ငါးလုပ်ငန်းဦးစီးဌာနသည် ဝန်ကြီးဌာန၏ပန်းတိုင်တစ်ရပ်ဖြစ်သော သားငါးမျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသမျိုးရင်းများထိန်းသိမ်းရေးနှင့် မှတ်တမ်းထားရှိရေးကို လိုက်နာဆောင်ရွက်လျက်ရှိသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူရေးလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ရန်လုပ်ငန်းစဉ်များအနေဖြင့် ဒေသ၏ငါး၊ ပုစွန်သားပေါက်လိုအပ်ချက်များ ဖြည့်တင်းပေးနိုင်ရန် အရည်အသွေးကောင်းမွန်သော ငါး၊ ပုစွန်သားပေါက်များအား ဖြန့်ဖြူးပေးခြင်း၊ ငါးသယံဇာတများ ရေရှည်တည်တံ့ပွားများစေပြီး ငါးရိက္ခာများတိုးတက်ရရှိစေရန် ငါးမျိုးစိုက်ထည့်ပေးခြင်းတို့ ဆောင်ရွက်သွာ
ငါးလုပ်ငန်းဦးစီးဌာနသည် ဝန်ကြီးဌာန၏ပန်းတိုင်တစ်ရပ်ဖြစ်သော သားငါးမျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသမျိုးရင်းများထိန်းသိမ်းရေးနှင့် မှတ်တမ်းထားရှိရေးကို လိုက်နာဆောင်ရွက်လျက်ရှိသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူရေးလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ရန်လုပ်ငန်းစဉ်များအနေဖြင့် ဒေသ၏ငါး၊ ပုစွန်သားပေါက်လိုအပ်ချက်များ ဖြည့်တင်းပေးနိုင်ရန် အရည်အသွေးကောင်းမွန်သော ငါး၊ ပုစွန်သားပေါက်များအား ဖြန့်ဖြူးပေးခြင်း၊ ငါးသယံဇာတများ ရေရှည်တည်တံ့ပွားများစေပြီး ငါးရိက္ခာများတိုးတက်ရရှိစေရန် ငါးမျိုးစိုက်ထည့်ပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။
အရည်အသွေးမြင့်ငါးမျိုးကောင်းမျိုးသန့်များ တင်သွင်းခြင်းနှင့် မျိုးဗီဇမြှင့်ငါးမျိုးစိတ်ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းရင်းငါးမျိုးများထိန်းသိမ်းခြင်း နှင့်သုတေသနပြုသားဖောက် မွေးမြူထုတ်လုပ်ခြင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရေချိုရေငန်ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန် ဌာန၊ ပုဂ္ဂလိကနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့်လိုက်လျောညီထွေမှုရှိသော ငါးမျိုးစိတ်များနှင့်မွေးမြူရေးနည်းစနစ်များ ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်သည်။
အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အရှေ့တောင် အာရှ ငါးလုပ်ငန်းဖွံ့ဖြိုးရေးဗဟိုဌာန အဖွဲ့ဝင်နိုင်ငံများ၏ လာမည့် ၂၀၃၀ ပြည့်နှစ်တိုင် ၁၀ နှစ်တာ ကာလအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆိုင်ရာဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်များထဲမှ သားဖောက်မည့်မျိုးငါး၊ မျိုးပုစွန် (Breeder or Broodstock) များ မျိုးဗီဇကောင်းမွန်စေရေး၊ အရည်အသွေးကောင်းသော ငါး၊ ပုစွန်သားပေါက်များထုတ်လုပ်သည့် ပုဂ္ဂလိကနှင့် အစိုးရသားဖောက်စခန်းများ တည်ထောင်ခြင်း၊ မျိုးဗီဇမြှင့်ထားသော ငါး၊ ပုစွန်များကိုသေချာစွာထိန်းသိမ်းဖြန့်ဖြူး၍ ၎င်းနှင့်ပတ်သက်သောနည်းပညာနှင့် မျိုးပွားနည်းသစ်များကိုဖြန့်ဝေခြင်း၊ သဘာဝရေပြင်မှ သားပေါက်နှင့် မျိုးငါးများကို တာဝန်သိစိတ်ဖြင့် စုဆောင်းအသုံးပြု၍ သီးသန့်ရောဂါကင်းသော ငါး၊ ပုစွန်သားပေါက်များ(Specific Pathogen Free-SPF)ထုတ်လုပ်ရန်နှင့် ပိုမိုကောင်းမွန်သောသားဖောက်ရုံစီမံမှုကျင့်စဉ်(Better Hatchery Management)ဆိုင်ရာ မူဝါဒလမ်းစဉ်များချမှတ်အကောင်အထည်ဖော်ခြင်း၊ တစ်နိုင်တစ်ပိုင် သားပေါက်ထုတ်လုပ်သူများကို ကျန်းမာသန်စွမ်းသောမျိုးငါးများအသုံးပြုရန် အားပေးခြင်း၊ မွေးမြူရေး ရေသတ္တဝါများ ဇီဝလုံခြုံမှုတိုးတက်ကောင်းမွန်စေရန် မျိုးထိန်းသိမ်းခြင်း၊ အသေးစား ငါးသားဖောက် ရုံများနှင့် အသေးစားငါးမွေးမြူသူများမှ ကျန်းမာသန်စွမ်းသော မျိုးငါး၊ မျိုးပုစွန်များရယူအသုံးပြု၍ အရည်အသွေးကောင်း သားပေါက်များထုတ်လုပ်စေခြင်း၊ ပြည်ပငါး၊ ပုစွန်မျိုးစိတ်များမွေးမြူခြင်းဆိုင်ရာ ဘေးအန္တရာယ်ရှိမှုအကဲဖြတ်ခြင်းနှင့် အဆိုပါမျိုးစိတ်များ ပြင်ပရေပြင်သို့ လွတ်ထွက်မသွားရန် ကာကွယ်တားဆီးသည့်အစီအမံများချမှတ်လုပ်ဆောင်ခြင်း၊ သဘာဝဂေဟစနစ်နှင့် ဇီဝမျိုးကွဲမှုကို ထိခိုက်စေနိုင်မှုများကိုကာကွယ်ခြင်း၊ မွေးမြူရေးလုပ်ငန်း၌ မျိုးဗီဇပြောင်းထားသောရေသတ္တဝါမျိုးနှင့် အစာများအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ သုတေသနများနှင့် ဘေးအန္တရာယ်ရှိမှုအကဲဖြတ်ခြင်းတို့ ပါဝင်ပူး ပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်သော အာရှ-ပစိဖိတ်ဒေသတွင်း ငါးမွေးမြူရေးဗဟိုဌာနများဆိုင်ရာ ကွန်ရက် (NACA)မှ မျိုးဗီဇနှင့် ဇီဝမျိုးကွဲမှုအစီအစဉ်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများမှ ရေသတ္တဝါများ မျိုးဗီဇအရင်း အမြစ်ဆိုင်ရာ သိပ္ပံနည်းကျဗဟုသုတများ ကောင်းမွန်တိုးတက်လာစေရန်၊ ဇီဝမျိုးကွဲမှုနှင့် သဘာဝဒေသ ငါးမျိုးများအား ထိခိုက်သက်ရောက်မှု အနည်းဆုံးဖြစ်ရေး တာဝန်သိစိတ်ဖြင့် အသုံးပြုရန်၊ အပြည်ပြည် ဆိုင်ရာ သဘောတူညီမှုများအောက်ရှိ ၎င်းတို့၏ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မျိုးများတိုးတက်ကောင်းမွန်စေရန်၊ တည်ရှိပြီးသော ရေသတ္တဝါမျိုးများ၏ မျိုးဗီဇလက္ခဏာများ သတ်မှတ်ဖော်ထုတ်ခြင်း၊ မျိုးဗီဇဆိုင်ရာနည်းပညာအသစ်များ ချမှတ်ဆောင်ရွက်နိုင်ရန်၊ ဒေသရင်း မဟုတ်သော ပြည်ပငါးမျိုးစိတ်များ၏ မျိုးဗီဇကွဲပြားခြားနားမှုအကဲဖြတ်ဆန်းစစ်ရန်၊ နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုမျိုးများအတွက် သတင်းအချက်အလက်များစုဆောင်းရန် ဒေသတွင်း ဆိုင်ရာအချက်အလက်များအား Database ထူထောင်ပေးခြင်း၊ မော်လီကျူလာ နည်းပညာ အသစ်များ၊ နည်းလမ်းများနှင့် မဟာဗျူဟာများအသုံးချခြင်းနှင့် ရေနေသတ္တဝါမျိုးဗီဇအရင်းအမြစ်များ စီမံခန့်ခွဲခြင်း ဆိုင်ရာလူ့စွမ်းအားမြှင့်တင်ရေး ဆောင်ရွက်ပေးခြင်း၊ မျိုးစိတ်သစ်များ၊ တန်ဖိုးရှိဗီဇအရင်း အမြစ်များ ကိုရှာဖွေရန် ရေသတ္တဝါများမျိုးဗီဇအရင်းအမြစ်များလက္ခဏာသတ်မှတ်ဖော်ထုတ်ခြင်း၊ တိုင်းရင်းငါးမျိုး များ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်သိမျိုးဗီဇ Germplasm များ လဲလှယ်ခြင်း၊ အန္တရာယ်ကင်း သောမျိုးပွားထုတ်လုပ်ခြင်းနှင့် ရရှိလာသည့်အကျိုးအမြတ်များကို မျှဝေခြင်းအတွက် စီမံပေးခြင်းတို့၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေနေသတ္တဝါမျိုးဗီဇအရင်းအမြစ်များ ဖွံ့ဖြိုးရေးနှင့် ရေရှည် အသုံးပြုနိုင်ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက်လုပ်ငန်းစဉ်များကို လိုက်နာအကောင် အထည်ဖော်ဆောင်ရေးအားသိရှိနိုင်ရန်၊ စားရေရိက္ခာနှင့်စိုက်ပျိုးရေးအတွက် ရေနေသတ္တဝါမျိုးဗီဇ အရင်းအမြစ်များဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ၂၃ ရက်အထိ ပြုလုပ်ခဲ့ပြီး တိုင်းပြည်၏မွေးမြူရေးပြုလုပ်နေသော ရေသတ္တဝါများနှင့် ၎င်းရေ သတ္တဝါများနှင့်ဆက်စပ်သော သဘာဝရေပြင်ရှိ မျိုးစိတ်များ၏ သတင်းအချက်အလက်များ ဆွေးနွေးခဲ့သည်။
ရေသတ္တဝါမွေးမြူရေးလုပ်ငန်းတွင် ထုတ်လုပ်မှုကောင်းမွန်သော မျိုးကောင်းမျိုးသန့်မွေးမြူနိုင်ရေးသည် အခြေခံကျသောအချက်ဖြစ်သကဲ့သို့ အဆိုပါရေသတ္တဝါများသည် ပတ်ဝန်းကျင်ရာသီဥတုနှင့်လိုက် လျောညီထွေမှုရှိပြီး ရှင်သန်ထုတ်လုပ်နိုင်မှု ကောင်းမွန်ရန်လည်းလိုအပ်သည်။ ထို့ကြောင့် မိမိနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော ငါး၊ ပုစွန် မျိုးကောင်း မျိုးသန့်များရရှိနိုင်ရေးသည် ငါးမွေးမြူရေးလုပ်ငန်းအတွက် အဓိကကျသောလိုအပ်ချက်လည်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အများစုမွေးမြူထုတ်လုပ်သော ငါးမျိုးများသည် ပြည်တွင်း၌ လုံလောက်စွာထုတ် လုပ်နိုင်သော်လည်း ရေချို၊ ရေငန် ပုစွန်မျိုးများမှာလုံလောက်စွာ ရရှိနိုင်ရေးအတွက် ပြည်ပကိုမှီခိုနေရ သေးသဖြင့် အဆိုပါမျိုးများရရှိနိုင်ရန် ကုန်ကျစရိတ်မြင့်မားခြင်း၊ မွေးမြူသူများ အလွယ်တကူရရှိနိုင်ရန် ခက်ခဲခြင်းစသည့်အခက်အခဲများကို တွေ့ကြုံနေကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ၁၉၆၇ ခုနှစ်မှ စတင်၍ ဒေသရင်းငါးမျိုးဖြစ်သည့် ငါးမြစ်ချင်း ငါးမျိုးအား အောင်မြင်စွာ ဆေးထိုးသားဖောက်ထုတ်လုပ်နိုင်ခဲ့ပြီး နောက် ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်မှ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေပြဋ္ဌာန်းပေးနိုင်ခဲ့သဖြင့် ငါးမွေးမြူရေးလုပ်ငန်း တစ်ဟုန်ထိုးတိုးတက်လာခဲ့ သည်။ ယနေ့ဆိုလျှင် မွေးမြူရေးရေချိုငါးများကို ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ငါးမျိုးစိတ် ၁၂ မျိုး သားဖောက်ထုတ်လုပ်နိုင်ပြီဖြစ်သည်။ ငါးများကို နှစ်ကာလကြာမြင့်စွာမျိုးရိုးစဉ်ဆက်အလိုက်သားဖောက်ထုတ်လုပ်ခြင်းကြောင့် မျိုးဗီဇနည်းပညာအရ မျိုးနိမ့်ကျလာပြီး မွေးမြူရာ၌ ကြီးထွားနှုန်းနှေးလာခြင်း၊ အရောင်အသွေးညံ့ဖျင်းခြင်းစသည့်အားနည်းချက်များဖြစ်ပေါ်လာသည်။ အကျိုးဆက်အနေဖြင့် မျိုးညံ့သောငါးမျိုးများမွေးမြူပါက မွေးမြူကာလကြာမြင့်၍ ထုတ်လုပ်မှုကုန်ကျစရိတ်များပြားပြီး ရင်းနှီးကုန်ကျမှုမြင့်လာသဖြင့် ငါးမွေးမြူရာ၌ ရေရှည်တွင် စီးပွားရေးတွက်ခြေမကိုက်ဘဲ ဆုံးရှုံးမှုများကြုံတွေ့ရလျက်ရှိသည်။ နိုင်ငံတော်၏ငါးမွေးမြူ ရေးထုတ်လုပ်မှုပိုမိုတိုးတက်၍ ငါးမွေးတောင်သူများ အကျိုးအမြတ်ပိုမိုရရှိစေရေးအတွက် ငါးမြစ်ချင်း ငါးမျိုးဗီဇမြှင့်တင်ရေးလုပ်ငန်းအား ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များ အသင်းတို့မှတတ်သိပညာရှင်များဖြင့်ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သည်။ ငါးမြစ်ချင်း ငါးမျိုးဗီဇများ တိုးတက်ကောင်းမွန်လာစေရန် မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများမှ ငါးမြစ်ချင်းငါးမျိုးများစုဆောင်းခြင်း၊ မျိုးစပ်သားဖောက်ရန် သားဖောက်ခြင်းအစီအစဉ်များ (Breeding Programme)နှင့် လမ်းညွှန် (Guideline) များရေးဆွဲပြီး တိုင်းဒေသကြီး/ပြည်နယ်များရှိငါးလုပ်ငန်းစခန်းများသို့ ကွင်းဆင်းပညာပေးခြင်းတို့ဆောင်ရွက်ခဲ့သည်။
ထို့အတူ ထုတ်လုပ်မှုကောင်းမွန်သောနိုင်ငံခြားငါးမျိုးဖြစ်သည့် တီလားဗီးယားငါးမျိုးအား ရောဂါနှင့်ရာသီဥတုဒဏ်တို့ကိုခံနိုင်ရည်ရှိပြီး ကြီးထွားနှုန်းကောင်းသည့် မျိုးဗီဇမြင့်တီလားဗီးယား ငါးမျိုးများ(Genetically Improved Farmed Tilapia-GIFT)ကို ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည်။ ကြီးထွားနှုန်းမြန်ဆန်ကောင်းမွန်သော တီလားဗီးယားအထီးသီးသန့်မွေးမြူခြင်းအတွက် သားပေါက်အရွယ်တွင် ဟော်မုန်းဖြင့်ဖော်စပ်ထားသော အစာကျွေးခြင်းဖြင့်
လည်းကောင်း၊ မျိုးဗီဇပိုင်းဆိုင်ရာ မျိုးစပ်ယူခြင်းဖြင့်လည်းကောင်း တီလားဗီးယားအထီး သီးသန့်သားပေါက်များကိုသားဖောက်ထုတ်လုပ်ကြသည်။ ထိုကဲ့သို့ အဆင့်မြင့်နည်းပညာများဖြင့် မျိုးစပ်သားဖောက်ခြင်းများတွင် Genetically Improved Farmed Tilapia (GIFT) တီလားဗီးယားငါးမျိုးသည် အာရှဒေသအတွက် မျိုးမြှင့်ထားသော နိုင်းတီလားဗီးယားငါးမျိုးတစ်မျိုးဖြစ်ပြီး အခြားသောတီလားဗီးယားငါးမျိုးများနှင့် နှိုင်းယှဉ်ပါက ကြီးထွားနှုန်း ၈၅ ရာခိုင်နှုန်း ပိုမိုမြန်ပြီး ရှင်သန်နှုန်း ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်ဟု သိရှိရသည်။ အချို့သော သုတေသနပြုချက်များအရ GIFT တီလားဗီးယားငါးမွေးမြူခြင်းသည် စျေးကွက် အရွယ်ဝင်ထိ မွေးမြူရာ၌ ထုတ်လုပ်မှုကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိလျှော့ချနိုင်ကြောင်း ဆိုထားသည်။ ဖိလစ်ပိုင်နိုင်ငံ၏ တီလားဗီးယားစျေးကွက်၌ GIFT တီလားဗီးယားမျိုးမှာ၂၅ ရာခိုင်နှုန်း ရရှိထားသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌လည်း GIFT တီလားဗီးယားမျိုးကို မွေးမြူစမ်းသပ်ချက်အရ ၎င်းတို့ရှိ တီလားဗီးယားငါးမျိုးများထက် ကြီးထွားနှုန်း ၁၈ ရာခိုင်နှုန်း ပိုမိုကောင်းမွန်ကြောင်း ဆိုထားသည်။ မြန်မာနိုင်ငံ၌ အများဆုံးမွေးမြူကြသော တီလားဗီးယားငါးမျိုးဖြစ်သည့် Tilapia niloticus ငါးမျိုးဖြစ်သည်။ တီလားဗီးယားငါးမျိုးအား မြန်မာ့ရေလုပ်ငန်း၊ ငါး
လုပ်ငန်းဦးစီးဌာနတို့မှ ၁၉၅၃၊ ၁၉၇၈၊ ၁၉၈၀ ကာလ များအပြင် နောက်ပိုင်းကာလများတွင်လည်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံစသည်တို့မှ အကြိမ်ကြိမ်တင်သွင်း၍ သားဖောက်ပြီး ကျေးလက်တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန်ဖြန့်ဖြူးခဲ့သည်။ သို့သော် တင်သွင်းလာသောတီလားဗီးယားငါးမျိုးများအား မျိုးရင်းထိန်းခြင်း၊ မျိုးမြှင့်တင်သားဖောက်ခြင်း၊ သုတေသနပြုလုပ်ခြင်း စသည့်အစီအမံကောင်းများဆောင်ရွက်မှုအားနည်းခဲ့သဖြင့် ကြီးထွားနှုန်းကောင်းမွန်သော တီလားဗီးယားငါးမျိုးများ အလုံအလောက်ထုတ်လုပ်နိုင်မှုမရှိခဲ့ပါ။
ငါးလုပ်ငန်းဦးစီးဌာနမှ World Fish Center Myanmar နှင့်ပူးပေါင်း၍ စီမံကိန်းအစီအစဉ်ဖြင့် မလေးရှားနိုင်ငံ World Fish Center မှ ကြီးထွားနှုန်းကောင်းမွန်သည့်မျိုးဗီဇမြှင့်ထားသော တီလားဗီးယား(Genetically Improved Farmed Tilapia- GIFT)ကိုတင်သွင်းပြီး ကောင်းမွန်စနစ်ကျသော မျိုးထိန်းသိမ်းမွေးမြူသားဖောက်မှုအစီအမံများဖြင့် ကျေးလက်အသေးစားငါးမွေးတောင်သူများအတွက် ဖြန့်ဖြူးပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် FAO မှ ငါးလုပ်ငန်းဦးစီးဌာနဖြင့်ပူးပေါင်း၍ တရုတ်နိုင်ငံမှ GIFT တီလားဗီးယားငါးမျိုးများတင်သွင်းပြီး ကောင်းမွန်သောမျိုးထိန်းသိမ်းမှုစနစ်ဖြင့်သားဖောက်၍ ငါးမွေးတောင်သူများကို ဖြန့်ဖြူးခဲ့သည်။ ထိုင်းနိုင်ငံငါးလုပ်ငန်းဦးစီးဌာန၏ပံ့ပိုးမှုဖြင့် Royal Thai Tilapia တီလားဗီးယားမျိုးကို၂၀၁၇ ခုနှစ်တွင် နောက်ဆုံးတင်သွင်းခဲ့ပြီး မျိုးရင်းများကို ထိန်းသိမ်းခြင်းနှင့် သားဖောက်ဖြန့်ဖြူးပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးအရနှင့်မွေးမြူရေးအတွက် သင့်လျော်သော ရေငန်ငါးမျိုးများ ဥပမာ-ကျောက်ငါး၊ ကကတစ်၊ ငါးပါးနီ၊ ကဘီလူးငါးနှင့် ငါးတိန်းမျိုးများရှိသည်။ ဤငါးမျိုးများအနက် ကျောက်ငါးနှင့် ကကတစ်ငါးမျိုးများသည် တန်ဖိုးမြင့်မားကြောင်းတွေ့ရှိရပြီး ပုဂ္ဂလိကကုမ္ပဏီ သုံးလေးခုမှ ကျောက်ငါးအား လှောင်အိမ်စနစ်ဖြင့်မွေးမြူလျက်ရှိသည်ကို တွေ့ရှိရသည်။
သို့သော် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာလိုအပ်ချက်များရှိနေသေးကြောင်းကို တွေ့ရှိရသည်။ မွေးမြူရန်အတွက် လိုအပ်သောငါးမျိုးများအားသဘာဝမှစုဆောင်းရယူနေရသည်။
ယခုအခါတွင် ကမ္ဘာပေါ်တွင် သဘာဝမှ ငါး၊ ပုစွန်သားပေါက်များရရှိမှု လျော့နည်းလာခြင်းအတွက်မွေးမြူရေးအပိုင်းကို အားစိုက်ပြီးကြိုးစားဆောင်ရွက်လာကြသည်။ ယခင်က အရှေ့တောင်အာရှဒေသရှိ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့တွင် ဒေသရင်းမျိုးစိတ်ဖြစ်သော ကျားပုစွန် (Penaeus monodon) ကို မွေးမြူကြသည်။ ၂၀၀၃ ခုနှစ် လောက်တွင် ထိုင်းနိုင်ငံ ပုစွန်မွေးမြူရေးလောကတွင် White Spot Syndrome Virus (WSSV) ရောဂါကျ ရောက်ခြင်းကြောင့် မွေးမြူနေသောမျိုးစိတ်အမယ်သစ်ဖြစ်သောပုစွန်ဖြူ(Litopenaeus vannamei)ကိုပြောင်းလဲမွေးမြူခြင်းဖြင့် ထုတ်လုပ်မှုပြန်လည်တိုးတက်လာသည်။ ပုစွန်မွေးမြူသောနိုင်ငံများသည် ပုစွန်မွေးမြူထုတ်လုပ်မှု ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် မျိုးကောင်းမျိုးသန့်များရရှိအောင် ကြိုးပမ်းဆောင်ရွက်လာကြသည်။
မြန်မာနိုင်ငံ ရေချိုပုစွန်မွေးမြူရေးတွင်လက်ရှိမွေးမြူနေသော ဒေသရင်းမျိုးစိတ်မှာ ရေချိုပုစွန်တုပ်ကြီး (Macrobrachium rosenbergii) ဖြစ်သည်။ မြန်မာ့မျိုးရင်း ရေချိုပုစွန်တုပ်ကြီးသည် လက်မနှင့်ခေါင်းပိုင်းတိုပြီး ကိုယ်ထည်ပိုရှည်ကာ အရောင်အသွေးလည်းလှသည်။ ရေချိုပုစွန်အသားတိုးမွေးကန်များမှ ပြည်တွင်းဝယ်လိုအားမြင့်မားနေမှုကြောင့် ပြည်ပမှရေချိုပုစွန်သားပေါက်များတင်သွင်းလာခဲ့ကြသည်။ အများစုမှာ ထိုင်းမျိုးဖြစ်ပြီး ဗီယက်နမ်မျိုးကို အစောပိုင်းမှာတင်သွင်းပြီး နောက်ပိုင်းတင်သွင်းမှုမရှိတော့ပါ။ ယနေ့အထိ ထိုင်းမျိုးစိတ်ကိုသာ တင်သွင်းလာကြသည်။ မြန်မာ့မျိုးရင်း ရေချိုပုစွန်တုပ်ကြီးကို မျိုးကောင်းမျိုးသန့်ရရှိနိုင်ရေးအတွက် မျိုးမြှင့်ခြင်းလုပ်ငန်းကိုလည်း လုပ်ဆောင်သင့်ကြောင်း၊ မျိုးကောင်းမျိုးသန့်များထုတ်လုပ်ပေးနိုင်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး စဉ်ဆက်မပြတ်ထုတ်လုပ်မှုရှိနေမည်ဖြစ်သည်။
မိမိတို့နိုင်ငံအတွက်ဒေသနှင့်လျော်ညီပြီးထုတ်လုပ်မှုမြင့်မားသည့်မျိုးကောင်းမျိုးသန့်ငါး၊ ပုစွန်ကိုယ်ပိုင်မျိုးများထုတ်လုပ်နိုင်ရေးအတွက် ဒေသမျိုးရင်း/ မျိုးစစ်များအား စနစ်တကျထိန်းသိမ်းခြင်း၊ မှတ်တမ်းများထားရှိခြင်း၊ မျိုးရွေးချယ်ခြင်း၊ မျိုးဗီဇမြှင့်တင်ရွေးချယ်သားစပ်ကာလိုအပ်သောမျိုးရရှိအောင် သုတေသနပြုဆောင်ရွက်ခြင်း၊ မျိုးရိုးဗီဇဆိုင်ရာသုတေသနပြုခြင်းတို့အားဆောင်ရွက်ပြီး ငါးပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဒေါက်တိုင်တစ်ခုဖြစ်သည့်မျိုးမြှင့်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရမည်ဖြစ်သည်။
