ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

တိုင်းရင်းဆေးပညာဖြင့် ဥတုရာသီအလိုက် ကျန်းမာရေးစောင့်ရှောက်ခြင်း
-

တိုင်းရင်းဆေးပညာအမြင်အရ ရာသီဥတုသဘောသဘာဝနှင့် ရာသီဥတုအလိုက် ဖြစ်ပေါ်ကျရောက်တတ်သောရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ လိုက်နာနိုင်ရန်အချက်များနှင့် ရှောင်ကြဉ်နိုင်ရန်အချက်များကို ပြည်သူလူထုသိရှိနိုင်ရန် ရည်ရွယ်၍ တိုင်းရင်းဆေးပညာဖြင့် ဥတုရာသီအလိုက် ကျန်းမာရေးစောင့်ရှောက်ခြင်းအား ရေးသားဖော်ပြလိုက်ပါသည်။ တိုင်းရင်းဆေးပညာအရ ဆောင်းဥတု၏ ကာလအပိုင်းအခြားမှာ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ လေးလသည် ဆောင်းဥတုဟု ဆေးကျမ်းများတွင် ခေါ်ဆိုပိုင်းခြားထားပါသည်။

ဆောင်းဥတု၏သဘာဝလက္ခဏာများ

ဥတုဘောဇနသင်္ဂဟ ဆေးကျမ်းအလိုအရ ဆောင်းဥတု၏ သဘာဝလက္ခဏာများကို ဖော်ပြရလျှင် ဆောင်းဥတု၏အစဖြစ်သော တန်ဆောင်မုန်းလ၏ ဒုတိယလတစ်ဝက်သည် သာယာကြည်နူးဖွယ်ကောင်းသော ရာသီကာလဖြစ်ပါသည်။ နှင်းများကျလိုက်၊ မိုးများရွာလိုက် ဖြစ်နေတတ်ပါသည်။ သို့မို့ကြောင့်ပင် ရှေးတောင်သူဦးကြီးများက “တန်ဆောင်မုန်းတွင်၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်” ဟု ဆောင်ပုဒ်ပြုခဲ့ကြပါသည်။ ဆိုလိုရင်းမှာ ခြောက်သွေ့မှုမရှိဘဲ အေးနေခြင်းဟု ဆိုလိုသောကြောင့် စိုစွတ်၍ အေးမြသောအချိန်ဖြစ်ပါသည်။

ထိုအချိန်တွင် အနောက်တောင် မုတ်သုံရာသီလေသည် အပြီးအပိုင်ဆုတ်ခွာသွားခဲ့ပြီဖြစ်ပါသည်။ အေးမြသော မြောက်ပြန်လေညင်းကလေးသည် တသုန်သုန် တိုက်ခတ်စပြုလာပြီဖြစ်ပါသည်။ ပြာသိုလနှင့် တပို့တွဲလများတွင် ပြင်ပလောကကြီးမှာ အအေးဓာတ်ပို၍ လွှမ်းမိုးလာပါသည်။ တန်ဆောင်မုန်းလနှင့် နတ်တော်လများမှာ မြောက်လေတိုက်ခတ်လာပြီး ဆီးနှင်းများအလွန်ကျကာ ပြာသိုလနှင့် တပို့တွဲလများ ရောက်သည့်အခါတွင် ဆီးနှင်းများကျခြင်း နည်းပါးသွားပါသည်။

ဆောင်းဥတု၌ကျန်းမာနေကြောင်းနှင့် မကျန်းမာကြောင်း သိသာနိုင်သော ယေဘုယျလက္ခဏာများ

၎င်းအပြင် ဆောင်းဥတု၌ လူအများတွင် ကျန်းမာနေကြောင်းနှင့် မကျန်းမာကြောင်း သိသာနိုင်သော ယေဘုယျလက္ခဏာများကိုလည်း ရေးသားဖော်ပြရလျှင်-

ယခုကဲ့သို့ ဆောင်းဥတုအအေးနယ်တွင် လူများ၏ ကိုယ်ခန္ဓာတွင် အအေးအုပ်စိုးပါက ကျန်းမာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနလုံး အပူချိန်လျော့ပါးနေရမည် ဖြစ်သည်။ ဆောင်းဥတုသဘောအရ လူများတွင် တွေ့နိုင်သော လက္ခဏာများမှာ ရေမငတ်ခြင်း၊ ချွေးမထွက်ခြင်း၊ ဆီးအရောင်ဖြူပြီးများခြင်း၊ အသားများပပ်၍ ကြမ်းပြီးခြောက်နေခြင်း၊ ကိုယ်သားကိုယ်ရေ ပူနွေးနေခြင်း၊ ဝမ်းမီးကောင်းသောဥတုဖြစ်သောကြောင့် စားလိုက်သော အစား အသောက်များ စားသောက်ကောင်းခြင်းစသည့် လက္ခဏာများသည် ကျန်းမာသူတို့၏ လက္ခဏာများဖြစ်သည်။ ထိုကဲ့သို့မဟုတ်ဘဲ ဆောင်းဥတုတွင် ဆီးပူခြင်း၊ ဆီးဝါခြင်း၊ ဆီးနည်းခြင်း၊ ကိုယ်သားကိုယ်ရေအေးခြင်း၊ ချွေးထွက်များခြင်း၊ ရေငတ်ခြင်း၊ အစားအသောက်ပျက်ခြင်းများ တွေ့ရှိပါက မကျန်းမာသူတို့၏ လက္ခဏာများဖြစ်သည်။

ဆောင်းဥတုတွင် ဖြစ်ပွားတတ်သောရောဂါများနှင့် သောက်သုံးသင့်သော ဆေးဝါးများ

ဆောင်းဥတုတွင် ဖြစ်ပွားတတ်သော ရောဂါများမှာ တုပ်ကွေး၊ အအေးမိနှာစေး၊ ချောင်းဆိုး၊ အဆုတ်ရောင်၊ သလိပ်ဖျား၊ ရင်ကျပ်ပန်းနာရောဂါ၊ ချမ်းဖျားတုန်ဖျား၊ အူရောင်ငန်းဖျား၊ ဝက်သက်ဖျား စသောရောဂါများ ဖြစ်ပွားတတ်ပါသည်။ ၎င်းရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အေး၊ ချို၊ ချဉ်၊ ငန် အရသာရှိသော ဆေးဝါးအစာတို့ကို မှီဝဲသင့်ပါသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၁) မက်လင်ချဉ်သလိပ်ပုပ်ပျောက်ဆေး၊ တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်(၇) နွယ်ချို ကဲဆေးတို့ကို တိုင်းရင်းဆေးပညာရှင်များ ညွှန်ကြားသည့်အတိုင်း သောက်သင့်ပါသည်။ ကြိုတင် ကာကွယ်သည့်အနေဖြင့် ငရုတ်သီးမထည့်ဘဲ ရှောက်သီးသုပ်၊ သံပရာရည်၊ ကြာဆံဟင်းခါး၊ ပတဲကောဟင်းချို၊ ကန်စွန်းရွက်ကြော်စသည်များကို ချက်ပြုတ်စားသောက်သင့်ပါသည်။ ဥတုဖျားဖြစ်ပါ က ကွမ်းရွက်သတ္တုရည် ဟင်းစားဇွန်း တစ်ဇွန်းနှင့် ချင်းပြုတ်ရည်ကို ဆားနည်းနည်းထည့်ပြီး အကြမ်းတစ်ပန်းကန်လုံးစာ တစ်နေ့သုံးကြိမ် သောက်ပေးသင့်ပါသည်။ ၎င်းအပြင် ချွေးသင့်ရုံထွက်ရန်အတွက် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၆) ဟလိဒ္ဒ စုဏ္ဏငန်းဆေးကို တစ်ကြိမ် ငါးပြား တစ်နေ့ သုံးကြိမ်၊ ကွမ်းရွက်၊ ထန်းလျက်ပြုတ်ရည်တို့နှင့် သောက်သင့်ပါသည်။ တုပ်ကွေးဖျားဖြစ်လျှင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်လုပ်သော ဝိသမအဖျားပျောက်ဆေးကို နီးစပ်ရာ တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများတွင် အခမဲ့ရယူ၍ ဆရာ ဆရာမများ၏ ညွှန်ကြားချက်အတိုင်း သောက်နိုင်သည်။

၎င်းအပြင် ရှေးဆေးကျမ်းများတွင် ဆိုထားသည့် ဆောင်းဥတုအတွက် စားသုံးနိုင်ရန် သင့်မြတ်သော ဆေးဝါးများကို ဖော်ပြရလျှင် ကြစုသီးနှင့် ချင်းခြောက်ကို စားသုံးသင့်သည်ဟု ဆိုထားပါသည်။ နရသုခိဆေးကျမ်းအရ “ဆောင်းတွင်းရောက်သော်၊ ဖျောက်ဆိတ်သက်ရင်း၊ သင်းဝင်ပေါက်ဖြူ၊ နံ့သာဖြူ၊ တပဆေး၊ နည်းပေး သင့်စွာ၊ ထောက်ရှာ၊ ပညာလင်္ကာ၊ ခြောက်ဖြာ ပေါင်းဖွဲ့၊ သီဆိုခဲ့သည့်၊ ၁၂ရာသီ၊ ဆေးကိုမှီလော့”ဟု ဖော်ပြထားပါသည်။

စားသုံးသင့်သော ဓာတ်စာများ

ဆောင်းဥတုတွင် စားသုံးသင့်သော အစားအစာများကို ဖော်ပြရလျှင် သံပရာသီး၊ ရှောက်သီး၊ ဘူးရွက်၊ ကန်စွန်းရွက်၊ မုန်လာ၊ မုန်ညင်း၊ ခရမ်းချဉ်သီး၊ ကျောက်ဖရုံ၊ ခဝဲ၊ ပုံလုံ၊ ကင်းပုံရွက်၊ ဆလတ်ရွက်၊ ကျီးအာရွက်၊ ကုလားမျက်စိ၊ ဟင်းနုနယ်၊ ကန့်ကလာ၊ သင်္ဘောသီးမှည့်၊ ကျွဲကော၊ လိမ္မော်၊ ကမ္ဗလာ၊ ရှောက်ချို၊ စပျစ်သီး စသည်တို့ဖြစ်ပါသည်။ စားသင့်သော အသားငါးများမှာ ငါးခူ၊ ငါးကြင်း၊ ငါးရံ့၊ ငါးသိုင်း၊ ဆိတ်သား၊ ကြက်သား စသည်တို့ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်၊ အသားငါးများကို အချိုသဘော၊ အချဉ်သဘော၊ အရည်သောက်သဘော ချက်စားသင့်ပါသည်။ ပြင်ပမှ အအေးဒဏ်ခံနိုင်စေရန် တပို့တွဲလပြည့်နေ့တွင် ထမနဲ ပွဲတော်များပြုလုပ်ပြီး ပူ၊ ဆိမ့်အရသာရှိသော ထမနဲကို ဓာတ်ခံအားကောင်းစေရန် ရာသီစာအဖြစ်လည်း စားသောက်ကြပါသည်။

ရှောင်ကြဉ်သင့်သော အစားအသောက်များ

ဆောင်းဥတုတွင် ရှောင်ကြဉ်သင့်သော အစားအသောက်များမှာ အပူအစပ်၊ အကြော်အလှော်၊ အခြောက်အခြမ်း၊ ဖန်၊ ဖွဲ့၊ ချုပ်စေတတ်သော အစားအစာများ ရေခဲမုန့်၊ ငှက်ပျောသီးနှင့် သွေးတက်စေသည့် ဝက်သား၊ ဘဲသား၊ အမဲသားများကို လွန်ကဲစွာ မစားရန်လိုပါသည်။ ဆေးကျမ်းများအလို အရ ရာသီဥတုအလိုက် ဓာတ်အကြိုက်၊ အစာအာဟာရအပြင် မိမိ၏ မူလရုပ်ဓာတ်ခံကိုကြည့်၍ စားသုံးသင့်ပါသည်။ အအေးလွန်ကဲသောရာသီတွင် အအေးမိခံခြင်း၊ ပန်ကာလေခံခြင်း၊ လေအေးပေးစက်ခံခြင်း၊ ရေအလွန်အကျွံချိုးခြင်းများ ရှောင်ကြဉ်ရပါမည်။

လိုက်နာသင့်သည့်အချက်များ

ဆောင်းဥတုတွင် လိုက်နာသင့်သည့် အချက်များမှာ အိပ်ရေးပျက်မခံရန်လိုပါသည်။ သို့သော် ဆောင်းကာလတွင် အအိပ်များလျှင် ရောဂါထူတတ်သည့်အတွက်လည်း လိုအပ်သည်ထက်ပို၍ မအိပ် စက်သင့်ပါ။ ဝမ်းချုပ်မခံခြင်း၊ လေစိမ်းတိုက်မခံခြင်းနှင့် ရေချိုးမမှားရန် အလွန်အရေးကြီးပါသည်။ နွေးနွေးထွေးထွေးနေရန် လိုအပ်ပါသည်။ အညောင်းအထိုင်မများရန် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရန် အရေးကြီးပါသည်။ ၎င်းအပြင် ဣရိယပုတ်များ မျှတအောင် နေထိုင်သင့်ပါသည်။

အေးသောဥတုတွင် ခရီးသွားလာသည့်အခါများ၌လည်း အေးသောလေ မတိုးရအောင် အအေးမမိအောင် နွေးထွေးသည့်အစီအမံများ ပြုလုပ်၍ သွားရန်လိုပါသည်။ ၎င်းအပြင် နံ့သာဖြူ၊ ကရမက်၊ အကျော် စသော အမွှေးနံ့သာတို့ကိုလည်း လိမ်းကျံသင့်ပါသည်။ အထူးသတိပြုရန်မှာ အအေး မမိအောင်နေပါ၊ အိပ်ရေးဝဝအိပ်ပါ၊ အာဟာရပြည့်ဝအောင်စားပါ။ အထက်ပါနည်းများအတိုင်း ပြုမူနေထိုင်စားသောက်သွားပါက ဟေမန္တဟုခေါ်သည့် ဆောင်းဥတုကာလတွင် ရောဂါဘယ ကင်းကင်းရှင်းရှင်းနှင့် နေထိုင်သွားနိုင်မည်ဖြစ်၍ တိုင်းရင်းဆေးပညာအရ အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန် ရေးသား တင်ပြလိုက်ပါသည်။ ။

ကိုးကားကျမ်း

- ဥတုဘောဇနသင်္ဂဟကျမ်း/လက်တွေ့အသုံးချ မြန်မာ့နက္ခတ်ဆေးပညာကျမ်း

- အခြေခံ ကျန်းမာရေးဝန်ထမ်းများအတွက် အခြေခံတိုင်းရင်းဆေးပညာသင်တန်း လက်စွဲစာအုပ်

- တိုင်းရင်းဆေးကုဌာနသုံးဆေးနည်းများ စာအုပ်

- လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ ပေါင်းချုပ်အတွဲ(၁)

- မြန်မာ့တိုင်းရင်းဆေးနှင့် တုပ်ကွေးရောဂါ လက်ကမ်းစာစောင်

- မြန်မာစကားပုံများစာအုပ်

- နရသုခိဆေးကျမ်း

Source: moi.gov.mm
 
နေနေနိုင်ရည်၊ မိုးမိုးသန်း၊ ရီရီစန်း(တိုင်းရင်းဆေး)

မျက်ကြောလိုက်ခြင်းအကြောင်းရင်းနှင့် ကာကွယ်ရန်နည်းလမ်းများ
-

ယနေ့ခေတ်လူငယ်တွေကြား ဂိမ်းကစားတာက အတော်ခေတ်စားလာပါတယ်။   ကွန်ပျူတာနဲ့  ဂိမ်းကစားတာထက်   ဖုန်းနဲ့ဂိမ်းကစားတဲ့သူပိုများလာ တယ်။ ကားစောင့်ရင်း၊ ကားစီးရင်း၊ မုန့်ဆိုင်ထိုင်ရင်း၊ ထမင်းစားရင်း၊ မိတ်ဆွေတွေနဲ့တွေ့ရင်း ဘာလုပ်လုပ် လက်ကနေ   ဖုန်းကိုမချတမ်း   အသုံးပြုနေသူတွေပတ်ဝန်းကျင်မှာ မြင်‌တွေ့လာရပါတယ်။

တချို့မိဘတွေက အလုပ်မအားလို့ ကလေးနေရင်ပြီးရော  ဖုန်းစိတ်ကြိုက်ပေးသုံးထားတတ်ကြတယ်။ နယ်သာလန်နိုင်ငံမှာ   အသက် ၁၄  နှစ်နဲ့အောက်၊ ဩစတြေးလျနိုင်ငံမှာ  အသက်   ၁၆   နှစ်နဲ့အောက် လူငယ်တွေ လူမှုမီဒီယာ၊  ဂိမ်းမသုံးရဆိုပြီး ညွှန်ကြားချက် ထုတ်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အစာစားချိန်မမှန်၊ ညမအိပ်ဘဲ ဂိမ်းကစားလို့ အရေးပေါ်အခြေအနေအထိဖြစ်လာတဲ့ကလေးတွေရှိလာတယ်။ နိုင်ငံတကာမှာလည်းတွေ့ နေရပါတယ်။  အဲဒီတွေ့မြင်ရတဲ့အထဲမှာ မျက်ကြောလိုက်တာအဖြစ်များပါတယ်။

မိဘတွေက   မျက်ကြောလိုက်မှာစိုးလို့   သား၊ သမီးတွေကို ဂိမ်းကစားတာကန့်သတ်ပေးချင်ပေမယ့် ပြောစကားနားမထောင်တဲ့    ကလေးတွေလည်းရှိ ပါတယ်။  မျက်ကြောလိုက်တာကြောင့်    ရုပ်ရည်သွင်ပြင်ကြည့်ရဆိုးတာမျိုးမဖြစ်အောင် ကလေးတွေ ကို သေချာရှင်းပြပြီး ဆုံးမသွန်သင်သင့်ပါတယ်။

ဂိမ်းကစားလွန်းသူတွေ၊ တီဗွီကို နေ့မနား ညမအား အနီးကပ်ကြည့်သူတွေမှာ မျက်ကြောလိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဂိမ်းကစားချိန်မှာ Screen ကို  အချိန်ကြာကြာ   အာရုံစိုက်ပြီးကြည့်ရတယ်။ အဲဒီတော့ မျက်လုံးညောင်းလာမယ်။ ညောင်းလာတော့ မျက်လုံးကို အနားယူပေးဖို့အတွက် ပုတ်ခတ်ပုတ်ခတ်လုပ်ရာကနေ မျက်လုံးသဘာဝအရ     မျက်ကြောလိုက်သလိုမျိုးဖြစ်လာပါတယ်။ ဒီတော့ မျက်လုံးကိုအနားပေးဖို့လိုအပ်ပါတယ်။

မျက်ကြောလိုက်ရတဲ့အကြောင်းရင်းက မျက်လုံး ကို  အနားမပေးလို့ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်တစ်ခု လုံးမှာ ခြေထောက်တွေက လမ်းမလျှောက်တော့ဘူး ဆိုရင်  အနားရမယ်။ လက်ကလည်း စာမရေးတော့ ဘူး၊   အလုပ်မလုပ်တော့ဘူးဆိုရင်   အနားရတယ်။မျက်လုံးက  အဲဒီလိုမဟုတ်ဘူး။   ထိုင်နေရင်လည်း အလုပ်လုပ်ရတယ်။ စာဖတ်တာ၊ ကွန်ပျူတာအသုံးပြုနေချိန်ဆိုရင်လည်း မျက်လုံးကအလုပ်လုပ်နေရတယ်။ မျက်လုံးကို ပိတ်မထားမချင်း အလုပ်လုပ်နေ ရတဲ့ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

စာဖတ်တာ၊  ကွန်ပျူတာကြည့်တာ၊  ဖုန်းသုံးတာ၊ ဂိမ်းကစားတာတွေများလာတဲ့အခါမှာ   မျက်လုံးက ညောင်းလာတယ်။ အဲဒီအချိန်မှာ မျက်လုံးက ပုတ်ခတ် ပုတ်ခတ်ဖြစ်လာတတ်တယ်။ ခြေထောက်က အရမ်း ညောင်းလာတဲ့အချိန်မှာ ခြေထောက်ကြွက်သားတွေ တုန်လာသလို မျက်လုံးကလည်း ညောင်းပြီး ဖွင့်လိုက်၊ ပိတ်လိုက်မကြာခဏဖြစ်လာတယ်။ ဒါကိုမျက်ကြောလိုက်တယ်လို့ပြောတတ်ကြတယ်။ ဒါက မျက်လုံးကိုအနားပေးသင့်တဲ့အချိန်မှာ အနားမပေးလို့ဖြစ်ရတာ ဖြစ်ပါတယ်။

