ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

သွေးတိုးရောဂါအကြောင်းသိကောင်းစရာ
-

ကျွမ်းကျင်ဆေးပညာရှင်များကတော့ သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား (Silent Killer) ဟု တင်စား ခေါ်ဝေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သွေးတိုးရောဂါရှိသူများ၏ သုံးပုံတစ်ပုံခန့်ဟာ မိမိမှာ သွေးတိုးရောဂါရှိမှန်း မသိကြပါဘူး။

သွေးတိုးရောဂါဆိုတာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေသည့် နံပါတ်တစ် အကြောင်းအရင်းဖြစ်သလို နှလုံးရောဂါ (နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးကြီးခြင်း) များ၏ အဓိကအကြောင်းအရင်း တစ်ခု ဖြစ်ပါသည်။

အသက်၄၀ကျော်သူများ၊ မျိုးရိုးအလိုက်သွေးတိုးရောဂါရှိသူများ၊ ဆေးလိပ်၊အရက် အလွန်အကျွံသောက်သုံးသူများ၊ ကိုယ်အလေးချိန်များသူများ၊ စိတ်ဖိစီးမူရှိသူများနှင့် မကြာခဏသွေးပေါင်ချိန်တက်တတ်သည့် ရောဂါသူရှိသူ တွေမှာ သွေးတိုးရောဂါဖြစ်ပွားတတ်ကြပါသည်။

ပုံမှန်အားဖြင့် သွေးတိုးရောဂါသည် ရောဂါလက္ခဏာ သိပ်ပြလေ့မရှိပါဘူး။ အများစုဟာ သွေးတိုးရောဂါ၏ ရောဂါလက္ခဏာတွေကို ခံစားရလေ့ မရှိပါဘူး။ ခံစားရသူအချို့မှာတော့ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊အသက်ရှူမြန်လာခြင်း၊ အမြင်အာရုံဝေဝါးလာခြင်းတို့ ဖြစ်ပွားတတ်ပါသည်။

နောက်ဆက်တွဲဆိုးကျိုးလက္ခဏာတွေကတော့ ရင်ဘတ်အောင့်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ ပေါက်ခြင်း၊ နှလုံးညစ်အားနည်းခြင်း၊ မျက်နှာယောင်အမ်းလာခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ အမြင်ချို့ယွင်းလာခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပွားလာနိုင်ပါသည်။

သွေးတိုးရောဂါကို ထိန်းသိပ်ဖို့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းပြီး အဝမလွန်အောင် နေထိုင်စားသောက်ပါ။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ အသီးအနှံ ဟင်းသီးဟင်းရွက် များများစားသုံးပေးပါ။ အငန်ဓာတ်ပါသော ငါးပိ၊ငါးခြောက်၊ဟင်းချိုမှုန့်များနှင့် အဆီကို အလွန်အမင်းစာသုံးခြင်းတို့မှ ရှောင်ကျဉ်ပါ။ အရက်နှင့် ဆေးလိပ် အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ သွေးတိုးရောဂါရှိနေပါက သွေးပေါင်ကို ပုံမှန် စနစ်တကျ စစ်ဆေးပြီး ဆေးကုသမှုခံယူပေးပါ။

ထို့ကြောင့် မိမိမှာ သွေးတိုးရောဂါရှိလာပြီဆိုရင် ဆောင်ရန်၊ ရှောင်ရန်များကို အဓိကထားဆင်ခြင်ပြီး နီးစပ်ရာ ကျွမ်းကျွင်ဆရာဝန်များ၏ လမ်းညွန်ချက်အတိုင်းပြုမူနေထိုင်ပြီး သာယာလှပသောဘဝကို ကျန်းမာခြင်းနှင့်အတူ လျှောက်လမ်းလိုက်ပါ။

အာရှတော်ဝင်ဆေးရုံ

အိပ်မပျော်သူများအတွက် ဆေးတစ်ခွက်
-

ပင်ပန်းနွမ်းနယ်ခြင်းသည် အိပ်ဆေးတစ်ခွက်ဖြစ်သည်ဟူသောစကားရှိသည်။    ပင်ပင်ပန်းပန်း အလုပ် လုပ်ရသူများသည် ကောင်းစွာ အိပ်ပျော်ကြပြီး ကိုယ်လက်လှုပ်ရှားမှုမရှိသူ၊ စည်းစိမ်ခံနေသူများ သည်    အိပ်မပျော်သောရောဂါဖြစ်တတ်သည်ဟု ရည်ညွှန်းခြင်းဖြစ်သည်။

ကောင်းစွာ၊ နှစ်ခြိုက်စွာ အိပ်ပျော်ရခြင်း၏တန်ဖိုးကို အိပ်မပျော်သည့်အခါမှ သိရလေ့ရှိသည်။ မိမိနှင့် အတူနေ အိမ်သူအိမ်သားများ အိပ်ပျော်သွားချိန်တွင် မိမိတစ်ဦးတစ်ယောက်တည်း    အိပ်မပျော်ဖြစ်နေသောအခါတွင်  စိတ်ကယောင်ချောက်ချားဖြစ်လာတတ်သည်။    ဤသို့ဖြစ်ရသည့်ရက်ရှည်လာသည့် အခါ မစားနိုင်၊ မသောက်နိုင်ဖြစ်လာသည့်အပြင် စိတ်ကျရောဂါပါရလာတတ်သည်။    စိတ်ရောဂါအထူးကုဆရာဝန်များထံ ပြသရသည်အထိ ဖြစ်တတ်သည်။ အလွန်ခေတ်မီတိုးတက်သော နိုင်ငံကြီး များတွင် စိတ်ရောဂါကုဆရာဝန်များ ကုသရမှုအများဆုံးရောဂါမှာ စိတ်ကျရောဂါနှင့် အိပ်မပျော်ခြင်း ရောဂါများသာ ဖြစ်သည်ဟု ဆိုသည်။

အာယုဗ္ဗေဒဆေးပညာရှုထောင့်၏    အလိုအရ အိပ်မပျော်ရောဂါစွဲကပ်ရခြင်းသည်   ဒေါသသုံးပါးအနက် မှ လေဒေါသနှင့် သည်းခြေဒေါသနှစ်ပါးတွဲ၍ ဖောက်ပြန်သောကြောင့်ဖြစ်ရသည်။   လေပင့်၍ နှလုံးလေ ရိုက်ခြင်းနှင့်   သည်းခြေအားယုတ်ခြင်းကြောင့် စိတ်ဂနာမငြိမ်ဖြစ်ခြင်း စသောအကြောင်းရင်းခံများ ကြောင့်အိပ်မပျော်သည့်ရောဂါဖြစ်ရသည်။ ဒေသနာနည်း ဆေးပညာအလိုတွင်မူ ပထဝီပျက်၍   ဝါယော လွန်ကဲခြင်းကြောင့်   ခန္ဓာကိုယ်အတွင်း လေများ ဦးတည်ချက်မရှိ သွားချင်ရာသွားပြီး အိပ်မပျော်နိုင်ခြင်း ဖြစ်လေသည်။

ထို့ကြောင့် အသက်ကြီးသောလူကြီးများ အိပ်မပျော်လျှင် ညအိပ်ရာဝင်ချိန် အားဆေးများတိုက်ပေးပါက အိပ်ပျော်လေ့ရှိသည်။ ရှေးကမြန်မာလူကြီးများအား ဆေးဆရာကြီးများက ပေးသည့် အားဆေးမှာ   စတုမဓူအားဆေးပင်ဖြစ်သည်။   စတုမဓူဆေးတွင် ပျားရည်၊ ထောပတ်၊ တင်လဲရည် (သကာရည်)နှင့် နှမ်းဆီ (နှမ်းနက်ဆီ) လေးမျိုးပါဝင်သည်။ ရဟန်းများသုံးဆောင်ရန်ပင်  မြတ်စွာဘုရားရှင်က ခွင့်ပြုသည် ဟုဆိုသည်။

အသက်ငယ်ရွယ်သူ၊ အလုပ်များ၍ အိပ်မပျော်သူ၊ စိတ်သောကများသူများအတွက်မှာမူ     သာမန် အကြောင်းမဟုတ်သဖြင့်၊ အားနည်း၍ အိပ်မပျော်ခြင်းမဟုတ်သဖြင့် စတုမဓူဆေးနှင့် အိပ်ပျော်လိမ့် မည်မဟုတ်ပေ။   စိတ်ကို လျှော့ချသောနည်းများကို  ဦးစွာပြုလုပ်ပြီးမှ  ဝမ်းတွင်းရှိ  အစာအိမ်ကို အအေး ဓာတ်ပေးသော  ဖျော်ရည်တစ်ခုခု သောက်သုံးခြင်းဖြင့် အိပ်ပျော်စေနိုင်သည်။

စိတ်သောကကို လျော့ကျစေသောနည်းများမှာ စိတ်ဝင်စားစရာ စာအုပ်ဖတ်ခြင်း၊ တရားထိုင်နည်း တစ်ခုခုကို  လေ့လာပြီး အာနာပါနခေါ် ဝင်သက်ထွက်သက်ကို မှန်မှန်ရှူပြီး  ပျံ့လွင့်သောစိတ်ကို ထိန်းချုပ်ခြင်း၊   ပုတီးစိပ်ခြင်း၊   အလင်းရောင်ကိုလျှော့ချပြီး မှောင်သောအခန်းတွင် အသက်မှန်မှန်ရှူ၍ အိပ်ပျော်အောင် ကြိုးစားခြင်းများ ပြုလုပ်သင့် သည်။

သာမန်အိပ်မပျော်ခြင်းများအတွက်   သင့်လျော်သောဆေးတစ်ခွက်မှာ ရှားစောင်းလက်ပပ်ဖျော်ရည်ပင် ဖြစ်သည်။ ရှားစောင်းလက်ပပ်သည် ဝမ်းတွင်းအပူကိုငြိမ်းစေသည့် နံပါတ်တစ်ဆေးပင်မျိုးဖြစ်သည်။ ရင်ပူခြင်း၊  အိပ်မပျော်ခြင်း၊ သွေးတိုးခြင်း၊ သွေးဆူခြင်း၊ မီးယပ်ဖြူဆင်းခြင်း၊ မီးယပ်သွေးလွန်ကဲခြင်းများ ကိုပါ ပျောက်ကင်းစေနိုင်သည်။

အလွယ်ကူဆုံးနည်းမှာ ရှားစောင်းလက်ပပ်ပင်၏ အလယ်နှစ်ကိုယူ၍ သကြားအနည်းငယ်နှင့်ခေါက်ပြီး ညအိပ်ရာမဝင်မီ စားသုံးပေးပါ။ ဟင်းစားဇွန်းသုံးဇွန်းစာမျှ စားသုံးပေးခြင်းဖြင့် ဝမ်းတွင်းမှ အပူငြိမ်းပြီး အိပ်ပျော်စေနိုင်သည်။သစ်သီးဖျော်ရည်စက် အသုံးပြုသောအိမ်များတွင်ရှားစောင်းလက်ပပ် ဖျော်ရည်ပြု လုပ်နိုင်သည်။ အပြင်မှအခွံအစိမ်းရောင်ကို ဖယ်ရှားပြီးအလယ်မှအနှစ်အကြည်ကိုယူကာ သကြားရည် သို့မဟုတ် သစ်ခွဖျော်ရည်၊ ဆီးဖျော်ရည်၊  သံပရာဖျော်ရည်တို့နှင့်ရောစပ်ပြီး   ဖျော်ရည်တစ် ခွက်အဖြစ် အိပ်ရာမဝင်မီ သုံးဆောင်နိုင်သည်။ တစ်ပတ်လျှင်  အနည်းဆုံး   သုံးကြိမ်သောက်သုံးပေးလျှင်  အိပ်ပျော် စေသည့်အပြင်   အသားအရေကောင်းမွန်စေသော ဆေးတစ်ခွက် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။       ။  

MWD Web Portal

ကြည်လွင်မြင့်(မုဒြာ)

ဆေးဖက်အသုံးဝင် ပင်စိမ်းပင်
-

ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးရှိ ကြရာတွင်  ရုက္ခဗေဒအမည်  Ocimum Sanctum ဟုခေါ်သော ပင်စိမ်းပင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ယနေ့ကမ္ဘာပေါ်ရှိ အရှေ့တိုင်း၊ အနောက်တိုင်းအစား အစာဟင်းလျာများတွင်ပင်စိမ်းပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြု နေကြသည်။  ပြည်တွင်းမှစားသောက်ဖွယ်ရာများဖြစ်သည့် ပင်လယ်စာ၊ပုစွန်၊ ငါးနှင့်အသားဟင်းလျာတို့တွင် ဟင်းညှီနံ့ပျောက်ရုံသာမကအနံ့၊အရသာပိုမိုပေါ်လွင်လာစေရန်ပင်စိမ်းကိုမဖြစ်မနေ အသုံးပြုကြသည်။  သခွားသီးသုပ်၊ပုစွန် ချဉ်၊ငါးဖယ်ချဉ်၊ငါးလေးချဉ်သုပ်၊ တာလပေါဟင်းရည်နှင့် ပိန်းဥဟင်းလျာ တို့တွင်လည်း ပင်စိမ်းရွက်မပါလျှင် မပြည့်စုံနိုင်

ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးရှိ ကြရာတွင်  ရုက္ခဗေဒအမည်  Ocimum Sanctum ဟုခေါ်သော ပင်စိမ်းပင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ယနေ့ကမ္ဘာပေါ်ရှိ အရှေ့တိုင်း၊ အနောက်တိုင်းအစား အစာဟင်းလျာများတွင်ပင်စိမ်းပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြု နေကြသည်။  ပြည်တွင်းမှစားသောက်ဖွယ်ရာများဖြစ်သည့် ပင်လယ်စာ၊ပုစွန်၊ ငါးနှင့်အသားဟင်းလျာတို့တွင် ဟင်းညှီနံ့ပျောက်ရုံသာမကအနံ့၊အရသာပိုမိုပေါ်လွင်လာစေရန်ပင်စိမ်းကိုမဖြစ်မနေ အသုံးပြုကြသည်။  သခွားသီးသုပ်၊ပုစွန် ချဉ်၊ငါးဖယ်ချဉ်၊ငါးလေးချဉ်သုပ်၊ တာလပေါဟင်းရည်နှင့် ပိန်းဥဟင်းလျာ တို့တွင်လည်း ပင်စိမ်းရွက်မပါလျှင် မပြည့်စုံနိုင်ပေ။ ထို့ပြင်ကြက်ဥ၊ ဘဲဥမွှေကြော်တွင် ပင်စိမ်းရွက်ကိုအပေါ်မှဖြူး၍လည်းကောင်း၊ ငါးကင်သောအခါတွင် ပင်စိမ်းရွက်ကိုနုပ်နုပ်စဉ်း၍ ငါးဝမ်းဗိုက်ထဲတွင်အစာသွတ်၍လည်းကောင်း၊ ပင်စိမ်းရွက်ကိုထောင်း၍ထွက်လာသောအရည်(သတ္တုရည်)ကို ကြက်၊ ဝက်၊ ဆိတ်၊ အမဲတို့တွင်စိမ့်ဝင်အောင်နယ်နှပ်ထားပြီးအသားကင်၍လည်းကောင်းစသည်ဖြင့်အသုံးပြုလေ့ရှိကြသည်။