အဆိုပါမျိုးထိန်းခြင်း၊ မျိုးမြှင့်သားစပ်ခြင်း၊ ကိုယ်ပိုင်မျိုးသစ်ရရှိရေးအတွက် ဆောင်ရွက်ခြင်းသုတေသနလုပ်ငန်းများသည် ကာလရှည်ဆောင်ရွက် ရမည့်လုပ်ငန်းများဖြစ်ပြီး အဆိုပါလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ရေသတ္တဝါမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်အကျိုးကျေးဇူးရရှိလာမည်ဖြစ်သည်။ အဆိုပါနိုင်ငံနှင့်ကိုက်ညီသည့် ငါးပုစွန်မျိုးကောင်းမျိုးသန့်များကိုထုတ်လုပ်နိုင်ခြင်းဖြင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအမျိုးအစားအလိုက် ထုတ်လုပ်မှုများ မြင့်မားလာခြင်း၊ နိုင်ငံခြားမှ သားပေါက်နှင့်မျိုးများတင်သွင်းဝယ်ယူရမည့်ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း၊ နိုင်ငံခြားဝင်ငွေရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
MWD Web Portal

ခုဆိုရင် ရာသီဥတုတွေက ပုံမှန်မဟုတ်တော့ပါဘူး။ ဒီနှစ်မှာတော့ မိုးဦးမှာ ဆက်တိုက်ဆိုသလို မိုးတွေ နေ့စဉ်ရက်ဆက်ရွာသွန်းနေတာဖြစ်ပါတယ်။ မိုးရွာသွန်းမှုများပြားတာနဲ့အမျှ နောက်ဆက်တွဲအနေနဲ့ ရေကြီးမှုအန္တရာယ်တွေကို သတိထားဖို့လိုပါတယ်။ မြန်မာနိုင်ငံလို မုတ်သုံရာသီဥတုရှိတဲ့နေရာတွေမှာ ရေကြီးတာက နှစ်စဉ်ဖြစ်လေ့ရှိတဲ့ပြဿနာပါ။ အထူးသဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မြစ်ကြီးနား တစ်ဝိုက်မှာ ပိုဆိုးပါတယ်။ ခုချိန်မှာလည်း ဒီနေရာတွေမှာ ရေတွေကြီးနေပြီဖြစ်ပါတယ်။

ရေကြီးမှုတွေဖြစ်ရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသဖြင့်ကဏ္ဍမျိုးစုံမှာ ထိခိုက်မှုတွေရှိနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့အဓိကစီးပွားရေးဖြစ်တဲ့ လယ်ယာလုပ်ငန်းမှာ ထိခိုက်မှုတွေရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားတွေအနေနဲ့ ရေကြီးမှုအန္တရာယ်ကြောင့် သီးနှံတွေပျက်စီးဆုံးရှုံးမှု မရှိအောင် ကြိုတင်ဆောင်ရွက်သင့်တာတွေ၊ ရေကြီးနေစဉ်နဲ့ရေကျသွားပြီးနောက် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ နည်းလမ်းတွေကိုသိရှိလိုက်နာဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ထိခိုက်မှုကိုလျော့နည်း သက်သာစေမှာဖြစ်ပါတယ်။
မိုးလေဝသသတင်းများ
တောင်သူလယ်သမားတွေအနေနဲ့ ရာသီဥတုခန့်မှန်းချက်တွေကို ပုံမှန်စောင့်ကြည့်လေ့လာဖို့ အရေးကြီးပါတယ်။ ဒီနေ့ခေတ်မှာတော့ မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် မိုးလေဝသအခမဲ့ဆော့ ဝဲများမှ နေပြီး ဒေသအလိုက် မိုးရွာသွန်းနိုင်မှုတွေကို ကြိုတင်သိရှိနိုင်နေပြီဖြစ်ပါတယ်။ တချို့ဖုန်းအော်ပရေတာ တွေကလည်း ထူးခြားမိုးလေဝသ သတင်းတွေကို ဖုန်းကနေစာတိုပေးပို့နေပါတယ်။ သတင်းဌာနတွေ ကလည်း မိုးလေဝသသတင်းတွေကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေတာကြောင့် ဒီသတင်းအချက်အလက်တွေကိုနားထောင်ပြီး ကိုယ့်ရဲ့စိုက်ပျိုးလုပ်ကိုင်နေမှုကို အလိုက်သင့်ဆောင်ရွက် သွားဖို့လိုပါတယ်။ မိုးကြီးနိုင်တဲ့အခြေအနေမှာ ကိုယ့်အနေနဲ့သီးနှံတွေ မစိုက်ရသေးဘူးဆိုရင် တော့ စိုက်ပျိုးမယ့်သီးနှံအမျိုးအစားနဲ့စိုက်ပျိုးမယ့်အချိန်ကို သင့်လျော်သလို ပြောင်းလဲစိုက်ဖို့လိုပါတယ်။
ပိုတက်စီယမ်မြေဩဇာထည့်ပေးပါ
ရေကြီးနိုင်တဲ့ အခြေအနေတွေရှိခဲ့မယ်ဆိုရင် မြေဆီလွှာထဲကို ပိုတက်စီယမ်မြေဩဇာကို မဖြစ်မနေ ကြိုတင်ထည့်သွင်းထားဖို့အရေးကြီးပါတယ်။ ရေလွှမ်းမိုးတဲ့အခါမှာ အပင်တွေဟာ အောက်ဆီ ဂျင်ငတ်ခြင်း၊ ရေထဲမှာပျော်ဝင်နေတဲ့ ဓာတ်တွေမညီမျှခြင်းနဲ့ ရောဂါဒဏ်ခံနိုင်ရည် လျော့နည်း ခြင်းတို့ကြုံရတတ်ပါတယ်။ ပိုတက်စီယမ်ဟာ အပင်ရဲ့ဆဲလ်နံရံတွေကို ပိုမိုခိုင်မာစေပြီး ရေလွှမ်းမိုး မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အမြစ်ပုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ပိုတက်စီယမ်ဟာ အပင်တွေရဲ့ရေဓာတ်စီမံခန့်ခွဲမှုကို ထိန်းညှိပေးပါတယ်။ ရေလွှမ်းမိုးမှု ဖြစ်ပေါ်တဲ့အခါအပင်တွေဟာရေဓာတ်အလွန်အမင်းစုပ်ယူမိတဲ့ပြဿနာကြုံရတတ်ပါတယ်။ ပိုတက်စီယမ်ဟာ ဆဲလ်အတွင်း ရေဖိအားကို ထိန်းညှိပေးပြီး ဆဲလ်တင်းမာမှုကို ထိန်းသိမ်းပေးနိုင်တာကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေပါတယ်။ နောက်ထပ်အချက်အနေနဲ့ ပိုတက်စီယမ်ဟာ အမြစ်ဖွံ့ ဖြိုးမှုကို အားပေးပါတယ်။ ရေလွှမ်းမိုးမှုဒဏ်ကိုခံနိုင်ဖို့အတွက် ကောင်းမွန်တဲ့အမြစ်စနစ်ရှိဖို့ အရေးကြီးပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့အပင်တွေဟာ အမြစ်ဖွံ့ဖြိုးမှုကောင်းမွန်တဲ့အတွက် ရေလွှမ်းမိုးမှုကို ပိုမိုခံနိုင်ရည် ရှိကြပါတယ်။ ရေမကြီးခင် ပိုတက်စီယမ်ဓာတ်လုံလောက်စွာရရှိထားတဲ့ အပင်တွေ ဟာ ရေကျသွားပြီး နောက် နာလန်ပြန်ထတာမြန်ပြီး အရွက်တွေမြန်မြန်စိမ်းလာတာ၊ ကြီးထွားမှုမြန်တာမျိုး ဖြစ်စေပါ တယ်။
ထရိုင်ခိုဒါးမားဖျန်းပေးပါ
ရောဂါကာကွယ်ဖို့နဲ့ မြေဆီလွှာကျန်းမာစေဖို့အတွက် ဇီဝမြေဩဇာဖြစ်တဲ့ထရိုင်ခိုဒါးမား (Tricho-derma)ကို ရေမကြီးခင်မှာ ကြိုတင်ပြီး ဖျန်းပေးတာမျိုးလုပ်သင့်ပါတယ်။ ရေကြီးခြင်းဟာ မြေဆီလွှာထဲက အကျိုးပြုဇီဝသက်ရှိများကိုသေစေနိုင်ပြီး မြေဆီလွှာဖွဲ့စည်းမှုကို ပျက်စီးစေပါတယ်။ ထရိုင်ခိုဒါးမားက မှိုမျိုးစိတ်ဖြစ်ပြီး ရောဂါကာကွယ်ဖို့ အသုံးဝင်ပါတယ်။ ရေလွှမ်းတဲ့အခါ မြေဆီလွှာထဲက အောက်ဆီဂျင်နည်းသွားပြီး ရောဂါဖြစ်စေတဲ့မှိုတွေပေါက်ပွားလွယ်ပါတယ်။ ထရိုင်ခိုဒါး မားကို ကြိုတင်ဖျန်းထားရင် ရောဂါကျရောက်မှုတွေကို ထိန်းချုပ်နိုင်ပါမယ်။ ဒါ့အပြင် ရေလွှမ်းခံရတဲ့အပင်တွေဟာ ဖိစီးမှုခံစားရပြီး ခုခံအားကျလေ့ရှိပါတယ်။ ထရိုင်ခိုဒါးမားက အပင်ရဲ့ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့အပြင် အမြစ်ဇုန်တစ်ဝိုက်မှာ အကျိုးပြုဇီဝဒြပ်ထုတွေကို ဖွဲ့စည်းပေးနိုင်သလို အမြစ်ကြီးထွားမှုကို လှုံ့ဆော်ပေးတဲ့ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး အမြစ်ဖွံ့ဖြိုးမှုကိုအားပေးပါတယ်။ ဒါကြောင့် ရေကျသွားပြီး မြေဆီလွှာပြန်ခြောက်ချိန်မှာ အပင်တွေ မြန်မြန်ပြန်နာလန်ထူလာဖို့ ကူညီပေးပါတယ်။ ထရိုင်ခိုဒါးမားဟာ သဘာဝဆွေးမြည့်မှုဖြစ်စဉ် (Decompo-sition)ကို မြန်စေတဲ့အပြင် မြေဆီလွှာဖွဲ့စည်းပုံကို ပြန်လည်ကောင်းမွန်စေပြီး အပင်တွေကို မြေဆီလွှာထဲမှအာဟာရဓာတ်များ အထူးသဖြင့် ဖောစဖရပ်ကို ပိုမိုလွယ်ကူစွာရရှိအောင် ကူညီပေး ပါတယ်။ ထရိုင်ခိုဒါးမားကို ရေကြီးပြီးမှ ဖျန်းရင် မထိရောက်ပါဘူး။ ရေစီးနဲ့ပါသွားနိုင်သလို လိုရာနေရာ ကို မရောက်နိုင်ပါဘူး။ ရေမလွှမ်းခင် အမြစ်စနစ်ကျန်းမာနေချိန်မှာ ဖျန်းတာက ပိုပြီးထိရောက်ပါတယ်။ ဒါကြောင့် ရေလွှမ်းမှုမဖြစ်ခင် ကြိုတင်ဖျန်းထားဖို့အရေးကြီးတယ်။
မိုးဆက်တိုက်ရွာနေချိန်မိုးအဆက်မပြတ်ရွာနေတဲ့အခြေအနေမှာဆိုရင် တောင်သူတွေအတွက် အရေးကြီးဆုံးက စိုက်ပြီးသီးနှံတွေထိခိုက်မှုမရှိစေဖို့အတွက် စိုက်ခင်းထဲရေမဝပ်အောင်လုပ်ဖို့နဲ့ ရေစီးဆင်းမှုကောင်းအောင်လုပ်ဖို့ပါ။ တကယ်တမ်းတော့ သီးနှံတွေစိုက်ပြီဆိုတာနဲ့ စိမ့်မြောင်း၊ ပတ်မြောင်း၊ ရေထုတ်မြောင်းတွေသေချာလုပ်ထားရမှာဖြစ်ပါတယ်။ ရေစီးဆင်းမှုကောင်းအောင် မြောင်းတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ဖို့လည်း လိုပါတယ်။ ရေထုတ်မြောင်းမလုပ်ခဲ့မိဘူးဆိုရင်တော့ သီးနှံပင်တွေ ရေမြုပ်နေရင် အမြစ်ပျက်စီးမှာစိုးရိမ်ရတာကြောင့် အခုလို မိုးဆက်တိုက်ရွာနေချိန်မှာ ယာယီဖြေရှင်းနည်းအနေနဲ့ မြန်မြန်ရေထုတ်နိုင်ဖို့ ရေစုပ်စက်သုံးပြီးရေထုတ်တာ၊ ရေထွက်ဖို့လွယ်ကူ တဲ့နေရာတွေမှာ ရေပိုက်တို့ ပလတ်စတစ်စတို့နဲ့ ရေလမ်းကြောင်းဖောက်ပြီး ရေထုတ်တာမျိုးလုပ် ပေးရပါမယ်။ အကယ်၍ ရုတ်တရက် ရေတက်လာမယ်ဆိုရင် လယ်ကွင်းဘေးတွေမှာ ယာယီရေကာ တာလုပ်နိုင်ဖို့ သဲအိတ်တွေကြိုစုဆောင်းထားတာမျိုးလည်း လုပ်ထားသင့်ပါတယ်။ မိုးများလွန်းတာ ကြောင့် အပေါ်ယံမြေဆီလွှာကို တိုက်စားမှုကနေကာကွယ်ဖို့အတွက် ကောက်ရိုးလိုမျိုး သီးနှံအကြွင်း အကျန်တွေနဲ့ ၄ လက်မအထူခန့် ဖုံးအုပ်ပေးမယ်ဆိုရင် မိုးရေကြောင့် မြေဆီလွှာပျက်စီးမှု ၇၀ ရာခိုင်နှုန်းခန့်လျှော့ချနိုင်မှာဖြစ်ပါတယ်။
ရေကြီးနိုင်တဲ့ဒေသများ
ရေကြီးနိုင်တဲ့ဒေသတွေမှာ ရေဝပ်ဒဏ်ခံနိုင်တဲ့သီးနှံမျိုးတွေ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ဥပမာအနေ နဲ့စပါးစိုက်မယ်ဆိုရင် ရေလွှမ်းခံစပါးမျိုး၊ ရေမြုပ်ဒဏ်ခံမျိုး၊ ရေနက်ကွင်းတွေမှာဆိုရင်တော့ ရေနက် စပါးမျိုးစိုက်သင့်ပါတယ်။ ပြောင်းစိုက်မယ်ဆိုရင်လည်း ရေဝပ်တာကို ငါးရက်လောက်ခံနိုင်တဲ့မျိုး (Water Tolerant Maize)စိုက်သင့်ပါတယ်။ လက်ရှိစိုက်ပြီးသားသီးနှံပျက်စီးသွားရင် အချိန်မီ ပြန်စိုက် နိုင်ဖို့ အရန်မျိုးစေ့တွေဝယ်ထားတာ၊ အရန်ပျိုးပင်တွေစိုက်ထားတာမျိုးလည်း လုပ်သင့်ပါတယ်။
ပေါင်ကြီးတင်စနစ် (Raised Bed Farming or Broad Bed and Furrow)
အကောင်းဆုံးကတော့ သီးနှံတွေစိုက်မယ်ဆိုရင် ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါတယ်။ ရေကြီးရေလျှံမှုဖြစ်နိုင်ခြေများတဲ့ဒေသတွေမှာ ပေါင်ကြီးတင်စိုက်စနစ်ဟာ အပင်တွေကိုရေဝပ်ဒဏ်မှ ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ သဘာဝနည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကနဦးမှာတော့ ပေါင်တွေဖော်ဖို့အတွက် လုပ်အားစိုက်ထုတ်မှုလိုအပ်ချက်တွေ၊ လုပ်အားခကုန်ကျစရိတ်တွေ ရှိသော် လည်း ရေရှည်မှာသီးနှံအထွက်နှုန်းတည်ငြိမ်မှုအတွက် များစွာအထောက်အကူပြုပါတယ်။ လက်ရှိမှာ လည်း ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ ဝါ၊ ဟင်းသီးဟင်းရွက်အစရှိတဲ့ သီးနှံတွေစိုက်ပျိုးတဲ့အခါ ဒီစနစ်ကိုကျင့်သုံး ဆောင်ရွက်နေတဲ့ ဒေသတွေရှိပါတယ်။ အဓိကအားဖြင့် မြစ်ဝကျွန်းပေါ်ဒေသများ (ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး)၊ မြေပြန့်လွင်ပြင်ဒေသများ (စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး)နဲ့ မိုးများပြီး ရေဝပ်လွယ်တဲ့ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလျက်ရှိပါတယ်။ ရေကြီးမှုပမာဏ၊ မြေအမျိုးအစား၊ စိုက်မယ့်သီးနှံ စတဲ့အချက်တွေပေါ်မူတည်ပြီး ပေါင်အမြင့်၊ အကျယ်နဲ့ပေါင်ကြား အကွာအဝေးကို ချိန်ညှိပြီးမှ ပေါင်ပြုလုပ်ဖို့ အရေးကြီးသလို ရေနုတ်မြောင်းတွေကို ပုံမှန်သန့်ရှင်းပေးဖို့လိုအပ်ပါတယ်။ စနစ်တကျလုပ်ထားခဲ့မယ်ဆိုရင် သီးနှံပင်များ ရေမြုပ်ခြင်းမှ ၉၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မြေဆီလွှာအခြောက်မြန်တဲ့အတွက် အမြစ်ဇုန်မှာ လေဝင်လေထွက်ကောင်းစေသလို ပေါင်းပေါက်ရောက်မှုနဲ့ ရောဂါကျရောက်မှုတွေကို ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူစေပြီး မြေဩဇာနဲ့ရေကိုအကျိုးရှိစွာ အသုံးချနိုင်ပါတယ်။
မြေအသုံးချမှု
တောင်သူတွေအနေနဲ့ မိမိဒေသရဲ့မြေအနေအထားအရ မြေကိုစနစ်တကျစီမံအသုံးချတတ်ဖို့လည်း လိုပါတယ်။ ဥပမာ ရေဝပ်ဖို့လွယ်ကူတဲ့မြေနိမ့်ချိုင့်ဝှမ်းလိုဒေသတွေမှာ ရေလွှဲမြောင်းနဲ့ရေကန်ငယ်များ မဖြစ်မနေလုပ်ထားရပါမယ်။ တောင်ပေါ်ဒေသတွေ၊ ကုန်းမြင့်ပိုင်းတွေမှာဆိုရင် သစ်သီးပင်များ (ငှက်ပျော၊ သရက်၊ ပိန္နဲ၊ အုန်း)စတဲ့ ဥယျာဉ်ခြံသီးနှံတွေစိုက်သင့်ပြီး အနိမ့်ပိုင်းရေဝပ်မြေတွေမှာတော့ စပါးနဲ့ ငါးမွေးမြူရေးပေါင်းစပ်ထားတဲ့(Integrated Farming) မျိုးဆောင်ရွက်သင့်ပါတယ်။ ယာသီးနှံ တွေစိုက်တဲ့အခါ အခြေအနေပေးမယ်ဆိုရင် သီးနှံတစ်မျိုးတည်းစိုက်မယ့်အစားသီးနှံ နှစ်မျိုး၊ သုံးမျိုးကို သီးညှပ် သို့မဟုတ် အကန့်လိုက် စိုက်သင့်ပါတယ်။ ဒါမှသာ သီးနှံတစ်ခုပျက်ခဲ့ရင် အခြားကျန်နေတဲ့ သီးနှံကနေ ဝင်ငွေရနိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးရေးတစ်ခုတည်းကိုမလုပ်ဘဲ တစ်နိုင်တစ်ပိုင်မွေးမြူရေးနဲ့တွဲပြီးလုပ်ဖို့လိုပါတယ်။ ဥပမာအနေနဲ့ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွား စတဲ့တိရစ္ဆာန်တွေကို မွေးထားတာမျိုး၊ငါးကန်/ ပုစွန်ကန်တွေမွေးမြူတာမျိုးလုပ်ထားမယ်ဆိုရင် ကိုယ်စိုက်ထားတဲ့ သီးနှံပျက်သွားခဲ့ရင်တောင် မွေးမြူရေးလုပ်ငန်းကနေဝင်ငွေရရှိမှာဖြစ်ပါတယ်။
မြေဆီလွှာတိုက်စားမှုလျှော့ချရေး
ရေကြီးမှုတွေဖြစ်ခဲ့ရင် စိုက်ပျိုးမြေတွေမှာ မြေဆီလွှာတိုက်စားမှု လျော့နည်းစေဖို့အတွက် မြေဆီလွှာနဲ့ ရေထိန်းသိမ်းရေးအလေ့အထကောင်းတွေဖြစ်တဲ့ စိုက်ခင်းဘေးတစ်လျှောက်မှာ ရေတိုက်စားမှုကိုခံနိုင် အောင် ဒေသနဲ့သင့်လျော်တဲ့ နှစ်ရှည်သီးပင်၊ စားပင်တွေစိုက်ပျိုးထားတာမျိုး၊ (Cover crop)တွေ စိုက်ထားတာ၊ ဗာတီဗာမြက်တွေ စိုက်ထားတာ၊ မြေအနေအထားပေါ်မူတည်ပြီး ကွန်တိုကန်သင်း၊ ရေစိမ့်နိုင်တဲ့ ကျောက်စီကန်သင်း၊ နုန်းတားကန်သင်း စတာတွေကို ပြုလုပ်ထား သင့်ပါတယ်။
အထူးသဖြင့် ရုတ်တရက် စိုက်ခင်းတွေထဲကိုရေတွေဝင်လာမယ်ဆိုရင် အလွယ်တကူ ရေဖောက်ထုတ် နိုင်ဖို့ စိုက်ခင်းတွေမှာ ရေထွက်ပေါက်ရှိအောင် သေချာလုပ်ထားပြီး စိုက်ခင်းအနီးပတ်ဝန်းကျင်မှာရှိတဲ့ ချောင်းရိုး၊ မြောင်းရိုးတွေမှာ ရေစီးရေလာကောင်းမွန်စေဖို့ကို ဆောင်ရွက်သင့်ပါတယ်။
ပြန်လည်ကုစားရေး
ရေကျသွားတဲ့အခါမှာတော့ ချက်ချင်းဆိုသလို ရေမြုပ်ခဲ့တဲ့ မြေတွေကို ပြန်လည်ပြုပြင်ကုစားရေး လုပ်ငန်းတွေ စတင်ဖို့လိုပါတယ်။ ရေနုတ်မြောင်းများသန့်ရှင်းခြင်း၊ ရေဝပ်ကျန်ရစ်သောနေရာများကို ရေထုတ်ခြင်း၊ မြေဆီလွှာကို ပြန်လည်ပြုပြင်တဲ့အနေနဲ့ မြေဆီတွင် ဆားဓာတ်စုပုံမှုကို လျှော့ချရန် မိုးရေဖြင့် ဆေးကြောခြင်း(Leaching)စတာမျိုး ဆောင်ရွက်သင့်ပါတယ်။
ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ စိုက်ခင်းတွေကို ပြန်လည်ကုစားခြင်းဟာလည်း ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စပါးစိုက်ထားတာဆိုရင် ရေကြီးနစ်မြုပ်ပြီးနောက် စပါးခင်းရဲ့ရေနစ်မြုပ်မှုအခြေအနေ၊ ပျက်စီးမှုအခြေအနေ၊ မြေဆီလွှာ အခြေအနေနဲ့ ရောဂါကျရောက်မှုအခြေအနေတွေကို အချိန်မီစစ်ဆေးပြီး လိုအပ်တဲ့ပြန်လည် ကုစား ခြင်းလုပ်ငန်းကိုဆောင်ရွက်ရပါမယ်။ ရေမြုပ်မှုဒဏ်ကြာရှည်ခံရတဲ့စပါးခင်းတွေဟာ ရေကြောင့် အပင် ရှည်ထွက်ပြီး အပင်ပျော့နေမှာ ဖြစ်တဲ့အတွက် ရေပြန်ကျချိန်မှာ အပင်ယိုင်လဲမှုနည်းစေဖို့ ကန်သင်း အတွင်းမှရေကိုထိန်းပြီး တဖြည်းဖြည်းချင်း လျှော့ချပြီးမှရေထုတ်ခြင်းကို ဆောင်ရွက်ရပါမယ်။ ဖြစ်နိုင်ရင် စပါးခင်းမှရေကို ပြောင်စင်အောင် ထုတ်ပေးရပါမယ်။
စပါးပင်ငယ်စဉ်ကာလမှာ ရေမြုပ်ခဲ့မယ်ဆိုရင် ကောက်ပင်စိပ်သည့်နေရာမှ ပြန်လည်နုတ်ယူ၍ ကောက်ပင်ကျဲသွားသောနေရာတွေမှာ ကောက်ပင်ဖာထေးခြင်း၊ မြေဩဇာနှင့်ရွက်ဖျန်းမြေဩဇာများ နှုန်းထားမှန်ကန်စွာနဲ့ စနစ်တကျပြန်လည်ထည့်သွင်းပေးခြင်း စတာတွေဆောင်ရွက်သင့်သလို ရေကျ သွားချိန်မှာဖြစ်ပေါ်လာသော စိုထိုင်းဆ၊ အပူချိန်တွေကြောင့် စပါးပင်မှာ မှို၊ ဗက်တီးရီးယား စတဲ့ရောဂါ တွေဖြစ်လာစေနိုင်သလို ပိုးကျရောက်မှုတွေလည်းရှိနိုင်တဲ့အတွက် စောင့်ကြည့်စစ်ဆေး ကာကွယ်တာ မျိုးဆောင်ရွက်ဖို့လိုပါတယ်။ ရေကြီးနစ်မြုပ်ဖြစ်ပွားပြီးနောက် ပြန်လည်စိုက်ပျိုးမယ့် သီးနှံတွေမှာဆိုရင် လည်း ပိုးမွှား၊ ရောဂါတွေကျရောက်နိုင်တာကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့ ဆောင် ရွက်သင့်ပါတယ်။
လုံးဝပျက်စီးသွားတဲ့စပါးခင်းတွေမှာ စပါးပြန်စိုက်ဖို့ အချိန်မီနိုင်မယ်ဆိုရင်တော့ သက်တမ်းတို စပါးမျိုး များကို ပြန်စိုက်သင့်ပါတယ်။ မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိတဲ့ ဧရိယာတွေမှာ ဒေသနဲ့သင့်လျော်ပြီး ဈေးကွက်ရှိတဲ့ အခြားသီးနှံတွေကို အချိန်မီပြန်ပြီးစိုက်သင့်ပါတယ်။ ရေမြုပ်လယ် ယာမြေတွေမှာဆိုရင် ရေထဲကနေတစ်ဆင့် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေပါလာနိုင် ပြီး မြေကြီးထဲမှာ ဓာတုဒြပ်ကြွင်းတွေကျန်ရှိနိုင်တာကြောင့် မြေဆီလွှာဓာတ်ခွဲစစ်ဆေးဖို့လိုသလို ဓာတ်ခွဲအဖြေပေါ်မူတည် ပြီး မြေဆီလွှာကို ပြန်လည်ပြုပြင် ပေးဖို့လည်း လိုအပ်ပါတယ်။
မိုးဆက်တိုက်ရွာချိန်မှာ ရေဝပ်မြေတွေကို ဓာတ်မြေဩဇာထည့်ခြင်းဟာ ငွေကုန်ကြေးကျမှုရှိတာသာ ဖြစ်ပြီး သီးနှံအတွက် အကျိုးမရှိပါဘူး။
ရေထုတ်ဖို့နှင့်ရောဂါကာကွယ်ဖို့ကိုသာ ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ယူရီးယား ဓာတ်မြေဩဇာကို မိုးသည်းထန်စွာရွာနေစဉ်မှာ လုံးဝမသုံးရပါဘူး။ မိုးသည်းထန်နေချိန်မှာ ယူရီးယား ဒြပ်ပေါင်းတွေဟာ မြေဆီလွှာအတွင်းကို စိမ့်ဝင်ဖို့အခွင့်အလမ်းနည်းပြီး မြေကြီးအပေါ်ယံမှာပဲ ရေနဲ့အတူ စီးသွားတာ ဒါမှမဟုတ် အငွေ့ပြန်သွားတာဖြစ်နိုင်ပါတယ်။ စီးဆင်းသွားတဲ့ ယူရီးယားဟာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေထဲရောက်သွားပြီး ရေထုညစ်ညမ်းမှုကိုဖြစ်စေသလို ရေနေသတ္တဝါတွေ ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ပူးပေါင်းဆောင်ရွက်ရေး
ရေကြီးချိန်မှာ လယ်သမားများအချင်းချင်း ပူးပေါင်းကူညီဆောင်ရွက်နိုင်ဖို့အတွက် ကျေးရွာအဆင့် ရေဘေးကာကွယ်ရေးအဖွဲ့များဖွဲ့စည်းထားဖို့လည်းလိုအပ်ပါတယ်။ ဥပမာအနေနဲ့ ရေအသုံးချသူများ အသင်း (Water Users Association-WUA)လိုမျိုး အသင်းအဖွဲ့တွေဖွဲ့ထားပြီး ရေမြောင်းတွေကို အစုအဖွဲ့အလိုက်ပြုပြင်တာ၊ ရွာထဲမှာ ထူးခြားရာသီဥတုသတင်းကို ကြေညာပေးတာ၊ လိုအပ်ချက်တွေ၊ အခက်အခဲတွေကို ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်တာမျိုး လုပ်သင့်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ နည်းလမ်းများကို အချိန်နှင့်တစ်ပြေးညီ လက်တွေ့အသုံးချခြင်းဖြင့် မိုးဆက်တိုက်ရွာမှုကြောင့် သီးနှံများဆုံးရှုံးမှုကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပါကြောင်း ကျေးဇူးရှင်တောင်သူလယ် သမားများအကျိုးကိုမျှော်မှန်းပြီး စိတ်စေတနာထက်သန်စွာဖြင့် လေးစားစွာတင်ပြလိုက်ရပါတယ်။ ။

