ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ
-

ဆရာကြီးခင်ဗျာ။     ကျွန်တော်ကအသက် ၆၈ နှစ်ရှိပါပြီ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးကတည်းက နေထိုင်မကောင်း ပါ။  ဆီးကျိတ်ကြောင့်  ဆေးတွေစားနေ တာ ၁၀ လလောက်ရှိပါပြီ။  ပထမတော့ဆီးက  ညဘက်မှာ  အသွားများရာကနေ အခုနောက်ပိုင်း    ညလည်းသိပ်မသွား၊ နေ့မှာလည်း ဆီးနည်းနေပါတယ်။ ခြေခုံနှစ်ဖက်ကလည်း  ဖောင်းပြီးရောင်လာလို့ လမ်းကောင်းကောင်း   လျှောက်မရပါ။ ဆရာဝန်ကဆီးဆေးပေးတဲ့အခါ အရောင် ကျသွားပါတယ်။  ဆီးဆေးမသောက်ရင် ပြန်ရောင်လာပါတယ်။ ကျောက်ကပ်အဖော ရောဂါနဲ့   သင့်တော်မယ့်ဆေးပင်များနဲ့ အသီးအရွက်မျာ

ဆရာကြီးခင်ဗျာ။     ကျွန်တော်ကအသက် ၆၈ နှစ်ရှိပါပြီ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးကတည်းက နေထိုင်မကောင်း ပါ။  ဆီးကျိတ်ကြောင့်  ဆေးတွေစားနေ တာ ၁၀ လလောက်ရှိပါပြီ။  ပထမတော့ဆီးက  ညဘက်မှာ  အသွားများရာကနေ အခုနောက်ပိုင်း    ညလည်းသိပ်မသွား၊ နေ့မှာလည်း ဆီးနည်းနေပါတယ်။ ခြေခုံနှစ်ဖက်ကလည်း  ဖောင်းပြီးရောင်လာလို့ လမ်းကောင်းကောင်း   လျှောက်မရပါ။ ဆရာဝန်ကဆီးဆေးပေးတဲ့အခါ အရောင် ကျသွားပါတယ်။  ဆီးဆေးမသောက်ရင် ပြန်ရောင်လာပါတယ်။ ကျောက်ကပ်အဖော ရောဂါနဲ့   သင့်တော်မယ့်ဆေးပင်များနဲ့ အသီးအရွက်များကို   ညွှန်ပြပေးစေလိုပါတယ်။

ကျောက်ကပ်ရောဂါအတွက်   အစွမ်းထက်တဲ့တိုင်းရင်းဆေးတွေ၊ အသီးအရွက်တွေနဲ့ ဆေးပင်တွေအများကြီး ရှိပါတယ်။တိုင်းရင်းဆေးဆိုတိုင်း လျက်ဆားနဲ့ ဆားပါတဲ့ဆေးတွေကိုပဲမြင်နေရင်  အမြင်မှားပါ လိမ့်မယ်။ အထူးသဖြင့် Herbal Medicine ဆေးပင်တွေနဲ့ကုသမှုက ဘေးထွက်ဆိုးကျိုးအနည်းဆုံးလို့ ဆေးပညာရှင်များက လက်ခံထားပါတယ်။ ဖော်စပ်ပြီးသား တိုင်းရင်းဆေးဝါးတွေနဲ့ မကုသချင်ဘူးဆိုရင်   ကျောက်ကပ်အတွက် အဆင်ပြေမယ့်နည်း လမ်းတွေကို ပြောပြပေးပါမယ်။

- ကျောက်ကပ်ရောဂါအတွက် ကျောက်ဖရုံသီးကို ထက်ခြမ်းခွဲပြီး အစေ့တွေဖယ်၊ အသားကိုခြစ်၊  ဖျော်ရည်စက်နဲ့ကြိတ်ပြီး အရည်စစ်ယူ၊ ကော်ဖီတစ်ခွက်စာမှာ ချင်းကိုကြိတ်ပြီး  အရည်စစ်ယူ၊  ဟင်းစားဇွန်း တစ်ဇွန်းရောထည့် ထိုအထဲမှာ အနည်းငယ် နီအောင်လှော်ထားတဲ့သကြား  တစ်ဇွန်း ထည့်  အဲဒီနည်းအတိုင်း ကျောက်ဖရုံသီး၊ ချင်း၊ သကြားဖျော်ရည်ဆေးကို ဟင်းစား ဇွန်းသုံးဇွန်းမှ  ငါးဇွန်းအထိ နံနက်၊  ည တစ်ရက်နှစ်ကြိမ်သောက်ပေးပါ။ ကျောက်ကပ်ရောဂါ၊ ဆီးကြောင့်ဖြစ်တဲ့အဖောရောဂါ၊ ခန္ဓာကိုယ်အောက်ပိုင်း ဖောရောင်တဲ့ ရောဂါတွေ ပျောက်ကင်းစေနိုင်ပါတယ်။

- တောဆီးဖြူပင်ကလည်း  ဆီးကောင်းပြီး အဖောအရောင်ကျစေပါတယ်။  တောဆီးဖြူပင်တွေက မိုးဦးကျမှာပေါပါတယ်။ လယ်ကွင်းပြင်တွေမှာ   ပေါက်လေ့ရှိပြီး နွေရာသီမှာတော့ ရှားပါတယ်။  တောဇီးဖြူ ပင်က အသီးသေးသေးလေးတွေ စုပြုံသီးနေတဲ့ အပင်မျိုးပါ။   ဆီးကိုသန့်စင်စေပြီး ကျောက်ကပ်အဖောရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ ဆီးပူ၊ ဆီးအောင့်ရောဂါ၊ မီးယပ်ဖြူဆင်းရောဂါတွေအတွက် ကောင်း တဲ့ဆေးပင်မျိုးဖြစ်ပါတယ်။ အပင်တစ်ပင် လုံးနုတ်ပြီး   ပဉ္စငါးပါးကို ရေနွေးနဲ့ကျို၊ တစ်ရက်ကို မတ်ခွက်တစ်လုံးကနေ နှစ်လုံးသောက်နိုင်ပါတယ်။

- နောက်တစ်နည်းကတော့ ဟင်းဂလာပင်ကိုရှာပါ။ မြစ်ချောင်းရှိတဲ့နေရာနဲ့ သဲသောင်ခုံတွေမှာကပ်ပြီး   ပေါက်တဲ့အပင်မျိုးပါ။ ဟင်းဂလာကို အများစုက ချဉ်ဖတ် ထည့်ပြီးစားသုံးတတ်ကြပါတယ်။   ဟင်းဂလာပင် စငါးပါးကို   အရည်ညှစ်ယူပြီး    ရေနွေးကြမ်းပန်းကန်တစ်လုံးစာ  နံနက်၊ ညသောက်ပေးရင် ကျောက်ကပ်ဖောရောဂါ နဲ့ ခန္ဓာကိုယ်ရောင်ရောဂါတွေ ပျောက်ကင်း စေနိုင်ပါတယ်။

- ကျောက်ကပ်အတွက်     ကောင်းတဲ့နောက်ဆေးပင်တစ်မျိုးကတော့   ကန့်ကလာပင်ပါ။ သဲသောင်ခုံတွေပေါ်မှာ၊ ရေ အစိုဓာတ်ရှိတဲ့ ကုန်းမြေတွေပေါ်မှာ ကပ် ပေါက်တဲ့အပင်မျိုးပါ။ ကန့်ကလာရွက်ကို အရည်ညှစ်ယူပြီး  သောက်လို့ရပါတယ်။ အပင်တစ်ပင်လုံးနုတ်ယူပြီး ရေနဲ့သုံးခွက် တစ်ခွက်တင်   ကျိုပြီးသောက်ရင်လည်း ရပါတယ်။ ကျောက်ကပ်ဖောရောဂါအတွက်  အဖောအရောင်ကျစေတဲ့ အပင်မျိုးဖြစ်ပါတယ်။  

ကျောက်ကပ်မကောင်းသူတိုင်း ရေကိုများများသောက်ပေးပါ။ မြန်မာ့ရိုးရာရေ နွေးကြမ်း  များများသောက်ပေးရင်လည်း ဆီးကောင်းပြီး အဖောအရောင်ကျစေနိုင်ပါတယ်။   ကျောက်ကပ်ဖောရှိသူတွေက ခြေထောက်နှစ်ဖက်ကို တွဲလောင်းချ ထိုင်ရင် ပိုပြီးတော့ ဖောရောင်စေနိုင်တာကြောင့်  ထိုင်နေတဲ့အခါမှာ  ခြေနှစ်ဖက်ကိုဆန့်ပြီး ခုံတစ်ခုံပေါ်မှာ တင်ထားရပါမယ်။  ခြေထောက်ရောင်ရင်  ရေမချိုးမီ တမာရွက်ပြုတ်ရည် စိမ်ပေးပါ။  ကနဖော့ရွက်၊  ကနဖော့ပင်များကိုပြုတ်ပြီး ရေချိုးပေးရင်လည်း အဖောအရောင်ကျစေတယ် လို့ဆိုပါတယ်။

ဆရာကြီးခင်ဗျာ။ ကျွန်တော်မကြာခဏ ခါးနာတတ်ပါတယ်။    အလုပ်မှာလည်း အထိုင်မများဘဲ    အသွားအလာများပါတယ်။  နေ့စဉ် မော်တော် ဆိုင်ကယ်တော့ စီးရပါတယ်။  တစ်ခါတစ်ရံ   ခါးနာရင်ကျောနဲ့ခါးမှာ ပူအောင့်ပြီး ဆီးလည်းနည်း ပါတယ်။ ကျွန်တော်ကဝမ်းလည်းချုပ်လေ့ ရှိပါတယ်။ ခါးနာရောဂါအတွက် သင့်တော် မယ့်ဆေးနည်းပေးစေလိုပါတယ်။

ခါးနာရောဂါလို့ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်လို့ဖြစ်တဲ့ ခါးနာ၊ ခါးရိုးဆစ်အကြောအဆစ်ရောင်လို့ဖြစ်တဲ့ ခါးနာ နဲ့ အထိုင်များသူတွေမှာဖြစ်လေ့ရှိတဲ့ ကျီးပေါင်းခါးနာဆိုပြီး အခြေခံအားဖြင့်တော့  သုံးမျိုးတွေ့ရှိ ရတတ်ပါတယ်။ အထိုင်များတာ၊   ကျောက်ကပ်မှာ  ကျောက်တည်တာတို့ကြောင့်    ရက်ရှည်ခါးနာတတ်ပါတယ်။

- ကျောက်ကပ်ခါးနာဖြစ်ရင်  တောဆီးဖြူပင်၊   ထိကရုံးပင်ပြုတ်သောက်ပါ။

ကျောက်ဖရုံသီး ဟင်းချိုချက်သောက်ပါ။မြင်းခွာရွက်အသုပ်ပြုလုပ်စားပါ။ ဟင်းချိုချက်သောက်ပါ။

- အကြောအဆစ်ရောင်ခါးနာဖြစ်လျှင် မုန်ညင်းဆီ၊ နှမ်းဆီကိုနွေးအောင် မီးဖြင့်ချက်လိမ်းပါ။ သက်ရင်းကြီးမြစ်သွေးလိမ်းပါ။ အသက်ကြီးသူတွေ   ခါးနာရင်သက်ရင်းကြီးရွက်ကို အိပ်ရာအောက်မှာ ခင်းအိပ်ပေးပါ။

- ကျီးပေါင်းတက်   ခါးနာဖြစ်နေရင် မိဿလင်ကို  အမှုန့်ပြုလုပ်ပြီး  ပိတ်စနဲ့ ထုပ်ပြီးကြပ်ထုပ်ပြုလုပ်ပါ။ ကျီးပေါင်းဖြစ်တဲ့ နေရာမှာ မုန်ညင်းဆီ၊ နှမ်းဆီတစ်မျိုးမျိုး လိမ်း၊ မိဿလင်ကြပ်ထုပ်ကိုရေနွေးငွေ့ခံ အပူပေးပြီး  ခံနိုင်သမျှကြပ်ပူထိုးပေးပါ။ ဆီစိမ့်ဝင်အောင်ကြပ်ပူထိုးပေးပါ။ ကျီးပေါင်း တက်တဲ့နေရာ၊ မောက်နေတဲ့နေရာ၌ လိမ်းဆေးအဖြစ် ချင်းခြောက်အမှုန့်နှစ်ဆ၊ လင်းနေအမှုန့် တစ်ဆရောစပ်ပြီး ရေနွေးနဲ့ဖျော်ပြီး လိမ်းပေးပါ။ မိဿလင်ဥအစိုကို ထုထောင်းပြီး အရက်ဦးရည်ဖြင့်စိမ်ထား ပြီးလိမ်းပါ။ ဝံအူမြစ်နဲ့ တောရှောက်မြစ်တို့ကိုသွေးပြီး ပုံမှန်လိမ်းပေးရင် ကျီးပေါင်းတက်ခြင်းကိုသက်သာစေနိုင်ပါတယ်။

ဆရာကြီးခင်ဗျာ။ ကျွန်တော်တို့မိသားစု မှာ ကလေးတွေရော လူကြီးတွေပါ ရာသီ အကူးအပြောင်းဖျားပြီးနောက်   အဖျား သက်သာတော့ ချောင်းဆိုးကျန်ခဲ့ပါတယ်။ ချောင်းခြောက်ကြီးဆိုးပြီး လည်ချောင်းတွေ လည်းနာပါတယ်။   အသံလည်းပျက်ပါတယ်။ ပျောက်ကင်းအောင်ကုသနိုင်မယ့် ဆေးနည်းများသိလိုပါတယ်။

ဖျားပြီးနောက် အပူငုပ်ကျန်တဲ့အခါချောင်းခြောက်ဆိုးလေ့ရှိပါတယ်။ ဖျားပြီးနောက် ရေနိုင်နိုင်မချိုးရင်လည်း ချောင်းခြောက်ဆိုးတတ်ပါတယ်။ ချောင်းခြောက် ဆိုးရာမှာ ရိုးရိုးအပူငုပ်ပြီးဆိုးတဲ့ချောင်းမျိုးရှိသလို အဆုတ်မှာရောဂါပိုးကျရောက်ပြီး အဆုတ်မကောင်းလို့ဖြစ်တဲ့  ချောင်းခြောက်ဆိုးခြင်းမျိုးလည်း ရှိပါတယ်။

ဆရာဝန်နဲ့ပြပြီး သေချာစစ်ဆေးဖို့တော့လိုပါတယ်။ အပူငုပ်ပြီးဖြစ်တဲ့ ချောင်းဆိုးရောဂါအတွက် ကုသနည်းတွေကို ဖော်ပြပေးပါမယ်။

- အပူကုန်စေဖို့  နံနက်စောစောအုန်းသီးအနု   အုန်းစိမ်းရည်သောက်ပြီး  ရေချိုးပေးပါ။

- အုန်းစိမ်းရည်ထဲ   ချင်းပါးပါးလှီးထည့်ပြီး မီးဖြင့်ဆူရုံမျှအပူပေးကာ ခပ်နွေးနွေးသောက်ပေးပါက   ရက်ရှည်အပူငုပ် ချောင်းခြောက်ဆိုးခြင်းကို    သက်သာ ပျောက်ကင်းစေပါတယ်။

- လောက်သေရွက်ကို လက်တစ်ဆုပ်လောက်  ရေနွေးမတ်ခွက်နှစ်လုံးစာထည့်ကျိုပြီး တစ်ရက်လျှင် မတ်ခွက်တစ်လုံးစာ သောက်ပေးပါ။

- မီးကွင်းဂမုန်းရွက်ကို အရည်ညှစ်ယူထားတဲ့ သတ္တုရည်ထဲမှာ ဆားလှော်အနည်း ငယ်ထည့်သောက်ပါက    အသံကပ်ပြီး ချောင်းခြောက်ဆိုးတဲ့ရောဂါကို  သက်သာ ပျောက်ကင်းစေပါတယ်။

- ချောင်းခြောက်ဆိုးပြီး  အသံဝင်နေရင်    ပြည်ပန်းညိုရွက်ကို ဟင်းချိုချက်သောက်ပါ။

- ချောင်းအဆက်မပြတ်ဆိုးပြီး  အာခေါင်ခြောက်ရင် ရှောက်သီးအရည်သုံးဇွန်း၊ ပျားရည်တစ်ဇွန်းစပ်ပြီး  သိန္ဓောဆား အနည်းငယ်ထည့်လျက်ပေးပါ။

- ကြက်သွန်နီဥကြီးကိုမီးအုံးပြီး ပူတုန်း စားပါ။

- သင်္ဘောအဖိုပင်ရဲ့ အရွက်၊ အဖူးကို မီးမြှိုက်ပြီး အတို့အမြှုပ်ပြုလုပ်စားပါ။

- ဥသျှစ်ရွက်ကိုဟင်းချိုချက်သောက်ပါ။ အတို့အမြှုပ်ပြုလုပ်စားပါ။

- ရဲယိုသီးအမှည့်ကို ထန်းလျက်နဲ့ ခေါက်ပြီးစားပါ။ လေပူထပြီးချောင်းဆိုးခြင်းကို သက်သာစေပါတယ်။

- တိုင်းရင်းဆေးအမှတ် (၁) မက်လင် ချဉ်ဆေးကို  တိုင်းရင်းဆေးအမှတ်   (၇) နွယ်ချိုကဲဆေးနဲ့       ဆတူရောစပ်ပြီး မကြာခဏလျက်ပေးပါက   သလိပ်ကပ်ချောင်းဆိုးခြင်း၊ ချောင်းခြောက်ဆိုးခြင်းတွေကို သက်သာစေပါတယ်။

- ချောင်းခြောက်ဆိုးပြီး ရင်ကျပ်ရောဂါရှိရင်   ဇော်ဂျီတောင်ဝှေးပင်အရွက်ရော အရိုးပါနုပ်နုပ်စဉ်းပြီး  ပရဆေးဆိုင်တွေမှာ  ဝယ်ယူရရှိနိုင်တဲ့  ဒိုဘာလာသကြား (ခေါ်)  မှန်ရောင်သကြားခဲ  အနည်းငယ် ရောပြုတ်ပြီး    တစ်ရက်လျှင်   မတ်ခွက် တစ်လုံးစာသောက်ပါ။

- ကလေးငယ်များ  ချောင်းခြောက်ဆိုးချွဲကပ်လျှင်   ကွမ်းရွက်ကိုမီးကင်ပြီးရင်ဘတ်နဲ့နောက်ကျောမှာ  ကပ်ပေးပါ။ကွမ်းရွက်နဲ့ဆားကိုထုပ်ပြီး   သံပြားပေါ် မှာ မီးဖုတ်ပြာချ၊  ထိုပြာကိုသံပရာရည်နဲ့ ဖျော်လျက်ပါ။

- ကလေးငယ်များ  ကြက်ညှာချောင်း ဆိုးခေါ် ရက် (၁၀၀) ချောင်းဆိုးဖြစ်လျှင် တရုတ်စကားပင်၏အခေါက် ဒါမှမဟုတ် အကိုင်းကိုအခြောက်လှန်း ပြာချပြီး သိန္ဓော ဆားနှင့်ရောလျက်ပေးပါက   သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

Source: Myawady Web Portal

ကြည်လွင်မြင့်(မုဒြာ)

တပို့တွဲလရာသီနှင့် ဆေးဖက်ဝင်ပေါက်ပန်း
-

နှာရည်ယိုရွှဲ တပို့တွဲ

တပို့တွဲလသည် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလအတွင်း ကျရောက်ပြီး ဆောင်းရာသီ နောက်ပိုင်းချိန်ဖြစ်သည်။ ထန်းဖူး၊ ထန်းခိုင်တို့ တွဲညွတ် သောရာသီဖြစ်၍ တပို့တွဲလဟုခေါ်ခြင်းဖြစ်သည်။ တပိုဝ်သည် ထန်းဖူးကိုဆိုလိုပြီး တွဲသည်၊ အသီးခိုင်တွဲလောင်းကျသည်ကို ရည်ညွှန်းသည်။ တပို့တွဲလတွင် ထန်းဖူးများကို အောက်ရောက်အောင်ဆွဲချပြီး ထန်းရည် ခံသည့်လဖြစ်၍    ထိုလ၌  ထန်းတောင်သူများ   ထန်းလျက်ချက်ကာ အလုပ်များသောလဖြစ်သည်။

တပို့တွဲလ၏ အထိမ်းအမှတ်ပန်းများမှာ ပေါက်ပန်း၊ လဲပွင့်၊ လက်ပံပွင့် တို့ဖြစ်ကြသည်။ တပို့တွဲလတွင် ထမင်းနဲပွဲကျင်းပကြသည်။ ကောက်ညှင်း စပါးသစ်ပေါ်ချိန်တွင်   ထမင်းနဲထိုး၍   ကျွေးမွေး လှူဒါန်းလေ့ရှိကြသည်။

ဆီးနှင်းကျသောရာသီဖြစ်၍ ချမ်းအေးသည်။ တပို့တွဲလသည် လဆန်းပိုင်းတွင် အအေးပိုသော်လည်း လပြည့်ကျော်သည်နှင့် အအေးပေါ့ကာ နွေဦးပေါက်လာသည်။ ဆယ့်နှစ်လရာသီရှိသည့်အနက် ရှေးယခင်က မြန်မာနိုင်ငံ၏  အေးသောလကို  တပို့တွဲလအဖြစ်   သတ်မှတ်ခဲ့ပြီး အချမ်းအေးဆုံးအချိန်ကို တပို့တွဲလပြည့်နေ့မတိုင်မီ လေးရက်အလိုနှင့် တပို့တွဲလပြည့်ပြီးနောက်   လေးရက်အထိ   သတ်မှတ်ခဲ့ကြသည်။  တပို့တွဲလသည် အချမ်းပိုသောလဖြစ်၍ နှာရည်ယိုရွှဲ တပို့တွဲဟုလည်း ဆိုကြသည်။

