ကဏ္ဍများ

အမေရိကန်လေတပ်က အီရန်ရှိ နျူကလီးယားစက်ရုံတည်ရှိရာ နေရာ သုံးနေရာကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ကြောင်း ဒေါ်နယ်ထရမ့် ကြေညာ

အမေရိကန်လေတပ်သည် အီရန်၏ နျူကလီးယားစက်ရုံသုံးခုကို ဇွန် ၂၂ ရက် (တနင်္ဂနွေနေ့) နံနက်အစောပိုင်းတွင် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး ယင်းလေယာဉ်အားလုံး အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။ 

ထို့ပြင် “အီရန်ရှိ နျူကလီးယား စက်ရုံသုံးခုဖြစ်သည့် Fordow၊ Natanz နှင့် Esfahan တို့ကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ပြီး ယခုအခါ လေယာဉ် အားလုံးဘေးကင်းစွာဖြင့် အိမ်ပြန်လမ်းတွင် ရောက်ရှိနေပါပြီ” ဟု ထရမ့် က ဖြည့်စွက်ပြောကြားခဲ့သည်။ 

အဆိုပါတိုက်ခိုက်မှုတွင် ပစိဖိတ်ဒေသရှိ အမေရိကန်ပြည်ထောင်စုပိုင် ဂူအမ်ကျွန်းသို့ ပြောင်းရွှေ့ထား‌သော B-2 ဗုံးကြဲလေယာဉ်များလည်း ပါဝင်ကြောင်း၊ အဆိုပါလေယာဉ်များသည် GBU-57 ဘန်ကာ-ဘာစတာ ဗုံးများကို သယ်ဆောင်နိုင်စွမ်းရှိပြီး ယင်းဘန်ကာ-ဘာစတာဗုံးများသည် မြေအောက်တွင် အခိုင်အမာ တည်ဆောက်ထားသော ပစ်မှတ်များကို ထိုးဖောက်တိုက်ခိုက်နိုင်ရန် အထူးတီထွင်ထားခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

အဆိုပါဗုံးအမျိုးအစားကို အီရန်မြေမျက်နှာပြင်အောက် မီတာ ၉၀ ခန့် အနက်တွင် နက်ရှိုင်းစွာ တည်ဆောက်ထားသည့် Fordow နျူကလီးယား စက်ရုံကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။

ကိုးကား -TASS

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှု ဒုစရိုက်လုပ်ငန်းများ ထိရောက်စွာနှိမ်နင်း

ကမ္ဘာပေါ်တွင် နည်းပညာလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကမ္ဘာ့လူသားများအနေဖြင့် နည်းပညာအပေါ်တွင် တစ်နေ့တခြား မှီခိုအားထားလာမှု ပိုမိုများပြားလာပါသည်။ လူမှုကွန်ရက်အသုံးပြုမှု ပိုမိုများပြားလာခြင်းကြောင့်လည်း ကောင်းကျိုးနှင့်ဆိုးကျိုးများ အတူယှဉ်တွဲဖြစ်ပေါ်လာပါသည်။ ကမ္ဘာ့လူသားများ နေ့စဉ်အလေးထားအသုံးပြုနေသော လူမှုကွန်ရက်အသုံးပြုမှုကို အကြောင်းပြုကာ မသမာသူများက နည်းပညာအသုံးချ၍ ဒုစရိုက်လုပ်ငန်းအမျိုးမျိုး ကမ္ဘာတစ်ခွင် ပြုလုပ်လာသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံတကာငွေကြေးဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်လေ့ရှိသည့်အစီရင်ခံစာအရ Application များ၊ Website အတုများအသုံးပြု၍ သတင်းအချက်အလက်များရယူပြီး လိမ်လည်ခြင်း၊ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်ခြင်း၊ အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း၊ အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမည်ဟုအကြောင်းပြ၍ လိမ်လည်ခြင်းနှင့် လောင်းကစားမှုအမျိုးမျိုးတို့သည် အဖြစ်အများဆုံးလိမ်လည်မှုများဖြစ်သည်။

ယခုအခါ နည်းပညာတိုးတက်မှုများ ခေတ်စားလာခြင်းနှင့်အတူ အွန်လိုင်းလိမ်လည်မှုများ ကျယ်ပြန့်ကြီးထွားလာပြီး တစ်ဦးချင်း၊ တစ်စုတစ်ဖွဲ့ချင်းလိမ်လည်ကြရာမှ ဒုစရိုက်မှုအသွင်ဆောင်သော လူမိုက်ဂိုဏ်းများအသွင်ဖြင့် လုပ်ကိုင်လာကြသည်ကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ ကြုံတွေ့လာသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု လုပ်ကိုင်နေသူများ၊ ပါဝင်ပတ်သက်နေသူများအားလုံးကို စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ်ချိတ်ဆက်ကာ တက်ကြွစွာဖော်ထုတ်အရေးယူလျက်ရှိသည်။ အဆိုပါ ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် တိုက်ဖျက်လျက်ရှိရာတွင် အထူးသဖြင့် နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ တာချီလိတ်၊ မြဝတီနယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၄၁ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ ၈၉၀၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ပြင်ဆင်ထားသည်။

အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို ဒုစရိုက်ဂိုဏ်းအသွင်လုပ်ဆောင်လာကြရာတွင် ပြည်တွင်းနိုင်ငံသားများသာမက ပြည်ပနိုင်ငံသားများကိုပါ ပါဝင်ပတ်သက်လာအောင် အွန်လိုင်းပေါ်မှပင် လိမ်လည်လှည့်ဖြား ခေါ်ယူအသုံးချလျက်ရှိသဖြင့် နယ်စပ်ဒေသသို့ တစ်ဖက်နိုင်ငံမှတစ်ဆင့် ပြည်ပနိုင်ငံသားများ အလုပ်အကိုင်ဝင်ငွေရရှိရေးအတွက် အဆက်မပြတ်ရောက်ရှိလာပြီး လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ပါဝင်ပတ်သက်သူများကို အတင်းအဓမ္မအမြတ်ထုတ်စေခိုင်းပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း အွန်လိုင်းအသုံးပြုသူ ပြည်သူများထံမှ ငွေကြေးများကို လိမ်လည်လှည့်ဖြားအသုံးချရယူလျက်ရှိရာ အကျိုးအမြတ်ကြီးမားသဖြင့် တစ်နေ့တခြား ဒုစရိုက်မှုလုပ်ငန်းများ ကြီးထွားလာသည်။

