လူတိုင်းလူတိုင်းတွင် အခက်အခဲများ၊ ပြဿနာများ၊ စိတ်ဓာတ်ကျဖွယ်အကြောင်းတရားများ များစွာ ရှိတတ်ကြစမြဲပင်။ ထိုသို့သော အကြောင်းအရာများနှင့် ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရသူများအဖို့မူ မည်သို့သော အလုပ်ကိုမှ ဆက်လက်လုပ်ကိုင်လိုစိတ်မရှိတော့ဘဲ အရာအားလုံးကို လွှတ်ချထား ခဲ့ချင်သောစိတ်တို့ တဖွားဖွား ပေါ်ပေါက်လာတတ်ပေသည်။ စိတ်ဓာတ်များကျဆင်းကာ လူသားတစ်ဦးအဖြစ်ပင် ရပ်တည်ရှင်သန် နေလိုစိတ်တို့ ကုန်ဆုံးသွားတတ်ပေသည်။ ထိုသို့စိတ်ဓာတ်ကျဆင်းမှုတို့သည် မကောင်းသော ခံစားမှုတို့ လွှမ်းမိုးခံထားရသောကြောင့်ပင် ဖြစ်သည်။ ထိုခံစားမှုကြီးသည် မိမိတွင်ရှိနေသော၊ ရှိနေခဲ့သော ကောင်းမွန်သည့
လူတိုင်းလူတိုင်းတွင် အခက်အခဲများ၊ ပြဿနာများ၊ စိတ်ဓာတ်ကျဖွယ်အကြောင်းတရားများ များစွာ ရှိတတ်ကြစမြဲပင်။ ထိုသို့သော အကြောင်းအရာများနှင့် ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရသူများအဖို့မူ မည်သို့သော အလုပ်ကိုမှ ဆက်လက်လုပ်ကိုင်လိုစိတ်မရှိတော့ဘဲ အရာအားလုံးကို လွှတ်ချထား ခဲ့ချင်သောစိတ်တို့ တဖွားဖွား ပေါ်ပေါက်လာတတ်ပေသည်။ စိတ်ဓာတ်များကျဆင်းကာ လူသားတစ်ဦးအဖြစ်ပင် ရပ်တည်ရှင်သန် နေလိုစိတ်တို့ ကုန်ဆုံးသွားတတ်ပေသည်။ ထိုသို့စိတ်ဓာတ်ကျဆင်းမှုတို့သည် မကောင်းသော ခံစားမှုတို့ လွှမ်းမိုးခံထားရသောကြောင့်ပင် ဖြစ်သည်။ ထိုခံစားမှုကြီးသည် မိမိတွင်ရှိနေသော၊ ရှိနေခဲ့သော ကောင်းမွန်သည့် အရာအားလုံးတို့ကို မေ့လျော့သွားစေတတ်သည်။
အနာဂတ်မဲ့ အမှောင်ကမ္ဘာကြီးထဲတွင် ဆင်ကန်းတောတိုးနေရသည့်အလား၊ ကမ်းမမြင်လမ်းမမြင် ရွက်လွှင့်နေရသည့်အလား၊ သွားရမည့်လမ်းကြောင်း အစစ်အမှန်ကို မတွေ့ရသေးဘဲ စမ်းတဝါးဝါး လျှောက်လှမ်း နေရသကဲ့သို့ ဖြစ်ပေါ်နေသည့် စိတ်ခံစားမှုသည် အင်မတန်မှဆိုးရွားလွန်းလှသည်။ မိမိဦးတည်ထားသော၊ မိမိလျှောက်လှမ်းလိုသောလမ်းကို ချမှတ်ထားပြီး အနာဂတ်အတွက် အစီအစဉ်များ စတင်ရေးဆွဲ အကောင်အထည်ဖော် ဆောင်နိုင်ရန် ကြိုးစားမှုပြုလုပ်နေသည့်အချိန်တွင်မှ ထင်မှတ်မထားသည့် ကံကြမ္မာအပြောင်းအလဲတို့၊ မုန်တိုင်းတို့၊ လှိုင်းဒဏ်တို့ကို အလစ်အငိုက်ခံလိုက်ကြရတတ်သည်။ ထိုအခြေအနေမျိုးတွင် ရူးသွားမတတ် နာကျင်မှုတို့ကို ခံစားရပြန်ပေသည်။ “လဲလျှင်ပြန်ထ” ဆိုသည့်စကားသည် စကားအရသာလွယ်ကူပြီး အမှန်တကယ် ကြုံတွေ့ဖြတ်သန်းရပြီဆိုလျှင်ကား ခက်ခဲကြမ်းတမ်းလွန်းလှသည်။
ထိုအခြေအနေမျိုးကို ရင်ဆိုင်ဖြတ်သန်းနေရပြီဆိုလျှင် အချို့သောလူများက ပိုမိုလဲကျစေရန် နာကျင်စေမည့် စကားတို့ကို ရွေးချယ်ပြောဆိုသူများလည်းရှိ၏။ အမှန်တကယ် စိတ်ရင်းကောင်းမွန်စွာ ဖေးမမှုပြုသူများလည်း ရှိကြ၏။ ကြုံတွေ့ရသည့် အခြေအနေဆိုးကြီးထဲတွင် တွေ့ကြုံလာရသမျှသော လူတို့၏ကောင်းခြင်း တရားများကိုသာ မိမိမှရယူလက်ခံတတ်စေရန် မိမိစိတ်ကို မိမိပြင်ဆင်ဖန်တီးမှုပြုရပေမည်။ ကောင်းခြင်းတရားများ၊ ဆိုးခြင်းတရားများ များစွာတို့ကို မိမိ၏ အသိဉာဏ်ပညာရေစစ်ဖြင့်စစ်ယူကာ ကောင်းမွန်သည့် အရာတို့သာ တင်ကျန်ခဲ့စေရန်ဂရုပြု၍ မိမိဘဝခရီးအတွက် မှန်ကန်ဖြောင့်တန်းသော လမ်းဆီသို့ သယ်ဆောင်သွားရန် လိုအပ်ပါပေသည်။
ယခင်က မိမိလုပ်ဆောင်ခဲ့သည့် အရာတို့ကိုလည်း မလုပ်ဆောင်နိုင်တော့ဘဲ အခက်အခဲ အသေးအမွှားလေးများကိုပင် ရင်မဆိုင်နိုင်လောက်တော့သည်အထိ အားအင်များလျော့ကျကာ အရာရာကို လွှတ်ချထားပြီး ဖြစ်လာသမျှအရာအားလုံးတို့ကို လည်စင်းခံရန်အတွက်သာ အသင့်ဖြစ်နေလျှင် မိမိစိတ်ကိုမိမိ သတိပြုရမည်ဖြစ်သည်။ ယခင်အချိန်များစွာတို့တွင်လည်း အလားတူအခက်အခဲများကို ရင်ဆိုင်ရ၊ ကြုံတွေ့ရ၊ ဖြတ်ကျော်ခဲ့ရသည်တို့ကို သတိရကာ ယခင်ကမိမိကိုယ်ကို ပြန်လည်ရှာဖွေရန် လိုအပ်သည်။ မိမိဝါသနာ၊ မိမိလုပ်ဆောင်ခဲ့သော အကြောင်းအရာများ၊ မိမိရင်ဆိုင်ကျော်လွှားခဲ့ရသော အခက်အခဲများကို ပြန်လည်တွေးတော သတိရကာ ယခင်ကမိမိအဖြစ် ပြန်လည်ရရှိနိုင်စေရန်အတွက် စွမ်းအင်တို့ကို ပြန်လည်ရယူရမည်ဖြစ်သည်။
ထိုကဲ့သို့စွမ်းအင်များကို ပြန်လည်ရရှိနိုင်စေရန်ကိုမူ မိမိ၏အနီးအနား မိမိပတ်ဝန်းကျင်တွင် Negative Vibes များပေးနေသည့်လူများ၊ အပေါင်းအသင်းများ၊ အရာများကို ရှောင်ရှားနိုင်ရန် အဓိကကျလှသည်ဟုဆိုချင်သည်။ လူသားတို့တွင် စိတ်၏စွမ်းအင်များသည် လွန်စွာအရေးပါလှပေသည်။ “စိတ်ဆောင်တော့အောင်”၊ “စိတ်ထောင်းတော့ ကိုယ်ကြေ”၊ “စိတ်ပျိုကိုယ်နု”၊ “စိတ်အစဉ်က အရိပ်ထင်” စသည်ဖြင့် စိတ်၏အရေးပါမှုတို့ကို သိရှိနိုင်ပါပေသည်။ ထိုကဲ့သို့ အရေးကြီးလှသည့် စိတ်ကလေးသည် နေ့စဉ်နှင့်အမျှ ကြည်လင်ဖြူစင်နေပါမှ နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေရသည့် အရာများ၊ ပြောဆိုနေရသည့်အပြောအဆိုများ၊ ကြံစည်နေရသည့် အကြံအစည်များသည် ကောင်းမွန်မှုကို ရရှိလာမည်ဖြစ်သည်။ အတွေးကောင်း၊ အပြောကောင်း၊ အကြံအစည်ကောင်း၊ လုပ်ဆောင်မှုကောင်းများရှိမှသာ ကောင်းမွန်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုသို့ရရှိစေရန်အတွက် Positive Energy များကို ပေးစွမ်းသော လူပုဂ္ဂိုလ်များနှင့် ပေါင်းသင်း၊ ပြောဆို၊ နေထိုင်ရန် လိုအပ်သကဲ့သို့ မိမိကိုယ်တိုင်လည်း Positive Energy များ ရရှိနိုင်စေရန်အတွက် မိမိ၏စိတ်ကိုမိမိ ပြုပြင်နေထိုင်ရန် လိုအပ်လှသည်။
ပတ်ဝန်းကျင်သည် အဘယ်မျှပင်အရေးပါသည်ဟု ဆိုစေကာမူ မိမိကိုယ်တိုင်သည်သာ အခရာဖြစ်သည်။ မိမိ၏စိတ်ကို မိမိဂရုပြု၍ ဖြောင့်မှန်စေရန်အတွက် ကြိုးစားကာထိန်းညှိရမည်ဖြစ်သည်။ “ယခင်ကမိမိ”အားပျောက်ဆုံးကာယခုလက်ရှိတွင် ဘာမှအသုံးမဝင်သော၊ ဘယ်အရာကိုမှ မလုပ်ဆောင်နိုင်သောလူတုံး၊ လူညံ့သဏ္ဌာန် ဖြစ်ချင်သလိုဖြစ်၊နေချင်သလိုနေမည်ဆိုသည့် ကြိုးစားချင်လိုစိတ်တို့ ကုန်ဆုံးယုတ်လျော့ သွားလျှင် ရှေ့အနာဂတ်ခရီးသည်ကား ပိုမိုကြမ်းတမ်းမှုတို့ကို ဖြတ်သန်းရတော့မည်ဟု ဂရုပြုမိရမည်ဖြစ်သည်။ မည်သူမဆို ကြမ်းတမ်းသော ခရီးကိုမသွားလိုကြပေ။
ပန်းခင်းသောလမ်းကိုသာ လျှောက်လှမ်းရင်းဖြင့် ဘဝအမောများကို ပြေလိုတတ်ကြသည်ပင်။ ထို့ကြောင့် သာယာဖြောင့်ဖြူးသော လမ်းကို ရရှိနိုင်စေရန်အတွက် ဖြစ်သလိုမနေတတ်စေရန် အရေးကြီးသည်။ စိတ်တို့မွန်းကျပ်လေတိုင်း ဖြစ်ချင်ရာ ဖြစ်နေပစ်လိုက်လျှင်မူ ခက်ခဲပင်ပန်းပေလိမ့်မည်။ ထို့ကြောင့် ရံခါတွင် အခက်အခဲများ၊ အကျပ်အတည်းများကို ရင်ဆိုင်ရရှိချိန်ရှိတတ်သဖြင့် ထိုကဲ့သို့သောအချိန်ကလေးများကို ဖြတ်သန်းရချိန်တွင် မိမိကိုယ်ကို ပျောက်ဆုံးသွားတတ်သည်။ ပျောက်ဆုံးမခံပါနှင့်။ပြန်၍တွေ့အောင်ရှာပါ။ မိမိကိုယ်မိမိတွေ့အောင် ပြန်ရှာလိုစိတ်ရှိခြင်းသည်ပင် ပထမဆုံးခြေလှမ်း ဖြစ်နေပေသည်။
မိမိကိုယ်မိမိ ပျောက်ဆုံးနေချိန်တို့တွင် စိတ်တည်ငြိမ်မှု ရရှိစေရန်အတွက် တရားထိုင်ခြင်းများ၊ အာနာပါနရှု မှတ်ခြင်းများ၊ စိတ်ခွန်အားတိုးစေသည့် စာအုပ်စာပေတို့ကို ဖတ်ရှုခြင်းများ၊ ဝါသနာပါရာလုပ်ငန်းတို့ကို တစိုက်မတ်မတ် စိတ်နှစ်ထားကာ လုပ်ဆောင်နေခြင်းများ၊ မိတ်ကောင်းဆွေကောင်းများဖြင့် စကားပြောဆိုခြင်းများ၊ ယုံကြည်စိတ်ချရသော မိတ်ဆွေသူငယ်ချင်းကောင်းများဖြင့် အကြံဉာဏ်ကောင်းများ တောင်းခံခြင်းများ၊ မကောင်းမြင်စိတ်ရှိသူတို့နှင့် ရှောင်ကြဉ်နေထိုင်ခြင်းများ၊ ကိုယ်စိတ်နှလုံးဖြူစင်စေရန် ကြိုးစားနေထိုင်ခြင်းများ၊ ကာယဆိုင်ရာလေ့ကျင့်ခန်းများပြုလုပ်ခြင်းများ၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများ စသည်တို့ကိုပြုလုပ်သင့်သည်။ ထိုသို့ပြုလုပ်နေရင်းဖြင့် မိမိတွင်ခံစားနေရသော မကောင်းသည့် ခံစားမှုကြီး၊ ဝမ်းနည်းမှုကြီးမှ လွတ်မြောက်လာနိုင်မည်ဖြစ်သည်။ မိမိစိတ်အတွင်းထဲရှိ မကောင်းသော ဝမ်းနည်းအားငယ်ဖွယ်ရာ အဖြစ်ဆိုးကြီးအား ပြန်လည်ကုစားနိုင်ခြင်းသည် မိမိ၏အတွင်းစိတ်ထဲ နက်နက် ရှိုင်းရှိုင်းထိ ကုစားမှုပြုနိုင်မှသာ ထိုအဖြစ်ဆိုးကြီး၏ ဒဏ်ရာဒဏ်ချက်တို့ သက်သာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်မိမိ ပျောက်ဆုံးနေပါလျှင် ပြန်လည်ရှာဖွေနိုင်ရန်ကြိုးစားပြီး ဘဝခရီးကို ဆက်လက်လျှောက်လှမ်းမှု ပြုကြရမည်ဖြစ်သည်။
မည်သို့ပင် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါစေ ဘဝခရီးကိုကား ဆက်လက်လျှောက်လှမ်းနေရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ အခက်အခဲရှိ၍ မလျှောက်ချင်ပါ၊ ရပ်တန့်ချင်ပါသည်ဟု မည်မျှတားတားမရနိုင်ပါချေ။ မဖြစ်မနေဆက်ကာဆက်ကာ လျှောက်လှမ်းမှုပြုနေရမည့်အတူတူ စိတ်ဓာတ်ကျကာ လွှတ်ချ ထားလိုက်ခြင်းသည် ပြဿနာ၏အဖြေမဟုတ်ချေ။ ထို့ကြောင့် လျှောက်လှမ်းရမည့်အတူတူ ယခင်က မိမိကိုယ်မိမိ ပြန်ရှာဖွေရမည်ဖြစ်သည်။
“ယခင်ကကိုယ်”ကို ပြန်ရှာဖွေပြီး ယခု “ဘဝသင်ခန်းစာများ” ဖြင့် ပြုပြင်ကာ “ပိုမိုကောင်းမွန်သောကိုယ်” ဖြစ်လာစေရန် ပြုပြင်နေထိုင်ရမည်ဖြစ်သည်။
မည်မျှခက်ခဲနေပါစေ မိမိကိုယ်မိမိတော့ ပျောက်ဆုံးမသွားစေရန် အထူးဂရုပြုရမည်ဖြစ်သည်။
လောကလူ့ဘဝကြီးတွင် မည်သည့်အရာမှ တည်မြဲမနေနိုင်ပါ။ ယနေ့မိမိပိုင်ဆိုင်ထားသည်ဟု ထင်နေသော ပစ္စည်းများ၊ ဥစ္စာများ၊ ရာထူးဂုဏ်သိန်များ၊ လက်ဝတ်ရတနာများ စသည်စသည်ဖြင့် အရာအားလုံးတို့သည် မနက်ဖြန်တွင် ဆုံးရှုံးသွားရတတ်သည်။ သာ၍အရေးကြီးသည်မှာ ယနေ့ မိမိရှင်သန်နေထိုင်ပြီး သွားလာလှုပ်ရှား ပြောဆိုလုပ်ကိုင်နေခြင်းသည်ပင် မနက်ဖြန်အတွက် တည်မြဲပါမည်ဟု တပ်အပ်ပြော မရပါပေ။ ထို့ကြောင့် ရှင်သန်နေရသောအခိုက်အတန့်ကလေးတွင် ကောင်းမွန်သောစိတ်နှလုံးဖြင့် ကောင်းမွန်သော စကားတို့ကိုဆိုကာ ကောင်းမွန်သောအလုပ်တို့ကို လုပ်ကိုင်နိုင်စေရန်အတွက်မိမိနှင့် Energy မကိုက်ညီသော၊ မိမိအတွက် Toxic ဖြစ်စေသော အရာအားလုံးတို့ကို မိမိနှင့်ဝေးစွာ (ဝေးစွာ) သော အကွာအဝေးသို့ ရောက်ရှိစေရန်ထားရှိကာ မိမိကိုယ်မိမိ ကောင်းမွန်စေရန် ပြုပြင်နေထိုင်ရင်းလူထုအကျိုးပြုသည့် လုပ်ငန်းများကို တစ်နေ့ထက်တစ်နေ့ ပိုမိုလုပ်ကိုင်နိုင်စေရန် ကြိုးစားရမည်ဖြစ်သည်။
“ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ” ဆိုသည့်အတိုင်း မည်သို့သောအရာမှ တည်မြဲမနေသည်ဖြစ်ရာ ကုသိုလ်တရား၊ အကုသိုလ်တရားတို့ကိုသာ နောင်တမလွန်ဘဝအထိ သယ်ဆောင်သွားရမည်ဖြစ်သောကြောင့် နေ့စဉ်နှင့်အမျှ ကုသိုလ်တရားများကို နည်းနည်းချင်းစီ၊ ဖြည်းဖြည်းချင်းစီ စုဆောင်းသွားရမည်ဖြစ်သည်။ လူသားတို့ကို အကျိုးပြုစေသည့် အပြုအမူ၊ အပြောအဆို၊ လုပ်ငန်းများသည် ကုသိုလ်တရားများကို ရရှိစေသည်။ လူသားတို့ကို အကျိုးယုတ်စေသော အပြုအမူ၊ အပြောအဆို၊ လုပ်ငန်းတို့သည် အကုသိုလ်တရားတို့ကို ရရှိစေသည်။ မိမိသည် ကုသိုလ်ကိုစု၍ အထုပ်အပိုးအဖြစ် ပြင်ဆင်နေပါစေ၊ အကုသိုလ်ကိုစု၍ အထုပ်အပိုးအဖြစ် ပြင်ဆင်နေပါစေ မိမိပြင်ဆင်ထုပ်ပိုးထားသည့် အထုပ်အပိုးဖြင့်သာ သံသရာခရီးကို တစ်ဦးတည်း ခရီးဆက်လက်နှင် နေရမည် ဖြစ်သည်။
စိတ်ဓာတ်ကျစရာများ ကြုံတွေ့ရ၍ စိတ်ဓာတ်ကျကာ မည်သည့်အရာမှ မသိချင်ဖြစ်ပြီး မောဟတရားတို့ လွှမ်းမိုးနေမည်ဆိုပါက ယခင်ကမိမိပျောက်ဆုံးသွားပြီး မောဟတရားတို့၏ နောက်ဆက်တွဲ အကျိုးဆက်မှ ရရှိလာသည့် အရာများကိုသာ မိမိအထုပ်အပိုးထဲတွင် ထည့်သွင်းထားမိချေလိမ့်မည်ဖြစ်သည်။ သို့အတွက်ကြောင့် မသိခြင်းအမိုက်မှောင်မောဟတရားတို့ကို ရှင်းလင်းဖယ်ရှားပစ်ပြီး အသိပညာ ဉာဏ်အလင်းဖြင့် ထိုးဖောက်ပစ်ကာ မိမိကိုယ်မိမိ ပျောက်ဆုံးမခံမိစေရန် အရေးကြီးသည်။ မိမိကိုယ်မိမိ ပြန်လည်တွေ့ရှိခြင်းသည် မိမိဘယ်လမ်းကိုသွားနေသည်၊ ဘယ်မျှခရီးရောက်နေသည်၊လမ်းမှားနေသည်၊ လမ်းမှန်နေသည်၊ မသွားဘဲရပ်တန့်နေမိသည် စသည်တို့ကို သတိပြုမိ၊ မြင်ယောင်မိလာမည်ဖြစ်သည်။
ထို့ကြောင့် တွေ့ကြုံနေရသော ဘဝခရီးလမ်းတွင် မိမိကိုယ်မိမိပျောက်ဆုံးမခံဘဲ Positive Energy များဖြင့်အမြဲ ရှင်သန်နေနိုင်စေရန် ကြိုးစားမှုပြုရမည်ဟု ရေးသားလိုက်ရပါတော့သည်။ ။
Source- Myawady Webportal
Image- Pinterest

(ယမန်နေ့မှအဆက်)
တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်းအကျန်လေပွေလှိုင်း မြန်မာနိုင်ငံအတွင်းသို့ လေပွေလှိုင်းအဆင့်ဖြင့် ၃ ရက်ခန့် ကြာမြင့်စွာ ဖြတ်ကျော်ခဲ့ရာ ဖြတ်ကျော်ဝင်ရောက်နေသည့် ၉-၉-၂၀၂၄ ရက်နေ့မှ ၁၂-၉-၂၀၂၄ ရက်နေ့များအတွင်း မိုးကြီးခြင်းများ ဖြစ်ပေါ်ခဲ့ကာ မိုးရေချိန် စံချိန်သစ်တင်ခြင်းများကို ၁၅ ကြိမ်တိုင်တိုင် တိုင်းတာရရှိခဲ့ပါသည်။

မြန်မာနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်းအကျန်လေပွေလှိုင်းများ ဖြတ်သန်းနေစဉ်ကာလအတွင်း တောင်ကျချောင်းရေများ အရှိန်အဟုန် ပြင်းစွာ စီးဆင်းမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ နှစ်ပေါင်း ၈၀ ကျော်အတွင်း မကြုံစဖူးခံစားခဲ့ရခြင်းကြောင့် လူပေါင်း ၅၂၀ သေဆုံး၊ ပျောက်ဆုံးခဲ့ပြီး ကဏ္ဍပေါင်းစုံတွင် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါသည်။
(ဃ) ရာသီဥတုပြောင်းလဲမှုနှင့် မုန်တိုင်းများအခြေအနေ
မုန်တိုင်းအကြိမ်ရေ လျော့နည်းလာမှု။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းများဖြစ်ပေါ်ခြင်းသည် မြန်မာနိုင်ငံအတွက် ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲနေလေ့ရှိပါသည်။ မိုးကြိုကာလ မုန်တိုင်းဖြစ်လျှင် မုတ်သုံကို အဝင်စောစေပြီး မုတ်သုံကာလအတွင်း မုန်တိုင်းဖြစ်ခဲ့လျှင် မုတ်သုံအင်အားကောင်းစေကာ မိုးပိုရစေပါသည်။ မြန်မာ့ကမ်းရိုးတန်းကို တည့်တည့်ဖြတ်ပြီဆိုပါက ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေတတ်သည်။ (၁၈၉၁-၂၀၂၀) အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းအရေအတွက် စုစုပေါင်း ၁၂၂၇ ကြိမ် ဖြစ်ပွားခဲ့သည့်အနက် (၁၈၉၁-၁၉၇၀) ကာလနှင့် (၁၉၇၁-၂၀၂၀) ကာလတို့ကို ခွဲခြားလေ့လာကြည့်လျှင် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မုန်တိုင်းအရေအတွက် လျော့နည်းလာနေသည်ကို သိသာထင်ရှားစွာ တွေ့မြင်ရပါသည်၊၊
လွန်ခဲ့သည့် (၁၈၉၁-၁၉၇၀) ကာလတွင် ဘင်္ဂလားပင်လယ်အော်၌ တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် မုန်တိုင်း ၁၁ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းကာလများဖြစ်သော (၁၉၇၁-၂၀၂၀) အတွင်းတွင် တစ်နှစ်ပျမ်းမျှအားဖြင့် မုန်တိုင်း ခုနစ်ကြိမ်ခန့်သာ ဖြစ်ပွားမှုရှိတော့ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တစ်နှစ်တွင် ပျမ်းမျှအားဖြင့် မုန်တိုင်း လေးကြိမ်ခန့် လျော့နည်းသွားသည်ကို တွေ့ရှိရပါသည်။
မုန်တိုင်းပြင်းအားတိုးလာမှု။ မုန်တိုင်းအကြိမ်ရေနည်းသွားသော်လည်း မုန်တိုင်းဖြစ်ပေါ်ပြီး မြန်မာ့ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီဆိုပါကလည်း အင်အားကြီးမုန်တိုင်းများအဖြစ်သို့ ရောက်ရှိတတ်ကြောင်း၊ ၂၀၀၆ ခုနှစ် “မာလာ”မုန်တိုင်း၊ ၂၀၀၇ ခုနှစ် “အာကရှ်” မုန်တိုင်း၊ ၂၀၀၈ ခုနှစ် “နာဂစ်”မုန်တိုင်း၊ ၂၀၁၁ခုနှစ် “ဂီရိ” မုန်တိုင်း၊ ၂၀၂၃ ခုနှစ် “မိုခါ”မုန်တိုင်းများက သာဓကအဖြစ် ညွှန်ပြလျက်ရှိပါသည်။
