ဆနင်းဒေသ၏ အတိတ်
ဆနင်းဒေသ၏ အတိတ်
ကြယ်ရောင်များကိုအမှီပြု၍ ဤရွာကလေးများ ပတ်ဝန်းကျင်မှ ကျွန်တော် ဖြတ်လျှောက်ခဲ့ဖူးပါသည်။ ထိုစဉ်အချိန်က အမှောင်ထုတွေကြားက မီးရောင်မှိတ်တုတ်မှိတ်တုတ်နှင့် ဟိုတစ်စု ဒီတစ်စု တည်ရှိနေကြသော ရွာအစုစုတို့၏ ခပ်ရေးရေးမြင်ကွင်းကို မြင်ယောင်နေမိပါသေးသည်။ တစ်ခါတစ်ရံတွင် မီးရောင်များ လုံးဝမရှိသော ညမှောင်မိုက်မဲမဲ၌လည်း ရွာလယ်လမ်းကို ဖြတ်သန်းခဲ့ရ၏။ ရွာလေးများသည် တောင်ပေါ်ဒေသဖြစ်သဖြင့် အနိမ့်အမြင့် မညီသောမြေတွင် တည်ရှိနေကြ၏။ ညအချိန် တချို့သော ကျေးရွာများ၏ ရွာလယ်လမ်း၊ တချို့ကျေးရွာများ၏ ရွာနံဘေးအတိုင်း ဖြတ်ကျော်ချီတက်ခဲ့ကြရသည်။ ထို့ကြောင့် မီးရောင်တို့သည် တချို့လမ်းအပေါ်ပိုင်းမှာ တလက်လက်၊ တချို့လမ်း၏ အောက်ဖက်ပိုင်းမှာ အလင်းရောင် မှုန်ပျပျဖြင့် အနိမ့်အမြင့် မညီမျှမှုကပင် ဆေးခြယ်မမီသော ပန်းချီကားတစ်ချပ်ပမာ။
ဤဆောင်းပါးကို ရေးသားရင်း လွန်ခဲ့သော ၃၉ နှစ်ကျော်ကာလ ၁၉၈၃ ခုနှစ်က တပ်မ ၅၅ စစ်ကြောင်းများနှင့် အတူSURA ဌာနချုပ်ကို အရုဏ်တက်တိုက်ပွဲဖြင့် ချေမှုန်းတိုက်ခိုက်ရန်အတွက် တစ်ညလုံး night move ဖြင့် ခရီးပြင်းနှင်ခဲ့ရသော လမိုက်ညတစ်ညကို ပြန်လည် ထိရှခံစားနေမိ သည်။ ထိုစဉ်အခါ ကာလများသည် ပင်လုံဒေသ၊ ဆနင်းတောင်ကြောတွင် ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါး ကင်းစင်ရေး စစ်ဆင်ရေးများ ဆင်နွှဲနေသောအချိန်ကာလ ဖြစ်ပါသည်။ ဆနင်းဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်သားများ၏ စွန့်လွှတ် အနစ်နာခံပေးဆပ်မှုများနှင့်အတူ မူးယစ်ဌာနချုပ်စခန်းအား အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြပါသည်။
တပ်မတော်သည် ၁၉၇၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် မိုးဟိန်း စစ်ဆင်ရေးကို အဆင့် (၁) မှ (၁၄) အထိပြုလုပ်ခဲ့ပါသည်။ ထိုစစ်ဆင်ရေးများတွင် စစ်သည်တော် ၆၉ ဦး ကျဆုံးခဲ့ပြီး ၄၅၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ထုတ်ပြန်ခဲ့သည်ကိုလည်း အမှတ်ရနေမိပြန်ပါသည်။
ထိုသို့ ဆနင်းစခန်းသိမ်းတိုက်ပွဲပြီး နောက်ပိုင်းတွင်လည်း နယ်မြေစိုးမိုးရေးအတွက် ဤကျေးရွာ ကလေးများအား နေ့၊ ည အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရသည်။
ဤဒေသတွင် လေတို့သည် အေးစက်ရှတ ကြမ်းတမ်း၏၊ ရေတို့သည် ကြည်လင်ပြတ်သား၏။
နှင်းပွင့်နှင်းစက်တို့သည် ဖြူဖွေးသန့်စင်လှပကြပြီး ဆောင်းဆိုလျှင် ရေခဲလုမတတ် အေးမြ၏။ ထင်းရှူး တောတန်းများနှင့်အတူ အရိုင်းဆန်ဆန် လှပသောဒေသတစ်ခုလည်း ဖြစ်ပေသည်။
သို့သော် ထိုအချိန် ထိုကာလက ထိုဒေသသည် လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခဲ့။ လျှပ်စစ်၏ မီးရောင်တို့သည်လည်း ဒေသခံတို့၏ အိပ်မက်ပမာမျှသာ။ နယ်မြေသည်လည်း တည်ငြိမ် အေးချမ်းမှုများ ဝေးကွာနေခဲ့သော အချိန်ကာလ ဖြစ်၏။ စားဝတ်နေရေးအတွက် တောင်ယာစပါး၊ လက်ဖက်၊ လိမ္မော်၊ ထောပတ်နှင့် ချဉ်စော်ခါးသီး စိုက်ခင်းများအကြား ဆလပ်၊ မုန်ညှင်းတို့ ယှဉ်တွဲလျက် ဘိန်းစိုက်ခင်းအချို့အား မြင်တွေ့ရတတ်သောကာလလည်း ဖြစ်ပေသည်။
ဆနင်းဒေသ၏ ပစ္စုပ္ပန်
ဆယ်စုနှစ်များအတွင်း နိုင်ငံတော်၏ မူးယစ်ဆေးဝါးပပျောက်ရေး အစားထိုး ဖွံ့ဖြိုးမှု စီမံကိန်း များနှင့်အတူ ယခုတော့ဖြင့် ဤကျေးရွာများသည် ယခင်အခြေအနေ နှင့် များစွာကွာခြား ဖွံ့ဖြိုး တိုးတက်ခဲ့ပေပြီ။ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး များစွာကောင်းမွန်ခဲ့လေပြီ။ ကျေးရွာ အတော် များများ လျှပ်စစ်မီးရောင်တို့ဖြင့် ထိန်ထိန်ညီးခဲ့ပေပြီ။ ဘိန်းစိုက်ခင်းများသည်လည်းမရှိတော့ပြီ။
ဆနင်းဒေသသည် ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်အတော်များများနှင့် ဆက်စပ်နေပါ သည်။ တောင်ကြီးမှ ၂ နာရီခွဲ ၃ နာရီဝန်းကျင်ခန့် ကားမောင်းလျှင် ရောက်နိုင်၏။ ဟိုပုံးမြို့နယ် နှင့်လည်း ထိစပ်နေ၏။ ရပ်စောက်မြို့နယ်၊ မိုင်းပျဉ်းဒေသသို့လည်း အလွယ်တကူ သွားလာနိုင်ပြီး လဲချားမြို့နယ်အတွင်းမှ ကျေးရွာများသို့လည်း လမ်းများဆက်သွယ်ထားပါသည်။ ပင်လုံမှ ၂ နာရီ ဝန်းကျင်လောက်သွားလျှင်ရောက်နိုင်ပြီး မိုင်းကိုင်မြို့အထိရောက်သော တောတွင်းလမ်းများရှိသကဲ့ သို့ မိုင်းပွန်ဒေသသို့လည်း သွားလာနိုင်ပါသည်။
နောင်ပန်ပိန်းကျေးရွာသည် လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အနောက်ဘက် ၅ မိုင်အကွာရှိ အမြင့်ပေ ၅၀၀၀ ကျော်သော ဆနင်းတောင်ကြောပေါ်တွင် တည်ရှိပါသည်။ နောင်ပိန်းရွာ (ခ) နောင်ပန်ပိန်းရွာ၊ ကာဖီရွာ၊ ကောင်းမဲ့ကလျာရွာ၊ ဟွေဆန်းရွာဦးအနီးရှိ ပန်းတင်ဗော်တောင်တော်ပေါ်တွင် ကိုးနဝင်း စေတီတော်ကြီး တည်ရှိပါသည်။ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီ ၏ တိုက်တွန်းချက် အရ သာသနာ့နယ်မြေဟောင်းဖြစ်သော ဤပန်းတင်ဗော်တောင်တော်ကို ဘုရားဝတ္တကမြေအဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါသည်။
