အသင့်ဖျော်ကော်ဖီများ သောက်သုံးမှုကြောင့် ADM မျက်လုံးရောဂါဖြစ်နိုင်ခြေ မြင့်မားလာနိုင်

News Image

အသင့်ဖျော်ကော်ဖီများ သောက်သုံးမှုကြောင့် ADM မျက်လုံးရောဂါဖြစ်နိုင်ခြေ မြင့်မားလာနိုင်

ပေကျင်း  ဇွန် ၂၉

အသင့်ဖျော်ကော်ဖီများ သောက်သုံးမှုကြောင့် အမြင်အာရုံ ထိခိုက်ပျက်စီးမှုရောဂါ (ADM) ဖြစ်နိုင်ခြေ မြင့်မားနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ ဇွန် ၂၈ ရက်သတင်းများအရ သိရသည်။

တရုတ်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အသင့်ဖျော်ကော်ဖီကို သောက်သုံးသူများသည် အခြားကော်ဖီအမျိုးအစားများအား သောက်သုံးမှုများထက် အသက်အရွယ်နှင့် ဆက်စပ်နေသည့် အမြင်အာရုံ ထိခိုက်ပျက်စီးမှုရောဂါ (ADM) ဖြစ်နိုင်ခြေ ခုနစ်ဆပိုမြင့်မားကြောင်း သိရသည်။

Rocket Lab ကုမ္ပဏီက ဗာဂျီးနီးယားပြည်နယ်အခြေစိုက် ဟော်ကီယေး ၃၆၀ ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ ဂြိုဟ်တုလေးစင်းကို လွှတ်တင်

News Image

Rocket Lab ကုမ္ပဏီက ဗာဂျီးနီးယားပြည်နယ်အခြေစိုက် ဟော်ကီယေး ၃၆၀ ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ ဂြိုဟ်တုလေးစင်းကို လွှတ်တင်

ဝါရှင်တန် ဇွန် ၂၉ 
Rocket Lab ကုမ္ပဏီသည် ဗာဂျီးနီးယားပြည်နယ် အခြေစိုက် ဟော်ကီယေး ၃၆ဝ အမည်ရှိ ပုဂ္ဂ လိက ကုမ္ပဏီတစ်ခု၏ ဂြိုဟ်တု လေးစင်းကို ဇွန် ၂၇ ရက်တွင်

အောင်မြင်စွာ လွှတ်တင်ပေးခဲ့ ကြောင်း ဇွန် ၂၈ ရက် သတင်းများ အရ သိရသည်။

Rocket Lab ကုမ္ပဏီသည် ဟော်ကီလေး ၃၆၀ ကုမ္ပဏီ ဂြိုဟ် တု လေးစင်းကို အီလက်ထရွန်ဒုံးပျံဖြင့် နယူးဇီလန်နိုင်ငံမှ တစ်ဆင့် လွှတ်တင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွှတ်တင်ပြီး တစ်နာရီအကြာ တွင် အီလက်ထရွန်ဒုံးပျံသည် သယ်ဆောင်ထားသည့် ဂြိုဟ်တုလေးစင်းကို ကမ္ဘာမြေပြင်အထက် မိုင် ၃၂ဝ အကွာရှိ ပတ်လမ်းပေါ် သို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသီနှံစိုက်ပျိုးရာသီ၌ လက်ဖက် ၁၁၉၉၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်

News Image

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသီနှံစိုက်ပျိုးရာသီ၌ လက်ဖက် ၁၁၉၉၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်

စစ်ကိုင်းတိုင်း    ဇွန် ၂၉

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ လက်ဖက် ၁၁၉၉၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ လက်ဖက် ၁၁၉၅၄ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် မေလ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ၁၁၉၉၈ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံး

News Image

ပါကစ္စတန်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံး

အစ္စလာမ္မာဘတ် ဇွန် ၂၉

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပွတ်ရှ် တွန်ဝါပြည်နယ်၌ ဇွန် ၂၈ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ရကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

အဆိုပါအသေခံဗုံးခွဲတိုက်ခိုက်မှုသည် ခိုင်ဘာပွတ်ရှိတွန်ဝါ ပြည်နယ်မြောက်ဝါဇီရစ္စတန်ခရိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၂၀ ကျော်လည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွင်း အသေခံ ဗုံးခွဲသမားတစ်ဦးက ပါကစ္စတန် စစ်ယာဉ်တန်းတစ်ခုကို ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ်တစ်စီးဖြင့် ဝင်တိုက်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။