ပြီးခဲ့သည့် သင်္ကြန်တွင်းလောက်က Blood Free ဆိုသည့် ကိုရီးယားဒရာမာဇာတ်လမ်းတွဲတစ်ပုဒ် ကြည့်ဖြစ်သည်။ ဇာတ်လမ်းထဲမှ မင်းသမီးဦးဆောင်သည့် Blood Free ကုမ္ပဏီမှာ အသားတုထုတ်လုပ်သည့် ကုမ္ပဏီဟုဆိုနိုင်သည်။ သို့သော် ကျွန်တော်တို့သိထားသည့် အသားတုများကဲ့သို့ သစ်ဥသစ်ဖုများနှင့် လုပ်ထားသည့် အသားတုမျိုးမဟုတ်။ ဇီဝနည်းပညာသုံးပြီး ဓာတ်ခွဲခန်းထဲတွင် ဖန်တီးထားသည့် အသားတုများ၊ အသက်ဇီဝကို ဖျက်ဆီးခြင်းမရှိသော်လည်း သက်ရှိဖြစ်စဉ်အတိုင်း ဖန်တီးထားသည့် အသားတုများဖြစ်သည်။ မင်းသမီးက အမဲဖျက်ထားသော အသားများကို စားစရာမလိုတော့ဟု ကြွေးကြော်သည်။

ဇာတ်လမ်းမှာ ကိုရီးယားဒရာမာတို့ ထုံးစံအတိုင်း နိုင်ငံ့ထိပ်ဆုံးပိုင်းအထိ အာဏာနှင့် စည်းစိမ်လုပွဲများဖြင့် စိတ်ဝင်စားစရာကောင်းအောင် ခင်းကျင်းထားသည်။ ထိုဇာတ်ကားကို ကြည့်စဉ်က နည်းပညာများနှင့် အလှမ်းဝေးသော အရပ်ဒေသတွင် နေထိုင်သူ၊ ယနေ့ခေတ်အခေါ် တောသားတစ်ယောက်ပီပီ ကိုရီးယားတွေ တော်တော်စိတ်ကူးယဉ်နိုင်တာပဲ ဟု ထိုနည်းပညာအပေါ် တွေးမိ၏။
စိတ်ကူးယဉ်မဟုတ်… လက်တွေ့
သို့သော် နောက်ပိုင်း မိုက်ခရို ဆော့ဖ်စီအီးအို မူစတာဖာ ဆူလီမန်၏ The Coming Wave စာအုပ်ကို ဖတ်မိပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်သည့်အခါမှ “ဒါ စိတ်ကူးယဉ် မဟုတ်ဘူး၊ တကယ်ဖြစ်နေတာဟ” ဆိုပြီး အထိတ်တလန့် ဖြစ်ရသည်။ ဓာတ်ခွဲခန်းထုတ်အသားများ (lab grown meats) သည် ကမ္ဘာကို တော်တော်လေး ထိုးဖောက်နေပြီ။ သူ့ကို ဖြစ်စေသည့် ဇီဝအတုနည်းပညာဟု ဆိုနိုင်သော Synthetic Biology သည် အရှိန်ရနေပြီဖြစ်သည့်အပြင် ကြောက်သူကပင် ကြောက်နေကြပြီ။ ကျွန်တော်တို့ ထိုအကြောင်းများနှင့် မထိတွေ့နိုင်သေး။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဩစတြေးလျမှ တက်လာသည့် သတင်းတစ်ပုဒ်မှာ စိတ်ဝင်စားစရာကောင်းသည်။ ဩစတြေးလျ-နယူးဇီလန် အစားအစာ စံနှုန်းသတ်မှတ်မှုအဖွဲ့က ဆဲလ်ပြုပြင်နည်းဖြင့် ပြုလုပ်ထားသော ငုံးသား များကို စားစရာအဖြစ် ခွင့်ပြုနိုင်ရန် ဩစတြေးလျ-နယူးဇီလန် အစားအစာစံနှုန်း ဥပဒေကို ပြင်ဆင်ရန် ပြည်သူများထံမှ အကြံဉာဏ်တောင်းသည့် သတင်းဖြစ်သည်။ ယင်းမှာ ဩစတြေးလျတွင် ပထမဆုံး ထုတ်လုပ်မည့် ဓာတ်ခွဲခန်းထုတ်အသား။ စံနှုန်းအဖွဲ့က အတည်ပြုရန် လုပ်ငန်းစဉ်မှာ တစ်နှစ်ခန့် ကြာဦးမည်ဆို၏။ သို့သော် ဓာတ်ခွဲခန်းထုတ်အသားများကို အတည်ပြုပေးထားသည့် နိုင်ငံများရှိနေပြီ။
အရင်ဆုံး အသိအမှတ်ပြုသည်က စင်ကာပူ။ ၂၀၂၀ ပြည့်နှစ်တွင် အသိအမှတ်ပြုသည်။ နောက်အမေရိကန် ပြည်ထောင်စုနှင့် အစ္စရေး။ သူတို့က ၂၀၂၃ ခုနှစ်တွင် အသိအမှတ်ပြုသည်။ နောက်ဆုံး အတည်ပြုထားသည့် နိုင်ငံက ဗြိတိန်။ ယခုနှစ် ဇူလိုင်လတွင်မှ အတည်ပြုထားခြင်းဖြစ်သည်။ အီတလီက ဖရန်ကင်စတိုင်းဟု အမည်တပ်ပြီး လုံးဝပိတ်ပင်ထားသည်။ အခြားအီးယူနိုင်ငံများက လှုပ်ရှားမှု နည်းသေး၏။ ယခု ဩစတြေးလျက အတည်ပြုနိုင်ရန် ကြိုးစားနေပြီ။ အမေရိကရှိ အချို့ပြည်နယ်များက အသိအမှတ်ပြုသော်လည်း အသား၊ အမဲသားဟု တံဆိပ်တပ်ခြင်းကိုမူ ခွင့်မပြု။ အချို့နိုင်ငံများတွင် တရားဝင် အတည်ပြု၊ မပြု သတ်မှတ်ခြင်းမရှိ သေးသည့်တိုင် ဈေးထဲသို့ ရောက်နေကြသည်လည်း ရှိသည်။
တိုးပွားနေသော စီးပွားရေးနယ်ပယ်
မည်သို့ဆိုစေ ဓာတ်ခွဲခန်းထုတ် အသားများ သို့မဟုတ် ဇီဝနည်းပညာအသားတုများသည် ခြေကုပ် တစ်ခု ယူထားနိုင်ပြီ။ ယမန်နှစ်ကအထိ ဈေးကွက်တန်ဖိုး အမေရိကန် ဒေါ်လာ ၂၇၂ ဒသမ ၄ သန်း ရှိနေ ပြီး ၂၀၃၄ ခုနှစ်တွင် ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားကြသည်။ တိုးပွားနေသော စီးပွားရေးနယ်ပယ်တစ်ခုပင်။ ရှေ့ဆက်ကြည့်လျှင် ၂၀၅၀ ပြည့်နှစ်၌ ဒေါ်လာ ၂၂၉ ဘီလီယံ ရှိလာမည်ဟု ခန့်မှန်းထားသည်။ ထိုစီးပွားရေးနှင့် ထိုနည်းပညာ ခန့်မှန်းထားသည့်အတိုင်း တိုးတက်ဖြစ်ထွန်းရန်အတွက် အခြားနည်းပညာများကဲ့သို့ပင် လူထု၏ဆန္ဒတစ်နည်းအားဖြင့် ဝယ်လိုအားက အဓိကကျမည်သာ။ အထူးသဖြင့် ဩစတြေးလျကဲ့သို့ ဒီမိုကရေစီနိုင်ငံမျိုးတွင် လူထုဆန္ဒ အရင်တောင်းခံနေရသည်ကိုကြည့်လျှင် သိနိုင်သည်။
လူထုဆန္ဒမှာ တကယ်ဘေးကင်းသည်ဆိုလျှင် ရှေ့ကပြောခဲ့သလို “အမဲဖျက်စရာ မလိုသည့်အသားများ စားရမည်” ဆိုသည့် စကားနှင့်ပင် သေချာပေါက် ပါလာကြလိမ့်မည်။ သို့သော် နိုင်ငံရေး၊ စီးပွားရေး လူ့မလိုင်ကြီးများကိုမူ ထိုစကားလောက်နှင့် ဆွဲဆောင်နိုင်မည်မဟုတ်။ Blood Free ဇာတ်ကား ထဲမှ မင်းသမီးက သူ့ကုမ္ပဏီမှ အကြီးအကဲတစ်ယောက်ကို “သူတို့က အမဲဖျက်တာ မဖျက်တာ အရေးထားတာမဟုတ်ဘူး။ နွား တစ်ကောင်မွေးတာဟာ ကားတစ်စီးထက်ပိုပြီး ကာဗွန်ထုတ်လွှတ်မှု များတယ်ဆိုပြီး သဘာဝပတ်ဝန်းကျင် ဘက်ကနေ လှည့်ပြီးတော့ ဆွဲဆောင်ရတာ” ဟု ပြောပြနေသည်ကို တွေ့ရ သည်။ ထိုအချက်မှာလည်း အမှန်ပင်။ ထို့ကြောင့် အသားတု လုပ်ငန်းများက အထက်ပါ နှစ်ချက်အပြင် စားရေရိက္ခာဖူလုံစေပြီး ငတ်မွတ်မှုများ ပပျောက်စေမည်၊ ကျန်းမာရေးနှင့် ပိုမိုကိုက်ညီသော အသားကိုရွေးချယ်နိုင်မည်၊ တိရစ္ဆာန်များမှဖြစ်သော ကူးစက် ရောဂါများမှ ကင်းဝေးစေမည်ဆိုသည့် ခေါင်းစဉ်များနှင့် ဆွဲဆောင်နေကြခြင်းဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ဒဏ် အလူးအလဲခံခဲ့ သော၊ ယခုလည်း ဘာမှန်းသိပ်မသိသေးသည့် နိုရိုဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှု ခံနေရသော ကျွန်တော်တို့ မျိုးဆက်အတွက် ဆွဲဆောင်မှုကောင်းများ ဖြစ်နိုင်ပါသည်။
ဆင့်ကဲတိုးတက်လာခြင်း
ဓာတ်ခွဲခန်းထုတ် အသားများသည် ဇီဝအတုနည်းပညာဟု ဆိုနိုင်သည့် Synthetic Biology ခေါင်းစဉ်အောက် တည့်တည့်တွင်ရှိသည်။ ထိုနည်းပညာသည် တစ်ချိန်ကခေတ်စားခဲ့သော မျိုးဗီဇပြုပြင်သည့် နည်းပညာ (Genetic Engineering) ထက် ပိုမိုကျယ်ပြန့်ပြီးနက်ရှိုင်းသည်။ ဇီဝနည်းပညာ (Biotechnology) နယ်ပယ်ထဲတွင် ပါဝင်သည်။ ဒီအင်န်အေ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း တိုးတက်လာရာမှ ပေါ်ပေါက်လာသည့် နည်းပညာဟု ဆိုနိုင်သည်။ ကျွန်တော်တို့သည် ၁၉၅၀ ပြည့် လွန်နှစ်များအတွင်း ဒီအင်န်အေ တို့ကို စတင်တွေ့ရှိသည်။ ဒီအင်န်အေတို့သည် သတင်းအချက်အလက်များ သိမ်းဆည်းထားသည့် ဇီဝနည်းပညာ ဖြစ်သည်ဟု သဘောပေါက် သွားချိန်တွင် ဒီအင်န်အေ သင်္ကေတများကို ဖြေထုတ်ပြီး ဖတ်နိုင်လာသည်။ ၁၉၇၀ ပြည့်လွန် နှစ်များတွင် ဒီအင်န်အေများကို သက်ရှိတစ်မျိုးမှ နောက်တစ်မျိုးသို့ ကူးပြောင်း ပေးလာနိုင်သည်။ ယင်းမှာ မျိုးဗီဇ နည်းပညာခေတ်ဖြစ်သည်။
၂၀၀၃ ခုနှစ် အိမ်ဖြူတော် ပွဲတစ်ပွဲတွင် ၉၂ ရာခိုင်နှုန်းသော လူသားမျိုးဗီဇကို ချိတ်ဆက်နိုင်ပြီဖြစ်ပြီး အသက်ဇီဝ၏ လျှို့ဝှက်သင်္ကေတမှာ ယခုအခါဘွားဘွားကြီးပေါ်လာပြီဟု ကြေညာခဲ့ခြင်းမှာ သမိုင်းမှတ်တိုင် တစ်ခုပင်။ ယခုအချိန်တွင်မူ ထိုနည်းပညာများသည် ပေါ်ခါစကထက် ကုန်ကျ စရိတ် အဆပေါင်း သန်းနှင့်ချီ၍ ကျဆင်းသွားပြီဖြစ်သလို သုံးရလည်းပိုလွယ်လာသည်။ 23andMe လိုမျိုး ဝန်ဆောင်မှု လုပ်ငန်းများသည် လူတစ်ဦးတစ်ယောက်ချင်းစီအတွက် ဒီအင်န်အေ မှတ်တမ်းတင်ခြင်းကို ဒေါ်လာရာဂဏန်း အနည်းငယ်ဖြင့် လုပ်ပေးနေပြီဖြစ်သည်။
အကောင်းနှင့် အဆိုး
ထို့ထက် ပိုဆန်းသည်မှာ CRISPR မျိုးဗီဇ တည်းဖြတ်ခြင်း (Clustered Regularly Interspaced Short Palindromic Repeats)ဖြစ် သည်။ စာသားများ၊ ကွန်ပျူတာ ကုဒ်များကဲ့သို့ပင် မျိုးဗီဇများကို ကျွန်တော်တို့ တည်းဖြတ်နိုင် ကြောင်း သက်သေပြသည့် နည်း ပညာ။ ဖိုင်ဇာ၊ မိုဒါးနားစသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖော်ထုတ်ရာတွင် ထိုနည်းပညာ ပါဝင်သည်။ ဆားစ်ကာကွယ်ဆေးတွင်လည်း ပါဝင်သည်။ ဆေးဝါး ထုတ်လုပ်ရေး၊ ရောဂါရှာဖွေရေးနှင့် ကုသရေးတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ စိုက်ပျိုးမွေးမြူရေးတွင်လည်း ပိုးမွှားများကို တိုက်ဖျက်ရာတွင် ပါဝင်နေသည်။
သို့သော် …
မူစတာဖာ ဆူလီမန်က ကိုဗစ်-၁၉ မတိုင်မီ သူတက်ခဲ့ရသော ဇီဝ နည်းပညာ တံခါးပိတ်ဆွေးနွေးပွဲတစ်ခုမှ သိလာရသည့် ထိတ်လန့်ဖွယ်ရာ သတင်းစကားတစ်ခုကို ယခုလို ရေးပြထားသည်။
“မကြာမီ အချိန်အတွင်းမှာ လူတချို့က သဘာဝမှာ တွေ့ရတာထက် ပိုကူးစက်လွယ်ပြီး သေစေနိုင်တဲ့ ရောဂါပိုးမွှားတွေကို ဖန်တီးနိုင်တော့မယ်။ အဲဒီပိုးမွှားအတုတွေက ရှိပြီးသားကာကွယ်ရေး နည်းလမ်းတွေကို ကျော်လွှားနိုင်မယ်။ ရောဂါလက္ခဏာမပြဘဲ ပျံ့နှံ့နိုင်တယ်။ ကုသမှုတွေကို ခုခံနိုင်မယ်။ ဘယ်သူမဆို လုပ်ချင်ရင် ဒီအင်န်အေ အိမ်တွင်း စမ်းသပ်ပစ္စည်းတွေကို အွန်လိုင်းကမှာပြီး အိမ်မှာပဲ ဖန်တီးနိုင်တယ်။ မေးလ်နဲ့မှာလို့ရတဲ့ ကမ္ဘာပျက်ကိန်းပေါ့။”
ယင်းမှာ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းမဟုတ်။ တင်ပြသူမှာ ဆယ်စုနှစ် နှစ်ခုကျော် အတွေ့အကြုံရှိသော လေးစားရသည့် ပါမောက္ခကြီးတစ်ယောက်။ ပစ္စုပ္ပန်တွင် ကြုံနေရသည့် အသက်ဘေးဖြစ်သည်ဟုလည်း သူကဆိုသည်။ ထုံးစံအတိုင်းပင် နည်းပညာတစ်ခု၏ ကောင်းကျိုးကိုလိုလားလျှင် ဆိုးကျိုးအတွက်လည်း ပြင်ဆင်ထားရမည်ဖြစ်သည်။
Ref: https://www.beefcen-tral.com/news/feedback-sought-on-application -to- allow-lab- grown-meat-inaustralia/
https:// www. market-sandmarkets. com/Market-Reports/
https://www.globenew-swire.com/newsrelease/2024/11/05/2974675/28124/en/Cultured- Meat-Market-Trends
Source: Myanmar Digital New

နနွင်း(ဆနွင်း)သည် မြန်မာလူမျိုးများ၏မီးဖိုချောင်တွင် အမြဲရှိသည့်ပစ္စည်းများထဲမှတစ်ခုဖြစ်ပြီး နေ့စဉ်ဟင်းချက်ရာတွင်အသုံးပြုသည်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်သုံးလေ့ရှိသည့် သဘာဝ၏လက်ဆောင်တစ်ခုဖြစ်သော နနွင်း၏အသုံးဝင်ပုံအမျိုးမျိုးနှင့် ကျန်းမာရေးအကျိုးကျေးဇူးအမျိုးမျိုးကိုဆက်လက်ဖော်ပြလိုပါ သည်။ နနွင်းကို အမှုန့်အတိုင်းသုံးစွဲကြသည့်အပြင် အပေါ်ခွံပါဝင်သည့်ဆေးတောင့်၊ ဆေးမှုန့်၊ ဆေးရည်ပုံစံများဖြင့်လည်းရရှိနိုင်သည်။
နနွင်းမှပေးသောကျန်းမာရေးကောင်းကျိုးများ

