ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ကိုယ်စိတ်နှစ်ပါးလန်းဆန်းစေဖို့ သင့်အလုပ်စားပွဲပေါ်မှာ သစ်ပင်စိုက်ပါ
-

လူနှင့်အလုပ် အမြဲတွဲဖက်နေသည်။ အလုပ်လုပ်ခြင်းသည်   လူ့ဘဝရှင်သန်နေခြင်းပင်ဖြစ်သည်။ ကာယ အလုပ်ဖြင့် ဘဝရှင်သန်နေသူများရှိသကဲ့သို့ ဉာဏအလုပ်ဖြင့် စားပွဲတွင်ထိုင်ပြီး အလုပ်လုပ်နေရသူများ လည်းရှိကြသည်။

ကာယဖြင့်လုပ်နေရသူများမှာအလုပ်ချိန်ကြာ လာလျှင်ခန္ဓာကိုယ်ပင်ပန်းမှုကို  ခံစားကြရသည်။ စားပွဲတွင်ထိုင်ပြီး အလုပ်လုပ်သူများမှာအများ ထင်သကဲ့သို့မသက်သာကြပေ။  အလုပ်စားပွဲတွင် အထိုင်ကြာ လာသည်နှင့်အမျှ    စိတ်ပင်ပန်းလာရသည်။

ခန္ဓာကိုယ်လည်း အညောင်းမိလာပြီး ခေါင်းအုံ၊ ဇက်ထိုး၊ အကြောတက် စသည့်ရောဂါများ ရလာလေ့ရှိ သည်။ အလုပ်စားပွဲတွင် တစ်ပုံတစ်ပင်ရှိနေသော ပင်ပန်းစရာများကြားမှ ဖြေဖျောက်စရာသစ်ပင်လေး တစ်ပင်အကြောင်း ပြောလိုပါသည်။

အကြောတက်ခြင်းအတော်များများတွင်ဇက်ကြောတက်ခြင်းသည် အဖြစ်အများဆုံးဖြစ်သည်။ အလုပ် ချိန်နှစ်နာရီထက်ကျော်ပြီး စာကြည့်၊ စာရေးခြင်းတွင် အာရုံစိုက်ရလျှင် ဇက်ထဲမှတောင့်တင်းပြီး ကြာလျှင် ကိုက်ခဲလာခြင်းကို ဇက်ကြောတက်သည်၊ ဇက်ကြောထိုးသည်ဟု ပြောလေ့ရှိကြသည်။

ဇက်ကြောတက်ရောဂါအချိန်ကြာလာလျှင် အာရုံကြောများကို ပါထိခိုက်ပြီး မျက်စိမှုန်လာတတ်သည်။

ဇက်ကြောတက်သည်မှစ၍ မျက်စိမှုန်လာသူများသည် မျက်စိဆရာဝန်နှင့်စမ်းသပ်ပြီး မျက်မှန်တပ်လိုက်သောအခါ  အမြင်ကြည်လင်သွားသဖြင့်  တစ် ခဏအတွင်း ဇက်ကြောတက်ရောဂါသည် သက်သာသွားသကဲ့သို့ရှိသော်လည်း နောက်ပိုင်းတွင် တက်မြဲ ပြန်တက်လာသည်ကို တွေ့ရလေ့ရှိသည်။

ထို့ကြောင့် မျက်စိဆရာဝန်ကြီးများကလည်း အနီး ကြည့် (စာကြည့်) တစ်နာရီကြည့်ပြီးတိုင်း အဝေးသို့ ၁၀ ပေခန့်လှမ်းကြည့်သင့်သည်။ ဖြစ်နိုင်လျှင် အဝေး မှ စိမ်းလန်းစိုပြည်သောနေရာကိုကြည့်ရလျှင် မျက်စိ အာရုံကြောလျော့စေမည်ဟုဆိုသည်။ အစိမ်းရောင်သည်  မျက်စိသာမက စိတ်ကိုပါ  လန်းဆန်း စေနိုင်သည်။

စိတ်ချမ်းသာမှုကို လူတိုင်းလိုချင်ကြသည်။ အလုပ် ရှုပ်နေလျှင် စိတ်ရှုပ်လာသည်။ စိတ်ရှုပ်ခြင်း၏နောက် တွင် ပင်ပန်းနွမ်းနယ်ခြင်းသည် ရောက်လာစမြဲဖြစ် သည်။

လူပင်ပန်း၊  စိတ်ပင်ပန်းဟု  ပြောလေ့ရှိကြသော်လည်း  တကယ်တမ်းတွင်  စိတ်ပင်ပန်းခြင်းကသာ လူကိုပင်ပန်းစေခြင်းဖြစ်သည်။ မပြီးပြတ်နိုင်သော အလုပ်များကို လုပ်ရသောအခါ၊ အလုပ်နှင့်အချိန်မမျှသောအခါ အချိန်မီမပြီးမည်စိုး၍ စိတ်ပူပန်မှုဖြစ်စေသည်။ ပူပန်ရဖန်များသောအခါ စိတ်ပင်ပန်းလာလေသည်။

အနောက်တိုင်းစိတ်အထူးကုဆရာဝန်ကြီးများ ပြောလေ့ရှိသော စိတ်ကျရောဂါဟူသည်မှာ မနိုင်ဝန်ထမ်းရသူများတွင် အများဆုံးဖြစ်လေ့ရှိသော ရောဂါ ဖြစ်သည်။

အလုပ်ရှုပ်၊ ပင်ပန်းနွမ်းနယ်သူများအတွက် အနားယူခြင်းဖြင့် သက်သာစေနိုင်မည်ဟု ထင်ရသော်လည်း နောက်ပိုင်းတွင် စိတ်မအေးစရာ အလုပ်တာဝန်ကျန်ခဲ့သူများအတွက်     လူကအနားယူနေသော်လည်း စိတ်က အလုပ်သို့ပြန်ရောက်နေသဖြင့် တကယ်တမ်း အနားမရသကဲ့သို့ ဖြစ်နေတတ်သည်။

တချို့သော ငွေကြေးတတ်နိုင်သူများသည် တစ်နှစ်လျှင်တစ်ကြိမ် ခရီးထွက်ပြီး အနားယူအပန်းဖြေလေ့ရှိကြသည်။  အထူးသဖြင့် ရှုခင်းသာယာသော နေရာများ၊ ပင်လယ်ကမ်းခြေများတွင် အနားယူလေ့ရှိကြသည်။

အုန်းပင်များစိမ်းစိုပြီး သာယာလှပသောကမ်းခြေ၌ ဒီရေတက်ချိန်တွင် ပြေးတက်လာသော ရေလှိုင်းကလေးများ၏ ကမ်းသို့ရိုက်ခတ်သံနှင့် ဒီရေဖုံးလွှမ်း သွားသော သဲသောင်ပြင်တို့၏အလှမှာ ရောက်ဖူးသူတို့မှသာ ခံစားတတ်မည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် အရာအားလုံး၊ သောကအားလုံးကို မေ့ထားပြီး စိတ် လွတ်ကိုယ်လွတ်အပန်းဖြေနိုင်လျှင် အကောင်းဆုံး ပင်ဖြစ်သည်။

ကျွန်တော့်မိတ်ဆွေတစ်ဦး၏ရုံးခန်းသို့ အလုပ်ကိစ္စတစ်ခု အကူအညီတောင်းရန်သွားသောအခါ သူသည် အလွန်အလုပ်ရှုပ်သူဖြစ်ကြောင်း တွေ့ရသည်။

သူ့ရှေ့တွင် လက်မှတ်ထိုးစရာများကလည်း တစ် ပုံတစ်ပင်ရှိနေသည်။ ဖုန်းကလည်းမနားတမ်း၊ တွေ့ လိုသူများကလည်း အခန်းပေါက်ဝတွင် တန်းစီစောင့် နေသည်ကို တွေ့ရသည်။ သို့သော် သူ့ကိုကြည့် ရသည် မှာ အလုပ်ရှုပ်နေသော်လည်း စိတ်ရှုပ်နေပုံမပေါ်ဘဲ တက်ကြွရွှင်လန်းလျက်ပင်ရှိသည်။

"လာ ထိုင်သူငယ်ချင်း၊ မတွေ့ရတာကြာပြီကွာ၊ ဘာအကူအညီလိုလဲ၊ လမ်းကြုံလို့ ဝင်လာတာလား" စသည်ဖြင့်   ပဋိသန္ဓာရစကားကိုဆိုသည်။   ပြုံးပြုံးရွှင်ရွှင်မျက်နှာထားရှိသည်။

မိမိကလိုအပ်သည့်ကိစ္စများကို ပြောပြသည့်အခါ သူတတ်နိုင်သည်ကို  ကူညီပေးသည်။   သူမတတ်နိုင်သည့်ကိစ္စများကို  မတတ်နိုင်ကြောင်းနှင့်  မည်သို့မည်ပုံလုပ်ဆောင်ရမည်၊မည်သူ့ထံသွားရမည်၊ မည်သည့်အချက်အလက်လိုသည် စသည်ဖြင့် လမ်းညွှန်ပေးသည်။ နယ်မှသူငယ်ချင်းများအကြောင်း၊ ဆွေမျိုးများအကြောင်း သူမေးသမျှ၊ စပ်မိသမျှပြော ပြီးနောက် နှုတ်ဆက်ပြီး ပြန်ခဲ့သည်။ ရာထူးကြီးသော်လည်း ဘဝမမေ့တတ်သည့်သူငယ်ချင်းနှင့် တွေ့ခဲ့ရ ပြီးအပြန်တွင် ကျေနပ်ပီတိများ စွာဖြစ်မိသည်။

ထိုသူငယ်ချင်းအခန်းတွင် ထူးခြားချက်နှစ်ခုတွေ့ ခဲ့ရသည်။ တစ်ခုမှာ သူ့အလုပ်စားပွဲပေါ်မှ သစ်ပင် စိုက်ထားသောပန်းအိုးငယ်တစ်ခုဖြစ်ပြီး   နောက်တစ်ခုမှာ သူ့နောက်ဘက်နံရံတွင် ချိတ်ဆွဲထားသော အလျားတစ်ပေခွဲ၊  အနံတစ်ပေခန့်ရှိသော  ဓာတ်ပုံတစ်ပုံဖြစ်သည်။

သူ့စားပွဲပေါ်မှ ပန်းအိုးငယ်လေးမှာ ဘွန်ဆိုင်းပင်ကဲ့သို့အမျိုးအမည်မသိအပင်ပုလေးဖြစ်သည်။ စိမ်းစိုနေသောသစ်ရွက်များဖြင့် ဝေဆာနေပြီး အမြင့် မှာ ၈ လက်မခန့်သာမြင့်သည်။ စားပွဲပေါ်တွင် နေရာ မယူလွန်းဘဲ  လှပစိမ်းစိုနေသော  သစ်ပင်လေးဖြစ် သည်။ ဤသစ်ပင်လေးကို မြင်လိုက်ရချိန် စိတ်ထဲ တွင် လန်းဆန်းသွားသကဲ့သို့ခံစားရမိသည်။

(ဤသစ်ပင်လေးကို သဘောကျလွန်း၍ သူငယ်ချင်းကို  ခွင့်တောင်းပြီးကျွန်တော်၏ဟန်းဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခဲ့ပါသည်။) သူ၏ဘယ်ဘက်ရှိနံရံပေါ် တွင် ချိတ်ဆွဲထားသောဓာတ်ပုံမှာ ချောင်းသာကဲ့သို့ ကမ်းခြေတစ်နေရာ၌ မိသားစုနှင့် အပန်းဖြေနေသော ဓာတ်ပုံဖြစ်ပုံရသည်။ ဓာတ်ပုံထဲတွင် ပါသူအားလုံး ပြုံးရွှင်နေကြပြီး မြေးအရွယ်ကလေးငယ်လေးများလည်းပါသည်။

နောက်ခံခပ်လှမ်းလှမ်းတွင် ဘန်ဂလိုတစ်လုံးနှင့် အုန်းပင်စိမ်းစိမ်းများ   တန်းစီလျက်ရှိပြီး  အားလုံး မှာ ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ မျက်နှာသုတ်ပဝါ၊ တဘက်ထည်များနှင့် ရေကူးရာမှ ပြေးတက်လာပြီး အေးနေ၊ ချမ်းနေချိန် စုပေါင်းရိုက်ထားသောဓာတ်ပုံနှင့်တူသည်။

သူ့ကိုစပ်စုပြီးမမေးမိသော်လည်းဤဓာတ်ပုံကို ကြည့်လိုက်ရသည်နှင့်ပင်ကိုယ်ပါထိုဓာတ်ပုံထဲရောက်ရှိသွားပြီးအေးသွား၊ချမ်းသွားသကဲ့သို့ခံစားချက်တစ်ခု ဝင်လာပါသည်။  သူအလုပ်များပြီး စိတ်ပင်ပန်းသောအခါတွင်ဤဓာတ်ပုံကိုမော့ ကြည့်လိုက်ပါက ချောင်းသာသို့တစ်ဖန်ပြန်ရောက် သွားရသကဲ့သို့ဖြစ်လေမလားဟုစိတ်ထဲတွင်တွေးမိ သည်။

ထိုသူငယ်ချင်း၏ရုံးခန်းမှ ပြန်လာပြီးနောက် သူနှင့် ဆန့်ကျင်ဘက်မိတ်ဆွေတစ်ဦးကို သတိရမိသည်။ ဂေါက်သီးလေ့ကျင့်ရေးကွင်းတစ်ခုတွင်မိတ်ဆွေ ဆရာဝန်ကြီးတစ်ဦးနှင့်အတူဖြစ်သည်။

ဂေါက်သီးလေ့ကျင့်ရေးကွင်းမှာ ရှေ့တွင် ကိုက် ၅၀၀ ခန့်ရှည်လျားကျယ်ပြန့်သောမြက်ခင်းစိမ်းစိမ်း ကွင်းပြင်ကြီးရှိပြီး နောက်ခံမှာတောင်တန်းတောင်ကုန်းမြင့်များဖြင့် သာယာလှပသောနေရာဖြစ်သည်။ ဂေါက်သီးဗန်းအတွင်းမှ ကယ်ဒီမိန်းကလေးတည်ပေး သောဂေါက်သီးကို မိမိနှစ်သက်ရာဂေါက်တံဖြင့် တစ် လုံးပြီးတစ်လုံးရိုက်ထုတ်ပြီး     အကွာအဝေးမည်မျှ ရောက်ပြီးကျသွားသည်ကို လှမ်းမျှော်ကြည့်ပြီး မျက်စိ ပသာဒယူနိုင်သည်။

သို့သော် မိမိဘေးခုံမှ ဆရာဝန်၏လက်ကိုင်ဖုန်းမှာ မကြာခဏမြည်နေသည်။ ဆေးရုံမှ သူ၏ကိုယ်ပိုင် ဆေးခန်းမှ မေးသံ၊ ဖြေသံများကို ကြားနေရသည်။ သူ့မှာဂေါက်ကွင်းရောက်သော်လည်း အအားမရ၊ နောက်ကအရေးပေါ်ဖုန်းများက လိုက်လာနေသည်။

တစ်ခါတစ်ရံ ကစားနေသည့်ဂေါက်တံကိုကိုင်၍ ခပ်ဝေးဝေးတွင်သွားပြီး   ဖုန်းပြောနေသည်။   ပတ်ဝန်းကျင်ကစားသူများကို အားနာ၍ဖြစ်မည်။ သို့သော် သူ့ကြည့်ရသည်မှာ အနားယူသောနေရာမှာပင် အနား မရဖြစ်နေသည်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိရုံမျှ မက သူ့အစား စိတ်မောမိသည်။

လူ့ဘဝတစ်လျှောက်လုံးအသက်ရှင်နေသမျှ အလုပ်လုပ်နေရမည်ဖြစ်သည်။ တာဝန်သိသူအတွက် အလုပ်ဟူသည်မှာ အိပ်ရာဝင်ချိန်အထိ ရှိနေမည်ဖြစ်သည်။အလုပ်ပင်ပန်း၊စိတ်ပင်ပန်းလျှင် ရောဂါ ရလာ တတ်သည်။  အရွယ်ရင့်မှ ရောဂါရလျှင်  မဆန်းပါ။ အရွယ်မတိုင်မီ ရောဂါရလျှင် ကိုယ်ဖြစ်ချင်သောဆန္ဒ များမှာ အပြီးမသတ်နိုင်ဘဲ ကျန်ခဲ့ရမည်။ ထားခဲ့ရ မည်ဖြစ်သည်။

ရခဲလှသည်မှာ လူ့ဘဝဟုဆိုလျှင်ရပြီးနောက် တွင်လည်း ခက်ခဲလှသည်မှာ လူ့ဘဝပင်ဖြစ်သည်။ ကြိုးစားရုန်းကန်ခြင်းများစွာဖြင့် ရင်ဆိုင်ဖြေရှင်းကြ သော်လည်း  ရတာမလို  လိုတာမရဖြင့်  အဆုံးသတ် ကြရသူကများသည်။

ပင်ပန်းသမျှခံစားကြရသူများရှိသော်လည်းပင်ပန်းသမျှအရာမထင်ကြသူများလည်းရှိသည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ စသော အကြောင်းတရားများ ကလည်း နေ့စဉ်တွေ့ကြုံနေမြဲဖြစ်သည်။မည်သူမျှရှောင်လွှဲမရ။ပင်ပန်းနွမ်းနယ်မှုကိုမည်သို့ဖြေဖျောက်မည်နည်း။ အလုပ်ကိုတစ်ရက်ပင်ပျက်ရန်မလွယ်။တစ်နှစ်တစ်ကြိမ်ပင် အပန်းဖြေခရီးထွက်ရန်မလွယ်။

ဤအလုပ် ဤနေရာတွင်ပင် ပိတ်လှောင်နေသကဲ့ သို့  ခံစားရသည့်အခါ  ထွက်ပေါက်ပေးရန်လိုသည်။ တစ်သက်တာစိတ်ချမ်းသာလိုလျှင်  သစ်ပင်စိုက်ပါ ဟူသောစကားကို သတိရမိပါသည်။ကျွန်တော့်တွင် သစ်ပင်စိုက်စရာ မြေနေရာလည်းမရှိပါ။  သို့သော်ကျွန်တော့်သူငယ်ချင်းစားပွဲပေါ်မှ  သစ်ပင်စိမ်းစိမ်း လေးကို သတိရမိသည်။ ထို့ကြောင့် ကျွန်တော်သည်လည်း ကျွန်တော့်စားပွဲပေါ်တွင်သစ် ပင်စိုက်ပါတော့မည်။

Photo -Spruce

ကြည်လွင်မြင့်(မုဒြာ)