တပို့တွဲလပြည့် မြန်မာ့သနပ်ခါးနေ့

သနပ်ခါးစိုက်ပျိုးသော မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သည့် အရာတော်၊ ရေစကြို၊ မြိုင်၊  ရွှေဘိုနှင့်ပေါက်မြို့တို့၌  တပို့တွဲလပြည့် နေ့ညတွင်  မြို့နယ်များအလိုက်  ဘုရားစေတီများ၌ သနပ်ခါးမီးပူဇော် ခြင်းနှင့်အတူ ထမနဲစတုဒိသာပွဲများ ပြုလုပ်လေ့ရှိကြသည်။ ဖော်ပြပါ သနပ်ခါးစိုက်ပျိုးသော ဒေသများအနက် အရာတော်၊ ရေစကြို၊  မြိုင်၊ ရွှေဘိုမြို့တို့တွင် သနပ်ခါးမီးပူဇော်ပွဲကို ၂၀၁၉ ခုနှစ် တပို့တွဲလပြည့်နေ့က စတင်ကျင်းပနိုင်ခဲ့ပြီး  ၂၀၂၀  ပြည့်နှစ်က ပေါက်မြို့၌ ထမနဲပွဲနှင့်အတူ ကျင်းပခဲ့ကြောင်း သိရသည်။  ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော်က တပို့တွဲ လပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်လိုက်သည်။

ပေါက်ပန်းအကြောင်း သိကောင်းစရာ

ဆယ့်နှစ်လရာသီပန်းများတွင်  ပေါက်ပန်းသည် တပို့တွဲလ၏ပန်း အဖြစ် မှတ်တမ်းတင်ထားသည်။  ရာသီမသိ ပန်းနှင့်ညှိဟူသော  ဆိုရိုး စကားနှင့်အညီ နှာရည်ယိုရွှဲ တပို့တွဲကာလ၌ ပေါက်ပင်တစ်ပင်လုံး ပန်းများဝေနေအောင် ပွင့်ကြသည်။   ပေါက်ပန်းများသည်   ကြက်တူရွေး နှုတ်သီးသဏ္ဌာန်ကွေးနေကာ လိမ္မော်နီရောင်ဖြစ်သည်။ ရနံ့မမွှေးသော်လည်း အပွင့်အလွန်လှသည်။  လိမ္မော်ရောင်နီကြန့်ကြန့်ပန်းများ ပင်လုံး ကျွတ်ဝေဆာနေသဖြင့်  အဝေးမှကြည့်လျှင်  မီးတောက်များသဖွယ် အမြင်ဆန်းကြယ်နေသည်။ ထို့ကြောင့် ရောမလူမျိုးများက ပေါက်ပင်ကို Flame of the Forest  (သစ်တောမီးတောက်ပင်)  ဟု အင်္ဂလိပ်အမည် မှည့်ခေါ်ကြဟန်တူသည်။  မြန်မာနိုင်ငံ၏  အထက်အညာဒေသများ၌  အဖြူရောင် ပေါက်ပန်းမျိုးကိုလည်း တွေ့ရတတ်သည်။

အရသာရှိသောပေါက်ပန်း

 သဘာ၀အလျောက်ပေါက်ရောက်သော်လည်း တချို့ကဟင်းလျာ အဖြစ်စားသုံးရန်  ပေါက်ပင်ကို အိမ်ခြံဝင်းအတွင်း စိုက်ပျိုးကြသည်။ အပွင့်၏အရသာမှာ မဆိုသလောက်ခါး၍ ဆိမ့်သက်သဖြင့် ခံတွင်းရှင်းသည်။ အပွင့်ကို ကြော်စား၊ ချက်စား၊ ဟင်းချိုချက်စား၊ ပြုတ်ပြီးသုပ်စား စသည်ဖြင့် ဟင်းလျာမျိုးစုံ ပြုလုပ်စားသုံးနိုင်သည်။ အရွက်ကိုပြုတ်၍ အတို့အမြှုပ်စားနိုင်သလို အရွက်ကြော်အဖြစ်တစ်မျိုး၊ ဟင်းချိုချက်၍ တစ်ဖုံစားသုံးနိုင်သည်။

ပေါက်ပင်၏ပုံသဏ္ဌာန်

ပေါက်ပင်သည် ပိတောက်မျိုးရင်းဝင်ဖြစ်သည်။ တောင်တန်းဒေသများမှအပ  မြန်မာနိုင်ငံမြေပြန့်ဒေသရှိ ချောင်း၊ မြောင်း၊ အင်း၊  အိုင် နံဘေးများတွင် သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသည်။  ပင်စည် ဖြောင့်မတ်သော ရွက်ကြွေပင်ကြီးမျိုးဖြစ်၍ ပေ  ၅၀ မှ ပေ ၈၀ အထိ မြင့်မားသည်။ ပင်စည်တွင် အဆစ်များပါရှိပြီး အကိုင်းအခက်ကောက် ကွေး၍ထွက်သည်။    အညွန့်နှင့်အရွက်တို့တွင်  ကတ္တီပါကဲ့သို့   နူးညံ့သော အမွေးများရှိသည်။ အခေါက်မှ အနီရောင်အစေးများ ထွက်ရှိသည်။ အရွက်မှာ သုံးရွက်မြွှာပေါင်းဖြစ်သည်။ ရွက်မြွှာများမှာ ထိပ်ဝိုင်း၍ အရင်း ကျယ်သည်။ အရွက်၏ အပေါ်ယံမျက်နှာပြင်သည် သားရေကဲ့သို့ပြောင် ချောသော်လည်း  အောက်မျက်နှာပြင်တွင်  အမွေးနုလေးများရှိသည်။  ရွက်ကြောထင်ရှား၍ ရွက်နားညီသည်။ တန်ခူးလ၊ ကဆုန်လတို့တွင် အသီးသီးလေ့ရှိသည်။  အသီးတောင့်သည်  ၆ လက်မမှ  ၈ လက်မ အထိရှည်ပြီး အနံမှာ ၂ လက်မခန့်ရှိသည်။ အသီးတောင့်၏ အပေါ်ပိုင်း တွင် အစေ့တစ်စေ့သာပါရှိပြီး ယင်းအစေ့တွင် ရှည်လျားသော အတောင် ပါရှိနေခြင်းက ပေါက်ပင်၏ ထူးခြားမှုတစ်မျိုးဖြစ်သည်။ ပန်းခိုင်တစ်ခိုင်လျှင် နှစ်ပွင့်မှ လေးပွင့်အထိပွင့်သည်။

ဆေးဖက်၀င် ပေါက်ပန်း

အစေး၊ အပွင့်၊ အစေ့၊ အသီး၊ အရွက်၊ အခေါက်၊ ဥ စသည့်  အစိတ်အပိုင်းအားလုံး ဆေးဖက်၀င်သည်။    မြန်မာ့ဆေးကျမ်းများ အဆိုအရ ပေါက်ပင်သည် ဖန်၊ ခါး၊ စပ်အရသာရှိသည်။ ပူသည်၊ ဝမ်းမီးကိုတောက်စေသည်၊ ကျိုးသောအရိုးကိုဆက်စေသည်၊ ဆီးရွှင်စေသည်။ ပေါက်သီး သည် စပ်သည်၊  ဒူလာသရောနာ၊ ဝမ်းမီးတောက်သောအနာ၊  အလုံးအခဲ တည်သောအနာ၊  မြင်းသရိုက်နာများအားနိုင်သည်။ အပွင့်သည် ဖန်၊ ခါး၊ စပ်သည်၊ အေးသည်၊ လေကိုပွားစေသည်။ သည်းခြေ၊ သလိပ်ကိုနိုင်သည်။  အသည်းရောဂါများ၊ ဆီးပူ၊ ဆီးအောင့်နှင့် နူနာရောဂါတို့ကိုပျောက်ကင်းစေသည်။ ကြက်မျက်သင့်သော အနာ၊ နှာစေးနာတို့ကိုနိုင်သည်။ အဆီ အနှစ်ကိုဖြစ်စေသည်။  ဝမ်းကိုက်ရောဂါကို  ပျောက်ကင်းစေသည်ဟု ဖော်ပြထားသည်။

အိန္ဒိယဆေးကျမ်းများတွင်    ပေါက်စေ့သည်    ဝမ်းသက်စေသည်၊ ကပ်ပါးကောင်များကိုသေစေသည်။   ပေါက်ရွက်နှင့်ပေါက်ပန်းသည် ခွန်အားဖြစ်စေသည်၊ အရေပြားကို သွေးတိတ်စေသည်၊ ဆီးရွှင်စေသည် ဟု ဖော်ပြထားသည်။

အပွင့်နှင့်ကျန်းမာရေး

- အဖြူ နှင့် အနီ နှစ်မျိုးရှိပြီး အနီရောင်ပေါက်ပွင့်က အဖြူထက်ပို၍    ဆေးစွမ်းထက်မြက်သည်။

- ပေါက်ပွင့်ကို ရေအေးတွင်   တစ်ညစိမ်၍   နံနက်တွင်   သကြား      အနည်းငယ် ထည့်သောက်ပါက စအိုဝနာခြင်း၊  ဆီးနှင့်ရော၍သွေးပါ ခြင်း၊ နှာခေါင်းသွေးယိုခြင်းတို့ကို ပျောက်ကင်းစေသည်။

- ဆီးချုပ်ခြင်း၊   ဆီးအောင့်ခြင်း၊   ဆီးအိမ်ရောင်ခြင်းတို့အတွက်   ပေါက်ပွင့်ကို   ရေနွေးနှင့်ကျိုချက်သောက်ပါ။  ယင်းပြုတ်ဖတ်ကို ချက်နှင့်ဆီးခုံပေါ် အုံပေးခြင်းဖြင့် ဆီးရွှင်စေသည်။

- ပေါက်ပွင့်ခြောက်ကို ရေနွေးတွင်  လက်ဖက်ခြောက်ကဲ့သို့ခတ်၍ သောက်ပါက အသည်းရောဂါအမျိုးမျိုးနှင့် ပျက်စီးနေသောအသည်း ကလာပ်စည်းများကို ပြန်လည်ကောင်းမွန်စေသည်။ မောပန်းခြင်း ကိုပြေစေ၍ သွေးသားကို သန့်ရှင်းစေသည်။ အသက်ကြီးသူများ ဖြစ်တတ်သော   လေအားနည်းဝေဒနာကိုလည်း  သက်သာစေသည်။

- အပွင့်ကို  အရည်ညှစ်ပြီး မျက်စိတွင်ခတ်ပေးပါက   မျက်စိမှုန်၊ မျက်စိဝေခြင်းတို့ကို ပျောက်ကင်းစေသည်။

- ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အပွင့် သို့မဟုတ်  အရွက်ကို အရည်ညှစ်ပြီး ရှူပေးပါ။

- အရိုးကျီးပေါင်းရောဂါ၊ လည်ပင်းအရိုးအဆစ်နာ၊ ကြက်မျက်သင့် ရောဂါဖြစ်ပါက အပွင့်ကို ပြုတ်စားပေးနိုင်သည်။

- မီးယပ်အဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါအတွက် အပွင့်ကို သုပ်စားနိုင်သည်။

အစေးနှင့်ကျန်းမာရေး

- အရေပြားပေါ်ရှိ အနာ၊ အဖုအပိမ့်များအတွက် လတ်ဆတ်သည့်   အနီရောင်ပေါက်စေးကို လိမ်းပေးလျှင် ပျောက်ကင်းနိုင်ပါသည်။

- ပေါက်စေးကို  ဝမ်းသွားပျောက်ဆေးအဖြစ်  ဖော်စပ်အသုံးပြုနိုင်သည်။ ဝမ်းကိုက်ခြင်း၊ ၀မ်းသွားခြင်းဖြစ်ပါက ပေါက်စေးလက်ဖက် ရည်ဇွန်း သုံးပုံတစ်ပုံခန့်ကို တစ်ရက်လျှင်သုံးကြိမ်   ရေနွေးဖြင့်   သောက်ပါ။

အစေ့နှင့်ကျန်းမာရေး

- ပေါက်စေ့သည် ဝမ်းကိုက်နာ၊  အလွန်ပူသောအနာနှင့်  သွားနာရောဂါများကိုနိုင်သည်။

- ပွေး၊  ယားနာများအတွက် ပေါက်စေ့ကို  သံပရာရည်နှင့်သွေး၍ လိမ်းပါ။

- အစေ့ကို ရေတွင်စိမ်၍ အခွံခွာပြီးလျှင် အတွင်းဆန်ကို  အခြောက်လှန်းကာ ကြိတ်၍   နံနက်၊ ည  တစ်နေ့နှစ်ကြိမ်    ဆက်စားပြီး  လေးရက်မြောက်သောအခါ  ဝမ်းနုတ်ဆေးစားပါက ဝမ်းတွင်းရှိ သန်ကောင်များ ကျစေနိုင်သည်။

- ပေါက်စေ့မှထွက်သောအဆီသည် ပိုးမွှားနှင့်သန်ကောင်တို့ကိုနိုင်သည်။ ပေါက်စေ့၊ ငရုတ်ကောင်းနှင့် ရှိန်းခိုတို့ကို ဆတူထောင်း၍ အလုံးလေးများလုံးပြီး စားလျှင် သန်ကောင်များကိုသေစေသည်။

အရွက်နှင့်ကျန်းမာရေး

- အရွက်ကို အားတိုးဆေးတွင် အသုံးပြုသည်။

- အရွက်ကို အနာ၊ အဖုအပိမ့်များပေါ် လိမ်းအုံပေးပါက ပျောက်ကင်းစေသည်။

- အရွက်ကို အရည်ညှစ်ပြီး ချင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့နှင့်    ဆတူရောပြီး  ရှူပေးပါက  စိတ်ဖောက်ပြန်ပျံ့လွင့်သော ရောဂါကို ပျောက်ကင်းစေသည်။ (စိတ်ကျရောဂါအတွက်ကိုလည်း ဤနည်း အတိုင်း ရှူပေးပါ)

-  အတက်ရောဂါ၊  ဝက်ရူးပြန်ရောဂါဖြစ်ပါက   ပေါက်ရွက်ကို  ငရုတ်ကောင်းနှင့်ရောကြိတ်ပြီး ရှူပေးပါ။

- ပေါက်ရွက်ကို ကျီးအာသီးဆန်နှင့် ရောစားပါက  ပန်းသေရောဂါ  ပျောက်ကင်းနိုင်သည်။

- တုပ်ကွေးဖျား၊ ရိုးရိုးဖျားတို့အတွက်   ပေါက်ရွက်ကို   ကြက်သွန်နီများများနှင့် ကြော်စားပါ။

- အပူလောင်နာဖြစ်ပါက ပေါက်ရွက်သတ္တုရည်ထည့်ပေးပါ။

- ထိခိုက်ဒဏ်ရာရပါက   ပေါက်ရွက်သတ္တုရည်ကို   လက်ဖက်ရည်    အကြမ်းပန်းကန်တစ်လုံးခန့်သောက်ပါ။ အနာမန်းဝင်ခြင်းမှ ကင်းဝေးစေသည်။

အခေါက်နှင့်ကျန်းမာရေး

-  အခေါက်နှင့်အစေ့ကို မြွေဆိပ်ကုသရာတွင်လည်းကောင်း၊ မြွေဆိပ်ဖြေဆေးဖော်စပ်ရာတွင် လည်းကောင်း အသုံးပြုနိုင်သည်။

- အခေါက်ကို ချင်းနှင့်ပြုတ်သောက်သော်  အဆိပ်တက်ခြင်းမှပြေစေသည်။

- တီဘီအဆုတ်နာ၊ ငှက်ဖျားရောဂါများအတွက် အပွင့်နှင့်အခေါက်ပြုတ်ရည်သောက်ပါ။

ဥနှင့်ကျန်းမာရေး

- ပေါက်ဥမှုန့်ကို  ပျားရည်နှင့်စားပါက  အားအင်ပြည့်ဖြိုးကာ အသက် ရှည်စေသည်။

အမြစ်နှင့် ကျန်းမာရေး

- အမြစ်သတ္တုရည်သည် မျက်စိရောဂါ၊ မျက်စိစွံခြင်းတို့ကို ပျောက်ကင်းစေပြီး မျက်စိအမြင်ကို ကြည်လင်စေသည်။

- အဆစ်ရောင်ရောဂါအတွက်  အမြစ်ကိုရေနှင့်သွေးပြီး  မီးနှင့်နွေးအောင်ပြုလုပ်ကာ ရောင်နာနေသော အဆစ်ပေါ်လိမ်းပေးပါ။

သတိပြုရန်

ပေါက်ပင်တစ်ပင်လုံး ဆေးဖက်ဝင်သည်ဆိုသော်လည်း  တန်ဆေးလွန်ဘေး ဆိုသကဲ့သို့ အလွန်အကြူး စားသောက်မိပါက ကျောက်ကပ် ပျက်စီးတတ်ပြီး သွေးအားနည်းရောဂါ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် နို့တိုက်မိခင်များ စားသုံးရန် မသင့်ကြောင်း ရေးသားလိုက်ရပါသည်။ 

Source: Myawady Web Portal

ပေါက်ပေါက်

သွေးချိုဆီးချိုရောဂါရှိသူများစားသုံးနိုင်သောသကြားပါဝင်မှုအနည်းဆုံးသစ်သီးများ
-

သစ်သီးများတွင်  ဗီတာမင်၊  သတ္တု ဓာတ်၊ အမျှင်ဓာတ်နှင့်ရေဓာတ်များ ကြွယ်ဝပြီး  အင်တီအောက်စီးဒင့်အများအပြားပါဝင်သဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရှိသည်။ သွေးချိုဆီးချိုရောဂါ ရှိသူများအပါအဝင်   လူတိုင်းနီးပါးသည် သစ်သီးများစားခြင်းမှ     အကျိုးကျေးဇူး များရရှိနိုင်ပါသည်။ သစ်သီးအားလုံးတွင် Fructose  နှင့်  Glucose   သဘာဝသကြားဓာတ်အမျိုးအစား  နှစ်မျိုးပါဝင်သည်။  သကြားဓာတ်တစ်ခုချင်းစီ၏ပါဝင်မှုအချိုးအစားမှာ ကွဲပြားသော်လည်း သစ်သီးအများစုတွင် Glucose တစ်ဝက် နှင့်  fru

သစ်သီးများတွင်  ဗီတာမင်၊  သတ္တု ဓာတ်၊ အမျှင်ဓာတ်နှင့်ရေဓာတ်များ ကြွယ်ဝပြီး  အင်တီအောက်စီးဒင့်အများအပြားပါဝင်သဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရှိသည်။ သွေးချိုဆီးချိုရောဂါ ရှိသူများအပါအဝင်   လူတိုင်းနီးပါးသည် သစ်သီးများစားခြင်းမှ     အကျိုးကျေးဇူး များရရှိနိုင်ပါသည်။ သစ်သီးအားလုံးတွင် Fructose  နှင့်  Glucose   သဘာဝသကြားဓာတ်အမျိုးအစား  နှစ်မျိုးပါဝင်သည်။  သကြားဓာတ်တစ်ခုချင်းစီ၏ပါဝင်မှုအချိုးအစားမှာ ကွဲပြားသော်လည်း သစ်သီးအများစုတွင် Glucose တစ်ဝက် နှင့်  fructose  တစ်ဝက်ခန့် ပါဝင်သည်။  Glucose  သည်  သွေးတွင်းသကြားဓာတ်ကို    မြင့်တက်စေသဖြင့်  ခန္ဓာကိုယ်က အင်ဆူလင်အကူအညီဖြင့် ဇီဝဖြစ်ပျက်မှုတွင် အသုံးပြုရသည်။ Fructose သည် သွေးတွင်းသကြားဓာတ်ကို မတိုးမြင့်စေ ဘဲ အသည်းတွင်ဖြိုခွဲ၍ စွမ်းအင်ထုတ်လုပ်သည်။

သရက်သီးနှင့် ဖရဲသီးအပါအဝင် အလွန်ချိုသောသစ်သီးများတွင် သဘာဝအတိုင်း သကြားပါဝင်မှုမြင့်မားသည်။    သို့သော် ယေဘုယျအားဖြင့်  သစ်သီးများသည် အချိုပါသော အစားအစာများထက် သကြားပါဝင်မှုနည်းသည်။  သစ်သီးများ တွင် ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရဓာတ်များ၊  ဗီတာမင်၊ အမျှင် ဓာတ်၊   သတ္တုဓာတ်နှင့်   ရေဓာတ်များ ပါဝင်သောကြောင့် ပြုပြင်ပြီး သကြား များပါရှိသော  သရေစာများထက်  ပိုမိုကောင်းမွန်သည်။  သွေးချိုဆီးချိုရောဂါရှိသူများသည်   သကြားပါဝင်မှုမြင့်မားသောသစ်သီးအများစုကို   ရှောင်စားရန်လိုအပ်သည်။  သွေးချိုဆီးချိုရောဂါရှိသူများ သရေစာအဖြစ်  ရွေးချယ်စားသုံးနိုင်သည့် သကြားပါဝင်မှုအနည်းဆုံးသစ်သီးများမှာ လိမ္မော်သီး၊  သံပရာသီး၊ ဂရိတ်ဖရုသီး၊  မာလကာသီး၊  ထောပတ်သီး၊ ဆီးသီး၊ မက်မွန်သီး၊ ကီဝီသီး၊ ပန်းသီးစိမ်း၊ သင်္ဘောသီး၊  ဖရဲသီး၊   သခွားမွှေးသီးနှင့်ဘယ်ရီသီးများဖြစ်ပြီး  ကယ်လိုရီပါဝင်မှု လည်းနည်းသောကြောင့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းထားနိုင်သည်။