ကျန်းမာရေးကောင်းကျိုးများစွာ ပေးစွမ်းနိုင်သည့် နနွင်းသည် ခေါင်းကိုက်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အအေးမိဝေဒနာ၊ အဆုတ်အတွင်းပိုးဝင်ခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်း၊ အနာကြီးရောဂါ၊ဖျားနာခြင်း၊ ဓမ္မတာလာစဉ်ဖြစ်တတ်သည့်ဝေဒနာများ၊ အရေပြားယားယံခြင်း၊ကင်ဆာရောဂါများ၊ စိတ်ကျဝေဒနာ၊အယ်လ်ဇိုင်းမားခေါ် မှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါ၊ မျက်စိအလယ်လွှာရောင်ရမ်းခြင်း၊ သွေးချိုဆီးချိုရောဂါ၊ ခန္ဓာကိုယ်တွင်းရေဆွဲခြင်း၊ သန်ထခြင်း၊ Systemic Lupus Erythematosus (SLE) အမည်ရှိ ကိုယ်ခံအားတုံ့ပြန်မှုဆိုင်ရာရောဂါတစ်မျိုး၊ တီဘီရောဂါ၊ ဆီးအိတ်ရောင်ခြင်းနှင့် ကျောက်ကပ်ရောဂါများအတွက်လည်း နနွင်းကိုအသုံးပြုနိုင်သည်။ အဖျားရောဂါ၊ ငန်းရောဂါ၊ ဝမ်းရောဂါ၊ ရောင်ရမ်းနာကျင်ကိုက်ခဲသောရောဂါ၊ ဆီးအောင့်၊ဆီးကျောက်တည်ရောဂါ၊ အစာအိမ်ရောဂါ၊ မီးဖွားပြီးနောက် သွေးပုပ်ကျန်သောရောဂါနှင့် မှိုင်းရှူဆေး၊ နှာမှုတ်ဆေးများဖော်စပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။
ကိုယ်ဝန်ဆောင်မိခင်များအတွက်အဖိုးတန်နနွင်း
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်တစ်နေ့တခြား အသားအရေ ပူနွေးလာသော်လည်း အသားအရေအေးနေခြင်း၊ သွေးလေးနေခြင်းတို့ဖြစ်ခဲ့လျှင် နနွင်းကို ရေအေးနှင့်ဖျော်ပြီး တစ်ကိုယ်လုံး လိမ်းကျံပေးခြင်းဖြင့် သက်သာစေနိုင်သည်။ အမျိုးသမီးများ ခေါင်းကိုက်ခြင်း၊ ဇက်ထိုးခြင်း၊ မီးယပ်ခေါင်းကိုက်ရောဂါစွဲခြင်းဖြစ်ခဲ့လျှင် နနွင်းမှုန့်ကို မီးကျီးခဲပေါ်တွင်ဖြူး၍ မှိုင်းရှူပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် မကြာခဏ ဖျားတတ်သော အမျိုးသမီးများသည် အဖျားပျောက်ဆေးများကို မှီဝဲသည့်အပြင် နနွင်းကိုလည်း သောက်ပေးသင့်သည်။ မီးဖွားပြီးနောက် အောင်းနေသောသွေးများ မဆင်းဘဲ အပုပ်ဆောင်ရာမှခန္ဓာကိုယ်ဖောရောင်ခြင်းဖြစ်လျှင် နနွင်းကို ဆေးအဖြစ်သောက်ခြင်း၊ လိမ်းခြင်း၊ နနွင်းပြုတ်ရည်ဖြင့် ရေချိုးခြင်းပြုလုပ်ပေးပါက သက်သာစေနိုင်သည်။ မီးဖွားပြီးနောက် သားမြတ်ရောင်ခြင်း၊ သားမြတ်ကိုက်ခြင်း၊ နို့ကြောင်းပိတ်ခြင်းဖြစ်လျှင် နနွင်းမှုန့်ကိုသောက်ပြီး နနွင်းလိမ်းကျံပေးခြင်း၊ နနွင်းမှုန့်ကိုအထုပ်ပြုလုပ်၍ ရေနွေးငွေ့ခံပြီး ကျပ်ထုပ်ထိုးပေးခြင်းတို့ ပြုလုပ်နိုင်သည်။
သွားနာသွားကိုက်နှင့်အဖျားတက်မှုသက်သာစေသောနနွင်း
သွားနာ၊ သွားကိုက်၊ သွားဖုံးရောင်ခြင်းဖြစ်လျှင် နနွင်းမှုန့်ကို ရေနွေးနှင့်ဖျော်၍ ဆားအနည်းငယ်ထည့်ပြီး ငုံပေးလျှင်သက်သာစေနိုင်သည်။ အပူဝမ်းပျက်၊ ဝမ်းလျှောဖြစ်လျှင် နနွင်းမှုန့်၊ ကွမ်းစားထုံးအနည်းငယ်နှင့် ထန်းလျက်တို့ကိုရော၍ပြုတ်ပြီး ပူပူနွေးနွေးသောက်ပေးလျှင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါသက်သာပျောက်ကင်းစေနိုင်သည်။ အဖျားတက်ခြင်း၊ ချွေးငုပ်ပြီး ငန်းဖမ်းခြင်းများဖြစ်လျှင် နနွင်းကိုမီးဖိုချောင်မှကျပ်ခိုးနှင့် ဆားအနည်းငယ်ရော၍လှော်ပြီး ကွမ်းရွက်ပြုတ်ရည်နှင့်သောက်ပါက ချွေးထွက်ပြီး အဖျားကျစေနိုင်သည်။ ခန္ဓာကိုယ်တွင် နာကျင်ကိုက်ခဲသောအကျိတ်ထွက်ခြင်း၊ ထိခိုက်မိ၍ဖူးရောင်ခြင်းများဖြစ်ပါက နနွင်းကိုထုံးနှင့်ရောစပ်၍ ရေဖျော်ပြီး လိမ်းပေးလျှင် သက်သာပျောက်ကင်းစေနိုင်သည်။ ရုတ်တရက်ထိခိုက်ပွန်းရှပြီး သွေးမတိတ်လျှင် နနွင်းမှုန့်သိပ်ပေးခြင်းဖြင့် သွေးတိတ်စေနိုင်သည်။
အနံ့အသက်ဆိုးများပျောက်စေနိုင်သောနနွင်း
ခန္ဓာကိုယ်အနံ့ဆိုးခြင်း၊ ချွေးထွက်လျှင် အနံ့အသက်မကောင်းခြင်း၊ ချိုင်းချွေးနံ့နံခြင်းတို့ဖြစ်ပါက နနွင်းမှုန့်ကို လက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့် နံနက်နှင့်ည နေ့စဉ်သောက်သုံးပေးပါက ပျောက်ကင်းစေနိုင်သည်။ ကုန်ထုတ်လုပ်ငန်းများတွင် နနွင်းမှရသည့်အဆီကို ရေမွှေးပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုကြသည်။
အသားအရေကိုလှပစေသောနနွင်း
အရောင်လှပြီး အနံ့မွှေးသည့် နနွင်းမှုန့်က ကျန်းမာရေးအတွက်ကောင်းကျိုး ပြုနိုင်သည့်အပြင် အသားအရေကိုလည်းလှပစေရန် အထောက်အကူပြုသည်။နနွင်းသည် အရောင်ကျစေနိုင်သကဲ့သို့ ဗက်တီးရီးယားများကိုလည်း အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်သည်။ နနွင်းသည် အရေပြားတွင်ဖြစ်သည့် နီမြန်းရောင်ရမ်းမှုကို သိသာစွာသက်သာစေနိုင်ပြီး ဝဲ၊ နှင်းခူကဲ့သို့ အရေပြားပြဿနာကြောင့် အသားအရေထိခိုက်မှုများကိုလည်း အထိရောက်ဆုံးသက်သာစေနိုင်သည်။ လူအတော်များများတွေ့ကြုံရသော အရေပြားပြဿနာတစ်ခုဖြစ်သည့်ဝက်ခြံထွက်ခြင်းသက်သာစေရန် ဝက်ခြံဖြစ်စေသော ဗက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်သည့် သဘာဝပိုးသတ်ဆေးအဖြစ် နနွင်းကိုအသုံးပြုနိုင်သည်။ ဝက်ခြံသက်သာစေရန် နနွင်းစစ်စစ်ကိုအရည်ဖျော်၍ ဝက်ခြံပေါ်တွင်တို့လိမ်းရုံဖြင့်သက်သာစေနိုင်သည်။ ဝက်ခြံသက်သာသွားသော်လည်း မျက်နှာတွင်ဝက်ခြံအမာရွတ်များ ကျန်နေခဲ့လျှင် နနွင်းအစစ်ကိုသုံး၍ ပေါင်းတင်ခြင်းဖြင့် ကြည်လင်သောမျက်နှာကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နနွင်းက အမာရွတ်များကို ပါးစေနိုင်သကဲ့သို့ ဝက်ခြံကြောင့်ဖြစ်သည့် အမာရွတ်များကိုလည်း သိသာစွာ သက်သာစေနိုင်သည်။
အမည်းစက်များကိုသက်သာစေသောနနွင်း
နနွင်းက အရောင်ကျစေနိုင်သကဲ့သို့ အမည်းစက်များကို သက်သာစေနိုင်သည့်အာနိသင်လည်းရှိသည်။ အသားအရေအတွက် နနွင်းကို ပုံမှန်အသုံးပြုပေးမည်ဆိုပါက အရေပြားပေါ်ရှိ အမည်းစက်များကို သိသာစွာသက်သာစေနိုင်သည်။ ထို့ပြင် မျက်ကွင်းညိုခြင်းနှင့် မျက်အိတ်တွဲခြင်းတို့ကို သက်သာစေရန် နနွင်းကိုအသုံးပြုနိုင်သည်။ နေလောင်ခြင်းကြောင့် အသားအရေထိခိုက်ပျက်စီးမှုသက်သာစေရန်အတွက်လည်း နနွင်းကိုအသုံးပြုနိုင်သည်။ နနွင်းသည် နေလောင်ခြင်းကို သက်သာစေနိုင်သကဲ့သို့ နေလောင်ခြင်းကြောင့် အရေပြားတွင် အမည်းစက်များဖြစ်ခြင်း၊ အသားအရောင်မညီခြင်းများကိုလည်း သက်သာစေနိုင်သည်။နေရောင်ကြောင့် အရေးအကြောင်းဖြစ်ခြင်းကို သိသိသာသာသက်သာစေနိုင်သည်။
အကြောပြတ်ရာများကိုသက်သာစေသောနနွင်း
နနွင်းက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝပြီး အရေပြားဆဲလ်များကို လုပ်ဆောင်မှုကောင်းစေရန် အကောင်းဆုံးထောက်ပံ့ပေးသည်။ အရေပြားပေါ်တွင်ဖြစ်သည့့် အကြောပြတ်ရာများ သက်သာစေရန် နနွင်းလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့်ရောပြီး သံပရာရည်အနည်းငယ်ညှစ်၍ အကြောပြတ်သည့်နေရာတွင် တစ်နေ့နှစ်ကြိမ်လိမ်းပေးနိုင်သည်။ နနွင်းကအသားအရေအတွင်းပိုင်းအထိ ရေဓာတ်ဖြည့်ပေးနိုင်သောကြောင့် အသားအရေ ခြောက်သွေ့လျှင် နနွင်းကို အရေပြားပေါ်တွင် လိမ်းပေးရုံဖြင့် အပေါ်ယံအရေပြားလွှာမှ ဆဲလ်သေများကို အထိရောက်ဆုံးဖယ်ရှားပေးပြီး အသားအရေကို နူးညံ့စေနိုင်၍ အရေပြားထိခိုက်ပျက်စီးမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။
အနာကျက်စေနိုင်သောနနွင်း
နနွင်းတွင်ပါဝင်သည့် Curcumin ကအနာကျက်စေနိုင်သကဲ့သို့ ဓာတ်တိုးပစ္စည်းများကြောင့် အသားအရေထိခိုက်ခြင်းမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်သည်။ ပြတ်ရှဒဏ်ရာများသက်သာစေရန် အသုံးပြုနိုင်သည်။ လေ့လာမှုများအရ နနွင်းက အရေပြားတစ်သျှူးများကို ကျန်းမာစေနိုင်သကဲ့သို့ ကော်လာဂျင်ထွက်ရှိစေရန်လှုံ့ဆော်ပေးသည်။ နနွင်းသည် အရေပြားတွင်ဖြစ်သည့် မီးလောင်ခြင်းနှင့် ဆီပူလောင်ခြင်းမှလွဲ၍ ပြတ်ရှခြင်းနှင့် ထိခိုက်မိခြင်းတို့ကိုသက်သာစေသည်။
နနွင်း၏ဘေးထွက်ဆိုးကျိုးများ
နနွင်းသည် ဘေးထွက်ဆိုးကျိုးနည်းသော်လည်း တချို့လူများတွင် အစာအိမ်ထိခိုက်ခြင်း၊ ပျို့ခြင်း၊ မူးဝေခြင်း၊ဝမ်းပျက်ခြင်းလက္ခဏာများရှိလာနိုင်ပြီးအဆိုပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှုရှိနိုင်ပြီး ယင်းတို့တွင်မပါဝင်သောတခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက ဆရာဝန်သို့မဟုတ် ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
နနွင်းသည် လက်ရှိသောက်သုံးနေသည့်ဆေးဝါးများ၊ မူလကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်သောကြောင့် အသုံးမပြုမီ ဆရာဝန်သို့မဟုတ်ဆေးပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ရန်အရေးကြီးသည်။ နနွင်းနှင့် သက်ရောက်ဓာတ်ပြုနိုင်ပြီး သွေးခဲမှုကိုနှေးကွေးစေသည့်ဆေးဝါးများဖြစ်သော Aspirin၊ Clopidogrel (Plavix)၊ Diclofenac (Voltaren၊ Cataflam)၊ Ibuprofen (Advil၊Motrin)၊ Naproxen (Anaprox၊ Naprosyn)၊ Dalteparin (Fragmin)၊ Enoxaparin (Love-nox)၊ Heparin၊ Warfarin (Coumadin) စသည့်ဆေးဝါးများ၊ အလားတူ အစွမ်းသတ္တိရှိသောဆေးဝါးများနှင့် တွဲဖက်အသုံးပြုမည်ဆိုပါက အလွယ်တကူ အညိုအမည်းစွဲနိုင်ခြေနှင့် သွေးယိုနိုင်ခြေမြင့်မားနိုင်သည်။
နနွင်းမစားသင့်သောသူများ
ကိုယ်ဝန်ဆောင်ချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင် နနွင်းကို အစားအသောက်များတွင် ပါဝင်နေကျပမာဏအတိုင်း စိတ်ချစွာစားသုံးနိုင်သော်လည်း နနွင်းသည် ဓမ္မတာလာခြင်းကိုအားပေးပြီး သားအိမ်ကိုလှုံ့ဆော်ပေးသောကြောင့် ကိုယ်ဝန်ထိခိုက်နိုင်ခြေရှိသည့်အတွက် ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက်တွင် သောက်ဆေးအဖြစ် အသုံးမပြုသင့်ပေ။ နနွင်းသည် သည်းခြေပြဿနာများကို ပိုဆိုးစေနိုင်သည့်အတွက် သည်းခြေကျောက်တည်နေသူများ၊ သည်းခြေပြွန်ပိတ်ဆို့နေသူများ နနွင်းအသုံးမပြုသင့်ပေ။ နနွင်းသည် သွေးခဲနှုန်းကို နှေးကွေးစေသည့်အတွက် သွေးမတိတ်ရောဂါရှိသူများအလွယ်တကူအညိုအမည်းစွဲနိုင်ခြေနှင့် သွေးယိုနိုင်ခြေမြင့်စေသည်။
နနွင်းတွင်ပါဝင်သည့် Curcumin ဓာတ်သည် သွေးချိုဆီးချိုဝေဒနာရှင်များတွင် သွေးတွင်းသကြားဓာတ်ပမာဏကိုအန္တရာယ်ရှိလောက်သည့်အနေအထားအထိ ကျဆင်းစေနိုင်သည့်အတွက်သတိနှင့်ယှဉ်ပြီး အသုံးပြုသင့်သည်။နနွင်းသည် တချို့လူများ၏အစာအိမ်ကိုထိခိုက်စေနိုင်ပြီး GERD ကဲ့သို့ အစာအိမ်ပြဿနာများကို ပိုမိုဆိုးရွားစေနိုင်သည်။ နနွင်းတွင်ပါဝင်သည့် Curcumin အမည်ရှိ ဓာတုပစ္စည်းသည် အီစထရိုဂျင်ဟော်မုန်းနှင့် အလားသဏ္ဌာန်တူသည့် အာနိသင်ရှိသည်။ သီအိုရီအရ နနွင်းသည် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်တစ်သျှူး နေရာလွဲမှားခြင်း၊ သားအိမ်အလုံးတည်ခြင်း စသည့် ဟော်မုန်းနှင့်သက်ဆိုင်သောရောဂါများကို အခြေအနေပိုဆိုးစေနိုင်သည်။ သို့ရာတွင် တချို့သုတေသနများတွင် နနွင်းသည် တချို့သောကင်ဆာဆဲလ်များအပေါ် အီစထရိုဂျင်၏သက်ရောက်မှုကိုလျော့နည်းစေသည်ဟု ဖော်ပြထားသည်။ထိုအချက်ကိုမူတည်ပြီး စဉ်းစားမည်ဆိုပါက နနွင်းသည် အထက်တွင်ဖော်ပြခဲ့သည့် ရောဂါများအပေါ် ကောင်းကျိုးသက်ရောက်မှုရှိနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ဟော်မုန်းနှင့်သက်ဆိုင်သည့် ရောဂါတစ်ခုခုခံစားနေရမည်ဆိုလျှင် နနွင်းကို သတိနှင့်ယှဉ်ပြီး အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Source: Myawady Webportal