အဆိုပါဒုစရိုက်မှုလုပ်ငန်းများသည် လိမ်လည်မှုများအပြင် နိုင်ငံများ၏လုံခြုံရေးကိုပါ ခြိမ်းခြောက်မှုများရှိလာသဖြင့် နိုင်ငံအချင်းချင်းပူးပေါင်းလက်တွဲပြီး စဉ်ဆက်မပြတ် အလေးထားတိုက်ဖျက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုနှင့်ပတ်သက်၍ မှုခင်းရဲတပ်ဖွဲ့ထံမှ ထင်မြင်ချက်တောင်းခံမှုအရ ၂၀၁၉ ခုနှစ်တွင် ၁၁၆ မှု၊ ၂၀၂၀ ပြည့်နှစ်တွင် ၁၄၂ မှု၊ ၂၀၂၁ ခုနှစ်တွင် ၇၈ မှု၊ ၂၀၂၂ ခုနှစ်တွင် ၁၂၉ မှု၊ ၂၀၂၃ ခုနှစ်တွင် ၁၇၆ မှုဖြစ်ပွားခဲ့ပြီး နှစ်စဉ်တိုင်ကြားမှု ၁၀၀ ကျော်စီရှိသော်လည်း ပြည်သူလူထုအတွင်း အမှန်တကယ်ဖြစ်ပွားမှုမှာ ယခုထက် အဆများစွာများပြားမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် အလိမ်ခံရသည့်ငွေကြေး နည်းပါးခြင်း၊ ရဲစခန်းနှင့်တရားရုံးတွင် အချိန်မပေးနိုင်ခြင်း၊ အလိမ်ခံရမှုအပေါ် ရှက်ရွံ့သဖြင့် တိုင်ကြားမှုမရှိခြင်းစသည်တို့ကြောင့် လိမ်လည်ခံရမှုအရေအတွက်ကို တိကျစွာမရရှိနိုင်ပေ။ မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်ခံရမှုကြောင့် ပြည်သူတို့၏ငွေကျပ် ငါးဘီလီယံခန့် နှစ်စဉ်ဆုံးရှုံးနေကြောင်း ခန့်မှန်းထားသည်။

သို့ဖြစ်ရာ အွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှုများကြောင့် နိုင်ငံနှင့်ပြည်သူများအတွက် ထိခိုက်နစ်နာမှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိရာ အဆိုပါဒုစရိုက်မှုလုပ်ငန်းများ တိုက်ဖျက်ရေးတွင် နိုင်ငံတော်အစိုးရနှင့်အတူ အားလုံးလက်တွဲပါဝင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။    ။

MOI

Photo - Telangana Today

ကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော ခေတ်သစ်ကို‌ရောက်လာ

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု ညဏ်ကြီးရှင်အဖွဲ့တစ်ခုက တနင်္လာနေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေ နျူကလီးယားထိပ်ဖူးသိုလှောင်ထားရှိမှုသည် ၁၂,၂၄၁ ခုရှိပြီး ထိပ်ဖူး ၉,၆၁၄ ခုခန့်သည် အသုံးပြုရန်အလားအလာရှိသော စစ်ဖက်လက်နက်တိုက်များတွင်ရှိနေကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျူ့က ၎င်း၏ ကမ္ဘာ့အန္တရာယ်အများဆုံး လက်နက်များဆိုင်ရာ နှစ်စဉ်စာရင်း အနှစ်ချုပ်စာအုပ်တွင် ဖော်ပြခဲ့သည်။

တပ်ဖြန့်ထားသော ထိပ်ဖူး ၂,၁၀၀ ဝန်းကျင်သည် ပဲ့ထိန်းဒုံးကျည်များတွင် စစ်ဆင်ရေးဆိုင်ရာ တပ်လှန့်မှုမြင့်မားသော အခြေအနေတွင်ထားရှိထားပြီး ၎င်းထိပ်ဖူးအားလုံးနီးပါးသည် အမေရိကနှင့် ရုရှားတို့မှဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာတစ်ဝန်း တင်းမာမှုများသည် နျူကလီးယားလက်နက်ပိုင် ၉ နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယားနှင့် အစ္စရေးတို့တွင် တွေ့မြင်နေရပြီး ၎င်းနိုင်ငံများသည် ၎င်းတို့၏ လက်နက်သိုလှောင်မှုကို တိုးမြှင့်ရန် စီစဉ်နေကြကြောင်း SIPRI က ဆိုသည်။

“စစ်အေးတိုက်ပွဲပြီးကတည်းက ကြာမြင့်လှပြီဖြစ်တဲ့ ကမ္ဘာမှာ နျူကလီးယားလက်နက်အရေအတွက် လျှော့ချရေးခေတ်က ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အဲဒီအစား နျူကလီးယားထိပ်ဖူးတွေ တိုးပွားလာမှု၊ နျူကလီးယားခြိမ်းခြောက်သံတွေပေးလာမှုနဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တွေကို စွန့်လွှတ်လာမှုရဲ့ ရှင်းလင်းသောလမ်းကြောင်းကို ကျွန်တော်တို့ မြင်တွေ့လာရပါတယ်” ဟု SIPRI က ပြောဆိုသည်။

နျူကလီးယားလက်နက်အားလုံး၏ ၉၀ ရာခိုင်နှုန်းကို ခွဲဝေပိုင်ဆိုင်ထားသည့် ရုရှားနှင့် အမေရိကတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ အသုံးပြုနိုင်သော ထိပ်ဖူးများ၏ ပမာဏကို ၂၀၂၄ ခုနှစ်တွင် တည်ငြိမ်အောင်ထိန်းထားနိုင်ခဲ့သည်ဟု SIPRI က ဆိုသည်။ သို့ရာတွင် အဆိုပါနှစ်နိုင်ငံသည် အနာဂတ်တွင် ၎င်းတို့ လက်နက်များ၏ ပမာဏကို တိုးလာစေမည့် ကျယ်ပြန့်သော ခေတ်မီပရိုဂရမ်များကို အကောင်အထည်ဖော်နေကြသည်။

အလျင်အမြန်တိုးလာနေသော လက်နက်တိုက်မှာ တရုတ်နိုင်ငံမှဖြစ်ပြီး ပေကျင်းသည် ၂၀၂၃ ခုနှစ်စ၍ တစ်နှစ်လျှင် ထိပ်ဖူးသစ် ၁၀၀ ခန့် ဖြည့်စွက်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ဆယ်စုနှစ်အတွင်း ရုရှား သို့မဟုတ် အမေရိကကဲ့သို့ တိုက်ချင်းပစ်ဒုံးကျည်အမြောက်အမြားကို ပိုင်ဆိုင်လာနိုင်ခြေရှိသည်။

ခန့်မှန်းမှုများအရ ရုရှားနှင့် အမေရိကတို့သည် နျူကလီးယားထိပ်ဖူး ၅,၄၅၉ ခုနှင့် ၅,၁၇၇ ခုဖြင့် အသီးသီး ပိုင်ဆိုင်ထားကြပြီး တရုတ်နိုင်ငံက ထိပ်ဖူး ၆၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

ကိုးကား : Popular Myanmar

အစ္စရေးစစ်ဘက်က အီရန်နျူကလီးယား အခြေစိုက်စခန်းများနှင့် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း