နောက်ထပ်ဖြစ်နိုင်တဲ့အချက်ကအာရုံကြောကြောင့်ဖြစ်တဲ့ မျက်ကြောလိုက်တာပဲဖြစ်ပါတယ်။ဦးနှောက်နံပါတ်(၇) အာရုံကြောမှာ ထိခိုက်မှုတစ်ခုခု ဖြစ်ရင်  ဆေးပညာအခေါ်အဝေါ်   Blepharospasm လို့ခေါ်တယ်။  လိုအပ်တာထက်ပိုပြီး   မျက်လုံးကိုလှုံ့ဆော်မှုများတဲ့ဖြစ်စဉ်မျိုးတွေမှာလည်း မျက်ကြောလိုက်သလိုပြဿနာမျိုး ဖြစ်တတ်ပါတယ်။

နောက်တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေရှိနေတာကြောင့်မျက်လုံးမှာ တစ်ခုခုဖြစ်နေတယ်လို့ထင်ပြီး မျက်လုံးကိုပုတ်ခတ် ပုတ်ခတ်လုပ်ရင်းကနေ မျက်ကြောလိုက်သလိုဖြစ်နေတတ်ပါတယ်။

မျက်ကြောလိုက်တာနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်လို့ရသလား။ အမှိုက်ဝင်တာဆိုရင်တော့ ကာကွယ်လို့မရပါဘူး။ ဒါက မတော်တဆဖြစ်တတ်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။

မျက်လုံးညောင်းတာ    မဖြစ်အောင်ဆိုရင်တော့ မျက်လုံးကိုအနားပေးတာ၊  အချိန်ကန့်သတ်ပြီး မျက်လုံးကိုအသုံးပြုတာတွေ ပြုလုပ်မယ်ဆိုရင် မျက်ကြောလိုက်တာကို ကာကွယ်နိုင်ပါတယ်။

နံပါတ်(၇) အာရုံကြောလှုံ့ဆော်မှုဖြစ်လာလို့ မျက်ကြောလိုက်တာဆိုရင်လည်း  ကာကွယ်လို့မရပါဘူး။  စိတ်ကြောင့်ဖြစ်လာတဲ့ မျက်ကြောလိုက် တာဆိုရင်တော့  စိတ်ကိုသက်သာရာရစေနိုင်မယ့်နည်းလမ်းတွေပြုလုပ်ပြီး   နေထိုင်ရမှာဖြစ်ပါတယ်။ သင့်တင့်တဲ့ စိတ်နှလုံးသွင်းမှုပြုလုပ်ပြီး နေထိုင်ကျင့်ကြံတာ၊ တရားအားထုတ်တာ၊ ယောဂကျင့်တာတွေ ပြုလုပ်ပြီး   နေထိုင်နိုင်မယ်ဆိုရင်တော့   ကာကွယ်ရာ ရောက်ပါတယ်။

မျက်ကြောလိုက်ရတဲ့     အကြောင်းရင်းတွေကမျက်လုံးမှာ ခိုးလိုးခုလုဖြစ်နေတာ၊ မျက်လုံးညောင်း တာ၊  အိပ်ရေးမဝတာ၊  အလုပ်ပင်ပန်းတာ၊ ဆေးဝါးတွေ ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တာ၊ စိတ်ဖိစီးမှုဖြစ်တာ၊ အရက်၊ ဆေးလိပ်နဲ့ ကဖင်းဓာတ်များတာတွေသောက်တာ၊ မီးရောင်စူးတာ၊ မျက်လုံးကိုလေသလပ်တာ၊ လေထုညစ်ညမ်းတာ၊ မသိလိုက်ဘဲ မျက်ကြည်လွှာဒဏ်ရာရတာ  စတဲ့အကြောင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။

ဒါ့ပြင် မျက်ခွံရောင်ရမ်းတာ၊ မျက်ကြည်လွှာရောင်ရမ်းတာ၊  မျက်လုံးခြောက်တာ၊  ပတ်ဝန်းကျင်လေထု မသန့်တာ၊ မျက်လုံးကိုနေစူးတာ၊ စိတ်ဖိစီးမှုများတာ စတာတွေက    မျက်ကြောလိုက်တာ၊   မျက်ကြောဆွဲတာကို ပိုဆိုးစေပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။

အာရုံကြောက ကျန်းမာရေးအတွက် သိပ်အရေးမကြီးဘူးလို့ ထင်စရာရှိပါတယ်။ ခေါင်းကိုက်နေရင် အလုပ်လုပ်ဖို့မဖြစ်နိုင်ဘူး။ မျက်ခွံကြွက်သားတွေက ဘာမှမလုပ်ရဘဲ   သူ့အလိုလို   အကြောဆွဲနေတာ၊အပေါ်မျက်ခွံမှာအဖြစ်များပေမယ့် အပေါ်မျက်ခွံရောအောက်မျက်ခွံပါ        အကြောဆွဲတဲ့သူရှိပါတယ်။ မျက်ကြောလိုက်တာ သိပ်ပြင်းထန်လွန်းရင် မျက်လုံး ပိတ်တဲ့အထိဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါးမျက်ကြော ဆွဲတာ၊ မျက်နှာအကြောလိုက်၊ ထိန်းမရတဲ့ တခြားအကြောလိုက်တာတွေဖြစ်လာရင် အာရုံကြောပြဿနာ ဖြစ်နိုင်လို့ ဆေးရုံဆေးခန်းပြသသင့်ပါတယ်။

အချုပ်ဆိုရရင် မျက်ကြောလိုက်တာ၊ မျက်ကြော ဆွဲတာပြတတ်တဲ့   တခြားရောဂါတွေက   မျက်နှာအကြောသေရောဂါ   (Bell's palsy)၊  လည်ပင်း အကြောဆွဲတာ(Torticollis)၊ ခက်မာရောဂါစု(multi-ple Sclerosis)၊ ပါကင်ဆန်(Parkinson )ရောဂါ၊ တို့ကရက်ရောဂါ (Tourette Syndrome) တို့ဖြစ်ပါ တယ်။   ကဖင်းပါတာတွေ   လျှော့သောက်သင့်ပါတယ်။ အရက်၊ ဆေးလိပ်သောက်သုံးတာ ရှောင်ကြဉ် သင့်ပါတယ်။ မျက်လုံးမခြောက်အောင်  မျက်စဉ်းခတ် သင့်တယ်။  မျက်ကြောဆွဲနေတဲ့အချိန် ရေနွေးဖတ် လေးကပ်ပေးသင့်တယ်။  စိတ်ဖိစီးမှုတွေလျှော့သင့်ပါ တယ်။ မျက်ကြောလိုက်တာ၊ မျက်ကြောဆွဲတာပိုဖြစ် စေတဲ့ ဂိမ်းစွဲတာ၊ တီဗွီစွဲတာ၊ ကွန်ပျူတာမျက်နှာပြင် ကြည့်တာတွေကို တစ်ရက်ကို နှစ်နာရီထက် ပိုမသုံး သင့်ပါဘူး။    ရောဂါကြောင့်ဖြစ်ရင်  စောစောစီးစီး ဆရာဝန်ထံပြသသင့်ပါကြောင်း    အကြံပြုရေးသား တင်ပြလိုက်ရပါတယ်။      ။

Source: Myawady Web Portal

မျက်စိနှင့်ပတ်သက်၍ ပိုမို ဖတ်ရှုရန် (အောက်ပါ Link များ ဖော်ပြခွင့်ပြုနိုင်ပါရန်)

မျက်ကြောဆွဲခြင်း

https://hellosayarwon.com/eye-health/eye-diseases/about-eye-twist/

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်းတမျိုးပဲဆိုတာ သိပါသလား

https://hellosayarwon.com/brain-ns/headaches-and-migraines/eyestrain-headache/

မျက်လုံးခြောက်တာက ကရိကထရှိတဲ့ရောဂါပါ

https://www.bangkokhospital.com/my/content/dry-eyes

Optic Neuritis (မျက်လုံကြောရောင်ရမ်းခြင်း)

https://www.healthcare.com.mm/postslists/5436/postdetail

မျက်ခွံများ လှုပ်ယမ်းခြင်း၊ အနှောက်အယှက်ဖြစ်ရုံမျှမက ဖြစ်နိုင်သည်။

https://www.bangkokhospital.com/my/content/eyelid-twitching

ဒေါက်တာလွင်သန့်

အိပ်စက်ခြင်းနှင့် ကျန်းမာရေး
-

အိပ်စက်ခြင်းသည် လူသားများ၌သာမက သက်ရှိသတ္တဝါများအားလုံး၏ အသက်ရှင်ရပ်တည်နိုင်ရန်အရေးပါသော    လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။အသက်ရှင်သန်မှုအတွက် ရေ၊ လေ၊ အစားအစာများကဲ့သို့ပင် မရှိမဖြစ်လိုအပ်သောကြောင့် လူသားများသည်  မိမိသက်တမ်း၏သုံးပုံတစ်ပုံကို အိပ်စက်ကာကုန်ဆုံးကြခြင်းဖြင့် ဆက်လက်အသက်ရှင်ရပ်တည်နေနိုင်ကြသည်။ အိပ်စက်ခြင်းသည် သက်ရှိသတ္တဝါများ စိတ်ရောကိုယ်ပါကျန်းမာရေးအတွက် များစွာအထောက်အကူပြုသောကြောင့်      အပြည့်အဝမအိပ်စက်နိုင်ခြင်း၊  အိပ်ချိန်လျော့နည်းခြင်းတို့သည်ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။

အိပ်စက်မှုကိုဖြစ်စေသော သဘာဝအကြောင်းရင်းများ 

အိပ်စက်ခြင်းကိုဖြစ်စေသော ဇီဝကမ္မအခြေအနေများကို လေ့လာကြည့်ရာတွင် ဦးနှောက်အတွင်းရှိAdenosine   ဓာတ်သဘာဝက   ဦးနှောက်နိုးကြားတက်ကြွမှုကို မဖြစ်စေသော အာရုံကြောစနစ်ကို နှိုးဆွခြင်းဖြင့် အိပ်စက်မှုကိုဖြစ်စေသည်။  ထို့ပြင်ဦးနှောက်အစိတ်အပိုင်းတစ်ခုဖြစ်သော Hypotha-lamus  ရှိ  Suprachiasmatic   အာရုံကြောဆဲလ်များကလည်း နေ့၊ ည/ အလင်းအမှောင်အလိုက်အိပ်စက်ခြင်း၊ နိုးကြားခြင်းကို ထိန်းညှိပေးကြသည်။ဦးနှောက်ရှိ   Pineal  Gland  မှထွက်လာသောMelatonin   ဟော်မုန်းသည်    ညနေအချိန်တွင် ပိုထွက်လာပြီး  အိပ်စက်ခြင်းကို  အားပေးကြောင်း တွေ့ရသည်။

အိပ်စက်ခြင်း၏ သဘောသဘာဝနှင့် ခန္ဓာကိုယ်တွင်းပြောင်းလဲမှုများ

အိပ်စက်ရာတွင် တစ်ဆက်တည်း အိပ်ပျော်သွားသည်ဟုထင်ရသော်လည်း အမှန်မှာ NREM (Non-Rapid Eye Movement) အိပ်စက်ခြင်းနှင့် REM (Rapid – Eye movement) အိပ်စက်ခြင်းတို့ ပုံမှန်လည်ပတ်ဖြစ်ပေါ်နေရသည်။ စတင်အိပ်ပျော်ချိန်မှ မိနစ် ၉၀-၁၂၀ အကြာတွင် အိပ်မှုစက်ဝန်း(Sleepcycle) တစ်ခုဖြစ်သွားပြီး တစ်ညလျှင် အိပ်မှုစက်ဝန်း၄ - ၆  ကြိမ်မျှ ဖြတ်ကျော်နေကြရသည်။ အစောပိုင်းတွင် NREM Sleep ဖြစ်ချိန်ပိုများပြီး နောက်ပိုင်း စက်ဝန်းများတွင် REM sleep အချိန် ပိုကြာမြင့်လာသည်။

NREM sleep အချိန်သည် အိပ်ချိန်၏ ၇၅-၈၀ ရာခိုင်နှုန်းခန့်ရှိပြီး    အဆင့်(၃)ဆင့်ကို ဖြတ်ကျော်ရသည်။ အဆင့်(၁)သည်   နိုးတစ်ဝက်အိပ်ပျော်တစ်ဝက်ဖြစ်နေပြီး ၅ မိနစ်-၁၀ မိနစ်မျှ ကြာမြင့်သည်။ မျက်လုံးလှုပ်ရှားမှုနည်းလာကာ  ခန္ဓာကိုယ်ကြွက်သားများ ပြေလျော့လာပြီး နှလုံးခုန်နှုန်းလည်းစတင်နှေးလာသည်။ ဒုတိယအဆင့်တွင် ခန္ဓာကိုယ်အပူချိန်ကျလာကာ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းများတဖြည်းဖြည်းပိုနှေးလာပြီး    မျက်လုံးလှုပ်ရှားမှုလည်း  မရှိတော့ပေ။   အဆင့်(၃)တွင်    နှစ်ခြိုက်စွာအိပ်ပျော်နေပြီး   ကြွက်သားများ    ပို၍ပြေလျော့လာသည့်အပြင် အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းများ ပို၍နှေးလာသည်။ ထိုအဆင့်သည်  ခန္ဓာကိုယ်ကြီးထွားရန်၊   ပြန်လည်ပြင်ဆင်ရန်နှင့်  ကိုယ်ခံစွမ်းအားစနစ်ထူထောင်ရန်     အရေးပါသောအဆင့်ဖြစ်သည်။ကြွက်သားများ၌    သွေးလည်ပတ်မှုကောင်းစေပြီးကြီးထွားမှုဟော်မုန်းများလည်း    ထွက်ရှိစေသည်။REM sleep အဆင့်တွင် အိပ်မက်မက်နေသောအချိန်ဖြစ်သောကြောင့် ကြွက်သားများ ဖြေလျော့နေသော်လည်း ဦးနှောက်မှာ ပြန်၍တက်ကြွလာကာ မျက်လုံးလှုပ်ရှားမှုများ မြန်လာသည်။ ထိုအချိန်တွင် နှလုံးခုန်နှုန်း၊  သွေးပေါင်ချိန်၊  အသက်ရှူနှုန်းများ အတက်အကျဖြစ်နေတတ်သည်။ ထိုအဆင့်သည် မှတ်ဉာဏ်များ အားကောင်းလာစေရေးနှင့် စိတ်ခံစားမှု၊ သင်ယူလေ့လာမှုတို့အတွက်  အရေးပါကြောင်း  တွေ့ရသည်။ ဦးနှောက်တွင်းလျှပ်စီးလှိုင်း (Brain wave)များကိုလေ့လာပါက နိုးနေစဉ် မြန်သော Beta wave များတွေ့ရပြီး   အိပ်စမှစ၍   လှိုင်းကြိမ်နှုန်းများ တဖြည်းဖြည်းနှေးလာကာ    နှစ်ခြိုက်စွာအိပ်ပျော်လာသည်နှင့်အမျှ  Alpha wave မှ နှေးသော Theta wave၊ Delta wave များအဖြစ်ပြောင်းလဲလာသည်။ သို့ရာတွင်  REM  sleep  အချိန်၌  ဦးနှောက်တက်ကြွမှုကိုပြသည့်  wave များ  ပြန်လည်တွေ့ရှိရသည်။  ခန္ဓာကိုယ်တက်ကြွလှုပ်ရှားမှုနှင့်  ဆက်စပ်သော Cortisol ဟော်မုန်းသည် ညဦးတွင် လျော့နည်းလာပြီးအိပ်စက်အနားယူစေကာ အိပ်ရာမနိုးခင် ပြန်တက်လာပြီး လှုပ်ရှားသွားလာမှုကို  အားပေးသည်။

အိပ်စက်ခြင်း၏ ခန္ဓာကိုယ်အပေါ်အကျိုးပြုမှု

 လုံလောက်သောအိပ်စက်မှုသည် ကိုယ်ခံစွမ်းအားစနစ်ကို အားဖြည့်ပေးပြီး ရောဂါပိုးမွှားများအန္တရာယ်မှ   ကာကွယ်ပေးသည်။  နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး  ခန္ဓာကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်များနှင့်     ခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိပေးသည်။ ခန္ဓာကိုယ်တွင်း ပြန်လည်ပြင်ဆင်ကုသမှုကို ဆောင်ရွက်ပေးကာ ကြွက်သားများ၊ အရိုးများကို သန်မာစေနိုင်သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ခိုင်မာလာစေပြီး    စိတ်ခံစားမှုများကို   ထိန်းချုပ်နိုင်ရုံသာမက စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိစေသည်။ လူမှုဆက်ဆံရေးလည်း   ပိုမိုကောင်းမွန်လာသည့်အပြင်တွေးခေါ်မှု မှန်ကန်စေသောကြောင့် မှန်ကန်သောဆုံးဖြတ်ချက်များ ချလာနိုင်သည်။ တီထွင်စမ်းသပ်လုပ်ကိုင်နိုင်ပြီး မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ စီမံခန့်ခွဲမှု၊ ပြဿနာများကိုဖြေရှင်းနိုင်မှု စသော ဦးနှောက်၏ လုပ်ငန်းဆောင်ရွက်မှုများ  ပိုမိုကောင်းမွန်လာစေသည်။

အိပ်စက်ရန် ခက်ခဲသူများနှင့် အိပ်စက်ခြင်းဆိုင်ရာဝေဒနာများ

 လူတစ်ဦးအတွက်     ပုံမှန်အိပ်ချိန်အနည်းဆုံး၈   နာရီခန့်   လိုအပ်သော်လည်း   အသက်အရွယ်ငယ်ရွယ်သူ၊  ကလေးသူငယ်များတွင်  ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အိပ်ချိန်ပို၍ လိုအပ်သည်။သက်ကြီးရွယ်အိုများတွင် အိပ်ချိန်နည်းလာပြီး နေ့နှင့်ညအိပ်ချိန်လွဲခြင်းများ ဖြစ်ပေါ်တတ်သည်။ အထူးသဖြင့် လေဖြတ်ရောဂါ၊ ပါကင်ဆန်ရောဂါ၊ သက်ကြီးသတိမေ့ရောဂါစသည့် ဦးနှောက်အာရုံကြောရောဂါ ဝေဒနာခံစားနေရသော  လူကြီးများတွင်  ညဘက်ကောင်းစွာအိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးများမက်၍ ကယောင်ကတမ်းဖြစ်ခြင်း၊ နေ့ဘက်တွင် အိပ်ချိန်များ၍ အမြဲငိုက်မျဉ်းနေခြင်း စသော အိပ်စက်ခြင်းဆိုင်ရာ ဝေဒနာများခံစားကြရသည်။  ကျောင်းစာ ဖိစီးမှု၊ အလုပ်ခွင်ဖိစီးမှုများသော လူငယ်လူလတ်များ၊ ခန္ဓာကိုယ်ရောဂါဝေဒနာခံစားနေရသူများတွင်စအိပ်ရန်ခက်ခဲခြင်း၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခြင်း၊ မကြာခဏနိုးခြင်းများ ခံစားကြရသည်။ လည်ပင်းတိုသောကြောင့်   ညဘက်ဟောက်၍   ခဏခဏအသက်ရှူရပ်တတ်သောသူများ (Obstructive Sleep Apnea)တွင်လည်း   အိပ်ရေးကောင်းစွာမဝခြင်း၏နောက်ဆက်တွဲလက္ခဏာများ ခံစားရနိုင်သည်။

ကြာရှည်စွာ အိပ်ရေးပျက်ခြင်းကြောင့် ခန္ဓာကိုယ်၊ ဦးနှောက်စွမ်းရည်နှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ

ညဘက်ကောင်းစွာ  အိပ်မပျော်ခြင်း၊  အိပ်ရေးအပြည့်အဝမရခြင်းသည် စိတ်ရောကိုယ်ပါကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ညဘက်အိပ်ရေးပျက်ခြင်းကြောင့် နေ့ခင်းဘက်တွင် နုံးပြီး တက်ကြွမှုမရှိဘဲလေးလံထိုင်းမှိုင်းနေတတ်သည်။ စိတ်ပူပန်မှုနှင့် စိတ်မငြိမ်မသက်ဖြစ်ကာ စိတ်တိုလွယ်ပြီး စိတ်ကျရောဂါများခံစားရနိုင်သည်။ စိတ်ခံစားလွယ်ပြီး စိတ်ဖိစီးမှုကို ခံနိုင်စွမ်းအားလျော့နည်းလာတတ်သည်။ အချိန်ကြာမြင့်စွာ အိပ်ရေးပျက်ခြင်းသည်   ထင်ယောင်ထင်မှားဖြစ်ခြင်း၊    သံသယစိတ်များဝင်လာခြင်းမှသည် စိတ်ရောဂါဆိုင်ရာလက္ခဏာများပါ ခံစားရနိုင်သည်။ ထို့ပြင် လူမှုဆက်ဆံရေးအားနည်းလာပြီး မိသားစုနှင့် အလုပ်ခွင်တွင် အဆင်မပြေမှုများ ပို၍ တွေ့ကြုံနိုင်သည်။