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း စတင်ပေါ်ပေါက်ခြင်း

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းကြီး (Myanmar Veterinary Association: MVA) ကို ခေတ်မီတိုးတက်သော တိရစ္ဆာန်ဆေးပညာနှင့် မွေးမြူရေးပညာရပ်များ ပြန့်ပွားစေရန်၊ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားရေးအထောက်အကူပြုစေရန်နှင့် ညီညွတ်စွာရှေးရှုဆောင်ရွက်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ၁၉၇၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်ကြသော ပြည်သူလူထုနှင့် ၎င်းတို့မွေးမြူထားသော တိရစ္ဆာန်များ၏ အကျိုးကိုဆောင်ရွက်ခဲ့သည်မှာ ၂၀၂၄ ခုနှစ်တွင် နှစ်(၅၀)ပြည့်ရွှေရတုသို့ ရောက်ရှိလာပြီဖြစ်ပါသည်။
မွေးမြူရေးကဏ္ဍတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေကြသော တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ အကျိုးကို စုစုစည်းစည်းဖြင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ် (ယခု နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းသို့ပြောင်းရွှေ့ပြီး မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အမည်သို့ ပြောင်းလဲခဲ့ပါသည်။)၊ ဇီဝကမ္မဗေဒနှင့်ဇီဝဓာတုဗေဒဌာန၊ ဌာနမှူး ဆရာကြီး ဒေါက်တာမောင်မောင်စ (ပါမောက္ခချုပ်ရာထူးဖြင့် အငြိမ်းစားယူခဲ့ပါသည်။) ဦးဆောင်သည့် တိရစ္ဆာန်ဆေးကုဆရာဝန်များက အသင်းအဖွဲ့တစ်ရပ်အနေဖြင့် စတင်တည်ထောင်နိုင်ရေးအတွက် ၁၉၇၄ ခုနှစ်၌ အစပြုခဲ့ကြကြောင်း သမိုင်းမှတ်တမ်းများအရ လေ့လာသိရှိရပါသည်။
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်းအမှတ်တံဆိပ်
ယခုအခါ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းကို အသင်းဝင်တိရစ္ဆာန်ဆေးကု ဆရာဝန်စုစုပေါင်း ၄၂၃၇ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး၏ ဦးဆောင်မှုဖြင့် အသင်း၏ လှုပ်ရှားမှုများဖြစ်သည့် နှစ်စဉ်ညီလာခံကျင်းပခြင်း၊ စာတမ်းဖတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲများကျင်းပခြင်း၊ ပြည်တွင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာနှီးနှောဖလှယ်ခြင်းနှင့် သင်တန်းများပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းသည် အာရှတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (Federation of Asian Veterinary Associations: FAVA) နှင့် ကမ္ဘာ့တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း (World Veterinary Association: WVA) တို့၏ အဖွဲ့ဝင်အသင်းတစ်သင်းဖြစ်ပြီး ပညာရပ်ဆိုင်ရာကိစ္စရပ်များလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် တစ်ခုတည်းသောကျန်းမာရေး (One Health)
ကမ္ဘာပေါ်၌ လူထုကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေးတို့ ပူးပေါင်းအသွင်ဖြင့် တစ်ခုတည်းသောကျန်းမာရေးကို အထောက်အကူပြုနိုင်စေရန် တပေါင်းတစည်းတည်း လေ့ကျင့်သင်ကြားမှုကို ခံယူထားသူများတွင် တိရစ္ဆာန်ဆေးကုဆရာဝန်များလည်း အပါအဝင်ဖြစ်သောကြောင့် တစ်ခုတည်းသော ကျန်းမာရေးကဏ္ဍတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသူများဖြစ်ကြပါ သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ကျရောက်သည့် World Veterinary Day 2024 ၏ ဆောင်ပုဒ်ကိုပင် “The Essential Role of Veterinarian in One Health Issue” ဟု သတ်မှတ်ခဲ့ကြပါသည်။
နယ်ပယ်မျိုးစုံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြကုန်သော တိရစ္ဆာန်ဆေးကုဆရာဝန်များသည်လည်း မြန်မာနိုင်ငံ၏ One Health နယ်ပယ်အတွင်း တိရစ္ဆာန်များ၊ ပြည်သူလူထုနှင့် ပတ်ဝန်းကျင်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နေကြသူများပင်ဖြစ်ပေသည်။
One Health ဆိုသည်မှာ
၁၇၆၁ ခုနှစ်၊ ပြင်သစ်နိုင်ငံ Lyon မြို့၌ ကမ္ဘာ့ပထမဦးဆုံး တိရစ္ဆာန်ဆေးပညာသင်ကျောင်း တည်ထောင်သူ ဒေါက်တာ Claude Bourgelat က ကူးစက်ရောဂါပိုးများ၏ လူနှင့်တိရစ္ဆာန်တို့အကြား အပြန်အလှန်ကူးစက်တတ်သည်ကို သတိပြုမိပြီး ၎င်းရောဂါများကို အလေးထားကြရန် စတင်တိုက်တွန်းခဲ့ပါသည်။
၂၀ ရာစုနှောင်းပိုင်းတွင် တိရစ္ဆာန်ဆေးပညာရှင်များဖြစ်ကြသည့် ဒေါက်တာ Schwabe နှင့် ဒေါက်တာ Steele တို့က ‘‘One World, One Medicine, One Health’’ ဟူသည့် အယူအဆကို စတင်ချပြလာခဲ့ကြပါသည်။ နောက်ပိုင်းတွင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Wildlife Conservation Society: WCS) က လူနှင့် တိရစ္ဆာန်သာမက ပတ်ဝန်းကျင်ဂေဟစနစ် ကျန်းမာရေး (Ecosystem health) ကိုပါ ထည့်သွင်းပြီး “One World-One Health” အယူအဆကို အဆိုပြု ခဲ့ကြပါသည်။ ၂၀၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (American Veterinary Medical Association: AVMA)က One Health ၏ အနက်အဓိပ္ပာယ်ကို “လူသားများ၊ တိရစ္ဆာန်များနှင့် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တစ်ခုလုံးအတွက် အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဒေသအချင်းချင်း၊ နိုင်ငံအချင်းချင်းသာမက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကဏ္ဍပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း” ဟု ဖွင့်ဆိုခဲ့ပါသည်။
ကုသရေးနယ်ပယ်မှ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် မြန်မာ့ One Health
မိမိတို့ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဆေးကုဆရာဝန်များသည် မြန်မာ့ One Health အတွက် ကျရာအခန်းကဏ္ဍမှ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြသလို တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်နေကြသည့် ပုဂ္ဂလိက၊ အစိုးရဌာနများနှင့် မွေးမြူရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော တိရစ္ဆာန်ဆေးကုဆရာဝန်များသည် နာမကျန်းဖြစ်သည့် တိရစ္ဆာန်များကို ကုသခြင်း၊ ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပိုင်ရှင်များကို တိရစ္ဆာန်ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းတို့သည် One Health အတွက် ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။
တိရစ္ဆာန်မှ လူကိုကူးစက်တတ်သည့် ခွေးရူးရောဂါ၊ ထောင့်သန်းရောဂါ စသည့်ရောဂါများကို တိရစ္ဆာန်တွင်ကာကွယ်ပေးခြင်းဖြင့် လူထုကို ၎င်းရောဂါများမကူးစက်အောင် ကာကွယ်ပေးခြင်းဖြစ်သလို တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိပြီး လူကိုလည်း ကူးစက်တတ်သည့် ဗက်တီးရီးယား၊ ကပ်ပါးရောဂါများနှင့် ဗိုင်းရပ်စ်ရောဂါများစွာတို့ကို ကုသပေးခြင်းသည်လည်း လူထုကို အဆိုပါရောဂါများ မကူးစက်အောင် ကာကွယ်ပြီးသား ဖြစ်စေပါသည်။
ထိုသို့ ကုသရာတွင် ဆေးယဉ်ပါးအဏုဇီဝပိုးများမဖြစ်ပေါ်စေရန် ဂရုတစိုက်လိုက်နာ ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်များနှင့်ပတ်သက်သည့် အညစ်အကြေးများ၊ မှိုနှင့် ဓာတုဗေဒအဆိပ်အတောက်များ မပျံ့နှံ့အောင် စနစ်တကျစွန့်ပစ်စေခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ရာရောက်စေပြီး ပတ်ဝန်းကျင်ကျန်းမာရေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်စေပါသည်။
သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနယ်ပယ်မှ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် မြန်မာ့ One Health
သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍများတွင် ဆောင်ရွက်နေကြသည့် တိရစ္ဆာန်ဆေးကုဆရာဝန်များသည်လည်း မြန်မာ့ One Health အတွက် ကျရာအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နေကြသည်ကို တွေ့ရပါသည်။
သုတေသနပညာရှင် တိရစ္ဆာန်ဆေးကုဆရာဝန်များအနေဖြင့် လူနှင့်တိရစ္ဆာန်တို့အကြား ကူးစက်တတ်သည့် ရောဂါများပျံ့နှံ့မှုကို လေ့လာခြင်း၊ ရောဂါကုသကာကွယ်ရန် နည်းလမ်းသစ်များကို ရှာဖွေခြင်း၊ ဆေးဝါးအသစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှာဖွေခြင်း၊ တိရစ္ဆာန်ထွက်အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပဋိဇီဝဆေးကြွင်းနှင့် ဆေးယဉ်ပါးအဏုဇီဝပိုးမွှားများပါဝင်မှု စစ်ဆေးခြင်းစသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် One Health အတွက် ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။
ထို့အပြင် ဆေးပညာဆိုင်ရာသုတေသနများတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံးတိရစ္ဆာန်များ၏ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆေးဝါးထုတ်လုပ်ရေးနှင့် ရောဂါကာကွယ်ဆေးဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း စသည့် လူထုကျန်းမာရေးကဏ္ဍများတွင်လည်း တိရစ္ဆာန်ဆေးကုဆရာဝန်များသည် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေကြပါသည်။
ထို့အတူ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆောင်ရွက်နေကြသည့် တိရစ္ဆာန်ဆေးကုဆရာဝန် များသည် သုတေသနလုပ်ငန်းများအပြင် အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန်ကုဆရာဝန်များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် One Health အယူအဆနှင့်ပတ်သက်သည့် သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲခြင်းဖြင့် One Health ကဏ္ဍအတွက် အထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်နေကြသူများပင်ဖြစ်ပါသည်။
အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနယ်ပယ်မှ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် မြန်မာ့ One Health
ထို့အပြင် လူတို့စားသုံးမည့် အသားနှင့် အသားထွက်ပစ္စည်းစစ်ဆေးသူ တိရစ္ဆာန်ဆေးကု ဆရာဝန်များသည် စားသုံးမည့်အသားများ၌ ကူးစက်ရောဂါ ပါဝင်မှုရှိ မရှိ၊ ဓာတုဗေဒဆေးကြွင်းများ ပါဝင်မှုရှိ မရှိ စစ်ဆေးခြင်းဖြင့် မြန်မာ့ One Health အတွက် အရေးပါသည့်နေရာမှ ပါဝင်ဆောင်ရွက်နေကြသူများပင်ဖြစ်ပါသည်။ လူတို့စားသုံးမည့်အသားတွင် ဗက်တီးရီးယားပိုးများ (Salmonella, Escherichia coli, Campylobacter စသည်)၊ ကပ်ပါးပိုးများ (Toxoplasma gondii, Taenia, Trichinella စသည်)၊ ဗိုင်းရပ်စ်ပိုးများ (Hepatitis, Noroviruses, Rotaviruses စသည်)နှင့် မှိုရောဂါများပါသွားပါက လူသို့ကူးစက်နိုင်ပြီး ရောဂါဖြစ်ပွားစေနိုင်ပါသည်။
ထို့ကြောင့် လူတို့စားသုံးရန် အသားထုတ်လုပ်မည့် သက်ရှိတိရစ္ဆာန်များ၏ ကျန်းမာရေးအခြေအနေနှင့် အသားအဖြစ်သို့ရောက်ရှိပြီး ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်တွင်လည်း အသားတွင် ရောဂါပိုးပါဝင်မှု ရှိ မရှိ၊ လူတို့ စားသုံးရန် သင့် မသင့်ကို တိရစ္ဆာန်ဆေးကုဆရာဝန်များက စစ်ဆေးပေးရပါသည်။ ပြည်သူများအတွက် ရောဂါကင်းစင်ပြီး သန့်ရှင်းသည့်အသားများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် စားသုံးသူများဘေးကင်းမှုရှိစေရန် ဆောင်ရွက်နေကြသည့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးတာဝန်ခံ တိရစ္ဆာန်ဆေးကုဆရာဝန်များသည်လည်း မြန်မာ့ One Health အတွက် အရေးပါသူများပင်ဖြစ်ပါသည်။
တောရိုင်းတိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် မြန်မာ့ One Health
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ပြည်သူလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည့် ကူးစက်ရောဂါ (ဥပမာ- Ebola, SARS, MERS, HPAI, COVID-19 စသည်) အတော်များများသည် တောရိုင်းတိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်သည့် ရောဂါများဖြစ်ကြပါသည်။ တောရိုင်းတိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ တောရိုင်းတိရစ္ဆာန်ကောင်ရေနှင့် ဂေဟစနစ်ကိုလေ့လာခြင်း၊ ဇီဝမျိုးစိတ်များကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် လူသို့ကူးစက်စေနိုင်သည့် ရောဂါများကို စောင့်ကြည့်လေ့လာခြင်း စသည့်လုပ်ငန်းများတွင်လည်း တိရစ္ဆာန်ဆေးကုဆရာဝန်များ ပါဝင်ဆောင်ရွက်နေကြရပါသည်။
ထို့ကြောင့် အဆိုပါအခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြသည့် တိရစ္ဆာန်ဆေးကုဆရာဝန်များသည် တောရိုင်းတိရစ္ဆာန်များမှ ပြည်သူလူထုထံ ရောဂါကူးစက်မှုမရှိစေရန် တစ်ဖက်တစ်လမ်းမှ ကြိုတင်ကာကွယ်တားဆီးမှုကို ဆောင်ရွက်နေသူ များဖြစ်ကြသဖြင့် မြန်မာ့ One Health အတွက် ကြိုးပမ်းလုပ်ဆောင်နေကြသူများပင် ဖြစ်ပါသည်။
One Health အတွက် ပူးပေါင်းဆောင်ရွက်မှုများ
လူထုကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကျန်းမာရေးတို့ကို ကောင်းမွန်စွာစောင့်ရှောက်နိုင်ရန် ကဏ္ဍသုံးမျိုးစလုံးပါဝင်သည့် အဖွဲ့အစည်းအချင်းချင်း ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မှသာလျှင် ပြည်သူလူထုအတွက် ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခု ဖြစ်လာပေမည်။ မြန်မာနိုင်ငံ၏ One Health ကဏ္ဍဆိုင်ရာ လှုပ်ရှားမှုများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ပြည်တွင်းအစိုးရအဖွဲ့ အစည်းများဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့(FAO)နှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) စသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထို့အတူ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သည်လည်း မြန်မာနိုင်ငံ၏ One Health ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆေးတက္ကသိုလ်(၁)၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်တို့နှင့် ပူးပေါင်းကာ အရှေ့တောင်အာရှ SEAOHUN (Southeast Asia One Health University Network) ၏ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ရပ်အဖြစ် MMOHUN (Myanmar One Health University Network)ကို ထူထောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းအနေဖြင့်လည်း One Health ကဏ္ဍဆိုင်ရာလှုပ်ရှားမှုများကို တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ လူနေထူထပ်သည့်နေရာများတွင် ခွေးရူးရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ခွေးများကို ခွေးရူးကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်း၊ ခွေးလေခွေးလွင့်ပွားများမှုကိုထိန်းချုပ်မှုအစီအစဉ် (Animal Birth Control- ABC)ကို Worldwide Veterinary Service (WVS) အဖွဲ့နှင့်ပူးပေါင်းကာ ခွေးများအား မျိုးပွားမှုကိုထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
မြန်မာ့ One Health အတွက်မရှိမဖြစ် တိရစ္ဆာန်ဆေးကုဆရာဝန်များ
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များသည် အနာဂတ်မြန်မာ့ One Health အတွက် အောက်ပါကဏ္ဍများတွင် မရှိမဖြစ်ပါဝင်နေရဦး မည်ဖြစ်ပါသည် -
တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် သက်သောင့်သက်သာဖြစ်စေရေးကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးကာ လူထုကျန်းမာရေးကို စောင့်ရှောက်ပေးခြင်း၊
တိရစ္ဆာန်နှင့် လူတို့အကြား ကူးစက်တတ်သည့် ရောဂါဖြစ်ပွားမှုများကို စုံစမ်းစစ်ဆေးခြင်း၊ ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်/ ကုသခြင်းနှင့် ၎င်းရောဂါများကို အမြစ်ပြတ် ဖယ်ရှားပစ်ရန် အစီအမံများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ရေးအစီအစဉ်များကို ဖော်ထုတ်ခြင်း၊
ကူးစက်ရောဂါများကို ဒေသတွင်း၊ နိုင်ငံအတွင်းသာမက ကမ္ဘာလုံးဆိုင်ရာစောင့်ကြည့်ရေးစနစ်များ တည်ထောင်ကာ ရောဂါရှာဖွေခြင်း၊ လက်ဦးမှုရယူခြင်းနှင့် တုံ့ပြန်မှုများဆောင်ရွက်ခြင်း၊
မွေးမြူရေးခြံမှသည် မိသားစုထမင်းစားပွဲပေါ်အထိ ကွင်းဆက်တစ်လျှောက်လုံး အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကို သေချာစေခြင်း၊
တိရစ္ဆာန်ကျန်းမာရေး၊ တိရစ္ဆာန်နှင့် လူတို့အကြား ကူးစက်တတ်သည့် ရောဂါကာကွယ်တားဆီးရေး၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်သို့ရောဂါပျံ့နှံ့မှု တားဆီးကာကွယ်ရေးဆိုင်ရာ သုတေသနများပြုလုပ်ခြင်း၊
One Health ကဏ္ဍအတွက် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ပညာဖြန့်ဝေရေးနှင့် သင်ကြားရေးဆိုင်ရာများတွင် ပါဝင်ခြင်း၊
တိရစ္ဆာန်ကုသဆေးဝါးများ၊ မွေးမြူရေး လုပ်ငန်းသုံးဆေးဝါးများ၊ တိရစ္ဆာန်အစာဖြည့်စွက်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ၏ ဘေးအန္တရာယ်ကင်းရှင်းမှု အကဲဖြတ်ခြင်း၊
စိုက်ပျိုးရေး၊ မွေးမြူရေးခြံများမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပေးခြင်း၊ အန္တရာယ်ရှိဓာတုဆေးဝါးများကို ဘေးကင်းစွာစွန့်ပစ်ခြင်းနှင့်လုပ်ငန်းခွင်၌ ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ အသိပညာနှင့် အလေ့အကျင့်ကောင်းများကို စနစ်တကျလေ့ကျင့်သင်ကြားပေးခြင်းဖြင့် ပတ်ဝန်းကျင်ကို ကာကွယ်ပေးခြင်း၊
ကမ္ဘာ့ဇီဝမျိုးစိတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းစဉ်များကို တောရိုင်းတိရစ္ဆာန်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းစဉ်များကို အခြားဆေးပညာရှင်များသာမက ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် One Health ကဏ္ဍကို မြှင့်တင်ပေးခြင်း။
ညီလာခံနှင့် စာတမ်းဖတ်ပွဲ
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းကြီး၏ ရွှေရတုအထိမ်းအမှတ်ညီလာခံနှင့် စာတမ်းဖတ်ပွဲအခမ်းအနားများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့ Yangon Convention Center (YCC)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနားတွင် စာတမ်းဖတ်ပွဲများအပြင် ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခြင်း၊ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာဆေးကုမ္ပဏီများ၏ ပြခန်းများ၊ အိမ်မွေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲများ(Pet show)နှင့် ပညာပေးပြခန်းများပြသခြင်းတို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နိဂုံးချုပ်အနေဖြင့် ရွှေရတုအလွန် မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းကြီးသည်လည်း အနာဂတ်၌ မြန်မာ့ One Health အတွက် ကျရာအခန်းကဏ္ဍမှ မရှိမဖြစ်ပါဝင်လှုပ်ရှား ဆောင်ရွက်နေရဦးမည်ဖြစ်ပါကြောင်း အသင်းကြီး၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ဤဆောင်းပါးဖြင့် ရေးသားဂုဏ်ပြုအပ်ပါသည်။ ။
မှီငြမ်းကိုးကားစာရင်း-
Gibbs S.E. and Gibbs E.P. (2013). The Historical, Present, and Future Role of Veterinarians in One Health. Current Topics in Microbiology and Immunology 365: 31–47.
One Health MYANMAR (poster), The 33rd WOAH Regional Conference for Asia and the Pacific. New Delhi, India, 13-16 November 2023
SEAOHUN, https://www.seaohun.org/mmohun
Source: moi.gov.mm

လက်ချောင်းတွေရောင်ရမ်းပြီး ဝက်အူချောင်းလို၊ ကောက်ညှင်းထုပ်လိုမျိုးဖြစ်တာကို တချို့တွေ့ကြုံဖူးကြမှာပါ။ ကျန်းမာရေးထိခိုက်လောက်အောင်မဆိုးရွားပေမယ့် မကြာခဏဖြစ်တတ်ပါတယ်။လက်ချောင်းတွေမှာ ရောင်ရမ်းမှုနဲ့အတူ နာကျင်မှုပါခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ရောဂါရှာဖွေမှုပြုလုပ်ဖို့လိုအပ်ပါတယ်။ ကောက်ညှင်းထုပ်လို၊ ဝက်အူချောင်းလိုမျိုးနာကျင်မှုမရှိဘဲလက်ချောင်းတွေရောင်ရမ်းတာကတော့ အပြင်ဘက်က ရာသီဥတုပူတာ၊အငန်များတဲ့အစားအစာတွေစားပြီးချိန်နဲ့ သောက်နေတဲ့ဆေးဝါးတွေစတာတွေကြောင့် လက်ချောင်းတွေရောင်ရမ်းတာဖြစ်န
လက်ချောင်းတွေရောင်ရမ်းပြီး ဝက်အူချောင်းလို၊ ကောက်ညှင်းထုပ်လိုမျိုးဖြစ်တာကို တချို့တွေ့ကြုံဖူးကြမှာပါ။ ကျန်းမာရေးထိခိုက်လောက်အောင်မဆိုးရွားပေမယ့် မကြာခဏဖြစ်တတ်ပါတယ်။လက်ချောင်းတွေမှာ ရောင်ရမ်းမှုနဲ့အတူ နာကျင်မှုပါခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ရောဂါရှာဖွေမှုပြုလုပ်ဖို့လိုအပ်ပါတယ်။ ကောက်ညှင်းထုပ်လို၊ ဝက်အူချောင်းလိုမျိုးနာကျင်မှုမရှိဘဲလက်ချောင်းတွေရောင်ရမ်းတာကတော့ အပြင်ဘက်က ရာသီဥတုပူတာ၊အငန်များတဲ့အစားအစာတွေစားပြီးချိန်နဲ့ သောက်နေတဲ့ဆေးဝါးတွေစတာတွေကြောင့် လက်ချောင်းတွေရောင်ရမ်းတာဖြစ်နိုင်တဲ့အကြောင်းရင်းများစွာရှိပါတယ်။
ရာသီဥတုပူလွန်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်
ရာသီဥတုအလွန်ပူတဲ့အခါ သွေးကြောတွေကိုကျယ်စေပြီး အပူတွေကို အရေပြားကနေတစ်ဆင့်ထုတ်ပြီး အပူ၊ အအေးမျှတအောင်ခန္ဓာကိုယ်ကလုပ်ဆောင်တာဖြစ်တယ်လို့ ချီကာဂိုတက္ကသိုလ် အရိုးအကြောဌာနမှ ပါမောက္ခတစ်ဦးက ဆိုထားပါတယ်။ သွေးကြောတွေကျယ်သွားတဲ့အခါ အရည်တချို့ကအသားတစ်သျှူးပျော့တွေဆီစိမ့်ထွက်လာပြီး ရောင်ရမ်းမှုတွေဖြစ်လာစေတယ်လို့ သိရပါတယ်။ ရာသီဥတုပူတာကြောင့် လက်ချောင်းတွေရောင်ရမ်းတာက ပုံမှန်လှုပ်ရှားမှုတွေလုပ်ဆောင်ရုံနဲ့ ပြန်လည်သက်သာနိုင်ပါတယ်။ လက်နဲ့လက်ချောင်းတွေမှာပဲ ရောင်ရမ်းနေတယ်၊ ခြေထောက်တွေမရောင်ရမ်းဘဲနာကျင်မှုခံစားရတယ်၊ လက်ချောင်းတွေက အရာဝတ္ထုတွေကိုကိုင်တဲ့အခါ မမြဲဘူးဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
ပြန်ရည်ကြောစနစ်ပိတ်ခြင်းဖြစ်နိုင်ပါတယ်
ပြန်ရည်ကြောစနစ်ပိတ်တဲ့အခါ ခန္ဓာကိုယ်ရဲ့အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းတွေ၊ ဗက်တီးရီးယားပိုးနဲ့ဗိုင်းရပ်စ်ပိုး စတာတွေပါဝင်တဲ့ပြန်ရည်တွေ အပြင်ကိုမစီးဆင်းတော့ဘဲ ပိတ်ဆို့နေလို့ ရောင်ရမ်းမှုတွေဖြစ်လာပါတယ်။ လက်ချောင်းနဲ့ခြေမတွေအပြင် လက်မောင်းနဲ့ခြေထောက်တွေမှာလည်း ရောင်ရမ်းမှုတွေဖြစ်လာနိုင်ပါတယ်။ အရေပြားကတင်းတင်းကျပ်ကျပ်ဖြစ်ပြီး ပုံမှန်ထက်ပိုပြီးထူနေတတ်ပါတယ်။ပြန်ရည်ကြောစနစ်ပိတ်ဆို့တာကြောင့် လက်ချောင်းတွေရောင်ရမ်းမှုဖြစ်တာကတော့ ရင်သားကင်ဆာရောဂါကို ခွဲစိတ်ကုသတာ ဒါမှမဟုတ်ဓာတ်ရောင်ခြည်ပေးကုသတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အငန်အစားများတာကြောင့်ဖြစ်နိုင်ပါတယ်
အငန်ပါဝင်တဲ့အစားအစာတွေစားသုံးပြီးတဲ့အခါမှာ လက်ချောင်းတွေရောင်ရမ်းနေရင် ခန္ဓာကိုယ်ရဲ့ ဆားဓာတ်နဲ့ရေဓာတ်ထိန်းညှိမှုမညီမျှမှုတွေကြောင့်ဖြစ်ပါတယ်။ အငန်စားသုံးမှုများလေလေ ခန္ဓာကိုယ်ထဲကို ရေပြန်ဆွဲထားလေဖြစ်တာကြောင့် လက်ချောင်းတွေ ရောင်ရမ်းမှုဖြစ်လာရပါတယ်။ ဒါကြောင့် အငန်စားသုံးမှုကိုလျှော့ချသင့်ပါတယ်။အငန်များတဲ့အစားအစာတွေဖြစ်တဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စတာတွေကို လျှော့စားသင့်ပါတယ်။ အသင့်အမြန်စားအစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆန်းဒဝှစ်ချ်၊ ပီဇာ၊ အာလူးချောင်းကြော်တွေမှာလည်း အငန်ပါဝင်မှုများတတ်တာကြောင့် လျှော့စားသင့်ပါတယ်။ဟင်းလျာတွေချက်ပြုတ်တဲ့အခါ အငန်ကို လျှော့စားနေတာတောင်လက်ချောင်းတွေ ရောင်ရမ်းမှုလျော့မသွားဘူးဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
ရေးနှော့ရောဂါစုကြောင့်ဖြစ်နိုင်ပါတယ်
ရေးနှော့ရောဂါစု(Raynaud's disease) လို့ခေါ်တဲ့ ရာသီဥတုအေးတဲ့အခါနဲ့ စိတ်ဖိစီးမှုများတဲ့အခါတွေမှာ သွေးလွှတ်ကြောတွေကျဉ်းသွားတာကြောင့် သွေးလှည့်ပတ်မှုနည်းပြီး လက်ချောင်းတွေရောင်ရမ်းမှုနဲ့နာကျင်မှုကို ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ လက်ချောင်းတွေရောင်ရမ်းမှုမဖြစ်ခင်မှာ ဖျော့တော့တော့ဖြစ်နေတာ ဒါမှမဟုတ် ပြာနှမ်းလာတာမျိုးဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
အဆစ်ယိုယွင်းခြင်းဖြစ်နိုင်ပါတယ်
လက်ဆစ်တွေက ပုံမှန်ထက်ပိုကြီးနေတာ၊ အရိုးအဆစ်ရောင်ရမ်းရောဂါရှိနေတာတွေကြောင့် နံနက်အိပ်ရာထချိန်မှာ လက်ချောင်းတွေရောင်ရမ်းနိုင်ပါတယ်။ အသက်အရွယ်နဲ့ဆက်စပ်တဲ့အရိုးအဆစ်ရောင်ရမ်းမှုဖြစ်တာကြောင့် အဆစ်ဘေးကတစ်သျှူးတွေပျက်စီးတာ ကြောင့်လည်း လက်ချောင်းတွေရောင်ရမ်းတာဖြစ်လာနိုင်ပါတယ်။လက်ချောင်းတွေရောင်ရမ်းတာက မကြာခဏဖြစ်နေတယ်၊ နာကျင်မှုခံစားရတယ်၊ လက်ချောင်းအဆစ်တွေက အကွေးအဆန့်မကောင်းဘဲ တောင့်တင်းနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်နောက်ဆက်တွဲပြဿနာများဖြစ်နေတတ်ပါတယ်
ကိုယ်ဝန်ဆောင်မိခင်တချို့မှာ လက်ချောင်းတွေရောင်ရမ်းမှုဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လက်နဲ့မျက်နှာအရေပြားကို လက်မနဲ့ဖိကြည့်ပြီး ပြန်လွှတ်လိုက်တဲ့စမ်းသပ်မှုပြုလုပ်ပြီး ရောင်ရမ်းနေတာဟုတ်၊ မဟုတ်သိရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကိုမသိလို့ မကုသဘဲထားရင် မိခင်ရော ကလေးပါအန္တရာယ်များပါတယ်။ အသက် ၄၀ ကျော် ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ၊ ကလေးတစ်ယောက်ထက်ပိုပြီး နှစ်မြွှာပူး၊ သုံးမြွှာပူးကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ၊ အဝလွန်တဲ့ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ သားဖွားမီးယပ်ပါရဂူနဲ့စောစောပြသပြီး စောင့်ရှောက်ကုသမှုကို ရယူဖို့လိုအပ်ပါတယ်။
လက်ချောင်းများထုံကျဉ်ရောဂါရှိခြင်းဖြစ်နိုင်ပါတယ်
လက်ကောက်ဝတ်အာရုံကြောတွေကြောင့် လက်ချောင်းလေးတွေထုံကျဉ်တာကို ခံစားနေရသူတွေမှာလည်း လက်ချောင်းရောင်ရမ်းတာဖြစ်နိုင်ပါတယ်။ လက်ချောင်းတွေရောင်ရမ်းတာအပြင် နာကျင်ကိုက်ခဲမှုခံစားရတာ၊ အသားတွေပူနေတာ၊ ထုံကျဉ်တာတွေနဲ့တွဲပြီးဖြစ်နေပြီးတဖြည်းဖြည်းနဲ့ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သုံးဆပိုဖြစ်တတ်ပါတယ်။
အဆစ်ရောင်ခြင်းဖြစ်နိုင်ပါတယ်
အရိုးအဆစ်ရောင်ခြင်း၊ လေးဖက်နာအဆစ်ရောင်ခြင်း၊ ဂေါက်အဆစ်ရောင်ခြင်း စတာတွေကလည်း လက်ကိုထိခိုက်စေနိုင်ပါတယ်။ အတွေ့ရအများဆုံးဖြစ်တဲ့အရိုးအဆစ်ရောင်ခြင်းက မိသားစုမျိုးရိုးလိုက်တာကြောင့်ပဲဖြစ်ဖြစ်၊ ထိခိုက်မိတာကြောင့်ပဲဖြစ်ဖြစ် ဖြစ်ပွားနိုင်ပါတယ်။လက်မှာထိခိုက်မှုအများဆုံးနေရာကတော့ လက်မရဲ့အောက်ခြေနဲ့လက်ချောင်းတွေရဲ့အစွန်ပိုင်းအဆစ်တွေဖြစ်ပါတယ်။
ခြေထောက်နဲ့လက်မှာ လေးဖက်နာပိုးကြောင့် အဆစ်တွေ၊ ခြေဆစ်တွေရောင်ရမ်းရင် မကုသဘဲထားပါက သွေးလွှတ်ကြောကတစ်ဆင့်နှလုံးထိရောက်ရှိသွားပြီး နှလုံးထိခိုက်နိုင်ခြေများတာ၊ အဆို့မလုံတာကြောင့် နှလုံးအားနည်းတာတွေဖြစ်လာပါတယ်။ ASO ဖောက်စစ်တဲ့အခါ(၂၅၀)အိုင်(ယူ)ထက်များနေရင် ပင်နီဆလင်ဗွီ (၂၅၀) မီလီဂရမ်တစ်နေ့လေးကြိမ်ကို ခြောက်လအထိသောက်ခြင်း ဒါမှမဟုတ် တစ်လတစ်ကြိမ် ပင်နီဆလင်ထိုးနှံခြင်းကို (၁-၂) နှစ်အထိဆက်တိုက်ထိုးနှံခြင်းက ရောဂါပျောက်ကင်းနိုင်ပါတယ်။ ပင်နီဆလင်ဗွီစားဆေးစားခြင်း၊ပင်နီဆလင်ထိုးနှံခြင်းတို့ကို ကိုယ့်ဘာသာမဖြတ်သင့်ဘဲ ခြောက်လဒါမှမဟုတ် ရှစ်လကြာမှ သွေးဖောက်စစ်ကြည့်တာ ASO (၂၀၀ မီလီဂရမ်ရာခိုင်နှုန်း)ရဲ့ အောက်ဆိုရင် ကုသမှုအောင်မြင်တယ်လို့ယူဆပါတယ်။လက်ချောင်း၊ ခြေချောင်းတွေရောင်ခြင်း၊ နာကျင်ခြင်းတို့မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
သွေးလေးဖက်နာဖြစ်နိုင်ပါတယ်
သွေးဖောက်စစ်လို့ ASO က သာမန်သာရှိပြီး အရိုးအဆစ်ရောင်တာ၊လက်ချောင်း၊ ခြေချောင်းရောင်တာမကျဘူးဆိုရင် သွေးလေးဖက်နာဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေပိုအဖြစ်များပါတယ်။ ခုခံအား ကမောက်ကမရောဂါစုထဲမှာ ပါဝင်ပါတယ်။ ခုခံအားက ခန္ဓာကိုယ်ရဲ့ဆဲလ်ကောင်းတွေကို မှားယွင်းပြီး တိုက်ခိုက်ရာကနေဖြစ်လာတဲ့ရောဂါမျိုးပါ။ အဆစ်အမျက်အပြင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့တခြားစနစ်တွေပါထိခိုက်နိုင်ပါတယ်။ တစ်ကိုယ်လုံးထိခိုက်ရောင်ရမ်းလို့ စတီးရွိုက်ပေးရင်သက်သာနိုင်ပါတယ်။ စတီးရွိုက်ကြောင့်လည်း ခြေ၊ လက်ရောင်ရမ်းနိုင်ပါတယ်။အဆစ်အမျက်ရောင်ရမ်းကိုက်ခဲတာ ပျောက်ချင်ဇောနဲ့ စတီးရွိုက်စားဆေး၊ ထိုးဆေးပေးတာများရင်လည်း ဆေးရဲ့ဘေးထွက်ဆိုးကျိုးက အဆစ်ရောင်တာဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
Source: Myawady Web Portal