ဦးနှောက်ကျန်းမာရေးကို အကျိုးသက်ရောက်စေသော အလေ့အကျင့်များ
-

ဦးနှောက်ကျန်းမာရေးကို ပြုစုစောင့် ရှောက်ခြင်းသည်  နှလုံးကျန်းမာရေးကို ပြုစုစောင့်ရှောက်ခြင်းကဲ့သို့    အရေးကြီးပါသည်။   မကြာသေးမီက   ဟားဗတ် တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှု အရ ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေ နိုင်သောအချက်များနှင့်   ဦးနှောက်ကို နုပျိုထက်မြက်စေသော  အလေ့အကျင့် များကို ဖော်ပြခဲ့သည်။ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါနှင့်    သွေးချိုဆီးချို ရောဂါများသည် ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်သောစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သည်။  လုံလောက်သော အိပ်စက်ခြင်း၊ နေ့စဉ်လမ်းလျှောက်ခြင်း၊ အကြား အာ

ဦးနှောက်ကျန်းမာရေးကို ပြုစုစောင့် ရှောက်ခြင်းသည်  နှလုံးကျန်းမာရေးကို ပြုစုစောင့်ရှောက်ခြင်းကဲ့သို့    အရေးကြီးပါသည်။   မကြာသေးမီက   ဟားဗတ် တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှု အရ ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေ နိုင်သောအချက်များနှင့်   ဦးနှောက်ကို နုပျိုထက်မြက်စေသော  အလေ့အကျင့် များကို ဖော်ပြခဲ့သည်။ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါနှင့်    သွေးချိုဆီးချို ရောဂါများသည် ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်သောစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သည်။  လုံလောက်သော အိပ်စက်ခြင်း၊ နေ့စဉ်လမ်းလျှောက်ခြင်း၊ အကြား အာရုံဆုံးရှုံးမှုကို    စောစီးစွာကုသခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော    အစားအသောက်နှင့် စိတ်ဖိစီးမှုကိုစီမံခန့်ခွဲခြင်း ကဲ့သို့ ရိုးရှင်းသော ပြောင်းလဲမှုများသည် ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင် သောအန္တရာယ်ကို သိသိသာသာ လျှော့ချ ပေးနိုင်ကြောင်း ဖော်ပြခဲ့သည်။

ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေသော ရောဂါအန္တရာယ်များ

ကာလအတန်ကြာ သွေးတွင်းဂလူးကို့စ် မြင့်မားခြင်း၊ သွေးချိုဆီးချိုရောဂါနှင့် အကြိုသွေးချိုရောဂါ အဆင့်များပင်လျှင်ဦးနှောက်မှတ်ဉာဏ်အတွက်   အရေးပါ သော Hppocampal သွေးကြောငယ်များကို ထိခိုက်စေနိုင်ပါသည်။ သွေးပေါင်ချိန် မြင့်မားခြင်းသည်  ဦးနှောက်သွေးကြော များကို ထိခိုက်ဒဏ်ရာရစေပြီး လေဖြတ် နိုင်ခြေကို နှစ်ဆနီးပါးတိုးစေသည်။ ပြင်းထန်သော    ကျောက်ကပ်ရောဂါကြောင့် ဦးနှောက်ကိုထိခိုက်စေသော      အဆိပ်အတောက်များစုပုံလာပြီး     ဦးနှောက်အတွင်းရှိ သွေးကြောများ ရောင်ရမ်းမှုကို အရှိန်မြင့်စေသောကြောင့်  ဦးနှောက်ပြဿနာများကို ပိုမိုဆိုးရွားစေသည်။ ဝမ်း ဗိုက်၌ အဆီများစုပုံလာခြင်းသည် ရောင်ရမ်းမှုကိုဖြစ်ပေါ်စေပြီး    အာရုံကြောများ ဆုံးရှုံးမှုနှင့် ဆက်စပ်နေသည်။

ဦးနှောက်ကျန်းမာရေးကို ကာကွယ်ပေးနိုင်သော အလေ့အကျင့်များ

နေ့စဉ်မိနစ် ၃၀ (တစ်ပတ်လျှင် မိနစ် ၁၅၀)  ခပ်သွက်သွက်လမ်းလျှောက်ခြင်း က ဦးနှောက်၏ တွေးခေါ်မှုဆိုင်ရာ အချက်အချာနေရာများသို့ အောက်ဆီဂျင်ကြွယ်ဝ သောသွေးများကို ပို့ဆောင်ပေးပြီး အာရုံခံ ဆဲလ်အသစ်များ ကြီးထွားမှုကို ဖြစ်ပေါ်စေ သည်။ ရွရွပြေးခြင်း သို့မဟုတ် ကခုန်ခြင်း ကဲ့သို့သော လှုပ်ရှားမှုများသည် ဦးနှောက်သို့ သွေးစီးဆင်းမှုကိုတိုးစေပြီး စိတ်ခံစား ချက်၊   အာရုံစူးစိုက်မှုနှင့်   မှတ်ဉာဏ်ကို တိုးတက်စေသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက  ဦးနှောက်ကို  အိုမင်းရင့်ရော်စေသော သွေးဖိအားများခြင်းနှင့် စိတ်ဖိစီးမှုများကို လျော့ကျစေပါသည်။ ကိုယ်လက် လှုပ်ရှားမှုမရှိခြင်းသည် သွေးစီးဆင်းမှုနှင့်  အင်ဆူလင်ထိန်းချုပ်မှုကို အားနည်းစေသဖြင့် နေ့စဉ်လေ့ကျင့်ခန်း အသင့်အတင့် ပြုလုပ်ခြင်းသည် သုံးလအတွင်း အင်ဆူလင် ထိန်းချုပ်မှုနှင့် စိတ်ခံစားချက်ကို တိုးတက်စေသည်။    ကိုယ်လက်လှုပ်ရှားမှုသည် အသက်ကြီးလာသည်နှင့်အမျှ မှတ်ဉာဏ် ကျဆင်းမှုကိုလည်း ကာကွယ်ပေးပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက်ခြင်း

ညစဉ်ခုနစ်နာရီမှ    ကိုးနာရီအတွင်း ပုံမှန်အိပ်စက်ခြင်းသည် ဦးနှောက်ပြုပြင် မှုနှင့် ပြန်လည်တည်ဆောက်မှုကို ဖြစ်ပေါ်စေသည်။ ညံ့ဖျင်းသော အိပ်စက်မှုအရည် အသွေး သို့မဟုတ် အိပ်စက်ချိန်နည်းခြင်း သို့မဟုတ် ညစဉ်ပုံမှန်အိပ်စက်မှုမရှိခြင်းသည် ဦးနှောက်၏ အဓိကမှတ်ဉာဏ်နေရာများကို ကျုံ့စေပြီး လေဖြတ်နိုင်ခြေကို တိုး စေသည်။ နာတာရှည်အိပ်မပျော်ခြင်းသည် ပင်ပန်းနွမ်းနယ်ခြင်း၊ မှတ်ဉာဏ်နှင့် အာရုံ စူးစိုက်မှုလျော့နည်းခြင်း၊  စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျခြင်းတို့ကို ဖြစ်ပေါ်စေသည်။

ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသောက်ခြင်း

အပင်အခြေခံအစားအစာ  သို့မဟုတ် အရွက်စိမ်းများ၊ ဘယ်ရီသီးများ၊ အခွံမာ သီးများ၊  သံလွင်ဆီ၊ ငါးနှင့်ပဲများ  ပါဝင် သော မြေထဲပင်လယ်အစားအသောက်ပုံစံ သည် Omega-3၊ ဗီတာမင်၊ ဖောလိတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ပံ့ပိုးပေးသဖြင့်      ရောင်ရမ်းမှုကို လျှော့ချပေးပြီး ဦးနှောက်အိုမင်းရင့်ရော်မှုကို  ကာကွယ် ပေးသည်။ အလွန်အကျွံပြုပြင်ထားသော အစားအစာများ၊  သကြားနှင့်  ပြည့်ဝဆီ များသည်      ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်သောကြောင့်     ရှောင်ကြဉ် သင့်ပါသည်။

သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ခြင်း

သွေးတွင်းဂလူးကို့စ်မြင့်မားခြင်းသည် သွေးကြောများကို မာကျောစေပြီး  မှတ် ဉာဏ်ကျဆင်းမှုကို  အရှိန်မြှင့်ပေးသည်။ သွေးချိုဆီးချိုရောဂါသည်    မှတ်ဉာဏ် အတွက်   အရေးပါသော  Hippocampal သွေးကြောများကို ထိခိုက် စေသည်။ အစာရှောင်သော     သွေးတွင်းသကြားဓာတ် မြင့်မားခြင်းပင်လျှင် ဦးနှောက်သွေးကြောများကို  ထိခိုက်စေပါသည်။   မျှတသော အစားအစာများ၊    နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုနှင့် ကိုယ်အလေးချိန်ထိန်းခြင်းတို့ဖြင့်  သွေးတွင်းဂလူးကို့စ်မြင့်မားခြင်း ကို ကာကွယ်ပေးနိုင်သည်။

သွေးတွင်းကိုလက်စထရောများကို ကောင်းမွန်စေခြင်း

LDL   ကိုလက်စထရောမြင့်မားခြင်းသည်    ဦးနှောက်သွေးကြောအတွင်းရှိ Plaque  များစုပုံခြင်းကို  မြှင့်တင်ပေးပြီး သွေးစီးဆင်းမှုကို     နှေးကွေးစေသဖြင့် လေဖြတ်ခြင်းကို ဖြစ်စေနိုင်သည်။

နေ့စဉ်စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု အလေ့အကျင့်များကိုရယူခြင်း

စာဖတ်ခြင်း၊ ပဟေဠိများဖြေရှင်းခြင်း၊ ဘာသာစကားအသစ် တစ်ခုလေ့လာခြင်း သို့မဟုတ်    သစ်သားဖြင့် ပရိဘောဂများ ပြုလုပ်ခြင်းကဲ့သို့သော လှုပ်ရှားမှုအသစ် များဖြင့် ဦးနှောက်ကိုလှုံ့ဆော်သော အခါအာရုံကြောချိတ်ဆက်မှု အသစ်များ ဖွဲ့စည်း ခြင်းကို အားပေးပါသည်။ ကြွက်သားများကဲ့သို့ အသုံးပြုခြင်းဖြင့် သန်မာလာသည် နှင့်အမျှ  ဦးနှောက်ကို  ပုံမှန်လှုံ့ဆော်ခြင်းဖြင့် လိုက်လျောညီထွေရှိပြီး ကြီးထွားနိုင် စွမ်းရှိသည်။

စိတ်ဖိစီးမှုလျော့ကျစေသော အလေ့အကျင့်များ ပြုလုပ်ခြင်း

နေ့စဉ်  အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် ယောဂကျင့်ခြင်းနှင့်တရား ထိုင်ခြင်းများသည် စိတ်ဖိစီးမှုဟော်မုန်း Cortisol  များကို လျော့ကျစေပြီး  မှတ် ဉာဏ်လမ်းကြောင်းများကို   ကာကွယ်ပေးသည်။

အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်ခြင်း

တစ်ရက်ကို အရက်နှစ်ခွက်ထက် ပိုသောက်ခြင်းသည် အချိန်ကြာလာသည် နှင့်အမျှ ဦးနှောက်၏ Grey Matter ကို ကျုံ့သွားစေပြီး    စိတ်ခံစားချက်များကို ပြောင်းလဲစေသည်။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း

နီကိုတင်းသည်    သွေးကြောများကို ကျဉ်းစေပြီး ဦးနှောက်သို့ အောက်ဆီဂျင် ပို့လွှတ်မှုကို  လျှော့ချပေးသည်။  ထို့ပြင် နီကိုတင်းသည် ဓာတ်တိုးဖိစီးမှုကို အရှိန် မြှင့်ပေးသဖြင့် ဆေးလိပ်ဖြတ်ခြင်းသည် နှလုံးနှင့်ဦးနှောက် ကျန်းမာရေးအတွက် အစွမ်းအထက်ဆုံးသော   နေထိုင်မှုပုံစံ ပြောင်းလဲမှုတစ်ခုဖြစ်သည်။

အကြားအာရုံဆုံးရှုံးခြင်းကို စောစီးစွာကုသခြင်း

အကြားအာရုံ ဆုံးရှုံးခြင်းအတွက် အကြားအာရုံစက်ကိရိယာ  အကူအညီ အသုံးပြုအောင်မြင်သူများတွင် မှတ်ဉာဏ် ကျဆင်းမှုကို ထက်ဝက်နီးပါးနှေးကွေးစေ ကြောင်း သုတေသနအရ သိရသည်။

သွေးပေါင်ချိန်ကို ထိန်းသိမ်းခြင်း

လူလတ်ပိုင်းအရွယ်တွင် သွေးတိုးခြင်းသည်   ဘဝနှောင်းပိုင်းတွင်   မှတ်ဉာဏ် လျော့နည်းသော ရောဂါဖြစ်နိုင်ခြေ နှစ်ဆ နီးပါးတိုးစေသည်။ အထူးသဖြင့် နာတာရှည်သွေးပေါင်ချိန် မြင့်မားခြင်းသည်  ဦးနှောက်တစ်သျှူးများရှိ သွေးကြောငယ်များကို    ပျက်စီးစေသည်။   ခန္ဓာကိုယ်အလေးချိန်လျှော့ချခြင်း၊ ဆားနှင့် အရက် သောက်ခြင်းကိုကန့်သတ်ခြင်း၊ စိတ်ဖိစီးမှုကိုစီမံခန့်ခွဲခြင်းနှင့်   သွေးပေါင်ချိန်ကို ပုံမှန်ထိန်းသိမ်းခြင်းကဲ့သို့သော  လူနေမှု ပုံစံကို ပြုပြင်ပြောင်းလဲရန် အကြံပြုထားသည်။ လူနေမှုပုံစံပြောင်းလဲခြင်းများဖြင့် မလုံလောက်ပါက      သွေးတိုးရောဂါကို ထိန်းညှိပေးပြီး    မှတ်ဉာဏ်လျော့နည်းမှု ဖြစ်နိုင်ခြေကိုလျှော့ချရန်    ဆေးဝါးများ လိုအပ်နိုင်ပါသည်။

လူမှုကွန်ရက်များ တည်ဆောက်ထိန်းသိမ်းခြင်း

ခိုင်မာသောမိတ်ဆွေများနှင့်    လူမှုအသိုင်းအဝိုင်းဆက်ဆံရေး    ရှိခြင်းသည် စိတ်ဖိစီးမှုဟော်မုန်းများကို လျှော့ချပေးပြီး   စိတ်ကိုထက်မြက်စေပါသည်။   လူ အချင်းချင်း ထိတွေ့ဆက်ဆံမှုလျော့နည်းခြင်းနှင့် လူမှုအထီးကျန်ခြင်းသည် အသိ ဉာဏ်ထက်မြက်မှုကို    လျော့ကျစေပြီး စိတ်ဓာတ်ကျခြင်းကို  ဖြစ်ပေါ်စေသည်။ ပုံမှန်လူမှုရေးပွဲများ၊   စေတနာ့ဝန်ထမ်း လုပ်ဆောင်ခြင်းနှင့်ဝါသနာအရ အဖွဲ့လိုက် လှုပ်ရှားမှုများသည် ဦးနှောက်ကျန်းမာရေးအတွက် အကျိုးရှိသည်။

သို့ဖြစ်၍ ဟားဗတ်သုတေသီများအဖွဲ့သည် အသက် ၄၀ အရွယ်တွင် ဦးနှောက် ကျန်းမာရေးအန္တရာယ်အတွက် သွေးပေါင် ချိန်၊ သွေးတွင်းဂလူးကို့စ်နှင့် အကြား အာရုံကိုစစ်ဆေးရန် အကြံပြုထားသည်။ အဆိုပါရောဂါ အခြေအနေများသည် စစ် ဆေးရန်လွယ်ကူပြီး လူနေမှုပုံစံပြောင်းလဲ မှုများနှင့် ဆေးဝါးများဖြင့် ကုသနိုင်သော ကြောင့် မှတ်ဉာဏ်ကျဆင်းမှုကို ကာကွယ် တားဆီးရန်၊   စောစီးစွာ ရှာဖွေကုသရန် လိုအပ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ် သော   လူနေမှုပုံစံ ရွေးချယ်မှုများသည် လေဖြတ်ခြင်း၊  အသက်ကြီးလာခြင်းကြောင့် မှတ်ဉာဏ်လျော့နည်းလာခြင်းနှင့် စိတ်ကျရောဂါကဲ့သို့သော  အခြေအနေ များဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချ နိုင်ကြောင်း  ရေးသား တင်ပြအပ်ပါသည်။

MOI

ဒေါက်တာသိင်္ဂီကျော်

အသည်းရောဂါဖြစ်စေသော အကြောင်းရင်းများ
-

အသည်းက လူ့ခန္ဓာကိုယ်ထဲမှာ အကြီးဆုံး ကိုယ်တွင်းအင်္ဂါဖြစ်တယ်။အသည်းက ကိုယ့်ရဲ့ညာဘက်ဝမ်းဗိုက် နံရံအိမ်ရဲ့အောက်မှာ တည်ရှိပြီးဘောလုံးတစ်လုံးနဲ့ တူတယ်။ အသည်းက အစာချေဖျက်မှုရဲ့ ခန္ဓာကိုယ်ကအဆိပ်အတောက်ကို ဖယ်ရှားပေးဖို့ အလွန်အရေးပါတယ်။

အသည်းရောဂါက မျိုးရိုးလိုက်တာ၊ ဗိုင်းရပ်စ်ပိုးနဲ့ အရက်သောက်သုံးမှုတို့နဲ့ ပတ်သက်နေပါတယ်။ အဝလွန်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။အသည်းရောဂါက အချိန်ကြာလာရင် နောက်ဆက်တွဲ အနေနဲ့ အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊     အသည်းကင်ဆာရောဂါတို့ ဖြစ်နိုင်ပါတယ်။ အသည်းရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေရှိပါတယ်။

ရောဂါပိုးဝင်ခြင်း

ကပ်ပါးပိုး၊ ဗိုင်းရပ်စ်ပိုးတွေက အသည်းကိုရောင်ရမ်းစေပြီး အသည်းလုပ်ငန်းဆောင်တာ ကျဆင်းတာတွေဖြစ်စေနိုင်ပါတယ်။   အသည်းပျက်စီးခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေက သွေး၊ သုက်ပိုး၊ ညစ်ညမ်းတဲ့ရေ၊ အစားအစာနဲ့ ရောဂါပိုးရှိသူမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ အဖြစ်များတဲ့အသည်းရောဂါပိုး အမျိုးအစားတွေက အသည်းရောင် A၊ အသည်းရောင် B၊ အသည်းရောင် C နဲ့ အသည်းရောင် E တို့ဖြစ်ပါတယ်။

ကိုယ်ခံအားစနစ်ပုံမှန်မဟုတ်ခြင်း

ကိုယ်ခံအားစနစ်ပုံမှန် မဟုတ်တဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မှားယွင်းတိုက်ခိုက်ပြီး    အသည်းကိုပျက်စီးစေနိုင်ပါတယ်။

