“ငြိမ်းချမ်းရေးဖိုရမ်မှအစပြု၍ ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းကြပါစို့”

Posted_Date

Image

“ငြိမ်းချမ်းရေးဖိုရမ်မှအစပြု၍ ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းကြပါစို့”

Body

လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေးသည်လည်း နှောင့်နှေးနေခဲ့ရပါသည်။ ငြိမ်းချမ်းရေးမရရှိသဖြင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရပြီးသံသရာလည်နေရပါသည်။ ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး အရေးကြီးကြောင်းကို ခေတ်အဆက်ဆက်က နိုင်ငံ့ခေါင်းဆောင်များအားလုံးအနေဖြင့်လည်း နားလည်လက်ခံခဲ့ကြသည့်အတွက် ငြိမ်းချမ်းရေးရရှိစေရေး ပုံစံအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှုအပြည့်အဝ မရရှိခဲ့ကြပေ။ မိမိတို့နိုင်ငံ၏ ရှည်ကြာလှသည့်ပဋိပက္ခ သမိုင်းကြောင်းကို ပြန်ပြောင်းသုံးသပ်၍ သင်ခန်းစာများ ဖော်ထုတ်ကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ အကျိုးအတွက် အမြော်အမြင်ရှိရှိ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရယူလိုသည့် အတ္တဆန္ဒများဖြင့် ဆောင်ရွက်မှုများ၊ မကျေနပ်မှုများကြောင့် အကြမ်းဖက်လုပ်ဆောင်ခဲ့မှုများ ရှိခဲ့သော်လည်း နိုင်ငံတော်၏ အနာဂတ်အရေးကို ရှေးရှုပြီး ပြည်သူများအားလုံး၏အကျိုးကို ငဲ့ကွက်သည့်စိတ်စေတနာဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ 

နိုင်ငံတော်၏ ပကတိအခြေအနေကိုသိမြင်ပြီး မိမိတို့နိုင်ငံကို ကိုယ်တိုင်တည်ဆောက်ကြရမည် ဖြစ်ပါသည်။ အခက်အခဲရှိလာပါက နိုင်ငံသားအချင်းချင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဆောက်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ မိသားစုဘဝ ကြီးပွား တိုးတက်ရေးအတွက် မိသားစုဝင်အားလုံး စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့အချင်းချင်း အမြင်တူသည်များကို စုပေါင်းလုပ်ဆောင်၍ အမြင်မတူသည်များကို ညှိနှိုင်းဖြေရှင်းကြရမည် ဖြစ်ပါသည်။ အဓိကအရေးကြီးသည်မှာ နိုင်ငံတော်၏အကျိုးစီးပွားကို ဘုံရည်မှန်းချက်အဖြစ် ထားရှိရမည်ဖြစ်ပါသည်။ အဆိုပါ သဘောတရားများကို လက်ကိုင်ထားပြီး ရဲရဲဝံ့ဝံ့ ယုံကြည်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံရေးအခြေအနေများသည် အမြဲတမ်းပြောင်းလဲနေပြီး ထိုပြောင်းလဲနေသည့် အခြေအနေများကို တာဝန်ရှိသူများက မျက်ခြေမပြတ် စောင့်ကြည့်လေ့လာ၍ အနာဂတ်အတွက် ကြိုတင်စဉ်းစားတွေးခေါ်မှုများဖြင့် ကြိုးပမ်းရမည်ဖြစ်သည်။ ကမ္ဘာကြီးသည် လူ့အဖွဲ့အစည်း များ စုပေါင်းနေထိုင်ကြခြင်းဖြစ်သည့်အတွက် မိမိတို့တစ်နိုင်ငံတည်း သီးခြားရပ်တည်၍မရပေ။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လိုက်လျောညီထွေစွာ ဆက်ဆံရမည်ဖြစ်ပါသည်။ မိမိတို့နှင့် ဆက်ဆံရသော ပြည်ပနိုင်ငံများ၏ အကျိုးစီးပွားကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စဉ်းစားကြရမည်ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ထွက်ပေါ်လာသည့် အကြံဉာဏ်ကောင်းများကိုလည်း အထောက်အပံ့ဖြစ်စေနိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲများထံ တင်ပြဆောင်ရွက်ကြရမည်ဖြစ်သည်။ တစ်ဖက်မှ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများကိုလည်း သိရှိနိုင်စေရေး ဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေး အတွက် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအသိုင်းအဝန်းတည်ဆောက်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လိုလားသူအဖွဲ့အစည်းများအား ကြိုတင်ကန့်သတ်ချက်များမထားဘဲ တွေ့ဆုံဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးစကားဝိုင်းများပြုလုပ်၍ အကျိုးရလဒ်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။ 