ပင်လုံ- ကျောက်တန်း လမ်းမကြီး
ထိုတောင်ကြောပေါ်က ကြည့်လျှင် ပင်လုံမြို့နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး မြို့နယ်အား ဆက်သွယ်ထားသည့် ပင်လုံ- ဖက်နမ်- ကျောက်တန်း ခရိုင်ချင်းဆက် ၁၄ ပေ အကျယ် ကတ္တရာလမ်းမကြီးကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရမည်ဖြစ်ပါသည်။ ၎င်းလမ်းမကြီးသည် ၂၉/၅ မိုင် ရှည်လျားကာ ပင်လုံမြို့မှ ဖက်နမ်တံတားအထိ ၂၀ မိုင်၊ ဖက်နမ်တံတားမှ ကျောက်တန်း ကျေးရွာ အထိ ၉/၅ မိုင် ကွာဝေးပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် ပင်လုံမြို့မှ ကိုးနဝင်း စေတီတော်ကြီးအထိ ၆ မိုင်အား ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်း ဖောက်လုပ်ပေးခဲ့ ပါသည်။ ထို့နောက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ လမ်းဦးစီးဌာနမှ လုပ်ငန်းလွှဲပြောင်းရယူကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ် ပေးခဲ့ခြင်းဖြစ်ပါသည်။
လမ်းမကြီး၏ အနောက်ဖက်ရှိ ဟဲနန်းကျေးရွာအုပ်စုနှင့် ဆဟောင်းကျေးရွာအုပ်စုများ၌ ပအိုဝ်းတိုင်းရင်းသား ၇၀ ရာခိုင်နှုန်း၊ ရှမ်း၊ ပလောင်နှင့် လီဆူးတိုင်းရင်းသား ၃၀ ရာခိုင်နှုန်းခန့် နေထိုင်ကြ၏။ လမ်းမကြီး၏ အရှေ့ဖက်ရှိ ဆနင်းတောင်ကြောတစ်လျှောက်၌မူ ဆနင်းကျေးရွာ အုပ်စု၊ နားတစ်ကျေးရွာအုပ်စုနှင့် နောင်လိုင်ကျေးရွာအုပ်စုများ တည်ရှိပြီး ရှမ်းတိုင်းရင်းသား ၆၅ ရာခိုင်နှုန်း၊ ပအိုဝ်းနှင့် ပလောင်တိုင်းရင်းသား ၃၅ ရာခိုင်နှုန်း နေထိုင်ကြ၏။ ဒေသခံများသည် တောင်ယာ လုပ်ငန်း လက်ဖက်၊ လိမ္မော်၊ ထောပတ်နှင့် ချဉ်စော်ခါးသီးတို့အား ဥယျာဉ်ခြံများဖြင့် စိုက်ပျိုးကြ ပါသည်။
ထိုလမ်းမကြီးကို အသုံးပြုလျက် ဆနင်းကျေးရွာအုပ်စု၊ ဟဲနန်းကျေးရွာအုပ်စုနှင့် ဆဟောင်း ကျေးရွာအုပ်စု ၃ ခုရှိ ကျေးရွာများမှ ဒေသခံများ ဟိုပုံးမြို့နှင့် တောင်ကြီးမြို့များသို့ မော်တော်ကား/ မော်တော်ဆိုင်ကယ်များဖြင့် နေ့ချင်းပြန် လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြပြီ ဖြစ်ပါသည်။ ယခင်က တောင်ကြီး၊ မိုင်းပွန်၊ လွိုင်လင်နှင့် ပင်လုံ မူလလမ်းကြောင်းဟောင်း ၅၆ မိုင် အစား ယခုအခါ ခရီးတို၍ ပိုမိုလမ်းကြောင်းကောင်းသည့် ပင်လုံ- ဖက်နမ်- ကျောက်တန်း ခရိုင်ချင်းဆက် အရန်လမ်းမကြီးတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ခြင်းကြောင့် လွိုင်လင်ခရိုင်၊ ဟိုပုံးခရိုင်နှင့် တောင်ကြီး ခရိုင် စသည့်ခရိုင် ၃ ခုတို့၏ ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှု လုပ်ငန်းများသည်လည်း ပိုမို တိုးတက်ခဲ့ပေပြီ။
လျှပ်စစ်ဓာတ်အားပြည်ထွန်းကား
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး အစ ရှိသည့် လူမှုစီးပွားဘဝများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည် အထူး အရေးပါလျက်ရှိနေပါသည်။ ယနေ့ဖွံ့ဖြိုးမှုအမြင့်ဆုံးနိုင်ငံများမှာ လျှပ်စစ်ဓါတ်အား အလျှံပယ်သုံးနိုင် သော နိုင်ငံများပင် ဖြစ်ကြပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် လျှပ်စစ်ဓာတ်အားသုံစွဲနိုင်မှု နှင့်တိုက်ရိုက် အချိုးကျမည်ထင်ပါသည်။
မြန်မာ့သမိုင်း၌ ကိုလိုနီအစိုးရသည် ၎င်းတို့အကျိုးစီးပွားအတွက် အဓိကကျသော သတ္ထု တူးဖော်ရေး၊ ရတနာတူးဖော်ရေးလုပ်ငန်းခွင်များဖြစ်သော မိုးကုတ်၊ ဟိန္ဒား၊ နမ္မတူ၊ မော်ချီး အစရှိသောဒေသများတွင်သာ အသေးစား ရေအားလျှပ်စစ်လုပ်ငန်းများ တည်ဆောက်ခဲ့ကြသည်။ ၎င်းတို့ နွေရာသီ အပန်းဖြေအနားယူလေ့ရှိသည့် မြို့များနှင့် ရုံးစိုက်ရာ မြို့ကြီးများ အတွက်ကိုလည်း အသေးစားရေအားလျှပ်စစ်စက်ရုံတွေ တည်ဆောက်ခဲ့ကြသည်။ သို့သော် ပြည်သူအများစုအတွက် တော့မူ လျှပ်စစ်ဓာတ်အားရရှိရေး မစဉ်းစားခဲ့ကြ။ ခံစားခွင့်မရခဲ့ကြပေ။
လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်လောက်က ပဲနွယ်ကုန်း၊ ကျောက်ကြီးချောင်းပေါ်၌ “ဘောပထ ရေအားလျှပ်စစ်စီမံကိန်း”၊ လွတ်လပ်ရေးရပြီးကာလ ပဲခူးအနောက် ပဲခူးချောင်းပေါ်က “ဇောင်းတူ စီမံကိန်း” များ ဆောင်ရွက်ရန်စီစဉ်ခဲ့သော်လည်း တစ်နိုင်ငံလုံးမှာ ရောင်စုံသူပုန်များ ထကြွလာသဖြင့် စီမံကိန်းများ မအောင်မြင်ခဲ့၊ မလုပ်နိုင်ခဲ့။ ဗြိတိသျှတို့ မြန်မာကိုအုပ်ချုပ်ပြီး နိုင်ငံပိုင် သယံဇာတ ပေါင်းများစွာကို ဂုတ်သွေးစုပ်ယူသွားခဲ့သည်မှာ နှစ်ပေါင်း ရာဂဏန်း ရှိခဲ့သော်လည်း ပြန်လည် ထူထောင်ရေးအတွက် သိသာထင်ရှားသည့် ထောက်ပံ့မှုမပေးခဲ့။