ဆေးလိပ်သောက်တဲ့သူတွေကို ပိုက်ဆံတွေမီးရှို့သူ၊ ကွမ်းစားတဲ့သူတွေကို အရည်မရ၊ အဖတ်မရလုပ်တဲ့သူလို့ လူကြီးသူမတွေကပြောလေ့ရှိကြပါတယ်။

လူငယ်ဘဝ ကျောင်းသားအရွယ်မှာ တခြားသူတွေ ဆေးလိပ်သောက်တာကို အတုယူပြီး စမ်းသပ်သောက်ကြရင်း ဆေးလိပ်သောက်တတ်သွားကြတာများပါတယ်။ စာရေးသူရဲ့အစ်ကိုဆိုရင် ငယ်ငယ်က ဆေးလိပ်မသောက်တတ်ပေမယ့် တက္ကသိုလ်တက်မှ ဆေးလိပ်စပြီးသောက်ပါတယ်။ အစပိုင်းမှာတော့ စီးကရက်ကိုသောက်ပေမယ့်နောက်ပိုင်းမှာ ဆေးပေါ့လိပ်ကို စွဲစွဲလမ်းလမ်းသောက်ပါတယ်။ မနက်အိပ်ရာကထရင် အိပ်ခန်းအပြင်ကို မထွက်သေးဘဲ အိပ်ရာဘေးမှာ ဆေးလိပ်ကိုဝအောင်ထိုင်သောက်ပြီးမှ အိပ်ခန်းထဲကနေထွက်တဲ့အထိ သောက်ပါတယ်။ ကွမ်းယာ၊ အရက်၊ ဘီယာမစားမသောက်ပေမယ့် ဆေးလိပ်ကိုတော့ စွဲစွဲလမ်းလမ်းသောက်ခဲ့တာကြောင့် အသက်(၆၅)နှစ်အရွယ်မှာ အဆုတ်ရောဂါ၊ အသည်းရောဂါတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။ မသေခင်ဝေဒနာကို အလူးအလိမ့် ခံစားသွားရပါတယ်။
စာရေးသူနဲ့ ကျောင်းနေဖက်သူငယ်ချင်း တစ်ယောက်ကတော့ ၁၀ တန်းကျောင်းသားဘဝကတည်းက စီးကရက်ကို စွဲစွဲမြဲမြဲနဲ့သောက်ပါတယ်။ စာသင်ချိန်နားလို့ ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်မှာ သွားထိုင်ကြရင် စီးကရက်သောက်ပါတယ်။ သူလည်းအသက် (၅၂)နှစ်မှာပဲ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
စာရေးသူလည်းငယ်စဉ်တုန်းကတော့ ဆေးလိပ်သောက်တဲ့သူဆီက ဆေးလိပ်မီးခိုးငွေ့ကိုတောင်မခံနိုင်ခဲ့ပေမယ့် ၁၀ တန်းကျောင်းသားဘဝမှာ သူငယ်ချင်းတွေဆီက အတုမြင်အတတ်သင်ဆိုသလို စီးကရက်စသောက်ဖြစ်ခဲ့ပါတယ်။ ဆေးလိပ်သောက်တာ အမေကမကြိုက်တော့ မသိအောင် သောက်ခဲ့ပါတယ်။ အိမ်ထောင်ကျတော့လည်း ဇနီးဖြစ်သူက ဆေးလိပ်သောက်တာမကြိုက်တော့ အိမ်ပြန်ရောက်ရင် ခြေဆေးလက်ဆေးရင်း သွားတိုက်ပါးစပ်ဆေးတဲ့အလုပ်ကို အမြဲလုပ်ခဲ့ရတယ်။
၁၉၉၃ ခုနှစ်က ရန်ကုန်မှာဌာနဆိုင်ရာသင်တန်း တစ်ခုတက်နေရင်း ကျန်းမာရေးမကောင်းဖြစ်တာ သင်တန်းပြီးလို့ပြန်လာတဲ့အထိပါပဲ။ အရပ်ထဲက ဆေးခန်းမှာကုသတာမသက်သာလို့ အထူးကုဆေးခန်းကိုသွားပြတော့ အဆုတ်အမြှေးရောင်ရောဂါဖြစ်နေတယ်လို့သိရပါတယ်။ ဆေးလိပ် သောက်လားလို့ ဆရာဝန်ကြီးကမေးတဲ့အခါ သောက်တဲ့အကြောင်းပြောပြတော့ ဆေးလိပ်ဆက်မသောက်ဖို့ ညွှန်ကြားပါတယ်။ သူများတွေလို ဆေးပေါ့လိပ်လည်းမသောက်တတ်လို့ စီးကရက်တွေသောက်ခဲ့တာ ကျောင်းသားအရွယ်ကနေ အသက်(၄၈)နှစ်အရွယ်အထိပါပဲ။ ခံစားရတဲ့ဝေဒနာဒဏ်က အတော်ခံလိုက်ရတာမို့ ဆေးလိပ်ကိုမသောက်တော့ဘဲ လုံးဝပြတ်သွားပါတယ်။
ဆေးလိပ်သောက်လို့ရလာတဲ့ ဆိုးကျိုးတွေဟာ ခန္ဓာကိုယ်ပြင်ပမှာ ထိခိုက်မိတဲ့ ဒဏ်ရာတွေလို အပေါ်ယံမှာမမြင်ရဘဲ အတွင်းကလီစာတွေကို တဖြည်းဖြည်းချင်း ထိခိုက်နေတယ်ဆိုတာ သတိမထားမိခဲ့ပါဘူး။ ခန္ဓာကိုယ်အပေါ်ယံမှာ တစ်ခုခုထိခိုက်မိလို့ဒဏ်ရာပျောက်သွားရင် အမာရွတ်ကျန်ရစ်သလို ဆေးလိပ်သောက်လို့ရတဲ့ ဒဏ်ရာတွေက အဆုတ်၊ အသည်း၊ နှလုံး စတဲ့ ကလီစာတွေမှာ အမာရွတ်သဘောကျန်ရစ်မှာတော့ အသေအချာပါပဲ။
အမေရိကတိုက်မှာ ဆေးရွက်ကြီး စတင်ပေါ်ပေါက်ခဲ့
ဆေးလိပ်ရဲ့အဓိကပစ္စည်းက ဆေးရွက်ကြီးဖြစ်ပါတယ်။ ဆေးရွက်ကြီးဟာ တစ်ရာသီခံအရွက်မျိုးဖြစ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးတဲ့ ဆေးရွက်ကြီးမျိုးက နီကိုရှီယားနား တက်ဘကန် (Nicotiana Tabacum ) ဖြစ်ပေမယ့် ကမ္ဘာ့အရှေ့ခြမ်းမှာ နီကိုရှီယားနားရပ်စ်တီကာ ( Nicotiana Rustica ) ကို ပိုပြီးစိုက်ပျိုးသုံးစွဲကြပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၆၀၀၀ ခန့်က အမေရိကတိုက်မှာ ဆေးရွက်ကြီးစတင်ပေါ်ပေါက်ခဲ့ကြောင်း ပညာရှင်တွေက ခန့်မှန်းခဲ့ကြပေမယ့် ခရစ်တော်မပေါ်မီ တစ်နှစ်အလိုမှာ အမေရိကတိုက်မှာနေထိုင်တဲ့ လူရိုင်းတွေ ဆေးရွက်ကြီးစတင်သုံးစွဲလာတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီအချိန်က ဆေးရွက်ကြီးကို ဘာသာရေး၊ လူမှုရေးဆိုင်ရာအခမ်းအနားတွေမှာ နတ်ဘုရားကိုပူဇော်တာ၊ ဆေးဝါးအဖြစ်နဲ့သုံးစွဲခဲ့ကြတာလို့ သိရပါတယ်။
ဆေးရွက်ကြီး ငုံတာ၊ ရေစိမ်သောက်တာ ရှေးအကျဆုံးဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆေးလိပ်၊ စီးကရက်အသွင်နဲ့သုံးစွဲလာကြပါတယ်။ ခရစ်စတိုဖာကိုလံဘတ်ဟာ ခရစ်နှစ် ၁၄၉၂ ခုနှစ်မှာ အမေရိကတိုက် ဗဟားမားကျွန်းကိုရောက်တဲ့အခါ ကျွန်းပေါ်မှာနေထိုင်ကြတဲ့ လူရိုင်းတွေကသစ်ရွက် တစ်မျိုးကို ရှူရှိုက်နေကြတာမြင်တွေ့ခဲ့ပါတယ်။ ကိုလံဘတ်လည်း ရှူရှိုက်ကြည့်ရာက နှစ်သက်ပြီး ဆေးလိပ်နဲ့ဆေးရွက်ကြီးမျိုးစေ့တွေကို ယူဆောင်လာခဲ့လို့ ဥရောပတိုက်ကို ဆေးရွက်ကြီး စတင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်းဥရောပတိုက်ကနေ ကမ္ဘာ့အရှေ့ခြမ်းဆီကိုရောက်လာပြီး ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ်နဲ့ ဂျပန်နိုင်ငံတွေမှာ ဆေးလိပ်သောက်သုံးမှု ပျံ့နှံ့ခေတ်စားလာခဲ့ပါတယ်။
၁၆ ရာစုအတွင်းက စပိန်နိုင်ငံကာရေဗီယမ်ကျွန်းစုတွေက ဆေးရွက်ကြီးတွေဟာ အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားဥရောပနိုင်ငံတွေအထိပါ လွှမ်းမိုးခဲ့ပါတယ်။ အင်္ဂလိပ်လူမျိုးတွေနဲ့ ဥရောပတိုက်သား လူကုံထံတွေက ဆေးတံသောက်တာကို လူကြီးလူကောင်းဓလေ့စရိုက်အဖြစ်နဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ကြပါတယ်။ ခရစ်နှစ် ၁၆၁၂ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ ဆေးရွက်ကြီးစိုက်ပျိုးပြီး ၁၀ နှစ်အကြာမှာ အောင်မြင်လာလို့ ဗာဂျီးနီးယားဆေးရွက်ကြီးဟာ ကမ္ဘာပေါ်မှာလွှမ်းမိုးခဲ့ပါတယ်။ ဗာဂျီးနီးယားဆေးရွက်ကြီးကို ပေါင်းတင်လိုက်ရင် ရွှေဝါရောင်တောက်ပလာတာကြောင့် Bright Tobacco လို့လည်းခေါ်ကြပါတယ်။
အခုအချိန်မှာ တရုတ်နိုင်ငံက ဆေးရွက်ကြီး အများဆုံးစိုက်ပျိုးပြီး အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘရာဇီး၊ အီတလီ၊ အင်ဒိုနီးရှား၊ တူကီယဲ၊ ဇင်ဘာဘွေနိုင်ငံတွေက အစဉ်လိုက် အများဆုံးစိုက်ပျိုးကြပါတယ်။ တစ်ကမ္ဘာလုံးမှာ ဆေးရွက်ကြီး စိုက်ပျိုးတဲ့နိုင်ငံ ၁၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ မြန်မာသက္ကရာဇ် ၉၉၁ ခုနှစ် သာလွန်မင်းလက်ထက်မှာ ဆေးလိပ်သောက်ဆေးစပြီးရောက်ရှိလာကြောင်း မှတ်တမ်းများအရသိရှိရပါတယ်။ စိန္တကျော်သူဦးသြရဲ့ သြဝါဒပျို့မှာ ဆေးတံညို တစ်တိုလောက်၊ ရော့သောက်တော့ပေးဆိုတဲ့ စကားအရရော၊ ဆေးတစ်အိုးကျွမ်း ကွမ်းတစ်ရာညက်ဆိုတဲ့ စကားတွေအရအဲဒီအချိန်ကတည်းက ဆေးလိပ်အသုံးပြုခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။
၁၉၈၀ ပြည့်နှစ်သုတေသနပြုလုပ်ချက်အရ ပြုပြင်ထားပြီးတဲ့ ဆေးရွက်ကြီးမှာ ဓာတုဓာတ်အမျိုးပေါင်း ၃၀၄၀ ပါဝင်တယ်လို့ သိရပါတယ်။ ဆေးရွက်ကြီးမှာ အဓိကအနေနဲ့ နီကိုတင်းနဲ့ နိုက်ထရိတ်၊ အေမင်း၊ ပရိုတင်းနှင့် အယ်လ်ကာလွိုက်တွေက ပြောင်းလဲလာပြီး ကင်ဆာရောဂါဖြစ်နိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ တာရှည်ခံအောင် ပြုပြင်ရာက ပိုလီဆိုင်ကလစ် အေရိုမေတစ် ဟိုက်ဒရိုကာဘွန် ( Poly-cyclic aromatic hydrocarbon) တွေ၊ စိုက်ပျိုးတဲ့ မြေနဲ့ လေတို့က ရေဒီယိုသတ္တိကြွ ပစ္စည်းတွေနဲ့ ကက်ဒ်မီယံဓာတ် (Cadmiun) တွေ ပါဝင်လာတယ်လို့ဆိုပါတယ်။ ဆေးလိပ်သောက်လို့ ဆေးရွက်ကြီး မီးလောင်ရင် ဓာတ်ပြောင်းလဲပြီး ဓာတုပစ္စည်းတွေ အများအပြားထွက်ပေါ်လာတယ် လို့သိရပါတယ်။
နှစ်မျိုးနှစ်စား ခွဲခြားလေ့လာနိုင်
ဆေးရွက်ကြီးထွက်ပစ္စည်းတွေကို အဓိကနှစ်မျိုးနှစ်စား ခွဲခြားလေ့လာနိုင်ပါတယ်။ ပထမတစ်မျိုးက အငွေ့ထွက်တဲ့ဆေးရွက်ကြီးပစ္စည်းတွေပါ။ စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ပြောင်းဖူးဖက်၊ ကွမ်းသီးဖက်ဆေးလိပ်၊ ဘီဒီဆေးလိပ်၊ ဆေးတံနဲ့ရေပြောင်းတွေ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ အငွေ့မထွက်တဲ့ဆေးရွက်ကြီးပစ္စည်းတွေ ဖြစ်ပါတယ်။ အဲဒီအုပ်စုမှာတော့ ဆေးရွက်ကြီးငုံတာ၊ ကွမ်းယာထဲမှာ ဆေးရွက်ကြီး၊ ဆေးပေါင်း၊ နှပ်ဆေးတွေထည့်စားတာနဲ့ ဆေးရွက်ကြီးကို ရေစိမ်သောက်တာတို့ဖြစ်ပါတယ်။
ဆေးလိပ်ငွေ့မှာလည်း ပင်မဆေးလိပ်က ထွက်လာတဲ့အငွေ့ကို ဆေးလိပ်အစီခံက တစ်ဆင့်ဖြတ်ပြီး ခန္ဓာကိုယ်အတွင်း ရှူရှိုက်လိုက်တဲ့အငွေ့နဲ့ ဆေးလိပ်မီးညှိပြီး ချထားချိန်ထွက်နေတဲ့ မီးခိုးငွေ့၊ ဆေးလိပ်သောက်တဲ့သူနားမှာ ရှူရှိုက်မိတဲ့အငွေ့တွေဖြစ်ပါတယ်။ လက်ရှိသုတေသနပြုချက်အရ ဆေးလိပ်မီးခိုးမှာ အမျိုးအစားသတ်မှတ်နိုင်တဲ့ ဓာတုပစ္စည်းအမျိုးပေါင်း ၄၀၀၀ ခန့်နဲ့ အမျိုးအစား မသတ်မှတ်နိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်တယ်လို့ သိရပါတယ်။
ဆေးလိပ်စသောက်လိုက်တာနဲ့ သုံးစက္ကန့်အတွင်း အဆိပ်ဓာတ်ငွေ့တွေပါတဲ့ ဆေးလိပ်မီးခိုးဟာ အဆုတ်၊ နှလုံး၊ ဦးနှောက်နဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ရောက်ရှိပြီး နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေတက်လာစေပါတယ်။ ခံတွင်းမှာရှိတဲ့ အမြှေးပါးလေးတွေကိုလည်း ပျက်စီးစေပါတယ်။ အဆုတ်အတွင်းမှာ အသက်ရှူလမ်းကြောင်းကိုပိတ်စေပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ကျန်ရစ်ပါတယ်။ အဲဒီကတစ်ဆင့် အစာအိမ်၊ ကျောက်ကပ်၊ ဆီးအိမ်စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဒုက္ခပေးပါတယ်။
ဆေးလိပ်ရှိုက်ဖွာပြီး ၁၀ စက္ကန့်အတွင်းမှာ ဦးနှောက်အတွင်းကို နီကိုတင်းရောက်ရှိသွားပါတယ်။ နီကိုတင်းဆဲလ်များ လှုံ့ဆော်မှုကြောင့် စိတ်ကိုသာယာမှုပေးတယ်။ အစာစားလိုစိတ် လျော့နည်းစေတယ်။ စိတ်ကိုတက်ကြွစေတယ်။ အာရုံခံစားမှုကို နိုးကြွစေတယ်။ မှတ်ဉာဏ်တိုးတက် စေတယ်။ စိတ်ခံစားမှုကို ပြောင်းလဲစေတယ်။ စိတ်သောကပူပင်မှု၊ စိတ်တင်းကျပ်မှု လျော့နည်းစေတယ်။ ဒီသတ္တိတွေကြောင့် ဆေးလိပ်သောက်လိုက်ရင် စိတ်တက်ကြွတာ၊ စိတ်တင်းကျပ်မှုနဲ့ စိတ်ဖိစီးမှုလျော့နည်းတာ၊ အာရုံခံစားလို့ကောင်းတာနဲ့စိတ်ရှုပ်ထွေးမှုတွေကို ဖြေရှင်းနိုင်တဲ့ အရသာကိုရရှိစေပါတယ်။ ဒါပေမဲ့ နီကိုတင်းဟာ စွဲလမ်းစေတာမို့ ဆေးလိပ်သောက်သူ၊ ဆေးရွက်ကြီးငုံသူတွေဟာ စွဲလမ်းသွားပါတယ်။
ကမ္ဘာ့လူဦးရေရဲ့သုံးပုံတစ်ပုံဟာ ဆေးလိပ်သောက်သုံးကြပြီး အမျိုးသားတွေသာမကဘဲ အမျိုးသမီးတွေပါသောက်ကြကြောင်း သိရပါတယ်။ ကလေးသူငယ်သန်းပေါင်း ၁၀၀၀ နီးပါးဟာ ဆေးလိပ်သောက်ကြပြီး သုံးပုံတစ်ပုံက ဆေးလိပ်ဆိုးကျိုးကြောင့် အရွယ်မတိုင်မီ သေဆုံးနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ဆေးလိပ်သောက်သုံးမှုကြောင့် ဆေးလိပ်အခိုးအငွေ့ထဲမှာပါဝင်တဲ့ နီကိုတင်းနဲ့ ကာဗွန်မိုနောက်ဆိုက်ဓာတ်တွေကြောင့် အဆုတ်မှတစ်ဆင့် ခန္ဓာကိုယ်သွေးကြောတွေဆီရောက်သွားပြီး နှလုံးခုန်နှုန်းမြန်စေပါတယ်။ အဲဒီရဲ့အကျိုးဆက်က နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ နှလုံးခုန်မမှန်တဲ့ရောဂါ၊ ဦးနှောက်သွေးကြောတွေပိတ်ပြီး လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ ပင်မသွေးကြောကြီးကို လွယ်ကူစွာပေါက်တဲ့ရောဂါ၊ ချောင်းဆိုးရင်ကျပ်ရောဂါ၊ အဆုတ်ကြောင့်ဖြစ်တဲ့ နှလုံးရောဂါ၊ ခြေချောင်းနဲ့ လက်ချောင်းထိပ်ပုပ်တဲ့ ရောဂါတွေခံစားရနိုင်ကြောင်း သိရပါတယ်။
ဒါ့အပြင် အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသံအိုးကင်ဆာ၊ အစာမျိုလမ်းကြောင်းကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားအိမ်ထိပ်ကင်ဆာတွေ ဖြစ်ပွားနိုင်တဲ့အပြင် ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ပွ၊ အဆုတ်ရောင်ရောဂါတွေလည်း ဖြစ်ပွားနိုင်တဲ့အတွက် ဆေးလိပ်ရဲ့ဆိုးကျိုးတွေဟာ အင်မတန်ကြောက်စရာကောင်းပါတယ်။
မျက်မှောက်ကာလမှာ ဆေးလိပ်၊ စီးကရက်နဲ့ အခြားဆေးလိပ်ထွက် ပစ္စည်းတွေနေရာမှာ အီးစီးကရက်ကို အစားထိုးအသုံးပြုလာကြပါတယ်။ ဆေးလိပ်သောက်တဲ့အစား အသုံးပြုတယ်ဆိုပေမယ့် အီးစီးကရက်တွေမှာလည်း ဆေးရွက်ကြီးထွက်ပစ္စည်းတွေကို အသုံးပြုထားတာဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ အစားထိုးသုံးစွဲတာမှန်ပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ဆိုးကျိုးတွေဖြစ်စေပါတယ်။ အီးစီးကရက်အများစုဟာ ဘက်ထရီတစ်လုံးက အပူပေးတဲ့ဒြပ်စင်ကွိုင်နဲ့ ဆေးရည်ထည့်တဲ့ ပြွန်ပါပါတယ်။ အများအားဖြင့် နီကိုတင်းပါဝင်တဲ့ အရည်တစ်မျိုးကို အပူပေးလိုက်ပြီး ထွက်လာတဲ့လေဖိအားနဲ့ အငွေ့တွေထွက်အောင် စီမံထားတာဖြစ်ပြီး ပုံမှန်စီးကရက်၊ ဆေးပြင်းလိပ်နဲ့ အခြားဆေးရွက်ကြီးထွက်ပစ္စည်းတွေထက် အနံ့အရသာ ပိုကောင်းအောင် စီမံထားတာဖြစ်ပါတယ်။ အဲဒီအီးစီးကရက်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာလဲ စွဲလမ်းစေတဲ့ နီကိုတင်းဓာတ်တွေ ပါဝင်နေပါတယ်။
အီးစီးကရက်ကအငွေ့ကို ရှူရှိုက်လိုက်တာနဲ့အဆုတ်ထဲကို အဆိပ်ငွေ့တွေရောက်သွားပါတယ်။ သူတို့ကမှုတ်ထုတ်လိုက်တဲ့ အငွေ့တွေက လေထုထဲကတစ်ဆင့် ဘေးလူတွေရဲ့အသက်ရှူလမ်းကြောင်းဆီကို ရောက်ရှိသွားတာမို့ သုံးစွဲသူသာမက ပတ်ဝန်းကျင်ကိုပါ ဆိုးကျိုးသက်ရောက်စေပါတယ်။
အထူးသဖြင့် လူငယ်တွေဟာ အတုမြင်အတတ်သင်ဆိုစကားလို အကောင်းအဆိုးကို ဝေဖန်ဆုံးဖြတ်နိုင်တဲ့ အသိနည်းပါးသေးတာကြောင့် ဆေးလိပ်၊ ကွမ်းယာတွေကို အလွယ်တကူ သုံးစွဲတတ်ကြပါတယ်။ ဆေးလိပ်ကနေအစပြုပြီး မူးယစ်ဆေးဝါး သုံးစွဲတဲ့လမ်းကြောင်းဆီကို ကူးပြောင်းတတ်တာကြောင့် လူငယ်တွေအပါအဝင် ဆေးလိပ်သောက်သုံးသူတွေအတွက် ကောင်းကျိုးလုံးဝမရှိဘဲ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဦးဆောင်မှုနဲ့ ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းမှာ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကိုလည်း ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့ ရက်စွဲနဲ့ ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့်ရရှိလာနိုင်တဲ့ ဆိုးကျိုးတွေကို တစ်ဦးချင်းစီက အသိတရားနဲ့ သတိထားပြီး မသုံးစွဲမိအောင် သတိပြုဆင်ခြင်ကြရပါမယ်။ အစလုပ်သုံးစွဲပြီး စွဲလမ်းမှပြန်ဖြတ်တာမျိုးထက် အစမလုပ်မိတာ အကောင်းဆုံးဖြစ်ပါတယ်။ ဘယ်လိုကောင်းကျိုးကိုမှ မရနိုင်တဲ့ ဆေးလိပ်သောက်တာကြောင့် ရလာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ မိမိကျန်းမာရေးအရ သက်တမ်းစေ့နေထိုင်ရေး နည်းလမ်းနှစ်မျိုးကို ရွေးချယ်ရမည်ဆိုလျှင် မိမိကျန်းမာရေးကိုသာ ဦးစားပေးရွေးချယ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
ကိုးကား -
- ဆေးလိပ်အန္တရာယ်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးလိပ်ကင်းဝေးရေးစီမံချက်
- နေ့စဉ်ထုတ်သတင်းစာများ
Source: www.moi.gov.mm

