သက်ကြီးသတိမေ့ရောဂါသည် ဦးနှောက်နှင့်အာရုံကြောဆဲလ်များ တဖြည်းဖြည်း ပျက်စီးယိုယွင်း လာခြင်းကြောင့် လုပ်ဆောင်နိုင်စွမ်းလျော့နည်းလာကာ တစ်ပါးသူကို မှီခိုအားထားနေရသည့် အသက် အရွယ်ရလာသည်နှင့်အမျှ ခံစားရနိုင်သောရောဂါတစ်ခုဖြစ်သည်။

၂၀၂၁ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်၌ လူဦးရေ ၅၇ သန်းသည် သက်ကြီးသတိမေ့ရောဂါခံစားနေကြရပြီး နှစ်စဉ် လူနာသစ် ၁၀ သန်းခန့်ရှိလာ နိုင်ကြောင်း သိရသည်။ များသောအားဖြင့် အသက် ၆၅ နှစ်ကျော်လျှင် ခံစားရနိုင်ပြီး အသက် ၆၅ နှစ်တွင် ရောဂါခံစားရသူမှာ ကမ္ဘာ့လူဦးရေ ၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိသော်လည်း အသက် ၈၅ နှစ်အထက်တွင် ၁၃ ဒသမ ၁ ရာခိုင်နှုန်းအထိ ဖြစ်လာသည်။
မေ့လျော့ခြင်းဆိုင်ရာဝေဒနာများခံစားရခြင်း
အဓိကအားဖြင့် မှတ်ဉာဏ်လျော့နည်းလာသောကြောင့် မကြာမီက ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်၊ ပြောစကားများကို မမှတ်မိတော့ဘဲ ထမင်းစားပြီး၊ မပြီး၊ မည်သည့်ဟင်းနှင့်စားသည်ကိုပင် မမှတ်မိနိုင်ဖြစ် လာတတ်သည်။ မူလကသိရှိပြီးသူများကို နာမည်ခေါ်ရန်ခက်ခဲခြင်း၊ ပစ္စည်းများ၏ အမည်မမှတ်မိခြင်း၊ မိသားစုဝင်များကို မသိတော့ခြင်းများ ခံစားရတတ်သည်။ အစတွင် မှတ်စုစာအုပ်များ၌ မှတ်သားထားခြင်းဖြင့် သတိပြန်ရရန် ကြိုးစားလုပ်ဆောင်နိုင်ခဲ့သော်လည်း အချိန်ကြာလာ သည်နှင့်အမျှ မေ့လျော့မှုမှာ ပို၍သိသာထင်ရှားလာသည်။ ပစ္စည်းများကို ပုံမှန်မဟုတ်သောနေရာများတွင်ထားမိပြီး ရှာမတွေ့ဖြစ်တတ်ကာ အနီးကပ်နေသူ မိသားစုဝင်များက ခိုးယူသည်ဟု ထင်မိတတ်သည်။ ထို့ပြင် နေ့ရက်များမမှတ်မိတော့ခြင်း၊ မိမိရောက်နေသည့်နေရာကို မသိတော့ခြင်း၊ လမ်းများမမှတ်မိခြင်းတို့ ဖြစ်လာနိုင်သည်။
တွေးခေါ်မြော်မြင်ခြင်း၊ စီမံခန့်ခွဲခြင်းတို့တွင် အခက်အခဲဖြစ်လာသောကြောင့် ခက်ခဲရှုပ်ထွေးသော အလုပ်များကို လုပ်ဆောင်နိုင်ရန် မလွယ်တော့သည့်အပြင် နေ့စဉ်ပုံမှန်ကိစ္စများပင် မဆောင်ရွက်နိုင်တော့ပေ။
စဉ်းစားဆုံးဖြတ်နိုင်စွမ်းနည်းလာသဖြင့် ပြဿနာများကို ကောင်းစွာ မဖြေရှင်းနိုင်ဖြစ်လာသည်သာမက ဆုံးဖြတ်ချက်အမှားများကိုလည်း ချမိလာကြသည်။ ဟင်းချက်ရာတွင် အရသာမမှန်ခြင်း၊ ငွေကြေးစီမံရန် ခက်ခဲလာခြင်းနှင့် သောက်ရန်ဆေးများ မရွေးချယ်နိုင်ခြင်းတို့ ဖြစ်လာ တတ်သည်။ မိမိ၏တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း ဂရုစိုက်မှုနည်း လာသည်။ စကားပြောရာတွင် ပြောရမည့်စကားလုံးများ ရွေးချယ်ရန် ခက်ခဲလာပြီး စကားအမှားများပြောမိတတ်သောကြောင့် လူမှုဆက်ဆံ ရေးတွင် အဆင်မပြေဖြစ်လာတတ်သည်။
စိတ်ပိုင်းဆိုင်ရာခံစားရမှုများ ပြောင်းလဲလာခြင်း
မှတ်ဉာဏ်နှင့် ဦးနှောက်စွမ်းရည်လုပ်ဆောင်မှုများ အားနည်းလာခြင်း နှင့်အတူ စိတ်ပိုင်းဆိုင်ရာ ခံစားသိမြင်မှုများ ပြောင်းလဲလာကြသည်။ ရုတ်တရက်စိတ်တိုလွယ်ခြင်း၊ စိတ်အလိုမကျဖြစ်ခြင်း၊ ဝမ်းနည်းလွယ် ခြင်းများ ခံစားရတတ်သကဲ့သို့ မိမိနှင့်မိသားစုဝင်များ ဘေးရန်ရောက် မည်ကို လွန်ကဲစွာစိုးရိမ်ပူပန်ခြင်း၊ စိတ်သောကများ၍ စိတ်ဓာတ်ကျ ခြင်းများ ခံစားရတတ်သည်။ ထို့ပြင် မကြာခဏအထင်အမြင်မှားမှု များကြောင့် မိမိအိမ်တွင်း လူဝင်နေခြင်း၊ သူခိုးဝင်ခြင်းရှိသည်ဟု ထင်မိ သည်သာမက မိမိပိုင်ပစ္စည်းများခိုးယူနေသည်၊ မိမိအစားအသောက် များတွင် အဆိပ်ခတ်သည်ဟုလည်း ယူဆတတ်သည်။ မိသားစုဝင်များကို မကြာခဏအပြစ်ရှာဆူပူနေတတ်ပြီး တစ်ခါတစ်ရံ အလွန်အမင်းဒေါသ ထွက်၍ ပတ်ဝန်းကျင်ရှိလူများကို ကြမ်းတမ်းစွာဆက်ဆံတတ်သည်။ မိမိစိတ်ကိုမထိန်းနိုင်ဘဲ နေအိမ်မှ ခြေဦးတည့်ရာလျှောက်သွား၍ ပြန်ရန် နေရာမမှတ်မိဘဲ ဖြစ်တတ်သည်။
လုပ်ဆောင်နိုင်စွမ်းရည်နှင့် လူမှုဆက်ဆံရေးအားနည်းလာခြင်း