မုန်တိုင်းအစပျိုးရာနေရာ၊ ဖြစ်ပွားသည့် အချိန်နှင့် မုန်တိုင်းလမ်းကြောင်းများ သွေဖည်လာမှု။ ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အားကောင်းသော မုန်တိုင်းငယ် (02B/2022) သည် မုန်တိုင်းအဖြစ်နည်းသော ကပ္ပလီပင်လယ်ပြင်မှ အစပျိုးခဲ့ခြင်း၊ မုန်တိုင်းလုံးဝမဖြစ်ဖူး သော မတ်လတွင်ဖြစ်ပွားခြင်း စသည့် ထူးခြားချက်များ တွေ့ရှိလာရပါသည်။ ထို့ပြင် ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်သည်လည်း မုန်တိုင်းစတင်ဖြစ်ပွားလေ့မရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၌ ကမ်းခြေနှင့် အလွန်နီးကပ်စွာ စတင်အစပျိုးဖြစ်ပေါ်ခဲ့ပြီး အချိန်တိုအတွင်း မွန်ပြည်နယ်အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါသည်။
အဆိုပါ မုန်တိုင်းငယ်သည် မုန်တိုင်း စတင်ဖြစ်ပွားလေ့မရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့ကာ မုန်တိုင်းဝင်ရောက်လေ့မရှိသော မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့သည့် တစ်ခုတည်းသော ထူးခြားသည့် မုန်တိုင်းငယ်တစ်ခု ဖြစ်ခဲ့ပါသည်။ အလားတူပင် ၁၉၈၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သော “ဂွ” မုန်တိုင်းနှင့် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော “နာဂစ်” မုန်တိုင်းတို့၏ မုန်တိုင်းလမ်းကြောင်းကို လေ့လာကြည့်လျှင်လည်း ပုံမှန်မုန်တိုင်းလမ်းကြောင်းများနှင့်သွေဖည်၍ လတ္တီကျုနိမ့်သော ဧရာဝတီတိုင်းဒေသကြီးအနီးမှလည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။
အနာဂတ်မြန်မာ့ရာသီဥတု ပြောင်းလဲနိုင်မှုအလားအလာများ
အနာဂတ်ကာလများတွင် ရာသီဥတု မည်ကဲ့သို့ပြောင်းလဲနိုင်မည်ဆိုသည့် ခန့်မှန်းချက်ကို သိရှိမှသာ အဆိုပါရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ နေထိုင်နိုင်မည့်နည်းလမ်းများ၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်မည့်နည်းလမ်းများကို စီမံချက်များ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကာဗွန်ထုတ်လုပ်မှုတွက်ချက်သည့်လမ်းကြောင်း (Representative Concentration Pathway- RCP) RCP 4.5 နှင့် RCP 8.5 တို့ဖြင့် တွက်ထုတ်ထား သော နောင်လာမည့် မြန်မာနိုင်ငံ၏ အနာဂတ်ကာလများအတွက် ရွာကျမှုဖြစ်စဉ်များ ပြောင်းလဲနိုင်မှု ရာခိုင်နှုန်းနှင့် အမြင့်ဆုံးအပူချိန် မြင့်တက်လာနိုင်မှုအလားအလာတို့ကို ဇယား-၂ အတိုင်း ဖော်ပြအပ်ပါသည်။
ဇယား-၂။ မြန်မာနိုင်ငံအတွက် RCP 4.5 နှင့် RCP 8.5 တို့ဖြင့် တွက်ထုတ်ချက်ရရှိသော ပြောင်းလဲလာနိုင်သည့် ရာသီဥတု အခြေအနေများ
စဉ် | အကြောင်းအရာ | ၂၀၄၀ ပြည့်နှစ် | ၂၁၀၀ပြည့်နှစ် | ||
RCP 4.5 | RCP 8.5 | RCP 4.5 | RCP 8.5 | ||
၁။ | ရွာကျမှုဖြစ်စဉ် တိုးလာနိုင်မှု (%) | ၁-၄ % | ၂-၆ % | ၂-၇ % | ၅-၁၇ % |
၂။ | နေ့အပူချိန်(C) တိုးလာနိုင်မှု | ၀.၉-၁.၁ ( C) | ၁.၁-၁.၄ ( C) | ၁.၄-၁.၇ ( C) | ၃.၅-၄.၃ ( C) |
ရာသီဥတု ပြောင်းလဲခြင်းသည် တစ်ကမ္ဘာလုံးရှိ လူသားများအား ခြောက်လှန့်နေသော စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ယနေ့ကမ္ဘာတစ်ဝန်းလုံးတွင် ရာသီဥတုမျှတစေရေးအတွက် ပြုမူဆောင်ရွက်မှုများ၊ ကျွမ်းကျင်မှုနည်းပညာများဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးများကို ဆောင်ရွက်နေကြသော်လည်း လေထုအတွင်းရောက်ရှိနေပြီးဖြစ်သော ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ထိခိုက်မှုဆိုးကျိုးများကို တစ်ကမ္ဘာလုံး ဆက်လက်ခံစားနေရဦးမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါအချက်များအရ ရာသီဥတုပြောင်းလဲနေခြင်းကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်မှုဆိုးကျိုးများကို လက်ရှိတွင် ခံစားနေရသကဲ့သို့ အနာဂတ်တွင်လည်း ဆက်လက်ဖြစ်ပေါ် ခံစားနေရဦးမည်ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံ၏ အရေးကြီးကဏ္ဍများတွင် ပျက်စီးဆုံးရှုံးလွယ်သည့်အခြေအနေများကို လျှော့ချရန်၊ လိုက်လျောညီထွေ ပြုမူ နေထိုင် ဆောင်ရွက်နိုင်ရန် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအစီအစဉ်များ၊ ချမှတ်ဆောင်ရွက်ရန် ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်သော အစီအမံများကို ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစွန်းရောက်ဖြစ်စဉ်များ ပေါ်ပေါက်လာပါကလည်း တရားမဝင်သတင်းဌာနများနှင့် Social Media များမှ ခိုင်မာမှုမရှိသော ထုတ်လွှင့်ချက်များအပေါ် နားယောင်မှုမပြုဘဲ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသော ကြိုတင်သတိပေးချက်များကို ဂရုပြုနားထောင်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုများကို သဘာဝဘေးအန္တရာယ်အသွယ်သွယ်မှ ဘေးကင်းလုံခြုံနိုင်စေရေးအတွက် လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို ဆိုးရွားစွာခံစားရလျက်ရှိရာ အခြားသောနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရပါသည်။ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှုသည် ယခင်ကထက် ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားလာသည်သာမက အဖျက်စွမ်းအားသည်လည်း ပိုမိုပြင်းထန်လာသည်ကို တွေ့ရှိရပါသည်။

၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း (World Risk Index - 2023) အရ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း ၃၆ ဒသမ ၂၆ ရှိပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အဆင့်ခြောက်နေရာတွင် ရှိနေကြောင်း ဖော်ပြထားပါသည်။ (source: https://weltrisikobericht.de/wpcontent/ uploads/ 2024/01/ WorldRiskReport_ 2023_english_online.pdf) ရာသီဥတုပြောင်းလဲ ဖောက်ပြန်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကိုသာမက လူသားတို့၏ လူမှုရေးနှင့် စီးပွားရေးကိုပါ သိသိသာသာ သက်ရောက်မှုရှိစေပါသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် လယ်ယာထွက်ကုန်၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းလုပ်ငန်းများအပေါ်တွင် မှီခိုနေရသောကြောင့် ၎င်းတို့၏ စားဝတ်နေရေး ဖူလုံကြွယ်ဝမှုသည် သင့်တင့်မျှတသော ရာသီဥတုအခြေအနေပေါ်တွင် များစွာမူတည်လျက်ရှိပါသည်။ တစ်နည်းဆိုရသော် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များနှင့် သဘာဝ ဘေးဒဏ်များသည် မြန်မာ့စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် ထိခိုက်လွယ်ပြီး သက်ရောက်မှုများစွာ ရှိစေပါသည်။
ဖန်လုံအိမ်အာနိသင်သည် နေ၏အပူကို စုပ်ယူထိန်းညှိပေးကာ မြေကြီးပေါ်ရှိ အပူချိန်ကို သက်သောင့်သက်သာ ဖြစ်စေသောကြောင့် ကမ္ဘာမြေပေါ်ရှိ သက်ရှိများအတွက် အကျိုးပြုသော သဘာဝဖြစ်စဉ် တစ်ခုဖြစ်သည်။ သို့သော် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊ မွေးမြူရေး၊ မော်တော်ကားများနှင့် ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုစသည့် လူသားတို့၏ လုပ်ဆောင်ချက်များမှ ဖန်လုံအိမ်ဓာတ်ငွေ့များ အလွန်အကျွံထုတ်လွှတ်သည့် အကျိုးဆက်အနေဖြင့် လေထုထဲတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏအဆမတန် တိုးလာစေပြီး ကမ္ဘာကြီးကို ပူနွေးလာစေကာ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုကို ဦးတည်လာခဲ့ပါသည်။ မုတ်သုံရပ်ဝန်းတွင် တည်ရှိနေသော မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို သိသာထင်ရှားစွာ ခံစားနေရသည်ဖြစ်ရာ အနောက်တောင် မုတ်သုံလေဆိုင်ရာပြောင်းလဲမှုများ၊ နွေကာလစံချိန်တင်အပူချိန်မြင့်တက် လာမှုများ၊ မိုးရွာသွန်းမှုပုံစံပြောင်းလဲမှုများ၊ မုန်တိုင်းကြီးများဝင်ရောက်မှုများ စသည်တို့မှာ ထင်ရှားသည့် ရာသီဥတုပြောင်းလဲမှု၏ ခြေရာများပင်ဖြစ်ပါသည်။
မြန်မာ့သမိုင်းတွင် ကြုံတွေ့ခံစားခဲ့ရသော ရာသီဥတုပြောင်းလဲမှုခြေရာများ
(က) အမြင့်ဆုံးအပူချိန်များ ပြောင်းလဲလာခြင်း
ယခုအခါ ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုထွန်းကားသည့်ကာလ (၁၈၅၀-၁၉၀၀) ၏ ပျမ်းမျှအပူချိန်နှင့် နှိုင်းယှဉ်ကြည့်ပါက ၁ ဒသမ ၄၅ ဒီဂရီဆဲလ်စီးယပ်အထက် ပိုမိုမြင့်တက်နေလျက်ရှိပြီး ၂၀၂၃ ခုနှစ်သည် ကမ္ဘာ့အပူဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။ အလားတူ မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်၏ အမြင့်ဆုံးအပူချိန်သည် (၁၉၈၁-၂၀၁၀) ကာလ၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်ဖြစ်သော ၃၁ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်ထက် ၁ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ် ပိုမိုမြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။ အပူဆုံးလများဖြစ်သည့် မတ်လနှင့် ဧပြီလတို့တွင် ထိုလများ၏ ပျမ်းမျှအပူချိန်ထက် ၂ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်ခန့် ပိုမိုမြင့်တက်နေရာ ကျန်းမာရေးဆိုင်ရာ ပြဿနာများအပြင် သောက်သုံးရေရှားပါးသည့်ပြဿနာများကို မိုးခေါင်ဒေသများ၌သာမက မြေလတ်ဒေသများတွင်ပါ ခံစားနေကြရပါသည်။
၂၀၂၄ ခုနှစ်၏ နွေကာလမတ်လနှင့် ဧပြီလနှစ်လအတွင်း မြန်မာနိုင်ငံ၌ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်းကို ၃၅ ကြိမ်တိတိ တိုင်းတာရရှိခဲ့ပြီး ၎င်းတို့အနက် ဧပြီလ ၂၈ ရက်နေ့တွင် တိုင်းတာရရှိခဲ့သော ချောက်မြို့၏ အပူချိန်စံချိန် သစ်ဖြစ်သည့် ၄၈ ဒသမ ၂ ဒီဂရီဆဲလ် စီးယပ်သည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်လည်းဖြစ်ခဲ့ပါသည်။ ထို့အပြင် အယ်လ်ဒိုရာဒို ရာသီဥတုနှင့် မိုးလေဝသစင်တာမှ တစ်ကမ္ဘာလုံးရှိ မြို့ကြီးများအနက် အပူချိန်အမြင့်ဆုံး ၁၅ မြို့၏ အမြင့်ဆုံးအပူချိန်များကို နေ့စဉ်ဖော်ပြပေးခဲ့ရာ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ ညောင်ဦးမြို့တို့သည် ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့တွင် ပါဝင်ခဲ့သည်ကို တွေ့ရှိရပါသည်။ (source: https:// www. eldor-adoweather.com/climate/world-extremes/world-temp-rainfall-extremes.php)
(ခ) အနောက်တောင် မုတ်သုံရာသီ ပြောင်းလဲလာခြင်း
မြန်မာနိုင်ငံသည် မုတ်သုံရာသီ စက်ဝန်းအတွင်း တည်ရှိနေသော နိုင်ငံတစ်ခုဖြစ်သည့်အားလျော်စွာ အနောက် တောင်မုတ်သုံရာသီပြောင်းလဲမှုသည် နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍကို များစွာ သက်ရောက်မှုရှိပါသည်။ ဇယား (၁) တွင် ဖော်ပြထားသည့်အတိုင်း ၁၉၆၁-၁၉၉၀ နှစ် ၃၀ ကာလအပိုင်းအခြားနှင့် နှိုင်းယှဉ်ပါက ၁၉၉၁-၂၀၂၀ ကာလအပိုင်းအခြားတွင် ရက်သတ္တပတ် သုံးပတ်တာ ခန့် တိုတောင်းလာမှုသည် မုတ်သုံမိုးကို မှီခိုအားထားရသည့် စိုက်ပျိုးရေးလုပ်ငန်းများကို များစွာအခက်တွေ့စေခဲ့ပါသည်။
သို့ဖြစ်ရာ ပြောင်းလဲလာသည့် မုတ်သုံကာလနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် သီးနှံအမျိုးအစားကို ရွေးချယ်စိုက်ပျိုးလာရခြင်းများရှိသလို သက်တမ်းတိုမျိုးစိတ်များအား ပြောင်းလဲစိုက်ပျိုးလာကြရသည်။ အခြားတစ်ဖက်တွင်လည်း မုတ်သုံအဝင်နောက်ကျလာခြင်းသည် နွေကာလ ရက်ရှည်လာခြင်းဖြစ်ရာ အပူချိန်မြင့်မားသောရက်များကို တာရှည်စေပါသည်။
(ဂ) မိုးရွာသွန်းမှု ပုံစံပြောင်းလဲလာခြင်း
မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းမှုပုံစံကိုလေ့လာကြည့်ပါက တစ်နှစ်တာပျမ်းမျှမိုးရွာသွန်းမှုပမာဏ သိသိသာသာ တိုးလာခြင်း၊ လျော့နည်းသွားခြင်းမျိုးမရှိဘဲ တစ်နှစ်တာရွာသွန်းမြဲ မိုးရေချိန်ကို ပြည့်မီစွာ ရွာသွန်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ရာတွင် ရွာရမည့် အချိန်မဟုတ်ဘဲ အချိန်အခါမဟုတ် ရွာသွန်းခြင်း၊ တစ်နှစ်တာကာလအတွင်း ပျံ့နှံ့စွာဖြင့် ပုံမှန်ရွာသွန်းခြင်းမဟုတ်ဘဲ အချိန်တိုအတွင်း ပြင်းထန်စွာ ရွာသွန်းခြင်းအစရှိသည့် မူမမှန်သော မိုးရွာသွန်းမှုပုံစံများကို နှစ်စဉ် ကြုံတွေ့လာရပါသည်။
အဆိုပါ အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ၏ ဖြစ်ပွားသည့် အကြိမ်အရေအတွက် များပြားလာသကဲ့သို့ ပိုမိုပြင်းထန်လာသည်ကိုလည်း တွေ့ရှိရပါသည်။ ထို့အပြင် နောက်ဆက်တွဲ ဖြစ်စဉ်များဖြစ်သည့် လျှပ်တစ်ပြက်ရေကြီး ရေလျှံခြင်း၊ မြေပြိုခြင်းများကိုလည်း မကြာခဏ ကြုံတွေ့လျက်ရှိပါသည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်တစ်ခုသည် မြန်မာနိုင်ငံ မောင်တောမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာမှတစ်ဆင့် အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ရာ တောင်ကျ ချောင်းရေများ အရှိန်အဟုန်ပြင်းစွာဖြင့် စီးဆင်းခဲ့၍ ပခုက္ကူမြို့နယ်အတွင်း လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ ရွှေချောင်းတံတားပျက်စီးခြင်း၊ လူ ၁၀၆ ဦး သေဆုံးခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
ထို့အပြင် ၂၀၁၅ ခုနှစ်နောက်ပိုင်း ကာလများတွင် မုတ်သုံလေအားကောင်းမှုကြောင့်လည်းကောင်း၊ အားပြင်း မုန်တိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းကာ နိုင်ငံအနှံ့ရှိ မြစ်များ၊ ချောင်းများတွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ ကျယ်ပြန့် ပြင်းထန်သော ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် ခဲ့ပါသည်။ အဆိုပါ ရေကြီးမှုကြောင့် သက်ရှိလူ၊ တိရစ္ဆာန်များ အသက်ဆုံးရှုံးရသည်သာမက လမ်းများ၊ တံတားများ၊ အိမ်များ၊ လယ်ကွင်းများနှင့် စိုက်ပျိုးသီးနှံ များ ရေနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရသည်။
ထို့အပြင် မိုးသည်းထန်၍ ရေတိုက်စားမှုများကြောင့် အချို့တောင်တန်း ကုန်းမြင့်ဒေသများတွင် မြေပြိုမှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရွာသွန်းခဲ့သော မိုးရေချိန် ၇ ဒသမ ၈၇ လက်မသည် ပဲခူးမြို့အတွက် လွန်ခဲ့သော ၅၉ နှစ်အတွင်း စံချိန်တင် မိုးရေချိန်ဖြစ်သည်။ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ရေခံကောင်းခြင်း၊ မြစ်အထက်ပိုင်းနှင့် မြစ်ဝှမ်းအတွင်း မိုးပျံ့နှံ့စွာနှင့် သည်းထန်စွာရွာသွန်းခြင်း၊ ပင်လယ်ဒီရေမြင့်တက်ချိန်နှင့် တိုက်ဆိုင်ခြင်း စသည်တို့ကြောင့် အခြားနှစ်များထက် အခြေအနေပိုဆိုးခဲ့ကာ ပဲခူးမြို့တွင် နှစ်ပေါင်း ၅၈ နှစ်အတွင်း အမြင့်ဆုံးမြစ် ရေမှတ် ၁၀၀၄ စင်တီမီတာဖြင့် စံချိန်တင် မြစ်ရေကြီးခဲ့ပါသည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်တွင် အပူချိန်မြင့်တက်မှု၊ မိုးခေါင်မှုကြောင့် အင်းလေးကန်တစ်ခုလုံး ရေများ ခန်းခြောက်သွားသည်အထိ ရာသီဥတုဖောက်ပြန်ခဲ့ပြီး တစ်ဖန် ယခုနှစ် ၂၀၂၄ ခုနှစ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အင်းလေးကန်အတွင်း ရေများအဆမတန်စီးဝင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီး အင်းလေးကန်ပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ မြန်မာ့ရိုးရာ ရက်ကန်းစင်များ ရေနစ်မြုပ်ခဲ့ရပါသည်။ ထိုသို့ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ အစွန်းရောက်ဖြစ်စဉ်များ နှစ်စဉ်ကြုံတွေ့ ခံစားရနေသည်မှာ ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးပြယုဂ်များပင် ဖြစ်ပါသည်။