အစ္စရေးစစ်ဘက်သည် အီရန်နိုင်ငံ၏ နျူကလီးယားအခြေစိုက်စခန်းများနှင့် စစ်ဘက် ထိပ်တန်းခေါင်းဆောင်များ တည်ရှိရာနေရာများအား ပစ်မှတ်ထား တိုက်ခိုက်မှုကို စတင် လုပ်ဆောင် လာခဲ့ပါသည်။ အစ္စရေးက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု အသစ်တစ်ခု စတင်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုညမှာပင် နျူကလီးယားစမ်းသပ်ရေးစခန်းများနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါသည်။ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အီရန်ရှိ ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံများကို ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း အစ္စရေးလေတပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ အီရန်

အစ္စရေးစစ်ဘက်သည် အီရန်နိုင်ငံ၏ နျူကလီးယားအခြေစိုက်စခန်းများနှင့် စစ်ဘက် ထိပ်တန်းခေါင်းဆောင်များ တည်ရှိရာနေရာများအား ပစ်မှတ်ထား တိုက်ခိုက်မှုကို စတင် လုပ်ဆောင် လာခဲ့ပါသည်။ အစ္စရေးက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု အသစ်တစ်ခု စတင်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုညမှာပင် နျူကလီးယားစမ်းသပ်ရေးစခန်းများနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါသည်။ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အီရန်ရှိ ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံများကို ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း အစ္စရေးလေတပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ အီရန်၏ မြို့တော် တီဟီရန်အနီးတွင် ဇွန်လ ၁၃ ရက် ညနေပိုင်းတွင် အနည်းဆုံး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက အတည်ပြုထုတ်ပြန်ခဲ့သော်လည်း အီရန်ဘက် မည်သည့်မှတ်ချက်မျှ ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် အီရန်အတွက် အဓိကအားထားရသည့် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ စစ်ဘက်အကြီးအကဲတစ်ဦးဖြစ်သည့် Hossein Salami အပါအဝင် အဆင့်မြင့် အရာရှိကြီးများနှင့် နျူကလီးယား သိပ္ပံပညာရှင်များစွာကို ထိခိုက်သေဆုံးစေခဲ့သည်ဟု အီရန် သတင်းရင်းမြစ်များကို ကိုးကား၍ ဘီဘီစီ က ဖော်ပြခဲ့ပါသည်။ ၎င်းဖြစ်စဉ်အတွင်း ကလေး သူငယ်များ အပါအဝင် အရပ်သားများ သေဆုံးခဲ့ကြရကြောင်း အီရန်အစိုးရဘက်က သတင်း ထုတ်ပြန်ခဲ့သည်။ တီဟီရန်ရှိ လူနေရပ်ကွက်များ ထိခိုက်ပျက်ဆီးခဲ့ပြီး မြို့တော်၏ အရှေ့ မြောက်ပိုင်းတွင်လည်း ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်း တွင် ဖော်ပြခဲ့ပါသည်။

အလားတူ အီရန်ဘက်က ထိုနေ့ နံနက်ပိုင်းတွင် အစ္စရေးဘက်သို့ ဒရုန်း ၁၀၀ ခန့် ပစ်လွှတ် ခဲ့ရာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ကြားဖြတ်ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ လတ်တလော တွင် အစ္စရေး၌ အရေးပေါ်အခြေအနေ ကြေညာထားပြီး နိုင်ငံတစ်ဝှမ်းရှိ ဒေသခံများအား “အကာ အကွယ်ရှိသော နေရာများအတွင်း၌ နေထိုင်ရန်” အစ္စရေးစစ်ဘက်က ထုတ်ဖော်ကြေညာခဲ့ပါ သည်။ 

IAEA အကြီးအကဲ Rafael Grossi က နျူကလီးယားအဆောက်အအုံများကို “ဘယ်တော့မှ တိုက်ခိုက်ခြင်းမပြုရ” ဟု ပြောကြားခဲ့ပြီး ယင်းကဲ့သို့သော တိုက်ခိုက်မှုများသည် “နျူကလီးယား ဘေးကင်းလုံခြုံရေးအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် သိသိ သာသာ သက်ရောက်မှုရှိသည်” ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက “နျူကလီးယား အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေနိုင်သည့် မည်သည့်စစ်ရေးလှုပ်ရှားမှုမျိုးကို မဆို လက်မခံကြောင်း၊ အဆိုပါတိုက်ခိုက်မှု၏ အကျိုးဆက်ကို အီရန်ပြည်သူများအပြင် အခြား သော ဒေသရှိ ပြည်သူများသို့ ဆိုးဝါးသော အကျိုးသက်ရောက်မှု များ ရှိစေသည်” ဟု ပြောကြား ခဲ့သည်။ 

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ယခုစစ်ဆင်ရေးကို “Operation Rising Lion” ဟု အမည်ပေးထားကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုသည် “အစ္စရေး၏ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်လာသည့် အီရန်၏အန္တရာယ်ကို တွန်းလှန်ရန် ဤစစ်ဆင်ရေးကို စတင် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နေတန်ယာဟုက အီရန်သည် မကြာသေးမီလများ အတွင်း “လက်နက်များ” ထုတ်လုပ်ရန် ခြေလှမ်းများ စတင်နေကြောင်း စုံစမ်းရရှိသည့် သတင်း အချက်အလက်များအရ ထုတ်ဖော်ပြောကြားခဲ့ပြီး အီရန်၏ လုပ်ရပ်ကို ရပ်တန့်နိုင်ခြင်းမရှိပါက အချိန်တိုအတွင်း အီရန်သည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာ နိုင်ကြောင်း ပြောကြားခဲ့သည်။

သတင်းအရင်းအမြစ်- https://www.bbc.com/news/articles/cdj9vj8glg2o

ဘာသာပြန်ဆိုသူ- ဦးညီညီအောင်စိုး၊ ညွှန်ကြားရေးမှူး၊ နစက-၄

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် မြို့တော်ဝန်က ဇွန် ၁၀ ရက် ညပိုင်းမှစ၍ ညမထွက်ရအမိန့် ကျင့်သုံးကြောင်း ကြေညာ

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တော်ဝန် Karen Bass က ဒေသစံတော်ချိန် ဇွန် ၁၀ ရက် ၂၀ နာရီမှ ၁၁ ရက် ၆ နာရီအထိ မြို့လယ်ခေါင် အချို့သောနေရာများတွင် ညမထွက်ရအမိန့် ကျင့်သုံး မည်ဖြစ်ကြောင်း ဇွန် ၁၀ ရက် ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

ညမထွက်ရအမိန့် ကျင့်သုံးသည့်ဧရိယာသည် မြို့လယ်ခေါင် ၁ စတုရန်းမိုင်ခန့် (၂.၅၉ စတုရန်း ကီလိုမီတာခန့်) သာဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ လှုပ်ရှားမှုသည် ညမထွက်ရအမိန့် ကန့်သတ်မှုမခံရကြောင်း၊ ညမထွက်ရမူဝါဒအား မည်သည့်အချိန်ထိ ကျင့်သုံးမည်မှာ ညမထွက်ရ အချိန်ပြီးမှ အခြေအနေကိုအကဲဖြတ်ပြီး သတ်မှတ်မည်ဖြစ်ကြောင်း Karen Bass က ပြောကြားခဲ့ သည်။