မျိုးရိုးလိုက်ရောဂါများ

မိဘတစ်ယောက် သို့မဟုတ် မိဘနှစ်ဦးစလုံးထံမှ ဆင်းသက်လာတဲ့ ပုံမှန်မဟုတ်တဲ့မျိုးရိုးဗီဇတွေက   အသည်းအတွင်းမှာ   အရာဝတ္ထုအမျိုးမျိုးကိုစုပြုံစေပြီး အသည်းပျက်စီးစေနိုင်ပါတယ်။ မျိုးရိုးလိုက်တဲ့ အသည်းရောဂါတွေက (၁)အသည်းသံဓာတ်စုပုံခြင်း (Hemochroma-tosis)၊ (၂)အသည်းမှာ အောက်ဇာလိတ်စုပုံခြင်း(Hyperoxaluria and Oxalosis)၊ (၃)ဝီလ်ဆင်ရောဂါစု သို့မဟုတ် အသည်းမှာကော့ပါးစုပုံခြင်း(Wilson's diseases)တို့ဖြစ်ပါတယ်။

အသည်းမှာရောဂါဖြစ်ပွားစေတဲ့   တခြားအကြောင်းရင်းတွေက အရက်သောက်ခြင်း၊ အဝလွန်ခြင်း၊ ဆေးဝါးနဲ့ အဆိပ်အတောက်တွေကြောင့် ဖြစ်ပါတယ်။အရက်အလွန်အကျွံသောက်ခြင်း၊   ဆေးထိုးအပ်မျှဝေ သုံးစွဲခြင်း၊ မသန့်တဲ့အပ်နဲ့ ဆေးမင်ကြောင်ထိုးခြင်း၊ တခြားသူရဲ့သွေး၊ ခန္ဓာကိုယ် အရည်များထိတွေ့ခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊   သွေးအတွင်း  ထရိုင်ဂလစ်စရိုက်များခြင်းတို့ကြောင့် အသည်းရောဂါဖြစ်စေပါတယ်။အသည်းရောဂါရဲ့လက္ခဏာတွေက အသားဝါလာခြင်း၊ မျက်လုံးဝါခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း၊ ခြေချင်းဝတ်၊ ခြေထောက်ရောင်ခြင်း၊ ဝမ်းဗိုက်ဖောခြင်း၊  အသားယားယံခြင်း၊  ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်းနဲ့ အညိုအမည်း စွဲလွယ်ခြင်းတို့ဖြစ်ပါတယ်။

အထက်ပါရောဂါလက္ခဏာတွေ ကြာရှည်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အသည်းရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းတွေနဲ့ အသည်းရောဂါ ပျက်စီးမှုပမာဏကို သိထားခြင်းက ကုသမှုအတွက် အရေးကြီးပါတယ်။

ဒါတွေကိုသိရှိဖို့ ရောဂါရာဇဝင်မေးမြန်းတာ၊ စမ်းသပ်တာ၊ ဆေးစစ်တာတွေ လုပ်ရပါတယ်။ ရောဂါသိရှိဖို့ သွေးစစ်ဆေးချက်၊ အင်ဇိုင်းစစ်ဆေးချက်၊ ပုံရိပ်(MRI၊ CT၊ USG)စစ်ဆေးချက်၊ အသည်းအသားစယူ(biopsy)စစ်ဆေးချက်ဆိုပြီး စစ်ဆေးနိုင်ပါတယ်။

ပုံမှန်အသည်းကနီနီရဲရဲဖြစ်ပြီး ချောမွတ်နေတယ်။ အသည်းရောင် အသားဝါ B ပိုး၊ C ပိုး၊ အရက်၊ ဆေးဝါးစတဲ့တစ်ခုခုကြောင့် အသည်းမှာ ဒဏ်ရာရပြီဆိုရင် အသည်းရောင်၊ အသည်းမာ၊ အသည်းခြောက်တာတွေ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာတယ်။ နောက်ဆုံးအဆင့်မှာ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာရောဂါ အထိဖြစ်နိုင်ပါတယ်။

အရက်သောက်သုံးသူတွေရဲ့ အသည်းက အဆီဖုံးတယ်။ အသည်းရောင်တယ်။ နာတာရှည် အသည်းရောင်တယ်။ အသည်းအမာရွတ်ဖြစ်ပြီး အသည်းခြောက်တယ်။ အသည်းခြောက်သူရဲ့ ၂၀ ရာခိုင်နှုန်းက အသည်းကင်ဆာရောဂါ ပြောင်းသွားနိုင်ပါတယ်။အသည်းရောဂါဖြစ်ရင် အသားဝါတယ်။ ရေဖျဉ်းစွဲတယ်။ ခန္ဓာကိုယ်ပေါ်မှာ အနီစက်တွေတွေ့ရတယ်။ အစာအိမ်မှာ သွေးကြောထုံးတွေတွေ့ရတယ်။ သွေးအန်တဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ အဲဒီရောဂါလက္ခဏာတွေက  အချိန်နောက်ကျမှ တွေ့ရတတ်ပါတယ်။ အသည်းရောဂါဝေဒနာရှင်တွေအနေနဲ့   ဒီလိုလက္ခဏာတွ ေတွေ့ရပြီဆိုရင် လပိုင်း၊ နှစ်ပိုင်းအနည်းငယ်သာ အသက်ရှင်ခွင့်ရကြပါတယ်။ ဒါကြောင့် အသည်းရောဂါရှိလာရင် အသည်းမာ၊ အသည်းခြောက်မဖြစ်ခင် အသည်းရောင်ကတည်းက သေချာစွာကုသဖို့လိုပါတယ်။ ဒီလိုကုသရင် အသည်းမာ၊အသည်းခြောက်၊ အသည်းကင်ဆာရောဂါမှ ကာကွယ်နိုင်ပါတယ်။

အသည်းမာ၊ အသည်းခြောက်ရင် ဦးနှောက် မကြည်လင်ဘဲ စိတ်တွေက   ထိုင်းမှိုင်းနေတတ်ပါတယ်။  ကြွက်သားတွေမရှိတော့ဘဲ  ပိန်လှီနေတတ်တယ်။ ဗိုက်ပူပြီး ပိုဆိုးတာက သွေးပါအန်တတ်ပါတယ်။အသည်းကအဆင့်ဆင့်မာလာတာနဲ့အမျှ  နေရတဲ့သက်တမ်းက တိုသွားပါတယ်။ အသည်းမာခါစ လူအယောက် ၁၀၀ မှာ ၉၉ ယောက်က တစ်နှစ်အတွင်း‌ ကောင်းကောင်းနေနိုင်ပါတယ်။ ရောဂါအခြေအနေ ပိုဆိုးလာရင်တော့ တစ်နှစ်မှာ သုံးယောက်လောက် သေဆုံးနိုင်ပါတယ်။ ဒါကြောင့်  အသည်းမမာခင်နဲ့  အသည်းမခြောက်ခင်မှာ ကုသဖို့လိုပါတယ်။

အသည်းရောင်အသားဝါပိုးက    ကမ္ဘာပေါ်မှာ   အသည်းရောင်အသားဝါ A ပိုးကြောင့် နာတာရှည် အသည်းရောဂါမဖြစ်ပါဘူး။ အသည်းရောင်အသားဝါ B ပိုး၊ အသည်းရောင် C ပိုးကြောင့်သာ နာတာရှည် အသည်းရောဂါဖြစ်ပွားရပါတယ်။ B ပိုးကအများဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၄၀၀၀ မှာ အသည်းရောင်အသားဝါ B ပိုးကူးစက်နေပါတယ်။ အဲဒီထဲက သန်း ၃၅၀ လောက်က နာတာရှည်အသည်းရောဂါကို ခံစားနေရပါတယ်။ ဘယ်အသက်ရွယ်မဆို သွေးစစ်လို့ B ပိုးမတွေ့ရင် အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးကို နှစ်လ၊ လေးလ၊ ခြောက်လနဲ့ငါးနှစ် ထိုးနှံသင့်ပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေသန်း ၅၀ ကျော်ရှိပြီး ၁၂  ရာခိုင်နှုန်းက နာတာရှည်အသည်းရောင် အသားဝါ B ရောဂါခံစားနေရလို့ မပေါ့ဆသင့်ပါဘူး။ ကမ္ဘာပေါ်မှာ C ပိုးက သန်း ၁၇၀ လောက်ရှိပါက C ပိုးကကုသဆေးရှိပြီး C ပိုးနဲ့ HIV၊ C ပိုးနဲ့ B ပိုးတွဲဖြစ်နေရင် C ပိုးသတ်ဆေးကိုဝေမျှပေးပါတယ်။   C ပိုးက  မြန်မာနိုင်ငံမှာ မူးယစ်ဆေး သုံးစွဲသူတွေနဲ့   အကာအကွယ်မဲ့ လိင်ဆက်ဆံများသူတွေမှာ  တွေ့ရတတ်ပါတယ်။

MWD Web Portal
 
ဒေါက်တာလွင်သန့်

မြတ်လေးပန်းနှင့် ကျန်းမာရေး
-

နွေတစ်ပိုင်း၊    မိုးတစ်ပိုင်း   ရောနှောနေသော ဝါဆိုလတွင် မြတ်လေးပန်းနှင့် ပုန်းညက်ပန်းတို့ပွင့်ကြပြီး ရှေးမြန်မာတို့က အလွန်မွှေးလှသော မြတ်လေးပန်းကို ဝါဆိုလ၏ရာသီပန်းအဖြစ်  သတ်မှတ်ထားကြသည်။  ပန်းအဘိဓာန်တွင်  မြတ်လေးပန်းအား ဇွဲသတ္တိရှိခြင်းအစွမ်းနှင့် ယှဉ်တွဲ ထားသည်ကိုတွေ့ရသည်။    မူလပေါက် ရောက်ရာအရပ်မှာ  ဟိမဝန္တာတောင်၏ အနောက်မြောက်ဘက်ဒေသဖြစ်သည်။ မြတ်လေးပင်သည်  ချုံနှင့်နွယ်မျိုးဝင်ဖြစ်ပြီး မျိုးစိတ်ပေါင်း ၁ဝ၁ မျိုးခန့်ရှိသည်။

မြတ်လေးပန်းသည် Oleaceae မျိုးရင်း ဖြစ်ပြီး အင်္ဂလိပ်အမည်အားဖြင့် Spanish Jasmine၊ Catalonian Jasmine၊ Califor-nia Jasmine၊ Royal  Jasmine စသည်ဖြင့် အမျိုးမျိုးမှည့်ခေါ်ကြသည်။  အဖြူရောင်၊ အဝါရောင်၊ အနီစပ်နှင့်  အနီရောင်ဟူ၍ အရောင်လေးမျိုးတွေ့ရတတ်ပြီး ရုက္ခဗေဒအမည်များအရ -

- အဖြူရောင်မြတ်လေးပန်းကို  Jasminum  Grandiflorum Linn    ဟုလည်းကောင်း၊

- အဝါရောင်မြတ်လေးပန်းကို Jasmi-num Angustifolium ဟုလည်းကောင်း၊

- အနီစပ်မြတ်လေးပန်းကို Ipomoea Quamoedit ဟုလည်းကောင်း၊

- အနီရောင်မြတ်လေးပန်းကို   Oua-moclit Vulgaris ဟုလည်းကောင်း သတ် မှတ်ထားကြောင်း  လေ့လာမှတ်သားရ သည်။

မုလေး (ခေါ်) မြတ်လေး

မြန်မာနိုင်ငံ၏    တချို့အရပ်ဒေသ၌  မုလေးပင်ဟုခေါ်ကြသည်။ မုလေးပန်းဟု ရေးသားခေါ်ဝေါ်ကြသည်မှာ  အဘိဓာန်ကျမ်းတွင် သုမနာ-မုလေး။ ဇာတိသုမနာ- မုလေး။ မာလတီ-မုလေး။ ဇာတိ-မုလေး။ ဝိဿကီ-မုလေးဟူ၍  ပရိယာယ်ငါးပုဒ် ပြဆိုထားကြောင်းနှင့် မြန်မာဘာသာတွင် မာလတီဟူသောအပုဒ်တွင် တီသဒ္ဒါကြေ၍  မာလသဒ္ဒါပျက်  မုလေးဟု  ရေးသား ခေါ်ဝေါ်ကြသည်ဟု အယူရှိကြောင်း သိရ သည်။

တော်ဝင်ပန်း

မြတ်လေးပန်းသည် တော်ဝင်ပန်းဖြစ် သည့်အလျောက်    ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင် မြတ်လေးပန်းအဆီကို    နန်းတွင်းသုံးခေါင်းလိမ်းဆီအဖြစ် မြတ်မြတ်နိုးနိုးအသုံးပြုကြသည်။   မြတ်လေးပန်း၏ထူးခြားချက်မှာ   အပွင့်ကို ခူးဆွတ်မည့်သူမရှိပါက ဘယ်သောအခါမျှ သူ့အလိုအလျောက် မြေမခဘဲနွမ်းခြောက်သွားသည့်အချိန်ထိ ပင်ယံထက်တွင်တည်သည်။ ထို့ကြောင့် မြန်မာအမျိုးသမီးများအား ဣန္ဒြေသိက္ခာ ထိန်းသိမ်းကြရာတွင် မြတ်လေးပန်းလိုကျင့်ဟု  ပမာနှိုင်း၍ ဆိုကြသည်။

ဝိမာနဝတ္ထုအဋ္ဌာကထာတွင်လည်း ပန်းတွင်   မုလေးပန်းမြတ်ကြောင်းဆိုထားသည်။  ရွှေထီးရွှေနန်းမင်းအဆက်ဆက် ထွက်စံတော်မူရာ   ရာဇမတ်တန်း  မင်းလမ်းများတွင် တံခွန်၊ ကုက္ကား၊ မုလေးပွား စိုက်သည်မှာလည်း         အခါခပ်သိမ်း မုလေးပန်းဆိုင်းမရသောကြောင့် မုလေး ပန်းတု အထည်စက္ကူများကို ပြုလုပ်ကြရသောကြောင့်      မုလေးပွားဟုခေါ်ဆို ကြောင်း လေ့လာမှတ်သားရသည်။

အပင်၏ပုံသဏ္ဌာန်

မြတ်လေးပင်ကို မြန်မာနိုင်ငံအနှံ့အပြား၌     အလှစိုက်ပျိုးလေ့ရှိကြသည်။

အထက်တွင်  ဖော်ပြထားသည့်အတိုင်း မြတ်လေးပင်မှာ အဖြူရောင်၊ အဝါရောင်၊  အနီစပ်နှင့်   အနီရောင်ဟူ၍   အရောင်လေးမျိုးရှိပြီး အဖြူ၊ အနီစပ်နှင့် အနီရောင်တို့မှာ ပုံသဏ္ဌာန်ထင်ရှားသည်။

- အဝါရောင်မြတ်လေးပင်သည် နွယ်မျိုးဖြစ်၍   လုံးပတ်မှာ  ၄ လက်မမှ   ၅ လက်မခန့်ရှိသည်။ အကိုင်းအခက်များ ကောက်ကောက်ကွေးကွေးရှိသည်။ အရွက်သည်  ၄ လက်မမှ ၆ လက်မအထိ  ရှည်သည်။ ရွက်ရိုးတံ နှစ်ဖက်စုံထွက်လျက်ရှိပြီး လေးစုံမှ ခြောက်စုံအထိထွက်သည်။ အဖျားချွန်းသည်။  အပွင့်မှာ  အလွန်မွှေးသည်။ အဝါရောင်အပွင့်များပွင့်၍ ကဆုန်လတွင် အသီးသီးကြသည်။

-အဖြူရောင်မြတ်လေးပင်သည် နူးညံ့သောနွယ်ပင်မျိုးဖြစ်ကာ လိမ်ကောက် နေပြီး  ၁၃ ပေမှ ၁၅ ပေအထိ   နွယ်တက်သည်။    ရွက်လွှဲထွက်၍   သေးသွယ်သော အရွက်များထွက်သည်။  အပွင့်သည် အဖြူရောင်ရှိ၍ အနည်းငယ်ပျော့ပျောင်း သည်။  မြတ်လေးအနီပွင့်နှင့်  သဏ္ဌာန် တူသော်လည်း        မြတ်လေးအဖြူက သေးငယ်သည်။     လုံးဝန်းသောအသီး သီးသည်။

- အနီစပ်ရောင် မြတ်လေးပင်သည်  ချုံပင်ဖြစ်သည်။ အရွက်မှာ ထိပ်ဖျားချွန်း၍  ၂  လက်မအထိရှည်သည်။ အရွက် အစွန်းသုံးခုရှိသည်။    အရွက်ခပ်ကျဲကျဲ ထွက်သည်။    အပွင့်မှာ   မြတ်လေးအဖြူကဲ့သို့ပွင့်သည်။  အစိမ်းရင့်ရောင်အရွက်မှာ အနည်းငယ်ထူ၍ မျက်နှာပြင်ပြောင်ချောသည်။   အနီရောင်မြတ်လေးပင်သည်လည်း အလားတူအပင်မျိုးဖြစ်သည်။

ဆေးဖက်ဝင် အာနိသင်

 အပွင့်နှင့်အရွက်တို့ကို ဆေးဝါးအလို့ငှာ အသုံးပြုနိုင်သည်။

- မြန်မာ့ဆေးကျမ်းတွင် မြတ်လေးပင်သည်   ဖန်၊  ခါး၏။  စပ်၏။  ပူ၏။ ကြေကျက်လွယ်၏။   အန်စေတတ်၏။ ဒေါသသုံးပါးကို    ငြိမ်းစေတတ်၏   ဟု ညွှန်းဆိုထားသည်။

- မုလေးပွင့်၊ မုလေးမုံ၊ မုလေးရွက်တို့၏အကျိုးကို သီရိရာဇေန္ဒြသေန ရသေ့စီရင်သည့်    ဒြဗျဂုဏ်ဆေးကျမ်းတွင် မုလေးပန်းသည် သလိပ်နာ၊ သည်းခြေနာ၊ သွေးနာ၊ ပေါက်သောအနာ၊ ပိုးနာ၊ နူနာကို ပယ်နိုင်၏။ ထိုမုလေးပန်း၏အမုံအကင်းသည်   မျက်စိနာနှင့်သင့်၏။   ထိုမုလေး ရွက်သည်  သလိပ်၊ သည်းခြေကိုနိုင်၏ဟု ဆိုထားသည်။

- ဝေဿာမိတ်တရသေ့စီရင်သည့် သရ ရတုကထနဆေးကျမ်းတွင်  မုလေးကျီးပေါင်းကို     ရေဝတီနက္ခတ်အကြိုက်တွင် ယူဆောင်လျှင် လူအပေါင်းတို့စကားကို နာယူရသည်ဟု ဆိုထားသည်။