Citrus fruits ခေါ် သံပရာသီး၊ သံပရိုသီး၊ လိမ္မော်သီးနှင့်ဂရိတ်ဖရုသီး သံပရာသီးတစ်လုံးတွင်  သကြား  ၁ ဂရမ်၊  သံပရိုသီးတစ်လုံးတွင် သကြား  ၂ ဂရမ်၊ လိမ္မော်သီး  ၁၀၀ ဂရမ်တွင် သကြား ၉  ဂရမ်၊  ဂရိတ်ဖရုသီး   ၁၀၀  ဂရမ်တွင် သကြား ၆ ဒသမ ၇ ဂရမ်ပါဝင်ပြီး ဗီတာမင် C ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံ အားစနစ်ကို မြှင့်တင်ပေးနိုင်သည်။သစ်သီး၏အကျိုးပြုဇီဝဒြပ်ပေါင်းများစွာစုစည်းထားသောနေရာဖြစ်သည့်  Citrus fruits ပေါ်ရှိ အဖြူရောင်အလွှာနှင့် အမြှေး ပါးများကိုစားခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်သည်။ သံပရာသီးများသည် စားသုံးရန်အလွန်ချဉ်သော်လည်း လူ အများစုသည်  သံပရာရည်   သို့မဟုတ် သံပရိုရည်ကို တခြားသကြားဓာတ်ပါသောဖျော်ရည်များအစား သောက်ရန်နှစ်သက်ကြသည်။ တစ်ခါတစ်ရံ အသုပ်များတွင် ညှစ်ထည့်ပြီး စားနိုင်သည်။ Citrus zest ခေါ်  သံပရာသီးအပြင်ဘက်ရှိ  အခွံ၏ မွှေးကြိုင်သောအနံ့ကြောင့် ဖျော်ရည်များနှင့်ဟင်းများတွင်   ဟင်းခတ်အမွှေးအကြိုင်အဖြစ်နှင့်  ဟင်းအရသာများအတွက် ထည့်သွင်းအသုံးပြုနိုင်သည်။ လိမ္မော်သီးများကို အမြွှာလိုက်စားခြင်းကဖျော်ရည်သောက်ခြင်းထက် အမျှင်ဓာတ်များစွာရနိုင်သည်။ ဂရိတ်ဖရုသီးတွင်အမျှင်ဓာတ်များကြွယ်ဝစွာပါဝင်ပြီး အသီးလွှာနှင့်အမြှေးပါးများသည်ချဉ်၍  အခွံ မှာ အနည်းငယ်ခါးသည်။

မာလကာသီး

မာလကာသီး ၁၀၀ ဂရမ်တွင် သကြား၈ ဒသမ ၉ ဂရမ်ခန့်ပါဝင်ပြီး ဗီတာမင်C၊ ပိုတက်ဆီယမ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သည်။   မာလကာသီးသည်   အမျှင်ဓာတ်များ  အံ့မခန်းကြွယ်ဝသောကြောင့်   သကြားဓာတ်စုပ်ယူမှုကိုနှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းချုပ်နိုင်သည်။

ထောပတ်သီး

ထောပတ်သီး ၁၀၀ ဂရမ်တွင် သကြား  သုည ဒသမ  ၆၆  ဂရမ်သာ ပါဝင်သဖြင့်  သကြားမပါသလောက်ဖြစ်ပြီး   ကျန်းမာရေးနှင့်ညီညွတ်သော monounsaturated fatty acids (oleic acid) နှင့်  အမျှင်ဓာတ်များပါရှိသည်။   ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး   အင်ဆူလင်အာရုံခံနိုင်စွမ်းကို     တိုးမြင့်စေနိုင်သောကြောင့်   သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်သည်။

ဆီးသီး

လတ်ဆတ်သော   ဆီးသီးတစ်လုံးတွင် သကြား ၆ ဂရမ်ပါရှိသည်။ ချိုသော်လည်း ကယ်လိုရီနည်းသော ဆီးသီးများသည်အမျှင်ဓာတ်ပါဝင်မှုမြင့်မားသောကြောင့်ဗိုက်ပြည့်သည့်ခံစားမှုရစေပြီး   ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်သည်။    အထူးသဖြင့် ပျော်ဝင်နိုင်သောအမျှင်ဓာတ်သည် အစာခြေချိန်တွင် ဂျယ်အဖြစ်ပြောင်းလဲကာ အစာခြေခြင်းကို နှေးကွေးစေနိုင်သည်ဟု အမျိုးသားဆေးပညာစာကြည့်တိုက်မှ သိရသည်။ ဆီးသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့်    တခြားအကျိုးပြုအပင်ဒြပ်ပေါင်းများပါရှိသည်။

မက်မွန်သီး

မက်မွန်သီး  ၁၀၀  ဂရမ်တွင် သကြား ၇ ဒသမ ၉  ဂရမ်ပါဝင်ပြီး  အသားနှင့် အခွံနှစ်မျိုးစလုံးသည် အင်တီအောက်စီးဒင့်နှင့်    ရောင်ရမ်းမှုကိုဆန့်ကျင်သည့် အာနိသင်ရှိကြောင်း သုတေသနပြုချက်များမှတွေ့ရှိခဲ့သည်။ အရသာရှိပြီး အရည်ရွှမ်းသောမက်မွန်သီးတွင် တခြားအစေ့ပါသော   အသီးများထက်   အမျှင်ဓာတ်၊ ဗီတာမင် C နှင့် ပိုတက်ဆီယမ်တို့ ပိုမိုပါဝင်သည်ဟု အစားအသောက်ပညာရှင်များ ကဆိုသည်။    မက်မွန်သီးတစ်လုံးသည် ၁၀၀ ဂရမ်ခန့်ရှိပြီး   စူပါမားကက်တိုင်းတွင်  ဝယ်ယူရရှိနိုင်သဖြင့်   တစ်နေ့လျှင် တစ်လုံးခန့်စားသုံးရန် အကောင်းဆုံးဖြစ်သည်။

ကီဝီသီး

ကီဝီသီး     အနေတော်တစ်လုံးတွင်သကြား  ၇  ဂရမ်ပါဝင်၍  ဗီတာမင် C အကြွယ်ဝဆုံးအသီးဖြစ်ပြီး ဗီတာမင် E လည်း ပါဝင်သောကြောင့် အရေပြား ကျန်းမာရေးအတွက် အစွမ်းထက်သည်။ မျက်စိကျန်းမာရေးအတွက်  အကျိုးပြုသော အင်တီအောက်စီးဒင့် Lutein ပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝသည်။ တစ်နေ့လျှင် ကီဝီသီးနှစ်လုံးစားခြင်းသည် ဝမ်းချုပ်ခြင်းကိုသက်သာစေရန် သင့်လျော်သော    အစားအသောက်ကုသမှုတစ်ခု ဖြစ်ကြောင်း  လေ့လာမှုများအရ  တွေ့ရှိခဲ့ သည်။

ပန်းသီးစိမ်း

ပန်းသီးစိမ်း ၁၀၀ ဂရမ်တွင် သကြား၉ ဒသမ ၅၉ ဂရမ်မှ ၁၁ ဂရမ်ခန့်ပါဝင်ပြီး အနီရောင်ပန်းသီးထက် သကြားဓာတ် နည်းသည်။အမျှင်ဓာတ်နှင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်A၊ C၊ E၊ K၊  B-complex၊  ကယ်လ်စီယမ်၊ သံ၊ ပိုတက်ဆီယမ်၊  မဂ္ဂနီဆီယမ်နှင့်ကြေးနီတို့ပါဝင်သည်။

သင်္ဘောသီး

 သင်္ဘောသီး ၁၀၀ ဂရမ်တွင် သကြား ၇  ဒသမ ၈  ဂရမ်ပါဝင်ပြီး   မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊  ဖောလိတ်၊   Lycopene၊ ဗီတာမင် A၊ C၊ E၊ K နှင့် ဘီတာကယ်ရိုတင်း တို့ပါဝင်သည်။  အစာအိမ်ကျန်းမာရေး အတွက် အမျှင်ဓာတ်နှင့်နှလုံးကျန်းမာရေး အတွက် ပိုတက်ဆီယမ်တို့ပါရှိသည်။သင်္ဘောသီးတွင်    ကျန်းမာရေးအကျိုး ကျေးဇူးများရှိသောကြောင့်  Fruit of long life   (အသက်ရှည်စေသောအသီး) ဟုခေါ်ကြသည်။

ပင်မှည့်သီး

ပင်မှည့်သီးသည် မွှေးကြိုင်ချိုမြိန်သောအရသာရှိပြီး ၁၀၀ ဂရမ်တွင် သကြား ၁၁ ဂရမ်ခန့်ပါရှိသည်။ ဗီတာမင် A၊ ဗီတာမင် B2၊ ဗီတာမင် C၊ သံ၊  မဂ္ဂနီဆီယမ်နှင့်ပိုတက်ဆီယမ်ဓာတ်များ၊   အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသည်။    ကယ်လိုရီနည်းပြီး    အာဟာရ ဓာတ်များပြည့်ဝသော သရေစာဖြစ်သည်။ တခြားသစ်သီးဖျော်ရည်များတွင် အနံ့မွှေးလာစေရန်ထည့်လေ့ရှိသော  အသီးဖြစ်သည်။

ဖရဲသီး

ဖရဲသီးတစ်ခွက်တွင် သကြား ၉ ဂရမ် ပါဝင်ပြီး သွေးပေါင်ချိန်လျော့ကျမှုနှင့် လေဖြတ်နိုင်ခြေကိုလျှော့ချပေးသည့် အနီ ရောင်ခြယ်ပစ္စည်းနှင့် အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း lycopene  ပါဝင်သည်။ ပိုတက်ဆီယမ်နှင့်မဂ္ဂနီဆီယမ် တို့လည်း ကြွယ်ဝစွာပါရှိသောကြောင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုသည်။ ရေဓာတ်နှင့်  Electrolytes   ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်သည်။  ဖရဲသီး ကဲ့သို့ အရွယ်အစားကြီးသောအသီးများကို  ပိုင်းဖြတ်ပြီး ရေခဲသေတ္တာထဲတွင်  သိမ်းဆည်းထားခြင်းဖြင့်  သရေစာအဖြစ် အလွယ်တကူစားသုံးနိုင်သည်။

သခွားမွှေးသီး

သခွားမွှေးသီးတစ်ခွက်တွင်  သကြား၁၂ ဂရမ်နှင့် ဗီတာမင် A မြင့်မားစွာ ပါဝင်သောကြောင့်     မျက်စိကျန်းမာရေးနှင့်ကိုယ်ခံအားအတွက်    အရေးကြီးသောအာဟာရပမာဏ၏   ၄၀  ရာခိုင်နှုန်းကိုထောက်ပံ့ပေးနိုင်သည်။ နေ့စဉ် ဗီတာမင် C  လိုအပ်ချက်၏   သုံးပုံနှစ်ပုံခန့်လည်း ပါဝင်သည်။

ဘယ်ရီသီးများ

စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ခရင်မ်ဘယ်ရီ စသည့်ဘယ်ရီသီးများတွင် သကြားပါဝင်မှုနည်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည်။ စတော်ဘယ်ရီ ၁၀၀ ဂရမ်တွင် သကြား ၅ ဒသမ ၁ ဂရမ်ပါရှိပြီး အမျှင်ဓာတ်နှင့် ဗီတာမင် C မြင့်မားသည်။ ရက်စ်ဘယ်ရီသီး ၁၀၀ ဂရမ်တွင် သကြား  ၄  ဒသမ ၅  ဂရမ်နှင့် ဘလက်ဘယ်ရီသီး ၁၀၀ ဂရမ်တွင် သကြား ၄  ဒသမ  ၉ ဂရမ်ပါရှိသည်။  လတ်ဆတ်သော  ခရင်မ် ဘယ်ရီသီး  ၁၀၀   ဂရမ်တွင်    သကြား
၃ ဒသမ ၄ ဂရမ်သာပါဝင်သည်။   ခရင်မ် ဘယ်ရီသီးတွင်ရှိသော ကာဗိုဟိုက်ဒရိတ် ၏သုံးပုံတစ်ပုံခန့်သည် အမျှင်များဖြစ်ပြီး    အစာကြေရန်ခက်ခဲသောကြောင့် အစားအစာများကို  ခန္ဓာကိုယ်အတွင်း ချောမွေ့ စွာဖြတ်သန်းနိုင်ရန်    ကူညီပေးသည်။ ဆာလောင်မှုနှင့် သွေးတွင်းသကြားဓာတ် ကို   ထိန်းချုပ်ရန်လည်း  ကူညီပေးသည်။ လတ်ဆတ်သောခရင်မ်ဘယ်ရီသီးများကို စားသုံးရန် အချဉ်ဓာတ်လွန်ကဲလွန်းသော် လည်း ဗီတာမင် C နှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်သောကြောင့်   အရသာရှိသော ဖျော်ရည်များ၊ အသုပ်များ  သို့မဟုတ်  Oatmeal   နှင့်   ဒိန်ချဉ်တို့တွင် ထည့်သွင်းစားသုံးနိုင်သည်။

သွေးချိုဆီးချိုရောဂါရှိသူများ    အပါအဝင်  လူတိုင်းနီးပါးသည်  သစ်သီးများစားခြင်းဖြင့်   အကျိုးကျေးဇူးများရရှိနိုင်သည်။ သစ်သီးများသည် မျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းတွင် ပါဝင်သင့်သည်။ ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ(CDC)မှ သုတေသနပြုချက်အရ အရွယ်ရောက်ပြီးသူများသည် တစ်နေ့လျှင်   အသီးအနှံတစ်ခွက်ခွဲမှ   နှစ်ခွက်အထိ စားသုံးသင့်သည်ဟု အကြံပြုထားသည်။ ကျန်းမာရေးအကျိုးကျေးဇူးများရှိသော်လည်း တစ်ကြိမ်တည်းတွင် အသီးများများစားခြင်းသည် ကယ်လိုရီလွန်ကဲ စွာစားသုံးမှုကို  ဖြစ်စေနိုင်သောကြောင့်  လူတစ်ဦးသည် အစာစားတိုင်းတွင် သကြားဓာတ်နည်းသော  သစ်သီးများကို  ပေါင်းစပ်စားသုံးနိုင်သည်။ သကြားဓာတ်နည်းသောသစ်သီးများကို သရေစာအဖြစ် အလွယ်တကူပြုလုပ်နိုင်သည်။ သကြားပါဝင်မှုမြင့်မားသော ဖျော်ရည်များသောက်မည့်အစား သံပရာသီးတစ်ဝက်ကို ရေထဲသို့ညှစ်ထည့်သောက်ခြင်း   သို့မဟုတ် သံပရာသီးဖျော်ရည်သောက်ခြင်းသည် လန်းဆန်းစေသော နည်းလမ်းတစ်ခုဖြစ်သည်။ သွေးချိုဆီးချိုရောဂါရှိသူများအနေဖြင့် စားသင့်သည့်အသီးအနှံပမာဏအကြောင်းကို ဆရာဝန် သို့မဟုတ် အစားအသောက်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်၍ ကျန်းမာရေးနှင့်ညီညွတ်စေရန် ရွေးချယ်နိုင်ပါကြောင်း   ရေးသားတင်ပြလိုက်ရပါသည်။

ဒေါက်တာသိင်္ဂီကျော်

ဆေးဖက်ဝင်သည့် ကညွတ်ပင်
-

     ကညွတ်သည်   လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀   ကျော်ကပင်  လူအများ   ဆေးအဖြစ်မှီဝဲရာမှ    ဟင်းလျာအဖြစ်  ယနေ့တိုင် စားသုံးလာခဲ့ကြသည်။ ကညွတ်ပင်သည်  တစ်နှစ်လျှင်   တစ်ကြိမ်သာပေါ်သော  အရသာရှိသည့် အပင်မျိုးဖြစ်သည်။ ကညွတ်သည်   နှစ်ရှည်ခံပင်မျိုးဖြစ်ရာ ကျနစွာပြုပြင်ထားသည့်  စိုက်ခင်းတွင် အစေ့များကိုစိုက်ပျိုး၍ အပင်များ နေသားတကျဖြစ်လာလျှင်       နှစ်စဉ်အစို့များ ပေါ်ထွက်လာတတ်သည်။    ကညွတ်ပင်၏    ရုက္ခဗေဒအမည်မှ

     ကညွတ်သည်   လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀   ကျော်ကပင်  လူအများ   ဆေးအဖြစ်မှီဝဲရာမှ    ဟင်းလျာအဖြစ်  ယနေ့တိုင် စားသုံးလာခဲ့ကြသည်။ ကညွတ်ပင်သည်  တစ်နှစ်လျှင်   တစ်ကြိမ်သာပေါ်သော  အရသာရှိသည့် အပင်မျိုးဖြစ်သည်။ ကညွတ်သည်   နှစ်ရှည်ခံပင်မျိုးဖြစ်ရာ ကျနစွာပြုပြင်ထားသည့်  စိုက်ခင်းတွင် အစေ့များကိုစိုက်ပျိုး၍ အပင်များ နေသားတကျဖြစ်လာလျှင်       နှစ်စဉ်အစို့များ ပေါ်ထွက်လာတတ်သည်။    ကညွတ်ပင်၏    ရုက္ခဗေဒအမည်မှာ Asparagus Officinalis ဖြစ်သည်။       မြန်မာနိုင်ငံ၌ကညွတ်နွယ်ဝင် အမျိုးအစားခြောက်မျိုးခန့်နှင့်  ကညွတ်အမည်ဆင်တူ အပင်မျိုးလေးမျိုးခန့်ရှိသည်။ ရုက္ခဗေဒတွင် ယခင်က ကညွတ်သည် ကြက်သွန်မျိုးနွယ်များကဲ့သို့   နှင်းပန်းမျိုးရင်းထဲတွင်   ပါဝင်ခဲ့သော်လည်း ယခုတွင်မူ ကြက်သွန်မျိုးရင်း Amaryllidaceae ဟု ခွဲထွက်သတ်မှတ်လိုက်သကဲ့သို့ ကညွတ်မျိုးရင်းကိုလည်း Asparagaceae အဖြစ် ခွဲထုတ်သတ်မှတ်ခဲ့သည်။

ကညွတ်စားသောက်ပုံ

    ကညွတ်သည်   အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်သည့်အပြင် အဆီပါဝင်မှု မရှိသလောက်နည်းပြီး  ကယ်လိုရီပါဝင်မှုလည်း    အလွန်နည်းပါးသောကြောင့် နေ့စဉ်စားသုံးသည့်  ဟင်းလျာများထဲတွင် ထည့်သွင်းစားသုံးသင့်သည်။ မြန်မာနိုင်ငံ၌လည်း   ကညွတ်ကို ယခုနောက်ပိုင်း တွင်ကျယ်စွာ စားသုံးလာကြသည်။ ကညွတ်သည် အရသာကောင်းမွန်သည့်အပြင်  ကျန်းမာရေးအတွက်ပါ ကောင်းမွန်သောကြောင့် မကြာခဏစားသုံးသင့်သည်။ ကညွတ်ပင်၏  အမြစ်၊   အညွန့်တို့ကို စားသုံးနိုင်ကာ အပင်စိမ်းစိမ်းကညွတ်သည်   မိုးဦးကျတွင်ပေါ်သော ရာသီစာတစ်မျိုးဖြစ်ပြီး   မိုးရာသီတွင် ပေါများစွာစားသုံးနိုင်သည်။ အရသာသည် ဆိမ့်သဖြင့်   ကညွတ်ချည်း ကြော်စားနိုင်သကဲ့သို့ ပုစွန်၊ ကြက်သား စသည့်အသားအမျိုးမျိုးနှင့် ရော၍လည်း  ချက်စားနိုင်သည်။

ကညွတ်အမျိုးမျိုး

    ကညွတ်အမျိုးမျိုးရှိသော်လည်း အစိမ်းရောင်နှင့် အဖြူရောင်ကညွတ်ကို လူသိများပြီး      အစိမ်းရောင်ကညွတ်သည် ဆေးဖက်ပိုဝင်၍ အဖြူရောင်ကညွတ်သည် ပို၍နူးညံ့သည်။ ခရမ်းရောင်ကညွတ်သည် ပိုပြီးသေးသွယ်၍  အနံ့ပိုကောင်းသည်။ ခရမ်းရောင်ကညွတ်သည် အစိမ်းရောင်၊ အဖြူရောင်ကညွတ်တို့ထက်  သကြားဓာတ်ပါဝင်မှုများသည်။ အမျှင်ဓာတ်နည်းပြီးအရွယ်အစားပိုငယ်၍     ပင်စည်မှာ   ၂ လက်မမှ   ၃   လက်မထိသာရှိသည်။ယင်းတွင်ပါဝင်သော ဆေးဖက်ဝင်သည့်  အန်သရိုဆိုင်နန် (Anthocyanin) ခေါ်   ဖိုက်တိုနယူးထရီးရန့်စ် (Phytonutrients) ပါဝင်မှုကြောင့် ခရမ်းရောင်ဖြစ်နေခြင်းဖြစ်သည်။ ကြာရှည်စွာချက်ပြုတ်ပါက ခရမ်းရောင် ပျောက်သွားနိုင်သည်။ မည်သည့်အမျိုးအစားပင်ဖြစ်စေ ကညွတ်သည် အရသာကောင်းသော ဘက်စုံသုံးဟင်းလျာဖြစ်သည်။   ကညွတ်ကို နည်းအမျိုးမျိုး ချက်ပြုတ်စားသုံးနိုင်ရုံသာမက   အစိမ်းသုပ်စားနိုင်သည်။ ကညွတ်သည် ဘေးဝန်းကျင်တွင် မြေကြီးဖုံးထားသောကြောင့် နေရောင်ခြည်ချို့တဲ့ကာ ထွက်လာသောပင်စည်ရိုးတံသည်  အဖြူရောင်ဖြစ်နေသည်။      မြေအောက်တွင်ရှင်သန်ရ၍ အစိမ်းရောင်ခြယ်ကလိုရိုဖီးလ်ပါဝင်မှုကို  ဟန့်တားထားသောကြောင့် အဖြူရောင်ဖြစ်နေခြင်းဖြစ်သည်။ ကိုယ်ပိုင်အစာချက်နိုင်မှုကို    ဟန့်တားထားသောကြောင့် အရွက်ကိုအစိမ်းစားရသော   အသီးအနှံကဲ့သို့ပင်  ယင်းပင်စည်သည် အရောင်ဖျော့လာကာ ဖြူလာသည်။ အစိမ်းရောင်ကညွတ်ကို ကမ္ဘာတစ်ဝန်းတွင် ကျယ်ပြန့်စွာ စားသုံးကြသည်။

