ် ဖြစ်စေခဲ့ပါသည်။

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ယူကရိန်းအရေးနှင့်ပတ်သက်၍ ထရမ့်နှင့် ပူတင်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေး

ထရမ့်နှင့် ပူတင်တို့သည် ယူကရိန်းအရေးနှင့်ပတ်သက်၍ မေလ ၁၉ ရက်နေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြပြီး အပြုသဘောဆောင်သည့် ဆက်သွယ်ဆွေးနွေးမှုဖြစ်ခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက် ကြီးမားသည့် တိုးတက်မှု ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောကြားခဲ့သည်။

ယခုဆွေးနွေးမှုသည် ရင်းနှီးပွင့်လင်းပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှု ဖြစ်ခဲ့ကြောင်း၊ ဆက်စပ် သက်ဆိုင်သည့် သဘောတူညီမှုများရရှိပါက ယာယီ အပစ်အခတ်ရပ်စဲရေးမှာ ဖြစ်နိုင်ချေရှိကြောင်း၊ ရုရှားအနေဖြင့် နောင်အနာဂတ်ကာလတွင် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရေး နားလည်မှု စာချွန်လွှာအတွက် ယူကရိန်းနှင့် ဆွေးနွေးဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း၊ နှစ်နိုင်ငံပဋိပက္ခဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းများကို ဖယ်ရှားပေးရန်လိုကြောင်း စသည့် အချက်များကို ပူတင်က ဆွေးနွေးပြောကြား ခဲ့သည်။

သမ္မတထရမ့်ကလည်း “၂ နာရီကြာ ဆွေးနွေးမှုသည် အပြုသဘောဆောင်မှု များစွာရှိခဲ့ကြောင်း” ပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် ဆွေးနွေးပွဲများ ချက်ချင်း စတင်လုပ်ဆောင်ကြရန် တောင်းဆိုခဲ့သည်။

တယ်လီဖုန်းဖြင့် ဆွေးနွေးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထရမ့်က “ဤစစ်ပွဲသည် အမေရိကန်နိုင်ငံ၏စစ်ပွဲမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ဝင်မပါသင့်သည့် ဇာတ်ရှုတ်ထဲသို့ ဝင်ပါမိနေခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဘာတီကန်၌ လုပ်ဆောင်သင့်ကြောင်း” စသည်ဖြင့် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း “မိမိအနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ စတင်ရန် ရုရှားနိုင်ငံဘက်မှ သဘောထားကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ ရုရှားနိုင်ငံဘက်မှ အဆိုပြုချက်ကို ဦးစွာ ရယူလိုကြောင်း၊ အဆိုပါ အဆိုပြုချက်ရရှိမှသာ မိမိတို့ သဘောထားများကိုလည်း ပြန်လည်ချပြနိုင်မည် ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ အဆိုပြုချက်ကို မိမိတို့အနေဖြင့် လိုက်လျောပေးနိုင်ခြင်း မရှိပါက သမ္မတ ထရမ့်နှင့် ဆွေးနွေးခွင့် ရရှိလိုကြောင်း၊ မကြာမီကာလအတွင်း တူရကီ၊ ဘာတီကန် သို့မဟုတ် ဆွစ်ဇလန် စသည့် နိုင်ငံတစ်ခုခုတွင် အမေရိကန်၊ ယူကရိန်းနှင့် ဥပရောပနိုင်ငံများပါဝင်သည့် ဆွေးနွေးပွဲကို ကျင်းပလိုကြောင်း” စသည်ဖြင့် ပြောကြားခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက-၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RT TV Channel တွေ့ဆုံမှု (၈-၅-၂၀၂၅)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ရုရှားနိုင်ငံ RT သတင်းဌာန အား မော်စကိုမြို့၊ Ararat Park ဟိုတယ်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှု အပြည့်အစုံမှာ−

မေး။ လေးစားအပ်ပါသော အဆွေတော်နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျာ။ ကျွန်တော့်အနေနဲ့ အဆွေတော်နဲ့ အခုလိုမျိုးအင်တာဗျူးခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်း ဦးစွာပထမပြောကြားလိုပါတယ်။ အခုလိုမျိုး ကျွန်တော်တို့ ရုရှားနိုင်ငံရဲ့ နှစ် ၈ဝ ပြည့် မဟာမျိုးချစ်အောင်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီအောင်ပွဲဟာ ကျွန်တော်တို့ ရုရှားနိုင်ငံအတွက်လည်း များစွာတန်ဖိုးရှိသလို ဒီအောင်ပွဲနဲ့ ပတ်သက်ပြီးတော့ ဖက်ဆစ်ဝါဒကို တွန်းလှန်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံအတွက်လည်း များစွာတန်ဖိုးရှိတယ်လို့ ကျွန်တော်သိရှိရပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ လှုပ်ခဲ့တဲ့ငလျင်ကြောင့် မြန်မာနိုင်ငံထိခိုက်ပျက်စီးဆုံးရှုံးသွားတယ်ဆိုတာလည်း သိရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်ပထမဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဒီငလျင်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ကြီးအနေနဲ့ အကူအညီပေးမှု၊ အားထုတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးမှတ်ချက်တွေပေးချင်ပါသလဲ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကရော ဘယ်လောက်ထိအထောက်အကူပြုပါသလဲ။ အများကြီးလျင်မြန်မှုရောရှိပါသလား။ အစစအရာရာရောအဆင်ပြေပါသလား။ အဲ့ဒါလေးသိချင်ပါတယ်ခင်ဗျာ။

ဖြေ။ ပထမဆုံးတော့ ကျွန်တော်တို့တွေ ပြီးခဲ့တဲ့မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအကြောင်း ခင်ဗျားဝမ်းနည်းကြောင်းပြောတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ ပြောလိုပါတယ်။ ငလျင်က တကယ်တော့ တော်တော်လေးပြင်းထန်ပါတယ်။ ၇.၇ ရစ်(ခ်)တာစကေးရှိပါတယ်။ ၁၉၀၀ ပြည့်နှစ် နောက်ပိုင်းမှာ လှုပ်ခဲ့တဲ့ငလျင်ထဲမှာ ဒုတိယအပြင်းထန်ဆုံးငလျင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၈ ကြိမ် လှုပ်ခဲ့တဲ့အထဲမှာ ၁၉၁၂ ခုနှစ် လှုပ်ခဲ့တာတော့ ၈ ရစ်ချက်စတာစကေးရှိပါတယ်။ အခုငလျင်ဟာ တော်တော်လေးပြင်းထန်တဲ့ ငလျင်တစ်ခုပါ။ ထိခိုက်သေဆုံးမှုလည်း တော်တော်လေးများပါတယ်။ လူအားလုံး ၃၇၀၀ ကျော် သေပါတယ်။ ၅၀၀၀ ကျော် ဒဏ်ရာရပါတယ်။ နောက် ၈၀ လောက် ပျောက်နေတာရှိပါသေးတယ်။ အိမ်ခြေပေါင်းလည်း ၆၇၀၀၀ လောက်ပျက်စီးမှုရှိပါတယ်။ ကျောင်းပေါင်း ၆၄၀၀ လောက် ပျက်စီးမှုရှိပါတယ်။ ဆေးရုံ ဆေးခန်း ၃၅၀ လောက် ပျက်စီးမှုတွေရှိပါတယ်။ လမ်းတံတားတွေလည်း အများကြီးပျက်ပါတယ်။ နိုင်ငံတကာအကူအညီလည်း ကျွန်တော်ကဖြစ်ပြီးတော့ ဖြစ်တဲ့နေရာတွေလိုက်ကြည့်တဲ့ အချိန်မှာတော်တော်လေးကို ဆိုးဆိုးဝါးဝါးပျက်စီးမှုတွေ တွေ့ရတဲ့အတွက်ကြောင့် နာရီပိုင်းအတွင်းမှာပဲ နိုင်ငံကိုလည်း အရေးပေါ်အခြေအနေကို ကြေညာတာပေါ့။ ပြီးတော့ နိုင်ငံတကာအကူအညီကိုလည်း ကျွန်တော်တောင်းခံခဲ့ပါတယ်။ နိုင်ငံတကာအကူအညီကလည်း ၂၄ နာရီအတွင်းမှာကိုပဲ ကျွန်တော်တို့ဆီရောက်လာတယ်။ တော်တော်အားရဖို့လည်းကောင်းပါတယ်။ ခင်ဗျားတို့ရုရှားနိုင်ငံအပါအဝင် တရုတ်၊ အိန္ဒိယ ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံလောက်လာပြီး ကူညီကြပါတယ်။ ၇၂ နာရီအတွင်းမှာပေါ့။ ထုံးစံကတော့ သူတို့သတ်မှတ်ထားတာ ၇၂ နာရီအတွင်းမှာ ကယ်နိုင်ရင်တော့ အသက်ရှင်နိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ၂၄ နာရီအတွင်းမှာကို သူတို့ရောက်လာကြတယ်။ အသက်ရှင်လျက် ကျွန်တော်တို့ ၈ ယောက်ကယ်လို့ရခဲ့တယ်။ နောက်တစ်ခါ Dead Body ကတော့ အများကြီးပေါ့လေ။ ရတာတော့အများကြီးရှိပါတယ်။ ဘာပဲပြောပြောကူညီမှုကတော့ အားရဖို့လည်း ကောင်းပါတယ်။ နောက်တစ်ခုကလည်း ကယ်ဆယ်ရေးပစ္စည်းတွေပေါ့ အဲ့တာတွေကလည်း လေယာဉ်ပျံတွေ နောက်ပြီး သင်္ဘောတွေ မော်တော်ကားတွေနဲ့ အကုန်လုံးရောက်လာတာဖြစ်တဲ့အတွက်ကြောင့် ဘာပဲပြောပြောနိုင်ငံအတွက်တော့ အထောက်အကူရတယ်လို့ ပြောရပါလိမ့်မယ်။ သို့သော်လည်း ပြန်လည်ရှင်းလင်းရေးလုပ်ငန်းနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ပြန်လုပ်ဖို့ကတော့ ကျွန်တော်တို့အများကြီးလုပ်ရဦးမှာ။ ဒီထက်လည်းအကူအညီထပ်မံလိုအပ်သေးမယ်လို့ ကျွန်တော်မြင်ပါတယ်။

မေး။ လက်ရှိအခြေအနေမှာ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံဆက်ဆံရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်နေတယ်လို့ ကျွန်တော်တို့သိရှိရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာ ရုရှား-မြန်မာနှစ်နိုင်ငံ ရေတပ်ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းတွေလုပ်တဲ့ အချိန်မှာလည်း သတင်းယူဖို့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့တာလည်း ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်မံသိရှိလိုတာကတော့ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကြား စစ်ဘက်ရေးရာနည်းပညာပူးပေါင်းရေးအခန်းကဏ္ဍတွေသာ မဟုတ်ဘဲနဲ့ အခြားသောဘယ်နယ်ပယ်တွေ ဘယ်ကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ရပါသလဲ။ ဘယ်နယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်တယ်ဆိုတာလေးကို ကျွန်တော်အနေနဲ့ သိရှိလိုပါတယ်။

ဖြေ။ ရုရှားနဲ့ မြန်မာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကလည်း ကျယ်ပြန့်တယ်ခင်ဗျာ။ ခင်ဗျားခုနကပြောသလို ကာကွယ်ရေးကဏ္ဍတင်မကဘူး။ ကျွန်တော်တို့သိပ္ပံနဲ့ နည်းပညာ နောက်တစ်ခါ စီးပွားရေး၊ နောက်တစ်ခု ဥပဒေဘက်ဆိုင်ရာ၊ နောက်ပညာရေး ကျန်းမာရေး ဒီနယ်ပယ်တွေ အများကြီးရှိပါတယ်။ ဆွေးနွေးတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ မတ်လခရီးစဉ်မှာလာတဲ့ အချိန်တုန်းက နျူးကလီးယားနဲ့ ပတ်သက်တဲ့ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးကိစ္စ၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကိစ္စတွေ၊ နောက်ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမယ့်ကိစ္စတွေ ဒါတွေဆွေးနွေးနိုင်ခဲ့တာတွေ ရှိပါတယ်။ သဘောတူတာလည်းရှိပါတယ်။ လုပ်နေတာလည်းရှိပါတယ်။ ဆက်လက်ပြီး လုပ်ရမယ့်နယ်ပယ်တွေလည်း များစွာရှိပါသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။ ကျွန်တော်သိသလောက်တော့ အမေရိကန်နိုင်ငံအနေနဲ့ ဒီမြန်မာနိုင်ငံမှာ ငလျင်လှုပ်တာနဲ့ ပတ်သက်ပြီး ကူညီပေးရမယ့်အစား မြန်မာနိုင်ငံရဲ့ ကုန်သွယ်ခွန်နဲ့ ပတ်သက်ပြီး ၄၄ ရာခိုင်နှုန်းအထိ ပိုမိုတင်းကြပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အဆွေတော်ရဲ့ အမြင်လေးကိုလည်း သိရှိလိုပါတယ်။

ဖြေ။ အမေရိကန်တွေကလည်း မြင်နေရတာကတော့ ငလျင်နဲ့ပတ်သက်ပြီးတော့ အကူညီမပေးတာတော့မဟုတ်ဘူး။ သူကတော့ ကူညီပေးမယ်ဆိုပြီးတော့ ဒေါ်လာ ၉ သန်း ပေးမယ်လို့ ကြေညာခဲ့တာရှိတယ်။ အဲ့တော့ဘယ်လိုပေးမလဲတော့ ကျွန်တော်တို့ မသိဘူးပေါ့လေ။ ကုလသမဂ္ဂကတစ်ဆင့်ပေးမလား။ ဒါမှမဟုတ် အာဟစင်တာ (AHA Centre) ကနေတစ်ဆင့် ပေးမလားမသိဘူး။ ပေးဖို့အတွက်ကြေညာထားတာတော့ ရှိပါတယ်။ ကျွန်တော်တို့နဲ့ အမေရိကန်နဲ့က ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သိပ်တော့ကြီးကြီးမားမားမရှိဘူး။ ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၂၅ ခုနှစ်အထိ ကျွန်တော်တို့ ဒေါ်လာသန်း ၉၀၀ လောက်ကိုပဲ ကုန်သွယ်မှုရှိတယ်။ တစ်နှစ်ကို ဒေါ်လာသန်း ၈၀၀ ကျော်ကျော်လောက် ကုန်သွယ်မှုရှိတယ်လို့ ပြောရပါလိမ့်မယ်။ တချို့နှစ်တွေမှာလည်း ကျွန်တော်တို့ဘက်က ပို့တာတွေများပြီးတော့ တချို့နှစ်တွေမှာလည်း အမေရိကန်က ပို့တာတွေများတယ်။ သူတို့ အခွန်ကောက်တာတော့ ကျွန်တော်တို့တစ်နိုင်ငံတည်းမဟုတ်ဘူး။ တခြားသူတို့ရဲ့ မိတ်ဆွေနိုင်ငံတွေကိုလည်း တချို့လည်း ကောက်တာတွေရှိတယ်။ တရုတ်နိုင်ငံအပေါ်လည်း တော်တော်လေးကောက်တာတွေရှိတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ အခွန်တိုးကောက်တာတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်တော့ယူဆပါတယ်။ ဒီလိုမျိုးသူတို့ဘက်ကတော့ ကုန်သွယ်ရေးလိုငွေတွေပြလို့ တခြားနိုင်ငံတွေအပါအဝင်ပေါ့လေ အခွန်တွေတိုးကောက်တယ်လို့ သိရပါတယ်။ အမှန်ကတော့ မကောက်သင့်ဘူးလို့ ကျွန်တော်တော့ယူဆပါတယ်။ ဘာကြောင့်ကောက်လဲတော့ ကျွန်တော်တို့လည်း အသေးစိတ်ပြန်ပြီးစဉ်းစားဖို့တော့လိုတာပေါ့။

