ထရမ့်က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကို ဟီရိုရှီမားနှင့် နှိုင်းယှဉ်ပြောဆို

News Image

ထရမ့်က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကို ဟီရိုရှီမားနှင့် နှိုင်းယှဉ်ပြောဆို

သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် အမေရိကန်လေတပ်က ဗုံးကြဲ တိုက်ခိုက်မှုကို ဒုတိယကမ္ဘာစစ်အတွင်းက ဟီရိုရှီမားနှင့် နာဂါဆာကီ မြို့ များကို အဏုမြူဗုံးကြဲခဲ့သည့်အဖြစ်နှင့် နှိုင်းယှဉ်ကာ ပြောကြားခဲ့သည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ကျင်းပသည့် NATO အစည်းအဝေး တွင် သတင်းထောက်များအား ပြောကြားရာတွင် ထရမ့်က အမေရိကန် တို့၏ အီရန်ဗုံးကြဲမှုက အစ္စရေးနှင့် ပဋိပက္ခကို အဆုံးသတ်သွားစေခဲ့သည်ဟု ဆိုသည်။ 

ကင်ညာနိုင်ငံတွင် လူထုဆန္ဒပြမှုများ ထောင်နှင့်ချီ၍ ပါဝင်လာသည့် အချိန်တွင် ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများနှင့် ရေပိုက်ဖြင့် ထိုးဖြန်းခြင်းများ ပြုလုပ်နှိမ်နင်း

News Image

ကင်ညာနိုင်ငံတွင် လူထုဆန္ဒပြမှုများ ထောင်နှင့်ချီ၍ ပါဝင်လာသည့် အချိန်တွင် ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများနှင့် ရေပိုက်ဖြင့် ထိုးဖြန်းခြင်းများ ပြုလုပ်နှိမ်နင်း

အစိုးရဆန့်ကျင်ဆန္ဒပြမှုများ စတင်ခဲ့သည့် တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် လူထုထောင်နှင့်ချီ၍ လမ်းများပေါ်သို့ ထွက်လာစဉ် ဆန္ဒပြသူ များကို လူစုခွဲရန် ကင်ညာရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခြင်း နှင့် ရေပိုက်များဖြင့် ထိုးဖြန်းခြင်းဖြင့် နှိမ်နှင်းခဲ့သည်။ ယမန်နှစ်က ဆန္ဒ ပြမှုများတွင် လူပေါင်းများစွာ သေဆုံးခဲ့ဖူးသည်။

ဗီယက်နမ်နိုင်ငံသည် ပြည်သူ့ငွေအလွဲသုံးစားမှုများအတွက် သေဒဏ် စီရင်ခြင်းကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး၏ အသက်ကို ကယ်တင်နိုင်မည်

News Image

ဗီယက်နမ်နိုင်ငံသည် ပြည်သူ့ငွေအလွဲသုံးစားမှုများအတွက် သေဒဏ် စီရင်ခြင်းကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး၏ အသက်ကို ကယ်တင်နိုင်မည်

ဗီယက်နမ်နိုင်ငံသည် လာမည့်လမှစ၍ ပြည်သူ့ငွေအလွဲသုံးစားမှုနှင့် အစိုးရကိုဖယ်ရှားရန် လုပ်ဆောင်မှုအပါအဝင် ရာဇ၀တ်မှု (၈) မျိုး အတွက် သေဒဏ်စီရင်ခြင်းကို ရပ်စဲမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) တွင် ပါလီမန်မှကြေညာခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ဖြင့် ဒေါ်လာ ၁၂ ဘီလီယံ အလွဲသုံးစားမှုတွင် ပါဝင်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦး၏ အသက်ကိုလည်း ကယ်တင်နိုင်မည်ဖြစ်သည်။

မင့်စ်မြို့တွင် ကျင်းပမည့် ယူရေးရှားဒေသဆိုင်ရာ စီးပွားရေးဖိုရမ်သို့ Lukashenko တက်ရောက်ပြီး EAEU ထိပ်သီးအစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်မည်

News Image

မင့်စ်မြို့တွင် ကျင်းပမည့် ယူရေးရှားဒေသဆိုင်ရာ စီးပွားရေးဖိုရမ်သို့ Lukashenko တက်ရောက်ပြီး EAEU ထိပ်သီးအစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်မည်

မင့်စ်၊ ဇွန် ၂၅ 

ယူရေးရှားဒေသဆိုင်ရာ စီးပွားရေးကောင်စီ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် ယူရေးရှားဒေသ စီးပွားရေး ဖိုရမ် တို့ကို မင့်စ်မြို့တွင် ဇွန်လ ၂၆ မှ ၂၇ အထိ ကျင်းပသွားမည် ဖြစ်ပါသည်။  အဆိုပါအခမ်းအနားများ ၂၀၂၅ ခုနှစ် Eurasian Economic Union (EAEU) ဥက္ကဋ္ဌအဖြစ် ဘယ်လာရုစ်က ဆောင်ရွက်စဉ် ကျင်းပခြင်းဖြစ်ကြောင်း ဘယ်လာရုစ် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ဘီတာ သတင်းဌာနသို့ ပြောကြားပါသည်။