- Herbal  (ခေါ်)   ဆေးဖက်ဝင်အပင်များဆေးကျမ်းတွင်   မြတ်လေးပန်းနှင့်ပတ်သက်၍   ဆေးစွမ်းထက်မြက်ပုံတို့ကို စိုးရိမ်စိတ်ကဲခြင်း၊     စိတ်ငြိမ်စေခြင်း၊ အရိုးကင်ဆာ၊  ရင်သားကင်ဆာ၊  မျက်စိ ကျိန်း၊      စိတ်ဓာတ်ကျခြင်း၊    အရေပြား  ရောင်ရမ်းခြင်း၊  အသားအရေခြောက် ခြင်း၊    အားကုန်ခြင်း၊   ခေါင်းကိုက်ခြင်း၊   စိတ်ဖိအားများခြင်းတို့အတွက် အသုံးပြု နိုင်၏ဟု ဖော်ပြထားသည်။

- အိန္ဒိယဆေးကျမ်းများတွင်   မြတ်လေးပန်းသည် စူးရှခါးသီးပြီး စူးရှသော အရသာရှိ၏။   ခံတွင်းရောဂါ၊ ခေါင်းကိုက်ခြင်း၊   ပန်းနာ၊ ရင်ကျပ်၊  သွားပိုးစားခြင်း၊ ပါးစပ်ရောင်ခြင်း၊ မျက်စိရောဂါများအတွက်   အလွန်အသုံးဝင်၏။ သွားကိုက်ခြင်း၊ ယားယံခြင်းနှင့် နားကိုက်ခြင်းတို့အတွက်လည်း အလွန်ကောင်းမွန်၏။ သွေးရောဂါ၊   နူနာ၊   အနာအမျိုးမျိုးတို့အတွက် အပင်၏အမြစ်သည် ဆေးစွမ်းထက်၏။ အရက်နာကျခြင်း၊ ခေါင်းကိုက်ခြင်း၊   သွေးထွက်လွန်ခြင်း၊  လေငန်း၊ ဒူလာရောဂါတို့အတွက် ကောင်း၏။

အနီရောင်ပန်းပွင့်ကို  ဆိုးဆေးအလို့ငှာ  သုံးနိုင်၏။ မြတ်လေးပန်းအဆီသည် ခါး၏။ သက်ကြီးရွယ်အိုများအတွက် ကောင်းမွန်၏။ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ အရေပြားကို ပျော့ပျောင်းစေခြင်း၊ ဦးနှောက်ကို အားပြုစေခြင်း၊ အရိုးအဆစ် ကျန်းမာစေခြင်းအတွက်  အသုံးတည့်၏။

ထို့ပြင် နားကိုက်လျှင်  မြတ်လေးဆီဖြင့် နားကျပ်နိုင်၏။ အမြစ်ကို အခြောက်ခံ၊  အမှုန့်ပြုလုပ်၍ ရေဖြင့်သောက်လျှင်  အူတွင်းရှိ  တုတ်ကောင်၊ သန်ကောင်များ ကို သေစေ၏ဟု  အကျယ်တဝင့်ရေးသား  ထားသည်။

- မြတ်လေးပန်းသည် အနံ့ရှူရုံမျှဖြင့် အမူးအမော်ကိုပြေစေသောအာနိသင်ရှိသည်။ ချွေးထွက်လွန်ခြင်း၊ မူးဝေခြင်း၊ မောပန်းခြင်းများအတွက် မြတ်လေးပန်းပွင့်ကို ရှူပေးခြင်းဖြင့် သက်သာစေသည်။

- မြတ်လေးပွင့်သုံးပွင့်ကို   နှမ်းဆီဖြင့်ကြိတ်၍  ရှူပေးလျှင်  ခေါင်းကိုက်ရောဂါ ပျောက်ကင်းစေနိုင်သည်။

- အရွက်ကိုပြုတ်၍ ငုံဆေးအဖြစ် ငုံပေးပါက သွားကိုက်၊ သွားနာပျောက်ကင်းစေသည်။

- အဝါရောင်ပွင့်သော မြတ်လေးပင်၏ အရွက်ကို ကျိုချက်၍သောက်လျှင် ချောင်းဆိုးရောဂါ ပျောက်ကင်းစေသည်။ ယင်းအပင်၏အရွက်ကို အပူပေး၍ ရလာ သော ပေါင်းခံရည်ကို ယားနာ၊ ပွေးနာများ တွင် လိမ်းပေးလျှင် သက်သာစေသည်။ ယင်းအပင်တစ်ပင်လုံး   (ပဉ္စငါးပါး - အမြစ်၊ ပင်စည်၊  အကိုင်း၊ အရွက်၊ အဖူးအပွင့်) ကို    ဆီနှင့်ချက်၍ ရလာသောအဆီဖြင့် လိမ်းကျံနှိပ်နယ်ပေးလျှင်  အဆစ်ရောင်ရောဂါများ ပျောက်ကင်းစေသည်။

- မြတ်လေးပန်းခြောက်ကို နှမ်းဆီတွင်စိမ်ထားပြီး နားကျပ်ပေးပါက နားပြည်ယို ရောဂါ ပျောက်ကင်းစေသည်။

- နှလုံးရောဂါ၊ အမောရောဂါများအတွက် ဖော်စပ်သောဆေးဝါးများတွင် မြတ်လေးပွင့်ကို ထည့်သွင်းဖော်စပ်ကြသကဲ့သို့   သွေးဆေးအေးများဖော်စပ်ရာတွင်လည်း   ထည့်သွင်းဖော်စပ်လေ့ရှိ သည်။

- အိပ်မပျော်သူများအနေဖြင့်   နှစ်ခြိုက်စွာအိပ်ပျော်စေရန်      မြတ်လေးပန်းခြောက်မှုန့်ကို ပျားရည်တွင်စိမ်၍ ညအိပ်ရာဝင်ခါနီးတွင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသောက်သုံးပါ။

- အဖြူရောင်ပွင့်သော မြတ်လေးပင် ပဉ္စငါးပါး    အလေးချိန်ငါးကျပ်သားနှင့် ရေသန့် ၅၀ ကျပ်သားတို့ကို   ထက်ဝက်ခန်းအောင်ကျိုချက်၍  သောက်ပေးခြင်းဖြင့်  မီးယပ်ချုပ်ခြင်းကို ပျောက်ကင်းစေသည်။  မြတ်လေးဖြူပင်အရွက်ကို  ကျက်ကျက်ကျို၍  အမျိုးသား၊   အမျိုး သမီးရောဂါများအတွက်    ဖန်ဆေးရည် အဖြစ်အသုံးပြုနိုင်သည်။   ယင်းအရွက်  ၁၀   ကျပ်သားနှင့်   နှမ်းဆီ ၁၀ ကျပ်သား တို့ကိုစိမ်၍  ရလာသောဆေးအဆီကို ပန်းသေ၊       ပန်းညှိုးရောဂါအတွက်  လိမ်းပေးနိုင်သည်။ ရက်အနည်းငယ်ကြာ သည်အထိ   ဤနည်းအတိုင်းပြုလုပ်ပေး နိုင်သည်။

အချုပ်အားဖြင့်ဆိုသော်  ခါတော်မီ မြတ်လေးပန်းတို့ လှိုင်လှိုင်ပွင့်ကြရာ ဝါဆိုလရာသီတွင် မွန်မွန်မြတ်မြတ်ဘုရားလည်းလှူကာ  ဆံကေသာထက်တွင် ပန်ဆင်ကြရင်း ဆေးဝါးအလို့ငှာ  အလိုရှိ သလို  သုံးစွဲနိုင်ပါကြောင်း အကြံပြုရေး သားလိုက်ရပါသည်။   

MWD Web Portal
 
ပေါက်ပေါက်

သရက်သီး၏ ဆေးဖက်ဝင်မှု အမျိုးမျိုး
-

သရက်သီးအမှည့်၏ဆေးဖက်ဝင်ပုံ

သရက်သီးအမှည့်၏ဆေးဖက်ဝင်ပုံ

သရက်သီးသည်  ချိုချဉ်အရသာရှိပြီး ခံတွင်းမြိန်စေသည်။   သွေးသည်းခြေကို ဖျက်စေတတ်ကာ  လေသလိပ်ကိုနိုင်ပြီးကျင်ကြီးအစုကိုဖျက်၍    ဝမ်းကိုရွှင်စေသည်။ ကိုလက်စထရောဓာတ်ကို လျှော့ချပေးပြီး  ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ကာ  အစာကြေစေသည်။  ဦးနှောက်သွေးကြောပြတ်ခြင်းအတွက်  ကောင်းမွန်စေပြီး  မျက်လုံးအတွက်  ဆေးတစ်မျိုးလည်းဖြစ်သည်။ သရက်သီးအမှည့်က သေးပြီးချိုသည့်အရသာနှင့်     ဖန်သည့် အရသာအနည်းငယ်ရှိသည်။    အအေးမိခြင်း၊ Allergic ကြောင့် နှာခေါင်းအတွင်း ပိုင်းရောင်ရမ်းနာကျင်ခြင်းကို သက်သာစေသည့်အပြင်   ခန္ဓာကိုယ်အားအင်တိုးပွား စေရန်  သရက်သီးမှည့်ဖျော်ရည်ကို  ပျားရည်နှင့်ရောပြီး  သောက်ပေးနိုင်သည်။ ဦးရေပြားကိုလည်း ကျန်းမာစေသည်။

သရက်သီးက သွေးတွင်းအက်စစ်ဓာတ်ကို  လျော့နည်းစေသောကြောင့်  အဆစ်အမျက်ကိုက်ခဲခြင်း၊    ကျောက်ကပ်တွင် ကျောက်တည်ခြင်းတို့ကို  ကာကွယ်ပေးသည်။  သရက်သီးတွင်  ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့်  နှလုံးခုန်မမှန်ခြင်းနှင့်   ကြွက်သားအားနည်းခြင်းတို့ကိုသက်သာစေသည်။ သရက်သီးတွင်ပါဝင်သည့် Glutamic Acid က အာရုံကြော များကို လှုံ့ဆော်ပေးပြီး  အာရုံစူးစိုက်မှုကိုအားကောင်းစေကာ   ဦးနှောက်၏စွမ်း ဆောင်ရည်များကို     ပိုပြီးကောင်းမွန်စေသည်။  ထို့ပြင်  ဖောလစ်အက်စစ် ၊ မဂ္ဂနီ ဆီယမ်၊ ကယ်လ်စီယမ်၊  ဖော့စဖရပ်စ်နှင့်    ပိုတက်ဆီယမ်တို့ ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များ    သရက်သီးကို စားပေးလျှင် ကလေးကြီးထွားဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေသည်။

သောက်သုံးသင့်သောသရက်သီးဖျော်ရည်

သရက်သီးသည် ခန္ဓာကိုယ်ကိုအေးမြစေသော အစွမ်းသတ္တိပါရှိသဖြင့် ပူပြင်းသောနွေရာသီတွင်  သရက်သီးဖျော်ရည် သောက်ပြီး အပူဒဏ်ကိုကာကွယ်နိုင်သည်။ ထို့ပြင် ဆီးရွှင်စေသဖြင့် ဆီးကျောက် တည်မှုအန္တရာယ်ကို လျှော့ချပေးပြီး ကျောက်ကပ်ကိုသန့်စင်စေကာ ခန္ဓာကိုယ်တွင် ဆီးဆိပ်တက်ခြင်းပြဿနာကိုမဖြစ် ပေါ်စေနိုင်ပါ။ သရက်သီးအမှည့်ကို ဖျော်သောက်ပေးမည်ဆိုပါက  ရာသီဥတု ပူပြင်းမှုကြောင့်  ခန္ဓာကိုယ်တွင်ဖြစ်လာနိုင်သည့် အပူလျှပ်ခြင်းကဲ့သို့ ဝေဒနာများမဖြစ်ပေါ်စေရန်   ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

အမျိုးသမီးများနှင့်သင့်လျော်သော သရက်သီး

   သွေးအားနည်းရောဂါရှိသူများသည် ညစာစားပြီးတိုင်း သရက်သီးကို   မှန်မှန် မှီဝဲစားသုံးခြင်းဖြင့် သွေးနီဥပမာဏ တိုးပွားလာစေနိုင်သည်။  အမျိုးသမီးများ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာတို့ကို သက်သာစေသကဲ့သို့ သွေးဆုံးပြီးစ အချိန်အတွက်လည်း  သရက်သီးက အထူးသင့်လျော်သည်။ ထို့ပြင် ကယ်လ်စီယမ်နှင့် မဂ္ဂနီဆီယမ်တို့ပါရှိခြင်းကြောင့်  သားလျှော သားပျက်ခြင်းမှ ကာကွယ်ပေးနိုင်ရုံမျှမက သံဓာတ်ကြွယ်ဝခြင်း၊ HB ပမာဏကိုထိန်း ညှိကာ   ခန္ဓာကိုယ်တွင်း  အောက်ဆီဂျင် ကောင်းစွာ လည်ပတ်စေနိုင်ခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း    သရက်သီးနှင့် သရက်သီးဖျော်ရည်တို့ကို သောက်သုံးပေးသင့်သည်။

ကင်ဆာတချို့ကို ကာကွယ်ပေးနိုင်သော သရက်သီး

 သရက်သီးတွင်   ဓာတ်တိုးဆန့်ကျင်အာနိသင်များ ပါဝင်သောကြောင့် အူမကြီး ကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာ နှင့်   ဆီးကျိတ်ကင်ဆာများမဖြစ်စေရန် ကာကွယ်ပေးသည့်အပြင် ဘီတာကယ်ရို တင်း၊ ပိုတက်ဆီယမ်နှင့်  ဆီလီနီယမ်တို့ ပါရှိသဖြင့် နှလုံးနှင့်နှလုံးကြွက်သားများကို ကျန်းမာကြံ့ခိုင်စေပြီး  သွေးဖြူဥကိုလှုံ့ဆော်ပေးကာ    မလိုလားအပ်သည့် ဗက်တီးရီးယားများကို  ပျက်စီးစေနိုင် သည်။

သွေးတွင်းကိုလက်စထရောကျစေနိုင်သော သရက်သီး

သရက်သီးတွင်   အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် သွေးတွင်းကိုလက် စထရောပမာဏ    ကျဆင်းအောင်လည်း လုပ်ဆောင်ပေးနိုင်သည်။ သရက်သီးတွင် ဖိနိုလစ်ကွန်ပေါင်းတစ်မျိုး    ပါဝင်သည့်အတွက် အရွယ်တင်နုပျိုစေခြင်း၊ ကျန်းမာ ရေးပြဿနာများကို ဖြစ်ပွားစေနိုင်သောဖရီးရယ်ဒီကယ်များကို ထိန်းထားပေးနိုင်သည့်  ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပေါကြွယ်ဝစွာပါရှိသည့်အတွက် သွားဖုံးသွေး ယိုရောဂါ၊ ချောင်းဆိုး၊ အဖျားတက်ခြင်း၊မအီမသာပျို့အန်ခြင်း၊   ပင်လယ်လှိုင်းမူးခြင်း၊ ကြွက်တက်ခြင်းစသည့် ဝေဒနာများကို ပျောက်ကင်းစေနိုင်ကြောင်း တရုတ် ဆေးကျမ်းများတွင်   ဖော်ပြထားသည်။ 

ဆီးကျောက်ကြေစေသော သရက်သီးအမှည့်

ဆီးကျောက်တည်သူများ၊    ဆီးလမ်းကြောင်း ပိုးဝင်သူများ ဓာတ်စာအနေဖြင့် သရက်သီးဖျော်ရည်    တစ်ဖန်ခွက်နှင့်လတ်ဆတ်သည့်  မုန်လာဥနီဖျော်ရည် ဖန်ခွက်တစ်ဝက်ကိုရော၍  နေ့စဉ် သောက်ပေးခြင်းဖြင့်   ဆီးကျောက်ကို ကြေစေကာ  ဆီးလမ်းကြောင်းပိုးဝင်ပြီး     ခံစားရသည့် လက္ခဏာများကိုလည်း   သက်သာစေမည်ဖြစ်သည်။

အသားအရေကိုလှပစေနိုင်သောသရက်သီး

သရက်သီးမှည့်တွင်      ဗီတာမင်-A၊ ဗီတာမင်-C နှင့် ဗီတာမင်-E များပါဝင် မှုကြောင့်    အသားအရေကိုချောမွေ့လှပ စေပြီး အရေပြားတွင်   ကြာဆူးကဲ့သို့အဖုများထွက်ခြင်း၊ အသားအရေခြောက် သွေ့ခြင်း၊ အရေပြားတွန့်ခြင်းနှင့်ပါးရေတွန့်ခြင်းတို့ကို သက်သာစေသည်။ တင်း တိပ်၊  မှဲ့ခြောက်နှင့် ဝက်ခြံထွက်ခြင်းတို့ကို သက်သာပျောက်ကင်းစေပြီး အသားအရေကိုစိုပြည်ချောမောလှပကာ  အရွယ် တင်နုပျိုစေသည်။  သရက်သီးက အသား အရေကိုချောမွေ့စေပြီး ဝက်ခြံများကိုသက်သာစေနိုင်သောကြောင့်    အသားအရေ လှပချင်သူများအနေဖြင့် သရက်သီးကို  စားသုံးပေးသင့်သည်။

သရက်သီးကို စားပေးရုံမျှမက မျက်နှာ ပြင်ပေါ်ရှိချွေးပေါက်များကိုလည်း ပွင့်စေသဖြင့်   မျက်နှာပေါင်းတင်ရန်အတွက် လည်းအသုံးပြုနိုင်သည်။ သရက်သီးကိုခပ် ပါးပါးလှီးပြီး မျက်နှာပေါ်တွင် ညင်သာစွာကပ်ကာ  ၁၅ မိနစ်ခန့်အကြာတွင် ရေနွေးဖြင့်   သန့်စင်ဆေးကြောပေးပါက  ချွေးပေါက်များကိုပွင့်စေပြီး ဝက်ခြံပေါက်ခြင်း မှကာကွယ်နိုင်သည်။

အမြင်အာရုံကောင်းမွန်စေသောသရက်သီး

ကွန်ပျူတာနှင့်ဖုန်း      နေ့စဉ်အသုံး ပြုသူများအနေဖြင့်  တစ်နေ့တာလိုအပ် သော ဗီတာမင်-A ၏ ၂၅ ရာခိုင်နှုန်းခန့်ပါဝင်သည့်အပြင် Flavonoids ၊ Beta-carotene၊ Alpha-caroteneနှင့် Beta-cryptoxanthin တို့ပါရှိသော သရက်သီး မှည့်ကိုစားခြင်းဖြင့် အမြင်အာရုံကောင်း မွန်စေပြီး မျက်စိယားယံခြင်း၊ ရောင်ကိုင်းခြင်း၊ ကြက်မျက်သင့်ခြင်း၊ မျက်လုံးခြောက်သွေ့ခြင်းနှင့်မျက်ကြည်လွှာရောဂါအမျိုးမျိုးကို ပျောက်ကင်းစေနိုင်သည်။ သရက် သီးမှည့်ပုံမှန်စားပေးခြင်းဖြင့်   မျက်စိကို ခရမ်းလွန်ရောင်ခြည်(UV) ဝင်ရောက်သည့်ဒဏ်ကို ကာကွယ်ပေးသောကြောင့် အမြင်အာရုံထိခိုက်ပျက်စီးခြင်းမှ ကာကွယ် ပေးသည်။