ကညွတ်နှင့်ကျန်းမာရေး

    ကညွတ်သည် ချိုအေးသော အရသာနှင့် အေးသောဂုဏ်ရှိ၍ သလိပ်ကိုကြေစေပြီး သွေးရောဂါများကိုနိုင်နင်းသည်။ အရွက်၊ အပင်၊ အစို့၊ အမြစ်၊ အသီးအားလုံးသည် လူကိုအကျိုးပြုသော်လည်း အစို့၊ အမြစ်သည် အဓိကအသုံးဝင်သည်။ အညွန့်ကိုစားသုံးခြင်းဖြင့်  လေကိုကြေစေပြီး   အင်အားကိုပြည့်စေ၍  သွေးအားကောင်းစေနိုင်သည်ဟု မြန်မာဆေးကျမ်းများက ဆိုထားသည်။ ကညွတ်အမြစ်ကို ချက်ပြုတ်၍စားသုံးပါက    အားဖြစ်စေသည်။ ကညွတ်မြစ်ဥအရည်ကို ကျိုချက်၍ရသောအဆီကိုလိမ်းပါက အဆစ်ရောင်ခြင်း၊ ကိုက်ခဲခြင်းနှင့် လေရောဂါဖြစ်ခြင်းများကို  ပျောက်ကင်းစေသည်။    အမြစ်အရည်ကို ပျားရည်နှင့်ရောသောက်ပါက  ဆီးရောဂါများဖြစ်သည့် ဆီးပူ၊  ဆီးအောင့်ခြင်း၊ ကိုက်ခဲခြင်းနှင့် သည်းခြေရောဂါအမျိုးမျိုးကို ပျောက်ကင်းစေသည်။

အမြစ်အရည်ကို နွားနို့နှင့်ဆတူရော၍သောက်ပါက ကြာရှည်စွာစွဲကပ်နေသော ကျောက်တည်ရောဂါနှင့် အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကို   ပျောက်ကင်းစေနိုင်သည်။အမြစ်ကိုပြုတ်စားခြင်း၊ နွားနို့၊ ကညွတ်တို့ဖြင့် နို့ထမင်းချက်စားခြင်းဖြင့်  သွေးသန့်၍ခွန်အားအမြန်ပြည့်စေသည်။   ကညွတ်အမြစ်သည် အဆုတ်ထဲရှိ တစ်သျှူးများ၏ လုပ်ဆောင်ချက်ကို   ကောင်းမွန်စေပြီး လည်ချောင်းပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေသည်။ အညွန့်ကိုစားသုံးခြင်းဖြင့် လေကိုကြေစေပြီး  အင်အားကိုပြည့်စေသည်။   သွေးအားကောင်းစေသဖြင့်    မီးဖွားပြီးမိခင်များစားသုံးရန်      အထူးသင့်လျော်သည်။ လေပြွန်ရောင်ရောဂါနှင့်  တီဘီရောဂါတို့ကို  ကုသရာတွင်လည်း ကညွတ်ပင်၏အမြစ်သည်  ထိရောက်သောအာနိသင်ရှိသည်။

ကညွတ်တွင်ပါဝင်သော ဗီတာမင်ဓာတ်

    ကညွတ်ပင်တွင်အကျိုးရှိသော ဆေးဖက်ဝင်ဒြပ်ပေါင်းများဖြစ်သည့် Flavo-ride၊ Glycoside၊ Phenolic Compound၊ Polyphenol၊ Carbohydrate၊ Protein၊ Sphonin၊ Alpha amino Acid စသည်တို့ပါဝင်သည်။ ကညွတ်တွင်ပါဝင်သောဓာတ်များကြောင့် ပန်းနာ၊ ရင်ကျပ်ခြင်းကို သက်သာစေသည်။ ပရိုတင်းအားဖြည့်ဓာတ်တစ်မျိုးကြောင့် အရိုးပွခြင်း၊ အရိုးအဆစ်ရောင်ရမ်းခြင်းတို့ကို  ကာကွယ်ပေးသည်။ ဖောလစ် (Folic)နှင့် ဗီတာမင် A   တို့သည်   နှလုံးကိုကျန်းမာစေပြီး လေဖြတ်၊   လေဖြန်းခြင်းမဖြစ်‌အောင် ကာကွယ်ပေးသည်။   လတ်ဆတ်သောကညွတ်တွင်      ဖောလစ်ဓာတ်အများ အပြားပါဝင်သည်။ ဖောလစ်သည် ဆဲလ်အတွင်း DNA ခေါ် မျိုးရိုးဗီဇများ တည်ဆောက်ရန် အရေးကြီးသောပစ္စည်းဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အထူးသင့်လျော်ကညွတ်တွင် အစာခြေစနစ်အတွက် အရေးပါသော အမျှင်ဓာတ် (Fiber) အများအပြားပါဝင်သည်။ အစာအာဟာရမှရရှိသော   အမျှင်ဓာတ်များသည်   အူထဲတွင်ရှိသော    အကျိအချွဲကပ်ငြိမှုများနှင့် တခြားအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။ မိခင်လောင်းများအနေဖြင့် ကိုယ်ဝန်ဆောင်ကာလတွင် အထောက်အကူဖြစ်စေရန် ကညွတ်ကိုစားပေးနိုင်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် လိုအပ်သည့်ဖောလစ်ဓာတ် ပါဝင်မှုမြင့်မားခြင်းကြောင့် မိခင်လောင်းများ စားသုံးသင့်သည်။ ပျော်ဝင်လွယ်သောအမျှင်ဓာတ် (Fiber) နှင့် အင်ဆူလင် (Insulin) ပေါများသောကြောင့်   အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်သည်။ ထိုအမျှင်ဓာတ်သည်    ဝမ်းချုပ်ခြင်းကိုမဖြစ်စေဘဲ   မကောင်းသော ကိုလက်စထရောများကို အူအတွင်းတွင် ယင်းအမျှင်ဓာတ်နှင့် ပေါင်းစပ်ခြင်းဖြင့်လျော့ကျ‌စေသည်။  သွေးတွင်းသကြားပမာဏကို ပုံမှန်ဖြစ်စေသည်။

လေးဖက်နာနှင့်ဆံပင်ဖြူခြင်းကို ကာကွယ်ပေးနိုင်

      ကညွတ်တွင်ပါဝင်သော ဗီတာမင် B သည် ခန္ဓာကိုယ်ထဲရှိ ဟိုမိုဆစ်စတင်အင်း (Homocysteine) ဟုခေါ်သော Amino Acid   ပမာဏကို လျော့နည်းစေပြီး ကိုလက်စထရောကို ကျဆင်းစေသည်။ ဗီတာမင် B 6   သည် Homocysteine ကိုထိန်းပေးနိုင်ပြီး   Homocysteine ပမာဏမြင့်မားလျှင် သွေးကြောဆိုင်ရာရောဂါများဖြစ်ပွားစေနိုင်ပြီး သွေးကြောထဲတွင်  အဆီများစုပုံကာ သွေးလည်ပတ်မှုကိုအဟန့်အတားဖြစ်စေနိုင်သည်။

သိုင်ရာမင်ဓာတ်    (Thiamine)  သည် အစာခြေလမ်းကြောင်း နံရံကြွက်သားကို အထောက်အကူပေးပြီး  အာဟာရဓာတ်စုပ်ယူမှုအတွက် လိုအပ်သော ဟိုက်ဒရိုကလိုရစ်အက်စစ်ကို ထုတ်ပေးနိုင်သည်။  အဆစ်အမျက်နာရောဂါ  အထူးသဖြင့် လေးဖက်နာရောဂါကို ကညွတ်စားခြင်းဖြင့် ကာကွယ်ပေးနိုင်သည်။ နိုင်ယာစင် (Niacin) ဒြပ်ပေါင်းသည် ဝက်ခြံပျောက်ကင်းစေပြီး အရိုးအဆစ်ရောင်ရမ်းမှုကို လျော့ကျစေသည်။ ကညွတ်တွင်ပါဝင်သော  ကြေးနီနှင့် ဗီတာမင် B 12 ကြောင့် အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းနှင့်  ဆံပင်ပါးခြင်းကို ကာကွယ်ပေးနိုင်သည်။

အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာနှင့် ဝမ်းချုပ်သူများစားသင့်ကညွတ်တွင်ပါဝင်သော ဗီတာမင် B 12 သည် အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာနှင့်  ဝမ်းချုပ်သူများအတွက် သင့်လျော်သည်။    ထို့ပြင် Flavonoid Compound   သည်လည်း   အန္တရာယ်ဖြစ်စေနိုင်သော  ကင်ဆာဖြစ်စေသည့် ဖရီးရယ်ဒီကယ်များ၊ အာရုံကြောရောဂါများ၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါများကို    တိုက်ဖျက်ပေးသည်။ ဗီတာမင်  E သည် အမျိုးသမီးနှင့် အမျိုးသား လိင်ဟော်မုန်းနှင့် ဆဲလ်တို့၏အရည်အသွေးကို  တိုးတက်စေသည်။ သုက်ပိုးများကိုကျန်းမာစေပြီး သားအိမ်အမြှေးများကို    ထူထဲစေသည်။   ဗီတာမင် Cပါဝင်မှုကြောင့် သုက်ပိုးဆဲလ်များကိုအားဖြည့်ပေးပြီး  သုက်ပိုးအရေအတွက်ကို တိုးစေသည်။ ရောဂါကိုတိုက်ထုတ်နိုင်ပြီး  ခန္ဓာကိုယ်ကို ထိခိုက်စေမည့်ဘေးမှ ကာကွယ်ပေးနိုင်သည့်အပြင် ကိုယ်ခံအားကိုကောင်းစေသည်။ ထို့ပြင် အအေးမိခြင်းနှင့်   ဗိုင်းရပ်စ်ပိုးများ   ကူးစက်မခံရအောင် ကာကွယ်ပေးနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။     

Source: Myawady Web Portal

ဒေါက်တာလပြည့်ခင်

အသက်အန္တရာယ်ပေးနိုင်သော ခြေထောက်အကြောထုံးရောဂါ
-

လူ့ဘဝသက်တမ်းတစ်လျှောက်တွင်    ရောဂါတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုပြီး ခံစားရနိုင်သည်။ တချို့သောရောဂါများက အသက်အန္တရာယ်ပေးနိုင်သောကြောင့် အရေးပေါ်ကုသရန် လိုအပ်ပြီး အမြန်ဆုံးကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။ အသက်အန္တရာယ်ပေးနိုင်သော ရောဂါများတွင် ခြေထောက်အကြောထုံးရောဂါလည်း  တစ်ခုအပါအဝင်ဖြစ်သည်။  အဘယ်ကြောင့်ဆိုသော် ခြေသလုံးတွင်းရှိ  သွေးခဲများက  အဆုတ်ကို ထောက်ပံ့ပေးသော သွေးလွှတ်ကြောကို ပိတ်ဆို့သွားသောကြောင့် ရုတ်တရက် ရင်ဘတ်အောင့်လာကာ အသက်ရှူကျပ်စေသည်။

အကြောများဆိုင်းပြီး သွေးကြောပိတ်ဆို့ရောင်ရမ်းလာခြင်းကို   ဆေးပညာအရ  Varicose  Veins  ဟုခေါ်သည်။    သွေးကြောအဆို့ရှင်များ    အားနည်း၍ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်းကြောင့်  ထိုရောဂါဖြစ်လာခြင်းဖြစ်သည်။ ထိုသို့ပိတ်ဆို့ခြင်းက လူတချို့တွင်   ကြီးကြီးမားမား ပြဿနာမဟုတ်သော်လည်း လွန်ကဲစွာအကြောထုံးလာခဲ့လျှင်   နောက်ဆက်တွဲ ရောဂါများ  ဖြစ်ပေါ်စေနိုင်သည်။  များသောအားဖြင့် ခြေထောက်(ခြေသလုံး)နှင့်     ခြေမျက်စိတို့တွင် ဖြစ်လေ့ရှိပြီး  ခြေမျက်စိအနီး သွေးကြောဖောင်းပါက သွေးကြောပေါက်ပြီး သွေးယိုထွက်နိုင်သည်။ ထိုအခြေအနေမျိုးသည် သွေးများဆုံးရှုံးမှု  လျင်မြန်နိုင်သောကြောင့် သွေးကြောပိတ်ဆို့ခြင်းထက်ပင် အန္တရာယ်များသည်။ ဤပြဿနာမျိုးတွေ့ကြုံရပါက သွေးထွက်နေသောနေရာကို ဖိပိတ်၍  ဆရာဝန်နှင့်  အမြန်ဆုံး ပြသသင့်သည်။

အနေအထိုင်ဆင်ခြင်ပါ

    ခြေသလုံးသွေးကြော၌      သွေးခဲပိတ်ခြင်းကို လေယာဉ် သို့မဟုတ် ကား အချိန်ကြာမြင့်စွာ စီးနင်းသူများတွင် ပိုမိုဖြစ်ပွားတတ်သည်။ ခွဲစိတ်ကုသမှု ပြုလုပ်ပြီး အိပ်ရာထဲတွင် အချိန်ကြာရှည်စွာ လှဲနေရသူများ၊ လှုပ်ရှားမှုနည်းသည့် သက်ကြီးရွယ်အိုများ၊ အဝလွန်သူများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင်လည်း ဖြစ်လေ့ရှိသည်။ ထို့ပြင် လမ်းလျှောက်နေခြင်းနှင့် မတ်တတ်ရပ်နေခြင်းထက် အချိန်ကြာရှည်စွာ ထိုင်နေခြင်း သို့မဟုတ် လဲလျောင်းခြင်း ပြုလုပ်ပါက ခြေထောက်အောက်ပိုင်းသွေးကြောများမှာ  သွေးခဲ၍ သွေးကြောပိတ်စေနိုင်သည်။ 

ကြာမြင့်စွာ     မတ်တတ်ရပ် အလုပ်လုပ်ခြင်းက ခြေထောက်ဝန်ပိစေပြီး    အကြောထုံးလာနိုင်သဖြင့် သတိပြုသင့်သည်။   ခုံပေါ်တွင်   ကြာကြာထိုင်၍ အလုပ်လုပ်ခြင်း သို့မဟုတ် တီဗွီကြည့်ခြင်း သို့မဟုတ် ကွန်ပျူတာ ကြာမြင့်စွာအသုံးပြုခြင်း၊ ခြေထောက်နှစ်ချောင်း ချိတ်ထိုင်ခြင်း၊ ပေါင်ပေါ်သို့ လေးလံသောပစ္စည်းတင်၍ ထိုင်ခြင်း စသည်တို့က သွေးလည်ပတ်မှုကို တားဆီးပိတ်ဆို့စေသည်။ ဒေါက်မြင့်ဖိနပ်စီးပြီး ခရီးဝေးလျှောက်ခြင်း သို့မဟုတ် မတ်တတ်ရပ်ခြင်းကလည်း သွေးကြောပိတ်ဆို့စေသည်။ မိမိခြေထောက်ထက်    သေးငယ်သည့်ဖိနပ်စီးခြင်းနှင့်  ခြေအိတ်သေးသေး ဝတ်ဆင်ခြင်းတို့ကလည်း    ခြေထောက်သွေးကြောထုံးစေနိုင်သည်။ တစ်ခါတစ်ရံ အကြောထုံးများက သည်းမခံနိုင်လောက်အောင် ယားယံစေသော်လည်း   ကုတ်ခြစ်ခြင်းမပြုလုပ်သင့်ပေ။   သွေးထွက်အနာဖြစ်စေသည်။

ရောဂါလက္ခဏာများ

    ခြေထောက်အကြောထုံးခြင်း၏ ရောဂါလက္ခဏာများ အနေဖြင့် ခြေထောက်ရောင်ကိုင်းနေပြီး ထိလိုက်ပါက နာကျင်ခြင်း၊ သွေးကြောများယားယံခြင်း၊ အရေပြားအရောင် ပြောင်းလဲသွားခြင်း၊   ရင်ဘတ်အောင့်ခြင်း၊    အသက်ရှူကျပ်ခြင်း    သို့မဟုတ် ချောင်းဆိုးသွေးပါခြင်းတို့ကို   ခံစားရလေ့ရှိသည်။   သာမန်အကြောထုံးခြင်းကို အနေအထိုင်အစားအသောက်ဖြင့် ထိန်းထားနိုင်သော်လည်း သာမန်ထက်ဆိုးရွားလာပါက လိုအပ်သော စစ်ဆေးမှုများလုပ်ပြီး ရောဂါအခြေအနေပေါ်မူတည်၍  ကုသမှုခံယူသင့်သည်။

အစားအသောက်ဖြင့်ထိန်းပါ

     သကြား၊ အချိုကဲသော အစားအစာများ၊ ရေခဲမုန့်၊ ဆီကြော်မုန့်များ၊ အဆီများသော အစားအစာများ၊ တိရစ္ဆာန်မှရသော အဆီအနှစ်များ၊ ပြန်လည်ပြုပြင်ထားသော  အသင့်စားအစားအစာများ၊   ဆားနှင့် ငန်သောအစားအစာများ   စသည်တို့ကို   ရှောင်ပါ သို့မဟုတ်  အနည်းငယ်သာစားပါ။  ဆေးလိပ်နှင့် အရက်ကို တတ်နိုင်သလောက်ရှောင်ပါ။ ငါးများများစားပါ။ ပဲပိစပ်၊ ကြက်သွန်နီ၊ ချင်းတို့က သွေးလည်ပတ်မှုကို   များစွာကောင်းကျိုးပြုသည်။   နာနတ်သီး၊ ချယ်ရီသီးနှင့် ဘယ်ရီသီးတို့က အကြောထုံးပိတ်ဆို့ခြင်းအတွက်  အကောင်းဆုံး ဓာတ်စာများဖြစ်သည်။

ဝမ်းချုပ်ခြင်းက    အကြောထုံးခြင်းနှင့် ပတ်သက် ဆက်နွှယ်နေသောကြောင့် ဝမ်းမချုပ်အောင် အမျှင်ဓာတ်များသော အစားအစာများစားပါ။ မုန်လာဥနီနှင့် ဟင်းနုနယ်တို့ကို တွဲဖက်စားခြင်းဖြင့် ယင်းနှစ်မျိုးဓာတ်ပြုခြင်းက အကြောထုံးရောဂါကို  ဆေးစွမ်းထက်မြက်စေသည်။  ဖွဲနု၊ ကောက်နှံ၊ ပဲအမျိုးမျိုး၊ ဂျုံကြမ်း၊ ကွေကာအုတ် အကြမ်းစားပါ။

လွယ်ကူသက်သာသောအိမ်တွင်းကုထုံးများ

    ပန်းသီးရှလကာရည်က  အကြောအထုံးများကို ပြေပျောက်စေ၍ မကြာခဏလိမ်းပေးပါ။ ကြက်ဆူဆီကလည်း အကြောထုံး၍ ရောင်ကိုင်းနာကျင်ခြင်းကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသောကြောင့် ရေချိုးပြီးနောက် ကြက်ဆူဆီဖြင့် အသာအယာ နှိပ်နယ်လူးပေးပါ။  နာကျင်မှု သက်သာစေရန်နှင့်သွေးလည်ပတ်မှုကောင်းစေရန်အတွက် ရေအေးအေးဖြင့် အကြောအထုံးများပေါ်သို့ အဆက်မပြတ်လောင်းချပေးပါ။  ခရမ်းချဉ်သီးအစိမ်း အနည်းငယ်ကို    ရေဆေးပြီး   အကွင်းလိုက်ဖြစ်အောင်လှီးပါ။ ယင်းတို့ကို သွေးကြောထုံးသည့်နေရာ ပေါ်တင်ပြီးနောက် ပတ်တီးဖြင့်စည်းပါ။ အရေပြားပေါ်  စပ်ဖျဉ်းဖျဉ်းခံစားရသည်အထိ ထားပေးရမည်။ မခံမရပ်နိုင်ဖြစ်လာပါက ဖယ်ထုတ်ပါ   သို့မဟုတ် ကျွမ်းလာသလို ခံစားရသည်အထိထားပါ။ ယင်းနေရာကို ရေအေးဖြင့်ဆေးပြီး တစ်နေ့ ငါးကြိမ်လုပ်ပေးပါ။ တစ်ဆက်တည်း လုပ်ပေးရပါမည်။ ရက်သတ္တ နှစ်ပတ်ခန့်အကြာ အကိုက်အခဲ၊ ရောင်ရမ်းမှုနှင့်အတူ သွေးကြောအဖုများ ပျောက်ကွယ်သွားပါလိမ့်မည်။ နောက်တစ်နည်းမှာ ခရမ်းချဉ်သီးအမှည့်ကို ရေဆေး၊ အကွင်းလိုက်လှီးပြီးနောက် သွေးကြောပေါ်တင်၍ သုံးနာရီမှ  လေးနာရီကြာ ပတ်တီးဖြင့် စည်းထားပေးပါ။ ခရမ်းချဉ်သီးများကို  မကြာမကြာ လဲပေးရပါမည်။  ညနေတိုင်း ပြုလုပ်ပေးရမည်။ 