သဘာဝဘေးအန္တရာယ်များဖြစ်သော မိုးအလွန်အကျွံရွာသွန်းခြင်း၊ ရေကြီးနစ်မြုပ်ခြင်း၊ မုန်တိုင်းများတိုက်ခတ်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း စသည့်ရာသီဥတုပြောင်းလဲမှုများသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ဖြစ်ပေါ်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များကြောင့်အများပြည်သူတို့၏ နေထိုင်ရာ အိုးအိမ်အဆောက်အအုံ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သောသီးနှံများနှင့် မွေးမြူထားသောငါးများ ထိခိုက်ပျက်စီးဆုံးရှုံးကြရသည့်အပြင် ပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးခြင်း၊ စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားကြရခြင်း၊ အများပြည်သူပိုင်လမ်း/တံတားများပျက်စီးခြင်း၊ လျှပ်စစ်မီးရရှိမှုပြတ်တ
သဘာဝဘေးအန္တရာယ်များဖြစ်သော မိုးအလွန်အကျွံရွာသွန်းခြင်း၊ ရေကြီးနစ်မြုပ်ခြင်း၊ မုန်တိုင်းများတိုက်ခတ်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း စသည့်ရာသီဥတုပြောင်းလဲမှုများသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ဖြစ်ပေါ်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များကြောင့်အများပြည်သူတို့၏ နေထိုင်ရာ အိုးအိမ်အဆောက်အအုံ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သောသီးနှံများနှင့် မွေးမြူထားသောငါးများ ထိခိုက်ပျက်စီးဆုံးရှုံးကြရသည့်အပြင် ပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးခြင်း၊ စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားကြရခြင်း၊ အများပြည်သူပိုင်လမ်း/တံတားများပျက်စီးခြင်း၊ လျှပ်စစ်မီးရရှိမှုပြတ်တောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခြင်း စသည့်အခြေခံအဆောက်အဦများ ထိခိုက်ပျက်စီးပြီး သဘာဝပတ်ဝန်းကျင်အခြေအနေများပျက်စီးခြင်းတို့ကြောင့် ငါးရိက္ခာများစဉ်ဆက်မပြတ်တိုးတက်ထုတ်လုပ်ရေးကိုထိခိုက်လျက်ရှိသည်။
သို့ဖြစ်၍ ငါးရိက္ခာအပါအဝင် စားနပ်ရိက္ခာများဖြည့်တင်းနိုင်မှုလျော့နည်းပြတ်တောက်မှုများ အနည်းဆုံးဖြစ်စေရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းများထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ရာသီဥတုအခြေအနေအား အချိန်နှင့်တစ်ပြေးညီထုတ်ပြန်မှုများကို မျက်ခြည်မပြတ်လေ့လာခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအားလိုက်နာဆောင်ရွက်စေရန် သတိပေးနှိုးဆော်ခြင်း၊ မလွှဲမရှောင်သာကြုံတွေ့လာပါက ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေမည့်အစီအမံများဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းနှင့် ထိခိုက်မှုများအမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် အရေးပေါ်ထောက်ပံ့ပေးနိုင်မည့်အစီအစဉ်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းမှ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည်ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် ကြီးမားသော သက်ရောက်မှုများရှိပြီး ငါး၊ ပုစွန်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း ထိုသက်ရောက်မှုများမှ လွတ်မြောက်နိုင်ခြင်းမရှိပါ။ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် မိုးရွာသွန်းမှု ပုံစံများကိုပြောင်း လဲစေပြီး ခြောက်သွေ့သောဒေသများတွင် ရေရှားပါးမှုကို ပိုမိုဆိုးရွားစေသည်။ ငါး၊ ပုစွန်မွေးမြူရေးအတွက် ရေသည် အဓိကအရင်းအမြစ်ဖြစ်သောကြောင့် ရေအရင်းအမြစ်များလျော့နည်းလာခြင်းသည် မွေးမြူရေးလုပ်ငန်းကို ကြီးမားစွာထိခိုက်စေနိုင်သည်။ ရေချိုရှားပါးမှုကြောင့် ငါး၊ ပုစွန်များ ကြီးထွားနှုန်းနှေးကွေးခြင်း၊ ရောဂါဖြစ်ပွားမှုများပြားခြင်းနှင့် သေဆုံးမှုနှုန်းမြင့်တက်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းသည် ကမ်းရိုးတန်းဒေသများရှိ ငါး၊ ပုစွန်မွေးမြူရေးကန်များကို ရေငန်ဝင်ရောက်မှုများစေပြီး ငါး၊ ပုစွန်များ၏ သဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေနိုင်သည်။ ရေငန်ဝင်ရောက်မှုကြောင့် ငါး၊ ပုစွန်များ၏ ကြီးထွားနှုန်းနှင့် ကျန်းမာရေးအပေါ် ဆိုးရွားသောသက်ရောက်မှုများ ရှိနိုင်သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် ငါး၊ ပုစွန်များတွင် ရောဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်သည်။ အထူးသဖြင့် ရာသီဥတုပူနွေးလာခြင်းနှင့် ရေအရည်အသွေးပြောင်းလဲခြင်းတို့ကြောင့် ဗက်တီးရီးယားနှင့်ဗိုင်းရပ်ရောဂါများ ပိုမိုဖြစ်ပွားလာနိုင်သည်။ ရောဂါဖြစ်ပွားမှုများသည် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းအတွက် ကြီးမားသော စီးပွားရေးဆုံးရှုံးမှုများကို ဖြစ်စေနိုင်သည်။ ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်းသည် ငါး၊ ပုစွန်များ၏ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်သည်။ ဥပမာအားဖြင့် ပင်လယ်ရေအပူချိန်မြင့်တက်လာခြင်းသည် သန္တာကျောက်တန်းများကို ပျက်စီးစေပြီး ငါး၊ ပုစွန်များ၏ ကျက်စားရာနေရာများကို ဆုံးရှုံးစေနိုင်သည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေ အောက်ရှိ ဂေဟစနစ်များပျက်စီးခြင်းသည် ငါးပုစွန်များ၏မျိုးပွားနှုန်းကို လျော့နည်းစေနိုင်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းသည် စီးပွားရေးဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ငါး၊ ပုစွန်ထုတ်လုပ်မှုနှုန်း လျော့နည်းလာခြင်း၊ ရောဂါဖြစ်ပွားမှုများပြားလာခြင်းနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့သည် မွေးမြူရေးလုပ်ငန်းရှင်များအတွက် ကြီးမားသောစိန်ခေါ်မှုများ ဖြစ်စေနိုင်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျပြုလုပ်ထားနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးချိန်တွင် ငါးကဏ္ဍနှင့်ပတ်သက်၍ ထောက်ပံ့ကူညီရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရာ နှစ်စဉ်သဘာဝဘေးအန္တရာယ်ဖြစ်သော ရေကြီးနစ်မြုပ်ခြင်းနှင့် ပူပြင်းခြောက်သွေ့မှု လွန်ကဲခြင်းတို့ကြောင့် ငါးမွေးမြူကန်များနှင့်မွေးမြူထားသောငါးများ ပျက်စီးဆုံးရှုံးမှုမှကြိုတင်ကာကွယ်နိုင်ရန် သတိပေးနှိုးဆော်ချက်များကို နေ့စဉ်ထုတ်သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းကွန်ရက်များတွင် ထုတ်ပြန်ကြေညာလျက်ရှိသည်။
လွန်ခဲ့သော ၂၀၁၁ ခုနှစ် လာနီညာဖြစ်သောကာလတွင်မြန်မာနိုင်ငံ၌ မိုးအလွန်အကျွံရွာသွန်းပြီး ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပျက်ခဲ့ပြီးသီးနှံများနှင့်မြေယာများပျက်စီးခဲ့သည်။ အများစုမှာ ကမ်းရိုးတန်းဒေသများနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသများဖြစ်ကြောင်း၊ မွန်၊ ပဲခူး၊ ရခိုင်နှင့် ဧရာဝတီဒေသများတွင် ဇူလိုင်လမှ အောက်တိုဘာလအတွင်း ဆန်စပါးများ တန်ချိန် ၁ ဒသမ ၇ သန်း ပျက်စီးခဲ့ကြောင်း World Bank ၏ အစီရင်ခံစာအရ သိရှိရသည်။ သို့ဖြစ်၍ လာနီညာဖြစ်သောနှစ်တွင် မိုးရွာသွန်းမှုများပြီး ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်လေ့ရှိသဖြင့် ငါး/ပုစွန်မွေးကန်များ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများမဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားခြင်းနှင့် သီးနှံထွက်ကုန်များ ပျက်စီးလေ့ရှိသဖြင့် ငါးမွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသော အစာကုန်ကြမ်းများဖြစ်သည့် ဖွဲနုအား ကြိုတင်စုဆောင်းထားခြင်းများ ဆောင်ရွက်ထားကြရမည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းများအပေါ်သက်ရောက်နိုင်သည့် ကောင်းကျိုးနှင့် ဆိုးကျိုးများ
ရာသီဥတုများပြောင်းလဲလာပြီးရေအပူချိန်မြင့်မားလာခြင်းကြောင့် ငါးများ၏ ကိုယ်ခန္ဓာ အတွင်း အောက်ဆီဂျင်သယ်ပို့မှုဆိုင်ရာကန့်သတ်ချက်များရှိလာသဖြင့် ငါးများ၏ဇီဝကမ္မဗေဒကို ဆိုးကျိုးထိခိုက်စေသည်။ ထိုကဲ့သို့ ငါးများ၏ ဇီဝကမ္မဗေဒဆိုင်ရာ ကန့်သတ်ချက်များသည် အထူးသဖြင့် ငါးမွေးမြူရေးလုပ်ငန်းများကို သိသာသော ကန့်သတ်ချက်များဖြစ်စေသည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းဆိုင်ရာ တိုက်ရိုက်ထိခိုက်သက်ရောက်မှုများမှာ ရေချိုရရှိနိုင်မှု ပြောင်းလဲခြင်း၊ အပူချိန်ပြောင်းလဲခြင်း၊ ပင်လယ်ပြင်အမြင့် ပြောင်းလဲခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် မုန်တိုင်းတိုက်ခတ်ခြင်းကဲ့သို့ ပြင်းထန်သောရာသီဥတု ဘေးအန္တရာယ်များကြိမ်နှုန်းများများ ဖြစ်လာခြင်းတို့ဖြစ်သည်။ သွယ်ဝိုက်သောနည်းဖြင့်ထိခိုက်မှုများမှာ စီးပွားရေးဆိုင်ရာ ထိခိုက်မှုများဖြစ်သော ငါးစာနှင့်အစာကုန်ကြမ်းများရရှိနိုင်မှုနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ ဖြစ်စေသည်။
ဆိုးကျိုးထိခိုက်မှုများမှာ အပူချိန်မြင့်တက်လာမှုကြောင့်အောက်ဆီဂျင်လိုအပ်မှုများလာခြင်း၊ ရေချိုရရှိနိုင်မှုမသေချာခြင်း၊ ပြင်းထန်သော ရာသီဥတုဘေးအန္တရာယ်များဖြစ်ခြင်း၊ ပင်လယ်ပြင်မျက်နှာပြင် မြင့်တက်လာခြင်း၊ ငါးရောဂါနှင့်အဆိပ်အတောက်ဖြစ်မှုများ မကြာခဏဖြစ်ပွားခြင်း၊ ငါးဖမ်းလုပ်ငန်းမှ ရရှိသောငါးပေါင်းမုန့် (Fishmeal) များ ရရှိနိုင်မှု မသေချာခြင်းတို့ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းအပေါ် ကောင်းကျိုးသက်ရောက်မှုများမှာ နွေးသောရေပြင်တွင်ကြီးထွားနှုန်းနှင့် အစာ၏အကျိုးထိရောက်မှုများ ပိုမိုကောင်းမွန်ခြင်း၊ မွေးမြူနိုင်သည့် ကာလတိုးမြင့်လာခြင်း၊ ရေခဲပြင်များလျော့လာသဖြင့် ဝင်ရိုးစွန်းတန်းဒေသများ၌ရေပြင်များ ကျယ်ပြန့်လာခြင်းတို့ဖြစ်သည်။ အစာကွင်းဆက်၏ ကနဦးသက်ရှိကောင်များဖြစ်သော အပင်နှင့် သတ္တမျှောလှေးများ ထုတ်လုပ်နိုင်မှုတိုးလာသဖြင့် အစာစစ်ယူစားသုံးသော ကျောရိုးမဲ့ရေသတ္တဝါများ အတွက်အစာများပိုမိုရရှိနိုင်သည်။
ထို့ပြင် ဒေသရင်းမဟုတ်သော ရေနေသတ္တဝါများ ဝင်ရောက်လာမှုကြောင့် ပြဿနာများဖြစ်လာနိုင်ပြီး အောက်ဆီဂျင်ရရှိနိုင်မှုများကျဆင်းလာခြင်းနှင့် ဘေးဖြစ်နိုင်သောရေညှိရေမှော်များ အလွန်အကျွံ ပေါများလာခြင်းတို့ဖြစ်နိုင်သည်။ သမားရိုးကျမွေးမြူနေသောဧရိယာများ၏ဒေသ အခြေအနေများသည် များစွာသောဒေသရင်း ငါးမျိုးစိတ်များကိုမွေးမြူရန် မသင့်လျော်သောအခြေအနေများဖြစ်လာသည်။ အပူချိန်ပြောင်းလဲမှုဆိုင်ရာ ဖိအားများသည်မွေးမြူသောငါးများ၏ အောက်ဆီဂျင်လိုအပ်မှုများနှင့်အစားအစာလိုအပ်မှုများကဲ့သို့ဇီဝကမ္မဗေဒဆိုင်ရာ လုပ်ငန်းစဉ်များကို ထိခိုက်စေမည်ဖြစ်သည်။ ငါးမွေးမြူရေးလုပ်ငန်းများ၌ ရေအပူချိန်မြင့်တက်လာမှုကြောင့် အစာဖြည့်တင်းမှုများ ပိုမိုတိုးတက်လိုအပ်လာမည်ဖြစ်သည်။ ရေချိုရရှိနိုင်မှုအပြောင်းအလဲများကြောင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ မြစ်ကြောင်းသွားလာမှုလုပ်ငန်းများနှင့် ယှဉ်ပြိုင်မှုများဖြစ်လာနိုင်ပြီး မိုးရွာသွန်းမှုအစီအစဉ်များလည်း ပြောင်းလဲလာမည်ဖြစ်သည်။ မိုးရွာသွန်းမှု များပြားလာမှုကြောင့် ရေကြီးနစ်မြုပ်ခြင်းကဲ့သို့ ပြဿနာများ လည်း ဖြစ်လာနိုင်သည်။ ပင်လယ်ပြင်မျက်နှာပြင် မြင့်တက်လာခြင်းကြောင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအတွက် သားပေါက်များဖြည့်တင်းပေးရာ နေရာများဖြစ်သည့် ကမ်းရိုးတန်းမြေပြင်ဒေသ များ၊ ဒီရေတောနှင့် ပင်လယ်မြက်ခင်းပြင် ဒေသများသည် ရေကြီးဖုံးလွှမ်းခြင်းဘေးအန္တရာယ်များ ဖြစ်လာနိုင်ခြေရှိသည်။
ငါး၊ ပုစွန်မွေးမြူသူများမှ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို လိုက်ပါပြောင်းလဲသည့် နည်းဗျူဟာများ အသုံးချခြင်း
ငါး၊ ပုစွန်သားဖောက်ရုံများသည် မုန်တိုင်းတိုက်ခတ်မှုကြိမ်နှုန်းနှင့် ပြင်းထန်မှုများတိုးလာခြင်း ဘေးအန္တရာယ်အား ကြိုတင်ကာကွယ်ရန် ပိုမိုခိုင်မာတောင့်တင်းသောအမိုးများ ပြုလုပ်ထားခြင်း/ အမိုးများအပေါ်၌ သဲအိတ်များထားရှိခြင်း၊ မီးစက်များကို အမြင့်နေရာ၌ထားရှိခြင်း၊ အပူချိန်မတည်ငြိမ်မှုနှင့်မြင့်မားလာခြင်းအား ငါး၊ ပုစွန်ထည့်သွင်းမွေးမြူနှုန်းလျှော့ချခြင်းနည်းလမ်းဖြင့်ဖြေရှင်းခြင်း၊ မခန့်မှန်းနိုင်သောရာသီဥတုနှင့်မိုးလေဝသပုံစံများကို မိုးလေဝသနှင့်ရေအရည်အသွေးကို စောင့်ကြည့်လေ့လာခြင်း၊ ထည့်သွင်းမွေးမြူနှုန်းလျှော့ချခြင်း၊ ရောဂါကျရောက်မှုနှင့်သေဆုံးမှုတိုးလာပါက ထည့်သွင်းမွေးမြူနှုန်းလျှော့ချခြင်း၊ အစာကြောင့်ညစ်ညမ်းမှုများလျှော့ချနိုင်ရန် အစာကျွေးခြင်းကို ကောင်းစွာစီမံခြင်း၊ ခွင့်ပြုထားသော ပဋိဇီဝဆေးဝါးများ အသုံးချခြင်းတို့ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပင်လယ်လှောင်အိမ်ဖြင့် ငါးမွေးမြူသူများသည် မိုးလေဝသအားစောင့်ကြည့်လေ့လာခြင်း၊ မျိုးငါးများကို ကုန်းပေါ်ရှိမြေကန်များသို့ ရွှေ့ပြောင်းထားခြင်း၊ လှောင်အိမ်များကို ပင်လယ်ပြင်သို့ ရွှေ့ပြောင်းထားခြင်း၊ လှောင်အိမ်၏အနက်ကို ပိုနက်အောင်ပြုလုပ်ထားရှိခြင်း၊ ပိုမို၍ ခံနိုင်ရည်ရှိသော ငါးမျိုးစိတ်များ ပြောင်းလဲမွေးမြူခြင်း၊ မွေးမြူသည့်ရာသီပြောင်းလဲလုပ်ကိုင်ခြင်း၊ ရေချိုဖြင့် ပိုက်လှောင်အိမ်အား မကြာခဏဆေးကြောခြင်း၊ ငါးထည့်သွင်းမွေးမြူနှုန်းလျှော့ချခြင်း၊ စောစီးစွာ ငါးများပြန်လည်ကုန်ထုတ်ဖမ်းဆီးခြင်း၊ ပိုမိုခံနိုင်ရည်ရှိသော ငါးမျိုးစိတ်များအားမွေးမြူခြင်း သို့မဟုတ် ကြီးမြန်သော ငါးမျိုးများမွေးမြူခြင်း၊ ခွင့်ပြုထားသော ပဋိဇီဝဆေးဝါးများ အသုံးပြုခြင်းတို့ကို လုပ်ဆောင်ကြရမည်ဖြစ်သည်။
ရေငန်ပုစွန်မွေးမြူကန်များသည် မိုးလေဝသစောင့်ကြည့်လေ့လာခြင်း၊ သဲအိတ်၊ အမိုးများပြုလုပ်ထားခြင်း၊ မွေးမြူကန်များအား ကန်များ ရေကျော်ဖုံးလွှမ်းထိခိုက်ပျက်စီးခြင်းဘေးမှ ကာကွယ်နိုင်ရန် ပိုက်များနှင့်သဲအိတ်များဖြင့် ကြိုတင်ကာရံထားခြင်း၊ စောစီးစွာကုန်ထုတ်ပြန်လည်ဖမ်းဆီးကုန်ဖော်ခြင်း၊ ဖုံးအုပ်ထားသောကန်များဖြင့် ပုစွန်သားပေါက်များမွေးမြူခြင်း၊ အဆောက်အအုံအတွင်းရှိ ကန်များသို့ပြောင်းရွှေ့မွေးမြူခြင်း၊ ရေအရည်အသွေးကို အနီးကပ်စောင့်ကြည့်လေ့လာခြင်း၊ မွေးမြူသည့်ရာသီပြောင်းလဲဆောင်ရွက်ခြင်း၊ ဘိုင်အိုဖလော့စနစ်ကိုအသုံးပြုမွေးမြူခြင်း၊ ရေအလွှာစုံအလိုက်နေထိုင်အသက်ရှင်သောရေနေသတ္တဝါများ ပေါင်းစည်းမွေးမြူသည့်စနစ်သို့ ပြောင်းလဲဆောင်ရွက်ခြင်း၊ သဘာဝနည်းဖြင့် ရောဂါကုသသောနည်းများနှင့် သဘာဝဆေးဝါးများ အသုံးချဆောင်ရွက်ခြင်း၊ အရည်အသွေးကောင်းမွန်သောမျိုးများအသုံးပြုခြင်းနှင့် ခွင့်ပြုထားသောပဋိဇီဝဆေးဝါးများအသုံးချခြင်းတို့ကို လုပ်ဆောင်ကြရမည်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းကိုကာကွယ်ရန် ရေအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲခြင်းဖြင့် ရေချိုရှားပါးမှုကို လျှော့ချနိုင်သည်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံနိုင်ရည်ရှိသော ငါး၊ ပုစွန်မျိုးစိတ်များကို ရွေးချယ်မွေးမြူခြင်းဖြင့် လုပ်ငန်းကိုပိုမိုတည်ငြိမ်စေနိုင်သည်။ ရောဂါဖြစ်ပွားမှုကိုလျှော့ချရန် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များမြှင့်တင်ခြင်းနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကျင့်သုံးခြင်းနှင့် ငါး၊ ပုစွန်များ၏ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းဖြင့် ဂေဟစနစ်ကိုကာကွယ်နိုင်မည်ဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းသည် ငါး၊ ပုစွန်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းအပေါ် ကြီးမားသောသက်ရောက်မှုများရှိပြီး ထိခိုက်မှုများကိုလျှော့ချရန်အတွက် ထိရောက်သောစီမံခန့်ခွဲမှုနည်းလမ်းများလိုအပ်သည်။
ရာသီဥတုပြောင်းလဲမှုကိုရင်ဆိုင်နိုင်ရန်အတွက် နည်းပညာနှင့်စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်အရေးကြီးသည်။ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော မွေးမြူနည်းစနစ်များ၏ လိုအပ်ချက်တစ်ရပ်အနေဖြင့် ရာသီဥတုနှင့်လိုက်လျောညီထွေရှိသော ရေသတ္တဝါမွေးမြူနည်းစနစ်များ လိုက်နာကျင့်သုံးနိုင်ရန် သဘာဝပတ်ဝန်းကျင်နှင့် ဟန်ချက်ညီသော မွေးမြူနည်းစနစ်များ၊ စနစ်တကျ ရေသတ္တဝါမွေးမြူခြင်းဖြစ်သော ရေကန်များ၊ တာတမံများနှင့် မွေးမြူရေးကန်များစနစ်တကျဒီဇိုင်းဆွဲခြင်း၊ ရေအရည်အသွေးကိုစောင့်ကြည့်ခြင်း၊ ရေသတ္တဝါများ၏ ကျန်းမာရေးကိုစောင့်ကြည့်ခြင်း၊ အာဟာရပြည့်ဝသောအစားအစာများဖြည့်စွက်ခြင်းနှင့် အစားအစာဖြန့်ဖြူးမှုကို ထိရောက်စွာစီမံခန့်ခွဲခြင်း၊ ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိသောမျိုးစိတ်များကို ရွေးချယ်မွေးမြူခြင်း၊ ရာသီဥတုအခြေအနေအလိုက် မွေးမြူရေးနည်းလမ်းများပြောင်းလဲခြင်း၊ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရန် နည်းပညာများအသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း၊ ရေသတ္တဝါများ၏ ကျန်းမာရေးနှင့် ကြီးထွားမှုကိုမြှင့်တင်ခြင်း၊ ရေအရင်းအမြစ်များကို ရေရှည်တည်တံ့စေခြင်း၊ စီးပွားရေးအရပိုမိုထိရောက်မှုရှိခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများကိုလျှော့ချနိုင်ပြီး ရေရှည်တည်တံ့သော မွေးမြူရေးလုပ်ငန်းများဖြစ်ပေါ်လာစေနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

ကြိမ်ပင်သည် မြန်မာမှုနယ်ပယ်တွင်အသုံးဝင်သော အပင်တစ်မျိုးဖြစ်သည်။ ကြိမ်သည် သစ်တောထွက်ပစ္စည်းတစ်မျိုးလည်းဖြစ်သည်။ ကမ္ဘာပေါ်တွင် သစ်တောဖုံးလွှမ်းမှုအများဆုံးစာရင်းတွင် မြန်မာနိုင်ငံပါဝင်ခဲ့သည်။ အာရှဖွံ့ဖြိုးရေးဘဏ်မှ လေ့လာချက်အရ အာရှတိုက်နိုင်ငံများကို သစ်တောဖုံးလွှမ်းမှု အတန်းအစား သုံးမျိုးခွဲထားရာ မြန်မာနိုင်ငံ၊ ပါပူဝါနယူးဂီနီနိုင်ငံ၊လာအို၊ မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံတို့ကို ပထမတန်းစားသစ်တောကြွယ်ဝသောနိုင်ငံအဖြစ် သတ်မှတ်ထားသည်။ မြန်မာ့ကြိမ်ကိုလည်း အဆိုပါသစ်တောထွက်စာရင်းတွင်ထည့်သွင်းထားသည်။