ကိုယ်အလေးချိန်ကျလိုသူများ စားသင့်သောပိန်းဥ
ပိန်းဥအလေးချိန် ၁၀၀ ဂရမ်တွင် ၁၁၂ ကယ်လိုရီပါဝင်သဖြင့်အာလူးထက် ကယ်လိုရီပိုများနေသောကြောင့် လွန်ကဲစွာစားသုံးမိပါက ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက် ပေါင်ချိန်တက်စေနိုင်သည်။ ထိုက်သင့်သလောက် ပိန်းဥပမာဏကို မကြာခဏစားပေးပါက ရသင့်သော ကျန်းမာရေးအကျိုးကျေးဇူးများကို ဘေးဥပဒ်ကင်းစွာ ရရှိနိုင်မည်ဖြစ်သည်။ ပိန်းဥတွင် အဆီမပါသကဲ့သို့ ကိုလက်စထရောမပါဝင်သဖြင့် ကယ်လိုရီတက်မည်ကိုပူပင်စရာမရှိဘဲ ဗိုက်ပြည့်၍ သွေးလှည့်ပတ်မှုကိုကောင်းစေသည်။ ပိန်းဥတွင် ဗက်တီးရီးယားကိုကာကွယ်နိုင်သော ဂုဏ်သတ္တိများပါဝင်သောကြောင့် ပုံမှန်စားပေးပါက အအေးမိဖျားနာခြင်းမဖြစ်နိုင်ပေ။ ပိန်းဥတွင် ကစီဓာတ်(ကာဗိုဟိုက်ဒရိတ်) များစွာပါဝင်၍ လိုအပ်သောစွမ်းအင်ကိုရရှိစေပြီး အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်သည် အစာခြေစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေကာ ကျန်းမာသော ကိုယ်အလေးချိန်လျော့ကျမှုကို ဖြစ်စေသည်။
ပိန်းဥတွင်ပါဝင်သော ကစီဓာတ်
ပိန်းဥတွင်ပါဝင်သော ကစီဓာတ်ကြောင့် ကိုလက်စထရောကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေသည်။ ပိန်းဥသည် ကာဗိုဟိုက်ဒရိတ်များသောအစားအစာဖြစ်သည်နှင့်အညီ ပိန်းဥ ၁၀၀ ဂရမ်တွင် ကာဗိုဟိုက်ဒရိတ်၂၆ ဒသမ ၄၆ ဂရမ်အထိပါရှိသည်။ လူတို့အတွက် ကာဗိုဟိုက်ဒရိတ်နည်းပါးခြင်းသည် အကျိုးမရှိနိုင်သော်လည်း ပိန်းဥတွင်သိသာထင်ရှားစွာပါဝင်သော အမျှင်ဓာတ်ကြောင့် ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းကို ကာကွယ်ပေးသည်။ အမျှင်ဓာတ်သည် လူတို့မချေဖျက်နိုင်သော ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်သည်။ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုရှိပါက အစာခြေခြင်းကို နှေးကွေးစေသည်။ ထို့ပြင် ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ကို ကာဗိုဟိုက်ဒရိတ်မှပေးသဖြင့် ပိန်းဥအတွင်းရှိ ကစီဓာတ်နှင့်အမျှင်ဓာတ်ပေါင်းစပ်ခြင်းဖြင့် ဆီးချိုရောဂါအတွက်သင့်တော်သော ကာဗိုဟိုက်ဒရိတ်ကိုရရှိစေမည်ဖြစ်သည်။ လေ့လာတွေ့ရှိချက်များအရ တစ်ရက်လျှင် အမျှင်ဓာတ် ၁၀ ဂရမ် စားသုံးသူများသည် နှလုံးရောဂါဖြစ်ခြင်းမှ ၁၇ ရာခိုင်နှုန်း လျော့ကျစေခြင်းကြောင့် ပိန်းဥသည် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ပါးစေသည်ဟုဆိုနိုင်သည်။
နှလုံးကျန်းမာရေးကို ကောင်းမွန်စေသော ပိန်းဥ
ပိန်းဥ၏ ကျန်းမာရေးကောင်းကျိုးများတွင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ အစာခြေလုပ်ငန်းစဉ်ကို တိုးတက်စေခြင်း၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်းတို့ ပါဝင်သည်။ ပိန်းဥတွင်ကိုယ်တွင်းအစာခြေခြင်းကို ဟန့်တားပေးနိုင်သော ကစီဓာတ် Resistant Starch များ ပါဝင်နေမှုများသောကြောင့်ထပ်မံအစားစားလိုစိတ်ကို လျော့ကျစေပြီး ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် အထောက်အကူပြုစေမည်ဖြစ်သည်။
ပိန်းဥ၏ ဆိုးကျိုးဖြစ်စေသောအရာများ
ပိန်းဥတွင် အကျိုးများစေသောအချက်များရှိသကဲ့သို့ ဆိုးကျိုးဖြစ်စေသောအချက်တစ်ခုမှာ ယင်းတွင် ကယ်လ်စီယမ်အောက်စာလိတ် (Calcium Oxalate) ဟုခေါ်သော သဘာဝအတိုင်းတွေ့ရသည့် ခန္ဓာကိုယ်အတွင်းဖြစ်ပေါ်သော ဒြပ်ပေါင်းတစ်ခုပါဝင်ခြင်းကြောင့် အဆစ်အမျက်ရောင်ရမ်းခြင်း၊ ဂေါက်ရောဂါကို အစပျိုးစေခြင်း၊ ကျောက်ကပ်တွင်ကျောက်တည်ခြင်း ဖြစ်ပေါ်စေသည်။ ပိန်းဥကို အစိမ်းစားပါက ယင်းတွင်ပါဝင်သော အောက်စာလိတ်(Oxalate)ကြောင့် လည်ပင်းကို မအီမသာဖြစ်စေပြီး ပါးစပ်တွင်း၌ ထုံကာတောက်တတ်သည်။ တချို့သောပိန်းဥအမျိုးအစားများသည် ချွဲကျိကျိများထုတ်သောကြောင့် ပါးစပ်ယားယံပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေသည်။ ထိုသို့ဖြစ်ပါက ပိန်းဥကိုချက်ပြုတ်ခြင်းဖြင့် ဓာတ်ပြယ်စေနိုင်သည်။ ကြီးမားသောပိန်းဥပင်ကြီးများတွင် မည်သည့်အစိတ်အပိုင်းမဆို အစိမ်းစားမိပါက ရုတ်တရက်နာကျင်ခြင်း၊ နှုတ်ခမ်းပါးစပ်နှင့် လျှာရောင်ရမ်းခြင်း၊ အပူလောင်ခြင်းများဖြစ်စေသည်။ ရောင်ရမ်းခြင်းကြောင့်တံတွေးများခြင်း၊ အသက်ရှူရန်ခက်ခဲခြင်း၊ အစာစားရာတွင်မျိုချရန်ခဲယဉ်းကာ စကားပြောရန်ခက်ခဲခြင်းများကြုံရမည်။ မျိုချမိပါက အစာအိမ်ရောဂါဖြစ်စေနိုင်သည်။ ပိန်းဥတွင် ကျန်းမာရေးအတွက်အကျိုးရှိသော အပင်မှထွက်သည့် ပိုလီဖီနော(Polyphenol) ဒြပ်ပေါင်းပါရှိသဖြင့်ကင်ဆာရောဂါအမျိုးမျိုးကိုကာကွယ်ပေးပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်သောအစွမ်းရှိသည်။ ပိန်းဥတွင်တွေ့ရသော Polyphenol သည် ကြက်သွန်နီ၊ပန်းသီးနှင့် လက်ဖက်တို့တွင်ရှိသော ကွာဆက်တင် (Quercetin) ဒြပ်ပေါင်းအမျိုးအစားဖြစ်သည်။ ယင်းဒြပ်ပေါင်းသည် ကင်ဆာဆဲလ်များကိုသေစေနိုင်ပြီးကင်ဆာရောဂါအမျိုးမျိုးဖြစ်ပေါ်ခြင်းကိုနှေးကွေးစေသည်။ ယင်းသည် ဓာတ်တိုးဆန့်ကျင်မှု (Antioxidant)ကို ကာကွယ်ပေးနိုင်သော အစွမ်းထက် Free Radical များကို ကာကွယ်ပေးသည်။
ပိန်းဥအစိမ်းတွင်ပါဝင်သော Oxalate ဓာတ်သည် ဂေါက်ရောဂါနှင့် ကျောက်ကပ်တွင် ကျောက်တည်ခြင်းတို့ကို အားပေးစေနိုင်သဖြင့် သေချာစွာ အပူပေးချက်ပြုတ်ပြီးမှသာ စားသောက်သင့်သည်။ ပိန်းဥကို အလွန်ကြိုက်နှစ်သက်ကြသော အဆိုပါရောဂါရှိသူများသည် Oxalate ဓာတ်ပြယ်စေရန် ပိန်းဥကို နွားနို့ သို့မဟုတ် ကယ်လ်စီယမ်ကြွယ်ဝစွာပါရှိသော အစားအစာတစ်ခုခုဖြင့် တွဲဖက်၍စားသင့်သည်။ သို့သော် မလိုလားအပ်သောပြဿနာများ မဖြစ်စေရေးအတွက်ထိုရောဂါဝေဒနာရှင်များအနေဖြင့် ပိန်းဥနှင့်ပိန်းရိုးတို့ကို ရှောင်နိုင်လျှင် ပိုကောင်းသည်။
ပိန်းရိုးဟင်းခါး
ပိန်းပင်မှပင်စည်ဖြစ်သည့် ပိန်းရိုးကိုမူဟင်းခါး သို့မဟုတ် ဟင်းချိုအဖြစ် စားသောက်လေ့ရှိကြသည်။ ပိန်းဥနှင့် ပိန်းရိုးတို့တွင် Oxalate ဓာတ်ပါရှိသဖြင့် အစိမ်းစားမိပါက ထိုဓာတ်များသည် လူကိုအဆိပ်ဖြစ်စေသည်။ ထို့ကြောင့် Oxalate ဓာတ်များပျက်ပြယ်သွားစေရန် ပိန်းဥကို မချက်ပြုတ်မီ တစ်ညတာ ကြိုတင်၍ ရေစိမ်ထားသင့်သည်။
သွေးအားနည်းရောဂါကာကွယ်ပေးသည့် ပိန်းရွက်
လူတစ်ဦးသည် ၁၀-၂၀ မီလီဂရမ်ရှိသော သံဓာတ်ပါဝင်သည့် အစားအစာကို
စားသုံးသော်လည်း သံဓာတ် ၁ မီလီဂရမ်ခန့်သာ ၎င်း၏ခန္ဓာကိုယ်က စုပ်ယူနိုင်သည်။ အစာအာဟာရတွင် သံဓာတ်နည်းပါးပါက သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါဖြစ်စေတတ်သည်။ အစာအာဟာရမှရရှိသော သံဓာတ်သည် ခန္ဓာကိုယ်အတွင်း အဓိကလိုအပ်သော အရင်းအမြစ်ဖြစ်သည်။ ပိန်းရွက်သည် သံဓာတ်ပေါကြွယ်ဝသော အဓိကအရင်းအမြစ်ဖြစ်သောကြောင့် ပိန်းရွက်ကို ပုံမှန်ချက်ပြုတ်စားသောက်ခြင်းဖြင့် သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်သည်။ ပိန်းရွက်တွင် ထရီအိုနင်း(Threonine )ဟုခေါ်သော အမိုင်နိုအက်စစ်တစ်မျိုးပါဝင်သည်။ ယင်းအမိုင်နိုအက်စစ်သည် သာမန်အရေပြားအတွက် အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ခန္ဓာကိုယ်အတွက် ကျုံ့နိုင်ဆန့်နိုင်သော ပရိုတင်းဓာတ်တစ်မျိုးကိုထုတ်ပေးသည်။ လုံလောက်သောThreonine အမိုင်နိုအက်စစ်ပမာဏသည်အသက်ကြီး၍ အရေပြားတွန့်ခြင်းနှင့်အသားအရေတွန့်ခြင်းတို့ကို ကာကွယ်ပေးသည်။ Threonine အမိုင်နိုအက်စစ်ပါသော ပိန်းရွက်ကို ချက်ပြုတ်စားသောက်ခြင်းဖြင့် အသားအရေကို ကြည်လင်ပြီးအရွယ်တင်နုပျိုစေသည်။
ပိန်းဥ၏ကျန်းမာရေးအတွက် အရေးပါမှု
ပိန်းဥ၏ကျန်းမာရေးအတွက် အရေးပါပုံများအနေဖြင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေခြင်း၊ ကြက်မျက်သင့်ဝေဒနာရှင်များကို အကျိုးပြုခြင်း၊ မျက်စိအစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ မျက်ဝန်းတစ်ဝိုက်ရှိ အရေပြားကို တင်းရင်းစေခြင်း၊ ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေသွားသောဆဲလ်များပြန်လည်တည်ဆောက် ထုတ်လုပ်မှုကို အထောက်အကူပြုပေးခြင်း၊ နှုတ်ခမ်းနာခြင်း၊ ကွဲအက်ခြင်းတို့ကိုသက်သာကောင်းမွန်စေခြင်း၊ အရိုးများကို ကျန်းမာသန်စွမ်းစေရန် အထောက်အကူပြုခြင်း၊ သွေးထဲရှိသကြားပမာဏကို ပုံမှန်ဖြစ်စေခြင်း၊ လည်ပင်းအကျိတ်၊ သိုင်းရွိုက်ဂလင်းပြဿနာများကို သက်သာကောင်းမွန်စေခြင်း၊ အာရုံကြောများကို တိုးတက်ကောင်းမွန်စေခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းနှင့်မူးဝေထိုင်းမှိုင်းခြင်းတို့ကို ကာကွယ်ပေးခြင်း၊ မိတ်၊ အင်ပျဉ်ကဲ့သို့သောအရေပြားပေါ်တွင် အဖုအပိမ့်အနီကွက်ထခြင်းတို့ကို သက်သာစေခြင်း၊ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးသည့်အပြင်ဆံပင်ကိုနက်စေခြင်း၊ ကိုလက်စထရောပမာဏ ပုံမှန်ဖြစ်စေခြင်း၊ ကြွက်သားများတည်ဆောက်မှုကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးတိုးကျစေခြင်း၊ မျိုးပွားခြင်းကိုလည်း ကောင်းစွာအထောက်အကူပြုခြင်း၊ သွားနှင့်သွားဖုံးကျန်းမာရေးကို အထောက်အကူပြုခြင်း၊ အဆုတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေခြင်း၊ ပင်ပန်းနွမ်းလျမှုကို ပြေလျော့စေခြင်း၊ကိုယ်အလေးချိန်ကျစေခြင်း၊အကြားအာရုံချို့ယွင်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ ဒဏ်ရာကို အမြန်ကျက်စေခြင်း၊ အူသိမ်၊အူမကြီးလုပ်ဆောင်ချက်များကိုအထောက်အကူပြုခြင်း၊ ခန္ဓာကိုယ်တွင်းကျန်းမာရေးကို အထောက်အကူပြုရုံသာမက အရေပြားကျန်းမာရေးကိုလည်း များစွာအကျိုးပြုကာအရွယ်တင်နုပျိုစေခြင်း၊ နာတာရှည်ဝမ်းလျှောခြင်းမှ ကာကွယ်ပေးခြင်း၊ မကြာခဏအအေးမိခြင်းနှင့် ပြင်ပရောဂါများ အလွယ်တကူဝင်ရောက်ခြင်းတို့ကို ဟန့်တားပေးပြီး ကိုယ်ခံအားကိုလည်း ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများစွာပေးနိုင်သည့် ပိန်းဥကို လူတိုင်းသင့်တင့်မျှတစွာ စားသုံးသင့်သည်။
အချုပ်အားဖြင့်ဆိုရသော် သဘာဝအလျောက် ပေါက်လေ့ရှိသောပိန်းဥကို စီးပွားဖြစ်ရောင်းဝယ်ဖောက်ကားနိုင်သောပိန်းဥများအဖြစ် နေရာဒေသများစွာ၌စိုက်ပျိုးကြမည်ဆိုပါက ပိန်းဥရောင်းကုန်မှဝင်ငွေသည် အပိုဝင်ငွေဖြစ်လာနိုင်သည်။ပိန်းဥကို စီးပွားဖြစ်စိုက်ပျိုးပြီး ပိန်းဥကိုသန့်စင်အခြောက်ခံ၍ဖြစ်စေ၊ တန်ဖိုးမြှင့်ပို့ကုန်အဖြစ်ဖြစ်စေ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်လျှင် နိုင်ငံခြားဝင်ငွေရရှိမည်ဖြစ်သည်။ ပိန်းရွက်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်သဖြင့်တိရစ္ဆာန်အစာခြောက် ပြုလုပ်၍လည်းရောင်းချနိုင်သည်။ ပိန်းဥတွင် Poly-phenols နှင့် Antioxidant ပါဝင်မှုကြောင့် ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို တိုက်ဖျက်စေသည့်အပြင် ခန္ဓာကိုယ်အတွက် ရောဂါဖြစ်စေသော ဓာတ်တိုးခြင်းကို ကာကွယ်ပေးသည်။ ပိန်းဥတွင်ကာဗိုဟိုက်ဒရိတ်များခြင်းကြောင့် ခန္ဓာကိုယ်အားဖြစ်စေခြင်း၊အမျှင်ဓာတ်များခြင်းကြောင့် အစာချေဖျက်အားကောင်းစေခြင်း၊ ပိုတက်ဆီယမ်ပါဝင်ခြင်းကြောင့် သွေးဖိအားကို ထိန်းသိမ်းစေခြင်း စသည့်ကျန်းမာရေးအတွက် အကျိုးများစွာရရှိစေနိုင်သည့်ပိန်းဥကို အစာလည်းဆေး၊ ဆေးလည်းအစာဆိုသော်လည်း တန်လျှင်ဆေး၊ လွန်လျှင် ဘေးဖြစ်တတ်သောကြောင့် သင့်တင့်မျှတစွာစားသုံးသင့်ကြောင်း ရေးသားလိုက်ရပါသည်။