ကိုယ်ခံစွမ်းအားစနစ်အားနည်းမှုကြောင့် ရောဂါပိုးများ အလွယ်တကူဝင်ရောက်နိုင်ပြီး ပိုးဝင်ရောင်ရမ်းမှုများအပြင် ကင်ဆာရောဂါများပင် ဖြစ်လွယ်ကြောင်း   တွေ့ရသည်။     စိတ်ဖိစီးမှုနှင့်ဆိုင်သော Cortisol Hormone မြင့်တက်လာကာ ခန္ဓာကိုယ်တွင်း    ဇီဝကမ္မဖောက်ပြန်မှုများဖြစ်စေသည်။သကြားဓာတ်ချေဖျက်မှု   ပြောင်းလဲခြင်း၊  Insulin ဟော်မုန်းကို    ကောင်းစွာမတုံ့ပြန်ခြင်းတို့ကြောင့် ဆီးချိုရောဂါဖြစ်စေသည်။ အိပ်ရေးပျက်သူများတွင်စားသောက်ခြင်းပေါ်သက်ရောက်သော   ဟော်မုန်းအပြောင်းအလဲကြောင့် ချိုသောအစားအစာများကို ရှာဖွေစားသောက်လာခြင်း၊ အစားများ ပိုစားခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန်တိုးလာတတ်သည်။ သွေးတွင်းအဆီနှင့် သကြားဓာတ်များလာကာ အဝလွန်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်သည်။ သွေးပေါင်ချိန်တက်၊ နှလုံးခုန်နှုန်းမြန်လာစေသောကြောင့် သွေးတိုး၊ နှလုံး၊ လေဖြတ်ရောဂါများ ခံစားရနိုင်စေသည်။ ခန္ဓာကိုယ်ကြီးထွားစေသောဟော်မုန်း၊ မျိုးပွားမှုဆိုင်ရာ ဟော်မုန်းထုတ်လုပ်မှု နည်းလာခြင်းကြောင့်    ကြွက်သားများကြီးထွားမှုလျော့နည်းစေသကဲ့သို့      မျိုးဆက်ပွားမှုလည်းအားနည်းလာစေသည်။   နာကျင်မှုဝေဒနာခံနိုင်ရည်စွမ်းအားလည်း နည်းလာသည့်အပြင် အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ်     ပို၍ကြီးမားကြောင်းလည်း တွေ့ရသည်။

အိပ်ရေးဆက်တိုက်ပျက်ခြင်း၊ အိပ်ချိန်မပြည့်ခြင်းတို့ကြောင့်       မှတ်ဉာဏ်စွမ်းအားကျဆင်းလာပြီး ဆုံးဖြတ်ချက်ချနိုင်စွမ်း၊   စီမံခန့်ခွဲလုပ်နိုင်စွမ်းများ၊ လေ့လာသင်ယူနိုင်စွမ်းများ လျော့နည်းလာသည်။ထို့ပြင်  သက်ကြီးသတိမေ့ရောဂါ(Alzheimer )နှင့်တုံ့တုန်နှေး၊ ပါကင်ဆန် (Parkinson) ရောဂါများသည်   နာတာရှည်အိပ်ရေးပျက်ခြင်းများကြောင့်ဖြစ်နိုင်ကြောင်းတွေ့ရှိရသည်။    ညဖက်အလုပ်လုပ်ရသူများ၊ အိပ်ရေးဝဝမအိပ်ရသူများသည် နေ့ဘက်ငိုက်မျဉ်းတတ်မှုကြောင့် လုပ်ငန်းခွင်ဆိုင်ရာမတော်တဆမှုများဖြစ်နိုင်ပြီး   ကားမောင်းရာတွင်လည်း ယာဉ်အန္တရာယ် တွေ့ကြုံနိုင်ခြေများသည်။

ကောင်းစွာအိပ်ပျော်ရန် လိုက်နာဆောင်ရွက်သင့်သည်များ

အိပ်စက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုများနှင့်   လူမှုဒုက္ခများ   မတွေ့ကြုံနိုင်စေရန် အိပ်ချိန်အပြည့်အဝရရှိအောင် အလေးထားဆောင်ရွက်သင့်သည်။ အိပ်ချိန်မထိခိုက်စေရန်အတွက် မိမိအလုပ်လုပ်ချိန်ကို စနစ်တကျ စီမံခန့်ခွဲရန်လိုအပ်သည်။ပုံမှန်အိပ်ရာဝင်၊  အိပ်ရာထသင့်ပြီး မအိပ်ခင်  ကော်ဖီ၊ စိတ်ဓာတ်တက်ကြွစေသည့် အချိုရည်များသောက်သုံးခြင်းမပြုသင့်ပေ။ အိပ်ခါနီးမှ ထမင်းစားခြင်း၊ အစားများစွာ စားခြင်းသည် လှဲချိန်တွင် သက်သောင့်သက်သာမဖြစ်ဘဲ အိပ်ရခက်နိုင်သည်။ နေ့ခင်းဘက်တွင် အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းက အိပ်ရေးဝနေသဖြင့် ညဘက်အိပ်မပျော်ဖြစ်နိုင်သည်။ ညအိပ်ခါနီးတရားနာ၊ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ သာယာဖွယ်တေးသီချင်းများ  နားထောင်ခြင်းသည်  စိတ်တည်ငြိမ်မှုရစေပြီး ကောင်းစွာအိပ်ပျော်စေသည်။ စိတ်ဖိစီးမှုဖြစ်စေသော အတွေးများ အိပ်ရာဝင်ခါနီးမတွေးဘဲ စိုးရိမ်ပူပန်စေမှုများကို တစ်ခုချင်းအခြေခံမှစ၍ အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်ဖြေရှင်းသင့်ပါသည်။

ထိုသို့ ဆောင်ရွက်သော်လည်း အိပ်ပျော်ရန်ခက်ခဲခြင်း၊ ညဘက်နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊ အိပ်နေစဉ်ကယောင်ကတမ်းဖြစ်ခြင်း၊    နံနက်စောစောနိုးနေခြင်း၊    နေ့ဘက်အအိပ်များခြင်းများ   ခံစားရပါကဆေးပညာရှင်များနှင့်   ပြသတိုင်ပင် ကုသသင့်သည်။ ညဘက် အသက်ရှူလမ်းကြောင်းပိတ်၍ ဟောက်ပြီးမကြာခဏအသက်ရှူရပ်တတ်သူများ၊ နာတာရှည်ဦးနှောက်အာရုံကြော   ဝေဒနာခံစားနေရသူများ၊ခန္ဓာကိုယ်တွင်းမကျန်းမာ၍ ကောင်းစွာအိပ်မပျော်သူများကို အိပ်ပျော်စေရန် အသုံးပြုသောဆေးဝါးများပေး၍  ကုသမှုအပြင် မူရင်းရောဂါဝေဒနာများကိုလည်း   စနစ်တကျ ကုသမှုခံယူသင့်သည်။ အိပ်စက်ခြင်း၏ ကိုယ်၊ စိတ် ကျန်းမာရေးပေါ်သက်ရောက်မှုများကို သိရှိနားလည်ကာ  အိပ်ချိန်အပြည့်အဝရစေရန်နှင့် ကောင်းမွန်စွာအိပ်ပျော်နိုင်စေရန် လိုက်နာရမည့်အချက်များကို အလေးထားလုပ်ဆောင်သင့်သည်။ စိတ်ပင်ပန်းနွမ်းနယ်မှုများကင်းဝေး၍ သက်ရှည်ကျန်းမာပျော်ရွှင်စွာနေနိုင်ရေးအတွက်လူတိုင်းကောင်းမွန်စွာ    အိပ်စက်နိုင်စေကြောင်းဆုမွန်ကောင်းတောင်းရင်း အိပ်စက်ခြင်း၏ ကျန်းမာရေးအပေါ် သက်ရောက်နိုင်မှုများအကြောင်းကိုရေးသားတင်ပြလိုက်ရပါသည်။

Source: Myawady Web Portal                                

ဒေါက်တာဥမ္မာစော

မုန်လာဥနီအမျိုးအစားနှစ်မျိုး

ဆောင်းဦးပေါက်ရာသီတွင် လှိုင်လှိုင်တွေ့ရလေ့ရှိသော အမြစ်မှဖြစ်တည်သည့် Beta Carotene ကြွယ်ဝသော မုန်လာဥနီကို အချို့ကမုန်လာဥဝါဟုခေါ်ကြပြီး အများစုက “ဥနီ”ဟု အလွယ်ခေါ်ကြပါ သည်။ ရှမ်းပြည်နယ်မှထွက်သော မုန်လာဥနီမှာအသားကျစ်ပြီး အရွယ်အနည်းငယ်ညှက်ကာ အနံ့၊ အရသာပိုမိုစူးရှပြီး “ခါကြက်ဥ” ဟုခေါ်ကြပါသည်။ မုန်လာဥနီသည် လိမ္မော်ရောင်ရှိသောအမြစ်ဖြစ်ပြီး ပေါ့ပါး၍နူးညံ့သောအရွက်ရှိသည့် ဟင်းမွှေးရွက်အုပ်စုဝင် နှစ်နှစ်တစ်ကြိမ် စိုက်ပျိုးရသောအပင်မျိုး ဖြစ်သည်။ လက်တင်အမည်မှာ Daucus Carota ဖြစ်သည်။ မုန်လာဥနီအမျိုးအစားအားဖြင့် နှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ဒေဆီ(Desi) မျိုးဖြစ်ပြီး အနီရင့်ရောင်ရှိပါသည်။ ဒုတိယမျိုးမှာ ဝီလာယတီ (Wilayati) မျိုးဟုခေါ်ပြီး အနီဖျော့ဖျော့လိမ္မော်ရောင်ရှိကာ အရသာနှင့်အသုံးဝင်ပုံမှာဒေဆီ (Desi) မျိုးထက်ပိုမိုကောင်းမွန်ပါသည်။

မုန်လာဥနီစိုက်ပျိုးနည်း

မုန်လာဥနီကို တန်ဆောင်မုန်းလနှင့် နတ်တော်လတို့တွင် စိုက်ပျိုးနိုင်သည်။ မည်သည့်မြေမျိုး တွင်မဆိုစိုက်ပျိုးနိုင်ပြီး မြေပွ၍မြေဆွေးလျှင် ပိုကောင်းပါသည်။ (၂၀x၄) ပေရှိသော စိုက်ခင်းအတွက် မျိုးစေ့တစ်ကျပ်ခွဲသားလိုအပ်၍ တစ်ပင်နှင့်တစ်ပင် လေးလက်မခြား၍ တစ်တန်းနှင့်တစ်တန်း ရှစ်လက်မခြားစိုက်ရပါသည်။ မိမိခြံအတွင်း၌ မြေကျဉ်းလျှင် ရက်ကြာသော ဟင်းသီးဟင်းရွက် အပင်တန်းများကြားတွင်ဖြစ်စေ အားလပ်သောမြေနေရာတွင် စိုက်နိုင်ပါသည်။ စိုက်ခင်းတွင် အကြောင်း ခပ်တိမ်တိမ်ပြုလုပ်၍ မျိုးစေ့များချပြီး မြေမှုန်နုနုဖြင့် အုပ်ပေးရမည်။ ဥကြီးကြီးလိုလျှင်အပင်ရင်း၌ မြေကြီးကို မောက်မောက်လေးစုပေးရပါမည်။ မုန်လာဥနီစိုက်သောမြေသည် အမြဲစွတ်စိုနေရန် လိုပြီး မကြာခဏ ပေါင်းသင်မြေဆွပေးရသည်။ ရက်ပေါင်း ၆၀ မှ ၁၂၀ အတွင်းတူးဖော်နိုင်ပါသည်။ မုန်လာဥနီကို ရာသီစာအဖြစ်သော်လည်းကောင်း၊ တစ်နှစ်ပတ်လုံးသော်လည်းကောင်းစျေးများတွင် ပေါများစွာတွေ့ရပါသည်။

မုန်လာဥနီစားသုံးမှုအများဆုံးနိုင်ငံများနှင့် စားသုံးမှုပမာဏ

အာရှတိုက်တွင် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့သည် မုန်လာဥနီအစားများသော နိုင်ငံများဖြစ်သည်။ ကမ္ဘာပေါ်တွင် မုန်လာဥနီ စားသုံးမှုအများဆုံးမှာ အမေရိကန်လူမျိုးများဖြစ်ပြီး အမေရိကန်လူမျိုးတစ်ဦးသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် မုန်လာဥနီ ၁၂ ပေါင်ခန့် နှစ်ခြိုက်စွာစားသုံးလေ့ရှိသောကြောင့် မုန်လာဥနီသည် ကမ္ဘာပေါ်တွင် အာလူးပြီးလျှင် ဒုတိယရေပန်းအစားဆုံးဟင်းသီးဟင်းရွက်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါနိုင်ငံများတွင် မုန်လာဥနီကို အသုပ်၊ အပြုတ်၊ အကြော်၊ အလှော်၊ အကင်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ပူရီ၊ ထမင်းလိပ်၊ ကင်မ်ချီ၊ တော့ပိုကီ၊ မုန်လာဥနီ Croquettes၊ စပါ(ဂ်)တီခေါက်ဆွဲနှင့် ဂျပန် Cole Salw စသည့်ဟင်းလျာတို့အပြင် အချိုပွဲအဖြစ် ကိတ်မုန့်၊ ကွတ်ကီး၊ Pie Cake ၊ ပူတင်း၊ ယို၊ ရေခဲမုန့်၊ ဖျော်ရည်စားဖွယ်စုံအဖြစ် အမျိုးမျိုးပုံဖော်စားသောက်ကြသည်။

မြန်မာနိုင်ငံတွင် မုန်လာဥနီကိုအများအားဖြင့် ကြော်စားကြသည်။ မုန်လာဥနီကိုအတို့အမြှုပ် အနေဖြင့်ဖြစ်စေ၊ စွပ်ပြုတ်အနေဖြင့်ဖြစ်စေ ထည့်သွင်းစားသုံးနိုင်ပါသည်။ မုန်လာဥနီကို ရေဖြင့် သေချာဆေးကြောပြီး အစိမ်းလိုက်သော်လည်းကောင်း၊ အချိုပြုတ်၍သော်လည်းကောင်း စားသုံးနိုင်သကဲ့သို့ ကော်ပြန့်ကြော်များ၌ဖြစ်စေ၊ ယိုထိုး၍ဖြစ်စေ၊ မုန်လာဥနီသနပ်၊ မုန်လာဥနီ ချဉ်ဖတ်အဖြစ်ဖြစ်စေ ပုံစံအမျိုးမျိုးပုံဖော်၍ စားသုံးလေ့ရှိပါသည်။ ကျန်းမာရေးလိုက်စားသူများက ငှက်ပျောသီးကဲ့သို့ သစ်သီးများနှင့် ရောကြိတ်ပြီး ဖျော်ရည်အနေဖြင့် သောက်သုံးကြပါသည်။

မုန်လာဥနီ၏ ဆေးဖက်ဝင်အာဟာရဓာတ်များ

မုန်လာဥနီကို အစာအာဟာရဓာတ်အဖြစ် အသုံးများသော်လည်း ဆေးဖက်ဝင်အာဟာရဓာတ် များဖြစ်သည့် ဗီတာမင်အေ၊ ဘီ၊ စီ၊ ကေ(Vitamin A၊ B၊ C၊ K) ဓာတ်များအပြင် သံဓာတ် (Fe)၊ မီးစုန်းဓာတ် (P)နှင့် ကန့်ဓာတ်(S)၊ ပိုတက်ဆီယမ် (K)နှင့် မဂ္ဂနိစ် (Mn) များလည်း ပါဝင်သဖြင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်ကို တွေ့ရသည်။ ထို့ပြင် ဗီတာမင်အေ (Vitamin A) ဓာတ်အဖြစ် အလွယ်တကူ ကူးပြောင်းသွားနိုင်သော ကာရိုတင်းဓာတ် (Carotene) ကြွယ်ဝသောကြောင့် ဗီတာမင်အေ ဓာတ် အလုံအလောက်ရရှိစေရန် မုန်လာဥနီကိုစားသုံးပေးရန် အကြံပြုကြပါသည်။ မုန်လာဥနီကို ခွန်အားတိုးစေသောသစ်ဥသစ်ဖု (Tonic tuber) အဖြစ် လူသိများပြီး ရောဂါဘယမျိုးစုံမှလည်း အကာအကွယ်ပေးနိုင်သောကြောင့် လူတိုင်းကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် စားသုံးပေးသင့်ပါသည်။

ဓာတုဗေဒစစ်ဆေးချက်များအရ မုန်လာဥနီတွင် သံဓာတ်၊ မီးစုန်းဓာတ်နှင့် ကန့်ဓာတ်များပေါကြွယ်ဝမှုကြောင့် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သောသံဓာတ်ထုတ်လုပ်မှုတွင် အခြား ခေတ်ပေါ်ဆေးဝါးများနေရာ၌ အစားထိုးသုံးစွဲနိုင်ပါသည်။ မုန်လာဥနီကဲ့သို့ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များတွင်ပါရှိသော တွင်းထွက်ဆားသည် ထပ်ဆင့်ပြောင်းလဲမှုမရှိဘဲ သွေးနှင့် တိုက်ရိုက်ပူးပေါင်း ရောထွေးသွားနိုင်သောကြောင့် သွေးလည်ပတ်မှုကိုပိုမိုချောမွေ့စေပါသည်။ မုန်လာဥနီတွင် သကြားဓာတ် ၁၀ ရာခိုင်နှုန်းခန့်ပါရှိသည်။ ပရိုတိန်းဓာတ်အနည်းငယ်သာပါဝင်သော်လည်း အခြားဓာတ်များ အလျှံပယ်ပါဝင်သောကြောင့် အလွန်အဖိုးထိုက်တန်ပါသည်။ ထို့ပြင် မုန်လာဥနီ တွင် ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် သွေးတိုးရောဂါ တို့ကို ကာကွယ်ပေးနိုင်သည့် Antioxidant များအပြင် ဗီတာမင်အမျိုးမျိုး၊ အမျှင်ဓာတ်၊ ကစီဓာတ်၊ ပိုတက်စီယမ်ဓာတ် အစရှိသည့် သတ္တုဓာတ်များ ပါဝင်နေသဖြင့် နေ့စဉ်အာဟာရအတွက် မရှိမဖြစ်ထည့်သွင်းစားပေးရန် လိုအပ်ပါသည်။

မုန်လာဥနီ၏ ဆေးဖက်ဝင်ပုံအမျိုးမျိုး

မုန်လာဥနီကဲ့သို့ အမြစ်မှဖြစ်တည်သည့် Beta Carotene ကြွယ်ဝသော လိမ္မော်ရောင်ခြယ်သစ်သီး ဥမျိုးကို မှန်မှန်စားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်အားနည်းခြင်းမှ ကာကွယ်ပေးနိုင်သလို ဦးနှောက်အာရုံကြောစနစ် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ မျက်စိ၊ နား၊ နှာခေါင်း ဆိုင်ရာရောဂါများကို တားဆီးကာကွယ်ပေးပြီး ဆီးပူညောင်းကျရောဂါများ ကင်းဝေးစေသည်။ မုန်လာဥနီကို ငရုတ်ဆုံတွင် ညက်ညက်ထောင်း၍ အရည်ညှစ်ထုတ်ပြီး ခြောက်အောင်စမှ ရှစ်အောင်စ ခန့် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက်သုံးပေးလျှင် ကိုယ်ခန္ဓာတွင်း အက်စစ်ဓာတ် လွန်ကဲမှု (Hyperacidity) ကို ထိန်းချုပ်ပေးနိုင် ပါသည်။ ထို့ပြင် အစာအိမ်နာ (Gastric ulcer)၊ အူသိမ်အူမအနာ(Intestinal ulcer) နှင့် ဝမ်းချုပ် ရောဂါ (Constipation) များကို တွန်းလှန်ဖယ်ရှားပစ်နိုင်ပါသည်။ ဥနီကို ၁၅ ရက်မှ ရက် ၂၀ ခန့် ဆက်စားပေးလျှင် ဝဲနာ၊ ယားနာနှင့် အခြားအရေ ပြားရောဂါများ သက်သာပျောက်ကင်းစေပြီး အနီးမီးယား(Aniemia) ဟုခေါ်သည့် သွေးအားနည်းရောဂါကိုလည်း ဖယ်ရှားပေးပါသည်။

အာဟာရမျှတပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာပေးနိုင်သည့် အစာလည်းဆေး၊ ဆေးလည်းအစာအုပ်စုထဲတွင် မုန်လာဥနီလည်း တစ်ခုအပါအဝင်ဖြစ်သည်။ မုန်လာဥနီတွင် ကင်ဆာရောဂါများဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်သော ကာရိုတနွိုက်(Carotenoids) ဟု ခေါ်သည့် ဓာတ်ပေါင်းများစွာပါဝင်သဖြင့် မုန်လာဥနီကို နေ့စဉ် ပုံမှန်စားပေးခြင်းဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာနှင့်အမျိုးသားများတွင် ဖြစ်တတ်သည့် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ အလွန်လျော့နည်းစေနိုင်သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

မျက်စိအားတိုးစေသည့်မုန်လာဥနီ

ဗီတာမင်အေ (Vit A) ပေါကြွယ်ဝသည့် မုန်လာဥနီကို မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန် သည့်အားဆေးအဖြစ် လူသိများကြပါသည်။ မုန်လာဥနီသည် မျက်စိအားကောင်းစေပြီး အမြင်ကြည်လင်စေကာ ညဘက်များတွင် ကောင်းစွာမြင်နိုင်အောင် ကူညီပေးနိုင်ပါသည်။ ဗီတာမင်အေချို့တဲ့သည့် အသက်ငယ်ရွယ်သူကလေးငယ်များကို မုန်လာဥနီ နေ့စဉ်ပုံမှန်ကျွေးပေးခြင်းဖြင့် မျက်စိအားနည်းခြင်း၊ မျက်စိမှုန်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။

သွေးတိုး၊ နှလုံးကင်းစင်ရေး မုန်လာဥနီစားပေး

မုန်လာဥနီတွင် သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) နှင့် သတ္တုဓာတ်များ (Metals) အများအပြားပါဝင်သဖြင့် ဆီးချိုရောဂါရှင်များ ပုံမှန်စားပေးသင့်သည့် အစားအစာထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ မုန်လာဥနီတွင် အမျှင်ဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ် ပေါကြွယ်ဝစွာပါဝင်သဖြင့် သွေးတိုးခြင်းကို ထိန်းပေးနိုင်သည့်အပြင် နောက်ဆက်တွဲကျန်းမာရေးပြဿနာဖြစ်သည့် နှလုံးရောဂါ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် မုန်လာဥနီတွင် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သည့် ဗီတာမင်စီဓာတ်များ အများအပြားပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်ရောဂါများကို တိုက်ဖျက် ပေးနိုင်ပါသည်။ ဆောင်းရာသီတွင်ဖြစ်တတ်သည့် အအေးမိဝေဒနာကိုသက်သာစေပြီး ရောဂါအမြန်ပျောက်ကင်းစေရန် ကူညီပေးနိုင်ပါသည်။

ထို့ပြင် မုန်လာဥနီသည် သွေးတွင်းကိုလက် စထရောဓာတ်ကို လျှော့ချပေးနိုင်သဖြင့် ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်သောကြောင့် ခန္ဓာကိုယ်အလေးချိန် လျှော့ချလိုသူများအနေဖြင့် နေ့စဉ်ပုံမှန်စားသုံးပေးသင့်ပါသည်။ တစ်ပတ်လျှင် မုန်လာဥနီခြောက်လုံးထက် ပိုစားသည့်သူများသည် တစ်လလုံးလျှင် မုန်လာဥနီတစ်လုံးမျှသာစားသော သူများထက် လေဖြတ်ရောဂါ ဖြစ်ပွားနိုင်ခြေပိုနည်းကြောင်း ဟားဗက်တက္ကသိုလ်မှ အမေရိကန်သုတေသီများက အကြံပြုထားကြောင်း လေ့လာဖတ်ရှုရပါသည်။

အချုပ်အားဖြင့်ပြောရလျှင် မုန်လာဥနီတွင် သက်စောင့်သတ္တုဓာတ်မျိုးစုံနှင့် အာဟာရဓာတ် များစွာပါဝင်သောကြောင့် မုန်လာဥနီစားသုံခြင်းဖြင့် အမြင်အာရုံကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါ ကာကွယ်ရန်ကူညီပေးနိုင်ခြင်း၊ အိုမင်းရင့်ရော်မှုကို နှေးစေရန် ကူညီနိုင်ခြင်း၊ အရေပြားကျန်းမာရေးကို ပိုမိုကောင်းမွန်ရန်ကူညီနိုင်ခြင်း၊ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခြင်းများကို ကာကွယ်ရန် ကူညီနိုင်ခြင်း၊ နှလုံးရောဂါကိုကာကွယ်ရာတွင် ကူညီနိုင်ခြင်း၊ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ခြင်း၊ အသည်းလုပ်ဆောင်ချက်ကို တိုးတက်စေခြင်း၊ အူနှင့်သွားကျန်းမာရေးကို ကာကွယ်နိုင်ခြင်း၊ ရုတ်တရက်လေဖြတ်မှုကို ကာကွယ်နိုင်ခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်တိုးတက်ရန် ကူညီနိုင်ခြင်းနှင့် အစာခြေစနစ်ကောင်းမွန်ရန် ကူညီနိုင်ခြင်းစသည့် ကျန်းမာရေးကောင်းကျိုးများစွာကို ပေးစွမ်းနိုင်သဖြင့် မုန်လာဥနီကိုစားသုံးရန် တိုက်တွန်းလိုပါသည်။ ။

Source: www.moi.gov.mm

ဒေါက်တာလပြည့်ခင်

ကျန်းမာရေးအတွက် အရေးကြီးသော နံနက်စာနှင့် ရှောင်ရန်ဆောင်ရန်များ
-

နံနက်စာသည် တစ်နေ့တာ၏ဇီဝဖြစ် စဉ်ကိုစတင်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ကို ထောက်ပံ့ပေးနိုင်သောကြောင့်  တစ်နေ့တာအတွက်အရေးကြီးဆုံး အစားအစာဖြစ်သည်။

အထူးသဖြင့်  သွေးတွင်းသကြားဓာတ် ပမာဏကိုတည်ငြိမ်စေရန် ကြိုးစားနေသူများအတွက် မျှတသော နံနက်စာဖြစ်ရန် အရေးကြီးသည်။   

နံနက်စာမစားခြင်း သို့မဟုတ် နံနက်ခင်းတွင် အစားအသောက်ရွေးချယ်မှု မမှန်ကန်ခြင်းသည် တစ်နေ့တာလုံး  သွေးတွင်းသကြားဓာတ် ထိန်းညှိမှုကို ထိခိုက်စေနိုင်သည်။  သွေးတွင်းသကြားဓာတ်မြင့်တက်စေပြီး မောပန်းနွမ်းနယ်ခြင်း၊ လှုပ်ရှားမှုနှေးကွေးခြင်းတို့အပြင် ကျန်းမာရေးထိခိုက်စေနိုင်သည်။ အထူးသဖြင့် သွေးချိုဆီးချိုရောဂါရှိသူများ၊ အကြိုသွေးချိုရောဂါရှိသူများနှင့် ဇီဝဖြစ်စဉ် ကျန်းမာရေးနှင့်ပတ်သက်သောရောဂါရှိသူများအတွက် ရေရှည်ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် တစ်နေ့တာလုံးစွမ်းအင် မြင့်မားနေစေရန်၊ သွေးတွင်းသကြားဓာတ် ပမာဏကို  တည်ငြိမ်စေရန်နှင့် ကိုလက်စထရောကို  ထိန်းထားရန် မျှတသောနံနက်စာကို ပုံမှန်စားရန် အရေးကြီးပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သော နံနက်စာကို မှန်ကန်စွာ ရွေးချယ်စားသောက်ခြင်းဖြင့် စိတ်ကျေနပ်မှုနှင့်ပျော်ရွှင်မှုကို ထိန်းသိမ်းခြင်းသည် သွေးတွင်းသကြားဓာတ်နှင့် ကိုလက်စထရောပမာဏကို  ထိန်းသိမ်းရန် ရေရှည်အောင်မြင်မှုအတွက် အရေးကြီးသောအချက်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင်ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ နံနက်စာစားသုံးခြင်းသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှစ်ခုစလုံးကို အကျိုးပြုကြောင်း ပြသထားသည်။

နံနက်စာလုံးဝမစားဘဲနေခြင်းကိုရှောင်ပါ

နံနက်စာကို လုံးဝမစားဘဲနေခြင်းသည် ကိုယ်အလေးချိန်ကျရန် အထောက်အကူဖြစ်မည်ဟု ယုံကြည်ပြီး ကယ်လိုရီကိုမြန်မြန်ဖြတ်ရန် နည်းလမ်းတစ်ခုဟု  လူတော်တော်များများက  ထင်နေကြပါသည်။ တကယ်တော့ နံနက်စာမစားခြင်းသည် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပြီး  တစ်နေ့တာလုံး  ကာဗိုဟိုက်ဒရိတ်များသည့်အစားအစာများကို အလွန်အကျွံစားသုံးခြင်း သို့မဟုတ် သကြားဓာတ်များသည့်အစားအစာများကိုတောင့်တခြင်း စသည့်စိတ်ကိုဖြစ်စေနိုင်ပါသည်။

နံနက်စာမစားခြင်းသည် တစ်နေ့တာတွင် ကျန်းမာရေးနှင့်မညီညွတ်သော သရေစာများစားသုံးခြင်းကိုဖြစ်ပေါ်စေနိုင်သောကြောင့်ကိုလက်စထရောပမာဏ မြင့်မားခြင်းနှင့် ဆက်စပ်နေသည်။  သွေးချိုဆီးချို ရောဂါရှိသူများတွင်  သွေးတွင်းသကြားဓာတ်ကိုထိန်းညှိရန်  ဆေးသောက်နေပါက   နံနက်စာမစားဘဲနေခြင်းသည် သွေးတွင်းသကြားဓာတ်နည်းခြင်း (hypo-glycemia) ကိုဖြစ်စေနိုင်သည်။

သုတေသနလေ့လာမှုများအရ နံနက် စာမစားသူများသည် အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်း၊ သွေး ချိုဆီးချိုရောဂါနှင့် ဇီဝဖြစ်စဉ်လက္ခဏာစုများ ဖြစ်နိုင်ခြေကို  တိုးမြင့်စေပြီး နောက်ဆုံးတွင် နှလုံးသွေးကြောရောဂါဖြစ်ပွားမှု အန္တရာယ်များကြောင်း  တွေ့ရှိခဲ့သည်။

သွေးတွင်းသကြားဓာတ် များလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်းများသည် သွေး ချိုဆီးချိုရောဂါနောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်သည်။ ပရိုတင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အဆီနှင့်အမျှင်ဓာတ်များ ပါဝင်သည့်  မျှတသောအစားအစာများဖြင့် တစ်နေ့တာကို စတင်ခြင်းသည် တစ်နေ့တာလုံး သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေရန် ထိန်းထားနိုင်သောကြောင့် သွေးတွင်းသကြားဓာတ်မြင့်မားခြင်းနှင့် နည်းခြင်းကို ရှောင်ရှားနိုင်သည်။

သကြားများပါ၀င်သော ကာဗိုဟိုက်ဒရိတ်များစွာ စားသုံးခြင်းကိုရှောင်ပါ

 နံနက်ခင်းတွင် ရိုးရာကစီဓာတ်မြင့်မားသော အစားအစာများကို ပထမဦးစွာ စားသုံးခြင်းသည် သွေးတွင်းသကြားဓာတ်ကို ရုတ်တရက်လျင်မြန်စွာ မြင့်တက်စေပြီး    နှလုံးကိုအန္တရာယ်ဖြစ်စေသည်။ စတိုးဆိုင်မှဝယ်သော  နံနက်စာများဖြစ်သည့် ပေါင်မုန့်ဖြူ၊ ကိတ်မုန့်၊ ပန်ကိတ်၊ ဝေဖာမုန့်များ၊ ကွတ်ကီးများ၊ ဒိုးနတ်မုန့် များတွင် သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ်နှင့် ပြည့်ဝဆီများ   ကြွယ်ဝသဖြင့် သွေးတွင်းသကြားဓာတ်နှင့်    မကောင်းသော ကိုလက်စထရော (LDL) အမျိုးအစားကို  မြင့်တက်စေနိုင်ပါသည်။  သွေးတွင်း သကြားဓာတ်မြင့်တက်မှုသည် ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်တိုခြင်းနှင့်သကြားဓာတ်များသည့် ချိုသော အစားအစာများကို တောင့်တခြင်းတို့ကို  ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် သကြားပါဝင်မှုနည်း၍ အမျှင်ဓာတ်ကြွယ်ဝသော အုတ်ဂျုံကဲ့သို့သော ကောက်နှံများ၊  ဂျုံလုံးများ၊  အညိုရောင်ပေါင်မုန့် သို့မဟုတ် အစေ့အဆန် ပေါင်မုန့်ကဲ့သို့သော မပြုပြင်ရသေးသည့် ကာဗိုဟိုက်ဒရိတ်များတွင်   အမျှင်ဓာတ်ပိုများသဖြင့် အစာခြေနှေးခြင်းကို ကူညီ ပေးပြီး နံနက်ခင်းတစ်လျှောက်လုံးတွင် သွေးတွင်းသကြားဓာတ်ကို ပိုမိုတည်ငြိမ် စေပါသည်။

သကြားပါသော ဖျော်ရည်များကိုရှောင်ပါ

    လူအများစုသည်နံနက်စာကို သကြားပါသော ကော်ဖီဖျော်ရည်များ သို့မဟုတ်ခရင်မ်ပါသော လက်ဖက်ရည်တို့ဖြင့် တွဲဖက် စားသုံးကြသည်။  ဤဖျော်ရည်များသည် ပြည့်ဝဆီများနှင့် သကြားဓာတ်များသောကြောင့်      သွေးတွင်းသကြားဓာတ်နှင့်  ကိုလက်စထရောကို မြင့်မားစေနိုင်သည်။ အချိုရည်နှင့်  သစ်သီးဖျော်ရည်များဖြင့် နံနက်ခင်းတွင် စတင်ခြင်းသည် သွေးတွင်း  သကြားဓာတ်ပမာဏကို လျင်မြန်စွာ မြင့်တက်စေသည်။  အချိုရည်နှင့် သစ်သီးဖျော်ရည်များတွင် သကြားဓာတ်များစွာ ပါဝင်လေ့ရှိပြီး  အမျှင်ဓာတ်ချို့တဲ့ခြင်းကြောင့်  သွေးကြောအတွင်း သကြားဓာတ်စုပ်ယူမှုကို လျင်မြန်စေသည်။ သွေး တွင်းသကြားဓာတ် အလွန်အကျွံမြင့်တက်ခြင်းသည် အင်ဆူလင် ထုတ်လုပ်မှုမြင့်တက်စေပြီး  ကိုယ်အလေးချိန်တိုးလာစေနိုင်သည်။ ထို့ကြောင့် ဘလက်ကော်ဖီ၊ အချိုမပါသော လက်ဖက်ရည် သို့မဟုတ် ရေနွေးကြမ်းကိုရွေးချယ်ပါ။ ဖျော်ရည်သောက်မည့်အစား အမျှင်ဓာတ်ပါသောလတ်ဆတ်သည့် အသီးအနှံများကို ရွေးချယ်ပြီး ပရိုတင်းရင်းမြစ်တစ်ခုဖြစ်သော ဒိန်ချဉ်နှင့်တွဲစားပါ။ အကယ်၍ လတ်ဆတ်သောသစ်သီးဖျော်ရည်ကို နှစ်သက်ပါက အစာစားချိန်တွင် ခွက်တစ်ဝက်ခန့် သောက်သုံးနိုင်ပါသည်။

နံနက်စာတွင် အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများကိုစားပါ

အပင်များတွင်တွေ့ရသော  အစာချေဖျက်မှုနှေးသည့်   အမျှင်ဓာတ်သည် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ပြည့်ဝသော ခံစားချက်ကို တိုးလာစေသည့်အပြင်  နှလုံး၊  အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးကို  မြှင့်တင်ရန် အတွက်အရေးကြီးပါသည်။  အမျှင်ဓာတ်သည် သွေးတွင်းသကြားဓာတ်ထိန်းညှိမှုတွင်   ကိုလက်စထရောကို လျှော့ချရန်အတွက်လည်းမရှိမဖြစ်လိုအပ်သည်။ အမေရိကန်သွေးချိုဆီးချိုရောဂါ အသင်း(ADA)၏အဆိုအရသွေးချိုဆီးချိုရောဂါရှိသူများသည် သာမန်လူများကဲ့သို့ တစ်နေ့ လျှင်  အမျှင်ဓာတ်ပမာဏ  ၂၅ ဂရမ်မှ ၃၈ ဂရမ်အထိ  စားသင့်သည်။  ဂျုံ၊  သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော အမျှင်ဓာတ်သည် အစာအိမ်အတွင်း ကိုလက်စထရောနှင့်ပေါင်းစပ်နိုင်ပြီး ယင်းကို ခန္ဓာကိုယ်မှဖယ်ရှားနိုင်သည်။

အသီးအနှံများ အလွန်အကျွံစားခြင်းကို ရှောင်ပါ

အသီးအနှံများသည် အစားအသောက်အတွက် ကျန်းမာရေးနှင့် ညီညွတ်သောဖြည့်စွက်စာဖြစ်သော်လည်း   နံနက်ခင်းတွင် အသီးအနှံများ အလွန်အကျွံစားခြင်းသည် သွေးတွင်းသကြားဓာတ်ကို   သိသိသာသာ မြင့်တက်စေနိုင်ပါသည်။  ငှက်ပျောသီး၊ စပျစ်သီးနှင့်သရက်သီးကဲ့သို့သော  အသီးအနှံများသည်  သဘာဝသကြားဓာတ်မြင့်မားပြီး သွေးတွင်းဂလူးကို့စ်ပမာဏ မညီမျှခြင်းကို ဖြစ်စေနိုင်သည်။ အသီးအနှံစားသုံးမှုကို မျှတစေရန် ပရိုတင်းနှင့်အမြဲတွဲစားပေးပါ။ ဘလူးဘယ်ရီနှင့် စတော်ဘယ်ရီကဲ့သို့သော ဘယ်ရီသီးများသည် သကြားဓာတ်နည်းသဖြင့် နံနက်စာအတွက် ဒိန်ချဉ်၊ အခွံမာသီးလက်တစ်ဆုပ်စာနှင့်အတူ   တွဲဖက်စားနိုင်ပါသည်။

နံနက်စာတွင် ပရိုတင်းရင်းမြစ်များ မျှတစွာပါဝင်စေပြီး ပြုပြင်ထားသော အသားများကို ရှောင်ပါ

လူအများစုသည်    နံနက်စာအတွက် ကာဗိုဟိုက်ဒရိတ်ကို အာရုံစိုက်ကြသော်လည်း သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းသိမ်းရာတွင်  ပရိုတင်းသည်လည်း ထပ်တူအရေးကြီးပါသည်။ ပရိုတင်းဓာတ်သည်  ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို   နှေးကွေးစေပြီး တစ်နေ့တာလုံးအတွက် တည်ငြိမ်သော   စွမ်းအင်ပမာဏကို မြှင့်တင်ပေးသည်။ လုံလောက်သော ပရိုတင်းမပါဝင်လျှင် အစာစားပြီးပြီးချင်း သွေးတွင်း သကြားဓာတ်တက်လာနိုင်ပြီး  အင်ဆူလင်ထုတ်လုပ်မှု မြင့်တက်စေသဖြင့် အစာစားပြီးပြီးချင်း ဆာလောင်မှုကို ခံစားရနိုင်သည်။ နံနက်စာတွင် ကြက်ဥ၊ တိုဟူး၊ ပဲနို့၊ ကြက်ကင်နှင့်အဆီမပါသောအရည်အသွေးမြင့် ပရိုတင်းမှုန့်၊  ကြက်ကင်နှင့် အဆီမပါသော ပရိုတင်းအရင်းအမြစ်ကောင်းများကို ရွေးချယ်စားသင့်ပါသည်။ လူကြိုက်များသောနံနက်စာများဖြစ်သည့်ဝက်အူချောင်းများ၊ ပြုပြင်ထားသော ကြက်သားပြားများနှင့် ငါးကြော်များတွင် ပြည့်ဝဆီနှင့် ဆိုဒီယမ်မြင့်မားသဖြင့် ယင်း တို့ကိုပုံမှန်စားသုံးလျှင်   မကောင်းသော ကိုလက်စထရော(LDL)    ကိုတိုးစေပြီး     နှလုံးကိုအန္တရာယ် ဖြစ်စေနိုင်ပါသည်။ 

