ဇွန်လကုန်မှာ ပထမဆုံး တာဝန်ထမ်းဆောင်တော့မယ့် တရုတ်ရဲ့ ဒရုန်းသယ်ယာဉ်
News Image

ကျိုထျန်းဆိုတာ တရုတ်လိုဆိုရင် ကောင်းကင်ပြင်ကြီးလို့ အဓိပ္ပာယ်ရပါတယ်။ ဒီနေရာမှာတော့ ကျိုထျန်းဆိုတာ ဒရုန်းများရဲ့ မိခင်ကြီးလို့ခေါ်ဆိုရမှာပါ။ ဘာကြောင့်လဲဆိုရင် အဲဒီဒရုန်းများရဲ့မိခင်ကြီးက ဒရုန်းငယ်လေးတွေကို သယ်ဆောင်ပြီး သတ်မှတ်နေရာအရောက်မှာ အဲဒီဒရုန်းတွေကို ပစ်လွှတ်နိုင်မယ့်စွမ်းဆောင်ရည်ကြောင့်ဖြစ်ပါတယ်။