မေး။ ကျွန်တော့အနေနဲ့ ထပ်မံမေးမြန်းလိုတာကတော့ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့ ပိတ်ဆို့မှုတွေ၊ အတိုးနှုန်းတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ရော ဘယ်လိုမျိုးတုံ့ပြန်မှုတွေ လုပ်သွားဖို့အစီအစဉ်ရှိသလဲ။ ပြင်ဆင်ထားလဲဆိုတာလေး သိပါရစေခင်ဗျ။

ဖြေ။ အဓိကတော့ ကျွန်တော်တို့က တစ်နိုင်ငံတည်းကိုမှ မှီခိုနေရတဲ့ ကုန်သွယ်နေတဲ့ ကိစ္စတွေကိုတော့ တော်တော်ရှောင်ရှားပြီးတော့ ကျွန်တော်တို့နိုင်ငံတွေနဲ့ ပေါင်းပြီးတော့ ဝိုင်းလုပ်ကြမှာပေါ့။ သူ့တစ်နိုင်ငံတည်း ကျွန်တော်တို့ကသွားပြီးတော့ ရောင်းပြုနေမယ့်အစား နိုင်ငံအားလုံးနဲ့မျှပြီးတော့ ကုန်သွယ်မှုလုပ်တာမျိုးတော့ ပိုကောင်းတယ်။ ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ပိုကောင်းတယ်လို့ ကျွန်တော်တော့မြင်ပါတယ်။ တစ်ဆက်တည်းပြောချင်တာ အဲ့ဒါတော့ဘာလဲဆိုတော့ ဘာဖြစ်လို့ သူတို့ဒီလိုအခွန်တိုးကောက်သလဲပေါ့။ ဒါလည်းကျွန်တော်တို့ တွက်ရတယ်ပေါ့နော်။ သူတို့က ကုန်သွယ်မှုလိုငွေတွေပြလို့ တိုးကောက်တယ်လို့ပြောတာပေါ့။ အဲတော့ ဘာကြောင့်လိုငွေတွေပြရသလဲ။ သူတို့ပစ္စည်းတွေမရောင်းရလို့လား။ ဘာလို့မရောင်းရလဲပေါ့။ အမေရိကန်ပစ္စည်းတွေ ရောင်းနေရတာပဲ။ အမေရိကန်ပစ္စည်းတွေကောင်းပါတယ်။ အဆင့်အတန်းလည်းရှိပါတယ်။ ဒါပေမယ့် သူတို့ကဈေးကြီးတာပေါ့။ ဈေးကြီးတဲ့အခါကျတော့ သူတို့ပစ္စည်းတွေ ဝယ်ဖို့က နည်းနည်းလေးအခက်အခဲရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာ အမေရိကန်ဈေးကွက်ရဲ့ ဝယ်လိုအားကို ကြီးမားတာ ကျွန်တော်သွားတွေ့တယ်။ ဒါကြောင့် သူတို့ကို ကျွန်တော်တို့ အများကြီးပဲရောင်းနိုင်တယ်။ သူတို့ ဘာကြောင့် ကုန်ပစ္စည်းတွေဈေးကြီးလဲ။ ဒါလည်းစဉ်းစားရမှာပေါ့။ Cost of Production ကြောင့် ကုန်ပစ္စည်းကုန်ဈေးနှုန်းက ကြီးတာလား။ ဒါဆိုလည်း ဒါတွေတွက်ဆရမှာပေါ့။ ဒီပေါ်မူတည်ပြီးတော့ ဒါပြုပြင်ဖို့အတွက် လုပ်ရလိမ့်မယ်။

ကျွန်တော်တို့လည်း သူ့တစ်နိုင်ငံတည်းမှီမယ့်အစား တခြားနိုင်ငံတွေမျှပြီးတော့ ရောင်းတာမျိုးပေါ့။ ကျွန်တော်တို့တော်တော်များများတော့ သူ့ဈေးကွက်ကို အများကြီးမှီခိုနေတာ တော်တော်များတာတွေ့ရပါတယ်။ အဲဒါတော့ စဉ်းစားဖို့ကောင်းတယ်လို့ ကျွန်တော်မြင်တယ်။

မေး။ ကျွန်တော့်အနေနဲ့ အဆွေတော်ဟာ မဟာစစ်အောင်ပွဲနေ့ နှစ်ပတ်လည်အခမ်းအနားမှာ ပါဝင်ဆင်နွှဲ ဖို့ ရုရှားနိုင်ငံကို ရောက်ရှိလာတယ်လို့ သိရှိရပါတယ်။ ဒီနေ့အခမ်းအနားဟာ နှစ် ၈ဝ ပြည့်အခမ်းအနားဖြစ်တဲ့အတွက် ကျွန်တော်တို့ရုရှားနိုင်ငံအတွက်လည်း အထိမ်းအမှတ်အထွတ်အမြတ်ထားတဲ့ အထိမ်းအမှတ်ပွဲတော်ဖြစ်ပါတယ်။ ဒီအထိမ်းအမှတ်ပွဲတော်နဲ့ ပတ်သက်ပြီး မေးချင်တဲ့မေးခွန်းလေးကတော့ လွန်ခဲ့တဲ့ နှစ် ၈ဝ ကနေပြီးတော့ ဒီအောင်ပွဲရရှိခဲ့ပါတယ်။ ဒီအောင်ပွဲဟာ ယနေ့ခုမြင်တွေ့နေရတဲ့ ပထဝီနိုင်ငံရေးမြင်ကွင်းတွေကို ဘယ်လိုမျိုးပြောင်းလဲမှုရှိမှာလဲ။ ဒါနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့ အမြင်ကိုလည်း သိရှိလိုပါတယ်။

ဖြေ။ ဒါကကျွန်တော်တို့ဖက်ဆစ်နာဇီတွေပေါ်မှာ ဆိုဗီယက်ပြည်ထောင်စုမှာရှိတဲ့ ပြည်သူ ပြည်သားတွေကနေပြီးတော့ တိုက်ထုတ်အောင်မြင်ခဲ့တဲ့အောင်ပွဲကို အသိအမှတ်အထိမ်းအမှတ်လုပ်တဲ့ ပွဲတစ်ပွဲပေါ့။ ဒါတော်တော်လေးကို လေးနက်တဲ့ ပွဲတစ်ပွဲလို့ ကျွန်တော်တို့ ပြောလို့ရတာပေါ့။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ဖက်ဆစ်ဂျပန်တွေ သူတို့နဲ့ ဝင်ရိုးတန်းဖက်ဆစ်နာဇီတွေ ဂျာမနီနဲ့ တစ်အုပ်စုတည်းဖြစ်တဲ့ ဖက်ဆစ်ဂျပန်တွေရဲ့ ဒဏ်ကိုလည်း ကျွန်တော်တို့ခံခဲ့ရတော့ ကျွန်တော်တို့ ပြန်တိုက်ခဲ့ရတဲ့ သမိုင်းဖြစ်ရပ်ရှိတယ်။ အတူတူကာလအတူတူပဲဖြစ်ခဲ့တာပေါ့။ ဒါကတော့ လွတ်လပ်ရေး ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့အတွက်လုပ်တဲ့ တိုက်ခိုက်မှုတစ်ခုပါပဲ။ ဒါ့ကြောင့် ဒါအင်မတန်တန်ဖိုးရှိတဲ့ တိုက်ပွဲတစ်ခုလို့၊ တိုက်ခိုက်မှုလို့ ကျွန်တော်ပြောလိုပါတယ်။ ဒီလိုတိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်လည်း တစ်ချို့ကိုလိုနီအပြုခံခဲ့ရတဲ့ အနိုင်ကျင့်ပြီးတော့ သိမ်းပိုက်ခံခဲ့ရတဲ့ တစ်ချို့ဥရောပနိုင်ငံတွေပေါ့ လွတ်လပ်ရေးပြန်ရသွားတာ ကျွန်တော်တို့ သွားတွေ့တယ်။ လွတ်လပ်ရေးပြန်ရသွားတာ ဆိုဗီယက်ပြည်ထောင်စုကနေ ဦးဆောင်ပြီး တိုက်ခိုက်ပေးခဲ့တာကြောင့် လွတ်လပ်ရေးပြန်ရခဲ့တာပါ။ ဂျာမနီနိုင်ငံ အရှေ့ဘာလင်ထိကို ကျွန်တော်တို့ ဆိုဗီယက်တပ်တွေတက်သိမ်းခဲ့တာရှိတယ်။ ဒါသမိုင်းမှာ ဒီလိုပဲတွေ့ပါတယ်။ နောက်ပထဝီနိုင်ငံရေးပေါ့။ ခုနကဖြစ်ခဲ့တဲ့ သမိုင်းမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကြည့်ရင်လည်း ပထဝီနိုင်ငံရေးကြောင့်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်အချက်ကတော့ နေရာပေါ့။ နောက်တစ်ခုကတော့ ဒီသယံဇာတမြေပေါ် မြေအောက်သယံဇာတပစ္စည်းတွေပေါ့။ ဒီအပေါ်မှာမူတည်ပြီးတော့ ဖြစ်လာတာပေါ့။ ပထဝီနိုင်ငံရေးကတော့ အရေးပါပါတယ်။ အခုချိန်ထိလည်း ပထဝီနိုင်ငံရေးကြောင့်ပဲ နိုင်ငံကြီးတွေက နိုင်ငံငယ်တွေ သို့မဟုတ် တခြားနိုင်ငံတွေကိုပဲ မျက်စောင်းထိုးနေကြတာပေါ့။ သူတို့ ဘာလုပ်လို့ရမလည်းပေါ့။ ဒါ့ကြောင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စပြီးတော့ နယ်ပယ်တွေပေါင်းစုံ ပြီးတော့မှ ဖိအားတွေမျိုးစုံပေးနေတာလည်း ကျွန်တော်တို့တွေ့တယ်။ အခုပြောမယ်ဆိုရင်တော့ ခုနကပြောတဲ့ ဒီအဆွေတော်နိုင်ငံရဲ့ နှစ် (၈၀) ပြည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲ အခမ်းအနားဆိုတာ တော်တော်ကြီးကို ထူးခြားတဲ့ပွဲတစ်ပွဲပေါ့။ နောက်ဒီတိုက်ခိုက်တဲ့အခါမှာလည်း ဆိုဗီယက်ရုရှားပြည်သူ ၂၆ သန်း အသက်ပေးပြီး တိုက်ခိုက်တာရှိတယ်။ ကမ္ဘာစစ်မှာတော့ ဒါအသေအပျောက်အများဆုံး စွန့်လွှတ်စွန့်စားစွာ တိုက်ခိုက်တဲ့ တိုက်ပွဲတစ်ပွဲမော်ကွန်းထိုးတဲ့ ဖြစ်စဉ်တစ်ခုလို့ ကျွန်တော်ပြောချင်တယ်။

မေး။ ဒီကျွန်တော်တို့ သမိုင်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဒုတိယကမ္ဘာစစ်မှာဆိုရင်လည်း ဆိုဗီယက်ပြည်ထောင်စုကနေပြီးတော့ ကျွန်တော်တို့အောင်ပွဲကို အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်ခဲ့တာရှိပါတယ်။ ဒါဖြစ်ရပ်မှန်သမိုင်းအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေက ဒီသမိုင်းနဲ့ ပတ်သက်ပြီးတော့ ဒီအနောက်နိုင်ငံတွေကပဲ ဒီသမိုင်းထဲမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့တဲ့ အနိုင်ရခဲ့တဲ့ပုံစံမျိုး Video မှတ်တမ်းတွေနဲ့ သမိုင်းကို ပြန်လည်ပြင်ဆင်ချင်တာတွေရှိပါတယ်။ အထူးသဖြင့်တော့ ရုရှား-ယူကရိန်းဖြစ်တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ရုရှားဘက်ကနေပြီးတော့မှ ခုနကလိုမျိုးကျူးကျော်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် သူတို့ဘက်ကနေပြီးတော့ သတင်းမီဒီယာတွေကနေတစ်ဆင့် ပုံဖော်နေတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ အဆွေတော်အနေနဲ့ ကျွန်တော်သိချင်တာက အဆွေတော်နဲ့အတူ ရှိခဲ့ဘူးတဲ့သမိုင်းတွေကို ဘာလို့အနောက်နိုင်ငံတွေက ဘာလို့ပြင်ချင်တာလည်း ဒီအပေါ်မှာကော အဆွေတော်အနေနဲ့ ဘယ်လိုမျိုးမြင်လည်းဆိုတာကို သိချင်ပါတယ်။