ပင်စိမ်းပင်ပုံစံနှင့်ဆေးဖက်ဝင်ပုံ

ပင်စိမ်းပင်သည် အမြင့် ၂ ပေ မှ ၃ ပေ အထိရှိသော အပင်ငယ်မျိုးဖြစ်ပြီး ပင်စည်ဖြောင့်မတ်ကာလေးထောင့်ပုံရှိသည်။ အခက်အလက်များနူးညံ့၍အမွေးများရှိပြီးအနံ့မွှေးသည်။ ပင်စည်နှင့်အကိုင်း အခက်အစိမ်းရောင်ဖြစ်သော်လည်း တစ်ခါတစ်ရံ သပြေရောင်သန်းသည်။ ရွက်ဆိုင် အလှည့်ကျထွက်ပြီး ရွက်ထိပ်ချွန်ကာ ရွက်ရင်းသွယ်သည်။ အလျား ၁-၃ လက်မအထိရှည်ပြီးရွက်နားလွှသွားပုံရှိကာ ရွက် ညှာ တစ်လက်မအထိရှည်သည်။တပေါင်းလနှင့်တန်ခူးလတွင်ပွင့်သည့်ပင်စိမ်းပွင့်သည် သေးငယ်ပြီးအဖြူရောင်ရှိကာ အလွန်မွှေးပြီး အခိုင်လိုက်ပွင့်သည်။ ပင်စိမ်း ပွင့်ချပ်ပေါ်တွင် အမွေးလေးများရှိသည်။ အရောင်မည်းပြီးအနံ့မရှိ၊ အရသာပူစပ်သော ပင်စိမ်းအစေ့သည်လုံးဝိုင်းပြီးတစ်ဖက်တွင်အနည်းငယ်မောက်၍ တစ်ဖက်တွင်ပြားသည်။ပင်စိမ်းပင်၏ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများမှာအရွက်နှင့်အစေ့ဖြစ်သည်။ပင်စိမ်းပန်းစတင်ပွင့်ချိန်လောက်တွင် ရိတ်သိမ်းဖြတ်ယူပြီး အငုတ်မှထွက်လာသော အတက် များသည်  နောက်တစ်ကြိမ်ပွင့်လာပါကထပ်မံဖြတ်ယူနိုင်သည်။ တစ်ရာသီလျှင်နှစ်ကြိမ်မှ သုံးကြိမ်အထိရယူနိုင်သည်။ အညွန့်နှင့်အရွက်များကိုအရိပ်ထဲ၌ အခြောက်လှန်းရသည်။ ပင်စိမ်းရွက်ကို ကြိတ်ညှစ်၍ရသော အရည်သည် ချောင်း ဆိုးရောဂါ၊ အရေပြားရောဂါ၊ မစားချင်မသောက်ချင်ဖြစ်ခြင်းနှင့်အစာအိမ်ရောဂါကြောင့်ဗိုက်နာသောဝေဒနာတို့ကိုပျောက်ကင်းစေသည်။ မြန်မာဆေးကျမ်းများအဆိုအရ ပင်စိမ်းပင်သည်ပူစပ်ပြီးအနည်းငယ်ခါးသည်။ လေသလိပ်ကိုနိုင်ပြီးဆီးကိုနိုင်သည်။လေကိုသက်စေပြီးသွေးကိုတက်စေနိုင်သည်။ ရင်ကျပ်နာ၊အစာမကြေ၊ ချွဲကျပ်နာတို့ကိုနိုင်သည်။ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာ များကို ယူပစ်သလိုပျောက်ကင်းစေသည်။ အစာကြေခြင်း၊ ခံတွင်းကောင်းခြင်း၊  အညှီ နံ့ပျောက်ခြင်း၊  အသံသာခြင်း၊အသက်ရှည်ခြင်းစသည့်အချက်များ နှင့်ပြည့်စုံသည်။

တစ်ပင်လုံးအသုံးဝင်သောပင်စိမ်း

ပင်စိမ်းပင်သည် အရွက်နှင့်အစေ့သာမက တစ်ပင်လုံး မြစ်၊  ခေါက်၊ ပွင့်၊ သီး အသုံးဝင်သည်။ လူတို့အတွက် ကျန်းမာရေးဓာတ်စာသာမက တိရစ္ဆာန်များရောဂါကုထုံးအတွက်လည်း အသုံးဝင်သည်။ အများစုသည် ပင်စိမ်းကို ဟင်းခတ်အမွှေး အကြိုင်အဖြစ်သာသုံးကြပြီး တခြားနည်းဖြင့်   အသုံးပြုမှု မရှိပေ။   ပင်စိမ်းစေ့ကို မသုံးသလောက်ဖြစ်သည်။ပင်စိမ်းစေ့သည်ဖျားနာခြင်း၊အပူငြိမ်းစေခြင်း၊ ဆီးရွှင်စေ၍ဆီးပုပ်၊ဆီးရောဂါတို့ကိုပျောက်စေခြင်း၊ အသည်းရောင်ရောဂါနှင့် သွားကိုက်၊သွားဖုံးရောင်၊လေရောဂါ၊ သလိပ်ကပ်ခြင်းတို့ကိုပျောက်ကင်းစေနိုင်သည်။

ပင်စိမ်းစားခြင်းဖြင့်   ချွေးကိုထွက်စေသည်။အရွက်ကိုအမှုန့်ပြုလုပ်၍ရှူသော်နှာခေါင်းရောဂါပျောက်သကဲ့သို့ပင်စိမ်းရွက်အရည်ညှစ်လောင်းပေးလျှင် ပွေး၊ ဝဲ၊ ယားနာပျောက်သည်။ပင်စိမ်းသည်စားသုံးမှု၊ ဆေးဝါးကုသမှုတွင်သုံးသည် သာမကဆေးဝါးဖော်စပ်မှုမှတစ်ဆင့်တက်၍ရေမွှေးထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။ပင်စိမ်းစေ့မှဆေးဖက်ဝင်ပင်စိမ်းဆီထုတ်ယူနိုင်သည်။

ပင်စိမ်းရွက်ကို လက်ဖက်ခြောက်ကဲ့သို့ပြုလုပ်သောက်ခြင်းဖြင့် ရောဂါကာကွယ်မှု၊ စိတ်ကြည်ရွှင်လန်းဆန်းမှုကို ရစေနိုင်သည်ဟုဆိုကြသည်။ ပင်စိမ်းရွက်အခြောက်ကို လေးညှင်းပွင့် အစားထိုးသုံးကြပြီး မဆလာပြုလုပ်၍လည်း စားသုံးနိုင်သည်။ ပြင်းထန်သောပင်စိမ်းနံ့သည် ပိုးမွှားများ မလာစေရန် ဟန့်တားပေးနိုင်သောကြောင့်  ပိုးမွှားကာကွယ်ရေးအတွက်လည်း အသုံးပြုနိုင်သည်။ပင်စိမ်းပင်ကို ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ နာတာရှည်ရောဂါများ အတွက်လည်း အသုံးပြုကြသည်။ မြန်မာနိုင်ငံ အညာဒေသရှိယာစိုက်ခင်းများတွင် တောပင်စိမ်းဟုခေါ်သော ပင်စိမ်းအရိုင်းများ အလေ့ကျပေါက်သည်။ ယင်းတို့သည် ပင်စိမ်းအယဉ်ပင်ထက်အနံ့ပိုပြင်းပြီး ပရဆေးဖော်စပ်ရာတွင်အသုံးများကြသည်။ ထို့ပြင်တောင်သူဦးကြီးတို့အတွက် ကျွဲ၊ နွားများရောဂါဖြစ်လျှင် ပင်စိမ်းရွက်လက်တစ်ဆုပ်နှင့် ငရုတ်ကောင်းစေ့အစေ့ ၂၀ ကို ရေ ၅၀ ကျပ်သားနှင့်ရော၍ကျိုပြီး တိုက်ကျွေးခြင်းဖြင့်ပျောက်ကင်း စေနိုင်သည်။ကြက်၊ဘဲဝမ်းရောဂါအတွက်ပင်စိမ်းရွက်ပြုတ်ရည်နှင့် ဆေးကြောပေးခြင်း၊ ပင်စိမ်း စေ့အမှုန့်လိမ်းပေးခြင်းများဖြင့်ကုသပေးနိုင်သည်။ဆန်ပိုးထိုးသောအခါ ဆန်အိုးထဲသို့ ပင်စိမ်းပင်ထည့်ကာ နှိမ်နင်းနိုင်သည်။

ပင်စိမ်းရွက်တွင်ပါဝင်သည့် အာဟာရနှင့်သတ္တုဓာတ်များ

ပင်စိမ်းရွက်နှင့်ကျန်းမာရေးဆေး သုတေသီများ၏သိပ္ပံနည်းကျလေ့လာစမ်းသပ်မှုအရ ၂ ဂရမ်အလေးချိန်ရှိသော ပင်စိမ်းရွက်တွင် လူသားတို့ကျန်းမာရေး ကို  ကောင်းကျိုးပြုစေသောကယ်လိုရီ  ၆ ကယ်လိုရီ၊ အဆီဓာတ် သုည  ဒသမ  ၃  ဂရမ်၊ ပိုတက်ဆီယမ် ၂ဝ မီလီဂရမ်၊ ကစီ ဓာတ် ၁ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၁ ဂရမ်၊ ဗီတာမင်-A  ၂ ရာခိုင်နှုန်း၊ ဗီတာမင်- C  ၁ ရာခိုင်နှုန်း၊ ကယ်လ်စီယမ် ၃  ရာခိုင်နှုန်း၊ သံဓာတ် ၃  ရာခိုင်နှုန်း၊ ဗီတာမင်- E ၁ ရာခိုင်နှုန်း၊ ဗီတာမင်-K ၄၃ ရာခိုင်နှုန်း၊ သိုင်ရာမင် ၁ ရာခိုင်နှုန်း၊ နိုင်ရာစင် ၁ ရာခိုင်နှုန်း၊ ဗီတာမင်-B ၆၃ ရာခိုင်နှုန်း၊ ဖောလိပ်အက်စစ် ၁ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ် ၂ ရာခိုင်နှုန်း၊ ဇင့် ၁ ရာခိုင်နှုန်း နှင့် မဂ္ဂနိစ် ၃ ရာခိုင်နှုန်းတို့ပါဝင်သည်။ ပင်စိမ်းရွက်တွင်ပါဝင်သောဓာတ်တိုးဆန့်ကျင်သတ္တိများက ပန်းသီး၊  လိမ္မော် သီးနှင့်ဘလူးဘယ်ရီသီး များထက်ပိုမို အစွမ်းထက်သဖြင့် စားသုံးသူကို အရွယ် တင်နုပျိုစေသည်။ 

အဆိပ်ရှိသတ္တဝါများ၏အန္တရာယ်မှကာကွယ်နိုင်သောပင်စိမ်း

နေအိမ်ခြံဝင်းထဲ၌ပင်စိမ်းပင်စိုက်ပျိုးထားခြင်းဖြင့်မြွေအန္တရာယ်မှကင်းဝေးစေနိုင်သည်။ မြွေ၊ကင်းမြီးကောက်၊ပျား၊ ပုရွက်ဆိတ်စသည့် အဆိပ်ရှိသတ္တဝါများ၏ကိုက်ခဲခြင်းကိုခံရပါက ဒဏ်ရာပေါ်တွင်ပင်စိမ်းရွက်ကိုကြိတ်ခြေအုံပေးခြင်းဖြင့်အဆိပ်ပြေစေသကဲ့သို့ ပင်စိမ်းစေ့ကိုစားခြင်း၊ အမှုန့်လိမ်းခြင်းပြုလုပ်ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ အဆိပ်ရှိသောမြွေ၊ကင်းများသည်ပင်စိမ်းတောတွင်နေထိုင်မှုနည်းပြီး အညာဒေသ၌မြွေကိုက်လျှင်ပန်းသုံးဆင့်အပင်အပွင့်များစားသုံးပါကသက်သာပျောက်ကင်းစေသည် ဟုလည်းဆိုကြသည်။

ဉာဏ်စွမ်းအားကောင်းစေသော ပင်စိမ်း

ဂျာမနီနိုင်ငံဆေးသုတေသီများ၏ မှတ်တမ်းများအရပင်စိမ်းရွက်တွင်ပါရှိသော သဘာဝဓာတ်ပေါင်း စုတစ်မျိုးက ဦးနှောက်စွမ်းဆောင်ချက်ကို တိုးတက်ကောင်းမွန် စေသည့်အပြင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါတို့ကို ထိထိရောက်ရောက် ကုသပေးနိုင်ကြောင်း အတည်ပြု ထောက်ခံထားသည်။ ထို့ပြင် ပင်စိမ်းသည် ကလေးငယ်များ၏ဉာဏ်ရည်စွမ်းအားကိုတိုးတက်မြင့်မားစေနိုင်၍အရွယ်သုံးပါးမရွေးပင်စိမ်းစားသုံးသင့်သည်။

တုပ်ကောင် သန်ကောင်များကိုရှင်းလင်းပေးသော ပင်စိမ်း

ပင်စိမ်းရွက်က ကူးစက်စေတတ်သော ဗက်တီးရီးယားပိုးမွှားများကိုသေစေနိုင်သောအစွမ်းရှိသဖြင့် အူတွင်းရှိကပ်ပါးပိုးမွှားများနှင့် တုပ်ကောင်၊ သန်ကောင်တို့ကိုသုတ်သင်ရှင်းလင်းပေးနိုင်သည်။ ခွဲစိတ်ထားသောအနာများရင်း၍ပိုးဝင် ပါကပင်စိမ်းရွက်ကိုပြုတ်ပြီးဖန်ရည်အဖြစ်ဆေးကြော၍ဖြစ်စေ၊ပင်စိမ်းရွက်ခြောက်မှုန့်ကိုဖြူး၍ဖြစ်စေ ကုသပါကပိုးသေစေပြီး အနာကို လျင်မြန်စွာကျက်စေသည်။

သွေးသန့်စေသောပင်စိမ်း

ပင်စိမ်းရွက်ထဲတွင်ပိုတက်ဆီယမ်အလုံအလောက်ပါရှိသဖြင့်နှလုံးခုန်နှုန်းနှင့်သွေးဖိအားတို့ကိုကောင်းစွာထိန်းချုပ်ပေးနိုင်သည်။လူတစ်ယောက်၏တစ်နေ့တာ မှီဝဲသင့်သော သံဓာတ်ပမာဏသည် ၂၆  ရာခိုင်နှုန်းရှိသင့်ရာ  ပင်စိမ်းရွက်တွင် သံဓာတ်ကြွယ်ဝစွာပါရှိသဖြင့် သွေးနီဥကိုအားအင်ဖြစ်စေကာသွေးအားကောင်းစေပြီးသွေးသန့်စေကြောင်းရေးသားတင်ပြလိုက်ရပါသည်။

MWD Web Portal

ဒေါက်တာလပြည့်ခင်

ခြင်ကိုက်ခြင်းမှဖြစ်တတ်သော အရေပြားပြဿနာ
-

ခြင်ကိုက်တဲ့အခါ အရေပြားက ဓာတ်မတည့်မှုဖြစ်ပြီး ရောင်လာတတ်ပါတယ်။ မိနစ်ပိုင်းအတွင်းမှာ ခြင်ကိုက်တဲ့နေရာမှာ အနီဖုလေးတွေ၊    အရည်ကြည်ဖုလေးတွေ ဖြစ်လာပါတယ်။   အရေပြားမှာ အနီပြင်၊ အနီရည် ကြည်ဖု၊  အမာရွတ်တွေ တွေ့နိုင်ပါတယ်။ ခြင်ကိုက်တဲ့အခါ ယားလာမယ်။ အရေပြားမှာ  အနီဖုပေါ်လာမယ်။ သွေး ခြည်ဥမယ်။ အရေပြားရောင်မယ်။ အင်ပျဉ် လိုအနီပြင်တွေ ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့ အချိန်က   နွေဦးပေါက်နဲ့ မိုးရာသီဖြစ်ပါတယ်။

