ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော်က သွေးအားနည်းမှုတွေ့ကြုံနေကြရပြီး ယင်းတို့အနက် အများစုမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ အသက် ၁၉ နှစ်ကနေ ၅၀ နှစ်အရွယ်အမျိုးသားတွေအတွက် နေ့စဉ်သံဓာတ်လိုအပ်ချက်ပမာဏမှာ ၈ မီလီဂရမ်ဖြစ်ပြီး အမျိုးသမီးတွေအတွက် ၁၈ မီလီဂရမ် လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေမှာတော့ ယင်းပမာဏထက်ပိုပြီး လိုအပ်နေတဲ့အပြင် ကိုယ်၀န်ဆောင်တွေအတွက် ၂၇ မီလီဂရမ်လိုအပ်ကြောင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော်က သွေးအားနည်းမှုတွေ့ကြုံနေကြရပြီး ယင်းတို့အနက် အများစုမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ အသက် ၁၉ နှစ်ကနေ ၅၀ နှစ်အရွယ်အမျိုးသားတွေအတွက် နေ့စဉ်သံဓာတ်လိုအပ်ချက်ပမာဏမှာ ၈ မီလီဂရမ်ဖြစ်ပြီး အမျိုးသမီးတွေအတွက် ၁၈ မီလီဂရမ် လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေမှာတော့ ယင်းပမာဏထက်ပိုပြီး လိုအပ်နေတဲ့အပြင် ကိုယ်၀န်ဆောင်တွေအတွက် ၂၇ မီလီဂရမ်လိုအပ်ကြောင်း အမျိုးသားကျန်းမာရေးအဖွဲ့ (NIH) ရဲ့ ဖော်ပြချက် အရ သိရပါတယ်။
သံဓာတ်ချို့တဲ့မှုကြောင့်ခန္ဓာကိုယ်မှာရှိတဲ့တစ်သျှူးတွေဆီ အဆုတ်မှအောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ ပရိုတင်းဓာတ်ဖြစ်တဲ့ ဟေမိုဂလိုဘင်ထုတ်လုပ်မှုပမာဏ မလုံလောက်ဖြစ်လာတဲ့အတွက် မောပန်းပြီးအားအင်ကုန်ခန်းခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်နာခြင်း၊ နှလုံးခုန်နှုန်းမူမမှန်ခြင်း နဲ့ အသားအရေဖျော့တော့ခြင်း စတာတွေတွေ့ကြုံရနိုင်ပါတယ်။ ပျမ်းမျှအမျိုးသမီး ၁၀ ဦးမှာ ခြောက်ဦးလောက် သံဓာတ်ချို့တဲ့လေ့ရှိကြပါတယ်။
သံဓာတ်က လူသားအကျိုးပြုသတ္တုဓာတ်တစ်မျိုးဖြစ်တာကြောင့် မိမိခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့ခြင်း ရှိ၊ မရှိ အောက်ပါလက္ခဏာရပ်တွေနဲ့ ဆန်းစစ်နိုင် ပါတယ်။
အလွန်အမင်းမောပန်းခြင်း
ခန္ဓာကိုယ်က သံဓာတ်ကိုအသုံးပြုပြီး သွေးကလာပ်စည်းဆဲလ်တွေထဲမှာရှိတဲ့အောက်ဆီဂျင်ကို သယ်ယူပေးတဲ့ သွေးနီဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ သံဓာတ်ချို့တဲ့လာတဲ့အခါကျန်းမာသန်စွမ်းတဲ့သွေးဆဲလ်တွေအလုံအလောက်မရှိတော့ဘဲ အလွန်အမင်းမောပန်းနွမ်းနယ်လာပါ တယ်။
အာရုံစူးစိုက်၍ မရခြင်း
သံဓာတ်ချို့တဲ့လာတဲ့အခါအာရုံခံအင်္ဂါအဖွဲ့အစည်းတွေ ချို့ယွင်းသွားတာကြောင့် နေ့စဉ်ပုံမှန်လုပ်နေကျအလုပ်တွေမှာတောင်အာရုံစူးစိုက်လို့မရတော့ဘဲ စွမ်းဆောင်ရည်တွေတဖြည်းဖြည်း ကျဆင်းလာပါတယ်။
စိတ်၀င်စားမှုမရှိခြင်း
သံဓာတ်ချို့တဲ့လာခြင်းကြောင့်အာရုံခံအင်္ဂါအဖွဲ့အစည်းတွေကိုထိခိုက်စေရုံမကစိတ်နောက်ကျိလာပြီးမိမိပတ်၀န်းကျင်၊ မိသားစု၊လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ အရင်ကလို စိတ်၀င်စားမှု မရှိတော့ဘဲ တစ်ယောက်တည်းနေလိုစိတ် ပြင်းပြနေတတ်ပါတယ်။
အသက်ရှူကျပ်ခြင်း
သွေးထဲမှာ သံဓာတ်လုံလောက်မှုမရှိတဲ့အခါ ခန္ဓာကိုယ်က အောက်ဆီဂျင်လိုအပ်လာပြီး အသက်ရှူမ၀ဘဲ မွန်းကျပ်မှုတွေ ဖြစ်လာပါတယ်။ ပုံမှန်လေ့ကျင့် ခန်းလုပ်တဲ့အခါ၊ ပုံမှန်လမ်းလျှောက်တဲ့ အခါတွေမှာ အရင်ကနဲ့မတူ သိသိသာသာအသက်ရှူမ၀ဖြစ်လာခြင်းက သံဓာတ်ချို့တဲ့နေတဲ့လက္ခဏာ တွေပဲဖြစ်ပါ တယ်။
အသားအရေဖြူရော်ရော်ဖြစ်ခြင်း
လူ့ခန္ဓာကိုယ်အတွင်း သံဓာတ်ချို့တဲ့နေရင် နှုတ်ခမ်း၊ လက်ဖဝါး၊ အောက်မျက်ခမ်းအတွင်းသားတွေ ဖြူဆုတ်လာခြင်း၊လက်ဖဝါးနဲ့ခြေဖဝါးတွေ အေးစက်လာခြင်း၊မျက်နှာနဲ့အသားအရေတွေ ဖြူရော်ရော်ဖြစ်လာခြင်းတို့ ဖြစ်လာပါတယ်။
ကြွက်သားတွေနာကျင်ခြင်း
ခန္ဓာကိုယ်ကြွက်သားတွေမှာ သံဓာတ်အားနည်း လာတာကြောင့်ကြွက်သားတွေလျော့ရဲလာပြီး တော်ရုံဖိမိတွန်းမိတာကိုတောင် အထိမခံနိုင်တော့ဘဲ နာကျင်လာပါတယ်။ ဒါ့ပြင် အရေပြားအောက်ခြေမှာအလွယ်တကူသွေးခြည်ဥလာပြီး အရေပြားတွေ အညို အမည်းစွဲလာပါတယ်။
ခြေသည်း၊ လက်သည်းတွေကွဲထွက်ခြင်း
ခြေသည်း၊လက်သည်းအစပ်နားတွေအလိုလို တစ်စစီကွဲထွက်ခြင်းကသံဓာတ်ချို့တဲ့ခြင်းရဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။တချို့သူတွေမှာလက်သည်းခွံတွေက အပေါ်ကိုဖောင်းမနေတော့ဘဲ ဇွန်းသဏ္ဌာန်အတွင်းပိုင်းကိုချိုင့်ခွက်၀င်နေကြပါတယ်။
မကြာခဏဖျားနာခြင်း
အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုး စတဲ့ ရာသီဖျားတွေ မကြာခဏကူးစက်ခံရခြင်း၊ အနည်းငယ်အအေးခံရုံနဲ့ နှာခေါင်းပိတ်ခြင်း၊ နှာစေးခြင်း၊ အသံ၀င်ခြင်းတို့ကလည်း သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပါတယ်။
ပန်းရောင် သို့မဟုတ် အနီရောင်ဆီးသွားခြင်း
သွေးဆုံးပြီးအမျိုးသမီးတွေ ပျမ်းမျှ ၁၀ ဦးမှာ နှစ်ဦးလောက်က ပန်းရောင် သို့မဟုတ် အနီရောင်ဆီးသွားတတ်ပါတယ်။ တချို့အမျိုးသမီးတွေက လက်ဖက် ရည်ကြမ်းကျကျကဲ့သို့ နီညိုရောင်ဆီးသွားတတ်ပါတယ်။ အကယ်၍ အနီရောင်ခြယ်စတော်ဘယ်ရီသီး တွေ၊ beet root ခေါ် သကြားမုန်လာခေါ်သွေးနီရောင် အရည်ရွှမ်းတဲ့မုန်လာဥနီတွေ၊နဂါးမောက်သီး အနီတွေကို မစားမသောက်ဘဲ ဆီး အရောင်က သူ့အလိုလို ပန်းရောင် သို့မဟုတ် အနီရောင်ပြောင်းသွား ခြင်းက သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။
သံဓာတ်ဖြည့်တင်းပေးတဲ့အစားအစာများ
- တစ်ခွက်စာပမာဏရှိတဲ့အမဲအသည်းမှာ သံဓာတ် ၅ ဒသမ ၈ မီလီဂရမ်ပါရှိပြီး ကျန်းမာရေးကိုထိခိုက်စေမယ့် အဆီနဲ့ကယ်လိုရီပါ၀င် မှု လွန်စွာနည်းပါးတဲ့အတွက် စားပေးသင့်ပါ တယ်။
- တစ်ခွက်စာပမာဏရှိတဲ့ အမဲသား(မိုးခိုသား)မှာ သံဓာတ် ၂ ဒသမ ၉ မီလီဂရမ်ပါရှိတဲ့ အပြင်ကျန်းမာရေးကို အထောက်အကူဖြစ် စေတဲ့ ပရိုတင်း၊ ဗီတာမင်ဘီ-6 ၊ ဗီတာမင်-C နှင့် ဗီတာမင်-D တို့ ကြွယ်၀စွာပါရှိတဲ့အတွက် စားပေးသင့်ပါတယ်။
- တစ်ခွက်စာပမာဏရှိတဲ့ အမဲသားမှာ သံဓာတ် ၁ ဒသမ ၈ မီလီဂရမ်ပါရှိပြီး ခန္ဓာကိုယ်အတွက်မလိုလားအပ်တဲ့ကိုလက်စထရောတွေကျဆင်းအောင်ပံ့ပိုးပေးပါတယ်။ဒါကြောင့် အမဲသားစားပေးသင့်ပါတယ်။
- တစ်ခွက်စာပမာဏရှိတဲ့ကြက်(ရင်ပုံသား)မှာ သံဓာတ် ၁ ဒသမ ၁ မီလီဂရမ်ပါရှိနေလို့ ခြေလေးချောင်းသားမစားသူတွေအဖို့ သံဓာတ် အားဖြည့်စာအဖြစ် ကြက်ရင်ပုံစားပေးသင့်ပါတယ်။
- တစ်ခွက်စာပမာဏရှိတဲ့ဆယ်လ်မွန်ငါးမှာ သံဓာတ် သုည ဒသမ ၇ မီလီဂရမ်ပါရှိပြီးOmega-3 Fatty Acid တွေပါရှိနေတာကြောင့် သွေးခဲပိတ်ဆို့ခြင်းနဲ့ လေဖြတ်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် စားပေးသင့်ပါတယ်။
- တစ်ခွက်စာပမာဏရှိတဲ့ရွှေဖရုံသီးအစေ့မှာ သံဓာတ် ၄ ဒသမ ၂ မီလီဂရမ်ပါရှိပြီး ကျောက်ကပ်ကျောက်တည်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။
- တစ်ခွက်စာပမာဏရှိတဲ့ချောကလက်စစ်စစ် အမည်းရောင်ထဲမှာ သံဓာတ် ၄ ဒသမ ၁ မီလီဂရမ်ပါရှိပြီး သွေးထဲက ကိုလက်စထရော တွေကိုလျော့ကျစေပြီးသွေးအားနည်းခြင်း ကနေလည်း ကာကွယ်ပေးပါတယ်။
- တစ်ခွက်စာပမာဏရှိတဲ့ စမုန်ဖြူ(အခြောက်)မှာ သံဓာတ် ၃ ဒသမ ၇ မီလီဂရမ်ပါရှိပြီး အမျှင်ဓာတ်၊ ဗီတာမင်-A၊ ဗီတာမင်-C တို့ပါရှိ နေတဲ့အပြင် ခန္ဓာကိုယ်ကို ဘေးဥပဒ်ဖြစ်စေတဲ့ကိုလက်စထရောလုံး၀မပါရှိတဲ့အတွက် စားပေးသင့်ပါတယ်။
- တစ်ခွက်စာပမာဏရှိတဲ့Apricots ခေါ် ဆီးသီးခြောက်ထဲမှာ သံဓာတ် ၃ ဒသမ ၆ မီလီ ဂရမ်ပါရှိပြီး ခန္ဓာကိုယ်အကျိုးပြု beta caro-tene၊ အမျှင်ဓာတ်နှင့် တခြားအာဟာရဓာတ် တွေပါရှိပါတယ်။
-တစ်ခွက်စာပမာဏရှိတဲ့ပဲနီကလေးထဲမှာ သံဓာတ် ၃ ဒသမ ၃ မီလီဂရမ်ပါရှိပြီး မပျော်၀င်လွယ်တဲ့အမျှင်ဓာတ်တွေပါရှိနေတာကြောင့် ဆာလောင်မွတ်သိပ်မှုမဖြစ်စေဘဲ အဆာခံစေပါတယ်။
- တစ်ခွက်စာပမာဏရှိတဲ့ အာလူးထဲမှာ သံဓာတ် ၃ ဒသမ ၂ မီလီဂရမ်ပါရှိပြီး အာဟာရသိဒ္ဓိ ပြည့်၀တဲ့အစာဖြစ်ပါတယ်။
- တစ်ခွက်စာပမာဏရှိတဲ့ ဟင်းနုနယ်ထဲမှာ သံဓာတ် ၃ ဒသမ ၂ မီလီဂရမ်ပါရှိပြီး ကင်ဆာ ဆဲလ်တွေကြီးထွားမှုကို ဟန့်တားပေးနိုင်စွမ်း ရှိပါတယ်။
- တစ်ခွက်စာပမာဏရှိတဲ့ ပဲကတ္တီပါထဲမှာ သံဓာတ် ၂ ဒသမ ၆ မီလီဂရမ်ပါရှိပြီး ခွန်အား တိုးပွားစေတဲ့အပြင်နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးအောင်ကူညီပေးပါတယ်။
- တစ်ခွက်စာပမာဏရှိတဲ့ ပန်းဂေါ်ဖီစိမ်းထဲမှာ သံဓာတ် ၁ ဒသမ ၂ မီလီဂရမ်ပါရှိပြီး အမျှင်ဓာတ်တွေအမြောက်အမြားပါရှိတာကြောင့် အူမကြီးနဲ့အစာအိမ်ကင်ဆာတွေမဖြစ်စေအောင်ဟန့်တားပေးပါတယ်။
MWD Web Portal
Photo- အစိမ်းရောင်လမ်း