မကြာသေးမီက ဖိလစ်ပိုင်ပင်လယ်ပြင်မှ စတင်အစပျိုးခဲ့ပြီး တောင်တရုတ်ပင်လယ်ပြင်ကို ဖြတ်သန်းခဲ့သော စူပါတိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်း အကျန်တိမ်တိုက်များသည် ဖိလစ်ပိုင် နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ ကုန်းတွင်းဒေသများကို ဖြတ်ကျော်ခဲ့ပြီးနောက် လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံသို့တိုင်ရောက်ရှိခဲ့ကာ အဖျက်စွမ်းအား အလွန် ပြင်းထန်ခဲ့ပါသည်။ ယင်းတိုင်ဖွန်း မုန်တိုင်း၏အရှိန်ကြောင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ စသည့်နိုင်ငံပေါင်း ကိုးနိုင်ငံတို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများကြုံတွေခဲ့ရကာ အသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာ သေကျေ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။
(ဆက်လက်ဖော်ပြပါမည်)

ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီးတော့ တရုတ်နိုင်ငံရဲ့အနောက်မြောက်ဘက် အာရှအလယ်ပိုင်းနှင့် အရှေ့အာရှဆုံရာမှာ တည်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့အကြီးဆုံးပြည်နယ်ခွဲတစ်ခုဖြစ်ပြီး စတုရန်းကီလိုမီတာ ၁ ဒသမ ၆ သန်း ကျယ်ဝန်းပါတယ်။ ဒေသခံလူမျိုးစုစုပေါင်း ၂၅ သန်းခန့် နေထိုင်ပါတယ်။ ရှင်းကျန်းဒေသဟာ အလွန်လှပတဲ့နေရာတစ်ခုဖြစ်ပြီး ထူးခြားတဲ့သဘာဝအလှများနဲ့ပြည့်စုံကာ ဖွံ့ဖြိုးတိုးတက်မှုအလားအလာ အကောင်းဆုံးဖြစ်တဲ့အပြင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒါ့ပြင် ရှင်းကျန်းဒေသဟာ ရှေးဟောင်းပိုးလမ်းမကုန်သွယ်မှုလမ်းကြောင်းအတွက် အချက်အချာကျတဲ့ဒေသတစ်ခုဖြစ်ပြီး အရှေ့နဲ့အနောက် မြို့ပြဖွံ့ဖြိုးရေးဖော်ဆောင်မှုတွေအတွက်လည်း ပေါင်းကူးတံတားသဖွယ် အရေးပါလျက်ရှိတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့် (၆)ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံကို ဆင်ဟွာသတင်းအေဂျင်စီနဲ့ ရှင်းကျန်းဒေသအစိုးရတို့ ပူးပေါင်းကာ အဆိုပါနေရာမှာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရှင်းကျန်းဒေသဟာ ဥရောပတိုက်နဲ့ အာရှတိုက် နှစ်ခုပေါင်းထားတဲ့ ဥရောပအာရှတိုက်ကြီးရဲ့ အလယ်ဗဟိုမှာတည်ရှိပြီး မွန်ဂိုလီးယား၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့နဲ့ လည်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါတယ်။ ရှင်းကျန်းဒေသဟာ သယ်ယူပို့ဆောင်ရေး အချက်အချာနေရာတစ်ခုဖြစ်ပြီး အာရှအလယ်ပိုင်း၊ အာရှအနောက်ပိုင်းနဲ့ အာရှတောင်ပိုင်းတို့ကို ချိတ်ဆက်ပြီး ဥရောပအထိ ခရီးလမ်းကြောင်းပွင့်နေ တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ရှေးခေတ်အချိန်တွေကတည်းက ရှင်းကျန်းဒေသဟာ ကုန်ပစ္စည်းတွေ စုဆောင်း၊ သိုလှောင်ဖြန့်ဖြူးရာ နေရာတစ်ခုဖြစ်သလိုအရှေ့နဲ့ အနောက်ကြားယဉ်ကျေးမှုပေါင်းစည်းရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ရှင်းကျန်းဒေသဟာ ရှေးယခင်ကတည်းက အရာရှိ၊ အရာခံ၊ ကုန်သည် ပွဲစားတွေ ကုန်စည်ကူးသန်းသွားလာခဲ့ကြတဲ့ အတွက် တက်ကြွတဲ့ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု အငွေ့အသက်တွေဟာ အခုအချိန်အထိ နက်ရှိုင်းစွာ ကျန်ရှိနေပါတယ်။
ရှင်းကျန်းဒေသဟာ ရှေးခေတ်ပိုးလမ်းမပေါ်မှာ တည်ရှိတဲ့ အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါ တယ်။ ဒီနေ့ခေတ်မှာတော့ ပိုးလမ်းမသစ်လို့ ခေါ်နိုင် တဲ့ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခုပူးပေါင်းဆောင် ရွက်မှုဟာ ရှင်းကျန်းဒေသကို အခွင့်အလမ်းသစ်တွေ၊ ရှင်သန်တက်ကြွမှုတွေ ပြန်လည်ဆောင်ကြဉ်းပေး နေပြီဖြစ်ပါတယ်။ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုရဲ့ ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ရှင်းကျန်းဟာ ကုန်းတွင်း ပိတ်ဒေသမှ တရုတ်နိုင်ငံရဲ့ အနောက် ဘက်အထိ လမ်းဖွင့်ပေးပြီး အာရှနဲ့ ဥရောပကို ဆက်သွယ်ထားတဲ့ ရွှေရောင်လမ်းကြောင်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ အနောက်ဘက် ပင်လယ် ကုန်သွယ်ရေးစင်္ကြံလမ်းသစ်ရဲ့ ဘက်စုံသုံးရထား ဝန်ဆောင်မှုစနစ်ကို စတင်လိုက်တဲ့အတွက် ရှင်းကျန်းဟာ အာရှအလယ်ပိုင်းနဲ့ အာဆီယံနိုင်ငံတွေကို ချိတ်ဆက်ရာမှာ အချက်အချာကျတဲ့နေရာတစ်ခု ဖြစ်လာရုံသာမက အာရှအနောက်ဘက်နဲ့ ဥရောပကိုလည်း ချိတ်ဆက်လာနိုင်ခဲ့သလို ရပ်ဝန်းတစ်ခု၊လမ်းကြောင်းတစ်ခုကို အပြည့်အဝအသုံးချနိုင်ခဲ့ တဲ့အတွက်လည်း အရည်အသွေးမြင့်ကုန်ပစ္စည်းတွေကို ပင်လယ်နဲ့တောင်တန်းတွေ ဖြတ်ကျော်ပြီး ကမ္ဘာ့ဈေးကွက်အထိ လွယ်ကူစွာ တင်ပို့လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လျင်မြန်စွာဖော်ဆောင်လျက်ရှိ
ရှင်းကျန်းဒေသဟာ ပြည်တွင်း၊ ပြည်ပကုန်စည် စီးဆင်းလည်ပတ်မှုနဲ့အတူ ခေတ်မီဖွံ့ဖြိုးတိုးတက် တဲ့ စံနမူနာပြယုဂ်တစ်ခုဖြစ်လာဖို့ တက်ကြွစွာ လုပ်ဆောင်လျက်ရှိပါတယ်။ ရှင်းကျန်းဒေသဟာ အခွင့်အလမ်းတွေဝေမျှပေးရာ နေရာတစ်ခုဖြစ်ပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာကဏ္ဍနှစ်ခုစလုံးမှာ ပွင့်လင်းမြင်သာစွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ အရင်းအမြစ်တွေ ပိုမိုပေါများလာတဲ့ဈေးကွက်ကြီးတစ်ခု၊ လမ်းပန်းဆက်သွယ်ရေးပိုမို အဆင်ပြေမှု၊ ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုပိုမိုချောမွေ့လာမှုနဲ့ ပိုမိုဖော်ရွေတဲ့စီးပွားရေးပတ်ဝန်းကျင်တွေကို လျင်မြန်စွာ ဖော်ဆောင်လျက်ရှိပါတယ်။
ရှင်းကျန်းဒေသဟာ စွမ်းအင်နဲ့ ဓာတ်သတ္တု အရင်းအမြစ်တွေ ပေါကြွယ်ဝလှပါတယ်။ စွမ်းအင်နဲ့ ဓာတ်သတ္တု ၁၃ မျိုးဟာ ပထမတန်းစားတွေဖြစ်ပြီး ၅၆ မျိုးကတော့ အဆင့် (၅) မှာ ရှိပါတယ်။ ရှင်းကျန်း ဒေသဟာ စွမ်းအင်နဲ့ သဘာဝအရင်းအမြစ်အတွက် အလွန်ကြီးမားကျယ်ပြန့်တဲ့ ကုန်းမြေဒေသရှိတဲ့ အတွက် အကြီးစားရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်တာတွေ၊ အကြီးစားကျောက်မီးသွေး ထုတ်လုပ်တာတွေ၊ ကျောက်မီးသွေးသုံးဓာတ်အား ပေးစက်ရုံ တည်ဆောက်တာတွေ၊ ကျောက်မီးသွေး ဓာတုအခြေခံစက်ရုံ တည်ဆောက်တာတွေ၊ အကြီး စားလေအားလျှပ်စစ်စက်ရုံ တည်ဆောက်တာတွေ အကြီးအကျယ်လုပ်ဆောင်နေတာကို တွေ့မြင် နိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် စိုက်ပျိုးနိုင်တဲ့သစ်တော မြေတွေ၊ မျက်စိတစ်ဆုံးမြင်နိုင်တဲ့ မြက်ခင်းစိမ်း တွေ၊ လုံလောက်တဲ့နေရောင်ခြည်ရရှိမူတွေ၊ သင့်တော်တဲ့ ရာသီဥတုတွေက ဆန်စပါးနဲ့ တိရစ္ဆာန်ထွက်ကုန် ပစ္စည်းထုတ်လုပ်မှုတွေ၊ အရည်အသွေးမြင့်ဝါဂွမ်း ထုတ်လုပ်မှုတွေနဲ့ ထူးခြားကောင်းမွန်တဲ့ သစ်သီး တွေ စိုက်ပျိုးထုတ်လုပ်တဲ့နေရာမှာလည်း အလွန်ကို အထောက်အကူဖြစ်စေပါတယ်။ ရှင်းကျန်းဟာ လေစွမ်းအင်နဲ့ နေစွမ်းအင်သုံးမကုန်နိုင်အောင် အများအပြားရှိပြီး အကြီးအကျယ်ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အခြေအနေကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ဒေသဖြစ်ပါတယ်။ ဒေသအတွင်းနဲ့ ဒေသအပြင်မှာရှိတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းက လျှပ်စစ်ပိုးလမ်းမကြီးကို ဖန်တီးတည်ဆောက်ပေးပြီး ရှင်းကျန်းအတွက် မမျှော်မှန်း နိုင်လောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေ ကို ယူဆောင်လာခဲ့ပါပြီ။ ရှင်းကျန်းဒေသမှာ မြစ်ချောင်းတွေ၊ ရေကန်တွေ အမြောက်အမြားရှိတဲ့အတွက် ရေအရင်းအမြစ်လည်း ပေါကြွယ်လှပါတယ်။
အလားအလာကောင်းများကို ဖြစ်စေ
သို့သော်လည်း ရှင်းကျန်းဒေသဟာ သဘာဝ အရင်းအမြစ်တွေကိုချွေတာပြီး ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်အောင် တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်။ ထို့အတူ ခေတ်မီလယ်ယာ စိုက်ပျိုးရေးနည်းစနစ်တွေ၊ ရေချွေတာရေးနည်းစနစ်တွေ၊ စွမ်းအင်ချွေတာရေးနဲ့ ကာဗွန်လျှော့ချရေး နည်းပညာတွေကိုလည်း အသုံးပြုလျက်ရှိပါတယ်။ ရှင်းကျန်းဒေသဟာ စိမ်းလန်းတဲ့စက်မှုဖွံ့ဖြိုးရေး အတွေးအခေါ်ကို လက်ကိုင်ပြုထားတဲ့အတွက် အဓိကစက်မှုလုပ်ငန်းတွေဟာ စရိတ်စကများပြားခြင်းကိုအဆုံးသတ်ပြီး ကာဗွန်လျှော့ချ ထုတ်လုပ်ရေး ဆိုင်ရာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်တင်လုပ်ဆောင်လျက်ရှိပါတယ်။ ရှင်းကျန်း ဒေသဟာ ဂေဟစနစ်ထိန်းသိမ်းမှုနဲ့ သဲကန္တာရ ထိန်းချုပ်မှုမှာလည်းအားကောင်းပါတယ်။ ရှင်းကျန်း ဒေသရှိ တာလီမခန်းလို့ခေါ်တဲ့ သဲကန္တာရဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးသဲကန္တာရကြီးတစ်ခု ဖြစ်ပါ တယ်။ အဲဒီသဲကန္တာရကြီးကို အဘက်ဘက်က တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လျက်ရှိသလို တရုတ်နိုင်ငံရဲ့ အရှေ့မြောက်၊ မြောက်နဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ခါးပတ်လမ်း အစီအစဉ်ရဲ့ အရေးပါတဲ့ အဓိကလုပ်ငန်းစီမံကိန်းတွေကိုလည်း အကောင်အထည်ဖော်လျက်ရှိပါတယ်။ အဲဒီစီမံကိန်း တွေဟာ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုရဲ့ မိုးနည်းရေရှားဒေသတွေမှာ ရှိတဲ့ သဲကန္တာရထိန်းချုပ်မှုအတွက် စံနမူနာကောင်းတွေဖြစ်စေသလို တခြားနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုအတွက်လည်း ကျယ်ပြန့်တဲ့အလားအလာကောင်းတွေကို ဖြစ်စေပါတယ်။
အရှိန်အဟုန်နဲ့ သစ်လွင်ဆန်းသစ်
ပြည်နယ်နဲ့မြို့တော် ၁၉ ခုကလည်း ရှင်းကျန်းဒေသတိုးတက်အောင် ကူညီလုပ်ဆောင်ပေးသလို ရှင်းကျန်းရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု ဒေသရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း အဓိက အကောင်အထည်ဖော်လျက်ရှိတဲ့အတွက် ရှင်းကျန်းဒေသဟာ ပွင့်လန်းမှုအရှိဆုံးနဲ့ ဖွံ့ဖြိုးမှုအရှိဆုံးဖြစ်လာပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်မှာ ပိုမိုသွက်လက်ပွင့်လင်းပြီး လှပတဲ့ ရှင်းကျန်းဟာ အနာဂတ်အလားအလာကောင်းတွေကို ပြသနေပြီးကမ္ဘာကြီးကို အခွင့်အလမ်းကောင်းတွေယူဆောင်လာနေပြီဖြစ်ပါတယ်။ တူညီတဲ့ဆန္ဒတွေသာရှိမယ်ဆိုရင်တောင်တန်းတွေနဲ့ ပင်လယ်တွေဟာ လူတွေကိုဝေးကွာသွားအောင် မစွမ်းဆောင်နိုင်ဘူးဆိုတဲ့ တရုတ်စကားပုံအရ ရှင်းကျန်းဒေသဟာ သူ့ရဲ့နိုင်ငံတကာတံခါးပေါက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဆန်းသစ်တီထွင်မှုတွေလည်းအရှိန်အဟုန်နဲ့သစ်လွင်ဆန်းသစ်လျက်ရှိပါကြောင်း။ ။
Source- ကြေးမုံသတင်းစာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ အောက်တိုဘာ လ ၁ ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ (၇၅) နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ပြောင်းလဲမှုပြယုဂ်တွေကို ဓာတ်ပုံ ၁၈ ပုံတွဲလျက် နှိုင်းယှဉ်ဖော်ပြထားပါတယ်။

အဲဒီဓာတ်ပုံတွေအနက် စန်းကျန့် (Shenzhen) တံငါရွာလေးရဲ့ ၂၀ ရာစုနှစ် ၁၉၈၀ ပြည့်နှစ် အစောပိုင်းကာလက မြင်ကွင်းနဲ့ လက်ရှိ ၂၀၂၄ ခုနှစ် မြင်ကွင်းနှိုင်းယှဉ်ဖော်ပြထားတဲ့ပုံကို သတိပြုမိ ပါတယ်။ ယခင်ကရေပတ်လည်ဝိုင်းနေတဲ့ ကွင်းပြင်သာသာမြေနေရာဟာ အခုတော့ မိုးပျံအဆောက် အအုံတွေအစီအရီနဲ့ မိုးနဲ့မြေကွာခြားသလို ရင်သပ်ရှုမောမဆုံး တွေ့မြင်လိုက်ရပါတယ်။
၁၉၇၄ ခုနှစ် ဧပြီလမှာ တရုတ်ကွန်မြူနစ်ပါတီ စန်းတုန်ပြည်နယ်၊ ပြည်နယ်ပါတီကော်မတီက ဗဟိုကော်မတီကို ဟောင်ကောင်၊ မာကောက် (မကာအို) တို့နဲ့ နယ်နိမိတ်ချင်းစပ်နေတဲ့ စန်းကျန့်၊ ကျူးဟိုင်တို့မှာ ပြည်ပပို့ကုန်အချောကိုင် ဒေသထူထောင်သွားရေးကို တင်ပြလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က အဲဒီနေရာတွေရဲ့တန်ဖိုးကို ချက်ချင်း ထက်ထက် မြက်မြက် တွက်ဆမိတဲ့အတွက် “အထူးဒေသလို့ခေါ်တာ ကောင်းပါတယ်။ ဟိုတုန်းကလည်း ရှမ်းဆီး-ကန်စု-နင်ရှပြည်နယ် နယ်စပ်ဒေသကို အထူးဒေသလို့ ခေါ်ခဲ့တာပဲ။ ဗဟိုမှာတော့ ငွေမရှိဘူး။ ရဲဘော်တို့ဘာသာ ကိုယ်တိုင်သွားရောက်လုပ်ဆောင်ကြပါ။ ရှေ့ဆောင်လမ်းပြအဖြစ် လုပ်ပြကြပါ” လို့ ချက်ချင်းအဖြေပေးလိုက်ပါတယ်။
သုံး၊ လေးနှစ်အတွင်း မိုးထိအဆောက်အအုံတွေ မှိုလိုပေါက်လာခဲ့
ဒီနောက်မှာတော့ အထူးဒေသရဲ့ ရှင်သန်မှုစွမ်းအားဟာ အလွန်လျင်မြန်စွာ တိုးတက်ပေါ်ထွက်လာ ပါတယ်။ သုံး၊ လေးနှစ်အတွင်းမှာ ယခင်တံငါရွာလေးဟာ မိုးထိအဆောက်အအုံတွေ မှိုလိုပေါက်လာခဲ့ပြီး ပမာဏအားဖြင့် ခေတ်မီမြို့ပြတစ်ခုရဲ့ အတိုင်းအတာအထိ ရှိလာခဲ့ပါတယ်။
၁၉၈၄ ခုနှစ်မှာ တိန့်ရှောင်ဖိန်ကိုယ်တိုင် အထူးဒေသကို လာရောက်ကြည့်ရှုစစ်ဆေးပြီးနောက် “အထူးဒေသဟာ ပြတင်းပေါက်တစ်ခုဖြစ်တယ်။ အတတ်ပညာတွေရဲ့ ပြတင်းပေါက်၊ စီမံအုပ်ချုပ်မှုရဲ့ ပြတင်းပေါက်၊ အသိပညာတွေရဲ့ ပြတင်းပေါက်ဖြစ်သလို ပြည်ပပေါ်လစီရဲ့ ပြတင်းပေါက်လည်း ဖြစ်တယ်” လို့ ဆိုလိုက်တယ်။ အဲဒီနောက် တရုတ်ပြည်မှာ စီးပွားရေးအထူးဒေသမှ ပင်လယ်ကမ်းရိုးတန်း တံခါးဖွင့်မြို့တွေဟာ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ကမ်းတစ်လျှောက်နဲ့ အတွင်းပိုင်း ဒေသတွေမှာ၊ နေရာအားလုံးတွေမှာ၊ အစီအစဉ်မျိုးစုံနဲ့ ကျယ်ပြောလှတဲ့ နယ်ပယ်ကြီးရဲ့ ပြည်ပတံခါးဖွင့် အခင်းအကျင်းများအဖြစ် တစ်စတစ်စ ဖြစ်တည်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ တံခါးဖွင့်လုပ်ဆောင်ချက် ဟာ စီးပွားရေးအထူးဒေသထူထောင်မှုက မြစ်ဖျားခံခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ဒီလိုပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ရာမှာ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့ကို ကွင်းဆက်ကျကျ၊ အချိတ်အဆက်မိမိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲ ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်မှုတို့ရဲ့ ဆက်စပ်မှုကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဝေါဟာရသုံးလုံးနဲ့ ပတ်သက်ပြီး တိန့်ရှောင်ဖိန်လက်ရွေးစင်ကျမ်း တတိယအတွဲရဲ့ ဆောင်းပါးတိုင်းနီးပါး မှာ သုံးသပ်ဆွေးနွေးထားပါတယ်။
ဒါ့အပြင် တိန့်ရှောင်ဖိန်ဟာ “တည်ငြိမ်မှုဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ ရှေးဦး လိုအပ်ချက်နဲ့ အာမခံချက်ဖြစ်တယ်”လို့လည်း ဆိုခဲ့ပါတယ်။ မဟာယဉ်ကျေးမှုတော်လှန်ရေး ၁၀ နှစ်တာ ရဲ့ လေးနက်လှတဲ့ သင်ခန်းစာတွေက တည်ငြိမ်စည်းလုံးညီညွတ်တဲ့လူမှုရေး၊ နိုင်ငံရေးအခြေအနေ ဆုံးရှုံး တာနဲ့ တစ်ပြိုင်နက် အကျိုးဆက်ကတော့ ဒီမိုကရေစီအကောင်အထည်မဖော်နိုင်သလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမရနိုင်ဘဲ နိုင်ငံတော်မှာ ဝရုန်းသုန်းကားဖြစ်ပြီး လူထုရဲ့စိတ်ဓာတ်လည်း ဖရိုဖရဲအခြေ အနေ ဖြစ်ပေါ်တတ်တယ်ဆိုတာကိုလည်း တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်သူတွေကို သိမြင် နားလည်ထားစေခဲ့ပါတယ်။
တည်ငြိမ်ရေးမှာ ဘက်နှစ်ဖက်ပါဝင်
ဒီသင်ခန်းစာတွေအရပဲ တိန့်ရှောင်ဖိန်က “တရုတ်ပြည်ရဲ့ အမြင့်မားဆုံး အကျိုးစီးပွားကတော့ တည်ငြိမ်ရေးပါပဲ”လို့ အလေးအနက်ညွှန်ပြခဲ့ခြင်းဖြစ်ပါတယ်။ တိန့်ရှောင်ဖိန်ဟာ တည်ငြိမ်ရေးမှာ ဘက်နှစ်ဖက်ပါဝင်တယ်လို့လည်း ရှုမြင်ခဲ့ပါတယ်။ တစ်ခုက နိုင်ငံရေးအခြေအနေ တည်ငြိမ်ရေးဖြစ်ပြီး အခြားတစ်ခုက ပေါ်လစီတည်ငြိမ်ရေး ဖြစ်တယ်လို့ဆိုပါတယ်။