ဆံသားများကိုကောင်းမွန်စေသောသရက်သီး

သရက်သီးတွင်ပါဝင်သည့်   ဗီတာမင်ဓာတ်များက  ဆံပင်အရည်အိတ်ငယ်လေးများကို  အားကောင်းစေသောကြောင့် ဆံပင်အသစ်များကိုလည်း   ထွက်စေပြီးဆံပင်သန်ကာ အရောင်တောက်စေသောကြောင့် ဆံပင်ကျွတ်ပြီး ဆံသားခြောက်သွေ့နေသူများအနေဖြင့် သရက်သီးကိုစားပေးခြင်းဖြင့် ဆံပင်များ ပြန်လည်ကောင်းမွန် လာစေနိုင်သည်။

အစာကြေစေသောသရက်သီး

သရက်သီးတွင်   အမျှင်ဓာတ်နှင့်အစာ ခြေအင်ဇိုင်းတစ်မျိုးဖြစ်သည့်   Amylase  ကြွယ်ဝစွာပါဝင်သောကြောင့် စားသောက်လိုက်သည့်ကာဗိုဟိုက်ဒရိတ်များကို Am-ylase အင်ဇိုင်းများက ကောင်းစွာချေဖျက် ပေးနိုင်သဖြင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိစေသည်။ သရက်သီးမှည့်တွင် ချေဖျက်လွယ်သော  အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ဝမ်းပျော့စေပြီး ဝမ်းချုပ်တတ်သူ များ သရက်သီးမှည့် တစ်နေ့တစ်လုံးပုံမှန် စားသုံးခြင်းဖြင့်    ဝမ်းမှန်စေသည့်အပြင် အစာအိမ်နှင့်အူများကို  သန့်စင်စေရုံသာမက အသည်းကိုပါ  ကောင်းကျိုးများစေသည်။ သရက်သီးမှည့်တွင် အစာခြေစနစ် အတွက် အဓိကဖြစ်သောအမျှင်ဓာတ်နှင့် ရေဓာတ်ကြွယ်ဝသဖြင့် သရက်သီးစားသုံး ခြင်းဖြင့်   ဝမ်းချုပ်ခြင်းကို  ကင်းဝေးစေ သည်။

သရက်သီးမစားသင့်သောသူများ

အရမ်းငယ်သော ကလေးများမှလွဲ၍ သရက်သီးကို   လူတိုင်းစားပေးနိုင်သော်လည်း  အလွန်အကျွံမဖြစ်ရန်လိုသည်။

သရက်သီးသည် အမျိုးသမီးများနှင့်သင့်လျော်ကောင်းမွန်သော်လည်း မွေးဖွားခါနီး မိခင်လောင်းများ  အလွန်အကျွံမစားသုံးသင့်ပေ။ သရက်သီးများများစားပြီးနောက် ရေနိုင်နိုင်ချိုးပေးခြင်းဖြင့် အပူကန်မိတ်ဖု ထွက်ခြင်းနှင့် မျက်စိအခိုးဝေခြင်းတို့မှ သက်သာစေသည်။   သရက်သီးအမျိုးအစားအစုံကို  ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်သောကြောင့် ကျန်းမာရေးအတွက်   အရည်အသွေးကောင်းမွန်ပြီး လတ်ဆတ်သောသရက်သီးများကို သင့် တင့်မျှတစွာဖြင့်   အရသာရှိရှိ စားသုံးနိုင်ရန်  ရာသီစာသရက်သီး၏ ဆေးဖက်ဝင်ပုံကို ရေးသားတင်ပြလိုက်ရပါသည်။

ဒေါက်တာလပြည့်ခင်

ရေချိုးကြောက်သူများအတွက် လွယ်ကူသော အအေးမိကာကွယ်ဆေး
-

မိုးရာသီတွင်    အအေးဓာတ်ကြောင့်  တချို့က ရေချိုးရမည်ကိုကြောက်ကြသည်။ ရေမချိုးနိုင်သည့်ရက်ကြာသည့်အခါ    အပူအောင်းပြီး   နေမကောင်းဖြစ်တတ်သည်။ ခန္ဓာကိုယ်အတွင်းမှ အခိုးအငွေ့များ အပေါ်သို့တက်သဖြင့် မျက်စိများဝေခြင်း၊ မျက်ရည်ပူကျခြင်း၊ ခေါင်းအုံမူးဝေခြင်း၊ အာခေါင်၊ ပါးစပ်၊ သွားဖုံးများတွင် အပူကန်ခြင်း၊ ခံတွင်းမကောင်းခြင်း၊  ခံတွင်းနံ့နံခြင်းများ ဖြစ်လာတတ်သည်။

ရေချိုးမှားလျှင် အအေးမိပြီး ဖျားနာတတ်သည်မှာ မှန်သော်လည်း သတိတရားဖြင့်ဆင်ခြင်လျှင် မဖြစ်နိုင်ပေ။ ကြောက်၍ ရေမချိုးသည့်ရက်ကြာလျှင် အပူကန်ခြင်းပြဿနာအပြင်    အခိုးငုပ်ခြင်းပြဿနာပါ ဝင်ရောက်လာနိုင်သည်။ အခိုးငုပ်ခြင်းကို ဥပမာပြရလျှင် ဆူနေသောရေနွေးအိုးအဖုံးကို ဖွင့်လိုက်သော အခါ   ရေနွေးငွေ့များ   ကန်ထွက်လာသည်ကိုတွေ့ရ မည်။ ထိုရေနွေးငွေ့သည်   ပြင်းထန်သောကန်အား ရှိသဖြင့်   ရထား၊   မီးသင်္ဘောများပင် သွားနိုင်သော စွမ်းအင်ရှိသည်။ ရေနွေးပူလောင်ခြင်းထက် ရေနွေးငွေ့လောင်ခြင်းက ပို၍ဆိုးသည်။ ဤမျှဆိုလျှင် ကိုယ်တွင်းငုပ်နေသော အပူအင်အားကို သိနိုင်ပြီဖြစ်သည်။

တချို့က  ရေမချိုးဘဲ ရေဖတ်တိုက်လျှင် မဖြစ်ဘူး လားဟု  မေးကြသည်။ နည်းလမ်းမမှန်လျှင် တစ်ခါ တစ်ရံ  ရေဖတ်တိုက်ခြင်းက  ရေချိုးသည်ထက်ပင် ပို၍အအေးမိတတ်သည်။ ရေဖတ်တိုက်ပြီး လန်းဆန်းသွားသည်မှာ နွေရာသီတွင်ဖြစ်နိုင်သည်။ မိုးတွင်း၊ ဆောင်းတွင်း  အေးနေသောအချိန်တွင် ရေဖတ်တိုက်ရန်  အင်္ကျီချွတ်နေစဉ်မှာပင်  အအေးပတ်နိုင်သဖြင့် အထူးသတိပြုရမည်။ ရေအေးလျှင် ရေနွေးရောပြီး ရေနွေးဖတ်တိုက်ခြင်းက ပို၍သင့်လျော်သည်။ ရေနွေးကြောင့် မွေးညင်းပေါက်တွင်     ပိတ်ဆို့နေသော ကြေးညှော်များကင်းစင်ပြီး  အခိုးပွင့်အောင် ပြုလုပ်ရမည်ဖြစ်သည်။  အအေးမပတ်အောင်  အထူးသတိပြုပါ။ အအေးပတ်လျှင်   လူကြီးများတွင်  အနည်းဆုံးတွေ့ကြုံရသည်မှာ        သွေးတိုးလာခြင်းဖြစ်သည်။   အအေးပတ်သွေးတိုးခြင်းသည်  အစားမှားသွေးတိုးခြင်းထက်ပို၍ဆိုးသည်။   နှလုံးကြွက်သားညှစ်အားများပြီး သွေးကြောပေါက်သည်အထိ ဖြစ်တတ်သည်။

တချို့လူများသည် အစားမှားမှ၊ အငန်စားမှ၊ ဆား စားမှ သွေးတိုးသည်ဟု ထင်နေကြသည်။ အအေးပတ် ၍ သွေးတိုးခြင်းသည် ပို၍ဆိုးသည်ကို သတိပြုကြပါ။

ကိုယ်တွင်းမှအပူကို အရေပြားရှိ မွေးညင်းပေါက်များမှ အခိုးအငွေ့အဖြစ် နေ့စဉ်ထုတ်လွှတ်နေသည်။ ထိုမွေးညင်းပေါက်များ ကြေးညှော်ဖြင့် ပိတ်ဆို့မနေ စေရန်၊ အခိုးပွင့်စေရန် နေ့စဉ်ရေချိုးခြင်း၊ ကြေးတွန်းခြင်း၊ ဆပ်ပြာတိုက်ခြင်းကို ပြုလုပ်ကြရသည်။ ထိုသို့ ပြုလုပ်ခြင်းသည်   ကျန်းမာရေးအတွက်ဖြစ်သည်။ လေထုထဲတွင် မိမိတို့မမြင်နိုင်သော ဖုန်နှင့်ဆီချေး ပါသော အခိုးအငွေ့များသည် အမြဲပျံ့လွင့်နေပြီး မွေး ညင်းပေါက်များသို့    လာရောက်ကပ်ငြိပိတ်ဆို့နိုင်သဖြင့် ရေချိုးရန်လိုအပ်သည်ကို  သတိပြုရမည်ဖြစ်သည်။

လူငယ်များအတွက်    ရေချိုးချိန်ကို   သတ်မှတ်မထားသော်လည်း အသက်အရွယ်ကြီးသူများ၊ အိုမင်းသူများ  အအေးမမိစေရန် ရေချိုးချိန်ကို သတိပြုသင့်သည်။ နေမထွက်သောအချိန်၊ နေမထွက်သောနေ့တွင် ရေမချိုးသင့်ပေ။ နေရောင်ခြည်တွင် တေဇောဓာတ်ပါလာသဖြင့်   အပူဓာတ်ရရှိကာ   လူသားများလည်းကျန်းမာ၊   သစ်ပင်ပန်းမန်များလည်း    ဖူးကြ၊  ပွင့်ကြ၊ သီးကြသည်ဟု နိယာမအဆိုရှိသည်။

ရှေးက မြန်မာဗိန္ဒောဆရာကြီးများ၏ လင်္ကာအဆိုအရ   လူကြီးများ  ရေချိုးသင့်သည့်နာရီမှာ   နေထွက်ပြီး  နွေကိုး၊ မိုး ၁၀၊  ဆောင်း ၁၁ ဟု  အဆိုရှိသည်။ အဓိပ္ပာယ်မှာ   လူကြီးများရေချိုးသင့်သည့်အချိန်မှာ နွေရာသီတွင် နံနက် ၉ နာရီ၊ မိုးရာသီတွင် နံနက် ၁၀ နာရီနှင့် ဆောင်းရာသီတွင် နံနက် ၁၁ နာရီဟုဆိုသည်။ အတိအကျမဟုတ်လျှင် ဝန်းကျင်ဟုဆိုနိုင်ပါသည်။ လူကြီးများ  အအေးမိ ကာကွယ်စေရန်   ဤနည်းကို လိုက်နာသင့်သည်။

အေးသောရာသီဥတုတွင် လူတိုင်းအတွက် အအေးမိကာကွယ်ရန် လွယ်ကူသောဆေးနည်းမှာ ရှောက်သီး တစ်လုံးကို    ထက်ခြမ်းခွဲပြီးနောက်     လေးစိတ်စိတ် လိုက်ပါ။ ထိုအထဲမှ တစ်စိတ်ကိုယူပြီး မတ်ခွက်ထဲ ထည့်ပါ။ ဆူပွက်ပြီးသော ရေနွေးအဖြူပူပူကို ခွက် တစ်ဝက်မျှ လောင်းထည့်ပါ။ ပြီးလျှင် အုပ်ထားပါ။ ထို့နောက် ရေချိုးပါ။ ရေချိုးလျှင် အချိန် ၁၅ မိနစ်ခန့် နှင့် အပြီးချိုးပါ။  အချိန်အကြာကြီးမချိုးပါနှင့်။ ရေချိုး ပြီး အဝတ်အစားလဲပြီးသောအခါ နာရီဝက်ခန့်ကြာပြီး ချိန်တွင်   ရှောက်သီးအခွံပါစိမ်ထားသော   မတ်ခွက် ထဲမှ ရေနွေးမှာ သိပ်မပူတော့။ သောက်ရန်အနေတော် ဖြစ်ပါသည်။ ရှောက်သီးခွံမှ အနံ့သင်းသင်းထွက်နေသော  ရေနွေးကို   မတ်ခွက်တစ်ဝက်မျှ   ကုန်အောင်သောက်ပါ။ မွှန်သောအနံ့၊ ခါးသက်သောအရသာနှင့် အနည်းငယ်ချဉ်သောအရသာ   သုံးမျိုးရပါလိမ့်မည်။ အဆိုပါဆေးနည်းသည် အအေးမိခြင်းကို ထိရောက်စွာ ကာကွယ်နိုင်သော ရေချိုးခံဆေးနည်းဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။      ။

Photo- Cook for your life

မိုးရာသီကျန်းမာရေးနှင့် ရှောင်ရန်ဆောင်ရန် အကြုံပြုချက်များ
-

ယခုအခါ  မိုးရာသီရောက်လာပြီဖြစ်၍  အပူဒဏ်မှ   သက်သာရာရစေသည်သာမက   စိမ်းလန်းစိုပြည်သော   ပတ်ဝန်းကျင်ကြောင့်   လန်းဆန်းအေးမြပြီး သက်သောင့်သက်သာရှိသည့်အချိန်ဖြစ်သည်။   သို့သော်လည်း   တချို့သောရောဂါပိုးများ   ကူးစက်မှုအန္တရာယ်နှင့် ကျန်းမာရေးအန္တရာယ်များကို  တိုးမြင့်လာစေသည်။ မိုးရာသီတွင် ခန္ဓာကိုယ်ခုခံအားစနစ် အားနည်းခြင်း၏    အဖြစ်များသောလက္ခဏာတချို့ တွင် အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းကဲ့သို့ ရောဂါလက္ခဏာများ မကြာခဏ ခံစားရခြင်းတို့အပြင် တုပ်ကွေးနှင့် တခြားအသက်

ယခုအခါ  မိုးရာသီရောက်လာပြီဖြစ်၍  အပူဒဏ်မှ   သက်သာရာရစေသည်သာမက   စိမ်းလန်းစိုပြည်သော   ပတ်ဝန်းကျင်ကြောင့်   လန်းဆန်းအေးမြပြီး သက်သောင့်သက်သာရှိသည့်အချိန်ဖြစ်သည်။   သို့သော်လည်း   တချို့သောရောဂါပိုးများ   ကူးစက်မှုအန္တရာယ်နှင့် ကျန်းမာရေးအန္တရာယ်များကို  တိုးမြင့်လာစေသည်။ မိုးရာသီတွင် ခန္ဓာကိုယ်ခုခံအားစနစ် အားနည်းခြင်း၏    အဖြစ်များသောလက္ခဏာတချို့ တွင် အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းကဲ့သို့ ရောဂါလက္ခဏာများ မကြာခဏ ခံစားရခြင်းတို့အပြင် တုပ်ကွေးနှင့် တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွားနိုင်သည်။    ကိုယ်ခံအားစနစ်ကို အားကောင်းစေခြင်းသည်  ဖျားနာခြင်းမှကာကွယ် ပေးရုံသာမက   ရောဂါပြင်းထန်မှုနှင့်ကြာချိန်တို့ကို   လျော့နည်းစေသည်။      ထိရောက်သောကြိုတင် ကာကွယ်မှု၊ ဆောင်ရန်၊ ရှောင်ရန်နှင့် အကြံပြုချက်များကို     လိုက်နာခြင်းဖြင့်    မိုးရာသီကာလတွင် ကိုယ်တိုင်နှင့်  မိသားစုကိုကာကွယ်နိုင်သည်။

မိုးရာသီတွင် အဖြစ်များသောကျန်းမာရေးအန္တရာယ်များ

ရေကြောင့်ဖြစ်သောရောဂါများ

ညစ်ညမ်းသောရေကြောင့်   ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊  ဝမ်းပျက်၊ ဝမ်းလျှောရောဂါ နှင့်   အစာအိမ်ရောင်ခြင်းတို့   မကြာခဏဖြစ်တတ်သည်။

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သောရောဂါများ

မိုးရာသီတွင် ပတ်ဝန်းကျင်စိုစွတ်ပြီး ရေဝပ်သော နေရာများကြောင့် ခြင်များပိုမိုပေါက်ပွားရှင်သန်ကြပြီး သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားကဲ့သို့သောရောဂါ များ ဖြစ်ပွားနိုင်သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အိမ်တွင်းရှိ    စိုထိုင်းဆနှင့်   အနီးကပ်ထိတွေ့မှုကြောင့် အအေးမိ၊ တုပ်ကွေးနှင့်ချောင်းဆိုးခြင်းတို့ ပို၍အဖြစ်များသည်။

အရေပြားရောဂါများ

မိုးရာသီတွင် စိုထိုင်းဆများလာပြီး စိုစွတ်မှုကြောင့် အရေပြားပြဿနာအမျိုးမျိုး      ဖြစ်လာနိုင်သည်။

အဖြစ်များသော အရေပြားရောဂါများတွင်   မှိုပိုးဝင်ခြင်း၊  ဗက်တီးရီးယားပိုးဝင်ခြင်း (အနာပေါက်ခြင်းနှင့် မွေးညင်းပေါက်ရောင်ခြင်း)၊   နှင်းခူကြွခြင်းနှင့် တခြားအရေပြားယားယံမှုများ ပါဝင်သည်။   ဝက်ခြံထွက်ခြင်းနှင့်ဗောက်ထခြင်းသည်လည်း  မိုးရာသီ ကာလတွင် ပို၍အဖြစ်များသည်။

မတော်တဆမှုများ

မိုးရာသီတွင်  ပတ်ဝန်းကျင်စိုစွတ်သောကြောင့် စိုစွတ်သောမြေမျက်နှာပြင်များ၊      ချော်နေသော မျက်နှာပြင်များနှင့် လမ်းများကြောင့် သွားလာရာတွင် ချော်လဲခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့ မကြာခဏ တွေ့ကြုံရနိုင်သည်။

မိုးရာသီအတွင်း      ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်စေရန်       အထောက်အကူဖြစ်စေမည့် ဆောင်ရန်၊ ရှောင်ရန်အကြံပြုချက်တချို့မှာ အောက်ပါ အတိုင်းဖြစ်သည်။