တချို့သောရောဂါခံစားရသူများတွင် အချိန်ကြာလာသည်နှင့်အမျှ လှုပ်ရှားသွားလာရန်၊ ဟန်ချက်ထိန်းရန် ခက်ခဲလာပြီး ဆီး၊ ဝမ်းမထိန်းနိုင်ဘဲ အလိုအလျောက်ထွက်ကျတတ်သဖြင့် လူအများကြားသွားရန် အဆင် မပြေဖြစ်လာတတ်သည်။ တစ်ကိုယ်ရေတစ်ကာယ လုပ်ဆောင်မှုများဖြစ်သော စားသောက်ခြင်း၊ ရေချိုးခြင်း၊ အဝတ်အစားဝတ်ဆင်ခြင်းတို့ကို ပင် မိမိကိုယ်တိုင်မပြုလုပ်နိုင်ဘဲ တခြားကူညီမည့်သူကို မှီခိုလာကြသည်။ ညဘက်တွင် ကောင်းစွာအိပ်မပျော်ဘဲ နေ့၊ ညအိပ်ချိန်လွဲခြင်း၊ အိပ်မက် ဆိုးများမက်ခြင်းကြောင့် လူရောစိတ်ပါ မလန်းဆန်းဖြစ်လာရသည်။ ထိုအချက်များကြောင့်ပင် လူစုလူဝေး အဖွဲ့အစည်းလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လိုစိတ် နည်းလာပြီး အိမ်တွင်း၌သာ အနေများလာသည်။ ပြုစုစောင့်ရှောက်မည့်သူများ အပေါ်တွင် ပို၍မှီခိုအားထားလာကြသည်။
သက်ကြီးသတိမေ့ရောဂါအမျိုးအစားများ
သက်ကြီးသတိမေ့ရောဂါတွင် ဦးနှောက်အတွင်း ပုံမှန်မဟုတ်သော ပရိုတင်းဓာတ်များစုပုံလာမှုကြောင့် အာရုံကြောဆဲလ်များ ပျက်စီးသေဆုံးခြင်းနှင့်အတူ အာရုံကြောကွန်ရက်များ ဆက်သွယ်ဆောင်ရွက် နိုင်မှုအားနည်းလာကြသည်။ သက်ရောက်သည့် ဦးနှောက်၏နေရာကို လိုက်၍လည်းကောင်း၊ စုပုံလာသော ပရိုတင်းအမျိုးအစားပေါ်မူတည်၍ လည်းကောင်း၊ ဖြစ်ရသောအကြောင်းရင်း ပေါ်မူတည်၍ လည်းကောင်း ရောဂါအမျိုးအစားများကွဲပြားကြသည်။ မျိုးရိုးဗီဇပုံမမှန်မှုများကို ဆက်ခံရခြင်းကြောင့်လည်း ဖြစ်ရကြောင်းတွေ့ရသည်။
Alzheimer’s Disease
Dementia လူနာ၏ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းမှာ အယ်လ် ဇိုင်းမားရောဂါဖြစ်ပြီး မျိုးရိုးဗီဇဆက်ခံမှုနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရသည်။ ပုံမှန်မဟုတ်သောပရိုတင်းများ၊ အမျှင်များ (Amyloid Plaques နှင့် Tau Tangles) ဦးနှောက်အတွင်းစုပုံလာခြင်းကြောင့် အာရုံကြောဆဲလ်များ၏ လုပ်ငန်းဆောင်ရွက်မှုများပျက်စီးကာ အချိန်ကြာလာသည်နှင့်အမျှ အာရုံကြောဆဲလ်များ သေဆုံးလာရပြီး ရောဂါလက္ခဏာများ ခံစားလာရသည်။ အဓိကအားဖြင့် လတ်တလောအဖြစ် အပျက်များနှင့်ပတ်သက်သည့် မှတ်ဉာဏ်လျော့နည်းလာပြီး နောက်ပိုင်းတွင် နေ့စဉ်ဆောင်ရွက်ဖွယ် ကိစ္စများကိုပင် မဆောင်ရွက်နိုင်ဖြစ်လာသည်။
Vascular Dementia
ဒုတိယအဖြစ် အများဆုံးမေ့လျော့ရောဂါဖြစ်ပြီး ဦးနှောက်အတွင်း သွေးကြောပိတ်၊ သွေးကြောပေါက် ခြင်းကြောင့် လေဖြတ်ရောဂါခံစားရကာ အာရုံကြောဆဲလ်များ၏ လုပ်ဆောင်နိုင်စွမ်းကျဆင်းလာခြင်း
ကြောင့် ဖြစ်ရသည်။ အထူးသဖြင့် စဉ်းစားတွေးခေါ်မှု၊ စီမံခန့်ခွဲမှုအားနည်းလာပြီး ဟန်ချက် ထိန်းနိုင်မှုနှင့် ပေါင်းစပ်လုပ်ကိုင်နိုင်စွမ်း ကျဆင်းလာကာ စိတ်ကျဝေဒနာပါ တွဲဖက်ခံ စားရတတ်သည်။
Lewy Body Dementia
ထိုသက်ကြီးသတိမေ့ရောဂါသည် ပုံမှန်မဟုတ်သောပရိုတင်းများ (Lewy Bodies) ဦးနှောက်တွင် စုပုံလာမှုကြောင့်ဖြစ်လာရပြီး Parkinson တုံ့တုန်နှေးရောဂါနှင့် တွဲဖက်တွေ့ရှိရသည်။ မေ့လျော့ခြင်းထက် ပြဿနာ များဖြေရှင်းရန်၊ စီမံခန့်ခွဲရန်ခက်ခဲပြီး မိမိရောက်ရှိနေသောပတ်ဝန်းကျင် နေရာကို မသိဘဲဖြစ်တတ်သည်။ အာရုံစူးစိုက်မှုနည်းလာကာ ထင်ယောင် ထင်မှားဖြစ်ခြင်း၊ အမြင်မှားခြင်းများ ခံစားရသည့်အပြင် အိပ်စက်ရာတွင် အိပ်မက်ဆိုးများမက်၍ ကယောင်ကတမ်းဖြစ်ခြင်း၊ အိပ်စက်ရန်ခက်ခဲ ခြင်းများ ခံစားကြရသည်။ ခံစားရသောဝေဒနာများမှာ ကောင်းတစ်လှည့်၊ ဆိုးတစ်လှည့်ဖြင့် ပြောင်းလဲနေတတ်သည်။
Frontotemporal Dementia