ငါးနှစ်အောက်ကလေး ပြုစုစောင့်ရှောက်ရေး
၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အသက်ငါးနှစ်အောက်ကလေးသေဆုံးမှုအရေအတွက် ၄ ဒသမ ၈ သန်းသို့ ကျဆင်းသွားကြောင်း ယင်းနှစ် မတ်လ ၂၅ ရက်က ထုတ်ပြန်သော ကုလသမဂ္ဂ၏အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။ ၂ဝ၂၂ ခုနှစ်က အသက်ငါးနှစ်မတိုင်မီ သေဆုံးသော ကလေးငယ်အရေအတွက် ငါးသန်းအောက်သို့ ပထမအကြိမ် ရောက်ရှိခဲ့သည်။ သို့ရာတွင် တိုးတက်မှုနှုန်းနှေးကွေးနေပြီး ကာကွယ်နိုင်သောရောဂါများဖြင့် ကလေးများစွာ အသက်ဆုံးရှုံးနေရဆဲ ဖြစ်သည်။

ကမ္ဘာတစ်ဝန်းအသက်ငါးနှစ်အောက်ကလေးသေဆုံးမှုသည် ဆယ်စုနှစ်များစွာပင် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေခဲ့သည်။ ကုလသမဂ္ဂ၏ ကြိုးပမ်းအကောင်အထည်ဖော်မှုများကြောင့် အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းသည် ၂ဝ၂၂ ခုနှစ်နောက်ပိုင်းတွင် ၅၁ ရာခိုင်နှုန်းအထိ ကျဆင်းကာ ပထမအကြိမ် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်း အဆင်းရဲဆုံးမိသားစုများမှ မွေးဖွားလာသောကလေးများသည် အချမ်းသာဆုံးမိသားစုများနှင့်နှိုင်းယှဉ်ပါက အသက်ငါးနှစ်မတိုင်မီ သေဆုံးနိုင်ခြေ နှစ်ဆ၊ ပဋိပက္ခဒဏ်ခံရသော အခြေအနေများတွင် နေထိုင်သောကလေးများသည် တခြားနေရာများရှိ ကလေးများထက် ငါးနှစ်မပြည့်မီ သေဆုံးနိုင်ခြေ သုံးဆနီးပါး ပိုများသည်ဟု ကုလသမဂ္ဂကဆိုသည်။
နိုင်ငံတစ်နိုင်ငံ၌ မိခင်သေဆုံးမှုနှုန်း၊ မွေးကင်းစကလေးသေဆုံးမှုနှုန်း၊ ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်းများသည် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းများဖြစ်၍ အထူးဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ထားသည်။ ကိုယ်ဝန်ဆောင်စဉ် မိခင်၏ အာဟာရ၊ မွေးဖွားစဉ်နှင့် မီးတွင်းကာလ ကျန်းမာရေးစောင့်ရှောက်မှုများသည် မွေးကင်းစကလေးတစ်ဦး၏ ကျန်းမာရေးအတွက် အဓိကအဆုံးအဖြတ်ပေးသည့် အကြောင်းတရားများဖြစ်သည်။ ထို့ကြောင့် ကိုယ်ဝန်ရှိချိန်မှစ၍ စနစ်တကျ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူရန်၊ တတ်ကျွမ်းသူနှင့် မွေးဖွားရန်၊ အခြေခံမွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အထောက်အပံ့ပစ္စည်းများ ရရှိရေးတို့မှာ အရေးပါသည့် ကိစ္စရပ်များဖြစ်သည်။
မြန်မာနိုင်ငံနှင့် ငါးနှစ်အောက်ကလေး သေဆုံးမှုအခြေအနေမြန်မာနိုင်ငံ၌လည်း အသက်ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းနှင့် မွေးကင်းစကလေးသေဆုံးမှုနှုန်းသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းအဖြစ် ပါဝင်နေသည်။ ကုလသမဂ္ဂ၏ ၂ဝ၂၂ ခုနှစ် ကလေးသေဆုံးမှုခန့်မှန်းချက်အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အသက်ငါးနှစ်အောက်ကလေးသေဆုံးမှုကို လျှော့ချရာတွင် ရလဒ်ကောင်းများ ရရှိနေကြောင်း အောက်ပါအတိုင်း တွေ့ရသည်။
- မွေးကင်းစကလေး သေဆုံးမှုနှုန်းအဖြစ် ၂ဝဝဝ ပြည့်နှစ်တွင် အရှင်မွေးကလေး ၁ဝဝဝ လျှင် ၃၇ ဦးခန့်မှ ၂ဝ၂၂ ခုနှစ်တွင် အရှင်မွေး ကလေး ၁ဝဝဝ လျှင် ၂၁ ဦးခန့်သို့လည်းကောင်း၊ - အသက်တစ်နှစ်အောက်ကလေးသေဆုံးမှုနှုန်းအနေဖြင့် ၂ဝဝဝ ပြည့်နှစ်တွင် အရှင်မွေးကလေး ၁ဝဝဝ လျှင် ၆ဝ ဦးခန့်မှ ၂ဝ၂၂ ခုနှစ်တွင် အရှင်မွေးကလေး ၁ဝဝဝ လျှင် ၃၂ ဦးခန့်သို့လည်းကောင်း၊ - အသက်ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်းသည် ၂ဝဝဝ ပြည့်နှစ်တွင် အရှင်မွေးကလေး ၁ဝဝဝ လျှင် ၈၃ ဦးခန့်မှ ၂ဝ၂၂ ခုနှစ်တွင် အရှင်မွေးကလေး ၁ဝဝဝ လျှင် ၄ဝ ဦးခန့်သို့လည်းကောင်း လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။
အသက်ငါးနှစ်အောက်ကလေးအား ပြုစုစောင့်ရှောက်နည်းအသက်ငါးနှစ်အောက်ကလေးတွင် အောက်ဖော်ပြပါ အထွေထွေအန္တရာယ်လက္ခဏာများအနက် တစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်း/ကျန်းမာရေးဌာနသို့ နေ့ညမဆိုင်း ချက်ချင်းသွားရောက်ပြသပါ။
- အရည်မသောက်နိုင်ခြင်း သို့မဟုတ် နို့မစို့နိုင်ခြင်း။
- စားသောက်သမျှအန်ခြင်း။
- တက်ခြင်း (နေမကောင်းစဉ်တွင် တက်ခြင်း သို့မဟုတ် တက်နေခြင်း)။
- မှိန်း၍ နှိုးရခက်ခြင်း သို့မဟုတ် သတိလစ်ခြင်း။
- အထွေထွေအန္တရာယ်လက္ခဏာရှိပါက ပြင်းထန်သောအခြေအနေတွင်ရှိသဖြင့် အဆိုပါကလေးငယ်အား ဆေးရုံသို့ အရေးပေါ်လွှဲပြောင်းပို့ရန်လိုအပ်သည်။
နေမကောင်းသောကလေးအား ပြုစုစောင့်ရှောက်ခြင်း
- ကလေးကိုယ်ပူခြင်း သို့မဟုတ် အန်ခြင်း သို့မဟုတ် ဝမ်းသွားခြင်းများကြောင့် ခန္ဓာကိုယ်တွင် အရည်ဓာတ်များ လျော့နည်းသွားသဖြင့် အရည်ပိုတိုက်ရန် လိုအပ်သည်။ (ဥပမာ အသက်ခြောက်လအောက်တွင် မိခင်နို့၊ အသက်ခြောက်လအထက်တွင် မိခင်နို့တိုက်ကျွေးနေပါက မိခင်နို့အပြင် ဆန်ပြုတ်၊ ထမင်းရည်၊ ရိုးရိုးရေ၊ လိုအပ်ပါက ဓာတ်ဆားရည်)။
- အစားအစာကို ပုံမှန်ကျွေးမှသာ ကိုယ်ခံအားကောင်းပြီး မြန်မြန်နေကောင်းစေပါသည်။
- မိခင်နို့တိုက်နေသော ကလေးအား မိခင်နို့ ဆက်တိုက်ပါ။ ပုံမှန်ထက် အကြိမ်ရေ ပိုတိုက်သင့်ပါသည်။
- ဓာတ်ဆားရည်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ နို့နှင့် လတ်ဆတ်သော သစ်သီးဖျော်ရည် စသည်တို့ တိုက်ကျွေးနိုင်သည်။ ကလေးအန်ပါက ခဏနား၍ နည်းနည်းချင်း ပြန်တိုက်ပေးပါ။
- ကျွေးနေကျအစားအစာများကို ပုံမှန်ဆက်၍ကျွေးပေးပါ။ ကလေးအတွက် ပျော့ပျောင်းနူးညံ့သော အစာများဖြစ်ရပါမည်။
- အန္တရာယ်လက္ခဏာများ စောင့်ကြည့်ပါ။
- နောက်ဆက်တွဲပြဿနာများ မဝင်နိုင်ရန် နာလန်ထချိန်တွင် စားနေကျထက် တစ်နပ်ပိုကျွေးပါ။ အနည်းဆုံး တစ်ပတ်ခန့်ကျွေးပါ။
ဖျားနေသောကလေးငယ်ကို အိမ်တွင်ပြုစုစောင့်ရှောက်ခြင်း
- ကလေးငယ်များ နေမကောင်းဖြစ်သည့်အခါ အစာမကျွေးခြင်း၊ အစားအစာလျှော့ကျွေးခြင်းမပြုလုပ်ရပါ။ စားနေကျအစားအစာ အတိုင်း ပုံမှန်ဆက်ကျွေးပါ။
- နို့စို့ကလေးများကို မိခင်နို့ဆက်တိုက်ပါ။ ခြောက်လအထက်ဖြစ်ပါက အရည်ပိုတိုက်ပါ။
- ကိုယ်အပူချိန်များပါက ရေစိုအဝတ် (ရိုးရိုးရေ) ဖြင့် တစ်ကိုယ်လုံးရေဖတ်တိုက်ပေးပါ။
- ရာသီဥတုနှင့်ကိုက်ညီသော အဝတ်အစားဝတ်ပေးပါ။
- လေကောင်းလေသန့်ရသော၊ လေဝင်လေထွက်ကောင်းသော နေရာ၌ထားပါ။
- မက်ကလောင် မဖောက်ပါနှင့်။
-နာလန်ထချိန်တွင် အစားအစာကို အနည်းဆုံးတစ်ပတ်ခန့် ကျွေးနေကျအကြိမ်ထက် တစ်ကြိမ်ပိုကျွေးရန်လိုပါသည်။
အချုပ်ဆိုရလျှင် ငါးနှစ်အောက်ကလေးများ သေဆုံးခြင်းသည် ကာယကံရှင်မိသားစုတိုင်းအတွက် ဝမ်းနည်းဖွယ်ဖြစ်သကဲ့သို့ နိုင်ငံ၏ လူ့မျှော်မှန်းသက်တမ်းတွက်ချက်ရာတွင်လည်း အရေးကြီးသည့်ကိစ္စဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လူတိုင်းလက်လှမ်းမီနိုင်မှု၊ ကျန်းမာရေးဆိုင်ရာ ရန်ပုံငွေတိုးမြှင့်ရရှိမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်မှုတို့သည် အသက်ငါးနှစ်အောက်ကလေးသေဆုံးမှုကို လျှော့ချရာတွင် အရေးကြီးသည့်အချက်များဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
Photo - Shutter Stock

