၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေအရမိမိဆန္ဒအ‌လျောက် အာမခံထားရှိ နိုင်ခြင်းရှိ/မရှိ သိရှိလိုပါသည်။

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေတွင် မဝင်မနေရဟု ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်သည့် အလုပ်သမားများသည် ဥပ‌‌ဒေပါခံစားခွင့်များကို ခံစားခွင့်ရှိသကဲ့သို့ မဝင်မနေရဟု ပြဋ္ဌာန်းချက်နှင့်သက်ဆိုင်ခြင်းမရှိသည့် အလုပ်ဌာနများရှိ အလုပ်သမားများ၊ အလုပ်ရှင်အတည်တကျမရှိသော အလုပ်သမားများ၊ ပျံကျဈေးသည်များ၊ တောင်သူလယ်သမား များမှစ၍ ကျောင်းသူ၊ ကျောင်းသားအဆုံး ပြည်သူပြည်သားအားလုံးသည်  မိမိတို့ဆန္ဒအလျောက် အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေးများပေးသွင်း၍ အာမခံထားရှိပြီး ဥပဒေပါခံစားခွင့်များကို ခံစားခွင့်ရှိပါသည်။

Source: https://www.mol.gov.mm

လူမှုဖူလုံရေး အာမခံထားသူများသည် မည့်သည့်အခြေအနေတွင် ထည့်ဝင်ကြေးငွေပေးသွင်းရန်ပျက်ကွက်သော်လည်း အကျိုးခံစားခွင့် ရရှိနိုင်ပါသနည်း။

ဥပဒေ ပုဒ်မ ၆၉ အရ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးသော အလုပ်ရှင်ကသော် လည်းကောင်း၊ မှတ်ပုံတင်ရန် တာ၀န်ရှိသောအလုပ်ရှင်ကသော်လည်းကောင်း  မိမိ၏ အလုပ်သမားအတွက် ထည့်ဝင်ကြေးငွေများ ပေးသွင်းခြင်းမပြုစေကာမူ သို့မဟုတ် အလုပ်သမား၏လုပ်ခထဲမှ ထည့်ဝင်ကြေးငွေကို နုတ်ယူပေးသွင်း ခြင်းမပြုစေကာမူ အာမခံထားသူသည်လည်းကောင်း၊ အာမခံထားသူသေဆုံးပြီးနောက် ထိုသူက အမည်စာရင်း ပေးသွင်းခြင်းခံရသူ သို့မဟုတ် ထိုသို့ အမည်စာရင်းပေးသွင်းခြင်းမရှိခဲ့လျှင် ထိုသူအား မှီခိုသူသည် လည်းကောင်း ဤဥပဒေပါ အကျိုး ခံ၁စားခွင့်များကို ရထိုက်ခွင့်ရှိနိုင်ပါသည်။ ထည့်၀င်ကြေး ငွေပေးသွင်းရန် ပျက်ကွက်သည့် အလုပ်ရှင်သည် ပေးသွင်းရမည့် ထည့်၀င်ကြေးင

လူမှုဖူလုံရေး အာမခံထားသူတစ်ဦးဦး၏ လူမှုဖူလုံရေးအဖွဲ့မှ ခွင့်ပြုပြီးသောမမာမကျန်းမှု အကျိုးခံစားခွင့်များအား မည်သည့် အခြေအနေများတွင် ခွင့်ပြု ခြင်းကိုရပ်ဆိုင်းနိုင်ပါသနည်း။

မိမိကိုယ်မိမိတမင်မမာမကျန်းဖြစ်အောင်ပြုမှုခြင်း၊ ရာဇဝတ်ပြစ်ဒဏ်ထိုက်သည့် မိမိ၏ပြုမူမှုကြောင့် မမာမကျန်း ဖြစ်ခြင်း၊ ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ မကျန်းမာမှု၊ မီးဖွားမှုနှင့် ယာယီ မသန်စွမ်းမှုအကျိုးခံစားခွင့် တစ်ခုခု ခံစားနေသော အာမခံထားသူတစ်ဦးဦးသည် အလုပ်မလုပ်နိုင် ကြောင်း ဆေးသက်သေခံလက်မှတ်ထုတ်ပေးထားသည့် လုပ်ငန်းဌာနတွင်ဖြစ်စေ၊ အခြားလုပ်ငန်းဌာန တစ်ခုခုတွင်ဖြစ်စေ လုပ်ခဖြင့်ဝင်ရောက်လုပ်ကိုင်နေလျှင် ထိုသူအား အဆိုပါအကျိုးခံစားခွင့်များကို ရပ်ဆိုင်းရပါမည်။

Source: https://www.mol.gov.mm

လူမှုဖူလုံရေး ထည့်ဝင်ထားသည့် အာမခံအလုပ်သမားတစ်ဦးသည် အလုပ်တွင်ထိခိုက်မှုဖြစ်ပေါ်ပါက မည်သည့်အချိန်တွင် လူမှုဖူလုံရေးအဖွဲ့သို့ အကြောင်းကြားရမည်နည်း။

အလုပ်တွင်ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းဖြစ်ပွားခဲ့လျှင် လူမှုဖူလုံရေးဥပဒေ ပုဒ်မ-၅၄(က)အရ အလုပ်ရှင် သည် မိမိ၏ အာမခံထားသူအလုပ်သမား ပြင်းထန်သည့် မတော်တဆထိခိုက်ဒဏ်ရာရမှုဖြစ်ပွားပါက နည်းဥပဒေ ၁၇၅ (က) အရ အလုပ်တွင်မတော် တဆထိခိုက်ဒဏ်ရာရမှုနှင့်ဆိုင်သည့် အလုပ်ရှင်များ၏ အစီရင်ခံစာ (ပုံစံ-၃၇) (၃) စုံနှင့် အတူ(၂၄)နာရီအတွင်း သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးသို့ ချက်ချင်း အကြောင်းကြားရပါမည်။

Source: https://www.mol.gov.mm