ထိုသတိမေ့ရောဂါအမျိုးအစားသည် အသက် ၆၅ နှစ်အောက်အသက် ပိုင်းတွင်တွေ့ရှိရပြီး ဦးခေါင်းရှေ့နှင့်ဘေးဘက်ရှိ ဦးနှောက်အစိတ် အပိုင်းများကျုံ့လာခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာကိုယ်ရည်ကိုယ်သွေးနှင့် အမူအကျင့်များပြောင်းလဲကာ သူတစ်ပါးကို စာနာနားလည်လိုစိတ်နည်းလာကြသည်။ မိမိကိုယ်ကိုမထိန်းချုပ်နိုင်ဘဲ ပတ်ဝန်းကျင်မှလူများကို ပြစ်တင်ပြောဆိုတတ်သည်။ သူတစ်ပါးပြော စကားများကို နားလည်ရန်ခက်ခဲပြီး ပြောဆိုရန်စကားလုံး ရှာရခက်သည့်အပြင် အစားအသောက်အကြိုက်ပုံစံ၊ အနေအထိုင်၊ အပြုအမူများပါ ပြောင်းလဲ လာတတ်သည်။
Mixed Dementia
အယ်လ်ဇိုင်းမားနှင့် ဦးနှောက်တွင်း သွေးဖြန့်ဝေမှု နည်းသောကြောင့် ဖြစ်ရသော သတိမေ့ရောဂါများသည် တစ်ခါတစ်ရံတွဲဖက်တွေ့ရတတ်ပြီး ရောဂါလက္ခဏာများမှာ ပို၍သိသာ ဆိုးရွားတတ်သည်။ Parkinson တုံ့တုန်နှေးရောဂါကိုယ်တိုင်ကပင် အချိန်ကြာလာသည်နှင့်အမျှ သက်ကြီးသတိမေ့ရောဂါ လက္ခဏာများ ပေါ်ပေါက်လာတတ်သကဲ့သို့ တခြားသောဦးနှောက် အာရုံကြော များသည်လည်း မေ့လျော့ရောဂါလက္ခဏာများ ခံစားရနိုင်သည်။
သက်ကြီးသတိမေ့ရောဂါ ခံစားနေရသော သူများသည် ရောဂါအစတွင် သတိမေ့လွယ်ပြီး စိတ်ခံစားမှုများ ပြောင်းလဲလာတတ်သော်လည်း ရောဂါခံစားရမှု ကြာလာသည်နှင့်အမျှ လုပ်ကိုင် ဆောင်ရွက်နိုင်စွမ်း၊ ပြောဆိုဆက်သွယ်နိုင်စွမ်း အားနည်းလာပြီး အမူအကျင့်များပါ ပြောင်းလဲ လာသည့်အပြင် တစ်ကိုယ်ရေတစ်ကာယ နိစ္စဓူဝကိစ္စများ မဆောင်ရွက်နိုင် ဖြစ်လာသည်။ အစာဝါးခြင်း၊ မျိုချခြင်းတို့ ခက်ခဲလာသဖြင့် အာဟာရ ချို့တဲ့ခြင်း၊ အလွယ်တကူသီး၍အဆုတ်ရောင်ခြင်း၊ ဟန်ချက်မထိန်းနိုင်သဖြင့် အလွယ်တကူကျိုးပဲ့ဒဏ်ရာရခြင်းတို့ကြောင့် အသက်ဆုံးရှုံးသည် အထိ ဖြစ်လာနိုင်သည်။
သက်ကြီးသတိမေ့ရောဂါလက္ခဏာများကို သိမြင်ခြင်းဖြင့် မိမိပတ်ဝန်းကျင်မှ ဝေဒနာရှင်လူနာများကို စာနာနားလည်သည်းခံနိုင်ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ကူညီပေးနိုင်စေရန် ရည်ရွယ်ရေးသားလိုက်ရပါသည်။
Photo- Max Health Care

နာနတ်သီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အပြင် အလှအပရေးရာ အတွက်လည်း အကျိုးကျေးဇူးများစွာရှိသည်။ နာနတ်သီး၏ အချဉ်ဓာတ်အရသာကြောင့် ခံတွင်းပျက်နေသူများကို အစာစားချင်စိတ် ဖြစ်စေပြီး ခံတွင်းရှင်းစေသည်။ အစားအစာများတွင် ထည့်ချက်လျှင်လည်း အညှီနံ့ပျောက်ပြီး မွှေးရနံ့ သင်းပျံ့စေသည်။
နာနတ်သီးစားသုံးမှုပုံစံများ

နာနတ်သီးကို ဖျော်ရည်၊ နာနတ်ယို၊ ဒိုမီနို၊ ကျောက်ကျော၊ ဂျယ်လီ၊ သကြားလုံး၊ ပီကေ စသည်တို့အပြင် တာရှည်အထားခံရန် အရည်ညှစ်ပြီး သစ်သီးခြောက် ပြုလုပ်၍လည်းကောင်း၊ စည်သွတ်ဘူးဖြင့်လည်းကောင်း ရေခဲသေတ္တာတွင် ထိန်းသိမ်းသိုလှောင် စားသုံးကြသည်။ ထို့ပြင် ထမင်းကြော်၊ အသုပ်၊ နာနတ်သီးဆော့စ် အဖြစ်သာမက ဟင်းလျာများ အထူးသဖြင့် အနောက်တိုင်း ဟင်းလျာများတွင်လည်း အရသာထူးကဲစေရန် နာနတ်သီးကို ထည့်သွင်းချက်ပြုတ်လေ့ရှိသည်။
နာနတ်သီးတွင်ပါဝင်သော ဘရိုမီလိန်းအင်ဇိုင်း၏ ကျန်းမာရေးကောင်းကျိုးများ
နာနတ်သီးသည် ဘရိုမီလိန်း (Brome-lain) ဟုခေါ်သော အင်ဇိုင်းတစ်မျိုးပါဝင်ပြီး အစာချေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ ယင်းအင်ဇိုင်းသည် ပရိုတင်းဖွဲ့စည်းမှုကို ချေဖျက်နိုင်စွမ်းရှိသည့်အတွက် ကြီးမားခိုင်မာသည့် ပရိုတင်းအစိုင်အခဲများကိုပြိုကွဲစေပြီး Peptides နှင့် အမိုင်နို အက်စစ်များအဖြစ်သို့ပြောင်းသွားစေသည်။ ဘရိုမီလိန်းသည် သွေးခဲခြင်းနှင့် သွေးယိုစိမ့်ခြင်း အစွန်းနှစ်ဖက်ကို ထိန်းချုပ်နိုင်စွမ်း ရှိသောကြောင့် ကုထုံးများတွင် ကျယ်ပြန့်စွာ အထောက်အကူပြုလျက်ရှိပြီး ဘရိုမီလိန်းကို မီးလောင်နာဆဲလ် သေများအား ဖယ်ရှားရန်၊ အရောင်ကျ စေရန်နှင့် အရေပြားပေါ်တွင် ဖြစ်ပေါ်တတ်သည့်ကြွက်နို့ကဲ့သို့ အသားမာအဖုများကိုပင် ချေဖျက်နိုင်ရန် အသုံးပြုလျက် ရှိသည်။
