ရုရှားနှင့် အကျဉ်းသားအပြန်အလှန် လဲလှယ်ရန် ယူကရိန်း စာရင်းစတင် ပြုစု
News Image

ရုရှား-ယူကရိန်း လတ်တလော အစ္စတန်ဘူလ် ဆွေးနွေးပွဲ သဘောတူညီထားချက်အရ နှစ်နိုင်ငံ နိုင်ငံသားများလဲလှယ်ရန် စာရင်းပြုစုရန် စတင်မည်ဟု ယူကရိန်းနိုင်ငံ၏ ပင်မထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံး၏ ဒုတိယအကြီးအကဲ Vadim Skibitsky က ပြောကြားခဲ့ပါသည်။
“ယနေ့ကစပြီး မကြာမီကာလအတွင်း မိမိနိုင်ငံသို့ပြန်လာမည့်သူများ၏ စာရင်းကို ပြုစုနေပါသည်။ ရုရှားဘက်နှင့် အလုပ်လုပ်ရတာ ပုံမှန် အတွေ့အကြုံရှိပါသည်” ဟု ၎င်းက ယူကရိန်းရုပ်သံလိုင်း Rada တွင် ပြောကြားခဲ့သည်။