လက်ရှိမိုးဦးဝင်ကာလသည် ရာသီတုပ်ကွေးကာလဖြစ်ပြီး သတိပြု ရမည်မှာ ရာသီတုပ်ကွေးအပြင် သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော နှင့် ကိုဗစ်-၁၉ ရောဂါတို့ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံ၌ပထမရက်သတ္တပတ်ဖြစ်သည့် မေလ ၁၁ ရက်မှ ၁၈ ရက်အတွင်း လူနာ သစ် တစ်ဦးတွေ့ရှိကာ ကူးစက်မှု သုည ဒသမ ၀၄ ရာခိုင်နှုန်း၊ ဒုတိယရက် သတ္တပတ်အတွင်း သုည ဒသမ ၂၂ ရာခိုင်နှုန်း၊ တတိယရက်သတ္တပတ် အတွင်း သုည ဒသမ ၉၆ ရာခိုင်နှုန်း၊ စတုတ္ထရက်သတ္တပတ်အတွင်း ၁ ဒသမ ၄၄ ရာခိုင်နှုန်း၊ ပဉ္စမရက်သတ္တပတ်အတွင်း ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဆဋ္ဌမရက်သတ္တပတ်အတွင်း ၁ ဒသမ ၃၂ ရာခိုင်နှုန်း တဖြည်းဖြည်းကူးစက်မှု တိုးလာသည်မှာ
လက်ရှိမိုးဦးဝင်ကာလသည် ရာသီတုပ်ကွေးကာလဖြစ်ပြီး သတိပြု ရမည်မှာ ရာသီတုပ်ကွေးအပြင် သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော နှင့် ကိုဗစ်-၁၉ ရောဂါတို့ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံ၌ပထမရက်သတ္တပတ်ဖြစ်သည့် မေလ ၁၁ ရက်မှ ၁၈ ရက်အတွင်း လူနာ သစ် တစ်ဦးတွေ့ရှိကာ ကူးစက်မှု သုည ဒသမ ၀၄ ရာခိုင်နှုန်း၊ ဒုတိယရက် သတ္တပတ်အတွင်း သုည ဒသမ ၂၂ ရာခိုင်နှုန်း၊ တတိယရက်သတ္တပတ် အတွင်း သုည ဒသမ ၉၆ ရာခိုင်နှုန်း၊ စတုတ္ထရက်သတ္တပတ်အတွင်း ၁ ဒသမ ၄၄ ရာခိုင်နှုန်း၊ ပဉ္စမရက်သတ္တပတ်အတွင်း ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဆဋ္ဌမရက်သတ္တပတ်အတွင်း ၁ ဒသမ ၃၂ ရာခိုင်နှုန်း တဖြည်းဖြည်းကူးစက်မှု တိုးလာသည်မှာ စိုးရိမ်စရာဖြစ်သော်လည်း ယခုအချိန်ထိ ပြင်းထန်လူနာ၊အထူးကြပ်မတ်ကုသမှုပေးရသောလူနာ၊ သေဆုံးလူနာမရှိသေးကြောင်းသိရသည်။ ကိုဗစ်-၁၉ ရောဂါတစ်ကျော့ပြန်လာသည်ဟုဆိုနိုင်သော်လည်း မြန်မာနိုင်ငံ၌ဖြစ်ပွားသော ကိုဗစ်-၁၉ မျိုးကွဲ(Nimbus) (NB. 1.8.1)သည် ကူးစက်မှုပြင်းထန်မှု၊ သီးသန့်ခွဲခြားနေရမှု စိုးရိမ်စရာမရှိ နိုင်သောအသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါဖြစ်သည်။ရောဂါကူးစက်ဖြစ်ပွားမှုနှင့်သေဆုံးမှုမှာစိုးရိမ်ဖွယ်ရာမရှိသော်လည်းအိမ်နီးချင်း ထိုင်းနိုင်ငံ၌ကူးစက်ဖြစ်ပွားမှုနှုန်းမြင့်မားပြီး သေဆုံးသူရှိနေ၍ ဂရုစိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် သတိပြုလိုက်နာ ဆောင်ရွက်ကြရန် ထုတ်ပြန်ထားရှိမှုများကို ဖော်ပြပေးပါမည်။
လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ လည်ပင်းနာခြင်း စသည့်လက္ခဏာရှိသူများအနေဖြင့် မိမိမှတခြားသူများသို့ကူးစက်မှု မရှိစေရေးအတွက်လူထူထပ်သောနေရာများသို့ သွားလာခြင်းမှရှောင် ကြဉ်ခြင်း၊ မဖြစ်မနေ သွားရောက် ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်းမရှိချိန်တွင် နှာချေ၊ ချောင်းဆိုးပါက လက်ကိုင်ပဝါ၊ တစ်သျှူး၊ တံတောင်ကွေးဖြင့် လုံအောင်အုပ်ရန်၊ နှာချေ၊ ချောင်းဆိုးလက္ခဏာ ပြင်း ထန်ပါက နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနသို့ ချက်ချင်းသွားရောက် ပြသ၍ ဆေးကုသမှုခံယူခြင်း၊ တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများဖြစ်သည့် လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက် ဆေးကြောခြင်း၊ ရေမရပါက လက်သန့်ဆေးရည်ဖြင့် မကြာခဏ စနစ်တကျဆေးကြော ခြင်းများကို သတိပြုလုပ်ဆောင်ရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲများ ကူးစက် ဖြစ်ပွားခြင်း၊ ရောဂါလက္ခဏာပြင်းထန်မှုနှင့်အသက်ဆုံးရှုံးမှုတို့မှ ထိရောက်စွာကာကွယ်ပေးသည့် အတွက် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့် မားနိုင်မည် မဟုတ်ပေ။
ကိုဗစ်-၁၉ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားနိုင်သည့်အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ဦးစားပေးအစီအစဉ် ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်၍ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကျန်းမာရေးဝန်ကြီး ဌာန၏ အင်တာနက်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း မြန်မာနိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)မှ ထုတ်ပြန်ကြေညာထားသည်။
လတ်တလောကိုဗစ်-၁၉ ရောဂါမျိုးကွဲ(Nimbus)(NB.1.8.1)ကူးစက်ဖြစ်ပေါ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင် အသိပေးထုတ်ပြန်ထား၍ သတိပြုလိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိသည်ဖြစ်စေ၊ ရှိသည်ဖြစ်စေ ကူးစက်မှု မဖြစ်ရန် ကြိုတင်ကာကွယ်ရမည်သာဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါမျိုးရင်းဖြစ်သည့် Corona Virus သည်ပျောက်ကွယ် သွားခြင်းမရှိဘဲ ကမ္ဘာသူ၊ ကမ္ဘာသားများအနေဖြင့် HIV/AIDS နှင့် ဆက်လက် နေထိုင်သကဲ့သို့ ကိုဗစ်-၁၉ ရောဂါနှင့် အတူယှဉ်တွဲနေထိုင် ရန်သင်ယူရမည်ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၏ ၂၀၂၀ ပြည့်နှစ် မေလ ၁၄ ရက်က ထုတ်ပြန်ထားသော အသိပေးစကားကို သတိပြုသင့်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကိုဗစ်-၁၉ ရောဂါကို နိုင်ငံတကာ ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်တွင် သတ်မှတ်ကြေညာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့်နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကြေညာထားခြင်းကို ၂၀၂၃ ခုနှစ် မေလ ၅ ရက်တွင် ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ကမ္ဘာအနှံ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု သည် အသွင်ပြောင်းမျိုးဗီဇကွဲများအနေဖြင့် ဆက်လက်တည်ရှိနေဆဲဖြစ်ရာ ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲနေထိုင်ရေးမူကို မိမိတို့အားလုံးတည်ဆောက် ကြရမည်ဖြစ်သည်။ တရားဝင်ကိန်းဂဏန်းများ ရေတွက်ခြင်းကိုလည်း ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်မှစတင်၍ ဆက်လက်ရေတွက်ခြင်းမပြုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်က ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း(Delta Wave)တွင် ရောဂါကူးစက် ပျံ့နှံ့မှု နှင့်သေဆုံးမှုများကို အချိန်တိုအတွင်းကာကွယ်ထိန်းချုပ်နိုင်ခဲ့သည်။သမိုင်းမှတ်တမ်းဝင်သည့်ကာလ ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ တစ်ဦးတွေ့ရှိပြီး နောက်ပိုင်း သေဆုံးခြင်းမရှိခဲ့သည်မှာ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ယခုနှစ်ဧပြီလအတွင်းအိမ်နီးချင်းထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် JN1၊ XEC မျိုးကွဲများ ကူးစက်မှုမြင့်မားကာဆေးရုံတက်ရောက်ကုသရမှု၊ သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုသည် မျိုးဆက်ဟောင်း သို့မဟုတ် မျိုးဆက်သစ်ဖြင့်ကမ္ဘာအနှံ့ခြေဆန့် ခဲ့သည်မှာယခုအခါငါးနှစ်ကျော်ကာလ သို့ရောက်ရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံ၌တွေ့ရသော ကိုဗစ်-၁၉ မျိုးကွဲ(Nimbus)(NB.1.8.1)သည် ရောဂါပြင်းထန်မှုနည်းပါးသော်လည်း ကူးစက်မှုနှုန်း မြန်ဆန်သည့်အတွက် သတိထားစောင့်ကြည့်လျက်ရှိသည်။ အဓိကလက္ခဏာမှာအသက်ရှူလမ်းကြောင်းပြဿနာများဖြစ်သည့်မကြာခဏချမ်းတုန်ဖျားခြင်း၊ချွေးထွက်ခြင်း၊ဆိုးဆိုးရွားရွားလည်ချောင်းနာခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ ကြွက်သားများကိုက်ခဲခြင်း၊ အသက်ရှူရခက်ခဲခြင်းများဖြစ်ပြီး ရောဂါမဖြစ်မီကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်သည်။
လူတိုင်း ကိုဗစ်-၁၉ ရောဂါ ထပ်ဆင့်မြင့်ကာကွယ်ဆေး(Booster Dose)ထိုးနှံထားသင့်သည်။ ကာကွယ် ဆေးထိုးနှံရာတွင်လည်း ခြောက်လပြည့်လျှင် တစ်ကြိမ်ထိုးနှံသင့်သည်။ လူတိုင်းပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်သင့်သည်။လူတစ်ဦးနှင့်တစ်ဦး ၆ ပေခွာနေထိုင်သင့်သည်။ လူစုလူဝေးရှောင်သင့် သည်။ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက်ဆေးကြောသင့်သည်။ ရေမရှိပါ ကလက်သန့်ဆေးရည် အသုံးပြုနိုင်သည်။ ရောဂါလက္ခဏာများတွေ့ရှိပါက စိုးရိမ်သောကမဖြစ်ဘဲမိမိကိုယ်တိုင်ဖြစ်စေ၊မိသားစုတွင်ဖြစ်စေ တွေ့ရှိပါကနီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင်စနစ်တကျ စစ်ဆေးကုသမှုခံယူသင့်သည်။
ကိုဗစ်-၁၉ မျိုးကွဲ (Nimbus)(NB .1.8.1)ကူးစက်ခံရပါက အသက်အန္တရာယ်မရှိသော်လည်း အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး ဆေးဝါးကုသမှုခံယူရမည်ဖြစ်သည်။ ခုခံမှုစနစ်အားနည်းတတ်သည့်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊အသက် ၆၀ နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ၊ခုခံအားနည်းရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာ၊ HIV/AIDS ရောဂါရှိသူများသည်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါဒဏ်ခံကြရမည်မှာအသေအချာပင်ဖြစ်သည်။ ထို့ကြောင့် မိမိနေရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးသည့်အခါများတွင်မပျက်မကွက်ထိုးနှံကြရန်နှင့်ရောဂါဖြစ်ပါက စနစ်တကျကုသမှုခံယူကြရမည် ဖြစ်ကြောင်းရေးသားလိုက်ရပါ သည်။ ။
MWD Web Portal
Photo - Yale Medicine