ဂျပန်ကတော့ မြန်မာနိုင်ငံကို စစ်လျော်ကြေးပေးခဲ့ပါသည်။ ထို ဂျပန်စစ်လျော်ကြေးဖြင့်ပင် ၁၉၅၄ ခုနှစ်တွင် ဘီလူးချောင်း အမှတ် (၂) စက်ရုံကို စတင် ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၆၀ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာတော့ ရန်ကုန်ကို ဓာတ်အားစတင်ပေးနိုင်ခဲ့သည်။ သာစည်မှတစ်ဆင့် မန္တလေး ကိုတော့ ၁၉၆၃ ခုနှစ်မှ စတင်ပေးနိုင်ခဲ့ပါသည်။
ထို့နောက် ခေတ်အဆက်ဆက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ စွမ်းဆောင်နိုင်မှုကြောင့် ယခုအခါ တစ်နိုင်ငံလုံး စုစုပေါင်း အိမ်ထောင်စုအရေအတွက်၏ ၆၃ ဒသမ ၆၁ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများအားလုံး လျှပ်စစ်ဓာတ်အားကွန်ရက် ၁၀၀ ရာခိုင်နှုန်း ဖြန့်ကျက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။
ဆနင်းဒေသ မီးလင်းရေး
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသများ၏ အဓိကလိုအပ်ချက်များဖြစ်သော အခြေခံအဆောက်အဦများ၊ လမ်းများ၊ တံတားများ၊ စွမ်းအင်လုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး၊ သာသနာရေးလုပ်ငန်းများအား ပြည်သူများ၏ လိုလားချက်များအပေါ် အခြေခံ၍ ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိရာ မီးလင်းရေးလုပ်ငန်းသည်လည်း ဒေသခံပြည်သူများ၏ လူနေမှုဘဝများအား များစွာ အကျိုးဖြစ်ထွန်းစေလျက် ရှိပါသည်။ မီးလင်းရေးလုပ်ငန်းများတွင် လျှပ်စစ်မီးလိုင်းများ သွယ်တန်းပေးခြင်း၊ ထရန်စဖော်မာများ တည်ဆောက်ပေးခြင်း၊ ဆိုလာပြားများ တပ်ဆင်ပေးခြင်း၊ မီးစက်များဖြန့်ဝေပေးခြင်းနှင့် အသေးစားရေအားလျှပ်စစ်စက်ရုံငယ်များ တည်ဆောက်ပေးခြင်း စသည်တို့ပါဝင်ပါသည်။
ကိုးနဝင်းစေတီတော်အနီး ကျေးရွာအုပ်စု ၂ ခုရှိ ကျေးရွာပေါင်း ၁၄ ရွာ၊ လူဦးရေ ၁၅၀၀၀ ၊ အိမ်ခြေ ၂၅၀၀ တို့၏ ပညာရေး၊ ကျန်းမာရေး၊ အသိပညာ ပွင့်လင်းတိုးတက်ရေး၊ ဘက်စုံဖွံ့ဖြိုးရေး နှင့် ဒေသခံများ လျှပ်စစ်မီး သုံးစွဲနိုင်ရေးတို့အတွက် ၃ နှစ် ၆ လ စီမံကိန်းရေးဆွဲကာ ကျပ်သန်းပေါင်း ၇၉၇ ဒသမ ၈၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
စီမံကိန်းစတင်သည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၆၂ သန်းဖြင့် ပင်လုံမြို့မှ ကိုးနဝင်းစေတီသို့ ၁၁ ကေဗွီ၊ ၄၀၀ ဗို့လိုင်း ၅/၄ မိုင်သွယ်တန်းခြင်းနှင့် ၅၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံးအား တည်ဆောက်ပေးခဲ့ပါသည်။
စီမံကိန်း ဒုတိယနှစ်ဖြစ်သော ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၂၁ ဒသမ ၀၆၅ သန်း ဖြင့် ဆဟောင်းကျေးရွာအုပ်စု၊ နောင်ပန်ပိန်းကျေးရွာ၊ ဟဲနန်းကျေးရွာအုပ်စု၊ ကာဖီ နှင့် ကျူဗော်ကျေးရွာ များတွင် ၁၁ ကေဗွီလိုင်း ၁.၁၈ မိုင်အား SAC ကြိုးဖြင့် သွယ်တန်းခြင်း၊ ၄၀၀ ဗို့လိုင်း ၃ မိုင် အား ABC ကြိုးဖြင့် သွယ်တန်းခြင်း၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၄ လုံးအား တပ်ဆင်ခြင်းများဆောင်ရွက် ပေးခဲ့ပါသည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လထိ ၆ လ ဘဏ္ဍာရေးကာလ တွင်လည်း ငွေကျပ် ၁၇၃ ဒသမ ၁၀၉ သန်းဖြင့် ဟွေဆန်ကျေးရွာအတွက် ၁၁ ကေဗွီလိုင်း ၁.၅ မိုင် အား SAC ကြိုးဖြင့်၊ ၄၀၀ ဗို့လိုင်း ၁.၆ မိုင်အား ABC ကြိုးဖြင့် သွယ်တန်းခြင်း၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး တပ်ဆင်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။
ယခု ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဟွေဟကျေးရွာနှင့် ဟွေမုန်ကျေးရွာ မီးလင်းရေး လုပ်ငန်းများအတွက် ၁၁ ကေဗွီလိုင်း ၁.၈၉ မိုင်၊ ၄၀၀ ဗို့လိုင်း ၂.၅ မိုင်၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၃ လုံး အတွက် ခွင့်ပြုရန်ပုံငွေ ၂၄၁ ဒသမ ၆၄၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။
ဆက်လက်၍ ပင်လုံ - ဖက်နမ် - ကျောက်တန်း လမ်းမကြီး၏ ဝဲ / ယာ ရှိ ကျေးရွာများ လျှပ်စစ်မီး သုံးစွဲရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် “နတလ” ဝန်ထမ်း များသည် မြေပြင်ကွင်းဆင်း၍ စီမံကိန်းလုပ်ငန်းများ စနစ်တကျရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။
ဖန်မီးအိမ် နန်းချည်မကျွမ်းတော့ပြီ
