ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်းပြည်သူများ ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အစ္စရေးအမိန့်ထုတ်
News Image

ဂါဇာမြောက်ပိုင်းဒေသ၌ နေထိုင်နေသော ပါလက်စတိုင်းပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရန် အစ္စရေးတပ်မတော်က ဇွန်လ ၂၉ ရက် တွင်အမိန့်ထုတ်လိုက်ကြောင်းသိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးနှင့်ဂါဇာတို့ကြားဖြစ်ပွားနေသည့် ပဋိပက္ခများ အဆုံးသတ်စေရေးအတွက် တောင်းဆိုထားစဉ်အစ္စရေးက ဟားမတ် တို့အပေါ်ပြင်းထန်သည့်တိုက်ခိုက်မှုများ မလုပ်မီ ပါလက်စတိုင်းပြည်သူများကို ဘေးကင်းရာသို့ရွှေ့ပြောင်းခိုင်းခြင်းဖြစ်သည်။
ဂျပန်က H2A အမျိုးအစားဒုံးပျံကို အကြိမ် (၅၀) မြောက်အဖြစ် အောင်မြင်စွာလွှတ်တင်
News Image

ဂျပန်နိုင်ငံသည် နိုင်ငံ၏ထင်ရှားသော အာကာသယာဉ်လွှတ်တင်ရေးဒုံးပျံဖြစ်သည့် H2A အမျိုးအစားဒုံးပျံကို အကြိမ် (၅၀) မြောက်အဖြစ် ဇွန်လ ၂၉ ရက်နံနက် အစောပိုင်းတွင် အောင်မြင်စွာလွှတ်တင်လိုက်ကြောင်းသိရသည်။
အဆိုပါလွှတ်တင်မှုကို ကာဂိုရှီးမား စီရင်စုရှိ တာနေဂါရှီးမားအာကာသစခန်းမှနံနက် ၁ နာရီ ၃၃ မိနစ်တွင်လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုဒုံးပျံက Ibuki GW ဂြိုဟ် တုကိုသယ်ဆောင်သွားခြင်းဖြစ်သည်။
ကမ္ဘောဒီးယားက ထိုင်းမှဝင်လာမည့် မည်သည့်ကုန်တင်ယာဉ်ကိုမဆို ဖြတ်သန်းခွင့်မပြုတော့
News Image

ကမ္ဘောဒီးယားအစိုးရသည် ထိုင်းနိုင်ငံနှင့်ဆက်စပ်နေသည့် နယ်စပ်ဂိတ်များမှ တစ်ဆင့် ဝင်ရောက်လာမည့် မည်သည့် ကုန်တင်ယာဉ်ကိုမဆို ဖြတ်သန်းခွင့်မပြုတော့ကြောင်း ကမ္ဘောဒီးယားလူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ညွှန်ကြားချက်နှင့်အညီ ယခုလုပ်ဆောင်မှုကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း အဆိုပါဦးစီးဌာန၏ ဇွန်လ ၂၉ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။