အိုမီဂါ Omega 3 Fatty Acids ဟာ သွေးထဲရှိ မကောင်းသည့် အဆီဓာတ်ဖြစ်သည့် ကိုလက်စထရော ဖြစ်ပေါ်ခြင်းကို ဟန့်တားပေးသည့် အဆီတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရှိ ဦးနှောက်၊ နှလုံးနှင့် စိတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့်ဓာတ်တစ်ခုဖြစ်ပါသည်။ Omega 3 fatty acids မှာ ALA, EPA နှင့် DHA ဆိုပြီး သုံးမျိုးရှိပြီး ဦးနှောက်ဖွံ့ဖြိုးရေးအတွက် EPA နှင့် DHA က အဓိက အရေးပါပါသည်။ EPA နှင့် DHA သည် ဦးနှောက်ဆဲလ်တွေ အတွင်းမှာ များပြားစွာရှိတတ်ပြီး ကလေးကိုယ်ဝန်ဆောင်ထား ချိန်ကစလို့ ဘဝတစ်လျှောက်လုံးမှာ ဦးနှောက်၏ လုပ်ငန်းစဉ်တွေအတွက် အထောက်အကူပေးပါသည်။

ကလေးတွေမှာ omega 3 fatty acids ချို့တဲ့ပါက
– Attention Deficit Hyperactive Disorder (ADHD) ဟု ခေါ်သည့် အာရုံမစူးစိုက်နိုင်ဘဲ ဂနာမငြိမ်ဖြစ်သည့်ရောဂါ
–အော်တစ်ဇင်(autism)ရောဂါ
–Dyslexiaဟုခေါ်သည့်စာသင်စာဖတ်မရသည့်ရောဂါနှင့်
– စိတ်ကျရောဂါတွေ ဖြစ်နိုင်ပါသည်။
ခန္ဓာကိုယ်က omega 3 fatty acids တွေ လုံလောက်အောင် ထုတ်လုပ်မပေးနိုင်သည့်အတွက် နေ့စဉ် စားသောက်သော အစားအစာတွေကနေ omega 3 fatty acids ကို ရယူရပါသည်။ အခွံမာသီး၊ ပဲပိစပ်ပဲ၊ ပဲပိစပ်ဆီ၊ ကန်နိုလာဆီ၊ နှမ်းကြတ်စေ့ flaxseeds၊ ချီယာစေ့ chiaseeds စတာတွေမှာ ALA ကြွယ်ဝပြီး ဆာဒင်းငါး၊ ငါးသလောက်နှင့် ဆယ်လ်မွန်ငါးကဲ့သို့ ပင်လယ်ငါးတွေမှာမှာ EPA နှင့် DHA ကြွယ်ဝပါသည်။
အစားအစာတွေမှာ omega 3 fatty acids အမြဲပါဝင်အောင် ဂရုမစိုက်နိုင်ရင်လည်း စိတ်ပူစရာ မလိုပါဘူး။ ပြင်ပကနေဖြည့်စွက် သောက်သုံးလို့ရသည့် အားဖြည့်အာဟာရဆေးတွေ ရှိပါသည်။ Omega 3 fatty acids ကို ပင်လယ်သမုဒ္ဒရာအတွင်းမှာ သဘာ၀အတိုင်း ရှင်သန်ပေါက်ဖွားသည့် ဆယ်လ်မွန်ငါးမှ ရရှိနိုင်ပြီး ဓာတုဆေးဝါး အဆိပ်အတောက်တွေ ကင်းစင်ပါသည်။
👉ဦးနှောက်ဖွံ့ဖြိုးစေတာ
👉မှတ်ဉာဏ်ကောင်းစေတာ
👉တီထွင်နိုင်စွမ်း၊သင်ယူနိုင်စွမ်းရှိပြီးဉာဏ်ရည်မြင့်မားတာ
👉အာရုံစူးစိုက်မှုကောင်းပြီးဖြတ်ထိုးဉာဏ်ရှိတာ
👉ကိုယ်ရည်ကိုယ်သွေး မြင့်မားပြီး စိတ်ပျော်ရွှင်တာတွေက omega 3 ကြောင့် ကလေးတွေမှာ ရရှိနိုင်မည့် အကျိုးကျေးဇူးတွေပါပဲ။
အသက်အရွယ် ကြီးရင့်လာသည်နှင့် ကြုံတွေ့ရလေ့ရှိသည့် ဦးနှောက်ကျုံ့ခြင်း မဖြစ်အောင် တားဆီးပေးသဖြင့် အသက်ကြီးလာသည့်အခါ Alzheimer’s ရောဂါနှင့် သူငယ်ပြန်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင် ပါသည်။
ကိုးကား- On Doctor

မွေးကင်းစကလေးငယ်များ၏ အရေပြားသည် အလွန်နူးညံ့ပြီး ကိုယ်ခံအားစနစ်ကလည်း ဖွံ့ဖြိုးခါစကာလမို့လို့ အင်မတန်ထိခိုက်လွယ်ပါသည်။ ပတ်ဝန်းကျင်ကအမှုန်၊ ဖုန်၊ ပိုးမွှား၊ အပူဒဏ်၊ အအေးဒဏ်စသည့် ဒဏ်ကိုလည်း ကောင်းကောင်းခံနိုင်ရည်မရှိသေးသောကြောင့် ထိုအရာတွေနှင့် အနည်းငယ်ထိတွေ့ရုံဖြင့်တင် အရေပြားနီရဲရောင်ရမ်း တာတွေ၊ အနီစက်လေးတွေဖြစ်တာတွေစသည့် အရေပြားပြသာနာတွေဖြစ်လာနိုင်ပါသည်။