မျှတသောအစားအစာကိုစားသောက်ခြင်း

မျှတသောအစားအစာသည်  ခန္ဓာကိုယ်ခုခံအားစနစ်ကိုပံ့ပိုးရန်အတွက် လိုအပ်သောအာဟာရဓာတ် များရရှိရန်သေချာသည်။   သစ်သီးများနှင့်ဟင်းသီး ဟင်းရွက်များတွင် ဗီတာမင်များ၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်ကို ရောဂါပိုးမွှားများရန်မှ   ကာကွယ်ပေး သည်။  အစေ့အဆန်များ၊  ပရိုတင်းများနှင့်ပေါင်းစပ် ခြင်းဖြင့် ကိုယ်ခံအားအတွက်  လိုအပ်သောစွမ်းအင် နှင့် အမိုင်နိုအက်စစ်များကိုပေးစွမ်းသည်။ မိုးရာသီ တွင် သကြားဓာတ်နှင့် ပြုပြင်ထားသောအစားအစာများသည် ကိုယ်ခံအားစနစ်ကို  ထိခိုက်စေနိုင်သဖြင့် စားသုံးမှုကို ကန့်သတ်ထားသင့်သည်။ ရောင်ရမ်းမှု ကိုဖြစ်စေသော   ဆိုဒီယမ်မြင့်မားသည့်အစားအစာ စားသုံးမှုကိုလည်း လျှော့ချသင့်သည်။

အစပ်နှင့်အဆီများသော အစားအစာများကိုရှောင်ခြင်း

အစပ်နှင့်အဆီများသော    အစားအစာများသည်ရောင်ရမ်းမှုနှင့်အစာခြေပြဿနာများကို   ဖြစ်စေတတ်သောကြောင့် အန္တရာယ်ရှိသည်။ အဆိုပါအစား အစာများသည်    အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ်မှရောဂါပိုးမွှားများအားခုခံကာကွယ်နိုင်စွမ်းကို      အားနည်းစေနိုင်သည်။ ကိုယ်ခံအားစနစ် အားကောင်းစေရန် အစပ်နှင့်အဆီများသောအစားအစာများကို    အလွန်အကျွံစားသုံး ခြင်းမှ ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

ရေဓာတ်ပြည့်ဝစေခြင်း

ကိုယ်ခံအားစနစ်အပါအဝင်     ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ   ကောင်းမွန်စွာလုပ်ဆောင် နိုင်စေရန်အတွက် ရေကိုလုံလောက်စွာသောက်သုံးရန် အရေးကြီးသည်။ ရေသည် အဆိပ်အတောက်များ ကို   ဖယ်ရှားပေးပြီး  အာဟာရများ   ခန္ဓာကိုယ်အနှံ့ လည်ပတ်မှုကိုထောက်ပံ့ပေးသည်။ထို့ကြောင့်  မိုးရာသီတွင်   ရေဓာတ်ပြည့်ဝစေခြင်းသည်   ကိုယ်ခံစွမ်းအားကိုမြှင့်တင်ရန်      အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

ရာသီပေါ်အသီးအနှံများကိုစားသုံးခြင်း

လိမ္မော်သီး၊ တလည်းသီး၊ မာလကာသီး၊ သင်္ဘောသီး၊ သစ်တော်သီး စသည့်ရာသီပေါ်အသီးအနှံများ တွင် ဗီတာမင်- A၊ ဗီတာမင်- C ၊ ပိုတက်ဆီယမ်နှင့်  အမျှင်ဓာတ်တို့ကဲ့သို့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သော  အာဟာရဓာတ်များ  ကြွယ်ဝစွာပါရှိသည်။ ဗီတာမင်- C  သည်   ရောဂါပိုးများကို တိုက်ဖျက်ရန် အရေးကြီးသော သွေးဖြူဥများထုတ်လုပ်မှုကို မြှင့်တင်ပေးသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဆဲလ်များ ပျက်စီးခြင်းမှကာကွယ်ပေးပြီး အမျှင်ဓာတ်သည် အစာခြေခြင်းနှင့်    အစာအိမ်ကျန်းမာရေးအတွက် အထောက်အကူပြုသည်။  ရာသီပေါ်အသီးအနှံများ ကို လတ်လတ်ဆတ်ဆတ်စားသုံးခြင်းသည် မိုးရာသီတွင်    ကိုယ်ခံစွမ်းအားမြှင့်တင်ရန်    အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

ပရိုတင်းဓာတ်ကြွယ်ဝသောအစားအစာများကိုစားသုံးခြင်း

ပရိုတင်းများသည်    ကိုယ်ခံအားဆဲလ်များအပါ အဝင် ခန္ဓာကိုယ်အတွင်းရှိ တစ်သျှူးများတည်ဆောက် ခြင်းနှင့် ပြုပြင်ခြင်းတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။ ရောဂါပိုးမွှားများနှင့်ရောဂါများကို တိုက်ဖျက်ရာတွင်   ကူညီပေးသည့်  အမျိုးမျိုးသော ကိုယ်ခံအားလုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးသည့် မရှိမဖြစ်လိုအပ်သောအမိုင်နိုအက်စစ်များကို   ပံ့ပိုးပေးသည်။    ထို့ကြောင့်   မိုးရာသီတွင်   ကိုယ်ခံအားကောင်းမွန်ရန်  အဆီမပါသောအသား၊  ကြက်၊  ငါး၊ ဥ၊   နို့ထွက်ပစ္စည်း၊   ပဲနှင့်အခွံမာသီးများကဲ့သို့သော ပရိုတင်းဓာတ်ကြွယ်ဝသည့် အစားအစာများကိုစားသုံးရန်လိုအပ်သည်။

လုံလောက်စွာအိပ်စက်အနားယူခြင်း

တစ်ညတာ   ကောင်းမွန်စွာအိပ်စက်ရခြင်းသည် ကိုယ်ခံအားလုပ်ဆောင်ချက်နှင့်     ကျန်းမာရေးကို ထိန်းသိမ်းရန် အထောက်အကူဖြစ်စေသည်။ ကိုယ်ခံ အားစနစ်ကို ပြန်လည်နုပျိုစေရန်  ၇ - ၈  နာရီကြာ အိပ်စက်ရန်လိုအပ်သည်။   အိပ်ရေးပျက်ခြင်းသည် ပြန်လည်ပြုပြင်သောလုပ်ငန်းစဉ်ကို ဟန့်တားစေပြီး ကိုယ်ခံအားစနစ်ကိုအားနည်းစေသဖြင့် ရောဂါပိုးကူးစက်နိုင်ခြေကို တိုးမြင့်စေသည်။ ထို့ကြောင့် နေ့စဉ်ကောင်းမွန်စွာ အိပ်စက်အနားယူရန်လိုအပ်သည်။

စိတ်ဖိစီးမှုကိုစီမံခန့်ခွဲခြင်း

အလုပ်နှင့် ဘဝဖိစီးမှုများသည် ကိုယ်ခံအားစနစ်ကို  ဖိနှိပ်နိုင်ပြီး  ရောဂါပိုးများကူးစက်ခံရနိုင်သည်။ နာတာရှည်စိတ်ဖိစီးမှုက ကိုယ်ခံစွမ်းအားကို အား နည်းစေနိုင်သည်။    စိတ်ဖိစီးမှုကိုလျှော့ချပေးသည့် တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း သို့မဟုတ် ယောဂကဲ့သို့သော   အပန်းဖြေနည်းများဖြင့်   စိတ်ပင်ပန်းမှုကိုဖြေရှင်းပါက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်သည်။

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းက သွေးလည် ပတ်မှုကောင်းစေပြီး    ကိုယ်ခံအားကိုမြှင့်တင်ပေး နိုင်သည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ရောဂါများ ကိုဖြစ်စေသည့်    ရောင်ရမ်းမှုကိုလည်းသက်သာစေသည်။    ကိုယ်ခံအားစနစ်ကို    အားကောင်းစေရန် လမ်းလျှောက်ခြင်း၊   ပြေးခြင်း၊အကြောဆန့်ခြင်း ကဲ့သို့ အသင့်အတင့်ပြင်းထန်သောလေ့ကျင့်ခန်းများကို ပြုလုပ်နိုင်သည်။   မိုးရာသီတွင်   ခန္ဓာကိုယ် တက်ကြွနေစေရန် ယောဂ၊ ဆန့်ထုတ်ခြင်း သို့မဟုတ် ကိရိယာလွတ်လေ့ကျင့်ခန်းများကဲ့သို့    အိမ်တွင်း လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်သင့်သည်။

ဆေးဖက်ဝင်အပင်များစားသုံးခြင်း

နေ့စဉ်အစားအစာများတွင် ကြက်သွန်ဖြူ၊  ချင်း၊ နနွင်းနှင့် ငရုတ်ကောင်းမှုန့်ကဲ့သို့သော ဆေးဖက်ဝင် အပင်များကိုထည့်နိုင်သည်။  ယင်းတို့သည် ကိုယ်ခံ စွမ်းအားကိုအားကောင်းစေပြီး     ရောဂါပိုးများကို တိုက်ထုတ်ရန်ကူညီပေးသည်။ ချင်း၊ ပူဒီနာရွက်နှင့် သစ်ကြံပိုးခေါက်ကဲ့သို့သော ဆေးဖက်ဝင်အပင်များဖြင့်  လက်ဖက်ရည်ကဲ့သို့   ကျိုထားသောသတ္တုရည်တွင် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့်    ရောင်ရမ်းမှုကိုဆန့်ကျင်သည့်ဒြပ်ပေါင်းများ ကြွယ်ဝစွာပါဝင်သည်။ ဆေးဖက် ဝင်အပင်များသည် ခန္ဓာကိုယ်၏ခုခံအားတုံ့ပြန်မှုကို ပံ့ပိုးပေးသည်။  ဆေးဖက်ဝင်အပင်များဖြင့် ပြုလုပ်ထားသော လက်ဖက်ရည်သောက်ခြင်းဖြင့်  မိုးရာသီတွင်    အဖြစ်များသည့်   လက္ခဏာများဖြစ်သော လည်ချောင်းနာခြင်းကို       သက်သာစေနိုင်ကြောင်း   အာယုဗ္ဗေဒဆေးကျမ်း၌ ဖော်ပြထားသည်။

တစ်ကိုယ်ရေသန့်ရှင်းမှုဂရုပြုခြင်း

တစ်ကိုယ်ရေသန့်ရှင်းမှုကိုထိန်းသိမ်းပါ။ လက်ကို မှန်မှန်ဆေးပါ။ အထူးသဖြင့် အစာမစားမီနှင့် အိမ်သာသုံးပြီးနောက်  လက်ကိုမကြာခဏဆေးပါ။ပိုးမွှားများခိုအောင်းမှုကိုကာကွယ်ရန်  လက်သည်းတိုတိုညှပ်ပြီးသန့်ရှင်းပေးပါ။ နေ့စဉ်ရေချိုးပြီး အရေပြား ကိုခြောက်သွေ့အောင်ထားပါ။ အစိုဓာတ်က  မှိုနှင့် ဗက်တီးရီးယားပိုးမွှားများကို အားပေးသဖြင့် နေ့စဉ် ရေချိုးပြီး     ရေစိုအဝတ်အစားကို   အမြန်ဆုံးလဲပါ။ စိုစွတ်သောအဝတ်အစားများကမှိုတက်ခြင်းကို အားပေးသဖြင့် အဝတ်များကိုလျှော်ဖွပ်ပြီး သေချာ မီးပူတိုက်ပါ။  ဖြစ်နိုင်လျှင်  လူစုလူဝေး၊  လေ၀င် လေထွက်မကောင်းသောနေရာများနှင့်   ဝေးဝေးနေပါ။  ချောင်းဆိုး၊ နှာချေသောအခါ ပါးစပ်နှင့်နှာခေါင်း ကိုအုပ်ထားပါ။

ခြင်အန္တရာယ်ကာကွယ်ရေး

ခြင်မပေါက်ပွားစေရန် အိမ်ပတ်ဝန်းကျင်တစ်ဝိုက် ရှိ   ပန်းအိုးများ၊   တာယာဟောင်းများနှင့်   ပုံးထဲမှ ရေများကို ဖယ်ရှားပါ။ ပိုးမွှားများနှင့် ကြွက်များကို တားဆီးရန်   ပတ်ဝန်းကျင်ကိုသန့်ရှင်းအောင်ထားပါ။   ပြတင်းပေါက်များတွင်  ခြင်လုံဆန်ခါတပ်ပြီး ခြင်ထောင်အသုံးပြုပါ။ ခြင်နှင့်ထိတွေ့နိုင်သော အရေပြားပေါ်တွင် Insect killer များကိုလိမ်းပေးပါ။ အထူး သဖြင့်   အရုဏ်တက်ချိန်နှင့်  ညနေဆည်းဆာချိန် များတွင်     အင်္ကျီလက်ရှည်နှင့်ဘောင်းဘီရှည်ကို ဝတ်ဆင်ပါ။

အစားအသောက်ဘေးကင်းရေး

မိုးရာသီတွင်     ညစ်ညမ်းသောရေသည်  ရောဂါအဖြစ်များသောအရာဖြစ်သောကြောင့်    သောက် ရေသန့်  သို့မဟုတ် သန့်ရှင်းသောရေ၊ ကျိုချက်ပြီး စစ်ထားသောရေကိုသာသောက်ပါ။  သွားတိုက်ရန်နှင့် အစားအစာပြင်ဆင်ရန် သန့်ရှင်းသောရေကိုအသုံးပြုပါ။  ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ပြင်ဆင်ချက် ပြုတ်ထားသော   အစားအစာများကို   စားသုံးပါ။ အစိမ်း သို့မဟုတ်   မချက်ပြုတ် ရသေးသော  အစားအစာများ  စားသုံးခြင်းကိုရှောင်ကြဉ်ပါ။ လမ်းဘေး အစားအစာများနှင့် ဖုံးအုပ်မထားသော အစားအစာများကို ရှောင်ကြဉ်ပါ။ တတ်နိုင်သမျှ အိမ်လုပ်အစား အစာများကို စားသုံးပါ။ လှီးဖြတ်ထားသော အစားအစာများတွင် ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်များခိုအောင်းနိုင်သောကြောင့်ရှောင်ကြဉ်ပါ။ အစားအစာများကို   လေလုံသောဘူးများတွင်   သိမ်းဆည်းပါ။  သဘာဝဖြည့်စွက်စာများဖြင့်  ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပါ။

အချုပ်အားဖြင့်ဆိုရသော် မိုးရာသီတွင် ကျန်းမာပြီးကိုယ်ခံစွမ်းအားမြှင့်တင်ရန်  အထိုင်များသော လူ နေမှုပုံစံကိုလျှော့ချပြီး  ကိုယ်လက်လှုပ်ရှားမှုပုံမှန် လုပ်ရန်၊ တစ်ကိုယ်ရေသန့်ရှင်းမှုဂရုပြုရန်၊ လုံလောက်စွာအိပ်စက်အနားယူရန်၊ ကိုယ်ခံစွမ်းအားမြှင့်တင်ရန် အထူးအကျိုးပြုသည့်အစားအစာများကို   မျှတစွာစားသုံးရန်နှင့် ရေများများသောက်ရန်လိုအပ်သည်။  အဖျားကြီးခြင်း၊   ချောင်းဆိုးခြင်း၊   ဆက်တိုက်ဝမ်း လျှောခြင်း  သို့မဟုတ်  တခြားရောဂါလက္ခဏာများ ခံစားရပါက    ဆရာဝန်နှင့်အမြန်ပြသပြီး   အချိန်မီဆေးကုသမှုခံယူရန်လိုအပ်ကြောင်း ရေးသားလိုက် ရပါသည်။                            

 Photo- Aosspl

ဝမ်းဗိုက်ပူသူများအတွက် ဗိုက်အဆီကျစေမည့်နည်းလမ်းများ
-

ဝမ်းဗိုက်ပူနေသူကို ဗိုက်ပူ သို့မဟုတ် ဘီယာဗိုက်ဆိုပြီး လူတွေက နောက်ပြောင်ကျီစယ်လေ့ရှိပါတယ်။ ဝတဲ့သူတွေပဲဗိုက်ပူတာမဟုတ်ပါဘူး။ ပိန်တဲ့သူတွေပါ အစာအာဟာရမမျှတာ၊ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်တာ၊ အရက်ဘီယာအလွန်အကျွံသောက်တာကြောင့် ဗိုက်ပူနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်တာက ကလေးအတွက် အဝလွန်စေတာ၊ ဗိုက်ပူစေတာအပြင် တခြားကျန်းမာရေး ပြဿနာတွေလည်း တွေ့ကြုံရနိုင်ပါတယ်။

ဗိုက်ပူနေတာက အမြင်အနေနဲ့အကြည့်ရဆိုးစေသလို နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ခြေ အလွန်များပါတယ်။

ခန္ဓာကိုယ်အတွက်ဆိုးကျိုးဖြစ်စေတဲ့     သွေးတွင်းကိုလက်စထရောတွေ၊ သကြားဓာတ်တွေက အမြဲမြင့်တက်နေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးရောဂါအပြင် စိတ်ကျရောဂါ၊ ကင်ဆာရောဂါ၊ ရုတ်တရက်တက်ခြင်း၊ သတိလစ်ခြင်းအထိ  ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် ဗိုက်ပူတဲ့သူတွေအတွက် အချိန်တိုအတွင်းအဆီကျစေနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။

အချိုလျှော့စားခြင်း

သကြားအလွန်အကျွံ ထည့်ထားတဲ့မုန့်တွေ၊ ဖျော်ရည်တွေ၊ အအေးတွေ၊စားစရာတွေက အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။ သကြားမှာ ဂလူးကို့စ်တစ်ဝက်၊   ဖရက်တို့စ်သကြားခေါ်တဲ့  အသည်းကပဲ ချေဖျက်နိုင်တဲ့ ဓာတ်ပေါင်းတစ်ဝက် ပါဝင်ပါတယ်။

ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးဖို့ ဂလူးကို့စ်ကိုအသုံးပြုရပါတယ်။ သကြား ပါဝင်မှုများတဲ့အချိုမုန့်တွေ၊ အအေးတွေ၊ အချိုရည်စတာတွေ စားသောက်တာများလာတဲ့အခါ သွေးတွင်းဖရက်တို့စ်ပမာဏများလာပါတယ်။ အသည်းက ကောင်းကောင်းမချေဖျက်နိုင်တော့တဲ့အခါ အဲဒီဓာတ်ပေါင်းတွေက အဆီအဖြစ် ပြောင်းလဲသွားပြီး ဝမ်းဗိုက်နဲ့အသည်းမှာ အဆီဖုံးသွားပါတယ်။

အချိုဓာတ်ကအဝလွန်စေပြီး ဗိုက်အဆီတက်စေပါတယ်။ နောက်ဆက်တွဲအနေနဲ့ အသည်းနဲ့ နှလုံးမှာရောဂါ ဖြစ်စေပါတယ်။ အချိုဓာတ်က ကယ်လိုရီစားချင်စိတ်ကိုနှိုးဆွပေးလို့ ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ အစားအစာတွေ ပိုစားရင်းနဲ့ ဗိုက်ပူလာကြပါတယ်။ ဒါကြောင့်  ဗိုက်အဆီချလိုသူတွေအနေနဲ့ သကြားနဲ့အချိုလျှော့စားဖို့ လိုအပ်ပါတယ်။