၁၉၈၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနဲ့ တွေ့ဆုံစဉ်မှာလည်း တိန့်ရှောင်ဖိန်က “ဒီနေ့ ဒီအပိုင်းက လူတွေက လမ်းပေါ်တက်လိုက်၊ နောက်တစ်နေ့ဟိုအပိုင်းက လူတွေက လမ်းပေါ်ထွက်လိုက်၊ တရုတ်နိုင်ငံမှာ လူသန်းပေါင်း ၁၀၀၀ ရှိတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက် ရှိနေတာ နေ့တိုင်းပြဿနာရှိနေမယ်ဆိုရင် နေထိုင်မှုဘဝတွေကို ကျော်ဖြတ်နိုင်ပါ့မလား။ ဘယ့်နှယ်လုပ် ကိုယ်အားဉာဏ်အားထုတ်တည်ဆောက်ရေးတွေ လုပ်နိုင်ပါ့မလဲ။ ဒါကြောင့် ခင်ဗျားတို့ ရှုထောင့်ကနေ တရုတ်နိုင်ငံပြဿနာတွေကို ကြည့်လို့ မဖြစ်နိုင်ဘူး။ တရုတ်နိုင်ငံရဲ့ အဓိက ရည်မှန်းချက် က ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်နောက်ကျမှုက ရုန်းထွက်ရေး၊ နိုင်ငံတော်ရဲ့ အင်အားတိုးတက် လာစေရေး ဖြစ်တယ်။ ပြည်သူလူထုနေထိုင်စား သောက်မှုဘဝ ပြည့်စုံကုံလုံလာစေ ရေးဖြစ်တယ်။ ဒီလိုကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ဆိုရင် တည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင်ရှိရမယ်။ တည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင်မရှိရင် ဘာကိစ္စမှ လုပ်လို့မရနိုင်ဘူး”လို့ ထောက်ပြခဲ့ပါတယ်။
အလားတူ ၁၉၈၉ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်သမ္မတဟောင်း နစ်ဆင်နဲ့ တွေ့ဆုံရာမှာလည်း တိန့်ရှောင်ဖိန်က “တည်ငြိမ်စည်းလုံးညီညွတ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်မရှိရင် တည်ငြိမ်တဲ့ လူမှုရေးအခြေအနေလည်း ရှိမှာမဟုတ်ဘူး။ ဘာမှလည်း လုပ်လို့ဖြစ်လာမှာ မဟုတ်ဘူး။ တည်ငြိမ် ရေးက အရာရာကို လွှမ်းမိုးထားတယ်”လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။
တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းစည်းကမ်းဟာ အလွန်တရာအရေးကြီး
ထို့အတူ ၁၉၉၈ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီက တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးစတင်ခဲ့တဲ့ (၁၁) ကြိမ်မြောက် ဗဟိုကော်မတီ တတိယစုံညီအစည်းအဝေး နှစ် (၂၀) မြောက် အထိမ်းအမှတ်အစည်းအဝေး မှာ ထိုစဉ်က ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး သမ္မတကျန်ဇီမင်းက “ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့ရဲ့ဆက်စပ်မှုကို တစ်လျှောက်လုံးမှန်မှန်ကန်ကန် ဆုပ်ကိုင်သွား ရမယ်။ ဖွံ့ဖြိုးတိုးတက်ရေးဟာ ခိုင်မာတဲ့တရားဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ပြဿနာအားလုံး ပြေလည်ရေး ကွင်းဆက်ဟာ မိမိရဲ့ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မှီခိုနေတယ်။ ပြုပြင်ပြောင်းလဲရေးဟာ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ တွန်းအား၊ တည်ငြိမ်ရေးဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံကျတဲ့ ရှေးဦးလိုအပ်ချက်ဖြစ်တယ်။ တည်ငြိမ်မှုမရှိရင် ဘာပြဿနာမှ ဆောင်ရွက်လို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ပါတီဟာ အခွင့်အလမ်းကို မိမိရရဆုပ်ကိုင်၊ ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစေပြီး တံခါးဖွင့်ရေးကို တိုးချဲ့၊ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းတင်၊ တည်ငြိမ်ရေးကိုထိန်းသိမ်းတဲ့ အခြေခံလမ်းညွှန်ဟာ လုံးဝမှန်ကန်တယ်လို့ လက်တွေ့က သက်သေပြလိုက်တယ်”လို့ ညွှန်ပြပြောဆိုခဲ့ပါတယ်။ အလားတူ ကျန်ဇီမင်းက “ပြုပြင်ပြောင်းလဲမှု၊ ဖြစ်ပေါ်တိုးတက်မှုတွေကို တည်ငြိမ်မှုနဲ့အတူ မှန်ကန်စွာကိုင်တွယ်ပြီး တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းစည်းကမ်းကို ထိန်းသိမ်းတာဟာ အလွန်တရာအရေးကြီးတဲ့အဓိပ္ပာယ်ရှိတယ်။ တည်ငြိမ်မှုမရှိရင် ဘာကိစ္စမှလုပ်လို့ အောင်မြင်မှာမဟုတ်ဘူး” လို့ ညွှန်ပြခဲ့ပါတယ်။
လက်ရှိကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးသမ္မတ ရှီကျင့်ဖျင်ကလည်း “တည်ငြိမ်မှုဟာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒကျင့်သုံးရေးအတွက် မရှိမဖြစ် ရှိနေရမယ့် လိုအပ်ချက်တစ်ခုဖြစ်တယ်။ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်မှုတို့ဟာ တစ်ပြေးညီ ယှဉ်တွဲပြီး ရှေ့ဆက်တိုးတက်လာတာသေချာအောင် လုပ်ကိုင်ကြရမယ်။ လူမှုရေးတည်ငြိမ်မှုဟာ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်ဖို့အခြေအနေကို ဆောင်ကြဉ်းပေးတယ်။ တစ်ဖက်မှာလည်း ဒီလုပ်ငန်းတွေက လူမှုရေးတည်ငြိမ်မှုအတွက် ခိုင်ခံ့တဲ့အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပေါ်လာအောင် ဖော်ဆောင်ပေးတယ်။ ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှုရဲ့အရှိန်အဟုန် ဖွံ့ဖြိုးတိုးတက်မှုရဲ့ လျင်မြန်မှုနဲ့ သာမန်ပြည်သူလူထုရဲ့ စွမ်းဆောင်ရည်တွေကို ရေရှည်ထိန်းသိမ်းပြီး ပြောင်းလဲနိုင်ရေးအပေါ်မှာ လေးလေးနက်နက် စဉ်းစားဆောင်ရွက်ကြရမှာဖြစ်တယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ ချမ်းသာသုခ ပိုမိုပြည့်စုံတိုးတက်ရေးဟာ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့ ညီညီမျှမျှ ဖော်ဆောင်ရေးမှာ အရေးကြီးတဲ့ ကွင်းဆက်တစ်ခု အဖြစ်မှတ်ယူကြရမှာဖြစ်တယ်”လို့ တရုတ်ကွန်မြူနစ်ပါတီ (၁၈) ကြိမ်မြောက် ဗဟိုကော်မတီ နိုင်ငံရေးဗျူရို ဒုတိယမြောက်အုပ်စုလေ့လာရေး အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
ဒါဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရသော်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး လူမှုကွန်ရက်စာမျက်နှာထက်က ၇၅ နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုပြယုဂ် မှတ်တမ်းဓာတ်ပုံတွေအရသော်လည်းကောင်း ယနေ့ခေတ်သစ်တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ တရုတ်နိုင်ငံခေါင်းဆောင် အစဉ်အဆက် လက်ကိုင်ပြုကိုင်စွဲထားခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးဆက်စပ်မှုကွင်းဆက်သဘောတရားရဲ့ အကျိုးရလဒ်တွေလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ အိမ်နီးချင်းဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးကို ဖော်ဆောင်တဲ့အခါမှာ တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်၊ တည်ငြိမ်တဲ့ လူမှုရေးပတ်ဝန်းကျင်အပါအဝင် ဘက်စုံတည်ငြိမ်မှုရရှိစေရေးဟာ ဘယ်ခေတ်မဆို အဓိကသော့ချက်တစ်ခုဖြစ်တယ်လို့ သတိချပ်ဆင်ခြင် နှလုံးသွင်းနိုင်ဖို့ ဆက်စပ်တင်ပြလိုက်ရပါတယ်။ ။
ကိုးကား -
- ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု။
- ရဲဘော်မိုးဦး၏ တရုတ်ပြည်ကွန်မြူနစ်ပါတီ ဘာကြောင့်စွမ်းဆောင်နိုင်ခဲ့တာလဲ (သမိုင်းကို ခြေရာခံ ကောက်ကြည့်ခြင်း)

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြင်းအား ၄ ဒသမ ၆ ရစ်ချတာစကေးရှိတဲ့ မြေငလျင်လှုပ်ခတ်မှု တစ်ခုကို အီရန်နိုင်ငံ ဆမ်နန်းဒေသမှာ တိုင်းတာရရှိလိုက်ပါတယ်။ ဒီငလျင်မှာ ဘယ်သူမှထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့သော်လည်း ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ၁၀၀ ကျော် ကွာဝေးတဲ့ တီဟီရန်မြို့အထိကို တုန်ခါမှုခံစားခဲ့ရတာပါ။

ဒီအခြေအနေမျိုးဟာ သိပ်တော့ထူးခြားတဲ့ အခြေအနေတစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံများရဲ့ စိတ်အာရုံကိုတော့ ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီလိုဖမ်းစားရတဲ့အဓိက အကြောင်း ရင်းကလည်း ဒါကတကယ့်ကို ငလျင်လှုပ်သွားတာလား ဆိုတဲ့မေးခွန်းကို ဘယ်သူမှ တိတိကျကျ မသိကြတာကြောင့်ပါ။ မြေကြီးတုန်ခါမှုကို ခံစားသိရှိ ကြရပြီးနောက် ဒါက မြေအောက်မှာလုပ်တဲ့ နျူကလီးယား စမ်းသပ်မှုတစ်ခုဖြစ်နိုင်တယ်လို့ သတင်းဌာန အများအပြားနဲ့ လူမှုမီဒီယာတွေက ဖော်ပြလာခဲ့ကြပါတယ်။
ဒါပေမဲ့ Tehran Times သတင်းစာမှာတော့ မြေငလျင်ပညာရှင်များနဲ့ အစိုးရတာဝန်ရှိသူများက ဒီတုန်ခါမှုဟာ နျူကလီးယား စမ်းသပ်မှုကြောင့် မဟုတ်ဘူးလို့ပြောကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အမေရိကန်စီအိုင်အေ ညွှန်ကြားရေးမှူးဝီလီယံဘန်းကလည်း အီရန်အနေနဲ့ နျူကလီးယားလက်နက်ဖန်တီးဖို့ဆုံးဖြတ်လိုက်ပြီဆိုတဲ့ သက်သေမရှိဘူးလို့ ပြောကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေအပေါ် ထောက်ရှုပြီးနှစ်ပေါင်းများစွာ ရရှိလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြောရမယ်ဆိုရင် အီရန်တွေက စီအိုင်အေရဲ့ပြောဆိုချက်ကို မှန်ကန်တဲ့ အရင်းအမြစ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဖူးပါဘူး။ ဒါကြောင့် အီရန်အစိုးရရဲ့တရားဝင်သတင်းဌာနကြီး တစ်ခုက စီအိုင်အေရဲ့ ပြောဆိုချက်ကို ထည့်သွင်းဖော်ပြတာဟာ ဟာသတစ်ပုဒ်လိုဖြစ်နေတယ်လို့ ခံစားနေရပါတယ်။
အီရန်ခေါင်းဆောင်တွေ အနေနဲ့ ဒီလိုမျိုး ဖော်ထုတ်နိုင်တဲ့ သဲလွန်စတွေများစွာ ကျန်ရစ်စေမယ့် နျူကလီးယား စမ်းသပ်မှုတစ်ခုလုပ်နိုင်ခြေရှိတယ် ဆိုတဲ့အခြေအနေရယ်၊ တစ်ချိန်တည်းမှာပဲ ဒီလိုစမ်းသပ်မှုမျိုးကို သူတို့မလုပ်ပါဘူးလို့ တရားဝင်ငြင်းဆိုထားတဲ့ အခြေအနေတွေရယ်ကို ကြည့်လိုက်ရင် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းက များများစားစား မရှိနိုင်ပါဘူး။ အနှစ်ချုပ်ကိုကြည့်ရင်တော့ တစ်ဖက်မှာနိုင်ငံရေးအရငြင်း ဆိုလိုက်ပေမယ့် အခြားတစ်ဖက်မှာတော့ ရန်သူကို သတိပေးလိုက်တဲ့ အခြေအနေမျိုးသာဖြစ်လာစေပါလိမ့်မယ်။ ဒါဆိုရင် တစ်ဖက်အဖွဲ့အစည်းတွေကြားမှာ သို့လောသို့လောတွေးထင်မှုတွေ ပေါ်ပေါက်လာစေမှာအမှန်ပါပဲ။
ယထာဘူတကျကျပြောရမယ်ဆိုရင်တော့လည်း နျူကလီးယား စမ်းသပ်မှုဆိုတာ မရှိခဲ့ဘူးလို့ ယုံကြည်ရပါလိမ့်မယ်။ ဖြစ်ပွားခဲ့တဲ့မြေငလျင် တုန်ခါမှုနဲ့ပတ်သက်ပြီး ပညာရှင်မဟုတ်တဲ့ သူတွေရဲ့အမြင်မှာလည်း ဒါကနျူကလီးယား စမ်းသပ်မှုဟုတ်၊ မဟုတ်ဆိုတာ မသေချာပါဘူး။ သာမန်လူတွေရဲ့ ပြောဆိုဆွေးနွေးမှု တွေထဲမှာ မြေငလျင်လှိုင်း အမျိုးအစားနဲ့ မြေငလျင်ဖြစ်ပွားရာ ဗဟိုချက်တည်နေရာတို့အပေါ် အဓိကထား ပြီး ဆွေးနွေးကြတာပါ။
အခုအချိန်အထိ မိမိတို့ သိရှိနိုင်တဲ့ တစ်ခုတည်းသော အခြေအနေကတော့ ဒီအခြေအနေဟာ သမားရိုးကျငလျင်လှုပ်မှုလား၊ နျူကလီးယားစမ်းသပ်မှု တစ်ခုလားဆိုတာကို အတည်မပြုနိုင်သေးတဲ့ အခြေအနေမှာပဲ ရပ်တန့်နေဆဲဖြစ်ပါတယ်။
ဒီတော့ ဒါကငလျင်လား၊ နျူကလီးယားစမ်းသပ်မှုတစ်ခုလားဆိုတဲ့ အကြောင်းအရာအပေါ် ဆွေးနွေးမှုကိုထားခဲ့ပြီး ဒီဖြစ်စဉ်က ဘာကြောင့် အရေးပါနေတာလဲ၊ အကယ်၍များ ဒီလုပ်ဆောင်ချက်ကသာ နျူကလီးယား စမ်းသပ်မှုတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုအဓိပ္ပာယ် သက်ရောက်လာ မလဲ ဆိုတဲ့မေးခွန်းတွေဆီ ဦးတည် သွားလိုက်ပါမယ်။
အီရန်ဟာ အစ္စရေးနဲ့စစ်ဖြစ်နေတဲ့ နိုင်ငံလို့ ပြောနိုင်ပါတယ်။ ဒီစစ်ပွဲကလည်း ဒုံးကျည်များနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေဆီကနေ ပိုမိုကြီးမားတဲ့ ဒေသတွင်းစစ်ပွဲမှသည် ကမ္ဘာ့နိုင်ငံ အများအပြားပါဝင်လာတဲ့ စစ်ပွဲအထိကို ပိုမိုပြင်းထန်လာနိုင်ပါတယ်။
ဒီလိုအခြေအနေအထိ ရောက်လာရတဲ့အကြောင်းရင်းက နှစ်ခုရှိပါတယ်။ ပထမတစ်ခုက အစ္စရေးဟာပြီးခဲ့တဲ့နှစ်ကစလို့ ပါလက်စတိုင်းတို့အပေါ် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်ပွားစေလောက်တဲ့အထိ ချေမှုန်းရေးလုပ်ငန်း လုပ်နေပါတယ်။ ဒုတိယတစ်ခုက အနောက်အုပ်စုဟာ အစ္စရေးဘက်ကနေ ရပ်တည်နေတာပါ။ အကယ်၍ အနောက်အုပ်စုအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားဥပဒေနဲ့ အခြေခံကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး အစ္စရေးရဲ့လုပ်ရပ်တွေ ရပ်တန့်စေဖို့လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကိုသာ လုပ်ခဲ့မယ်ဆိုရင် အရှေ့အလယ်ပိုင်းအရေးဟာ ဒီကနေ့လိုအခြေအနေအထိ ရောက်လာမှာမဟုတ်ပါဘူး။
ဒီလိုမျိုးအကြောင်းရင်း နှစ်ခုကြောင့်ပဲ အီရန်နိုင်ငံရဲ့ ခုခံရေးဝင်ရိုးတန်းနိုင်ငံများက အစ္စရေးတို့အပေါ် တုံ့ပြန်နိုင်မယ့် အဓိကကျတဲ့ အင်အားစုကြီးတစ်ရပ် ဖြစ်လာရပါတယ်။ အဲဒီအဖွဲ့ကို အနောက်အုပ်စုများက အကြမ်းဖက်အဖွဲ့များ အဖြစ် သတ်မှတ်ထားပေမယ့် လည်း တကယ်တမ်းမှာကျတော့ ကုလသမဂ္ဂရဲ့လူ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို လိုက်နာတဲ့ တစ်ခုတည်းသောအဖွဲ့ဖြစ်နေပြီး အနောက်အုပ်စု နဲ့အစ္စရေးကသာ တကယ့်အကြမ်းဖက် အဖွဲ့တွေဖြစ် နေပါတယ်။
အီရန်ရဲ့ဦးဆောင်မှုအောက်မှာရှိတဲ့ ခုခံရေးဝင်ရိုးတန်းနိုင်ငံများ အဖွဲ့သာမရှိပါက ပါလက်စတိုင်းတို့အနေနဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို သီးသန့်ကြီးရင် ဆိုင်တုံ့ပြန်နေရမှာပါ။ ဒါကြောင့် အစ္စရေးဘက်ကနေကြည့်ရင် အီရန်ကိုချေမှုန်းနိုင်ခြင်းက ခုခံရေးဝင်ရိုး တန်းနိုင်ငံများအဖွဲ့ကို အင်အားချည့်နဲ့စေတာနဲ့ အတူတူဖြစ်မယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။ အလားတူပဲ အီရန်ရဲ့ဦးဆောင်မှု မရှိတော့ဘူးဆိုရင် ဟစ်ဇဘိုလာအဖွဲ့နဲ့ ဟူသီအဖွဲ့တို့ကလည်း အားနည်းသွားပါလိမ့်မယ်။ ဒီအခြေအနေမှာ အီရန်ရဲ့စစ်ရေးစွမ်းရည်များက အခရာကျနေပါတယ်။
အီရန်ရဲ့လေကြောင်းအင်အားက အစ္စရေးနဲ့ယှဉ်ရင် သာလွန်ခြင်းမရှိပေမယ့် သူ့ဒုံးတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကတော့ ဖြုံလောက်တဲ့ အနေအထားမှာရှိပါတယ်။ မကြာသေးမီက အီရန်အနေနဲ့ အစ္စရေးကို ဒုံးကျည်အစင်း ၁၈၀ ကျော်နဲ့ တိုက်ခိုက်မှုဟာ အစ္စရေးအနေနဲ့ အမေရိကန်တို့ရဲ့ ထောက်ပံ့မှုကိုရရှိထားသော်ငြား အီရန်နိုင်ငံအနေနဲ့ အစ္စရေးရဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်ကို မှုစရာမလိုဘူးဆိုတာ ပြသနေပါတယ်။ အကယ်၍ အီရန်ကသာ အစ္စရေးရဲ့ စီးပွားရေးနဲ့နိုင်ငံရေး အခြေခံအဆောက်အဦတွေကို တိုက်ခိုက်လိုက်မယ်ဆိုရင် အစ္စရေးနိုင်ငံကရင်ဆိုင်ရမယ့် ဆုံးရှုံးမှုပမာဏဟာ သမိုင်းဝင်သွားပါလိမ့်မယ်။
ဒီအတွက်ကြောင့် အစ္စရေးဟာ အီရန်အပေါ် သတိကြီးစွာထားပြီး စောင့်ကြည့်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးကအီရန်ရဲ့ နျူကလီးယား အခြေခံအဆောက်အဦတွေကို လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ အီရန်က နျူကလီးယားကို အရပ်ဘက်အတွက်သာ အသုံးပြုနေတယ်လို့ ဆိုထားပါတယ်။
သူ့အနေနဲ့နျူကလီးယားကို လက်နက်အဖြစ် အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်လာနိုင်ခြင်း မရှိဘူးလို့ မဆိုနိုင်ပါဘူး။ ဒီလိုသာ မလုပ်ဆောင်ဘူးလို့ပြောရင် လိမ်ရာကျပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နျူကလီးယားနည်းပညာကို ပိုင်ဆိုင်နေပါလျက်နဲ့ မိမိကိုယ် မိမိကာကွယ်ဖို့အတွက် နျူကလီးယား လက်နက်ကို မထုတ်လုပ်ဘူးဆိုတာက ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အီရန်ခေါင်းဆောင်တွေဟာ အဲဒီလောက်အထိတော့ အတွေးအခေါ် မနည်းပါဘူး။
ဒါကြောင့် မကြာသေးမီကဖြစ်ပွားခဲ့တဲ့ မြေကြီးတုန်လှုပ်မှုဟာ အီရန်တို့ရဲ့ နျူကလီးယား လက်နက် စမ်းသပ်မှုကြောင့်သာ ဖြစ်လာနိုင်သလို အကယ်၍ အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်ထားပြီးပြီဆိုရင်လည်း ဒါကတစ်ဖက် ရန်သူကို သတိပေးလိုက်တဲ့ အနေအထားဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်လာတယ်ဆိုရင် ဒီလိုဖြစ်လာအောင် လုပ်တာက အနောက်အုပ်စုနဲ့အစ္စရေး ပါပဲ။ ဒီအတွက် အကြောင်းပြချက် နှစ်ခုရှိပါတယ်။
ပထမတစ်ခုက အနောက်အုပ်စုက လက်စွဲထားတဲ့ စည်းမျဉ်းအခြေခံနိုင်ငံတကာ အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အနောက်အုပ်စုဟာ အပြည်ပြည်ဆိုင် ရာဥပဒေများကို ချောင်ထိုးထားပြီး ကုလသမဂ္ဂကို ဆိုရင်လည်း ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မမှတ်ပါဘူး။ ဒီအစီအစဉ်ကြောင့်ပဲ အနောက်အုပ်စုနဲ့ အစ္စရေးဟာ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုကျူးလွန်ဖို့ တရားဝင်လိုင်စင် ရသွားသလိုပါပဲ။ ဒီအခြေအနေကို တော့ ဂါဇာအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုကနေ တစ်ဆင့်မြင်တွေ့နိုင်ပါတယ်။