ဖြေ။ သမိုင်းဆိုတာ လိမ်လို့မရဘူး ဖုံးလို့လည်းမရဘူး။ သမိုင်းက အရှိအတိုင်းပဲဖြစ်ရမယ်။ ဖက်ဆစ်နာဇီတွေရဲ့ လုပ်ဆောင်ချက်ကိုလည်း ဖုံးလို့မရသလိုပဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဖက်ဆစ်တွေကို ပြန်တိုက်ခဲ့တဲ့သမိုင်းကိုလည်း ဖုံးလို့မရဘူး။ ပြင်လို့လည်းမရဘူး။ သမိုင်းကသမိုင်းအတိုင်းအကုန်လုံးရှိရမယ်။ ဒါဘယ်လိုမှငြင်းလို့လည်းမရဘူး။ ဒါကြောင့် သူတို့ကတော့ သူတို့ရဲ့မှားယွင်းခဲ့တဲ့ လုပ်ဆောင်ချက်တွေကို နောင်လာမယ့်လူတွေအတွက် မှတ်တမ်းတွေမသိနိုင်အောင်လို့ ဒါတွေကို ပြင်ချင်လို့လည်းဖြစ်မယ်။ New world Order သွားချင်တာ။ နောင်လူငယ်တွေအတွက် New World Order သွားဖို့လည်း ဖြစ်ချင်တာလည်း ပါပါလိမ့်မယ်။ တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာအာဏာဆိုတာ သူတို့ကို မထိခိုက်ဘူးဆိုရင် တော်တော်များများက မလုပ်ကြဘူး။ သူတို့ရဲ့အချုပ်အခြာအာဏာထိခိုက်လာပြီဆိုရင်တော့ ပြန်လည်တုံ့ပြန်ကြရမှာတော့ သဘာဝပဲ။ နောက်တစ်ခုကတော့ သူတို့ရဲ့ လိုအင်ဆန္ဒတွေ အတ္တတွေပေါ့။ ဒါတွေရှိလာလို့ရှိရင်လည်း ပြဿနာရှာပြီးတော့ ဒီပြဿနာကို ပြောကြတာပဲ။ ဖြေရှင်းကြတာပဲ။ ဒါမျိုးတွေကတော့ ကမ္ဘာမှာလည်း တကယ့်သမိုင်းဖြစ်ရပ်မှန်တွေမှာ ကျွန်တော်တို့ တွေ့ပါတယ်။ ခုနကပြောတဲ့ ယူကရိန်းနဲ့ ရုရှားနိုင်ငံဖြစ်စဉ်ကို ကြည့်လည်း ဒီတိုင်းပါပဲ။ တကယ်တမ်းပြောလို့ရှိရင်တော့ သမိုင်းကိုပြောင်းပြန်လှန်ဖို့အတွက် ကြိုးစားနေတယ်လို့ပဲ ကျွန်တော်တွေ့ပါတယ်။

ရုရှားနိုင်ငံကလည်း ရုရှားနိုင်ငံရဲ့ အရင်ကဆိုဗီယက်နိုင်ငံ ဆိုဗီယက်ပြည်ထောင်စုရဲ့ အတိတ်အတွေ့အကြုံကို ယူပြီးတော့မှ ရုရှားနိုင်ငံအချုပ်အခြာအာဏာမထိခိုက်အောင် လုပ်ကြတာဖြစ်တယ်လို့ ကျွန်တော်တို့ တွေ့တယ်။

မေး။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့မေးချင်တာကတော့ ယူကရိန်းနိုင်ငံနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက အထူးသဖြင့် EU နဲ့ UK ကနေပြီးတော့ ဘဏ္ဍာရေးနဲ့ စစ်ရေးဆိုင်ရာ စဉ်ဆက်မပြတ်ထောက်ပံ့မှုတွေကို နောက်ကွယ်ကနေပြီး ထောက်ပံ့နေတယ်လို့ သိရှိရပါတယ်။ ဒါနဲ့ပတ်သက်လို့ အဆွေတော်ဘယ်လိုမြင်ပါသလဲ။ ဝါရှင်တန်ကတော့ ယူကရိန်းနဲ့ ရုရှားအရေးအခင်းနဲ့ ပတ်သက်လို့ သံတမန်ရေးအရရှင်းလင်းဖို့ တွန်းအားပေးနေတာကိုလည်း တစ်ကမ္ဘာလုံးက သိပါတယ်။ ဒါပေမယ့်ဒါကို EU နိုင်ငံတွေနဲ့ UK အဖွဲ့ဝင်နိုင်ငံတွေက သံတမန်ရေးအရဖြေရှင်းဖို့ နည်းလမ်းကို ကောင်းကောင်းမပေးဘဲနဲ့ စစ်ရေးနဲ့ စစ်လက်နက်ပစ္စည်းနဲ့ ဘဏ္ဍာရေးကို ထောက်ပံ့နေတာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါနဲ့ပတ်သတ်ပြီးတော့လည်း အဆွေတော်အနေနဲ့ ဘယ်လိုမြင်လဲဆိုတာ သိရှိလိုပါတယ်။

ဖြေ။ စစ်ဆိုတာတော့ မဖြစ်တာအကောင်းဆုံးပဲ။ ပဋိပက္ခဆိုတာလည်း ကောင်းကောင်းမွန်မွန်ပြန်လည်ဖြေရှင်းနေတဲ့ နည်းလမ်းနဲ့သွားတာ၊ ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းနဲ့ သွားတာအကောင်းဆုံးပဲ။ ပဋိပက္ခတွေကြီးလာတယ်ဆိုတာလည်း အားပေးထောက်ခံမှုတွေ အားပေးထောက်ပံ့မှုတွေများလို့ ဖြစ်လာတာ။ အားပေးထောက်ပံ့မှုမရှိလို့ရှိရင် ပဋိပက္ခဆိုတာကြီးလာစရာတော့ မရှိပါဘူး။ တစ်ချို့က နှစ်နိုင်ငံဖြစ်တဲ့ ပြဿနာရှိမယ်။ ပဋိပက္ခက အဲ့မှာသူ့ကိုဝိုင်းအားပေးကြတယ်။ ထောက်ခံပေးကြတယ်။ ကူညီပံ့ပိုးပေးတယ်။ စစ်လက်နက်ပစ္စည်းတွေ၊ ငွေကြေးတွေ၊ စားနပ်ရိက္ခာတွေ စသဖြင့် ကူညီပေးတာပေါ့။ ဒီလိုပဲလုပ်လာကြတာ။ အဲ့တော့ ဒါတွေကပဋိပက္ခပိုပြီးကြီးမားလာတဲ့ဟာတွေ ဖြစ်လာတယ်။ ဒါမျိုးမဖြစ်ဖို့ဆိုရင် အားပေးကူညီတာမျိုးမလုပ်တာက အကောင်းဆုံးပဲ။

ဒါတွေဆိုရင် နိုင်ငံရေးအရဖြေရှင်းပေါ့။ ဒီလိုတော့သွားရမှာပေါ့။ စောစောက ခင်ဗျားမေးတယ်။ EU ကနေပြီးတော့ ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးဆိုတော့ သူတို့ရည်ရွယ်ချက်က ဘာလဲပေါ့။ သူတို့ ရည်ရွယ်ချက်ကဘာလဲ။ ပဋိပက္ခကြာရှည်အောင်ဖြစ်ပြီးတော့မှ စစ်ပန်းအောင်လို့ လုပ်တာ၊ ဒါလည်းစဉ်းစားရမယ့် တစ်ချက်ပဲ။ တကယ်တမ်းတော့ ပဋိပက္ခမဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်တာတော့ အကောင်းဆုံးနည်းလမ်းပါဘဲ။ ကျွန်တော်ကတော့ အားပေးထောက်ပံ့မှုမလုပ်သင့်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ ညှိနှိုင်းပေါ့။ ဘာ့ကြောင့်ဖြစ်တာလဲ။ ပြဿနာဘာ့ကြောင့်ဖြစ်တာလဲ။ ပြဿနာဖြစ်လာတဲ့ အကြောင်းအရင်းကို ကျွန်တော်တို့ ပြန်ရှာရမှာပေါ့။ သမိုင်းမှာရှိခဲ့တယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ် ၁ ခု ၂ ခုအတွင်းမှာဖြစ်ခဲ့တဲ့ အခြေအနေကို ကြည့်လိုက်လို့ရှိရင် ဘာ့ကြောင့် ယူကရိန်းနဲ့ ရုရှားပြဿနာဖြစ်တာလည်းဆိုတာ အဖြေရှိနေပါတယ်။ ဒါကိုအဖြေမှန်အတိုင်းကြည့်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။

မေး။ ခုနကမေးခွန်းနဲ့ဆက်စပ်ပြီး တစ်ဆက်တည်းမေးချင်တာကတော့ ယူကရိန်းပဋိပက္ခဖြေရှင်းပြီးတဲ့နောက်မှာ အမေရိကန်က တရုတ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကို တိုးမြှင့်လုပ်ဆောင်လိမ့်မယ်လို့ တစ်ချို့က စိုးရိမ်နေကြတာတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့မကြာခင်မှာ စစ်ရေးတင်းမာမှုတွေ တစ်နည်းနည်းနဲ့ ဖြစ်လာနိုင်မယ်လို့ ကြိုတင်မျှော်လင့်ထားပါသလားခင်ဗျာ။

ဖြေ။ ဖြစ်နိုင်စရာအကြောင်းလည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီ (၁၉၅၀) ပြည့်လွန်ကာလနောက်ပိုင်းမှာ ဒီအမေရိကန်ကနေပြီးတော့ တရုတ် china containment policy နဲ့ ပတ်သက်ပြီး စတင်ဆောင်ရွက်ခဲ့တာ သမိုင်းမှာရှိခဲ့တော့ အခုကပြိုင်ဘက်ဖြစ်လာပြီ။ တရုတ်နိုင်ငံနဲ့ အမေရိကန်က ပြိုင်ဘက်ဖြစ်လာတဲ့ အခါကျတော့ ဘာပဲပြောပြော သူ့ကိုတော့ ပြိုင်ဘက်တစ်ခုနဲ့ ပြန်ပြီးတော့ ထိန်းဖို့၊ လုပ်ဖို့ လုပ်နိုင်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကလည်း ဒါကတော့ မဖြစ်အောင် ကျွန်တော်တို့က ညှိနှိုင်းဆွေးနွေးဆောင်ရွက်တာမျိုး နိုင်ငံတွေအနေနဲ့ အားလုံးညှိနှိုင်းဆောင်ရွက်တာမျိုး လုပ်သင့်တယ်လို့ ကျွန်တော်တော့ယူဆပါတယ်။ ဒါသူတို့ နှစ်နိုင်ငံချင်းနဲ့တော့ မဆိုင်ဘူး။ ကျန်တဲ့ဟာတွေပါ ပါလာတယ်။ နှစ်နိုင်ငံတည်းနဲ့တော့ ပြဿနာတော့အကြီးအကျယ်ဖြစ်မှာမဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေပါ ပါလာမှ ပိုပြီးပြဿနာပိုရှုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တော့ အဲ့လိုမြင်တာပေါ့လေ။

မေး။ ခုနကအဆွေတော် ပြောသွားတဲ့ထဲမှာပတ်သက်လို့ ဒီပြဿနာက တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံရဲ့ ပြဿနာမဟုတ်ဘဲနဲ့ အကြမ်းဖက်နယ်မြေတွေပါလာမှ ပြဿနာပိုကြီးလာမယ်လို့ ကျွန်တော်သိရှိရပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားထဲမှာ တင်းမာမှုတွေမြင့်တက်နေတာကို မြန်မာနိုင်ငံအနေနဲ့ဘယ်လိုမျိုးထိန်းညှိပေးလို့ရမလဲ။ ဘယ်လိုမျိုးထိန်းညှိပေးဖို့အတွက်ရော စီစဉ်ထားလဲဆိုတာလေးလည်း အဆွေတော်ရဲ့အမြင်လေးကို သိရှိလိုပါတယ်။

ဖြေ။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကတော့ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေတာပေါ့ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက်ဆက်ဆံရေးကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ မိတ်ဆွေနိုင်ငံတစ်ခုပါပဲ။ သို့သော်လည်းပဲ တရုတ်နိုင်ငံကတော့ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံအထဲမှာလည်းဖြစ်သလို အိမ်နီးနားချင်းနိုင်ငံထဲမှာလည်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တယ်။ ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်တယ်။ သူများနိုင်ငံတွေထက်ပိုထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ ဒီနှစ်နိုင်ငံလုံးနဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ထိတွေ့ဆက်ဆံသွားဖို့ ရှိပါလိမ့်မယ်။

မေး။ အာရှပစိဖိတ်ဒေသမှာ ကျွန်တော်တို့ NATO နဲ့ပတ်သက်ပြီးတော့ တိုးမြင့်လာတဲ့ ပတ်သက်ပြီး အဆွေတော်အနေနဲ့ရော ဘယ်လိုမျိုးသုံးသပ်ပါသလဲ။ ဒီလိုမျိုးဒေသအတွင်းမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ဒေသအတွင်းမှာ အင်အားကြီးတာနဲ့ ပတ်သက်ပြီးတော့ အန္တရာယ်ရှိလာနိုင်တယ်လို့ ရောခန့်မှန်းပါသလား။ ဒီဟာနဲ့ပတ်သက်ပြီးတော့ အဆွေတော်ရဲ့ အတွေးကိုလည်း သိရှိလိုပါတယ်။ 

ဖြေ။ အော် စိုးရိမ်တာတော့ အမှန်ပဲ။ ဘာမှလည်းမဆိုင်ဘူးလေ။ ဒီအရှေ့အာရှပစိဖိတ်ဒေသနဲ့ NATO က ဘာမှတော့မဆိုင်ပါဘူး။ ကျွန်တော်တို့တော့စိုးရိမ်ပါတယ်။ ဘာမှလည်းမဆိုင်ဘူးလို့ ကျွန်တော်တော့ ပြောချင်တယ်။ ဒီဒေသကအာရှပစိဖိတ်ဒေသဆိုတာ အာရှဆိုတာကုန်းမြေဒေသပေါ့။ ပစိဖိတ်ဒေသဆိုတော့ ကုန်းမြေဒေသနဲ့ ပင်လယ်ကမ်း၊ ပင်လယ်သမုဒ္ဒရာဒေသတွေ ပေါင်းစည်းထားတဲ့ နယ်မြေတစ်ခုပဲ။ ဘာပြောပြော မဟာဗျူဟာအရ အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါကို ငြိမ်းချမ်းစွာ လုပ်နိုင်မယ်ဆိုရင်တော့ ကမ္ဘာ့အတွက် အများကြီးအကျိုးရှိမယ့် လုပ်ငန်းတစ်ခုပါပဲ။ ဒါပေမယ့်လည်း အင်အားကြီးနိုင်ငံကနေပြီးတော့ ဥပမာအားဖြင့် ခုနကပြောတဲ့ထဲမှာ NATO တင် မဟုတ်ဘူးဗျ။ အိန္ဒိယတို့၊ ဩစတြေးလျတို့၊ ဂျပန်တို့၊ အမေရိကန်တို့ ပေါင်းစည်းပြီးတော့လည်း သူတို့ဒီမှာအင်အားထိန်းညှိဖို့အတွက် လုပ်နေတာလည်း ကျွန်တော်တို့တွေ့တယ်။ ဒါတွေက ပဋိပက္ခကို ပိုကြီးမားလာစေမယ်လို့ပဲ ကျွန်တော်တော့ မြင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းတဲ့နည်းနဲ့ပဲသွားတာတော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ယူဆတယ်။ စိတ်ပူတာတော့ အမှန်ပဲ၊ စိတ်ပူတယ်။

