ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ Lapu Lapu လမ်းပေါ်၌ စည်ကားသိုက်မြိုက်စွာကျင်းပသည့် ဖိလစ်ပိုင်ယဉ်ကျေးမှုပွဲတော်တွင် ကားတစ်စီး ဝင်တိုက်မှုကြောင့် လူအများသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ဒေသစံတော်ချိန် ဧပြီ ၂၆ ရက် (စနေနေ့) ညပိုင်းက East 41st Avenue နှင့် Fraser Street အနီးတွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် လမ်းသွားပြည်သူများ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ X (တွစ်တာ) တွင် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။ ကားမောင်းသူကို ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။