အမေရိကန်ကသာ တောင်တရုတ်ပင်လယ် လုံခြုံတည်ငြိမ်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု တရုတ်နိုင်ငံ ကိုယ်စားလှယ်ဆို

News Image

အမေရိကန်ကသာ တောင်တရုတ်ပင်လယ် လုံခြုံတည်ငြိမ်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု တရုတ်နိုင်ငံ ကိုယ်စားလှယ်ဆို

ကုလသမဂ္ဂ၊ မေ ၂၁ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ ကိန်းစွမ်က မေ ၂၀ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပင်လယ်ပြင်လုံခြုံရေး အရေးကိစ္စ တံခါးဖွင့်အစည်းအဝေး၌ အမှာစကားပြောကြားတွင် အမေရိကန်က တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်နိုင်ငံအပေါ် အကြောင်းမဲ့ ပြစ်တင်မှုအား ချေပခဲ့ပြီး အမေရိကန်သည်သာ တောင်တရုတ်ပင်လယ် လုံခြုံတည်ငြိမ်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု ထောက်ပြပြောကြားခဲ့သည်။

ဆန်ဒီယာဂိုရှိ စစ်တပ်ပိုင် နေအိမ်ရပ်ကွက်ထဲ လေယာဉ်ပျက်ကျ

News Image

ဆန်ဒီယာဂိုရှိ စစ်တပ်ပိုင် နေအိမ်ရပ်ကွက်ထဲ လေယာဉ်ပျက်ကျ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယာဂိုမြို့တွင် မေလ ၂၂ ရက် နံနက်ပိုင်းက Cessna 550 လေယာဉ်သည် ရုတ်တရက် ပျက်ကျခဲ့ပြီး စစ်တပ်ပိုင် နေအိမ်ရပ်ကွက်အတွင်း ထိုးဆင်းကျခဲ့ကြောင်း NBC သတင်းဌာနက ဖော်ပြထားပါသည်။ 

အဆိုပါလေယာဉ်မှ စိမ့်ထွက်လာသော လောင်စာဆီကြောင့် အနည်းဆုံး အိမ် ၁၅ လုံး မီးလောင်ကျွမ်းခဲ့ပါသည်။ ပျက်ကျမှုအကြောင်းရင်းကို ယခု အချိန်ထိ အတိအကျမသိရသေးပါ။ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ထိုဒေသ၌ မြူထူထပ်နေကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။ 

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်ရဲတပ်ဖွဲ့အတွက် ရုရှား၏ အဆင့်မြင့် AK-203 ရိုင်ဖယ်များ ပေးပို့မည်

News Image

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်ရဲတပ်ဖွဲ့အတွက် ရုရှား၏ အဆင့်မြင့် AK-203 ရိုင်ဖယ်များ ပေးပို့မည်

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်ရဲတပ်ဖွဲ့အတွက် ရုရှား၏ အဆင့်မြင့် AK-203 တိုက်ခိုက်ရေးရိုင်ဖယ်များ ပေးပို့မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြား ကုန်သွယ်ရေးကုမ္ပဏီ Rosoboronexport က ကြေညာထားပါသည်။

ထိုသဘောတူညီမှုမှာ အိန္ဒိယ-ရုရှား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော အဆင့်တစ်ခုဖြစ်ပြီး အိန္ဒိယအား AK-203 ထုတ်လုပ်ရာ တွင် နည်းပညာလွှဲပြောင်းပေးမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။ 

ဂျပန်အစိုးရက အထက်လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ ဓာတ်ဆီ တစ်လီတာလျှင် ၁၀ ယန်း (၀.၀၇ ဒေါ်လာ) လျှော့ချမည့် ဓာတ်ဆီ ထောက်ပံ့ရေးအစီအစဉ်သစ် စတင်

News Image

ဂျပန်အစိုးရက အထက်လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ ဓာတ်ဆီ တစ်လီတာလျှင် ၁၀ ယန်း (၀.၀၇ ဒေါ်လာ) လျှော့ချမည့် ဓာတ်ဆီ ထောက်ပံ့ရေးအစီအစဉ်သစ် စတင်

ဂျပန်အစိုးရသည် နွေရာသီတွင် ကျင်းပမည့် အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ ပြည်သူများ၏ လူနေမှုစရိတ်မြင့်တက်မှု ဖိအားများကို သက်သာစေရန်အတွက် မေလ ၂၂ ရက်နေ့မှ စတင်၍ ဓာတ်ဆီ တစ်လီတာလျှင် ၁၀ ယန်း လျှော့ချပေးမည့် ထောက်ပံ့ရေးအစီအစဉ်သစ် တစ်ရပ်ကို အာဏာတည်စေခဲ့သည်။