မေး။ ဒါနဲ့တစ်ဆက်တည်း ကျွန်တော်မေးချင်တဲ့ မေးခွန်းလေးကတော့ အနောက်နိုင်ငံကြီး တော်တော်များများက လွှမ်းမိုးမှု၊ ထိန်းသိမ်းမှုကြိုးစားနေတဲ့အချိန်မှာ နိုင်ငံတကာဆက်ဆံရေးရဲ့ အနာဂတ်ကိုပုံဖော်ပေးမယ့် ဗဟုဝင်ရိုးသဘောတရား Multipolar သဘောတရားနဲ့ ပတ်သက်ပြီးတော့ အဆွေတော်ဘယ်လိုမြင်ပါသလဲ။ နောက်လက်ရှိအခြေအနေမှာ အနောက်နိုင်ငံတွေက သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ သူတို့ရဲ့လိုလားချက်အတွက် သူတို့ကတော့ သူတို့တတ်နိုင်သမျှ Dominate လုပ်ပြီးတော့မှ နိုင်ငံတွေကို ဖိအားတွေပေးနေတာပေါ့ ဒါနဲ့ပတ်သက်ပြီးတော့ ဗဟုဝင်ရိုးသဘောတရားနဲ့ ပတ်သက်ပြီးတော့ အဆွေတော်အနေနဲ့ ဘယ်လိုမျိုးမြင်ပါသလဲဆိုတာ သိရှိလိုပါတယ်။

ဖြေ။ အရင်တုန်းကတော့ Unipolar နဲ့ အမေရိကန်အနောက်အုပ်စုကနေပြီးတော့ Unipolar နဲ့ ကမ္ဘာကြီးကို ထိန်းချုပ်လာခဲ့တာပေါ့။ နောက်ကျတော့ Bipolar ဖြစ်လာတယ်။ Bipolar ကနေ တစ်ခါထပ်ပြီးတော့ Unipolar ပြန်ဖြစ်သွားတယ်။ ဒါအနောက်နိုင်ငံက အားသာသွားတာပေါ့။ ဒါပေမယ့် ဒီဘက်ခေတ်ကကျတော့ ခင်ဗျားတို့ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့က စစ်ရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ သိပ္ပံနဲ့နည်းပညာအရသော်လည်းကောင်း တော်တော်ကြီးကို တိုးတက်လာတယ်။ တိုးတက်လာတော့ ဒါ Multipolar သဘောတွေ ကျွန်တော်တို့ ဖြစ်လာတယ်။ ဒါကတော့ ဖြစ်သင့်တဲ့ကိစ္စတစ်ခုပဲ။ ကမ္ဘာကြီးကို တစ်ယောက်ကနေ ကိုင်ပြီးတော့မှ လုပ်တဲ့ဟာမျိုးကတော့ ဘယ်လိုမှမဖြစ်သင့်ဘူး။ ကျွန်တော်တို့ အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဒီဒဏ်ကို တော်တော်လေးခံကြရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကတော့ Multipolar စနစ်ကို သွားတာကတော့ အကောင်းဆုံးဘဲ။ ကမ္ဘာကြီးမှာရှိနေတဲ့ အကြောင်းခြင်းရာတွေကို မျှဝေခံစားတာကတော့ အကောင်းဆုံးဘဲ။ မျှမျှတတဆောင်ရွက်တာလည်း အကောင်းဆုံးဘဲ။ မျှဝေခံစားတာလည်း အကောင်းဆုံးဘဲ။ မမျှမတဖြစ်လို့သာ အခုပဋိပက္ခတွေဖြစ်လာတာပေါ့။ ဒါ့ကြောင့် ပဋိပက္ခမဖြစ်အောင်ဆိုလို့ရှိရင် Multipolar စနစ်ကတော့ အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။

မေး။ ကျွန်တော့အနေနဲ့ဒီခုနက Multipolar World နဲ့ပတ်သက်ပြီးတော့ မေးချင်တဲ့ မေးခွန်းကတော့ လက်ရှိမြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတော်တော်များများက Multipolar World ကို ထောက်ခံနေတယ်လို့ သိရှိရပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေကနေပြီးတော့ သူတို့ရဲ့အရင်တုန်းက Unipolar World ကိုသူတို့က ပြန်သွားချင်နေတယ်။ ဒီလိုပြန်သွားချင်တဲ့ဟာကို မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေက Multipolar World သွားဖို့ အကောင်အထည်ဖော်နိုင်အောင် အောင်မြင်ဖို့နဲ့ ဒီ Multipolar World ကို ဖယ်ထုတ်ဖို့တွက် ဘယ်လိုမျိုးနည်းဗျူဟာတွေ ကျင့်သုံးရမယ်လို့ အဆွေတော်ထင်ပါသလဲ။ ဒီဟာနဲ့ပတ်သက်ပြီးအဆွေတော်ရဲ့ ယုံကြည်မှုလေးတွေ သိရှိလိုပါတယ်။

ဖြေ။ ခုနက ကျွန်တော်ပြောတာ သုံးနိုင်ငံရှိတယ်။ သုံးနိုင်ငံပေါ့ ဒီသုံးနိုင်ငံကတော့ ကမ္ဘာပေါ်မှာလည်း မျှမျှတတဆောင်ရွက်ပေးနေတဲ့ နိုင်ငံတွေလို့ ကျွန်တော်တို့မြင်တယ်ဗျ။ အဲ့တော့ဒါတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ကိုယ်ကိုယ်တိုင်ကလည်း ကြိုးစားရမှာပေါ့၊ ကိုယ်ကိုယ်တိုင်ကလည်း မကြိုးစားလို့တော့ မဖြစ်နိုင်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ရဲ့ စီးပွားရေးအတတ်ပညာ စသဖြင့် ဒါတွေလည်း ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်အောင်လို့ လုပ်ကြရမှာပေါ့။ တစ်ဖက်ကလည်း နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်ဖို့လိုတယ်။ စောစောကနိုင်ငံတွေကတော့ ကမ္ဘာမှာ ထိပ်ဆုံးမှာ၊ ထိပ်မှာရှိတဲ့ နိုင်ငံတွေဖြစ်တော့ ခင်ဗျားတို့ ရုရှားနိုင်ငံ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ ဒီလိုနိုင်ငံမျိုးတွေက ဦးဆောင်နိုင်တဲ့ အခြေအနေရှိတဲ့ နိုင်ငံတွေ သူတို့နိုင်ငံတွေအနေနဲ့ ပူးပေါင်းပြီးတော့ မျှမျှတတဆောင်ရွက်သွားမယ်ဆိုရင် Multipolar ကတော့ ကျွန်တော်တို့ကတော့ Global ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ ဒီ Unipolar ကတော့ ဘယ်သူမှလက်ခံနိုင်မှာ မဟုတ်ဘူး။ ဒီဒဏ်ကို ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ နိုင်ငံတွေအားလုံးကြုံတွေ့လာနိုင်တာတွေအားလုံးက အကုန်လုံးသိတယ်။ ခါးသီးတဲ့အရသာကို ကျွန်တော်တို့ သိတယ်။

ဒါကြောင့် ဘယ်သူမှတော့ အဖြစ်ခံမှာမဟုတ်တော့ဘူး။ နိုင်ငံတွေကလည်း အကုန်လုံးကြိုးစားနေကြတာပဲ နိုင်ငံတွေအားလုံးကလည်း လူတွေက မတ်တပ်ရပ်ရင် ကျန်ခဲ့မှာပေါ့။ မတ်တပ်ရပ်ပြီးနေလိုက်ရင် ကျန်ခဲ့မယ်။ လမ်းလျှောက်သူတွေကတော့ ကျော်သွားမှာပဲ။ အဲ့တော့ အကုန်လုံးကလမ်းလျှောက်နေကြတာ၊ လမ်းလျှောက်နေကြတာ။ ဒါကြောင့် သူတို့တိုးတက်အောင်လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့်တော့ ခုနကပြောခဲ့တဲ့သမိုင်းမှာ ဖြစ်ခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေအရ နိုင်ငံတွေက သူတို့နိုင်ငံတွေ ဒီလိုမဖြစ်အောင်ဆိုတဲ့ စိတ်တွေအကုန်လုံးရှိကြတယ်။ အဲ့အချိန်မှာ စောစောကပြောခဲ့တဲ့ ဦးဆောင်တဲ့နိုင်ငံတွေနဲ့ ပေါင်းပြီးတော့ လုပ်မယ်ဆိုရင် Unipolar ကိုတော့ ဘယ်လိုမှ ဖြစ်လာစေမှာမဟုတ်ဘူးလို့တော့ ကျွန်တော်တော့ တွေ့ရပါတယ်။

မေး။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလို့ သိရှိရပါတယ်၊ အာဆီယံအဖွဲ့ဝင်ဆိုတာလည်း ကျွန်တော်တို့ ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းတွေမှာဆိုလည်း ဩဇာတိက္ကမကြီးမားတဲ့ အဖွဲ့ဝင်နိုင်ငံ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့အဖွဲ့မှာရော ဘယ်လိုမျိုးအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်နေပါသလဲ။

ဖြေ။ ကျွန်တော်တို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ အာဆီယံရဲ့ ပဋိညာဉ်အတိုင်းပေါ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကျွန်တော်တို့ အကုန်လုံးအပြည့်အဝလုပ်ပါတယ်။ အာဆီယံရဲ့ ရည်ရွယ်ချက်ကတော့ တကယ်ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့က ဒီမြန်မာနိုင်ငံအနေနဲ့ မှန်ကန်တဲ့ပေါ့ သူ့ရဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေလုပ်ဖို့အတွက်ကို ကျွန်တော်တို့က စိတ်ဆန္ဒလည်းရှိပါတယ်။ လုပ်လည်းလုပ်နေပါတယ်။ အာဆီယံဘက်ကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံချင်းရဲ့ သဘောထားတွေတော့ တစ်ချို့ဟာတွေ ကွဲပြားခြားနားမှုတွေရှိပါတယ်၊ သို့သော်လည်းပဲ သူရဲ့အခြေခံအချက်အလက်တွေရှိပြီးသားပဲ။ ဒီအခြေခံအချက်တွေပေါ် မူတည်ပြီးတော့ လုပ်နိုင်ဖို့ပဲ အရေးကြီးတယ်လို့ ကျွန်တော်ပြောချင်တယ်။

မေး။ တစ်ဆက်ထဲမှာ ကျွန်တော်တို့ထပ်ပြီးမေးလိုတာကတော့ ဒီအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီအာဆီယံအဖွဲ့အစည်းနဲ့ ရုရှားနဲ့ ဒီအနာဂတ်ဆက်ဆံရေးကိုရော ဘယ်လိုမြင်လဲဆိုတာလေးလဲ သိလိုပါတယ်ခင်ဗျာ။

ဖြေ။ ရုရှားနဲ့ ရုရှားနိုင်ငံကအာဆီယံအတွက်တော့ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်တာပေါ့လေ ကျွန်တော်တို့ရဲ့ အခု ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ ကျွန်တော်တို့ရဲ့နိုင်ငံက အာဆီယံနဲ့ ရုရှားနိုင်ငံရဲ့ ဆက်ဆံရေးကိုလည်း ညှိနှိုင်းရေးတာဝန်ယူထားတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အရင်တုန်းက ကျွန်တော်တို့က တရုတ်နဲ့ အရင်ကာလက ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ တရုတ်လည်း အောင်အောင်မြင်မြင် ကျွန်တော်လုပ်ခဲ့ပေးတယ်။ ကျွန်တော်တို့ အခုဆိုလဲ ရုရှားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က ညှိနှိုင်းခဲ့တဲ့ နိုင်ငံတစ်ခုအနေနဲ့ တာဝန်ယူထားတာပေါ့။ ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်လဲ ရုရှားနဲ့ အာဆီယံနိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပိုကောင်းအောင်လုပ်ပေးဖို့ ကျွန်တော်တို့လဲ ဆန္ဒရှိပါတယ်။ ရုရှားက အာဆီယံအတွက်တော့ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ဆွေးနွေးဖက်နိုင်ငံထဲမှာလည်း ပါနေပြီဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ကာလတွေမှာတော့ အာဆီယံနဲ့ ပူပေါင်းဆောင်ရွက်မှုတွေမှာ ရုရှားနိုင်ငံဟာ အရေးပါတဲ့အနေအထားမှာ ရှိလာနိုင်မယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ တစ်ဖက်ကလဲ ရုရှားနိုင်ငံကလည်း ဒီအာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကို ကဏ္ဍပေါင်းစုံတိုးချဲ့နိုင်ဖို့အတွက်လည်း စဉ်းစားဆောင်ရွက်ပေးနိုင်ဖို့လည်း လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။ ကျွန်တော့်အနေနဲ့ ဒါကတော့နိုင်ငံရေးနဲ့ မဆိုင်တော့ပါဘူး။ ကျွန်တော်တို့သတင်းဌာနနဲ့ သက်ဆိုင်တဲ့ မေးခွန်းလေးမေးချင်ပါတယ်။ ကျွန်တော်တို့ RT သတင်းဌာနကတော့ နှစ်ပေါင်း ၂ဝ ခန့် ရပ်တည်နေတာရှိပါတယ်။ ကျွန်တော်တို့ RT သတင်းဌာနနဲ့ ပတ်သက်ပြီးတော့ RT သတင်းဌာနရဲ့ လုပ်ဆောင်နေမှုတွေ၊ သတင်းထုတ်ပြန်နေမှုတွေနဲ့ ပတ်သက်ပြီးတော့ အဆွေတော်ရဲ့ အမြင်လေးကိုလည်း သိရှိလိုပါတယ်။

ဖြေ။ RT သတင်းဌာနကတော့ တကယ့်ထိပ်တန်းသတင်းဌာနတစ်ခုလိုပဲ၊ သတင်းတင်ဆက်မှုအပိုင်းလည်း တော်တော်လေးကောင်းပါတယ်။ ကျွန်တော်လည်း မကြာခဏကျွန်တော် RT ကို ကြည့်ပါတယ်။ RT က သတင်းတင်ဆက်မှုတွေက ခိုင်လုံ၊ ခိုင်မာမှုတွေ တော်တော်များများရှိတာပေါ့။ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံလေးပြောနိုင်တာရှိတယ်။ နောက်သမိုင်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ဖော်ထုတ်ပြီးတော့ တင်ပြတဲ့အခါမှာလည်း တော်တော့်ကို အတုယူစရာတွေ ကျွန်တော်တို့တွေ့တယ်။ ကျွန်တော်တော့ အဲ့ဒီကနေရတဲ့ ပညာတွေလည်း အများကြီး၊ အများကြီးရှိပါတယ်။ အဲ့ဒါကြောင့် RT ကတော့ တကယ်ကောင်းတဲ့သတင်း၊ အဆင့်မြင့်မားတဲ့သတင်းဌာနတစ်ခုလို့ ကျွန်တော်တော့မြင်ပါတယ်။ အနှစ် (၂၀) ကြာအောင် ကာလအတွင်းမှာ RT ရဲ့ အောင်မြင်မှုတွေကိုလည်း ဆက်လက်ပြီးတော့မှ ဒီထက်ပိုပြီးတော့ အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ရုရှား-မြန်မာ ချစ်ကြည်ရေးအပြင်ကို ရုရှားနိုင်ငံနဲ့ ကမ္ဘာပေါ်မှာ ဆက်ဆံနေရတဲ့ အခြေအနေမျိုးကိုလည်း RT ကနေပြီးတော့မှ ပိုပြီးကောင်းအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပိုပြီးလည်း အောင်မြင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပါတယ်။

https://www.moi.gov.mm

ထာဝရငြိမ်းချမ်းရေးသို့….