ကစီဓာတ်လျှော့စားခြင်း

ကစီဓာတ်က ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ တစ်နေ့တာခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ကစီဓာတ်စားသုံးမှုများတဲ့အခါ အဝလွန်နိုင်ခြေ မြင့်တက်လာပါတယ်။ နေထိုင်မှုပုံစံ ပြောင်းလဲသင့်ပါတယ်။ ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ၊ ပဲအမျိုးမျိုး၊ အာလူးကြော်၊ သကြားအပြင် ဘီယာတွေမှာ ကာဗိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ကစီဓာတ်တွေ အများအပြားပါဝင်တာကြောင့်  ဗိုက်အဆီကျလိုသူတွေ အနေနဲ့  ပုံမှန်ထက်လျှော့ပြီးစားပေးသင့်ပါတယ်။

ပရိုတင်းပိုစားခြင်း

အသားဓာတ်လို့လူသိများတဲ့ပရိုတင်းဓာတ်က ကိုယ်အလေးချိန်ကို ကျစေတဲ့ အာဟာရဓာတ်အဖြစ် လူသိများပါတယ်။ ပရိုတင်းဓာတ်က ကိုယ်တွင်းကယ်လိုရီတွေကို လောင်ကျွမ်းဖို့ ကူညီပေးနိုင်ပါတယ်။ အဝလွန်နေသူတွေ၊ ဝမ်းဗိုက်အဆီချလိုသူတွေအနေနဲ့ ငါး၊ ပင်လယ်စာ၊ အစေ့အဆန်၊ အသား၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုးစတဲ့ပရိုတင်း ပါဝင်မှုများတဲ့ အစားအစာတွေ ပိုစားသင့်ပါတယ်။

အမျှင်ဓာတ်များတဲ့အစာစားခြင်း

အမျှင်ဓာတ်က နေ့စဉ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်ကိုရရှိစေပါတယ်။ အစာကြေစေတယ်။ ဝမ်းမှန်စေတယ်။ အစာမကြာခဏစားချင်စိတ်ကိုထိန်းချုပ်ပေးနိုင်တယ်။ ဝမ်းဗိုက်မှာစုနေတဲ့ အဆီပိုတွေကိုလည်း လျော့ကျစေနိုင်တာကြောင့် အဝလွန်သူတွေ၊ ကိုယ်အလေးချိန် ထိန်းလိုသူတွေ၊ ဗိုက်အဆီကျလိုသူတွေ အမျှင်ဓာတ်မဖြစ်မနေစားသင့်ပါတယ်။

ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေအပြင် အမျှင်ဓာတ်ပေါများစွာ ပါဝင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း

နေ့စဉ် နာရီဝက်ကနေတစ်နာရီကြာ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။ ဘောလုံးကန်တာ၊ ဘော်လီဘော ကစားတာ၊ ဘတ်စကက်ဘောကစားတာ၊ ကိုယ်ကာယလေ့ကျင့်တာတွေကို ပြုလုပ်ဖို့လိုအပ်ပါတယ်။ ကိုယ်တွင်းအဆီကျစေဖို့ အာဟာရမျှတတဲ့အစားအသောက်နဲ့ထိန်းဖို့လိုအပ်သလို လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့လည်း လိုအပ်ပါတယ်။

ပြားချပ်ပြီး အဆီမရှိတဲ့ ဝမ်းဗိုက်ကိုပိုင်ဆိုင်ဖို့   လေ့ကျင့်ခန်းကို အချိန်ပေးပြုလုပ်ဖို့လိုအပ်သလို အစားအသောက်ကိုပါ ပြောင်းလဲရမှာဖြစ်ပါတယ်။ ဝမ်းဗိုက်အဆီကျဖို့ အောက်ပါ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးပေးဖို့ လိုအပ်ပါတယ်။

ငရုတ်သီးစိမ်းမှာ Capsaicin ပါဝင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေလို့ အဆီတွေကို စွမ်းအင်အဖြစ်ပြောင်းလဲစေနိုင်ပါတယ်။

ပဲမျိုးစုံက ဘယ်လိုအကျိုးရှိလဲဆိုရင် ပဲမျိုးစုံမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့သံဓာတ်ကြွယ်ဝပြီး    အဆီနဲ့ရေဓာတ်စုတာကို   လျော့ကြစေလို့ဗိုက်ပြည့်တင်းစေပါတယ်။ ပဲကိုကြော်ချက်တာ၊ သုပ်စားတာ ဒါမှမဟုတ်ဖျော်ရည်ထဲထည့်သောက်နိုင်ပါတယ်။

ရွှေဖရုံသီးမှာ   ဗီတာမင်-C ကြွယ်ဝပြီး  ခွန်အားကိုတည်မြဲစေကာ အဆီလောင်ကျွမ်းမှုကို အားပေးပါတယ်။ ဗီတာမင်-A လည်း ပါဝင်တာကြောင့် မျက်စိအတွက်ပါ အထောက်အကူ ဖြစ်စေပါတယ်။ ရွှေဖရုံသီးကို ဟင်းချို၊ စွပ်ပြုတ်၊ ဖျော်ရည် ဒါမှမဟုတ် မုန့်ဖုတ်တဲ့အခါ ထည့်သွင်းပြီး စားသုံးနိုင်ပါတယ်။

အစာစားပြီး နာရီအနည်းငယ်အတွင်း ဗိုက်ပြန်ဆာလာပြီး အဆီများတဲ့မုန့်တွေစားချင်စိတ်ကို ထိန်းချုပ် နေရတယ်ဆိုရင် သခွားသီးစားကြည့်သင့်ပါတယ်။ ရေဓာတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်က ဗိုက်ဆာတာကို သက်သာစေပါတယ်။ သခွားသီးကိုလှီးပြီး ရေနဲ့တွဲဖက်စားသုံးရုံပဲဖြစ်ပါတယ်။ အဲဒီလိုစားပေးတာက အစာစားချင်စိတ်ကိုလျော့ကျစေပြီး ကယ်လိုရီစားသုံးမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။ သခွားသီးနဲ့ရေကနေရရှိတဲ့ရေဓာတ်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးမှာ ကယ်လ်စီယမ်နဲ့ဗီတာမင်-C အများအပြားပါဝင်ပြီး ဝမ်းဗိုက်မှာစုနေတဲ့အဆီတွေကို တိုက်ဖျက်ပေးဖို့ကူညီပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးက ရေဓာတ်ပြည့်ဝပြီး အရသာလည်းရှိပါတယ်။ အသုပ်ထဲထည့်စားတာ ဒါမှမဟုတ် ဒီတိုင်းစားတာက  ဝမ်းဗိုက်အဆီကျဖို့ကြိုးပမ်း နေသူတွေအတွက်တော့ အကောင်းဆုံးဖြစ်ပါတယ်။

ရေကို နေ့စဉ် ဖန်ခွက်(၆-၈)ခွက် ဒါမှမဟုတ်(၂-၃)လီတာ သောက်သင့်ပါတယ်။ ရေက ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပြီး အဆီပိုတွေကိုလောင်ကျွမ်းစေပါတယ်။ ပရိုတင်းက ကြွက်သားတည်ဆောက်မှုကို အားပေးပြီး အဆီလောင်ကျွမ်းမှုကို မြန်ဆန်စေပါတယ်။ ပထမတန်းစားပရိုတင်းကို အသားကရရှိပြီး ဒုတိယတန်းစားပရိုတင်းကို ပဲအမျိုးမျိုးကနေရရှိပါတယ်။

ဗိုက်ချပ်ဖို့ နေ့စဉ်အစားအသောက်ဆင်ခြင်သင့်သလို နေ့စဉ်နာရီဝက်ကနေတစ်နာရီကြာ အပြေး၊ ရွရွပြေး၊ စက်ဘီးစီး၊ လမ်းလျှောက်၊   ရေကူးတစ်ခုခုပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းကို မြန်ဆန်စွာ လုပ်ခြင်းကြောင့် ကျလာတဲ့ချွေးက ပိုလျှံတဲ့ကယ်လိုရီတွေကို အဆီအဖြစ်မစု ဆောင်းစေဘဲ ချွေးအဖြစ် စွန့်ထုတ်ပစ်လို့ အဆီစုဝေးခြင်း၊ အဝလွန် ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်းတို့ကနေကာကွယ်ပေးပါတယ်။   

Photo - Times Now       

လူတစ်ယောက် အစာအိမ်နှစ်ခု
-

လူတိုင်းတွင်   အစာသစ်အိမ်နှင့် အစာဟောင်းအိမ်ဟူ၍ အစာအိမ်နှစ်ခုရှိသည်။

အစာသစ်အိမ်နှင့်  အစာဟောင်းအိမ်(မစင်အိမ်)နှစ်မျိုးစလုံးတွင်ဖြစ်သော အစာအိမ်ရောဂါမှာ တိက္ခ ဝမ်းမီးကြောင့် ဖြစ်သည့်အစာအိမ်ရောဂါဖြစ်သည်။ တိက္ခဟူသည်မှာ ထက်သော(ပြင်းသော) ဝမ်းမီး ဟုဆိုနိုင်သည်။

ဝမ်းမီးကို တစ်နည်းအားဖြင့် ပါစကတေဇောဟုလည်း  ခေါ်ဆိုသဖြင့် အစာခြေရည်အထွက်လွန်ကဲ သောအခါ အစာအိမ်ကိုပင် ပြန်၍လောင်သည့်အတွက် အစာအိမ်တွင် အပူလောင်နာများဖြစ်နိုင် သကဲ့သို့ အစာအိမ်ရောင်ရောဂါများလည်း ဖြစ်နိုင်သည်။

အစာအိမ်သည်စိတ်နှင့်တိုက်ရိုက် ဆက်သွယ်သဖြင့် စိတ်တိုလွယ်သောသူ များတွင်ခြေစရာအစာမရှိသောအခါ  မိမိအစာအိမ်ကို  ပြန်၍လောင်မြိုက်လေ သည်။  ထိုဝမ်းမီးကို တိက္ခဝမ်းမီးဟုခေါ် သည်။

အနောက်တိုင်း ဆေးပညာအယူအဆ အရ အစာခြေအက်စစ်ရည် HCI အထွက် လွန်ကဲခြင်းဖြစ်ပြီးအစာအိမ်အတွင်း ခြေစရာအစာမရှိသောအခါ   အစာအိမ် နံရံရှိ အချွဲအမြှေးများကို ပြန်၍လောင်မြိုက် ခြင်းဖြစ်သည်။

အချွဲအမြှေးများလောင်၍ ကုန်သော အခါ အကာအရံမဲ့သော အစာအိမ်အသား ကို ပြန်၍လောင်ကျွမ်းလေသည်။  အစာ အိမ်နံရံတွင်  အသားကို  ရေနွေးပူလောင် သကဲ့သို့ နီရဲကာ ရင်ထဲတွင်ပူပြီး နာနေလေ့ရှိသည်။

အစာအိမ်နံရံတွင်ရောင်ပြီးအနာရှိ သောအခါအစာစားလျှင်တိက္ခဝမ်း မီးကြောင့်ထွက်လာသောအစာခြေရည်ကြောင့်ရင်ပူပြီးနာလာခြင်းဖြစ်သည်။ အစာမစားရလျှင် တဆတ်ဆတ်တုန်လာ သည်။ နေမထိထိုင်မသာ  ဂနာမငြိမ်ဖြစ် လာသည်။ စိတ်တိုလာသည်။ ဒေါသကြီး သူများအနေဖြင့်  ပို၍ဒေါသကြီးလာသည်။

ဒေါသကြီးသူများတွင်အစာအိမ်နံရံလောင်၊ အစာအိမ်နာရောဂါ ပို၍ဖြစ်နိုင် ခြေများသည်။အစာအိမ်အက်စစ်ဓာတ် လွန်ကဲ၍   အစာအိမ်အချဉ်ပေါက်သည့် ရောဂါတစ်မျိုးလည်းရှိသေးသည်။ အချဉ် ရည်များသည် ပါးစပ်အထိ ပြန်တက်လာ ပြီး အန်ထွက်တတ်သည်။

အစာအိမ်မှ အချဉ်ရည်များသည် အူသိမ်၊ အူမကြီးများအထိ စီးဆင်းသွားသည့် လမ်းတစ်လျှောက်လုံးဒုက္ခပေးသည်။ နောက်ဆုံး အစာဟောင်းအိမ်(မစင်အိမ်) သို့ရောက်သောအခါအချဉ်ဝမ်းပျက်၊ အစာမကြေဝမ်းပျက်ဖြစ်ပြီးကြာလာသောအခါ အစာအိမ်နံရံမှ သွေးကြောလေးများ ပါစိမ့်ပေါက်ပြီး သွေးပါ၍ ဝမ်းကိုက်၊ သွေး ဝမ်းကိုက်၊  သွေးဒူလာခေါ် ခါးအောက် ပိုင်းများညောင်းကိုက်ပြီး  ဝမ်းသွားလျှင် သွေးပါသည့်အဆင့်ထိဖြစ်လာတတ် သည်။

ဝမ်းကိုက်၊ သွေးဒူလာ၊ သွေးဝမ်းကိုက် ရောဂါ မကြာခဏဖြစ်သောအခါ စအိုဝရှိ ကြွက်သားကို ထောက်ပံ့ပေးသော သွေးကြောများပါရောင်ပြီး အတွင်းလိပ်ခေါင်း ရောဂါ၊ ထို့နောက်အပြင်လိပ်ခေါင်း ရောဂါများ ဖြစ်တတ်သည်။

ဝမ်းမီးတို့တွင် သမဝမ်းမီးခေါ် မျှတသော   အစာကြေကျက်ခြင်းမှလွဲ၍ ဝမ်းမီးအားလျော့ခြင်း(မန္ဒဝမ်းမီး)၊ဝမ်းမီး ပြင်းအားလွန်ကဲခြင်း  (တိက္ခဝမ်းမီး) တို့ သည်  မကောင်းပေ။လွန်လျှင်လည်း မကောင်း၊  ယုတ်လျှင်လည်းမကောင်းသည့်သဘောတရားနှစ်ခုကြားတွင် လူသည် အသက်ရှင်နေရခြင်းဖြစ်သည်။

လူတို့ အသက်ရှင်သန်ရေးအတွက်အပူ၊ အအေးမျှတရန် လိုအပ်သေးသည်။ မြန်မာဆေးကျမ်းများအလိုအရ ခန္ဓာကိုယ်ကို ရုပ်၊ နာမ်နှစ်ပါးဖြင့် တည်ဆောက်ထားပြီး ဝေဒနာသည် နာမ်တရားဖြစ်သည်ဟု ဆိုသည်။ ယင်းဝေဒနာသည်  ရုပ်တရားကို မှီ၍ဖြစ်သည်။

ရုပ်ဖောက်ပြန်ခြင်းသည် အပူ၊ အအေး (သီတ၊ ဥဏှ) မမျှတခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ အပူလွန်ကဲသောနေရာတွင်   အအေးဓာတ်ရရှိအောင်  ဖန်တီးပေးရမည်။   လိုအပ်လျှင်  ပန်ကာလေ၊ ယပ်တောင်လေတို့ကို သုံးသင့်လျှင်သုံးရမည်။

ပူသောအစာ၊ အရက်သေစာ၊ ရေနွေးပူ တို့ကိုရှောင်ပြီးအေးသောရေ၊ ရေခဲ၊ အေးသောအစာတို့ကို အတိုင်းအတာတစ်ခုအထိ စားသုံးသင့်သည်။  အစာကို တစ်သမတ်တည်းစားသုံးခြင်းနှင့် နေရာကို တစ်သမတ်တည်းနေထိုင်ခြင်းကို ရှောင်ရမည်။ အပူ၊ အအေးမျှတအောင် သင့်လျော် ရာပြောင်း၍ နေထိုင်စားသောက်ရမည်။

ဒေါသကို လျှော့ရမည်။ မိမိနှစ်သက်ရာ  တရားဓမ္မတစ်ခုခုကို   ရွတ်ဖတ်နှလုံးသွင်း၍  အေးချမ်းသောစိတ်ကိုရအောင်နေထိုင်ရမည်။ပူလောင်သောအခါ၊ တိက္ခဝမ်းမီးရောဂါရသောအခါ  အစပ်၊ အချဉ်များကို    ရှောင်ရမည်။     ချိုသော၊ အေးသောအစားအစာ၊ အရည်ရွှမ်းသော အစားအစာများကို စားရမည်။

တိုင်းရင်းဆေးနည်းဖြင့် ဖော်စပ်သော အစာကြေဆေးများတွင် အစာအိမ်အရောင် ကျစေသော နွယ်ချို၊ အစာကြေစေသော တြိကဋုက်သုံးပါးဖြစ်သည့် ချင်း၊ ပိတ် ချင်း၊ ငရုတ်ကောင်းတို့ ပါဝင်သော်လည်း အစာကိုသာ ကြေကျက်စေပြီး အစာအိမ် ကို မလောင်စေပါ။

ထို့ပြင်အစာကြေဆေးနှင့် လျက်ဆားများတွင်သိန္ဓောဆား၊ဇဝက်သာနှင့် ဆားပုပ်တို့ပါဝင်လေ့ရှိသည်။ သွေးတိုးနှင့်မတည့်သော်လည်းအစာခြေရည်အထွက်လွန်ကဲခြင်းကိုကောင်းစွာတားဆီးနိုင်သည်။ အစာခြေရည်အက်စစ်သည် ဆားနှင့်ဓာတ်ပြုပြီးသောအခါ ဓာတ်ပြယ်သွားပြီးအက်စစ်ပျက်သွားသဖြင့် အစာအိမ်အနာ သက်သာနိုင်သည်။

ဖီးကြမ်းငှက်ပျောသီးသည် အစာအိမ်ရောင်ခြင်းကိုထူးခြားစွာသက်သာစေ နိုင်သည်။ ငှက်ပျောသီးတော်တော် များများသည်အအေးစာဖြစ်သော်လည်း ဖီးကြမ်းငှက်ပျောသီးသည်အစာကိုကြေ စေသည်။ အစာစားပြီးတိုင်း ဖီးကြမ်းငှက် ပျောသီးမှည့်တစ်လုံးစားသူသည် အစာကြေပြီးဝမ်းမှန်စေသည်။

ဖီးကြမ်းငှက်ပျောသီးအခွံအတွင်းရှိ အမျှင်များကို ဇွန်းဖြင့်ခြစ်ယူပြီးစားလျှင်    အစာအိမ်အပူနာများကို ပျောက်ကင်းစေ ပြီး အစာအိမ်နံရံရှိ ချွဲမြှေးများကို ပြန်ဖြစ် စေနိုင်သည်။    အစာအိမ်အားဆေးဖြစ်သည်။