ကြိမ်အခေါ်အဝေါ်နှင့်ပုံသဏ္ဌာန်
ကြိမ်ဟူသောစကားသည် မြန်မာစကားဖြစ်သလို မြန်မာ့ဝေါဟာရလည်းဖြစ်သည်။ ကြိမ်ပင်ကို ရုက္ခဗေဒအမည်အားဖြင့် Chlamus ဖြစ်သည်။ အဆိုပါရုက္ခဗေဒအမည်သည် ရှေးဟောင်း အီဂျစ် စကားလုံးဖြစ်ပြီး စာရေးကိရိယာအဖြစ်အသုံးပြုနိုင်သောကျူရိုးဟု အဓိပ္ပာယ်ရှိ ကြောင်းသိရသည်။ အင်္ဂလိပ်အမည်မှာCane ဟုလည်းကောင်း၊ Rattan ဟုလည်းကောင်းခေါ်ကြပြီး ကြိမ်အလုံးကြီးများကို Cane ဟုခေါ်ကာ ကြိမ်အလုံးငယ်များကို Rattan ဟု ခေါ်ကြောင်းမှတ်သားရသည်။ ကြိမ်ပင်သည် ပင်စည်သေးသွယ်သော၊ အဆစ်ပါသော၊ အဆစ်တွင် အရွက်ထွက်၍ အပင်၏အဖျားပိုင်းတွင် အရွက်စုပုံပေါက်သော အပင်မျိုးဖြစ်သည်။ ကြိမ်ပင်သည် Palm (ပမ်း)မျိုးတွင်ပါဝင်သည်။ Palm (ပမ်း)မျိုးနွယ်ဆိုသည်မှာ အထက်မှာဖော်ပြခဲ့သလို ပင်စည်သေးသွယ်သော၊ အဆစ်ပါသော၊ အဆစ် တွင်အရွက်ထွက်သော၊ အပင်အဖျားပိုင်းတွင် အရွက်စုပုံထွက်သော မျိုးနွယ်ဖြစ်သည်။
ဥပမာ-ကြိမ်ပင်၊ အုန်းပင်၊ ထန်းပင်၊ဝါးပင်၊သင်ပေါင်းကမ္ဘာပေါ်မှာ Palm(ပမ်း)ခေါ်သော အပင်အုပ်စုဝင် ပေါင်း ၁၂၀၀ ခန့်ရှိကြောင်းသိရသည်။ ကြိမ်ပင်သည် ဆူးနှင့်အဆစ်ပါသော နွယ်ပင်ယောင်ယောင်ပင် ယောင်တစ်မျိုးဖြစ်သည်။ ကြိမ်ပင်၏မူရင်းဒေသသည် အာရှတိုက်ဖြစ်သည်။ အရွယ်အစားမှာ အများ အားဖြင့် လက်သန်းလုံး၊လက်မလုံးခန့်ရှိတတ်သည်။ နွယ်ပင်မျိုးဖြစ်၍ ရှည်လျားသည်။
ပေါက်ရောက်ရာဒေသနှင့် အသုံးများသောကြိမ်
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ ၁၉၉၈ ခုနှစ်အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် ကြိမ်မျိုး ရင်းကိုးမျိုးရှိသည်။ မြန်မာနိုင်ငံ၏တော၊ တောင်၊ ရေ၊ မြေသဘာဝအရ ကြိမ်ဖြစ်ထွန်းသောနိုင်ငံ ဖြစ်သည်။ ကြိမ်သည် မြန်မာနိုင်ငံ၏ဒေသအလိုက်ပေါက်ရောက်သော ကြိမ်အမျိုးအစားမတူပေ။
ကြိမ်နီ၊ ရေကြိမ်၊ ရမထာကြိမ်၊ တောင်ကြိမ်၊ နွားရိုက်ကြိမ်နှင့်ကြက်ဥကြိမ်တို့မှာ ချင်းတွင်းမြစ်ဝှမ်း ဒေသ၌ပေါက်ရောက်သည်။ မေခနှင့်မလိခမြစ်ဝှမ်းဒေသမှာမူ ရေကြိမ်၊ ရမထာကြိမ်၊ ကြိမ်ခါး၊ ကပေါင်းကြိမ်၊ မျောက်ချေးကြိမ်၊ တောင်ကြိမ်နှင့်ရေကြိမ်တို့ပေါက်ရောက်သည်။ သိုင်းကြိမ်၊ ဝါးအူကြိမ်၊ ကြိမ်ဖန်၊ကြိမ်နီ၊ တောင်ကြိမ်၊ ရမထာကြိမ်၊ကပေါင်းကြိမ်၊ တုတ်ကြိမ်၊ ကြိမ်ခါးတို့သည် ပဲခူးတိုင်းဒေသကြီး၌ ပေါက်ရောက်ကြသည်။ ရခိုင်ရိုးမဒေသဘက်မှာမူ ကြက်ဥကြိမ်၊ ကြိမ်ခါး၊ ရေကြိမ်၊ ကြိမ်နီ၊ကြိမ်ဖြူကလေး၊ ကြိမ်ပုတ်နှင့် ကပေါင်း ကြိမ်တို့ပေါက်ရောက်ကြသည်။ ကြိမ်ခါး၊ ရေကြိမ်နှင့်ကြိမ်ဖန်အများစုမှာ ရှမ်းကုန်းမြင့်ဒေသဘက်တွင် ပေါက်ရောက်ကြသည်။ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွင် ရမထာကြိမ်၊ ကပေါင်းကြိမ်၊ ရေကြိမ်၊ကြိမ်ခါးနှင့်ကြိမ်နီတို့ပေါက်ရောက်ကြသည်။ ဒေါနတောင်တန်းဒေသဘက်မှာမူ နံ့သာကြိမ်၊ ကြိမ်ပုတ်ကြီး၊ ကြိမ်ပုတ်ငယ်၊ကြိမ်တက်၊ ကြိမ်မဲ၊ ကပေါင်းကြိမ်၊ ရမထာ ကြိမ်၊ တောင်ကြိမ်၊ ဥတစ်လုံးကြိမ်၊ စတန်းကြိမ်၊ တောင်သွန်းကြိမ်၊ မြစိမ်းကြိမ်၊ စန်းသော်တာကြိမ်၊ ရေကြိမ်၊ ကလာကြိမ်စသည်တို့ပေါက်ရောက်ကြသည်။ ဖော်ပြပါဒေသများအနက် ဒေါနတောင်တန်းဒေသ၌ ကြိမ်အများဆုံးပေါက်ရောက်သည်။ အဆိုပါကြိမ်များအနက် ရေကြိမ်၊ကြိမ်နီ၊ ကြိမ်ဝါ၊ မြစိမ်းကြိမ်တို့သည်အများဆုံးခုတ်ယူရရှိနိုင်သော ကြိမ်များဖြစ်သည်။ မြန်မာနိုင်ငံတွင် အသုံး များသောကြိမ်အမျိုးအစားများမှာ သိုင်းကြိမ်၊ရေကြိမ်၊ ကြိမ်နီ၊ ကြိမ်ဖြူကလေး၊ ရမထာ ကြိမ်၊ကပေါင်းကြိမ်ခေါ်သာပေါင်းကြိမ်၊ကြိမ်ပုတ်၊ ကြိမ်ခါး၊ ဝါးပိုးကြိမ်၊ ကြိမ်ဖန်၊ ကြက်ဥကြိမ် တို့ဖြစ်သည်။
ကမ္ဘာ့ကြိမ်ထုတ်ကုန်သမိုင်း
ကြိမ်ပင်သည်သဘာဝပေါက်ပင်တစ်မျိုးဖြစ်သည်။ ခရစ်တော်မပေါ်မီနှစ်ပေါင်းတစ်ရာကျော်ကတည်းက ကြိမ်၏အသုံးဝင်ပုံနှင့်အစွမ်းသတ္တိကို သိရှိပြီး လူသုံးကုန်ပစ္စည်း အဖြစ်တရုတ်နှင့်အိန္ဒိယက စတင်အသုံးပြုလာကြသည်။ ထို့နောက်အဆိုပါကြိမ်ထုတ်ကုန်၊ ကြိမ်ပရိဘောဂများကို ကမ္ဘာ့အနောက်ခြမ်းဒေသသို့ အိန္ဒိယကုမ္ပဏီမှစတင်ရောင်းချခဲ့ရာမှ လူကြိုက်များပြီးကမ္ဘာအနှံ့ပျံ့သွားခဲ့သည်။ ၁၈ ရာစုအရောက်မှာ အမေရိကန်၊ပြင်သစ်၊ စပိန်အထိတင်ပို့ ရောင်းချနိုင်ခဲ့သည်။ ကြိမ်နှင့်ကြိမ်ထည်ပရိဘောဂများအရောင်းသွက်ခဲ့သဖြင့် ကြိမ်စျေးကွက်ဖြစ်လာခဲ့သည်။ ကြိမ်ထုတ်လုပ်မှုနှင့်ကြိမ်ထည်ပရိဘောဂသည် ထိုအချိန်ကတည်းက ကမ္ဘာ့စျေးကွက်ဝင် ပစ္စည်းဖြစ်ခဲ့သည်။
ထိုမှတစ်ဆင့် ကမ္ဘာအရပ်ရပ်သို့ ကြိမ်ထုတ်ကုန် သို့မဟုတ် ကြိမ်ထည်ပစ္စည်းများပျံ့နှံ့ခဲ့ဟန်တူသည်။ မြန်မာနိုင်ငံမှာလည်း ယခုအချိန်အထိကြိမ်ထည်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိသည်။
မြန်မာ့အခြေခံစီးပွားရေး ကြိမ်ထုတ်ကုန်များ
မြန်မာလူမျိုးတို့သည် ရှေးကတည်းကလက်မှုပညာရပ်များကို လက်ဆင့်ကမ်းတတ်မြောက်လာခဲ့ကြသည်။ထိုလက်မှုပညာရပ်များ၌ ဝါးဖြင့်ပြုလုပ်သောလက်မှုပညာ၊ အုန်းလက်ဖြင့်ပြုလုပ်သော လက်မှုပညာ၊ သံ၊ ကြေးတို့ဖြင့်ပြုလုပ်သော လက်မှုပညာ၊ အုတ်အင်္ဂတေ၊ သစ်သားတို့ဖြင့်ပြုလုပ်သော လက်မှုပညာနှင့် ယခုကြိမ်ဖြင့်ပြုလုပ်သောလက်မှုပညာတို့ဖြစ်သည်။ ကြိမ်ကိုအခြေခံ၍ တစ်နိုင်တစ်ပိုင် စီးပွားရေးမှအခြေခံစီးပွားရေးအဖြစ်လည်းလုပ်ကိုင်ကြသည်။ ကြိမ်လက်မှုပညာများအနက် မြန်မာ့ကြိမ်ခြင်းလုံး လုပ်ငန်းသည် ထင်ရှားသောအခြေခံစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သလို ထင်ရှား သောရိုးရာယဉ်ကျေးမှုလက်မှုပညာရပ်တစ်ခုလည်းဖြစ်သည်။ ခြင်းလုံးကို ကြိမ်ဖြင့်ရက်လုပ်ကြရသည်။ မြန်မာနိုင်ငံ၌ခြင်းလုံးရက်လုပ်ခြင်းသည် ကြိမ်ထုတ်ကုန်လက်မှု လုပ်ငန်းတစ်ခုဖြစ်သည်။ ထို့ပြင် ကြိမ်ဝါးတို့ဖြင့်လည်း တင်းတောင်းရက်လုပ်ကြသည်။ ရှေးကစပါးခြင်တွယ်ရာတွင် တင်းတောင်း ကိုသာ အသုံးပြုကြရသည်။ထို့ကြောင့် တင်းတောင်းလုပ်ငန်းသည်အခြေခံစီးပွားရေးတစ်ခုဖြစ်ခဲ့သည်။
စာရေးသူတို့ငယ်စဉ်က ဘေးအိမ်ကအဘိုးတစ်ဦးဆိုလျှင် တင်းတောင်း၊ ဆန်ကော၊ဆန်ခါများ ရက်လုပ်ကာ ရောင်းချ၍အသက်မွေးသည်ကိုတွေ့ဖူးသည်။ အဆိုပါပစ္စည်းများရက်လုပ်ရာ၌ ဝါးနှင့်ကြိမ် ကို အသုံးပြုရက်လုပ်ရသည်။ မြန်မာတိုင်းရင်းသားများအနေဖြင့်လည်း ကြိမ်ဖြင့်ပြုလုပ်သောပစ္စည်း များကို အသုံးပြုကြသည်။ ခန္ဓီရှမ်းတိုင်းရင်းသားတို့ လက်သုံးဓားအိမ်ကိုသစ်သားဖြင့်ပြုလုပ်ပြီး ခါးပတ် ကိုကြိမ်ဖြင့်ပြုလုပ်ကြသည်။ နာဂတိုင်းရင်းသားတို့ဆိုလျှင် ကြိမ်ဖြင့်စားပွဲအမျိုးမျိုးကို ထုတ်လုပ်ကြသည်။ လက်ဖက်ရည်ကြမ်းစားပွဲ၊ ထမင်းစားပွဲစသည်တို့ကိုထုတ်လုပ်ကြသည်။ ထို့ပြင် နာဂတိုင်းရင်းသားတို့အမြတ်တနိုးအသုံးပြုသောပစ္စည်းတစ်မျိုးလည်းရှိသည်။ ထိုပစ္စည်းကား ကြိမ်ဖြင့်ပြုလုပ်သော ကြိမ်ဖျာပင်ဖြစ်သည်။ ကြိမ်ဖျာသည်အေးသည်ဟုသိရသည်။ တစ်ခါတစ်ခါ စာရေးသူတို့ဒေသဘက်သို့ အဆိုပါကြိမ်ဖျာများလိုက်လံရောင်းချကြသည်ကိုတွေ့ရသည်။ ချင်းတိုင်းရင်းသားတို့လည်း ကြိမ်ဖျာရက် လုပ်ကြသည်။ ထို့ပြင် နောင်မွန်း၊ ပန်နန်းဒင် ဒေသတို့တွင်ကြိမ်ထည်လုပ်ငန်းများကို အိမ်တွင်းမှုလုပ်ငန်း အဖြစ်လုပ်ကိုင်ကြသည်။ ကြိမ်သေတ္တာများ၊ တောင်းများ၊ ပလိုင်းများစသည်ဖြင့်ရက်လုပ်ကြသည်။ ရဝမ် လူမျိုးတို့သည်လည်း ကြိမ်ထည်လုပ်ငန်းကိုလုပ်ကိုင်ကြသည်။ ရဝမ်လူမျိုးတို့၏ကြိမ်ထည်ထုတ်ကုန် ပစ္စည်းများကို တရုတ်လူမျိုးတို့နှစ်သက်ကြောင်း သိရသည်။ ထို့ပြင် နောင်မွန်း၊ ပန်နန်းဒင် ဒေသထွက် ကြိမ်ထုတ်ကုန်များကို ပူတာအိုမြို့သို့တင်ပို့ရောင်းချကြသည်။ အဆိုပါကြိမ်ထည်ပစ္စည်းများကို ကမ္ဘာလှည့်ခရီးသည်များက အမှတ်တရဝယ်ယူလေ့ရှိကြသည်။ဤကား မြန်မာ့ကြိမ်ထုတ်ကုန်ကို ကမ္ဘာသိနိုင် သောအဓိကအချက်တစ်ခုဖြစ်သည်။
စာရေးသူတို့ဒေသဘက်မှာလည်းကြိမ်ဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကိုပြုလုပ်ရောင်းချကြသည်။ ကြိမ်ဖြင့်ပြုလုပ်သော စာအုပ်စင်များ၊ ကြိမ်ကုလားထိုင်များ၊ ကြိမ်ဖြင့်ပြုလုပ်ထားသောလူစီး ဒန်းပုခက်များ၊ ကြိမ်ခေါင်းအုံးများစသည်တို့ဖြစ်သည်။ ထို့ပြင် ကျား၊ မဆောင်းကြိမ်ခမောက်များ၊ ကြိမ်ဗန်း အမျိုးမျိုး၊ ကြိမ်ထိုင်ခုံအမျိုးမျိုး၊ ကြိမ်ဗန်းပန်းပွင့်၊လေးထောင့်ပုံကြိမ်ဗန်းများ၊ ဘဲဥပုံကြိမ်ဗန်းများ၊ ကြိမ်ဖြင့်ပြုလုပ်သည့် သစ်သီးထည့်ရန်ကြိမ်ကလပ်များ စသည်တို့ဖြစ်သည်။ ထို့ပြင် ကြိမ်ဖြင့်ပြုလုပ်ထားသော အဆင့်သုံးဆင့်ပါ လေးထောင့်၊ အဝိုင်းပုံပန်းကန်စင်များ၊ ကြိမ်ကုလားထိုင်များ ၊ကြိမ်ဖြင့် ပြုလုပ်ထားသော အိပ်စင်နှင့်ကြိမ်ဆွဲခြင်းအမျိုးမျိုး စသည်တို့လည်းရှိသည်။တချို့ဧည့်ခန်းများဆိုလျှင် ကြိမ်ဆက်တီခုံအစုံချထားသည်ကိုလည်း တွေ့ရသည်။ တချို့ကြိမ်အနားကွပ်ထားသည့် မှန်တင်ခုံမျိုးနှင့်အလှပန်းခြောက်ထိုးသည့် ကြိမ်ပန်းအိုးများလည်းရှိသည်။
မြန်မာနိုင်ငံမှာ ကြိမ်ဖြင့်ပြုလုပ်သောပရိဘောဂဆိုင်များရှိသည်။ ထိုကဲ့သို့ရှိနေခြင်းက မြန်မာ့ကြိမ်ကို အခြေခံသောကြိမ် ထုတ်ကုန်များကိုထုတ်လုပ်လျက်ရှိကြောင်း ထင်ရှားသလို မြန်မာ့ကြိမ်ထည်ကို လူသုံးများကြောင်းလည်း ထင်ရှားသည်။ ထို့ပြင် မြန်မာ့ကြိမ်ထည်သည် စျေးကွက်ဝင်သည်။ အဆိုပါ ကြိမ်ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူများသည် မြန်မာ့ကြိမ်ကိုအခြေခံစီးပွားရေးအဖြစ်လုပ်ကိုင်နေကြသူများဖြစ်သည်။ မြန်မာ့လက်မှုကြိမ်ထည်အမျိုးမျိုးရှိသည်။ကြိမ်ထည်စာအုပ်စင်ဆိုလည်း ပုံသဏ္ဌာန် အမျိုးမျိုးရှိသည်။
အလှပန်းအိုးတင်သည့်ခုံ၊ ကြိမ်ထည်ခန်းဆီး၊ ကြိမ်ထည်မိသားစုထမင်းစားပွဲ၊ ကြိမ်ခုတင်၊ စားသောက်ဆိုင်များတွင် အလှဆင်ကြိမ်မီးဆိုင်းများ၊ ကြိမ်ဖြင့်ပြုလုပ်ထားသော အဝတ်ချိတ်များစသည်ဖြင့် အမျိုးမျိုးပြုလုပ်ထားသည်။ ဖော်ပြပါကြိမ်ထုတ်ကုန်ပစ္စည်းများသည် မြန်မာ့အခြေခံစီးပွားရေး လုပ်ငန်း ပင်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် မြန်မာ့ကြိမ်ထည်ထုတ်ကုန်သည် ပြည်တွင်းမှာသာမကပြည်ပအထိ တင်ပို့နိုင်သော ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ထို့ပြင် မြန်မာ့ကြိမ်ထည်ထုတ်ကုန်ပစ္စည်းများသည် ဥရောပနိုင်ငံများက အများဆုံးမှာယူသည်ဟုသိရသည်။ ပြည်တွင်းမှာဆိုလျှင် အိမ်ဧည့်ခန်းများတွင် အလှဆင်ခြင်း၊ထိုင်ခုံများအဖြစ်အသုံးပြုခြင်း၊ ဟိုတယ်လိုနေရာမျိုး၌အလှဆင်ရာတွင်လည်း အသုံးပြုကြသလိုလူ့အသုံးအဆောင်အဖြစ်လည်း အသုံးပြုကြသည်။ ကြိမ်ပရိဘောဂပစ္စည်း အမျိုးပေါင်း ၅၀၀ ခန့်ရှိသည် ဟုလည်းသိရသည်။ ကြိမ်ပင်သည် မြန်မာလူမျိုးတို့၏ လက်မှု ပစ္စည်းပြုလုပ်ရာတွင် အသုံးပြု သောအဖိုး တန်အပင်ဖြစ်သလို မြန်မာလူမျိုးတို့၏ စီးပွားရေးအခြေခံ ထုတ်ကုန်တစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။

မှိုဟုဆိုလိုက်သည်နှင့် စားသုံး၍သင့်လျော်သောမှို(Mushroom)နှင့် စားသုံးရန်မသင့်သော အဆိပ်ရှိရောဂါဖြစ်စေသောမှို(Fangus)ဟူ၍ ခွဲခြားသိရှိရန်လိုသည်။ စားသုံးရန်မသင့်သော(Fangus) မှိုအမျိုးအစားများမှာ ဥပမာ အစားအသောက်များ အချိန်လွန်၍ ပုပ်သိုးဆွေးမြည့်ရာမှ ပေါက်ပွားလာသော မှိုများကိုဆိုလိုသည်။ မှိုအမျိုးအစားတွင် လူသားတို့ ယနေ့စားသုံးနေသည့် သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသော သဘာဝမှိုနှင့် စနစ်တကျစားသုံးရန် စိုက်ပျိုးထားသည့် ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ငွေမိုးမှို စသည်တို့ဟု အလွယ်မှတ်မိအောင် ဖော်ပြရမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် မျိုးစိတ်ပေါင်းများစွာရှိသည့်အထဲမှ လက်ရှိမြန်မာနိုင်ငံဈေးကွက်ထဲတွင် တွင်တွင်ကျယ်ကျယ်ရောင်းဝယ်ဖောက်ကားလျက်ရှိသော ကောက်ရိုးမှိုစိုက်ပျိုးမှုနှင့် အသုံးဝင်အကျိုးများပုံတို့ကို ဆက်လက် ဖော်ပြပါမည်။
မျိုးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်မှုများ
ယခုအခါ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ သီးနှံဌာနခွဲအောက်မှ မှိုသုတေသန စိုက်ပျိုးရေးခြံများမှ မှိုမျိုးများကို စနစ်တကျမွေးမြူခြင်းသင်တန်း၊ မှိုစိုက်ပျိုးနည်းစနစ်များကို နှစ်စဉ်(သို့) လစဉ် သင်တန်းသားများခေါ်ယူ၍ သင်တန်းပေးမှုများရှိလာကာ နောက်ပိုင်းအချိန်များတွင် မှိုစားသုံး၍ အဆိပ်သင့်ရသည့်ဖြစ်စဉ်များ မရှိသလောက်လျော့နည်းသွားသည်နှင့်အမျှ အာဟာရပြည့်ဝဘေးကင်း လုံခြုံသောမှိုမျိုးများကို တောင်သူ(သို့) အပြင်စီးပွားရေး လုပ်ငန်းရှင်များကိုယ်တိုင် စိတ်ပါဝင်စားလာပြီး မျိုးစေ့ထုတ်လုပ်ရောင်းချကာ နေရာအနှံ့အပြား မှိုများကို လက်တစ်ကမ်းဝယ်ယူ စားသုံးလို့ရရှိနေပြီဖြစ်ရာ ဝမ်းသာစရာပင်ဖြစ်သည်။ သို့ရာတွင် တန်ဖိုးရှိသဖြင့် တစ်ပတ်တစ်ကြိမ်မျှ မှိုဟင်းစားသုံးမှုနှုန်းမှာ မရှိသလောက်နည်းနေသေးသည်ဟုဆိုရပေမည်။
မှိုအဆိပ်သင့်အန္တရာယ်နှင့်အဆိပ်ရှိမှို၏ လက္ခဏာများ
အဆိပ်ရှိမှိုဟုတ်မဟုတ် ခွဲခြားရာ၌ မှို၏အခြေတွင် အခက်ပါရှိနေခြင်း၊ မှိုပွင့်၏ရိုးတံတွင် ခြေကျင်းပုံသဏ္ဌာန်ပါရှိနေခြင်း၊ မှိုထီးရွက်ပေါ်တွင် အကြေးဖတ်များ ပြန့်ကျဲစွာပါရှိနေခြင်း၊ မှိုလက်သည်း၊ မှိုထီးရွက်အောက်ဘက်ရှိ ပါးဟက်များသည် အဖြူရောင်ဖြစ်နေသောမှို၊ မှိုကွန်ချာ၊ အရောင်အသွေးစုံလင်စွာဖြင့် လှပစွာပွင့်နေသောမှိုနှင့် အစိမ်းရောင်မျိုးမှုန်များထုတ်လွှင့်တတ်သောမှိုများဟု ယေဘုယျသတ်မှတ်နိုင်သည်။ ထို့ပြင် မှိုများကိုချက်ပြုတ်သောအခါ ခရမ်းရောင်ကဲ့သို့သော အရောင်ပြောင်းသွားခြင်းမျိုး ရှိပါကလည်း စားသုံးရန်မသင့်သော မှိုအမျိုးအစားအဖြစ် သိရှိနားလည်ထားရမည်ဖြစ်ကြောင်း ယခုဆောင်းပါးတွင် ထပ်မံထည့်သွင်းရေးသားလိုပါသည်။
ဈေးကွက်တွင်အခိုင်အမာ ရပ်တည်လျက်ရှိသောကောက်ရိုးမှို စိုက်ပျိုးသင့်သည့် အချက်များ
ယခုဖော်ပြမည့်မှိုတစ်မျိုးမှာ ဈေးကွက်အတွင်း အခိုင်အမာရရှိထားပြီး ဝယ်လိုအားမြင့်မား၍ ဈေးကောင်းရရှိနေသော ကောက်ရိုးမှို(Oyster Mushroom)ကို တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်စိုက်ပျိုးစေရန်ရည်ရွယ်၍ ယခုဆောင်းပါးကို အကျယ်တဝင့်ရေးသားဖော်ပြရခြင်းဖြစ်သည်။“စိုက်ပျိုးရေးလုပ်ငန်းမှ အစ မျိုးသမီးများက” ဆိုသည့်အတိုင်း မှိုစိုက်ပျိုးခြင်းကို ကလေးသူငယ်များသာမက အမျိုးသမီးများပါ မကျန် စိုက်ပျိုး ထုတ်လုပ်၍ရနိုင်သော ပေါ့ပေါ့ပါးပါး “Home Garden” အိမ်တွင်းဥယျာဉ်တစ်ခုသဖွယ် ထည့််သွင်းစိုက်ပျိုးနိုင်သည်။ ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် မိသားစုများအားလပ်ချိန် စိတ်ပျော်ရွှင်လန်းလာစေကာ ဥယျာဉ်ခြံမှတစ်ဆင့် အပိုဝင်ငွေရရှိစေနိုင်ပြီး ထမင်းစားစားပွဲတွင် အာဟာရပြည့်ဝကာ ဘေးကင်းလုံခြုံသော စားသောက်ဖွယ်ရာမှိုဟင်းအမယ်တစ်ခွက်တိုးလာနိုင်ပြီး စီးပွားဖြစ်လုပ်ကိုင်လာနိုင်ပါက မိမိမိသားစုသာမက အများအတွက်ပါ အစာအဆိပ်သင့်မှုမှ တားဆီးကာကွယ်နိုင်မည်ဖြစ်သည်။
လယ်ယာနှင့် တိရစ္ဆာန်စွန့်ပစ္စည်းများကို မှိုစိုက်ပျိုးရာတွင် အကျိုးရှိစွာပြန်လည် အသုံးချနိုင်ခြင်း
ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အဓိကလိုအပ်သော ကုန်ကြမ်းများသည် ကောက်ရိုး၊ နွားချေး၊ ဖွဲနု၊ ဗေဒါကုန်ကြမ်းများသာဖြစ်သည့်အတွက် လယ်ယာစွန့်ပစ်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်စွန့်ပစ်ပစ္စည်းများကို (Recycle)အဖြစ် ပြန်လည်အသုံးပြုနိုင်ပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကိုလျော့ပါး သက်သာစေရုံမကဘဲ မှိုစိုက်ပျိုးပြီးထွက်ရှိလာသောနွားချေး၊ ကောက်ရိုး၊ ဗေဒါရိုးပြတ်များအား အခြားစိုက်ပျိုးထားသော အပင်များအတွက်ပါ ထပ်မံထည့်သွင်း အသုံးပြုနိုင်သည့်အတွက် ပို၍အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။ မှိုစိုက်ပျိုးရေးလုပ်ငန်းသည် အချိန်တိုအတွင်း မြေနေရာကျဉ်းကျဉ်းတွင် အရင်းအနှီးအသင့်အတင့်နှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့်အတွက် ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သည်။
မှိုတွင်ပါဝင်သောအာဟာရဓာတ်များ
ကောက်ရိုးမှိုတွင် ပရိုတင်း၊ အန်တီအောက်ဆီးဒင့်(Antioxidants)၊ဗီတာမင် B complex (B1, B2,B3,B6,iron,zinc,potassium)စသည့် သတ္တုဓာတ်များပါဝင်သည်။ ၎င်းအာဟာရဓာတ်များ အချိုးမျှတစွာ ပါဝင်သည့်အတွက် သွေးတိုးရောဂါ၊ ဦးနှောက်နှင့် အာရုံကြော၊ ကိုယ်အလေးချိန်ထိန်းချုပ်ရေးနှင့် အင်အားနည်းခြင်းနှင့် သံဓာတ်ချို့တဲ့မှုရောဂါများကိုလည်း ကာကွယ်နိုင်သည်ဟု ဆေးပညာသဘောအရ လေ့လာသိရှိခဲ့ရသည်။
မှိုစိုက်ပျိုးရန်သတိထားသင့်သောအချက်များ
မှိုစိုက်ပျိုးသည့်အခါတွင် အပူချိန်၊ စိုထိုင်းဆ၊ လေထုဖိအား၊ မြေဆွဲအား စသည့်အချက်များကို သတိထားသင့်သည်။ မိမိစိုက်ပျိုးမည့် ဒေသအနေအထားနှင့် မှိုအမျိုးအစားအပေါ် မူတည်၍ ကြိုက်နှစ်သက်သည့်လွှမ်းမိုးမှုများကို ဖြည့်ဆည်းပေးလျှင် အောင်မြင်နိုင်သည်။ မိမိနေထိုင်သည့်ဒေသမှိုပေါက်ဈေး တစ်နည်းအားဖြင့် ဈေးကွက်အခြေအနေကိုစောင့်ကြည့်နေရန်လိုအပ်သည်။ မှိုမျိုးတစ်မျိုးနှင့်တစ်မျိုး အရင်းအနှီးကုန်ကျစရိတ်မတူနိုင်သလို ဈေးနှုန်းဈေးကွက်လည်း တူညီနိုင်မည်မဟုတ်သောကြောင့် မိမိဉာဏ်ရှိသလို စိုက်ပျိုးကြဖို့တိုက်တွန်းချင်သည်။ ယခုဆောင်းပါးတွင် ကောက်ရိုးမှိုစိုက်ပျိုးနည်းများစွာရှိသည့်အနက်မှ စိုက်ပျိုးရန်အလွယ်ကူဆုံးနှင့် အများကစိုက်ပျိုးရန် လက်ခံထားသည့် စနစ်တစ်ခုတည်းကိုသာ ဖော်ပြပေးမည်ဖြစ်ပါသည်။
မျိုးရွေးချယ်မှု