အထိရောက်ဆုံး လေ့ကျင့်ခန်းများ

     ကောင်းစွာ     သွေးလည်ပတ်စီးဆင်းခြင်းက အကြောထုံးဝေဒနာဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည်။ထို့ကြောင့်    လမ်းများများလျှောက်ခြင်း၊    ခပ်ရွရွပြေးခြင်း၊  စက်ဘီးစီးခြင်း၊  ရေကူးခြင်း  စသည့်လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ် နာရီဝက် သို့မဟုတ် ၄၅ မိနစ်ခန့် ပုံမှန်လုပ်ပေးခြင်းဖြင့်  သွေးလည်ပတ်မှု ကောင်းစေသည့်အပြင် ကိုယ်အလေးချိန်ပါကျစေသည်။    ယောဂကျင့်ခြင်းများ     ပြုလုပ်သင့်သည်။   ပက်လက်အိပ်ပြီး    ခြေထောက်အစုံကို ကုလားထိုင်စွန်းပေါ် တင်ထားပါ။    ထို့နောက်  အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းပါ။  နှာခေါင်းမှလေရှူပါ။ ကုလားထိုင်စွန်းတွင်  မြှောက်တင်ထားသော ခြေထောက်များရှိသွေးများမှာ  ကမ္ဘာမြေကြီး၏ဆွဲအားကြောင့် အောက်ဘက်သို့ စီးဆင်းသွားပါလိမ့်မည်။  ဖြည်းဖြည်းမှန်မှန်  ရှူသွင်းလိုက်သောလေများက  ရင်အုပ်အတွင်းမှာ ဖိအားသက်ရောက်စေပြီး   ရင်ခေါင်းအတွင်းသို့ လေများဝင်လာပါမည်။  

ထို့ပြင်  တစ်ကိုယ်လုံးမှသွေးများ ပြန်၍စုဝေးပါလိမ့်မည်။ ထိုအခါ ခြေသလုံးမှ ဖောင်းနေသော သွေးများပါ ဆင်းလာကာ  သွေးလည်ပတ်မှု ကောင်းမွန်စေမည် ဖြစ်ပြီး ခြေထောက်အကြောထုံးခြင်းကို သက်သာ စေမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

သိုင်းရွိုက်ဟော်မုန်းနည်းသောရောဂါအကြောင်းသိကောင်းစရာ
-

Hypothyroidism ဟုခေါ်သော သိုင်းရွိုက်ဟော်မုန်းချို့တဲ့မှုသည်  ကမ္ဘာတစ်ဝန်းရှိလူသားများတွင် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ သော ရောဂါလက္ခဏာများ၏ သဘောသဘာဝသည် Hyperthyroidism ခေါ် သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်းကြောင့်ဖြစ်သော   ရောဂါ လက္ခဏာများကဲ့သို့ သိသာထင်ရှားမှု မရှိခြင်းကြောင့် ဆေးရုံဆေးခန်းကို   လာရောက်ပြသမှုနည်းပါးကြောင်း တွေ့ရသည်။  လက္ခဏာမပြနိုင်သော်လည်း မကုသဘဲထားပါက သိုင်းရွိုက်ဟော်မုန်းချို့တဲ့သော ရောဂါကြောင့် နောက်ဆုံးတွင် သိသိသာသာနာမကျန်း ဖြစ်ပြီး ပြင်းထန်သောရောဂါနှင့် သေဆုံးနိုင်သည်။

အမေရိကန်သိုင်းရွိုက်အသင်း (ATA) ၏အဆိုအရ သိုင်းရွိုက်ရောဂါရှိသူများ၏ ၆၀ ရာခိုင်နှုန်းသည် ၎င်းတို့၏ရောဂါလက္ခဏာများကို သတိမထားမိကြောင်း နှင့်  သိုင်းရွိုက်ဂလင်းမှ  ဟော်မုန်းများထုတ်လုပ်မှု လျော့နည်းခြင်းကို ယေဘုယျလူဦးရေ၏ သုညမှ ၄ ရာခိုင်နှုန်းတွင်တွေ့ရသောကြောင့်  အသိပညာပေး ရန်  အရေးကြီးပါသည်။  နှစ်စဉ်  ဇန်နဝါရီလသည်သိုင်းရွိုက်ဆိုင်ရာရောဂါများနှင့် သိုင်းရွိုက်ကင်ဆာ တို့ကို အသိပညာပေးသည့် Thyroid Awareness Month အမျိုးသားသိုင်းရွိုက်အသိပညာပေးလဖြစ်ပြီး လူတစ်ဦးချင်းစီ၏ကျန်းမာရေးအပေါ် သိုင်းရွိုက် ရောဂါ၏သက်ရောက်မှုများကို  အသိပညာပေးရန်ဖြစ်သည်။ သိုင်းရွိုက်ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းဖြင့်  လူတစ်ဦးချင်းစီတိုင်းသည်  သိုင်းရွိုက်ပြဿနာများ၏အစောပိုင်းလက္ခဏာများကို သတိပြု မိရန်၊    အချိန်မီဆေးကုသမှုခံယူရန်၊    တိကျသောရောဂါရှာဖွေမှုများနှင့် ထိရောက်သောကုသမှု အခွင့်အလမ်းများရရှိရန် ရည်ရွယ်ပါသည်။

သိုင်းရွိုက်ဂလင်းသည်  လည်ပင်း၏အရှေ့ဘက် တွင်   လိပ်ပြာပုံသဏ္ဌာန်ရှိသော   လူတို့ခန္ဓာကိုယ်ဟော်မုန်းစနစ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သိုင်း ရွိုက်၏အခန်းကဏ္ဍမှာ သိုင်းရွိုက်ဟော်မုန်းများထုတ် လုပ်ရန်ဖြစ်သည်။  ဟော်မုန်းများကို  သွေးထဲမှတစ် ဆင့် ခန္ဓာကိုယ်အနှံ့သယ်ဆောင်သွားပါသည်။ သိုင်း ရွိုက်ဟော်မုန်းသည်  ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ်များစွာ ကို ထိန်းချုပ်ပေးသည်။ ဆဲလ်များနှင့်တစ်သျှူးများမှ နှလုံး၊  ဦးနှောက်၊  အသည်းနှင့်ကျောက်ကပ်ကဲ့သို့ သော အင်္ဂါအစိတ်အပိုင်းများအထိ ခန္ဓာကိုယ်၏စနစ်များစွာတွင် အရေးပါသောဟော်မုန်းများဖြစ်သည်။အထူးသဖြင့်    အမျိုးသမီးများကိုယ်ဝန်ဆောင်ချိန်တွင်  ကလေးပုံမှန်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှု အတွက် လုံလောက်သော သိုင်းရွိုက်ဟော်မုန်းပမာဏ ရှိရန်လိုအပ်သည်။ သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်း သို့မဟုတ် နည်းလွန်းခြင်းတို့ကြောင့် အရေးကြီးသော ကိုယ်တွင်းအင်္ဂါများ၏လုပ်ဆောင်မှုကို   အနှောင့်အယှက်ဖြစ်စေနိုင်ပြီး  ရောဂါလက္ခဏာများဖြစ်ပေါ်စေသည်။

သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်းကြောင့် ဖြစ်ပေါ်နိုင်သောရောဂါလက္ခဏာများ

သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်းသည် အသက် အရွယ်မရွေး လူတိုင်းတွင်ဖြစ်နိုင်သော်လည်း အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများတွင် ပိုအဖြစ်များသည်။   အမျိုးသမီးများ၏တစ်သက်တာတွင်    ရှစ်ယောက်မှာတစ်ယောက်သည်   သိုင်းရွိုက်ပြဿနာများ   ခံစားရတတ်ပါသည်။   ရောဂါလက္ခဏာများသည် ဟော်မုန်းလျော့နည်းမှု ပမာဏပေါ်မူတည်ပြီး ပြောင်းလဲနိုင်သောကြောင့်  တချို့အခြေအနေများတွင် သတိမပြုမိနိုင်ဘဲ ရောဂါရှာဖွေရန် ခက်ခဲနေနိုင်သည်။ အဖြစ်များသောလက္ခဏာများမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ အအေးဒဏ်မခံနိုင်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆံပင်ပါးလာခြင်း၊ အမျိုးသမီးများတွင် ဓမ္မတာမမှန်ခြင်း၊   အရေပြားခြောက်သွေ့ခြင်းနှင့်    မှတ်ဉာဏ်လျော့နည်းလာခြင်းတို့ ဖြစ်နိုင်သည်။

ဤအခြေအနေများသည် အများအားဖြင့် သိုင်းရွိုက် ဟော်မုန်းလျော့နည်းသဖြင့် ခန္ဓာကိုယ်တွင်းဇီဝဖြစ်ပျက်မှုနှုန်းနည်းပါးခြင်းကြောင့်ဖြစ်သည်။ လူတချို့တွင် စိတ်အခြေအနေပြောင်းလဲခြင်းနှင့် စိတ်ဓာတ်ကျခြင်းကြောင့် စိတ်ရောဂါကုဆရာဝန်နှင့် ပြသရောဂါ ရှာဖွေသောအခါမှ သိုင်းရွိုက်ဟော်မုန်းနည်းကြောင်း တွေ့ရသည်။

သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်း၏  နောက်ဆက်တွဲပြဿနာမှာ   သွေးတွင်းကိုလက်စထရောတက်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ အရိုးပွ ရောဂါနှင့်  အရိုးကျိုးခြင်းပြဿနာများပါဝင်သည်။

အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများတွင်  အသိမှတ်ဉာဏ်လျော့နည်းခြင်းနှင့်  အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေများသည်။သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်းသည် သားဥအိမ်မှမျိုးဥကြွေခြင်းကိုထိခိုက်စေသောကြောင့်  တစ်ခါတစ်ရံ အမျိုးသမီးများတွင် မျိုးအောင်နိုင်စွမ်းလျော့နည်းနိုင်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ကိုယ်ဝန်ပျက်ကျခြင်း၊   လမစေ့ဘဲမီးဖွားခြင်းနှင့်   ကလေးများတွင်ပြင်းထန်သောဉာဏ်ရည်ဉာဏ်သွေးနှင့်     ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများ ဖြစ်စေသည်။

သိုင်းရွိုက်ရောဂါရှာဖွေစစ်ဆေးခြင်း

Hypothyroidism ဟုခေါ်သော သိုင်းရွိုက်ဟော်မုန်းချို့တဲ့သောရောဂါတွင် အဓိကအားဖြင့် သွေးထဲတွင် သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH) ပမာဏ ပုံမှန်အတိုင်းအတာထက် မြင့်မားမှုနှင့်အတူ သိုင်းရွိုက်ဟော်မုန်း  (T3 သို့မဟုတ် T4)   ပမာဏ  ပုံမှန်ထက်လျော့နည်းနေပါသည်။ သိုင်းရွိုက်ဂလင်းကို ပုံရိပ်ဖော် စစ်ဆေးမှုများ၊ အသားစယူစစ်ဆေးမှုနှင့် တခြား စစ်ဆေးမှုများ (TPO antibody၊ Thyroglobulin anti-body) ပြုလုပ်နိုင်သည်။ အရေးကြီးသောအချက်မှာသိုင်းရွိုက်လှုံ့ဆော်ဟော်မုန်းနှင့် သိုင်းရွိုက်ဟော်မုန်းတို့၏ပုံမှန်အတိုင်းအတာပမာဏသည် မွေးကင်းစကလေး၊ အရွယ်ရောက်ပြီးသူနှင့် ကိုယ်ဝန်ဆောင်ချိန်တွင်  ပြောင်းလဲမှုများရှိသောကြောင့်  ကျွမ်းကျင်သူဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။

သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်းဖြစ်နိုင်သောအကြောင်းရင်းများ

မျိုးရိုးလိုက်ခြင်းသည် Hypothyroidism ဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ကြောင့် နာတာရှည်သိုင်းရွိုက်ရောင်ရမ်း ခြင်း၊ ကလေးမီးဖွားပြီးနောက်နှင့် ကိုဗစ်-၁၉ ရောဂါ အပါအဝင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးနောက် သိုင်းရွိုက်ရောင်ခြင်း၊ လည်ပင်းကြီးရောဂါ သို့မဟုတ် သိုင်းရွိုက် ကင်ဆာကို  ခွဲစိတ်ကုသမှုခံယူရခြင်း၊  ဓာတ်ရောင်ခြည်ကုထုံးနှင့် ပတ်ဝန်းကျင်ဓာတ်ရောင်ခြည်ခံယူရခြင်း၊ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကုသမှု ခံယူရခြင်း၊ ပစ်ကျူထရီဂလင်းတွင် အကျိတ်ဖြစ်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းနှင့် တချို့သောဆေးဝါးများ (Amio-darone၊  Lithium၊   Tyrosine  kinase  inhibitors) အသုံးပြုခြင်းတို့ပါဝင်သည်။   သွေးထဲရှိ   အိုင်အိုဒင်းပမာဏကွာခြားချက်သည်  Hypothyroidism   ၏အဖြစ်များနှုန်းအပေါ် ကြီးစွာသောသက်ရောက်မှုရှိ သည်။   ပြင်းထန်သောအိုင်အိုဒင်းချို့တဲ့သူများတွင် Hypothyroidism ကို ပို၍တွေ့ရလေ့ရှိသကဲ့သို့ အိုင်အိုဒင်းလုံလောက်သောသူများတွင် အိုင်အိုဒင်းအလွန်အကျွံစားသုံးခြင်းသည်လည်း    သိုင်းရွိုက်ဟော်မုန်း ပေါင်းစပ်မှုကို ဟန့်တားနိုင်ပြီး  Hypothyroidism ဖြစ်နိုင်ခြေကို တိုးစေသည်။

မွေးရာပါသိုင်းရွိုက်ဟော်မုန်းနည်းသောရောဂါ

ကမ္ဘာတစ်ဝန်းတွင် မွေးကင်းစကလေးငယ် ၃၀၀၀ တွင် တစ်ဦးခန့်သည် မွေးရာပါသိုင်းရွိုက်ဟော်မုန်းနည်းသောရောဂါဖြစ်ပွားကြောင်း တွေ့ရသည်။ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်းသည် မွေးကင်းစကလေးများတွင် အဖြစ်အများဆုံး ဉာဏ်ရည်မသန်စွမ်းမှု၏ အကြောင်းရင်းဖြစ်ပြီး     ကြိုတင်ကာကွယ်နိုင်သောရောဂါတစ်ခုဖြစ်သည်။ မွေးရာပါသိုင်းရွိုက်ဟော်မုန်း နည်းသောရောဂါဖြစ်ပွားမှု၏ ၆၅ ရာခိုင်နှုန်းသည်သိုင်းရွိုက်ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်များကြောင့်ဖြစ်သည်။ မျိုးရိုးဗီဇများသည် သိုင်းရွိုက်ဖွံ့ဖြိုးမှုဖြစ်စဉ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် တခြားကိုယ်တွင်းအင်္ဂါစနစ်များကိုလည်း မကြာခဏ ထိခိုက်ပါသည်။ ကျန်သော ၃၅ ရာခိုင်နှုန်းမှာ  မူလမွေးရာပါသိုင်းရွိုက်ဖွံ့ဖြိုးမှု    ပုံမှန်ဖြစ်သော်လည်း သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုအဆင့်များဖြစ်သော အိုင်အိုဒင်းစုပ်ယူမှု၊ စုစည်းမှု၊ ပေါင်းစပ်မှု၊ သိုလှောင်မှုနှင့် ထုတ်လွှတ်မှုချို့ယွင်းနေကြောင်း  တွေ့ရသည်။   နိုင်ငံအများစုတွင် မူလမွေးရာပါ Hypothyroidism ဖြစ်ပွားမှုအများစုကို         ကုသမှုနှောင့်နှေးခြင်းမှကာကွယ်ရန် မွေးကင်းစကလေးသွေးထဲတွင်  သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း  (TSH)   ပမာဏစစ်ဆေးမှု ပြုလုပ်ပြီး ပုံမှန်သိုင်းရွိုက်လုပ်ဆောင်ချက်ကို အတည်ပြုသည်။      ပုံမှန်မဟုတ်သောစစ်ဆေးမှုရလဒ်ကို ချက်ချင်းပြသ၍   ကုသမှုကိုအမြန်ဆုံးစတင်သည်။ ထို့နောက်တွင် ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက် မှုကို အချိန်တိုအတွင်း ပြန်လည်စမ်းသပ်သည်။

သိုင်းရွိုက်ဟော်မုန်းနည်းသောရောဂါကိုကုသခြင်း

ရောဂါလက္ခဏာများကိုသက်သာရာရစေရန် သိုင်းရွိုက်ဟော်မုန်းပမာဏကို မြှင့်တင်နိုင်သည့် ဟော်မုန်း အစားထိုးဆေး(Thyroxine)ကို အသုံးပြုလေ့ရှိသည်။ သိုင်းရွိုက်ဟော်မုန်းဆေးသောက်ရာတွင် သတိထားရန်အချက်မှာ နံနက်စာမစားမီ  မိနစ် ၃၀ မှ မိနစ် ၆၀ ကြိုတင်သောက်ရန်နှင့် ရေဖြင့်သာသောက်ရန်ဖြစ်ပါသည်။ သိုင်းရွိုက်ရောဂါအများစုသည် သင့်လျော်သောဆေးကုသမှုဖြင့် အသက်ရှည်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ရောဂါရှာဖွေစစ်ဆေးရန်နှင့် စောစီးစွာကုသရန်အရေးကြီးသည်။ သိုင်းရွိုက်ဟော်မုန်းလျော့နည်းသောရောဂါရှိသည့် အမျိုးသမီးများတွင် ကိုယ်ဝန်ရှိနေပါက ဟော်မုန်းရောဂါကုသသောဆရာဝန်နှင့် စောစောတိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်စဉ်အတွင်း သိုင်းရွိုက်ဟော်မုန်းပမာဏကို အနီးကပ် စောင့်ကြည့်ခြင်းဖြင့်    ပုံမှန်သန္ဓေသားဖွံ့ဖြိုးမှုကို အားပေးပြီး ကိုယ်ဝန်ပျက်ကျနိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

အချုပ်ဆိုရသော်  အကောင်းဆုံးသောသိုင်းရွိုက် လုပ်ဆောင်ချက်အတွက် မျှတသောအာဟာရ၊ ပုံမှန်လေ့ကျင့်ခန်း၊ ကျန်းမာသောလူနေမှုပုံစံကိုကျင့်သုံးရန်နှင့်    စိတ်ဖိစီးမှုကို စီမံခန့်ခွဲရန်  အရေးကြီးသည်။  နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများတွင် သိုင်းရွိုက်ကိုစစ်ဆေးရန်လိုအပ်ပါသည်။ သိုင်းရွိုက်ကျန်းမာရေးကောင်းမွန်စေရန် သိုင်းရွိုက် လုပ်ဆောင်ချက်အတွက်      မရှိမဖြစ်လိုအပ်သော အိုင်အိုဒင်း၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နှင့်  ဇင့်ဓာတ်များ မျှတသောအစားအစာများကို စားပေးရန် လိုအပ်ပါသည်။ သိုင်းရွိုက်ပြဿနာများရှိလျှင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တစ်ဦးချင်းအလိုက်  သင့်လျော်သောကုသမှုပုံစံရွေးချယ်မှုများ၊ လူနေမှုပုံစံပြုပြင်ပြောင်းလဲမှုများကို ဆွေးနွေး ရန်လိုအပ်ကြောင်း အလေးပေးဖော်ပြအပ်ပါသည်။     

အထိုင်များခြင်းကြောင့် ရောဂါများစွာဖြစ်နိုင်

အထိုင်များခြင်းသည် အသက် ၁၆ နှစ်အရွယ်အထိ ပြဿနာကြီးစွာ မရှိသော်လည်း  အသက် ၂၅ နှစ်ကျော် အရိုးတိုးပွားမှုအားကုန်သည့် အရွယ်မှစ၍ အချိန်ကြာမြင့်စွာထိုင်ခြင်းကြောင့် ရောဂါများစွာဝင်လာနိုင်သည်။

ဆေးရုံကြီးများရှိ နှလုံးရောဂါဆိုင်ရာ ကုသမှုဌာနများ၌ လာရောက် ကုသမှုခံယူသော လူနာတို့၏ ရောဂါဖြစ်ကြောင်းရာဇဝင်ကို မေးမြန်း ကြည့်သောအခါ အထိုင်များသောအလုပ်ကို နှစ်ရှည်လုပ်ကိုင်ခဲ့သူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ စာရေးဆရာများ၊ အယ်ဒီတာများ၊ ရုံးအုပ်ကြီးများ၊    ကွန်ပျူတာနှင့်အလုပ်လုပ်သူများ၊  တခြားအထိုင် အလုပ်လုပ်သူများအပြင်   တစ်ခါတစ်ရံ   ဆေးခန်းအထိုင်များသည့် ဆရာဝန်ကြီးများကိုယ်တိုင်ပင် မသိမသာ နှလုံးအဆီဖုံး၊ သွေးကြောပိတ်သည့်ဝေဒနာဝင်ရောက်နေကြောင်း တွေ့ရှိရပေသည်။