လက်ရှိတွင် ရက် ၂၀ အပစ်ရပ်ပြီး သက်တမ်း တစ်ပတ်တိုးကာ ဧပြီ ၃၀ရက်နေ့ထိ အပစ်ရပ်ကြေညာထားရာ ငြိမ်းချမ်းရေးအပြီးရရေးအတွက် ပြည်သူအားလုံး ဆန္ဒရှိနေကြသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် သွေးမအေးကြသူများ၏ စကားသံများ စုစည်း ဖော်ပြလိုက်ပါသည်။

“ကပ်မျိုးစုံကို ရင်ဆိုင်ကျော်လွှားလာရတာ လူတွေတအားပင်ပမ်းနေပြီ။ သားသည်မိခင်တွေ၊ ခွန်အားမပြည့်သေးတဲ့အမျိုးသမီးတွေနေရာက ခနလောက်ဝင်ခံစားပေးကြပါလို့။ အဆင်ပြေနိုင်တဲ့ထွက်ပေါက်တွေ ရအောင်ရှာနိုင်တယ်ဆိုတဲ့စိတ်မွေးပြီး မာနေတွေခနဘးဖယ်ကာ ဆွေးနွေးကြစေချင်ပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မယုံရဘူးဆိုတဲ့ သံသယတွေလည်း ခဏ ဘေးဖယ်ထားပြီး အရင်ဆုံးအတူ သဘောတူလို့ရတဲ့အချက်တွေကနေစညှိစေချင်ပါတယ်။ Peace or Justice ဆိုတဲ့ ဆိုရိုးလိုပေါ့ ငြိမ်းချမ်းရေးအကြောင်းပြောမယ်ဆို တချို့ တရားမျှတမှုတွေ ခဏ မေ့ထားရပါမယ် “ဟု တိုင်းရင်းသား-ဗမာ ကပြား အမျိုး သမီးတစ်ဦးကဆိုသည်။

“နစက နဲ့ EAOs များ တစ်ဖွဲ့ချင်း informal dialogue ကို တိုက်ရိုက်အရင်စပြောဖို့ လိုပါမယ်။ကြားခံက သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူထဲက ယုံကြည်ရပြီး အစွမ်းအစရှိသူတွေနဲ့ စသင့်ပါတယ်။နိုင်ငံတကာ ကြားခံထက် လူထု ကိုယ်စားပြုကြားခံက ပိုထိရောက်မယ်မြင်ပါတယ်။သက်ဆိုင်ရာ EAOs က လက်ခံတဲ့ လူထု ကိုယ်စားလှယ် ဆိုရင် ပိုကောင်းတယ်။ယုံကြည်မှုတည်ဆောက်ရပိုလွယ်မယ်။ ကိုယ့်လူတွေနဲ့ပဲ လုပ်နေတာမျိုးထက် လူထုကို အသိပေးပြီး လုပ်လေ ကောင်းလေပါ။”ဟု တိုင်းရင်းသား တစ်ဦးကဆိုသည်။

“NSPNCက တဖွဲ့ခြင်း‌ ဆွေးနွေးနေတာကိုထောက်ကူဖို့ Track 2 အနေနဲ့ hidden agenda တွေအပေါ်ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ့် think tank to think tank or NGO to NGO ပြန်လှန်တွေ့ဆုံရင်ဖွင့် ဆွေးနွေးပြီး သက်ဆိုင်ရာ ဆွေနွေးဖက်တွေကိုထောက်ကူနိုင်ပါတယ်။ လုပ်လည်းလုပ်နေကြတယ်ထင်ပါတယ်။ ထိရောက်စေချင်ရင်တော့ တစ်ဖက်စီက track 2 တစ်ဖွဲ့စီသတ်မှတ်ကိုယ်စားပြုစေပြီး ညှိနိုင်းစေရင် ပိုလွယ်ကူမြန်ဆန်ပါမယ်”ဟု စောင့်ကြည့် လေ့လာနေသည့် သုတေသီတစ်ဦးက ဆိုသည်။

“နှစ်ဘက်ဆန္ဒရှိရင် လွယ်မှာပေါ့ဗျာ။ မဟုတ်ရင်တော့ လေထဲ Statement ထုတ်နေတာပဲရှိလိမ့်မယ်။ တစ်ဖက်စီ Track 2 တိုက်ရိုက်စပြီးဆွေးနွေး ၊အဲကနေ EAO နဲ့ NSPNC တိုက်ရိုက်စပြော ၊အဲအစီအစဉ်ကို ထောက်ခံပါတယ်”ဟု တိုင်းရင်းသား ပါတီတစ်ခု၏ ပါတီဝင်တစ်ဦးကဆိုသည်။

“အားလုံးပါဝင်တဲ့ ညီလာခံ တစ်ခုကို ခေါ်ပြီး အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်ခွဲဝေမှုကို အရင်ညှိရပါမယ်။ ပြီးရင် တပ်မတော်ပေါင်းစည်းရေးကို ညှိရပါမယ်။ ညှိနှိုင်းမှုတွေကို ကြိုတင် စည်းကမ်းသတ်မှတ်ထားတာမျိုးမလုပ်ဘဲ လွတ်လွပ်စွာ ဆွေးနွေးနိုင်ဖို့ အရေးကြီးပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေး‌နွေးဖို့ လိုတဲ့အတွက်ကြာနိုင်ပါတယ်။ အားလုံးညှိလို့ ရမှ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်နိုင်မှာပါ။ အဲဒါကို ပြင်နိုင်မှလည်း ထာဝရ ငြိမ်းချမ်းရေးကိုရမှာပါ”ဟု အမတ်ဟောင်းတစ်ဦးက ပြောသည်။

“တကယ့်ကို ဗုံးသံ၊ ‌သေနတ်သံတွေ လုံးဝပျောက်သွားဖို့က ကတိတည်ဖို့ပါ။ ငြိမ်းချမ်းရေးကို ဒီလူတွေပဲ ဆက်ဆွေးနွေးနေလို့ကတော့ အဖြေကောင်း ထွက်လာဖို့ မမြင်ပါ။ လူငယ်နဲ့ပြည်သူတွေ၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် ဆောင်ရွက်နေသူများ ပါဝင်တဲ့ အလုံးစုံ လွှမ်းခြုံ စဥ်ဆက်မပြတ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လုပ်ပြီး၊ အဖြေကောင်းထွက်ဖို့က အဓိကပါ။ တိုင်းပြည်နဲ့ ပြည်သူအတွက် စိတ်ကောင်းနဲ့စေတနာအပြည့်ရှိဖို့လည်းအရေးကြီးပါတယ်။ ဆွေးနွေးပွဲတွေကနေ တည်ငြိမ်မှု၊ နားလည်မှု၊သဘောတူညီမှုတွေရအောင် ဆောင်ရွက်ကြဖို့ပါ။ တစ်တိုင်းပြည်လုံး ပြန်လည်ထူထောင်ဖို့ဆို အားလုံးပါဝင်ဆောင်ရွက်တာတောင် ဆယ်စုနှစ်တစ်ခု အနည်းဆုံး ယူရမှာပါ။ အခုလို တိုက်ခိုက်နေကြမယ်ဆိုရင် တိုက်ခိုက်ဖို့ သုံးရမှာတွေလည်းရှိတော့ ပြန်လည် ထူထောင်ဖို့ဆိုတာ မြို့ကြီး ပြကြီး အချို့မှာပဲ လုပ်လို့ ရမှာပါ”ဟု NGOမှပုဂ္ဂိုလ်တစ်ဦးကဆိုသည်။

NSPNC မှတာဝန်ရှိသူတစ်ဦးကတော့ “အားလုံးပါတဲ့ ဆွေးနွေးပွဲတွေကို မြှင့်တင်နိုင်ဖို့ ဆက်လက်ပြီး ကြိုးစားလုပ်ဆောင်နေပါတယ်။
ဆွေးနွေးပွဲတွေမှာ မတူကွဲပြားတဲ့ political actors တွေ၊အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ NCA sign,non sign EAOsတွေ၊ နိုင်ငံရေးပါတီတွေ၊လူငယ်တွေ၊အမျိုးသမီးတွေ၊ resource persons တွေ၊ စီးပွားရေးပညာရှင်တွေ၊မီဒီယာတွေ ပါနိုင်သမျှပါဝင်လာဖို့ဆောင်ရွက်နေသလို သက်ဆိုင်သူတွေအကြား နားလည်မှု၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီအနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်နိုင်ဖို့ ဆွေးနွေးပွဲ အခင်းအကျင်းတွေကို ပွင့်လင်းမြင်သာစွာ ပါဝင်ဆွေးနွေးနိုင်ဖို့ အမြဲစဥ်းစားဆောင်ရွက်နေပါတယ်။”ဟုဆိုသည်။

ပေါ်ပြူလာနယူးစ် အနေဖြင့် မေးမိသလောက်ကိုသာ ဖော်ပြလိုက်ရခြင်းဖြစ်ပြီး နိုင်ငံသားတိုင်း၏ ရင်တွင်းခံစားချက်များလည်းကိုယ်စီရှိနေဦးမည်ဖြစ်သည်။ အတူချိတ်ဆက် တည်ဆောက်ကြရတော့မည့်အချိန်အခါဖြစ်သဖြင့် အပြန်အလှန်သည်းခံမှု၊ ယုံကြည်ပေးနိုင်မှုတို့ဖြင့် ပြည်သူ့နှလုံးစိတ်ဝမ်း အေးချမ်းအောင်လုပ်ဆောင်ပေးနိုင်ကြပါစေဟု ဆန္ဒပြုပါသည်။

Source: Popular Myanmar

အိန္ဒုမြစ်ကြောင်းသဘောတူညီချက်ကို အိန္ဒိယဘက်ကဆိုင်းငံ့မှုနဲ့ ဖြစ်ပေါ်လာမယ့်သက်ရောက်မှုများ

အိန္ဒိယနိုင်ငံကထိန်းချုပ်ထားတဲ့ ကက်ရှမီးယားဒေသရှိ ပါဟယ်ဂမ်မြို့မှာ အကြမ်း ဖက်သမားများရဲ့ တိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ ၂၆ ဦးသေဆုံးခဲ့တာအားလုံး အသိပါပဲ။ အဲဒီအကြမ်းဖက် တိုက်ခိုက်မှုကို ကျူးလွန်သူတွေက ပါကစ္စတန်နိုင်ငံထဲမှာ အခြေစိုက်တဲ့အပြင် ဒီဖြစ်စဉ်မှာပါကစ္စတန် နိုင်ငံကလည်း ပါဝင်ပတ်သက်နေတယ်လို့ အိန္ဒိယအစိုးရက ကောက်ချက်ချလိုက်ပါတယ်။ နောက်ဆက်တွဲအကျိုးဆက်က နှစ်နိုင်ငံကြား ရရှိထားတဲ့ သဘောတူညီချက်များကို      ရပ်ဆိုင်းလိုက်တဲ့အပြင် တစ်နိုင်ငံမှာရှိတဲ့ အခြားတစ်နိုင်ငံမှ နိုင်ငံသားများကို အပြန်အလှန် နှင်ထုတ်ကြတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဘက်က ဆိုင်းငံ့လိုက်တဲ့ ပါကစ္စတန်နိုင်ငံနဲ့ သဘောတူညီချက်တွေထဲမှာ အိန္ဒုမြစ်ကြောင်း သဘောတူညီချက်လည်း တစ်ခုအနေနဲ့ပါဝင်ပါတယ်။ အဲဒီသဘောတူညီချက်က အိန္ဒိယနဲ့ပါကစ္စတန် တို့ကြားဆက်ဆံရေးကို အသက်ဆက်စေ တဲ့သဘောတူညီချက်လို့ပြောရင် မမှားပါဘူး။ ဒီတော့ အဲဒီသဘောတူညီချက်က ဘာလဲ။  အဲဒီသဘောတူညီချက်ကို ဆိုင်းငံ့လိုက်တဲ့အတွက် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုတာတွေကို ဒီကနေတစ်ဆင့်  တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

အိန္ဒုမြစ်ကြောင်းဆိုတာ အိန္ဒုမြစ်ကြီး အပါအဝင် မြစ်လက်တက်ခြောက်ခုပါဝင်တဲ့ မြစ်ကြောင်းစနစ်ကြီး တစ်ခုပါ။ အဲဒီ မြစ်လက်တက်ခြောက်ခုအနက် ငါးခုက အိန္ဒုမြစ်ရဲ့ဘယ်ဘက်ကမ်းမှာဖြစ်ပြီး ကျန် တစ်ခုက ညာဘက်ကမ်းမှာဖြစ်ပါတယ်။ အဲဒီအိန္ဒုမြစ်ကြောင်းကြီးဆိုတာ အိန္ဒိယ နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံ တို့အတွက် ပင်မအသက်သွေးကြောကြီးလို့ ပြောရင်မမှားပါဘူး။ စိုက်ပျိုးရေးနဲ့ ဆည်ရေသောက် စနစ်အတွက် အဲဒီမြစ်ကြောင်းကြီးကိုပဲ အားကိုးနေကြရတာပါ။