ဤဒေသတွင် ဒေသခံတိုင်းရင်းသားအများစုသည် တောင်ယာလုပ်ငန်း လုပ်ကိုင်ကြပါသည်။ တောင်ယာ လုပ်ငန်းသည် ပင်ပန်းသောလုပ်ငန်း ဖြစ်၏။ နေပူပြန်လျှင်လည်း ချွေးတလုံးလုံး၊ မိုးရွာပြန်လျှင်လည်း မိုးတရွှဲရွှဲနှင့် ဆောင်းဆိုလျှင်လည်း နှင်းတစိုစိုဖြင့် နေထွက်မှနေဝင် ဆိုသလို တောင်ယာလုပ်ငန်းခွင် ဝင်ကြရသည်။ တောင်ယာမှအပြန်တွင် အလင်းရောင် ပျောက်လေပြီ။ အမှောင်ညများကို ရေနံဆီ မီးခွက်၊ ဖန်မီးအိမ် အလင်းရောင်တို့ကို အားပြု၍ စားသောက်နေထိုင်မှု အား ဖြတ်ကျော်ကြရပါသည်။ ထိုရေနံဆီမီးခွက်နှင့် ဖန်မီးအိမ်တို့တွင် အသုံးပြုသော “မီးစာ” ကို “နန်းချည်” ဟုလည်းခေါ်ပါသည်။ ၎င်းမီးစာကို အချိန်ကြာကြာထွန်းလျှင် တမြေ့မြေ့ကျွမ်းသွား လေ့ရှိသဖြင့် မီးစာကိုချွေချွေပေးရပါသည်။ မီးစာကို အပေါ်သို့ မြှင့်တင်ပေးရပါသည်။
စာရေးသူတို့ ငယ်စဉ်က သင်ကြားခဲ့ရသည့် “ရွှေဘိုနယ်မှ ကောက်စိုက်သမများ ကျူးရင့်လေ့ ရှိသော ကောက်စိုက်သမသီချင်း” တွင်ပါရှိသည်-
“ မိုးကြီးချုပ်ရင် ကြိုလှည့်လို့
မှာခဲ့တယ်လေး၊
ဖန်မီးအိမ် နန်းချည်ကျွမ်းအောင်
ထွန်းကြိုခဲ့လေး” ဟူသော စာပိုဒ်ကလေးမှာ အလင်းရောင်အတွက် ရေနံဆီ မီးခွက်နှင့် ဖန်မီးအိမ် ဗဟိုပြုရသည့် တောင်သူဘဝ၊ လယ်သမားဘဝနှင့် ကျေးလက်ဘဝကို ပီပြင်စွာ ဖော်ပြနေပါသည်။
တကယ်တော့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် တစ်မုဟုတ်ချင်း ဖန်တီးယူ၍ မရနိုင်ပါချေ။ ထို့အတူ “ခုရေတွင်းတူး၊ ခုရေကြည်သောက်ချင်” ၍လည်း မရနိုင်ပါ၊ “လက်ဖက် ကောင်းစားချင် ပလောင်တောင်တက် နှေးရသည်” ဆိုသကဲ့သို့ပင် အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ ဖြင့် တစ်ဆင့်ချင်း တက်လှမ်းမှသာ ခိုင်မာသည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်မည် ဖြစ်ပါသည်။
ယခုတော့-
နိုင်ငံတော်၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ဒေသအသီးသီးတွင် လမ်းတံတားများပေါ်ထွန်း လာပြီး ခရီးလမ်းပန်းဆက်သွယ်မှုများ ဖြောင့်ဖြူးကောင်းမွန်ခဲ့ပေပြီ။ ကျေးလက်ဒေသ၊ တောင်ပေါ် ဒေသများရှိ ကျေးရွာဒေသခံ တိုင်းရင်းသားများသည် လျှပ်စစ်မီးရရှိသုံးစွဲနိုင်ခဲ့ပေပြီ။ လျှပ်စစ်မီးရောင်၊ ဆိုလာမီး ရောင်များဖြင့် ရွာလမ်းမြေမှာ ဝင်းဝင်းဝါလျက် ရှိနေကြလေပြီ။
Mobile ဖုန်းဖြင့် Internet line များသုံးစွဲလာနိုင်ကြပြီ ဖြစ်သောကြောင့် အသိပညာများ သိသာစွာ ဖွံ့ဖြိုးပွင့်လင်း လာလေပြီ။ ရုပ်မြင်သံကြားမှ သတင်းအစီအစဉ်၊ဇာတ်လမ်း၊ပညာပေး အစီအစဉ်များကို ကောင်းမွန်စွာ ကြည့်ရှုနိုင်ကြပေပြီ။ ကျေးရွာနေ ကျောင်းသား/ ကျောင်းသူများ သည်လည်း လျှပ်စစ်မီးအလင်းဖြင့် စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ စာပေဖတ်ရှုလေ့လာနိုင်ကြပေပြီ။ ထမင်းချက်၊ ဟင်းချက် အိမ်ထောင်မှုကိစ္စများဆောင်ရွက်ရာတွင် Digital Material Accessories များ တွင်ကျယ်စွာ အသုံးပြုလာနိုင်ပေပြီ။ လျှပ်စစ်ဓာတ်အား အသုံးပြု၍တစ်ပိုင်တစ်နိုင် အသေးစား အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ကြလေပြီ။ အသိပညာပွင့်လင်းမှုကြောင့် လူငယ်၊ လူရွယ် အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲမှုလျော့နည်းခဲ့လေပြီ။
ဆိုရသော် အချိန်ကုန်သက်သာ၊ လူသက်သာခြင်း အကျိုးကျေးဇူးများအား ရရှိခံစားခဲ့ကြရ လေပြီ။
ရေနံဆီမီးခွက်နှင့် ဖန်မီးအိမ်တို့နေရာတွင် ဆိုလာမီးများ၊ လျှပ်စစ်မီးများက အစားထိုးနေရာယူ ခဲ့လေပြီ။
“ဖန်မီးအိမ် နန်းချည်မကျွမ်းတော့ပြီ” ဟု ဆိုရပါမည်။
ရိုးသားမှုဝတ်စုံ အပြည့်ဖြင့် ဤဒေသလေးသည် အမှောင်များကိုခွင်း၍ ထာဝရအလင်းဆောင် နိုင်သောဒေသ ဖြစ်ခဲ့ပြီဟု ယုံကြည်မိပါကြောင်း တင်ပြလိုက်ရပါသည်။

လှလိုက်တဲ့ “တနင်္သာရီ”
ဤလှပသောမြင်ကွင်းကို ငေးကြည့်ရင်း “အမိမြန်မာပြည်၏တောတောင်များ အစဉ်စိမ်းလန်းပြီး၊ တောင်တန်းများအမြဲခိုင်ခံ့တည်တံ့ကာ၊ ပင်လယ်ပြင်ကြီးများ ထာဝရရှင်သန်ပါစေ” ဟု ဆုတောင်းနေမိ ပါသည်။ စာရေးသူတို့စစ်ကြောင်း ရောက်ရှိနေသောတောင်ထိပ်မှ မြောက်စွန်းသို့ လှမ်းကြည့်လျှင် ထင်ထင်ရှားရှားမြင်ရသည်က တနင်္သာရီဒေသအတွင်းအမြင့်ဆုံး မိုးထိနေသည့် မြင့်မိုရ်လက်ခတ်တောင်။ ကျန်သည့်အရပ်လေးမျက်နှာတွင်လည်း တောင်ပင်လယ်အနိမ့်အမြင့်များက မျက်စိတစ်ဆုံး။

တောင်များကိုရစ်သိုင်းနေသည့် မြူနှင်းတိမ်စိုင်ကြားက တောင်တန်းများ၏အလှက အံ့ဖွယ် ပန်းချီကား တစ်ချပ်လိုပင်။ ကြီးထွားမင်းမူနေသည့် မြက်ရိုင်းပင်များက တောင်အောက်မှ ဝှေ့ရမ်းပင့် တိုက်နေသည့်လေ တဟူးဟူးနှင့်အတူ ဘယ်ညာယိမ်းနွဲ့နေကြသည်။ တောင်ထိပ်မှနေ၍ နိမ့်ဆင်း သွားသောတောင်စွယ်များကိုကျော်ကာ အန်ဒမန် (Andaman Sea) ပင်လယ်ပြင်ကြီးကို ကြည့်ရသည် မှာလည်း အလွန်အရသာရှိလှပေသည်။ ပင်လယ်ပြင်တွင် ကျွန်းငယ်လေးများက ဟိုသည်အစုအစု ရှိနေကြ၏။ ထိုကျွန်းများကား မြိတ်ကျွန်းစုများ ဖြစ်ကြပေသည်။ စိမ်းပြာသောပင်လယ် နောက်ခံတွင် မျက်စိတစ်ဆုံး ထင်ရှားလှပစွာတွေ့မြင်နေရသည်။