အကြောအဆစ်ပညာရှင်ရှုထောင့်မှကြည့်လျှင်  အထိုင်များသည့် အလုပ်လုပ်သူများတွင် ခါးရိုးဆစ်များကြား ခုခံထားသည့် ဝါရှာသဖွယ် အရွတ်တုံးများပါးပြီး  ပွန်းစားခြင်းကြောင့်  ခါးကြောညပ်သည့်ဝေဒနာ ဖြစ်လွယ်သည်ကို တွေ့ရသည်။ ခါးနာဝေဒနာမှာ မကြာခဏဖြစ်သဖြင့် ၎င်းတို့အဖို့ ရိုးနေပြီဖြစ်သည်။ အရပ်ပုသူနှင့်   အရပ်ရှည်သူများတွင် အရပ်ရှည်သူသည်   ပိုပြီးခါးနာမှုဖြစ်နိုင်ခြေရှိသည်။   အရပ်မြင့်လေ ခါးဆစ်က အရိုးထမ်းအား ပိုများလေဖြစ်သည်။

ဝမ်းဗိုက်ကို   ခေါက်ပြီးထိုင်သူများသည် အူအတွင်းရှိ   လေလှုပ် ရှားမှုနည်းသဖြင့် လေချုပ်ပြီး ဗိုက်စူထွက်ခြင်း၊ ခေါက်ရိုးအတိုင်း ဗိုက် ခေါက်ထူလာခြင်းတို့ဖြစ်လာနိုင်သည်။

တချို့သူများတွင် အထိုင်များသည့်အပြင် ခေါင်းငုံ့ပြီး စာရေးခြင်း၊ ဂဏန်းတွက်ခြင်း၊ စာရင်းရေးခြင်း စသော အသိစိတ်အာရုံထားရသည့် အလုပ်များကိုလုပ်ရလျှင် ကျီးပေါင်းတက်သောရောဂါဖြစ်လေ့ရှိသည်။ ထိုလည်ပင်းရိုးဆစ်ကျီးပေါင်းကြောင့် ဇက်ကြောတက်လေ့ရှိပြီး တစ်ခါတစ်ရံ သွေးတိုးရောဂါနှင့် မှားတတ်သည်။ သွေးတိုးထင်ပြီး သွေး ကျဆေးများသောက်ရာမှ ကျီးပေါင်းရောဂါမှာ ပိုဆိုးလာတတ်သည်။

လည်ပင်းရိုးဆစ်ကျီးပေါင်းရောဂါထက်ပိုဆိုးသည်မှာ လည်ပင်းရိုးကွင်းကျီးပေါင်းရောဂါဖြစ်သည်။ လည်ပင်းအရိုးကွင်းများထူပြီး ဦးနှောက်သို့ပို့သည့် သွေးကြောပိုက်လိုင်းကို ဖိမိသောအခါ ချာချာလည်အောင် မူးတတ်သည်။ ငုံ့ကြည့်လိုက်လျှင် သို့မဟုတ် မော့ကြည့်လိုက်လျှင် မူးလဲသွားတတ်သည်။ နှလုံးရောဂါထင်ပြီး မိမိသဘောဖြင့် နှလုံးအားဆေးများဝယ်သောက်လျှင် ပို၍ရောဂါတိုးတတ်သည်။

အထိုင်များသူများ၊ ဆိုင်ကယ်စီးသူများ၊ ကုပ်ဆက်(လည်ပင်းရိုးနှင့် ကျောရိုးဆက်သည့်)နေရာတွင် ကျီးပေါင်းတက်ခဲ့လျှင် လက်မ၊ လက်ညှိုး၊  လက်ခလယ်ဆစ်များတွင် ထုံကျဉ်နေတတ်သည်။ ထိုအဆစ်များတွင် ကျီးပေါင်းတက်လျှင် လက်ပြင်၊ လက်ဖျံ၊ လက်မောင်းတစ်လျှောက်မှ လက်သန်း၊ လက်သူကြွယ်အထိ ထုံကျဉ်ကိုက်ခဲလာပြီး လက်ချမရဖြစ် တတ်သည်။ ပစ္စည်းများကိုင်တွယ်လျှင် လွတ်ကျသဖြင့် လေဖြတ်မည့် လက္ခဏာဟု အထင်မှားတတ်ကြသည်။ အထိုင်များသူများအတွက်  ကုထုံးမှာ လမ်းလျှောက်ခြင်းပင်ဖြစ်သည်။ နံနက်စောစောအိပ်ရာထ၍ လမ်းလျှောက်ပေးခြင်းဖြင့် ရောဂါမျိုးစုံဝင်ရောက်လာမည့်ဘေးမှ ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပါသည်။

အနီရောင်အသား အစားများလျှင်  အကြောအဆစ်ကိုက်ရောဂါရနိုင်

အနီရောင်ရှိသော    အသားဆိုသည်မှာ   အမဲသား၊  ဆိတ်သား၊ ချေသား၊ ပြောင်သား၊ တောဝက်သား၊ သမင်သား စသည့် ခြေလေး ချောင်းသတ္တဝါများ၏  အသားကိုဆိုလိုသည်။  အသား၏အရောင်မှာ အနီရောင်များပြီး   အဖြူရောင်အကြောများဖြင့်   ဖုံးအုပ်ထားလျက်ရှိ သည်။ အနီရောင်မဟုတ်သည့်အသားများလည်းရှိသည်။ ဝက်သားမှာ အဖြူရောင်အသား၊ထို့အတူ ကြက်သား၊ ဘဲသားတို့သည်လည်း အဖြူ ရောင်ရှိသောအသားများဖြစ်ကြသည်။

ရိုးရာဆေးပညာအရ အသားမှန်သမျှသည် ပထဝီစာဖြစ်သော်လည်း အသားတွင်  မျှတသော  ရေဓာတ်(အာပေါဓာတ်)တွဲ၍ပါမြဲဖြစ်သည်။ ထိုအခါ ပထဝီဓာတ်သည် မာကျောပထဝီမဖြစ်တော့ဘဲ  နူးညံ့ပထဝီဖြစ်သဖြင့်  စားသုံးသူတွင်   အာဟာရဖြစ်ပြီး  မျှတသော၊  အန္တရာယ်မရှိသော အသားတိုး၍ ဝဖြိုးခြင်းကိုဖြစ်စေနိုင်သည်။ ပထဝီ+ အာပေါ မျှတသည့် အဖြူရောင်အသားများသည် စားသုံးရန်သင့်သည်။ ကြီးမားသောဘေးအန္တရာယ်မရှိဟုဆိုနိုင်သည်။ ကြက်သား၊ ငါးအမျိုးမျိုးတို့သည် အဖြူရောင်ရှိသောအသားဖြစ်သည့်အတွက် နေ့စဉ်စားသုံးသော်လည်း ဘေးဖြစ်ခဲသည်။ စားသင့်သည်ဟု ဆိုလိုသည်။

အနီရောင်ရှိသောအသားများတွင်     မာကျောပထဝီဓာတ်လွန်ကဲ သောကြောင့်  ချက်လျှင်ကျက်ခဲသည်။ စားပြီးလျှင် အစာကြေခဲသည်။ အစာကြေခြင်းနှစ်မျိုးမှာ    အစာအိမ်တွင်     အစာကြေခြင်းအပြင် သွေးတွင်းရောက်မှ ရသရည်ဖြစ်အောင် အစာကြေခြင်းလည်း ရှိသေးသည်။ အနီရောင်အသားများသည် အစာအိမ်တွင် အစာကြေသည့်တိုင် သွေးတွင်းရောက်လျှင် ရသရည်ဖြစ်အောင် အစာကြေရန်ခဲယဉ်းသည်။

သွေးကြောတွင်းရောက်ပြီးမှ   ကြေကျက်ရန်ခက်ခဲသောကြောင့် အနီရောင်အသားကြားမှ အဖြူရောင်အဆီခဲများသည် သွေးကြောနံရံ များတွင် ကပ်ငြိကျန်ခဲ့ကာ သွေးကြောထူခြင်း၊ သွေးပိုက်လိုင်းကျဉ်း ခြင်းကိုဖြစ်စေသည်။   နှလုံးသွေးကြောကျဉ်းရောဂါရသူအများစုမှာ အနီရောင်အသားကြိုက်နှစ်သက်သူများဖြစ်သည်။ အနီရောင်အသားကို ကင်၍စားလျှင် အဆီများလောင်ကျွမ်းပြီး မည်းသွားသောကျပ်ခိုးကြောင့် ကင်ဆာခေါ်  အမြစ်တွယ်နာကိုပင်ဖြစ်စေနိုင်သဖြင့်   သတိပြုရှောင် ကြဉ်သင့်ပေသည်။

အကြောအဆစ်များကိုက်ခဲရခြင်းမှာ မကြေကျက်နိုင်သော မာကျော ပထဝီများ သွေးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြောများ၊ အရိုး နှစ်ခုကြားရှိ  အရွတ်တုံးများ၊  အဆစ်များသို့ရောက်ရှိသောကြောင့်ဖြစ်သည်။ နှလုံးအခန်းများရောင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လေးဖက်နာ၊ ဂေါက်ရောဂါဖြစ်ခြင်းများအပြင် သေချာစွာ မကုသခဲ့လျှင် နှစ်ကြာသော အခါ နာတာရှည်အဆစ်ရောင်ရောဂါဖြစ်ပြီး အဆစ်များ ကောက်ကွေးသည်အထိ  ဖြစ်ရသူများ၊ သွေးလေးဖက်နာဖြစ်ရသူများကို  တွေ့ဖူးပါသည်။

ပထဝီဓာတ်သည်  ဓာတ်ကြီးလေးပါးတွင်  ခိုင်ခံ့မှုအတွက် အရေးပါသောဓာတ်ကြီးဖြစ်သော်လည်း အနီရောင်ရှိသောအသားများတွင် ပါဝင်သော မာကျောပထဝီဓာတ်ကြောင့် အကြောအဆစ်ကိုက်ခဲသည့် သာမန်ရောဂါမှတစ်ဆင့် နှလုံးသွေးကြောရောဂါ၊ နာတာရှည်လေးဖက်နာ ရောဂါ၊ ဂေါက်ခေါ် အဆစ်ရောင်ရောဂါများဖြစ်ပွားနိုင်သဖြင့် ဆင်ခြင် စားသုံးသင့်ကြောင်း ရေးသားလိုက်ရပေသည်။

ရင်ကျပ်နှင့်အဆုတ်ကျန်းမာရေး
-

ရင်ကျပ်ရောဂါဆိုတာ  လေကိုရှူသွင်းလိုက်တဲ့ အချိန်အဆုတ်ကိုသွားတဲ့ အသက်ရှူလမ်းကြောင်းထဲမှာ  ချွဲသလိပ်တွေပြည့်ပြီး ကျဉ်းမြောင်းသွားတာကို ဆိုလိုတယ်။ အများစုကမျိုးရိုးလိုက်ကာ ငယ်စဉ်ကတည်းက ရောဂါစပြီး ရတတ်တယ်။ ရင်ကျပ်အခံရှိသူတွေဟာ ပန်းဝတ်မှုန်၊ ရေမွှေးနဲ့အမွှေးတိုင်အနံ့၊ ခြင်ဆေးခွေအနံ့၊ ဆေးလိပ်ငွေ့၊ အရက်နံ့စတဲ့အနံ့အပြင်အမွေးအမှင်၊ ပန်းဝတ်မှုန်၊မီးခိုးငွေ့စတဲ့အရာတွေ ရှူရှိုက်မိတဲ့အခါ   ရင်ကျပ်ဝေဒနာခံစားရတယ်။

ရင်ကျပ်ဝေဒနာဖြစ်တတ်တဲ့သူအချို့ဟာ အလုံပိတ်အခန်းတွေမှာမနေနိုင်တာ၊ ရုပ်ရှင်ရုံ၊ ဇာတ်ပွဲ၊ဓာတ်လှေကား၊ မှန်လုံဘတ်စကားစီး ရင်ရင်ကျပ်တတ်ပါတယ်။ အခန်းကျဉ်းကျဉ်းမှာ၊ လေဝင်လေထွက်မရှိတဲ့ အခန်းတွေမှာ အသက်ရှူကျပ်တာဖြစ်နိုင်သလို ကိုယ်နဲ့မသင့်တော်တာ၊ ကိုယ်နဲ့မတည့်တဲ့ အရာတွေကို အထူးသတိထားသင့်ပါတယ်။

နောက်အဆုတ်မှာရောဂါရှိရင်ဖြစ်တတ်တယ်။

အဆုတ်ကဝမ်းဗိုက်အပေါ်ဘက် ရင်ဘတ်တစ်ဖက်တစ်ချက်စီမှာ ဘယ်နဲ့ညာဆိုပြီးရှိတယ်။ ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်ရရှိဖို့အတွက်   လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းဖြစ်တယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ကို လဲလှယ်ပြီး သွေးကြောကတစ်ဆင့်  ခန္ဓာကိုယ်အနှံ့အောက်ဆီဂျင် ရရှိဖို့အတွက် အဆုတ်က တာဝန်ယူပေးတယ်။   လူတစ်ယောက်အတွက်အဆုတ်ကျန်းမာဖို့ အရေးကြီးတယ်။ အဆုတ်ကောင်းပါမှ ကျန်းမာရေးကောင်းနိုင်တယ်။ အဆုတ်ကသွေးကြောထဲရှိ  သွေးခဲတွေကို ဖယ်ရှားပေးတယ်။ ခန္ဓာကိုယ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်များလာရင် အက်စစ်ဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ကိုဘေးဥပဒ်ဖြစ်လို့ ကာဗွန်ဒိုင်အောက်ဆိုက် အကုန်မပြန်ထုတ်နိုင်ဘဲ ပီအိပ်(PH)နည်းကာ အက်စစ်ဖြစ်လာတယ်။ ဖုန်မှုန့်တွေ၊ အသက်ရှူ လမ်းကြောင်းနဲ့ဆိုင်တဲ့ ဗက်တီးရီးယားတွေကို  အဆုတ်ကပြန်ပြီး ထုတ်တဲ့အနေနဲ့ ချောင်းဆိုး၊ နှာချေတာမျိုး ပြုလုပ်ပေးလေ့ရှိတယ်။

အဆုတ်မှာကာရံထားတဲ့ ရောဂါပိုးတွေ ဝင်တာကိုလည်း ကာကွယ်ပေးတယ်။ အဆုတ်ရှိခြင်းက နှလုံးကို ကာကွယ်ရာရောက်တယ်။   အဆုတ်ကနှလုံးရဲ့လုပ်ဆောင်တာတွေ  ပိုပြီးကောင်းမွန်အောင်သွေးတွေ ထိန်းသိမ်း ပေးထားတယ်။ သွေးတွေကိုသိုလှောင်ပေးထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင် လဲလှယ်ပေးတဲ့ အဓိကနေရာပဲ ဖြစ်တယ်။

ရင်ကျပ်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ချောင်းဆိုးတာ၊ ချွဲကျပ်တာ၊ အသက်ရှူမြန်တာ၊ ရင်ဘတ်အောင့်တာ၊ တရွှီရွှီမြည်တာ၊ အသက်ရှူရကျပ်တာ၊အိပ်မရတာတွေဖြစ်နိုင်တယ်။  အအေးမိဖျားနာတဲ့အခါ၊ ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ၊ အရမ်းအေးနေတဲ့အခါ မျိုးစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ အနေနဲ့ ဒေါသကြီးတဲ့ အချိန်တွေမှာ  ဖြစ်စေနိုင်တယ်။

ရင်ကျပ်ရောဂါဖြစ်နိုင်ခြေများသူတွေက မိဘသို့မဟုတ် ဆွေမျိုးသားချင်းထဲမှာရင်ကျပ်ရောဂါရှိရင်၊ ကိုယ်အလေးချိန် များတဲ့သူ၊ မိမိကိုယ်တိုင် ဆေးလိပ်သောက်သူ သို့မဟုတ် ဆေးလိပ်ငွေ့အမြဲရှူရှိုက်နေရသူ၊    ဓာတ်မတည့်၊ နှာစေးသူ၊   ဓာတ်မတည့်သူအရေပြားယားယံနာရှိတဲ့ သူတွေအနေနဲ့ရင်ကျပ်တာ မဖြစ်အောင်   ဂရုတစိုက်ကျန်းမာရေးလိုက်စားသင့်တယ်။

ရင်ကျပ်ရောဂါဖြစ်ပွားစေတဲ့အကြောင်းရင်းကမိဘမျိုးရိုးအပါအဝင် ရာသီဥတုနဲ့လည်းဆိုင်တယ်။ အဆုတ် ကျန်းမာရေးအတွက် လုပ်ဆောင်ပေးတဲ့ ပထမဆုံးအချက်က ဆေးလိပ်ဖြတ်တာဖြစ်တယ်။ ဆေးလိပ်ငွေ့ထဲမှာ လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ နီကိုတင်းဓာတ်တွေ၊ ကတ္တရာစေးတွေအများအပြားပါရှိတာ ကြောင့် ဆေးလိပ်သောက်တဲ့အတွက် အသက်ရှူလမ်းကြောင်းကျဉ်းသွားစေပြီး အသက်ရှူရခက်စေတယ်။

ဆေးလိပ်သောက်တာရဲ့ အကျိုးဆက်က အဆုတ်ရောင်တာ၊ လေပြွန်ရောင်တာဖြစ်စေနိုင်တယ်။ ရေရှည်သောက်မယ် ဆိုရင် အဆုတ်ကင်ဆာနဲ့ နာတာရှည်အဆုတ်နဲ့ပတ်သက်တဲ့ရောဂါဖြစ်စေတယ်။ ဆေးလိပ်ကို ရေရှည်သောက်ရင်ဆဲလ်တွေ၊ တစ်သျှူးတွေ၊ အဆုတ်ထဲ အပြောင်းအလဲဖြစ်ကာ  အဆုတ် ကင်ဆာအထိ ဖြစ်စေတယ်။

  မပြင်းထန်တဲ့ ပန်းနာရင်ကျပ်လက္ခဏာက တစ်ပတ်မှာနှစ်ကြိမ် သို့မဟုတ် တစ်လမှာတစ်ရက်ခံစားရတဲ့ အဆင့်နိမ့်(mild intermittent)ဖြစ်ကာတစ်ပတ်မှာ နှစ်ကြိမ် သို့မဟုတ် တစ်ရက်မှာတစ်ကြိမ်ထက်မပိုတဲ့(mild persistent)ဖြစ်ကာ တစ်နေ့မှာတစ်ကြိမ်သို့မဟုတ် တစ်ပတ်မှာတစ်ညထက်ပိုပြီးခံစားရကာ အသင့်အတင့် ပြင်းထန်(moderate persistent)၊ နေ့တိုင်းနီးပါးရောဂါလက္ခဏာ ခံစားရတာ(server persistent)စတဲ့ ရင်ကျပ်အမျိုးမျိုးရှိတယ်။

ရာသီဥတုပေါ်မူတည်ပြီး ရင်ကျပ်ဝေဒနာပိုပြီး  ဆိုးစေတယ်။  ဥပမာ စိုထိုင်းဆများတဲ့မိုးရာသီ၊ ဆောင်းရာသီ တွေမှာ ပိုပြီး ဆိုးရွားစေနိုင်တယ်။ အဓိက  အမှုန်အမွှားနဲ့   မှိုတွေကြောင့်ဖြစ်နိုင်တယ်။ စိုထိုင်းဆများတဲ့ မိုးရာသီမှာ    မှိုတွေပိုပြီး ဖြစ်ပွားစေနိုင်ဖို့ အခွင့်အလမ်းပိုများပြီး  စိုထိုင်းဆမြင့်မားလို့ ညစ်ညမ်းတဲ့လေထုက ရင်ကျပ်ရောဂါရှင်တွေကို ပိုပြီးဆိုးရွားစေတဲ့အတွက်  အသက်ရှူရခက်ခဲတာတွေ ဖြစ်စေတယ်။    မိုးသည်းနေတဲ့အချိန်မှာ   လူတွေအရမ်းကျပ်လို့  လိုင်းကားပေါ်ရောက်နေတာမျိုး၊   မိုးရေစိုစွတ်နေတဲ့အတွက်၊ လူတွေဆီကလည်း    အနံ့အသက်ပေါင်းစုံထွက်နေတဲ့အတွက် တစ်ခါတလေအလုံပိတ်နေတဲ့ လိုင်းကားတွေပေါ် သာမန်လူတွေပါ အသက်ရှူရခက်တာမျိုး ဖြစ်နိုင်တာကြောင့် ရင်ကျပ်အခံရှိသူတွေပိုပြီး ဆိုးရွားစေတယ်။ မိုးရွာတဲ့အချိန်မှာ  မှိုနဲ့ဖုန်မှုန့်တွေကြောင့် အသက်ရှူရခက်တာဖြစ်စေနိုင်ပြီး  ရင်ကျပ်တာဖြစ်စေတယ်။

ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးထားတာက ရင်ကျပ်နဲ့ အဆုတ်ကျန်းမာရေးအတွက် တစ်ပိုင်းတစ်စ ကူညီပေးတယ်။ ခံတွင်းကျန်းမာရေး(အာသီးရောင်တာ)ကို ဂရုစိုက်သင့်တယ်။ ပါးစပ်၊ သွားတွေကနေ ရောဂါပိုးဝင်လာနိုင်လို့ ခံတွင်းသန့်ရှင်းရေး၊ အစားအသောက်က အစဂရုပြုသင့်တယ်။ အဆုတ် ကျန်းမာရေးအတွက် အသက်ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ခန်းနေ့စဉ်နှစ်ကြိမ် တစ်ကြိမ်ကိုအခါ၂၀ လောက်လေကောင်းလေသန့်ရနိုင်တဲ့နေရာမှာ လုပ်ပေးသင့်တယ်။  နေ့စဉ်နာရီဝက်မှ တစ်နာရီအပြေး၊  လမ်းလျှောက်၊  ရွရွပြေး၊ စက်ဘီးစီး၊ရေကူးပြုသင့်တယ်။    အေရိုးဗစ်လုပ်နိုင်တယ်။  ယောဂထိုင်နိုင်တယ်။ တရားရှုမှတ်သူတွေအတွက် နှာသီးဝက လေဝင်တာ၊ ထွက်တာရှုမှတ်ရင် ကြွက်သားအားပိုကောင်းစေလို့ အဆုတ်ပိုကျန်းမာစေတယ်။