အိန္ဒုမြစ်ကြောင်းကြီးကို အုပ်စုနှစ်ခု ခွဲထားပါတယ်။ အိန္ဒုမြစ်ရဲ့ဘယ်ဘက်ခြမ်း မှာရှိတဲ့ ရာဗီ၊ ဘီးနဲ့ ဆုလတ်မြစ်တို့ကို အရှေ့ပိုင်းမြစ်များလို့ခေါ်ပြီး ချီနပ်၊ ဂျီလမ် နဲ့ အိန္ဒုမြစ်တို့ကိုတော့ အနောက်ပိုင်းမြစ် များလို့ခေါ်ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား နှစ်ပေါင်းများစွာကြာဆွေးနွေးပြီးနောက် ၁၉၆၀ ပြည့်နှစ်မှာ ကမ္ဘာ့ဘဏ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ သူတို့နှစ်နိုင်ငံက အိန္ဒုမြစ်ကြောင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အဲဒီသဘောတူညီချက်အရ အရှေ့ပိုင်း မြစ်များမှာရှိတဲ့ရေအရင်းအမြစ်များအားလုံးကို အိန္ဒိယနိုင်ငံက အပြည့်အဝအသုံး ချပိုင်ခွင့်ရှိပြီး အနောက်ပိုင်းမြစ်များမှာရှိ တဲ့ရေအရင်းအမြစ်များအားလုံးကို ပါကစ္စတန်က အသုံးချပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့လည်း ပါကစ္စတန်နိုင်ငံက မြစ်အောက်ပိုင်းမှာရှိပြီး အိန္ဒိယနိုင်ငံက မြစ်အထက်ပိုင်း မှာရှိနေတဲ့အတွက် ပါကစ္စတန်နိုင်ငံအနေနဲ့ နိုင်ငံအတွက်လိုအပ်တဲ့ ရေအရင်းအမြစ် ၈၀ ရာခိုင်နှုန်းကိုရရှိဖို့ အိန္ဒုမြစ်ကြောင်း သဘောတူညီချက်အပေါ် မှီခိုနေရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပါကစ္စတန်နိုင်ငံက မြေအောက်ရေကုန်ခန်းမှုနဲ့လည်း ရင်ဆိုင်နေရတဲ့အတွက် ကရာချိလိုမျိုးမြို့ကြီးတွေတောင်မှ ရေသယ်ယာဉ်များအပေါ်မှီခို အားထားနေရတာပါ။ ဒါကြောင့် အိန္ဒုမြစ်ကြောင်းကနေ ရေစီးဆင်းမှုရပ်တန့်သွားမယ်ဆိုရင် ပါကစ္စတန်နိုင်ငံအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပျက်စီးပြီး စားရေရိက္ခာ ပြတ်လပ်မှုနဲ့အတူ စီးပွားရေးမတည် ငြိမ်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။

အခုဆက်လက်ပြီးတော့ အိန္ဒိယနိုင်ငံ အနေနဲ့ အိန္ဒုမြစ်ကြောင်း သဘောတူညီချက်ကို ဆိုင်းငံ့လိုက်တဲ့အတွက် ဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိလာစေနိုင် တယ်ဆိုတာကို ဆက်လက် တင်ပြသွားပါမယ်။ ပထမဆုံးအချက်က ရေစီးဆင်းမှု၊ နှင်းခဲအရည်ပျော်မှု၊ မြစ်ရေလွှတ်မှု အစရှိတဲ့ သတင်းအချက်အလက်တွေကို အိန္ဒိယက ပါကစ္စတန်ကိုပေးတော့မှာမဟုတ်ပါဘူး။

နောက်တစ်ချက်က အိန္ဒိယနိုင်ငံသည် သဘောတူညီချက်ပါ အချက်အလက်များကို မလိုက်နာ ရတော့တဲ့အတွက် အနောက် ပိုင်းမြစ်များမှရေကို မိမိသဘောရှိသည့် အတိုင်း အသုံးပြုလာနိုင်ပါတယ်။ ဖြစ်နိုင်ခြေအများဆုံးကတော့ ပါကစ္စတန်နိုင်ငံ ထဲကိုစီးဆင်းနေတဲ့ အနောက်ပိုင်းမြစ်များ ရဲ့ အထက်ပိုင်းမှာ ရေလှောင်ကန်ကြီးတွေ ထပ်ဆောက်တာ၊ ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံ အသစ်တွေ တည်ဆောက်တာမျိုးနဲ့အတူ ရေစီးဆင်းမှုကိုစိတ်ကြိုက် ခြယ်လှယ်လာနိုင်ပါတယ်။

အိန္ဒိယဘက်က အခုသဘောတူညီချက် ကိုရပ်ဆိုင်းခြင်းမဟုတ်ဘဲနဲ့ ဆိုင်းငံ့ခြင်းသာလုပ်ထားတဲ့အတွက် သံတမန်ရေးအရ အပေါ်စီးကနေရှိနေစေပါတယ်။ ဒီအချက် ကိုလက်ဆုပ်လက်ကိုင်ပြုပြီး ပါကစ္စတန် အနေနဲ့ နယ်စပ်ဒေသမှာအကြမ်းဖက်မှု တွေကိုအားမပေးဖို့အတွက် ဖိအားပေး လာနိုင်ပါတယ်။ လက်ရှိအခြေအနေမှာ အိန္ဒိယဘက်က သဘောတူညီချက်ကို ဆိုင်းငံ့လိုက်တယ်ဆိုပေမယ့် ပါကစ္စတန်ထဲ ကိုမြစ်ရေစီးဆင်းမှု လျော့နည်းစေမယ့် ဒါမှမဟုတ် ရပ်တန့်သွားစေမယ့် အခြေခံ အဆောက်အဦ မရှိသေးပါဘူး။ ဒါကြောင့် လတ်တလောမှာတော့ အိန္ဒိယရဲ့သဘော တူညီချက်ကို ဆိုင်းငံ့မှုက ပါကစ္စတန်နိုင်ငံအပေါ် ချက်ချင်းကြီး အကျိုးသက်ရောက် စေမှာမဟုတ်ပါဘူး။

သို့ပေသော်လည်း အထက်မှာပြောခဲ့သည့်အတိုင်း ပါကစ္စတန်နိုင်ငံဆိုတာမြစ် အောက်ပိုင်းမှာရှိပြီး အိန္ဒိယနိုင်ငံဆိုတာ မြစ်အထက်ပိုင်းမှာရှိတဲ့အတွက် အိန္ဒုမြစ်နဲ့ပတ်သက်လာရင် ပါကစ္စတန်ဘက်က အားသာချက်ဆိုတာမရှိပါဘူး။ အခုလိုမျိုး အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအတွက် အလွန်အရေးပါတဲ့ ရေအရင်းအမြစ်ကြီးနဲ့ ခြိမ်းခြောက်လိုက်တဲ့အတွက် နှစ်နိုင်ငံနယ်စပ်မှာမှ အိန္ဒိယနိုင်ငံဘက်အခြမ်းမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါကစ္စတန်က ဘယ်လိုပင်ပါဝင်ပတ် သက်မှုမရှိဘူးပဲ ပြောပြော သူ့ရဲ့နယ်စပ်မှာ ခိုအောင်းနေတဲ့ အကြမ်းဖက်သမားတွေကို      အတိုင်းအတာ တစ်ခု အထိတော့ ဟန့်တားထိန်းချုပ်မှုတွေ လုပ်ဆောင်လာနိုင်ဖွယ် ရှိတယ်လို့ မျှော်လင့်ရပါတယ်။

Ref: TOI

H.M

Source: https://myawady.net.mm/

mofa

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ရာ ယနေ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်ရက်မြတ် အခါသမယဖြစ်သည်။

မြန်မာ့နိုင်ငံတကာဆက်ဆံရေးသမိုင်းသည် ဘီစီ ၂ ရာစုမှစတင်ကာ  နှစ်ပေါင်း ၂၀၀၀ ကျော်ရှိခဲ့သော်လည်း မျက်မှောက်ခေတ် မြန်မာ့နိုင်ငံတကာဆက်ဆံရေးကို    အဖွဲ့အစည်းအထင်ကရဖြင့် မှတ်ကျောက်တင် နိုင်ခဲ့သည်မှာ  (၇၇)နှစ်တာရှိပြီး ထိုကာလအတွင်း  နိုင်ငံခြားရေးဝန်ကြီးဌာနသည် အင်အားသာမက စွမ်းရည်ပါ တိုးတက်လာသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။

နိုင်ငံခြားရေးဌာနကို  ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် "Department of Foreign Service" အဖြစ် စတင်ထူထောင်စဉ်က အတွင်းဝန်တာဝန်ဖြင့် အရာထမ်း တစ်ဦး၊ အမှုထမ်း ရှစ်ဦး စုစုပေါင်း ဝန်ထမ်းအင်အား ကိုးဦးသာရှိခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မေလ ၄ ရက်တွင် နိုင်ငံခြားရေးရုံး ဒင်္ဒသမနငါည ဉ်ငခနဒဒ ဟု အမည်ပြောင်းလဲခဲ့ပြီး  အတွင်းဝန်ရာထူးကိုလည်း အမြဲတမ်းအတွင်းဝန်အဖြစ် ပြောင်းလဲသုံးစွဲခဲ့ကြပါသည်။ လက်ရှိသုံးစွဲနေသည့်နိုင်ငံခြားရေးဝန်ကြီးဌာန  အမည်ကို ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်တွင် စတင် သုံးစွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလတွင် ဒုတိယဝန်ကြီးချုပ် နှင့်ပြည်ထောင်စုဝန်ကြီးဦးဆောင်မှုဖြင့် ပြည်တွင်း ပြည်ပရှိ ဝန်ထမ်းအင်အား တစ်ထောင်ကျော်တို့ဖြင့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များကို ထမ်းဆောင် လျက်ရှိသည်။ အင်အား၏သုံးပုံနှစ်ပုံမှာ မြန်မာပြည်ရှိ ဌာနချုပ်တွင် ထမ်းဆောင်လျက်ရှိပြီး သုံးပုံတစ်ပုံမှာ ကမ္ဘာတစ်လွှားရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ၅၁ ရုံးတွင်  အသီးသီးတာဝန်ထမ်းဆောင်လျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဆယ်စုနှစ် ခုနစ်ခုကျော်ကာလတစ်လျှောက်တွင် နိုင်ငံနှင့်ပြည်သူ့အကျိုးကို ရှေးရှုသည့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကောင်းမွန်သည့် နိုင်ငံ့ပုံရိပ်ဖော်ဆောင်ရေးကိုကြိုးပမ်းလျက်ရှိသည်။

မြန်မာ့လွတ်လပ်ရေးရရှိပြီးနောက် အစိုးရများ လက်ထက်တွင် ထူးချွန်သည့်မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂတွင် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ အတွင်းရေးမှူးချုပ်တာဝန်ကို သက်တမ်းနှစ်ကြိမ်တိုင်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်သည် ကျူးဘားအရေးအခင်း၊ ကွန်ဂိုပြည်တွင်းစစ်အဆုံးသတ်ရေး၊ အင်အားကြီးနိုင်ငံများအကြားတင်းမာမှုလျှော့ချရေးတို့တွင် စွမ်းစွမ်းတမံဆောင်ရွက်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးကိုပံ့ပိုးပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် သံတမန်တစ်ဦးဖြစ်ခဲ့ရာ မြန်မာ့ပုံရိပ်ကို ကမ္ဘာတွင် အထင်အရှားဖြစ်စေခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကိုဦးတည်သည့် နိုင်ငံတကာဆက်ဆံရေးသမိုင်းတွင်အထင်ကရဖြစ်သည့်  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယတို့နှင့်  ပူးတွဲချမှတ်နိုင်ခဲ့ခြင်းသည်လည်း သမိုင်းဝင်ကြိုးပမ်းချက်တစ်ရပ်ဖြစ်သည်။ ဒေသတွင်းနှင့်ကမ္ဘာ့နိုင်ငံများအကြား ငြိမ်းချမ်းစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးဦးတည်သည့် အဆိုပါ မူကြီး(၅)ချက်မှာ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အပြန်အလှန်လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံကျူးကျော်ခြင်းနှင့် ပြည်တွင်းရေး စွက်ဖက်ခြင်းမပြုရန်၊  တန်းတူညီမျှရှိပြီး  အပြန်အလှန်အကျိုးပြုကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများ ဖြစ်ပါသည်။

ထိုမှတစ်ဆင့်  နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၁၉၅၅ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ပါကစ္စတန်တို့နှင့် ဘန်ဒေါင်းကွန်ဖရင့်ကို ပူးတွဲ ကမကထပြုကာ မြန်မာနိုင်ငံ၏သံတမန်ရေးရာ ဦးဆောင်မှုကို  ဖော်ညွှန်းသည့် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ပါသည်။ အဆိုပါကွန်ဖရင့်တွင် ကမ္ဘာ့လူဦးရေ၏ထက်ဝက်ကျော်ကို   ကိုယ်စားပြုသည့် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို ထပ်လောင်းထင်ဟပ်သည့် ဘန်ဒေါင်းမူကြီး (၁၀)ရပ်ကိုထုတ်ပြန်ကာ    အာရှနှင့်အာဖရိကမှ လွတ်လပ်သော နိုင်ငံအသစ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို အစပျိုးနိုင်ခဲ့ကြပါသည်။

အလားတူပင် ၁၉၆၁ ခုနှစ်တွင် ဘက်မလိုက်အဖွဲ့ကြီးထူထောင်ရေးတွင်လည်း    မြန်မာနိုင်ငံမှ တက်ကြွစွာပါဝင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်အဖွဲ့ကြီး၏ ဝန်ကြီးများ အဆင့်အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးများတိုးမြှင့်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တန်းတူညီမျှရေး၊ ဖွံ့ဖြိုးရေးတို့ကို ကြိုးပမ်းသွားလိုကြောင်း   ပြည်ထောင်စုဝန်ကြီးမှ အလေးထားပြောကြားခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ  လက်ထက်များတွင် ကြုံတွေ့ခဲ့ရသည့် အနောက်နိုင်ငံများ၏ပိတ်ဆို့မှုများအကြားမှပင် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ကုလသမဂ္ဂမျက်နှာစာနှင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၏အရှိန်ကို ထိန်းသိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးကြိုးပမ်းမှုများကို ပံ့ပိုးခဲ့သည်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အလေးထားသည့်နိုင်ငံအဖြစ်    မြန်မာနိုင်ငံ၏ပုံရိပ်ကို ထင်ဟပ်နိုင်စေရေး၊ လက်နက်ဖျက်သိမ်းရေးကဏ္ဍတွင် တက်ကြွစွာပါဝင်ကာ နျူကလီးယား လက်နက် တားဆီးရေး စာချုပ်၊ နျူကလီးယားစမ်းသပ်မှုအလုံးစုံ တားဆီးရေးစာချုပ်တို့တွင်   လက်မှတ် ရေးထိုးခြင်း၊ နျူကလီးယား    လုံခြုံစိတ်ချစွာသုံးစွဲရေးဆိုင်ရာ ကွန်ဗင်းရှင်း၊ နျူကလီးယားဆိုင်ရာပစ္စည်းများ ကာကွယ်တားဆီးခြင်းဆိုင်ရာ ကွန်ဗင်းရှင်း စသည်တို့တွင် ပါဝင်ခဲ့သည်။ အထူးသဖြင့် ဂျကာတာ၊ ဂျီနီဗာနှင့် နယူးယောက်မြို့ရှိဖိုရမ်များတွင်   အရှေ့တောင်အာရှနျူကလီးယားလက်နက်ကင်းမဲ့ဇုန်ကို လေးစားလိုက်နာရေး အပါအဝင်   လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်လျက်ရှိသည်။  ၁၉၉၅ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ နိုင်ငံတကာလုံခြုံရေးနှင့် လက်နက်ဖျက်သိမ်းရေး ဆိုင်ရာပထမကော်မတီတွင် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ အဆိုမူကြမ်းကို ကုလသမဂ္ဂက အဖွဲ့ဝင်အများစု၏ ထောက်ခံမှုဖြင့် တင်သွင်းခဲ့သည်။