ညမထွက်ရမူဝါဒနှင့်စပ်လျဉ်း၍ စဉ်းစားနေသည်မှာ ရက်အနည်းငယ်ရှိပြီဖြစ်ကြောင်း၊ ဇွန် ၁၀ ရက် ညပိုင်းတွင် စတင်ကျင့်သုံးရသည်မှာ ဇွန် ၉ ရက်ညပိုင်းတွင် ဆန္ဒပြမှုပြီးဆုံးပြီးနောက် မြို့လယ်ခေါင် တွင် ဈေးဆိုင်များအား လုယက်မှုနှင့် နေရာအနှံ့ ဆေးမှုတ်အရောင်ဆိုးမှုများစွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု Karen Bass က ပြောကြားခဲ့သည်။ ဇွန် ၉ ရက် ညပိုင်းတွင် မြို့လယ်ခေါင်၌ လူအယောက် ၁၀၀ ကျော် ဖမ်းဆီးခဲ့ပြီး ၎င်းအနက် လုယက်သူများလည်း ပါဝင်ကြောင်း လော့စ်အိန်ဂျလိစ် ရဲစခန်းကဆိုသည်။

လက်ရှိတွင် ဆန္ဒပြသူပေါင်း ၄၀၀ ခန့်က လော့စ်အိန်ဂျလိစ်မြို့လယ်ခေါင်၌ လှည့်လည်ဆန္ဒပြ နေဆဲဖြစ်သည်။ ဇွန် ၁၀ ရက် အစောပိုင်းတွင် အချို့သော ဆန္ဒပြသူများက မြို့လယ်ခေါင်ကို ဖြတ်သန်းသွားသည့် အမှတ် ၁၀၁ အဝေးပြေးလမ်းမကြီးကို ထပ်မံဖြတ်တောက်ခဲ့ကြသည်။

ဇွန် ၁၀ ရက် ညနေပိုင်းတွင် ဆန္ဒပြသူလူအုပ်က ကယ်လီဖိုးနီးယားပြည်နယ် Orange ခရိုင် Santa Ana မြို့နှင့် Ventura ခရိုင် Oxnard မြို့တွင်စုဝေးခဲ့ကြသည်။ ထိုနေ့တွင် အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန စသည့် ဖက်ဒရယ်အဖွဲ့အစည်းများက ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းဒေသ၌ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဦးတည် သည့် ရှာဖွေဖမ်းဆီးရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဒေသတွင်းရုပ်သံလွှင့်ဌာန များ၏ ရိုက်ကူးထားသော ရုပ်ပုံထဲတွင် တရားဥပဒေစိုးမိုးရေးဝန်ထမ်းများက စိုက်ခင်းများအတွင်းသို့ ဝင်ရောက်၍ စတော်ဘယ်ရီဆွတ်ခူးနေသော နိုင်ငံခြားသားအလုပ်သမားများအား လိုက်လံဖမ်းဆီး နေသည်ကို တွေ့မြင်ရသည်။ ရှာဖွေဖမ်းဆီးရေး လှုပ်ရှားမှုများကြောင့် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း၌ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ 

ကိုးကား - ဆင်ဟွာ

အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခအကြောင်း သိကောင်းစရာအချက်များ

အငြင်းပွားဖွယ်ကက်ရှ်မီးယားဒေသတွင် ခရီးသွားများအပေါ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများ ပိုမိုမြင့်တက်ခဲ့သည်။ ယင်းနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဒုံးကျည်များနှင့် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် နှစ်ပေါင်းများစွာကြာပြီးနောက် နှစ်နိုင်ငံကြား အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့်သီတင်းနှစ်ပတ်ခန့်က အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၆ ဦး သေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွက် အိန္ဒိယအစိုးရက ပါကစ္စတန် အစိုးရကို အပြစ်တင်ထားသည်။

ယင်းနောက်ပိုင်းတွင် နှစ်နိုင်ငံလုံးသည် တစ်ဖက်နှင့်တစ်ဖက် ငြင်းခုံမှုများနှင့် သတိပေးမှုများ လုပ်ဆောင်လာခဲ့သည်။ အိန္ဒိယက မေ ၇ ရက်အစောပိုင်းတွင် ပါကစ္စတန်ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

နှစ်နိုင်ငံကြား အကျပ်အတည်းအခြေအနေနှင့် ယင်းနောက်ကွယ်မှ အကြောင်းအရင်းများကို ဆက်လက် ဖော်ပြသွားပါမည်။

နောက်ဆုံးရအခြေအနေ

အိန္ဒိယက ပါကစ္စတန်ဘက်ခြမ်း ကက်ရှ်မီးယားဒေသရှိ အကြမ်းဖက်သမားများ၏ စခန်းများကို တိတိကျကျ ပစ်မှတ်ထား၍တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အိန္ဒိယက နေရာခြောက်နေရာထက်မနည်းတွင် လေကြောင်းတိုက်ခိုက်မှုနှင့်နယ်စပ်တစ်လျှောက် ပစ်ခတ်မှုများကြောင့် အရပ်သား ၂၆ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်က ထုတ်ပြန်ထားသည်။

အိန္ဒိယက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် နေရာများတွင် ပါကစ္စတန်ဘက်ခြမ်းမှ ကက်ရှ်မီးယားဒေသအပြင် ဟာဝယ်ပူရနှင့်မူရစ်ခီ မြို့များလည်းပါဝင်သည်။ ယင်းမြို့များသည် အိန္ဒိယနယ်စပ်နှင့်ထိစပ် နေသော ပါကစ္စတန်၏ လူဦးရေအထူထပ်ဆုံး ပန်ဂျပ်ပြည်နယ်၏မြို့များဖြစ်သည်။

ပါကစ္စတန်စစ်တပ်က ၎င်း၏အချုပ်အခြာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထိပါးလာလျှင် အချိန်မရွေး လက်တုံ့ပြန် သွားမည်ဟု အစောပိုင်းကပြောကြားခဲ့သည်။ ယခုအိန္ဒိယ၏တိုက်ခိုက်မှုကိုလည်း လက်တုံ့ပြန်တိုက်ခိုက် ခဲ့ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာမူဟာမတ်အဆစ်က ဆိုသည်။

အိန္ဒိယက ပါကစ္စတန်သည် ကက်ရှ်မီးယားနယ်စပ်ရှိ ထိန်းချုပ်ရေးမျဉ်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားသုံးဦးသေဆုံးခဲ့ကြောင်း စွပ်စွဲထားသည်။

ပြဿနာဖြစ်လာစေသောအကြောင်းအရင်း

ဧပြီ ၂၂ ရက်က အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသရှိ ခရီးသွားများလာရောက်လည်ပတ်လေ့ရှိသော ပါဟယ်ဂမ်မြို့တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ဟိန္ဒူအများစုအပါအဝင် လူ ၂၆ ဦးသေဆုံး ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယသည် အလွန်အမျက်ထွက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း မည်သည့်အဖွဲ့မှ ထုတ်ပြန်ထားခြင်းမရှိပေ။ သို့သော် အိန္ဒိယအစိုးရ ကမူ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအဖွဲ့ဖြစ်သည့် လက်ရှ်ကာအီးတိုင်ဘာအဖွဲ့မှ သေနတ်သမားများ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှ်ကာအီးတိုင်ဘာအဖွဲ့သည် အိန္ဒိယမြေပေါ်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် သမိုင်းကြောင်းရှိခြင်းနှင့်အတူ ကုလသမဂ္ဂက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားသည်။