မှိုစိုက်ပျိုးရန်အတွက် အသုံးပြုသည့် မျိုးအနေဖြင့် အခြားသီးနှံများကဲ့သို့ ရေမြေဒေသနှင့်ကိုက်ညီသောမျိုးကို ရွေးချယ်ရသကဲ့သို့ မိမိဝယ်ယူမည့် မျိုးထုတ်လုပ်သူများထံမှ မည်သည့်အပူချိန်တွင် မှိုမျိုးမွေးမြူထားရှိမှုအပေါ်တွင်မူတည်၍ မိမိစိုက်ပျိုးမည့် ဒေသအပူချိန်နှင့် ရာသီပုံစံအပေါ်တွက်ဆ၍ မှိုမျိုးရွေးချယ်စိုက်ပျိုးသင့်သည်။
မြေရွေးချယ်မှု
မြေရွေးချယ်မှုအနေဖြင့် မှိုသည် ဆား၊ ဆပ်ပြာပေါက်သောမြေ၊ မြေအစိုဓာတ်များသော ရေစိမ့်နေသောမြေနှင့် စက်ရုံစွန့်ပစ်ရေများ စိမ့်ဝင်နေသောမြေမှအပ ဥယျာဉ်ခြံကဲ့သို့သော အခြားအရိပ်ရပြီး မြေအစိုဓာတ်အနည်းငယ်ရှိသော မြေတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
အသုံးပြုမည့်ရေ
မှိုစိုက်ပျိုးရာတွင် အသုံးပြုမည့်ရေသည် PH-6-7 ရှိသောရေကို အသုံးပြုပေးနိုင်လျှင်ပို၍ကောင်းမွန်သည်။ PH စံနှုန်းထက် လျော့လွန်း၊များလွန်းသော ရေအမျိုးအစားကို အသုံးပြုပါက မှိုမျှင်မဆင်းနိုင်ခြင်း၊ မှိုသန္ဓေမခဲနိုင်ခြင်းနှင့် မှိုဥလေးများထွက်ရှိလာပါကလည်း ရေအရောင်မလှခြင်းများ ဖြစ်နိုင်သည်။ မှိုစိုက်ပျိုးချိန်နှင့် စိုက်ပျိုးပြီး မှိုသန္ဓေဖျက်သည့်ကာလ ရေလောင်းချိန်တွင် ရေကိုရေပန်းကရားနှင့် မျှတစွာ ဆွတ်ဖျန်းပေးရန်လိုအပ်သည်။
မြန်မာနိုင်ငံရှိ ကောက်ရိုးမှိုစိုက်ပျိုးလေ့ရှိသည့် နေရာဒေသများ
မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးလေ့ရှိကြသည်။
MSME လုပ်ငန်းများတွင် တန်ဖိုးမြှင့်ထုတ်ကုန် တစ်မျိုးအဖြစ် ပါဝင်လာမှု
စားသောက်ဆိုင်ဟိုတယ်ကြီးများတွင် မှိုနှင့်ပတ်သက်သည့် ဟင်းလျာများ၏ ဈေးနှုန်းများကိုကြည့်ပါက မှိုစိုက်ပျိုးထုတ်လုပ်ရန် အခွင့်အလမ်း ပို၍ရရှိစေနိုင်သည်။ ယခုအခါ မှိုမှတစ်ဆင့် စားသောက်ကုန်၊ အလှကုန် ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ် လာသည်များလည်းရှိရာ မြန်မာနိုင်ငံ၏ လက်ရှိတွန်းအားပေးနေသော MSME လုပ်ငန်းများတွင် မှိုသီးနှံထုတ်ကုန် တစ်မျိုးမှာလည်း နေရာရရှိလာပြီဖြစ်ရာ မှိုစိုက်ပျိုးခြင်းသည် အာဟာရပြည့်ဝသော မှိုအစားအစာတစ်မျိုး ထုတ်လုပ်လာနိုင်ရုံမျှမက တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ကာ အသေးစား၊ အလတ်စားစီးပွားရေးသို့ တက်လှမ်းလာနိုင်နေပြီလည်းဖြစ်သည်။
ကောက်ရိုးမှိုသည် အပူချိန် ၂၅-၃၀ ဒီဂရီစင်တီဂရိတ်အတွင်းရှိသော အပူချိန်ရရှိသောဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အတွက် အပူကြိုက်မှိုဟု ယေဘုယျသတ်မှတ်နိုင်သည်။
ကောက်ရိုးမှိုစိုက်ပျိုးရာတွင် အပူချိန်အမျိုးမျိုးအဆင့်ဆင့်ထိန်းသိမ်းပေးရလေ့ရှိသည်။ ကောက်ရိုးမှိုကို အများဆုံးစိုက်ပျိုးလေ့ရှိကြသော ကျင်းစနစ်ဖြင့်စိုက်ပျိုးနည်းကို ဖော်ပြရမည်ဆိုပါက လိုအပ်သောကုန်ကြမ်းနှင့် အရင်းအနှီးများမှာ မှိုမျိုးထုပ်၊ မှိုအစာအာဟာရအဖြစ် ဖွဲနု၊ စက္ကူဂျပ်များ၊ အပူချိန်အတွက် နွားချေး(သို့) ကြက်ချေး၊ အမိုးအုပ်ရန် ပလတ်စတစ်စတို့ လိုအပ်မည်ဖြစ်သည်။ သတိပြုရှောင်ရှားရမည့် အချက်အနေနှင့် မိမိတို့စိုက်ပျိုးမည့် မြေသည် ဆား၊ ဆပ်ပြာပေါက်နေသောမြေ (သို့)စက်ရုံစွန့်ပစ်ရေဆိုး မိလ္လာစိမ့်နေသော မြေမဖြစ်စေရန် ရွေးချယ်စိုက်ပျိုးရမည်ဖြစ်သည်။
ကောက်ရိုးမှိုတစ်နိုင်တစ်ပိုင်စိုက်နည်းစနစ်များ
၁။ ကျင်းပုံစံဖြင့်စိုက်ပျိုးခြင်း
၂။ ခြင်းတောင်းများဖြင့်စိုက်ပျိုးခြင်း
၃။ ကောက်ရိုးထုံးများအသုံးပြု၍စိုက်ပျိုးနည်း
၄။ စက်မှုအသွင်စိုက်ရုံများဖြင့် ဗေဒါကုန်ကြမ်းသုံးစိုက်ပျိုးနည်း ဟူ၍ နည်းစနစ်အမျိုးမျိုးရှိသည်။
ကောက်ရိုးမှိုကို စိုက်ပျိုးမည်ဆိုပါက တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ် စိုက်ပျိုးခြင်းအပေါ်မူတည်၍ ချဲ့ကားလျှင်ချဲ့ကားသလောက် တွင်ကျယ်နိုင်သည်။ မိမိကတစ်နိုင်တစ်ပိုင် စိုက်ပျိုးမည့်သူဖြစ်ပါက အနည်းငယ်မှ စ၍စိုက်ပျိုးသင့်သည်။ ကောက်ရိုးမှိုစိုက်ရာတွင် စိုက်နည်းစနစ်အမျိုးမျိုး ရှိရာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများအဖို့ အောက်ပါနည်းလမ်းများနှင့် အစပျိုးစိုက်ပျိုးခြင်းက ပိုကောင်းနိုင်သည်။
မှိုစိုက်ပျိုးနည်းစနစ်နှင့် ပြုစုမှုပုံစံ
မှိုစိုက်မည့်နေရာသည် ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း အရိပ်ရသောသစ်ပင်ကြီးများ အောက်တွင် စိုက်ပျိုးပါက ပိုကောင်းသည်။ ယခင်အဆက်ဆက်မှို စိုက်ပျိုးခဲ့သောနေရာများမှ ပိုးမွှားရောဂါများ ကာကွယ်နိုင်ရန်အတွက် စိုက်မည့်နေရာအား ကောက်ရိုးမီးရှို့ပေးခြင်းနှင့် မစိုက်ပျိုးမီ စိုက်ကျင်းအတွင်း ထုံး(သို့) ပုရွက်ဆိတ်ဆေးအနည်းငယ်ဖြူးပေးပါ။
မစိုက်ပျိုးမီ ဂျပ်စက္ကူ ၅ ပိဿာကို အလျား ၉ ပေ၊ အနံ ၃ ပေနှင့် အနက် ၆ လက်မရှိသော စတုဂံပုံစံအကျယ်အဝန်းအတွက် လက်တစ်ဝါးစာအရွယ်ဆုတ်ဖြဲထားပြီး ရေစိမ်ပေးထားရမည်။ ၎င်းအကျယ်အဝန်းအတွက် မှိုမျိုး မိမိဝယ်ယူသည့်နေရာမှ အသုံးပြုရန် ညွှန်ကြားထားသည့်အတိုင်းငါးထုပ် (သို့) ခုနစ်ထုပ် စသည်ကို ဖွဲနုငါးဘူးနှင့် ရောမွှေထားပေးပါ။ အပူချိန်ဖန်တီးပေးရန် အဓိကလိုအပ်သော ကုန်ကြမ်းပစ္စည်းဖြစ်သည့် နွားချေး ၉ တင်းကို ပလတ်စတစ် တုတ်ချောင်းအပိုင်းအစ(သို့) မလိုလားအပ်သည့် အမှိုက်များပါမလာစေရန် ဆန်ခါချထားပေးရမည်။ ၎င်းဆန်ခါချထားသော မစိုမခြောက်နွားချေးများကို ကျင်းအတွင်းဖြန့်ခင်းပေးပါ။ ဤတွင် နွားချေးများကို အကုန်သုံးလိုက်ခြင်းမျိုးမဟုတ်ဘဲ အပေါ်အုပ်ရန်အတွက် အနည်းငယ်ချန်ပေးထားရမည်။ နွေတွင်စိုက်ပျိုးပါက လိုအပ်သည့်အပူချိန်ကိုထိန်းချုပ်ရန် လွယ်ကူသည့်အတွက် လျှော့၍ထည့်သွင်းတာမျိုးနှင့် ဆောင်းရာသီတွင်စိုက်ပျိုးမည် ဆိုပါက နွားချေးထက်အပူချိန်များသော ကြက်ချေးကို အသုံးပြုပေးနိုင်လျှင်လည်း ပိုကောင်းသည်။ ထို့နောက် ရေပန်းကရားဖြင့် ဖြည်းဖြည်းမှန်မှန် စိုက်ကျင်းစိုသွားသည်အထိ ရေဖျန်းပေးရမည်။ နွားချေးများဖြန့်ခင်းပြီးပါက ရေစိမ်ထားသော ဂျပ်စက္ကူပျော့ဖတ်များကို ရေမှဆယ်ယူရေညှစ်၍ နေရာလပ်မရှိ ဖြန့်ခင်းပေးပါ။ စက္ကူဖြန့်ထားပြီးပါက ဖွဲနုနှင့်ရောနယ်ထားသော မှိုမျိုးများကိုပါးပါးနှင့်ညီညီ ဖြန့်ခင်းပေးရမည်။ ထို့နောက် နွားချေးအနည်းငယ်ကို မှိုမျိုးလုံအောင်ဖုံးထားပေးပြီး ရေပန်းကရားဖြင့် မှိုမျိုးများမျောမပါသွားစေရန် ဖြည်းဖြည်းချင်းရေလောင်းပေးရမည်။ ထို့နောက် ပလတ်စတစ်အဖြူစကို မှိုစိုက်ကျင်းတွင် အမြင့် ၁ ပေခွဲ အမိုးကိုင်းလုပ်၍ အုပ်မိုးပေးထားပြီး လေလုံအောင် စီမံပေးထားရမည်။ ကောက်ရိုးမှိုသည် အလင်းရောင်မကြိုက်နှစ်သက်သည့် မှိုအမျိုးအစားဖြစ်သည့်အတွက် အမိုးအုပ်ပြီးပါက အလင်းထိုးဖောက်မှုမရှိစေရန် ကောက်ရိုး၊ သက်ငယ်၊ ဓနိ၊ ဂျပ်ဖာများဖြင့် ဖြန့်မိုးပေးနိုင်လျှင်ပိုကောင်းသည်။ ထို့ကြောင့် ကောက်ရိုးမှိုစိုက်ပျိုးရန်မြေနေရာရွေးချယ်ရာတွင် အပင်ကြီးများအောက် အရိပ်ရသောမြေနေရာတွင် ရွေးချယ်နိုင်ပါက ပိုကောင်းသည်။ မှိုစိုက်ပျိုးပြီး လေးရက်အတွင်း အမိုးကိုင်းပေါ်မှ ဂျပ်စက္ကူအုပ်၍အမှောင်ချထားပေးရမည်ဖြစ်သည်။
ထို့နောက်ပိုင်းတွင် မှိုပုံကို တစ်နေ့လျှင် နှစ်ကြိမ် ပလတ်စတစ်စကို လှပ်ပေးပါ။ တစ်ရက်ခြားတစ်ခါ မှိုပုံကိုချွေးလှပ်ပေးရမည်ဖြစ်ရာ မှိုပုံအားပြန်အုပ်သည့်အခါ မှိုအစေ့လေးများပေါ်သို့ ချွေးကျရောက်ပြီး မျိုးသန္ဓေပျက်စီးသွားနိုင်သဖြင့် ဆန့်ကျင်ဖက် ထက်အောက်လှန် အုပ်မိုးပေးရမည်။ အစိုဓာတ်လျော့နည်းနေပါက ရေဖျန်းပေးပါ။ ခြောက်ရက်မြောက်နေ့တွင် မှိုမျှင်များပွား လာမည်ဖြစ်ပြီး မှိုပုံကိုရေဖျန်း ပေးရမည်ဖြစ်သည်။
မှိုမျှင်ဖြတ်သည်ဟုလည်းခေါ်သည်။ နောက်ပိုင်းတွင် မှိုမျှင်ဖြတ်ပြီး မှိုမျှင်များ ခဏပျောက်သွားပြီးမှ မှိုဆန်ကွဲစေ့(မှိုသန္ဓေစေ့လေး)များစတင်ထွက်ရှိလာပြီး စတင်စိုက်ပျိုးသည့် ရက်မှ ၁၄ ရက်အတွင်း မှိုစတင်ခူးဆွတ် နိုင်မည်ဖြစ်သည်။
မှိုခူးဆွတ်နည်းပုံစံ
ကောက်ရိုးမှိုကို ကြက်ဥလုံးအရွယ် အနေအထားလောက်တွင် စတင်ခူးဆွတ်နိုင်မည်ဖြစ်သည်။ မှိုဥများသည် အစုလိုက်ပေါက်ရောက်သည် များလည်းရှိရာ မိမိပထမဆုံးစံထားမည့်ဥ မပွင့်ခင်အထိ ဘေးမှိုများမှိုလုံး ကြီးလာသည်ထိစောင့်၍ အစုလိုက်အပြုံလိုက် ခူးဆွတ်ပေးရန် လိုအပ်သည်။ မှိုခူးရာတွင်လည်း ချွန်ထားသောဓားနှင့် လှီးဖြတ်ယူနိုင်သလို လက်ဖြင့်နုတ်ယူနိုင်တာမျိုးလည်းရှိသည်။ ဓားနှင့်ခူးဆွတ်ရာတွင် သတိထားရမည့် အချက်မှာ အသားစကျန်ခဲ့နိုင်သည်မျိုး ရှိနိုင်သဖြင့် မှိုခူးပြီးနောက်ပိုင်း အချိန်များတွင် တစ်ရက်ခြားတစ်ခါ ချွေးလှပ်ရာတွင် ချွေးစများ မှိုပေါ်တွင် ကျရောက်ပြီး ပျော့ပုပ်နိုင်သဖြင့် သတိထားခူးဆွတ်ရန် အထူးလိုအပ်သည်။
မှိုတစ်ကျင်းတွင် မိမိအသုံးပြုသော မျိုးထုပ်အပေါ်မူတည်၍ ရရှိနိုင်ပြီး သက်တမ်းတစ်လခန့်ထိ ခူးဆွတ်နိုင်မည်ဖြစ်ရာ လက်ရှိပေါက်ဈေး အနေဖြင့် မှိုစိုက်ပျိုးသူများအတွက် ဝင်ငွေတိုးအဆင်ပြေလျက်ရှိသည်။ အထွက်နှုန်းအနေဖြင့် အသုံးပြုသည့်ကုန်ကြမ်းနှင့် ပြုစုမှုအပေါ်မူတည်၍ ထွက်ရှိနိုင်မည်ဖြစ်သည်။
အချိန်တိုအတွင်း အရင်းအနှီးနည်းနည်းနှင့် မိသားစုဝင်ငွေရရှိရုံမျှမက ဈေးကွက်ထဲတွင် ဈေးအမြင့်ဆုံးရရှိနေသော ကောက်ရိုးမှိုဥငယ်များအား စိုက်ပျိုး အကောင်အထည်ဖော်ကြပြီး ဈေးကွက်သို့တင်ပို့ ရောင်းချခြင်းဖြင့် အသေးစားစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် မှိုစိုက်ပျိုးခြင်း လုပ်ငန်းအောင်မြင်နိုင်ပါစေကြောင်း ဤဆောင်းပါးဖြင့် ဆန္ဒပြုရေးသား ဖော်ပြလိုက်ရပါသည်။ ။

မြေသြဇာသည်စိုက်ပျိုးရေးအတွက် အရေးပါသည်။လူသားနှင့်သက်ရှိများအတွက် အာဟာရဓာတ်လိုအပ်သကဲ့သို့ပင် စိုက်ပျိုးသီးနှံပင်များအတွက်လည်း အာဟာရဓာတ်လိုအပ်သည်။ အပင်များအတွက်လိုအပ်သောအာဟာရဓာတ်ကို မြေသြဇာများကရရှိခြင်းဖြစ်သည်။ မြေသြဇာကို ဓာတ်မြေသြဇာနှင့်သဘာဝအော်ဂဲနစ်မြေသြဇာဟူ၍ ခွဲခြားထားသည်။ဓာတ်မြေသြဇာကိုလူတိုင်းသိကြသည်။ ယနေ့ခေတ်တွင်စိုက်ပျိုးတောင်သူတိုင်း ဓာတ်မြေသြဇာကိုအသုံးပြုနေကြသည်။ သဘာဝအော်ဂဲနစ်မြေသြဇာဟူသည်တိရစ္ဆာန်အညစ်အကြေးများနှင့်ဟင်းသီးဟင်းရွက်အဆွေးများဟုအကြမ်းအားဖြင့်ဆိုနိုင်သည်။ ယခုဖော်ပြမည့် တီကောင်စွန့်
မြေသြဇာသည်စိုက်ပျိုးရေးအတွက် အရေးပါသည်။လူသားနှင့်သက်ရှိများအတွက် အာဟာရဓာတ်လိုအပ်သကဲ့သို့ပင် စိုက်ပျိုးသီးနှံပင်များအတွက်လည်း အာဟာရဓာတ်လိုအပ်သည်။ အပင်များအတွက်လိုအပ်သောအာဟာရဓာတ်ကို မြေသြဇာများကရရှိခြင်းဖြစ်သည်။ မြေသြဇာကို ဓာတ်မြေသြဇာနှင့်သဘာဝအော်ဂဲနစ်မြေသြဇာဟူ၍ ခွဲခြားထားသည်။ဓာတ်မြေသြဇာကိုလူတိုင်းသိကြသည်။ ယနေ့ခေတ်တွင်စိုက်ပျိုးတောင်သူတိုင်း ဓာတ်မြေသြဇာကိုအသုံးပြုနေကြသည်။ သဘာဝအော်ဂဲနစ်မြေသြဇာဟူသည်တိရစ္ဆာန်အညစ်အကြေးများနှင့်ဟင်းသီးဟင်းရွက်အဆွေးများဟုအကြမ်းအားဖြင့်ဆိုနိုင်သည်။ ယခုဖော်ပြမည့် တီကောင်စွန့်ပစ်မြေသြဇာသည်သဘာဝအော်ဂဲနစ်မြေသြဇာအမျိုးအစား၌ ပါဝင်သည်။ တီကောင်စွန့်ပစ်မြေသြဇာသည် နည်းပညာခက်ခဲမှုမရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ နေရာမရွေး ပြုလုပ်နိုင်ခြင်း၊ လိုအပ်သလောက်ကိုသာ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ခြင်းနှင့် မြေသြဇာအဆင့်အတန်းမြင့်မားခြင်းတို့ကြောင့် သုံးစွဲသူများအနေဖြင့် အကျိုးရှိစေသည်။ ထို့ပြင် တီကောင်စွန့်ပစ်မြေသြဇာသည် အော်ဂဲနစ်နည်းစနစ်ဖြင့် စိုက်ပျိုးမည့်တောင်သူများအတွက် အားထားစရာမြေသြဇာတစ်မျိုးလည်းဖြစ်သည်။
အကျိုးပြုတီကောင်မျိုးစိတ်နှင့်သဘာဝ
တီကောင်ကိုလူတိုင်းသိကြသည်။ တချို့ကတီကောင်ကိုရွံကြသည်။ သို့သော် တီကောင်သည်အခြားသက်ရှိများကဲ့သို့ အစုံစားသတ္တဝါမဟုတ်ပါ။မြေကြီးကိုသာစားသုံးသောသတ္တဝါဖြစ်သည့်အတွက်ရွံစရာတော့မဟုတ်ပါ။ ကမ္ဘာပေါ်တွင် တီကောင်မျိုးစိတ်ပေါင်း ၃၀၀ ကျော်ရှိသည်။ သို့သော် အော်ဂဲနစ်စိုက်ပျိုးရေးအတွက် အသုံးဝင်သောမျိုးစိတ်အနည်းငယ်သာရှိသည်။ အဆိုပါ တီကောင်မျိုးစိတ်ကို အုပ်စုနှစ်စုခွဲထားသည်။ ပထမအုပ်စုမှာ မြေဆီလွှာအပေါ်ယံလွှာတွင် နေထိုင်ကျက်စားသောအုပ်စုနှင့်မြေဆီလွှာအတွင်းပိုင်းတွင် နေထိုင်ကျက်စားသောအုပ်စုတို့ဖြစ်သည်။ မြေဆီလွှာအပေါ်ယံတွင်နေထိုင်သောတီကောင်များသည် လတ်ဆတ်သောဇီဝပစ္စည်း ၉၀ ရာခိုင်နှုန်းနှင့် မြေကြီး ၁၀ ရာခိုင်နှုန်းကို စားသုံးကာမြေဆွေးပြုလုပ်ပေးသည့်အုပ်စုဖြစ်သည်။ ထိုတီကောင်များသည် အနီရောင်တီကောင်များဖြစ်သည်။ထိုမျိုးစိတ်များသည် စာရေးသူတို့နိုင်ငံ၏ရာသီဥတုနှင့်ကိုက်ညီသဖြင့် မြန်မာနိုင်ငံတွင်ကောင်းစွာပေါက်ပွားရှင်သန်ကြသည်။ မွေးမြူရာတွင်လည်း ယခုမျိုးစိတ်ဖြစ်သော အနီရောင်တီကောင်မျိုးစိတ်သာဖြစ်သည်။ဒုတိယအမျိုးအစားမှာမြေကြီးအတွင်းပိုင်း၌ကျက်စားနေထိုင်လေ့ရှိသည်။ မြေကြီးအတွင်းပိုင်း၌ မြေဆွေးရောစပ်မှု အားကောင်းသောမြေအမျိုးအစားတွင်နေထိုင်ကြသည်။ ထိုတီကောင်များသည် ညဘက်၌သာလှုပ်ရှားသွားလာလေ့ရှိကြသည်။ အကြောင်းမှာအလင်းရောင်ကိုမနှစ်သက်ကြသောကြောင့်ဖြစ်သည်။တီကောင်မွေးမြူမည်ဆိုပါက မိမိမွေးမြူမည့်ဒေသရာသီဥတုနှင့်ကိုက်ညီသော အမျိုးအစားကိုရွေးချယ်မွေးမြူဖို့လိုသည်။ သို့မှသာတီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာများများရရှိနိုင်မည်ဖြစ်သည်။
အပူချိန်နှင့်ရာသီဥတု
အထက်ကဖော်ပြခဲ့သော တီကောင်အမျိုးအစားသည် မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီသဖြင့် မြန်မာနိုင်ငံတွင်ကောင်းစွာ ရှင်သန်ပေါက်ပွားနိုင်သည်။တီကောင်မွေးမြူ၍တီကျစ်စာမြေသြဇာထုတ်လုပ်မည်ဆိုပါက အပူချိန်နှင့်ရာသီဥတုကိုက်ညီဖို့လိုသည်။တီကောင်များသည်ပူလွန်း၊ အေးလွန်းသောရာသီမျိုးကိုမနှစ်သက်ကြပေ။ တီကောင်များကြိုက်နှစ်သက်သော အပူချိန်မှာ ၁၅ ဒီဂရီမှ ၂၅ ဒီဂရီအတွင်းဖြစ်ပြီး အပူချိန် ၃၀ ကျော်လွန်ပါက ပွားများနှုန်းရပ်တန့်သွားသည်။ ထို့ထက်အပူချိန်ပိုမြင့်လာပါက သေဆုံးသည်အထိဖြစ်နိုင်သည်။ ထို့ကြောင့် တီကောင်မွေးမြူခြင်းသည်ရာသီဥတုနှင့်ဒေသအပူချိန်အပေါ် များစွာတည်မှီနေကြောင်းသတိပြုဖို့လိုသည်။
တီမွေးမြူရေးကန်ပြုလုပ်ခြင်း
တီမွေးမြူ၍ တီကောင်စွန့်ပစ်မြေသြဇာထုတ်လုပ်မည်ဆိုပါက ပထမဆုံးမွေးမြူမည့်ကန်ပြုလုပ်ရမည်။ တီကောင်ကို အုတ်ကန်များဖြင့်မွေးမြူကြသည်။တီကောင်သည်မြေကြီးအတွင်းနေထိုင်သောသတ္တဝါဖြစ်သည့်အတွက် အုတ်ကန်ဖြင့်မွေးမြူခြင်းဖြစ်သည်။ တီမွေးကန်ဆောက်လုပ်ရာတွင် အလျား ၁၀ ပေ၊အနံ ၅ ပေ၊ အမြင့် ၃ ပေအုတ်ကန်များပြုလုပ်ရသည်။
တချို့က ပလတ်စတစ်ပုံးများ၊ သစ်သားပုံးများဖြင့် မွေးမြူကြသည်။ အုတ်ကန်ကို မိမိမွေးမြူမည့် ပမာဏ အလိုက် အနည်းအများပြုလုပ်နိုင်သည်။ အုတ်ကန်ပြုလုပ်ရာတွင် အောက်ခြေကိုအရည်များ အလွယ်တကူလျှောဆင်းနိုင်စေရန် နိမ့်လျှောပြုလုပ်ပေးရမည်။
ထို့နောက်အုတ်ကန်၏အောက်ခြေတွင် အုတ်ခဲကျိုးများထည့်ပေးရမည်။ ထို့နောက်အုတ်ခဲကျိုးပေါ်တွင် နွားချေးခြောက်ကို ၆ လက်မထူအောင်ခင်းပေးရသည်။ ထိုနွားချေးခြောက်ပေါ်၌ ပေါင်းမြက်များကို ၈ လက်မခန့်ထပ်ဖုံးပေးရမည်။ တီမွေးကန်ကို အမိုးမိုးပေးရသည်။ ထို့နောက် ထိုကန်ကိုအဖုံးဖုံး၍ အဖုံးကိုလေဝင်လေထွက်ကောင်းစေရန် အပေါက်ဖောက်ပေးထားရမည်။ တီမွေးကန်ကိုနံနက်တိုင်းရေပန်းကရားဖြင့် ရေအနည်းငယ်ဖျန်းပေးပါ။ ရေခြောက်နေလျှင် တီကောင်များသေတတ်သည်။ ရေဝပ်နေလျှင်လည်းသေတတ်သဖြင့် ရေဖျန်းရာတွင် ချင့်ချိန်ဖျန်းပေးဖို့လိုသည်။ မွေးမြူမည့်တီမျိုးများကိုမြန်မာနိုင်ငံစိုက်ပျိုးရေးလုပ်ငန်း(ရန်ကုန်တိုင်း)၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံသုတေသနနှင့်ဖွံ့ဖြိုးရေးဗဟို(လှည်းကူး)၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း(ပြင်ဦးလွင်) စသည်တို့မှာ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။
တီကောင်အတွက် အာဟာရဓာတ်များတီမွေးမြူရေးကန်ကို ပြုလုပ်ပြီးပါက ကန်အတွင်းသို့တီကောင်များထည့်ပေးရသည်။ ထို့နောက်တီကောင်များအတွက်လိုအပ်သောအာဟာရများကိုကျွေးပေးရသည်။ တီကောင်အတွက် အာဟာရဓာတ်သည် တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာအတွက်အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ တီကောင်ကြိုက်နှစ်သက်သောအစားအစာများကို များများကျွေးရသည်။ များများစားမှသာတီကျစ်စာများများရမည်။
တီကောင်ကြိုက်နှစ်သက်သော အစာများမှာငှက်ပျောပင်၏အစိတ်အပိုင်းများနှင့်ငှက်ပျောခွံများ၊သစ်ရွက်စိမ်းများ၊ ကြက်ဥ၊ ဘဲဥ၊ ဖျော်ပြီးသားကော်ဖီမှုန့်နှင့် လက်ဖက်ခြောက်ဖတ်များ၊ အမှည့်လွန်သစ်သီးများ၊ သစ်စေ့အခွံနှင့်လွှစာမှုန့်များ၊ ဟင်းသီးဟင်းရွက်နှင့် ဟင်းသီးဟင်းရွက်အပုပ်များ စသည်တို့ကို ကြိုက်နှစ်သက်ကြသည်။
တီကောင်စွန့်ပစ်မြေသြဇာထုတ်လုပ်ခြင်း
တီကောင်များသည်အစိုဓာတ်ကိုကြိုက်နှစ်သက်သည်။ သို့သော် ရေဝပ်ခြင်းကိုမနှစ်သက်ပေ။ တီမွေးကန်မခြောက်အောင်နေ့စဉ်သင့်သလောက်ရေဖျန်းပေးရသည်။ ဤကဲ့သို့ပြုလုပ်ပေးပါက တီကန်ထဲတွင်ရှိသော အာဟာရဓာတ်များသည် ရေအစိုဓာတ်နှင့်အတူပျော်ဝင်ကာ တီကန်အောက်ခြေသို့စိမ့်ဝင်ရောက်ရှိသွားသည်။ ထို့နောက် ယင်းကိုအုတ်ကန်အောက်ခြေရှိပိုက်မှတစ်ဆင့်စုပ်ယူပါက ရေနှင့်အတူနိုက်ထရိုဂျင်ကြွယ်ဝစွာပါဝင်သော သဘာဝအော်ဂဲနစ်မြေသြဇာကိုရရှိသည်။
ထို့ပြင်တီကောင်များက လူတို့စားသုံး၍ စွန့်ပစ်လိုက်သော စားကြွင်းစားကျန်များနှင့် မြေဆီမြေနှစ်များ၊ အပင်၏အစိတ်အပိုင်းများကိုစားသုံးကာ မစင်အဖြစ်ပြန်လည်စွန့်ထုတ်လေ့ရှိသည်။ ယင်းကိုတီကျစ်စာဟုခေါ်သည်။ တီကျစ်စာသည် အပင်နှင့်စိုက်ပျိုးသီးနှံများအတွက် သဘာဝအော်ဂဲနစ်မြေသြဇာဖြစ်သည်။