ခြင်ကိုက်ဖုက အနီဖုဖြစ်ရခြင်းမှာ ကိုယ်ခံစွမ်းအားစနစ်က ခြင်ကိုက်ခြင်းကို တန်ပြန်လို့ပဲဖြစ်ပါတယ်။ အပြင်ကနေ ဓာတ်မတည့်မှုဖြစ်စေမယ့်လှုံ့ဆော်မှု တစ်မျိုးဝင်လာတော့ ခန္ဓာကိုယ်တုံ့ပြန်ပြီး ယားလာပါတယ်။ ခြင်ကိုက်လို့ လူတစ်ဦး နဲ့တစ်ဦး ယားယံပြီးမတူညီကြပါဘူး။

တချို့လူတွေက ခြင်ကိုပိုဆွဲဆောင်နေတတ်သလိုဖြစ်နေပါတယ်။သူတို့ကိုပဲ ခြင်ပိုကိုက်တယ်လို့ ထင်ရလောက်အောင် ခြင်ကိုက်ရာတွေ များနေတတ်ပါတယ်။ သူတို့ကပိုယားပြီး    ပိုလည်းကုတ်တတ် ကြပါတယ်။ တချို့ကတော့ ကိုယ်ခံစွမ်း အားစနစ်က    ခြင်ကိုက်တာကိုတုံ့ပြန်မှု များပါတယ်။ တချို့ဆို  ခြင်ကိုက်လို့ ကိုက်မှန်းမသိကြပါဘူး။   တချို့ကလေး တွေက ကြီးလာလေ ခြင်ကိုက်ခံရတာ ပိုလာလေဖြစ်တယ်။   ခြင်နဲ့မတည့်တဲ့ စွမ်းရည်ကပိုများလာပါတယ်။ အသက် ၁-၅  နှစ်အရွယ်အထိ ကလေးငယ်တွေက    ခြင်ကိုက်ရင်ပိုယားတတ်ပါတယ်။ တချို့လူတွေမှာ  ခြင်ကိုက်တာကို အဖု၊ အင်ပျဉ်အနေနဲ့မြင်ရပါတယ်။ ခြင်ကိုက် တဲ့အခါ   ကုတ်လိုက်ရင်   အရေပြားမှာ   အင်ပျဉ်လိုအနီပြင်တွေ ထွက်တတ်ပါတယ်။

အိုသွေးအုပ်စုပိုင်ရှင်၊ ဂျီစစ်ပီဒီ(G6PD)အားနည်းသူတွေကို  ခြင်ပိုကိုက်တတ်ပါတယ်။ အဝတ်အစားအရောင်ရင့်ရင့် ဝတ်ထားတဲ့သူကို ရွေးပြီးကိုက်တတ်ပါ တယ်။

ခြင်ကိုက်ဖုတွေဖြစ်ရင်   မကုတ်ဘဲ ရေအေးဖတ်တင်ထားပြီး   ရေအေးအေး နဲ့ဆေးလိုက်ရင် သက်သာပါတယ်။ ဒါမှအဆင်မပြေရင် ယားနာပျောက်ဆေး လိမ်းရပါမယ်။ ခြင်ကိုက်ဖုက နီနေပြီဆိုရင်  အရောင်ကျ ဆေးလိမ်းသင့်ပါတယ်။

ခြင်ကိုက်တာမှာ   နောက်ဆက်တွဲဆိုး ကျိုးတွေရှိတတ်ပါတယ်။ ကုတ်ရင်းကနေ ပြည်ဝင်၊   ပိုးဝင်၊  ပြည်တည်နာဖြစ်ပြီး အနာရင်းတတ်ပါတယ်။ ခြေထောက်မှာ အနာဖြစ်ရင်   ပေါင်မှာအကျိတ်ဖြစ်လာ တတ်တယ်။ ကုတ်ရာနက်ရင်   ခြေသလုံးနဲ့ လက်တွေမှာ      အမာရွတ်ကျန်တတ်ပါတယ်။  အရေပြားထိခိုက်ပြီး   အရေပြား အရောင်ညိုကာ မည်းလာတတ်ပါတယ်။

တချို့ကတော့ အရေပြားကုတ်ဖဲ့တာ အကျင့်ပါနေလို့  ယားယား၊ မယားယား ကုတ်တတ်တဲ့အကျင့်ဖြစ်သွားပြီး  နာတာရှည်နှင်းခူနာတွေဖြစ်သွားတတ်ပါတယ်။

ခြင်ကိုက်ဖုတွေကနေဖြစ်တဲ့ အနာတွေပျောက်အောင် ခြင်ကိုက်တဲ့အခါမကုတ်ရင် သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ အနာဖြစ်လာရင် ဆေးရုံဆေးခန်းပြသင့် ပါတယ်။ ခြင်ကိုက်ဖုအပေါ်မှာ အရောင်ကျဆေးနဲ့ ယားနာပျောက်ဆေးတွေလိမ်းရပါမယ်။   သောက်ဆေးတွေသောက်ရပါတယ်။    ခြင်ကအရေပြားတစ်နေရာကို ကိုက်လိုက်ရင် တခြားနေရာဟောင်းတွေကလည်း   ယားလာတတ်တာကို   သတိထားရပါမယ်။

ခြင်ကိုက်ဖုနဲ့တွဲဖြစ်တတ်တဲ့အရေပြားပြဿနာတွေရှိပါတယ်။ ခြင်ကိုက်နာ မပျောက်ရင်  ခြင်ကိုက်ရာဟုတ်ရဲ့လား၊ ရောဂါတစ်ခုခုရှိ‌နေလားဆိုတာ စစ်ဆေး သင့်ပါတယ်။ ဥပမာ ခုခံအားနည်းသူတွေမှာ ယားနာ ဖြစ်တတ်ပါတယ်။

ခြင်ကိုက်တာဆိုးလာရင်၊ မပျောက်ရင်၊ အချိန်တိုအတွင်းဖြစ်လာရင် HIV/AIDS စစ်သင့်ပါတယ်။ ဆီးချိုသွေးချိုရောဂါရှိသူ တွေက ခြင်ကိုက်‌ရာကိုကုတ်လိုက် ရင်ပိုးဝင်လွယ်ပြီး ပြည်တည်နာဖြစ်တတ် ပါတယ်။ ဒါကြောင့်  ခြင်ကိုက်တဲ့အခါ ပြည်တည်နာဖြစ်လွယ်ရင် ဆီးချိုသွေးချိုရောဂါကိုစစ်ကြည့်ဖို့လိုအပ်ပါတယ်။

ဒါ့ပြင်  ခြင်ကိုက်ဖုနဲ့တူတဲ့ဝဲ၊ ယားနာ၊ ကာလသားရောဂါ၊ ဆေးဝါးနဲ့မတည့်တာ၊ မွေးညင်းပေါက်ရောင်တာ၊ ဓာတ်မတည့်တာနဲ့၊   နှင်းခူနာတွေကို သတိထားရပါတယ်။

လှေး၊ လောက်၊ ကြမ်းပိုး၊ ခွေးသန်း၊ ကြောင်သန်းတို့ကြောင့် ယားပြီးကုတ်ရင်  ခြင်ကိုက်ရာနဲ့တူလို့ ဘာကြောင့် ယားယံသလဲဆိုတာကို သေသေချာချာစစ်ဆေး ဖို့လိုအပ်ပါမယ်။

ခြင်မကိုက်အောင်  ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်ဝတ်ရပါမယ်။  လုံချည်ရှည်ရှည်ဝတ်ရပါမယ်။ ခြေစွပ် စွပ်ရမယ်။ ခြင်ကိုက်နိုင်မယ့်အချိန်တွေမှာ   အဝတ်အစားကို အရောင်ရင့်ရင့်မဝတ်ဘဲ အရောင်နုတာ   ရွေးဝတ်ရပါမယ်။   ခြေသလုံး၊ လက်မောင်း၊ ခြေဖမိုး၊  လက်အထိအဝတ် ဖုံးထားရပါမယ်။   အဝတ်အစားတွေကို ခြင်မကိုက်စေမယ့်ဆေး စိမ်ရမယ်။ ခြင်အကိုက်ဆုံးအချိန်က   ညနေစောင်းနဲ့ နံနက်အရုဏ်တက်ချိန်ဖြစ်ပါတယ်။ ဒါကြောင့် ညနေစောင်းလာရင် အိမ်အပြင်မှာထိုင်တာရှောင်ကြဉ်သင့်ပါတယ်။

အိမ်ထဲကိုခြင်မဝင်အောင်ထားရမယ်။ ရေစပ်စပ်ရှိရင်   ခြင်နေနိုင်လို့ ခြင်ပေါက်ပွားနိုင်တဲ့   ရေနုတ်မြောင်းတွေသန့်ရှင်းရေးပြုလုပ်ရပါမယ်။  ချုံတွေရှင်းရမယ်။ အိမ်ပြတင်းပေါက်တွေကို ခြင်လုံဆန်ခါ တပ်ဆင်ရပါမယ်။

ကျောင်းသား၊ ကျောင်းသူတွေစာကျက်ရင်  ခြင်ထောင်အကြီးကြီးထဲမှာ ထိုင်ကျက်တာကခြင်မကိုက်နိုင်တော့ပါဘူး။

ခြင်ပေါက်ပွားရာနေရာတွေကို သန့်ရှင်းရေးပြုလုပ်သင့်တယ်။ ဥပမာ_ရေဟောင်း ရေညစ်တွေ  စွန့်ပစ်တာတို့၊ ပန်းအိုးတွေရေမှန်မှန်လဲတာကိုပြုလုပ်ရပါမယ်။ ရေမြောင်းတွေပိတ်ဆို့နေရင်  ရှင်းလင်းပေးရပါမယ်။

ခြင်ဝင်နိုင်တဲ့ အိမ်အပေါက်တွေကို ပြင်ရပါမယ်။ ခြင်ကြောက်တဲ့ရနံ့ကို ဖျန်းရပါမယ်။ အားလုံးသိတဲ့အတိုင်း လိမ္မော်ခွံ မီးရှို့တာ၊ နနွင်းမီးရှို့တာနဲ့ ခြင်ဆေးထွန်း တာတို့ကိုပြုလုပ် ရပါမယ်။

ခြင်ကိုက်ရာတွေနဲ့ ပတ်သက်ပြီး မလုပ်သင့်တာက  ခြင်ကိုက်ရာကိုကုတ်မိရင် အရေပြားပေါက်ပြဲပြီးပိုးဝင်လွယ်ပါတယ်။ သန့်ရှင်းအောင်မနေဘူးဆိုရင်ပိုးဝင်တတ်တယ်။    ခြင်ကိုက်ရာရှိတဲ့အရေပြားကို  ကုတ်ဖဲ့တာမျိုး မလုပ်သင့်ပါဘူး။ အရေပြားပျက်စီးတတ်ပါတယ်။ အရေပြားကိုစားစေမယ့် ဆေးမျိုးမလိမ်းသင့်ပါဘူး။ အမာရွတ်ကျန်တတ်ပါတယ်။

ခြင်ကိုက်တဲ့နေရာကို   တချို့ထုံးတို့တာ၊ သွားတိုက်ဆေးတို့တာက အရေပြားယားတာ  အာရုံလွဲအောင်အလွယ်လုပ်တာပါ။ ဒါပေမဲ့ ဓာတ်မတည့်တာတစ်ခုခု မဖြစ်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ဘာပဲတို့တို့ ယားတာ ခဏသက်သာတယ် ဆိုပေမယ့်   အရေပြားမထိခိုက်ဖို့  သတိ ထားတာကအကောင်းဆုံးဖြစ်ပါတယ်။

ခြင်ကိုက်ဖုကြောင့် ကုတ်ဖဲ့ရင်း အမာရွတ်တွေဖြစ်တာ အများကြီးတွေ့ဖူးတယ်။ အနာဖုကိုကုတ်ဖဲ့ရင်းနဲ့  ဝဲ၊နှင်းခူနာ ဖြစ်လာတယ်။  တချို့ကတော့   ခြင်ကိုက် တာက ကုလို့မရတာကိုလက်ခံပြီး ခြင်ကိုက်ရင် ယားနာဖြစ်ပြီး ကုတ်ဖဲ့နေတတ်ပါတယ်။    အမာရွတ်က နက်နေရင် ဘယ်လောက်ဆေးလိမ်းဆေးစား ရောဂါ အကုန် မကောင်းနိုင်တော့ပါ။

အချုပ်ဆိုရရင်      ခြင်ကိုက်တဲ့အခါ ငှက်ဖျားရောဂါ၊     သွေးလွန်တုပ်ကွေး ရောဂါ၊  ဆင်ခြေထောက်ရောဂါနဲ့၊  ဝဲ၊  ယားနာတို့ဖြစ်စေပါတယ်။    ပိုးရှိရင် ခြင်ကိုက်မခံတာ    အကောင်းဆုံးပဲဖြစ်ပါတယ်။    အဖျားဝါဝါ (Yellow fever)နဲ့   ဦးနှောက်အမြှေးရောင်ရောဂါတွေလည်း ဖြစ်တတ်လို့   ခြင်မကိုက်အောင်   ဂရု တစိုက်နေထိုင်သင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။      ။

MWD Web Portal

ဒေါက်တာလွင်သန့်

ဒူးရင်းသီးနှင့် ကျန်းမာရေး
-

အနံ့အရသာနှင့်ပြည့်စုံသောဒူးရင်းပင်၏ဌာနေဒေသမှာဘရူနိုင်း၊ အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံတို့ဖြစ်ပြီး ကမ္ဘာပေါ်တွင်  ဒူးရင်းပင်မျိုးစိတ်ပေါင်း ၃၀ ရှိရာ ယင်းတို့အနက် ကိုးမျိုးသာစား၍ရသည်။ အပင်စိုက်ပြီး လေးနှစ်၊ ငါးနှစ်ခန့်အကြာတွင် စတင် အသီးသီးလေ့ရှိသည်။ အသီးမှည့်၍ နှစ်ရက်မှ လေးရက်အကြာတွင်သူ့အလိုလို  အပင်ပေါ်မှကြွေကျတတ်သည်။ အဆူးမာအခွံများ၏အန္တရာယ်ကြောင့် ဒူးရင်းသီးများရင့်မှည့်သောရာသီရောက်ပါက အပင်အောက်မှသတိထားပြီးဖြတ်သန်းသွားလာသင့်သည်။ ခူးဆွတ်ပြီးငါးရက်မှ ခြောက်ရက်အတွင်း စားသုံးပါက အရသာပိုရှိသည်။ဒူးရင်းသီး၏ထူးခြားသောအရသာကြောင့်အရှေ့တောင်အာရှနိုင်ငံများ

အနံ့အရသာနှင့်ပြည့်စုံသောဒူးရင်းပင်၏ဌာနေဒေသမှာဘရူနိုင်း၊ အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံတို့ဖြစ်ပြီး ကမ္ဘာပေါ်တွင်  ဒူးရင်းပင်မျိုးစိတ်ပေါင်း ၃၀ ရှိရာ ယင်းတို့အနက် ကိုးမျိုးသာစား၍ရသည်။ အပင်စိုက်ပြီး လေးနှစ်၊ ငါးနှစ်ခန့်အကြာတွင် စတင် အသီးသီးလေ့ရှိသည်။ အသီးမှည့်၍ နှစ်ရက်မှ လေးရက်အကြာတွင်သူ့အလိုလို  အပင်ပေါ်မှကြွေကျတတ်သည်။ အဆူးမာအခွံများ၏အန္တရာယ်ကြောင့် ဒူးရင်းသီးများရင့်မှည့်သောရာသီရောက်ပါက အပင်အောက်မှသတိထားပြီးဖြတ်သန်းသွားလာသင့်သည်။ ခူးဆွတ်ပြီးငါးရက်မှ ခြောက်ရက်အတွင်း စားသုံးပါက အရသာပိုရှိသည်။ဒူးရင်းသီး၏ထူးခြားသောအရသာကြောင့်အရှေ့တောင်အာရှနိုင်ငံများ၌  ဒူးရင်းသီးကို အသီးမှာဘုရင်ဟု တင်စားခေါ်ဝေါ်ကြသည်။