ကျန်းမာရေးနှင့်ညီညွတ်သောအဆီများ ပါဝင်စေရန် သတိပြုပါ

ကျန်းမာရေးနှင့်ညီညွတ်ရန် ကြိုးစားရာတွင်   အဆီအားလုံးကို ရှောင်ကြဉ်ရန် မလိုအပ်ပါ။ အဆီများသည် အစာချေဖျက်မှုနှင့် ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေး စေပြီး   သွေးတွင်းသကြားဓာတ်ကို မျှတအောင်ထိန်းထားရန်  မရှိမဖြစ် လိုအပ်ပါသည်။ သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်အောင်ထိန်းပေးကာ အချိန်ကြာ ကြာ  ဗိုက်ပြည့်စေသည်။ ထောပတ်သီး၊ အခွံမာသီး၊  အစေ့အဆန်များနှင့် သံလွင် ဆီကဲ့သို့   ကျန်းမာရေးနှင့်ညီညွတ်သော အဆီများသည် ကောင်းသော  ကိုလက်စထရော (HDL)ကို မြှင့်တင်ရန်နှင့် မကောင်းသော ကိုလက်စထရော (LDL) ကို လျှော့ချရန်ကူညီပေးသည်။သို့ဖြစ်၍   ပုံမှန်နံနက်စာ အစီအစဉ်တွင် ၎င်းတို့ကို သင့်တင့်မျှတစွာ စားသုံးရန် လိုအပ်သည်။

နံနက်စာစားသောအချိန်နှင့် ပမာဏကိုပုံမှန်ဖြစ်စေရန် သတိပြုပါ

အစားအသောက်များကို တစ်သမတ်တည်းမစားခြင်းသည် သွေးတွင်းသကြားဓာတ် မမှန်ခြင်းနှင့် အလွန်အကျွံစားခြင်း တို့ကိုဖြစ်စေနိုင်သည်။  ဥပမာ- တစ်နေ့မှာ နံနက်စာမစားဘဲ နောက်နေ့နံနက်စာ များများစားရင် သွေးတွင်းသကြားဓာတ် ပမာဏမညီညွတ်တာကို  တွေ့ရနိုင်ခြေ ပိုများပါတယ်။  နံနက်စာစားပြီး နှစ်နာရီအကြာမှာ သွေးတွင်းသကြားဓာတ်တက် လာတာကိုသတိပြုမိရင် စားခဲ့တဲ့အစားအစာ အမျိုးအစားနှင့် ပမာဏကိုပြန်ကြည့်ပါ။ သွေးတွင်းသကြားဓာတ်ပမာဏသည် သောက်သောဆေးဝါးများ၊ စားထားသည့် အစားအစာ၊ စားပြီးသောပမာဏနှင့် လှုပ်ရှားမှုပေါ်မူတည်၍  ကွဲပြားပါသည်။ နံနက်စာအတွက် တူညီသော ကာဗိုဟိုက်ဒရိတ်ပမာဏကို အကြမ်းဖျင်းစားပြီး ခန္ဓာကိုယ်ကတုံ့ပြန်ပုံကို    အကဲဖြတ်ပါ။

မျှတသောနံနက်စာအတွက် အမျှင်ဓာတ်၊ ပရိုတင်းနှင့်   မပြည့်ဝဆီများ ပါဝင်သော အစားအစာများကို    စားရန်သတိပြုပါ

အချုပ်အားဖြင့်ဆိုရသော် နေ့ရက်တိုင်းတွင် ကျန်းမာရေးနှင့် ညီညွတ်သောနံနက် စာဖြင့်စတင်ရန် အမျှင်ဓာတ်ကြွယ်ဝသော ကာဗိုဟိုက်ဒရိတ်များ၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ၊  အစေ့အဆန်များ၊ ကျန်းမာရေးနှင့် ညီညွတ်သော  အဆီနှင့်ပရိုတင်းများ၊ ငါးများကိုရွေးချယ်၍ အချိန်နှင့်ပမာဏကို ပုံမှန်ဖြစ်စေရန်  သတိပြုစားသောက်သင့်ပါသည်။  သင့်တင့်မျှတ သောနံနက်စာသည်   ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ပမာဏကို အားဖြည့် ပေးနိုင်ပြီး  သွေးချိုဆီးချိုရောဂါ၊   နှလုံးသွေကြောဆိုင်ရာ ရောဂါနှင့် ရေရှည်ကျန်းမာရေး ပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

Source: Myawady Webportal

ဒေါက်တာသိင်္ဂီကျော်

ခြေဖျားထောက်ပြီး လမ်းလျှောက်ခြင်း၏အကျိုး
-

ကျန်းမာရေးအတွက်    လေ့ကျင့်ခန်းပြုလုပ်ရာတွင်   အသက်အရွယ်အလိုက် သင့်လျော်သည့် လေ့ကျင့်ခန်းမျိုး ပြုလုပ်ရန်  လိုအပ်သည်။ ကျန်းမာရေးအတွက် ပြုလုပ်ကြသော  လေ့ကျင့်ခန်းအမျိုးမျိုးတွင်   သုတေသီတို့၏ အဆိုအရ    အပြေးလျှောက်လေ့ကျင့်ခန်းသည် အကောင်းဆုံး၊   စက်ဘီးစီးခြင်းသည်   ဒုတိယနှင့်  လမ်းလျှောက်ခြင်းသည် တတိယအကောင်းဆုံးဖြစ်သည်ဟု ဆိုသည်။

အပြေးလျှောက်ခြင်းသည် ရိုးရိုးလမ်း လျှောက်ခြင်းထက် ပို၍သက်လုံကောင်းကာ အမောခံနိုင်သည်ဟုဆိုသည်။ ညနေဘက်ပြေးလျှင် ကြွက်သားများပြေလျော့ပြီး   စားကောင်းကာ    အိပ်ပျော်စေနိုင်သည်ဟု လက်တွေ့အပြေးလျှောက်လေ့ ကျင့်နေသူတစ်ဦးက ပြောသည်။ အပြေးလျှောက်ခြင်းသည် ဝမ်းချုပ်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်သည်။

လမ်းလျှောက်သူများ၊ အပြေးလျှောက်လေ့ကျင့်သူများ တစ်ခါတစ်ရံ အခက်အခဲတွေ့ရတတ်သည်။ အထူးသဖြင့် တခြားတစ်မြို့တစ်ရွာရောက်သောအခါ ပြေးစရာ၊ လျှောက်စရာ  မြေကျယ်ကျယ်မရှိခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါများပြီး ရွှံ့ညွန်ထူထပ်သောအရပ်တွင် ရောက်ရှိနေသဖြင့် မိမိနေ့စဉ်ပြုလုပ်နေကျ လေ့ကျင့်ခန်းကို မလုပ်နိုင်ခြင်းတို့ဖြစ်နိုင်သည်။

ထိုအခါမျိုးတွင် ပြုလုပ်နိုင်မည့် ထိရောက်သော လေ့ကျင့်ခန်းတစ်မျိုးကို ရေးသားတင်ပြလိုပါသည်။ မြေနေရာအကျယ်အဝန်းများစွာ မလိုအပ်ဘဲ အခန်းတစ်ခန်း၊ ပြတင်းပေါက်တစ်ပေါက်ရှိနေလျှင် ဤလေ့ကျင့်ခန်းကို လုပ်ဆောင်နိုင်ပါသည်။

ခြေဖျားထောက်လေ့ကျင့်ခန်းလူတို့၏ခြေဖဝါးတွင် ခန္ဓာကိုယ်အတွင်းကလီစာများနှင့် ဆက်နွှယ်နေသော အရေးပါသည့် နှိပ်ကွက်များရှိသည်။ ရိုးရာအကြောပြင်နှိပ်ကွက်များတွင် ပထဝီဓာတ်နှင့်ဆိုင်သော     အကြောကြီး နှစ်ချောင်းသည်  ခြေဖဝါးအလယ်နှင့် ခြေဖဝါး ဘေးစောင်းတွင်ရှိနေကြသည်။ ခြေဖဝါးအတွင်းခွက်နေသော နေရာ၌ နှိပ်ကြည့်ပါ။ တင်းနေသောအကြောသည် အတွင်း ပထဝီကြောဟုခေါ်သည်။  သက်စောင့် ကြောဖြစ်သည်။   ကြွက်တက်လျှင် ထိုအကြောကိုနှိပ်လျှင် ပြန်ကျပြီးသက်သာ စေနိုင်သည်။ ခြေဖဝါးပထဝီ ကြောစမ်း၍ မရတော့လျှင် သေဆုံးချိန်နီးသော လူနာဖြစ်သည်ဟု ဆိုသည်။

အပြင်ပထဝီကြောသည် ခြေဖဝါးဘေး စောင်းအတွင်းဘက်တွင်ရှိသည်။ နှိပ်လျှင် နာသည်။ အကြောပြေစေရန်၊ အညောင်း အညာသက်သာစေရန် အနှိပ်သည်များက ထိုအကြောကို နှိပ်ပေးလေ့ရှိသည်။   ထိုအပြင်ပထဝီ ကြောသည်လည်း သက်စောင့်ကြောဖြစ်သည်။ အတက်ရောဂါရှိသူများနှင့် ကလေးများ ကိုယ်ပူကြီး၍ အတွင်းတက်တက်လျှင် အပြင်ပထဝီကြောရှိသည့် ခြေဖဝါးစောင်းကို နှိပ်ပေးလျှင် အတက်ကျစေနိုင်သည်။

ခြေဖဝါးပထဝီကြောနှစ်ကြောကို မနှိပ်ဘဲနှိပ်သကဲ့သို့  ပြေလျော့စေနိုင်သောလေ့ကျင့်ခန်းမှာ   ခြေဖဝါး ထောက်ခြင်း သို့မဟုတ် ခြေဖျားထောက်ခြင်းလေ့ကျင့် ခန်းဖြစ်သည်။

မတ်တတ်ရပ်ပြီး ခြေဖျားထိပ်ကလေးများပေါ်တွင် အားပြုကြည့်ပါ။ ခြေသလုံးကြွက်သားများကို အားယူထားရသဖြင့် ကြာကြာမရပ်နိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။ ကြာကြာရပ်နိုင်စေရန် ကျင့်သား မရမီ အကူအညီလိုအပ်ပါသည်။ ပြတင်း ပေါက်တစ်ခုတွင် ရပ်ပါ။    တံခါးဘောင် တစ်ဖက်တစ်ချက်တွင် လက်ကိုင်ထား၊ အားပြုထားပြီးမှ မတ်တတ်အနေအထား ဖြင့် ခြေဖျားထောက်ကြည့်ပါ။ ကြာကြာ မရပ်နိုင်လျှင် ခြေဖဝါးပြန်ချပါ။ ထို့နောက် တစ်ကြိမ်ထပ်ပြီး ခြေဖျားထောက်ပြီး ရပ်ပါ။  ခြေချောင်းလေးများပေါ်တွင် ခန္ဓာကိုယ် အလေးချိန်အားလုံး  ရောက်ရှိနေကြောင်း   စိတ်ကသိအောင်  အာရုံပြုထားပြီးရပ်ပါ။ ကြိုးစားပြီးရပ်ပါ။ ပထမပိုင်း မခံနိုင်သော်လည်း  နောက်ပိုင်းတွင် ကြာကြာရပ်နိုင်လာပြီး ကြွက်သားများတင်းရာမှ ပြေ‌လျော့လာ ပါလိမ့်မည်။

ခြေဖျားထောက်ရပ်မည့်   နေရာသည် ညီညာဖို့လိုသည်။  ပျော့အိသောနေရာတွင်  ရပ်လျှင်  မထိရောက်ပါ။   မြေမာ၊ ပြတင်းပေါက်ကြမ်းပြင် သို့မဟုတ် သမံတလင်း စသည့်အောက်ခံမာကျောသော နေရာ၌     ခြေဖျားထောက်ရပ်ခြင်းက အကြောများကို    ပို၍ထိရောက်စေနိုင် သည်။

ခြေဖျားထောက်ရပ်ခြင်း၏ အကျိုးကျေးဇူးများ

ခြေဖျားထောက်ရပ်သောအခါ ခြေမ၊  ခြေညှိုး၊ ခြေခလယ်၊ ခြေသူကြွယ်၊ ခြေ သန်းလေးများအောက်ရှိ နှိပ်မှထိတွေ့နိုင်သော  အကြောဆုံမှတ်ကလေးများကို ဖိအားသက်ရောက်စေနိုင်သည်။ မိမိခန္ဓာ ကိုယ်အပေါ်ပိုင်းမှ ဖိအားသည်   ဆုံမှတ် ကလေးများကို ထိတွေ့သောအခါ ခြေမအောက်အကြောဆုံမှတ်တွင်   ဖိမိသော အားသက်ရောက်မှုကြောင့်      မျက်စိကို အကျိုးသက်ရောက်စေသည်။    မျက်စိမှန်ဘီလူးအားနည်းခြင်း၊ အတွင်းတိမ်ရောဂါ၊ မျက်လုံးအိမ်တွင်း  ရေဖိအားလျော့ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ မျက်ရည်အိတ်ပိတ်ခြင်း၊ မျက်စိသွေးကြောများ နီရဲခြင်း၊ ရောင်ခြင်းတို့ကို သက်သာစေနိုင်သည်။

ခြေညှိုးအောက် ဆုံမှတ်အကြောဆုံကို ဖိမိသော သက်ရောက်မှုကြောင့် ကျောက်ကပ်ကိုအားကောင်းစေနိုင်သည်။ ဆီးပူ ဆီးအောင့်ရောဂါ၊ ဆီးနီဆီးပူရောဂါနှင့် အဝေးပြေးကားမောင်းသမားများတွင် တွေ့ရသော ဆီးပူညောင်းကျ ရောဂါစွဲနေ သူတစ်ဦးမှာ ကားရပ်နားချိန်တွင် ခြေဖျားထောက်ရပ်သော  လေ့ကျင့်ခန်းကို ၁၅ မိနစ်ခန့် စွဲစွဲမြဲမြဲပြုလုပ်ပေးရုံဖြင့် သက်သာနိုင်ကြောင်း သိရသည်။

အမျိုးသမီးများတွင် ဖြစ်လေ့ရှိသော မီးယပ်အဖြူဆင်းရောဂါကိုလည်း ခြေဖျား ထောက်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။

ခြေခလယ်အောက်ရှိ အကြောဆုံမှတ်ကို  ကိုယ်ပေါ်မှဝိတ်အားဖြင့်   ဖိမိခြင်းကြောင့် ထူးခြားသောအကျိုးမှာ   အစာကြေခြင်း၊ အစာအိမ်နာရောဂါနှင့် အူသိမ်အူနာရောဂါများကို  သက်သာစေသည့်အပြင် အစာမကြေမှု၏ နောက်ဆက်တွဲဖြစ်သည့် ဝမ်းချုပ်ခြင်း၊ ဝမ်းစေး၊ ဝမ်းမည်း၊ ဝမ်းအကျိအချွဲသွားခြင်းများကိုပါ  သက်သာစေသည်။  အလွန်အမင်းစားမိ၍ စားပိုးနင့်သူသည်  ထိုင်မနေဘဲ ခေတ္တမျှ လမ်းလျှောက်ပြီးနောက်  ခြေဖျားထောက် ရပ်ပြုလုပ်ခြင်းဖြင့် အစာကြေပြီး စားပိုးနင့်ခြင်းကို သက်သာစေနိုင်သည်။ အစာအိမ်အားနည်းသူသည် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ခြေဖျားထောက်ရပ် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့်  အစာအိမ်ရောဂါဖြစ်ခြင်းမှ  ကင်းဝေးစေနိုင်သည်။

ခြေသူကြွယ်အောက်ရှိ အကြောဆုံမှတ်ကို  ဖိနှိပ်မိခြင်းကြောင့်  သည်းခြေအား ကောင်းစေနိုင်သည်။  အသည်းနှင့်ကပ်လျက်ရှိသော  သည်းခြေအိတ်တွင် ကျောက်တည်ခြင်းကို  ကာကွယ်ပြီး  သည်းခြေရည်ကို   ပိုထွက်စေနိုင်သည်။

သည်းခြေရည်  ထွက်အားကောင်းလျှင် ဝမ်းမှန်ပြီး  လေကိုအောက်သို့  သက်စေနိုင်သည်။ သည်းခြေကျောက်တည်ရောဂါနှင့်  သည်းခြေအိတ်ပိတ်သောရောဂါသည်  ယခုခေတ်တွင်   အဖြစ်များသော ရောဂါဖြစ်သည်။

ခြေသန်းအောက်ရှိ အာရုံကြောအကြောဆုံမှတ်သည် ခြေဖျားထောက်ရပ်သောအခါ   ဖိမိမှုအားနည်းပြီး  လွတ်နေတတ်သည်။  ခြေဖျားထောက်လျက်နှင့် ခုန်ပေးခြင်းကို ဆယ်ကြိမ်ခန့်ပြုလုပ်ပေးပါ။ ခုန်ပြီး ပြန်အကျတွင် ခြေသန်းအောက်  အသားဖြင့်ကျလျှင် ဆုံမှတ်ကိုဖိမိနိုင်သည်။ လျှာ၊အာခေါင်နှင့်  သွားအခြေတစ်ဝိုက်သွားဖုံးတွင် ဖြစ်သောရောဂါများကို သက်သာစေနိုင်သည်။ သွားခြေပေါ်ပြီး သွားကျဉ်ခြင်း၊ သွေးယိုခြင်းများကိုပါသက်သာစေနိုင်သည်။

အချုပ်ဆိုရသော် နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်ပြီး ကျန်းမာရေးလိုက်စားသူများအနေဖြင့်  အပြေးလျှောက်၊ စက်ဘီးစီး၊ လမ်းလျှောက်ပြုလုပ်ခြင်းများမှ  အနားယူချိန်တွင် ၅ မိနစ်ခန့် ခြေဖျားထောက်ရပ်ခြင်းကို ပြုလုပ်ပေးလျှင်  မိမိပြုလုပ်သော လေ့ကျင့်ခန်းများကို အထောက်အကူပြုစေနိုင်သည်။ ဤလေ့ကျင့်ခန်းသည် ကြွက်တက်ခြင်းရောဂါ၊ ခြေဖနောင့်အတက်ထွက်ရောဂါများကိုလည်း သက်သာစေနိုင်ကြောင်း  အကြံပြုရေးသားတင်ပြလိုက်ရပါသည်။

Source: Myawady Webportal

အမည်မသိ

ဆေးဖက်၀င် ရှားစောင်းလက်ပပ်
-

ဆေးဖက်၀င်အပင်အဖြစ်  လူသိများသော ရှားစောင်းလက်ပပ်ကို မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအတော်များများ၌ ဆေးဝါးများတွင် ထည့်သွင်းအသုံးပြုရန် စိုက်ပျိုးလေ့ရှိကြသည်။   အထူးသဖြင့် အာဖရိက၊ အိန္ဒိယနှင့် ပူပြင်းခြောက်သွေ့သော အရပ်ဒေသများ၌ ရှင်သန်ကြီးထွားနှုန်းမြန်သည်။

အဆိုပါနိုင်ငံများ၌ ရှားစောင်းလက်ပပ်ကို အခြောက်လှန်း၊ အမှုန့်ကြိတ်ကာ ရေနွေးဆူဆူတွင်    ခတ်သောက်ခြင်း၊ ပါးပါးလှီး၊  ကြိတ်၍   ပိတ်စပါးပါးဖြင့် အရည်ညှစ်ချပြီး    ဆူအောင်တည်ကာ သကြား   သို့မဟုတ်   ပျားရည်ထည့်၍ ကျိုချက်သောက်ခြင်းတို့အပြင်   အသင့်သောက်ဖျော်ရည်ဘူးများ ထုတ်လုပ်ကြသည်။ ထို့ပြင်  အလှကုန်ပစ္စည်းအမျိုးမျိုးတွင်လည်း ထည့်သွင်းထုတ်လုပ်ကြသည်။