မုတ္တမကိုဖြတ်သန်းလျက်
တနင်္သာရီဒေသသို့ စာရေးသူတပ်မတော်သားဘဝ ၁၉၉၆- ၁၉၉၇ ခုနှစ်လောက်က ရောက်ခဲ့ ပါသည်။ ပြည်မြို့အခြေစိုက်ခြေမြန်တပ်မ၏ စစ်ကြောင်းများနှင့်အတူ ထားဝယ်၊ မြိတ်၊ ပုလော၊ ပလောက်၊ မေတ္တာ၊ ကျောက်လုံးကြီး၊ ဘန်းချောင်း၊ တနင်္သာရီ၊ ထီးထ၊ ကထောင်းနီ၊ ကွမ်းချောင်းလေး၊ ကွမ်းချောင်းကြီး၊ ကျောက်ထု၊ မြင့်မိုရ်လက်ခတ်တောင်၊ အောင်သာဝရ ဒေသတို့တွင် နယ်မြေ လုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးအတွက် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့ချိန်ဖြစ်ပါသည်။
စာရေးသူအပါအဝင် တပ်မတော်သားများ ပြည်မှ ထားဝယ်သို့ ယာဉ်တန်းများဖြင့် ချီတက်ခဲ့ ကြသည်။ ထိုအချိန်က သံလွင်မြစ်ကူးတံတား(မော်လမြိုင်) မတည်ဆောက်ရသေးပေ။
၁၆ ရာစု၊ ၁၇ ရာစုမှ ၁၉ ရာစုအထိ မြန်မာနိုင်ငံ၏ အရေးကြီးဒေသတစ်ခုဖြစ်ခဲ့ဖူးသည့် “မုတ္တမမြို့” ဆိပ်ကမ်းတွင် စစ်ကြောင်းကားများရပ်ကြရသည်။ ထိုမှမော်တော်ယာဉ်များကို “ဇက်သင်္ဘော” များဖြင့် သံလွင်မြစ် ကိုဖြတ်၍ မော်လမြိုင်ဘက်ကမ်းသို့ ကူးကြရသည်။ ထိုမှ ကားပေါ်ပြန်တက်၍ မုဒုံ၊ သံဖြူဇရပ်၊ လမိုင်း၊ ရေး၊ မလွဲတောင်၊ ကလိန်အောင်၊ ရေဖြူ၊ ထားဝယ်၊ သရက်ချောင်း၊ ဝင်းဝ၊ ပလောက်၊ ပုလော၊ ပလ တို့ကိုဖြတ်ကာ မြိတ်ဒေသသို့ ခရီးဆက်ခဲ့ရသည်။ တောတောင်လမ်းများ ဖြစ်သဖြင့် လမ်းတစ်လျှောက် တောအုပ်စိမ်းစိမ်း၊ တောင်တန်းညို့ညို့တို့က မြင်ကွင်း၌ကပ်ပါလာ ကြသည်။
ကားလမ်းများရှိသော်လည်း တောက်လျှောက်သွား၍မရသေး။ ချောင်းကူး၊ မြစ်ကူး တံတားများ မတည်ဆောက်ရသေး။ မိုးများသောဒေသ၊ မြစ်ချောင်းများပေါများသောဒေသ ဖြစ်သည်နှင့်အညီ မြစ်များ၊ ချောင်းများ ပေါများလှသည်။ ဝင်းဝရွာ၊ ပလောက်ရွာ၊ ပုလောအဝင်၊ သမုတ်၊ လော့လော့ ချောင်း၊ ကျွဲကူး၊ ကျောက်ဖျာရွာတို့တွင် ကားများကို ဇက်များ၊ ဖောင်များဖြင့်တင်၍ ဖြတ်ကူးခဲ့ရသည့် အချိန်ဖြစ်ပါသည်။ အချို့နေရာများ ကျောက်ကြမ်းလမ်းဖြစ်ပြီး မြို့များနှင့်အနီးတဝိုက်တွင်မူ ကတ္တရာ လမ်းများကိုဖြတ်သန်းရသည်။ ကျောက်ကြမ်းလမ်း၊ သဲကြမ်းလမ်း၊ ရွှံ့တန်း၊ ဗွက်တန်း၊ လှည်းလမ်း အနေ အထားမျိုးစုံကို ဖြတ်သန်းသွားရခြင်းဖြစ်ပါသည်။ ခရီးသည်ကားများ သွားလာနိုင်မှု အနည်းငယ်သာ ရှိသောကာလဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိသေးသဖြင့် အချိန်ကြာခဲ့သည်။
အလောင်းမင်းတရားကြီး၏ စစ်ချီရာလမ်းကြောင်း
“ကုန်းဘောင်ခေတ်မဟာရာဇဝင်တော်ကြီး” ၌ “ မြန်မာသက္ကရာဇ် ၁၁၂၁ ခု နှစ်တွင် ယိုးဒယား တို့က ထားဝယ်ကိုထိပါးခဲ့သည်။ အလောင်းမင်းတရားကြီးသည် ကုန်းကြောင်းဖြင့် စစ်ချီခဲ့သည်။ ဘဝရှင် မင်းတရားကြီးဘုရားသည် ထားဝယ်မြို့က ချီတော်မူသည်။ ထိုက ချီတော် မူသည့်နေ့ ကျောက်မြောင်းတွင် ချတော်မူသည်။ ထိုကမှ တောင်ပျောက်တွင် ချတော်မူသည်။ ထိုကမှ တိန်ညင် ချောင်း (ကညင်ချောင်း) တွင် ချတော်မူသည်။ ထိုကမှ ပလောင်ရွာ (ပလောက်ရွာ) တွင် ချတော်မူ သည်။ ထိုကမှ ပုလောရွာတွင် ချတော်မူသည်။ ထိုကမှ ပုလောချောင်း တွင် ချတော်မူသည်။ ထိုကမှ ဘဝတ်ရွာ (ပဝတ်ကုန်း) တွင် ချတော်မူသည်။ ထိုကမှ သကောရွာတွင် ချတော်မူသည်။ ထိုက မှ တမုတ်ရွာတွင် ချတော်မူသည်။ ထိုက ချီတော်မူသည့်နေ့ မြိတ်မြို့ကို သိမ်းယူတော်မူသည်။” ဟု ဖော်ပြထားကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုစဉ်က စစ်ချီစစ်တက် စစ်ကြောင်းကြီးများသည် တောရှင်း၊ တောနင်း၍ချီတက်ခဲ့ကြဟန်တူသည်။ လမ်းဟူ၍ ပီပီပြင်ပြင်ဖောက်ခဲ့ဟန်မတူ။ ကျွန်တော် တို့စစ်ကြောင်းယာဉ်များ ဖြတ်သန်းနေသည့် ကားလမ်းများသည်ပင်လျှင် ရှေးမြန်မာမင်းများ၏ စစ်ချီရာလမ်းကို အခြေခံ၍ဖောက်ခဲ့ကြခြင်းပင် ဖြစ်ပေလိမ့်မည်။
လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး
ဤဒေသ၏ နယ်မြေအခြေအနေကြောင့် ယခင်ကဤကားလမ်းကို ဆယ်စုနှစ်တစ်စုနီးပါး ပိတ်ထားသောမှတ်တမ်းများရှိခဲ့ပါသည်။ ကမ်းရိုးတန်းဒေသဖြစ်သဖြင့် ဒေသခံတို့သည် ပင်လယ်ရေ လမ်းခရီးကို အားကိုးအားထားပြုခဲ့ကြသည်။ ဒေသခံတို့သည်သာ နယ်မြေမအေးချမ်းမှုဒဏ်၊ မိသားစု ဘဝလုံခြုံမှုမရှိသည့်ဒဏ်ကို ခါးစည်းခံခဲ့ရသည်။ နယ်မြေမတည်ငြိမ် မအေးချမ်းမှုနှင့်အတူ ဤဒေသ တို့သည် ဖွံ့ဖြိုးမှုများနောက်ကျခဲ့ရပါသည်။
၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က တာဝန်ယူခဲ့ရာ အဓိက တာဝန်ကြီး ၄ ရပ်အနက် “ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေး ” ဟူသော တာဝန်နှင့်အညီ နိုင်ငံအနှံ့အပြား လမ်းများဖောက်ခြင်း၊ တံတားများတည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။ တနင်္သာရီဒေသတွင်မူ နယ်မြေအခြေအနေများအရ မြို့နယ်များအလိုက် အပိုင်းလိုက်ရွေးချယ်၍သာ လမ်းဖောက်၊ တံတားဆောက်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ထားဝယ်မှ မြိတ်သို့ ကားဖြင့် တောက်လျှောက် မသွားနိုင်ခဲ့သေးပေ။
၁၉၉၆ ခုနှစ်တွင် တနင်္သာရီတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ် သူရသီဟသူရစစ်မောင် တာဝန်ယူခဲ့ပါသည်။ သူသည် ဤထားဝယ်- မြိတ် ကားလမ်းကို ပီပီပြင်ပြင် အသုံးပြုနိုင်ရေး လမ်းဖောက်ရန်စီစဉ်ခဲ့သည်။ ထို့ကြောင့် ထားဝယ်မှ မြိတ်အထိ ၁၅၆ မိုင် ၆ ဖာလုံ ရှည်လျားသောလမ်းပျက်ကြီးမှာ ကောင်းမွန်သွားပြီး ရာသီမရွေးသွားနိုင်သောလမ်းမကြီးအဆင့်ဖြစ်ခဲ့ ပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုနှင့်အတူ တနင်္သာရီဒေသကား လှပဝေစည်ဖွံ့ဖြိုးတိုး တက်ခဲ့ပါသည်။
ယခုကာလတွင်မူ နယ်မြေမအေးချမ်း၊ မတည်ငြိမ်မှုကြောင့် ဤလမ်းမကြီးအား အသုံးပြုနိုင်မှု နည်းပါးနေကြောင်းသိရှိရပါသည်။ ဤဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသအနှံ့ဆောင်ရွက်ပေး လိုသော်လည်း လွတ်လပ်စွာသွားလာရန်မလွယ်ကူသည့်အခါ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် နှောင့်နှေးပေတော့သည်။ ဆိုရလျှင် နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများအား နယ်မြေအခြေ အနေ၊ ရာသီဥတုအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေ ကန့်သတ်ချက်များပေါ်မူတည် ၍ ခက်ခက်ခဲခဲဆောင်ရွက်နေရခြင်းများရှိနေပါသည်။
တည်ငြိမ်အေးချမ်းရေးကိုအခြေခံ၍
နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေး (Peace and Stability)သည် အရေးအကြီးဆုံးဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းရေးဆိုသည်မှာလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံ၍ဆောင်ရွက်ရန်လိုပေသည်။ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့သည် အပြန်အလှန်ဆက်စပ်နေပါသည်။ အလားတူ တိုင်းရင်းသား အချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှု တိုးတက်ဖြစ်ထွန်းရန်အတွက်မှာလည်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍသည် အလွန်အရေးကြီးသည့်အစိတ်အပိုင်းတွင် ပါဝင်နေပါသည်။
နယ်စပ်ဒေသအသီးသီး၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေး စသည့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့်ကဏ္ဍ အသီးသီးသည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပေသည်။ အဆိုပါလုပ်ငန်းစဉ်များ အားလုံးကို ဌာနတစ်ခုတည်းကဆောင်ရွက်ခြင်းထက် သက်ဆိုင်သည့်ဌာနအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။
ယခုအခါ “နယ်စပ်ဒေသများအပါအဝင် နယ်မြေအားလုံး အကြားအလပ်မရှိ ဆူကြုံနိမ့်မြင့်ကွာ ဟနေမှုများ လျော့နည်းကျဆင်းပြီး ပြည်ထောင်စုကြီးတစ်ခုလုံး တစ်စည်းတစ်လုံးတည်း မကွဲမပြား ညီညီညွတ်ညွတ် ဖွံ့ဖြိုးတိုးတက်ရမည်”ဆိုသည့် မွန်မြတ်သောရည်မှန်းချက်ကြောင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကဏ္ဍအသီးသီး၌ အောင်မြင်မှုတိုးတက်မှု ရရှိနေသည်ကိုလည်း တွေ့မြင်ကြရ မည်ဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးရေး
ယခုအချိန်တွင် စာရေးသူရောက်ခဲ့ ခြေချခဲ့ဖူးသည့် ဤတနင်္သာရီဒေသသည်ကားနှစ်ပေါင်း ၂၅ နှစ် ကျော်ကာလအတွင်း များစွာဖွံ့ဖြိုးတိုးတက်ခဲ့လေပြီ။ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ၁၈၈၉- ၁၉၉၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်ပေးခဲ့ပါသည်။ ဤဒေသအတွင်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေး နှစ်အထိ လမ်းတံတားလုပ်ငန်းကဏ္ဍတွင် မြေလမ်း ၄၆၂ မိုင် ၅ ဖာလုံ၊ ကျောက်ခင်းလမ်း ၃၃၁ မိုင် ၆ ဖာလုံ၊ ကျောက်ရော မြေလမ်း ၂၄ မိုင် ၅ ဖာလုံ၊ ကတ္တရာလမ်း ၃၈ မိုင် ၅ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း ၄ မိုင်၊ ကွန်ကရစ်လမ်း ၄ မိုင် ၁ ဖာလုံ၊ လမ်းတာချဲ့ခြင်း ၂၂ မိုင်၊ လမ်းပြုပြင်ထိန်သိမ်းခြင်း ၂၄၇ မိုင် ၃ ဖာလုံ၊ တံတားပြုပြင်ထိန်းသိမ်းခြင်း ၅ စင်း၊ မြေထိန်းနံရံနှင့် လှိုင်းကာနံရံတည်ဆောက် ပေးခြင်း ၁၈၇၀ ပေ၊ ကျောက်စီ၊ အုတ်စီနှင့် ကွန်ကရစ်ရေမြောင်း ၁၃၂၀ ပေ၊ တံတားကြီး ၃၃ စင်း၊ တံတားငယ် ၂၀၁ စင်း၊ Box Culvert ၄၀၈ စင်း၊ ရေပြွန် ၂၄၈ ခု ဖြစ်ပါသည်။ ထို့ကြောင့်ဒေသ၏ လမ်းပန်းဆက်သွယ်ရေးကွန်ယက်များ ပိုမိုကောင်းမွန်လာခဲ့ပေပြီ။