အရင်တုန်းက ကျောင်းစာပေဟောပြောပွဲမှာလူငယ်တွေ ကျောင်းသားလေးတွေကို မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ပြောပြခဲ့ဖူးပါတယ်။ အဓိကက ဆေးလိပ်သောက်တာ လုံးဝရှောင်သင့် တယ်ဆိုတာပါ။ ဆေးလိပ်သောက်ရင် လူ့သက်တမ်းတိုစေတယ်၊ ကင်ဆာရောဂါတွေဖြစ်စေတယ် စတဲ့ဆိုးကျိုးတွေပဲ ရနိုင်တယ်။ ဆေးလိပ်သောက်တဲ့ အကျင့်ကို လုံးဝအစမလုပ်ပါနဲ့၊ ငြင်းပယ်သင့်တယ်ဆိုတာကို ကျောင်းသားအရွယ်လူငယ်တွေကို အကြိမ်ကြိမ်ပြောခဲ့တယ်။ အတန်းလစ်ပြီး ကျောင်းပြင်ပမှာ ဆေးလိပ်စီးကရက်လေး လက်ကြားညှပ်ပြီး စတိုင်ထုတ်ကြတဲ့ကလေးတွေ ဆေးလိပ်ရဲ့ဆိုးကျိုးကို သိသွားတယ်။ သိလို့ရှောင်သွားကြတယ်။

အခုလက်ရှိမှာက ကျောင်းသားအရွယ် လူငယ်လေးတွေရော ကျောင်းပြင်ပရောက် လူငယ်လူရွယ်လေးတွေရဲ့ စတိုင်ထုတ်ပုံပြောင်းသွားကြပါတယ်။ လက်ကြားမှာ စီးကရက်လေးနဲ့ဆိုတာ မဟုတ်တော့ပါဘူး။ လည်ပင်းကြိုးဆွဲလေးနဲ့ သေးသွယ်လှပတဲ့ Vape pen လေးက အစားထိုးနေရာယူနေပါပြီ။ အရောင်မျိုးစုံ၊ ပုံစံအမျိုးမျိုးတွေနဲ့လာတဲ့ Vape Device လေးတွေက သူတို့လေးတွေအတွက် သပ်ရပ်ကြော့မော့ smart ဖြစ်နေတာလည်းပါပါတယ်။
မှားယွင်းစွာယုံကြည်နေ
ဒါ့အပြင် အနံ့အရသာမျိုးစုံနဲ့ ဆွဲဆောင်ထားတဲ့အတွက် အခုနောက်ပိုင်းမှာ သုံးစွဲသူလူငယ်တွေ ကျောင်းသားတွေ သိသိသာသာတိုးပွားလာပါတယ်။ လူငယ်တွေဟာ ပုံမှန်ဆေးလိပ်စီးကရက်ထက် Vape ကို ပိုပြီးနှစ်သက်လာကြတယ်။ အကြောင်းကတော့ Vape ဟာ ဆေးလိပ်ထက် ပိုပြီးအန္တရာယ်နည်းတယ်လို့ မှားယွင်းစွာယုံကြည်နေကြလို့ပဲ ဖြစ်ပါတယ်။ ကျောင်းသားလူငယ်သားတို့ သမီးတို့ Vape ဆိုတာကို မသိသေးတာလည်းပါပါတယ်။ အမှန်တကယ်က Vape ရဲ့အန္တရာယ်ဟာ ကြီးမားပါတယ်။ ဆေးလိပ်ထက်တောင် အန္တရာယ်ရှိတဲ့ Vape သုံးစွဲမှုရဲ့ ဆိုးကျိုးတွေကများလွန်းပါတယ်။ အန္တရာယ်ရှိတယ်၊ ဆိုးကျိုးတွေလည်းများတဲ့အကြောင်းကို ပြောပြရပါမယ်။ ရှင်းပြရပါတော့မယ်။ ကျောင်းသား အရွယ်လူငယ်လေးတွေ အမှန်သိရှိပြီး ရှောင်ရှားနိုင်စေဖို့ ဖြစ်ပါတယ်။
Vape လုပ်တယ်ဆိုတာ အီးစီးကရက်က ထွက်တဲ့အငွေ့တွေကို ရှူရှိုက်တာကို ခေါ်ပါတယ်။
Vaping ဆိုတာက အီးစီးကရက်နဲ့ Vape pen အစရှိတဲ့ လက်ကိုင်ကိရိယာတစ်ခုခုထဲကို ဓာတုရည် (e-liquid) ထည့်ပြီး အပူပေးလိုက်တယ်။ အပူပေးလို့ ရလာတဲ့အငွေ့ကို ရှူရှိုက်တာဖြစ်ပါတယ်။
စီးကရက်ဆေးလိပ်သောက်တာဟာ ဆေးရွက်ကြီး (tobacco)ကို မီးရှို့ပြီးရတဲ့ အငွေ့ကို ရှူရှိုက်တာပါ။ vaping ကတော့ e-liquid အငွေ့ကို ရှူသွင်းတာဖြစ်တယ်။ အီးစီးကရက် (Electronic Cigarette)တို့ ၊ Vape pen တို့ ဆိုတာက e-liquid အရည်ကိုအပူပေးပြီး ရှူရှိုက်သွင်းဖို့ အသုံးပြုတဲ့ ကိရိယာတစ်ခုဖြစ်တယ်။ E-liquid ကို E-cigarette Vape pen ထဲထည့်ပြီး အငွေ့ရှူကြတယ်။
E-liquid မှာ ရေငွေ့၊ အရသာရှိစေတဲ့အရာ (Flavoring)၊ စွဲလမ်းတတ်တာအပြင် ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ နီကိုတင်းဓာတ် (Nicotine)နဲ့ အငွေ့အဖြစ် ပြောင်းလဲဖို့သုံးတဲ့ Propylene glycol glycerin (အလှဆီ)တို့ ပါဝင်ပါတယ်။
ဓာတုပစ္စည်း ၄၀၀၀ ကျော်ပါဝင်
အီးစီးကရက်နဲ့ Vape pen တွေကထွက်တဲ့ အငွေ့တွေမှာ လူကိုအန္တရာယ်ပေးစေတဲ့ ဓာတုပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ကင်ဆာဖြစ်စေတဲ့ ပစ္စည်း ၄၀ ကျော် ပါဝင်နေပါတယ်။ အဲဒီဓာတ်ပစ္စည်းတွေက နှလုံးနဲ့ သွေးလှည့်ပတ်မှုကို ထိခိုက်စေပါတယ်၊ အဆုတ်ကို ထိခိုက်စေတယ်၊ သွားနှင့်ခံတွင်းကိုလည်း ပျက်စီးစေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။
အဲဒီဓာတုပစ္စည်းတွေကို မီးနဲ့အပူပေးလိုက်တဲ့ အခါမှာ ဓာတ်ပြုကြပြီး Formaldehyde တွေ ထွက်လာပါတယ်။ ထွက်လာတဲ့အထဲကတချို့ဟာ အဆိပ်အတောက်ဖြစ်စေပြီး ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်။
အီးစီးကရက်နဲ့ Vape pen တွေမှာပါတဲ့ နီကိုတင်းဟာ သာမန်ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းထက် ပိုမိုသန့်စင်အောင်ပြုလုပ်ပြီး ထုတ်ထားတာ ဖြစ်ပါတယ်။ နီကိုတင်းပါဝင်မှုပိုများတာ ကြောင့် Vape ရှူလိုက်ရင် ခန္ဓာကိုယ်အသက်ရှူလမ်းကြောင်းထဲဝင်သွားတဲ့ နီကိုတင်းပမာဏဟာ သာမန်ဆေးလိပ်တစ်လိပ်ကို ရှူလိုက်လို့ဝင်လာတဲ့ ပမာဏထက်ပိုများတာသေချာနေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါတွေဖြစ်စေတဲ့အပြင် လေဖြတ်တာ၊ ခြေလက်တွေ သွေးကြောပိတ်ပြီး ပုပ်တာ၊ ဦးနှောက်နဲ့ အာရုံကြောတွေ ထိခိုက်တာ၊ ဆီးချိုသွေးချိုဖြစ်တာ၊ ဟော်မုန်းတွေပုံမှန်မဖြစ်တော့တာ၊ အရိုးတွေပွတာ၊ ကြွက်သားတွေနာကျင်တာနဲ့ အသက်တိုစေတာ စတဲ့နီကိုတင်းကြောင့် ဖြစ်ရတဲ့ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရမှာဖြစ်တယ်။
နီကိုတင်းအပြင် အနံ့အရသာမျိုးစုံပါနေတယ်။ အဲဒါတွေကိုလည်း ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံးကို ဓာတ်တိုးစေပြီး(oxidation) အသားအရေရောင်ရမ်းတာ (inflammation) ဖူးရောင်တာတွေဖြစ်စေတယ်။ အာခေါင်ခြောက်တာ၊ ချောင်းဆိုးတာကစလို့ အသက်ရှူလမ်းကြောင်းကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။
အကြိမ် ၃၅၀ အထိ ရှူရှိုက်နိုင်
Vaping တစ်ခါတစ်ရှိုက်ရှူလိုက်ရုံနဲ့ နှလုံးခုန်နှုန်းတက်လာတယ်။ သွေးပေါင်အနည်းငယ်တက်တယ်။ ဒါဟာ တစ်ကြိမ်တစ်ခါပဲ ရှိပါသေးတယ်။ ဆေးလိပ်တစ်လိပ်ကို ၇-၈ ကြိမ်လောက် ရှူလိုက်လျှင် ကုန်ဆုံးသွားနိုင်ပေမယ့် အီးစီးကရက်တစ်လိပ် Vape pen တစ်ခုက Vaping အကြိမ် ၃၅၀ အထိ ရှူရှိုက်နိုင်ပါတယ်။
အကြိမ်ရေများလေလေ ရောဂါတွေရဖို့များလေလေဖြစ်တယ်။ ရှူရှိုက်တဲ့အကြိမ်များလာရင် သုံးစွဲတဲ့ကာလကြာလာရင် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါတွေအပြင် လေဖြတ်ရောဂါတွေဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။
ဓာတုပစ္စည်းတွေ မီးရှို့ရာကထွက်လာတာကို ရှူရှိုက်လိုက်တာဖြစ်လို့ အဆုတ်ကိုထိခိုက်စေပါတယ်။ “Diacetyl” က အဆိုးဆုံးပါပဲ။ အဆုတ်ကို တိုက်ရိုက်ဖျက်ဆီးပါတယ်။ ဓာတ်မှန်ရိုက်ကြည့်မှ အဆုတ်မှာ အဖြူရောင်အလုံးတွေ တွေ့ရလေ့ရှိပါတယ်။ လေပြွန်တွေရောင်ရမ်းပြီး အဆုတ်မှာ ပြန်မကောင်းနိုင်တော့တဲ့ ပေါက်ပေါက်ဆုပ်လို အမာရွတ်တွေ (Popcorn Lung) ဖြစ်တတ်ပါတယ်။ ကြောက်စရာအကောင်းဆုံး အနေအထားလို့တောင် ပြောနိုင်တယ်။
Vape ကြောင့် အဆုတ်ထိခိုက်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေလည်း ရှိခဲ့တယ်ဆိုတာကို မှတ်တမ်းတွေမှာ တွေ့ရတယ်။ အခုလိုအန္တရာယ် တွေများလွန်းနေလို့ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်နဲ့ မက္ကဆီကို အစရှိတဲ့ နိုင်ငံတွေမှာ Vape သုံးစွဲတာ၊ အီးစီးကရက်သောက်သုံးတာကို ပြင်းထန်စွာ တားမြစ်ကန့်သတ်ထားပါတယ်။ ကျန်တဲ့ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာလည်း တားမြစ်မှုလုပ်ဆောင်ဖို့အစီအစဉ်တွေချမှတ်ကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
Vape ကနေထွက်တဲ့ ရေငွေ့ကို ရှူရှိုက်ကြတာဖြစ်တယ်၊ မီးခိုးငွေ့မဟုတ်လို့ အန္တရာယ်မဖြစ်ပါဘူးလို့ အထင်မှားနေကြတယ်။ ဆေးလိပ်လုံးဝမသောက်ဖူးတဲ့ လူငယ်တွေက အီးစီးကရက်ကို အန္တရာယ်ကင်းတယ်ထင်ပြီး သုံးနေကြတယ်။ Vaping ဆိုတာက ဆေးလိပ်သောက်တာနဲ့ အတူတူပါပဲ။ အဆုတ်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာ သိဖို့လိုပါတယ်။ နားလည်ဖို့အရေးကြီးပါတယ်။ စီးကရက်သောက်တဲ့သူ မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ရှူလိုက်ရတဲ့သူ ဆေးလိပ်မသောက်ဘဲနဲ့ ဆေးလိပ်သောက်တဲ့သူနဲ့တန်းတူ ရောဂါရစေပါတယ်။ ဒီလိုပါပဲ Vape ရှိုက်တဲ့သူတွေဆီက ထွက်လာတဲ့အငွေ့ကို ရှူမိတဲ့သူတွေဟာလည်း Vape ရှိုက်တဲ့သူတွေ နီးပါးလိုလိုကို အန္တရာယ်ဖြစ်စေပါတယ်။
စမ်းကြည့်ရင်းစွဲလမ်းသွား
အီးစီးကရက်ကို စထုတ်လုပ်ခဲ့တဲ့ ပထမဦးဆုံး ရည်ရွယ်ချက်က ဆေးလိပ်သောက်သူတွေ ဆေးလိပ်ဖြတ်ရာမှာ အစားထိုးအသုံးပြုနိုင်ဖို့ ထုတ်ခဲ့တာပါ။ တဖြည်းဖြည်းနဲ့ အခုဆိုရင်အီးစီးကရက်တို့၊ Vape pen တို့ဟာ လည်ပင်းစွဲပြီး Style ထုတ်ရင်း Vape သောက်နေကြတဲ့ ဆယ်ကျော်သက်တွေနဲ့ လူငယ်လူရွယ်တွေအတွက် ဖြစ်လို့နေပါပြီ။
အခု လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကြားထဲမှာ အီးစီးကရက်၊ Vape pen သောက်တာဟာ ခေတ်စားလာတာကတော့ အမှန်ပဲဖြစ်နေပါတယ်။ ဆေးလိပ်လုံးဝမသောက်ဖူးတဲ့ လူငယ်တွေရော စီးကရက်သောက်နေဆဲ လူငယ်တွေကပါ အီးစီးကရက်ကို အန္တရာယ်ကင်းတယ်လို့ အထင်မှားပြီး သုံးနေကြလို့ သုံးစွဲတဲ့ လူငယ်တွေ များလာပါတယ်။ အမှန်ကသူ့မှာပါဝင်တဲ့ နီကိုတင်းဟာ စွဲလမ်းစေလို့ လူငယ်တွေကြားမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာဖြစ်တယ်။ အစလုပ်ကြည့် စမ်းကြည့်ရင်းနဲ့ Vaping လုပ်ရတာကို နှစ်သက်သဘောကျ စွဲလမ်းသွားရတာပါ။ ဒီလိုဖြစ်လာရင် အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက် အင်မတန်မှ ရင်လေးစရာဖြစ်ပါတယ်။
အဲဒါကြောင့် ကျောင်းသားလူငယ်လေးတွေရော ကျောင်းပြင်ပရောက် လူငယ်လူရွယ်လေးတွေကို ပြောချင်တာက ဆေးလိပ်ဖြတ်ဖို့ Vape သောက်တာဖြစ်ဖြစ်၊ ခေတ်မီချင်လို့ Vape သောက်တာဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်စေ Vape ဟာ မသောက်သင့်တဲ့အရာ ဖြစ်တယ်။ Vaping မလုပ်ကြပါနဲ့။ စီးကရက်ဆေးလိပ်တို့လိုပါပဲ ခပ်ဝေးဝေးကနေလုံးဝကို ရှောင်သင့်တဲ့အရာဖြစ်ပါတယ်။ အန္တရာယ်များလွန်းလို့ မသောက်ကြပါနဲ့လို့ အလေးအနက်တိုက်တွန်းပါရစေ။ ။
ကိုးကား။ ။ internet သတင်းများ၊ ကျန်းမာရေးဆောင်းပါးများ