နာနတ်သီးမှရရှိသော ဘရိုမီလိန်း ပရိုတင်းကိုကျန်းမာရေးဓာတ်စာအဖြစ်လည်း အသုံးပြုလျက်ရှိရာ ယင်းသည် ကင်ဆာဆဲလ်ကြီးထွားခြင်းကို နှောင့် ယှက်တားဆီးပြီး သွေးခဲခြင်းကို တားဆီးကာ ရောင်ရမ်းခြင်းကို လျော့ကျစေ၍ အနာမှပျက်စီးသော တစ်သျှူးများကို ဖယ်ရှားရန်လည်း ကူညီပါသည်။ နာနတ်သီးသည် အရေပြားကင်ဆာရောဂါအတွက်ဖြေဆေးတစ်ခွက်ဖြစ်သည်ဟု အမေရိကန် ကင်ဆာဂျာနယ် ဆေးဆောင်းပါးများထဲတွင် ဖော်ပြကြသည်။ နာနတ်သီးသည် လိမ္မော်သီးကဲ့သို့ပင် ဗီတာမင် - C ပါဝင်မှုမြင့်မားသဖြင့် အအေးမိ၊ နှာစေးနှင့် ချောင်းဆိုးခြင်းကို တိုက်ထုတ်ပေးပြီး နာနတ်သီးထဲတွင် ဘရိုမီလိန်း ဓာတ်ပါရှိနေသည့်အတွက် လိမ္မော်သီးထက် ပိုမိုအစွမ်းထက်စေသကဲ့သို့ ပန်းနာ၊ ရင်ကျပ်နှင့် အဆစ်အမျက် ကိုက်ခဲမှုကိုသက်သာစေသည်။
နာနတ်သီးဖျော်ရည်ကို ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကင်ညာ၊ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့၌ သောက်သုံးမှုပိုမိုများပြားပြီး သာမန်အသီး ဖျော်ရည်အနေဖြင့်သာမဟုတ်ဘဲ ဆေးဖက်ဝင်သည့် သဘောနှင့်ပါ သုံးစွဲကြခြင်းဖြစ်သည်။ သဘာဝအတိုင်း အာဟာရဓာတ်အပြည့်ဝဆုံးရစေရန် နာနတ်သီးကို အတုံးလေးများစိတ်ပြီး ကြိတ်စက်ဖြင့် ဖျော်သောက်ရာ၌ နာနတ်သီးတွင် အချို ဓာတ်အရသာ Flavonoid များပါဝင်သော ကြောင့် အသက်အရွယ်မရွေးသောက်ပေး နိုင်ပြီး နံနက်အစောပိုင်းအချိန် သောက်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။
ရောင်ရမ်းမှုကိုကျစေသော နာနတ်သီးဖျော်ရည်
နာနတ်သီးဖျော်ရည်တွင် ဗီတာမင်နှင့် သတ္တုဓာတ်များအပြင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်သဖြင့် အဆိုပါဓာတ်ပစ္စည်းများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဖိစီးမှု၊ ကျန်းမာရေးနှင့်မညီညွတ်သော စားသောက်မှု ပုံစံတို့ကြောင့် ဖြစ်ပေါ်လာသော Free Radical ဟုခေါ်သည့် ဓာတ်ပစ္စည်းများကို ဓာတ်ပြယ်အောင် စွမ်းဆောင်ပေးသည့်အပြင် အများအပြား ပါဝင်သည့် ဘရိုမီလိန်းဓာတ်သည် နာတာရှည်ရောဂါပေါင်းစုံ၏ ရောင်ရမ်းမှုကို ကျစေခြင်း၊ အစာချေဖျက်မှု ကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအားမြင့်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေသည်။ သုတေ သနတချို့အရ ဘရိုမီလိန်းဓာတ်သည် စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ (NSAID)ကဲ့သို့ ထိရောက်မှုရှိသည် ဟုဆိုသည်။ ဘရိုမီလိန်းသည် ထိခိုက်မိခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကြောင့် ရရှိလာသော ရောင်ရမ်းမှုကိုကျစေခြင်း၊ အနာများကိုကျက်စေခြင်း စသည့် ဂုဏ်သတ္တိ များရှိကြောင်း သိရသည်။ အားကစား ပြုလုပ်ရာမှ ထိခိုက်ဒဏ်ရာရခြင်း၊ လေးဖက် နာအဆစ်ရောင်ခြင်းနှင့် အရိုးအဆစ်ရောင်ခြင်းတို့အတွက်လည်း အကျိုးရှိ အသုံးဝင်သည်။
ကိုယ်ခံစွမ်းအားမြင့်စေနိုင်
နာနတ်သီးတွင် ပါဝင်သည့် ဘရိုမီလိန်း ဓာတ်သည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အဆုတ်ရောင်ခြင်း၊ ထိပ်ကပ်နာ၊ အဆုတ်လေပြွန်ရောင်ခြင်းတို့ကို လျင်မြန်စွာ သက်သာစေသည်။ ပဋိဇီဝဆေးများနှင့် တွဲဖက်သုံးစွဲချိန်တွင် ပိုမိုသိသာသော်လည်း ပိုမိုခိုင်မာစေရန်အတွက် သုတေသနများစွာ ထပ်မံပြုလုပ်ရန် လိုအပ်သေးသည်ဟုဆိုကြသည်။ နာနတ်သီးသည် အချိန်တိုအတွင်းမှာပင် ပေါင်ချိန်ကျစေသည့်အတွက်ကိုယ်အလေးချိန် မတက်အောင် ထိန်းသိမ်းပေးနိုင်သကဲ့သို့ မှတ်ဉာဏ်စွမ်းအားကိုလည်း တိုးတက်မြင့်မားစေသည်။
အရိုးများကို ကျန်းမာစေနိုင်
နာနတ်သီးတွင် မဂ္ဂနိစ်သတ္တုဓာတ် ကြွယ်ဝစွာပါရှိခြင်းကြောင့် အရိုးများကို ကျန်းမာကြံ့ခိုင်စေပြီး အရိုးနှင့်ဆက်စပ်သော တစ်သျှူး၊ အရွတ်၊ အကြောတို့ကိုပါ သန်စွမ်းအားကောင်းစေသည်။ ထို့ကြောင့် လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများအတွက် အရိုးသန်စွမ်း ကြီးထွားမှုမြန်ဆန်စေပြီးလူကြီးပိုင်းများအတွက် အရိုးခိုင်မာစေသောကြောင့် အရွယ်သုံးပါးမရွေး နာနတ်သီးဖျော်ရည်တစ်ခွက် နေ့စဉ်သောက်သုံးပေးခြင်းဖြင့် တစ်နေ့တာ လိုအပ်နေသော မဂ္ဂနိစ်သတ္တုဓာတ် ၇၃ ရာခိုင်နှုန်းခန့် ရရှိစေနိုင်သည်။
