ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) တက်ရောက်ခဲ့ပြီး နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ် သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

မေး။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်တဲ့ မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံမှာကျင်းပတဲ့ ဥရောပ-အာရှ (EEF) စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့တယ်။ ဒီတက်ရောက်ခဲ့တဲ့ ဖိုရမ်ကနေပြီးတော့ ဘယ်လိုအောင်မြင်မှုတွေ၊ ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့ပါသလဲခင်ဗျ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Buryatia ပြည်နယ် ပြည်နယ်အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov တို့သည် Buryatia ပြည်နယ်မှ Arigus ၊ ATV ၊ Tivicom တို့ အပါအဝင် ဒေသခံမီဒီယာများ၏ မေးမြန်းမှုများပေါ် ပြန်လည်ဖြေကြားချက်

မေး။ ။ မကြာမီနှစ်အတွင်းမှာ ရုရှား-မြန်မာ ပူးပေါင်းဆက်ဆံရေးလုပ်ငန်းတွေဟာ အများကြီးလုပ်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုအခန်းကဏ္ဍတွေရော၊ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ထားတာ ရှိပါတယ်။ ဒီအထဲမှာ Buryatia နဲ့ ပတ်သက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်မှုလုပ်နေတာတွေရှိပါတယ်။ အနာဂတ်မှာ Buryatia နဲ့ ပတ်သက်ပြီးတော့ Buryatia နဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ ဘယ်လိုအပိုင်းတွေကိုလုပ်ဖို့အတွက် ရည်ရွယ်ထားတာရှိပါသလဲ။

ဒရုန်းများအတွက် အိပ်မက်ဆိုးဖြစ်လာမယ့် ပြင်သစ်ရဲ့လေကြောင်းရန် ကာကွယ်ရေး လက်နက်

Posted_Date

Image

ဒရုန်းများအတွက် အိပ်မက်ဆိုးဖြစ်လာမယ့် ပြင်သစ်ရဲ့လေကြောင်းရန် ကာကွယ်ရေး လက်နက်

Body

ပြင်သစ်နိုင်ငံရှိ ကမ္ဘာကျော်စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်တဲ့ Thales နဲ့ KNDS France တို့ပူးပေါင်းပြီး အဆင့်မြင့်လှတဲ့ မြေပြင်အခြေပြု လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခုကို ထုတ်ဖော် ပြသလိုက်ပါတယ်။ သူ့ရဲ့နာမည်ကိုတော့ Rapidfire Land လို့ပေးထားပါတယ်။

ယနေ့ခေတ်စစ်မြေပြင်ဟာ သမားရိုးကျစစ်ပွဲကနေ ဒရုန်းစစ်ပွဲကို ပြောင်းလဲလာတာ အချိန်ကာလ တစ်ခုကြာမြင့်နေပါပြီ။ ဒုံးကျည်များနဲ့ လေယာဉ်များကို ပစ်ချနိုင်ရေးအတွက် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်များကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ဒရုန်းနဲ့တိုက်ခိုက်မှု၊ အထူးသဖြင့် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုကိုတော့ အဲဒီလေကြောင်းရန်ဒုံးကျည် တွေက   ကြားဖြတ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ကြားဖြတ်နိုင်စွမ်းမရှိသလို ဒရုန်း တစ်စင်းရဲ့တန်ဖိုးနဲ့  ဒုံးကျည်တစ်စင်းရဲ့တန်ဖိုးကလည်း မိုးနဲ့မြေဆိုသလို အင်မတန် မှကွာဟလွန်းပါတယ်။ ဒီအတွက်ကြောင့်ပဲ ဒရုန်းများ ဟာ စစ်မြေပြင်မှာမင်းမူလာနေနိုင်တာဖြစ်ပါတယ်။

