အီတလီကုန်သွယ်ရေးအသင်းက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ရပ်ဆိုင်းရန် တောင်းဆို

News Image

အီတလီကုန်သွယ်ရေးအသင်းက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ရပ်ဆိုင်းရန် တောင်းဆို

အီတလီ-ရုရှား ကုန်သွယ်ရေးအသင်း (Italian-Russian Chamber of Commerce) က ပိတ်ဆို့အရေးယူမှုများသည် နှစ်နိုင်ငံ၏ စီးပွားရေး အကျိုးစီးပွားကို ထိခိုက်နေသည်ဟု ဆိုကာ အီတလီအစိုးရအား ဒဏ်ခတ်မှုများ ရုပ်သိမ်းရန် ဆွေးနွေးမှုစတင်ရေး တိုက်တွန်းလိုက်သည်။

ထရမ့်က နိုင်ငံ ၁၅၀ အား သဘောတူညီချက်ညှိနှိုင်းရန် အချိန်ကုန်လုနီး ဖြစ်နေပြီး သဘောတူညီမှုမရပါက ပိုမိုမြင့်မားသော အကောက်ခွန်များနှင့် ရင်ဆိုင်ရမည်ဟု သတိပေး

News Image

ထရမ့်က နိုင်ငံ ၁၅၀ အား သဘောတူညီချက်ညှိနှိုင်းရန် အချိန်ကုန်လုနီး ဖြစ်နေပြီး သဘောတူညီမှုမရပါက ပိုမိုမြင့်မားသော အကောက်ခွန်များနှင့် ရင်ဆိုင်ရမည်ဟု သတိပေး

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် များချုပ်ဆိုရန် ကြိုးစားနေသည့် နိုင်ငံ ၁၅၀ အား အချိန်ကာလ အကန့်အသတ်ရှိကြောင်း သတိပေးခဲ့သည်။ လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း သဘောတူညီချက် မရရှိပါက ၎င်းနိုင်ငံများသည် အမေရိကန်သို့ ကုန်စည်တင်ပို့ရာတွင် ပိုမိုမြင့်မားသော အကောက်ခွန်များ ကျင့်သုံးခံ ရမည်ဖြစ်သည်။

ထရမ့်၏ ဒေါ်လာ ၅ သန်းတန် “Gold card” ဗီဇာအတွက် ချမ်းသာသော နိုင်ငံခြားသားများ တစ်ပတ်အတွင်း မှတ်ပုံတင်နိုင်မည်

News Image

ထရမ့်၏ ဒေါ်လာ ၅ သန်းတန် “Gold card” ဗီဇာအတွက် ချမ်းသာသော နိုင်ငံခြားသားများ တစ်ပတ်အတွင်း မှတ်ပုံတင်နိုင်မည်

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick က အမေရိကန်တွင် အချိန်ပြည့်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပေးမည့် ဒေါ်လာ ၅ သန်း (သို့) အထက်ရင်းနှီးမြှုပ်နှံနိုင်သူများအတွက် “Gold card” ဗီဇာ အစီအစဉ်ကို တစ်ပတ်အတွင်း မှတ်ပုံတင်နိုင်မည်ဟု ဗုဒ္ဓဟူးနေ့ (မေ ၂၁) က ကြေညာခဲ့သည်။

“TrumpCard.gov” ဝက်ဘ်ဆိုက်ကို တစ်ပတ်အတွင်း စတင် ဖွင့်လှစ်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုလည်း မကြာမီ ထုတ်ပြန်သွားမည်ဟု ၎င်းက ဝါရှင်တန်ဒီစီတွင် ကျင်းပသည့် Axios ၏ "Building the Future" အခမ်းအနားတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ရာစုနှစ်ချီရှိ သမိုင်းဝင်နေရာတွင် အမိုးအုတ်ချပ် ပြိုကျမှုဖြစ်ပွားမှုကြောင့် ခရီးသွားများ အထိတ်တလန့်ဖြစ်

News Image

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ရာစုနှစ်ချီရှိ သမိုင်းဝင်နေရာတွင် အမိုးအုတ်ချပ် ပြိုကျမှုဖြစ်ပွားမှုကြောင့် ခရီးသွားများ အထိတ်တလန့်ဖြစ်

တရုတ်နိုင်ငံအရှေ့ပိုင်း Anhui ပြည်နယ်၊ Fengyang ခရိုင်ရှိ Fengyang Drum Tower ၏ အမိုးမှ အုတ်ချပ်များ ရုတ်တရက်လျှောကျပြီး နှစ်ထပ် အမြင့်ခန့်မှ ကြမ်းပြင်ပေါ်သို့ ကျဆင်းလာခဲ့ခြင်းကြောင့် နေရာတွင်ရှိ နေသည့်ခရီးသွားများ ထိတ်လန့်တကြား ထွက်ပြေးကာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သည်။

အမိုးအုတ်ချပ် ၁၀၀ ကျော် လျှောကျခဲ့ပြီး အောက်ခြေရှိ ဝင်ပေါက်နှင့် လမ်းလွှာများ ပျက်စီးခဲ့သည်။