ဒုတိယအကြောင်းရင်းတစ်ခုက နိုင်ငံတကာတရား ရုံးလိုမျိုး အဖွဲ့အစည်းကြီးတွေက အနောက်အုပ်စုနဲ့ အစ္စရေးတို့အပေါ်ကလွဲလို့ တခြားနိုင်ငံတွေအပေါ် အာဏာ သက်ရောက်နေတာမျိုးဖြစ်ပါတယ်။ အစ္စရေးရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အဲဒီလိုတရားရုံးမှာ တရားစွဲခံသင့်ပေမယ့် လက်တွေ့ မှာတော့ ဘာမှဆက်မဖြစ်လာပါဘူး။ ဒီလိုမျိုး ဥပဒေမဲ့လိုဖြစ်နေတဲ့ အခြေအနေတွေ ကြောင့်ပဲ အီရန်ဟာသူ့ ကိုယ်သူကာကွယ် နိုင်စေဖို့ အတွက် နျူကလီးယား လက်နက်များကို ပိုင်ဆိုင်အောင်ကြိုးပမ်းတာဟာ သဘာဝအားဖြင့်ဖြစ်သင့်တဲ့ အခြေအနေဖြစ်နေပါတယ်။
ဒါ့အပြင် ဒီလိုမျိုးအကြောင်းပြချက်တွေ၊ အခြေအနေတွေကြောင့်ပဲ အီရန်သာမက တခြားနိုင်ငံများမှ ခေါင်းဆောင်များကလည်း နျူကလီးယားလက်နက် နောက်ကို အသည်းအသန် လိုက်လာနိုင်တဲ့အနေအထားရှိပါတယ်။ အီရန်သည်လည်း နောက်ထပ်နျူကလီးယား လက်နက်တွေကို ထုတ်လုပ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ နောင်တစ်ချိန်မှာ အနောက်အုပ်စုနဲ့ အစ္စရေးတို့အနေနဲ့ ခက်ထန်ကြမ်းတမ်းလှတဲ့ အခြေ အနေတစ်ခုကို မဖြစ်မနေ လက်ခံရတော့မှာပါ။
ဒါကြောင့် ဆမ်နန်းဒေသက မြေငလျင်ဖြစ်စဉ်ဟာ သမားရိုးကျ ငလျင်လှုပ်တာဆိုရင် အကြောင်းမဟုတ်သော်လည်း အီရန်က နျူကလီးယား စမ်းသပ်မှုလုပ်တာ ဒါမှမဟုတ် ရှိပြီးသား နျူကလီးယားလက်နက်ကို ဖောက်ခွဲမှု လုပ်တာသာဆိုရင် ဒီဖြစ်စဉ်ကနေ ပြောပြနေတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ အနောက်အုပ်စုနဲ့ အစ္စရေးအနေနဲ့ အီရန်အပေါ်သတိကြီးစွာထား ကိုင်တွယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကိုဖြစ်ပေါ်စေ ပါတယ်။
နောက်တစ်ခုက အီရန်ဟာ နျူကလီးယား လက်နက်ကို စမ်းသပ်လိုက်ရုံတင်သာမကဘဲ သူ့အပေါ် လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့ အစ္စရေး ကိုကြီးစွာသော သတိပေးလိုက်တဲ့ အနေအထားဖြစ်နေပါတယ်။ တကယ် လို့များ အစ္စရေးကအီရန်ကို လက်တုံ့ပြန်လိုက်ရင်တော့ ဒေသတွင်းစစ်ပွဲကြီးက မလွဲမသွေဖြစ်လာတော့မှာ အမှန်ပဲဖြစ်ပါတယ်။

ဉာဏ်ရည်တု AI (Artificial Intelligence) နည်းပညာက အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ သို့သော် AI ကို မကောင်းသည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုသည့်လူက အများစုဖြစ်သည့်အတွက် လူသားတစ်ရပ်လုံးအတွက် စိုးရိမ်ဖွယ်ရာခြိမ်းခြောက်မှုများ တိုးပွားလာပြီး အန္တရာယ်သတိပေးသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာနေသည်ကို သတိထားမိလာကြသည်။ AI နည်းပညာဖြင့် ဗီဒီယို၊ ဓာတ်ပုံအတုများက လူတို့၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲလာအောင် လှည့်စားနိုင်သလို လူငယ်များ အထူးသဖြင့် မိန်းကလေးငယ်များအတွက် ကြီးမာ
ဉာဏ်ရည်တု AI (Artificial Intelligence) နည်းပညာက အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ သို့သော် AI ကို မကောင်းသည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုသည့်လူက အများစုဖြစ်သည့်အတွက် လူသားတစ်ရပ်လုံးအတွက် စိုးရိမ်ဖွယ်ရာခြိမ်းခြောက်မှုများ တိုးပွားလာပြီး အန္တရာယ်သတိပေးသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာနေသည်ကို သတိထားမိလာကြသည်။ AI နည်းပညာဖြင့် ဗီဒီယို၊ ဓာတ်ပုံအတုများက လူတို့၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲလာအောင် လှည့်စားနိုင်သလို လူငယ်များ အထူးသဖြင့် မိန်းကလေးငယ်များအတွက် ကြီးမားသည့်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည့် အခါ အရာရာတိုးတက်မှုနှင့် စိန်ခေါ်မှုက ဒွန်တွဲစမြဲပင်ဖြစ်သည်ကို ဆင်ခြင်ရတော့မည်ဖြစ်ပါသည်။
AI ၏ သားကောင်ဖြစ်ခဲ့ရသည့် ကျွန်မမိတ်ဆွေ
ကျွန်မ၏ မိတ်ဆွေမိန်းကလေးတစ်ယောက်၏ဖွင့်ဟချက်ကို နားထောင်ခံစားလိုက်ရသည်က သက်သေ ပင်ဖြစ်သည်။ထိုမိတ်ဆွေက သူ့အခက်အခဲတစ်ခုကိုစိုးရိမ်တကြီး ဖွင့်ဟလာခြင်းဖြစ်သည်။ ကံ မကောင်းစွာဖြင့် ၎င်းသည် AI ၏ ပစ်မှတ်ဖြစ်ခဲ့ရသည်။ ၎င်း၏မျက်နှာကို အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုလုပ်သည့် ဓာတ်ပုံများကို ဖန်တီးထားကြောင်း၊ ၎င်းပုံများကို သူ့ထံ Messenger မှ ပေးပို့ပြီး Facebook ပေါ်တင်မည်၊ Facebook ပေါ်မတင်စေလိုပါက ငွေပေး ရမည်ဖြစ်ကြောင်း ခြိမ်းခြောက် လာခြင်းဖြစ်သည်။ ၎င်းပုံများသည် နည်းပညာနှင့် မကျွမ်းဝင်သည့် သာမန်လူတို့အဖို့ ယုံကြည်စဖွယ် လှည့်စားထားမှုများပင် ဖြစ်သည်။
သူက မိဘများထံအကူအညီတောင်းခဲ့သော်လည်း နည်းပညာမကျွမ်းသည့် မိဘများကမယုံ။ မသမာ သူများမှ ပေးပို့သော ဓာတ်ပုံများကိုပင် အမှန်ဟုပင် ယူဆပြီး အထင်အမြင်လွဲခံနေရကြောင်း ရင်ဖွင့် လာခြင်းဖြစ်သည်။ မိမိမလုပ်သည်ကို ငြိမ်မခံနေရန်နှင့် ပေးပို့သူ၏ Facebook Account နှင့်တကွ ပေးပို့ထားသော chat box မှ စာများကိုပါ Facebookပေါ်မှာ ပြန်လည်တင်ပြီး ချက်ချင်းဖြေရှင်းရန် ကျွန်မက အကြံပြုခဲ့သည်။ မိတ်ဆွေ၏မိဘများကိုလည်း ကျွန်မကိုယ်တိုင် AI နှင့် မည်သို့မည်ပုံ ဓာတ်ပုံ ပြုလုပ်၍ရသည်ကို လက်တွေ့ပြသပြီး ပြန်လည်ဖြေရှင်းပေးခဲ့ရပါသည်။ ဤကား ကျွန်မသူငယ်ချင်း၏ အတွေ့အကြုံတစ်ခုပင် ဖြစ်သည်။
ကျွန်မသည် AI ကို စိတ်ဝင်စားသူပီပီ AI ၏ အသုံးဝင်ပုံများနှင့် အသုံးပြုနည်းများကို အဆက်မပြတ် လေ့လာနေသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် နည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့်အတူ အလားတူဖြစ်ရပ်မျိုးများစွာကို အင်တာနက်စာမျက်နှာများပေါ်တွင် မကြာခဏအကဲခတ်မိပါသည်။ ယနေ့ ခေတ်တွင် နည်းပညာတိုးတက်မှုမြင့်မားလာသည်နှင့်အမျှ လူသားများ၏ လူနေမှုဘဝတွင် လွှမ်းမိုး ထိခိုက်နိုင်သည့် အခြေအနေများ ကြုံတွေ့လာရသည်ကို မှန်းဆနိုင်ပါသည်။
ယနေ့ခေတ် အဆင့်အမြင့်ဆုံးနည်းပညာတစ်ခုဖြစ်နေသည့် AI သည် လူတို့၏ နေ့စဉ်ဘဝကို တိုးတက် ကောင်းမွန်အောင်အမြောက်အမြား ဖန်တီးပေးနေသော်လည်း သတင်းအချက်အလက်ခိုးယူမှု၊ လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှု၊ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုများ ယခင်ကထက် ပိုများပြား လာသည်ကို သတိထားမိသည်။ AI သည် ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အိပ်မက်ဆိုးများကိုပါ သယ်ဆောင် လာပြီဖြစ်သည်။ မကောင်းသည့်ရည်ရွယ်ချက်များတွင် အသုံးချမှုကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများကို တင်ပြလိုပါသည်။
ဆိုရှယ်မီဒီယာမှာ ဘယ်လိုအသုံးချသလဲ
AI နည်းပညာသည် လူသားများ၏ နေ့စဉ်ဘဝတွင် များစွာတွင်ကျယ်လာနေသည်။ ယနေ့ခေတ် လူသုံးအများဆုံး Smart Phone နှင့် ကွန်ပျူတာများတွင် AI နည်းပညာက အဓိကကျကျ နေရာယူလာနေပြီဖြစ်သည်။ AI သည် အသုံးပြုသူ၏ စိတ်ဝင်စားမှု၊ အပြုအမူနှင့် ယုံကြည်ချက်များအပေါ် မူတည်၍ လူ့စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိသည်။ AI က အသုံးပြုသူကျင်လည်ရာ ဆိုရှယ် မီဒီယာအပေါ်တွင် ဘယ်အကြောင်းအရာများကို အများဆုံးကြည့်သလဲ၊ ဘယ်အရာကို အများဆုံး Like ပေးသလဲ၊ ဘယ်လို Commentပေးသလဲစသည်တို့ကို မှတ်သားထားပြီး မိမိတွင်ဘယ်လိုအယူအဆ၊ ဘယ်လိုစရိုက်ရှိသည် ဆိုတာမျိုးအထိ ခွဲခြမ်းစိတ်ဖြာနိုင်သည်အထိ အဆင့်မြင့်လာနေသည်။
ဥပမာ မိမိနှစ်သက်ရာအဝတ်အထည်၊ အစားအသောက်၊ အားကစား၊ နည်းပညာစသည့် တစ်မျိုးမျိုးကို အများဆုံးကြည့်ရှုသူဖြစ်ပါက မိမိ၏ဆိုရှယ်မီဒီယာတွင် ၎င်းအကြောင်းအရာများသာ အများဆုံးတွေ့မြင် ရမည်ဖြစ်သည်။ အကြောင်းကား မိမိနှစ်သက်ရာ သတင်းအချက်အလက်များကို စနစ်တကျသိမ်းဆည်း ထားပြီး ကိုယ်က မသိလိုက်ခင်မှာပင် ဘယ်လိုအယူအဆရှိသည်ဆိုတာကို AI က ခွဲခြမ်းစိတ်ဖြာပေးထား ခြင်းကြောင့်ဖြစ်သည်။
deepfake ဟုခေါ်သည့် AI နည်းပညာတစ်မျိုးသည် ဗီဒီယို၊ ဓာတ်ပုံများသာမက ဗီဒီယို call များမှာပါ အသုံးပြုခံရသူ၏ မျက်နှာနှင့်အသံကိုပါ အစားထိုးအသုံးပြုနိုင်သည့် နည်းပညာတစ်မျိုးဖြစ်သည်။ ၎င်းနည်းပညာကိုအသုံးပြုပြီး သတင်းအမှားများ၊ လိမ်လည်မှုများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက် များခိုးယူ၍ မသမာမှုများပြုလုပ်နိုင်ပြီး လူအများ၏ ထင်မြင်ယူဆချက်များနှင့် လူမှုဘဝအပေါ် ကြီးမားသောဆိုးကျိုးများ သက်ရောက်စေသည်။ အသုံးပြုသူ လိုလားရာ ဆန္ဒမဲပေးခြင်းနှင့် နိုင်ငံရေး ယူဆချက်များကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိလာသည်။ ဥပမာ နိုင်ငံရေးဝါဒဖြန့်မှုများတွင် ပြိုင်ဘက်နှင့်သက်ဆိုင်သည့် သတင်းအမှားများဖြန့်ဝေရာတွင် ရည်ရွယ်ချက်ရှိရှိ အသုံးပြုခြင်းဖြစ်သည်။
အသုံးပြုသူများသည် ၎င်းတို့ကိုအမှန်ဟု ယူဆလိုက်ခြင်းကြောင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲ အပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာ အမေရိကန်နိုင်ငံ၊ နယူးဟမ်းရှိုင်းယားပြည်နယ်ရှိ မူလတန်း ကျောင်းသို့ သမ္မတဘိုင်ဒင်အယောင်ဆောင်ကာ ဒီမိုကရက်များကို မဲမပေးရန်AI က ဖန်တီးထားသော ဖုန်းခေါ်ဆိုမှုမျိုးရှိခဲ့သည်။ သမ္မတဟောင်းထရမ့်ကိုယ်တိုင် AI ဖန်တီးထားသော ဆိုဗီယက်ယူနီယံ ကွန်မြူနစ်တံဆိပ်ပါသော အလံနှင့်အတူ လူထုကြားတွင် မိန့်ခွန်းပြောနေသည့် ဒုတိယသမ္မတဟဲရစ်၏ ပုံကို၎င်း၏ X အကောင့်တွင် ဖော်ပြထားသည်။ ထို့ကြောင့်၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကို “အမေရိက၏ ပထမဆုံး AI ရွေးကောက်ပွဲ” ဟူ၍ပင် တင်စားပြောစမှတ်ပြုလာကြသည်။
AI နည်းပညာဖြင့် ပုဂ္ဂိုလ်တစ်ဦး၏ အသံကိုပွားယူပြီး ဗီဒီယိုများဖန်တီးနိုင် ခြင်းကြောင့် နိုင်ငံရေးသမားများ သို့မဟုတ် ထင်ရှားကျော်ကြားသူများ၏ အသံများ၊ရုပ်ပုံများသည် ပစ်မှတ်များ အလွယ်တကူဖြစ်လာ ကြသည်။ ရုရှား-ယူကရိန်းစစ်ပွဲတွင် ယူကရိန်းဘက်မှ ထောက်ခံမည့်မူကြမ်းကို သမ္မတဂျိုးဘိုင်ဒင်က ထုတ်ပြန်ကြေညာသည့် ဗီဒီယိုအတုတစ်ခုထွက်လာခဲ့ဖူးသည်။ ကမ္ဘာကျော်အနုပညာရှင်များ၏ မျက်နှာ နှင့် အသံများကို အသုံးပြုကာ လူမျိုးရေးခွဲခြားသည့် ဗီဒီယိုတစ်ခုကို ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြထား သည်ကို သိခဲ့ရဖူးသည်။
ထို့ကြောင့် သားကောင်ဖြစ်ရရှာသော အနုပညာရှင်များအနေဖြင့် သူတို့၏ ကိုယ်ပိုင်အကောင့်များမှ ချက်ချင်းပြန်လည်ဖြေရှင်းမှုများ ပြုလုပ်ခဲ့ရသည်။ ထိုကဲ့သို့ AIကို တလွဲအသုံးချမှုများက ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နှင့် အများပြည်သူ၏ ထင်မြင်ယူဆချက်နှင့်ယုံကြည်မှုကို များစွာထိခိုက်စေ ပါသည်။ ထို့ပြင် AI အခြေပြု ဆိုက်ဘာတိုက်ခိုက်မှုများကြောင့် နိုင်ငံ၏လုံခြုံရေးစနစ်များကို ပင် ထိခိုက်စေနိုင်ပြီး အချို့သောနိုင်ငံများအကြားပဋိပက္ခများကိုပင် ဖြစ်နိုင်သည်အထိ ဆိုးကျိုးများကို လည်း တွေ့လာရသည်။ (ဥပမာ- ရုရှား-ယူကရိန်းစစ်ပွဲတွင် AI ဖြင့်လှည့်စားခြင်း)
ဓာတ်ပုံ၊ ဗီဒီယိုအတုပြုလုပ်၍ စီးပွားရေးတွင် နစ်နာဆုံးရှုံးမှုများ
ဘဏ္ဍာရေးကုမ္ပဏီများတွင် Deepfake နည်းပညာကို အသုံးပြု၍ လိမ်လည်မှုများ ဖြစ်ပွားခဲ့ပုံကို တင်ပြလိုပါသည်။ ငွေကြေးလိမ်လည်သူများသည် ဟောင်ကောင်ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် အပါအဝင် အရာရှိများအဖြစ် ဟန်ဆောင်ကာ ကုမ္ပဏီ၏ငွေစာရင်းကိုင်ဝန်ထမ်းထံ အွန်လိုင်း အစည်းအဝေး တက်ရောက်မည့်အီးမေးလ်ကို ကြိုတင်ပေးပို့ခဲ့ပြီး အစည်းအဝေးတွင် Deepfake နည်းပညာ အသုံးပြု၍ ဘဏ္ဍာရေးအရာရှိချုပ်နှင့် အခြားအရာရှိများ၊ ဝန်ထမ်းများ၏ မျက်နှာပုံစံနှင့် အသံတို့ကို အစစ်အတိုင်း ဖန်တီးပြီး စာရင်းကိုင်ဝန်ထမ်းအား ၎င်းတို့၏ ဘဏ်အကောင့်ထဲသို့ ငွေကြေးများကို လွှဲပြောင်းပေးရန် ညွှန်ကြားခဲ့သည်။
ဝန်ထမ်းက အတုကို အစစ်ထင်ခဲ့ပြီး လိမ်လည်သူများခိုင်းသည့်အတိုင်း USD$ ၂၅.၆ သန်းနီးပါးကို လွှဲပြောင်းပေးလိုက်သည်။ အချို့သောဟက်ကာများသည် ကုမ္ပဏီအရာရှိကြီးများ၏ အီးမေးလ် အကောင့်များကို ရယူပြီး အီးမေးလ်မှတစ်ဆင့် ကုမ္ပဏီ၏ လျှို့ဝှက်စီမံကိန်းများ၊ ကုမ္ပဏီဝန်ထမ်းနှင့် အရာရှိကြားနှစ်ဦးသာသိရှိရန် လျှို့ဝှက်ပြောကြားစေပြီး ၎င်းထံ ငွေလွှဲစေခြင်းများဖြစ်သည်။ အစီရင်ခံစာ များအရ AIနည်းပညာနှင့် ဆက်စပ်သောလိမ်လည်မှုများကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၄၂၀ နီးပါး ဆုံးရှုံးနစ်နာမှုများရှိနေကြောင်းသိရှိလိုက်ရသည်။ ၎င်းအချက်က AI နည်းပညာအသုံးပြုမှုအပေါ် ပိုပြီးသတိရှိရန်နှင့် လုံခြုံရေးစနစ်များကို ပိုမိုခိုင်မာစွာကျင့်သုံးရန်လိုအပ်ပုံကို ပြသနေပါသည်။
အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှု
Space X နှင့် Tesla ကုမ္ပဏီပိုင်ရှင် အီလွန်မက်နှင့် အခြားသောနည်းပညာရှင် ၁၀၀၀ ကျော်က AI နည်းပညာစမ်းသပ်မှုများကို နှောင့်နှေးအောင် လုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်တွင်ပြောကြားခဲ့ဖူးပါသည်။ အကြောင်းကား AIနည်းပညာ၏ တစ်ဟုန်ထိုးကျယ်ပြန့်မှုနှင့် ဘယ်လောက် အထိ အန္တရာယ်ရှိနိုင်သလဲဟူသည့် အတိုင်းအတာပမာဏကို မသိရှိနိုင်ခြင်းကြောင့် နည်းပညာသစ်တစ်ခု ထွက်ပေါ်လာတိုင်း လုပ်သားဈေးကွက်အပေါ်ကြီးစွာသော သက်ရောက်မှုများကို ကြုံနေကြရခြင်းကြောင့် ဖြစ်သည်။
ဥပမာ ထုတ်လုပ်ရေးတွင် AIသုံး စက်ရုပ်များကို အစားထိုးအသုံးပြုခြင်းကြောင့် ထရပ်ကားမောင်းသူ သန်းပေါင်း များစွာ အလုပ်လက်မဲ့ဖြစ်ရသည်။
ယခုလည်း AI ကြောင့် ဂရပ်ဖစ်ဒီဇိုင်နာများ အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးကြရပါပြီ။ ထို့နည်းတူ ပန်းချီ၊ ကဗျာ၊ ဂီတ၊ စာရေးသားခြင်းစသည့် နယ်ပယ်များမှာ AI ကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနစ်နာရသည်။ ထို့ကြောင့်လည်း မိမိတို့မှာAI ၏ အသုံးချခံမဖြစ်စေဘဲ AI ကို ကျွမ်းကျင်လိမ္မာပါးနပ်စွာ အသုံးချနိုင်သည့် အရည်အသွေးရှိရန် လိုအပ်လာပြီဖြစ်ကြောင်း ယူဆမိပါသည်။
၂၁ ရာစု လူသားများအတွက်မရှိမဖြစ်လိုအပ်သော Skill များအနက် နည်းပညာကျွမ်းကျင်မှုသည် တစ်ခုအပါအဝင်ဖြစ်သည်။ အနာဂတ်ကာလတွင် AI နည်းပညာကို ကျွမ်းကျင်စွာ အသုံးချနိုင်မှသာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိလာနိုင်မည်ဖြစ်ပြီး စတုတ္ထစက်မှုတော်လှန်ရေးနှင့်အတူ အလုပ်အကိုင်ရှာဖွေသူများအကြား AI နည်းပညာကို ကောင်းမွန်အကျိုးရှိစွာ အသုံးချနိုင်သူများကသာ နေရာသစ်တစ်ခုကို ပိုင်ဆိုင်ကြတော့မည်ဖြစ်ပါသည်။ အနာဂတ်မှာ နည်းပညာကျွမ်းကျင်သူနှင့် နည်းပညာအားနည်းသူများအကြား အလုပ်အကိုင်အခွင့်အလမ်းကွာဟမှုမှာ ကြီးမားလာတော့မည် ဖြစ်ပါသည်။
ကောင်းကျိုးများ
နည်းပညာတစ်ရပ်သည် လူ့အဖွဲ့အစည်းတွင် များစွာအသုံးဝင်သော်လည်း ဆိုးကျိုးများရှိသလို ကောင်းကျိုးလည်း များစွာရှိနေသည်။ AI သည်လည်း ထို့အတူပင်။ ကောင်းကျိုးများအနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊မောင်းသူမဲ့ကားနှင့် ဒရုန်းများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်း၊ အိမ်အကူ၊အန္တရာယ် များသော ကယ်ဆယ်ရေးနှင့် သုတေသနလုပ်ငန်းများစသည့် ကဏ္ဍများတွင် အောင်မြင်မှု များမှာ AIနည်းပညာကြောင့်လည်း ပါဝင်သည်။ ကျန်းမာရေးကဏ္ဍတွင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေရှိသူကို AI နည်းပညာကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် ကင်ဆာရောဂါအဆင့်ကို ကြိုတင်သိရှိရပြီး ဖြစ်ပွားမှုကို ထိန်းချုပ်ကုသနိုင်သည့်အတွက် ကင်ဆာကြောင့် သေဆုံးမှုပမာဏ နည်းလာသည်ကို တွေ့ရသည်။