ယင်းအဖွဲ့ကို ပါကစ္စတန်အစိုးရကဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ကာလကြာရှည် ကောလာဟလများ ထွက်ပေါ်လျက်ရှိသည်။ သို့သော် ပါကစ္စတန်အစိုးရက ငြင်းဆိုထားသည်။

အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီက ပါကစ္စတန်သည် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုကို အားပေးထောက်ပံ့ နေကြောင်း စွပ်စွဲထားသည်။ ထို့ပြင် မိုဒီက ယင်းကိုတုံ့ပြန်ရန် ၎င်း၏စစ်တပ်အား အပြည့်အဝ လွတ်လပ်ခွင့် ပေးထားကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်လုံးက သံတမန်များကို နှင်ထုတ်ခဲ့ကြသည်။ ပါကစ္စတန်ကမူ လွန်ခဲ့သည့် သီတင်းပတ်က အိန္ဒိယသည် စစ်ရေးအရတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းခိုင်လုံသည့် ထောက်လှမ်းမှုများအရသိရသည်ဟု ထုတ်ပြန် ခဲ့သည်။

ကက်ရှ်မီးယားကို မည်သူထိန်းချုပ်ထားသနည်း

ဗြိတိသျှအုပ်ချုပ်မှု အဆုံးသတ်ပြီးနောက် ၁၉၄၇ ခုနှစ်တွင် နှစ်နိုင်ငံပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း သာယာ လှပသောကက်ရှ်မီးယားဒေသသည် အိန္ဒိယနှင့် ပါကစ္စတန်ကြား အဓိကပြဿနာဖြစ်စေသည့် အကြောင်း အရင်းကြီးဖြစ်လာသည်။

ကြိုတင်ပြင်ဆင်မှုအားနည်းသော နှစ်ပိုင်းကွဲပြားမှုသည် သွေးကြောင်းစီးမှုကိုဖြစ်စေကာ ပျမ်းမျှလူတစ်သန်း ကျော် သေဆုံးခဲ့ပြီး လူ ၁၅ သန်းခန့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြသည်။ နှစ်နိုင်ငံကြားတွင် တည်ရှိပြီး ဟိမဝန္တာတောင်တန်းများအောက်တွင် တည်ရှိသော မွတ်စလင်အများစုနေထိုင်ရာ ကက်ရှ်မီးယား၏ ဘုရင်သည် အိန္ဒိယ သို့မဟုတ် ပါကစ္စတန်၏ အုပ်စိုးမှုကိုလက်ခံသင့်၊ မသင့် ဝေခွဲမရဖြစ်လျက်ရှိသည်။

ဘုရင်စနစ်၏ အုပ်စိုးမှုကို ဆန့်ကျင်သည့် လူထုအုံကြွမှုကို နှိမ်နင်းရန်အတွက် အိန္ဒိယ၏အကူအညီကို ရယူမှုသည်နှစ်နိုင်ငံကြား စစ်ပွဲတစ်ရပ်ကို အလျင်အမြန်ဖြစ်ပေါ်စေခဲ့ပြီး ပါကစ္စတန်ကျောထောက် နောက်ခံပြု စစ်သွေးကြွများက ကက်ရှ်မီးယားကို တိုက်ခိုက်ခဲ့သည်။

၁၉၄၉ ခုနှစ်တွင် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုသည့် ၄၇၈ မိုင်အကွာရှိ အပစ်အခတ် ရပ်စဲရေး မျဉ်းသည် ကက်ရှ်မီးယားကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေးမျဉ်းဟု လူသိများကာ လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက စစ်အင်အားကြီးမားစွာချထားဆဲဖြစ်သည်။

နှစ်ဖက်စလုံးက ကက်ရှ်မီးယား၏အစိတ်အပိုင်းကို ထိန်းချုပ်ထားသော်လည်း ၎င်းတို့ကမူ ကက်ရှ်မီးယား နယ်မြေကို အပြည့်အဝပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားသည်။ ထို့ပြင် ထိန်းချုပ်ရေးမျဉ်းတွင်လည်း စောင့်ကြည့်ရန် စစ်တပ်များကို ချထားသည်။

၂၀၀၉ ခုနှစ်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အိန္ဒိယအရန်တပ်ဖွဲ့ဝင်စစ်သား ၄၁ ဦး သေဆုံးခဲ့ ပြီးနောက် အိန္ဒိယနှင့်ပါကစ္စတန်ကြား စစ်ပွဲဖြစ်ပွားလုနီးပါး တွေ့ကြုံခဲ့သည်။ အိန္ဒိယက ယင်းတိုက်ခိုက်မှုအတွက် ပါကစ္စတန်အခြေစိုက်စစ်သွေးကြွအဖွဲ့ကို အပြစ်တင်ထားသည်။

ကမ္ဘာ့နိုင်ငံများ၏တုံ့ပြန်မှု

အိန္ဒိယနှင့် ပါကစ္စတန်တို့သည်နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ထားသည်။ ကက်ရှ်မီးယားသည် နျူကလီးယားစစ်ပွဲဖြစ်လာနိုင်ခြေရှိသည့် ကမ္ဘာ့အန္တရာယ်အများဆုံးနေရာများတွင် တစ်ခုအပါအဝင် အဖြစ် ကာလကြာရှည် ရှုမြင်ခံထားရသည်။

ရလဒ်အဖြစ် ဧပြီ ၂၂ ရက် တိုက်ခိုက်မှုဖြစ်ပွားခြင်းနှင့်အတူ နောက်ဆုံးအကြိမ်တင်းမာမှုများ ဖြစ်ပေါ် ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံများက တည်တည်ငြိမ်ငြိမ် ဖြေရှင်းကြရန်တိုက်တွန်းခဲ့ကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က စစ်ပွဲမဖြစ်ပွားစေရန်အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဒူဂျာရတ်က ထုတ်ပြန် ထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးများကို တွေ့ဆုံပြီး ဆွေးနွေးမှုဖြင့် အဖြေရှာကြရန် တိုက်တွန်းထားသည်။

နှစ်နိုင်ငံလုံးနှင့် အိမ်နီးချင်းဖြစ်သည့်အပြင် ပါကစ္စတန်၏ ရင်းနှီးသောမဟာမိတ်ဖြစ်သည့် တရုတ်ကလည်း မေ ၇ ရက်နံနက်ပိုင်းက အိန္ဒိယ၏ စစ်ရေးဆောင်ရွက်ချက်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ပြန် ထားသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိထိပ်တိုက်တွေ့မှုဖြစ်စဉ်အပေါ် စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်အရာချီက ကြားဝင်ဖျန်ဖြေပေးရန် ကြိုးပမ်းမှုအနေဖြင့် ပါကစ္စတန်ကို သွားရောက်ခဲ့ပြီးနောက် နှစ်ရက်အကြာ မေ ၇ ရက်တွင်အိန္ဒိယသို့ ရောက်ရှိခဲ့သည်။