တီကျစ်စာသည်အပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နှင့် ကယ်စီယမ်တို့ပေါင်းစပ်ပါဝင်သည့်အပြင် မြေဆီလွှာကို ထိန်းသိမ်းရာတွင်လည်းအရေးပါလှသည်။ တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာခဲကို တီကောင်စတင်မွေးမြူပြီး သုံးလခန့်အကြာတွင် အညိုရောင်တီကျစ်စာမြေဆွေး သို့မဟုတ် တီကောင်စွန့်ပစ်မြေသြဇာရည်ကိုစတင်ရရှိမည်ဖြစ်သည်။ တီမွေးမြူရေးကန်တစ်ကန်ကို တီကျစ်စာရည် သို့မဟုတ် တီကောင်စွန့်ပစ် မြေသြဇာရည် ၁၂ ဂါလန်အထိရနိုင်ကြောင်း သိရသည်။
တီကောင်စွန့်ပစ်မြေသြဇာရှိ အာဟာရဓာတ်များတီကျစ်စာမြေဆွေး သို့မဟုတ် တီကောင်စွန့်ပစ်မြေသြဇာတွင် သီးနှံပင်များအတွက် အာဟာရဓာတ်များပါဝင်နေသည်။ တီကောင်စွန့်ပစ်မြေသြဇာသည် အပင်များကိုသန်စွမ်းစေသည်။ အသီးအထွက်နှုန်းကောင်းစေသည်။ အသီးအရောင်အသွေးလှစေသည်။ အသီးအနှံများကိုလည်း အရသာကောင်းမွန်စေသည်။တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာမြေဆွေးရည်ကို မြေဆွေးရည် ၁ ဆ၊ ရေ ၁၀ ဆနှင့်ရော၍ ရွက်ဖျန်းမြေသြဇာအဖြစ်အသုံးပြုနိုင်သည်။
တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာမြေဆွေးကိုသီးနှံအလိုက်ကျွေးနှုန်းများရှိသည်။
လယ်ယာသီးနှံအတွက်ဆို တစ်ဟက်တာလျှင် ခြောက်တန်၊ ဟင်းသီးဟင်းရွက်အတွက် တစ်ဟက်တာလျှင် ၁၂ တန်၊ သစ်သီးဝလံအတွက်မူ တစ်ဟက်တာလျှင် ၁၀ တန်ကျွေးပေးနိုင်သည်။ တီကောင်စွန့်ပစ်မြေသြဇာတွင်ပါဝင်နေသော အာဟာရဓာတ်များမှာ နိုက်ထရိုဂျင် ၄ ဒသမ ၈၅ ရာခိုင်နှုန်း၊ ဖော့စဖရပ် ၄ ဒသမ ၅၅ ရာခိုင်နှုန်း၊ပိုတက်စီယမ် ၁ ဒသမ ၈၂ ရာခိုင်နှုန်း၊ ကယ်စီယမ် သုည ဒသမ ၈၉ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် သုည ဒသမ ၂၁ ရာခိုင်နှုန်းအသီးသီးပါဝင်နေသည်။ တီကောင်စွန့်ပစ်မြေသြဇာသည် သီးနှံပင်များအတွက် လိုအပ်သောအာဟာရဓာတ်များပါဝင်နေသည်။
သီးနှံပင်နှင့်မြေဆီလွှာအတွက် အကျိုးကျေးဇူးများတီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်စာခဲတွင် အပင်အတွက်လိုအပ်သောအာဟာရဓာတ်များပါဝင်နေသည်။ စိုက်ပျိုးရေးအတွက် တီကောင်စွန့်ပစ်မြေသြဇာပြုလုပ်သုံးစွဲခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကိုရရှိစေသည်။
(၁) အပင်အတွက်လိုအပ်သောအာဟာရဓာတ်များ ကိုရရှိစေခြင်း၊
(၂) အပင်များကိုရှင်သန်ကြီးထွားစေခြင်း၊
(၃) အပင်များမျိုးအောင်စေရန် အထောက်အကူဖြစ်စေခြင်း၊
(၄) အပင်၏အမြစ်များကိုခိုင်မာစေခြင်း၊
(၅) အပင်အကျိုးပြု အဏုဇီဝပိုးများကိုပွားများစေခြင်းစသည့်အကျိုးကျေးဇူးများကိုရရှိစေသည်။
ထို့ပြင်တီကောင်စွန့်ပစ်မြေသြဇာကိုအသုံးပြုခြင်းဖြင့်မြေဆီလွှာကိုလည်း အကျိုးပြုပေးသည်။
မြေဆီလွှာအတွက်အကျိုးကျေးဇူးများ
(၁) မြေဆီကိုမြေသြဇာကောင်းစေခြင်း၊
(၂) မြေကြီးအစိုဓာတ်ကိုထိန်းပေးခြင်း၊
(၃) မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ပေးခြင်း၊
(၄) မြေကြီးအတွင်း အောက်ဆီဂျင်ပိုရောက်စေခြင်း၊
(၅) မြေချဉ်ငန်ကိန်းကိုညီညွတ်မျှတစေခြင်း၊
(၆) မြေဆီလွှာအတွင်း အဏုဇီဝပိုးကို ၁၀ ဆမှ အဆ ၂၀ အထိတိုးပွားလာစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေသည်။
အခြားအကျိုးကျေးဇူးများ
တီကောင်စွန့်ပစ်မြေသြဇာကိုအသုံးပြုခြင်းအားဖြင့် အကျိုးကျေးဇူးများစွာကိုရရှိစေသည်။ သီးနှံပင်နှင့်မြေဆီလွှာအတွက်အကျိုးကျေးဇူးကို အထက်၌ စာရေးသူဖော်ပြခဲ့ပြီးဖြစ်သည်။ ဒါ့အပြင် အခြားအကျိုးကျေးဇူးများလည်းရှိပါသေးသည်။ ယင်းတို့မှာ -
(၁) နည်းပညာခက်ခဲမှုမရှိသဖြင့် လွယ်ကူစွာထုတ်လုပ်နိုင်ခြင်း၊
(၂) စွန့်ပစ်ပစ္စည်းများဖြင့်ထုတ်လုပ်ပေးနိုင်သဖြင့်ကုန်ကျစရိတ်သက်သာစေခြင်း၊
(၃) နေရာမရွေးပြုလုပ်နိုင်ခြင်း၊
(၄) သဘာဝအော်ဂဲနစ်မြေသြဇာဖြင့်စိုက်ပျိုးထားသောသီးနှံများဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာပြဿနာများကိုဖြေရှင်းပြီးသားဖြစ်ခြင်း၊
(၅) နွားချေးရှားပါးသောဒေသ၊ အထူးသဖြင့် တောင်ပေါ်ဒေသများတွင် နွားချေးအစား အစားထိုးအသုံးပြုခြင်းဖြင့် နွားချေးထက်ပင်လိုအပ်သောအာဟာရဓာတ်နှစ်ဆပါဝင်နေခြင်း၊
(၆) မြေဆွေးထုတ်လုပ်ခြင်းဖြင့် မိမိခြံအတွက်သာမကဘဲ အမြောက်အမြားစီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း စသည့်အချက်တို့ဖြစ်သည်။
ကမ္ဘာအနှံ့သုံးစွဲမှုအခြေအနေ
တီကောင်စွန့်ပစ်မြေသြဇာ သို့မဟုတ် တီကျစ်မြေသြဇာကို စိုက်ပျိုးရေးလောက၌ ၁၉၇၉ ခုနှစ်ကပြင်သစ်နိုင်ငံက စတင်သုံးစွဲခဲ့ကြောင်းသိရသည်။စီးပွားဖြစ်စတင်ထုတ်လုပ်ခဲ့သည်မှာ ၁၉၉၀ ပြည့်နှစ်ကဖြစ်သည်။ ၁၉၉၅ ခုနှစ်လောက်မှစ၍ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာခဲ့ကြသည်။ အိန္ဒိယနိုင်ငံက ၁၉၉၅ ခုနှစ်က စီးပွားဖြစ် အများအပြားထုတ်လုပ်သုံးစွဲခဲ့သည်။ ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်း၊ မလေးရှား၊ဗီယက်နမ်၊ လာအို၊ ကျူးဘား၊ ဖိလစ်ပိုင်နိုင်ငံများ၌လည်းထုတ်လုပ်သုံးစွဲလျက်ရှိသည်။ စာရေးသူတို့နိုင်ငံတွင်မူ ၂၀၀၀ ပြည့်နှစ်လောက်က စတင်ထုတ်လုပ်သုံးစွဲခဲ့သဖြင့် ဆယ်စုနှစ် နှစ်စုကြာမြင့်ခဲ့ပြီဖြစ်သည်။
အိန္ဒိယနိုင်ငံတွင်မူ တီကောင်စွန့်ပစ်မြေသြဇာကို အများအပြားထုတ်လုပ်ရောင်းချသဖြင့် ဝင်ငွေကောင်းပြီးအညိုရောင်ရွှေ(Black Gold)ဟုတင်စားခေါ်ဝေါ်ကြ သည်။ အိန္ဒိယနိုင်ငံ၌ စီးပွားဖြစ်ထုတ်လုပ်ခဲ့ရာ တန်ချိန်ပေါင်း ၃ ဒသမ ၅သန်းထုတ်လုပ်နိုင်ခဲ့သည်ဟုသိရသည်။ထို့ကြောင့် စာရေးသူတို့နိုင်ငံလို စိုက်ပျိုးရေးနိုင်ငံတွင် အိန္ဒိယနိုင်ငံကဲ့သို့ပင် ထုတ်လုပ်သင့်သည်။နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် တီကောင်စွန့်ပစ်မြေသြဇာသည် စိုက်ပျိုးသီးနှံများအတွက်များစွာအကျိုးပြုနေသည်ကို အထက်၌ဖော်ပြခဲ့ပြီးဖြစ်သည်။ထို့အတူမြေဆီလွှာကိုလည်း အကျိုးပြုနေသည်။တီကောင်စွန့်ပစ်မြေသြဇာသည် အကျိုးကျေးဇူးများသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးကပင် ရှေးယခင်ကတည်းက တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်သည်။
စာရေးသူတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် ယခုကဲ့သို့အကျိုးကျေးဇူးများလှသောတီကောင်စွန့်ပစ်မြေသြဇာကိုသုံးစွဲသင့်သလို စီးပွားဖြစ်လည်းထုတ်လုပ်သင့်ကြောင်း ရေးသားတိုက်တွန်းလိုက်ရပါသည်။ ။

ယနေ့ကမ္ဘာကြီးတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်မြင့် တက်လာလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များကလည်း ရာသီဥတုဖောက်ပြန်ခြင်းနှင့်အတူ တွဲလျက်မြင့်တက်နေဆဲဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက အဆိုပါအခြေအနေ အပေါ်မှာ စိုးရိမ်မှုမြင့်တက်လာနေခြင်းသည် အံ့ဩစရာတော့မဟုတ်ပါ။ မျှော်လင့်ချက်ပျောက်သွား ပြီလားလို့တောင်ထင်ရသည့်အခြေအနေတွင် လေ့လာမှုတစ်ရပ်က ၂၀၁၅ ပါရီသဘောတူညီချက်အချို့ သည်လမ်းကြောင်းမသွေဖည်သေးဘူးဆိုသည့် အကြောင်းအရာငါးချက်ကိုဖော်ပြခဲ့သည်။ Decarbonisation (ကာဗွန်ထုတ်လွှတ်မှုရပ်တန့်ရေး)နဲ့ Net Zero (ကာဗွန်ထုတ်လွှတ်မှုအလုံးစုံကွ
ယနေ့ကမ္ဘာကြီးတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်မြင့် တက်လာလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များကလည်း ရာသီဥတုဖောက်ပြန်ခြင်းနှင့်အတူ တွဲလျက်မြင့်တက်နေဆဲဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက အဆိုပါအခြေအနေ အပေါ်မှာ စိုးရိမ်မှုမြင့်တက်လာနေခြင်းသည် အံ့ဩစရာတော့မဟုတ်ပါ။ မျှော်လင့်ချက်ပျောက်သွား ပြီလားလို့တောင်ထင်ရသည့်အခြေအနေတွင် လေ့လာမှုတစ်ရပ်က ၂၀၁၅ ပါရီသဘောတူညီချက်အချို့ သည်လမ်းကြောင်းမသွေဖည်သေးဘူးဆိုသည့် အကြောင်းအရာငါးချက်ကိုဖော်ပြခဲ့သည်။ Decarbonisation (ကာဗွန်ထုတ်လွှတ်မှုရပ်တန့်ရေး)နဲ့ Net Zero (ကာဗွန်ထုတ်လွှတ်မှုအလုံးစုံကွယ်ပျောက်ရေး) ဆိုသည့် ဝေါဟာရများက နေ့စဉ်သုံးစကားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသော်လည်း လက်တွေ့တွင် အဆိုပါဖြစ်စဉ်များကို လိုက်နာနိုင်မှုအားနည်းနေဆဲပင်ဖြစ်သည်။
ဂျာမန်အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် New Climate Institute ၏ လေ့လာမှုအရ ဆိုလာစွမ်းအင်သုံးလုပ်ငန်းများနှင့် လျှပ်စစ်ယာဉ်များတိုးတက်လာခြင်းကိုလည်း ငြင်းမရဘဲ အဆိုပါကိစ္စသည် လမ်းကြောင်းမှန်ဆီကိုဦးတည်နေခြင်းကလည်း အမှန်ပဲဖြစ်သည်။
ရာသီဥတုဖောက်ပြန်မှုပြဿနာသည် ကမ္ဘာတစ်ဝန်းရှိ လူထုနှင့်နိုင်ငံရေးဟောပြောချက်များတွင် အဓိကအကြောင်းအရာဖြစ်လာနေသည်။ မီဒီယာများတွင်လည်းအဆိုပါကိစ္စသည် လွှမ်းခြုံကြီးထွားလာသလို ပညာရေးတွင်လည်း ထည့်သွင်းပါဝင်မှုများရှိလာသည်။ လက်နက်ကိုင်အဖွဲ့အစည်းများတွင်လည်း အဆိုပါအကြောင်းရင်းသက်ရောက်မှုများနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားနေသည်။
သို့ဖြစ်ရာ ရာသီဥတုဆိုင်ရာဆန္ဒပြမှုများနှင့် လူမှုရေးလှုပ်ရှားမှုများ အားကောင်းလာသည်နှင့်အမျှ အရေးယူဆောင်ရွက်ရန် အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများအပေါ်ဖိအားများ တိုးလာနေသည်။
ရာသီဥတုဆိုင်ရာ တရားစွဲဆိုမှုမှတစ်ဆင့် ၎င်းတို့အား တရားရုံးတွင် တာဝန်ခံနိုင်စေရန် ထည့်သွင်းတွက်ချက်ခြင်းဆိုင်ရာ သိပ္ပံပညာတွင်လည်း တိုးတက်မှုရှိလာခဲ့သည်။ ယခုနှစ်တွင် ပေါ်တူဂီလူငယ်များ၊ ယူကေ သဘာဝပတ်ဝန်းကျင်ပရဟိတအဖွဲ့နှင့် ဆွီဒင်တက်ကြွလှုပ်ရှားသူ Greta Thunberg တို့သည် ၎င်းတို့၏နိုင်ငံများကို တရားစွဲဆိုနိုင်ခဲ့ကြသည်။
နိုင်ငံအများစုသည် ကာဗွန်ထုတ်လွှတ်မှု သုညကို ရည်မှန်းလာကြပြီး အပူချိန်မြင့်တက်မှုခန့်မှန်းချက်ကတော့ နည်းပါးနေပါသေးသည်။ အစိုးရများကနေ စီးပွားရေးလုပ်ငန်းကြီးများသို့ ကာဗွန်ထုတ်လွှတ်မှု သုညပန်းတိုင်ဖြစ်စေရန် ညွှန်ကြားချက်တွေပေးနေခြင်းကတော့ နေရာအနှံ့မှာရှိလာသည်။
သို့သော်လည်း ၂၀၁၅ ခုနှစ်တုန်းက ဘူတန်နိုင်ငံတစ်ခုတည်းသာထိုကဲ့သို့ပစ်မှတ်ထားပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ကမ္ဘာလုံးဆိုင်ရာဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၈၀ ရာခိုင်နှုန်းနီးပါးကို ကိုယ်စားပြုသည့် နိုင်ငံ ၉၀ ကျော်က ၎င်းနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်နေကြပြီလည်းဖြစ်သည်။ ကာဗွန်ကင်းစင်ရေးနှင့်ပတ်သက်သည့်အမြင်တွေက နိုင်ငံအချင်းချင်းကြားက စီးပွားရေးလုပ်ငန်းများပူးပေါင်းလုပ်ဆောင်မှုမှာ ကမ္ဘာ့အဆင့်အနေနှင့် ပါဝင်လာနေသည်။ ဤလျှော့ချမှုများကိုပြီးမြောက်စေရန်နှင့် ၁ ဒသမ ၅ ဒီဂရီ ကန့်သတ်ချက်အတွက်လည်း ဦးစားပေးလာကြသည်။ လက်ရှိနှုန်းအတိုင်းဆိုလျှင် ၂၁၀၀ ပြည့်နှစ်တွင် အပူချိန် ၃ ဒသမ ၆ ကနေ ၃ ဒသမ ၉ ဒီဂရီအထိမြင့်တက်လာမည်ဟု ခန့်မှန်းထားသော်လည်း ယခုအခါ အဆိုပါခန့်မှန်းချက်များသည် ၂ ဒသမ ၇ ဒီဂရီသို့ကျဆင်းသွားသည်ကိုတွေ့ရသည်။
ယခုကဲ့သို့ရာသီဥတုဖောက်ပြန်မှုများကိုကာကွယ်နိုင်ရန်အတွက် သိပ္ပံပညာရှင်များက တီထွင်ကြံဆထုတ်လုပ်လာသည့် ကျောက်မီးသွေးအစားထိုးနိုင်သော ပစ္စည်းတစ်မျိုးမှာ အနာဂတ်တွင် ဈေးကွက်ဖြစ်ထွန်းလာနိုင်မည့် ဇီဝမီးသွေးပဲဖြစ်သည်။ ဇီဝမီးသွေး(ဘိုင်အိုချာ)ဆိုတာက စိုက်ပျိုးရေးလုပ်ငန်းများက ထွက်လာသည့် အပင်ထွက်အစအနအလေအလွင့်များကို မီးသွေးဖြစ်အောင်ဖုတ်ထားခြင်းဖြစ်သည်။
Biochar သည် Pyrolysis ဟုခေါ်သော အောက်ဆီဂျင်နည်းသောအခြေအနေတွင် ဇီဝဒြပ်ထု(Biomass)ကို အပူပေးခြင်းဖြင့် ထုတ်လုပ်သောမီးသွေးနှင့်တူသောပစ္စည်း ဇီဝမီးသွေးပင်ဖြစ်သည်။ ၎င်း၏ထူးခြားသောဂုဏ်သတ္တိများနှင့် ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေသော အလားအလာကောင်းများကြောင့် ကာဗွန်စုပ်ယူခြင်းအတွက် အစွမ်းထက်သောကိရိယာတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံနေရသည်။ ဇီဝမီးသွေး(Biochar)သည် အလွန်တည်ငြိမ်ပြီး ကာဗွန်ကိုမြေဆီလွှာတွင် ရာစုနှစ်များစွာ သိမ်းဆည်းထားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် Pyrolysis လုပ်ငန်းစဉ်သည် ဇီဝဒြပ်ထု (Biomass) အတွင်းရှိ ကာဗွန်ကိုပြိုကွဲပျက်စီးမှုခံနိုင်ရည်ရှိသောပုံစံသို့ ပြောင်းလဲပေးသောကြောင့်ဖြစ်သည်။ မြေဆီလွှာတွင် ထည့်သွင်းသောအခါ ဇီဝမီးသွေး (Biochar)သည် ၎င်းမြေကြီး၏ မြေဆီဩဇာ၊ ရေထိန်းသိမ်းမှုနှင့် အာဟာရရရှိနိုင်မှုတို့ကို တိုးတက်မြင့်မားစေသည်။ ၎င်းသည် အပင်ကြီးထွားမှုကို အားကောင်းစေပြီး လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုက် (CO2) ကို ပိုမိုစုပ်ယူနိုင်သည်။ ဇီဝမီးသွေး (Biochar) ထုတ်လုပ်မှုသည် မီသိန်း (Methane) နှင့် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ကဲ့သို့သော ဖန်လုံအိမ် ဓာတ်ငွေ့များထွက်လာမည့် ပြိုကွဲ (Decompose) နိုင်သော စိုက်ပျိုးရေးနှင့် သစ်တောစွန့်ပစ်ပစ္စည်းများကို အသုံးချနိုင်သည်။ ၎င်းစွန့်ပစ်ပစ္စည်းများကို ဇီဝမီးသွေး (Biochar) အဖြစ်သို့ ပြောင်းလဲခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကိုလျှော့ချပေးနိုင်သည်။ သိပ္ပံသဘောအရဆိုလျှင် ဇီဝအကြွင်းအကျန်များကို ပိုင်ရိုလိုက်စစ်ဖြစ်စဉ်အရ အောက်ဆီဂျင်နည်းတဲ့နေရာမှာမီးရှို့ပြီး ကျန်တဲ့အကြွင်းအကျန်အခဲတွေကို ဆိုလိုခြင်းဖြစ်သည်။ ဘိုင်အိုချာတွေကို Pyrolysis ဟုခေါ်သော ဖြစ်စဉ်မှတစ်ဆင့် အောက်ဆီဂျင်အကန့်အသတ်ဖြင့် အော်ဂဲနစ်ပစ္စည်းများကို အပူပေးခြင်းဖြင့် ပြုလုပ်ထားသည်။
စိုက်ပျိုးရေးလုပ်ငန်းများက အကြွင်းအကျန်များနဲ့ အခွံမာသီး၊ အစေ့ထုတ်လုပ်ငန်းများကထွက်လာသည့်အကြွင်းအကျန်များကို မီးသွေးဖုတ်လိုက်ခြင်းသည် မြေဩဇာရအောင် အပုပ်ခံအဆွေးခံဒီအတိုင်းလွှင့်ပစ်ပြီးထားခြင်းထက် ကာဗွန်ကိုပိုမိုထိန်းသိမ်းထားလို့ရသည့်အပြင် စွမ်းအင်အတွက်အထောက်အကူဖြစ်စေသည်။ ၎င်းကိုဆေးဝါးပါဝင်ပစ္စည်းအဖြစ်၊ လမ်းတည်ဆောက်ရေးပစ္စည်းအဖြစ်၊ အုတ်ကွန်ကရစ်အဖြစ်စသည်ဖြင့် အသုံးပြုနိုင်သည်။ “ဒါ့ကြောင့် ဘိုင်အိုချာကို အသုံးချမှုမှာအကန့်အသတ်မရှိပါဘူး” ဟု ဘိုင်အိုချာထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးကဆိုဖူးသည်။ စိုက်ပျိုးရေးလုပ်ငန်းများကထွက်လာသည့် ဘိုင်အိုချာများက စိုက်ပျိုးရေးလုပ်ငန်းများကို အများကြီးအကျိုးဖြစ်ထွန်းစေသည်။ ဘိုင်အိုချာသုတေသီ ရီဘတ်ကာက ဘိုင်အိုချာများသည် မြေဆီလွှာ၏ထုတ်လုပ်မှုနှင့် အထွက်နှုန်းကို မြှင့်တင်ပေးနိုင်ကြောင်းပြသသည့် သုတေသနများစွာလုပ်ခဲ့ပြီးပြီဟုဆိုသည်။ မြေဆီလွှာကို ကာဗွန် ၁ ရာခိုင်နှုန်းတိုးပြီးထည့်တိုင်း တစ်ဟက်တာမှာ ရေကို ၁၀ တန်ကနေ ၃ဝ တန်အထိ ထိန်းသိမ်းနိုင်မှုတိုးလာမည်ဟု ၎င်းကဆိုသည်။ ဩစတြေးလျတွင်ဘိုင်အိုချာတစ်တန်ကို အမေရိကန်ဒေါ်လာ ၈၀၀ ခန့်ဈေးပေါက်သည်။ တိရစ္ဆာန်အစာအတွက် စိုက်ပျိုးရေးလုပ်ငန်းထွက် အကြွင်းအကျန်များကိုရောင်းလျှင် ယခင်တုန်းက တစ်တန်ကို ဒေါ်လာ ၂၀၀ လောက်ရနေရာက နောက်ပိုင်းမှာတစ်တန်ကို ဒေါ်လာ ၃၀ ပဲရတော့သည့်အတွက် ဘိုင်အိုချာလုပ်ပြီးရောင်းတာကပိုပြီး အကျိုးအမြတ်ရသည်ဟုဆိုသည်။ ရိုးရိုးမီးသွေးကိုသုံးလျှင် အပူချိန်က ၃၀၀ ဒီဂရီဆဲလ်စီးယပ်ကျော်ပဲရသည်။ ဘိုင်အိုချာတွေကတော့ ၆၀၀ ကနေ ၁၀၀၀ အတွင်းရနိုင်သည်။ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများမှာ အစားထိုးသုံးနိုင်သလို LPG ဓာတ်ငွေ့နေရာတွင်လည်း အစားထိုးလို့ရနိုင်သည်။
သဘာဝပတ်ဝန်းကျင်ကိုအထောက်အပံ့ဖြစ်စေရုံမက ချွေတာရာလည်း အများကြီးဖြစ်သည့်အတွက် အနာဂတ်ဘိုင်အိုချာများကဈေးကွက်တစ်ခုဖြစ်လာနိုင်စရာရှိတယ်လို့ ပညာရှင်များက တညီတညွတ်တည်းသုံးသပ်ထားကြသည်။
အချုပ်အားဖြင့်ဆိုရပါလျှင်လျှပ်စစ်စွမ်းအင်လိုအပ်ချက်မြင့်မားနေသော မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံမျိုးတွင်ယခုကဲ့သို့စွမ်းရည်မြင့်မားသော ကျောက်မီးသွေး အစားထိုးနိုင်သည့် ဇီဝမီးသွေးလိုပစ္စည်းမျိုးကို တွင်ကျယ်စွ ာအသုံးပြုလာနိုင်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားကို ပိုမိုသန့်စင်စွာထုတ်လုပ်လာနိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းထွက် အကြွင်းအကျန်များပြားစွာ ထွက်ရှိနေရာ အလဟဿဆုံးရှုံးသွားစေမည့်အစား လျှပ်စစ်စွမ်းအင်မြောက်မြားစွာထုတ်လုပ်နိုင်သော ဇီဝမီးသွေးကိုသာ စီးပွားဖြစ်ထုတ်လုပ်လာနိုင်မည်ဆိုပါက အနာဂတ်ကာလတွင်လျှပ်စစ် စွမ်းအင်ရရှိရေးအတွက် များစွာခေတ်စားလာနိုင်မည့်ပစ္စည်းတစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

အစေ့ထုတ်ပြောင်းသီးနှံသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဂျုံနှင့်စပါးသီးနှံပြီးလျှင် စားသုံးမှုနှင့် ရောင်းဝယ်ဖောက်ကားမှု တတိယမြောက်အများဆုံးသီးနှံဖြစ်သည်။ လူနှင့်တိရစ္ဆာန်တို့အတွက် အစားအစာဖြစ်ရုံသာမက စက်မှုကုန်ကြမ်းနှင့် အစားထိုးကုန်ပစ္စည်းများအဖြစ်လည်း အသုံးပြုနိုင်သည်။ အစေ့ထုတ်ပြောင်းကို ပြည်ပပို့ကုန်အနေဖြင့် နှစ်စဉ်ထွက်ရှိမှု၏ ၄၅ ရာခိုင်နှုန်းခန့်ကို အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သို့ ကုန်းလမ်းနယ်စပ် ကုန်သွယ်ရေး ဂိတ်များမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိသည်။ ဗီယက်နမ်၊ စင်ကာပူနှင့် ဟောင်ကောင်တို့သို့ ပင်လယ်ရေကြောင်းမှတစ