အခုတော့ ဒီလိုမျိုးမင်းမူနေတဲ့ ဒရုန်းတွေအတွက် အိပ်မက်ဆိုးဖြစ်လာမယ့် အဆင့်မြင့်လှတဲ့လက်နက်စနစ်တစ်မျိုးအဖြစ် Thales နဲ့ KNDS France တို့က Rapidfire Land ကိုတီထွင်လိုက်တာပါ။ အဓိကအားဖြင့်    သူ့ကိုတန်ဖိုးကြီးလှတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ကာကွယ်ရေးမှာ အသုံးပြုနိုင်ပါတယ်။ Rapidfire Land ကို ဒရုန်းကာကွယ်ရေးမှာ အသုံးပြုဖို့ အဓိကထားတယ်ဆိုပေမယ့် အပေါ့စား လေယာဉ်များ၊   ရဟတ်ယာဉ်များနဲ့ ဒုံးကျည်များ၊ ဒုံးသီးများကိုလည်း ပစ်ချနိုင်တယ်လို့ဆိုပါတယ်။

သူ့မှာအဓိကပါဝင်တဲ့စနစ်က အဝေးကြည့်မှန်ပြောင်းတပ် ၄၀ မီလီမီတာစက်အမြောက်ပါ။ အသင့် ဖြည့်ပြီးသား ကျည်အတောင့်ရေ ၁၄၀ ပါဝင်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် ကျည်မဖြည့်နိုင်ခင်မှာဘဲ များပြားလှစွာသော ပစ်မှတ်များကို ကြားဖြတ်ပစ်ချ လိုက်နိုင်မှာပါ။ နောက်ပိုင်းကျရင် သူ့အတွက်ကျည်ဆန်က A3B အမျိုးအစားလေကွဲကျည်များဖြစ်လာ မှာဖြစ်ပါတယ်။ လေကွဲကျည်ဆိုတဲ့အတိုင်း ပစ်မှတ် ကိုထိမှန်ခြင်းမပြုမီမှာပင် ပေါက်ကွဲသွားမှာဖြစ်ပြီး ထွက်ပေါ်လာတဲ့ အစတွေက မြင့်မားလှတဲ့အမြန်နှုန်း နဲ့ပျံသန်းလာတဲ့ပစ်မှတ်များကိုပင်    ကြားဖြတ်လိုက် နိုင်စေမှာဖြစ်ပါတယ်။

Rapidfire Land က ပစ်ခတ်ရေး စနစ်တစ်ခုသာ မဟုတ်ပါဘူး။ ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ပြီးတိုင်း ပစ်မှတ်ရဲ့ တည်နေရာကို ပြန်လည်ထောက်လှမ်းခြင်း လုပ်ဆောင်နိုင်တဲ့ အဆင့်မြင့်ပစ်ခတ်မှု ထိန်းချုပ်ရေး စနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ၄ ကီလိုမီတာ အကွာအဝေးအတွင်းမှာ တိကျမှုမြင့်မားတဲ့ ကာကွယ်ရေးစွမ်းရည်ကို  ပေးစွမ်းနိုင်စေမှာ ဖြစ်တယ်လို့ဆိုပါတယ်။

MWD Web Portal

ရန်သူ့ လျှပ်စစ်ဓာတ်အားများကို ပြတ်တောက်သွားစေမယ့် တရုတ်ရဲ့ ဂရပ်ဖိုက်ဗုံး

Posted_Date

Image

ရန်သူ့ လျှပ်စစ်ဓာတ်အားများကို ပြတ်တောက်သွားစေမယ့် တရုတ်ရဲ့ ဂရပ်ဖိုက်ဗုံး

Body

လျှပ်စစ်စွမ်းအင်ဆိုတာ ယနေ့လူသားများရဲ့ နေ့စဉ်ဘဝမှာမရှိမဖြစ် လိုအပ်ချက်ဖြစ် လာပြီဆိုတဲ့အချက်ကို ဘယ်သူမှငြင်း နိုင်မယ်မထင်ပါဘူး။ ဒီလိုမျိုး လျှပ်စစ်ဓာတ်အားရဲ့ အရေးပါမှုက အရပ်ဘက်မှာသာမက စစ်ဘက်မှာပါ နေရာယူလာတာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေကြတဲ့စစ်လက်နက်ပစ္စည်းများက လျှပ်စစ်စွမ်းအင် မဖြစ်မနေ လိုအပ်လာပါတယ်။ အထူးသဖြင့် ရေဒါတို့၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တို့ပေါ့။