လူသားများတွင် လုပ်နိုင်သည့် ပမာဏနှင့် လုပ်နိုင်စွမ်းအကြား ရှိနေသည့်အကန့်အသတ်ကို ကျော်လွှားရန် လိုအပ်သည့်အခါ AI သည် အသုံးဝင်လာသည်။ မီးလောင်၊ မြေပြို၊ ငလျင်ဒဏ်များကြောင့် အဆောက်အအုံအပျက်အစီးများကြားတွင် ကူရာမဲ့လူနှင့် အိမ်မွေးတိရစ္ဆာန်များ ဘယ်နေရာတွင် ကျန်ရှိ နေသလဲဆိုသည်ကို AI သုံးအဆင့်မြင့်စက်ရုပ်များဖြင့် ရှာဖွေကယ်ဆယ်နိုင်လာခြင်းက ဝမ်းသာ စရာဖြစ်သည်။
ယနေ့ခေတ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြှင့်တင်ရန်၊ ကုန်ကျစရိတ်လျှော့ချရန် နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန် အတွက် AI သည် အလွန်ပင်အသုံးတည့်လှသည်။ ကောက်ပဲသီးနှံများကို စောင့်ကြည့်ခြင်း၊ မြေဆီလွှာခွဲခြမ်း စိတ်ဖြာခြင်း၊ သီးနှံအတွက် လိုအပ်သည့် ရေပမာဏကိုအချိန်နှင့်တစ်ပြေးညီ တွက်ချက်ပေးနိုင်ခြင်း၊ ဆည်မြောင်းစနစ်များကို ပိုမိုကောင်းမွန် အောင် စီမံခန့်ခွဲ နိုင်ခြင်းနှင့်ရေချွေတာခြင်းများတွင် AI က အကူအညီပေးနိုင်ပါသည်။ AI စနစ်ပါသော အာရုံခံကိရိယာများ၊ ဒရုန်းများနှင့် စက်ရုပ်များက ပိုးသတ်ဆေးဖျန်းခြင်း၊ ဓာတ်မြေဩဇာကျွေးခြင်းနှင့် ပေါင်းနုတ်ခြင်းများတွင် လူ့ကျန်းမာရေး မထိခိုက်စေဘဲ ကာကွယ်ပေးနိုင်ပါသည်။
ကမ္ဘာတစ်ဝန်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် AIနည်းပညာကို အမေရိကန်၊ တရုတ်နှင့် အစ္စရေးတို့မှ ဦးဆောင်နေသည်ဖြစ်ရာ လယ်ယာစိုက်ပျိုးရေးကိုအခြေခံသော ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအနေဖြင့် AI ကို ၎င်းကဏ္ဍ၌ တွင်တွင်ကျယ်ကျယ်အသုံးချနိုင်ရန် လိုအပ်မည်ဟု ယူဆပါသည်။ မွေးမြူရေးလုပ်ငန်းများ တွင်လည်း AI အကူအညီဖြင့် တိရစ္ဆာန်များ၏ လှုပ်ရှားသွားလာမှု၊ ကျန်းမာရေးနှင့် အခြားသော အပြုအမူများကိုစောင့်ကြည့်နိုင်ပြီဖြစ်သည်။ လုပ်ငန်းရှင်များသည် ယခင်သုံးရက်အတွင်း တိရစ္ဆာန် တစ်ကောင်၏ ရေသောက်သုံးမှုပမာဏ၊ အစာစားသုံးမှုနှုန်းတို့ကို AIဖြင့် ခန့်မှန်းလာနိုင်သည့်အတွက် တိရစ္ဆာန်ကောင်ရေအလိုက် လိုအပ်သည့် အစာသိုလှောင်မှုတွင် နေရာအလုံအလောက်ရရှိရန် ကူညီပေး နိုင်ပါသည်။
AI ၏ လုပ်ဆောင်နိုင်စွမ်းက အံ့မခန်းဖြစ်သလို ဆိုးကျိုးများကား ထိတ်လန့်ဖွယ်ဖြစ်သည်မှာ သံသယ ဖြစ်စရာမလိုပါ။ ယခင်က Photoshop ကို အသုံးပြုပြီး အစစ်နှင့်တူသည့် ဓာတ်ပုံများကို နာရီပေါင်းများစွာ ပြုလုပ်ခဲ့ရသည်။ ယခု AI မှာတော့ အစစ်နီးပါး ခွဲခြားမရသည့် ပုံအတုပုံများကို စက္ကန့်ပိုင်းအတွင်း ရရှိလာနိုင်ပါပြီ။ Click တစ်ချက်နှိပ်ရုံဖြင့် မိမိလိုသလို ပြင်ဆင်လာနိုင်သည့်အခါ မကောင်းဘက်မှာ အားသန်သူများအဖို့ AI က အခွင့်အရေးဖြစ်သွားသည်။ AI ကို ကောင်းစွာ အသုံးချလိုသူများအတွက်မူ လက်ထောက်ကောင်းတစ်ယောက် ရလိုက်သည့်နှယ်ဖြစ်သည်။
ဥပမာ Chat GPTကို အသုံးပြု၍ အင်္ဂလိပ်စာလေ့လာနိုင်ခြင်း၊ Assignment များ ရေးသား နိုင်ခြင်းဖြစ်သည်။ သို့သော် မိမိ၏ ကြိုးစားအားထုတ်မှုမပါဘဲနှင့်တော့ ဘာသာရပ်များကို အသေအချာ နားလည်တတ်မြောက်မည်မဟုတ်ပါ။ AI သည် လေ့လာလိုသည့်ဘာသာရပ်၏ Concept ကို ရှင်းပြသည့်အခါတွင် ပိုမိုကောင်းမွန်ပြီး အချက်အလက်များကို တစုတစည်းတည်း စုံလင်စွာရရှိနိုင်ခြင်းကအားသာချက်ဖြစ်သည်။ ဤသို့ဖြင် စာပေလေ့လာရာတွင် အကူအညီ ဖြစ်စေသလိုအီးမေးလ်များကို အလိုအလျောက်စာပြန်ခြင်းကဲ့သို့သော နေ့စဉ်လုပ်ငန်းဆောင်တာများကိုပါ လုပ်ဆောင်နိုင်သဖြင့် အလုပ်ဝန်နှင့် နေ့စဉ်ဘဝကို AI က ထိန်းညှိပေးနိုင်သည်။
နည်းပညာမှန်သမျှ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိသည်။ အသုံးပြုသူ၏ ရည်ရွယ်ချက်နှင့် စေတနာအပေါ်မူတည်၍ ကောင်းကျိုး၊ ဆိုးကျိုး ကွဲပြားသွားပါသည်။ AI နည်းပညာသည် ကဏ္ဍ ပေါင်းစုံတွင် အရေးပါလာသည်ကို တွေ့ရှိရမည်ဖြစ်သည်။ AI ကို အလွဲသုံးစားပြုသူများကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဖျော်ဖြေရေးကဏ္ဍမှသည် နိုင်ငံရေးလောကနှင့် အမျိုးသားလုံခြုံရေး အထိပါမကျန် နယ်ပယ်အားလုံးတွင် ခြောက်လှန့်မှုတစ်ခုဖြစ်လာနေသည်ကို သတိပြုကြရမည် ဖြစ်ပါ သည်။ ဖွံ့ဖြိုးပြီးနိုင်ငံအချို့တွင် နည်းပညာကုမ္ပဏီများ၏ အသစ်အသစ်သော ဆန်းသစ်တီထွင်မှုများမှ AI နည်းပညာဆိုင်ရာ ခြိမ်းခြောက်မှုအတိုင်းအတာကို စဉ်ဆက်မပြတ်စောင့်ကြည့်နေပြီးယင်းနှင့်သက်ဆိုင် သည့် မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများပြဋ္ဌာန်း၍ ထိန်းကျောင်းရန် ကြိုးစားလာကြသည်ကို လေ့လာမိပါသည်။
စင်ကာပူနိုင်ငံတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ထိရောက်အောင်မြင်ရန် AI နှင့် ဒေတာ အသုံးပြုမှုကျင့်ဝတ်ဆိုင်ရာ အကြံပေးကောင်စီကို ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အဓိကတာဝန်မှာ AI နည်းပညာဆိုင်ရာ ကျင့်ဝတ်၊ မူဝါဒနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအတွက် အစိုးရအား အကြံပေးရန် ဖြစ်သည်ဟု ဆိုပါသည်။ ယင်းအဖွဲ့၏ အကြံပြုချက်ကြောင့် ၂၀၁၉ ခုနှစ်တွင် အမျိုးသားဉာဏ်ရည်တု မဟာဗျူဟာတစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း AI နည်းပညာ၏ ဆိုးကျိုးများကို ကြိုတင်ကာကွယ်ဖြေရှင်းရန်အတွက် ဆိုက်ဘာလုံခြုံရေးမူဝါဒကို ၂၀၂၃ ခုနှစ် မတ်လတွင် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ သက်ဆိုင်ရာနယ်ပယ်အလိုက် ထုတ်ပြန်ထားသည့် ဆိုက်ဘာလုံခြုံရေး အချက်အလက်များကိုသိရှိနားလည်ပြီး တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်သာ လိုအပ်ပါသည်။
နိဂုံးချုပ်အနေဖြင့် AI ၏ သားကောင်များ မဖြစ်ကြရလေအောင်တစ်ဦးနှင့် တစ်ဦး ကိုယ်ချင်းစာနာ၊ညှာတာထောက်ထားမှုဖြင့် ကူညီလက်တွဲဖေးမကြရန် လိုအပ်နေပါသည်။ အထူးသဖြင့် နည်းပညာရှင် များ၊ လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်များ၊ ပေါ်လစီချမှတ်သူများနှင့် တရားဥပဒေပြဋ္ဌာန်းသူများအကြား ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်ချင်းအနေဖြင့်လည်း မိမိဖုန်းတွင် မလိုအပ်ဘဲတည်နေရာဖွင့်ထားခြင်းနှင့် မိုဘိုင်းဒေတာ သို့မဟုတ် ဝိုင်ဖိုင်ဖွင့်ထားခြင်း၊ အများပြည်သူသုံး free ဝိုင်ဖိုင် များကို လွယ်လွယ်အသုံးမပြုခြင်း၊ မလိုအပ်ဘဲ အက်ပလီကေးရှင်းများ ထည့်သွင်းမှုမှ ရှောင်ကြဉ်ခြင်း၊ အခြားသူများ၏ အချက်အလက်နှင့် လုံခြုံရေးကို အလေးထားတန်ဖိုးထားခြင်းများအပြင် နည်းပညာနှင့် ပတ်သက်သည့် အခြားသောစံတန်ဖိုးများကိုလည်း လေးစားလိုက်နာကာ AI ကို တာဝန်သိသိ အကျိုး ရှိရှိနှင့် ဘေးမဖြစ်အောင် အထူးသတိထားအသုံးပြုကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
Source-Myawady Webportal

မြန်မာနိုင်ငံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် အသိအမှတ်ပြု သတ်မှတ်ပေးခြင်းသည် ထင်ရှားသောအောင်မြင်မှုတစ်ခု ဖြစ်သည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် မြန်မာတို့၏ ရှေးဟောင်းမြို့တော်ဖြစ်ပြီး ထင်ရှားကျော်ကြားသော စေတီပုထိုးများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကြောင့် လူသိများသော သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဖြစ်ပါသည်။ ယခုကဲ့သို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အာဆီယံဆေးလိပ်ငွေ့ ကင်းစင်ဒေသဆုဖြင့် အသိအမှ
မြန်မာနိုင်ငံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသအဖြစ် အသိအမှတ်ပြု သတ်မှတ်ပေးခြင်းသည် ထင်ရှားသောအောင်မြင်မှုတစ်ခု ဖြစ်သည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် မြန်မာတို့၏ ရှေးဟောင်းမြို့တော်ဖြစ်ပြီး ထင်ရှားကျော်ကြားသော စေတီပုထိုးများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကြောင့် လူသိများသော သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဖြစ်ပါသည်။ ယခုကဲ့သို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အာဆီယံဆေးလိပ်ငွေ့ ကင်းစင်ဒေသဆုဖြင့် အသိအမှတ်ပြု သတ်မှတ်ပေးခြင်းသည် မြို့တော်၏ ပြည်သူလူထုကျန်းမာရေးအတွက် သာမက ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်ပါ အထောက်အကူပြုရာ ရောက်ပါသည်။
အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆုသည် ဆေးလိပ်ငွေ့ကင်းစင်သော ပတ်ဝန်းကျင်ဖန်တီးရာတွင် ထူးချွန်သော ကြိုးပမ်းအားထုတ်မှုများကို ပြသသည့် အရှေ့တောင်အာရှရှိ မြို့များနှင့်ဒေသများအတွက် ပေးအပ်သည့် ဂုဏ်သိက္ခာရှိသော ဆုဖြစ်သည်။ ဤအစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး ပန်းတိုင်များနှင့်ကိုက်ညီပြီး လူနေမှုဘဝအရည်အသွေး မြှင့်တင်ရာတွင် ဆေးလိပ်ငွေ့ကင်းစင်သောနေရာများ၏ အရေးပါမှုမြင့်မားလာခြင်းကို အသိအမှတ်ပြုထင်ဟပ်စေသည်။ မြန်မာ၏ပုဂံအတွက် ဤဆုကို လက်ခံရရှိခြင်းမှာ ထင်ရှားသောမှတ်တိုင်တစ်ခုဖြစ်ပြီး အထူးသဖြင့် များပြားလာနေသော ခရီးသွားလုပ်ငန်း၏ လိုအပ်ချက်များကို ဟန်ချက်ညီညီထိန်းညှိပေးသော မြို့တော်၏ ထူးခြားသော အထိမ်းအမှတ်ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသော ပုဂံရှေးဟောင်းမြို့သည် ၂၀၁၉ ခုနှစ်တွင် UNESCO မှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့သည်။ ၎င်း၏ ရင်သပ်ရှုမောဖွယ် ဘုရားကျောင်းများ၊ ဘုရားများ၊ စေတီပုထိုးများကြောင့် လူသိများသောပုဂံသည် မြန်မာဘုရားကျောင်း ဒီဇိုင်းအပေါ် များစွာလွှမ်းမိုးမှုရှိသော ခမ်းနားသော ဗိသုကာလက်ရာများကို ပြသထားသည်။ မူရင်းမြစေတီကျောက်စာ၊ အနော်ရထာမင်း နန်းတော်အပါအဝင် ရှားပါးပုဂံခေတ် ရှေးဟောင်းအမွေအနှစ်များစွာကို စုစည်းပြသထားသည့် ပုဂံရှေးဟောင်း သုတေသနပြတိုက်သည် အထင်ကရနေရာတစ်ခုဖြစ်သည်။ မြန်မာ၏ ပုဂံသည် ကျက်သရေရှိလှသော အတိတ်ကို တစေ့တစောင်းဖော်ဆောင်လျက် ဧည့်သည်များကို ၎င်း၏သဘာဝ အလှတရားနှင့် သမိုင်းဆိုင်ရာအရေးပါမှုများဖြင့်ဆွဲဆောင်နိုင်သော ဆေးလိပ်ကင်းစင်သော နေရာတစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်ပါသည်။
မြန်မာ၏ပုဂံကို အာဆီယံဆေးလိပ်ငွေ့ကင်းစင်ရေးဆုဖြင့် အသိအမှတ်ပြုခြင်းသည် ပြည်သူ့ကျန်းမာရေး စီမံချက်များတွင် လူထုပါဝင်မှု၏အရေးပါမှုကို မီးမောင်းထိုးပြနေပြီး ပုဂံ၏ဆေးလိပ်ငွေ့ကင်းစင်ရေး မူဝါဒအောင်မြင်မှုသည် ပြည်တွင်းနေထိုင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီးသွားများ၏ ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရလဒ်ဖြစ်ပါသည်။
ဤစုပေါင်းကြိုးပမ်းမှုသည် အထူးသဖြင့် ယဉ်ကျေးမှုအရ ထိခိုက်လွယ်သောဒေသများ၌ ဆေးရွက်ကြီးသုံးစွဲမှုကို တိုက်ဖျက်ရာတွင် လူထုအသိပညာပေးမှုနှင့် ပညာရေး၏အရေးပါမှုကို အလေးပေးဖော်ပြခြင်းလည်း ဖြစ်ပါသည်။
အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆုသည် အာဆီယံဒေသတစ်ဝန်းရှိ မြို့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ပြည်နယ်များကို ဂုဏ်ပြုသောအသိအမှတ်ပြုမှုတစ်ခုဖြစ်ပြီး ဆေးလိပ်ငွေ့ကင်းစင်သောပတ်ဝန်းကျင်ကို အကောင်အထည်ဖော်ရန်နှင့် ထိန်းသိမ်းရန်၊ စံနမူနာပြ ကတိကဝတ်များကိုပြသရန်အတွက် ဤဆုသည် ထိရောက်သော ဆေးလိပ်ငွေ့ကင်းစင်ရေးမူဝါဒများ၏ အရေးပါမှုနှင့် ပြည်သူ့ကျန်းမာရေးအပေါ် သိသာထင်ရှားသော သက်ရောက်မှုများကို မီးမောင်းထိုးပြနေခြင်းဖြစ်ပါသည်။ ပုဂံအမွေအနှစ်ဇုန်တွင် ဆေးလိပ်ငွေ့ ကင်းစင်သောနေရာများ တည်ထောင်ရေးမူဝါဒ လမ်းညွှန်ချက်များအရ ဆေးလိပ်ကင်းစင်သော နေရာများမှာ ရှေးဟောင်းအထိမ်းအမှတ်နေရာများ၊ အစိုးရရုံးများ၊ ဟိုတယ်များ၊ ညောင်ဦးလေဆိပ်၊ ဘုရားသုံးဆူ၊ ကစားကွင်း/ ပန်းခြံများ၊ စားသောက်ဆိုင်များ၊ စာသင်ကျောင်းများ၊ ဘုရားကျောင်းများနှင့် လုပ်ငန်းခွင်များပါဝင်ကြောင်းလည်း သိရှိရပါသည်။
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က ကျင်းပသည့် မီးခိုးကင်းစင်သော ပုဂံအမွေအနှစ်နေရာများ လှုပ်ရှားမှုဆိုင်ရာရှင်းလင်းပွဲတွင် ညောင်ဦး ခရိုင်အုပ်ချုပ်ရေးမှူးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ဆောင်ရွက်နေသော အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ညွှန်ကြားမှုဖြင့် ပုဂံဒေသအတွက် ဆေးလိပ်ငွေ့ကင်းစင်သည့် အမွေအနှစ်နေရာများ တည်ထောင်ရန် ခရိုင်အုပ်ချုပ်ရေးကော်မတီက အားသွန်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်တွင် ပြီးမြောက်အောင်မြင်မှုများကိုဆက်လက်ဖော်ပြရလျှင်၂၀၂၁ခုနှစ် ဇွန်လ ၁၂ ရက်နေ့ထိ ဆေးလိပ်ငွေ့ကင်းစင်သောနေရာ ၉၂ ခုမှ ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ၁၀၂ နေရာသို့ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါသည်။ “မီးခိုးကင်းစင်သော အမွေအနှစ်များ အကောင်အထည်ဖော်ရေး ကြီးကြပ်ရေးကော်မတီ အစည်းအဝေး”“Places, Bagan” ပရောဂျက်ကို ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ရပ်ရွာကိုယ်စားလှယ်များ ပူးပေါင်း၍ “မီးခိုးငွေ့ ကင်းစင်သော ပုဂံရှေးဟောင်းအမွေအနှစ်များ” စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည် သုံးသပ်ခြင်းနှင့် စည်းရုံးရေးဆိုင်ရာ အစည်းအဝေးကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ပြည်နယ်/တိုင်းဒေသကြီးအားလုံး၏ ဆေးလိပ်ငွေ့ကင်းစင်သော နေရာများဆိုင်ရာ အမျိုးသား ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ နေပြည်တော်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
ပြင်ပကြော်ငြာအပိုင်းတွင်လည်း ဆေးလိပ်ငွေ့ကင်းစင်သော ကမ္ဘာ့အမွေအနှစ် ပုဂံတွင် ဆေးလိပ်ကြော်ငြာများ မရှိသကဲ့သို့ ဆိုင်းဘုတ်များ၊ ပိုစတာများ၊ ကြော်ငြာဘုတ်များနှင့်ဂရပ်ဖစ် ကျန်းမာရေး သတိပေးပိုစတာများ နေရာအနှံ့တွင်ရှိနေကြောင်း တွေ့ရှိရပါသည်။
၎င်းအပြင် ပုဂံတွင် မီးခိုးကင်းစင်/ဆေးလိပ်ထိန်းချုပ်ရေး စာတိုများကို မြို့တော်၏အဓိကနေရာများတွင် ပိုစတာများနှင့် ကြော်ငြာဘုတ်များအဖြစ် တွေ့ရှိရသကဲ့သို့ပုဂံမြို့သည် ဆေးလိပ်ငွေ့ကင်းစင်သော မြို့ဖြစ်ကြောင်း ကြေညာထားသည့် ကြီးမားသော “ဆေးလိပ်ငွေ့ကင်းစင်သော ပုဂံ၊ ကျွန်ုပ်တို့၏ အမွေအနှစ်၊ ကျွန်ုပ်တို့၏ဂုဏ်” ကြော်ငြာဆိုင်းဘုတ်အား မြို့အဝင်တွင်အထင်ကရ တွေ့ရှိရပါသည်။
အစိုးရ၏ ပံ့ပိုးကူညီမှုအနေဖြင့် ပုဂံရှိ အစိုးရရုံးဌာနများ အားလုံးသည် ဆေးလိပ်ငွေ့ကင်းစင်သော နေရာများအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။