လူသားတို့အာဟာရအတွက် အဓိက စားသုံးသီးနှံလေးမျိုးဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်းနှင့် ပီလောပီနံတို့တွင် ပီလောပီနံမှာ အရေးပါသောသီးနှံတစ်မျိုးဖြစ်သည်။ စိုက်ပျိုးရလွယ်ကူ၍ ဝင်ငွေရသီးနှံတစ်မျိုး ဖြစ်ပြီး ပီလောပီနံစိုက်ပျိုးပြီးသည်နှင့် တစ်ပြိုင်နက် သက်တမ်းတိုဟင်းသီး ဟင်းရွက်၊ ပြောင်း၊ နေကြာတို့ကို သီးညှပ် စိုက်ပျိုးနိုင်၍ ဝင်ငွေနှစ်ခု ရရှိနိုင်သည်။ ပီလောပီနံကို တချို့ဒေသများတွင် ကလောပင်ဟုခေါ်သည်။ နှစ်ရှည်ခံချုံပုတ်ပင် အမျိုးအစား
လူသားတို့အာဟာရအတွက် အဓိက စားသုံးသီးနှံလေးမျိုးဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်းနှင့် ပီလောပီနံတို့တွင် ပီလောပီနံမှာ အရေးပါသောသီးနှံတစ်မျိုးဖြစ်သည်။ စိုက်ပျိုးရလွယ်ကူ၍ ဝင်ငွေရသီးနှံတစ်မျိုး ဖြစ်ပြီး ပီလောပီနံစိုက်ပျိုးပြီးသည်နှင့် တစ်ပြိုင်နက် သက်တမ်းတိုဟင်းသီး ဟင်းရွက်၊ ပြောင်း၊ နေကြာတို့ကို သီးညှပ် စိုက်ပျိုးနိုင်၍ ဝင်ငွေနှစ်ခု ရရှိနိုင်သည်။ ပီလောပီနံကို တချို့ဒေသများတွင် ကလောပင်ဟုခေါ်သည်။ နှစ်ရှည်ခံချုံပုတ်ပင် အမျိုးအစားဖြစ်ပြီး ပင်စည်မှာ မာကျော၍ အူတိုင်အခေါင်းပွသည့် ကြက်ဆူ၊ ကနခို၊ ဆီးဖြူ၊ သျှိသျှား၊ ကြက် သဟင်းစသည်တို့နှင့် မျိုးရင်းဆင်တူသည့် Euphorbiaceae မျိုးရင်းဝင်အပင် ဖြစ်သည်။
ပီလောပီနံကို Tapioca သို့မဟုတ် Cas-sava ဟုခေါ်ပြီး ရုက္ခဗေဒအမည်အရ Manihot Utilissima (Phot) ဟုလည်း ကောင်း၊ Manihot Esculenta (Crantz) ဟုလည်းကောင်း၊ Yucca နှင့် Manico ဟု လည်းကောင်း အမျိုးမျိုးခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ Manihot Esculenta ဖြစ်သည်။ ပီလောပီနံသည် Euphorbia-ceae မျိုးရင်းဖြစ်ပြီး ယခင်က ပီလောပီနံ တွင် ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် အက်စစ် ပါဝင်သောကြောင့် အဆိပ်ရှိသော သီးနှံအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း ကန်စွန်း ဥ နှင့် အာလူးတို့ ကဲ့သို့ အညိုရောင်ရင့်ရင့် အခွံရှိပြီး အတွင်းသားအဖြူရောင်၊ ခပ်စေး စေးနှင့် အရသာဆိမ့်ဆိမ့်ရှိသည့်ပီလောပီနံကို နောက်ပိုင်းတွင် စားစရာတစ်ခု အဖြစ်သတ်မှတ်ပြီး စားသုံးလာကြခြင်း ဖြစ်သည်။
ပီလောပီနံအမျိုးအစားနှင့် အဆိပ်သင့်နိုင်မှု
ပီလောပီနံတွင် အချိုနှင့်အခါးဟူ၍ နှစ်မျိုးရှိပြီး အခါးမျိုးက အချိုမျိုးထက် ဂလူကိုဆိုက်အဆိပ်ပါဝင်မှု နှစ်ဆပိုများသည်။ ထို့ကြောင့် ပီလောပီနံဥအစိမ်း ကိုမပြုတ်မီ ခါးသက်မှုအပြင်း၊ အပျော့ပေါ်မူတည်ကာ အပူပေးကြာမြင့်ချိန်ကို ချိန်ဆ ၍ပြုတ်သင့်သည်။ ထို့ပြင် ပီလောပီနံအမှုန့်ကို အစားအစာ၊ ဟင်းလျာများတွင် မချက်ပြုတ်မီ ဦးစွာမီးဖိုပေါ် အိုးကင်းထည့် လှော်ပေးခြင်းဖြင့်လည်း ပါဝင်သောအဆိပ် ကို ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်။ မိုးခေါင်ပြီး ခြောက်သွေ့သောဒေသထွက် ပီလောပီနံဥတွင် အဆိပ်ဖြစ်လာနိုင်သော ဓာတ်ပေါင်းပါဝင်မှုပိုများသည်။
ပီလောပီနံအသုံးပြုပုံများ
ပီလောပီနံအရွက်နှင့်ဥတို့ကို လူတို့ တိုက်ရိုက်စားသုံးနိုင်ပြီး အရွက်၊ ပင်စည်နှင့်ဥတို့အား တိရစ္ဆာန်အစာအဖြစ် တိုက်ရိုက်အသုံးပြုနိုင်သည်။ ပီလောပီနံဥမှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော ကော်ရည်၊ ကော်မှုန့်၊ အချိုမှုန့်၊ ခေါက်ဆွဲ၊ ကြာဆံ၊ မုန့်အမျိုးမျိုး၊ အရက်နှင့် နို့မှုန့်အစားထိုးပစ္စည်းများကိုလည်းကောင်း၊ အဖျော်ယမကာနှင့် အချိုရည်မျိုးစုံကိုလည်းကောင်း၊ အိမ်သုံးဆေးဝါးများအဖြစ် သွေးတိုး၊ ဆီးချို၊ ကင်ဆာနှင့် အူလမ်း ကြောင်း ဆိုင်ရာ ရောဂါကာကွယ်ဆေးများအဖြစ် လည်းကောင်း၊ လူသုံးကုန်ပစ္စည်းများအဖြစ် စက္ကူ၊ ချည်မျှင်၊ ကတ်ထူ စက္ကူပုံး၊ မီးသွေး၊ ကော်၊ လေသေနတ် ကျည်ဆန်နှင့် အလှကုန်ပစ္စည်းများအဖြစ် လည်းကောင်း၊ နွား၊ ဝက်၊ ဆိတ်၊ သိုး၊ ငါး စသည့်တိရစ္ဆာန်များအတွက် အစာအဖြစ် လည်းကောင်း၊ ဇီဝလောင်စာအဖြစ်လည်းကောင်း စသည်ဖြင့် ပီလောပီနံပင်သည် လူတို့၏နေ့စဉ်ဘဝတွင် များစွာပါဝင် လျက်ရှိသည့်အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူဖြစ်စေသော ဇီဝပလတ်စတစ်များကိုလည်း တွင်ကျယ်စွာ ထုတ်လုပ်အသုံးပြုလျက်ရှိသည်။
ပီလောပီနံတွင်ပါဝင်သောအာဟာရဓာတ်များ
ပီလောပီနံဥအစိမ်း ၁၀၀ ဂရမ်တွင် ရေဓာတ် ၆၀ ဂရမ်၊ ကစီဓာတ် ၃၈ ဂရမ်၊ အသားဓာတ် ၁ ဂရမ်ပါရှိပြီး အမျှင်ဓာတ်၊ ဗီတာမင် C နှင့် အဆီဓာတ်အနည်းငယ်သာ ပါဝင်သည်။ ပီလောပီနံသည် ပေါင်းစား၍ကောင်းသကဲ့သို့ ပြုတ်စားလျှင်လည်း အရသာရှိသည်။ ပီလောပီနံပြန်ပေါင်းမှာ ဆိမ့်ဆိမ့်စေးစေး အရသာရှိပြီး စား၍အလွန်ကောင်းသည်။ ဤကဲ့သို့ စားကောင်းသည့်ပီလောပီနံက မည်သို့သော ကျန်းမာရေးအာနိသင်များ ပေးနိုင်သည်ကို ဖော်ပြလိုပါသည်။ ပီလောပီနံတွင် ပြည့်ဝဆီပါဝင်မှုနည်းသကဲ့သို့ ကိုလက်စထရောနှင့် ဆိုဒီယမ်ပါဝင်မှု နည်းသော်လည်း အမျှင်ဓာတ်နှင့် ကာဗို ဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး အကျိုးပြု ကိုလက်စထရောနှင့် ပရိုတင်းတို့လည်း ပါဝင်သည်။ တခြားအာဟာရဓာတ်များအနေဖြင့် ဗီတာမင် B အုပ်စု၊ ဖောလိတ်၊ ဗီတာမင် B6၊ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ် စီယမ်၊ ကြေးနီနှင့် ဆီလီနီယမ်တို့ ပါဝင် သည်။
ပီလောပီနံမှရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ
ပီလောပီနံစားပေးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများကို အကြမ်းဖျင်းအားဖြင့် ပီလောပီနံဥကို ပြုတ်၍စားသုံးခြင်းက အစာခြေအင်ဇိုင်း များ ကောင်းမွန်စေရန် အထောက်အကူပြုခြင်း၊ ခန္ဓာကိုယ်အလေးချိန် ကျစေခြင်း၊ သွေးတွင်းအချိုဓာတ်နှင့် ကိုလက်စထရော လျှော့ချပေးခြင်း၊ ကင်ဆာအဖုအကျိတ် ကာကွယ်ခြင်း၊ အိုမင်းရင့်ရော်မှုနှင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ခြင်း၊ သွေးခုန်နှုန်း ထိန်းညှိပေးခြင်း၊ ခုခံအားတိုးမြင့်စေခြင်း၊ အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် ဝမ်းမချုပ်စေခြင်း၊ ဦးနှောက်နှင့်အာရုံကြောပုံမှန် အလုပ်လုပ်စေခြင်း စသည့်အကျိုးကျေးဇူး များ ရရှိစေမည်ဖြစ်သည်။
ပီလောပီနံတွင် နေ့စဉ်လိုအပ်သည့် ကာဗိုဟိုက်ဒရိတ်ပမာဏ ၄၅ ရာခိုင်နှုန်း အထိပါဝင်သောကြောင့် ပီလောပီနံစားပေးခြင်းဖြင့် လူတစ်ယောက်သည် ကျန်းမာသည့်ကိုယ်အလေးချိန်ကို ရရှိစေနိုင်ပြီး ကိုယ်အလေးချိန်ကို တိုးစေနိုင်သည်။ လေ့လာမှုများအရ ပီလောပီနံတွင် ဖောလစ်အက်စစ် အပါအဝင် ဗီတာမင် B အုပ်စုပါဝင်ခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန် စားသုံးပေးမည်ဆိုလျှင် မွေးလာမည့်ကလေးတွင် မွေးရာပါချို့ယွင်းမှု မပါစေရန် ကာကွယ်ပေးနိုင်မည်ဖြစ် သည်။ ပီလောပီနံတွင် အမျှင်ဓာတ်ကြွယ်ဝ စွာပါဝင်နေခြင်းကြောင့် အစာခြေစနစ် ကောင်းမွန်စေပြီး ဝမ်းမှန်စေပြီး အစာကြေစေနိုင်ကာ လေပွခြင်း၊ အစာအိမ်နာ ခြင်းများမှ ကာကွယ်ပေးနိုင်သည်။
နှလုံးနှင့်လေဖြတ်ခြင်းကိုကာကွယ်ပေးသောပီလောပီနံ
နောက်ထပ် အားသာချက်တစ်ခုအနေဖြင့် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေခြင်းကြောင့် သွေးကြောနံရံများရှိအဆီများကို ဖယ်ရှားပေးပြီး သွေးလည်ပတ်စီးဆင်းမှု ကောင်းစေကာ နှလုံးကျန်းမာစေသည်။ ရုတ်တရက် နှလုံးရပ်ခြင်းနှင့် လေဖြတ်ခြင်းမျိုးမဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။ ပီလောပီနံတွင် လူ့ခန္ဓာကိုယ် အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ဖြစ်သည့် ကျန်းမာရေးနှင့်ညီညွတ်သော ပရိုတင်းဓာတ် ပါဝင်နေသဖြင့် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများ ကောင်းမွန်စေရန် အထောက်အကူပေးသကဲ့သို့ ကြွက်သားများကို ဖွံ့ဖြိုးကြီးထွားစေသည်။ အနာကျက်စေရန်လည်း အထောက်အကူ ဖြစ်စေသည်။
အရိုးများနှင့်စိတ်ကို ကျန်းမာစေသော ပီလောပီနံ
လူတစ်ယောက်သည် အသက်အရွယ် ရလာသည်နှင့်အမျှ အရိုးထဲတွင်ရှိရမည့် သတ္တုဓာတ်ပမာဏကျဆင်းလာသောကြောင့် အရိုးပါးခြင်း၊ အရိုးပွခြင်းများ ခံစားရနိုင်သည်။ ပီလောပီနံတွင် အရိုးများ သန်မာစေရန် လိုအပ်သည့်ဗီတာမင် K၊ ကယ်လ်စီယမ်၊ သံဓာတ်တို့ကြွယ်ဝစွာ ပါဝင်နေသောကြောင့် အသက်အရွယ်ရ လာသူများအနေဖြင့် ပီလောပီနံစားပေးခြင်းဖြင့် အရိုးများသန်စွမ်း ကျန်းမာစေသည်။ ပီလောပီနံတွင်ပါဝင်သော ပိုတက်ဆီယမ်နှင့် တခြားသတ္တုဓာတ်များက သွေးကြောများ၏ တင်းအားကို လျော့ကျစေပြီး သွေးလည်ပတ်စီးဆင်းမှုကောင်းစေနိုင်သောကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများထံ သွေးစီးဆင်းမှုကောင်းစေသောကြောင့် နှလုံးသွေးကြောစနစ်ကို ကျန်းမာစေနိုင်သည်။ ထို့ပြင် ဗီတာမင် K သည် ဓာတ်တိုးပစ္စည်းများကြောင့် ဦးနှောက်ဆဲလ်များ မပျက်စီးစေရန်ကူညီပေးပြီး ဦးနှောက်ဆဲလ်များကို ကျန်းမာစေသဖြင့် အယ်လ်ဇိုင်းမား ရောဂါမဖြစ်စေရန် အထောက်အကူပေးသောကြောင့် ပီလောပီနံသည် အရိုးကျန်းမာစေရုံမက စိတ်ကိုပါ ကျန်းမာစေပါကြောင်း ရေးသားလိုက်ရပါသည်။

သွားကျန်းမာရေးမကောင်းတဲ့အခါ သွားဖုံးသွေးယိုတာ၊ သွားပိုးပေါက်ရှိတာ၊ သွားကိုက်တာတွေ ခံစားရနိုင်ပါတယ်။ သွားကျန်းမာရေးနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေရှိပါတယ်။
သွားကိုက်တာ၊ သွားဖုံးသွေးယိုတာအတွက် အိမ်တွင်းနည်းလမ်း တွေရှိပါတယ်။ သွားကိုက်တဲ့အခါတိုင်းမှာ သွားဖုံးသွေးယိုနေတယ်ဆိုရင် သွားဖုံးမှာ အနည်းငယ်ရောင်ရမ်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အောက်ပါသဘာဝနည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။
လေးညှင်းပွင့်

လေးညှင်းပွင့်က သွားဖုံးတွေရောင်ရမ်းတာကို သက်သာစေပြီး သွားဖုံးသွေးယိုတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေးညှင်းဆီကို အနည်းငယ်ယူပြီး သွားဖုံးမှာပွတ်ပေးရင် ဒါမှမဟုတ် လေးညှင်းပွင့်တစ်ပွင့်၊ နှစ်ပွင့်ဝါးစားရင် ရောင်ရမ်းမှုလျော့နည်းပြီး သွားဖုံးသွေးယိုတာ သက်သာစေပါတယ်။
ပင်စိမ်း
ပင်စိမ်းမှာ ရောင်ရမ်းမှုကိုလျော့နည်းစေတဲ့ အာနိသင်ရှိလို့ ပင်စိမ်း လက်ဖက်ရည်သောက်ရင် သွားဖုံးရောင်တာသက်သာစေပါတယ်။ဒါ့ပြင် နာကျင်မှုကိုလည်း လျော့နည်းစေပါတယ်။ ပင်စိမ်းလက်ဖက်ရည်နဲ့လည်း ပလုတ်ကျင်းပေးသင့်ပါတယ်။
ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်မှာဆေးဖက်ဝင်အာနိသင်တွေများစွာပါဝင်လို့ သွားဖုံးရောင်ရမ်းတာကိုလျော့နည်းစေပါတယ်။ ရှားစောင်လက်ပပ် အတွင်းသားဂျယ်လီကိုယူပြီး သွားဖုံးပေါ်တင်ပေးရင် မဆိုးရွားတဲ့ သွားဖုံးရောဂါတွေဆိုရင် သဘာဝရှားစောင်းလက်ပပ်အသုံးပြုရုံနဲ့ သက်သာစေနိုင်ပါတယ်။
ပက်ပါမင့်
ပက်ပါမင့်ကိုခံတွင်းအတွက် ထုတ်လုပ်တဲ့ထုတ်ကုန်အတော်များများမှာ ထည့်သွင်းထားကြပါတယ်။ လေ့လာမှုအရ ရေတစ်ဖန်ခွက်ထဲကို ပက်ပါမင့်အဆီအနည်းငယ်ထည့်ပြီး ပလုတ်ကျင်းပေးရင် ခံတွင်းမှာရှိတဲ့ ဗက်တီးရီးယားပိုးတွေသေစေနိုင်ပါတယ်။
သွားကြားပွတ်ကြိုး
ကာကွယ်တာက ကုသတာထက်ပိုပြီးထိရောက်မှုရှိပါတယ်။ သွားဖုံး ရောင်ရမ်းတာ၊သွေးယိုတာတွေ မဖြစ်အောင်ကာကွယ်ဖို့ တစ်နေ့ကိုသွားနှစ်ကြိမ်(အိပ်ရာထနဲ့အိပ်ခါနီးတိုင်း)တိုက်သင့်ပါတယ်။ သွားကြားပွတ်ကြိုးတစ်ကြိမ် အသုံးပြုသင့်ပါတယ်။ သွားနဲ့သွားဖုံးရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
တမာ
တမာက ခံတွင်းနံ့ဆိုးကိုပျောက်ကင်းစေလို့ သွားတိုက်ဆေးနဲ့ခံတွင်း သန့်ရှင်းဆေးရည်တွေမှာထည့်သွင်းဖော်စပ်ထုတ်လုပ်ထားကြပါတယ်။ တမာရွက်အနည်းငယ်ကို ဝါးစားနိုင်သလို ပြုတ်ပြီးလည်းတို့စားနိုင်ပါတယ်။
သစ်သီးနဲ့ဟင်းသီးဟင်းရွက်
လတ်ဆတ်တဲ့သစ်သီးနဲ့ ဟင်းသီဟင်းရွက်တွေစားသုံးရင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက သွားနဲ့ခံတွင်းရောဂါမဖြစ်အောင်လည်းကာကွယ်နိုင်ပါတယ်။ သစ်သီးနဲ့ဟင်းသီးဟင်းရွက်ထဲမှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပြီးကယ်လိုရီပါဝင်မှုနည်းပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ဝါးတဲ့အခါ သွားဖုံးမှာရှိတဲ့သွေးစီးဆင်းမှုကိုကောင်းစေပြီး သွားဖုံးသွေးယိုတာဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
လက်ဖက်ဆီ
သွားနဲ့ခံတွင်းပြဿနာတွေမှာအသုံးပြုဖို့ လက်ဖက်ဆီကိုအိမ်မှာ ဆောင်ထားနိုင်ပါတယ်။ သွားဖုံးရောဂါနဲ့ သွားပိုးစားတာတွေအတွက် လက်ဖက်ဆီကိုအသုံးပြုနိုင်ပါတယ်။ ကြက်သီးနွေးရေတစ်ခွက်ထဲလက်ဖက်ဆီနှစ်စက်ထည့်ပြီး ပလုတ်ကျင်းပေးသင့်ပါတယ်။
ဆားရည်နှင့်ပလုတ်ကျင်းခြင်း
သွားဖုံးသွေးယိုတဲ့အခါ အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးအိမ်သုံးနည်းလမ်းကဆားရည်နဲ့ ပလုတ်ကျင်းတာ ဖြစ်ပါတယ်။ ကြက်သီးနွေးရေထဲကို ဆားအနည်းငယ်ထည့်ပြီး တစ်နေ့ကို သုံးကြိမ်ပလုတ်ကျင်းပေးသင့်ပါတယ်။ ရေက အရမ်းပူနေတာမျိုးမဖြစ်သင့်ဘဲ နွေးရုံနွေးပြီး ဆားဇွန်း ဝက်ခန့်ပျော်တဲ့ဆားရည်ကို သုံးနိုင်ပါတယ်။
ဆေးလိပ်သောက်တာက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင်ရေရှည်သောက်သုံးတာကြောင့် ခံတွင်းပြဿနာတွေကိုလည်းဖြစ်ပွားစေပါတယ်။ ဆေးလိပ်သောက်တာ ကြောင့်ဖြစ်တတ်တဲ့ သွားပြဿနာတွေက ခံတွင်းနံ့ဆိုးတာ၊ သွားအရောင်မကောင်းတာ၊ တံတွေးဂလင်း ရောင်တာ၊ ဆေးလိပ်ချိုးတွေတက်တာ၊ မေးရိုးသိပ်သည်း ဆလျော့နည်းတာ၊ သွားဖုံးရောဂါဖြစ်နိုင်ခြေ မြင့်မားတာ၊ သွားကျိုးတာ၊ နဲ့တာ၊ အနာကျက်တဲ့ဖြစ်စဉ်ကိုနှေးစေတာ၊ သွားတုစိုက်ရာမှာ အောင်မြင် နိုင်ခြေနည်းတာ၊ ခံတွင်းကင်ဆာဖြစ်နိုင်ခြေမြင့်မားတာတို့ ဖြစ်စေနိုင် ပါတယ်။
သွားရောဂါတွေကို ဆက်စပ်ကြည့်ရင် ဆေးလိပ်သောက်သုံးပါက အရိုးနဲ့သွားမှာတွယ်ကပ်နေတဲ့ တစ်သျှူးတွေကို လျော့ရဲသွားစေတယ်။ ဆေးလိပ်သောက်တာက သွားဖုံးမှာရှိတဲ့တစ်သျှူးတွေရဲ့ လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ပိုးမွှားတွေပေါက်ပွားမှုကို အားပေးပါတယ်။ သွားဖုံးတစ်သျှူးတွေဆီကို သွေးထောက်ပံ့မှုကန့်သတ်လိုက်တာကြောင့် အနာကျက်နှေးပြီး ပျက်စီးစေပါတယ်။
ဆေးပြင်းလိပ်သောက်တာနဲ့ စီးကရက်သောက်တာ အန္တရာယ်ပေး နိုင်တာချင်းမကွာခြားပါဘူး။ လေ့လာမှုတွေအရ ဆေးပြင်းလိပ်သောက်တာက စီးကရက်သောက်သုံးသူတွေထက် သွားရဲ့အခြေမှာရှိတဲ့အရိုးနဲ့သွားတွေဆုံးရှုံးနိုင်ခြေပိုများနိုင်ပါတယ်။ ဆေးပြင်းလိပ်သောက်တာက ခံတွင်းပြဿနာတွေဖြစ်တဲ့ အနံ့ဆိုးထွက်တာနဲ့ သွားအရောင်မလှတာစတာတွေဖြစ်စေပါတယ်။
ဆေးရွက်ကြီးထုတ်ကုန်တွေက အန္တရာယ်မကင်းပါဘူး။ ဆေးရွက်ကြီးထုတ်ကုန်တွေကိုအသုံးပြုရင် သူ့ထဲမှာပါဝင်တဲ့ဓာတုပစ္စည်း ၂၈ မျိုးက ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာတွေနဲ့ ဆက်စပ်နေပါတယ်။ အစာရေမျိုကင်ဆာနဲ့လည်း ဆက်စပ်နေပါတယ်။ ဆေးရွက်ကြီး ဝါးတာက စီးကရက်ထက် နီကိုတင်းဓာတ်ပိုမိုရရှိတာကြောင့်စွဲလမ်းမှုလည်းပိုများစေပါတယ်။ ဆေးရွက်ကြီးတစ်ကြိမ်ဝါးတာက စီးကရက်အလိပ် ၆၀ သောက်တာနဲ့ညီမျှတဲ့ နီကိုတင်းဓာတ်ကိုရရှိစေပါတယ်။
ဆေးရွက်ကြီးဝါးတာကြောင့် သွားဖုံးတွေ ထိခိုက်ပျက်စီးစေပါတယ်။ သွားအမြစ်တွေနဲ့လည်း ထိတွေ့တာကြောင့် သွားတွေဆုံးရှုံးနိုင်ခြေလည်းပိုများပါတယ်။ ပူတဲ့အရည်၊ အေးတဲ့အရည်တွေသောက်တဲ့အခါ သွားကမခံနိုင်တာတွေဖြစ်နိုင်ပါတယ်။
ကွမ်းစားခြင်းက သွားနဲ့ခံတွင်းဆိုးကျိုးဖြစ်စေပါတယ်။ အံသွားတွေ အရောင်ပြောင်းစေတယ်။ ကွမ်းစားတာက ဆေးရွက်ကြီးတွေ၊ မဂ္ဂနီ စီယမ်တွေမပါရင်တောင် အစာရေမျိုကင်ဆာဖြစ်စေတယ်။ ကွမ်းသီး မှာပါတဲ့ Alkaloid နဲ့ ပိုလီဖီနောတို့က ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။ ကွမ်းစားပါများတဲ့အခါ ခရိုမိုဆုမ်းတွေ ပုံမှန်မဟုတ်တဲ့အနေအထားဖြစ်နိုင်ခြေများလာပြီး ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို ပုံမှန်ထက်ပို များစေပါတယ်။ ကွမ်းစားတဲ့အခါ ထည့်စားလေ့ရှိတဲ့ ထုံးနဲ့ကွမ်းသီးတို့ပေါင်းစုသွားတဲ့အခါ ခံတွင်းကင်ဆာဖြစ်နိုင်ခြေတိုးစေပါတယ်။
ကွမ်းစားတာကြောင့် စကားပြောဆိုရာမှာ အခက်ကြုံတာ၊ အပူဒဏ်၊အအေးဒဏ်နဲ့ အရသာပြင်းတာတွေကို ခံနိုင်စွမ်းလျော့ကျလာတာ၊သွေးတိုးတာ၊ စိတ်ဆိုးလွယ်တာ၊ စိတ်ဖိစီးတာ၊အာရုံစိုက်နိုင်စွမ်းလျော့နည်းတာ၊ ကောင်းကောင်းအိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့အခါ ပီကေ၊ ချိုချဉ်ဝါးပြီး ဆေးလိပ်ဖြတ်နိုင်ပါတယ်။ ကွမ်းကိုအကြာကြီးငုံတာမျိုး၊ အများကြီးစားတာမျိုးက လျှာကင်ဆာ၊ပါးစောင်ကင်ဆာ၊ ခံတွင်းကင်ဆာဖြစ်စေပြီး အော့အန်တာ၊ ဝမ်းလျှော တာ၊ တံတွေးအထွက်များတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူနှုန်းနှေး တာ၊ နှလုံးရပ်တာ သေဆုံးတဲ့အထိဖြစ်နိုင်လို့ ဆေးလိပ်နဲ့ ကွမ်းကိုရှောင် ကြဉ်သင့်ပါကြောင်း သွားကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရေးသားလိုက်ရပါတယ်။
Source- Myawady Webportal
Image- Hello ဆရာဝန်