ဒူးရင်းသီး၏ထူးခြားချက်မှာ ညဘက်တွင် အပင်ပေါ်မှကြွေကျလေ့ရှိပြီး အပွင့်မှာလည်း ညဘက်မှသာ ကြွေကျလေ့ရှိသည်။ ဒူးရင်းသီးမှာ အဝါရောင်သန်းနေပြီး လက်ဖြင့်ပုတ်ကြည့်၍ ခပ်အုပ်အုပ်အသံထွက်ပါက  ကောင်းသော၊  အသားပြည့်သော အသီးဖြစ်သည်။   ခဲရောင်သန်းနေပြီး  လက်ဖြင့်ပုတ်ကြည့်၍ ဂလိုင်သံထွက်လာပါက      ထိုအသီးထဲရှိအမြွှာမှာ ချောင်နေပြီး   အသားမှာ   မာဆတ်ဆတ်ဖြစ်သည်။  မွန်ပြည်နယ် ရေးမြို့မှထွက်သော ဒူးရင်းသီးသည်  နာမည်ကျော်ကြားလှပြီး   ကရင်ပြည်နယ်နှင့်  ရှမ်း ပြည်နယ်တို့မှလည်း ဒူးရင်းသီးထွက်ရှိသည်။

ဒူးရင်းသီးနှင့်ကျန်းမာရေး

-၁၀၀ ဂရမ်  (သုံးမြွှာခန့်)   အလေးချိန်ရှိသော ဒူးရင်းသီးတွင် ကယ်လိုရီ ၁၄၇၊ ကာဗိုဟိုက်ဒရိတ် ၂၇ ဂရမ်၊ ပရိုတင်း ၁ ဒသမ ၅ ဂရမ်၊ အဆီဓာတ် ၅ ဂရမ်၊ ဆိုဒီယမ် ၂ မီလီဂရမ်၊ ပိုတက်ဆီယမ် ၄၃၆ မီလီဂရမ်တို့ အသီးသီးပါရှိသည်။

-ဒူးရင်းသီးအနှစ်သားသည် ပရိုတင်းဓာတ်ကြွယ်ဝရုံသာမက   လူသားတို့ကျန်းမာရေးအတွက် အကျိုးပြုဗီတာမင်နှင့်    သတ္တုဓာတ် ၁၇ မျိုး ပါရှိသည့်အတွက် နာလန်ထစလူနာများ ခွန်အားပြည့်ဓာတ်စာအဖြစ် မှီဝဲနိုင်သည်။

-ဒူးရင်းသီးအနှစ်သားထဲတွင်သဘာဝသကြားဓာတ်ပါရှိကာ  အလွန်နူးညံ့ပြီး အစာကြေ လွယ်သဖြင့် ကိုယ်အလေးချိန်မပြည့်သော ကလေး ငယ်များအတွက် ဖြည့်စွက်စာအဖြစ် ကျွေးနိုင် သည်။

-ဒူးရင်းသီးတွင်ပါရှိသောသံဓာတ်နှင့်ဖော့စဖရပ်စ်တို့သည် ငှက်ပျောသီးတွင်ပါဝင်မှုထက် ၁၀ ဆကျော်ပိုများသဖြင့် ကလေးမီးဖွားပြီးစမိခင်များအနေဖြင့်ဒူးရင်းသီးစားသုံးနိုင်သည်။ ထို့ပြင် အခွံကိုမီးမြှိုက်၍ အခွံအတွင်းသားအမျှင်များကို စားသုံးရန် အထူးသင့်တော်သည်။

-အသီးထဲတွင်ပါဝင်သောအဆီဓာတ်သည် တခြားအသီးအနှံများထက်  အဆီဓာတ်ပါဝင်မှု မြင့်မားသော်လည်း ကိုလက်စထရောကင်းသော အဆီဓာတ်ဖြစ်သည်။

-အစာကြေလွယ်သော အမျှင်ဓာတ်များ ပေါကြွယ်ဝသောကြောင့် ဝမ်းပျော့စေပြီး အူသိမ်၊ အူမထဲရှိ အရိအရွဲများကိုလျော့စေကာ အူမကြီးကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ပေးသည်။ အလွန်အမင်း ဝမ်းချုပ်ပါက ဒူးရင်းသီးအခွံ၏ အတွင်းသားဖြင့် ဝမ်းဗိုက်ကို ပွတ်တိုက်ပေးနိုင်သည်။

-ခန္ဓာကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့်   ဗီတာမင်-B ဓာတ်ပေါင်းစုများ  ကြွယ်ဝသောကြောင့် ကိုယ်ခံစွမ်းအားမြင့်မားကာ ပြင်ပရောဂါများကို အလွယ်တကူမကူးစက်နိုင်အောင် တိုက်ထုတ်ပေးသည်။

-ဒူးရင်းသီးသာမက အမြစ်နှင့်အရွက်တို့ကိုလည်း တိုင်းရင်းဆေးဆရာများက အပြင်းဖျားနာခြင်း နှင့်  အသားဝါရောဂါကုထုံးများတွင်  အသုံးပြုလေ့ရှိသည်။

-သွေးသန့်စေသည့်အပြင် သွေးနီဥဆဲလ်များကို ထုတ်လုပ်ပေးပြီး သံဓာတ်နှင့်ဖောလစ်အက်စစ်တို့ကြွယ်ဝသဖြင့်သွေးအားနည်းရောဂါကိုမဖြစ်စေနိုင်ပါ။

-ဒူးရင်းသီးထဲတွင်နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကိုထိန်းချုပ်ပေးနိုင်သည့် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါရှိသည်။

-ဦးခေါင်းပေါ်ရှိဒက်နှင့်အရေပြားပေါ်ရှိ   ပွေးကွက်များအတွက်  ဒူးရင်းအရွက်ပြုတ်ရည်ဖြင့် လိမ်းကျံပေးနိုင်သည်။

-ကော့ပါးဓာတ်ပါရှိသဖြင့် သိုင်းရွိုက်(လည်ပင်းအကျိတ်)ဝေဒနာများကို ကောင်းကျိုးပြုသည်။

-ပရိုတင်းဓာတ်ကြွယ်၀မှုကြောင့် ကြွက်သားများ ကောင်းမွန်စွာတည်ဆောက်မှုကိုအထောက်အကူပြုပေးသည်။

-ဒူးရင်းသီးသည်   သွေးလည်ပတ်မှုကိုအားပေးသည်။

-အသီးထဲတွင်    မဂ္ဂနီဆီယမ်၊   ဗီတာမင်-Bနှင့် ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါရှိခြင်းကြောင့် အရိုးနှင့်အရိုးဆက်များ ကျန်းမာရေးကို ကောင်းစွာပံ့ပိုးပေးသည်။

-ခြေသည်း၊ လက်သည်းများ မှိုပိုးစွဲခြင်းအတွက် ဒူးရင်းပင်အမြစ်က ကောင်းစွာကုသပေးနိုင်စွမ်းရှိသည်။

-မဂ္ဂနိစ်ဓာတ်ပါရှိခြင်းကြောင့် သွေးထဲရှိသကြားပမာဏကို ပုံမှန်ဖြစ်အောင်ထိန်းချုပ်ပေးသည်။

-မီးစုန်းဓာတ်ပါရှိသဖြင့် သွားနှင့်သွားဖုံးကျန်းမာရေးကို ကောင်းစွာမြှင့်တင်ပေးသည်။

-ဒူးရင်းသီးအခွံကို ခုတင်အောက်၌ထားခြင်းဖြင့်ကြမ်းပိုးနှင့်  ခြင်အန္တရာယ်တို့မှကင်း‌ဝေးစေသည်။

-Pyridoxine (ခေါ်) ဗီတာမင်-B6 နှင့် အမိုင်နိုအက်စစ်တစ်မျိုးဖြစ်သော  Tryptophan တို့ပါဝင်သဖြင့် စိတ်ကျရောဂါများ၊ စိုးရိမ်ကြောင့်ကြ ဖြစ်ခြင်းနှင့်  စိတ်ဖိစီးခြင်း စသည့်ဝေဒနာများ ပြေပျောက်စေကာ အိပ်မောကျစေ၍ ဉာဏ်ရည်တိုးတက်ကောင်းမွန်စေသည်။

- Riboflavin (ခေါ်)   ဗီတာမင်-B2  ပါရှိသဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေသည်။

-သီအာမင်နှင့်    နီအာစင်းဓာတ်များ    ပါရှိသောကြောင့် ဒူးရင်းသီးစားပြီးနောက် ဗိုက်ဝသွားကာ စိတ်ကျေနပ်မှုရစေ၍ နောက်ထပ်အစာစားချင်စိတ်ကို ချိုးနှိမ်ပေးသည်။

-ဓာတ်ခွဲစမ်းသပ်ချက်များအရ    ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်သော ဗီတာမင်-C  (RDA)ရာခိုင်နှုန်းအပြည့်အဝပါရှိသဖြင့်ခန္ဓာကိုယ်အတွက်   မလိုလားအပ်သော Free Radicals များကို တိုက်ထုတ်ပေး၍ ကူးစက်ရောဂါများကို ကာကွယ်ပေးကြောင်း၊ထိခိုက်ဒဏ်ရာများ အနာကျက်လွယ်စေကာ အရေပြားကိုကျန်းမာစေကြောင်း၊ အရွယ်တင်နုပျိုစေကြောင်း လေ့လာသိရှိရသည်။

- ဒူးရင်းသီးတွင်ပါရှိသော  သဘာဝ Tryptophan ဓာတ်က  လူ့ခန္ဓာကိုယ်ထဲရောက်သွားသောအခါ  Serotonin  အဖြစ်အလိုအလျောက်ဓာတ်ပြောင်းလဲသွားပြီး သွေးထဲသို့ Melatonin ထွက်ရှိစေသဖြင့် အိပ်ပျော်စေသည်။

ဒူးရင်းသီးစားလျှင် သတိယှဉ်

ဒူးရင်းသီးကအထက်ဖော်ပြပါကျန်းမာရေးအာနိသင်များကိုပေးစွမ်းနိုင်သော်လည်း အခန့်မသင့်ပါက ဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်၍ သတိနှင့်ယှဉ်ပြီး စားသုံးသင့်သည်။

-ဒူးရင်းသီးမစားသုံးမီနှင့်စားသုံးပြီးနောက် အရက်၊ ဘီယာ၊ ဝိုင် စသည့် အယ်လ်ကိုဟောပါဝင်သောအရည်များ သောက်သုံးခြင်းကို အထူး ရှောင်ကြဉ်သင့်သည်။ တွဲဖက်စားသုံးခြင်းအားဖြင့် အူချဉ်နာ၊ လေထိုးလေအောင့်နာ၊  ဦးနှောက်သွေးကြောပြတ်ခြင်း၊  နှလုံးသွေးကြောပေါက်ခြင်း၊  လေဖြတ်ခြင်းတို့ဖြစ်စေနိုင်သည်။

- သွေးတိုးရောဂါရှိသူများအနေဖြင့်  ဒူးရင်းသီးစားပြီး  နို့ထွက်ပစ္စည်းများ  ထပ်မံစားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။ အခန့်မသင့်ပါက အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ (ထိုင်းနိုင်ငံတွင် ဒူးရင်းသီးစားသုံးပြီးနောက် ရှစ်နာရီအတွင်း နို့ထွက်ပစ္စည်းများကို မစားသုံးရန်  တိုက်တွန်း ထားကြောင်း သိရသည်။)

-ဒူးရင်းသီးစားပြီး ခရမ်းသီးစားခြင်းက အပူစာနှစ်မျိုးကို တစ်ပြိုင်နက်တည်း  စားသုံးသကဲ့သို့ ဖြစ်စေကာ အပူများပြီး လည်ချောင်းနာခြင်းနှင့် ဖျားနာခြင်းကို ဖြစ်စေနိုင်သည်။

-ဒူးရင်းသီးနှင့်ကဏန်းတွဲဖက်စားသုံးခြင်းက အပူစာနှင့်အအေးစာနှစ်ခုကို စားသုံးသလိုဖြစ်၍  ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနှင့်ဗိုက်အောင့်၊ဗိုက်နာခြင်း ဖြစ်စေနိုင်သည်။

-အမဲသား၊ ဆိတ်သား၊ မှိုကဲ့သို့ အပူစာများနှင့် ဒူးရင်းသီးကို တွဲဖက်စားသုံးခြင်းက အစာအဆိပ်သင့်စေနိုင်ပြီး  အော့အန်ခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ဖျားနာခြင်းတို့ကို ဖြစ်စေနိုင်သည်။

-ကဖင်းဓာတ်ကြွယ်ဝစွာပါရှိသော  ကော်ဖီနှင့် ဒူးရင်းသီးတွဲဖက်စားသုံးခြင်းကရုတ်တရက်နှလုံးရပ်ခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ဦးခေါင်း အလွန်အမင်းကိုက်ခဲခြင်းတို့ ဖြစ်စေနိုင်သည်။

-ဒူးရင်းသီးစားပြီးနောက် လိုက်ချီးသီးမစားပါနှင့်။အသက်အန္တရာယ်ဖြစ်စေတတ်သည်။

-ဒူးရင်းသီးက အပူဓာတ်ဖြစ်ကာ သကြားဓာတ်အမြောက်အမြားပါရှိသည့်အတွက် အဝလွန်ရောဂါရှိသူများ၊ ကိုယ်အလေးချိန်တက်သူများ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့်    ဆီးချိုရောဂါရှိသူများ မစားသင့်ပေ။

-ပိုတက်ဆီယမ်ဓာတ်   အလွန်မြင့်မားစွာပါဝင်သဖြင့်  နာတာရှည်ကျောက်ကပ်မကောင်းသူများနှင့် နှလုံးရောဂါရှိသူများ စားသုံးရန်မသင့်ပေ။

- အစာအိမ်မကောင်းသူများ၊   အသည်းရောဂါနှင့် သွေးတိုးရောဂါရှိသူများ ဒူးရင်းသီးစားရန် မသင့်ပေ။ အစာကြေရန်  ခက်ခဲခြင်း၊ ဝမ်းတွင်း အပူရှိန်မြင့်တက်စေခြင်းဖြစ်နိုင်သည်။ဒူးရင်းသီးစားသုံးပြီးချိန်ရေ အမြောက်အမြား သောက်သုံးပေးသင့်သည်။ အပူစင်စေရန်  ဒူးရင်းသီးစားပြီးနောက် မင်းကွတ်သီး အနည်းငယ်စားပေးသင့်သည်။ နာနတ်သီးစားပေးခြင်းဖြင့် အပူမကန်နိုင်ပါ။