ထိုကဲ့သို့သော သမိုင်းဝင်နှင့်ယဉ်ကျေးမှုအရ အရေးပါသောနေရာတစ်ခုတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးမူဝါဒကို အကောင်အထည်ဖော်ခြင်းဖြင့် ပုဂံသည်ခရီးသွားများအတွက် အတွေ့အကြုံကို မြှင့်တင်ပေးရုံသာမက အာဆီယံရှိ အခြားသောဒေသများအတွက် အပြုသဘောဆောင်သော စံနမူနာတစ်ခုလည်းဖြစ်သည်။ အဆိုပါဆုသည် မြို့သူမြို့သားများ၏ အမွေအနှစ်များကို နောင်လာနောက်သား မျိုးဆက်များအတွက် ထိန်းသိမ်း ပေးကာ ဒေသတွင်း နေထိုင်သူများရော ခရီးသွားများပါ အကျိုးရှိစေမည့် ပိုမိုသန့်ရှင်းကျန်းမာသော ပတ်ဝန်းကျင်ကိုဖန်တီးရန် ကြိုးပမ်းမှုများကို မီးမောင်းထိုးပြထားပါသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ အမျိုးသားကွန်ဗင်းရှင်း ဗဟိုဌာန၌ အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆု(ပုဂံ)ကို လက်ခံရရှိခဲ့ပါသည်။
ပုဂံ၏ ဆေးလိပ်ငွေ့ကင်းစင်ရေး ပဏာမခြေလှမ်းသည် ခရီးသွားလုပ်ငန်းနှင့် ပြည်သူ့ကျန်းမာရေးအတွက် ရှေ့သို့ တွေးခေါ်နိုင်သော ချဉ်းကပ်မှုကို ကိုယ်စားပြုသောကြောင့် အထူးချီးကျူးထိုက်ပါသည်။ စေတီပုထိုးပေါင်း ထောင်ချီရှိသော ရှေးဟောင်းမြို့သည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပါသည်။ သို့သော်လည်း ဤခရီးသွားဧည့်သည်များ ဝင်ရောက်လာမှုသည် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု နေရာများ ပျက်စီးယိုယွင်းလာနိုင်သည့် အလားအလာများအပါအဝင် စိန်ခေါ်မှုများကို ဆောင်ကြဉ်း လာစေနိုင်သောကြောင့် ဆေးလိပ်ငွေ့ကင်းစင်ရေးမူဝါဒများကို အကောင်အထည်ဖော်ခြင်းဖြင့် ပုဂံသည် ၎င်း၏ရုပ်ပိုင်းဆိုင်ရာအမွေအနှစ်များကို ဆေးရွက်ကြီးမီးခိုးငွေ့၏ အန္တရာယ်ဆိုးကျိုးများမှ ကာကွယ်ပေးရုံ သာမက လေထုအရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါသည်။
ထို့ပြင် ပုဂံ၏အောင်မြင်မှုသည် မြန်မာနိုင်ငံအတွင်းနှင့် အာဆီယံအသိုက်အဝန်းတစ်လျှောက်ရှိ အခြား မြို့များနှင့် ဒေသများအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်သကဲ့သို့ ယဉ်ကျေးမှုထိန်းသိမ်းခြင်းနှင့် ပြည်သူ့ကျန်းမာရေးကို ဦးစားပေးသည့် နည်းလမ်းဖြင့် အမွေအနှစ်နေရာများကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ကြောင်း သက်သေပြနေပါသည်။
နိဂုံးချုပ်အနေဖြင့် ပုဂံကိုပေးအပ်သော အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆုသည် ကျန်းမာသန့်ရှင်းပြီး ပိုမိုရေရှည် တည်တံ့သော ပတ်ဝန်းကျင်ကိုဖန်တီးရန် မြို့တော်၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ် ပြုခြင်းပင် ဖြစ်ပါသည်။ ပုဂံပြည်သူလူထုကို အကျိုးပြုရုံသာမက ဒေသတွင်းရှိ အခြားသော အမွေအနှစ်နေရာများအတွက် စံပြအဖြစ် ဆောင်ရွက်သည့် အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါသည်။ ပုဂံသည် ခေတ်မီပြည်သူ့ကျန်းမာရေး အလေ့အကျင့်ကောင်းများကို လက်ခံကျင့်သုံးနေချိန်တွင် ရှေးဟောင်းအံ့ဖွယ်များကို ဆက်လက် ထိန်းသိမ်းထားသောကြောင့် ၎င်းသည် ရိုးရာဓလေ့နှင့် ဆန်းသစ်တီထွင်မှုများကို လက်တွဲ လုပ်ဆောင်သည့်အခါ ပြီးမြောက်အောင်မြင်နိုင်သည့် တောက်ပသော ဥပမာတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး အဆိုပါ အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆုသည် မြန်မာ၏ပုဂံနှင့် အာဆီယံ အသိုက်အဝန်း တစ်ရပ်လုံး အတွက် ဂုဏ်ယူစရာကောင်းသည့် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ဆေးလိပ်ငွေ့ကင်းစင်သော ပတ်ဝန်းကျင်၏ အရေးပါမှုကို ပြသနေပါကြောင်း ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါသည်။ ။
Source-www.moi.gov.mm

လှလိုက်တဲ့ “တနင်္သာရီ”
ဤလှပသောမြင်ကွင်းကို ငေးကြည့်ရင်း “အမိမြန်မာပြည်၏တောတောင်များ အစဉ်စိမ်းလန်းပြီး၊ တောင်တန်းများအမြဲခိုင်ခံ့တည်တံ့ကာ၊ ပင်လယ်ပြင်ကြီးများ ထာဝရရှင်သန်ပါစေ” ဟု ဆုတောင်းနေမိ ပါသည်။ စာရေးသူတို့စစ်ကြောင်း ရောက်ရှိနေသောတောင်ထိပ်မှ မြောက်စွန်းသို့ လှမ်းကြည့်လျှင် ထင်ထင်ရှားရှားမြင်ရသည်က တနင်္သာရီဒေသအတွင်းအမြင့်ဆုံး မိုးထိနေသည့် မြင့်မိုရ်လက်ခတ်တောင်။ ကျန်သည့်အရပ်လေးမျက်နှာတွင်လည်း တောင်ပင်လယ်အနိမ့်အမြင့်များက မျက်စိတစ်ဆုံး။

တောင်များကိုရစ်သိုင်းနေသည့် မြူနှင်းတိမ်စိုင်ကြားက တောင်တန်းများ၏အလှက အံ့ဖွယ် ပန်းချီကား တစ်ချပ်လိုပင်။ ကြီးထွားမင်းမူနေသည့် မြက်ရိုင်းပင်များက တောင်အောက်မှ ဝှေ့ရမ်းပင့် တိုက်နေသည့်လေ တဟူးဟူးနှင့်အတူ ဘယ်ညာယိမ်းနွဲ့နေကြသည်။ တောင်ထိပ်မှနေ၍ နိမ့်ဆင်း သွားသောတောင်စွယ်များကိုကျော်ကာ အန်ဒမန် (Andaman Sea) ပင်လယ်ပြင်ကြီးကို ကြည့်ရသည် မှာလည်း အလွန်အရသာရှိလှပေသည်။ ပင်လယ်ပြင်တွင် ကျွန်းငယ်လေးများက ဟိုသည်အစုအစု ရှိနေကြ၏။ ထိုကျွန်းများကား မြိတ်ကျွန်းစုများ ဖြစ်ကြပေသည်။ စိမ်းပြာသောပင်လယ် နောက်ခံတွင် မျက်စိတစ်ဆုံး ထင်ရှားလှပစွာတွေ့မြင်နေရသည်။
မုတ္တမကိုဖြတ်သန်းလျက်
တနင်္သာရီဒေသသို့ စာရေးသူတပ်မတော်သားဘဝ ၁၉၉၆- ၁၉၉၇ ခုနှစ်လောက်က ရောက်ခဲ့ ပါသည်။ ပြည်မြို့အခြေစိုက်ခြေမြန်တပ်မ၏ စစ်ကြောင်းများနှင့်အတူ ထားဝယ်၊ မြိတ်၊ ပုလော၊ ပလောက်၊ မေတ္တာ၊ ကျောက်လုံးကြီး၊ ဘန်းချောင်း၊ တနင်္သာရီ၊ ထီးထ၊ ကထောင်းနီ၊ ကွမ်းချောင်းလေး၊ ကွမ်းချောင်းကြီး၊ ကျောက်ထု၊ မြင့်မိုရ်လက်ခတ်တောင်၊ အောင်သာဝရ ဒေသတို့တွင် နယ်မြေ လုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးအတွက် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့ချိန်ဖြစ်ပါသည်။
စာရေးသူအပါအဝင် တပ်မတော်သားများ ပြည်မှ ထားဝယ်သို့ ယာဉ်တန်းများဖြင့် ချီတက်ခဲ့ ကြသည်။ ထိုအချိန်က သံလွင်မြစ်ကူးတံတား(မော်လမြိုင်) မတည်ဆောက်ရသေးပေ။
၁၆ ရာစု၊ ၁၇ ရာစုမှ ၁၉ ရာစုအထိ မြန်မာနိုင်ငံ၏ အရေးကြီးဒေသတစ်ခုဖြစ်ခဲ့ဖူးသည့် “မုတ္တမမြို့” ဆိပ်ကမ်းတွင် စစ်ကြောင်းကားများရပ်ကြရသည်။ ထိုမှမော်တော်ယာဉ်များကို “ဇက်သင်္ဘော” များဖြင့် သံလွင်မြစ် ကိုဖြတ်၍ မော်လမြိုင်ဘက်ကမ်းသို့ ကူးကြရသည်။ ထိုမှ ကားပေါ်ပြန်တက်၍ မုဒုံ၊ သံဖြူဇရပ်၊ လမိုင်း၊ ရေး၊ မလွဲတောင်၊ ကလိန်အောင်၊ ရေဖြူ၊ ထားဝယ်၊ သရက်ချောင်း၊ ဝင်းဝ၊ ပလောက်၊ ပုလော၊ ပလ တို့ကိုဖြတ်ကာ မြိတ်ဒေသသို့ ခရီးဆက်ခဲ့ရသည်။ တောတောင်လမ်းများ ဖြစ်သဖြင့် လမ်းတစ်လျှောက် တောအုပ်စိမ်းစိမ်း၊ တောင်တန်းညို့ညို့တို့က မြင်ကွင်း၌ကပ်ပါလာ ကြသည်။
ကားလမ်းများရှိသော်လည်း တောက်လျှောက်သွား၍မရသေး။ ချောင်းကူး၊ မြစ်ကူး တံတားများ မတည်ဆောက်ရသေး။ မိုးများသောဒေသ၊ မြစ်ချောင်းများပေါများသောဒေသ ဖြစ်သည်နှင့်အညီ မြစ်များ၊ ချောင်းများ ပေါများလှသည်။ ဝင်းဝရွာ၊ ပလောက်ရွာ၊ ပုလောအဝင်၊ သမုတ်၊ လော့လော့ ချောင်း၊ ကျွဲကူး၊ ကျောက်ဖျာရွာတို့တွင် ကားများကို ဇက်များ၊ ဖောင်များဖြင့်တင်၍ ဖြတ်ကူးခဲ့ရသည့် အချိန်ဖြစ်ပါသည်။ အချို့နေရာများ ကျောက်ကြမ်းလမ်းဖြစ်ပြီး မြို့များနှင့်အနီးတဝိုက်တွင်မူ ကတ္တရာ လမ်းများကိုဖြတ်သန်းရသည်။ ကျောက်ကြမ်းလမ်း၊ သဲကြမ်းလမ်း၊ ရွှံ့တန်း၊ ဗွက်တန်း၊ လှည်းလမ်း အနေ အထားမျိုးစုံကို ဖြတ်သန်းသွားရခြင်းဖြစ်ပါသည်။ ခရီးသည်ကားများ သွားလာနိုင်မှု အနည်းငယ်သာ ရှိသောကာလဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိသေးသဖြင့် အချိန်ကြာခဲ့သည်။
အလောင်းမင်းတရားကြီး၏ စစ်ချီရာလမ်းကြောင်း
“ကုန်းဘောင်ခေတ်မဟာရာဇဝင်တော်ကြီး” ၌ “ မြန်မာသက္ကရာဇ် ၁၁၂၁ ခု နှစ်တွင် ယိုးဒယား တို့က ထားဝယ်ကိုထိပါးခဲ့သည်။ အလောင်းမင်းတရားကြီးသည် ကုန်းကြောင်းဖြင့် စစ်ချီခဲ့သည်။ ဘဝရှင် မင်းတရားကြီးဘုရားသည် ထားဝယ်မြို့က ချီတော်မူသည်။ ထိုက ချီတော် မူသည့်နေ့ ကျောက်မြောင်းတွင် ချတော်မူသည်။ ထိုကမှ တောင်ပျောက်တွင် ချတော်မူသည်။ ထိုကမှ တိန်ညင် ချောင်း (ကညင်ချောင်း) တွင် ချတော်မူသည်။ ထိုကမှ ပလောင်ရွာ (ပလောက်ရွာ) တွင် ချတော်မူ သည်။ ထိုကမှ ပုလောရွာတွင် ချတော်မူသည်။ ထိုကမှ ပုလောချောင်း တွင် ချတော်မူသည်။ ထိုကမှ ဘဝတ်ရွာ (ပဝတ်ကုန်း) တွင် ချတော်မူသည်။ ထိုကမှ သကောရွာတွင် ချတော်မူသည်။ ထိုက မှ တမုတ်ရွာတွင် ချတော်မူသည်။ ထိုက ချီတော်မူသည့်နေ့ မြိတ်မြို့ကို သိမ်းယူတော်မူသည်။” ဟု ဖော်ပြထားကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုစဉ်က စစ်ချီစစ်တက် စစ်ကြောင်းကြီးများသည် တောရှင်း၊ တောနင်း၍ချီတက်ခဲ့ကြဟန်တူသည်။ လမ်းဟူ၍ ပီပီပြင်ပြင်ဖောက်ခဲ့ဟန်မတူ။ ကျွန်တော် တို့စစ်ကြောင်းယာဉ်များ ဖြတ်သန်းနေသည့် ကားလမ်းများသည်ပင်လျှင် ရှေးမြန်မာမင်းများ၏ စစ်ချီရာလမ်းကို အခြေခံ၍ဖောက်ခဲ့ကြခြင်းပင် ဖြစ်ပေလိမ့်မည်။
လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး
ဤဒေသ၏ နယ်မြေအခြေအနေကြောင့် ယခင်ကဤကားလမ်းကို ဆယ်စုနှစ်တစ်စုနီးပါး ပိတ်ထားသောမှတ်တမ်းများရှိခဲ့ပါသည်။ ကမ်းရိုးတန်းဒေသဖြစ်သဖြင့် ဒေသခံတို့သည် ပင်လယ်ရေ လမ်းခရီးကို အားကိုးအားထားပြုခဲ့ကြသည်။ ဒေသခံတို့သည်သာ နယ်မြေမအေးချမ်းမှုဒဏ်၊ မိသားစု ဘဝလုံခြုံမှုမရှိသည့်ဒဏ်ကို ခါးစည်းခံခဲ့ရသည်။ နယ်မြေမတည်ငြိမ် မအေးချမ်းမှုနှင့်အတူ ဤဒေသ တို့သည် ဖွံ့ဖြိုးမှုများနောက်ကျခဲ့ရပါသည်။
၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က တာဝန်ယူခဲ့ရာ အဓိက တာဝန်ကြီး ၄ ရပ်အနက် “ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေး ” ဟူသော တာဝန်နှင့်အညီ နိုင်ငံအနှံ့အပြား လမ်းများဖောက်ခြင်း၊ တံတားများတည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။ တနင်္သာရီဒေသတွင်မူ နယ်မြေအခြေအနေများအရ မြို့နယ်များအလိုက် အပိုင်းလိုက်ရွေးချယ်၍သာ လမ်းဖောက်၊ တံတားဆောက်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ထားဝယ်မှ မြိတ်သို့ ကားဖြင့် တောက်လျှောက် မသွားနိုင်ခဲ့သေးပေ။
၁၉၉၆ ခုနှစ်တွင် တနင်္သာရီတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ် သူရသီဟသူရစစ်မောင် တာဝန်ယူခဲ့ပါသည်။ သူသည် ဤထားဝယ်- မြိတ် ကားလမ်းကို ပီပီပြင်ပြင် အသုံးပြုနိုင်ရေး လမ်းဖောက်ရန်စီစဉ်ခဲ့သည်။ ထို့ကြောင့် ထားဝယ်မှ မြိတ်အထိ ၁၅၆ မိုင် ၆ ဖာလုံ ရှည်လျားသောလမ်းပျက်ကြီးမှာ ကောင်းမွန်သွားပြီး ရာသီမရွေးသွားနိုင်သောလမ်းမကြီးအဆင့်ဖြစ်ခဲ့ ပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုနှင့်အတူ တနင်္သာရီဒေသကား လှပဝေစည်ဖွံ့ဖြိုးတိုး တက်ခဲ့ပါသည်။
ယခုကာလတွင်မူ နယ်မြေမအေးချမ်း၊ မတည်ငြိမ်မှုကြောင့် ဤလမ်းမကြီးအား အသုံးပြုနိုင်မှု နည်းပါးနေကြောင်းသိရှိရပါသည်။ ဤဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသအနှံ့ဆောင်ရွက်ပေး လိုသော်လည်း လွတ်လပ်စွာသွားလာရန်မလွယ်ကူသည့်အခါ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် နှောင့်နှေးပေတော့သည်။ ဆိုရလျှင် နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများအား နယ်မြေအခြေ အနေ၊ ရာသီဥတုအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေ ကန့်သတ်ချက်များပေါ်မူတည် ၍ ခက်ခက်ခဲခဲဆောင်ရွက်နေရခြင်းများရှိနေပါသည်။
တည်ငြိမ်အေးချမ်းရေးကိုအခြေခံ၍
နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေး (Peace and Stability)သည် အရေးအကြီးဆုံးဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းရေးဆိုသည်မှာလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံ၍ဆောင်ရွက်ရန်လိုပေသည်။ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့သည် အပြန်အလှန်ဆက်စပ်နေပါသည်။ အလားတူ တိုင်းရင်းသား အချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှု တိုးတက်ဖြစ်ထွန်းရန်အတွက်မှာလည်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍသည် အလွန်အရေးကြီးသည့်အစိတ်အပိုင်းတွင် ပါဝင်နေပါသည်။
နယ်စပ်ဒေသအသီးသီး၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေး စသည့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့်ကဏ္ဍ အသီးသီးသည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပေသည်။ အဆိုပါလုပ်ငန်းစဉ်များ အားလုံးကို ဌာနတစ်ခုတည်းကဆောင်ရွက်ခြင်းထက် သက်ဆိုင်သည့်ဌာနအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။
ယခုအခါ “နယ်စပ်ဒေသများအပါအဝင် နယ်မြေအားလုံး အကြားအလပ်မရှိ ဆူကြုံနိမ့်မြင့်ကွာ ဟနေမှုများ လျော့နည်းကျဆင်းပြီး ပြည်ထောင်စုကြီးတစ်ခုလုံး တစ်စည်းတစ်လုံးတည်း မကွဲမပြား ညီညီညွတ်ညွတ် ဖွံ့ဖြိုးတိုးတက်ရမည်”ဆိုသည့် မွန်မြတ်သောရည်မှန်းချက်ကြောင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကဏ္ဍအသီးသီး၌ အောင်မြင်မှုတိုးတက်မှု ရရှိနေသည်ကိုလည်း တွေ့မြင်ကြရ မည်ဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးရေး
ယခုအချိန်တွင် စာရေးသူရောက်ခဲ့ ခြေချခဲ့ဖူးသည့် ဤတနင်္သာရီဒေသသည်ကားနှစ်ပေါင်း ၂၅ နှစ် ကျော်ကာလအတွင်း များစွာဖွံ့ဖြိုးတိုးတက်ခဲ့လေပြီ။ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ၁၈၈၉- ၁၉၉၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်ပေးခဲ့ပါသည်။ ဤဒေသအတွင်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေး နှစ်အထိ လမ်းတံတားလုပ်ငန်းကဏ္ဍတွင် မြေလမ်း ၄၆၂ မိုင် ၅ ဖာလုံ၊ ကျောက်ခင်းလမ်း ၃၃၁ မိုင် ၆ ဖာလုံ၊ ကျောက်ရော မြေလမ်း ၂၄ မိုင် ၅ ဖာလုံ၊ ကတ္တရာလမ်း ၃၈ မိုင် ၅ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း ၄ မိုင်၊ ကွန်ကရစ်လမ်း ၄ မိုင် ၁ ဖာလုံ၊ လမ်းတာချဲ့ခြင်း ၂၂ မိုင်၊ လမ်းပြုပြင်ထိန်သိမ်းခြင်း ၂၄၇ မိုင် ၃ ဖာလုံ၊ တံတားပြုပြင်ထိန်းသိမ်းခြင်း ၅ စင်း၊ မြေထိန်းနံရံနှင့် လှိုင်းကာနံရံတည်ဆောက် ပေးခြင်း ၁၈၇၀ ပေ၊ ကျောက်စီ၊ အုတ်စီနှင့် ကွန်ကရစ်ရေမြောင်း ၁၃၂၀ ပေ၊ တံတားကြီး ၃၃ စင်း၊ တံတားငယ် ၂၀၁ စင်း၊ Box Culvert ၄၀၈ စင်း၊ ရေပြွန် ၂၄၈ ခု ဖြစ်ပါသည်။ ထို့ကြောင့်ဒေသ၏ လမ်းပန်းဆက်သွယ်ရေးကွန်ယက်များ ပိုမိုကောင်းမွန်လာခဲ့ပေပြီ။
ကျန်းမာရေးကဏ္ဍတွင် ဆေးရုံ ၂ ရုံ၊ ဆေးပေးခန်း ၃ ခန်း၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၃ ခု တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
ပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း ၇ ကျောင်း၊ အလယ်တန်းကျောင်း ၇ ကျောင်း၊ မူလတန်းကျောင်း ၅၀ ကျောင်း တည်ဆောက်ပေးခဲ့ပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် စိုက်ပျိုးရေးစခန်း ၁ ခု၊ စိုက်ပျိုးမြေဖော်ထုတ်ခြင်း ၂၀၀ ဧက၊ စိုက်ပျိုးရေသွယ် ယူခြင်းလုပ်ငန်း ၁၂ မိုင်၊ မီးလင်းရေးကဏ္ဍတွင် မီးရရှိရေးဆောင်ရွက်ပေးခဲ့သည့်မြို့ ၂ မြို့၊ ဆိုလာ နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း ၃၁၇၂ စုံ ဖြစ်ပါသည်။
ပြည်သူ့ဆက်ဆံရေးကဏ္ဍတွင် ရုပ်မြင်သံကြားထပ်ဆင့်ထုတ်လွှင့်စက်ရုံ ၁၀ ရုံ၊ စာကြည့်တိုက် ၂ လုံး၊ တည်ဆောက်ရေးကဏ္ဍတွင် မြို့တည်ဆောက်ရေး ၆ မြို့၊ သောက်သုံးရေရရှိရေးလုပ်ငန်း ၇၁ ခု၊ တန်ဖိုးနည်းအိမ်ရာ ၂၂ လုံး၊ ဝန်ထမ်းအိမ်ရာလုံးချင်း ၁ လုံး၊ ၂ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၂၂ လုံး၊ ၆ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၁ လုံး နှင့် သာသနာရေးကဏ္ဍတွင် ဘုန်းတော်ကြီးကျောင်း ၁၇ ကျောင်း ဆောက်လုပ်ခြင်း၊ အခြားသာသနိကအဆောက်အဦများ ပြုပြင်မွမ်းမံခြင်း ၅ ခု တို့အား ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။
နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေအားဖြင့် ကျပ်သန်းပေါင်း ၄၆၆၁၄ ဒသမ ၅၆ သန်း ကျခံသုံးစွဲပေးခဲ့ ပြီးဖြစ်သည်။ ဆက်လက်ဆောင်ရွက်ပေးရန်ကဏ္ဍများလည်း များစွာကျန်ရှိနေပေသေးသည်။