ဆောင်းရာသီတွင် ရာသီဥတုအပူချိန် ကျဆင်းလာသည်နှင့်အမျှ ပန်းနာရင်ကျပ်ရောဂါ (Asthma) ပို၍အဖြစ်များလာနိုင်သည်။ ပန်းနာ ရင်ကျပ်ရောဂါသည် အဆုတ်လေပြွန်ရောင်ရမ်းသည့် နာတာရှည် ရောဂါတစ်မျိုးဖြစ်ပါသည်။ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သကဲ့သို့ ဓာတ်မတည့်မှု၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု၊ အအေးမိခြင်းတုပ်ကွေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကြောင့် လေပြွန်များရောင်ရမ်းကျဉ်း မြောင်းလာပြီး အသက်ရှူရခက်လာခြင်းဖြစ်ပါသည်။ ဆောင်းရာသီတွင် လေအေးသည် အဆုတ်လေပြွန်များကိုရောင်ရမ်းစေသည့် Histamine များထုတ်လုပ်ရန် လှုံ့ဆော်ပေ
ဆောင်းရာသီတွင် ရာသီဥတုအပူချိန် ကျဆင်းလာသည်နှင့်အမျှ ပန်းနာရင်ကျပ်ရောဂါ (Asthma) ပို၍အဖြစ်များလာနိုင်သည်။ ပန်းနာ ရင်ကျပ်ရောဂါသည် အဆုတ်လေပြွန်ရောင်ရမ်းသည့် နာတာရှည် ရောဂါတစ်မျိုးဖြစ်ပါသည်။ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သကဲ့သို့ ဓာတ်မတည့်မှု၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု၊ အအေးမိခြင်းတုပ်ကွေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကြောင့် လေပြွန်များရောင်ရမ်းကျဉ်း မြောင်းလာပြီး အသက်ရှူရခက်လာခြင်းဖြစ်ပါသည်။ ဆောင်းရာသီတွင် လေအေးသည် အဆုတ်လေပြွန်များကိုရောင်ရမ်းစေသည့် Histamine များထုတ်လုပ်ရန် လှုံ့ဆော်ပေးနိုင်ပြီး ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ ကို ပိုမိုဆိုးရွားလာစေနိုင်သည်။ ခန္ဓာကိုယ်နွေးနွေးထွေးထွေးရှိနေခြင်းသည် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါသည်။ ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ ပိုမိုဆိုးရွားမလာစေရန် ကြိုတင်ကာကွယ် ခြင်းဖြင့် တစ်နှစ်ပတ်လုံး ကျန်းမာနေရန်နှင့် နာတာရှည်အဆုတ်ပျက်စီး မှုမှ ကာကွယ်နိုင်ပါသည်။
ဆောင်းရာသီတွင် ပန်းနာရင်ကျပ်ရောဂါလက္ခဏာများပိုမိုဆိုးရွားလာနိုင်သည့် အကြောင်းရင်းများ
အဆုတ်အတွင်းရှိ လေပြွန်လမ်းကြောင်းများကို စိုစွတ်သောအလွှာ တစ်ခုဖြင့် ကာကွယ်ထားသည်။ ဆောင်းရာသီတွင် ခြောက်သွေ့သော ပြင်ပလေအေးနှင့် ထိတွေ့သောအခါ စိုစွတ်သောအလွှာသည် အငွေ့ပြန် သွားသဖြင့် လေပြွန်လမ်းကြောင်းရောင်ရမ်းလာပြီး ယားယံစေပါသည်။ လေပြွန်လမ်းကြောင်းများကို အကာအကွယ်ပေးသောချွဲအလွှာသည် ပြင်ပရာသီဥတုအေးလာသည့်အခါ ထူလာပြီး သာမန်အအေးမိတုပ်ကွေးနှင့် ဗိုင်းရပ်စ်ပိုးများကဲ့သို့ အသက်ရှူလမ်းကြောင်းရောဂါပိုးများဝင်နိုင်ခြေများပါသည်။ အဆိုပါရောဂါပိုးများသည် အဆုတ်လေပြွန်လမ်းကြောင်းများ ရောင်ရမ်းခြင်းနှင့်ယားယံခြင်းတို့ကို ဖြစ်စေနိုင်ပြီး ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများကိုဖြစ်စေသည်။
ပန်းနာရင်ကျပ်ရောဂါရှိသူများတွင် လေအေးကဲ့သို့သောအရာများ မှအစပြု၍ ထိလွယ်ရှလွယ်ဖြစ်သော လေပြွန်လမ်းကြောင်းများရှိသည်။ ဆောင်းရာသီတွင် ပြင်ပအပူချိန်ကျဆင်းပြီး အေးသောလေကို ရှူသွင်းလိုက်သောအခါ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်ကာ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် အသက်ရှူမဝခြင်း စသည့် လက္ခဏာများဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ပန်းနာရင်ကျပ်ရှိသူများ သည် ပြင်ပအပူချိန်ကျဆင်း၍ အေးနေသောအခါ နှာခေါင်းမှ အသကရှူသွင်းရန် အရေးကြီးပါသည်။ နှာခေါင်းပေါက်များမှ တစ်ဆင့် လေကိုရှူရှိုက်သောအခါ နှာခေါင်းအတွင်းပိုင်းရှိ ဖွဲ့စည်းပုံများကြောင့် လေသည် စိုစွတ်လာပြီး နွေးထွေးစေသည်။ အဆုတ်ထဲရောက်သွားသည့် အခါ လေသည် ပို၍ပူနွေးလာသောကြောင့် လေလမ်းကြောင်းတွင် ယားယံနိုင်ခြေနည်းပါးသည်။ ပါးစပ်မှအသက်ရှူခြင်းကိုရှောင်ကြဉ်ပါ။အေးသောရာသီဥတုတွင် ပါးစပ်မှလေကို ရှူရှိုက်ခြင်းသည် အဆုတ်ထဲသို့ အေးသောလေကို တိုးဝင်စေပြီး ပန်းနာရင်ကျပ်ရောဂါကို ပိုမိုဆိုးရွားလာ စေသည်။
ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများကို ပိုမိုဆိုးရွားလာစေနိုင်သည့် အကြောင်းရင်းများသည် လူတစ်ဦးချင်းစီတွင် ကွဲပြားနိုင်သည်။ ဆောင်း ရာသီတွင် ရာသီဥတုပိုအေးသောကြောင့် အိမ်ထဲတွင်နေထိုင်သော အချိန်ပိုများလာသည်နှင့်အမျှ အိမ်တွင်းဓာတ်မတည့်မှုများနှင့် ထိတွေ့မှုပိုများလာပြီး ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနိုင်ခြေ တိုးမြင့်လာနိုင်သည်။ အေးသောရာသီဥတုကြောင့် ဖြစ်ရသည့် ဓာတ်မတည့်မှုသည် အိမ်တွင်းမှ ပိုးမွှားများ၊ မှိုများ၊ ဖုန်မှုန့်များ၊ အိမ်မွေးတိရစ္ဆာန်များ၏ အညစ်အကြေးများနှင့် မီးခိုးငွေ့များကြောင့်ဖြစ်သည်။ ဆောင်းရာသီ တွင် အအေးမိခြင်းနှင့် ရာသီတုပ်ကွေးပို၍ဖြစ်တတ်သည်ကို သတိပြုပါ။ ထို့ကြောင့် ဆောင်းရာသီတွင် အအေးမိခြင်း သို့မဟုတ် ဓာတ်မတည့်ခြင်း ရှိ၊ မရှိကို အမြဲစစ်ဆေးသင့်ပါသည်။
ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ
လမ်းလျှောက်ရင်း အေးသောလေကိုရှူရှိုက်ခြင်းဖြင့် ချောင်းဆိုးပြီး အသက်ရှူမဝသကဲ့သို့ လက္ခဏာများဖြစ်ပေါ်လာနိုင်ပါသည်။ အေး သောလများတွင် ခံစားရသည့် ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏာများသည် ပူနွေးသောလများတွင် ခံစားရသော လက္ခဏာများနှင့်အတူတူပင်ဖြစ်ပါသည်။ ကွာခြားချက်မှာ ရောဂါလက္ခဏာများသည် ဆောင်းရာသီတွင် ပုံမှန်ထက်ပိုဆိုးနိုင်ပြီး မကြာခဏဖြစ်ပွားလေ့ ရှိသည့်အပြင် ထိန်းချုပ်ရန် ခက်ခဲတတ်ပါသည်။ ပန်းနာရင်ကျပ်ရောဂါ၏အဖြစ်များသော လက္ခဏာများမှာ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက် ရှူမဝခြင်း၊ မောခြင်း၊ ရင်ဘတ်ထဲတွင် တင်းကျပ်သကဲ့သို့ ခံစားရခြင်း၊အသက်ရှူသံ ရွှီရွှီမြည်ခြင်းတို့ဖြစ်ပါသည်။ ပန်းနာရင်ကျပ်ရောဂါ အဆိုးဆုံးဖြစ်နေသည့်အခါတွင် နှလုံးခုန်နှုန်းမြန်လာခြင်း၊ အသက်ရှူမြန်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းကဲ့သို့သော နောက်ဆက်တွဲလက္ခဏာများ ခံစားရနိုင်သည်။
ပန်းနာရင်ကျပ်ရောဂါကုသမှုနည်းလမ်းများ
အသက်ရှူရလွယ်ကူစေပြီး လေလမ်းကြောင်းကို ဖွင့်ပေးသည့် အောက်ဆီဂျင်ကုထုံးနှင့် ရင်ကျပ်ခြင်းကို သက်သာစေသည့်ဆေးများ ပေးခြင်းဖြင့်ကုသနိုင်ပါသည်။ အသက်ရှူလမ်းကြောင်းအတွင်း ရောင်ရမ်း မှုကိုထိန်းချုပ်နိုင်ရန် Prednisolone ကဲ့သို့သော စတီးရွိုက်ဆေးများကို ပေးနိုင်သည်။ ဓာတ်မတည့်မှုများမှ သက်သာစေရန် Antihistamine ကဲ့သို့ဆေးများပေးခြင်းဖြင့် ကာကွယ်ကုသနိုင်ပါသည်။
ဆောင်းရာသီတွင် ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားခြင်းကို ရှောင်ကြဉ်ရန်နည်းလမ်းများ
အိပ်ရာခင်းများကို တစ်ပတ်လျှင် တစ်ကြိမ်ရေနွေးဖြင့်လျှော်ပါ။ အိမ်မွေးတိရစ္ဆာန်များကို အိပ်ခန်းအပြင်တွင်ထားပါ။ အိမ်တွင်းအစိုဓာတ်ထိန်းစက် (Humidifiers) ကို အသုံးပြုပါ။ ဖုန်မှုန့်များနှင့်မှိုများ၏ ကြီးထွားမှုကိုဟန့်တားရန် အိမ်ကိုခြောက်သွေ့အောင်ထားပါ။ အိမ်တွင်းလေထုသန့်ရှင်းမှုရှိစေရန် ဖုန်စုပ်စက်ဖြင့် သန့်စင်ပေးပါ။ ဖုန်မှုန့်များနှင့်ဓာတ်မတည့်မှု ရှိပါက နေ့ခင်းဘက်တွင် ခေါင်းအုံးနှင့်မွေ့ရာအဖုံးများကို အသုံးပြုပါ။
ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကို ရှောင်ရှားနိုင်သည့် အရေးကြီးဆုံး နည်းလမ်းတစ်ခုမှာ ဆရာဝန်ညွှန်ကြားသော ပန်းနာရင်ကျပ် ပျောက်ဆေးများကို နေ့စဉ် အချိန်မှန်သောက်သုံးခြင်း ဖြစ်ပါသည်။ အေးသောရာသီဥတုတွင် မကြာခဏဖြစ်ပွားနေပါက ပန်းနာရင်ကျပ်ရောဂါ ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေရန် ဆရာဝန်နှင့်ဆွေးနွေး၍ ကုသမှုခံယူပါ။ မကုသဘဲထားပါက ထိန်းမရသောပန်းနာရင်ကျပ်ရောဂါသည် ရေရှည်တွင် အဆုတ်ကိုပျက်စီးစေနိုင်ပြီး အသက်ရှူရ ပိုမိုခက်ခဲစေနိုင်သည်။
ဆောင်းရာသီတွင် ပန်းနာရင်ကျပ်ရောဂါကိုကာကွယ်ရန် အထောက်အကူဖြစ်စေမည့် အကြံပြုချက်များ
၁။ လက်ကိုမကြာခဏဆေးပါ။ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာ သေချာစွာ ဆေးကြောခြင်း သို့မဟုတ် အပြင်ထွက်စဉ် လက်သန့်ဆေးရည်သုံး ခြင်းသည် ရောဂါပိုးမွှားပျံ့နှံ့မှုကိုလျှော့ချပေးပြီး ဆောင်းရာသီတွင် ဖျားနာမှုများကို ကင်းဝေးစေနိုင်သည်။
၂။ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးပါ။
၃။ ဖျားနာနေသူများကိုရှောင်ပါ။ ချောင်းဆိုး၊ နှာချေသည့်အခါ ပါးစပ် နှင့်နှာခေါင်းကို တစ်ရှူး သို့မဟုတ် တံတောင်ဆစ်နှင့်အုပ်ပါ။ တစ်ရှူး များကို စနစ်တကျစွန့်ပစ်ပြီးလျှင် လက်ကိုချက်ချင်းဆေးကြောပါ။
၄။ အာဟာရပြည့်ဝအောင်စားပါ။ ရေများများသောက်ပါ၊ ရေဓာတ် ထိန်းထားရန် စွပ်ပြုတ်ရည်၊ ဟင်းချိုများနှင့် ကဖိန်းဓာတ်မပါသော ရေနွေးကြမ်းများသောက်ပါ။
၅။ နွေးနွေးထွေးထွေးနေပါ။ ဆောင်းရာသီတွင် အနွေးအင်္ကျီ၊ ပဝါ၊ ဦးထုပ်နှင့်လက်အိတ်တို့ကို ဝတ်ဆင်ပါ။ ပါးစပ်နှင့်နှာခေါင်းကို ပဝါသို့မဟုတ် Mask ဖြင့် ဖုံးအုပ်ခြင်းက ရှူသွင်းလိုက်သည့် လေအေးကိုနွေးထွေးစေသဖြင့် လေအေးကြောင့် ယားယံစေမည့်အန္တရာယ်ကိုလျော့နည်းစေသည်။အပြင်ထွက်သည့်အခါ နှာခေါင်းဖြင့် အသက်ရှူ ပါ။
၆။ ဆောင်းရာသီတွင် ပြင်ပလေ့ကျင့်ခန်းလုပ်ရန် အဆင်မပြေပါက အိမ်အတွင်း သို့မဟုတ် Gym တွင် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်သောနေရာကို လေဝင်လေထွက်ကောင်းအောင်စီမံပါ။ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊ အေရိုးဗစ်၊ Tai Chi ကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုများကိုပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကို နွေးထွေး စေပါသည်။
၇။ စိတ်ဖိစီးမှုကိုလျှော့ချပါ။
၈။ အိမ်တွင် သို့မဟုတ် အပြင်ထွက်လျှင် ဆေးလိပ်ငွေ့နှင့် မီးခိုးငွေ့များကို ရှောင်ပါ။
၉။ ရှူဆေး (inhaler) ကို မိမိနှင့်အတူ အချိန်တိုင်းဆောင်ထားပါ။
အပြင်သို့ထွက်သောအခါတိုင်း ယူသွားပါ။ ပိုမိုဆိုးရွားသော ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများနှင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများကို ရှောင်ရှားနိုင်ရန် အပြင်မထွက်မီ ၁၀ မိနစ်၊ ၁၅ မိနစ်အတွင်း Ventolin inhaler ကဲ့သို့ လေပြွန်အမြန်ကျယ်စေသော ရှူဆေးကို အသုံးပြုနိုင်ပါသည်။
ပန်းနာရင်ကျပ်ရောဂါသည် နာတာရှည်ရောဂါဖြစ်သောကြောင့် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြုပြင်ပြောင်းလဲနေထိုင်ပြီး ဆေးကုသမှု သေချာစွာခံယူ၍ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာခြင်းဖြင့် ဆောင်းရာသီတွင် ပန်းနာရင်ကျပ်ရောဂါကို ကောင်းစွာ ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။