ဒါကြောင့် ဒီလိုမျိုးလိုအပ်လှတဲ့ လျှပ်စစ်စွမ်းအင်ကို ရှေ့တန်းနေရာများမှာပါ အသုံးပြုနိုင်စေဖို့အတွက် စက်မှုနည်းပညာ ဖွံ့ဖြိုးတဲ့နိုင်ငံများက နျူကလီးယား ဓာတ်ပေါင်းဖို အသေးစားများကို တီထွင်ပြီး ရှေ့တန်းမှာလျှပ်စစ်မီးပေးနိုင်ဖို့ လုပ်ဆောင်လာနေကြတာ တွေ့ရပါတယ်။  အကယ်၍များ လျှပ်စစ်ဓာတ်အား မရဘူးဆိုရင် ခေတ်သစ်စစ်လက်နက် ပစ္စည်းများဟာ ဘယ်လိုမှအသုံးမဝင်တဲ့ အရုပ်သာသာဖြစ်သွားမှာ အမှန်ပါပဲ။

ဒီလိုဖြစ်လာစေဖို့ကိုလည်း နိုင်ငံများကလိုလားကြမှာပါ။ ဒါကြောင့် လျှပ်စစ်ဓာတ်အားကို ဘယ်လိုလက်နက်နဲ့ ဖြတ်တောက်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ရှာဖွေလေ့လာမှုတွေ လုပ်ခဲ့တဲ့အခါ ဂရပ်ဖိုက်ဗုံး ဆိုတာကိုသွားတွေ့ပါတယ်။ ဂရပ်ဖိုက်ဗုံးဆိုတာက လူ့အသက်များကိုသေစေတဲ့ ဗုံးအမျိုးအစားမဟုတ်ပါဘူး။ လျှပ်စစ်ဓာတ်အားလိုင်းများမှာ လျှပ်စစ်ပြတ်တောက်မှုကိုသာဖြစ်စေမယ့် လက်နက်ဖြစ်ပါတယ်။ ဒီလက်နက်ကို  တဖြည်းဖြည်းနဲ့အဆင့်မြှင့်တင်နိုင်ဖို့ကိုလည်း နိုင်ငံကြီးများက ကြိုးပမ်းလာကြတာကို တွေ့ရပါတယ်။

မကြာသေးမီက   တရုတ်နိုင်ငံပိုင် သတင်းဌာနတစ်ခုကနေ ထုတ်ဖော်ပြသလိုက်တဲ့ ဗီဒီယိုတစ်ခုမှာ ဂရပ်ဖိုက်ဗုံး အမျိုးအစားအသစ်လို့ ထင်ရတဲ့အရာတစ်ခုကို ထည့်သွင်းဖော်ပြသွားတာ တွေ့ရပါတယ်။ အဲဒီဂရပ်ဖိုက်ဗုံး အမျိုးအစားအသစ်က ရန်သူ့ဓာတ်အားပေး စက်ရုံများကို အမှောင်ဖုံးစေပြီး သတ်မှတ်ထားတဲ့ နယ်မြေတစ်ခုအတွင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကိုဖြစ်စေမှာဖြစ်တယ်လို့ အဲဒီသတင်းဌာနက ဆက်လက် ဖော်ပြထားပါတယ်။

CCTV သတင်းဌာနက ဖော်ပြထားတဲ့ အဲဒီဗီဒီယိုက အန်နီမေးရှင်းဗီဒီယိုဖြစ်ပြီး မြေပြင်အခြေပြုယာဉ်ကနေ  လက်နက်တစ်ခုကို ပစ်လွှတ်လိုက်တာ တွေ့ရပါတယ်။ ပြီးတဲ့အခါ အဲဒီလက်နက်က ထုလုံးပုံခဲယမ်း ၉၀ ကိုထပ်မံထုတ်လွှတ် လိုက်တာဖြစ်ပါတယ်။

သူ့ရဲ့စွမ်းဆောင်ရည်ကတော့ အနည်းဆုံးစတုရန်း မီတာ ၁၀၀၀၀ ရှိတဲ့နယ်မြေတစ်ခုလုံးကို လျှပ်စစ်ဓာတ်အား ပြတ်တောက်စေနိုင်ပါတယ်။ အဓိကအားဖြင့် ရန်သူ့ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုစနစ်များကို ပစ်မှတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။  

MWD Web Portal