၁၉၉၇ ခုနှစ်တွင်   အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ခြင်းသည်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ချိန်မှစတင်၍ မြန်မာနိုင်ငံအနေနှင့် ဒေသတွင်းပေါင်းစည်းရေးတွင် အာဆီယံနှင့်အတူလိုက်ပါ ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများရှိခဲ့သည်။ အဖွဲ့ဝင်အားလုံး အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များကို ဆွေးနွေးအဖြေရှာရာတွင် အဖွဲ့ဝင် နိုင်ငံများ၏ အဆင်ပြေမှုကို လေးစားလိုက်နာပြီး အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရေးတွင် ပါဝင်လျက်ရှိသည်။

၂၀၁၁-၂၀၁၅ ကာလသံတမန်ရေးအရ ပြန်လည် ဦးမော့လာစေရေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကမ်မရွန်း၊ အမေရိကန်သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်တို့၏ ခရီးစဉ်များကို လက်ခံစီစဉ်ပေးနိုင်ခဲ့ပါသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်တွင် အာရှဒေသဆိုင်ရာကမ္ဘာ့ စီးပွားရေးဖိုရမ်ကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးများကိုလည်းကောင်း လက်ခံကျင်းပကာ ကွန်ဖရင့်ဒီပလိုမေစီကို  မြှင့်တင်နိုင်ခဲ့သည်။ အဆိုပါ ၂၀၁၁-၂၀၁၅ ကာလအတွင်း မြန်မာနိုင်ငံတွင်    ဖွံ့ဖြိုးမှု အကူအညီများရရှိမှု သုံးဆမြင့်တက်ခဲ့ပြီး ကုန်သွယ်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုများလည်း သိသိသာသာတိုးတက်ခဲ့ပြီး ယင်းတိုးတက်မှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက တက်ကြွစွာ ပံ့ပိုးခဲ့သည်။

အလားတူပင် ၂၀၁၆-၂၀၂၀ ကာလများတွင် သံရေးတမန်ရေး အောင်မြင်မှုများစွာ ဖော်ဆောင်နိုင်ခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေး ပိတ်ဆို့မှုများကိုလည်းဖယ်ရှားနိုင်ခဲ့ကာ ကမ္ဘာ့နိုင်ငံရေး စီးပွားရေး အင်အားကြီးနိုင်ငံများနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးများ ဖော်ဆောင်နိုင်ခဲ့သည်။

လက်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင်လည်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်များဖြစ်သည့် အခြေခံဥပဒေ အပိုဒ် ၄၁၊ ၄၂ (က)နှင့်(ခ)တို့အရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူကြီး(၅)ရပ်နှင့်အညီ နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ကာ နိုင်ငံတကာတွင် ထားရှိရမည့် ကတိကဝတ်များကို လေးစားလိုက်နာလျက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်များကို တက်ကြွစွာကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ယနေ့ခေတ်တွင် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများ၊ နည်းပညာဖွံ့ဖြိုးမှု၏ဘေးထွက်ဆိုးကျိုးများ၊ သတင်းမီဒီယာ၏ အဆိပ်အတောက်ဖြစ်စေမှုများ အပါအဝင် ပိုမိုရှုပ်ထွေးသည့် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ စိန်ခေါ်မှုများစွာကို မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ ရင်ဆိုင်လျက်ရှိသည်။ ထိုစိန်ခေါ်မှုများနှင့် ဆက်စပ်သည့် ပြည်တွင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂမျက်နှာစာတွင်  မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုများကို ကျော်လွှားကာ နိုင်ငံနှင့် ပြည်သူများအကျိုးစီးပွားဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံခြား ရေးဝန်ကြီးဌာနအနေနှင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသားများအကျိုးဖော်ဆောင်ရေး လုပ်ငန်းရပ်များကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရေးပါသော လုပ်ငန်းရပ်တစ်ခုအဖြစ်   သတ်မှတ်ကာ အလေးပေး ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အကျဉ်းကျခံပြီးသူ ၂၀၇၅ ဦးနှင့် ၂၆၇၁၆ ဦးတို့ကို မြန်မာနိုင်ငံသို့  ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ထို့အတူ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံအချို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး အလုပ်ရှင်အလုပ်သမား ပြဿနာများကြုံတွေ့ရ၍ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် နိုင်ငံသား ၁၆၄ ဦးတို့ နေရပ်ပြန်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများရှိ အာဏာပိုင်များနှင့်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အလားတူပင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် မိမိနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ၏ လှည့်ဖြားခံရခြင်း အပါအဝင်   အခြားအကြောင်းအမျိုးမျိုးနှင့် တရားမဝင်ရောက်ရှိခဲ့ကာ နေရပ်ပြန်ရန် အခက်အခဲရှိနေသည့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံသား ၅၂၈၂၃ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါသည်။

စိန်ခေါ်မှုများကို ဘက်ပေါင်းစုံမှ ကြုံတွေ့နေရသည့် ယနေ့ခေတ်ကာလတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံတမန်များ၏ကြံ့ခိုင်မှု ပိုမိုပေါ်လွင်စေသည်။

အထူးအားဖြင့် နိုင်ငံအချို့သည် ကုလသမဂ္ဂမျက်နှာစာနှင့်အာဆီယံမျက်နှာစာတွင် အစဉ်အဆက်လိုက် နာခဲ့ကြသည့် မူကြီးများကို  အလေးထားမှုမရှိကြသည့် အခက်အခဲဆုံးကာလတွင်ပင် မြန်မာနိုင်ငံသည် နိုင်ငံစုံစနစ်၊ ဒေသတွင်းနှင့်  နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ခြင်းကိုအလေးထားကာ   မိမိတို့ကတိကဝတ်များကို မသွေဖည်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ကြံ့ခိုင်မှုမှသည် ပိုမိုသန်စွမ်းမှုသို့ ဦးတည်ကာ နိုင်ငံခြားရေး မူဝါဒရည်မှန်းချက်များ ပြည့်မီစေရန် နိုင်ငံခြားရေးဝန်ကြီးဌာနသည်   ဆတက်ထမ်းပိုး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ရှေးယခင်ကပင် အင်ပါယာကြီးသုံးခုအကြားတွင် လက်ရုံးရည်နှင့်နှလုံးရည်အားဖြင့် စည်းလုံးညီညွတ်တင့်တယ်စွာ ရပ်တည်ခဲ့သည့် မြန်မာနိုင်ငံ၏ အစဉ်အလာနှင့် အတွေ့အကြုံကောင်းများကို အခြေခံကာ ယနေ့ခေတ် ကြုံတွေ့နေကြရသည့် ပထဝီနိုင်ငံရေးအခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှုများကို  နှစ်နိုင်ငံချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ  မြှင့်တင်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံတမန်များမှ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

 (၇၇)ကြိမ်မြောက် နှစ်ပတ်လည်အခါသမယတွင် မြန်မာ့သမိုင်းတစ်လျှောက် ရွပ်ရွပ်ချွံချွံတာဝန်ထမ်း ဆောင်ခဲ့ကြသည့် သံတမန်ကြီးများကို ဂုဏ်ပြုလျက်မျိုးဆက်သစ်သံတမန်များသည်လည်း ခေတ်သစ်၏ အင်အားသစ်များ၊ နည်းပညာသစ်များဖန်တီနိုင်စွမ်းများကိုအသုံးချကာ၊ ပိုမိုငြိမ်းချမ်းစည်ပင်ကာ မြန်မာ့ ပုံရိပ်ကောင်းများ ပေါ်ထွန်းစေမည့်  နိုင်ငံခြားရေးမူဝါဒဦးတည်ချက်များပြည့်မီရေးကို ပိုမိုပြောင်မြောက်စွာ စွမ်းဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။  ။

နိုင်ငံခြားရေးဝန်ကြီးဌာန

ဓားစာခံများ ပြန်လည်လွတ်မြောက်ရေး အမေရိကန်က ဟားမက်နှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေး

ဂါဇာကမ်းမြောင်ဒေသတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသားဓားစာခံများအား ပြန်လည် လွှတ်ပေးရေးနှင့်ပတ်သက်၍ ဓားစာခံများပြန်လည်လွတ်မြောက်ရေးဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Adam Boehler နှင့် ဟားမက်အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တို့ Doha မြို့၌ ပြီးခဲ့သည့်သီတင်းပတ်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အမေရိကန်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် ဟားမက်စစ်သွေးကြွအဖွဲ့နှင့် ယခုကဲ့သို့တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းမှာ မကြုံစဖူး ထူးခြားသည့် လုပ်ဆောင်ချက်ဖြစ်သည်။

အမေရိကန်နိုင်ငံသားဓားစာခံ (၅) ဦးမှာ ဂါဇာ၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရဆဲဖြစ်သည်ဟု ယုံကြည် ရကြောင်းနှင့် ညှိနှိုင်းမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အိမ်ဖြူတော်ပြောရေး ဆိုခွင့်ရှိသူ Karoline Leavitt က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အတည်ပြုပြောကြားခဲ့ပါသည်။

ကမ္ဘာပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်နှင့်မဆို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းသည် “အမေရိကန် ပြည်သူ လူထုအတွက် လုပ်သင့်လုပ်ထိုက်သည့်အရာကို လုပ်ဆောင်သည့် ထရမ့်၏ ကောင်းမွန်သည့် ကြိုးပမ်း အားထုတ်မှုတစ်ရပ်ဖြစ်ကြောင်း” Leavitt က ထပ်လောင်းပြောကြားခဲ့ပါသည်။ 

၁၉၉၇ ခုနှစ်တွင် ဟားမက်အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည့် အချိန်မှစ၍ အမေရိကန်အနေဖြင့် ၎င်းတို့နှင့်တိုက်ရိုက်ဆွေးနွေးမှုမျိုးကို လုပ်ဆောင်ခြင်းမျိုး မရှိခဲ့ပေ။

ယခုကဲ့သို့ Boehler နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းမှာ အမေရိကန်ဘက်မှကမ်းလှမ်းလာမှုကြောင့် ဖြစ်ကြောင်း ဟားမက်အဖွဲ့က Middle Eastern သတင်းဌာနသို့ ထုတ်ဖော်‌ ပြောကြားခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)
 
တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် "အစည်းအဝေးကြီးနှစ်ရပ်" ၌ စောင့်ကြည့်ရမည့် အကြောင်းအရာများ

တရုတ်ပြည်လုံးဆိုင်ရာ “အစည်းအဝေးကြီးနှစ်ရပ်” အား ပေကျင်းမြို့တွင် လာမည့်သီတင်းပတ်အတွင်း ကျင်းပ သွားမည်ဖြစ်သည်။

ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သည့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ နှစ်ပတ်လည် အစည်းအဝေးအား မတ် ၄ ရက်၌ စတင်ကျင်းပမည်ဖြစ်ကာ ထိပ်တန်း ဥပဒေပြု အာဏာပိုင် အဖွဲ့ဖြစ်သည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေးကိုမူ မတ် ၅ ရက်၌ ဖွင့်လှစ်မည် ဖြစ်သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်၊ ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ်၊ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်တို့က လုပ်ငန်းအစီရင်ခံစာများ တင်သွင်းမည်ဖြစ်ပြီး ဥပဒေပြုအမတ်များက အစိုးရ၏ တစ်နှစ်တာ ခန့်မှန်းရသုံးငွေစာရင်းနှင့် ဖွံ့ဖြိုးရေးစီမံချက်တို့အား ဆန်းစစ်သုံးသပ်သွားမည်ဖြစ်သည်။ ထို့အတူ ၎င်းတို့အနေဖြင့် NPC နှင့် ဒေသန္တရ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြင်ဆင်ချက်ကိုလည်း အလေးအနက် သုံးသပ်သွားမည်ဟု သိရသည်။

အဆိုပါ အခမ်းအနားပြင်ပ၌ အစိုးရဌာနအသီးသီးမှ ဝန်ကြီးများက အင်တာဗျူးများ၊ သတင်းစာရှင်းလင်းပွဲများမှ တစ်ဆင့် အများပြည်သူနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ကာ မူဝါဒများကို ရှင်းလင်းပြောကြားခြင်း၊ အရေးကြီးကိစ္စရပ်များနှင့် စပ်လျဉ်း၍ တုံ့ပြန်ဖြေကြားခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သည်။

ထို “အစည်းအဝေးကြီးနှစ်ရပ်” က လာမည့်နှစ်အတွက် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အား စောင့်ကြည့် လေ့လာနိုင်သည့် အလွန်အရေးပါသော အခွင့်အလမ်းတစ်ခုဖြစ်ပေသည်။ ယင်း၌ချမှတ်သော ဆုံးဖြတ်ချက်များ၊ မူဝါဒ ကြေညာချက်များက တရုတ်ပြည်သူ ၁.၄ ဘီလီယံ၏ လူမှုစီးပွားဘဝကိုသာမက တရုတ်နိုင်ငံ၏ နယ်နိမိတ် ပြင်ပသို့ လည်း ကျော်လွန်သက်ရောက်မှု ရှိလာမည်ဖြစ်သည်။

ထိုသို့ဆိုလျှင် ယခုနှစ်၏ “အစည်းအဝေးကြီးနှစ်ရပ်” မှ မည်သည်တို့ကို မျှော်လင့်နိုင်ပါသနည်း။

၂၀၂၅ ခုနှစ်အတွက် ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်

ပုံမှန်အားဖြင့်ဆိုလျှင် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လျာထားသတ်မှတ်ထားသော ဂျီဒီပီတိုးတက်ရေး မျှော်မှန်းချက်မှာ အလေးအနက် စောင့်ကြည့်ခံရဆုံး ကိန်းဂဏန်းအချက်အလက် တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ပြောင်းလဲဦးတည်လျက်ရှိရာ ဂျီဒီပီတန်ဖိုးမှာ စီးပွားရေးအတွက် တစ်ခု တည်းသော နှိုင်းချင့်တိုင်းတာစရာ မဟုတ်သော်လည်း အရေးပါသော ညွှန်းကိန်းတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးအကျဘက်လားရာ ဖိအားများကို ခုနှိမ်ရန် အရေးကြီး မက်ခရိုစီးပွားရေး အစီအမံ အများအပြား ချမှတ်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ငါးရာခိုင်နှုန်းဝန်းကျင်ရှိရေး လျာထားချက် အား ပြည့်မီခဲ့သည်။