ကျန်းမာရေးကဏ္ဍတွင် ဆေးရုံ ၂ ရုံ၊ ဆေးပေးခန်း ၃ ခန်း၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၃ ခု တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
ပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း ၇ ကျောင်း၊ အလယ်တန်းကျောင်း ၇ ကျောင်း၊ မူလတန်းကျောင်း ၅၀ ကျောင်း တည်ဆောက်ပေးခဲ့ပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် စိုက်ပျိုးရေးစခန်း ၁ ခု၊ စိုက်ပျိုးမြေဖော်ထုတ်ခြင်း ၂၀၀ ဧက၊ စိုက်ပျိုးရေသွယ် ယူခြင်းလုပ်ငန်း ၁၂ မိုင်၊ မီးလင်းရေးကဏ္ဍတွင် မီးရရှိရေးဆောင်ရွက်ပေးခဲ့သည့်မြို့ ၂ မြို့၊ ဆိုလာ နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း ၃၁၇၂ စုံ ဖြစ်ပါသည်။
ပြည်သူ့ဆက်ဆံရေးကဏ္ဍတွင် ရုပ်မြင်သံကြားထပ်ဆင့်ထုတ်လွှင့်စက်ရုံ ၁၀ ရုံ၊ စာကြည့်တိုက် ၂ လုံး၊ တည်ဆောက်ရေးကဏ္ဍတွင် မြို့တည်ဆောက်ရေး ၆ မြို့၊ သောက်သုံးရေရရှိရေးလုပ်ငန်း ၇၁ ခု၊ တန်ဖိုးနည်းအိမ်ရာ ၂၂ လုံး၊ ဝန်ထမ်းအိမ်ရာလုံးချင်း ၁ လုံး၊ ၂ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၂၂ လုံး၊ ၆ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၁ လုံး နှင့် သာသနာရေးကဏ္ဍတွင် ဘုန်းတော်ကြီးကျောင်း ၁၇ ကျောင်း ဆောက်လုပ်ခြင်း၊ အခြားသာသနိကအဆောက်အဦများ ပြုပြင်မွမ်းမံခြင်း ၅ ခု တို့အား ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။
နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေအားဖြင့် ကျပ်သန်းပေါင်း ၄၆၆၁၄ ဒသမ ၅၆ သန်း ကျခံသုံးစွဲပေးခဲ့ ပြီးဖြစ်သည်။ ဆက်လက်ဆောင်ရွက်ပေးရန်ကဏ္ဍများလည်း များစွာကျန်ရှိနေပေသေးသည်။
ဆလုံကျေးရွာများ
ဤဒေသ၏ ထူးခြားမှုတစ်ခု၌ “ပင်လယ်ပျော်ဆလုံတိုင်းရင်းသား”တို့ ပါဝင်ပါသည်။ မြိတ် ကျွန်းစုများတွင် ဆလုံတိုင်းရင်းသားများ နေထိုင်သည်ဆိုသောအသိအမြင်ကို ကလေးအရွယ်ကပင် ကျောင်းစာအုပ်ထဲ၌ ဖတ်ခဲ့မှတ်ခဲ့ရသည်။ မြန်မာတိုင်းရင်းသားအစ “ပျူ၊ မွန်၊ မြန်မာ၊ သက်” ဟူသော လူမျိုးကြီး ၄ စုအနက် ဆလုံတိုင်းရင်းသားတို့မှာ “သက်” လူမျိုးတို့မှတစ်ဆင့် ဆင်းသက်လာခဲ့သည်ဟု မှတ်သားခဲ့ဖူးပါသည်။ ဆလုံတိုင်းရင်းသားတို့ကို “မော်ကင်း” ဟုလည်းခေါ်ကြသည်။ ပင်လယ်နှင့် အနီးနားတွင်နေ၍လား မသိ၊ ပင်လယ်ပျော်တို့၏အသားအရောင်မှာ အညိုရောင်သန်းနေကြသည်။ သစ်ထွင်းလှေတွေထဲ၌ သူတို့မိသားစုများကအိမ်အဖြစ် နေထိုင်ကြသည်။ လွတ်လပ်မှုကို မြတ်နိုးကြ ၏။ တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြသည်။ အိမ်ထောင်ရေးဖောက်ပြန်မှုကို လုံးဝလက်မခံ ပေ။ လူကြီးလူငယ်မရွေး မအားမနေဘဲ အမြဲအလုပ်လုပ်နေသော တိုင်းရင်းသားများပင်။ အားလုံးစုပေါင်းဝိုင်းဝန်း ၍ ညီညွတ်စွာလုပ်ဆောင်လေ့ရှိကြသည်။ သို့သော် စာတတ်မြောက်မှုတော့ နည်းပါးနေပါသေးသည်။
ဆလုံလူမျိုးတို့သည်ကား မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သောပြယုဂ်တစ်ခုပင်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသားဖြောင့်မတ်မှုကို တုနှိုင်းရန်အရာမရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများ ထင်ရှားနေခြင်းဖြစ်ပါသည်။ ဆလုံလူမျိုးတို့သည် နေရာအတည်တကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ဝမ်းစာ အတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်ကြသည်။ ပင်လယ်ခရု၊ ကမာ(မုတ်)ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင် များကို ရှာဖွေစုဆောင်း ရောင်းချလေ့ရှိသည်။ ထို့ကြောင့် Men of the Sea ဟုပင် ခေါ်ဆို နိုင်ပါသည်။
ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီးရှိ ကျွန်းစုများတွင်လည်း မြင်တွေ့နိုင်ပါသည်။
ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်ရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်တို့ရှိ ကတန်ကျွန်း၊ ဒုံးကျွန်း၊ တနင်္သာရီကျွန်း၊ ကော့သောင်းမြို့နယ်ရှိ ဆလုံကျွန်းစု၊ ဇာဒက်ကြီး၊ ဇာဒက်လေး၊ ဂျလန်းကျွန်း၊ မကြုံဂလက်ကျေးရွာတို့တွင် ဆလုံတို့ စုစုခဲခဲ နေထိုင်လျက်ရှိကြသည်။
ပင်လယ်ပျော်တို့ဒေသဖွံ့ဖြိုးရေး
ထိုဆလုံကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဇာဒက်ကြီးကျွန်းရှိ ဆလုံတိုင်းရင်းသား များအတွက် အခြေခံပညာမူလတန်းကျောင်းနှင့် ကျောင်းဆောင်များဆောက်လုပ်ပေးခြင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆလုံကျေးရွာရှိ အိမ်ခြေ ၂၂၀ မီးလင်းရေးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ ဇာဒက်ကြီးကျွန်းရှိ ဆလုံကျေးရွာ ရေရရှိရေးအတွက် ရေသွယ်တန်း ပေးခြင်း၊ ၂၀၂၁- ၂၀၂၂ တွင် မကြုံဂလက်ရွာနှင့် ညောင်ဝိရွာတို့အတွက် ဆိုလာ ၁၄၁ စုံနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင် ပေးခြင်း၊ ၂၀၂၂- ၂၀၂၃ တွင် ဆလုံကျေးရွာများဖြစ်သည့် မကြုံဂလက်၊ ညောင်ဝိ၊ ဇာဒက်ကြီးနှင့် ဂျလန်း စသည့်ကျေးရွာများတွင် တန်ဖိုးနည်းအိမ်ရာ ၈၀ လုံး တည်ဆောက်ပေးခြင်းနှင့် Aluzinc သွပ်၊ ရိုးရိုးသွပ် များထောက်ပံ့လှူဒါန်းခြင်းတို့အပြင် ဇာဒက်ကြီးကျွန်းပေါ်ရှိ ဆလုံကျေးရွာများ ရာသီမရွေးသောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် စမ်းကြီးချောင်းအားပိတ်ပြီး ရေတားတမံ တည်ဆောက်ကာ ၄ မိုင် ရေသွယ် ယူခြင်းလုပ်ငန်းတို့အား တည်ဆောက်ပေးခဲ့ပြီးဖြစ် ပါသည်။ ထို့ကြောင့် ဆလုံတိုင်းရင်းသားကျေးရွာများ ဖွံ့ဖြိုးရေးအတွက် ကျပ်သန်းပေါင်း ၄၁၆ ဒသမ ၃၆၉ သန်း သုံးစွဲဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအပြင် ဒေသ၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက် ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး၏ တိုင်းဒေသကြီးအတွင်းရှိဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ခဲ့သည့်ခရီးစဉ်များတွင် ဇာဒက်ကြီးကျွန်းပေါ်ရှိ ဆလုံတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူကလေးများ အတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း ပေးခဲ့ပါသည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များသို့ ဆလုံတိုင်းရင်းသား ၃ ဦး၊ တိုင်းရင်းသူ ၄ ဦး စုစုပေါင်း ၇ ဦး တက်ရောက် ပညာသင်ယူခဲ့ပြီး ဘွဲ့များ အသီးသီးရရှိကာ ဝန်ကြီးဌာနအသီးသီးတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေ ကြလေပြီ။ ယခင်က စာတတ် မြောက်မှုနည်းပါးခဲ့သော်လည်း နိုင်ငံတော်၏စီစဉ်ပေးမှုဖြင့် ယခုအခါ ဆလုံတိုင်းရင်းသားပညာတတ်များ ပေါ်ပေါက်ခဲ့လေပြီ။
အကောင်းဆုံးခရီးသွားလုပ်ငန်း
တနင်္သာရီကမ်းရိုးတန်း၌ ထူးခြားထင်ရှားသော ကျွန်းကြီး၊ ကျွန်းငယ်များ အမြာက်အမြားရှိနေ သည်။ အချို့ကျွန်းများမှာ မူလသဘာဝအတိုင်း ရှိနေဆဲပင်ဖြစ်သည်။ ကျွန်းစုများ သဘာဝအတိုင်း တည်ရှိနေကြသည်။ သန္တာကျောက်တန်းများ ရှင်သန်ဖွံ့ဖြိုးနေကြသည်။ သဘာဝမျိုးကွဲ၊ မျိုးစိတ်များ၊ ရေနေသတ္တဝါများ ပေါများစွာတည်ရှိနေကြသည်။ ထိုကဲ့သို့ တနင်္သာရီကမ်းရိုးတန်းရှိကျွန်းများ သဘာဝ အတိုင်းတည်ရှိနေခြင်းသည်ပင် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ မပျက်စီးသေးသော သဘာဝ အမွေအနှစ်များဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများတွင် အကောင်းဆုံးခရီးစဉ်တစ်ခု ဖြစ်လျက်ရှိနေပါသည်။
သဘာဝအတိုင်းတည်ရှိသော တနင်္သာရီကမ်းရိုးတန်းခရီးစဉ် ဖွံ့ဖြိုးတိုးတက်လာရေးတွင် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့ကောင်းမွန်မှု နှင့် ပြည်တွင်းပြည်ပခရီးသွားများ ဆက်သွယ် သွားလာရာ၌ လမ်းပိုင်းများ အဆင့်မြင့်မြင့်ဖြင့် ဖြောင့်ဖြူးကောင်းမွန်ရန် လိုအပ်ပါသည်။
စိမ်းလန်း ခိုင်ခံ့ ရှင်သန်စေရန်
ထိုသို့ဖြစ်စေရန် နယ်မြေတည်ငြိမ်အေးချမ်းရန်တော့ အထူးလိုအပ်လှပါသည်။ အဘယ့်ကြောင့် နည်း။ ဆိုရသော် ငြိမ်းချမ်းသော ရပ်ရွာများ၌သာ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ခွင့်ရရှိနိုင်ပါလိမ့် မည်။ ဒေသတွင်းနယ်မြေဝန်းကျင်မှာ ညီညွတ်ခြင်းတေးသံများ ပျံ့နှံ့နေရန်လိုသည်။ သို့မှသာ ညီညွတ် ခြင်း၏အသီးအပွင့်ကို ဒေသခံများ ခံစားခွင့်ရကြပါလိမ့်မည်။ အချင်းချင်း မညီမညွတ် မငြိမ်းချမ်း သရွေ့ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်၍မရ၊ ဖွံ့ဖြိုးရေးကို ဖော်ဆောင်၍မရပေ။
အချင်းချင်း မေတ္တာတရားရှိမှသာလျှင် သဘာဝအလှတရားများကို ခံစားနိုင်ပါလိမ့်မည်။ ငြိမ်းချမ်း နိုင်ပါလိမ့်မည်။ အမုန်းတရားတို့သည် အလုံးစုံပျက်စီးခြင်းသို့သာ ဦးတည်စေပါသည်။ အမှောင်တံတိုင်း ထဲက လွတ်မြောက်၍ အလင်းရောင်အောက်ရောက်ပြီးမှ အမှောင်တံတိုင်းနောက်သို့ ပြန်ရောက်သွား သည့်ဒေသများစွာ လည်းရှိနေပါသည်။ အတိတ်ဖြစ်စဉ်တို့ကို သင်ခန်းစာရယူ၍ ပစ္စုပ္ပန်တွင် သိရှိနားလည် ပြုပြင်မှသာ နောင်အနာဂတ်ကာလ သားစဉ်မြေးဆက် သာယာအေးချမ်းဖွံ့ဖြိုးသည့်အကျိုးကို ခံစားရ ပေမည်။
လှပသောတနင်္သာရီတိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ “ အမိမြန်မာပြည်၏ သစ်ပင် သစ်တောများ အစဉ်စိမ်းလန်းပြီး၊ တောင်တန်းကြီးများ အမြဲခိုင်ခံ့တည်တံ့ကာ၊ ပင်လယ်ပြင်ကြီးများ ထာဝရ ရှင်သန်ပါစေ ” ။