ဒူးရင်းသီးကောင်းကောင်း ရွေးချယ်နည်း

အနံ့အရသာနှင့်ပြည့်စုံသော ဒူးရင်းသီးတစ်လုံး ရရှိရန် ဒူးရင်းသီး၏အဆူးများသည် တိုနေရပါမည်။  ဆူးလိုင်းများ ကျဲနေရမည်။     အသီးအညှာသည် ဖြောင့်တန်းနေရပါမည်။ အသီးကို နမ်းကြည့်ပြီးမှည့် ၊မမှည့်   လွယ်ကူစွာသိရှိနိုင်သည်။   ဒူးရင်းသီးကို လှုပ်ခါကြည့်ပါ။     မှည့်သောအသီးက  မသိမသာ အတွင်းအဆန် ချောင်နေပါသည်။  ထိပ်ပွင့်နေသော အသီးကို မဝယ်သင့်ပါ၊ အနံ့အရသာ မကောင်း တတ်ပေ။ အလွှာအကန့်များသောအသီးကို ရွေးချယ်ပါ။ အလွှာအကန့်များလေ     ဒူးရင်းသီးအနှစ် ပါဝင်မှုများလေဖြစ်သည်။ အလုံးဝိုင်းဝိုင်း  အောက်ခြေဖင်ပြားပြားအသီးကိုရွေးပါ။ အသားပြည့် မည်ဖြစ်သည်။  ဒူးရင်းသီးသည် အကျိုးပြုဓာတ်များစွာပါဝင်သဖြင့် ကျန်းမာရေးအတွက် အထောက် အကူပြုသော်လည်း အခန့်မသင့်ပါက ဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်၍ သတိနှင့်ယှဉ် စားသုံးသင့် ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။

MWD Web Portal

Photo - Quill and Pad

ပေါက်ပေါက်

အမျိုးအစား-၁ ဆီးချို နှင့် အမျိုးအစား-၂ ဆီးချို ဘယ်လိုကွာခြားလဲ
-

ဆီးချို ဟု ဆိုလိုက်ပါက အားလုံးကို အတူတူပဲဟု ယူဆတတ်ကြတာရှိသလို ဆီးချိုက နှစ်မျိုးရှိကြောင်း သိသည့် သူများလည်း ရှိပါသည်။ ဆီးချိုမှာ အမျိုးအစား-၁ ဆီးချို နှင့် အမျိုးအစား-၂ ဆီးချို ဆိုပြီး အဓိကအားဖြင့် ၂ မျိုး ရှိပါသည်။

ထိုဆီးချိုတွေက အမျိုးအစားတွေ ကွဲပြားသလို လက္ခဏာတွေရော ကုသမှုတွေမှာပါ ကွဲပြားမှုတွေ ရှိပါသည်။ဒီတစ်ခေါက်တော့ အမျိုးအစား-၁ ဆီးချိုနှင့် အမျိုးအစား-၂ ဆီးချိုတို့ကြားက ကွာခြားချက်လေးတွေကို ပြောပြပေး ချင်ပါသည်။

ဆီးချိုဆိုတိုင်း အတူတူလား …….

ဆီးချိုလို့ အားလုံးကို ခြုံပြီး ပြောပေမယ့် ဆီးချိုမှာ အမျိုးအစား-၁ ဆီးချို၊ အမျိုးအစား-၂ ဆီးချိုဆိုပြီး အကြမ်းဖျဉ်း (၂) မျိုး ခွဲခြားထားပါသည်။

အမျိုးအစား-၁ ဆီးချိုရော အမျိုးအစား၂ ဆီးချိုရော နှစ်ခုစလုံးက သွေးတွင်းသကြားဓာတ် ပုံမှန်ထက် မြင့်တက် နေတာပါ။ အကြောင်းကတော့ ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည့် အင်ဆူလင်ဟော်မုန်းကို မထုတ်လုပ်နိုင်သောကြောင့်ဖြစ်ပါသည်။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုက အင်ဆူလင်ကို ကောင်းကောင်း အသုံး မပြုနိုင်သောကြောင့်ဖြစ်ပါသည်။

ဒီလိုဆိုလို့ ဆီးချိုက အမျိုးအစား-၁ ရော အမျိုးအစား-၂ ရော အတူတူပဲဟု ယူဆစရာရှိပါသည်။ တကယ်တော့ ဒီဆီးချို အမျိုးအစားတွေက ရောဂါဖြစ်ရသည့် အကြောင်းရင်းခံတွေ မတူသလို ခံစားရသည့် လက္ခဏာတွေရော ကုသနည်း တွေပါ ကွာခြားနေနိုင်ပါသည်။

အမျိုးအစား-၁ ဆီးချို နှင့် အမျိုးအစား-၂ ဆီးချိုတို့ ကြားက ကွာခြားချက်

အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချိုတို့ကြားက ကွာခြားချက်

အမျိုးအစား-၁ ဆီးချို နှင့် အမျိုးအစား-၂ ဆီးချို ဘယ်လိုတွေ ကွာခြားနေလဲ……

ဖြစ်ရတဲ့ အကြောင်းအရင်း 

  • အမျိုးအစား-၁ ဆီးချို – ခန္ဓာကိုယ်က ပန်ကရိယမှာရှိသည့် ဆဲလ်တွေကို တိုက်ခိုက်တာကြောင့် အင်ဆူလင် မထုတ် နိုင်တာကြောင့် ဖြစ်ရတာပါ။ 

  • အမျိုးအစား-၂ ဆီးချို – ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း အသုံးမချနိုင်တာကြောင့် ဖြစ်ရတာပါ။

ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေ

  • အမျိုးအစား-၁ ဆီးချို – အမျိုးအစား-၁ ဆီးချို ဖြစ်စေသည့် အကြောင်းအရင်းကို အခုချိန်ထိ တိတိကျကျ မသိရ သေးပါ။

  • အမျိုးအစား-၂ ဆီးချို – ကိုယ်အလေးချိန် ရှိသင့်တာထက် များနေတာ နေထိုင်စားသောက်မှုပုံစံ ကျန်းမာရေးနှင့် မညီညွတ်တာတွေက အမျိုးအစား-၂ ဆီးချို ဖြစ်စေနိုင်ပါသည်။

လက္ခဏာတွေ

  • အမျိုးအစား-၁ ဆီးချို – အမျိုးအစား-၁ ဆီးချိုမှာ လက္ခဏာတွေက ပို၍ မြန်မြန်ပြသပါသည်။

  • အမျိုးအစား-၂ ဆီးချို – အမျိုးအစား-၂ ဆီးချို လက္ခဏာတွေက သိသိသာသာ မဟုတ်ဘဲ ဖြည်းဖြည်းချင်း ပြသ တာကြောင့် သိရှိကုသဖို့ ခက်ခဲပါသည်။

စီမံထိန်းချုပ်နည်းတွေ

  • အမျိုးအစား-၁ ဆီးချို – အမျိုးအစား-၁ ဆီးချိုကို အင်ဆူလင် ထိုးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိသည့် နည်းလမ်းဖြင့်သာ အကောင်းဆုံး ထိန်းချုပ်နိုင်မှာပါ။

  • အမျိုးအစား-၂ ဆီးချို – အမျိုးအစား-၂ ဆီးချိုမှာတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိသည့်နည်းလမ်းက အမျိုးအစား-၁ ဆီးချိုထက် ပိုများပါသည်။ အမျိုးအစား-၂ ဆီးချို ရှိသူများအနေဖြင့် သောက်ဆေးတွေအပြင် အင်ဆူလင် ထိုးပြီး သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်ပါသည်။

၂မျိုးလုံးမှာ ဆေးဝါးဖြင့် ကုသခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် စားသုံးခြင်း စသည့် အချက်များကို လိုက်နာဖို့ လိုပါသည်။

ကာကွယ်ကုသနည်းတွေ

အမျိုးအစား-၁ ဆီးချို – လက်ရှိမှာ အမျိုးအစား-၁ ဆီးချိုအတွက် ကုသနည်း မရှိသေးပါ။ လေ့လာသုတေသန ပြုမှုတွေတော့ လုပ်ဆောင်နေပါသည်။

အမျိုးအစား-၂ ဆီးချို – အမျိုးအစား-၂ ဆီးချိုကို ပျောက်ကင်းအောင် ကုသ၍ မရသော်လည်း ဖြစ်နိုင်ခြေကို လျှော့ချ၍ ရသလို သေချာလေး ဂရုစိုက်ပြီး ကျန်းမာရေးလိုက်စားမည်ဆိုပါက သက်တမ်းစေ့ ကျန်းမာစွာ နေထိုင်နိုင်မှာပါ။

သိထားဖို့လိုမယ့် ဆီးချိုရောဂါ လက္ခဏာများ

ဆီးချိုရောဂါ အမျိုးအစား-၁နှင့် အမျိုးအစား-၂ မှာ လက္ခဏာလေးတွေက သိပ်မကွာလှပါ။

အမျိုးအစား-၁ ဆီးချို

အခုပြောပြမည့် လက္ခဏာတွေ ခံစားရမည်ဆိုလျှင် အမျိုးအစား-၁ ဆီးချို ရှိနေတာ ဖြစ်နိုင်ပါသည်။ အမျိုးအစား-၁ ဆီးချိုက အသက်ငယ်ငယ်ကလေးတွေမှာ ဖြစ်တတ်ပါသည်။

  • ရေ ခဏခဏ ဆာမည်

  • ဆီး ခဏခဏ သွားမည်

  • အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် ကျမည်

  • ပင်ပန်းနွမ်းနယ်မည်။ အားမရှိသလို ခံစားရမည်

  • အမြင်အာရုံတွေ ဝေဝါးမည်။

အမျိုးအစား-၂ ဆီးချို

အမျိုးအစား-၂ ဆီးချို ခံစားရသည့် အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါသည်။ ယခင်က အသက် ၄၀ အထက်မှာ ဖြစ်သော်လည်း နေထိုင်စားသောက်မှု ပုံစံပြောင်းလဲလာသောကြောင့် ၄၀အောက်တွေမှာလည်း ဖြစ်လာ သည်ကို တွေ့ရပါသည်။

  • ရေအရမ်းဆာမည်

  • ဆီးခဏခဏ သွားမည်

  • ခြေလက်တွေ ထုံကျဉ်မည်

  • ခြေကုန်လက်ပမ်းကျမည်

  • အမြင်အာရုံ ဝေဝါးမည်

  • ဗိုက် ခဏခဏ ဆာမည်

  • အသားတွေ ယားမည်

အမျိုးအစား-၁ ဆီးချိုနှင့် အမျိုးအစား-၂ ဆီးချို က ယခုလို ကွာခြားမှုလေးတွေ ရှိပါသည်။

Hello ဆရာဝန်

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါ) အကြောင်း သိကောင်းစရာ
-

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို) က ဘာလဲ

ဆီးချို ဆိုသည်မှာ သွေးတွင်းသကြားဓာတ်များသော ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ ကမောက်ကမရောဂါအုပ်စု (Metabolic syndrome) တွင် ပါဝင်သောရောဂါ ဖြစ်ပါသည်။ အမျိုးအစား ၁ ဆီးချို သို့မဟုတ် အင်ဆူလင် အပေါ် မှီခိုသောဆီးချိုမှာ ဘဝတစ်သက်တာ ခံစားရမည့်ရောဂါဖြစ်ပါသည်။ တခြားသော ဆီးချိုအမျိုးအစားများနှင့် ကွာခြားသည့်အချက်များမှာ ၎င်းသည် အင်ဆူလင်မရှိခြင်း၊ ကီတိုးဆစ်ဖြစ်နိုင်ခြင်းတို့ ဖြစ်ပါသည်။

အင်ဆူလင်သည် သွေးတွင်းသကြားဓာတ်အား ထိန်းချုပ်ရာတွင် အခရာကျပါသည်။ ဆီးချိုရှိသူများတွင် သွေးတွင်း သကြားဓာတ် များပြားနေသော်လည်း ဆဲလ်များအတွင်းသို့ သကြားဓာတ်မပို့နိုင်ဖြစ်လာရာမှ နှလုံး၊ မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောစနစ်၊ သွားဖုံးနှင့် သွားများတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်လာပါသည်။ အမျိုးအစား ၁ ဆီးချိုအား ကလေးဆီးချိုအဖြစ် ညွှန်းဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ကလေးများနှင့် မြီးကောင်ပေါက် အရွယ် များတွင် စတင်လေ့ရှိသောကြောင့်ဖြစ်သည်။

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးအစား ၁ မှာ ၂ လောက်အဖြစ်မများပါ။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များပြီး အထူးသဖြင့် မုန့်ချိုအိတ်ပြဿနာရှိသူများ၊ အမျိုးအစား ၁ မျိုးရိုးရှိသူများတွင် ပိုဖြစ်လေ့ရှိပါသည်။။ ကလေးငယ်များနှင့် မြီးကောင်ပေါက် အရွယ်များတွင် အတွေ့ရများပြီး အသက် ၄-၇ နှစ်နှင့် ၁၀ -၁၄ နှစ်ကြားတွင် အတွေ့ရများ၏။ အရွယ်ရောက်လာသည် နှင့်အမျှ ၁၄ နှစ်နောက်ပိုင်း၌ ဖြစ်ပွားနှုန်းလျော့ကျသွားပါသည်။

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို)၏ လက္ခဏာတွေကဘာတွေလဲ

အမျိုးအစား ၁ ဆီးချို ၏ ရောဂါလက္ခဏာများမှာ အချိန်တိုအတွင်း မြန်မြန်ဖြစ်ပွားလာနိုင်ပါသည်။ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ

  • အမြင်ဝေဝါးခြင်း

  • မကြာခဏဆီးသွားခြင်း

  • ရေအလွန်ငတ်ခြင်းနှင့် ဗိုက်အလွန်ဆာခြင်း

  • မကြာခဏ ပိုးဝင်ခြင်း

  • အချိန်တိုင်းလိုလို မောပန်းနေခြင်း

  • အနာကျက်နှေးခြင်း

  • ခြေထောက်များတွင် ထုံခြင်း ကျင်ခြင်း

  • ဘာကြောင့်မှန်းမသိ ကိုယ်အလေးချိန်ကျခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲတွင် မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ မိမိတွင် ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့် ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နှင့် သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီးတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခု ရှိနေမည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေ အတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပါ။

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို)ကို ဘာတွေက ဖြစ်စေသလဲ

အမျိုးအစား ၁ ဆီးချိုမှာ မုန့်ချိုအိတ်ရှိ ဘီတာဆဲလ်များကို ကိုယ်ခံအားမှ ပြန်တိုက်ခိုက်ပြီး ဖျက်ဆီးခြင်းကြောင့် ဖြစ်လာရပါသည်။ အကျိုးဆက်အနေနှင့် အင်ဆူလင်ကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တော့ပါ။ တစ်နည်း ဆိုရလျှင် သွေးထဲမှ ဂလူးကို့စ်များကို ဆဲလ်အတွင်းသို့ ပို့ဆောင်ရန် အင်ဆူလင် မရှိတော့သောကြောင့် သွေးတွင်း သကြားဓာတ် မြင့်မားလာပါသည်။ တခြားသော အကြောင်းရင်းများမှ မုန့်ချိုအိတ်ကိုထိသော Cystic fibrosis နှင့် မုန့်ချိုအိတ်ရောင်ခြင်းကြောင့် ခွဲစိတ်ဖယ်ရှားလိုက်ရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အမျိုးအစား ၁ ဆီးချို ဖြစ်ပွားနိုင်ခြေကို မြင့်စေသော အကြောင်းရင်းတချို့မှာ

  • မျိုးရိုးရှိခြင်း- အမျိုးအစား ၁ ဆီးချိုရောဂါရှိသော မိဘ သို့မဟုတ် မောင်နှမရှိထားလျှင် ဖြစ်နိုင်ခြေ အနည်းငယ် မြင့်နိုင်ပါသည်။

  • ဗီဇ- တချို့သောဗီဇများ ပါလာခြင်းက အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်ခြေကို တိုးစေပါသည်။

  • အသက်- အမျိုးအစား ၁ ဆီးချိုမှာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အဖြစ်များဆုံး အသက် အရွယ်နှစ်ခုရှိ၏။ ပထမတစ်ခုမှ အသက် ၄ နှစ်နှင့် ၇ နှစ်ကြားဖြစ်ပြီး ဒုတိယမှာ ၁၀ နှစ်နှင့် ၁၄ နှစ်ကြားတွင် ဖြစ်သည်။

  • အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်သည့် တခြားသော အန္တရာယ်များကို စူးစမ်းလေ့လာထားသော်လည်း သက်သေ မပြရသေးပါ။ ထိုအချက်များမှာ

  • Epstein-Barr virus, Coxsackie virus, mumps virus and cytomegalovirus တို့လို ဗိုင်းရပ်စ်များနှင့် ထိတွေ့မိခြင်း၊

  • နွားနို့ကို အသက်ငယ်ငယ်တွင် သောက်သုံးခြင်း၊

  • ဗီတာမင်ဒီ ပမာဏနည်းခြင်း၊

  • နိုက်ထရိုက်ပါသောရေကို သောက်ရခြင်း၊

  • အစောဆုံး ၄ လ မတိုင်ခင် သို့မဟုတ် အနောက်ကျဆုံး ၇ လနောက်တွင် နှံစားသီးနှံများ၊ ဂလူတင်များကို   ကလေးအားကျွေးခြင်း၊

  • ကိုယ်ဝန်ဆိပ်တက်သော မိခင်မှ မွေးသည့်ကလေး၊

  • အသားဝါနှင့် မွေးလာသောကလေး၊

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမို သောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Diabetes Mellitus Type 1ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါအချက်များနှင့် တိုက်ဆိုင်လျှင် သင့်၌ဆီးချိုရှိကြောင်း အတည်ပြုနိုင်ပါသည်။

  • အစားမစားဘဲ ဂလူးကို့စ်စစ်ခြင်း (Fasting blood glucose) – ≥ 7.0 mmol/L (≥ 126 mg/dL)

  • ဆီးချိုလက္ခဏာများနှင့် ကျပန်းဂလူးကို့စ်လယ်ဗယ်စစ်ခြင်း (Random blood glucose)– ≥ 11.1 mmol/L (≥  200 mg/dL)

  • အစာစားပြီး ၂ နာရီခြား ဂလူးကို့စ်လယ်ဗယ် သို့မဟုတ် oral glucose tolerance test လုပ်ရာတွင် ≥ 11.1      mmol/L (≥ 200 mg/dL)

  • Hemoglobin A1c >6.5% (HbA1c test)

          သင့်၌ အမျိုးအစား ၁ ဆီးချိုကို အတည်ပြုပြီးပါက ဆရာဝန်နှင့် ပုံမှန်ပြသရမည်။ ထိုမှသာအောက်ပါတို့ကိုလုပ်နိုင်မည်ဖြစ်သည်။

  • ဆီးချိုကြောင့် အာရုံကြောထိခြင်းကို စစ်‌ဆေးခြင်း၊

  • သွေးပေါင်ချိန်ကို စစ်ဆေးခြင်း၊

  • မျက်လုံးနောက်ဖက်အား အလင်းပါကိရိယာတစ်မျိုးဖြင့် စစ်ဆေးခြင်း၊

  • HbA1C အားစစ်ဆေးခြင်း။ (ဆီးချိုထိန်းနိုင်ခြင်းရှိ၊ မရှိ ၆ လတစ်ကြိမ်စစ်ဆေးရမည်)

အောက်ပါစစ်ဆေးမှုများက သင့်ဆီးချိုရောဂါကို စောင့်ကြည့်ခြင်းနှင့် နောက်ဆက်တွဲများအား ကာကွယ်ခြင်းတို့ အတွက် ဆရာဝန်အား အထောက်အကူပြုပါသည်။ ထို့အပြင် အောက်ပါတို့ကို တစ်နှစ်တစ်ကြိမ်စစ်ဆေးသင့်၏။

  • ကိုလက်စ်ထရောနှင့် ထရိုင်ဂလစ်စရိုက်လယ်ဗယ် စစ်ဆေးခြင်း

  • ကျောက်ကပ်လုပ်ငန်းစဉ် စစ်ဆေးခြင်း (Glomerular filtration rate – eGFR, blood urea nitrogen – BUN, microalbuminuria and serum creatinine)

  • သွားကျန်းမာ‌ရေးအတွက် ၆ လတစ်ကြိမ် သွားဆရာဝန်နှင့်ပြသခြင်း။ထိုဆရာများကိုလည်း သင့်တွင် ဆီးချိုရှိကြောင်း ပြောပြထားရမည်။

Diabetes Mellitus Type 1 ကို ဘယ်လိုကုသပါသလဲ

အမျိုးအစား ၁ ဆီးချိုမှာ မြန်မြန်ဆန်ဆန်စတင်တာကြောင့် လက္ခဏာများကလည်း ပြင်းထန်နိုင်သည်။ လတ်တလော မှ ရောဂါကို အတည်ပြုထားသည်ဆိုလျှင် ဆရာဝန်နှင့် ပုံမှန်ပြသင့်ပါသည်။ သွေးတွင်းသကြားဓာတ်အား ကောင်းကောင်း မထိန်းနိုင်မချင်း ခပ်စိတ်စိတ်ပြသသင့်ပါသည်။

အမျိုးအစား ၁ ဆီးချိုအတွက် ကုထုံးများ

အင်ဆူလင်

ယခုလက်ရှိတွင် အမျိုးအစား ၁ ဆီးချိုအား အရှင်းပျောက်အောင် မကုသနိုင်ပါ။ ထို့ကြောင့် အင်ဆူလင်မှာ သွေးတွင်း သကြားဓာတ်အားထိန်းရန် အကောင်းဆုံးဖြစ်သည်။ အိမ်မှာပင် အင်ဆူလင်ကို တစ်ရက် ၂-၃ ကြိမ် ထိုးနိုင်ပါသည်။ သွေးတွင်းသကြားဓာတ်နှင့်တိုက်ပြီး အင်ဆူလင်ပမာဏကို ချိန်ညှိရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

အင်ဆူလင်များသွားလျှင် သွေးတွင်းသကြားဓာတ် ကျသွားနိုင်ပြီး အန္တရာယ်ရှိပါသည်။ အင်ဆူလင်အား အမျိုးမျိုး ရရှိနိုင်ပါသည်။ (အာနိသင် မြန်မြန်သက်ရောက်ခြင်း၊ အချိန်ကြာကြီးသက်ရောက်ခြင်း၊ နှစ်ခုအရော) သင့်အခြေအနေနှင့် ကိုက်ညီသည်ကို ဆရာဝန်မှ ညွှန်ကြားပါလိမ့်မည်။

ကိုးကား- Hello ဆရာဝန်

Diabetes Mellitus Type 2 (အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ) အကြောင်း သိကောင်းစရာ
-

အမျိုးအစား (၂) ဆီးချိုရောဂါ တစ်နည်းအားဖြင့် အင်ဆူလင်ဟော်မုန်းပေါ် မူတည်ခြင်းမရှိသော ဆီးချိုရောဂါသည် နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး၊ ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းကို မတုန့်ပြန်နိုင်ခြင်း (သို့) ပန်ကရိယမှ အင်ဆူလင်ကိုမထုတ်လုပ်နိုင်ခြင်းကြောင့် သွေးတွင်းရှိ ဂလူးကိုစ်ပမာဏကို ပုံမှန်ဖြစ်အောင် မထိန်းထားနိုင်သော ရောဂါဖြစ်ပါသည်။ 

♦ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားစေသောအကြောင်းရင်းများ 

  • အ၀လွန်ခြင်း၊ အဆီများ ၀မ်းဗိုက်တွင် အလွန်အမင်းစုနေခြင်း

    • ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

    • မိသားစုမျိုးရိုးထဲတွင် ဆီးချိုရောဂါရှိခြင်း

    • လူမည်းများ

    • အသက်ကြီးသောသူများ

    • သွေးထဲတွင် ပုံမှန်ထက်အချိုဓါတ်များခြင်း (Prediabetes)

    • ကိုယ်၀န်ဆောင်ချိန်တွင် ဆီးချိုသွေးချိုရောဂါခံစားရသူများ

    • မျိုးဥအိမ်တွင် အရည်အိတ်များစုနေသော ရောဂါစု (Polycystic Ovary Syndrome) ရှိသူများ 

♦ ရောဂါလက္ခဏာများ

        ရောဂါလက္ခဏာတွေကတော့

-  ရေခဏခဏငတ်ခြင်း

-  ဆီးခဏခဏသွားခြင်း

-  အလေးချိန်ကျဆင်းခြင်း

-  မကြာခဏဆာလောင်ခြင်း

-  နုံးခွေခြင်း

-  အမြင်မှုန်ဝါးခြင်း

-  အနာကျက်နှေးခြင်း

-  အရေပြားအရောင်မည်းလာခြင်းတို့ ဖြစ်ပါသည်။ 

♦ နောက်ဆက်တွဲဆိုးကျိုးများ 

-  နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ခြင်း

-  အာရုံကြောအားနည်းခြင်း

-  ကျောက်ကပ်အားနည်းခြင်း

-  အတွင်းတိမ်ဖြစ်ခြင်း

-  ရေတိမ်ဖြစ်ခြင်း

-  အကြားအာရုံချို့ယွင်းခြင်း

-  အရေပြားပိုး၀င်ခြင်း

-  အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေမြင့်မားခြင်းတို့နှင့် ကြုံတွေ့ရနိုင်ပါသည်။ 

♦ စစ်ဆေးခြင်း 

        အမျိုးအစား (၂) ဆီးချိုရောဂါရှိနေကြောင်းကို အောက်ပါနည်းလမ်းများဖြင့် စစ်ဆေးသိရှိနိုင်ပါသည်။

(1) Glycated Hemoglobin (A1C) Test - ဟေမိုဂလိုဘင်ကို တွယ်ကပ်သော သွေးတွင်းရှိ သကြားရာခိုင်နှုန်းကို စစ်ဆေးခြင်း။ A1C ပမာဏ 6.5% နှင့် အထက်ရှိပါက ဆီးချိုသွေးချိုရောဂါရှိနေပြီဟု ဆိုနိုင်ပါသည်။

(2) Random Blood Sugar Test - သွေးတွင်းရှိ သကြားပမာဏကို ရုတ်တရက်စစ်ဆေးခြင်း၊ သွေးတွင်းရှိ သကြားပမာဏ 200mg/dl (11.1 mmo/L) ထက်များပါက ဆီးချိုသွေးချိုရောဂါရှိနေပြီဟု ဆိုနိုင်ပါသည်။

(3) Fasting Blood Sugar test - ည ၁၀ နာရီနောက်ပိုင်း အစာမစားဘဲ နံနက်စောစော ၆ နာရီ ၇ နာရီ၀န်းကျင်တွင် သွေးတွင်းရှိ သကြားပမာဏစစ်ဆေးခြင်းဖြစ်ပါသည်။ သကြားဓာတ်ပမာဏ 126 mg/dL (7mmo/L) ထက်များပါက ဆီးချိုသွေးချို ရောဂါရှိနေပြီဖြစ်ပါသည်။ ပုံမှန်ဆိုလျှင် 100mg/dl (သို့) 5.6mmol/L အောက်လျော့နည်းရမှာ ဖြစ်ပါတယ်။ 100-125 mg/dl (သို့) 5.6-6.9 mmol/Lကြားရှိပါက ဆီးချိုမဖြစ်ခင်အဆင့် (Prediabetes) ဟု ခေါ်ပါသည်။

(4) Oral Glucose Tolerance test - ည ၁၀ နာရီနောက်ပိုင်း အစားမစားဘဲ နံနက်ခင်းတွင် သွေးတွင်းရှိ သကြား ဓာတ်ကို တိုင်းတာပါ။ ထို့နောက် အချိုဓာတ်ပါသော အစားအစာများကို စားသောက်ပြီး ၂ နာရီကြာသောအခါ ပြန်တိုင်းကြည့်ပါက 200mg/dL ထက်များပါက ဆီးချို၊ သွေးချိုရောဂါဖြစ်နေပြီဟု သတ်မှတ်နိုင်ပါသည်။

♦ ကုထုံးများ 

ကုထုံးများမှာ-

  • ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများစားသုံးခြင်း

ဆီးချိုဝေဒနာရှင်များအနေဖြင့် အမျှင်ဓာတ်များစွာပါ၀င်သော သစ်သီးသစ်ဖုနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပေးသင့်ပါသည်။ 

  • လေ့ကျင့်ခန်းလုပ်ခြင်း

တစ်နေ့လျှင် နာရီ၀က်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်သင့်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရုံသာမက သွေးတွင်းရှိ သကြားဓာတ်ပမာဏကို လျော့ကျစေပါသည်။ 

  • ဆီးချိုသွေးချိုကျဆေးများမှီ၀ဲခြင်း

ဆီးချိုရောဂါတွင်အသုံးများသည့် ဆေးဝါးများကတော့ -

1.Metformin - ၎င်းဆေးဝါးများသည် ခန္ဓာကိုယ်မှ အင်ဆူလင်သုံးစွဲမှုကို အားပေးပါသည်။ အသည်းမှ ဂလူး ကို့စ်ထုတ်လုပ်ခြင်းကို လျှော့ချပေးပါသည်။

2.Sulfonylureas (glipizide, glimepiride) - ခန္ဓာကိုယ်မှ အင်ဆူလင်များများ ထုတ်လုပ်နိုင်အောင် အားပေးပါသည်။

3.Meglitinides (repaglinide, nateglinide) - ခန္ဓာကိုယ်မှ အင်ဆူလင်များများ ထုတ်လုပ်နိုင်အောင်ကူညီပေးပါသည်။

4.Thiazolidinediones (pioglitazone, rosiglitazone)

ဆီးချိုအတွက်ဆေးဝါးအသစ်များကတော့ -

(1)   DPP-4 Inhibitors (Sitagliptin, Saxagliptin)

(2)   GLP 1 raeptor Agonists

(3)   SGLT 2 inhibitors (Canagliflozin, dapagliflozin) တို့ ဖြစ်ပါသည်။ 

အင်ဆူလင်ထိုးခြင်း

အင်ဆူလင်ထိုးသည့် အပ်သပ်သပ်ရှိပါသည်။ လက်မောင်းမှာ ထိုးခြင်းဖြစ်ပါသည်။ အင်ဆူလင်ပါသည့် ဆေးဝါးတွေကို သောက်သုံးရင် အစာခြေစနစ်ကြောင့် အာနိသင်လျော့သွားနိုင်သည့်အတွက် ဆီးချိုသွေးချိုပမာဏများသည့်သူတွေမှာ ထိုးဆေးကို အသုံးပြုကြခြင်းဖြစ်ပါသည်။

အင်ဆူလင်ပါသည့် ထိုးဆေးတွေ အမျိုးမျိုးရှိပါသည်။ (ဥပမာ - Insulin Glulisine၊ Insulin Lispro) ဆရာ၀န် ရွေးချယ်ပေးသည့်ဆေးကို ညွှန်ကြားချက်အတိုင်း တိတိကျကျထိုးပေးရန် လိုအပ်ပါသည်။ 

သွေးတွင်းအချိုဓာတ်ကိုပုံမှန်စစ်ဆေးခြင်းလည်း လိုအပ်ပါသည်။ 

♦ ဆီးချို နှင့် ကိုယ်၀န်ဆောင်

ဆီးချိုဝေဒနာရှင် ကိုယ်၀န်ဆောင်များသည် ကိုယ်၀န်ဆောင်နေစဉ်အတွင်း နဂိုသောက်နေကျ ဆေးဝါးတွေကို ပြောင်းလဲရန် လိုတတ်ပါသည်။ ထို့ကြောင့် ကိုယ်၀န်ဆောင်မည်ဟု စိတ်ကူးရှိကတည်းက ဆရာ၀န်နှင့် သေချာ တိုင်ပင်ရန် လိုအပ်ပါသည်။              