အစေ့ထုတ်ပြောင်းသီးနှံသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဂျုံနှင့်စပါးသီးနှံပြီးလျှင် စားသုံးမှုနှင့် ရောင်းဝယ်ဖောက်ကားမှု တတိယမြောက်အများဆုံးသီးနှံဖြစ်သည်။ လူနှင့်တိရစ္ဆာန်တို့အတွက် အစားအစာဖြစ်ရုံသာမက စက်မှုကုန်ကြမ်းနှင့် အစားထိုးကုန်ပစ္စည်းများအဖြစ်လည်း အသုံးပြုနိုင်သည်။ အစေ့ထုတ်ပြောင်းကို ပြည်ပပို့ကုန်အနေဖြင့် နှစ်စဉ်ထွက်ရှိမှု၏ ၄၅ ရာခိုင်နှုန်းခန့်ကို အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့သို့ ကုန်းလမ်းနယ်စပ် ကုန်သွယ်ရေး ဂိတ်များမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိသည်။ ဗီယက်နမ်၊ စင်ကာပူနှင့် ဟောင်ကောင်တို့သို့ ပင်လယ်ရေကြောင်းမှတစ်ဆင့်တင်ပို့လျက်ရှိသည်။ အလားတူ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှလည်း မြန်မာနိုင်ငံမှ အစေ့ထုတ်ပြောင်းကို ဝယ်ယူတင်သွင်းလျက်ရှိနေသည်။ ထို့ကြောင့် အစေ့ထုတ်ပြောင်းသီးနှံသည် တောင်သူများအတွက် ဝင်ငွေတိုးစေမည်မှာ မလွဲမသွေမှန်ကန်နိုင်သော သီးနှံတစ်မျိုးဖြစ်သည်။
မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို နှစ်စဉ် စိုက်ဧရိယာတိုးတက်စိုက်ပျိုးလျက်ရှိသည်။ မိုးအစေ့ထုတ် ပြောင်းနှင့် ဆောင်းအစေ့ထုတ်ပြောင်းဟူ၍ မိုးနှင့်ဆောင်းရာသီ နှစ်ရာသီစလုံးတွင် စိုက်ပျိုးလျက် ရှိသော်လည်း စုစုပေါင်းစိုက်ဧက၏ ၈၆ ဒသမ ၁၇ရာခိုင်နှုန်းခန့်ကို မိုးရာသီတွင် အဓိကစိုက်ပျိုးပြီး ဆောင်းရာသီတွင် စုစုပေါင်းစိုက်ဧက၏ ၁၃ ဒသမ ၈၃ရာခိုင်နှုန်းခန့်ကို ဒုတိယသီးနှံအဖြစ် သီးထပ်အနေနှင့် စိုက်ပျိုးသည်။ အစေ့ထုတ်ပြောင်းကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် စိုက်ပျိုးကြသည်။ ရှမ်းပြည်နယ်သည် အများဆုံးစိုက်ပျိုးသောဒေသဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ အစေ့ထုတ်ပြောင်းစိုက်ဧက၏ ၆၄ ဒသမ ၅၀ ရာခိုင်နှုန်းကိုစိုက်ပျိုးလျက် ရှိနေသည်။
အစေ့ထုတ်ပြောင်းသည် တောင်သူများအတွက် ဝင်ငွေတိုးတက်ရရှိနိုင်သောသီးနှံဖြစ်သော်လည်း စိုက်ပျိုးရာမှာ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်အထောက်အကူပြုပေးနိုင်သည့် စိုက်ပျိုးနည်းစနစ်များအတိုင်း စိုက်ပျိုးရန်လိုအပ်သည်။ အစေ့ထုတ်ပြောင်းစိုက်တောင်သူဦးကြီးများ လိုက်နာ ဆောင်ရွက်နိုင်စေရန် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးနည်းစနစ်များ ကိုပြောပြပေးချင်သည်။
မျိုး
အများဆုံးစိုက်ပျိုးသည့်မျိုးမှာ ပြည်ပမှမှာယူရသော မျိုးများဖြစ်သည်။ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှလည်း ပြည်တွင်းမျိုးများ ထုတ်လုပ်ဖြန့်ဖြူးနေသည်။
CP မျိုးများဖြစ်သည့် CP-808၊ CP-222၊ CP-809 မျိုးများကို အများဆုံးစိုက်ပျိုးသည်။
NK-621၊ NK-625၊ JD-8၊ TF-222၊ GT-722၊ TP စသည့် မျိုးများလည်း စိုက်ပျိုးသည်။
အထွက်ကောင်းမျိုး ရေဆင်း-၁၀ မျိုးကိုလည်း အသုံးပြုနိုင်သည်။
မြေအမျိုးအစား
မြေဩဇာထက်သန်သော နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေ၊ လေဝင်လေထွက်မျှတ၍ ရေဝပ်ခြင်းမရှိသည့် မြေဆီလွှာနက်သော မြေမျိုးတွင် အထူးသင့်လျော်သည်။ မြေအချဉ်ငန်ဓာတ် (၅ ဒသမ ၃ မှ ၇ ဒသမ ၃) အတွင်း စိုက်ပျိုးနိုင်ပြီး မြေအချဉ်ငန်ဓာတ် (၆ မှ ၇)သည် အကောင်းဆုံးဖြစ်သည်။
စိုက်ပျိုးချိန်
မိုးရာသီတွင် မေလဆန်းမှ ဇွန်လကုန်၊ ဆောင်းရာသီတွင် စက်တင်ဘာလမှ အောက်တို ဘာလအတွင်း စိုက်ပျိုးသင့်သည်။
မြစ်ဝကျွန်းပေါ်ဒေသနှင့် ကိုင်း/ကျွန်း စိုက်ဧရိယာများတွင် နိုဝင်ဘာလကုန် ဒီဇင်ဘာလ ဆန်းပိုင်းအထိ စိုက်ပျိုးကြသည်။
စိုက်နည်းစနစ်
မိုး၊ ဆောင်းရာသီများတွင် အပင်ရေ ၂၀၀၀၀ မှ ၂၅၀၀၀ ရရှိရန် တန်းကြား x ပင်ကြား (၃၀ လက်မ x ၉ လက်မ ) ခြား၍ မျိုးစေ့နှုန်း တစ်ဧကမှာ ၅ ကီလိုဂရမ်နှုန်းသုံးစွဲစိုက်ပျိုးရမည်။
မြေပြင်စဉ်တွင် ကျွဲ၊ နွား တိရစ္ဆာန်အညစ်အကြေးများကို တစ်ဧကလျှင် ၁၂၅ တင်း ထည့်ပေးသင့်သည်။ တိရစ္ဆာန်အညစ်အကြေးများကို ၃ လမှ ၄ လအထိ ကောင်းစွာဆွေးမြည့်အောင်ထားပြီးမှ သဘာဝမြေဩဇာအဖြစ် အသုံးပြုသင့်သည်။
မြေပြင်စဉ်တွင် အထွက်နှုန်းပိုမိုရရှိရန် ယူရီးယား ၅၆ ပေါင်၊ တီစူပါ ၁၁၂ ပေါင်၊ ပိုတက် ၅၆ ပေါင်နှုန်းတို့ကိုထည့်ရန်လိုအပ်သည်။
စိုက်ပျိုးချိန်နှင့် နို့ရည်တည်ချိန်တွင် ကြွက်ဝမ်းဖြူများ ဖျက်ဆီးတတ်သဖြင့် စိုက်ခင်းပတ်လည်သန့်ရှင်းရန်နှင့်ကြွက်ဆေးချပေးရမည်။
သက်တမ်းအလိုက် အပင်ပြုစုစောင့်ရှောက်ခြင်း
စိုက်ပြီး ခုနစ်ရက်အကြာတွင် အပင်မပေါက်သည့် ကျင်းများတွင် မျိုးစေ့ထပ်ချပေးရမည်။
အပင်ပေါက်စုံပြီး ၁၄ ရက်သားတွင် တစ်ကျင်းလျှင်တစ်ပင်ချန် မဖြစ်မနေသားခွဲပြီး အပင်ခြေမြေဆွခြင်းဆောင်ရွက်ပေးရမည်။
အပင် ၂၀-၂၁ ရက်သားတွင် ယူရီးယား ၅၆ပေါင်၊ ပိုတက် ၂၈ ပေါင်နှုန်းဖြင့် မြေဩဇာ ထည့်သွင်းပြီး ကြားထွန်လိုက်ပေးရမည်။
၃၅-၄၀ ရက်သားတွင် ယူရီးယား ၅၆ ပေါင်၊ ပိုတက် ၂၈ ပေါင်နှုန်းဖြင့် မြေဩဇာထပ်မံထည့်သွင်းပြီး ပေါင်တင်ပေးရမည်။
စိုက်ကွက်တွင် ရေမဝပ်စေရန် ဆောင်ရွက်ပေးရမည်။
ပေါင်တင်ပြီးသည်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးရမည်။
ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့် နို့ရည်တည်ချိန် အစိုဓာတ်မလုံလောက်ပါက ရေသွင်းပေးရမည်။
ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ
ပြောင်းဖူးဖက်များအဝါရောင်သန်းစပြုပြီး ပြောင်းဖူးအညှာကို လက်သည်းဖြင့် ခြစ်ကြည့်ပါက အမည်းရောင်အမှတ်တွေ့ရှိချိန် သို့မဟုတ် ပြောင်းရွက်များ ၈၀-၉၀ ရာခိုင်နှုန်းခြောက်သွေ့ချိန်တွင် ရိတ်သိမ်းရမည်။
မရင့်မှည့်ခင် ရိတ်သိမ်းခြင်း၊ နောက်ကျမှ ရိတ်သိမ်းခြင်းတို့ကို ရှောင်ရမည်။
ရိတ်သိမ်းပြီး ချက်ချင်းပြောင်းဖူးဖက်ခွာ၍ ၅-၇ ရက်ခန့်နေလှန်းပြီးအစိုဓာတ် ၁၅ ရာခိုင်နှုန်းရှိချိန်တွင် စနစ်တကျခြွေပေးရမည်။
ခြွေပြီးအစေ့များကို မြေကြီးနှင့် တိုက်ရိုက်မထိစေရန် ဖျာ၊ မိုးကာ၊ ကွန်ကရစ်အခင်းပေါ်တွင် ခပ်ပါးပါးဖြန့်၍ နေလှန်းအခြောက်ခံပြီး အစေ့များအစိုဓာတ် ၁၂ ရာခိုင်နှုန်းရှိချိန်တွင် သန့်စင်ပြီး လေလုံအိတ်များ၊ သံပုံးများဖြင့် စနစ်တကျသိုလှောင်ရမည်။
တန်ဖိုးမြှင့်ထုတ်ကုန်များ
အစေ့ထုတ်ပြောင်းကို မွေးမြူရေးလုပ်ငန်းသုံးအစာအဖြစ် အသုံးပြုခြင်း၊ ပြောင်းဖူးဆီ (စားသုံးဆီ)၊ ပြောင်းဖူး ကစီမှုန့်၊ ပြောင်းဖူး ကလူးကို့စ် (အရည်/အမှုန့်)၊ ပြောင်းဖူးနှင့်ပြုလုပ်သော တစ်ဆင့်မြင့်အရည်၊ အီသနောလောင်စာ၊ အရက်ချက်လုပ်ခြင်း စသည့်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်။
ပြောင်းဖူးစေ့သည် ဝမ်းပြည့်စာဖြစ်ပြီး လူနှင့်တိရစ္ဆာန်များအတွက် အာဟာရဓာတ်တစ်ပြိုင်တည်း ရရှိနိုင်ခြင်း၊ ပြောင်းဖူးစေ့ကို ဆီကြိတ်၍လည်း ဆီကြမ်းကို ဆပ်ပြာနှင့် အလှဆီတို့အတွက် ထုတ်ယူ
အသုံးပြုနိုင်ခြင်း၊ ပြောင်းဖူးဆီကိုသန့်စင်ပြီး စားသုံးသောဟင်းချက်ဆီအဖြစ် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်းရှိသည်။ သုတေသနပြုလေ့လာတွေ့ရှိချက်များအရ ပြောင်းဖူးဆီသည် စားအုန်းဆီထက် ပိုမိုကောင်းမွန်ပြီး မြေပဲဆီ၊ နေကြာဆီများကဲ့သို့ အရည်အသွေးမကွာခြားလှကြောင်း သိရှိရသည်။
ထို့ပြင် ပြောင်းဖူးဖက်ကိုလည်း ဆေးပေါ့လိပ်အဆီခံအဖြစ် အသုံးပြုနိုင်သည့်အတွက်ပြောင်းဖူးဖက်ဈေးကွက်သည်လည်း အထိုက်အလျောက်ရှိသည်။ ဖျော်ရည်နှင့်ယမကာလုပ်ငန်းများတွင်လည်း အစေ့ထုတ်ပြောင်းကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အသုံးပြုကြသည်။
အစေ့ထုတ်ပြောင်း၏ ဈေးကွက်အခြေအနေမြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို ဒေသတွင်းနှင့် နိုင်ငံတွင်းဈေးကွက်တွင် ကျယ်ပြန့်စွာရောင်းချလျက်ရှိသည်။ ကျေးလက်ဒေသများတွင် ပြောင်းဖူးကို စားသုံးရန်နှင့် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ မြို့ကြီးများတွင် ပြောင်းဖူးဆန်၊ ပြောင်းဖူးဆီ၊ ပြောင်းဖူးမှုန့်စသည့်ထုတ်ကုန်များကို စားသောက်ကုန်ဆိုင်များတွင် ရောင်းချသည်။ ထို့ပြင် ပြောင်းဖူးကိုစက်မှုလုပ်ငန်းများတွင်ကုန်ကြမ်းအဖြစ်အသုံးပြုကြသည်။ နိုင်ငံခြားတင်ပို့ခြင်းအနေဖြင့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဟောင်ကောင်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ရောင်းချလျက်ရှိသည်။ အစေ့ထုတ်ပြောင်း၏ဈေးနှုန်းသည် ဒေသ၊ ရာသီဥတု၊ ထုတ်လုပ်မှုပမာဏနှင့် ဈေးကွက်လိုအပ်ချက်တို့အပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။
မြန်မာနိုင်ငံရှိ တောင်သူများအတွက် အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်ရန် အားသာချက်များစွာရှိသည်။ အစေ့ထုတ်ပြောင်းသည် ပြည်ပကိုတင်ပို့နိုင်သောဈေးကွက်ဝယ်လိုအားကောင်းသည့်သီးနှံဖြစ်ပြီး ပြည်တွင်းမွေးမြူရေးကဏ္ဍသည်လည်း နှစ်စဉ်တိုးတက်လာခြင်းကြောင့် တိရစ္ဆာန်အစားအစာအတွက် မရှိမဖြစ်ရောစပ်အသုံးပြုရသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်ခိုင်မာသော အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုသည် တစ်နှစ်ထက်တစ်နှစ် နှစ်စဉ်တိုးတက်လျက်ရှိသည်။
အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်ရာတွင် နိုင်ငံခြားသို့တင်ပို့မှု ပိုမိုတိုးတက်စေရန် သီးနှံထွက်ကုန်အရည်အသွေးကိုမြှင့်တင်ရန်လိုအပ်သည်။
မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးနည်းစနစ်များကို လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် အထွက်နှုန်းနှင့် ထွက်ကုန်အရည်အသွေးကို ပိုမိုတိုးတက်စေနိုင်သည်။ မျိုးကောင်းမျိုးသန့်များစိုက်ပျိုးပြီး ပြောင်းဖူးစေ့များ၏ အရည်အသွေးပိုမိုကောင်းမွန်ပါက ဈေးကောင်းရရှိနိုင်သည်။ ထို့ပြင် ပြောင်းဖူးဆီနှင့် ပြောင်းဖူးမှုန့်ကဲ့သို့သော ထုတ်ကုန်များ၏ ဈေးနှုန်းမှာလည်း နိုင်ငံတကာဈေးကွက်နှင့် ကိုက်ညီအောင် သတ်မှတ်ထားသည်။ အစေ့ထုတ်ပြောင်းသည် လူထုအတွက်အကျိုးပြုမှုများစွာရှိသည်။
ကျေးလက်ဒေသများတွင် ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် ကျေးရွာလူထု၏ဝင်ငွေကို မြှင့်တင်ပေးနိုင်သည်။လူထုအတွက် အကျိုးပြုမှုများစွာရှိသော အစေ့ထုတ်ပြောင်းကို စနစ်တကျစိုက်ပျိုးထုတ်လုပ်သင့်သည်။
အစေ့ထုတ်ပြောင်းသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသော သီးနှံတစ်ခုဖြစ်ပြီး ဈေးကွက်အခြေအနေမှာလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ နိုင်ငံခြားသို့တင်ပို့မှုကိုမြှင့်တင်ခြင်းဖြင့်နိုင်ငံ၏စီးပွားရေးကို ပိုမိုတိုးတက်စေနိုင်သည်။ မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုသည် ကျေးလက်ဒေသများတွင် အဓိကကျသော စိုက်ပျိုးသီးနှံတစ်ခုဖြစ်ပြီး ဒေသတွင်းနှင့်နိုင်ငံခြားဈေးကွက်တွင် ကျယ်ပြန့်စွာရောင်းချနိုင်သောကြောင့် တောင်သူဦးကြီးများအတွက် စိုက်ပျိုးနည်းစနစ်ကောင်းများကို လိုက်နာကျင့်သုံးနိုင်လျှင် သီးနှံထွက်ကုန်အရည်အသွေးကောင်းသဖြင့် ဈေးကောင်းရရှိကာ အမှန်တကယ် ဝင်ငွေတိုးပွားစေနိုင်ကြောင်း တင်ပြလိုက်ပါသည်။ ။

သရက်သီးသည် လူမျိုးမရွေးဘာသာမရွေးစားသုံးသောအသီးဖြစ်ပြီးရာသီစာအသီးတစ်မျိုးဖြစ်သည်။ သရက်သီးကို လူကြိုက်လည်းများသည်။ သရက်သီးမကြိုက်သူက အလွန်ရှားပါးသည်။ ဆီးချိုရှိသူနှင့် သရက်သီးဓာတ်မတည့်သူလောက်သာ သရက်သီးကိုရှောင်ကြသည်။
ထို့ကြောင့် ရှေးလူကြီးများက “အသီးမှာ သရက်”ဟု ဆိုရိုးပြုကြဟန်တူသည်။ သရက်သီးသည် ရာသီ ပေါ်အသီးတစ်မျိုးဖြစ်သော်လည်း ယခုအခါ ရာသီမရွေးဝယ်ယူစားသုံးနိုင်သော အသီးဖြစ်လာသည်။

တချို့သရက်သီးများဆိုလျှင် ရာသီကုန်သွားသော်လည်း စျေးကွက်မှာဝယ်ယူရရှိနိုင်သည်။ သို့သော် စျေးကြီးလှသည်။ သရက်သီးကို အစိမ်းစားကြသည်။ အမှည့်အဖြစ်လည်းစားကြသလို သရက်ယို၊ သရက်ပျဉ်၊ သရက်သီးသနပ် စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြသည်။ ယနေ့ခေတ်မှာ သရက်သီး သည် စျေးကွက်ရှိသောအသီးတစ်မျိုးဖြစ်လာသလို စျေးကောင်းသောအသီး တစ်မျိုးလည်း ဖြစ်လာသည်။ ထို့ကြောင့် နှစ်ရှည်ပင်ဖြစ်သောသရက်သီးကို စီးပွားဖြစ်စိုက်ပျိုးသင့်သည်။ နှစ်ရှည်ပင်အသီးတစ်မျိုးဖြစ်သောသရက်ကို စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများဖြင့်စိုက်ပျိုးရာတွင် သိသင့်သည်များကိုလေ့လာတင်ပြသွားမည်ဖြစ်သည်။
သရက်ပင်၏မူရင်းဒေသနှင့်သရက်မျိုးများ
သရက်ပင်၏မူရင်းဒေသကို အိန္ဒိယနိုင်ငံ၊ အရှေ့တောင်အာရှနှင့်မြန်မာနိုင်ငံဟုသတ်မှတ်ထားကြသည်။ သရက်ပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်လောက်ကတည်းက စားသုံးရန်အတွက်လည်းကောင်း၊ အခြားသောအသုံးအဆောင်နှင့်စားဖွယ်များပြုလုပ်ရန်အတွက်လည်းကောင်းစိုက်ပျိုးခဲ့ကြသည်။ သရက်သီး၏ သိပ္ပံအမည်မှာ Mangiferaindica ဖြစ်ပြီး မျိုးရင်းမှာ Anacardiaceae ဖြစ်သည်။ အင်္ဂလိပ်လို Mango ဟုခေါ်သည်။ သရက်မျိုးအများအပြားရှိသည်။ စာရေးသူသိသလောက်ကိုဖော်ပြပါမည်။ မစိုးမင်းသရက်၊ ရင်ကွဲသရက်၊ မချစ်စုသရက်၊ နို့ဆီသရက်၊ စိမ်းစားသရက်၊ ပါးနီသရက်၊ ဒူးရင်းသရက်၊ စိန်တစ်လုံးသရက်၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက် စသည်ဖြင့်အမျိုးမျိုးရှိသည်။ အခြား သရက်မျိုးများလည်းရှိနိုင်သေးသည်။ ယနေ့မြန်မာနိုင်ငံတွင် လူသိများသောသရက်မျိုးမှာ စိန်တစ်လုံး သရက်ဖြစ်သည်။ သရက်သီးကို မြန်မာနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်အနိမ့်အမြင့်၊ အီကွေတာ အနီးအဝေး စသည်တို့မှာ သဘာဝအလျောက်သော်လည်းကောင်း၊ စိုက်ပျိုး၍ သော်လည်းကောင်း ဖြစ်ထွန်းသည်။ သရက်မျိုးပေါင်း ၃၀၀ ခန့်ရှိကြောင်းသိရသည်။ နိုင်ငံ ၆၄ နိုင်ငံမှ သရက်မျိုးပွားပေါင်း ၁၅၉၅ မျိုးခန့်ရှိ ကြောင်းလည်းသိရသည်။ သရက်သီးကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့်စိုက်ပျိုးထုတ်လုပ်ရာတွင် လုပ်ဆောင်သင့်သည်များကိုဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။
စိုက်ပျိုးမြေနှင့်ရာသီဥတု
နှစ်ရှည်ပင်ဖြစ်သည့်အတွက် စိုက်ပျိုးမြေရွေးချယ်ခြင်းသည်အရေးကြီးသောအချက်ဖြစ်သည်။ စိုက်ပျိုးမြေသည် ဇီဝနှင့်ဓာတုဆိုင်ရာအန္တရာယ်ရှိသည့်မြေမျိုးမဖြစ်ရပါ။ ထိုမြေမျိုးဖြစ်ပါက စိုက်ပျိုးမည့်အပင်သည် ရှင်သန်မှုရှိမည်မဟုတ်ပေ။ သရက်စိုက်ပျိုးမည့်မြေသည် ရေစိမ့်ဝင်မှုကောင်းသောမြေမျိုးဖြစ်ရမည်။ မြေချဉ်ငန်ကိန်းသည် ၅ ဒသမ၅ မှ ၇ ဒသမ ၅ အတွင်းဖြစ်ရမည်။ သရက်ပင်စိုက်ပျိုးမည့်မြေသည် မြေအောက်ရေမျက်နှာပြင် မြေအနက် ၆ ပေ အောက်ရှိခြင်းကိုနှစ်သက်သည်။ ရာသီဥတုအနေဖြင့် သရက်ပင်သည်ပူအိုက်စွတ်စိုသောရာသီဥတု၊ သမပိုင်းရာသီတို့ကို နှစ်သက်သည်။ အပူချိန်မှာ ပျမ်းမျှ ၃၂ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၁၀ မှ ၁၅ အကြားနှင့် မိုးရေချိန်လက်မ ၃၀ မှ ၁၀၀ ခန့်ရွာသောဒေသများ၌ ပိုဖြစ်ထွန်းရှင်သန်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၀၀၀ အထိစိုက်ပျိုးနိုင်သလို ပင်လယ်ရေမျက်နှာပြင် ပေ ၂၀၀၀ အောက်ဒေသများမှာလည်းစိုက်ပျိုးနိုင်ကြောင်းသိရသည်။ ထို့ပြင် အမြင့်ပေ ၂၀၀၀ အထက်မြင့် သောဒေသများမှာ စီးပွားဖြစ်မစိုက်ပျိုးသင့်ဟုဆိုသည်။ ရေဝပ်သည့်မြေမျိုးမှ လုံးဝမစိုက် ပျိုးသင့်ပါ။ ထို့ပြင် စိုက်ပျိုးမည့်ဒေသသည် တစ်နှစ်လျှင် ငါးလ၊ ခြောက်လခန့် ခြောက်သွေ့ ရန်လည်း လိုအပ်သည်။
မျိုးရွေးချယ်ခြင်းနှင့်ပျိုးထောင်ခြင်း
သရက်ပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် စတင်စိုက်ပျိုးတော့မည်ဆိုလျှင် မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးဖို့လိုသည်။စိုက်ပျိုးမည့်ဒေသ၊ ရေ၊ မြေနှင့်ကိုက်ညီပြီး ပိုးမွှားရောဂါကင်းရှင်းရမည်။ အရည်အသွေးကောင်းပြီး စျေးကွက်ဝင်သောမျိုးကိုရွေးချယ်စိုက်ပျိုးသင့်သည်။ သရက်ပင်ကို အစေ့မှလည်းကောင်း၊ ကိုင်းကူး၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ ပျိုးထောင်ရာတွင် သရက်သီးမျိုးကောင်း၊ မျိုးသန့်၊ပိုးမွှားရောဂါကင်းရှင်းသောအသီးမှ အစေ့ကိုယူ၍ ပျိုးထောင်ရမည်။
သရက်ပင်ကိုင်းဆက်မျိုးပွားနည်း
အထက်ဖော်ပြပါအတိုင်း အစေ့ကိုပျိုးထောင်မစိုက်ဘဲ ကိုင်းဆက်မျိုးပွား၍လည်းစိုက်ပျိုးနိုင်သည်။ ကိုင်းဆက်မျိုးပွားရာတွင် မျိုးပွားနည်း သုံးနည်းရှိသည်။
၁။ သစ်နုပိုင်းကိုင်းဆက်ခြင်း - သစ်နုပိုင်းကိုင်းဆက်မည်ဆိုပါလျှင် ကိုင်းဆက်မည့်အပင်သည် သက်တမ်းတစ်နှစ်သားအရွယ်ဖြစ်ရမည်။
တစ်နှစ်သားအရွယ်အောက်ခံပင်အဖြစ်အသုံးပြုလျှင် အညွန့်သစ်ထွက်ပြီး အရွက်ကြေးနီရောင်ပြောင်းလျှင် သစ်နုပိုင်းကိုင်းဆက်ရန်အကောင်းဆုံးဖြစ်သည်။ အဖူးကိုင်းအတွက်မူ သက်တမ်း ၃-၄ လရှိသော အကိုင်းကို အသုံးပြုရမည်။ အဖူးကိုင်းမှအရွက်ပြားများကို ကိုင်းမဆက်မီတစ်ပတ်က ကြိုတင် ဖြတ်ပေးပါ။ ထို့နောက် အောက်ခံပင်၏အညွန့်အဖျားပိုင်းကိုဖြတ်ပြီး အဖူးကိုင်းကိုသပ်သွင်းဆက်နည်းဖြင့် အောက်ခံပင်ပေါ်တွင်ဆက်ပေးရမည်။ ကိုင်းဆက်ထားသည့် နေရာကို ပလတ်စတစ်ဖြင့် ပတ်ပေးထားပါ။
၂။ ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်း - ဤနည်းဖြင့် ကိုင်းမျိုးပွားမည်ဆိုလျှင် အဖူးကိုင်းသည် သုံးလသားရှိပြီး အဖူးကိုင်းနိုးကြားစေရန် သစ်နုကိုင်းနည်းမှာကဲ့သို့ အရွက်ပြားများကိုဖြတ်ပေးထားရသည်။
ထို့နောက် အောက်ခံပင်စည်ကို အလျား ၅ စင်တီမီတာခန့်စောင်း၍ အခေါက်နှင့်အသားအနည်း ငယ်ပြတ်အောင် အတွင်းဘက်သို့စိုက်လှီးပေးရမည်။ထို့နောက်ပထမဓားချက်အဆုံး အထက်နားလောက်တွင်အထစ်ကျန်စေရန် ဒုတိယဓားချက်လှီးခြင်းဖြင့် အောက်ခံပင်မှ အခေါက်နှင့် အသားစကိုဖယ်ထုတ်ပါ။ အဖူးကိုင်းအပင်ကိုလည်းအောက်ခံပင်ဖြတ်သည့်အတိုင်းဖြတ်ပေးပါ။ ထို့နောက် အောက်ခံပင်နှင့်အဖူးကိုင်းကို ပါးချင်းအပ်ဆက်ပြီး ၁ ဒသမ ၅ စင်တီမီတာ အပြားရှိသောကြိုးဖြင့်တင်းကျပ်အောင်ချည်ပေးရမည်။ အဖူးကိုင်းအဖျားမှအညွန့်သစ်များထွက်လာပြီး သုံးပတ်အကြာ အောက်ခံပင်အပေါ်ပိုင်းကိုဖယ်ရှားဖြတ်တောက်ပါ။ နှစ်လသုံးလကြာမှ ချည်ထားသော ပလတ်စတစ်ကြိုးကိုဖယ်ပါ။