နောက်ပြီးမိမိလက်နှင့်ပွတ်တာ၊ မိမိ၏မစင်နှင့်ထိတွေ့မိတာတွေကြောင့်လည်း အရေပြားပေါ်မှာ အနီစက်ထ တာတွေ ဖြစ်နိုင်ပါသေးသည်။ မွေးကင်းစကလေးများ၏အရေပြား နီရဲရောင်ရမ်းခြင်း၊ အနီစက်ဖြစ်ခြင်းများသည် ဖြစ်ရသည့် အကြောင်းရင်းပေါ်မူတည်ပြီး မျက်နှာမှာလည်းဖြစ်နိုင်သလို ခြေလက်နေရာတွေ ဝမ်းဗိုက်နေရာတွေ ကျောနေရာတွေမှာလည်းဖြစ်နိုင်ပါသည်။ ယခုဆောင်းပါးမှာတော့ မွေးကင်းစကလေးငယ်များ၏ မျက်နှာမှာ ဖြစ်သည့် အနီစက်လေးတွေအကြောင်းကို ပြောပြချင်ပါသည်။ မွေးကင်းစကလေးငယ်များ၏ မျက်နှာမှာ အနီစက်လေးတွေဖြစ်လာရသည့် အကြောင်းတွေက အများကြီးရှိပါသည်။
(၁) Infantile eczema
နို့ပွေးလို့လည်း အရပ်အခေါ်အနေဖြင့် ခေါ်ကြပါသည်။ နို့ပွေးသည် အရေပြားပေါ်မှာဖြစ်သည့် အနီကွက်ပုံစံ အဖုကလေးတွေဖြစ်ပါသည်။ ထိုအနီကွက်အဖုကလေးများသည် ခြောက်သွေ့ကြမ်းတမ်းပြီးယားယံတတ်ပါသည်။ ကလေးများတွင် အဖြစ်များသော ပြသာနာတခုဖြစ်ပါသည်။ အသက်၅နှစ်အောက်တွင် အများဆုံးဖြစ်တတ်ပြီး နို့စို့ကလေးအရွယ်ဖြစ်သည့် အသက်၂လကနေ ၆လ အတွင်းမှာ ပိုအဖြစ်များပါသည်။ နို့ပွေးအဖြစ်များဆုံးနေရာ တွေကတေ့ လက်၊ မျက်နှာ၊ လည်ပင်း၊ တံတောင်ဆစ်နှင့် ဒူးအတွင်းပိုင်း(ဒကောက်ကွေး)နေရာတွေပဲဖြစ်ပါသည်။
နို့ပွေးကို Infantile eczema ဟု ခေါ်သလို Atopic dermatitis ဟု လည်းခေါ်ပါသည်။ Atopic Dermatitis ဟု ပြောရသည့်အကြောင်းရင်းကတော့ နို့ပွေးပေါက်သည့်ကလေးဟာ အခြားဓါတ်မတည့်၍ ဖြစ်သည့် Asthma (ပန်းနာရင်ကြပ်ရောဂါ)၊Hay fever စသည့်ရောဂါတွေပါ ဖြစ်နိုင်ခြေများလို့ပါ။ နို့ပွေးဖြစ်ရသည့်အကြောင်းရင်း ကိုတော့ အခုထိသေချာတိကျစွာမသိသေးပါ။ သို့သော်လေ့လာခဲ့သည့် သုတေသနတွေအရ မျိုးရိုးဗီဇနှင့် ဆိုင်နိုင် ခြေများသည်ဟု သိရပါသည်။ ဆိုလိုတာက ကလေး၏အဖေ (သို့မဟုတ်) အမေမှာ ငယ်ငယ်တုန်းက နို့ပွေး ဖြစ်ဖူးရင် ၎င်းတို့ကနေမွေးလာသည့်ကလေးမှာလည်း နို့ပွေးဖြစ်နိုင်ခြေများပါသည်။မျိုးရိုးလိုက်သည့်သဘောပေါ့။
အရေပြားမှာအကြောင်းတစ်ခုခုကြောင့်အဆီဆဲလ် (Fatty cells) တွေနည်းလာကာ ရေဓါတ်ဆုံးရှုံးပြီး အရေပြားခြောက်သွေ့သည့်အခါမှာလည်း နို့ပွေး ဖြစ်နိုင်ပါသည်။ နို့ပွေးဖြစ်သည့်အခါ ကလေးငယ်ကို ရေချိုးပြီး ကာစအချိန်တွင် ရေဓာတ်ပါသောလိုးရှင်းများ၊ အနံ့မပါသော cream ၊ အဆီများလိမ်းပေးခြင်းဖြင့် နို့ပွေးကို သက်သာစေနိုင်ပါသည်။
(၂) Cradle cap
တိကျသည့် မြန်မာအခေါ်အဝေါ်တော့မရှိပါ။ အရေပြားကနေ အဆီဓါတ်တွေလိုတာထက် ပိုထုတ်တာကြောင့် ကွာကျရမည့် အရေပြားဆဲလ်တွေဟာ ပုံမှန်အတိုင်းမကွာကျနိုင်တော့ဘဲ ထိုအဆီတွေနှင့် ကပ်နေကာ အဝါဖတ် ထူထူကြီးတွေဖြစ်နေခြင်းဖြစ်ပါသည်။ ဆေးပညာအရတော့ Seborrhoeic dermatitis လို့လည်းခေါ်ပါသည်။
မွေးကင်းစကနေ အသက်၃လကလေးတွေမှာအဖြစ်များပြီး ခေါင်းမှာအဖြစ်များတတ်ပါသည်။ သို့ပေမယ့် နဖူး၊ပါး စသည့် မျက်နှာနေရာတွေမှာလည်းဖြစ်တတ်ပြီး ဖြစ်သည့်နေရာမှာ အဝါရောင်ချွဲကျိကျိအဖတ်တွေရှိနေတာအပြင် နီရဲရောင်ရမ်းနေတာမျိုးလည်းရှိတတ်ပါသည်။
အရပ်ထဲမှာတော့ တချို့တွေက ဂျွတ်တက်တယ်လို့လည်းပြောတတ်ကြပါသည်။ အများအားဖြင့်တော့ အချိန်တခု ကြာသည့်အခါသူ့သာသာသူပျောက်သွားတတ်ပါသည်။ ဖြစ်သည့် အချိန်မှာသက်သာအောင် ဟင်းသီးဟင်းရွက်ဆီ တမျိုးလိမ်းပေးနိုင်ပါသည်။ သို့သော် သံလွင်ဆီလိမ်းခြင်းကိုတော့ရှောင်ရပါမည်။
(၃) Baby milia
Baby milia ဆိုတာကတော့ သေးငယ်ပြီး အဖြူရောင် သို့မဟုတ် အဝါရောင်ရှိသည့် အဖုသေးလေးတွေဖြစ်ပါတယ်။ အရေပြားဂလင်းတွေက ထွက်သည့်အဆီဓါတ် နှင့် ကရာတင် (Keratin)တွေဟာ အကြောင်းကြောင်းကြောင့် အရေပြားအောက်မှာ ပိတ်မိသည့် အခါမှာ ခုလိုမျိုးအဖုလေးတွေဖြစ်တတ်ပါသည်။ ဆေးပညာအရတော့ Epstein pearls ဟု ခေါ်ပါသည်။ ပါးနှစ်ဘက်ပေါ်မှာအဖြစ်များလေ့ရှိတတ်ပါသည်။ အများအားဖြင့်တော့ ဘာကုသမှုမှ မလိုဘဲ လပိုင်းလောက်အကြာမှာပျောက်သွားတတ်ပါသည်။ Baby milia ဖြစ်သည့် အခါ အဆီဓါတ်ပါသည့် ခရင်တွေလိမ်းခြင်းဟာ ပိုဆိုးစေနိုင်ပါသည်။
(၄) Miliaria
မိတ်ထွက်ခြင်းကိုခေါ်တာပါ။ ပူအိုက်သည့်နွေရာသီမှာဆိုရင် မိတ်ထွက်ခြင်းဟာ ပိုပြီးအဖြစ်များတတ်ပါသည်။ ကလေး၊ လူကြီး ကျား၊ မ မရွေးမိတ်ထွက်ခြင်းကိုခံစားရနိုင်ပါသည်။ မိတ်ထွက်တာကို ဆေးပညာအရ Miliaria သို့မဟုတ် Heat rash သို့မဟုတ် Prickly heat လို့ခေါ်ပါသည်။
မိတ်ထွက်တယ်ဆိုတာဟာ အရေပြားပေါ်မှာ အဖြူရောင်အရည်ကြည်ဖုလေးများ သို့မဟုတ် အနီရောင် အဖုလေး များ အနီရောင်ဗြင်ကွက်များ ပေါ်လာတာဖြစ်ပါသည်။ ချိုင်းကြား၊ပေါင်ကြား၊ကျောကုန်း၊ ရင်ဘတ်၊ လည်ပင်း၊ မျက်နှာ နေရာတွေမှာ အဖြစ်များလေ့ရှိပါသည်။ အရပ်ခေါ်အနေဖြင့် အဖြူရောင်အရည်ကြည်ဖုလေးတွေကို မိတ်သေးဟု ခေါ်လေ့ရှိပြီး အနီရောင်အဖု အနီရောင်ဗြင်ကွက်တွေကိုတော့ မိတ်ကြီးလို့ခေါ်လေ့ရှိပါသည်။
မိတ်သေးထွက်သည့်အခါ ယားတာ၊နာတာမရှိတတ်ပေမယ့် မိတ်ကြီးထွက်သည့်အခါ ယားတာ၊ဆစ်ခနဲ ဆစ်ခနဲ နာသလိုဖြစ်တာ (မိတ်ကိုက်တာ)၊စပ်တာ တွေပါ ခံစားရတတ်ပါသည်။ မိတ်ထွက်ရတာဟာ အရေပြားမှာရှိသည့် ချွေးဂလင်းအပေါက်လေးတွေ ပိတ်ဆို့လို့ပါ။ ဘာဖြစ်လို့ ပိတ်ဆို့ရလဲဆိုသည့်အကြောင်းရင်းကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါ။
မိတ်ထွက်သည့်အခါ ခံစားရသည့်ဝေဒနာတွေ သက်သာအောင် ကလေးကို အရိပ်ရအေးမြသည့်နေရာမှာထားပါ။ တတ်နိုင်ရင် အဲယားကွန်းအခန်းထဲမှာ ထားတာပိုကောင်းပါသည်။ အဲယားကွန်းမရှိလည်း သစ်ပင်အောက် သို့မဟုတ် လေဝင်လေထွက်ကောင်းသည့်နေရာ လေတိုက်သည့်နေရာတွေမှာထားလို့ရပါသည်။ ချွေးထွက်သည့်အခါ သဘာဝ ရေအေးအေးလေးနှင့် မကြာခဏ ရေဖတ်တိုက်ပေးပါ။(ရေခဲရေမသုံးပါနှင့်)
ယားယံတာ၊ မိတ်ကိုက်တာ သက်သာအောင် Caladyl lotion သို့မဟုတ် Calamine lotion လိမ်းနိုင်ပါသည်။ ထိုလိမ်းဆေးများ ဝယ်ရခက်ပါက ခရေပန်းခြောက်နှင့် သနပ်ခါးရောပြီးသွေးကာ လိမ်းနိုင်ပါသည်။ တအားယား ပါက Cetrine သို့မဟုတ် Burmeton ညတစ်ပြားသောက်နိုင်ပါသည်။
(၅) Baby acne
မွေးကင်းစကလေးတွေမှာ ဖြစ်တတ်သည့် ဝက်ခြံကိုခေါ်တာပါ။ မွေးကင်းစကလေးများ၏ ငါးပုံတစ်ပုံခန့်သည် ဝက်ခြံပေါက်တတ်ကြောင်း လေ့လာမှုတွေအရသိရပါသည်။ ဖြစ်ရသည့်အကြောင်းရင်းကိုတော့ သေချာ မသိ သော်လည်း မိခင်ဆီက ဟော်မုန်းကြောင့်ဖြစ်နိုင်ခြေရှိသည်ဟု သုတေသနပညာရှင်တွေကပြောထားပါသည်။
အများအားဖြင့် မွေးစနှစ်ပတ်ကနေ လေးလအရွယ်လေးတွေမှာ အဖြစ်များလေ့ရှိတတ်ပါသည်။ အဖြူရောင် သို့မဟုတ် အနီရောင်အလုံးသေးလေးတွေ ဖြစ်တတ်ပြီး မျက်နှာနေရာမှာ ဖြစ်လေ့ရှိပါသည်။ သို့သော် လည်ပင်း၊ ရင်ဘတ်၊ နောက်ကျောအပေါ်ဘက်တွေမှာလည်းဖြစ်နိုင်ပါသည်။ ဝက်ခြံဖြစ်သည့်အခါ ဖြစ်သည့်နေရာကို ရေကြက်သီးနွေးလေးဖြင့်သာ သန့်စင်ပေးပြီး အဝတ်သန့်နှင့် ဖွဖွခြောက်အောင်သုတ်ပေးပါ။ အဆီတွေ၊ ခရင်တွေ လိမ်းခြင်းသည် ဝက်ခြံကိုပိုဆိုးစေနိုင်သည့်အတွက် ရှောင်သင့်ပါသည်။
(၆) Slapped cheek syndrome
Slapped cheek syndrome ဆိုတာကတော့ B19 parvovirus ဆိုသည့် ဗိုင်းရပ်စ်ပိုးဝင်ပြီးဖြစ်သည့် အခြေ အနေကိုခေါ်တာပါ။ ဆေးပညာအရ Erythema infectiosum ဟုလည်းခေါ်ပါသည်။ ထိုပိုးဝင်သည့်အခါ ပါးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးမှာ အနီကွက်ပေါ်တာ၊ ရင်ဘတ်၊ လက်ခြေထောက်တွေမှာ အနီကွက် ပေါ်တာတွေဖြစ်နိုင်ပါသည်။
ပါးပေါ်ကအနီကွက်က ရက်အနည်းငယ်အတွင်းပျောက်သွားတတ်သော်လည်း တခြားနေရာတွေမှာပေါ်သည့် အနီကွက်တွေကတော့ ၇ရက်ကနေ ၁၀ရက်အထိကြာတတ်ပါသည်။ အနီကွက်ထွက်လာသည်နှင့်အတူ ယားတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ နှာစေးတာ၊ လည်ချောင်းနာတာတွေပါ ခံစားရနိုင်ပါသည်။ အများအားဖြင့်တော့ ထိုသို့ဖြစ်ခြင်းသည် ပြင်းထန်လေ့မရှိဘဲ အချိန်တစ်ခုကြာရင် သူ့ဘာသာသူသက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ဖျားတာအတွက်က Acetaminophen, Ibuprofen စသည့်ဆေးတွေကို တိုက်နိုင်ပါသည်။
အထက်ပါ ခြောက်မျိုးကတော့ မွေးကင်းစကလေးငယ်များ၏ မျက်နှာမှာ အနီစက် အနီကွက်ဖြစ်ရသည့် အကြောင်းရင်းတွေထဲက အဖြစ်များသည့်အကြောင်းတွေပါ။
အဆုံးသတ်အနေဖြင့် ခြုံပြောရပါက မျက်နှာမှာဖြစ်သည့် အနီစက်၊ အနီကွက်တွေအတော်များများက သိပ် မစိုးရိမ်ရတာများပြီး သူ့သာသာသူပြန်ပျောက်နိုင်ပါသည်။
သို့သော် အနီစက်တွေ အနီကွက်တွေထွက်သည်နှင့်အတူ ဖျားခြင်း ၊အရည်ကြည်ဖုတွေဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း ၊နုံးခြင်း ၊မှိန်းခြင်း ၊ချောင်းဆိုးခြင်း ၊ပြန်ရည်ကျိတ်တွေရောင်ရမ်းခြင်း စသဖြင့် ဖြစ်ပေါ်ပြီး အနီစက်အနီကွက်က မှေးမှိန်မသွားဘဲ ပိုများကာ ပိုဆိုးလာပါက အချိန်မဆွဲဘဲ ဆေးခန်း ပြသဖို့လိုပါသည်။

မကြာခဏ ဒူးနာ၊ ခါးနာတတ်သည့်သူတွေ ရှိကြလား?
ဒူးနာ၊ ခါးနာခြင်းသည် ကြွက်သားတွေ တောင့်တင်းနေလို့လည်း ဖြစ်နိုင်သလို ဒူးဆစ်နှင့် ခါးရိုးဆစ်မှာ ရှိသည့် အရိုး၊ အရိုးနုနှင့် အရွတ်တွေမှာ ပြဿနာရှိနေတာလည်း ဖြစ်နိုင်ပါသည်။
-အသက်ကြီးသည့်သူများ
-အားကစားသမားများ
-အဝလွန်သူများ
-ဒူးနှင့်ခါးမှာ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရဖူးသူများသည် ဒူးနာ၊ ခါးနာ ဝေဒနာကို အများဆုံး ခံစား ရတတ်ပါသည်။
ဘာကြောင့် နာရတာလဲ?

ပုံမှန်အားဖြင့် ဒူးဆစ်နှင့် ခါးရိုးဆစ်တွေမှာ ကောင်းမွန်စွာ လှုပ်ရှားနိုင်ဖို့ ချောဆီလို သဘာဝအရည်တွေ၊ အရိုးနုတွေ၊ တွယ်ဆက်တစ်ရှူးအရွတ်များနှင့်ဖွဲ့စည်းထားပါသည်။
-အသက်ကြီးလာသဖြင့် အရိုးပါး၊ အရိုးပွရောဂါတွေ ခံစားလာရခြင်း
-လေးဖက်နာရောဂါ၊ ဂေါက်ရောဂါလို အဆစ်တွေ ပုံပျက်ပန်းပျက်ဖြစ်ပြီး ရောင်ရမ်းသည့်ရောဂါတွေဖြစ်ခြင်း
-osteoarthritis ဟုခေါ်သည့် လှုပ်ရှားပွတ်တိုက်ပါများသောကြောင့် အရိုးနုလေးတွေ ပျက်စီးပြီး အရိုးအဆစ်တွေ ရောင်ရမ်းခြင်း
-ထိခိုက်ဒဏ်ရာရပြီး အရိုးကျိုးတာ၊ အရွတ်နှင့် တွယ်ဆက်တစ်ရှူးတွေ ပျက်ဆီးခြင်း
-အဝလွန်သည့် သူများတွင် ကိုယ်အလေးချိန်ကြောင့် ခန္ဓာကိုယ်အောက်ပိုင်း အရိုးအဆစ်တွေက ဒဏ်ပိုဖြစ်ခြင်း တွေက ဒူးနာ၊ ခါးနာရသည့် အကြောင်းရင်းတွေပါပဲ။
ရောဂါလက္ခဏာတွေ အနေဖြင့်…
-ဒူးတွေခါးတွေတောင့်တင်းနေခြင်း
-နီရဲပြီးနာကျင်နေခြင်း
-လှုပ်ရှားရခက်ခြင်း၊လမ်းမလျှောက်နိုင်ခြင်း
-ဒူးဆစ်ကရောင်ရမ်းပုံပျက်နေခြင်း
-ညအိပ်မရခြင်းများ ဖြစ်နိုင်ပါသည်။
အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း၊ သင့်တော်သည့် လေ့ကျင့်ခန်း လုပ်ခြင်း၊ ကိုယ်နေဟန်ထား မှန်ကန်အောင် ဂရုစိုက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် ရောဂါလက္ခဏာတွေကို သက်သာစေမှာပါ။ ဒူးနာခါးနာ ဝေဒနာကို ကာကွယ်ရန်နှင့် သက်သာစေဖို့အတွက် ထောက်ပံ့ပေးသည့် ဖြည့်စွက်အားဆေးများလည်း မှီဝဲ လာကြပါသည်။
–အရိုးနုတွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်သည့် Glucosamine 1500 mg
-ပျက်စီးသွား သည့် အရိုးနုတွေ ပြန်လည်တည်ဆောက်သည့်နေရာမှာ ကူညီပေးသော Chondroitin sulfate 1200 mg
-အရိုးအဆစ်များရောင်ရမ်းနာကျင်မှုတွေကို သဘာဝအတိုင်း သက်သာစေသလို အရိုးအဆစ်တွေ၊ တွယ်ဆက် တစ်သျှူးတွေ ကြံ့ခိုင်ရေးအတွက်လည်း အကောင်းဆုံးဖြစ်သည့် Methyl Sulfonyl Methane 900 mg
-ရိုးတွင်းခြင်ဆီကို ပြန်လည်ဖြည့်ဆည်းပေးပြီး အရိုးအဆစ်တွေ ကောင်းမွန်စွာ ကွေးဆန့်ရန် အရေးပါသော Hyaluronic Acid 5 mg စတာတွေ ပါဝင်သည့် ဖြည့်စွက်အားဆေးများ မှီဝဲသင့်ပါသည်။
ကိုးကား- On Doctor
Photo – Myanmar Health Directory

ကျွမ်းကျင်ဆေးပညာရှင်များကတော့ သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား (Silent Killer) ဟု တင်စား ခေါ်ဝေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သွေးတိုးရောဂါရှိသူများ၏ သုံးပုံတစ်ပုံခန့်ဟာ မိမိမှာ သွေးတိုးရောဂါရှိမှန်း မသိကြပါဘူး။
သွေးတိုးရောဂါဆိုတာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေသည့် နံပါတ်တစ် အကြောင်းအရင်းဖြစ်သလို နှလုံးရောဂါ (နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးကြီးခြင်း) များ၏ အဓိကအကြောင်းအရင်း တစ်ခု ဖြစ်ပါသည်။

အသက်၄၀ကျော်သူများ၊ မျိုးရိုးအလိုက်သွေးတိုးရောဂါရှိသူများ၊ ဆေးလိပ်၊အရက် အလွန်အကျွံသောက်သုံးသူများ၊ ကိုယ်အလေးချိန်များသူများ၊ စိတ်ဖိစီးမူရှိသူများနှင့် မကြာခဏသွေးပေါင်ချိန်တက်တတ်သည့် ရောဂါသူရှိသူ တွေမှာ သွေးတိုးရောဂါဖြစ်ပွားတတ်ကြပါသည်။
ပုံမှန်အားဖြင့် သွေးတိုးရောဂါသည် ရောဂါလက္ခဏာ သိပ်ပြလေ့မရှိပါဘူး။ အများစုဟာ သွေးတိုးရောဂါ၏ ရောဂါလက္ခဏာတွေကို ခံစားရလေ့ မရှိပါဘူး။ ခံစားရသူအချို့မှာတော့ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊အသက်ရှူမြန်လာခြင်း၊ အမြင်အာရုံဝေဝါးလာခြင်းတို့ ဖြစ်ပွားတတ်ပါသည်။
နောက်ဆက်တွဲဆိုးကျိုးလက္ခဏာတွေကတော့ ရင်ဘတ်အောင့်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ ပေါက်ခြင်း၊ နှလုံးညစ်အားနည်းခြင်း၊ မျက်နှာယောင်အမ်းလာခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ အမြင်ချို့ယွင်းလာခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပွားလာနိုင်ပါသည်။
သွေးတိုးရောဂါကို ထိန်းသိပ်ဖို့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းပြီး အဝမလွန်အောင် နေထိုင်စားသောက်ပါ။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ အသီးအနှံ ဟင်းသီးဟင်းရွက် များများစားသုံးပေးပါ။ အငန်ဓာတ်ပါသော ငါးပိ၊ငါးခြောက်၊ဟင်းချိုမှုန့်များနှင့် အဆီကို အလွန်အမင်းစာသုံးခြင်းတို့မှ ရှောင်ကျဉ်ပါ။ အရက်နှင့် ဆေးလိပ် အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ သွေးတိုးရောဂါရှိနေပါက သွေးပေါင်ကို ပုံမှန် စနစ်တကျ စစ်ဆေးပြီး ဆေးကုသမှုခံယူပေးပါ။
ထို့ကြောင့် မိမိမှာ သွေးတိုးရောဂါရှိလာပြီဆိုရင် ဆောင်ရန်၊ ရှောင်ရန်များကို အဓိကထားဆင်ခြင်ပြီး နီးစပ်ရာ ကျွမ်းကျွင်ဆရာဝန်များ၏ လမ်းညွန်ချက်အတိုင်းပြုမူနေထိုင်ပြီး သာယာလှပသောဘဝကို ကျန်းမာခြင်းနှင့်အတူ လျှောက်လမ်းလိုက်ပါ။

အပြုံးတစ်ပွင့်သည် လူသားအချင်းချင်းရင်းနှီးမှုကို တိုးပွားစေပါသည်။ လှပသောအပြုံးတစ်ခုကိုဖန်တီးရာတွင် သွားလေးများ ကျန်းမာလှပနေရန် လွန်စွာအရေးကြီးပေသည်။ ထိုမျှမက သွားများသည် ကျွန်တော်တို့ ဘဝ တစ်လျှောက်လုံးတွင် တစ်ကြိမ်သာပြန်လည်ရရှိနိုင်သော အရာလည်းဖြစ်သည်။ ထို့ကြောင့် သွားများ ကျန်းမာ ကောင်းမွန်နေစေရန် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ထိရောက်ပါလိမ့်မည်။
သွားများက ဘာကြောင့်အရေးကြီးပါသလဲ