အစာအိမ်ရောင်ခြင်းများအတွက် ဓာတ် စာအပြင်   ဆေးဝါးကိုလည်း  သုံးသင့်က သုံးစွဲရမည်။ အထူးသဖြင့် အသက် ၅၀  ကျော်သူများဆေးဝါးကူသင့်သည်။ အသက် ၆၀ ကျော်လျှင် နေ့စဉ်  အစာကြေဆေးတစ်ခုခုကို မှီဝဲသင့်သည်။တိက္ခဝမ်းမီးခေါ် ပူလောင်ပြီး အစာအိမ်၊အစာခြေရည် ဖောက်ပြန်လွန်ကဲနေသူ များအတွက် ဆေးနည်းတစ်ခုပေးလိုပါသည်။ယင်းဆေးမှာစတုမဓူဆေး ဖြစ်သည်။အစာအိမ်အပူဓာတ်ကို လျော့နည်းစေပြီး အားဆေးလည်းဖြစ် သည်။ အချိုမှန်သမျှ အပူကိုငြိမ်းစေသော သတ္တိရှိသည်။  စတုမဓူဆိုသဖြင့် အချို လေးပါးဆေးဖြစ်သည်။

ပျားရည်သည်အစာအိမ်အနာကိုကျက်စေသည်။ ပျားရည်၊  သကာရည်၊တင်လဲ၊ ထောပတ်ဤလေးပါးကို ဆတူပေါင်းစပ်ကာ ဖန်ပုလင်းအဝကျယ်တစ်ခုတွင်ထည့်ပြီး ရောမွှေထားပါ။ သုံးရက်လျှင် တစ်ကြိမ်ခန့် နေရောင်ပြပေးပါ။ တစ်ရက်လျှင် ဟင်းစားဇွန်းတစ်ဇွန်းနံနက်၊ ည နှစ်ကြိမ်စားပေးနိုင်ကြောင်းရေးသားလိုက်ရပါသည်။        ။

ကိုဗစ်-၁၉ ရောဂါကိုခုခံနိုင်သည့် အသက်ရှူလမ်းကြောင်း သန့်စင်စေမည့် အစားအစာများ
-

လက်ရှိကူးစက်နေသည့်    ကိုဗစ်-၁၉ ရောဂါမျိုးကွဲများမှာ     ယခင်နှစ်များက ကူးစက်ပျံ့နှံ့ခဲ့သည့် အိုမီခရွန် (Omicron) အုပ်စုမှ ဗီဇပြောင်းလာခြင်းဖြစ်ပြီး JN.1 အုပ်စုနှင့် ယင်းမှတစ်ဆင့် ပေါ်ပေါက်လာသည့် XEC မျိုးကွဲတို့ဖြစ်သည်။ ကံကောင်းသည်ဟုဆိုရမည့်အချက်မှာ  ထိုမျိုးကွဲ၏ ရောဂါကူးစက်ပုံသည်    အသက်ရှူလမ်းကြောင်းအထက်ပိုင်းဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊    ပါးစပ်၊   အာခေါင်တို့ကို အဓိက  တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ရောဂါပြင်းထန်မှုကို လျော့နည်းစေသဖြင့် ထိုရောဂါကြောင့် သေဆုံးမှုကို နည်းပါး

လက်ရှိကူးစက်နေသည့်    ကိုဗစ်-၁၉ ရောဂါမျိုးကွဲများမှာ     ယခင်နှစ်များက ကူးစက်ပျံ့နှံ့ခဲ့သည့် အိုမီခရွန် (Omicron) အုပ်စုမှ ဗီဇပြောင်းလာခြင်းဖြစ်ပြီး JN.1 အုပ်စုနှင့် ယင်းမှတစ်ဆင့် ပေါ်ပေါက်လာသည့် XEC မျိုးကွဲတို့ဖြစ်သည်။ ကံကောင်းသည်ဟုဆိုရမည့်အချက်မှာ  ထိုမျိုးကွဲ၏ ရောဂါကူးစက်ပုံသည်    အသက်ရှူလမ်းကြောင်းအထက်ပိုင်းဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊    ပါးစပ်၊   အာခေါင်တို့ကို အဓိက  တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ရောဂါပြင်းထန်မှုကို လျော့နည်းစေသဖြင့် ထိုရောဂါကြောင့် သေဆုံးမှုကို နည်းပါးစေသည်။ ယခင်ကူးစက်ပျံ့နှံ့ခဲ့သော  ဒယ်လ်တာမျိုးကွဲ၏ကူးစက်ပုံမှာ အသက်ရှူလမ်းကြောင်း    အောက်ပိုင်းဖြစ်သည့် အဆုတ်ကို ဦးတည်ပြီး တိုက်ခိုက်ခြင်းဖြစ်သောကြောင့်အဆုတ်ရောင်ရောဂါနှင့် နမိုးနီးယား (ခေါ်) အဆုတ်ပြည်တည်နာရောဂါတို့ကို    ဖြစ်ပွားစေသည့်အတွက်  ရောဂါပြင်းထန်ပြီး သေဆုံးမှုလည်း  များပြားရခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ  ထိုမျိုးကွဲသစ်များသည် ရောဂါပြင်းထန်မှုကို လျော့နည်းစေသော်လည်း ကူးစက်မှုကို မြန်ဆန်စေခြင်း၊ ယခုနှစ် မြန်မာနိုင်ငံ၏  ရာသီဥတုသည်   ယခင်နှစ်ကထက်   မုတ်သုံကာလ ၁၀  ရက်စောဝင်ခြင်းနှင့် လက်ရှိရာသီဥတု အခြေအနေမှာလည်း  ယခင်နှစ်ကထက် မိုးရေချိန်လက်မ  နှစ်ဆပိုနေခြင်း၊   မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလပတ်လုံး မိုးများမည်ဖြစ်ရာ   ကိုဗစ်-၁၉   ဗိုင်းရပ်စ်ပိုး၏ သဘောသဘာဝ အရ အေး၍စိုစွတ်သောရာသီတွင်အင်အားကောင်းတတ်ခြင်း၊ယခုအခါ  အခြေခံပညာကျောင်းများ  ကျောင်းဖွင့်ရာသီနှင့်  တိုက်ဆိုင်နေခြင်းတို့ကြောင့်  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာမည့်အရေး အထူးသတိထား ရမည်ဖြစ်ပေသည်။

အကယ်၍ ကိုယ်ခံအားနည်းသူများနှင့် နာတာရှည်ရောဂါရှိသူများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်လျှင် ရုတ်တရက်သွေးအတွင်း အောက်ဆီဂျင်ကျသည့် အခြေအနေများ ရှိလာတတ်သည့်သာဓကများစွာ ကြုံခဲ့ဖူး ပြီးဖြစ်သည်။    အထူးသတိထားရမည့် အချက်မှာ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို   ကမ္ဘာ့ကပ်ရောဂါအဖြစ်  သတ်မှတ်ထားခြင်းမရှိတော့ဘဲ    ဒေသတွင်း  ပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့်  ရောဂါအဖြစ်သာ  သတ်မှတ်ထားခြင်းကလည်း  ယင်းရောဂါကိုခုခံနိုင်ရန် လူသားတို့၏ နေ့စဉ်ဘဝတွင် လည်းကောင်း၊   ဘဝတစ်သက်တာလုံး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက်လည်းကောင်း     အသက်ရှူလမ်းကြောင်း သန့်စင်ရေးအခန်းကဏ္ဍမှာ   ရာနှုန်းပြည့် အရေးပါလှသည်။

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကို ခုခံနိုင် သည့် မှန်ကန်သောဘဝနေထိုင်မှုပုံစံများ နှင့် အသက်ရှူလမ်းကြောင်း သန့်စင်စေရန် တစ်ဖက်တစ်လမ်းမှပံ့ပိုးပေးနိုင်မည့် အစားအစာများအကြောင်းကို အကြံပြုရေးသား လိုပါသည်။

အဆုတ်ကျန်းမာရေး အလေးထားပေး လူ့ခန္ဓာကိုယ်၏အဆုတ်တွင် လေအိတ် ငယ်များ   ၇   မီလီယံခန့်ပါရှိသည်။ ထိုလေအိတ်ငယ်များကိုသေးငယ်သည့် လေပြွန်လေးများဖြင့် စပျစ်သီးခိုင်ကဲ့သို့  ဆက်သွယ်ထားသည်။      ထိုလေအိတ်ပတ်ဝန်းကျင်တွင် သေးငယ်သော ဆံခြည်မျှင်သွေးကြောများဖြင့် ဝန်းရံထားသည်။ 

ခန္ဓာကိုယ်ကလိုအပ်သော အောက်ဆီဂျင်ကို ထိုနေရာမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ အရောက်ပို့ပေးသည်။ တစ်နည်းဆိုသော်  ပတ်ဝန်းကျင်မှ  သန့်ရှင်းသောအောက်ဆီဂျင်ကို  နှာခေါင်းမှရှူသွင်းပြီး   ထိုရှူသွင်းလိုက်သော  အောက်ဆီဂျင်ကို အဆုတ်ကလက်ခံပြီးနောက်  နှလုံးသွေးမှတစ်ဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့  ဖြန့်ဝေပေးသောအလုပ်ကို မရပ်မနားလုပ်နေရသည်။ ထို့ကြောင့် အဆုတ်ကျန်းမာရေး၊    အဆုတ်အား ကောင်းရေးကို   အထူးဂရုစိုက်ရန် လိုအပ်သည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သူများ၏ ပြဿနာမှာ  ဆံခြည်မျှင်သွေးကြောများ ပိတ်ခြင်းကြောင့်ဖြစ်သည်။ လေအိတ်ပြွန် ငယ်များက  ချွဲနှင့်ပိတ်သွားကာ   ထိုပိတ်နေသော အရွယ်အစားပေါ်မူတည်ပြီး လေအဝင် အထွက်နှင့် အောက်ဆီဂျင်များ ခန္ဓကိုယ်ထဲရောက်သည့် ပမာဏမှာလည်း ကွာခြားသွားသည်။  အောက်ဆီဂျင်ကျခြင်း ဆိုသည်မှာ ချွဲ သလိပ်များ ပိတ်ဆို့နေသော ပမာဏများ၍ဖြစ်သည်။   ထို့ကြောင့်   အဆုတ်အားကောင်းစေရန်နှင့်  အသက်ရှူလမ်းကြောင်းတွင်    တွယ်ကပ်နေသော ချွဲသလိပ်များနှင့်    အမှုန်အမွှားများကို   ဖယ်ရှားနိုင်ရန် အသက်ရှူလေ့ကျင့်ခန်းကို မကြာခဏပြုလုပ်ပေးသင့်သည်။

အသက်ရှူလမ်းကြောင်း သန့်ရှင်းစေမည့် အစားအစာများကိုဗစ်-၁၉ ရောဂါပိုးသည်   မျက်စိ၊ နှာခေါင်း၊   ပါးစပ်တို့မှ  အသက်ရှူလမ်း ကြောင်းသို့  ဝင်ရောက်ခြင်းဖြစ်ပြီး ယင်းနောက်  ဗိုင်းရပ်စ်ပိုးသည်  တခြားသော ဗက်တီးရီးယားများထက် အဆ ၅၀ မှ ၂၀၀ အထိ  သေးငယ်သော်လည်း   ယင်းပိုး၏ ခန္ဓာကိုယ်တွင်     ဆူးချွန်များပါရှိသဖြင့် ထိုဆူးဖြင့်ချိတ်မိသော နေရာတွင် အလွယ်တကူ   ကပ်တွယ်ငြိသွားကြသည်။   

အသက်ရှူလမ်းကြောင်းသို့ဝင်လာသော      ဗိုင်းရပ်စ်ပိုး၏      အဓိကဦးတည်ချက်မှာ အဆုတ်ကို တိုက်ခိုက်ရန်ဖြစ်ပြီး အဆုတ်ထဲသို့မရောက်မီ      အနံ့ခံဆဲလ်များကို ဖျက်ဆီးပစ်လိုက်သည်။

ထို့ကြောင့် ဗိုင်းရပ်စ်ပိုး စတင်ဝင်ရောက်ရှင်သန်ရာ  အသက်ရှူလမ်းကြောင်းတစ် လျှောက်နှင့်   အဆုတ်ကိုကာကွယ်သည့် အနေဖြင့် Mask ကို လုံခြုံစွာတပ်ဆင်၍ ကာကွယ်ထားရခြင်းဖြစ်သည်။ထိုမျှမက အောက် ဖော်ပြပါ      အစားအစာများက အသက်ရှူလမ်းကြောင်းနှင့်    အဆုတ်ကျန်းမာရေးအတွက်  များစွာအထောက်အကူပြုနိုင်သည်။

-   ငရုတ်သီး၊  ငရုတ်ကောင်းတို့၏ အပူဓာတ်က  သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းအတွင်း ရောဂါပိုးများဝင်ရောက်ခြင်းကို    တိုက်ထုတ်ပေးသည်။ ထို့ပြင် လည်ချောင်းနာနှင့် ချောင်းဆိုးခြင်းတို့ကို လည်း သက်သာပျောက်ကင်း စေသည်။

- ဂရိတ်ဖရုသီး(ခေါ်) ရှောက်ခါးသီးက ကင်ဆာဖြစ်စေသော    အင်ဇိုင်းကို   ဟန့်တားပေးသည်။ ယင်းအသီးက ဆေးလိပ်ဖြတ်ပြီးနောက်ပိုင်း အဆုတ်သန့်ရှင်းရေးအတွက် အထူးကောင်းမွန်သည်။

- နာနတ်သီးထဲတွင်ပါရှိသော သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အသက်ရှူလမ်းကြောင်းကို   တိုးတက်ကောင်းမွန်စေသည်။ 

- နံနက်စာစားပြီးနောက်ပိုင်းနှင့်  နေ့လယ်စာမစားမီ ကြားကာလတွင်  မုန်လာဥနီဖျော်ရည် ၃၀၀ မီလီလီတာ သောက်ပေးသင့်သည်။   မုန်လာဥနီက   အဆုတ်သွေးကြောထဲရှိ သွေးများကို  အယ်လ်ကာလီဓာတ်ပြုစေပြီး  အဆုတ်ကိုသန့်စင်စေသည်။

- ရွှေဖရုံသီးကလည်း မုန်လာဥနီကဲ့သို့ပင်  အဆုတ်ကျန်းမာရေးအတွက်  အကျိုးအာနိသင်ပြည့်ဝသော အသီးတစ်မျိုးဖြစ်သည်။

- ပိုတက်ဆီယမ်က အဆိပ်အတောက်များကို ပြေစေသောအစွမ်းရှိသဖြင့် ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝသော တရုတ်နံနံ၊  ဟင်းနုနယ်နှင့်  ငှက်ပျောသီးစားပေး သင့်သည်။   ယင်းတို့က  အဆုတ်သန့်စင်စေရုံမျှမက အစာကိုလည်း ကျေညက်စေသည်။

- ဘလူးဘယ်ရီသီးတွင် ပါရှိသော အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများက  အဆုတ်ရောဂါ ဗက်တီးရီးယားပိုးများကို တိုက်ထုတ်နိုင်စွမ်း ရှိသည့်အတွက် ညအိပ်ရာမဝင်မီ   ဘလူးဘယ်ရီသီး     သို့မဟုတ်    ဘယ်ရီသီးတစ်မျိုးမျိုး စားပေးသင့်သည်။

- ပန်းငရုတ်ပွသီး (ခေါ်) ငရုတ်ချိုများက  အဆုတ်ကိုကောင်းမွန်စေပြီး အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျစေသည်။

- လိမ္မော်သီးက  အဆုတ်အတွက် အောက်ဆီဂျင်စုပ်ယူရာတွင်  အကူအညီပေးသည့် အတွက် လိမ္မော်သီး စားပေးသင့် သည်။

- အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ ပဲစေ့နှင့် အခွံမာသီးများက အဆုတ်ကိုကောင်းမွန် စွာ အလုပ်လုပ်နိုင်စေရန် လိုအပ်နေသော မဂ္ဂနီစီယမ်နှင့်   သတ္တုဓာတ်များကို  အားဖြည့်ပေးသည်။

- ပန်းသီးကို   တစ်နေ့တစ်လုံး  စားပေးခြင်းဖြင့်  ပိုမိုကျန်းမာသော အဆုတ်ကို ပိုင်ဆိုင်စေနိုင်သည်။

- နနွင်းနှင့်  ချင်းတို့တွင်   ရောင်ရမ်းမှုကို  လျော့ကျစေသောသတ္တိပါဝင်ပြီး  အဆုတ်မှ  ညစ်ညမ်းမှုများကို ဖယ်ထုတ်ပေးသည်။

- တလည်းသီးထဲတွင်     အဲလက်ဂျစ်အက်စစ်နှင့်  ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါရှိ၍  အဆုတ်အကြိတ်ဖြစ်ပွားမှုကို လျှော့ချပေးသည်။

- အစိမ်းရောင် ဟင်းသီးဟင်းရွက်များဖြစ်သော  ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်များမှာ သွေးဆဲလ်အသစ်များ တည်ဆောက်ပေးနိုင်သော ကလိုရိုဖီးလ်အပြည့်အဝပါဝင်ပြီး အဆုတ်အတွင်းရှိ သွေးများကို သန့်စင်စေသည်။

- ကြက်သွန်ဖြူနှင့် ကြက်သွန်နီ၊ ဂျူး ဖူး၊    ကြက်သွန်မြိတ်တို့က  အသက်ရှူလမ်းကြောင်းဆိုင်ရာ အင်္ဂါအဖွဲ့အစည်းကို လွန်စွာကောင်းကျိုးပြုသည်။      နှလုံးနှင့် အဆုတ်အတွက်    အထူးကောင်းမွန်စေသည်။

- သန့်ရှင်းသော သောက်ရေကို များများသောက်ပါ။ သန့်ရှင်းစင်ကြယ်သောရေက အဆုတ်၏ရေဓာတ်ကို  ထိန်းသိမ်းပေးပြီး ချွဲ သလိပ်၊ နှပ်၊ နှာရည် စသည့် စွန့်ပစ်ပစ္စည်းများကို အလွယ်တကူ ယိုစိမ့်ထွက်ရှိလာပြီး အဆုတ်ကို သန့်စေသည်။

- သခွားမွှေးသီး၊ စပျစ်သီး၊ စပျစ်သီး ဖျော်ရည်၊    စပျစ်ဝိုင်သောက်ခြင်းဖြင့် အဆုတ်ကို အားကောင်းစေသည်။

အချုပ်အားဖြင့်ဆိုသော်   ရောဂါမဖြစ် အောင် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်  သာလွန်ကောင်းမွန်၏ဟူသော ကျန်းမာရေးဆောင်ပုဒ်နှင့် အညီ ကိုဗစ်-၁၉ရောဂါကို ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေး နှိုးဆော်ချက်များ အတိုင်း ပြည်သူလူထုတစ်ရပ်လုံးက  ကျန်းမာရေးအသိ၊ သတိတရားတို့ဖြင့် လိုက်နာကြစေ လိုပါကြောင်းနှင့်    ယခုကဲ့သို့    ကာလအတွင်း  အသက်ရှူလမ်းကြောင်း သန့်စင်စေမည့်   အစားအစာ များကို  ရွေးချယ်စားသုံးရင်း  သက်ရှည်ကျန်းမာ ကြပါစေလိုကြောင်း ရေးသားလိုက်ရပါသည်။