၂၀၂၅ အလွန် ငြိမ်းချမ်းရေးအခင်းအကျင်းနှင့် ရွေးကောက်ပွဲအလားအလာ သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ်ကျင်းပမှုသည် ယခင် “ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk  2025” တွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအတွက် အကြံဉာဏ်များနှင့် ထိရောက်သောဆွေးနွေးချက်များမှ ပေါ်ထွက်လာသည့် အကြံပြုချက်ရလဒ် (Outcome) များအရ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းမှု၊ အများပြည်သူများ၏ မျှော်လင့်ချက် ဖြည့်ဆည်းမှုနှင့် ပိုမိုထိရောက်သော စီမံခန့်ခွဲမှုစနစ်တစ်ရပ် ဖော်ဆောင်နိုင်ရေးတို့အတွက် ယုံကြည်မှုပိုမိုရရှိသော နည်းဗျုဟာတစ်ရပ်ဖြစ်သည့် အလွတ် သဘောဆွေးနွေးပွဲများ၊ Peace Talk 2025 ကဲ့သို့ ဆွေးနွေးပွဲများ ပုံမှန်ပြုလုပ်ပေးရန်ပါရှိသဖြင့် ဆက်လက်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့အပြင် ပါဝင်သင့်ပါဝင်ထိုက်သူများအနေဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်နိုင်စေရန်၊ အရေးပါသော အကြံဉာဏ်များနှင့် အကူအညီများပေးနိုင်သည့် နိုင်ငံတကာမှမိတ်ဆွေများ ပါဝင်လာနိုင်စေရန်တို့အတွက် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်မည်ဖြစ်ပါသည်။ 

ယခုကျင်းပပြုလုပ်မည့် Peace Forum 2025 တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပြင် နယ်ပယ်အသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်နှင့် အတတ်ပညာရှင်များ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံခြားသံတမန်များ ပါဝင်တက်ရောက်‌ ဆွေးနွေးကြမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက် အကျိုးရှိမည့် ရလဒ်ကောင်းများပေါ်ထွက်လာရေး Peace Forum 2025 ကို “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာ ဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ၃ ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

          ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အနေဖြင့် “အားလုံးပါဝင်သည့် ဆွေးနွေးပွဲများကို မြှင့်တင်နိုင်ရန်” ၊ “ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန်” ၊ “လူသားချင်း စာနာမှုအကူအညီများနှင့် လူမှုစီးပွားဘဝ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်” ၊ “နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန်” တို့အတွက် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသူများ၊ ပညာရှင်များ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ စသည့်ကဏ္ဍ အသီးသီးက ပုဂ္ဂိုလ်များ၏ အတွေ့အကြုံများ၊ အတွေ့အမြင်များကို ဖလှယ်မှုမှတစ်ဆင့် မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ရလဒ်ကောင်းများ ထွက်ပေါ်စေရန်အတွက် အဓိကထား၍ ရည်ရွယ်ဆောင်ရွက်မည်ဖြစ်ပါသည်။ 

မိမိတို့နိုင်ငံတွင် အမှန်တစ်ကယ် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့် နိုင်ငံရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးကဏ္ဍကြီးများတွင် ကျွမ်းကျင်နားလည်သည့် တတ်သိ ပညာရှင်များအား စုစည်း၍ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ထိုးနှက်ချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် စုပေါင်းအဖြေရှာ ဖော်ထုတ်ကြရမည်ဖြစ်ပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင်သာ တာဝန်ရှိသည်၊ NSPNC တစ်ခုတည်းတွင် တာဝန်ရှိသည်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ အလွှာပေါင်းစုံတွင်ရှိသည့် လူသားတိုင်းသည် ငြိမ်းချမ်းရေးအတွက် တာဝန်ရှိနေပါသည်။ ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသော အကြမ်းဖက်မှုနှင့် ပဋိပက္ခများသည်  ငြိမ်းချမ်းရေး မရနိုင်ဘဲဖြစ်နေသည်ကို ပြည်သူလူထုက သိမြင်ရန်လိုအပ်ပြီး ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ရန် လိုအပ်နေပါသည်။ ယနေ့ ကြုံတွေ့နေရသည့် ပဋိပက္ခမျိုးစုံအား တတ်နိုင်သမျှကြိုးစားပြီး အမြန်ဆုံးလျှော့ချနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ကို တိုးတက်စေနိုင်သည့် Short Term နှင့် Long Term Strategy များ ဖော်ထုတ်ရမည်ဖြစ်ပါသည်။ 

ထို့ကြောင့် ယနေ့ခေတ်မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသောအခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် မတူကွဲပြားမှုများကို စည်းလုံးညီညွတ်စွာဖြင့် အားလုံးပါဝင် ဆောင်ရွက် ပေးနိုင်ပါရန် မျှော်လင့်ပါသည်။ ဆက်လက်ကျင်းပမည့် ငြိမ်းချမ်းရေးဖိုရမ်သည် တာဝန်ရှိသူ များအားလုံးက မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် အမြန်ဆုံးချုပ်ငြိမ်းအဆုံးသတ်ပြီး တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တ   နေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော အနာဂတ်ပြည်ထောင်စုကို တည်ဆောက် နိုင်ရန်အတွက် အမိနိုင်ငံတော်ကြီး ငြိမ်းချမ်းမှုအပေါင်းခညောင်းရန် အချိန်အခါကောင်းဖြစ်ပါ စေကြောင်း ဆုမွန်ကောင်းတောင်းရင်း Peace Forum 2025 ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေးသားဖော်ပြအပ်ပါသည်။       