ပြည်ပ၀င်ငွေရရှိသော မြန်မာ့ရှားစောင်း လက်ပပ်ချက်ဆေးမြန်မာနိုင်ငံ၌   ရှေးအစဉ်အဆက်မှစ၍ အိမ်သုံးဆေးဝါးအဖြစ် အသုံးပြုသည့် သဘာ၀ရှားစောင်း လက်ပပ်ချက်ဆေးများကို    ပြည်တွင်းစျေးကွက်တွင်သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချလျက်ရှိသည်။    မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ထနောင်းခလှကျေးရွာမှ ထုတ်လုပ်သည့်   သဘာ၀ရှားစောင်း လက်ပပ်ချက်ဆေးမှာ ပြည်တွင်းစျေးကွက်တွင်သာမက ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ တရုတ်နိုင်ငံတို့အထိ တင်ပို့ရောင်းချနေရသည်။ အဆိုပါဒေသသည် မိုးခေါင်ရေရှားပြီး    ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်သဖြင့် ရှားစောင်းလက်ပပ်ချက်ဆေး၏ ကုန်ကြမ်းများဖြစ်ကြသော   ရှားစောင်းလက်ပပ်၊ ထန်းဖိုထန်းလျက်၊ ဆီးပျားရည်တို့ကို အလွယ်တကူ  ပေါများစွာရရှိနိုင်သည့်ဒေသဖြစ်ရာ  ချက်ဆေးပြုလုပ်ရန်  အဆင်ပြေကြောင်း သိရသည်။

ရှားစောင်းလက်ပပ်  ချက်ဆေးတာရှည်ခံစေရန် လှီးထားသည့်ရှားစောင်း လက်ပပ်များကို တစ်နေကုန်နေလှန်းပြီးမှ ထန်းလျက်၊ ဆီးပျားရည်၊ မန်ကျည်းမှည့်၊ စမုန်မျိုးငါးပါး၊ နှမ်းနက်ဆီတို့ထည့်၍ ရေ(အရည်)ကုန်သည်အထိ မီးကိုလိုအပ်သလို အတိုးအလျှော့ထားကာ ကျိုချက်ရသည်။ ရှားစောင်းလက်ပပ်ချက်ဆေးတစ်ဒယ်တွင်     ရှားစောင်းလက်ပပ် ခြောက်ပိဿာ၊ ထန်းလျက်လေးပိဿာ၊ မန်ကျည်းမှည့် တစ်ပိဿာ ၂၅ ကျပ်သား၊ ပျားရည် ၁၀ ကျပ်သား၊ နှမ်းနက်ဆီ ၅၀ ကျပ်သား၊ စမုန်မျိုးငါးပါး ၁၀ ကျပ်သား ကို အချိုးကျထည့်၍ ကျိုချက်ရသည်။ အသုံးပြုသည့်ကုန်ကြမ်းများမှာ သဘာ၀အော်ဂဲနစ်စစ်စစ်များဖြစ်သည်။

စီးပွားဖြစ်စိုက်ပျိုးနည်း

ရှားစောင်းလက်ပပ်ပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင်  အစိုဓာတ်အသင့်အတင့်ရရှိရုံဖြင့်   စိုက်ပျိုးနိုင်သည်။  မြေပေါ်ချစိုက်သောအပင်က  ပန်းအိုးထဲထည့်စိုက်သည့်အပင်ထက် ပို၍အပေါက်မြန်ပြီး   ကြီးထွားသန်မာသည်။   လေဝင်လေထွက်ကောင်းသော မြေအမျိုးအစားနှင့်   ရေစီးဆင်းမှုလွယ်ကူပြီး ရေဓာတ်သိုမှီးထားနိုင်သောမြေမျိုးတွင် ဖြစ်ထွန်းမှု မြန်ဆန်သည်။ ယင်းမြေတွင် သဲကြမ်းအနည်းငယ်၊ သစ်ရွက်ဆွေးအနည်းငယ်၊ မီးသွေးမှုန့်အနည်းငယ် ရောနှောစိုက်ပျိုးရသည်။ အပင်ခြေရင်းတွင် ပြာအနည်းငယ်ပုံပေးပါက   ဖြစ်ထွန်းလွယ်သည်။

တစ်ပင်နှင့်တစ်ပင် ငါးပေခြားစိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင်    အလက်များ   သန်မာထွားကျိုင်းကာ ဖြစ်ထွန်းအောင်မြင်လာသည်။ အဓိကအားဖြင့် နေရောင်ခြည်ကောင်းစွာရတတ်သော   အရှေ့အရပ်နှင့် တောင်အရပ်တို့က ရှားစောင်းလက်ပပ်ပင်စိုက်ပျိုးသင့်သော   နေရာကောင်းဖြစ်သည်။

ရေကြိုက်ပင်မဟုတ်၍ ရေလျှော့လောင်းသင့်

ရှားစောင်းလက်ပပ်ကို  သားတက်ခွဲစိုက်နည်းဖြင့်လည်း စိုက်ပျိုးနိုင်သည်။ အပင်မကြီး၏အမြစ်ကို မထိခိုက်စေဘဲ သားတက်ကို အမြစ်ပါနုတ်ယူပြီး  စိုက်ပျိုးနည်းဖြစ်သည်။ ပထမဆုံးသားတက်ကိုနုတ်ယူပါ။ လေဝင်လေထွက်ကောင်းပြီး အရိပ်ရသောနေရာတွင် ရက်သတ္တပတ်ခန့် အခြောက်ခံထားပါ။ သေသေချာချာ ခြောက်ပြီဆိုလျှင်   မြေပေါ်ရွှေ့စိုက်ပါ။ ချက်ချင်းရေမလောင်းရပါ။ အမြစ်များ အသေအချာခိုင်လာမှ   ရေလောင်းပါ။မကြာမီ အပင်သစ်မှ အမြစ်ထွက်လာပါလိမ့်မည်။ အပင်သစ်၏ အရွက်အနည်းငယ် အဝါရောင်သန်းလာလျှင်လည်း စိတ်မပူပါနှင့်။ အမြစ်တဖြည်းဖြည်း ရှည်ထွက်လာချိန်တွင် အရွက်လည်း ပို၍သန်လာမည်။ ယင်းနောက်တွင် အရွက်က အစိမ်းရင့်ရောင်ပြောင်းလဲလာမည်။ထိုအခါ အသေအချာစစ်ဆေးကြည့်ပြီးမှ ရေလောင်းပါ။

ရှားစောင်းလက်ပပ်၏ အကျိုးကျေးဇူးများ

ရှားစောင်းလက်ပပ်ပင်ထဲတွင် ဖန်သားကဲ့သို့ကြည်လင်သော  အဖြူရောင် ဂျယ်လီများ ပြည့်သိပ်နေပြီး ယင်းတွင် ရေဓာတ် ၉၉ ရာခိုင်နှုန်းခန့် ပါ၀င်သည်။ ကျန် ၁ ရာခိုင်နှုန်းထဲတွင်  ဗီတာမင်နှင့် သတ္တုဓာတ် အမျိုး ၂၀၊ အမိုင်နိုအက်စစ် ၁၈ မျိုး၊ phytonutrients နှင့် enzyme စသောဓာတ်ပေါင်းစု အမျိုးပေါင်း ၂၀၀ စီအသီးသီးပါရှိကြသည်။ ထို့ပြင် အပင်များတွင် တွေ့ရခဲသော ဗီတာမင် B-12 ကို ရှားစောင်းလက်ပပ်ထဲတွင် ရှားရှားပါးပါးတွေ့ရသည်။ ရှားစောင်းလက်ပပ်၏ သူမတူအောင် ဆေးဖက်၀င်ပုံကို    အောက်ပါအတိုင်း လေ့လာသိရှိနိုင်ပါသည်။

-  ဂျယ်လီအနှစ်ကို    မျက်ခွံပေါ်အုံပေးပါက မျက်စိနာ၊ မျက်စိကိုက်၊ မျက်စိပူစပ်၊ မျက်စိယားယံခြင်းတို့ ပျောက်ကင်းစေသည်။

-  နားထဲတွင်အနာပေါက်ခြင်း၊ နားကိုက်ခြင်းနှင့် နားပိုး၀င်၍ ရောင်ကိုင်းခြင်းတို့အတွက် ရှားစောင်းလက်ပပ်ကို ၂ လက်မအရွယ်ခန့်လှီးဖြတ်ကာ အလယ်မှထက်ခြမ်းခြမ်းပြီးတစ်ခြမ်းစီကို နား၏ရှေ့နှင့်နောက်တို့တွင်ကပ်ပါ။    ဂျယ်လီအနှစ်များဖြင့် နားအပြင်မှ  ပွတ်ပေးခြင်းဖြင့်လည်း   ရောင်ကိုင်းမှုများလျော့ကာ  နာကျင်ကိုက်ခဲမှုများ  ယူပစ်သလိုပျောက်ကင်းစေနိုင်သည်။

-  ရှားစောင်းလက်ပပ်ကို ဖျော်ရည်သောက်ခြင်း သို့မဟုတ် ပါးပါးလှီး၍ ဟင်းချက်စားခြင်းဖြင့် အမျိုးသမီးများ ဓမ္မတာမှန်စေကာ သားအိမ်သန့်စေသည်။ သွေးဆုံးပြီးနောက် မီးယပ်ရောဂါလည်း မဖြစ်နိုင်တော့ပေ။

- ရှားစောင်းလက်ပပ် ဂျယ်လီသည် အရေပြားကြမ်းကာ   အနီအပိမ့်များထွက်ခြင်း၊   အရေပြားတွင်  ရေအိတ်တည်ခြင်း၊   အပူလောင်ခြင်း၊ ဗက်တီးရီးယားနှင့်   ပွေး၊  ညှင်း  စသည့် အရေပြားရောဂါအမျိုးမျိုးတို့ကို သက်သာပျောက်ကင်းစေသည်။

-  ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါရှိသဖြင့် အစာခြေစနစ်ကိုအားပေးကာ အစာအိမ်နာခြင်း၊ အစာမကြေခြင်းကို သက်သာစေသည်။ အထူးသဖြင့် အူမကြီးကင်ဆာအပါအ၀င်   ကင်ဆာအကျိတ်များ ကြီးထွားလာမှုကို ရပ်တန့်စေသည်။ကိုယ်တွင်းကိုယ်ပရောင်ရမ်းနာများဖြစ်သော အစာအိမ်ပြည်တည်နာများ၊ အသည်းရောင်ခြင်း၊ အူရောင်ခြင်းဝေဒနာတို့ကို လျော့ကျစေနိုင်သည်။

-  သွေးထဲရှိ     အောက်ဆီဂျင်ကို ကောင်းစွာလည်ပတ်စေပြီး  ဆဲလ်များကို ခွန်အားဖြစ်စေသည်

-  အပင်ထဲရှိ     Polysaccharide၊ Mannans၊ Anthraquinone နှင့် lectins စသော  ဒြပ်ပေါင်းစုများသည်   နှလုံးစွမ်းရည်ကို   တိုးမြှင့်ပေးသည့်အပြင် သွေးတွင်း အဆီခဲ၊ သွေးခဲများ ပိတ်ဆို့ခြင်း၊ နှလုံးသွေးပျစ်ခြင်း  စသောနှလုံးသွေးကြောပြဿနာများကို လွန်စွာကောင်းကျိုးပြုသည်။ ထို့ပြင် နှလုံးရောဂါနှင့်ဆက်စပ်သည့် လေဖြတ်ခြင်းကို ကာကွယ်ပေးသည်။

-  သွေးဖိအားကို  ထိန်းညှိပေးခြင်းကြောင့်  သွေးတိုးရောဂါမဖြစ်နိုင်ပေ။

- အရေပြားပေါ်ရှိ ထိခိုက်ဒဏ်ရာ များနှင့် ပိုးဝင်ခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည်။ မီးလောင်နာ၊  အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာ စသည်တို့ကိုရှားစောင်းလက်ပပ်တွင် ပါဝင်သော အောက်ဆီဂျင်ဓာတ်တစ်မျိုးကြောင့် အလိုလို ပြုပြင်ပေးနိုင်စွမ်းရှိသည်။ (သို့သော် ခွဲစိတ်ထားသည့် အနာချုပ်ရိုးများကို   အနာကောင်းစွာ မကျက်သေးမီ ရှားစောင်းလက်ပပ်  လုံးဝမလိမ်းပါနှင့်။   အနာကျက်နှေးစေသည်)

- ဂျယ်လီအနှစ်ကိုခြစ်ယူ၍    ဆန်ဆေးရည်တွင်စိမ်ပြီး သကြားထည့်သောက်ပါက ဆီးပူ၊ ဆီးအောင့်ရောဂါ ပျောက်ကင်းစေပြီး ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။

- အသားဝါရောဂါရှိသူများ    ရှားစောင်းလက်ပပ် ဂျယ်လီအနှစ်ကို   စားပေးခြင်းဖြင့်   ရောဂါသက်သာစေသည်။

-ဖျော်ရည်သောက်သုံးပေးခြင်းဖြင့် အအေးမိ၊   တုပ်ကွေးဖျားနာ၊ နှာခေါင်းပိတ်ခြင်း၊ လေပြွန်ရောင်ခြင်း၊ ရင်ပူခြင်း စသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကောင်းစွာကုသပေးနိုင်စွမ်းရှိသည်။

- သွေးထဲရှိ    ဂလူးကို့စ်ပမာဏကိုကျစေသဖြင့်   ဆီးချိုရောဂါသည်များ ရှားစောင်းလက်ပပ်ဖျော်ရည်ကို သောက်သုံးသင့်သည်။

- ခံတွင်းထဲရှိ ဗက်တီးရီးယားပိုးမွှားများကို  သေစေကာ သွားများကိုဖြူဖွေးသန့်စင် ခိုင်ခံ့စေပြီး သွားဖုံးကျန်းမာစေသည်။

- အပင်၏   Enzyme   များတွင် ၀မ်းသက်စေသော အစွမ်းသတ္တိပါရှိခြင်းကြောင့် အူမကြီးနံရံရှိ အကျိအချွဲများကို တိုးပွားစေကာ အူကို သန့်စင်စေပြီး ၀မ်းမချုပ်စေတော့ပါ။ (သို့သော် အပင်ကို အခြောက်ထား၍ ၀မ်းပျော့ဆေးအဖြစ် အမြဲစားသုံးလျှင် ဆေးမတိုးတော့ဘဲ အကျင့်ပါသွားတတ်သည်ကို သတိပြုပါ)

- ခေါင်းမလျှော်မီ   ရှားစောင်းလက်ပပ်ဖြင့်    ဦးရေပြားကိုပွတ်တိုက်ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်းနှင့်  ဆံပင်ကျိုးခြင်းတို့ကို   သက်သာပျောက်ကင်းစေကာ   သန်းနှင့်ဗောက်များ   လုံး၀ ကင်းစင်စေသည်။

- ရှားစောင်းလက်ပပ်တွင် ရောင်ရမ်းနာများကို    သက်သာစေသော သဘာ၀ဓာတ်ပစ္စည်း ၁၂ မျိုးပါရှိ၍ ဘေးထွက်ဆိုးကျိုး လုံး၀မရှိဘဲ အရိုး၊ အဆစ်အမျက်နာကျင်ကိုက်ခဲခြင်းကို   သက်သာစေနိုင်သည်။ ထို့ပြင် ကြွက်သားများ တောင့်တင်း ခြင်းကိုလည်း ပြေလျော့စေသည်။

- ကိုလက်စထရောကျစေပြီး အဆိပ်အတောက်ကင်းကာ ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေသည်။

- ကော်ဖီနှင့် လက်ဖက်ရည် အလွန်အကျွံသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်အတွက်မလိုလားအပ်သော Oxalates ဓာတ်အန္တရာယ်မှကာကွယ်ပေးသည်။

- ညအိပ်ရာ၀င်ခါနီး ရှားစောင်းလက်ပပ်ဂျယ်လီအနှစ်ကို မျက်နှာအနှံ့လိမ်းပေးပြီး မိနစ် ၂၀ အကြာတွင် ရေအေးနှင့် မျက်နှာသစ်ပေးပါက  မိတ်ကပ်ကြေးညှော်များကင်းစင်ပြီး ချွေးပေါက်ပွင့်ကာ ၀က်ခြံလုံး၀ မထွက်စေနိုင်ပေ။ ထို့ပြင် ရှားစောင်းလက်ပပ်တွင်ပါ၀င်သော အောက်ဆီဂျင်ဓာတ်ကြောင့် အရေပြားပေါ်မှ ဆဲလ်များကို ပိုမိုသန့်စင်စေပြီး  ချောမွတ်လှပစေသည်။  ၀က်ခြံသာမက တင်းတိပ်များကိုပါ   သက်သာစေနိုင်ပြီး အသားအရေနူးညံ့လှပစေသည်။

-  ရှားစောင်းလက်ပပ်ကို အစိမ်းလိုက်ဝါးစားပေးပါက အရက်နာရောဂါ ပျောက်ကင်းစေပြီး ပုံမှန်အတိုင်း ပြန်လည်လန်းဆန်းလာစေသည်။

ရှားစောင်းလက်ပပ်ကို သက်စောင့်ဆေးအဖြစ် မှီဝဲနိုင်အချုပ်ဆိုရသော် လူသားတို့၏ခန္ဓာကိုယ်ကို  ကျန်းမာစွာတည်ဆောက်နိုင်ရန် အမိုင်နိုအက်စစ် စုစုပေါင်းအမျိုး ၂၀ လိုအပ်လျက်ရှိရာ ၁၈ မျိုးကို ရှားစောင်းလက်ပပ်မှ  တစ်ပြိုင်တည်းရရှိစေမည်ဖြစ်သည်။    သို့ပါ၍   မိမိတို့ခန္ဓာကိုယ် ကျန်းမာစေရန်  ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစုဝေးရာ သဘာ၀အရင်းအမြစ်ဖြစ်သည့် ရှားစောင်းလက်ပပ်ကို သက်စောင့်ဆေးအဖြစ် မှီဝဲကြစေလိုကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Source: Myawady Webportal

ပေါက်ပေါက်

ဆေးဖက်ဝင် ကင်ပွန်းချဉ်ပင်
-

ကင်ပွန်းချဉ်ပင်သည် ဆူးဖြူမျိုးရင်းဖြစ်ပြီး မျိုးရင်းအမည် Mimosaceae ဖြစ်ကာ ရုက္ခဗေဒအမည်မှာ Acacia Concinna DC ဖြစ်ပါသည်။ မြန်မာလို ကင်ပွန်းချဉ်ဟုခေါ်ပြီး ကချင်အမည် Hpah-Ha ၊ ချင်းအမည် Hing-Hang ၊ မွန်အမည် Hla Pruckkha Sot ၊ ရှမ်းအမည် fHpal-Ha ; Sum-Hkawn ဟူ၍ ခေါ်ဝေါ်ကြသည်။

(အပင်ပုံသဏ္ဌာန်) ဆူးခြုံရှိသောချုံပင်မျိုးဖြစ်ပြီး ပင်စည်ပျော့သည်။ အစိမ်းရောင်အခက်များပေါ်တွင် နီမှိုင်းသော အစင်းများရှိ၍ သေးငယ်သော အဖြူစက်ကလေးများ ဖုံးအုပ်နေပါသည်။

(အရွက်ပုံသဏ္ဌာန်)ဌက်မွေးရွက်ပေါင်း ဖြစ်သည်။ ၄ - ၆ လက်မရှည်၍ ရွက်ကလေး ၄ - ၆ စုံရှိသည်။ ရွက်မြွှာအစုံ ၁၂ -၂၀ ရှိ တတ်သည်။ ရွက်မြွှာများက ရှည်မျောမျောပုံဖြစ်သည်။ ရွက်ရင်းရွဲ့စောင်းပြီး ရွက်ထိပ်ပိုင်းဝိုင်း၍ အဖျားချွန်သည်။

(အပွင့်ပုံသဏ္ဌာန်) တစ်ပင်တိုင်ပန်းခိုင်ဖြစ်ကာ ပန်းခိုင်၏ အဖျားတွင် စုပြုံ၍ တစ်ပွင့်တည်းပွင့်သည်။ အပွင့်မှာ အဝါရောင်ဖြစ်သည်။  အမွေးအနည်းငယ်သာရှိပြီး ပွင့်ညှာမဲ့သည်။ တပေါင်းလမှ ဝါဆိုလအတွင်း ပွင့်တတ်သည်။

(အသီးပုံသဏ္ဌာန်) အသားထူသော အသီးတောင့်ရှည်မျိုးဖြစ်သည်။ ပြား၍ ဖြောင့်သည်။ အစေ့များကြားတွင် အဆစ်များဖြစ်နေပြီး အစေ့မှာအနက်ရောင်ဖြစ်သည်။ နတ်တော်လနှင့် ပြာသိုလတွင် အသီးသီးသည်။

(ပေါက်ရောက်ရာအရပ်) မြန်မာနိုင်ငံအနှံ့အပြား ပေါက်ရောက်ပြီး အမြဲစိမ်းသစ်တောများတွင် အများဆုံးတွေ့ရတတ်ပါသည်။