ရင်ကျပ်ရောဂါအတွက် ရင်ကျပ်ရှူဆေး အသင့်ဆောင်ထားသင့်ပြီး ဆေးဝါးကုထုံးသာမက လူနေမှု ပုံစံတွေပြောင်းလဲသင့်တယ်။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ မိမိအိပ်ရာ ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်း ထားသင့်တယ်။ တိရစ္ဆာန်အမွေးအမှင်နဲ့ မတည့်တဲ့သူအတွက် အိမ်မွေးတိရစ္ဆာန် မမွေးသင့်ပါဘူး။

မွေးခဲ့ရင်လည်းသန့်သန့်ရှင်းရှင်းထားသင့်ပါတယ်။လေအေး သို့မဟုတ် ခြောက်သွေ့တဲ့လေနဲ့ထိတွေ့လို့ ရင်ကျပ်တတ်ရင်  နှာခေါင်းစည်းတပ်သင့်တယ်။

လေအေးစက်(အဲယားကွန်း) အိမ်မှာ၊ ရုံးမှာဖွင့်ထားရင်လည်း သန့်စင်တဲ့အတွက် ဖုန်မှုန့်တွေရှူရှိုက်မိရာကနေ ကာကွယ်ပေးတယ်။

အဆုတ်ကျန်းမာရေးအတွက် စားပေးသင့်တဲ့အစာတွေကချင်း၊ ကြက်သွန်ဖြူ၊ နနွင်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ပန်းသီး၊ ဘယ်ရီသီး၊ တလည်းသီး၊ အခွံမာသီး၊ အစေ့အဆန်တွေ၊ ပဲအမျိုးမျိုး၊ ဗီတာမင်ကြွယ်ဝတဲ့အစာတွေဖြစ်တယ်။  အသား၊ ငါးနဲ့ဟင်းသီးဟင်းရွက်မျှတအောင် စားသင့်တယ်။  ကျန်းမာရေးအတွက် အားကောင်းစေတယ်။   ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်ဖယ်ရှားနိုင်တဲ့ ဂရင်းတီး(Green Tea)သောက်တာလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက ကူညီပေးတယ်။

ပန်းနာရင်ကျပ်အတွက် လေ့လာမှုတွေ အများအပြား လုပ်ဆောင်ဆဲဖြစ်ပြီး  အရင်ကထက်ကုထုံးတွေပါ တိုးတက်လာတယ်။ သက်သာစေမယ့် အချက်တွေကတော့ လူနာကမိမိနဲ့ဓာတ်မတည့်စေတဲ့ အငွေ့အသက်တွေ၊ အမွေးအမှင်တွေ၊ အေးမြစိုစွတ်တဲ့ရာသီဥတုတွေကို ရှောင်ရှားရမှာ ဖြစ်တယ်။ ပန်းနာရင်ကျပ်ဖြစ်သူရော၊ ပြုစုစောင့်ရှောက်ပေးတဲ့သူပါ ပန်းနာရင်ကျပ်ရောဂါအကြောင်းနဲ့ သူ့ရဲ့ဆေးဝါးတွေရဲ့ သဘောသဘာဝကို နားလည် သဘောပေါက်ထားရမှာ ဖြစ်တယ်။

ကုသတဲ့အခါမှာလည်း   ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးကုသရမှာ ဖြစ်တယ်။  စွဲသောက်လို့ရတဲ့၊ သောက်ပေးလို့ရတဲ့  ထိန်းချုပ်ဆေးတွေလည်း ရှိတယ်။   စတီးရွိုက်ရှူဆေး၊    ဆာဗျူတမောသောက်ဆေး၊ ရှူဆေးတို့ဟာ ရင်ကျပ်တာကာကွယ်ပေးပါတယ်။     ။

ရင်ကျပ်ခြင်းနှင့်ပတ်သက်၍ ပိုမို ဖတ်ရှုရန်
(အောက်ပါ Link များ ဖော်ပြခွင့်ပြုနိုင်ပါရန်)
ဆောင်းရာသီနှင့်ပန်းနာရင်ကျပ်

 https://sacministry.gov.mm/my/article/617

ပန်းနာရင်ကျပ်လက္ခဏာများ 

https://www.kyarlay.com/a/2291

ပန်းနာရင်ကျပ်ဝေဒနာတွေသက်သာစေဖို့

 https://myhealthmyanmar.com/home-remedies-for-asthma/

ပန်းနာရင်ကျပ်ရှိသူများ ရှောင်ကြဉ်သင့်သည့် အလုပ် ၅ မျိုး 
https://sacministry.gov.mm/my/subjects/2123

ပန်းနာရင်ကျပ်နှင့်ပျော်ရွှင်စွာနေထိုင်နည်း

 https://sacministry.gov.mm/my/article/2122

ပန်းနာရင်ကျပ်ရောဂါ ဘယ်လိုတွန်းလှန်ကြမလဲ

 https://sacministry.gov.mm/my/subjects/2124

ရင်ကျပ်ခြင်းနှင့်သိကောင်းစရာ

 https://sacministry.gov.mm/my/subjects/2126

ပန်းနာရင်ကျပ် သတိချပ် 

https://sacministry.gov.mm/my/subjects/2132

ဒေါက်တာလွင်သန့်

ကျန်းမာရေးကိုအထောက်အကူပြုစေသည့် လွယ်ကူသောနည်းလမ်းများ
-

ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲရုံနဲ့  ကျန်းမာရေးပိုကောင်းနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက    ဖော်ထုတ်ထားပါတယ်။  ဒါကြောင့်   နေ့စဉ်ဘယ်လိုစားသောက်နေထိုင်မှုတွေ ပြောင်းလဲရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

နှလုံးရောဂါကာကွယ်ဖို့    ဖရဲသီးစားသင့်ပါတယ်။ ဖရဲသီးက သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေထဲမှာ လိုင်ကိုပင်း အများဆုံးပါဝင်တဲ့ အစားအစာဖြစ်တယ်။ ဖရဲသီးမှာနှလုံးကိုကာကွယ်နိုင်တဲ့    ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ခရမ်းချဉ်သီးမှာပါဝင်တာထက်  ၄၀  ရာခိုင်နှုန်းပါဝင်တဲ့အတွက်နှလုံးကို အဓိကထားပြီး ဒုက္ခပေးတဲ့ ဓာတ်တိုးပစ္စည်းရန်မှ   ကာကွယ်ပေးပါတယ်။ လေ့လာမှုအသစ်အရလည်း    ဖရဲသီးမှာပါဝင်တဲ့လိုင်ကိုပင်းတွေကို ခန္ဓာကိုယ်မှအများဆုံးစုပ်ယူနိုင်ပါတယ်။  ဖရဲသီးမှာ  ရေဓာတ်များစွာပါဝင်လို့ ဖရဲသီးတစ်စိတ်လောက်စားလိုက်တာနဲ့   နှလုံးရောဂါကိုကာကွယ်နိုင်အားက    ၃၀    ရာခိုင်နှုန်းပိုများသွားနိုင်တယ်။

ချောကလက်စားသင့်ပါတယ်။   တစ်ရက်ကို‌ ချောကလက်တစ်အောင်စ  စားသုံးတာကြောင့်  နှလုံးရောဂါဖြစ်နိုင်ခြေ  ၆၆ ရာခိုင်နှုန်းလျှော့ချနိုင်တယ်လို့  ဆေးပညာဂျာနယ်မှာ   ဖော်ပြထားပါတယ်။    သွေးကြောတွေသန်မာစေပြီး      နှလုံးဆဲလ်ကျန်းမာရေးကိုကာကွယ်နိုင်တာကြောင့် ချောကလက်စားသင့်ပါတယ်။

သီချင်းနားထောင်သင့်ပါတယ်။ တစ်ရက်ကို   မိနစ် ၂၀ ခန့်    သီချင်းနားထောင်တာကြောင့် နာကျင်မှုဝေဒနာ ၆၆ ရာခိုင်နှုန်း  လျော့ကျနိုင်တယ်လို့     လေ့လာမှုတစ်ခုမှာတွေ့ရှိခဲ့ပါတယ်။ သီချင်းသံကနာကျင်မှုဝေဒနာကို လျှော့ချနိုင်တဲ့ အန်ဒိုဖင်တွေထွက်လာအောင်   လှုံ့ဆော်နိုင်လို့ပဲဖြစ်ပါတယ်။

မှတ်ဉာဏ်တွေပြန်ရအောင်  ဆော်ဒါသောက်သင့်ပါတယ်။    မိတ်ဆွေတွေရဲ့နာမည်မေ့နေရင် ဆော်ဒါပါတဲ့အချိုရည်သောက်သင့်ပါတယ်။    ဆော်ဒါပါတဲ့အချိုရည်တစ်ဘူး   သောက်လိုက်တာကြောင့်   ဆော်ဒါမသောက်သူတွေထက် မှတ်မိနိုင်စွမ်းအား  ၁၁ ရာခိုင်နှုန်းပိုများတယ်လို့  လေ့လာမှုတစ်ခုအရ  တွေ့ရှိခဲ့ပါတယ်။   အချိုရည်နှစ်ဘူးသောက်တာကြောင့်  မှတ်ဉာဏ်စွမ်းအား ၁၇  ရာခိုင်နှုန်းပိုများနိုင်ပါတယ်။    တချို့စာတွေက  ဦးနှောက်ရဲ့မှတ်ဉာဏ်ကို လှုံ့ဆော်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။

ဝမ်းဗိုက်ချပ်ရပ်မှုရှိအောင် ခန္ဓာကိုယ်ဆွဲဆန့်လုပ်ပေးသင့်ပါတယ်။     နေ့စဉ်ယောဂကျင့်စဉ်ကို    နာရီဝက်လောက်ပြုလုပ်တာကြောင့် ဝမ်းဗိုက်ထဲမှာ  အဆီစုနေတာတွေ     ထက်ဝက်လျော့ကျသွားနိုင်ပါတယ်။   ယောဂကျင့်စဉ်ပြုလုပ်တာကြောင့်   ခန္ဓာကိုယ်ရဲ့သဘောကို သိရှိ နားလည်ပြီး အစားစားချင်စိတ်လွန်ကဲမှုမဖြစ်အောင်  ကာကွယ်နိုင်တာကြောင့်လို့ဆိုပါတယ်။

ယောဂကျင့်တာကြောင့်  ဆံသားတွေလည်း   ထူလာစေနိုင်ပါတယ်။  ယောဂပြုလုပ်တဲ့ခန္ဓာကိုယ်အနေအထားကြောင့်ဦးခေါင်းခွံအတွင်း အောက်ဆီဂျင်ကြွယ်ဝတဲ့    သွေးတွေပိုမိုရောက်ရှိပြီး   ဆံသားထူကာ    တောက်ပြောင်လာနိုင်တယ်လို့   အိန္ဒိယနိုင်ငံမှ   သုတေသီတွေက   တွေ့ရှိထားပါတယ်။

ကင်ဆာရောဂါဖြစ်နိုင်ခြေလျှော့ချဖို့မုန်လာဥနီစားပေးသင့်ပါတယ်။  မုန်လာဥနီမှာ   Falcarinol  ဒြပ်ပေါင်းပါဝင်တဲ့တစ်ခုတည်းရှိတဲ့   ဟင်းသီးဟင်းရွက်ဖြစ်တယ်။ အဲဒီဒြပ်ပေါင်းက ကင်ဆာဖြစ်နိုင်တဲ့ဆဲလ်တွေကိုဖျက်ဆီးပစ်နိုင်တာကြောင့်ကင်ဆာဖြစ်နိုင်ခြေ  ၃၀  ရာခိုင်နှုန်းလျှော့ချနိုင်ပါတယ်။  မုန်လာဥနီကို အလုံးလိုက်ပြုတ်ပြီး စားသင့်ပါတယ်။ ချက်ပြုတ်ပြီးမှ လှီးဖြတ်သင့်တယ်။ မချက်ပြုတ်ခင်မှာ   လှီးဖြတ်လိုက်တာကြောင့်   အဲဒီ ဒြပ်ပေါင်းတွေက   ရေထဲကိုစိမ့်ထွက်နိုင်ပါတယ်။

မှတ်ဉာဏ်ကို ကာကွယ်နိုင်အောင်ကြက်သားစားသင့်ပါတယ်။ ကြက်သားမှာ အဆီပါဝင်မှုနည်းပြီး နိုင်ယာစင်ခေါ်တဲ့ဗီတာမင် B - 3   အများအပြားပါဝင်တဲ့အတွက်အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ပါတယ်။  နိုင်ယာစင်များစွာပါဝင်တဲ့အစာကိုများများစားသူတွေက    မှတ်ဉာဏ်ကျဆင်းနိုင်ခြေနည်းပါးပြီး အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေလည်း  ၈၀  ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ နိုင်ယာစင်ကို   နေ့စဉ်၁၅ မီလီဂရမ်ရရှိအောင် ကြက်သားဟင်းတစ်တုံးစားပေးသင့်ပါတယ်။

သူငယ်ချင်းတွေနဲ့ အတူတူတွဲသွားသင့်ပါတယ်။ တစ်ယောက်တည်းနေတာထက်စာရင်  သူငယ်ချင်းတွေနဲ့အတူတူ‌  တွဲနေတာကြောင့်    မှတ်ဉာဏ်တိုးတက်နိုင်ခြေ ၅၀    ရာခိုင်နှုန်း     ပိုမိုမြင့်မားတယ်လို့သိပ္ပံပညာရှင်တွေတွေ့ရှိခဲ့ပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုမျှဝေလိုက်တာကြောင့် အာရုံကြောဆဲလ်အသစ်တွေ  ပိုမိုထွက်ပေါ်လာတာလို့ဆိုပါတယ်။

နှလုံးသန်မာအောင် ပဲပိစပ်စားသင့်ပါတယ်။  ပဲပိစပ်နဲ့ပြုလုပ်ထားတဲ့မုန့်ဥပမာ-တိုဟူးကို ပုံမှန်စားသုံးသူတွေကသွေးဖိအား  သိသိသာသာကျဆင်းနိုင်တယ်လို့ ဟားဗတ်တက္ကသိုလ်မှ သုတေသီတွေကဖော်ထုတ်လိုက်ပါတယ်။ ပဲပိစပ်မှာ  ပရိုတင်းတွေက    သွေးတိုးကျဆေးလိုမျိုးထိရောက်မှုရှိတာကြောင့်လို့     ဆိုတယ်။ ပဲပိစပ်မှာပါဝင်တဲ့    ပရိုတင်းအိုင်ဆိုဖလိုဘုန်းခေါ်တဲ့  အီစတြိုဂျင်နဲ့ဆင်တူတဲ့ဒြပ်ပေါင်းတွေက သွေးကြောတွေ ရောင်ရမ်းမှုအတွက် သွေးကြောကြွက်သားတွေကို   အနားရရှိစေတာကြောင့်  အလွယ်တကူသွေးစီးဆင်းမှုရရှိစေနိုင်ပါတယ်။

ကြက်ဥ၊ ဘဲဥ စားသင့်ပါတယ်။ ကြက်ဥ၊ဘဲဥမှာ   Choline   နဲ့ Betaine   ခေါ်တဲ့ အာဟာရဓာတ်တွေ  များစွာပါဝင်လို့ သွေးခဲမှုဖြစ်အောင်လှုံ့ဆော်နိုင်တဲ့  Ho-mocysteine ရဲ့ အဆင့်ကို  လျှော့ချနိုင်ပါတယ်။

ရင်သားကင်ဆာမဖြစ်အောင် စပျစ်သီးဖျော်ရည်သောက်သင့်ပါတယ်။   စပျစ်သီးဖျော်ရည်တစ်ဖန်ခွက်သောက်တာကြောင့်ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေကို၆၅  ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ စပျစ်သီးမှာပါဝင်တဲ့တစ်ခုတည်း ဆေးဒြပ်ပေါင်းပိုလီဖီနောက    ကင်ဆာဆဲလ်တွေကြီးထွားမှုကိုကာကွယ်နိုင်ပြီး  ကင်ဆာဖြစ်စေနိုင်တဲ့ဆဲလ်တွေကို  ဖျက်ဆီးပစ်လိုက်တာကြောင့်ဖြစ်ပါတယ်။  ဒါကြောင့် နေ့စဉ်စပျစ်သီးဖျော်ရည်တစ်ခွက်သောက်သုံးသင့်ပါတယ်။

အရိုးတွေသန်မာအောင်   ဒိန်ချဉ်စားပေးသင့်ပါတယ်။  ကယ်လ်စီယမ်ဓာတ်ကိုလုံလောက်အောင်ရနေတယ် ထင်ပါသလား။ ခန္ဓာကိုယ်က  ဗီတာမင် D  ကို အလုံအလောက်ရနေရင်တောင်  အရိုးသန်မာအောင် ကယ်လ်စီယမ်ကို ခန္ဓာကိုယ်ကနေစုပ်ယူမှုက   ၃၀ ရာခိုင်နှုန်းပဲရှိပါတယ်။  အပင်ကနေ သဘာဝကရရှိတဲ့အမှုန်နဲ့  အားဖြည့်ထားတဲ့ဒိန်ချဉ်ကို စားပေးတာကြောင့်  ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူမှုကို  သိသိသာသာမြင့်တက်စေတယ်လို့ တွေ့ရှိထားပါတယ်။

အရိုးသိပ်သည်းမှုဆုံးရှုံးတာ   ရပ်တန့်အောင်  နနွင်းစားသင့်ပါတယ်။  နနွင်းကအသက်ကြီးလာရင် ဖြစ်ပေါ်လာမယ့်အရိုးသိပ်သည်းဆဆုံးရှုံးမှုကို   တားဆီးပေးနိုင်ပါတယ်။ 

ပန်းနာရင်ကျပ်နှင့် ပျော်ရွှင်ချမ်းသာစွာ နေထိုင်နည်း
-

တရွှီရွှီမြည်ကာ ချွေးသီးချွေးပေါက်ကျ၍ အသက်ကို မနည်းရှူနေရသော ရင်ကျပ်ဝေဒနာသည်များကို မကြာခဏတွေ့ဖူးကြပါလိမ့်မည်။ ''ပန်းနာသည်''၊ ''ရင်ကျပ်သည်''ဆိုလျှင် ပိန်ပိန်ကပ်ကပ်၊ ရှူနာရှိုက်ကုန်း ကလေးများဟု စာဖတ်သူတို့၏ အာရုံထဲတွင် ချက်ချင်း မြင်လာပေလိမ့်မည်။ ဤသို့သော နာတာရှည်ရောဂါဆိုး တစ်ခုနှင့် ပျော်ရွှင်ချမ်းသာစွာ နေထိုင်၍ဖြစ်သည်ဆိုလျှင် သင်ယုံကြည်နိုင်ပါမည်လား။ မယုံမရှိပါနှင့်။

ပန်းနာရင်ကျပ်ရောဂါနှင့် ပျော်ရွှင်ချမ်းသာစွာ လူ့ဘဝ၏ အရည်အသွေး ပြည့်ပြည့်ဝဝဖြင့်    သက်တမ်းစေ့နေထိုင်ရန် ကာကွယ်ကုသနိုင်ပါသည်။

ပေါလ်စခိုးပေးတဲ့ဥပမာ

ယနေ့ကာလတွင် ပရီးမီးယားလိဂ် ဘောလုံးပွဲများသည် ကမ္ဘာ့လူသားများ၏ ဘဝတစ်စိတ်တစ်ပိုင်းပင် ဖြစ်လာခဲ့သည်။ အင်တိုက်အားတိုက် ခွန်အားအသုံးပြု၍ ကစားရသည့် ပရီးမီးယားလိဂ် ဘောလုံးပွဲများတွင် ဆယ်စုနှစ်တစ်ခုကျော်      ခြေစွမ်းပြကစားခဲ့သော မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းမှ ဝါရင့်ကစားသမား ပေါလ်စခိုးသည် ပန်းနာရင်ကျပ်ဝေဒနာသည် တစ်ဦးဖြစ်သည်။  ငယ်စဉ်ကပင်   ပန်းနာရင်ကျပ် ရောဂါသည်တစ်ဦး ဖြစ်ခဲ့သည်။ မှန်ကန်သော ကုသမှုကို ရရှိခဲ့သဖြင့်  ပျော်ရွှင်ချမ်းသာစွာ နေထိုင်နိုင်ရုံမျှမက ကမ္ဘာကျော် အားကစားသမား တစ်ယောက်ပင်ဖြစ်လာနိုင်ခဲ့သည် မဟုတ်ပါလား။