ကိုးကား- Eleven Media Group

တရုတ်အစိုးရက ၂၀၂၅ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ၇.၂ ရာခိုင်နှုန်း တိုးမြှင့်သွားမည်

တရုတ်အစိုးရက ကာကွယ်ရေးအသုံးစရိတ်ကို ယခင် ၂၀၂၄ ခုနှစ်ကထက် ၇.၂ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲ သွားမည် ဖြစ်ကြောင်း မတ်လ ၅ ရက် ယနေ့တွင်ကျင်းပသည့် တရုတ်အမျိုးသားညီလာခံတွင် အဖွင့်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။ အဆိုပါကာကွယ်ရေးအသုံးစရိတ်မှာ ယွမ် ၁.၇၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၄၅ ဘီလီယံ)ခန့် ဖြစ်သည်။

တစ်နှစ်ထက်တစ်နှစ် ကာကွယ်ရေးအသုံးစရိတ် တိုးမြင့်လာမှုနှုန်းသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များတွင်လည်း တစ်ပြေးညီဖြစ်ခဲ့သည်။ ဤသည်မှာ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း‌ နှေးကွေးလာသော်လည်း စစ်အင်အား ဆက်လက်တိုးမြှင့်လုပ်ဆောင်မှုကို ပြသခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အရှေ့နှင့် တောင်တရုတ်ပင်လယ်တို့အတွင်း ၎င်း၏ ရေကြောင်းအလေးသာမှုကို တိုးမြှင့် လုပ်ဆောင်လာခဲ့ပြီး ကမ္ဘာပေါ်တွင် စစ်သင်္ဘောအပါအဝင် အခြားသော သင်္ဘောအရေအတွက် အများဆုံးဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံက ယခုနှစ်အစောပိုင်းအတွင်း ၎င်း၏ တတိယမြောက် လေယာဉ်တင်သင်္ဘော Fujian ကို တပ်တော်ဝင်နိုင်ရန် မျှော်မှန်းထားသည်။ အချို့သောလေ့လာသူများကမူ တရုတ်အနေဖြင့် နျူကလီးယား လေယာဉ်တင်သင်္ဘောတည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေနိုင်ကြောင်း သုံးသပ်ကြသည်။

တရုတ်နိုင်ငံ၌ သိုလှောင်သိမ်းဆည်းထားသည့် တိုက်ပွဲဝင်နျူကလီးယားထိပ်ဖူး ၆၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရပြီး ဆက်လက်၍လည်း တိုးမြှင့်ထုတ်လုပ်ထားရှိနိုင်သည်။ ဤသည်မှာ အဆင့်မြင့်အရပ်ဘက်နည်းပညာများကို အသုံးပြု ခြင်းဖြင့် ဆိုက်ဘာ၊ အာကာသနှင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းအောင် လုပ်ဆောင်ခြင်းဖြစ်ပေမည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်အား ကမ္ဘာ့အဆင့်မီဖြစ်ရေး မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း လေ့လာသူအချို့ကမူ တရုတ်တပ်မတော်အနေဖြင့် စစ်လက်နက်ပစ္စည်းများ ပြည်ပမှမှာယူစရိတ်များနှင့် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအသုံးစရိတ်များကို ထည့်သွင်းတွက်ချက်မှုမရှိသည့် အတွက် တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် သုံးစွဲမှုသည် ပကတိမြေပြင်အခြေအနေနှင့် ကွဲလွဲမှုရှိကြောင်း ထောက်ပြပြောဆိုကြကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)

တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းသို့ အမေရိကန် လေယာဉ်တင် သင်္ဘော လာရောက်ဆိုက်ကပ်မှုအပေါ် မြောက်ကိုရီးယားက ပြင်းထန်စွာ ရှုတ်ချလိုက်ခြင်း

တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘော အလည်အပတ် ခရီးစဉ်အဖြစ် လာရောက်ဆိုက်ကပ်ခဲ့မှုအပေါ် “နိုင်ငံရေးနှင့်စစ်ရေးအရကျူးကျော်ရန်စမှု” အဖြစ် အမေရိကန်ကို မြောက်ကိုရီးယား က ပြင်းထန်စွာရှုတ်ချကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယူဂျောင်း၏ ထုတ်ပြန်ချက်ပြောကြားချက်ကို နိုင်ငံပိုင်ရုပ်သံဖြစ်သည့် KCNA ရုပ်သံတွင် မတ်လ ၄ ရက်နေ့က ထုတ်လွှင့်ဖော်ပြ ခဲ့ပါသည်။

အမေရိကန်အစိုးရသစ်အနေဖြင့် ယခုနှစ်အတွင်း စတင်တာဝန်ယူသည့်အချိန်ကစ၍ ယခင်အစိုးရ၏ ရန်လိုသည့် မူဝါဒအား ဆက်လက်ဖော်ဆောင်သည့်အနေဖြင့် မြောက်ကိုရီးယားအပေါ် နိုင်ငံရေးနှင့် စစ်ရေးအရ ကျူးကျော် ရန်စမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ကင်ယူဂျောင်းက ၎င်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

အမေရိကန်တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်၏ စွမ်းဆောင်ရည်မြင့်လေယာဉ်တင်သင်္ဘော USS Carl Vinson သည် အလည်အပတ်ခရီးစဉ်အဖြစ် မတ်လ ၂ ရက်က ဘူဆန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဘူဆန် ခရီးစဉ်သည် တောင်ကိုရီးယားခေါင်းဆောင်များအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့် လုပ်ဆောင်သွားမည့် အမေရိကန်၏ကတိကဝတ်ကို ပြသရာ ရောက်ကြောင်း အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားပါသည်။

မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား ပုံမှန်လုပ်ဆောင်သည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပေါ် ကျူးကျော်ရန်စမှုအတွက် ကြိုတင်ပြင်ဆင်မှုတစ်ရပ်အနေဖြင့်ရှုမြင်ပြီး ပြစ်တင်ရှုတ်ချခြင်းများ လုပ်ဆောင်ခဲ့သည့်နည်းတူ ဒုံးကျည် စမ်းသပ်ပစ်ခတ်ခြင်းများကိုလည်း မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း CNA သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- CNA