ဂျီဒီပီတိုးတက်မှုက နက်နဲ၍ ကျယ်ကျယ်ပြန့်ပြန့် အရေးပါသော အခြေခံတိုင်းတာမှုစံနှုန်းတစ်မျိုးလည်းဖြစ်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ လွန်ခဲ့သော နှစ်များအတွင်း စိန်ခေါ်မှုများ ရှိခဲ့စေကာမူ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှု၏ ၃၀ ရာခိုင်နှုန်းခန့်ကို အားဖြည့်ပေးရန် ရည်မှန်းထားခဲ့ကာ ကမ္ဘာ့စီးပွားရေးအတွက် အကြီးမားဆုံး ဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်ဖြစ်ခဲ့သည်။

ထပ်တိုးမူဝါဒများ
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ဖွံ့ဖြိုးမှုလျာထားချက် ပြည့်မီစေရေးအတွက် စီးပွားရေးလည်ပတ်မှုကို နှိုးဆွပေးမည့် ဦးတည်ပစ်မှတ်ထားသော မူဝါဒများကို ပိုမိုချမှတ်သွားမည်ဖြစ်ကာ အစိုးရလုပ်ငန်းအစီရင်ခံစာ၌ လျာထားချက် ပြည့်မီရေး ခိုင်မာသေချာစေမည့် မူဝါဒပိုင်း အစီအမံများကို ထည့်သွင်းကြေညာမည်ဟု မျှော်လင့်ရသည်။

တရုတ်နိုင်ငံက မက်ခရိုစီးပွားရေးနှင့်ပတ်သက်၍ သဘောထားပြောင်းလဲမှုကို အရိပ်အမြွက် ပြသခဲ့ပြီးဖြစ်သလို ယမန်နှစ် ဒီဇင်ဘာလ၌ ကျင်းပသော ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးတွင် မူဝါဒရေးဆွဲသူများကလည်း ကြိုတင်စီမံဆောင်ရွက်သော မူဝါဒများကို ၂၀၂၅ ခုနှစ်အတွင်း ထပ်မံကြေညာသွားမည်ဟု ကတိပြုထားသည်။ အထူးသဖြင့် အတန်သင့် ဖြေလျှော့ထားသော ငွေကြေးမူဝါဒတစ်ရပ် ချမှတ်ရန် ၎င်းတို့အနေဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်ရာ လွန်ခဲ့သော ၁၄ နှစ်တာအတွင်း သတိပြုချင့်ချိန်သော ချဉ်းကပ်မှုပုံစံမှ သိသိသာသာ ခွဲထွက်လာသည့် လက္ခဏာ လည်းဖြစ်သည်။

ဝယ်ယူသုံးစွဲမှု မြှင့်တင်ရေးကို ပဓာနအကျဆုံးအဖြစ် သတ်မှတ်လျက် ဦးစားပေးကိစ္စရပ် ကိုးရပ်အား အဆိုပါ အစည်းအဝေး၌ ချမှတ်ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းဝယ်လိုအားကို ထိပ်တန်း စီးပွားရေး ဦးစားပေးကိစ္စရပ်အဖြစ် အလေးအနက်ထားကြောင်း ထင်ဟပ်လျက်ရှိသည်။ အကြီးစား စက်ကိရိယာများ အဆင့်မြှင့်တင်ခြင်းနှင့် လူသုံးကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှု အစီအမံများကိုလည်း ၂၀၂၅ ခုနှစ်အတွင်း ပိုမို အရှိန်အဟုန်မြင့်မား၍ အတိုင်းအတာ ပိုမိုကျယ်ပြန့်စွာ မြှင့်တင်သွားမည်ဟု မျှော်လင့်ရသည်။

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း လိုငွေပြမှု ပိုမိုမြင့်မားသည်အထိ ဘတ်ဂျက်သုံးစွဲမည့် အလားအလာကို ထိထိရောက်ရောက် အသုံးချခြင်း၊ ဒေသန္တရအစိုးရ၏ အထူးငွေချေးစာချုပ်များ ထုတ်ဝေမှုတိုးမြှင့်ခြင်း၊ အလွန် သက်တမ်းကြာမြင့်သော အထူးငွေတိုက်စာချုပ်များ ဆက်လက်ထုတ်ဝေခြင်း၊ ဗဟိုအစိုးရထံမှ ဒေသန္တရအစိုးရများ ထံသို့ ငွေကြေးလွှဲပြောင်းပေးပို့မှု တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး လန်ဖော်အန်း၏ အဆို အရ သိရသည်။ ယင်းအစီအစဉ်များ၏ အသေးစိတ် အကြောင်းအရာများက ယခုနှစ် “အစည်းအဝေးကြီးနှစ်ရပ်” ၏ အဓိက အာရုံစိုက်စရာတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

ခေါင်းဆောင်များ၊ ဥပဒေပြုအာဏာပိုင်များ၊ အတိုင်ပင်ခံများ အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်း

“အစည်းအဝေးကြီးနှစ်ရပ်” အတွင်း NPC ကိုယ်စားလှယ်များပင်ဖြစ်သည့် တရုတ်ခေါင်းဆောင်များက အဖွဲ့လိုက် ဆွေးနွေးသုံးသပ်မှုများတွင် ၎င်းတို့၏ရောင်းရင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် အပြန်အလှန် ဆွေးနွေး ဖလှယ် ကြမည်ဖြစ်သကဲ့သို့ တိုင်းပြည်စီမံအုပ်ချုပ်မှုအတွက် အရေးအကြီးဆုံး အကြောင်းအရာများကိုလည်း နိုင်ငံရေး အတိုင်ပင်ခံများနှင့် ဆွေးနွေးဖလှယ်ကြမည်ဖြစ်သည်။

ထိုသို့ ဆွေးနွေးဖလှယ်မှုများက ဗဟိုအဆင့် ခေါင်းဆောင်ပိုင်းအား အောက်ခြေမှ ပကတိအခြေအနေများနှင့် ပတ်သက်၍ မည်သို့မည်ပုံ အမြဲမပြတ် တင်ပြအသိပေးနေသနည်း ဆိုသည်ကို လေ့လာစောင့်ကြည့်နိုင်သည့် အခွင့် အလမ်းတစ်ရပ်ဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံဒီမိုကရေစီ၏ ထူးခြားသော သွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်ကာ အများအားဖြင့် မျက်မှောက်ကာလ၌ အကျယ်တဝင့် ရေးသားဟောပြောချက်များတွင် ပြည်သူအားလုံး လွှမ်းခြုံ ပါဝင်သော ဒီမိုကရေစီဟု ညွှန်းဆိုလေ့ရှိကြသည်။

(၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ကျန်းဆူးပြည်နယ် ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်သော သမ္မတ ရှီကျင့်ဖျင်မှာ လွန်ခဲ့သောနှစ်များအတွင်း ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးသုံးသပ်မှုများတွင် အမြဲပါဝင်နေကျ ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက လက်နက်ကိုင်တပ်များ၏ NPC ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေးများသို့လည်း တက်ရောက်ခဲ့ပြီး နယ်ပယ် အသီးသီး မှ နိုင်ငံရေးအတိုင်ပင်ခံများ၏ အဖွဲ့လိုက် ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခဲ့သည်။

ထိုသို့ အပြန်အလှန် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်စဉ်အတွင်း တရုတ်နိုင်ငံ၏ လူမှုစီးပွားဘဝ တိုးတက်မှုအတွက် အသီးသီး အရေးပါလျက်ရှိသော ပုဂ္ဂလိက ကဏ္ဍနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုကို အထောက်အကူ ပေးခြင်း၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးခြင်း၊ အဆင့်မြင့်မားစွာ တံခါးဖွင့်မှုကို ဆက်လက်ဖော်ဆောင်ခြင်း စသော အဓိက ဦးစားပေးကိစ္စရပ်များကို ရှီက အလေးထားပြောကြားခဲ့သည်။

နိုင်ငံခြားရေးမူဝါဒ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ အစည်းအဝေးများပြင်ပ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်လေ့ရှိသဖြင့် ထို “အစည်းအဝေးကြီးနှစ်ရပ်” က တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကိုလည်း ရှင်းလင်းပီပြင်စွာ မီးမောင်းထိုးပြ ပေးမည် ဖြစ်ပေသည်။
ယမန်နှစ်တွင် မိနစ် ၉၀ ကြာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မေးခွန်းပေါင်း ၂၁ ခုကို ပြန်လည်ဖြေကြားခဲ့ပြီး ၎င်းသတင်းစာရှင်းလင်းပွဲသို့ ကမ္ဘာတစ်လွှားမှ သတင်းထောက်များ တက်ရောက် သတင်း ယူခဲ့ ကြသည်။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယူကရိန်းအကျပ်အတည်း၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ စသော ဒေသတွင်းနှင့် နိုင်ငံတကာ၌ တင်းမာမှုမြင့်တက်နေသည့် ကိစ္စရပ်အမျိုးမျိုးနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုပြောကြားခဲ့သလို ရုရှား၊ အမေရိကန်၊ ဥရောပနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများ ကိုလည်း အသေးစိတ်ရှင်းလင်းပြောဆိုခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်း အပြောင်းအလဲမြန်၍ မတည်မငြိမ်ရှိနေခိုက် ယခုနှစ် “အစည်းအဝေးကြီးနှစ်ရပ်” အတွင်း နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ အဆိုပြုချက်များက အထူးစိတ်ဝင်စားဖွယ်ကောင်း လှသည်။

ဉာဏ်ရည်တုနည်းပညာ၊ တီထွင်ဆန်းသစ်မှု

ယခုနှစ် “အစည်းအဝေးကြီးနှစ်ရပ်” ၌ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုက အဓိကအာရုံစိုက်စရာ ဖြစ်လာမည်မှာ ယုံမှားသံသယဖြစ်စရာမရှိဘဲ ဉာဏ်ရည်တုနည်းပညာ (AI) လုပ်ငန်းမှာ အရေးအကြီးဆုံးကိစ္စရပ် ဖြစ်လာဖွယ်ရှိသည်။

သက်တမ်းနုနယ်သော တရုတ်နည်းပညာကုမ္ပဏီ DeepSeek က လွန်ခဲ့သောလ၌ လူကြိုက်များရေပန်းစားသည့် open-source chatbot ကို မိတ်ဆက်ပေးခြင်းဖြင့် ကမ္ဘာ့ AI နည်းပညာနယ်ပယ်တစ်ခုလုံးနှင့် အရင်းအနှီးဈေးကွက် များကို အကြီးအကျယ် ကိုင်လှုပ်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ ပြည်တွင်း၌လည်း Tencent ၊ Baidu ၊ နှင့် BYD စသော ကုမ္ပဏီများက DeepSeek အား ၎င်းတို့၏ ထုတ်ကုန်များနှင့် ပေါင်းစပ်မှုများ စတင်လုပ်ဆောင်လာခဲ့သည်။ ထို့အတူ ဒေသန္တရအစိုးရအချို့ကလည်း ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို မြှင့်တင်ရန် DeepSeek AI မော်ဒယ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက် ရှိကြောင်း ကြေညာခဲ့သလို အခြား ဒေသန္တရအစိုးရများကလည်း အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးပညာရှင်များ အနေဖြင့် DeepSeek နှင့် အခြားသော AI နည်းပညာများ တီထွင်မှု၊ အသုံးချမှုတို့ကို ပိုမိုသိရှိနားလည်လာအောင် အကူအညီပေးရန် သင်တန်းပို့ချမှုများကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

စင်စစ်အားဖြင့် ယခုနှစ်၏ ပြည်နယ်အဆင့် “အစည်းအဝေးကြီးနှစ်ရပ်” ကျင်းပမှု အများအပြားတွင် AI နည်းပညာမှာ အလေးအနက်အထားဆုံး အကြောင်းအရာတစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။ ပြည်နယ်အစိုးရ လုပ်ငန်း အစီရင်ခံစာများတွင် တင်ပြထားသည့် AI နှင့်ဆက်နွှယ်သော အစီအစဉ်များစွာကလည်း ဆန်းသစ်တီထွင်မှု ပလက်ဖောင်း များ တည်ဆောက်ခြင်း၊ ပိုမိုနက်ရှိုင်းစွာ လုပ်ငန်းနယ်ပယ် ပေါင်းစည်းမှု မြှင့်တင်ခြင်းနှင့် မူဝါဒဆိုင်ရာ မူဘောင်များ အဆင့်မြှင့်တင်ခြင်းတို့ကို အလေးထားဖော်ပြထားခြင်းဖြစ်သည်။

DeepSeek ကဲ့သို့ ဆန်းသစ်တီထွင်မှု တိုးတက်မြင့်မားလာခြင်းက နည်းပညာဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုများကို ဦးဆောင်ရန် တရုတ်နိုင်ငံ၏ အခိုင်အမာ စိတ်ပိုင်းဖြတ်မှုကို ထင်ဟပ်စေရုံသာမက ပင်ကိုစွမ်းရည် လေ့ကျင့် ပျိုးထောင်မှု၊ ဆန်းသစ်တီထွင်မှုအတွက် လိုက်လျောညီထွေဖြစ်သော ပတ်ဝန်းကျင်နှင့် စီးပွားရေးပတ်ဝန်းကျင် တိုးတက်မှုများ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်မှုတို့အပေါ် မဟာဗျူဟာရှုထောင့်မှ ပိုမိုကျယ်ပြန့်စွာ အာရုံစိုက်ထားခြင်းကိုလည်း ထင်ဟပ်လျက်ရှိသည်။ အဆိုပါ အကြောင်းအရာများကို “အစည်းအဝေးကြီးနှစ်ရပ်” ပြုလုပ်စဉ်အတွင်း ထင်ထင်ရှားရှား မြင်တွေ့ရဖွယ်ရှိသည်။

ထို့ပြင် ဥပဒေပြုအမတ်များနှင့် နိုင်ငံရေးအတိုင်ပင်ခံများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များ တင်ပြရေး၊ တူညီဆန္ဒများကို ကျယ်ကျယ်ပြန့်ပြန့် စုစည်းမြှင့်တင်နိုင်ရေးအတွက် ထိုအစည်းအဝေးကြီးနှစ်ရပ်က အလွန်အရေးပါသော ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးလျက်ရှိသည်။ ၎င်းတို့အနက် အချို့မှာ ကော်ပိုရေးရှင်းများ၏ အမှုဆောင်များ၊ ထိပ်တန်းသုတေသနပညာရှင်များ ဖြစ်သည့်အားလျော်စွာ ၎င်းတို့တင်သွင်းမည့် AI နှင့်သက်ဆိုင်သော အဆိုပြုချက်များ၊ အကြံပြုချက်များက တရုတ်နိုင်ငံအရေး လေ့လာစောင့်ကြည့်သူများအတွက် အဓိကအာရုံစိုက်စရာ အကြောင်းအရာတစ်ရပ် ဖြစ်လာလိမ့်မည်ဖြစ်သည်။ 

ကိုးကား-ဆင်ဟွာ