သဘာဝဆီးရွှင်ဆေးနာနတ်သီး
သဘာဝဆီးရွှင်ဆေးအဖြစ် နာနတ်သီးကို အားကိုးအားထားပြုနိုင်သည်။ ထို့ပြင် ဆီးလမ်းကြောင်းပိုးဝင်ပါက ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ်လည်အောင်သောက်ရင်း နာနတ်သီးကိုပါ တွဲဖက်စားပေးခြင်းဖြင့် ကူးစက်ပိုးများမှ အချိန်တိုအတွင်း ကင်းဝေးစေနိုင်ကြောင်း မှတ်သားရသည်။
အစာအိမ်ပြဿနာများကို သက်သာစေနိုင်
နာနတ်သီးကို ကပ်ပါးပိုးနှင့် သန်ကောင်များ နှိမ်နင်းရန် အသုံးပြုပြီး အစာအိမ်ပြဿနာများကို သက်သာစေသည်။ နာနတ်သီးသည် အစာအိမ်မှထွက်ရှိသော အရည်နှင့်လွန်စွာ ဆင်တူသည့်အတွက် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ဝမ်းဖောဝမ်းရောင်ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း၊ အစာအိမ်နာနှင့်လေပူထိုးခြင်း တို့ကို သက်သာစေနိုင်သည်။ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပြီး ပန်းနာ၊ရင်ကျပ်ကို သက်သာစေကာ ချွဲသလိပ်ကြေစေသည်။ တချို့က ဓမ္မတာလာစေရန် လှုံ့ဆော်ရာတွင်လည်း နာနတ်သီးကို အသုံးပြုကြသည်။ နေ့လယ်စာစားသုံးပြီးမှ သုံးဆောင်ပါက အစာကြေညက်မှုကို အထောက်အကူပြုပြီး တခြားအစားအသောက်များနှင့် ယှဉ်တွဲစားသုံးလျှင် အစာချေဖျက်မှုအတွက် ကူညီပေးသည်။
နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်
နာနတ်သီးဖျော်ရည်တွင် တွေ့ရသည့် ဘရိုမီလိန်းဓာတ်သည် နှလုံးကျန်းမာရေး အတွက်လည်း အထောက်အကူပြုပြီး သွေးပေါင်ချိန်ကိုကျစေကာ သွေးခဲခြင်းကို ကာကွယ်ပေးနိုင်သည်ဟု သုတေသနတချို့တွင် ဆိုထားသည်။ နှလုံးကြွက်သား သွေးကောင်းကောင်း မရသောကြောင့် ရင်ဘတ်အောင့်ခြင်း ဖြစ်နိုင်ခြေလျော့ကျ စေသည်။
အမြင်အာရုံကောင်းမွန်စေနိုင်
နာနတ်သီးထဲတွင် ဘီတာကယ်ရိုတင်း (Beta-carotene) အမြောက်အမြားပါရှိ သည့်အတွက် အမြင်အာရုံကိုကောင်းမွန်စေနိုင်သည်။ နေ့စဉ် နာနတ်သီးစားပေးခြင်းဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းရောက်သောအချိန်တွင် အမြင်လွှာယိုယွင်း မှုဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သည်။ နာနတ်သီးကို တခြားအစားအသောက်များနှင့် တွဲပြီးစားသုံးခြင်းထက် နာနတ်သီးတစ်ခုတည်း သီးသန့်စားသုံးပေးခြင်းက အကျိုးကျေးဇူး ပိုမိုရရှိစေသည်။ နာနတ်သီးသည် အမြင်အာရုံကြည်လင် သန်စွမ်းရန် အထောက်အကူပြုသည့်အပြင် အသက်အရွယ်ကြောင့်ဖြစ်လာသော မျက်စိမှုန်ခြင်းကိုလည်း ကာကွယ်ပေးသည်။
အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်
နာနတ်သီးနှင့် သံလွင်ဆီတို့သည် အထူးသဖြင့် လည်ပင်းပိုင်းအရေပြားတွန့်ခြင်းအတွက် ကောင်းစွာထိရောက်သည်။ မျက်နှာကိုသန့်စင်အောင် ဆေးကြောပြီး နောက်သံလွင်ဆီစားပွဲတင်ဇွန်း နှစ်ဇွန်းကို လက်ဖဝါးဖြင့် အပေါ်ကိုပွတ်တင်၍ လည်ပင်းနှင့်မျက်နှာကို စက်ဝိုင်းပုံစံနှိပ်နယ်ပေးခြင်းဖြင့် အရေပြားမှအဆီကို စုပ်ယူပြီး လတ်ဆတ်သော နာနတ်ရည်တစ်ခွက်နှင့် နှင်းဆီရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းအရောကို မိနစ် ၂၀ ခန့်ထပ်မံ လိမ်းပေးပြီး မျက်နှာကိုရေသန့်ဖြင့် သစ် ခြင်းကို တစ်ပတ်တစ်ခါလုပ်ဆောင်ပါက အသားအရေတွန့်ခြင်းမှ ကာကွယ်ပေးသည်။
နာနတ်သီး၏ဘေးထွက်ဆိုးကျိုးများ