(ပေါက်ရောက်ပုံ) သဘာဝအလျောက် ပေါက်ရောက်သည်။

(အသုံးပြုသည့်အစိတ်အပိုင်း) အသီး၊ အရွက်။

ကင်ပွန်းချဉ်နှင့် မြန်မာ့ဆေးကျမ်း

ကျေးလက်ဒေသများတွင် မြွေဆိုးအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ဆူးချုံပင်တစ်မျိုးဖြစ်သော ကင်ပွန်းချဉ်ရွက်ပင်များကို ခြံစည်းရိုးပင်အဖြစ် စိုက်ပျိုးလေ့ရှိကြသည်။ ကင်ပွန်းချဉ်ပင်၏ အရွက်၊ အသီး၊ အပွင့်အားလုံး ဆေးဖက်ဝင်လှသောကြောင့် ရှေးလူကြီးများက အောက်ပါအတိုင်း ဆေးနည်းတိုအဖြစ် အသုံးပြုလာခဲ့ကြပါသည်။ 

  • မြန်မာ့ဆေးကျမ်းများ၏ အလိုအရ ကင်ပွန်းပွင့်သည် ချို၏။ အေး၏။ လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ ကင်ပွန်းရွက်သည် ပူ၏။ ချဉ်၏။ အပူကြောင့်ဖြစ်သော အခိုးအကင်းကို ငြိမ်းစေ၏။ ဝမ်းရပ်ခြင်းကိုပြုတတ်၏။ ကင်ပွန်းသီးသည် ခါး၏။ အေး၏။ အစာကို ကြေညက်စေ၍ ဝမ်းကိုသက်စေ၏ဟု ဖော်ပြထားပါသည်။

  • ဓာတုရသဆေးကျမ်းတွင် ကင်ပွန်းရွက်သည် အပူကြောင့်ဖြစ်သော အခိုးအကင်းကိုလည်းကောင်း၊ ဝမ်းရပ်ခြင်းကို လည်းကောင်း ပြုတတ်၏။ သည်းခြေကို   ငြိမ်းစေတတ်၏ဟု ဖော်ပြထားပါသည်။

  • သက်စောင့်ဆေးအဘိဓာန်တွင် ကင်ပွန်းရွက်သည် သည်းခြေကို ငြိမ်းစေ၏။ ဝမ်းရပ်စေခြင်း၊ အပူကြောင့်ဖြစ်သော အခိုးအကင်းကို ငြိမ်းစေ၏ဟု ဖော်ပြထားပါသည်။

  • ရှုတော်မူဆေးကျမ်းတွင် ကင်ပွန်းရွက်သည် ပူ၏။ ချဉ်၏။ သလိပ်ကို နိုင်၏။ သည်းခြေကို ငြိမ်းစေတတ်၏။ သွေးသက်၏ဟု ဖော်ပြထားပါသည်။

ကင်ပွန်းချဉ်နှင့်ကျန်းမာရေး

(အရွက်၏ အာနိသင်)

၁။         ကင်ပွန်းချဉ်ရွက်ထဲတွင် အဓိကပါဝင်သော အာဟာရဓာတ်မှာ ရေငွေ့ဓာတ်ဖြစ်သည်။ ထိုဓာတ်က ခန္ဓာကိုယ်တွင်းသို့ အာဟာရဓာတ်များပို့ဆောင်ရေး၊ မလိုလားအပ်သော အညစ်အကြေးများကို ဆီး၊ ချွေးအဖြစ်ဖြင့် ခန္ဓာကိုယ်ပြင်ပသို့ ပြန်လည်စွန့်ထုတ်ရေး၊ ခန္ဓာကိုယ်၏ အပူအအေးကို အစဉ်မျှတစေရန် ထိန်းသိမ်းပေးရေးစသည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ပေးနိုင်ပါသည်။

၂။         ပူ၍အချဉ်ဓာတ်ရှိသော အရွက်များက အပူကြောင့်ဖြစ်တတ်သော အခိုးအကင်းကို ငြိမ်းစေနိုင်သဖြင့် ဆောင်း ရာသီဓာတ်စာအဖြစ် စားသုံးသင့်ပါသည်။

၃။         ဆီးရောဂါအမျိုးမျိုးအတွက် လတ်လတ်ဆတ်ဆတ် ကင်ပွန်းချဉ်ရွက်အရည်(သတ္တုရည်)ကို သောက်သုံး သင့်ပါသည်။

            ၄။         အရွက်ပြုတ်ရည်က အဆီကျဆေး၊ ခံတွင်းပျက်ခြင်းအတွက် နှုတ်မြိန်ဆေးများအဖြစ် အသုံးတည့်လှသည်။

            ၅။         လေဖျဉ်းရောဂါသည်များအတွက် ကင်ပွန်းချဉ်ရွက်ကို ငါးခူ၊ ငါးကြင်းသားတို့ဖြင့် ချက်စားပါ။

            ၆။         သည်းခြေရောဂါသည်များအတွက် ကင်ပွန်းချဉ်ရွက်နှင့် ငါးစင်ရိုင်း သို့မဟုတ် ငါးတန်က ဆေးဖက်ဝင်သည်။

၇။         အိမ်ထောင်ရှင်များ သုက်ကိုပွားစေဖို့အတွက် ကင်ပွန်းချဉ်ရွက်ကို ငါးခူ၊ ငါးကျည်း၊ ငါးကြင်းတို့ဖြင့် မကြာခဏ ချက်စားပေးနိုင်သည်။

၈။         ကင်ပွန်းချဉ်ရွက်ကို ငါးကျည်း၊ ငါးစင်ရိုင်း၊ ငါးကြင်း၊ ငါးတန် စသည့်ငါးများဖြင့် ရောချက်စားခြင်းက ပန်းနာနှင့် ချွဲသလိပ်ရောဂါသည်များအတွက် အကျိုးအာနိသင်ပိုစေပါသည်။

၉။         ကင်ပွန်းချဉ်ရွက်ကို ငါးခုံးမနှင့်ချက်စားပါက အိပ်မပျော်၊ စားမဝင်ရောဂါ၊ သုက်အားနည်း၊  သုက်ခန်းရောဂါတို့ကို ပျောက်စေသည်။ သွေးကို   သန့်စင်စေပါသည်။ ပန်းနာရောဂါရှိသူများနှင့်လည်း အထူးသင့်တော်ပါသည်။

၁၀။      ငါးရံ့ သို့မဟုတ် ငါးဖယ် သို့မဟုတ် ငါးဖန်းမနှင့် ချက်စားပါက အစာမကြေရောဂါ၊ သုက်အားနည်းရောဂါတို့ကို  ပျောက်ကင်းစေသည်။

၁၁။       ကင်ပွန်းချဉ်ရွက်ကို ဖလံတောင်ဝှေးဖြင့် ရောကြော်စားပါ။ ဆံပင်ဖြူခြင်းနှင့် သွေးဆုံးကိုင်ဝေဒနာကို သက်သာ စေပါသည်။

၁၂။       လေပွ(ဗိုက်ပွ)ခြင်းအတွက် ကင်ပွန်းချဉ်ရွက်အနုကိုခြေ၍ ရေအေးဖြင့် စိမ်သောက်ပါ (ရေခဲရေမဟုတ်ပါ)။ ထို့ပြင် ကင်ပွန်းချဉ်ရွက် အနုအရင့်တို့ကိုကြိတ်၍ ခပ်နွေးနွေးအပူပေးပြီး ကျောအောင့်ကျောနာသည့် နေရာကို ကျပ်စည်း ပေးပါ၊ ကျပ်ထုပ်ထိုးပေးပါ။ ဝမ်းပျော့ပျော့သွားလိမ့်မည် မကြောက်ပါနှင့်။

၁၃။       သွေးဆုံးကိုင်ရောဂါအတွက် ကင်ပွန်းချဉ်ရွက်ကို အမျိုးမျိုးလုပ်၍ ဟင်းချက်စားပေးပါ။

၁၄။       ဆီးချိုရောဂါသည်များ ကင်ပွန်းချဉ်ရွက်ပြုတ်ရည်သောက်ပါ။

၁၅။      အရွက် ရေနွေးဖြောရည်ကို ဌက်ဖျားရောဂါအတွက် သောက်သုံးပေးနိုင်ပါသည်။

၁၆။      အရွက်နုလေးများကို ငရုတ်ကောင်းရည်တွင်စိမ်၍ ဆား၊ မန်ကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး အသည်း ရောင်အသားဝါနှင့် သည်းခြေရောဂါတို့အတွက် တိုက်ကျွေးပေးပါက သက်သာပျောက်ကင်းစေနိုင်ပါသည်။

၁၇။      ဖျဉ်းစွဲရောဂါအတွက် အရွက်နုများကို ညဉ့်သိပ်ရေစိမ်ပြီးသောက်ပါ။

(အသီး၏ အာနိသင်)

 ၁။         ဆီးရွှင်ဝမ်းသက်စေပါသည်။

၂။         မြွေဆိပ်တက်ခြင်း၊ လေအောင့်ရောဂါ၊ သွေးနှင့်ဆိုင်သောရောဂါ၊ အဖြူကွက်ပေါ်သောရောဂါ၊ အစာအိမ်ရောဂါနှင့် ဝမ်းချုပ်ခြင်းတို့ကို ကောင်းကျိုးပြုသည်။

၃။         သည်းခြေနှင့် သလိပ်ကိုနိုင်သည်။ ချွဲသလိပ်တို့ကို ကြေစေသည်။ အန်ဆေး၊ ချွဲယိုင်ဆေးဖော်စပ်ရာတွင် အသုံးပြုလေ့ရှိသည်။

၄။         သန်းနှင့် ဗောက်တို့အတွက် အသီးကိုပြုတ်၍ ခေါင်းလျှော်ပေးနိုင်ပါသည်။ ခေါင်းဦးရေပြားကို အေးမြစေသဖြင့် ဆံပင်သန်နက်စေသည်။

၅။         စိန်နှင့်သံပရာသီး စားမိသူအား ကင်ပွန်းသီးကိုကျိုပြီး လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခန့် တိုက်ကျွေးပေး ခြင်းဖြင့် စားထားသော စိန်နှင့်သံပရာများ ပြန်အန်ထွက်စေပါသည်။

(အပွင့်၏ အာနိသင်)

လေ၊ သလိပ်နှင့် သည်းခြေရောဂါတို့ကိုနိုင်သည်။ ချွဲသလိပ်တို့ကို ကြေစေပါသည်။

ကင်ပွန်းချဉ်နှင့် အသားအရေကျန်းမာရေး

သွေးကြောင့်ဖြစ်တတ်သော မျက်နှာပေါ်က တင်းတိပ်များကို အထူးပြေပျောက်စေပါသည်။

  • မြန်မာ့ဆေးကျမ်းအရ ကင်ပွန်းချဉ်ရွက်က သူမတူအောင် တင်းတိပ်ကို ကောင်းကျိုးပြုနိုင်ကြောင်း ဆိုထားသည်။ ထို့ကြောင့် ကင်ပွန်းချဉ်ရွက်ကို အကြော်၊ ဟင်းချို၊ ချဉ်ဟင်းစသည်ဖြင့် မကြာခဏအမျိုးမျိုး လုပ်စားပေးပါ။

  • သန့်ရှင်းစင်ကြယ်စွာ ဆေးကြောထားသော ကင်ပွန်းချဉ်ရွက် မနုမရင့် လက်တစ်ဆုပ်စာခန့်ကို သဘာဝထန်းလျက် အမည်းရောင် ခုနစ်လုံးခန့်နှင့် သုံးခွက်တစ်ခွက်တင်ကျို၍ ဆားအနည်းငယ်ခပ်သောက်ပေးပါ။ ထိုဆေးရည်ကို နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် ရေနွေးကြမ်းပန်းကန်လုံး ပမာဏခန့် နေ့စဉ်မှန်မှန်သောက်ပေးခြင်းဖြင့် တင်းတိပ်များပါးလွှာပြီး မကြာခင် ပျောက်ကင်းသွားနိုင်ပါသည်။

  • ကင်ပွန်းချဉ်ရွက်ရင့်ရင့် လက်တစ်ဆုပ်စာပမာဏကို ဖုန်၊ အညစ်အကြေးကင်းအောင် ရေစင်စင်ဆေးပါ။ ၎င်းရေများကို ကုန်စင်အောင် ခါထုတ်ပြီး ကြိတ်စက်ဖြင့်ကြိတ်ပါ ရလာသော ကင်ပွန်းချဉ်ရွက်အရည်(သတ္တုရည်)ကို တင်းတိပ်ပေါ် လိမ်းပေးပါ။ ခြောက်သွားလျှင် ထပ်ခါထပ်ခါ လိမ်းပေးနိုင်ပါသည်။

သတိပြုရန်

အစာအိမ် အချဉ်ပေါက်၍ မကြာခဏ လေချဉ်တက်တတ်သူများ ကင်ပွန်းချဉ်ရွက်ကို ရှောင်ပါ။

လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေး
-

ကျွန်ုပ်တို့အားလုံး ရောဂါကင်းဝေးပြီး ကျန်းမာရေးကောင်းမွန်စေရန် မိမိနှင့်သင့်တော်ရာ အားကစားလေ့ကျင့်မှု၊ ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်လုပ်ဆောင်ကြရမည်ဖြစ်ပေသည်။ ကိုယ်လက် လှုပ်ရှားအားကစားလုပ်ဆောင်ခြင်းသည် ကျန်းမာရေးအတွက် ဆေးတစ်ပါးဟုဆိုနိုင်ပါသည်။

ကိုယ်လက်လှုပ်ရှားအားကစားနည်းပေါင်း များစွာထဲတွင် လမ်းလျှောက်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ လမ်းလျှောက်ခြင်းသည် အလွယ်ကူဆုံးနှင့် ငွေကုန်ကြေးကျအသက်သာဆုံး အားကစားနည်းဖြစ်သည်။

ကုန်ကျစရိတ်မရှိသလောက်ဖြစ်သည်။ နေ့စဉ်နေ့တိုင်းပြုလုပ်နေကျ လုပ်ငန်းဆောင်တာများနှင့်လည်း အံဝင်ခွင်ကျလိုက်လျောညီထွေဖြစ်လှပါသည်။ လမ်းလျှောက်ခြင်းကို စတင်လုပ်ဆောင်ရန် လိုအပ်သည်မှာ လမ်းလျှောက်ဖိနပ်တစ်ရန်သာ ဖြစ်ပါလိမ့်မည်။

လမ်းလျှောက်ခြင်းစတင်ဆောင်ရွက်ရန် အခက်အခဲဆိုသည်မှာ မရှိသလောက်ကိုနည်းလှသော်လည်း လမ်းလျှောက်ခြင်းမှရနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများမှာ များပြားလွန်းနေပါသည်။ ထိုများပြားလွန်းသည့် ကျန်းမာရေးအကျိုးကျေးဇူးများထဲမှ သိသာထူးခြားမှုရှိသည့် အကြောင်းအရာများကို ရွေးချယ်ဖော်ပြလိုက်ပါသည်။

စိုးရိမ်ပူပန်မှုကိုလျှော့ချပေး

လမ်းလျှောက်ခြင်းသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။ လမ်းလျှောက်ခြင်းက စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျခြင်းနှင့် အနုတ်သဘောပြခံစားချက်များကို လျှော့ချရန် ကူညီနိုင်သည်။ လမ်းလျှောက်ခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှု၊ လေးစားမှုတိုးပွားစေပြီး လူမှုရေးယုတ်လျော့သည့်လက္ခဏာများကိုလျော့နည်းစေသည်။ ထိုအကျိုးကျေးဇူးများကိုခံစားရရန် တစ်ပတ်တွင် သုံးရက် မိနစ် ၃၀ လျင်မြန်စွာလမ်းလျှောက်ခြင်း သို့မဟုတ် အခြားအလယ်အလတ် ပြင်းထန်သည့် လေ့ကျင့်ခန်းလုပ်ဆောင်ရန်လိုပါသည်။

 သကြားဓာတ်လျှော့ချပေး

အစာစားပြီးနောက်လမ်းလျှောက်ခြင်းက သွေးတွင်းသကြား ဓာတ်ကိုလျှော့ချနိုင်ပါသည်။ လေ့လာမှုတစ်ခုအရ ၁၅ မိနစ် လမ်းလျှောက်ခြင်းကို တစ်နေ့လျှင်သုံးကြိမ် (နံနက်စာ၊ နေ့လယ်စာနဲ့ ညစာစားပြီးနောက်) ပြုလုပ်ခြင်းသည်တစ်နေ့တာအတွင်း အခြားနေရာတွင် ၄၅ မိနစ်လမ်းလျှောက်ခြင်းထက် သွေးတွင်းသကြားဓာတ်အဆင့်ကို ပိုမိုကောင်းမွန်စေကြောင်း လေ့လာမှုတစ်ခုကတွေ့ရှိခဲ့ပါသည်။ သို့သော် ထိုတွေ့ရှိချက်များကိုအတည်ပြုရန်မှာ နောက်ထပ် သုတေသနပြုလုပ်ရန် လိုအပ်ပါသည်။

အဆစ်ရောင်ရမ်းနာကာကွယ်

လမ်းလျှောက်ခြင်းသည် ဒူးနှင့်တင်ပါးအပါအဝင် အဆစ်များကို ကာကွယ်နိုင်သည်။ လမ်းလျှောက်ခြင်းသည် အဆစ်ကိုထောက်ပံ့သည့် ကြွက်သားများအဆင်ပြေပြီး သန်မာစေရန် ကူညီပေးပါသည်။ လမ်းလျှောက်ခြင်းသည် အဆစ်ရောင်ရမ်းနာသူများအတွက် နာကျင် မှုကိုလျှော့ချပေးသည့် အကျိုးကျေးဇူးများလည်း ရရှိစေနိုင်ပါသည်။ ထို့ပြင်တစ်ပတ်လျှင် ငါးမိုင်မှ ခြောက်မိုင်လမ်းလျှောက်ခြင်းသည် အဆစ်ရောင်ရမ်းနာများကို ကာကွယ်နိုင်သည်။

လေဖြတ်ခြင်းလျှော့ချနိုင်

အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် တက္ကသိုလ်တစ်ခု၏လေ့လာမှုအရ လမ်းလျှောက်သည့် အမျိုးသမီးများသည် လမ်းမလျှောက်သည့်အမျိုးသမီးများထက် ခန္ဓာကိုယ်အဆီနည်းသည်၊ သွေးခဲခြင်းအန္တရာယ်ကို လျော့နည်းစေသည်ဟု သိရသည်။ ကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်သည့်နည်းလမ်းများထဲမှ လမ်းလျှောက်ခြင်းသည် သင့်ကိုအကောင်းဆုံးဖြစ်စေပါလိမ့်မည်။ လမ်းလျှောက်ခြင်းသည် နှလုံးရောဂါကို တားဆီးနိုင်ပါသည်။ သွေးပေါင်ချိန်ကို လျှော့ချနိုင်ပါသည်။ တစ်နေ့မိနစ် ၃၀ လမ်းလျှောက်သည့်အမျိုးသမီးများသည် လေဖြတ်ခြင်းကို ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း ဘော်စတွန်ရှိ ဟားဗတ်ပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသီများက ပြောကြားသည်။

အအေးမိ၊ တုပ်ကွေးဖြစ်မှုကို လျော့ကျစေနိုင်

လမ်းလျှောက်ခြင်းသည် အအေးမိခြင်းနှင့် တုပ်ကွေးရောဂါ ဖြစ်စေမှုကိုလျော့ကျစေသည်။ လေ့လာမှုတစ်ခုအရ တုပ်ကွေးရာသီတွင် အရွယ်ရောက်သူ ၁၀၀၀ ကို ခြေရာခံစောင့်ကြည့်ခဲ့သည်။ တစ်နေ့လျှင် မိနစ် ၃၀ မှ ၄၅ မိနစ်အကြား ပုံမှန်မဟုတ်ဘဲ ခပ်သွက်သွက်ခပ်မြန်မြန်နှင့် လျှောက်လှမ်းခဲ့သူများသည် ဖျားနာသောနေ့ရက်များ ၄၃ ရာခိုင်နှုန်း အထက်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုနည်းပါးပါသည်။ အကယ်၍ ဖျားနာမှုဖြစ်လျှင်လည်း ရောဂါကို ပို၍သက်သာစေပါသည်။ ထိုအကျိုးကျေးဇူးများကိုခံစားရရန် နေ့စဉ် လမ်းလျှောက်နိုင်အောင်ကြိုးစားရမည်။ အေးသည့်ရာသီဥတု အရပ်ဒေသ၌ နေထိုင်သည်ဆိုလျှင် လမ်းလျှောက်စက်များပေါ်တွင် လမ်းလျှောက်ရန်ကြိုးစားနိုင်ပါသည်။