သွားများသည် ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးဖြင့် ကွဲပြားခြားနားစွာ ကျွန်တော်တို့ပါးစပ်ထဲတွင် တည်ရှိ နေကြသည်။ ထိုသို့ပုံသဏ္ဍာန်အရွယ်အစားကွဲပြားသည့်အတိုင်း သွားများ၏ လုပ်ဆောင်ချက်သည်လည်း ကွဲပြား သွားကြသည်။ သွားများသည်အစားအစာများကို ကြေညက်စွာဝါးသည့်လုပ်ဆောင်ချက်ကို အဓိကလုပ်ဆောင် ပါသည်။ စကားပြောရန်နှင့် စကားသံပီပြင်စွာထွက်ပေါ်လာရန်လည်း အကူအညီပေးပါသည်။ ထို့ပြင် မျက်နှာပုံစံဖြစ် ပေါ်လာစေသည့် အရာများတွင်လည်း သွားသည် တစ်ခုအပါအဝင်ဖြစ်ပါသေးသည်။ ထိုမျှမက သွားများသည် လှပသောအပြုံးကိုလည်း ဖန်တီးပေးသည့် လွန်စွာတန်ဖိုးရှိသောအရာတစ်ခုလည်း ဖြစ်ပါသည်။ ထိုသို့ အလွန် အရေးပါသော အရာတစ်ခုဖြစ်သည့်အလျောက် ကျွန်တော်တို့သည် သွားကျန်းမာရေးကို အထူးဂရုစိုက်သင့် ပါသည်။
သွားများပျက်စီးယိုယွင်းလာရင် ဘာတွေဖြစ်တတ်လဲ
သွားများ ပျက်စီးယိုယွင်းခြင်းသည် နာကျင်မှုဝေဒနာကို ခံစားရပြီးနောက်ပိုင်းတွင် သွားများ ကျိုးပဲ့ ပျက်စီးကာ သွားများ နုတ်ပစ်ရခြင်း၊ သွားပြန်စိုက်ရခြင်းများကို ပြုလုပ်ရတတ်သည်။ သွားများ ပျက်စီးယိုယွင်းနေသည်ကို ဂရုမစိုက်ဘဲပစ်ထားပါက သွားနှင့် ချိတ်ဆက်ထားသော နာ့ဗ်ကြောများတွင် ပိုးဝင်၍ အကြောသေသွားပြီး သွားပြည်တည်ခြင်းများဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်ပါက Root Canal Treament ဖြင့် ကုသမှုခံယူပြီး သွားကို နုတ်ပစ်ရတတ်ပါသည်။ ထို့ကြောင့် သွားနှင့် ခံတွင်းကို ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ရန် အရေးကြီး ပါသည်။ သွားဖုံးရောဂါများသည် ဖြစ်လေ့ရှိသောရောဂါဖြစ်ပြီး အချိန်မီမကုသပါက သွားပတ်လည်ရှိသွားဖုံးရိုးများ ပျက်စီးသွားတတ်ပါသည်။ သွားနှင့် သွားဖုံးရောဂါများသည် ကြိုတင်ကာကွယ်၍ ရသောရောဂါများ ဖြစ်သည့် အလျောက် မိမိတို့၏ သွားနှင့် သွားဖုံးကို နေ့စဉ်သန့်ရှင်းပေးခြင်း၊ စစ်ဆေးပေးခြင်းဖြင့် နောင်ဖြစ်လာမည့်သွားနှင့် သွားဖုံးရောဂါများကို ကာကွယ်ပေးနိုင်ပါလိမ့်မည်။ အကယ်၍သွားများ ကျိုးပဲ့သွားပါက ထိုသို့ကျိုးပဲ့သွားသော နေရာတွင် သွားစိုက်ခြင်း၊ သို့မဟုတ် အံကပ်ဖြင့်ဖြည့်ထားခြင်းများကို ပြုလုပ်သင့်ပါသည်။
သွားနှင့် သွားဖုံးကျန်းမာအောင် ဘယ်လိုလုပ်မလဲ
ကျွန်တော်တို့၏ သွား၊ သွားဖုံးနှင့် ခံတွင်းကို သန့်ရှင်းပြီး ကျန်းမာအောင်ပြုလုပ်ရန်မှာ လွယ်ကူပါသည်။ အောက် ဖော်ပြပါအချက်များကို နေ့စဉ်ပုံမှန်လုပ်ဆောင်ခြင်းဖြင့် သွားများပျက်စီးယိုယွင်းခြင်းကို အကောင်းဆုံး ကာကွယ် နိုင်ပါသည်။
ဖလိုရိုက်ဓာတ်ပါသော သွားတိုက်ဆေးဖြင့် ညတိုင်းတစ်ကြိမ်နှင့် နံနက်၊ သို့မဟုတ် နေ့လယ်ဘက်တွင်တစ်ကြိမ် သွားတိုက်ခြင်း၊ တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် သွားကြားရှင်းကြိုး (Floss)ဖြင့် သွားကိုသန့်ရှင်းပေးခြင်း၊ ကောင်းမွန်သောစားသောက်ခြင်း အလေ့အထကိုသာပြုလုပ်ခြင်း (ဥပမာ- အချိုများသောအစားစာများ၊ အချိုရည် များကို နည်းနိုင်သမျှနည်းအောင် စားသောက်ခြင်း နှင့် သွားကို ပုံမှန်သွားဆရာဝန်ဖြင့် စစ်ဆေးခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် သွားများပျက်စီးခြင်းမှ ကာကွယ်နိုင်ပါသည်။
သွားတိုက်ရတာ ဘာကြောင့်အရေးကြီးတာလဲ
နေ့စဉ်ပုံမှန်သွားတိုက်ခြင်းနှင့် သွားသန့်ရှင်းရေးပြုလုပ်ခြင်းသည် သွားချေးများကို ဖယ်ရှားပေးခြင်း ဖြစ်သည့် အတွက် လွန်စွာအရေးကြီးပါသည်။ သွားချေးများကို သန့်ရှင်းခြင်းမပြုလုပ်ပါက သွားချေးများထပ်ထပ်ကျန်ခဲ့ပြီး အစာအကြွင်းအကျန်များ သွားချေးတွင် ကပ်ကျန်နေကာ ထိုမှတစ်ဆင့် သွားများယိုယွင်းပျက်စီးခြင်းနှင့် သွားဖုံး ရောဂါများကိုဖြစ်စေပါသည်။
သွားကို တစ်နေ့ ဘယ်နှကြိမ်တိုက်သင့်လဲ
မိမိတို့၏သွားများကို ဖလိုရိုက်ပါသောသွားတိုက်ဆေးဖြင့် ညအိပ်ရာမဝင်မီတစ်ကြိမ်နှင့် တစ်နေ့တာ၏ နံနက် အိပ်ယာနိုးချိန်မှ ညဘက်သွားမတိုက်ခင်အချိန်ထိ အနည်းဆုံးတစ်ကြိမ်ဖြင့် တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ် သွားပုံမှန်တိုက်သင့်ပါသည်။ သွားတိုက်ရာတွင်လည်း အနည်းဆုံးအချိန်နှစ်မိနစ်ခန့်တိုက်သင့်ပါသည်။ အကယ်၍ သွားတိုက်ရာတွင် သွေးထွက်ခြင်း၊ နာကျင်ခြင်းနှင့် အဆင်မပြေဖြစ်မှုများ မကြာခဏကြုံတွေ့လာရပါက သွား ဆရာဝန်ထံ သွားရောက်ကုသသင့်ပါသည်။ နေ့စဉ်ပုံမှန်သွားကျန်းမာရေးကိုဂရုစိုက်မည်ဆိုပါက သွားနှင့် ပတ်သက်သော အန္တရာယ်များကို ကာကွယ်ရန် အဓိကကျသောလက်နက်မှာ သွားတိုက်တံ၊ သွားတိုက်ဆေးနှင့် သွားသန့်ရှင်းသည့် ကိရိယာများပင်ဖြစ်ပါသည်။
ဘယ်လို သွားတိုက်တံအမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပါသလဲ
သွားတိုက်တံကို ရွေးချယ်အသုံးပြုမည်ဆိုပါက ပျော့ပျောင်းပြီး လုံးဝန်းသောအစွန်းရှိသည့် နိုင်လွန် အမွေးဖြင့် ပြုလုပ်ထားသော သွားတိုက်တံကိုသာ ရွေးချယ်သင့်ပါသည်။ သွားတိုက်တံ၏ ထိပ်ပိုင်းသည် ပါးစပ် အတွင်းရှိ အစိတ်အပိုင်းအားလုံးသို့ ရောက်ရှိနိုင်သောအရွယ်အစားဖြစ်သင့်သည်။ အထူးသဖြင့် ပါးဆောင်အတွင်းပိုင်းအထိပါ ရောက်ရှိနိုင်သောအရွယ်အစားဖြစ်ရပါမည်။ ကလေးများအတွက်ဆိုလျှင် သေးငယ်သောအရွယ်အစားရှိပြီး ပျော့ပျောင်း နူးညံ့သောအမွေးများပါသည့် သွားတိုက်တံကို ရွေးချယ်သင့်ပါသည်။
ယခုဆိုလျှင် စနစ်တကျသေချာစွာ ဖန်တီးထားသောသွား တိုက်တံများကို ဝယ်ယူအသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ထိခိုက်လွယ်သော သွားများအတွက် သိသိသာသာပို၍ နူးညံ့ပျော့ပျောင်းအောင် ပြုလုပ်ထားသည့် သွားတိုက်တံ များကို အသုံးပြုနိုင်ပါသည်။ မညီညာသော သွားများအတွက် သွားတိုက်တံထိပ်ပိုင်း ပို၍သေးငယ်သော သွားတိုက်တံများကို အသုံးပြုသင့်ပါသည်။ သွားတိုက်တံကိုင်ရာတွင် ခက်ခဲမှုရှိသည့်အကြောအားနည်း၍ ခြေလက် တုန်နေသောရောဂါရှိသူများနှင့် မသန်စွမ်းသူများ လွယ်ကူစွာသွားတိုက် နိုင်စေရန်အတွက် သီးသန့် ထုတ်လုပ် ထားသော လက်ကိုင်ကြီးကြီးပါရှိသောသွားတိုက်တံနှင့် သွားတိုက်တံထိပ်ပိုင်းကို တစောင်းအနေအထားပြုလုပ် ထားသော သွားတိုက်တံများကို အသုံးပြုသင့်ပါသည်။
သွားတိုက်တံကို ဘယ်လောက်ကြာလျှင် အသစ်လဲပြီးအသုံးပြုသင့်ပါသလဲ
အချိန်အတန်ကြာအသုံးပြုထားသောကြောင့် ဖွာထွက်နေသောသွားတိုက်တံများသည် ကျွန်တော်တို့၏ သွားများ သန့်ရှင်းရာတွင် အကူအညီမပေးနိုင်သည့်အပြင် သွားဖုံးများကိုပါ ထိခိုက်စေပါသည်။ ထို့ကြောင့် သွားတိုက်တံ များကို နှစ်လ၊ သို့မဟုတ် သုံးလ တစ်ကြိမ် ပုံမှန်အသစ်လဲခြင်း၊ သို့မဟုတ် သွားတိုက်တံအမွှေးများ စတင်ဖွာထွက် လာသောအချိန်တွင် အသစ်လဲ၍ အသုံးပြုသင့်ပါသည်။ သွားတိုက်တံအမွှေးများဖွာထွက်လာပါက ၎င်းတို့သည် သွားကိုသေချာစွာမသန့်ရှင်းနိုင်တော့သောကြောင့် ဂရုတစိုက် အသစ်လဲလှယ် အသုံးပြုသင့်ပါသည်။
ဖလိုရိုက်ပါသော သွားတိုက်ဆေးကို ဘာကြောင့်သုံးသင့်တာလဲ
ဖလိုရိုက်ပါသောသွားတိုက်ဆေးများသည် သွားများကို ခိုင်မာစေသည်။ ထို့ပြင် သွားများကို မာကျောစေပြီး သွားရောဂါများမှလည်းကာကွယ်ပေးနိုင်ရုံသာမက ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်များအတွက် သွားများယိုယွင်းပျက်စီးခြင်းကို လျှော့ချပေးနိုင်ပါသည်။
သွားကျန်းမာဖို့ ဘယ်လိုစားသောက်မလဲ
လူအများစုတွေးထင်ကြသည်မှာ သကြားဓာတ်များစွာပါ သောအစားအစာများသည် သွားများ ယိုယွင်း ပျက်စီး စေတတ်သော အကြောင်းအချက်တစ်ခုဟု ထင်နေကြသည်။ တကယ်တော့မဟုတ်ပါ။ သွားကို တကယ် ထိခိုက် ပျက်စီးစေသောအကြောင်းမှာ အချိုများသော အစားအစာများကို အကြိမ်အရေအတွက် ဘယ်လောက်များများ စားသလဲဆိုသည့် အကြောင်းချက်ပေါ်တွင် မူတည်နေခြင်းများဖြစ်ပါသည်။ အချိုရည်များနှင့် အချိုများသော အစားအစာများကြောင့် ပါးစပ်အတွင်းဖြစ်ပေါ်လာသော အက်စစ်ဓာတ်များကို ပျောက်သွားအောင်ချေဖျက်ရန်မှာ အနည်းဆုံးတစ်နာရီမျှကြာသည်။ ထိုအချိန်အတွင်းတွင် ကျွန်တော်တို့၏သွားများသည် အက်စစ်ဓာတ်များ၏ ဖျက်ဆီးခြင်းကိုခံရသည်။ ထိုသို့အက်စစ်ဓာတ်များ၏ သွားဖျက်ဆီးနှုန်းလျော့နည်းစေရန် အချိုရည်များနှင့် အချိုများသောအစားအစာများကို ထမင်းစားချိန်များတွင်သာ စားသောက်သင့်ပါသည်။ အသားစားပြီးချိန်နှင့် သရေစာမုန့်များစားပြီးချိန်တွင် အချိုမပါသောပီကေဝါးခြင်းနှင့် ရေသောက်ခြင်းသည် သကြားဓာတ်ကြောင့် ပါးစပ်အတွင်းဖြစ်ပေါ်လာသော အက်စစ် ဓာတ်များကို လျင်မြန်စွာချေဖျက်ပေးပါသည်။
ထို့ပြင် သွားများယိုယွင်းပျက်စီးမှုကိုဖြစ်စေသော ဂက်စ်ပါသောအချိုရည်များ၊ အသီးဖျော်ရည်များ၊ အားဖြည့်အချိုရည်များနှင့် ဝိုင်များသည် သွားများကို ပျက်စီးသောအက်စစ်ဓာတ်များကို ဖြစ်စေပြီး သွားကြွေလွှာ ပျက်စီးခြင်းကိုဖြစ်စေပါသည်။ သွားကြွေလွှာ ပျက်စီးသွားပါက သွားများသည် အနည်းငယ်မျှထိခိုက်ဒဏ်ကို မခံနိုင်တော့ဘဲ သွားကျဉ်လွယ်ခြင်း၊ သွားအခေါင်းပေါက်များဖြစ်လာပြီး သွားကိုက်၊ သွားနာဖြစ်ခြင်း၊ သွားပြည် တည်ခြင်းစသည့် သွားနှင့် ပတ်သက်သောရောဂါဝေဒနာများကို ဖြစ်စေနိုင်ပါသည်။ Health Day သတင်းတွင် သွားကျန်းမာရေးကောင်းမွန်စေရန် သွားတိုက်ခြင်း၊ သွားကြားရှင်းကြိုးဖြင့် သန့်ရှင်းခြင်းနှင့်သွားကို ပုံမှန် စစ်ဆေးခြင်းများကို ပုံမှန်လုပ်ဆောင်ခြင်းသည် အလွန်အရေးကြီးကြောင်းဖော်ပြထားသည်။ သို့သော်လည်း သွားနှင့် သွားဖုံးကို ပိုမိုကျန်းမာစေရန် ထိန်းသိမ်းရမည့်နည်းလမ်းကောင်းများ ရှိပါသေးသည်။
အမေရိကန်သွားကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းက သွားနှင့် သွားဖုံးပျက်စီးယိုယွင်းခြင်းမှ ကာကွယ်ရန် အကြံပြုချက်များကို အောက်ပါအတိုင်းဖော်ပြထားသည်။
ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုသာ စားသုံးသင့်ပြီး မုန့်ပဲသရေစာများကိုလျှော့စားရမည်။
အချိုပေါ့သောအစားအစာများနှင့် အာဟာရများပါဝင်သော အစားအစာများကိုသာ ရွေးချယ်စားသုံးရမည်။
ရေများများသောက်ရမည်။
တစ်နေ့လျှင်နှစ်ကြိမ် ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးဖြင့် သွားကို စနစ်တကျတိုက်ရမည်။
သွားချေးများကို ဖယ်ရှားရန် နေ့စဉ်သွားကြားရှင်းကြိုးဖြင့် သန့်ရှင်းခြင်းကို ပုံမှန်ပြုလုပ်ရမည်။
မိမိရက်သတ္တပတ်လုံးစားသုံးခဲ့သော အစားအစာများကို မှတ်သား၍ မိမိစားသုံးခဲ့သောအစားအစာများတွင် သွားနှင့်သွား ဖုံးများကို ပျက်စီးယိုယွင်းစေသောအစားအစာများ မည်မျှစားသုံးခဲ့သည်ကို သတိပြု၍ လွန်ကဲမှု မရှိစေရန်ချင့်ချိန်ရမည်။
သို့ဖြစ်ပါ၍ သွားကျန်းမာရေးကောင်းမွန်စေရန် မိမိတို့၏သွားလေးများကို နေ့စဉ်ပုံမှန် အနည်းဆုံး နှစ်ကြိမ်ခန့် သွားတိုက်ပြီး သန့်ရှင်းအောင်ပြုလုပ်ပေးရမည်။ ထို့ပြင် သွားဆရာဝန်များနှင့် ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ် ပေးခြင်းသည်လည်း သွားနှင့် ပတ်သက်သောဝေဒနာများ မခံစားရစေရန် များစွာအထောက်အကူပေးနိုင်သည်။ သွားများပျက်စီးသွားမှ ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ခြင်းထက် ပကတိအကောင်းအတိုင်းရှိသေးသော သွားများကို ပုံမှန်သန့်ရှင်း၍ ဂရုစိုက်ခြင်းသည်သာလျှင် သင့်ဘဝတစ်လျှောက်လုံး ကျန်းမာသောသွားများကို ပိုင်ဆိုင်နိုင်ပြီး သွားရောဂါအမျိုးမျိုးမှ ကာကွယ်နိုင်သည့် ထိရောက်သော အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပေလိမ့်မည်။

ပြင်းထန်သောအရေပြားပိုးဝင်ခြင်းသည် အရေပြားကို ကာကွယ်ပေးသည့်အလွှာများကို ဖြတ်သန်းဖောက်ဝင်၍ အရေပြားအတွင်းသို့ ပြင်းထန်သည့် ဘက်တီးရီးယားကူးစက်ရောဂါပိုးများ ဝင်ရောက်ခြင်းကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။
အရေပြား၏အောက်သို့ရောက်ရှိသောအခါ ထိုဘက်တီးရီးယားများသည် ပွားများ၍ အရေပြားကို ရောင်ရမ်း စေသည့် ဓာတုပစ္စည်းများကို ထုတ်လွှတ်ပါတော့သည်။