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄

အစ္စရေးတပ်များအား ဂါဇာကမ်းမြှောင်ဒေသမှ ဆုတ်ခွာပေးရန် ပါလက်စတိုင်းတိုက်တွန်း

အစ္စရေးတပ်ဖွဲ့များအား ဂါဇာကမ်းမြောင်ဒေသမှ ဆုပ်ခွာပေးရန်နှင့် အဆိုပါဒေသ၏ အုပ်ချုပ်ရေးလုပ်ငန်းများအား ပါလက်စတိုင်းအစိုးရကို ပုံမှန်အတိုင်းပြန်လည်လုပ်ဆောင်ခွင့်ပြုရန် မတ်လ ၃ ရက်နေ့က ထုတ်ပြန်သည့် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် တိုက်တွန်းတောင်းဆိုခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးသဘောတူညီချက်မှတစ်ဆင့် ပါလက်စတိုင်းပြည်သူများနှင့် ၎င်းတို့၏ အခွင့်အရေးများအပေါ် ပိတ်ဆို့ဟန့်တားမှုများကို ထိန်းသိမ်းပေးရေး၊ ပါလက်စတိုင်းအစိုးရ၏ လုပ်ပိုင်ခွင့်များအား အမြန်ပြန်လည်လွှဲပြောင်းပေးရေး၊ နိုင်ငံတကာအသိအမှတ်ပြု တရားဝင် ပါလက်စတိုင်းအစိုးရအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏လုပ်ငန်းတာဝန်များအား လုပ်ဆောင်ခွင့်ရရှိရေး၊ ဂါဇာကမ်းမြောင်ဒေသအပါအဝင် ၁၉၆၇ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့သည့် ပါလက်စတိုင်းနယ်မြေအားလုံးအား အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့် ချက်ချင်း ရရှိရေးတို့အတွက် ကမ္ဘာ့နိုင်ငံများမှ စစ်မှန်သည့် ရပ်တည်မှုဖြင့် ပံ့ပိုးဆောင်ရွက်ပေးရေး စသည့်အချက်များ ဖော်ပြပါရှိပါသည်။

ဟားမက်နှင့် အစ္စရေးတို့အကြား အဆင့်(၃)ဆင့်ပါဝင်သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ ပထမအဆင့်ဖြစ်သည့် (၄၂)ရက်တာကာလသည် မတ်လ (၁)ရက်နေ့အစောပိုင်းတွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်သော်လည်း ဒုတိယအဆင့်အတွက် မည်သည့်ကြေညာချက်မျှ ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ 

အစ္စရေးတို့အနေဖြင့် ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပထမအဆင့်ကို ဆက်လက်သက်တမ်းတိုး ဆောင်ရွက်လိုသော်လည်း ဟားမက်အနေဖြင့် အစ္စရေး၏ အဆိုပြုချက်ကို ပယ်ချကာ ဒုတိယအဆင့်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်လိုခဲ့သည်။ 

အပစ်အခတ်ရပ်စဲရေး၏ ဒုတိယအဆင့်တွင် ကျန်ရှိနေသေးသည် အစ္စရေးဓားစာခံများအား ပြန်လည်လွှတ်ပေးရေး၊ ဂါဇာရှိ အစ္စရေးတပ်ဖွဲ့ဝင်များအားလုံး ပြန်လည်ဆုတ်ခွာပေးရေးနှင့် ထာဝရအပစ်အခတ်ရပ်စဲမှု ဖော်ဆောင်ရေး စသည့်အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း Xhinua သတင်းစာမျက်နှာတွင် ရေးသား ဖော်ပြထားပါသည်။