 ♦ နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံး 

ဆီးချိုရောဂါရှိနေပါက အောက်ဖော်ပြပါအချက်များအတိုင်း လိုက်နာကျင့်ကြံနေထိုင်ခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်အောင် ကာကွယ်နိုင်ပါသည်။

-   ကျန်းမာရေးနှင့်ညီညွတ်အောင်စားသုံးပါ

-   အဆီနှင့် အငန် လျှော့စားပါ

-   အမျှင်ဓာတ်ပါသည့် ဟင်းသီးဟင်းရွက်တွေစားပါ

-   လေ့ကျင့်ခန်းလုပ်ပါ

-   အထွေထွေကျန်းမာရေးစစ်ဆေးမှုပုံမှန် လုပ်ဆောင်ပါ

-   လိုအပ်သော ကာကွယ်ဆေးများထိုးထားပါ

-    မျက်စိကို တစ်နှစ်တစ်ခါပုံမှန် စစ်ပါ

-   သွားကျန်းမာရေးကို ဂရုစိုက်ပါ

-   ခြေထောက်အပါအ၀င် ခန္ဓာကိုယ်တွင် ဒဏ်ရာရှိ၊ မရှိအမြဲစစ်ဆေးပါ

-   ဆေးလိပ်ဖြတ်ပါ

-   အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ 

♦ အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ခြင်း 

ဆီးချိုရောဂါမဖြစ်အောင် နေထိုင်မှုပုံစံကို ကျန်းမာရေးနှင့်ညီညွတ်အောင် ပြုပြင်နေထိုင်သင့်ပါသည်။

-   အမျှင်ဓါတ်များများပါသော အစားအစာများကို ရွေးချယ်စားသုံးပါ။

-   အဆီအဆိမ့်လျှော့စားပါ။

-   လေ့ကျင့်ခန်းလုပ်ပါ။

-   သင့်တင့်မျှတသော ကိုယ်အလေးချိန်ဖြစ်အောင်ထိန်းထားပါ။     

Dr. Htet Htet Aung (www.drmyanmar.com)

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ဖြစ်ပွားနိုင်သောသွေးချိုဆီးချိုရောဂါအကြောင်း သိကောင်းစရာ
-

ကမ္ဘာကြီးသည် တိုးပွားလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး နောက် အသစ်တွေ့ရှိလာသော သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုမြင့်တက် လာသည်ကို ရင်ဆိုင်နေရသည်။ ကိုဗစ် -၁၉ ရောဂါသည် အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများကို ဖြစ်စေနိုင်သော်လည်း ကမ္ဘာတစ်ဝန်းရှိ သွေးချိုဆီးချိုရောဂါမရှိသောလူနာများတွင်  ရေရှည် နောက်ဆက်တွဲပြဿနာတစ်ခုအဖြစ်သွေးချိုဆီးချိုရောဂါအသစ် စတင်ခြင်းကို ဖြစ်ပေါ်လာစေနိုင်သည်။ မကြာသေးမီက လေ့လာမှုများ အရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် သွေးချိုဆီးချိုရောဂါဖြစ် နိုင်ခြေ နှစ်ဆနီးပါးတိုးလာကြောင်း တွေ့ရှိခဲ့သည်။ အသက်အရွယ်အုပ်စု အားလုံး၊ လူမျိုးစုအားလုံးနှ

ကမ္ဘာကြီးသည် တိုးပွားလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး နောက် အသစ်တွေ့ရှိလာသော သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုမြင့်တက် လာသည်ကို ရင်ဆိုင်နေရသည်။ ကိုဗစ် -၁၉ ရောဂါသည် အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများကို ဖြစ်စေနိုင်သော်လည်း ကမ္ဘာတစ်ဝန်းရှိ သွေးချိုဆီးချိုရောဂါမရှိသောလူနာများတွင်  ရေရှည် နောက်ဆက်တွဲပြဿနာတစ်ခုအဖြစ်သွေးချိုဆီးချိုရောဂါအသစ် စတင်ခြင်းကို ဖြစ်ပေါ်လာစေနိုင်သည်။ မကြာသေးမီက လေ့လာမှုများ အရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် သွေးချိုဆီးချိုရောဂါဖြစ် နိုင်ခြေ နှစ်ဆနီးပါးတိုးလာကြောင်း တွေ့ရှိခဲ့သည်။ အသက်အရွယ်အုပ်စု အားလုံး၊ လူမျိုးစုအားလုံးနှင့် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေနည်းသောသူများတွင်ပင် ဖြစ်ပွားမှုတိုးလာနိုင်သည့်အန္တရာယ်ကို တွေ့လာရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက်များစွာကို အခြေခံသော လေ့လာမှုတစ်ခုတွင်  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံထားရသူများသည်သွေးချိုဆီးချိုရောဂါအသစ်ဖြစ်ပွားနိုင်ခြေ ၄၀ ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိရပြီး တစ်နှစ်အတွင်း သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုသည် လူပေါင်း ၁၀၀၀ တွင် ၁၃ ဦးမှ ၁၄ ဦးအထိရှိကြောင်း တွေ့ရှိရသည်။ တစ်ကမ္ဘာ လုံးတွင်  ပြင်းထန်သော  ကိုဗစ်-၁၉ရောဂါ၏အကျိုးဆက်များကို လေ့လာမှုများနှင့် စနစ်တကျပြန်လည်သုံးသပ်မှုများအရ အသစ်စတင် ဖြစ်ပွားသည့်  သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုနှုန်းသည် ကိုဗစ်- ၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်လာပြီးနောက် သုံးလအတွင်းတွင်  ပိုများလာ ကြောင်း  တွေ့ရသည်။  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက်  နောက် ဆက်တွဲဆိုးကျိုးအဖြစ်   အသစ်တွေ့ရှိသော  သွေးချိုဆီးချိုရောဂါတွင် အမျိုးအစား- ၁ နှင့် အမျိုးအစား-၂ သွေးချိုဆီးချိုနှစ်မျိုးစလုံး ဖြစ်ပေါ် လာစေနိုင်သည်။

သွေးချိုဆီးချိုရောဂါအသစ်ဖြစ်ပွားခြင်းဆိုသည်မှာ သွေးချိုဆီးချိုရောဂါရာဇဝင်မရှိသူများတွင် သွေးချိုဆီးချိုရောဂါလက္ခဏာများ ပထမ ဆုံးဖြစ်ပေါ်လာခြင်း သို့မဟုတ် သွေးစစ်ဆေး၍ ရောဂါသတ်မှတ်ခြင်း ဖြစ်သည်။ တချို့သောလေ့လာမှုများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရပြီးနောက် သွေးချိုဆီးချိုရောဂါအသစ်စတင်မှုနှင့်ပတ်သက်၍ လက်ရှိ သုံးသပ်ချက်အရ ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် လူနာ များသည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားသောလူနာများနှင့်နှိုင်းယှဉ်ပါက ပထမသုံးလတွင် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေ နှစ်ဆနီးပါးရှိကြောင်း ပြသခဲ့သည်။

ကိုဗစ်-၁၉ရောဂါ၏သက်ရောက်မှုနှင့် သွေးချိုဆီးချိုရောဂါ

ကိုဗစ်-၁၉ ရောဂါသည် အင်ဆူလင်ထုတ်လုပ်သည့် ပန်ကရိယဘီတာ ဆဲလ်များကို  တိုက်ရိုက်ကူးစက်အန္တရာယ်ပြုနိုင်ပြီး  အင်ဆူလင်ထုတ် လွှတ်မှုကို လျော့ကျစေသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ခန္ဓာကိုယ်တွင် ရောင်ရမ်းတုံ့ပြန်မှုနှင့် နာတာရှည်ရောင်ရမ်းခြင်းသည် ဂလူးကို့စ်ဇီဝဖြစ်ပျက်မှု၊ အင်ဆူလင်ခံနိုင်ရည်ရှိမှုနှင့် ပန်ကရိယဘီတာဆဲလ်များ၏လုပ်ဆောင်မှုအပေါ်  တိုက်ရိုက်အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်သည်။ စတီးရွိုက်ဆေးများအသုံးပြုခြင်း၊ မျိုးရိုးဗီဇအရထိခိုက် လွယ်သူများတွင် ဘီတာဆဲလ်များပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်ခြင်း၊ အဝလွန်ခြင်း၊ဇီဝဖြစ်စဉ်ရောဂါလက္ခဏာစုရှိခြင်း၊နာမကျန်းမှု၏ စိတ်ဖိစီးမှုနှင့် ရုပ်ပိုင်းဆိုင်ရာဖိစီးမှုတို့ကြောင့် သွေးတွင်းသကြားဓာတ် ကိုမြင့်တက်စေနိုင်သည်။ တချို့သောဗိုင်းရပ်စ်များသည်   ခန္ဓာကိုယ် တစ်သျှူးများတွင်ရှိနေနိုင်ပြီး သွေးတွင်းသကြားဓာတ်ထိန်းညှိမှုပြဿနာ များကို ဆက်လက်ဖြစ်ပေါ်စေသည်။

ကိုဗစ်-၁၉ ရောဂါအလွန် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေအန္တရာယ်အများဆုံးရှိသူများ

ကူးစက်ခံရပြီးနောက် သွေးချိုဆီးချိုရောဂါစတင်မှုနှင့်  ဆက်နွှယ်သည့် အန္တရာယ်အရှိဆုံးအချက်များမှာ အသက်ကြီးသူများ၊ အဝလွန်သူ များ၊ ပြင်းထန်သောကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး စတီးရွိုက်အသုံးပြုရ ခြင်း၊ အောက်ဆီဂျင်လျော့ကျမှုနှင့် အသက်ရှူစက်တပ်ရသည့်အခြေအနေ များဖြစ်သည်။ ဆေးရုံတက်ရခြင်း သို့မဟုတ် အထူးကြပ်မတ်ကုသဆောင် တွင် ကုသရသူများသည် နောက်ပိုင်းတွင် သွေးချိုဆီးချိုဖြစ်နိုင်ခြေပိုများ သည်။ မိသားစုသွေးချိုဆီးချိုရောဂါရာဇဝင်၊ Metabolic syndrome ခေါ်  ဇီဝဖြစ်စဉ်ရောဂါလက္ခဏာစု၊ မူလရောဂါအခံရှိမှုနှင့်  ဆေးလိပ်သောက်သည့်အလေ့အထရှိသူများတွင် ဖြစ်နိုင်ခြေများသည်။ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်လာသူတိုင်း သွေးချိုဆီးချိုရောဂါရှိနိုင် သော်လည်း တချို့သောအုပ်စုများ (အသက် ၆၅ နှစ်အထက်၊ လူမည်းတိုင်းရင်းသားနွယ်ဖွားများ၊ ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း (BMI) ၃၀ ကျော်ပြီး  အဝလွန်သူများ၊ သွေးတိုးရောဂါ၊  နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကိုလက်စထရောများခြင်းကဲ့သို့သော တခြားကျန်းမာရေးအခြေ အနေရှိသူများ)သည် အန္တရာယ်ပိုများသည်။ သွေးချိုဆီးချိုရောဂါဖြစ်နိုင် ခြေအန္တရာယ်ရှိသည့်  တချို့သောအခြေအနေများသည် ကာကွယ်ဆေးထိုးခြင်းဖြင့်အန္တရာယ်ကိုလျှော့ချနိုင်သည်ဟုလေ့လာမှုတချို့က အကြံပြုထားသည်။

ကိုဗစ်-၁၉ ရောဂါ၏ မျိုးကွဲများကွဲပြားခြားနားသောကြောင့်   သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေအမျိုးမျိုးရှိနိုင်ပြီး  ကိုဗစ်-၁၉ ရောဂါ၏ Delta မျိုးကွဲသည် Omicron နှင့်နှိုင်းယှဉ်ပါက သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေ  အမြင့်ဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ Omicron မျိုးကွဲသည် Omicron  မဟုတ်သော  မျိုးကွဲများနှင့်နှိုင်းယှဉ်ပါက အမျိုးအစား-၂ သွေးချိုဆီးချို ဖြစ်ပွားနိုင်ခြေနည်းပါးကြောင်း တွေ့ရှိရသည်။  သို့သော်လည်း  ကျယ်ပြန့် သောလေ့လာမှုတစ်ခုအရ  Omicron  အမျိုးအစားကူးစက်ခံရပြီးနောက် သုံးလနှင့်ခြောက်လအတွင်းတွင် သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေတိုးလာကြောင်း  တွေ့ရှိမှုသည် Omicron  မျိုးကွဲ၏ လျင်မြန်စွာပျံ့နှံ့နိုင်စွမ်း၊ ဆဲလ်အချင်းချင်းကူးစက်မှုနှင့် ကိုယ်ခံစွမ်းအား၏တိုက်ထုတ်မှုမှ လွတ်မြောက်ခြင်းတို့ကြောင့်  သွေးချိုဆီးချိုရောဂါနှင့်  တခြားရောဂါများ၏ အန္တရာယ်ကို ဖြစ်ပေါ်စေသည်။

အမေရိကန်နိုင်ငံမှသုတေသီများ၏၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ ရှည်လျားသော ကိုဗစ်- ၁၉ ရောဂါကာလတွင် ဖြစ်ပွားခဲ့သည့် သွေးချို ဆီးချိုရောဂါ၏အန္တရာယ်နှင့် နောက်ဆက်တွဲရောဂါများလေ့လာမှုတွင်  အသက် ၁၈ နှစ်အောက်ကလေး ၂ ဒသမ ၅ သန်းကျော်၏  ဒေတာဘေ့စ် များအရ ကိုဗစ်-၁၉ ရောဂါပြန်လည်ကောင်းမွန်ပြီးနောက် သွေးချိုဆီးချို ရောဂါအသစ် ဖြစ်နိုင်ခြေပိုများကြောင်း တွေ့ရှိရသည်။ ထို့ပြင် ကိုဗစ်-၁၉   ရောဂါကာလတွင်ဖြစ်သော   သွေးချိုဆီးချိုရောဂါအသစ်များ၏ အန္တရာယ်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမပေါ်ပေါက်မီ ကူးစက်ပျံ့နှံ့ နေသော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ  ကူးစက်ခံရသူများ တွင်  သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုထက် ပိုများကြောင်း တွေ့ရှိရသည်။

စောင့်ကြည့်ရမည့် ရောဂါလက္ခဏာများ

ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်ပြီးနောက် သုံးလမှ ၁၂ လ အတွင်း  သွေးချိုဆီးချိုရောဂါလက္ခဏာများကို  စစ်ဆေးတွေ့ရှိနိုင်ပါ သည်။ မကြာခဏရေငတ်ခြင်း၊ မကြာခဏဆီးသွားခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အနာကျက်နှေး ခြင်း သို့မဟုတ် တချို့လူနာများတွင် သွေးချိုဆိပ်တက်ခြင်းနှင့် သွေးတွင်းသကြားဓာတ်အလွန်အမင်းမြင့်တက်၍ ရေဓာတ်ခန်းခြောက်ခြင်း ကြောင့် အရေးပေါ်အခြေအနေဖြစ်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်ပြီးနောက် သွေးချို ဆီးချိုရောဂါအသစ် စတင်ဖြစ်ပွားသည့်လူနာများသည် သွေးချိုဆီးချို ရောဂါရှိသူ သို့မဟုတ် ယခင်သွေးတွင်းသကြားဓာတ်မြင့်တက်ဖူးသော ကိုဗစ်-၁၉  ရောဂါလူနာများထက်  သေဆုံးနိုင်ခြေပိုများကြောင်း  သိရ သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်လာသူများ တွင်   သွေးချိုဆီးချိုရောဂါလက္ခဏာများကို   စောင့်ကြည့်စစ်ဆေးပြီး စောစောစီးစီးဖော်ထုတ်ရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ရောဂါအလွန်သွေးချိုဆီးချိုရောဂါမှ ကြိုတင်ကာကွယ်ခြင်း

ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံကိုထိန်းသိမ်းပါ၊၊ သွေးချို ဆီးချိုရောဂါအန္တရာယ်ကိုလျှော့ချရန်  မျှတသောအစားအစာကိုစားပါ။ တက်ကြွစွာနေထိုင်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။  ကျန်းမာသောကိုယ် အလေးချိန်ကို ထိန်းသိမ်းပါ။  အကြိုသွေးချိုရောဂါ သို့မဟုတ် တခြား နာတာရှည်ရောဂါများရှိပါက ကျန်းမာရေးအခြေအနေများ ပိုမိုဆိုးရွားလာမှု သို့မဟုတ် ပြင်းထန်ကိုဗစ်-၁၉ ရောဂါ၏  နောက်ဆက်တွဲဆိုးကျိုး များကို ကာကွယ်ထိန်းချုပ်ရန် အနီးကပ်စောင့်ကြည့်ပြီး အထူးကုဆရာ ဝန်များနှင့်ပြသ၍     လမ်းညွှန်ချက်များကို      လိုက်နာဆောင်ရွက်နိုင်ပါသည်။

နောက်ထပ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကို ကာကွယ်ရန်နည်းလမ်းများ

တစ်ကိုယ်ရေသန့်ရှင်းမှုကောင်းမွန်စေရန်လက်ကိုမကြာခဏဆေး ပါ။  အစာမစားမီ၊ သန့်စင်ခန်းသုံးပြီးနောက်၊  နှာချေ/ချောင်းဆိုးသည့် အခါနှင့်အများသူငါထိုင်သောနေရာများ၌ထိုင်ပြီးနောက်တွင် လက်ကိုဆပ်ပြာနှင့်ရေဖြင့်  အနည်းဆုံး  စက္ကန့် ၂၀  ကြာပွတ်တိုက်ပြီး သေချာစွာဆေးကြောပါ။ ဆပ်ပြာနှင့်ရေမရရှိနိုင်သောအခါတွင် အနည်း ဆုံး အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါသော လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ။  လက်မဆေးဘဲ  နှာခေါင်းနှင့်ပါးစပ်ကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။  ချောင်းဆိုး၊  နှာချေသည့်အခါ  ပါးစပ်နှင့်နှာခေါင်းကို တစ်ရှူး သို့မဟုတ် တံတောင်ဆစ်ဖြင့်အုပ်ပါ။ တစ်ရှူးများကို စနစ်တကျ စွန့်ပစ်ပြီး လက်ကိုချက်ချင်းဆေးကြောပါ။ လူထူထပ်သောနေရာများသို့သွားခြင်းမှရှောင်ကြဉ်ပြီး မဖြစ်မနေသွားရန်လိုအပ်လျှင် ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ပါ။ လူစည်ကားသော သို့မဟုတ် လေဝင်လေ ထွက်မကောင်းသောနေရာများကို ရှောင်ကြဉ်ပါ။

ကာကွယ်ဆေးထိုးခြင်းသည် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုကိုတားဆီးရာတွင် အထောက်အကူဖြစ်စေပြီး ပြင်းထန်ဖျားနာမှု နှင့် ရေရှည်နောက်ဆက်တွဲပြဿနာများကိုကာကွယ်ရန် အထိရောက် ဆုံးနည်းလမ်းဖြစ်သည်။ အသက်ခြောက်လနှင့်အထက် လူတိုင်းအတွက် ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးခြင်းသည် တုပ်ကွေးဖြစ်နိုင်ခြေနှင့်တုပ်ကွေးလက္ခဏာများ၏ပြင်းထန်မှုကိုလျှော့ချနိုင်သည်။

ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွားခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် နှစ်စဉ် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများကို ထိုးထားသင့်သည်။ ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ပါ။ လုံလောက်စွာအိပ်စက်ပါ၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲပါ။

အကယ်၍အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ကူးစက်ခံရသောလက္ခဏာများ  ပေါ်ပေါက်လာပါက  အဖျားမရှိသည့်တိုင်အောင် အနည်းဆုံး ၂၄ နာရီအိမ်တွင်နေပြီး တခြားသူများနှင့် ဝေးဝေးနေပါ။ ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ဆောင်သောအခါ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ပါ။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်း များကို သတိပြုလိုက်နာဆောင်ရွက်ပါ။

အချုပ်အားဖြင့်ဆိုရသော် ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအကျိုးသက်ရောက်မှုများ  ခံစားခဲ့ရပြီးနောက် ပေါ်ပေါက်လာသောနောက်ဆက်တွဲရောဂါတစ်ခုမှာ ကိုဗစ်-၁၉  ရောဂါ မှ ပြန်လည်ကောင်းမွန်လာပြီးနောက် သွေးချိုဆီးချိုရောဂါဖြစ်လာနိုင် ခြင်းဖြစ်သည်။  ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည်  ကိုဗစ်-၁၉ ရောဂါ၏   နောက်ဆက်တွဲအကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ လူထုအား  အသိပညာပေးခြင်းဖြင့်  အသိပညာမြှင့်တင်ရန်၊  ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များချမှတ်ရန်နှင့်  စစ်ဆေးကုသပေးရန်ပြင်ဆင်ထားသင့်ကြောင်း တင်ပြအပ်ပါသည်။

MWD Web Portal

ဒေါက်တာသိင်္ဂီကျော်

အအေးကြိုက်သူများ ဆီးချိုရောဂါဖြစ်နိုင်ခြေ ပို၍များ
-

ဆီးချိုရောဂါသည် ယခုမှပေါ်လာသောရောဂါမဟုတ်ပေ။ ရှေးနှစ်ပေါင်း ၁၀၀၀ ခန့်က အာယုဗ္ဗေဒဆေးကျမ်းများတွင် တွေ့ရှိရသော 'မဓုပမေဟ' ခေါ် ဆီးတွင် ပုရွက်ဆိတ်များအုံသောရောဂါ အကြောင်းမှာ ဆီးချိုရောဂါ၏ လက္ခဏာများပင်ဖြစ်သည်။ ယခုအခါ သွေးချို၊ ဆီးချိုရောဂါဟု ဆရာဝန်ကြီးများက ခေါ်ဝေါ်သုံးစွဲလာသည်။ သွေးချိုရှိလျှင် ဆီးချိုရောဂါနှင့် အတူတူပင်ဖြစ်သည်။ ဆီးကို ပုရွက်ဆိတ်အုံသည့် အဆင့်ရောက်လျှင် သွေးချိုမှာ အတော်ပင်မြင့်နေပြီဖြစ်သည်။ လူတစ်ယောက် ပိန်ရာမှ ဝလာလျှင် သွေးတိုးရောဂါ၊ အသည်းအဆီဖုံးရောဂါတို့ကို ကြောက်၍ သတိထားစစ်ဆေးကြသော်လည်း ဆီးချိုရောဂါကို သတိမေ့နေတတ်ကြသည်။ ထို့ကြောင့် ဆီးချိုရောဂါ ဖြစ်

ဆီးချိုရောဂါသည် ယခုမှပေါ်လာသောရောဂါမဟုတ်ပေ။ ရှေးနှစ်ပေါင်း ၁၀၀၀ ခန့်က အာယုဗ္ဗေဒဆေးကျမ်းများတွင် တွေ့ရှိရသော 'မဓုပမေဟ' ခေါ် ဆီးတွင် ပုရွက်ဆိတ်များအုံသောရောဂါ အကြောင်းမှာ ဆီးချိုရောဂါ၏ လက္ခဏာများပင်ဖြစ်သည်။ ယခုအခါ သွေးချို၊ ဆီးချိုရောဂါဟု ဆရာဝန်ကြီးများက ခေါ်ဝေါ်သုံးစွဲလာသည်။ သွေးချိုရှိလျှင် ဆီးချိုရောဂါနှင့် အတူတူပင်ဖြစ်သည်။ ဆီးကို ပုရွက်ဆိတ်အုံသည့် အဆင့်ရောက်လျှင် သွေးချိုမှာ အတော်ပင်မြင့်နေပြီဖြစ်သည်။ လူတစ်ယောက် ပိန်ရာမှ ဝလာလျှင် သွေးတိုးရောဂါ၊ အသည်းအဆီဖုံးရောဂါတို့ကို ကြောက်၍ သတိထားစစ်ဆေးကြသော်လည်း ဆီးချိုရောဂါကို သတိမေ့နေတတ်ကြသည်။ ထို့ကြောင့် ဆီးချိုရောဂါ ဖြစ်ကြောင်းသိလျှင် နောက်ကျနေပြီဖြစ်တတ်သည်။ ဖြစ်နေသည်ကို နှစ်ချီကြာသည်အထိ မသိရှိ၊ သတိမထားမိဖြစ်တတ်ကြသည်။ မိတ်ဆွေတစ်ဦးသည် ခြေစွယ်ငုပ်သဖြင့် ဓားဦးချွန်ဖြင့် ဖော်လိုက်ရာမှ အနာမကျက်ဘဲ ပြည်တည်လာသည်။ ခြေမတစ်ဝိုက် ညိုမည်းပြီး ပုပ်တော့မည့်အနေအထားဖြစ်လာမှ ဆေးရုံပြပြီး စစ်ဆေးလိုက်သောအခါ သွေးချို၊ ဆီးချိုအဆင့် ၁၂ အထိတက်နေကြောင်း သိရသည်။ ဆီးချိုအမြန်ချပြီး ကုသလိုက်ရသည်။ ခြေမ မဖြတ်လိုက်ရသည်မှာ ကံကောင်းသည်ဟု ဆရာဝန်ကြီးကပြောသည်။ 'မဓုပမေဟ' ခေါ် ဆီးချိုရောဂါ၏အစမှာ အအေးကြိုက်ခြင်းကြောင့်ဖြစ်သည်ဟု ရှေးဆေးကျမ်းများက ဆိုသည်။ ခန္ဓာကိုယ် အအေးကြိုက်ခြင်းသာမက အေးသောအစားအစာကို ကြိုက်နှစ်သက်မှုလွန်ကဲခြင်းကြောင့် ဆီးချိုရောဂါဖြစ်နိုင်သည်။ ချိုသောအစာကို ကြိုက်နှစ်သက်လွန်းလျှင်လည်း ဖြစ်နိုင်သည်။ အချိုဓာတ်သည် သီတပထဝီဓာတ်ဟုခေါ်၍ ဝမ်းထဲရောက်ပြီး ခုနစ်နာရီခန့်ကြာသောအခါ သွေးထဲသို့ ရသရည်အဖြစ် ရောက်သည်။ ရသရည်အရောက်များသဖြင့် မကြေကျက်နိုင်သောအခါ သွေးချိုရောဂါ ဖြစ်ရသည်။ သွေးချိုရောဂါမှ စွန့်ထုတ်သောဆီးတွင် သကြားဓာတ်များပါသွားသဖြင့် ဆီးချိုရောဂါဟု ခေါ်ဆိုခြင်းဖြစ်သည်။ ယခုခေတ်တွင် နောက်ထပ်ပေါ်လာသော အအေးစာတစ်မျိုးမှာ ရေခဲသေတ္တာတွင် ကြာရှည်စွာသိမ်းထားသော အသားနှင့် အသီးများဖြစ်သည်။ မီးဖြင့် ချက်စားသော်လည်း အတွင်းတွင် အောင်းနေသော သီတဓာတ်ကို ပျက်အောင်မချက်နိုင်သဖြင့် ရသရည်မှတစ်ဆင့် သွေးထဲ ရောက်သွားပြီး သွေးချိုရောဂါ ဝင်လာတတ်သည်။ ကျန်းမာရေးအတွက် ဆီးချိုရောဂါ၊ သွေးချိုရောဂါကို ရှောင်လိုလျှင် သဘာဝအတိုင်း လတ်ဆတ်သော အသီးအနှံ ကိုသာ ရွေးချယ်စားသုံးသင့်သည်။ ပင်လယ်ငါးစားခြင်းဖြင့် Omega-3 ဖက်တီးအက်စစ်တို့ပါဝင်သဖြင့် သွေးတွင်းအဆီ၊ မကောင်းသောအဆီကျစေသည်ဟု ဆိုကြသော်လည်း ရေခဲရိုက်ထားသော လချီကြာသည့် ပင်လယ်ငါးများမှာ စားသုံးရန်မသင့်ပေ။ ရေခဲစိမ်ကြက်သား၊ ရေခဲစိမ်ငါးများကြောင့် အစာအဆိပ်သင့်ရောဂါနှင့် သွေးချို၊ ဆီးချိုရောဂါများ ဖြစ်ပွားနိုင်သည်။ မျိုးရိုးကြောင့် မဟုတ်ဘဲ သွေးချို၊ ဆီးချိုရောဂါရသူများမှာ ရေခဲရိုက်အစားအစာများကို နှစ်သက်စွာ စားသုံးသူများဖြစ်ကြောင်း လေ့လာသိရှိရသည်။ အအေးခန်းတွင် အိပ်စက်ခြင်းနှင့် အအေးခန်းတွင် နေ့စဉ် အလုပ်လုပ်ရခြင်းကြောင့်လည်း ကြာလျှင် ဆီးချိုရောဂါ ဝင်လာနိုင်သည်။ ကလေးများကို ငယ်စဉ်ကတည်းက အအေးနှင့် အချိုကြိုက်အောင် မပြုလုပ်သင့်ပေ။ ကလေးများသာမက သက်လတ်ပိုင်း အသက် ၄ဝ အရွယ်ရောက်မှ ကျွဲရိုင်းအချိုရည်သံဘူးကို တစ်ရက်လျှင် ၁ဝ ဘူးခန့်သောက်သုံးခဲ့သည့် အနုပညာရှင်တစ်ဦးကို တွေ့ဖူးသည်။ ၎င်းသည် အရက်သေစာမသောက်ဘဲ အသက်ငယ်ငယ်နှင့် သွေးချို၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ပျက်စီးရောဂါတို့ဖြင့် ကွယ်လွန်သွားရသည်။ ပညာရှင်ဖြစ် ၍ နှမြောစရာပင်ဖြစ်သည်။ အလုပ်ပင်ပန်းသည်ကို အကြောင်းပြု၍ အချိုရည်သံဘူးများ အလွယ်တကူ သောက်သုံးခြင်းအကျင့်ကို သတိပြု ရှောင်ကြဉ်သင့်သည်။ဂက်စ်ပါသော အချိုရည်များကို နေ့စဉ်သောက်သုံးခြင်းကြောင့် အသက်ငယ်ငယ်နှင့် ဆီးချိုရောဂါ ခံစားနေရသူများလည်း ရှိသည်။ အေးစိမ့်၍ နေရောင်ခြည်မရသော အိပ်ခန်းများ၌ နေထိုင်သည့် လူကြီးများတွင် အချိုမစားဘဲ သွေးချို၊ ဆီးချိုရောဂါ ဝင်ရောက်လာတတ်သည်။ သွေးချို၊ ဆီးချိုရောဂါသည် ဖြစ်ပြီးလျှင် ပျောက်ရန်ခက်ခဲသည့်ရောဂါဖြစ်သဖြင့် မဖြစ်မီ ကြိုတင်သတိရှိသင့်ကြောင်း တင်ပြအပ်ပါသည်။ ။

MWD Webportal

ကြည်လွင်မြင့် (မုဒြာ)