ထိခိုက်ရှနာဒဏ်ရာရသော နေရာမှတစ်ဆင့် အများအားဖြင့် ရောဂါပိုးများ ဝင်ရောက်လေ့ရှိသော်လည်း ဒဏ်ရာ အနာတရ ရသောနေရာမှမဟုတ်ဘဲ အရေပြားကိုဖြတ်သန်း၍လည်း ဘက်တီးရီးယားပိုးများ ဝင်ရောက်နိုင်ပါသည်။
ထိုသို့ ကောင်းမွန်နေသော အရေပြားကို ဖြတ်သန်း၍ ဘက်တီးရီးယားရောဂါပိုးများ ဝင်ရောက်ခြင်းသည် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်နိုင်သော်လည်း ခြေထောက်တွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။ အထူးသဖြင့်အရေပြားပေါ်တွင် ဖောင်းကား၊ ရောင်းရမ်းနေသည့်နေရာများ၊ သွေးစီးဆင်းမှု နည်းပါးနေသည့် နေရာများ၊ မှို စသည့်ရောဂါများကြောင့် အင်ပြင်ကွက်များ ဖြစ်ပေါ်၍ အရေပြားပေါက်ပြဲလွယ်သည့် နေရာများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။
အကယ်၍ ထိုသို့အရေပြားပိုးဝင် အနာဖြစ်ခြင်းသည် မျက်လုံးတစ်ဝိုက်တွင်ဖြစ်ပွားခဲ့၍ ကောင်းမွန်စွာမကုသခဲ့ပါက ဦးနှောက်အတွင်းသို့ ရောဂါပိုးများ ပျံ့နှံ့ရောက်ရှိနိုင်ပါသည်။
ရောဂါလက္ခဏာများ
အရေပြားအတွင်းသို့ ရောဂါပိုးများဝင်ရောက်သောအခါ အရေပြားသည် နီနေခြင်း၊ နွေးနေခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
ကိုယ်အပူချိန်တက်ခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းများလည်း လိုက်ပါဖြစ်ပွားလေ့ရှိပါသည်။
အကယ်၍ရောဂါပိုးများ သွေးစီးကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ပါက သွေးပေါင်ချိန်ကျဆင်းခြင်းများ ဖြစ်ပွားနိုင် သကဲ့သို့ အသက်အလွန်ငယ်သည့် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားစနစ်ကျဆင်းနေသည့် သူများနှင့် နှလုံးအဆို့ရှင် ပုံမှန်မဟုတ်သည့် လူများတွင် သွေးဆိပ်တက်ခြင်း ပြဿနာများကိုပါ ဖြစ်စေနိုင်ပါသည်။
ကာကွယ်ခြင်း
အရေပြားပိုးဝင်ခြင်း မဖြစ်စေရန် အကောင်းဆုံး ကာကွယ်နိုင်သည့် နည်းလမ်းမှာ အရေပြားတွင် ထိခိုက်ဒဏ်ရာများ မရအောင် ဂရုပြုကာကွယ်ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် နေအိမ် အပြင်ဘက်သို့ထွက်ပြီး အလုပ်လုပ်သည့်အခါ၊ လမ်းလျှောက်ထွက်သည့်အခါ၊ ဥယျာဉ် စိုက်ပျိုးခြင်းများ ပြုလုပ်သည့်အခါ၊ စကိတ်စီးခြင်း၊ စက်ဘီးစီးခြင်း စသည့် အားကစားများ ပြုလုပ်သည့်အခါများ၌ အကာအကွယ် လက်အိတ်များ၊ ဘောင်းဘီရှည်များ၊ ခြေစွပ်ရှည်များ၊ ဒူးကာ၊ တံတောင်ဆစ်ကာများကို ဝတ်ဆင်ခြင်းအားဖြင့် ဒဏ်ရာအနာတရရှိခြင်းမဖြစ်စေရန် ကာကွယ်ရပါမည်။
ထို့အပြင် ဖိနပ်မစီးဘဲ ပြင်ပသို့သွားရောက်ခြင်းများကိုလည်း ရှောင်ကြဉ်သင့်ပါသည်။
ကုသခြင်း
အရေပြားပိုးဝင်ခြင်း မဖြစ်စေရန် အရေပြားပိုးဝင်ရောက်ရာ အများဆုံး လမ်းကြောင်းဖြစ်သည့် ဒဏ်ရာ အနာတရ များကို စနစ်တကျ ဂရုစိုက်ကုသရမည် ဖြစ်ပါသည်။
ထို့ကြောင့် မတော်တဆ ဒဏ်ရာအနာတရများ ရရှိလာသည့်အခါ ဒဏ်ရာအနာတရများအတွင်းမှ အညစ်အကြေး များကို သေချာစွာ သန့်စင်ဖယ်ရှားရပါမည်။
ထို့နောက် အနာပိုးသတ်ဆေးရည်များဖြင့် အသုံးပြု၍ ဒဏ်ရာအတွင်းသို့ ဝင်ရောက်နိုင်သည့် ရောဂါပိုးများကို ပိုးသတ်ခြင်းပြုလုပ်ရပါမည်။
ထို့နောက် ရောဂါပိုးများ ထပ်မံမဝင်ရောက်စေရန် ဒဏ်ရာကို သန့်စင်သည့် ပတ်တီး သို့မဟုတ် အဝတ်စ သို့မဟုတ် ပိတ်စ ဖြင့် ဖုံးအုပ်ထားရပါမည်။
အကယ်၍ ဒဏ်ရာသည် ထိုးသွင်းဒဏ်ရာဖြစ်ခြင်း သို့မဟုတ် ခွေး၊ ကြောင်စသည့် တိရစ္ဆာန်အကိုက်ခံရခြင်းကြောင့် ရရှိခဲ့သည့် ဒဏ်ရာဖြစ်ခြင်း သို့မဟုတ် မေးခိုင်ကာကွယ်ဆေး ထိုးနှံရန် လိုအပ်သည့် ဒဏ်ရာများဖြစ်ပါက ဆေးဘက်ဆိုင်ရာပညာရှင်များနှင့် ကုသတိုင်ပင်ရန် လိုအပ်ပါသည်။

လေထိုးလေအောင့်ပြဿနာသည် လူတိုင်းနှင့် မစိမ်းသည့် ပြဿနာတစ်မျိုးဖြစ်ပါသည်။ လူတိုင်းနီးပါး၏ ဘဝမှာ အနည်းဆုံး တစ်ခါနှစ်ခါလောက်တော့ လေထိုးတာမျိုးကို ကြုံရဖူးမှာပါ။ ဗိုက်အောင့်ဗိုက်နာဖြစ်ပြီဆိုသည် နှင့် ဖြစ်ရသည့်အကြောင်းရင်းထဲမှာ လေထိုးတာကြောင့် အများဆုံး ဖြစ်နေတတ်ပါသည်။ လေထိုးလေအောင့် ဖြစ်ရင် ဗိုက်ထဲမှာ စူးပြီးထိုးအောင့်နေတာဟာ လူကိုအတော်ခံရခက်စေပါသည်။

အစာဝါးစားချိန်၊ ရေသောက်စဉ်၊ ဒါမှမဟုတ် တံတွေးမြိုချလိုက်သည့်အခါမှာ ပြင်ပလေများသည် အစာအိမ် လမ်းကြောင်းထဲသို့ ဝင်ရောက်လာနိုင်ပါသည်။ ထိုအခါမှာ ဝင်ရောက်လာသည့် လေတွေကို လေတက်ခြင်း၊ ဒါမှမဟုတ် လေလည်ခြင်းနှင့် ခန္ဓာကိုယ် ပြင်ပသို့ ပြန်လည် ထုတ်လွှတ်လိုက်ပါသည်။ သို့သော် အကြောင်း အမျိုးမျိုးကြောင့် အစာအိမ်လမ်းကြောင်းမှာ လေတွေ အလွန်အမင်း ပိတ်ဆို့ ဖောင်းပွလာသည့်အခါ လေထိုး လေအောင့်တာမျိုး ခံစားရလာပါတော့သည်။
ဘာတွေကြောင့် ဖြစ်နိုင်သလဲ
ပဲအမျိုးမျိုး၊ အာလူး၊ ခေါက်ဆွဲ၊ Broccoli၊ ကြက်သွန်ဖြူ စသည့် လေပွစေသော အစားအသောက်များ အများအပြား စားသုံးမိခြင်း၊
Lactose Intolerance လို့ခေါ်သည့် နို့နှင့် နို့ထွက်ပစ္စည်းတွေမှာ ပါဝင်သော Lactose နှင့် ဓာတ်မတည့်သူများ၊
ဝမ်းခဏခဏချုပ်လေ့ရှိတတ်သူများ၊
စားသောက်နေထိုင်မှုပုံစံ – ပီကေ ဝါးနေတတ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများသူများမှာ တွေ့ရ တတ်သည့် Aerophagia ကြောင့် လေများ အူလမ်းကြောင်းထဲ အများအပြားဝင်လာခြင်း၊
အူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများမှာ တွေ့ရတတ်ပါသည်။
လေထိုး လေအောင့်သက်သာဖို့ ဘာတွေလုပ်ရမလဲ
လမ်းလျှောက်ပါ။ လှုပ်လှုပ်ရှားရှား နေကြည့်ပါ။ မလှုပ်ရှားဘဲ ထိုင်နေချိန်များသည့်အခါမှာ အူလမ်းကြောင်း စုပြုံနေသည့် လေတွေ အပြင်မထွက်နိုင်ဘဲ လေထိုးတာမျိုးကို ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် အစားစားပြီးချိန်ဆို လမ်း ပုံမှန်လျှောက်ပေးသင့်ပါသည်။
စားသောက်မှု ပုံစံကို ပြောင်းလဲကြည့်ပါ။
လေပွခြင်းသည် အစာခြေမှုစနစ် ချို့ယွင်းမှုကြောင့်ဖြစ်ပါသည်။ အစာခြေနေသည့်အချိန်မှာ အူလမ်းကြောင်းမှာ Gas တွေ ထုတ်လွှတ်နိုင်ပါသည်။ အချို့အစားအသောက်များသည် အစာအိမ်နှင့် အူသိမ်မှာ မခြေဖျက်နိုင်ဘဲ အူမကြီးသို့ ရောက်ရှိသွားသည့်အခါမှာ အူမကြီးမှပိုးမွှားတွေနှင့်ပေါင်းပြီး Gas အများအပြား ထုတ်လွှတ် လိုက်ပါသည်။ ထိုအခါမှာ လေများစုပြုံလာပြီး လေထိုးလေအောင့်ခြင်းကို ခံစားရပါတော့သည်။ ထို့ကြောင့် မိမိစားတတ်သည့် အစားစာတွေနှင့် ဘယ်အရာစားပြီးရင် လေထိုးလေအောင့်ဖြစ်တတ်သလဲ သေချာမှတ်ထားပြီး ရှောင်ကြည့်ပါ။ အများအားဖြင့် ဟင်းသီးဟင်းရွက် အချို့ ဥပမာ-ပဲသီး၊ ဒါမှမဟုတ် နို့နှင့်နို့ထွက်ပစ္စည်း စတာ တွေကြောင့်ဖြစ်တတ်ပါသည်။ လေထိုးလေအောင့်နေရာကို အသာအယာနှိပ်နယ်ပေးပါ။ နှိပ်နယ်သည့်အခါ သွေးလှည့်ပတ်မှုကောင်းစေပြီး လေလည်သွားသည့်အခါ လေထိုးတာကို သက်သာစေနိုင်ပါသည့်။ဆေးဖက်ဝင် အပင်တွေဖြစ်သည့် ကရဝေးရွက်၊ နနွင်း၊ စမုန်စပါး၊ နံနံပင် စတာတွေကို ရေနွေးလေးနဲ ရောပြီး သောက်ပေးရင်လည်း လေထိုးတာကိုသက်သာစေပါတယ်။
မီးဖိုချောင်ထဲမှ ပစ္စည်းများနှင့် လေထိုးသက်သာအောင် –
– Apple cider vinegar စတီးဇွန်း တစ်ဇွန်းစာ ကို ရေ ဖန်ခွက်တခွက်စာနှင့် သောက်ခြင်း။
–Baking Soda ဇွန်းတစ်ဝက်ကို ရေ ဖန်ခွက် တခွက်စာထဲ ထည့်သောက်ခြင်း။
–ပူစီနံ ဖျော်ရည် သို့ ပူစီနံလက်ဘက်ရည် ဟာလည်း လေထိုးလေအောင့်အတွက်သက်သာစေပါသည်။
လေထိုးလေအောင့်ခြင်းအတွက် သောက်သုံးရန် ဆေးဝါးများ
–Simethicone ဟာ အူလမ်းကြောင်းထဲမှာ စုနေသည့် Gas Bubble တွေကို ချေဖျက်နိုင်စွမ်းရှိလို့ လေထိုး လေအောင့်ကို သက်သာစေပါသည်။
-Lactose Intolerance ဟု ခေါ်သည့် နို့နှင့် နို့ထွက်ပစ္စည်းတွေမှာပါဝင်သော lactose နှင့် ဓာတ်မတည့်သူတွေအနေဖြင့် lactase enzymes ပါဝင်သည့် ဆေးတွေ သောက်ရင် လေထိုးလေအောင့်တာကို သက်သာစေပါလိမ့်မည်။
လေထိုးလေအောင့် မဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ
ရေဓာတ်ပြည့်ဝအောင် အရည်များများသောက်ပါ။
Gas ပါသော အချိုရည်များရှောင်ပါ။
ဆေးသကြားပါသော မုန့်သရေစာများ မစားပါနှင့်။
အကြာကြီး ဝါးရသည့် အရာများ (ပီကေ၊ ကွမ်းယာ) များကို ရှောင်ပါ။
အစားစားပြီး အနည်းငယ်လှုပ်ရှားပေးပါ။ လမ်းပုံမှန်လျှောက်ပေးပါ။