၃။ အစေ့အညှောက်ကိုင်းဆက်ခြင်း - ဤနည်းဖြင့်ကိုင်းဆက်မည်ဆိုပါက အစေ့မှအညှောက်ပေါက်ပြီး ၄-၈ ရက်သားအပင်ကို အောက်ခံပင်အဖြစ် အသုံးပြုရသည်။ သင့်လျော်သောလုံးပတ်ရှိသည့် အဖူးကိုင်းကို ကြိုတင်အရွက်ခြွေထားရမည်။ ထို့နောက် သစ်နုပိုင်းကိုင်းဆက်နည်း သို့မဟုတ် ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်း တစ်နည်း နည်းကိုအသုံးပြု၍ကိုင်းဆက်နိုင်သည်။
သရက်ပင်စိုက်နည်းစနစ်
သရက်စတင်စိုက်ပျိုးတော့မည်ဆိုလျှင် စိုက်ပျိုးမည့်နေရာကို မိုးမကျမီ မတ်လ၊ ဧပြီလလောက်ကတည်းက ကြိုတင်ပြုပြင်မှုများပြုလုပ်ရမည်။မြေပြင်ခြင်း၊ မြေအနေအထားအရ ရေသွင်း၊ ရေထုတ် ပြုလုပ်နိုင်မည့် ရေနုတ်မြောင်းများကို ပြုလုပ်ထားရမည်။ စိုက်ပျိုးမြေအမျိုးအစား၊ လေဝင်လေထွက် ကောင်းစေရန် သင့်လျော်သောပင်ကြား၊ တန်းကြားဖြင့် ကျင်းတူး၍စိုက်ပျိုးရမည်။ စိုက်ကျင်းအရွယ် အစားမှာမူ ၂ ပေပတ်လည်ဖြစ်သည်။
- ပင်ကြားပေ ၃၀၊ တန်းကြားပေ ၃၀ စိုက်မည်ဆိုလျှင် တစ်ဧကကို ၄၈ ပင်ဝင်ဆံ့သည်။
- ပင်ကြားပေ ၂၀၊ တန်းကြားပေ ၂၀ စိုက်မည်ဆိုလျှင်တစ်ဧကကို ၁၀၈ ပင်ဝင်ဆံ့သည်။
- ပင်ကြား ၁၅ ပေ၊ တန်းကြား ၁၅ ပေစိုက်မည်ဆိုလျှင် တစ်ဧက ကို ၁၉၃ ပင်ဝင်ဆံ့သည်။ သတိပြုရမည့်အချက်မှာ သရက်ပင်သည် ကိုင်းဖြာထွက်သောအပင်မျိုးဖြစ်သဖြင့် ခပ်စိပ်စိပ်စိုက်မည် ဆိုပါက အပင်ငယ်စဉ်ကပင် ကိုင်းဖြတ်ပုံသွင်းပေးဖို့လိုအပ်သည်။
စိုက်ကျင်းအတွင်းသို့ နွားချေးရှစ်ပြည်၊ ကျောက်မှုန့်နို့ဆီဘူးလေးဘူး၊ပိုတက်နို့ဆီဘူးတစ်ဘူး၊ စပါးခွံ ရှစ်ပြည်တို့ကို အပေါ်ယံမြေနှင့်ရော၍ဖို့ပေးရမည်။ အပင်များကို စိုက်ပျိုးရာတွင် ညနေပိုင်း၌သာ စိုက်ပျိုး ရမည်။
ပေါင်းမြက်နှိမ်နင်းခြင်းနှင့်ရေသွင်းခြင်း
ပေါင်းမြက်ကိုမူ အပင်ပတ်ဝန်းကျင်အပေါ်မူတည်၍ ရှင်းလင်းပေးသင့်သည်။ အပင်ပတ်ဝန်းကျင်၌ ပေါင်းမြက်ထူလာပါက ရှင်းလင်းပေးရမည်။ ပေါင်းသတ်ဆေးမကြာခဏအသုံးပြုခြင်းကို ရှောင်ကြဉ် ရမည်ဖြစ်သည်။ ရေသွင်းရာတွင်မြေအနေအထားကိုကြည့်ရမည်။ ပထမအကြိမ်ရေပေးသွင်းခြင်းကို သရက်သီးကင်းဝင်ချိန်ဆောင်ရွက်ပါ။ ဒုတိယအကြိမ်ရေပေးသွင်းခြင်းကို ပထမအကြိမ်ရေပေးသွင်းပြီး တစ်လအကြာမှာ ပေးသွင်းရမည်။ ထိုအချိန်၌ သရက်သီးသည် ပေသီးလုံးအရွယ်ခန့်ဖြစ်နေသည်။
တတိယအကြိမ်ရေပေးသွင်းခြင်းကို ဒုတိယအကြိမ်ရေသွင်းပြီး ရက် ၂၀-၃၀ သရက်သီးမရင့်မီ ပေးသွင်းရမည်။ ရေပေးသွင်းရာတွင်သတိပြုရမည့် အချက်မှာ သရက်ပန်းပွင့်ချိန်နှင့်သရက်သီးမခူးမီ တစ်လအလိုတွင်ရေသွင်းခြင်းမပြုလုပ်ရပါ။ အပင်ငယ်စဉ် နွေရာသီလိုအခါမျိုး၌ နှစ်ပတ်တစ်ကြိမ် ရေသွင်းပေးရသည်။ အထူးသဖြင့် သရက်သီးကင်းဝင်ပြီး လေးပတ်မှ ခြောက်ပတ်အကြာ ရေအလို အပ်ဆုံးအချိန်ဖြစ်သည်ကိုသတိပြုဖို့လိုသည်။
သက်တမ်းအလိုက်မြေဩဇာကျွေးခြင်း
မြေဩဇာကျွေးရာတွင် အသီးမတင်သေးသည့်အပင်အတွက် မြေဩဇာနှင့် အသီးသီးလျက်ရှိနေသော အပင်အတွက်မြေဩဇာဟူ၍ခွဲထားသည်။ တစ်နှစ်သားအရွယ်သရက်ပင်ငယ်များအတွက် ယူရီးယား ၁၇၀ ဂရမ်၊ စူပါဖော့စဖိတ် ၁၁၂ ဂရမ်၊ ပိုတက်ဆီယမ်ကလိုရိုက် ၁၁၄ ဂရမ်နှုန်းကျွေးပေးရသည်။ ဓာတ်မြေဩဇာကို အပင်သက် ၁၀ နှစ်အထိ ပထမနှစ်ကျွေးသည့်နှုန်းထားကို ဆတိုးထည့်သွင်းပေးရ ကြောင်း သိရသည်။
အသီးသီးနေသောအပင်များအတွက် ဇွန်၊ ဇူလိုင်လတို့တွင် N P K ထည့်ရမည့်ပမာဏ အတိုင်း ထည့်ပေးပါ။ N ၁၇၀ ဂရမ်၊ P2O2 ၁၈၀ ဂရမ်၊ K2O ၆၈၀ ဂရမ်ကို နှစ်ကြိမ်ခွဲကျွေးပေးရမည်။ အပင် သက်တမ်းအလိုက်မြေဩဇာကျွေးနှုန်းကိုလည်းဖော်ပြပါမည်။
ပင်သက်/သဘာဝမြေသြဇာ/ N. / Ph. / P
- ၁နှစ်သား - ၅. - ၁၀၀- ၅၀. - ၁၀၀
- ၂ နှစ်သား - ၁၀. - ၂၀၀-၁၀၀ - ၂၀၀
- ၃ နှစ်သား - ၁၅. - ၃၀၀ - ၂၀၀ - ၃၀၀
- ၄ နှစ်သား - ၂၀. - ၄၀၀ - ၃၀၀ - ၄၀၀
- ၅ နှစ်သား - ၂၅. - ၅၀၀ - ၄၀၀ - ၅၀၀
- ၆ နှစ်သား - ၃၀. - ၆၀၀ - ၅၀၀ -၆၀၀
- ၇ နှစ်သား - ၃၅. - ၇၀၀ - ၆၀၀ - ၇၀၀
- ၇ နှစ်သားအထက် - ၅၀. - ၁၀၀၀ - ၅၀၀ - ၁၀၀၀
အထက်ဖော်ပြပါသက်တမ်းအလိုက်အစာကျွေးနှုန်းများတွင် သဘာဝမြေဩဇာသည်ကီလိုဂရမ်ဖြစ်ပြီး နိုက်ထရိုဂျင်(N)၊ ဖော့စဖောရပ်(Ph)နှင့်ပိုတက်ဆီယမ်(P)သည် ဂရမ်ဖြစ်သည်။
ဖျက်ပိုးနှင့်ရောဂါများ
သရက်ပင်၌ ဖျက်ပိုးများ ကျရောက်တတ်သည်။ သီးထိုးယင်၊ အစေ့ထိုးပိုး၊ အသားထိုးပိုး၊ ပင်စည်ထိုးပိုး၊ ဖြုတ်ပိုး၊ အကြေးပိုးနှင့် ပိုးစေးနှဲတို့ဖြစ်သည်။ သီးထိုးယင်သည် သရက်သီးမှည့်ကိုဖျက်ဆီးတတ်သည်။ ထိုပိုးကျပါက အသီးအရောင်ပျက်ခြင်း၊ အက်ကွဲခြင်း၊ အနာကွက်များဖြစ်ခြင်း စသည့်လက္ခဏာများတွေ့ရတတ်သည်။ ထိုအခါ ထိသေဆေးတစ်မျိုးမျိုးကိုအညွှန်းအတိုင်းအသုံးပြုပါ။ အစေ့ထိုးပိုးသည် သီးကင်းချိန်မှစ၍ ခူးဆွတ်ချိန်အထိကျရောက်တတ်သည်။ လက္ခဏာမှာ သေးငယ်မည်းနက်သောမျဉ်းကွေးပုံသဏ္ဌာန်အစက်များအသီးပေါ်တွင်တွေ့ရတတ်သည်။ထိုအခါ ထိသေပိုးသတ်ဆေးကိုအညွှန်းအတိုင်းအသုံးပြုပေးရမည်။
ပင်စည်ထိုးပိုးသည် သရက်ပင်အတွက် အလွန်အန္တရာယ်များသော ပိုးဖြစ်သည်။ အပင်ခြောက်၍သေခြင်း၊ အကိုင်းခြောက်ခြင်းဖြစ်တတ်သည်။ ထိုအခါ အသီးအထွက်လျော့နိုင်သည်။ ထိုပိုးကျပါက ပိုးကျသောကိုင်းကိုဖြတ်ပါ။ ပိုးသတ်ဆေးနှင့်ထုံးရော၍ ပင်စည်ကိုသုတ်ပေးရမည်။ သရက်ပင်ရောဂါများမှာ မှည့်ပြောက်စွန်းရောဂါ၊ ပန်းခိုင်ခြောက်ရောဂါ၊ ကိုင်းဖျားခြောက်ရောဂါ၊ ဖားဥမှိုရောဂါ၊ မီးခိုးရောင်ရွက်ပြောက်ရောဂါ စသည်တို့ဖြစ်သည်။
မှည့်ပြောက်စွန်းရောဂါသည် အရွက်နုထွက်ချိန်၊ ပန်းခိုင်ထွက်ချိန်နှင့်အသီးခူးပြီးချိန်၊ ပူပြင်းစိုစွတ်ချိန်တို့မှာဖြစ်တတ်သည်။အရွက်၊ အကိုင်း၊ အသီးတို့တွင်ရွက်ခြောက်လက္ခဏာများတွေ့ရသည်။ ထိုအခါ ဓာတုမှိုသတ်ဆေးတစ်မျိုးမျိုးဖျန်းပေးရသည်။ ဖားဥမှိုရောဂါသည် ပွင့်ပိုင်းများမှ အဓိကဝင်ရောက်သည်။ ထိုအခါ အသီးတင်နှုန်းကိုထိခိုက်စေသည်။ အရွက်ပေါ်တွင် အဖြူ သို့မဟုတ် မီးခိုးရောင်မှိုမျှင်ကွက်များ ဖြစ်ပေါ်နေတတ်သည်။ ထိုအခါ သင့်လျော်ရာဓာတုဆေးတစ်မျိုးမျိုးဖျန်းပေးရမည်။
သရက်သီးထုတ်ကုန်နှင့်ပြည်ပပို့ကုန်သရက်သီး
သရက်သီးသည်စျေးကွက်ဝင်သောအသီးဖြစ်သည်။ ယနေ့စျေးကွက်မှာလည်း စျေးကောင်းသည်။ သရက်ပင်က နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပြီး တစ်သက်အကျိုးအမြတ်ရနိုင်သောအပင်မျိုးဖြစ်သည်။ ၅-၁၀ နှစ်သားအပင်တစ်ပင်ကို အလုံး ၁၀၀ ခန့်သီးနိုင်ပြီး ၁၂ နှစ်သားတစ်ပင်လျှင် အလုံး ၅၀၀ မှ ၁၅၀၀ အထိ သီးနိုင်သည်။ ၂၁ နှစ်သားအထက်သရက်တစ်ပင်ဆိုလျှင် ၁၅၀၀ ခန့် သီးနိုင်သည်။ သရက်ပင်က သီးကင်းလေးများကြွေကျတတ်သည်။ ထိုသီးကင်းလေးများကိုကောက်ယူ၍ သရက်သီးဆားရည်စိမ်ပြုလုပ်၍ ရောင်းချသည်လည်းရှိသည်။
ထို့ပြင် သရက်သီးပိုးတီလှီး၍ သရက်ချဉ်ပြုလုပ်ပြီးလည်းရောင်းချကြသည်။ ထို့ပြင် သရက်သီးသနပ်၊ သရက်သီးယို၊ သရက်ပျဉ်စသည်ဖြင့် သရက်သီးထုတ်ကုန်များပြုလုပ်ရောင်းချခြင်းဖြင့်လည်း အကျိုးအမြတ်များရရှိနိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံတွင်လူကြိုက်များသောစိန်တစ်လုံးသရက်လည်းရှိသည်။ လွန်ခဲ့သော သုံးလေးနှစ်လောက်က တစ်လုံး ၅၀၀ လောက်ပေးရသည်။ယခုဆို ၁၀၀၀ ဝန်းကျင်လောက်ရှိမည်ထင်သည်။ ရုရှားစီးပွားရေးလုပ်ငန်းရှင်များက မြန်မာ့စိန်တစ်လုံးသရက်သီးနှင့်သရက်ခြောက်များကို ဝယ်ယူဖို့ကမ်းလှမ်းထားကြောင်း သတင်းစာတစ်စောင်မှာ ဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့ကြောင့် မြန်မာ့စိန်တစ်လုံးသရက်သည် ပြည်ပစျေးကွက်ဝင်သရက်ဖြစ်သည်။သရက်သီးသည် ယခင်ကလည်းပြည်ပပို့ကုန်တစ်ခုဖြစ်ခဲ့သည်။
၂၀၁၅-၂၀၁၆ လောက်က သရက်တန်ချိန်ထောင်ပေါင်း ၂ ဒသမ ၇၈ တန်တင်ပို့နိုင်ခဲ့ရာ ပြည်ပဝင်ငွေအမေရိကန်ဒေါ်လာ ၉ ဒသမ ၄၇ သန်းရရှိခဲ့သည်ဟု မှတ်သားခဲ့ရဖူးသည်။ စိန်တစ်လုံးသရက်ကိုလည်း နိုင်ငံခြားစျေးကွက်သို့တင်ပို့ရာ ၂၅၀ ဂရမ်၊ ၃၀၀ ဂရမ်အရွယ်အစားရှိ စိန်တစ်လုံးသရက်သီးတစ်တန်ကို ၁၂၅၀၀၀၀ ကျပ်ရရှိကြောင်း သိရသည်။ သရက်ထုတ်ကုန်အနေဖြင့် သရက်ပျဉ်ရသည်။ ထိုခြံများမှ သရက်သီးစိမ်းများကိုဝယ်ယူ၍ သရက်ချဉ်ပြုလုပ်ရောင်းချသူများလည်းရှိသည်။ ထိုလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးဖြစ်သည်။
ယခုကာလပေါက်စျေးများအရ သရက်သီးသည် စျေးကောင်းသောအသီးဖြစ်သည်။ အထက်မှာလည်း သရက်တစ်ပင်မှ ရရှိနိုင်သောဝင်ငွေကိုပျမ်းမျှခန့်မှန်းတွက်ချက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် သရက်သီးသည် နှစ်ရှည်ပင်ဖြစ်သလို အကျိုးအမြတ်လည်းရရှိနိုင်သောကြောင့်စီးပွားဖြစ်သရက်စိုက်ပျိုးမည်ဆိုလျှင် သိသင့်သည်များကို လေ့လာတင်ပြလိုက်ပါသည်။ ။

ဝါသီးနှံသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကအရေးကြီးသော စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၇၅ နိုင်ငံကျော် စိုက်ပျိုးလျက်ရှိကြသည်။ထို့ပြင် လူသားတို့၏ စား၊ ဝတ်၊ နေရေးတို့တွင် ဒုတိယကဏ္ဍဖြစ်သည့် အဝတ်အထည်ရရှိရေးအတွက် အရေးကြီးသောအဓိကသီးနှံတစ်မျိုးလည်းဖြစ်သည်။ ဝါသီးနှံ၏ အပင်ကြီးထွားဖွံ့ဖြိုးမှုသည် စိုက်ပျိုးမြေအနေအထား၊ ရာသီဥတုအခြေအနေနှင့် အသုံးချစိုက်ပျိုးရေးနည်းပညာအစီအမံများအပေါ်တွင်မူတည်လျက်ရှိသည်။ဝါသီးနှံထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရန် စိုက်ဧရိယာများ
ဝါသီးနှံသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကအရေးကြီးသော စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၇၅ နိုင်ငံကျော် စိုက်ပျိုးလျက်ရှိကြသည်။ထို့ပြင် လူသားတို့၏ စား၊ ဝတ်၊ နေရေးတို့တွင် ဒုတိယကဏ္ဍဖြစ်သည့် အဝတ်အထည်ရရှိရေးအတွက် အရေးကြီးသောအဓိကသီးနှံတစ်မျိုးလည်းဖြစ်သည်။ ဝါသီးနှံ၏ အပင်ကြီးထွားဖွံ့ဖြိုးမှုသည် စိုက်ပျိုးမြေအနေအထား၊ ရာသီဥတုအခြေအနေနှင့် အသုံးချစိုက်ပျိုးရေးနည်းပညာအစီအမံများအပေါ်တွင်မူတည်လျက်ရှိသည်။ဝါသီးနှံထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရန် စိုက်ဧရိယာများတိုးချဲ့စိုက်ပျိုးခြင်းသာမက အရည်အသွေးနှင့်အထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရန် လိုအပ်သော အာဟာရဓာတ်များအား အချိုးကျ၊ အချိန်မီ စနစ်တကျ ထည့်သွင်းပေးရမည်ဖြစ်သည်။ ထို့ကြောင့် ဝါသီးနှံပင်အတွက်လိုအပ်သော အာဟာရဓာတ်များလုံလောက်စွာရရှိစေရန် ဝါသီးနှံအားသစ်စိမ်းသီးနှံများနှင့် တွဲဖက်စိုက်ပျိုးခြင်းဖြင့် မြေ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ တိုးတက်လာမည်ဖြစ်သည်။ ဓာတုမြေဩဇာများအားသုံးစွဲ၍ သီးနှံများအား ဆက်တိုက်စိုက်ပျိုးပါက မြေဆီလွှာကျန်းမာရေးနှင့် မြေဆီလွှာဖွဲ့စည်းမှုများ ပျက်စီးယိုယွင်းလာမည်ဖြစ်သည်။ထို့ပြင်စိုက်ပျိုးသီးနှံများအတွက်လိုအပ်သော ဓာတ်မြေဩဇာများဈေးနှုန်းမြင့်တက်ခြင်းနှင့် အလွယ်တကူ ဝယ်ယူ၍မရသော ပြဿနာများနှင့်ရင်ဆိုင်နေရသည်။ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ကုန်ကျစရိတ်များလျော့နည်းစေပြီး မြေ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ တိုးတက်ကောင်းမွန်စေရန်၊ သီးနှံအထွက်တိုးတက်စေရန် စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သစ်စိမ်းသီးနှံ (ပဲမျိုးရင်းဝင်နှင့် ပိုက်ဆန်လျှော်)များအား စိုက်ပျိုးသီးနှံများဖြင့် တွဲဖက်၍စိုက်ပျိုးအသုံးပြုခြင်းကို ဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်။
မြေဆီလွှာပြန်လည်ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာထဲရှိသဘာဝမြေဩဇာများတိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့်စိုက်ပျိုးနည်းစနစ်များတွင် သစ်စိမ်းစိုက်ပျိုးထည့်သွင်း အသုံးပြုခြင်းဖြစ်သည်။ သစ်စိမ်းကို အမျိုးအစားအားဖြင့် (၁)သစ်ရွက်စိမ်းမြေဩဇာနှင့် (၂)သစ်စိမ်းမြေဩဇာသီးနှံဟူ၍ ခွဲခြားအသုံးပြုပြီး များသောအားဖြင့် သစ်စိမ်းမြေဩဇာသီးနှံစိုက်ပျိုးထည့်သွင်းခြင်းကိုသာအသုံးပြုကြပြီး သစ်ရွက်စိမ်းမြေဩဇာအသုံးပြုခြင်းမှာ နည်းပါးလှပေသည်။မြေဆီလွှာအာဟာရဓာတ်တိုးမြင့်စေပြီးမြေ၏ရုပ်ဂုဏ်သတ္တိ၊ဓာတုဂုဏ်သတ္တိနှင့်ဇီဝဂုဏ်သတ္တိများကိုပါအကျိုးသက်ရောက်မှုရှိသည့်ပဲမျိုးရင်းဝင်အပင်များနှင့်ပိုက်ဆန်လျှော်ကဲ့သို့သော သစ်စိမ်းမြေဩဇာသီးနှံများကို စိုက်ပျိုးထည့်သွင်းခြင်းသည်
မြေဆီလွှာကိုကောင်းမွန်အောင် ရေရှည်ထိန်းသိမ်းရာရောက်မည်ဖြစ်ကဲ့သို့ ဝါသီးနှံအပင်ကြီးထွားမှု၊ အထွက်နှုန်း၊ ဂွမ်းမွေးအရည်အသွေးများအပေါ်အကျိုးသက်ရောက်ပြီး ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်တို့နှင့် သဟဇာတဖြစ်သော စိုက်ပျိုးနည်းလမ်းတို့ကို လက်ခံကျင့်သုံးလာနိုင်မည်ဖြစ်သည်။
သစ်စိမ်းမြေဩဇာအဖြစ်ပဲမျိုးရင်းဝင်အပင်များဖြစ်သည့် ပဲလွမ်း၊ ပဲတီစိမ်းနှင့်မတ်ပဲစသည်တို့အပြင် ပိုက်ဆန်လျှော်အစရှိသည်တို့ကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီ ၄၅ ရက်သားအချိန်တွင် ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် နောက်စိုက်ပျိုးမည့် သီးနှံအတွက် လိုအပ်သော အာဟာရဓာတ်များကို ရရှိစေသည်။ ထိုသို့ဆောင်ရွက်ခြင်းကို သစ်စိမ်းမြေဩဇာကျွေးခြင်းဟု ခေါ်ဆိုသည်။
ဝါသီးနှံစိုက်စနစ်သည်အတန်းလိုက်စိုက်ပျိုးပြီး တန်းကြားအကွာအဝေးထားကာစိုက်ပျိုးသောသီးနှံဖြစ်ခြင်းကြောင့်တန်းကြားများတွင်သစ်စိမ်းများတွဲဖက်စိုက်ပျိုးထည့်သွင်းနိုင်သည်။ သစ်စိမ်းသီးနှံများ၏ ကြီးထွားမှုမြန်ဆန်ခြင်းသည် ဝါသီးနှံ၏ အပင်ကြီးထွားဖွံ့ဖြိုးမှုအပေါ်အဟန့်အတားမဖြစ်စေရန်အတွက် ဝါသီးနှံစိုက်ပျိုးခြင်းတွင် သစ်စိမ်းများတွဲဖက်စိုက်ပျိုးခြင်းကို ဝါပင်သားခွဲပြီးချိန်တွင် ဆောင်ရွက်သင့်ပေသည်။
ပဲမျိုးရင်းဝင်အပင်များနှင့် ပိုက်ဆန်လျှော်သစ်စိမ်းများအား ဝါစိုက်တန်းကြားများအကြားတွင် စိုက်ပျိုး၍ပြန်လည်ထည့်သွင်းခြင်းဖြင့် မြေဆီလွှာအာဟာရဓာတ်၊ ရုပ်ဂုဏ်သတ္တိနှင့် ဝါသီးနှံအပင်ဖြစ်ထွန်းမှုနှင့်အထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုကိုသိရှိစေရန် ၂၀၂၁၊ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ် မိုးနှောင်းရာသီများတွင် ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေတောင်) ၌ သုံးရာသီဆက်တိုက်စိုက်ပျိုးစမ်းသပ်ဆောင်ရွက်ခဲ့သည်။ ပိုက်ဆန်လျှော်၊ ပဲတီစိမ်း၊ ပဲလွမ်း၊ ပဲယဉ်းသစ်စိမ်း အသီးသီးတို့အား သီးသန့်ထည့်သွင်းသည့် စမ်းသပ်ချက် လေးမျိုး၊ ၎င်းသစ်စိမ်းအသီးသီးတို့အား ဓာတ်မြေဩဇာ(ယူရီးယား ၁ ဒသမ ၅ အိတ် + တီစူပါတစ်အိတ် + ပိုတက်တစ်အိတ်/ဧက)နှင့် တွဲဖက်ထည့်သွင်းသည့် စမ်းသပ်ချက်လေးမျိုး၊ ဓာတ်မြေဩဇာသီးသန့် စမ်းသပ်ချက်တစ်မျိုးနှင့် ဗလာကွက် စမ်းသပ်ချက်တို့ဖြင့် စုစုပေါင်းစမ်းသပ်ချက် ၁၀ မျိုးအား ထပ်ပြုကြိမ်သုံးကြိမ်ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့သည်။ စမ်းသပ်ချက်များအလိုက် သစ်စိမ်းများတစ်ရာသီလျှင် ပျမ်းမျှ ( ၃ ဒသမ ၄ - ၅ ဒသမ ၅ တန်)ခန့်ထည့်သွင်းနိုင်ခဲ့ပြီး မြေကြီးတွင် သဘာဝကာဗွန်နှင့် သစ်ဆွေးဓာတ်ပါဝင်မှုပမာဏတို့သည် မူလမြေထဲပါဝင်သည့် ပမာဏနှင့် လုံးဝအသုံးမပြုသည့် စမ်းသပ်ချက်တို့ထက်ပိုလာခြင်း၊ အပင်အမြစ်ကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်သည့် မူလမြေ၏ သိပ်သည်းဆပမာဏသည် လျော့ကျလာခြင်းကို တွေ့ရှိရသဖြင့် မြေဆီလွှာဖွံ့ဖြိုးမှုရှိလာကြောင်း တွေ့ရှိရသည်။
စမ်းသပ်မှုတတိယမြောက်ရာသီအပြီးတွင် ဝါပင်ဖြစ်ထွန်းမှုအခြေအနေ၊တစ်ပင်ရှိသီးလုံး၊ ဝါတစ်ပေါက်အလေးချိန်နှင့် ဝါအထွက်နှုန်းတို့မှာ သိသာစွာကွာခြားခဲ့ပြီး ဝါထွက်အများဆုံးကို ဝါနှင့်ပဲလွမ်း၊ ဝါနှင့်ပဲယဉ်းသစ်စိမ်းတွဲပြီး စိုက်ပျိုးခြင်းမှရရှိခဲ့သည်။
စမ်းသပ်တွေ့ရှိချက်များအရ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းတွင် မြေဆီလွှာဂုဏ်သတ္တိများတိုးတက်လာမှုဝါပင်ကြီးထွားဖွံ့ဖြိုးမှုနှင့် အထွက်နှုန်းကောင်းမွန်မှုများကြောင့်ဝါနှင့်အသင့်တော်ဆုံးသော တွဲဖက်သစ်စိမ်းသီးနှံမှာ ပဲလွမ်းနှင့် ပဲယဉ်းသစ်စိမ်းများဖြစ်သည်ဟု သုံးသပ်တွေ့ရှိရသည်။ ဝါသီးနှံစိုက်ပျိုးခြင်း၏ စိုက်ပျိုးနည်းစနစ်အားသာချက် (အတန်းအလိုက်နှင့်သီးသန့်စိုက်ပျိုးခြင်း) အခြေအနေတွင် သစ်စိမ်းအမျိုးမျိုးတွဲဖက်စိုက်ပျိုးနိုင်ပြီး မြေအတွင်းပြန်လည်ထည့်သွင်းခြင်းဖြင့် စိုက်ပျိုးမြေအတွင်း နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်ဆီယမ်တို့ ပြန်လည်ဖြည့်တင်းပေးနိုင်သောကြောင့် မြေဆီလွှာကောင်းမွန်လာပြီး အထွက်နှုန်းများတိုးတက်လာ၍ ရေရှည်တည်တံ့သေစိုက်ပျိုးထုတ်လုပ်မှုကိုအထောက်အကူဖြစ်လာစေနိုင်သည်။
သီးနှံတစ်ခု စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းလိုအပ်သောကြောင့် ရေရှိသော်လည်း မြေညံ့ပါကလည်းကောင်း၊ တစ်နည်းအားဖြင့် ပျက်စီးနေသော မြေဖြစ်ပါက မျိုးစေ့ကောင်းဖြစ်သော်ငြားလည်းကောင်း၊ မြေကောင်းသော်လည်းနည်းစနစ်တကျ မစိုက်ပျိုးနိုင်ပါကလည်းကောင်း အောင်မြင်စွာဖြစ်ထွန်းနိုင်မည်မဟုတ်ပါ။
သစ်စိမ်းများထည့်သွင်းစိုက်ပျိုးခြင်းဖြင့်မြေဆီဩဇာတိုးတက်လာခြင်း၊ သဘာဝမြေဩဇာနှင့် အာဟာရဓာတ်များပေါင်းစည်းပေးခြင်း၊ မြေဆီလွှာဖွဲ့စည်းမှုနှင့် လေဝင်လေထွက်ကောင်းမွန်လာစေခြင်း၊ ပိုးမွှားရောဂါကျရောက်မှုအား ကာကွယ်နှိမ်နင်းပေးနိုင်ခြင်း၊ ပေါင်းမြက်များပေါက်ရောက်မှုသက်သာစေခြင်း၊ မြေဆီလွှာအကျိုးပြု အဏုဇီဝကောင်များနှင့် အခြားသက်ရှိများ၏ ကြီးထွားမှုကိုလှုံ့ဆော်ပေးခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းပုံကောင်းမွန်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးကောင်းများရရှိစေနိုင်မည်ဖြစ်ပါ၍ စိုက်ပျိုးသီးနှံများကိုပဲမျိုးရင်းဝင်အပင်များနှင့်တွဲဖက်၍ သစ်စိမ်းအဖြစ်စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။