ဆလုံကျေးရွာများ
ဤဒေသ၏ ထူးခြားမှုတစ်ခု၌ “ပင်လယ်ပျော်ဆလုံတိုင်းရင်းသား”တို့ ပါဝင်ပါသည်။ မြိတ် ကျွန်းစုများတွင် ဆလုံတိုင်းရင်းသားများ နေထိုင်သည်ဆိုသောအသိအမြင်ကို ကလေးအရွယ်ကပင် ကျောင်းစာအုပ်ထဲ၌ ဖတ်ခဲ့မှတ်ခဲ့ရသည်။ မြန်မာတိုင်းရင်းသားအစ “ပျူ၊ မွန်၊ မြန်မာ၊ သက်” ဟူသော လူမျိုးကြီး ၄ စုအနက် ဆလုံတိုင်းရင်းသားတို့မှာ “သက်” လူမျိုးတို့မှတစ်ဆင့် ဆင်းသက်လာခဲ့သည်ဟု မှတ်သားခဲ့ဖူးပါသည်။ ဆလုံတိုင်းရင်းသားတို့ကို “မော်ကင်း” ဟုလည်းခေါ်ကြသည်။ ပင်လယ်နှင့် အနီးနားတွင်နေ၍လား မသိ၊ ပင်လယ်ပျော်တို့၏အသားအရောင်မှာ အညိုရောင်သန်းနေကြသည်။ သစ်ထွင်းလှေတွေထဲ၌ သူတို့မိသားစုများကအိမ်အဖြစ် နေထိုင်ကြသည်။ လွတ်လပ်မှုကို မြတ်နိုးကြ ၏။ တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြသည်။ အိမ်ထောင်ရေးဖောက်ပြန်မှုကို လုံးဝလက်မခံ ပေ။ လူကြီးလူငယ်မရွေး မအားမနေဘဲ အမြဲအလုပ်လုပ်နေသော တိုင်းရင်းသားများပင်။ အားလုံးစုပေါင်းဝိုင်းဝန်း ၍ ညီညွတ်စွာလုပ်ဆောင်လေ့ရှိကြသည်။ သို့သော် စာတတ်မြောက်မှုတော့ နည်းပါးနေပါသေးသည်။
ဆလုံလူမျိုးတို့သည်ကား မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သောပြယုဂ်တစ်ခုပင်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသားဖြောင့်မတ်မှုကို တုနှိုင်းရန်အရာမရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများ ထင်ရှားနေခြင်းဖြစ်ပါသည်။ ဆလုံလူမျိုးတို့သည် နေရာအတည်တကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ဝမ်းစာ အတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်ကြသည်။ ပင်လယ်ခရု၊ ကမာ(မုတ်)ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင် များကို ရှာဖွေစုဆောင်း ရောင်းချလေ့ရှိသည်။ ထို့ကြောင့် Men of the Sea ဟုပင် ခေါ်ဆို နိုင်ပါသည်။
ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီးရှိ ကျွန်းစုများတွင်လည်း မြင်တွေ့နိုင်ပါသည်။
ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်ရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်တို့ရှိ ကတန်ကျွန်း၊ ဒုံးကျွန်း၊ တနင်္သာရီကျွန်း၊ ကော့သောင်းမြို့နယ်ရှိ ဆလုံကျွန်းစု၊ ဇာဒက်ကြီး၊ ဇာဒက်လေး၊ ဂျလန်းကျွန်း၊ မကြုံဂလက်ကျေးရွာတို့တွင် ဆလုံတို့ စုစုခဲခဲ နေထိုင်လျက်ရှိကြသည်။
ပင်လယ်ပျော်တို့ဒေသဖွံ့ဖြိုးရေး
ထိုဆလုံကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဇာဒက်ကြီးကျွန်းရှိ ဆလုံတိုင်းရင်းသား များအတွက် အခြေခံပညာမူလတန်းကျောင်းနှင့် ကျောင်းဆောင်များဆောက်လုပ်ပေးခြင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆလုံကျေးရွာရှိ အိမ်ခြေ ၂၂၀ မီးလင်းရေးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ ဇာဒက်ကြီးကျွန်းရှိ ဆလုံကျေးရွာ ရေရရှိရေးအတွက် ရေသွယ်တန်း ပေးခြင်း၊ ၂၀၂၁- ၂၀၂၂ တွင် မကြုံဂလက်ရွာနှင့် ညောင်ဝိရွာတို့အတွက် ဆိုလာ ၁၄၁ စုံနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင် ပေးခြင်း၊ ၂၀၂၂- ၂၀၂၃ တွင် ဆလုံကျေးရွာများဖြစ်သည့် မကြုံဂလက်၊ ညောင်ဝိ၊ ဇာဒက်ကြီးနှင့် ဂျလန်း စသည့်ကျေးရွာများတွင် တန်ဖိုးနည်းအိမ်ရာ ၈၀ လုံး တည်ဆောက်ပေးခြင်းနှင့် Aluzinc သွပ်၊ ရိုးရိုးသွပ် များထောက်ပံ့လှူဒါန်းခြင်းတို့အပြင် ဇာဒက်ကြီးကျွန်းပေါ်ရှိ ဆလုံကျေးရွာများ ရာသီမရွေးသောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် စမ်းကြီးချောင်းအားပိတ်ပြီး ရေတားတမံ တည်ဆောက်ကာ ၄ မိုင် ရေသွယ် ယူခြင်းလုပ်ငန်းတို့အား တည်ဆောက်ပေးခဲ့ပြီးဖြစ် ပါသည်။ ထို့ကြောင့် ဆလုံတိုင်းရင်းသားကျေးရွာများ ဖွံ့ဖြိုးရေးအတွက် ကျပ်သန်းပေါင်း ၄၁၆ ဒသမ ၃၆၉ သန်း သုံးစွဲဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအပြင် ဒေသ၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက် ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး၏ တိုင်းဒေသကြီးအတွင်းရှိဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ခဲ့သည့်ခရီးစဉ်များတွင် ဇာဒက်ကြီးကျွန်းပေါ်ရှိ ဆလုံတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူကလေးများ အတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း ပေးခဲ့ပါသည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များသို့ ဆလုံတိုင်းရင်းသား ၃ ဦး၊ တိုင်းရင်းသူ ၄ ဦး စုစုပေါင်း ၇ ဦး တက်ရောက် ပညာသင်ယူခဲ့ပြီး ဘွဲ့များ အသီးသီးရရှိကာ ဝန်ကြီးဌာနအသီးသီးတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေ ကြလေပြီ။ ယခင်က စာတတ် မြောက်မှုနည်းပါးခဲ့သော်လည်း နိုင်ငံတော်၏စီစဉ်ပေးမှုဖြင့် ယခုအခါ ဆလုံတိုင်းရင်းသားပညာတတ်များ ပေါ်ပေါက်ခဲ့လေပြီ။
အကောင်းဆုံးခရီးသွားလုပ်ငန်း
တနင်္သာရီကမ်းရိုးတန်း၌ ထူးခြားထင်ရှားသော ကျွန်းကြီး၊ ကျွန်းငယ်များ အမြာက်အမြားရှိနေ သည်။ အချို့ကျွန်းများမှာ မူလသဘာဝအတိုင်း ရှိနေဆဲပင်ဖြစ်သည်။ ကျွန်းစုများ သဘာဝအတိုင်း တည်ရှိနေကြသည်။ သန္တာကျောက်တန်းများ ရှင်သန်ဖွံ့ဖြိုးနေကြသည်။ သဘာဝမျိုးကွဲ၊ မျိုးစိတ်များ၊ ရေနေသတ္တဝါများ ပေါများစွာတည်ရှိနေကြသည်။ ထိုကဲ့သို့ တနင်္သာရီကမ်းရိုးတန်းရှိကျွန်းများ သဘာဝ အတိုင်းတည်ရှိနေခြင်းသည်ပင် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ မပျက်စီးသေးသော သဘာဝ အမွေအနှစ်များဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများတွင် အကောင်းဆုံးခရီးစဉ်တစ်ခု ဖြစ်လျက်ရှိနေပါသည်။
သဘာဝအတိုင်းတည်ရှိသော တနင်္သာရီကမ်းရိုးတန်းခရီးစဉ် ဖွံ့ဖြိုးတိုးတက်လာရေးတွင် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့ကောင်းမွန်မှု နှင့် ပြည်တွင်းပြည်ပခရီးသွားများ ဆက်သွယ် သွားလာရာ၌ လမ်းပိုင်းများ အဆင့်မြင့်မြင့်ဖြင့် ဖြောင့်ဖြူးကောင်းမွန်ရန် လိုအပ်ပါသည်။
စိမ်းလန်း ခိုင်ခံ့ ရှင်သန်စေရန်
ထိုသို့ဖြစ်စေရန် နယ်မြေတည်ငြိမ်အေးချမ်းရန်တော့ အထူးလိုအပ်လှပါသည်။ အဘယ့်ကြောင့် နည်း။ ဆိုရသော် ငြိမ်းချမ်းသော ရပ်ရွာများ၌သာ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ခွင့်ရရှိနိုင်ပါလိမ့် မည်။ ဒေသတွင်းနယ်မြေဝန်းကျင်မှာ ညီညွတ်ခြင်းတေးသံများ ပျံ့နှံ့နေရန်လိုသည်။ သို့မှသာ ညီညွတ် ခြင်း၏အသီးအပွင့်ကို ဒေသခံများ ခံစားခွင့်ရကြပါလိမ့်မည်။ အချင်းချင်း မညီမညွတ် မငြိမ်းချမ်း သရွေ့ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်၍မရ၊ ဖွံ့ဖြိုးရေးကို ဖော်ဆောင်၍မရပေ။
အချင်းချင်း မေတ္တာတရားရှိမှသာလျှင် သဘာဝအလှတရားများကို ခံစားနိုင်ပါလိမ့်မည်။ ငြိမ်းချမ်း နိုင်ပါလိမ့်မည်။ အမုန်းတရားတို့သည် အလုံးစုံပျက်စီးခြင်းသို့သာ ဦးတည်စေပါသည်။ အမှောင်တံတိုင်း ထဲက လွတ်မြောက်၍ အလင်းရောင်အောက်ရောက်ပြီးမှ အမှောင်တံတိုင်းနောက်သို့ ပြန်ရောက်သွား သည့်ဒေသများစွာ လည်းရှိနေပါသည်။ အတိတ်ဖြစ်စဉ်တို့ကို သင်ခန်းစာရယူ၍ ပစ္စုပ္ပန်တွင် သိရှိနားလည် ပြုပြင်မှသာ နောင်အနာဂတ်ကာလ သားစဉ်မြေးဆက် သာယာအေးချမ်းဖွံ့ဖြိုးသည့်အကျိုးကို ခံစားရ ပေမည်။
လှပသောတနင်္သာရီတိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ “ အမိမြန်မာပြည်၏ သစ်ပင် သစ်တောများ အစဉ်စိမ်းလန်းပြီး၊ တောင်တန်းကြီးများ အမြဲခိုင်ခံ့တည်တံ့ကာ၊ ပင်လယ်ပြင်ကြီးများ ထာဝရ ရှင်သန်ပါစေ ” ။

ကမ္ဘာကြီးတွင် တိုးတက်များပြားလာသည့် လူဦးရေနှင့်အညီ စားနပ်ရိက္ခာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန်၊ လက်ရှိလူဦးရေ တိုးတက်နှုန်းကို ကာမိစေရန်အတွက် ခေတ်မီ စိုက်ပျိုးရေး နည်းစနစ်များ အသုံးပြုကာစားနပ်ရိက္ခာတိုးတက်ထုတ်လုပ် ရေးကို တစ်ကမ္ဘာလုံး အနေဖြင့် အထူးပြုဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေးလုပ်ငန်းများ အောင် မြင်ဖြစ်ထွန်းစေရန် လိုအပ်ချက်များထဲတွင် ကောင်းမွန်သော မြေအမျိုးအစား၊ သီးနှံနှင့် ကိုက်ညီသည့် ရာသီဥတု၊ သီးနှံအလိုက် လိုအပ်သော ရေပမာဏရရှိမှု၊ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးမှု၊ မြေဩဇာ သွင်းအားစုနှင့် စိုက်နည်းစနစ်မှန်ကန်မှုတို့သည် အထူး လိုအပ်ပါသည်။

စားနပ်ရိက္ခာတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေရရှိရေးသည် အဓိကလိုအပ်ချက်များထဲက တစ်ခုအပါ အဝင်ဖြစ်သည်။ လိုအပ်သောအချိန်တွင် လိုအပ်သော ရေပမာဏ ပြည့်မီစွာ ရရှိပါမှ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းတွင် လိုအပ်သောရေကို လိုအပ်ချိန်တွင် ပေးဝေနိုင်ရန်အတွက် ဆည်တမံများ တည် ဆောက်၍ ရေသိုလှောင်ထိန်းသိမ်းခြင်း၊ရေပေးဝေရေးအခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် မြေပေါ်ရေသယံဇာတကို စီမံခန့်ခွဲခြင်းများအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းတွင် စိုက်ပျိုးရေးလုပ်ငန်းများ တစ်နှစ်ပတ်လုံး လုပ်ကိုင် နိုင်စေရန် ပဲခူးရိုးမ အရှေ့ဘက်တောင်ကျောပေါ်မှ စတင်စီးဆင်းလာသော ခပေါင်းချောင်းကို ပိတ်ကာ ဒေသအတွင်း တစ်သီးစိုက်မှ နှစ်သီးစိုက်၊ နှစ်သီးစိုက်မှ သုံးသီးစိုက်ထိ စိုက်ပျိုးနိုင်ရန် အတွက် လိုအပ်သည့် စိုက် ပျိုးရေကို ပေးဝေနိုင်ရန်၊ နိုင်ငံတော် ၏လျှပ်စစ်လိုအပ်ချက်ကိုဖြည့် ဆည်းပေးနိုင်ရန်၊ စစ်တောင်းမြစ်ရေ ကြီးရေလျှံမှုကို အထိုက်အလျောက် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ခပေါင်း ရေလှောင်တမံ နှင့် ခပေါင်းရေလွှဲဆည်ကို တည်ဆောက်ခဲ့သည်။
ခပေါင်း ရေလှောင်တမံသည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တည်ဆောက် ပြီးစီးခဲ့သည့် ရေလှောင်တမံများအနက် တတိယမြောက် သိုလှောင်ရေပမာဏ အများဆုံး ဖြစ်ပြီး တမံအမြင့်မှာ အဌမမြောက်အဆင့်ရှိ၍ ရေသောက်ဧရိယာအနေဖြင့် သတ္တမမြောက် အများဆုံး ရေလှောင်တမံဖြစ်သည်။
ခပေါင်းရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် တွင် တည်ရှိသည်။ ခပေါင်းရေလှောင်တမံကို ဂျပန်နိုင်ငံ Sanyu Consultant မှ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်၍ မြန်မာဆည်မြောင်းအင်ဂျင်နီယာများဖြင့် ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ခပေါင်းရေလှောင် တမံနှင့် ရေလွှဲဆည်ကို ၂၀၀၁-၂၀၀၂ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ တမံအလျား ၉၂၀ ပေ၊ တမံအမြင့် ၂၀၀ ပေ၊ ကန်ရေပြည့် သိုလှောင်ရေ ပမာဏ ၈၇၈၅၇၀ ဧကပေ၊ ရှိ၍ ပျမ်းမျှလျှပ်စစ်ထုတ်လွှတ်ဓာတ်အားမှာ နှစ်စဉ် ကီလိုဝပ်နာရီ သန်းပေါင်း ၁၂၀ ဖြစ်ပြီး အကျိုးပြုဧရိယာမှာ ၅၃၂၈၆ ဧက ဖြစ်သည်။
ခပေါင်းရေလှောင်တမံမှ လျှပ်စစ် ဓာတ်အား ထုတ်လွှတ်ပြီးနောက် စီးဆင်းလာသည့်ရေကို အောက်ဘက် ၅ မိုင်ကွာရှိ ခပေါင်းရေလွှဲဆည်မှတစ်ဆင့် လက်ယာတူးမြောင်းမကြီး (အုတ်တွင်းမြို့နယ်)၊ လက်ဝဲတူး မြောင်းမကြီး (တောင်ငူမြို့နယ်) တို့ဖြင့် ခွဲဝေ၍ စိုက်ပျိုးရေပေးဝေလျက်ရှိသည်။
ဆည်ရေသောက်ဧရိယာများသို့ စိုက်ပျိုးရေပေးဝေရာတွင် ရေကို အ ကျိုးရှိစွာ သုံးစွဲနိုင်ရေးအတွက် ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးကြပ်၍ သက်ဆိုင်ရာ တောင်သူများ ပူးပေါင်းပါဝင်သော ရေအသုံးချသူများ အဖွဲ့များ ဖွဲ့စည်းကာ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့်ဆည်မြောင်း အဆောက် အအုံ၊ တူးမြောင်းပေါင်များ ထိန်း သိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
ရေအသုံးချသူများအဖွဲ့အနေဖြင့် တောင်ငူမြိုနယ် ကျေးရွာအုပ်စု ၁၄ ခုတွင် အဖွဲ့ဝင် တောင်သူ ၉၇၈ ဦး ပါဝင်သော ရေအသုံးချသူများအဖွဲ့ ၇၅ ဖွဲ့နှင့် အုတ်တွင်းမြိုနယ် ကျေး ရွာအုပ်စု ၃၉ ခုတွင် အဖွဲ့ဝင် တောင် သူ ၁၉၀၆ ဦး ပါဝင်သော ရေအသုံးချသူများအဖွဲ့ ၁၈၄ ဖွဲ့၊ စုစုပေါင်း အဖွဲ့ဝင် တောင်သူ ၂၈၈၄ ဦး ဖြင့် ၂၅၉ ဖွဲ့ ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။
ခပေါင်းဆည်ရေသောက်ဧရိယာအတွင်း ဇွန်လမှ အောက်တိုဘာလ ကုန်အထိ မိုးစပါးကို ကွက်ပြည့်စိုက်ပျိုးပြီး မိုးစပါးရိတ်သိမ်းပြီချိန် တောင်သူများ ရွေးချယ်မှုအရ နိုဝင်ဘာလလယ် ပိုင်းမှစ၍ ဖေဖော်ဝါရီလအတွင်း ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်းသီးနှံ (သို့မဟုတ်) ဇန်နဝါရီ လမှ စ၍ ဧပြီလအတွင်း နွေစပါးစိုက်ပျိုးလေ့ရှိကြသည်။
၂၀၂၃-၂၀၂၄ ခုနှစ်တွင် အုတ်တွင်းမြို့နယ်၌ မိုးစပါး ၄၀၀၀၀ ဧက စိုက်ပျိုးပြီး ဒုတိယသီးထပ် အဖြစ် ဆောင်းသီးနှံ ပဲတီစိမ်း၊ မတ်ပဲ ၈၃၀၈ ဧကကိုလည်းကောင်း၊ တတိယသီး ထပ် အဖြစ် နွေစပါး ၂၇၄၅၄ ဧကနှင့် မတ်ပဲ/ ပဲတီစိမ်း ၁၂၇၄၆ ဧကတို့ကို တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်ခဲ့သည်။ တောင်ငူမြို့နယ်တွင် မိုးစပါး ၁၃၂၈၆ ဧက စိုက်ပျိုးပြီး ဒုတိယသီးထပ်အဖြစ် ဆောင်းသီးနှံ ပဲတီစိမ်း၊ မတ်ပဲ ၅၈၂၇ ဧက ကိုလည်းကောင်း၊ နွေစပါးစိုက်ပျိုးရန်အတွက် လျာထား ၁၂၂၄၄ ဧကနှင့် ကျန် ၁၀၄၂ ဧကတွင် မတ်ပဲ/ ပဲတီစိမ်းတို့ စိုက်ပျိုးမည် ဖြစ်သည်။ခပေါင်းဆည်ရေသောက်ဧရိယာအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် တွင် စုစုပေါင်း မိုးစပါး ၅၃၂၈၆ ဧက၊ ဆောင်းသီးနှံ ၁၄၁၃၅ ဧက စိုက်ပျိုးခဲ့ပြီး နွေစပါး ၃၉၆၉၈ ဧက နှင့် နွေသီးနှံ ၁၃၅၈၈ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့သည်။
၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် အုတ်တွင်းမြို့နယ်တွင် နှစ်သီးစိုက် ဧရိယာများ အတွက် လက်ယာတူးမြောင်းမကြီးမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် လည်းကောင်း၊ သုံးသီးစိုက် ဧရိယာများအတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် လည်းကောင်း၊ တောင်ငူမြို့နယ်တွင် လည်း နှစ်သီးစိုက်ဧရိယာများအတွက် လက်ဝဲတူး မြောင်းမကြီးမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့တွင် လည်းကောင်း၊ သုံးသီးစိုက်ဧရိယာများအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင်လည်း ကောင်း စိုက်ပျိုးရေ စတင်ပေးဝေခဲ့ပြီး ဖြစ်သည်။
ယင်းသို့ ဆောင်းသီးနှံနှင့် နွေစပါးများ စိုက်ပျိုးနေချိန်တွင် သီးနှံအတွက် လိုအပ်သော ရေပမာဏ ကို အချိန်မီ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရန် ဆည်ရေသောက် ဧရိယာ အတွင်း လိုအပ်သည့်ပြင်ဆင်မှုများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက် ပေးလျက်ရှိသည်။
ခပေါင်းရေလှောင်တမံတည် ဆောက်ခဲ့ခြင်းကြောင့် တောင်ငူခရိုင်၊ တောင်ငူမြို့နယ်နှင့် အုတ်တွင်း မြို့နယ်တို့တွင် ဆည်ရေဖြင့် တစ်သီးမှ နှစ်သီး၊ သုံးသီးထိ တိုးမြှင့်စိုက်ပျိုးလာနိုင်ခြင်း၊ စစ်တောင်းမြစ်ရေကြီးရေလျှံမှုကိုထိုက်အလျောက် ကာကွယ်နိုင်၍ ရေကြီးနစ်မြုပ်မှုဘေးမှ ကင်းဝေးခြင်း၊ နိုင်ငံတော် ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကြောင့် ဒေသနေ ပြည်သူတို့ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာကာ လူမှုစီးပွားဘဝလည်း တိုးတက်လာပြီ ဖြစ်၍ ခပေါင်းတမံသည် ဒေသအကျိုးအမှန်တစ်ကယ် သယ်ပိုးဆောင်ရွက်နိုင်သော တမံဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။