လတ်တလောအဖြစ်များသည့်ရောဂါ

မိုးအကုန်     ဆောင်းအကူးကို ရောက်သည်နှင့်  ချောင်းဆိုးရင်ကျပ်သော ဝေဒနာသည်များက ရုတ်တရက် များလာသည်။ လူနာအတက် မများလှသော မြောက်ဥက္ကလာပဆေးရုံကြီး ကလေးဆောင်တွင်ပင် တစ်နေ့ သုံးယောက်မှ ငါးယောက်ခန့်တက်သည်။ ကလေးဆေးရုံကြီးတွင်မူ တစ်နေ့လျှင် ပန်းနာရင်ကျပ် လူနာဦးရေ ၃ဝ၊ ၄ဝ အထိပင်တက်သည်ဟု လုပ်ဖော်ကိုင်ဖက်များထံမှ ကြားသိရသည်။ အအေးမိ၊ နှာစေး၊ ချောင်းဆိုးရာမှ တရွှီရွှီမြည်ကာ ရင်ကျပ်လာသော ကလေးငယ်များကို မကြာခဏတွေ့ရတတ်သည်။

တရွှီရွှီမြည်တဲ့ကလေး

လူ၏အဆုတ်ထဲရှိ    လေပြွန်ငယ်ကလေးများ ကျဉ်းမြောင်း ပိတ်ဆို့သွားသည့်အခါတွင်      အသက်ရှူသွင်း၊ ရှူထုတ်သည့်အခါတိုင်း တရွှီရွှီမြည်သံကို ကြားရသည်။ အထူးသဖြင့် ရှူထုတ်လိုက်ချိန်တွင် ပို၍ကြားရသည်။ ထိုသို့ လေပြွန်ငယ်ကလေးများ ကျဉ်းမြောင်းသွားခြင်းမှာ လေပြွန်နံရံရှိကြွက်သားများ ကျုံ့သွားခြင်း၊လေပြွန်အတွင်းသားများ ရောင်ရမ်းခြင်း၊    လေပြွန်အတွင်းသို့ စေးကပ်သော ချွဲသလိပ်များ စစ်ထုတ်ခြင်း အချက်သုံးချက်ကြောင့်ဖြစ်သည်။

ထိုသို့ တရွှီရွှီမြည်ကာ ရင်ကျပ်နေသော ကလေးများကို  လသားအရွယ်မှပင် စ၍တွေ့နိုင်သည်။  တရွှီရွှီမြည်၍ ရင်ကျပ်တိုင်း  ပန်းနာရင်ကျပ်ဟုသတ်မှတ်၍ မရပါ။ တစ်နှစ်အောက်ကလေးများတွင် လေပြွန်သေးရောင်ရောဂါ၊ တစ်နှစ်မှ သုံးနှစ်အရွယ်ခန့်တွင် ရင်ကျပ်ဆန်သည့် လေပြွန်ရောင်ရောဂါနှင့် သုံးနှစ်အထက် ကလေးများတွင်မူ ပန်းနာရင်ကျပ်ဟု ယေဘုယျအားဖြင့် သတ်မှတ်ထားနိုင်သည်။ သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်တို့၏ ဆုံးဖြတ်ချက် လိုအပ်ပါသည်။

ပန်းနာရင်ကျပ်ရောဂါဟု သတ်မှတ်ခြင်း ပန်းနာရင်ကျပ်ရောဂါဟု သတ်မှတ်ရန်    ရောဂါရာဇဝင်ယူခြင်းနှင့်   လူနာကို စမ်းသပ်ခြင်းတို့ကိုသာ အဓိကအသုံးပြုရသည်။ ဓာတ်မှန်၊ ဓာတ်ခွဲစမ်းသပ်မှုတို့က များစွာအသုံးမဝင်ပါ။ ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူလျှင် တရွှီရွှီမြည်ခြင်းတို့ကမကြာခဏ ပြန်၍ဖြစ်နေလျှင် ပန်းနာရင်ကျပ်ဟု ယေဘုယျအားဖြင့် သတ်မှတ်နိုင်သည်။ ပြေးလွှားဆော့ကစားလိုက်လျှင်  ချက်ချင်းချောင်းဆိုး ရင်ကျပ်လာတတ်သည်။  ညတစ်ရေးနိုး မိုးလင်းပိုင်းတွင် ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်းတို့က  ပို၍ဆိုးတတ်သည်။  အအေးမိ၊ နှာစေးဖြစ်မိလျှင်    ချောင်းဆိုးကြာနေတတ်သည်။

အနံ့အသက်၊ အခိုးအငွေ့၊ အပူချိန် အပြောင်းအလဲတို့ကြောင့် ရုတ်တရက် ချောင်းဆိုးရင်ကျပ် လာတတ်သည်။

စိတ်အနှောင့်အယှက်ဖြစ်လျှင်၊  ငိုလျှင်၊ ရုတ်တရက် ပျော်ရွှင်လျှင် ရုတ်တရက် ရင်ကျပ်ချောင်းဆိုးဖြစ်လာတတ်သည်။ ဤအချက်များသည် ပန်းနာရင်ကျပ်ဟု သတ်မှတ်ရန် အထောက်အကူပြုသည်။ ငယ်စဉ်က ပါးတွင် နို့ပွေးပေါက်ခြင်း၊ အရေပြားတွင် နှင်းခူဖြစ်ခြင်း၊ အင်ပျဉ်ထခြင်းတို့သည် ပန်းနာရင်ကျပ်နှင့် နှီးနွှယ်သောလက္ခဏာများဖြစ်သည်။    မိဘမျိုးရိုးတွင်   ပန်းနာရင်ကျပ်ရှိလျှင် ပို၍ဖြစ်နိုင်သည်။

ပန်းနာရင်ကျပ် ဘာကြောင့်ဖြစ်

ကျွန်တော်တို့ ဆေးကျောင်းသားဘဝက ပန်းနာရင်ကျပ်ရောဂါကို သွေးမတည့်မှု အခြေခံရောဂါတစ်ခုဟုသာ သတ်မှတ်ယူဆခဲ့ကြသည်။ ရင်ကျပ်အခြေခံရှိသော လူတစ်ယောက်တွင် မူလက အကောင်းပကတိ ရှိနေသော အဆုတ်လေပြွန်များသည် မတည့်သည့် အစားအစာ၊ အနံ့အသက် စသည်တို့နှင့် တွေ့ထိသည်နှင့် ရုတ်တရက် ကျဉ်းရှုံ့သွားသည်။ ထိုအခြေအနေမှ ကုသမှုကြောင့်သော် လည်းကောင်း၊ သဘာဝအတိုင်းသော် လည်းကောင်း ရင်ကျပ်ပျောက်လျှင် အကောင်းပကတိ ပြန်ဖြစ်သွားသည်ဟု ယူဆခဲ့သည်။

ယခုအခါတွင် ပန်းနာရင်ကျပ်ရောဂါသည် လေပြွန်များ၏  နာတာရှည် ရောင်ရမ်းမှုကြောင့်ဖြစ်ကြောင်း သိလာခဲ့သည်။ ထိုသို့ ရောင်ရမ်းနေသော လေပြွန်များသည် ပတ်ဝန်းကျင်မှ လှုံ့ဆော်မှုတစ်ခုခုကို ထိတွေ့လိုက်သည်နှင့်  လွန်ကဲစွာ တုံ့ပြန်ကြသည်။ Hyperresponsive ဖြစ်ကြသည်။ ထို့ကြောင့် လေပြွန်များ ကျဉ်းရှုံ့ကာ အချိန်တိုအတွင်း ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်းတို့ ဖြစ်လာကြောင်း သိလာခဲ့ကြသည်။

ကုသမှု၏ အခြေခံ

ပန်းနာရင်ကျပ်ရောဂါ ဝေဒနာရှင်များတွင် လေပြွန်များ၏ နာတာရှည်ရောင်ရမ်းမှုကို ထိန်းသိမ်းထားနိုင်လျှင် ရင်ကျပ်ထခြင်းကို ကာကွယ်ပေးနိုင်သည်ကို သိရှိလာကြသည်။ ထိုသို့ထိန်းသိမ်းနိုင်ရန် အရောင်ကျဆေးများကို   ရေရှည်ပေးထားရန် လိုသည်။   ထို့ကြောင့် အန္တရာယ်ကင်းကင်းနှင့် မလိုလားအပ်သည့် အာနိသင် နည်းပါးသည့် အရောင်ကျဆေးများကို စဉ်းစားကြံဆလာခဲ့ကြသည်။   ယခုအခါ   ထိုသို့သောဆေးများပေါ်ပေါက်လာပြီဖြစ်သည်။ ရှူဆေးရော၊ သောက်ဆေးများပါရှိနေပြီ။ သို့သော် အားနည်းချက်၊ အားသာချက် ကိုယ်စီရှိကြသည်။ အသုံးအများဆုံးနှင့် အထိရောက်ဆုံးမှာ   စတီးရွိုက်ဟော်မုန်းပါ   ရှူဆေးများ ဖြစ်ကြသည်။ လုံးဝပျောက်အောင် ကုသနိုင်သည့် တစ်ချက်ကောင်း ကုသမှု မည်သူမျှ မပြုလုပ်နိုင်သေးပါ။ ရင်ကျပ်မထအောင် လေပြွန်အရောင်ကျစေသော ရှူဆေးဖြင့် ထိန်းသိမ်းခြင်းသာ ပြုလုပ်နိုင်သည်။

ကုသဆေး၊ ကာကွယ်ဆေး

ရင်ကျပ် ရုတ်တရက်ထလျှင် လေပြွန်များကို အမြန်ဆုံး ပြန်ကျယ်စေသည့် လေပြွန်ကျယ်ဆေးများကို ပေးရသည်။ ယင်းတို့ကို အရေးပေါ် ကုသဆေးများဟု ခေါ်သည်။  ရှူဆေး၊  သောက်ဆေး၊   ထိုးဆေးမျိုးစုံ ရှိသည့်အနက်   ရှူဆေးက    အာနိသင် အရှိဆုံးနှင့် လိုအပ်သည့်နေရာဖြစ်သည့် အဆုတ်သို့ အလွယ်တကူ အရောက်ဆုံးဖြစ်သည်။

လေပြွန်များ ရောင်ရမ်းမှုကို ထိန်းသိမ်းပေးထားခြင်းဖြင့် ရင်ကျပ်ထခြင်းကို ကာကွယ်ပေးသော ဆေးမျိုးကို ကာကွယ်ဆေး သို့မဟုတ် ထိန်းဆေးဟု ခေါ်သည်။

ရှူဆေး၊ သောက်ဆေးမျိုးစုံ ရှိသည်။ ရှူဆေးလား၊ သောက်ဆေးလား၊ ထိုးဆေးလား၎င်းတို့ထဲတွင် ရှူဆေးက အကောင်းဆုံးဖြစ်သည်။

ရှူဆေးသည် အများထင်သကဲ့သို့ ဆေးအဆုံး မဟုတ်ပါ။ပထမဦးစွာ စတင်အသုံးပြုရမည့် ''ဆေးအစ''ဖြစ်သည်။

ရှူဆေးဖြင့် ပေးခြင်းဖြင့် လိုအပ်သည့် နေရာဖြစ်သည့်လေပြွန်များကို အချိန်တိုတိုနှင့် တိုက်ရိုက်ရောက်သည်။

ထို့ကြောင့် မလိုလားအပ်သည့် အာနိသင်နည်းသည်။

အထူးသဖြင့် ထိန်းဆေးအဖြစ် အသုံးအများဆုံးဖြစ်သည့် စတီးရွိုက်ဟော်မုန်းပါ ဆေးများသည် ရှူဆေးအဖြစ်သာ ရေရှည်ပေးနိုင်သည်။ သောက်ဆေးအဖြစ် ပေးပါက ဘေးထွက်ဆိုးကျိုး များပြားလှ၍ ရင်ကျပ်ထစဉ် ရေတို(သုံးရက်မှ ငါးရက်ခန့်)သာ ပေးနိုင်သည်။

ရှူဆေးများ၏ပြဿနာ

ရှူဆေးများ အသုံးပြုရာတွင် ရှူပုံရှူနည်း မှန်ကန်မှသာ ထိရောက်မှုရှိသည်။ တွေ့နေကျဖြစ်သော ရှူဆေး ဘူးကောက်ကောက်ကလေးများတွင်   ဆေးချိန်ကို တစ်ကြိမ်ညှစ်လျှင် မည်မျှထွက်ရမည်ဟု သတ်မှတ်ထားသည့် ဆေးရည်ကို ဖိအားပေး၍     ဘူးအတွင်းတွင် ထည့်သွင်းထားသည်။ ညှစ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆေးကပန်းထွက်သည်။ ဆေးဘူးကို ငုံထားပြီး ညှစ်သည့်အချိန်တွင် တစ်ပြိုင်နက်တည်း အသက်ဝဝ စုပ်သွင်းယူ၍ ၁ဝ စက္ကန့်ခန့် အသက်အောင့်ထားမှ အလုပ်ဖြစ်သည်။

ရှူပုံ၊ ရှူနည်းကို ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်၊ သူနာပြု စသည့်ပညာရှင်တို့က    စိတ်ရှည်လက်ရှည်ပြပေး၊ သင်ပေးဖို့လိုသည်။ သို့မဟုတ်ပါက မထိရောက်ပါ။

၁၂ နှစ်အောက် ကလေးများတွင် ထိုရှူဆေးများကို တိုက်ရိုက်သုံး၍မဖြစ်နိုင်ပါ။ ထို့ကြောင့် ကြားခံပစ္စည်းများ ပေါ်ပေါက်လာသည်။ ရှူဆေးထဲမှ ရှူဆေးကို ကြားခံပစ္စည်းထဲသို့ ညှစ်သွင်း၊ ထိုမှ တစ်ချက်ချင်း အေးအေးဆေးဆေး စုပ်ယူနိုင်သည်။ များစွာငယ်သော ကလေးများတွင် ကြားခံပစ္စည်း၊ ပါးစပ်၊ နှာခေါင်းအုပ်တပ်၍  ကလေးပါးစပ်နှင့် နှာခေါင်းဝတွင်  အုပ်ထားခြင်းဖြင့် အသက်ရှူတိုင်း     အလိုလိုရှူသွင်းပြီး ဖြစ်စေနိုင်သည်။

ရှူဆေးပေးစက်များ၏ အခန်းကဏ္ဍ

ရှူဆေးများကို စက်များဖြင့်လည်း ပေးနိုင်သည်။ စက်တစ်ခုကို ငွေကျပ် ၅ဝဝဝဝ ခန့်မှ ၁ဝဝဝဝဝ ခန့် ပေးရသဖြင့် အတော်အသင့် လက်လှမ်းမီကြသည်။

သို့ရာတွင်   လျှပ်စစ်ဓာတ်လိုသည်။   ရှူဆေးဖြင့် ရှူသော ဆေးရည်က ကုန်ကျစရိတ်ပိုများသည်။ ရှူဆေးကောက်နှင့် ကြားခံပစ္စည်း သုံး၍ရှူခြင်းဖြင့် အာနိသင်အတူတူပင်ဖြစ်သည်။   ရုတ်တရက်  အလွန်အမင်း ကျပ်နေသည့်အခါနှင့် ရုန်းကန်နေသည့် ကလေးငယ်များတွင်  ရုတ်တရက် ကုသရန်သုံးသည်။   ရေရှည် ကာကွယ်ဆေးရှူဆေးများကိုပေးရန်အတွက်မူ အသုံးမဝင်ပါ။

အန္တရာယ်ကင်းရဲ့လား

စတီးရွိုက်ဟော်မုန်းပါ အရောင်ကျဆေးများကို ရေရှည်ပေးထားလျှင် အန္တရာယ်မဖြစ်နိုင်ဘူးလား ဆိုသည်မှာ လူတိုင်းမေးသည့် မေးခွန်းဖြစ်ပါသည်။

ဤဆေးများကို သောက်ဆေးအနေနှင့် ပေးလျှင် ဘေးထွက်ဆိုးကျိုး များလှသည်။  ရှူဆေးအနေနှင့်မူ ပေးရသည့်ဆေးပမာဏ အလွန်နည်း၍ ရေရှည်ဆိုးကျိုး မရှိသလောက်နည်းပါးသည်။ ရှူပြီးလျှင် ပလုတ်ကျင်း၊ ထွေးထုတ်ခြင်းဖြင့် ခန္ဓာကိုယ်ထဲသို့ စုပ်ယူမှုကို လျော့ကျစေနိုင်သည်။

လုပ်ဆောင်ရမည့် အဆင့်(၄)ဆင့်

ပန်းနာရင်ကျပ်ရောဂါသည် ပျောက်အောင်ကုသ၍ မရပါ။  သို့သော်    ရောဂါမထအောင်   နိုင်နင်းစွာ ထိန်းသိမ်း၍  သက်တမ်းပြည့်၊   အရည်အသွေးပြည့် ပျော်ရွှင်ချမ်းသာစွာ နေထိုင်နိုင်အောင်  လုပ်နိုင်သည့်  နည်းလမ်းများရှိနေပါပြီ။ ရောဂါကုသ ထိန်းသိမ်းရာတွင် အဆင့်(၄)ဆင့်ရှိပါသည်။

၁။ လူနာ၊ မိဘ၊ ဆွေမျိုးများကို ပညာပေးခြင်း။

၂။ ရင်ကျပ်ထစေသည့် အကြောင်းရပ်များကို ရှာဖွေခြင်း၊ ရှောင်ကြဉ်ခြင်း။

၃။ ရင်ကျပ်အဆင့်သတ်မှတ်ခြင်း၊    လိုအပ်သော ကုသမှု စီမံချက်ဆွဲခြင်း၊ ကာကွယ်ဆေးများ ပေးခြင်း။

၄။ ရင်ကျပ်ထလျှင် မည်သို့လုပ်ရမည်ကို သင်ကြားခြင်း၊ ရင်ကျပ်ထခြင်းကို ကုသခြင်းတို့ဖြစ်သည်။

အချိန်ပေးဖို့လို

ထိုသို့  ကုသမှုအဆင့် (၄)ဆင့်လုံးကို လုပ်နိုင်ရန် ဆရာဝန်၊ လူနာ၊ မိဘများအားလုံးက အချိန်ပေးဆွေးနွေးနိုင်ရန် လိုအပ်သည်။ ကလေးပန်းနာရင်ကျပ် အထူးကု ဆေးခန်းများကို ရန်ကုန်၊ မန္တလေး ကလေးဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားပြီးဖြစ်သည်။

မီးဖိုပျက်ရင် ပစ်မထားပါနှင့်

လွန်ခဲ့သောအနှစ် ၃ဝ၊ ၄ဝ ခန့်က ရေနံဆီမီးဖိုများ အတော်ခေတ်စားခဲ့သည်။   မီးဖိုမှ  မီးစာချောင်၍ အောက်ရှိရေနံဆီ ကန်ငယ်ထဲသို့ ကျကာ မီးလောင်မှုများ ဖြစ်ပွားခဲ့ဖူးသည်။ ထို့ကြောင့် မီးဖိုပြင်၍ အသက်မွေးသည့် လုပ်ငန်းရှင်တစ်ဦးက ''မီးဖိုပျက်လျှင် ပစ်မထားနဲ့ ကျွန်တော်အားကြီး စိတ်ဆိုးတယ်''  ဟု    ထိုစဉ်က သတင်းစာများတွင် မကြာခဏ ကြော်ငြာထည့်လေ့ရှိသည်ကို မှတ်မိသည်။

ထို့အတူပင် ရင်ကျပ်မထအောင် ကာကွယ်ထိန်းသိမ်းနိုင်သည့် နည်းလမ်း၊ ကုသမှုများ ရှိပါလျက်နှင့် မကြာခဏ ရင်ကျပ်ထ၍ ဝေဒနာခံစားနေရသော ကလေးများ၊ စိုးရိမ်သောက ရောက်ကြရသော မိဘများကိုတွေ့မိတိုင်း ကျွန်တော်များစွာ စိတ်မကောင်းဖြစ်မိသည်။ ထိုသို့သော ခေတ်မီကုသမှုများ ရှိကြောင်းကို ကျန်းမာရေးဝန်ထမ်းများကလည်း နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ အချိန်ပေး ဆွေးနွေးရန် လိုအပ်သည်။ လူနာရှင်များဘက်က အတော်အသင့်ရှိသည့် ကနဦးကုန်ကျမှုမျိုးကိုလည်း   တတ်နိုင်ကြရမည်။   အမှန်စင်စစ်မူ ထိုသို့ ရှူဆေး၊ ကြားခံပစ္စည်း စသည်တို့ကို အသုံးပြု၍ ရင်ကျပ်မထအောင် ကာကွယ်ထားခြင်းက ရင်ကျပ်မှ ကုသခြင်းထက်   ရေရှည်တွင်  ကုန်ကျစရိတ်ပို၍ပင်  သက်သာသည်။

ထို့ကြောင့်ပင်   ''ရင်ကျပ်ဖြစ်လျှင်  ပစ်မထားနဲ့၊ ကျွန်တော်အားကြီး စိတ်ဆိုးတယ်''ဟု အားမလိုအားမရ ပြောလိုလှသည်။ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ရင်ကျပ်ထစဉ် ကုသမှုသာမက ရင်ကျပ်မထအောင် ခေတ်မီကာကွယ်မှုများကိုပါ ပြုလုပ်ပေးသင့်သည်။

ပန်းနာရင်ကျပ်ရောဂါ ရှိလျက်နှင့်ပင် ပျော်ရွှင်ချမ်းသာစွာ သက်တမ်းပြည့်၊ ဘဝအရည်အသွေး ပြည့်နေနိုင်ပါစေကြောင်း  Health Digest Journal ၏ အထူးထုတ်ဆောင်းပါးအဖြစ် တင်ပြအပ်ပါသည်။   ။

Health Digest Journal (Volume. 8, No.1,27.10.2010)

Source: Myawady Web Portal

ရင်ကျပ်ခြင်းနှင့်ပတ်သက်၍ ပိုမို ဖတ်ရှုရန်
https://sacministry.gov.mm/my/article/2121

ပါမောက္ခဒေါက်တာစောဝင်း(ကလေးကျန်းမာရေး)