နာနတ်သီးစားသုံးခြင်းဖြင့် အလွန်အမင်း အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဓမ္မတာများခြင်း၊ ပျို့ခြင်း၊ အရေပြားအနီကွက်ထခြင်း၊ အလွန်အကျွံ စားသုံးပါက ပါးစပ် နှင့်ပါးများ ရောင်ရမ်းခြင်းတို့ဖြစ်နိုင်ပြီး ဘေးထွက်ဆိုးကျိုးများ ခံစားရပုံမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှုရှိနိုင် သည်။ အဆိုပါဘေးထွက် ဆိုးကျိုးများ တွင်မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများ လည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါက အပင်များအကြောင်း ကျွမ်းကျင်သူ သို့ မဟုတ် ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးမှု ပြုလုပ်ရမည်ဖြစ်သည်။
သတိပြုရန်
ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် နို့တိုက် မိခင်ဖြစ်နေလျှင်ဖြစ်စေ၊ တခြားဆေးဝါး များ သောက်သုံးနေလျှင်ဖြစ်စေ၊ နာနတ်သီးပါဝင် ပစ္စည်းများနှင့် ဓာတ်မတည့်လျှင် သို့မဟုတ် သဘာဝဆေးဖက်ဝင် အပင်များနှင့် ဓာတ်မတည့်လျှင် (ဥပမာ- ပျားရည်၊သံလွင်အပင်မှဝတ်မှုန်၊ တရုတ်နံနံကြီး၊ သင်္ဘောသီးတွင်ပါသော papain အင်ဇိုင်း)ဖြစ်စေ ဆရာဝန်ညွှန်ကြားချက် ဖြင့်သာ နာနတ်သီးကို စားသုံးသင့်သည်။ ကိုယ်ဝန်ဆောင်ကာလတွင် နာနတ်သီး စားသုံးခြင်းသည် အများစိုးရိမ်နေသကဲ့သို့ ကလေးပျက်ကျခြင်း မဖြစ်စေသော်လည်း များများစားပါက ဘေးထွက်ဆိုးကျိုးတချို့ရှိနိုင်သည်။ စားကောင်းပြီး ခံတွင်းရှင်းစေသည့် နာနတ်သီးက အစာအိမ်အတွင်း အချဉ်ဓာတ်များရာမှ ပြန်လျှံတက်ပြီး ရင်ပူခြင်းဖြစ်နိုင်သောကြောင့် သင့်လျော် သည့် ပမာဏလောက်သာ စားသုံးသင့်ပြီး ဓာတ်မတည့်ခြင်းနှင့် တန်ဆေးလွန်ဘေး ဆိုသကဲ့သို့ ချင့်ချိန်စားသုံးနိုင်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

ကမ္ဘာမြေကြီးပေါ်၌အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များသည် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပေါက်ရောက်သီးပွင့်နေကြပြီး တစ်ခုစီသည်လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီနှင့် ဆင်တူကြကာ အဆိုပါအစိတ်အပိုင်းများနှင့်သက်ဆိုင်သည့်ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးဆောင်လျက်ရှိခြင်းသည် သဘာဝ၏လက်ဆောင်တစ်ခုဖြစ်ကြောင်း ပညာရှင်များ၏အဆိုအရ သိရသည်။

သဘာဝတရားက ရောဂါဘယများကို ပျောက်ကင်းစေနိုင်သောအစားအစာများကို ဖန်တီးပေးထားသည်။ ဥပမာအားဖြင့်မုန်လာဥနီသည်မျက်လုံးနှင့်ဆင်တူပြီး မျက်စိကျန်းမာရေးအတွက်ကောင်းမွန်သည်ဟုလူသိများသည်။သစ်ကြားသီးသည် ဦးနှောက်နှင့်တူပြီး ဦးနှောက်လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးသဖြင့် မှတ်ဉာဏ် ကျန်းမာရေးကို မြှင့်တင်ပေးသည်ဟု ယူဆကြသည်။ ခရမ်းချဉ်သီးတွင် နှလုံးကဲ့သို့ အနီရောင်နှင့် အခန်းလေးခန်းပါရှိပြီး နှလုံးကျန်းမာရေးနှင့် ဆက်စပ်မှုရှိသည်။
ပဲစေ့များသည် ကျောက်ကပ်ကဲ့သို့ပုံသဏ္ဌာန်ရှိပြီး ကျောက်ကပ် လုပ်ဆောင်ချက်များကို အထောက်အကူဖြစ်စေသည်။ ထို့ပြင် ထောပတ် သီးသည် အမျိုးသမီးများ၏သားအိမ်နှင့်တူပြီး မျိုးပွားမှုဆိုင်ရာကျန်းမာ ရေးနှင့်ဆက်စပ်နေသည်။ တရုတ်နံနံပင်များသည် အရိုးနှင့်တူပြီး အရိုး ကျန်းမာရေးအတွက် ကောင်းမွန်သည်။ ချင်းသည် အစာအိမ်နှင့်တူပြီး အာယုဗ္ဗေဒဆေးကျမ်းအရ အစာမကြေခြင်းနှင့် ပျို့အန်ခြင်းကို သက်သာ စေသည့်အတွက် ကျော်ကြားသည်။
မုန်လာဥနီနှင့်မျက်စိ
မုန်လာဥနီတွင် ဗီတာမင်-A၊ ဗီတာမင်-C၊ Flavonoids နဲ့ Phytochemi-cal ကဲ့သို့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ ပါဝင်သည်။ လှီးထားသော မုန်လာဥနီသည် မျက်လုံးနှင့်ဆင်တူပြီး Beta-carotene ကြွယ်ဝစွာ ပါဝင်သောကြောင့် အမြင်အာရုံကောင်းမွန်စေရန်၊ အသက်အရွယ်နှင့် ဆိုင်သော အမြင်အာရုံယိုယွင်းခြင်းနှင့် အတွင်းတိမ်ဖြစ်နိုင်ခြေတို့ကိုကာကွယ်ပေးကြောင်း သိပ္ပံနည်းကျလေ့လာ မှုများက သက်သေပြခဲ့သည်။ မုန်လာဥနီကို ပုံမှန်စားသုံးပေးခြင်းဖြင့် မျက်လုံးသို့ သွေးစီးဆင်း မှုကို ကောင်းမွန်စေပြီး အမြင်အာရုံကို ကြည်လင်စေသည်။