ကယ်လိုရီကိုလောင်ကျွမ်းစေ

လမ်းလျှောက်ခြင်းက ကယ်လိုရီကို လောင်ကျွမ်းစေပါသည်။ လောင်ကျွမ်းသွားသည့်ကယ်လိုရီများက ကိုယ်အလေးချိန်ကိုထိန်းထား ရန်ကူညီနိုင်ပါသည်။ မည်သည့်အတိုင်းအတာအထိ ကယ်လိုရီ လောင်ကျွမ်းနိုင်မည်နည်းဆိုသည်က

-         လမ်းလျှောက်မှုအမြန်နှုန်း၊

-         အကွာအဝေးလွှမ်းခြုံမှု၊

-         မြေပြင်အနေအထား၊ (မြေပြင်ညီတွင် လျှောက်သည်ထက် ကုန်းတက်လမ်းလျှောက်လျှင် ကယ်လိုရီပိုလောင်ကျွမ်းလိမ့်မည်။)

-         ကိုယ်အလေးချိန် စသည့်အချက်များပေါ်တွင် မူတည်ပါသည်။

အမှန်တကယ် ကယ်လိုရီလောင်ကျွမ်းမှုကို ကယ်လိုရီတွက်စက်မှတစ်ဆင့် ဆုံးဖြတ်နိုင်သည်။ ယေဘုယျခန့်မှန်းတွက်ချက်မှုအတွက် ထိုတွက်စက်မှထွက်ရှိသည့် အချက်အလက် (ဇယား) ကို ရည်ညွှန်းနိုင်သည်။

နှလုံးရောဂါဖြစ်နိုင်ခြေလျှော့ချ

တစ်ရက်လျှင် အနည်းဆုံး မိနစ် ၃၀ လမ်းလျှောက်ခြင်း၊ တစ်ပတ်လျှင် ငါးရက်လမ်းလျှောက်ခြင်း သည် နှလုံးရောဂါဖြစ်နိုင်ခြေကို ၁၉ ရာခိုင်နှုန်း ခန့်လျှော့ချနိုင်ပါသည်။ ထို့ပြင် တစ်နေ့လျှင် လမ်းလျှောက်သည့်အချိန် သို့မဟုတ် အကွာအဝေးကိုတိုးမြှင့်သည့်အခါ အသက်အန္တရာယ်ဖြစ်နိုင်ခြေ ပို၍ပင်လျော့နည်းသွားနိုင်ပါသည်။

အရိုးပွမှုနှုန်းလျော့နည်း

နယူးယောက်ရှိ Plancher အရိုးအထူးကုနှင့် အားကစားပညာမှ MD Michael A.Schwartz က လမ်းလျှောက်ခြင်းဖြင့် အရိုးပွရောဂါဖြစ်မှုနှုန်း လျော့နည်းစေသည်ဟုဆိုပါသည်။ လေ့လာမှုတစ်ခုအရ သွေးဆုံးပြီးသည့်အမျိုးသမီးများ တစ်နေ့လျှင် မိနစ် ၃၀ လမ်းလျှောက်ခြင်းက တင်ပါးဆုံရိုးကျိုးခြင်းကို ၄၀ ရာခိုင်နှုန်း လျော့နည်းစေသည်ဟု သိရသည်။ အသက် ၅၀ နှင့် ၆၀ ကြား ပုံမှန်လေ့ကျင့်ခန်းလုပ်သူများသည် ရှစ်နှစ်အတွင်းလမ်းလျှောက်ခြင်းမရှိ လေ့ကျင့်ခန်းမလုပ်သူ ထက် သေဆုံးနိုင်ခြေ ၃၅ ရာခိုင်နှုန်းလျော့နည်းကြောင်း သုတေသန တွေ့ရှိချက်များအရ သိရသည်။

အယ်လ်ဇိုင်းမားဖြစ်မှုထက်ဝက်လျှော့ချ

Charlottesville ရှိ ဗာဂျီးနီးယားကျန်းမာရေးစောင့်ရှောက်မှု စနစ်မှ လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် တစ်မိုင်၏ လေးပုံတစ်ပုံကျော် လမ်းလျှောက်သော အသက် ၇၁ နှစ်မှ ၉၃ နှစ်ကြား အမျိုးသားများသည် လမ်းမလျှောက်သည့်သူများထက် စိတ်ဖောက်ပြန်မှုနှင့် အယ်လ်ဇိုင်း မားရောဂါဖြစ်မှု ထက်ဝက်လျော့နည်းသွားကြောင်း သိရှိရသည်။

နေထိုင်မှုသက်တမ်းတိုး

ပိုမိုမြန်ဆန်သောအမြန်နှုန်းဖြင့် လမ်းလျှောက်ခြင်းသည် လူမှုဘဝနေထိုင်မှုသက်တမ်းကို တိုးချဲ့နိုင်သည်။ သုတေသီများသည် ခပ်မြန်မြန်လမ်းလျှောက်ခြင်းက နှေးကွေးသောနှုန်းနှင့် နှိုင်းယှဉ်လျှင် သေဆုံးမှု၏ ၂၀ ရာခိုင်နှုန်းလျော့နည်းသွားကြောင်း တွေ့ရှိခဲ့ကြသည်။

စွမ်းအင်မြှင့်တင်နိုင်

ငြီးငွေ့ပျင်းရိနေစဉ်တွင် လမ်းလျှောက်ရန်သွားခြင်းသည် ကော်ဖီတစ်ခွက်သောက်သည်ထက် ပိုပြီးထိရောက်သည့် စွမ်းအင်မြှင့်တင်ခြင်း ဖြစ်နိုင်သည်။ လမ်းလျှောက်ခြင်းက ကိုယ်ခန္ဓာမှအောက်ဆီဂျင်စီးဆင်းမှုကို တိုးတက်စေသည်။ လမ်းလျှောက်ခြင်းသည် cortisol၊ epinephrine နှင့် norepinephrine များကိုလည်း မြင့်တက်စေနိုင်သည်။ ယင်းတို့က စွမ်းအင်ကိုမြှင့်တင်ပေးသည့် ဟော်မုန်းများပင်ဖြစ်သည်။

လမ်းလျှောက်ခြင်းသည် အသက်ရှည်ရာအနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုဖြစ်သဖြင့် တာဝန်ဝတ္တရားတစ်ရပ်အဖြစ်မှတ်ယူပြီး နေ့စဉ်သတိတရ စနစ်တကျ အချိန်မှန်မပျက်မကွက် ပြုလုပ်သင့်ပေသည်။ မိမိတစ်ဦးတည်းဖြစ်စေ၊ မိသားစုနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့်ဖြစ်စေ နေရာမရွေး၊ အချိန်မရွေး လွတ်လပ်ပေါ့ပါးစွာ ပြုလုပ်ဆောင်ရွက်နိုင်သည်မှာ တခြားသောအားကစားနည်းများထက် အားသာသည့်အချက်ပင်ဖြစ်ပါသည်။ နေ့စဉ်နာရီဝက်ခန့် ပုံမှန် လမ်းလျှောက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပြီး ပျော်ရွှင်ချမ်းမြေ့မှုအပြည့်အဝ ခံစားရရှိမည်ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့အားလုံး အထက်တွင်ဖော်ပြထားသည့် လမ်းလျှောက်ခြင်းမှရနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရယူခံစားနိုင်ရန် နေ့စဉ်မှန်မှန်လမ်းလျှောက် လေ့ကျင့်ခန်း ပြုလုပ်ကြပါဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

Ref: www.healthline>health>benefits of walking. www.arthritis.org>Physical.acitivity>12 Benefits of Walking.

Source: www.moi.gov.mm

ဝင်းထွဋ်ဦး

အလှအပရေးရာခွဲစိတ်မှုနှင့် သတိထားစရာ ဆက်စပ်အန္တရာယ်များ
-

ယနေ့ခေတ်တွင်အလှအပရေးရာခွဲစိတ်မှုသည် အရွယ်ရောက်ပြီးသူများ၊ လူလတ်ပိုင်းများတွင်သာမက သက်ကြီးရွယ်အိုများကြားတွင်ပါ လွန်စွာရေပန်းစားလာပါသည်။ အလှအပရေးရာခွဲစိတ်မှုများသည် လူတစ်ဦး၏အသွင်အပြင်၊ မိမိကိုယ်ကိုလေးစားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေရန် ရည်ရွယ်ပါသည်။ မျက်နှာနှင့်ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုး တို့တွင် အလှအပရေးရာခွဲစိတ်ပြုပြင်မှုများပြုလုပ်နိုင်ပါသည်။အသားအရည်တင်းရင်းစေရန် Botox ထိုးခြင်း၊ မျက်နှာမတင်ပြုပြင်ခွဲစိတ်ခြင်း၊ ဓါတုဆေးအသုံးပြု၍ မျက်နှာပြင်အ‌ရေပြားပေါ်မှ&

ယနေ့ခေတ်တွင်အလှအပရေးရာခွဲစိတ်မှုသည် အရွယ်ရောက်ပြီးသူများ၊ လူလတ်ပိုင်းများတွင်သာမက သက်ကြီးရွယ်အိုများကြားတွင်ပါ လွန်စွာရေပန်းစားလာပါသည်။ အလှအပရေးရာခွဲစိတ်မှုများသည် လူတစ်ဦး၏အသွင်အပြင်၊ မိမိကိုယ်ကိုလေးစားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေရန် ရည်ရွယ်ပါသည်။ မျက်နှာနှင့်ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုး တို့တွင် အလှအပရေးရာခွဲစိတ်ပြုပြင်မှုများပြုလုပ်နိုင်ပါသည်။အသားအရည်တင်းရင်းစေရန် Botox ထိုးခြင်း၊ မျက်နှာမတင်ပြုပြင်ခွဲစိတ်ခြင်း၊ ဓါတုဆေးအသုံးပြု၍ မျက်နှာပြင်အ‌ရေပြားပေါ်မှ အရေပြားဆဲလ်သေကို ကွာကျစေကာကျန်းမာသောဆဲလ်တွေကို ပြန်လည် တည်ဆောက်စေခြင်း (Chemical Peeling)၊ မေးရိုးပြုပြင် ခွဲစိတ်ခြင်း၊ သွားအလှပြုပြင်ခြင်း၊ စက်ကိရိယာသုံး၍ အပေါ်ယံဆဲလ်သေအလွှာဖယ်ရှားခြင်း (Dermabrasion)၊ နဖူးမြှင့်တင်ပြုပြင်ခွဲစိတ်ခြင်း၊မျက်ခွံခွဲစိတ်ခြင်း စသည်တို့သည် အများဆုံးပြုလုပ်ကြသည့်အလှအပရေးရာ ခွဲစိတ်မှုများ ဖြစ်ပါသည်။

အလှအပရေးရာခွဲစိတ်မှုမှာလည်းအခြားသောခွဲစိတ်မှုများကဲ့သို့ပင် ၎င်းနှင့် ဆက်စပ် သည့် အန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးများ ရှိပါသည်။ နှစ်ကာလကြာမြင့် လာသည် နှင့်အမျှ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နည်းစနစ်များ တိုးတက်လာသည့်အတွက်  အလှအပရေးရာခွဲစိတ်မှုဟာ ပိုမိုဘေးကင်းလာသော်လည်း ခွဲစိတ်မှုလုပ်ငန်းစဉ်ကိုမဆောင်ရွက်မီ ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို နားလည်ပြီး ထည့်သွင်းစဉ်းစားထားရန် အရေးကြီးပါသည်။ အောက်ဖော်ပြပါများသည် အလှအပရေးရာခွဲစိတ်မှု၏ ဆက်စပ်အန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးများတွင်ပါဝင်ပါသည်။

  • မေ့ဆေးအန္တရာယ်

ခွဲစိတ်မှုတိုင်းတွင်မေ့ဆေး၏နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ဓာတ် မတည့်သည့် တုံ့ပြန်မှုများ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် မေ့ဆေး အပေါ် ဆိုးရွားသော တုံ့ပြန်မှုတို့ ကြုံတွေ့ရနိုင်ပါသည်။

  • ပိုးဝင်ခြင်း 

အခြားခွဲစိတ်မှုများကဲ့သို့ပင်ခွဲစိတ်ရာနေရာ၌ ရောဂါပိုးဝင် ရောက်နိုင်ခြေရှိပါသည်။ မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးနောက် သင့်လျော်သော စောင့်ရှောက်မှုပေးခြင်းသည် ဤဆိုး ကျိုးကို နည်းပါးအောင် ကူညီပေးနိုင်ပါသည်။

ခွဲစိတ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် လူတစ်ဦးချင်းစီ၏ အနာကျက်ခြင်း ဖြစ်စဉ်တို့ အပေါ် မူတည်၍ အမာရွတ်ဖြစ်ပေါ်နိုင်ပါသည်။ အမာရွတ်ဖြစ်ပေါ်မှုကို နည်းနိုင်သမျှ နည်းအောင်လျော့ချနိုင်ဖို့  မည်သို့ပင် ကြိုးပမ်းစေကာမူ လုံးလုံးလျားလျား ဖယ်ရှားရန်အမြဲတမ်းမဖြစ်နိုင်ပါ။

  • သွေးလုံး(Hematoma )နှင့် သွေးရည်ကြည်အလုံး( Seroma ) 

ခွဲစိတ်ထားသောနေရာရှိအရေပြားအောက်တွင် သွေးများစုဝေးခြင်းကြောင့်သွေးလုံး(Hematoma) သို့မဟုတ် အရည်များစုဝေးလာခြင်းကြောင့်သွေးရည်ကြည်အလုံး (Seroma) များဖြစ်ပေါ်နိုင်သည်။ ၎င်းတို့ ဖြစ်ပေါ်လာပါက ဖောက်ထုတ်ရခြင်း (သို့မဟုတ်) အခြားသောကုသမှုများ လိုအပ်နိုင်သည်။

  • အာရုံကြောထိခိုက်မိခြင်း

အလှအပရေးရာခွဲစိတ်မှုသည် တစ်ခါတစ်ရံတွင် အာရုံကြောများကို ယာယီ (သို့မဟုတ်) အမြဲတမ်း ပျက်စီးစေကာ ထုံခြင်း၊ ကျဉ်ခြင်း သို့မဟုတ် ထိခိုက်မိသောနေရာ၌ အာရုံ ခံစားမှု ဆုံးရှုံးခြင်းတို့ဖြစ်နိုင်ပါသည်။

  • ခွဲစိတ်မှုလုပ်ထုံးလုပ်နည်း၏နောက်ဆက်တွဲဆိုးကျိုးများ

အလှအပရေးရာခွဲစိတ်မှုတစ်ခုစီတိုင်းတွင်၎င်းတို့နှင့်ဆက်စပ်သည့် အန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးများရှိပါသည်။ဥပမာအားဖြင့် ရင်သားအလှပြုပြင် ခွဲစိတ်ခြင်း တွင် ထည့်သွင်းထားသော ရင်သားတု ပေါက်ပြဲခြင်း၊ ရင်သားတုတဝိုက်တွင် အနာရွတ် တစ်သျှူးများ မာကျောလာခြင်းကြောင့် ရင်သားတောင့်တင်း၍ ကျုံ့လာခြင်းနှင့် ရင်သားအာရုံခံစားမှု ပြောင်းလဲခြင်းစသည့် နောက်ဆက်တွဲဘေးအန္တရာယ်များ ရှိနိုင် ပါသည်။

  • ခွဲစိတ်ပြီးရလဒ်ကို စိတ်တိုင်းမကျခြင်း

အလှအပရေးရာနှင့်ပတ်သက်၍ခွဲစိတ်ဆရာဝန်သည် အစွမ်းကုန် အားစိုက်ထုတ်စေ ကာမူ ခွဲစိတ်ပြီးရလဒ်သည် လူနာ၏ မျှော်မှန်းချက်အား ပြည့်မီနိုင်လေ့မရှိပေ။၎င်းမှတဆင့် စိတ်မကျေနပ်မှုနှင့် စိတ်တိုင်းမကျမှုများဖြစ်ပေါ်စေနိုင်ပြီး ခွဲစိတ်ပြီး ရလဒ်ကို ပြုပြင်ရန် (သို့မဟုတ်) ပိုမိုကောင်းမွန်စေရန်အတွက်  နောက်ထပ်ခွဲစိတ်မှုလုပ်ငန်းစဉ်များ လိုအပ်လာနိုင်သည်။

  • စိတ်ပိုင်းဆိုင်ရာသက်ရောက်မှု

အချို့သောသူများသည် အလှအပရေးရာခွဲစိတ်ပြုပြင်ပြီးနောက် စိတ်ဓာတ်ကျခြင်း၊စိုးရိမ်ပူပန်ခြင်း (သို့မဟုတ်) ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် ချို့ယွင်းချက်များအပေါ် အလွန်အမင်း အာရုံစူးစိုက်သည့် စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုများ ခံစားရနိုင်ပါသည်။

  • ရေရှည်နောက်ဆက်တွဲဆိုးကျိုးများ

အလှအပရေးရာခွဲစိတ်မှု၏နောက်ဆက်တွဲပြဿနာအများစုသည် အချိန်ကြာလာသည်နှင့်အမျှ ပြေလည်သွားသော်လည်း၊ အချို့ဆိုးကျိုးများမှာ ဆက်လက်တည်ရှိနေခြင်းသို့မဟုတ် ပိုမိုဆိုးရွားလာခြင်းတို့ကြောင့် နောက်ပိုင်းတွင် အပိုဆောင်းကုသမှုများ သို့မဟုတ် ခွဲစိတ်မှုများ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ထို့ကြောင့် အလှအပရေးရာခွဲစိတ်မှုတွင် ဘေးကင်းရေးသည် ပြုပြင်ခွဲစိတ်မှုခံယူလိုသူတိုင်းအတွက် အရေးကြီးသောအချက်ဖြစ်သည်။ အလှအပရေးရာခွဲစိတ်မှုကိုပြုလုပ်မည်ဟု စဉ်းစားဆုံးဖြတ်သောအခါတွင်  လူတစ်ဦးချင်းစီ၏ အခြေအနေနှင့် မျော်မှန်းချက် များပေါ်မူတည်၍ တတ်ကျွမ်းနားလည်သည့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး မိမိကိုယ်ပိုင်အသိဉာဏ်ဖြင့် ဆုံးဖြတ်ချက်များချနိုင်သည်အထိ သိရှိလိုသည့် မေးခွန်းများမေးမြန်းကာ ဆောင်ရွက်သင့်ပေသည်။

ထို့အပြင် မိမိ၏ ကျန်းမာရေးအခြေအနေအပြင် ရရှိနိုင်သည့်အန္တရာယ်များ၊ ခွဲစိတ်မှုလုပ်ထုံးလုပ်နည်း၏ ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများ၊မခွဲစိတ်မီနှင့် ခွဲစိတ်ပြီး နောက်လိုက်နာရမည့် ညွှန်ကြားချက်များကို သိရှိထားရမည်။ မိမိ ခွဲစိတ်မှု ပြုလုပ်မည့်နေရာ၊ အဆောက်အဦနှင့်ပတ်သက်သည့်တရားဝင်အသိအမှတ်ပြုထားမှု၊ သုံးသပ်ချက်များနှင့်သက်သေခံချက်များကို လေ့လာထားရမည်။ လက်တွေ့ကျသော အစီအစဉ်များ ဆောင်ရွက် ထားရှိမှုတို့ကြောင့် တစ်စုံတစ်ခု မှားယွင်းသွားပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိ ထားခြင်းသည် ဘေးအန္တရာယ်ကင်းမှုကို သေချာစေသည့် မရှိမဖြစ်လိုအပ်သော အကြံပြုချက်များဖြစ်သည်။ ပြုပြင်ခွဲစိတ်မှုလုပ်ငန်းစဉ်၏ အဓိက အစိတ်အပိုင်းတစ်ခုသည် ခွဲစိတ်မှု ခံယူမည့်သူ၏ အသိပေးသဘောတူညီချက်ရယူမှုဖြစ်သည်။ အလှအပရေးရာခွဲစိတ်မှုအတွက် ဘေးကင်းသော ရွေးချယ်မှုပြုလုပ်ရန် လိုအပ်သော အချက်အလက်အားလုံး သိရှိထားရပေမည်။သို့ဖြစ်ပါ၍ အလှအပရေးရာ ခွဲစိတ်မှုဆိုင်ရာ ဘေးအန္တရာယ်များကို သတိထားကြစေရန် ထပ်မံဖြည့်စွက် အသိပေးရေးသားလိုက်ရပါသည်။ 

Photo: Pinterest

ဒေါက်တာသံလွင်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန