Kherson ဒေသရှိ ဒုတိယကမ္ဘာစစ် အာဇာနည် အထိမ်းအမှတ်နေရာကို ယူကရိန်းတပ်များက တိုက်ခိုက်

News Image

Kherson ဒေသရှိ ဒုတိယကမ္ဘာစစ် အာဇာနည် အထိမ်းအမှတ်နေရာကို ယူကရိန်းတပ်များက တိုက်ခိုက်

ယူကရိန်းတပ်များသည် ရုရှားပိုင် Kherson ဒေသ ၏ Brilyovka ကျေးရွာ ရှိ ဒုတိယကမ္ဘာစစ် သူရဲကောင်းများ၏ အာဇာနည်ဗိမာန်အား ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Kherson မြို့တော်ဝန်Vladimir Saldoက ပြောကြားလိုက်ပါသည်။ ယခုလုပ်ရပ်မှာ အလွန်အမင်း ရက်စက် ကြမ်းကြုတ်ပြီး ယဉ်ကျေးမှုအမွေအနှစ် ဖျက်ဆီးမှုတစ်ခုဖြစ်သည်ဟု Saldo က ၎င်း၏ Telegram တွင် ရေးသားဖော်ပြခဲ့ပါသည်။ 

ပါကစ္စတန်ကို တိုက်ခိုက်ခဲ့သည့် Operation Sindoor စစ်ဆင်ရေးအတွင်း အိန္ဒိယစစ်တပ်က အသုံးပြုခဲ့သည့် လက်နက်များ

News Image

ပါကစ္စတန်ကို တိုက်ခိုက်ခဲ့သည့် Operation Sindoor စစ်ဆင်ရေးအတွင်း အိန္ဒိယစစ်တပ်က အသုံးပြုခဲ့သည့် လက်နက်များ

မေ ၇ ရက် နံနက်အစောပိုင်းက ပါကစ္စတန်ကို အိန္ဒိယက တိုက်ခိုက် ခဲ့သည့် Operation Sindoor စစ်ဆင်ရေးအတွင်း အိန္ဒိယစစ်တပ်သည် ပစ်မှတ်တိကျပြီး တာဝေးပစ်ခတ်နိုင်သည့် လက်နက်များကို အသုံးပြုခဲ့ကြောင်း NDTV သတင်းတွင် ဖော်ပြခဲ့သည်။

ထိုလက်နက်များအတွင်း SCALP ခရုဇ်ဒုံးကျည်များ၊ ပစ်မှတ်တိကျသည့် HAMMER ဗုံးများနှင့် အသေခံဒရုန်းများ ပါဝင်ခဲ့သည်။

ထရမ့်က ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အောင်ပွဲများအတွက် အမျိုးသားအားလပ်ရက်အဖြစ် သတ်မှတ်ပေးရန် အဆိုပြု

News Image

ထရမ့်က ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အောင်ပွဲများအတွက် အမျိုးသားအားလပ်ရက်အဖြစ် သတ်မှတ်ပေးရန် အဆိုပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာ စစ်အောင်ပွဲများကို အမှတ်တရအဖြစ် အမျိုးသားအားလပ်ရက်သတ်မှတ်ရန် အစီအစဉ်များ ကြေညာခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က စတင်တင်ပြခဲ့သော ထိုအဆိုပြုချက်သည် “မိမိတို့၏အောင်ပွဲများကို ပြန်လည်ဂုဏ်ပြုရန်” ထရမ့်၏ တိုက်တွန်းချက် ၏ အစိတ်အပိုင်းဖြစ်သော်လည်း၊ အမေရိကန်သည် ဒုတိယကမ္ဘာစစ်ကို အနိုင်ရခဲ့သည်ဟူသော ၎င်း၏အဆိုကို ရုရှားက “အဓိပ္ပာယ်မရှိသော စကား” ဟု ပယ်ချခဲ့သည်။

ယီမင်မြို့တော်လေဆိပ် အသုံးပြု၍မရအောင် အစ္စရေးက ဗုံးကြဲ တိုက်ခိုက်

News Image

ယီမင်မြို့တော်လေဆိပ် အသုံးပြု၍မရအောင် အစ္စရေးက ဗုံးကြဲ တိုက်ခိုက်

ယီမင်နိုင်ငံ၏ ဟူသီသူပုန်များထိန်းချုပ်ထားသော မြို့တော်ဆာနာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အလုံးစုံပိတ်သွားစေရန် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများက ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့သည့် အပြင် အခြားပစ်မှတ်များကိုလည်း ထိမှန်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က အင်္ဂါနေ့ (မေ ၆) တွင် ထုတ်ပြန်ခဲ့ပါသည်။