သစ်ကြားသီးနှင့်ဦးနှောက်
အခွံမာသီး၏ အတွင်းဘက်တွင် ဦးနှောက်နှင့်တူညီသော ဘယ်ဘက် ခြမ်းနှင့် ညာဘက်ခြမ်း ပိုင်းခြားမှုအပြင် သစ်ကြားသီး၏မျက်နှာပြင်ရှိ အတွန့်ခေါက်များသည် ဦးနှောက်၏အတွန့်ခေါက် များကဲ့ သို့ပင် ထူးထူးခြားခြားဖြစ်နေသည်။သစ်ကြားသီးသည် ဦးနှောက်အတွင်းရှိ အာရုံကြော ပို့လွှတ်မှု၊ ချိတ်ဆက်မှုနှင့် ဦးနှောက်တစ်သျှူးများတွင် အချက်ပြမှုများကို ကူညီပေးသည်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနှင့် Omega-3 Fatty Acid ကြွယ်ဝသော ရင်းမြစ်တစ်ခုဖြစ်ပြီး တခြားသောအသီး အနှံများထက် ဖောလိတ် (ဗီတာမင် B-9) နှင့် ဗီတာမင်-E ပိုများသည်။ ဦးနှောက် ကျန်းမာရေးနှင့် မှတ်ဉာဏ်စွမ်းအားကို တိုးတက်ကောင်းမွန်စေပြီး ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည်။သစ်ကြားသီးစားခြင်းသည် မှတ်ဉာဏ်လျော့နည်းခြင်းကို ကာကွယ်ပေးပြီး အယ်လ်ဇိုင်းမားရောဂါ နှင့်ဆက်စပ်သော ပရိုတင်းအလွှာများကို ချေဖျက်ပေးသည်။
ခရမ်းချဉ်သီးနှင့်နှလုံး
ခရမ်းချဉ်သီးသည်အနီရောင်ဖြစ်ပြီးလှီးဖြတ်လိုက်သောအခါတွင်များသောအားဖြင့် အခန်းလေးခန်းပါ၀င်ကာနှလုံးဖွဲ့စည်းပုံနှင့်ဆင်တူသည်။ ခရမ်းချဉ်သီးတွင် lycopene ကြွယ်ဝပြီး နှလုံးသွေးကြော ကျဉ်းရောဂါ၊ ဆီးကျိတ်နှင့် ရင်သားကင်ဆာကို ကာကွယ်ပေးသည်။ ထို့ပြင် ခရမ်းချဉ်သီးတွင် ဖောလိတ်ဓာတ်ကြွယ်ဝပြီး ရိုးတွင်းခြင်ဆီနှင့် သွေးတွင်းအောက်ဆီဂျင်ပို့ဆောင်ရာတွင် ကူညီပေးသည့် သွေးနီဥဆဲလ်များထုတ် လုပ်မှုကို ကူညီပေးသည်။
တရုတ်နံနံနှင့်အရိုး
ရှည်လျားသောတရုတ်နံနံ၏အညှာနှင့်ရိုးတံသည်အရိုးတည် ဆောက်ပုံနှင့်တူပြီး ဆီလီကွန်နှင့် ဗီတာမင်-Kကြွယ်ဝသောကြောင့်အရိုးတည်ဆောက်ပုံနှင့်အရိုးအဆစ်သန်မာမှုအတွက်လိုအပ်သည်။အရိုးများကို ဆိုဒီယမ် ၂၃ ရာခိုင်နှုန်းဖြင့်ဖွဲ့စည်းထားပြီးတရုတ်နံနံတွင် ဆိုဒီယမ်ပါဝင်မှုနှင့်တူညီသည်။ Dimpleသည်အရိုးသိပ်သည်းဆနည်း ပါက တရုတ်နံနံဖျော်ရည်ကို သောက်သုံးရန် အကြံပြုထားသည်။
ချင်းနှင့်အစာအိမ်
အစာအိမ်ပုံသဏ္ဌာန်နှင့်ဆင်တူသောချင်းကိုဝမ်းပျက်၊ ဝမ်းလျှော ရောဂါနှင့် အစာအိမ်ရောဂါအမျိုးမျိုး ကိုကုသရာတွင် တွင်ကျယ်စွာ အသုံးပြုခဲ့သည်။ ချင်း၏အစာခြေဂုဏ်သတ္တိများကို ရှေးခေတ်ကတည်း က တိုင်းရင်းဆေးအသိအမှတ်ပြုခဲ့သည်မှာ နှစ် ၅၀၀၀ ကျော်ခဲ့သည်။ ထို့ပြင် ချင်းသည်အူမကြီးအကျိတ်များကြီးထွားမှုကို ဟန့်တားနိုင်သည် ။
မှိုနှင့်နားရွက်
မှိုကိုတစ်ခြမ်းလှီးဖြတ်လိုက်လျှင် နားရွက်ပုံသဏ္ဌာန်နှင့်တူသည်။ မှိုသည် မရှိမဖြစ်လိုအပ်သော အာဟာ ရဓာတ် ဗီတာမင်-D ပါဝင်သောသဘာဝအစားအစာတစ်ခုဖြစ်သောကြောင့် အရိုးများကို ကျန်းမာစေ သည်။ အကြားအာရုံကိုထိန်းသိမ်းရန်နှင့် သန်မာသောအရိုးများ အထူး သဖြင့် ဦးနှောက်သို့ အသံအချက် ပြမှုများကိုပေးပို့သည့် နားရှိအရိုးနုသုံးချောင်းအတွက် အရေးကြီးသည်။
ထောပတ်သီးနှင့်သားအိမ်
ထောပတ်သီးသည် အမျိုးသမီးသားအိမ်၏ပုံသဏ္ဌာန်နှင့်ဆင်တူပြီး မျိုးပွားမှုဆိုင်ရာကျန်းမာရေးကို လည်း အထောက်အကူပြုသည်။ ထောပတ်သီးသည် ဖောလစ်အက်စစ်နှင့် ဗီတာမင်‑E ၏ အရင်းအမြစ် ကောင်းတစ်ခုဖြစ်သည်။ ဖောလိတ်သည် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားသည်။ ခေတ်သစ်သုတေသနပြုချက်များအရ အမျိုးသမီးတစ်ဦးသည် တစ်ပတ်လျှင် ထောပတ်သီး တစ်လုံးစားသုံးခြင်းသည်အမျိုးသမီးဟော်မုန်းများကို ထိန်းညှိပေးကာ ကိုယ်အလေးချိန်ကို လျော့ကျစေပြီး သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးကြောင်း သိရသည်။ အသားအရေနှင့် ဆံပင်အတွက် ကောင်းမွန်သည်။
ပန်ကရိယအတွက် အကျိုးကျေးဇူးများသောကန်စွန်းဥ