ကိုးကား-ဆင်ဟွာ

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၃၁ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင် ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၃၁ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိသည်။
 ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၁၀၃၀ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်း နိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၁ ဦးကို ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၆၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း  သတင်း ရရှိသည်။
 အဆိုပါထိန်းသိမ်းထားရှိသည့် ပြည်ပနိုင်ငံသားများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရသည်-
Mr. Qian Le Ping (တရုတ်နိုင်ငံသား)
 မိုင်းလားမြို့မှာ အလုပ်ကောင်းကောင်းရမယ်။ လစာများများရမယ်ဆိုတဲ့ အလုပ်ခေါ်စာ တွေ့လို့ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်မှာ တရုတ်နိုင်ငံကတစ်ဆင့် မိုင်းလားမြို့ကို တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်ခဲ့ပါတယ်။ မိုင်းလားမြို့ကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး  Xiao Mu ရဲ့ Yong Le Gong  အွန်လိုင်းဂိမ်းကုမ္ပဏီမှာ ၅ နှစ် အလုပ်လုပ်ခဲ့ပါတယ်။ မိုင်းလားကတစ်ဆင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှာ ရွှေကုက္ကိုလ်ကို ရောက်ရှိပြီး တရုတ်လူမျိုး Xiao Duo Duo ရဲ့ Hong Tu Guo Ji ကုမ္ပဏီမှာ အွန်လိုင်းကတစ်ဆင့် ကွန်ပျူတာနဲ့ ဂိမ်းကြော်ငြာပေးရတဲ့ အလုပ်ကို နေ့တိုင်း မွန်းတည့် ၁၂  နာရီကနေ ည ၁၂ နာရီအထိ လုပ်ပေးရပါတယ်။ တစ်လကို ဘတ် ၇ ထောင်နဲ့ ၃ လစာပဲ ရရှိပြီး ကျန်လတွေမှာ လစာ မရခဲ့ပါဘူး။
Mr. Zhuo Li ( တရုတ်နိုင်ငံသား)
ကျွန်တော်လုပ်ရတဲ့အလုပ်က တရုတ်လူမျိုးပိုင်တဲ့ Jin Man Tang ကုမ္ပဏီမှာ အွန်လိုင်းက တစ်ဆင့် လိမ်လည်ပြီး မက်ဆေ့ပို့ရတဲ့အလုပ်ကို တစ်ရက် ၁၆ နာရီခန့် အလုပ်လုပ်ရပြီး အဲဒီမှာ ၉ လခန့် ကြာခဲ့ပါတယ်။ ပထမလမှာ ဘတ် ၅ ထောင်ရပါတယ်။ ကျန်လတွေမှာတော့ လစာမရပါဘူး။ ရွှေကုက္ကိုလ်ကို ဝင်ရောက်ခဲ့တဲ့ လမ်းကြောင်းကတော့ တရုတ်နိုင်ငံကနေ လာအိုနိုင်ငံကို အရင်သွားခဲ့ပါတယ်။ လာအို နိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ကားနဲ့ထွက်ခွာခဲ့ပါတယ်။ ဘန်ကောက်မြို့ကတစ်ဆင့် ထိုင်းလူမျိုး ယာဉ်မောင်းတစ်ဦးရဲ့ အကူအညီနဲ့ မဲဆောက်မြို့ကို ဆက်ထွက်ခဲ့ပါတယ်။ မဲဆောက်မြို့ ရောက်တော့  ထိုင်းလူမျိုးတစ်ဦးရဲ့ စီစဉ်ပေးမှုနဲ့ မြစ်တစ်ခုကို စက်လှေနဲ့ဖြတ်ပြီး ရွှေကုက္ကိုလ်ကို ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တစ်လကိုယွမ် ၁ သောင်း ရမယ်ဆိုပြီး အွန်လိုင်းကနေခင်တဲ့ တရုတ် နိုင်ငံသား တစ်ဦးရဲ့ ဆက်သွယ်ပေးမှုကြောင့် အခုလို ထွက်လာခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက် မှာတော့ ထိန်းသိမ်းခံခဲ့ရပါတယ်။
Mr. Xu Yuan Shun ( တရုတ်နိုင်ငံသား)
 ထိုင်းနိုင်ငံမှာ တစ်လကို ယွမ် ၁၂၀၀၀ ရတဲ့ အလုပ်လုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေခင်တဲ့ တရုတ်နိုင်ငံသား တစ်ဦးက ဆက်သွယ်ပေးတဲ့အတွက် ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်မှာ လေယာဉ်နဲ့ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ဘန်ကောက်မြို့ကို ရောက်တော့ တရုတ်လူမျိုး ယာဉ်မောင်း တစ်ဦးက မဲဆောက်မြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။ မဲဆောက်မြို့ကို မေလ ၄ ရက်မှာ ရောက်ရှိခဲ့ပါတယ်။ မဲဆောက်မြို့ကနေတစ်ဆင့် ထိုင်းလူမျိုးတစ်ဦးရဲ့ စီစဉ်ပေးမှုနဲ့ ရွှေကုက္ကိုလ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ရွှေကုက္ကိုလ်ကို မရောက်ခင် စက်လှေနဲ့ မြစ်တစ်မြစ်ကို ဖြတ်ခဲ့ရပါတယ်။ ရွှေကုက္ကိုလ်ကိုရောက်တော့ တရုတ်လူမျိုးပိုင်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရပြီး အွန်လိုင်းကနေ လိမ်လည်ပြီး လူရှာဖွေပေးရတဲ့ အလုပ်ကို တစ်နေ့ ၁၆ နာရီ လုပ်ပေးရပါတယ်။ တစ်လကို ဘတ် ၂၀၀၀ ရရှိပါတယ်။ ၉ လခန့် လုပ်ကိုင်ခဲ့ရပါတယ်။
Mrs. Karungi Deborah Nich Adrona ( ယူဂန္ဓာနိုင်ငံသူ)
သူငယ်ချင်း Joel Kagoro က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Customer Service  ကုမ္ပဏီတစ်ခုမှာ စကားပြန်အလုပ် လုပ်ရမယ်။ လစာကလည်း ဘတ် ၂၅၀၀၀ ရမယ်ဆိုလို့ ဒီအလုပ်ကို လုပ်မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှာ ယူဂန္ဓာနိုင်ငံကနေ လေယာဉ်နဲ့ ထွက်ခွာခဲ့ပြီး ဇွန်လ ၁၆ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လေဆိပ်ကို  ရောက်ရှိခဲ့ပါတယ်။ လေဆိပ်မှာ ချိတ်ဆက်ထား အမျိုးသား တစ်ဦးက မဲဆောက်မြို့ကို ကားနဲ့ ပို့ပေး ခဲ့ပါတယ်။ ကားနဲ့လာတဲ့ လမ်းတစ်လျှောက်မှာ စစ်ဆေးရေးဂိတ် နှစ်ခုကို ဖြတ်သန်းသွားခဲ့ရတယ်။ အဲဒီဂိတ်က ကျွန်မကို ဓာတ်ပုံမှတ်တမ်းပဲယူပြီး စစ်ဆေးမေးမြန်းခြင်းတော့ မရှိခဲ့ပါဘူး။ ၈ နာရီခန့် ကားစီးခဲ့ရပြီး မဲဆောက်မြို့ကို ရောက်တဲ့အခါ ဟိုတယ်တစ်ခုမှာ တစ်ည တည်းခိုခဲ့ပါတယ်။ နောက်နေ့ မှာတော့ ချောင်းတစ်ချောင်း(သောင်ရင်းမြစ်)ကို စက်လှေနဲ့ဖြတ်ကူးပြီး တစ်ဖက်ကမ်းကို ရောက်တဲ့ အခါမှာ အမျိုးသား တစ်ဦးက ကားနဲ့လာခေါ်ပြီး အလုပ်ဆိုဒ်(ရွှေကုက္ကိုလ်)ကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီက Hong Tu Yuan Gu ကုမ္ပဏီမှာ သင်တန်းနှစ်ပတ်တက်ခဲ့ရပြီး ကွန်ပျူတာနဲ့ စည်းရုံးဆက်သွယ် ပြောဆိုပေးရတဲ့ အလုပ်ကို တစ်လခန့် လုပ်ကိုင်ခဲ့ရတယ်။ နောက်တော့ ရထိုက် ကုမ္ပဏီကို ပြောင်းရွှေ့ အလုပ်လုပ်ခဲ့ပြီး လစာအနေနဲ့ ပထမအပတ်မှာ ဘတ် ၆၀၀၀ ရရှိခဲ့ပါတယ်။
Mr. Phimsanduk (ထိုင်းနိုင်ငံသား)
 ကျွန်တော်က (Electronic) အထူးပြုဘာသာရပ်နဲ့ ကျောင်းပြီးပါပြီ။ ကျောင်းပြီးတော့ ဇာတိမြို့ ဖြစ်တဲ့ Lam Phun မြို့မှာပဲ အလုပ်လုပ်ခဲ့ပါတယ်။ အလုပ်လုပ်နေရင်း ရွှေကုက္ကိုလ်မှာ လစာကောင်းတဲ့ အလုပ်လုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေ အဆက်အသွယ်ရခဲ့ပါတယ်။ အွန်လိုင်းကနေ လူရှာပေးရတဲ့ အလုပ်လုပ်ရမယ်။ လစာ တစ်လ ဘတ် ၃၀၀၀၀ ရမယ်လို့ Facebook ပေါ်မှာတွေ့တဲ့ အမျိုးသမီး တစ်ဦးက ဆက်သွယ်ပြောဆိုလာခဲ့တဲ့အတွက် အလုပ်လုပ်ဖို့ ထိုင်းနိုင်ငံ၊ Lam Phun မြို့ကနေ ခရီးသည်တင်ယာဉ်နဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်မှာ ထွက်လာခဲ့ပါတယ်။  မဲဆောက်မြို့ကို ရောက်တဲ့ အခါမှာ ထိုင်းလူမျိုး အမျိုးသား တစ်ဦးက ကားနဲ့လာခေါ်ပြီး သောင်ရင်းမြစ်ကမ်းစပ်ကို ပို့ဆောင် ပေးခဲ့ပါတယ်။ မြစ်ကို စက်လှေနဲ့ ဖြတ်ကူးပြီး တစ်ဖက်ကမ်းကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး အမျိုးသား တစ်ဦးက ကားနဲ့လာခေါ်ပြီး ရွှေကုက္ကိုလ်မှာရှိတဲ့ Hong Chu ကုမ္ပဏီကို ပို့ပေးခဲ့ပါတယ်။ အဲဒီမှာ အွန်လိုင်းဂိမ်းအလုပ်ကို လုပ်ကိုင်ဖို့ ကွန်ပျူတာပညာကို သင်ယူနေတုန်းဖြစ်ပါတယ်။ သင်ယူနေတုန်း ထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်။

Source: www.moha.gov.mm 