 

၂၀၂၅ - ၂၀၂၆ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဩဂုတ်လ ၁၆ ရက်မှ ၂၀၂၆ ခုနှစ် မေလ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

News Image

၂၀၂၅ - ၂၀၂၆ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဩဂုတ်လ ၁၆ ရက်မှ ၂၀၂၆ ခုနှစ် မေလ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

လန်ဒန် ဇွန် ၁၉

၂၀၂၅-၂၀၂၆ ဘောလုံးရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ ၁၆ ရက်မှ ၂ဝ၂၆ ခုနှစ် မေလ ၂၄ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ပွဲစဉ်ဇယားများ ထုတ်ပြန်ကြေညာ အပြီး ပွဲစဉ်(၁) အဖွင့်ပွဲစဉ်တွင် လီဗာပူး အသင်းနှင့်ဘုန်းမောက်အသင်းတို့ တွေ့ဆုံနေကြောင်းသိရသည်။

ယခုဘောလုံးရာသီတွင် ပရီးမီးယား လိဂ်ပြိုင်ပွဲမှ လက်စတာအသင်း၊ အစ်ဝှစ်ချ် အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ တန်းဆင်းခဲ့ရပြီး အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ ဘန်လေအသင်း၊ လိဒ်ယူနိုက်တက်အသင်းနှင့် ဆန်းဒါးလန်းအသင်းတို့က ပရီးမီးယားလိဂ်ပြိုင်ပွဲ သို့ တန်းတက်လာခဲ့ကြသည်။

ရီးယဲလ်မက်ဒရစ်အသင်းက လူငယ်တိုက်စစ်ကစားသမား ဘရာဟမ်ဒီယက်ဇ်ကို ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်

News Image

ရီးယဲလ်မက်ဒရစ်အသင်းက လူငယ်တိုက်စစ်ကစားသမား ဘရာဟမ်ဒီယက်ဇ်ကို ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်

မက်ဒရစ် ဇွန် ၁၉

ရီးယဲလ်မက်ဒရစ်အသင်းက လူငယ်တိုက်စစ်ကစားသမား ဘရာဟမ်ဒီယက်ဇ်ကို ကာလရှည်သက်တမ်း တိုးစာချုပ်ချုပ်ဆိုမည်​ဖြစ်ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းကို ထိပ်တန်းလူငယ်ကစားသမားအများစုနှင့်စုဖွဲ့ပြီး ကြယ်စင်စုအသင်းတစ်သင်းအဖြစ် တည်ဆောက်လျက်ရှိပြီး ထိပ်တန်းလူငယ်ကစားသမားအများစုကို ခေါ်ယူထားကာ အသင်းမှ ထိပ်တန်းလူငယ်ကစားသမားများကိုလည်း ကာလရှည်စာချုပ်ချုပ်ဆိုပြီး ထိန်းထား သကဲ့သို့ ယခုအခါတွင်လည်း ဘရာဟမ်ဒီယက်ဇ်ကို ကာလရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီး အသင်းတွင် ထိန်းထားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အီရန်က နျူကလီးယားဗုံးလုပ်နေသည့် သက်သေမရှိဟုဆို

News Image

အီရန်က နျူကလီးယားဗုံးလုပ်နေသည့် သက်သေမရှိဟုဆို

ဗီယန်နာ၊ ပဋိပက္ခ

အီရန်နိုင်ငံက နျူကလီးယားဗုံးကိုထုတ်လုပ်နိုင်ရေး အစီအစဉ်တကျလုပ်ဆောင်နေသည်ဟူသော မည်သည့်သက်သေမျှမရှိကြောင်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်း အင်အေဂျင်စီအကြီးအကဲ ရာဖေးဂရော့စီကပြောသည်။

အီရန်နိုင်ငံအနေဖြင့် နျူကလီးယားဗုံး ကိုရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ယုံကြည်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောပြီးနောက်အပြည်ပြည် ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီက ဇွန်လ ၁၉ ရက်တွင်ပြောခြင်းဖြစ်သည်။ 
 

အလားတူ အမေရိကန်နိုင်ငံ၏အမျိုး သားထောက်လှမ်းရေးဌာနအကြီးအကဲ ဖြစ်သည့် တူစီဂတ်ဘာ့ကလည်း အီရန် နိုင်ငံသည် နျူကလီးယားဗုံးများကိုဖန်တီး