ကန်စွန်းဥသည် ကစီဓာတ်ပါရှိသောဥဖြစ်ပြီး ပန်ကရိယနှင့် ဆင်တူ၍ ပန်ကရိယကျန်းမာရေးကို မြှင့်တင်နိုင်သည်။ ကန်စွန်းဥတွင် အစွမ်း ထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သော ဘီတာကယ်ရိုတင်း ပမာဏ မြင့်မားစွာပါဝင်ပြီး ပန်ကရိယအပါအဝင် ခန္ဓာကိုယ်တစ်သျှူးအားလုံးကို အိုမင်းရင့်ရော်ခြင်းနှင့် ကင်ဆာကြောင့် ထိခိုက်ပျက်စီးခြင်းမှ ကာကွယ် ပေးနိုင်သည်။ ဗီတာမင်-A၊ မဂ္ဂနိစ်နှင့် အမျှင်ဓာတ်များ စွာပါဝင်ပြီး ခန္ဓာ ကိုယ်တွင်းသကြားဓာတ်တိုးမြှင့်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။
စပျစ်သီးနှင့်အဆုတ်လေအိတ်များ
စပျစ်သီးသည် အဆုတ်အတွင်းရှိ လေအိတ်များနှင့် ဆင်တူပြီး အဆုတ်မှအောက်ဆီဂျင်ကို သွေးထဲသို့ ဖြတ်သန်းခွင့်ပေးသည်။ လတ်ဆတ်သောစပျစ်သီးများတွင် Resveratrol ကြွယ်ဝသောကြောင့် အဆုတ် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ စပျစ်စေ့တွင် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်စေသော ပန်းနာ၊ ရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့် Proanthocyanidin ဟုခေါ်သော ဓာတုပစ္စည်းလည်းပါဝင်သောကြောင့် အလွန်အကျိုးရှိသည်။
ဂရိတ်ဖရုသီးနှင့် နို့ရည်ဂလင်းများ
လှီးဖြတ်ပြီး ဂရိတ်ဖရုသီး၏အတွင်းပိုင်းဖွဲ့စည်းပုံသည် အမျိုးသမီး ရင်သားရှိ နို့ရည်ဂလင်းများနှင့် တူသည်။ ဂရိတ်ဖရုသီးများတွင် ကင်ဆာ ဖြစ်ပွားမှုကို ဟန့်တားနိုင်ကြောင်း သက်သေပြထားသော Limonoids များ ပါဝင်သည်။ ရင်သားတစ်သျှူးအတွင်းတစ်ဝိုက်ရှိ ပြန်ရည်စီးဆင်းမှု လမ်းကြောင်းများ ကို ထောက်ပံ့ပေးပြီး ရင်သားကျန်းမာရေးကို ကောင်း မွန်စေသည်။
ကျောက်ကပ်ပုံသဏ္ဌာန်ရှိသောပဲစေ့များ၏အကျိုးကျေးဇူးများ
ကျောက်ကပ်ပုံသဏ္ဌာန်ရှိသည့် နက်မှောင်သောအနီရောင်ပဲစေ့များကို ပုံမှန်စားသုံးသောအခါတွင် ကျောက်ကပ်လုပ်ဆောင်ချက်ကိုထိန်းသိမ်းရန် ကူညီပေးသည်။ ပဲစေ့များသည် အမျှင်ဓာတ်နှင့် အပင်အခြေခံ ပရိုတင်းဓာတ်များ မြင့်မားစွာပါဝင်ပြီး ခန္ဓာကိုယ်၏သဘာဝ အဆိပ်ဖြေ ခြင်းလုပ် ငန်းစဉ်ကို ထောက်ပံ့ပေးသည်။ ပဲစေ့များကို မျှတစွာ စားသုံးပါက ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပြီး သတ္တု ဓာတ်ကြွယ်ဝမှုသည် စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားရာတွင် အထောက် အကူဖြစ်စေသည်။
အိန္ဒိယနိုင်ငံဂျိန်းတက္ကသိုလ်မှအစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာရေးအာယုဗ္ဗေဒနည်းပြနှင့် လူနေမှုပုံစံဆေးပညာအကျိုးဆောင် တစ်ဦးဖြစ်သူ Dimple Jangda က ခန္ဓာကိုယ်အင်္ဂါများအတွက် အများ ဆုံး အကျိုးပြုသောအစားအစာခုနစ်မျိုးကို အင်စတာဂရမ်၏ ဗီဒီယိုတစ်ခုတွင် ရှင်းပြခဲ့သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၏ အကျိုးကျေးဇူးများကို သက်သေပြသည့် သိပ္ပံနည်း ကျသုတေသနများစွာ ရှိသော်လည်း အမှန်တကယ်စိတ်ဝင်စားစရာကောင်းသောအချက်မှာ ခန္ဓာကိုယ် ၏လိုအပ်ချက်နှင့်ကိုက်ညီသည့် သစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်အမျိုးမျိုးကို လူသားများ၏ ကျန်းမာရေးအတွက် အလွယ်တကူရရှိနိုင်စေရန် သဘာဝတရားက ဖန်တီးပေးထားခြင်း ပင်ဖြစ်ကြောင်းအာဟာရသုတမျှဝေလိုက်ရပါသည်။
MWD Web Portal

လူအတော်များများက ဦးရေပြားမှာ ဗောက်ထတတ်ပါတယ်။ ဦးရေ ပြားကနေ အဆီနဲ့ချွေးတွေအမြဲထွက်လေ့ရှိပါတယ်။ ဒါကြောင့် ဦးရေပြား သန့်ရှင်းရေးအတွက် ခေါင်းမကြာခဏမလျှော်ဖြစ်တဲ့အခါ ဦးရေပြားမှာ အဆီနဲ့ချွေးတွေစုပုံပြီးယားယံလာပါတယ်။ဦးရေပြားမှာရှိတဲ့အရေပြားအကြေးခွံလေးတွေစုပုံလာတာကြောင့် ဗောက်တွေဖြစ်လာ ပါတယ်။ ဒါ့ပြင် ဦးရေပြားနဲ့ပတ်သက်တဲ့ပြဿနာတွေလည်း ဖြစ်တတ်ပါတယ်။
ဦးရေပြားဗောက်ထတာကို ဘယ်လိုကာကွယ်နိုင်လဲဆိုတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ပြီးအနည်းဆုံး တစ်ပတ်တစ်ကြိမ် ခေါင်းပုံမှန်လျှော်သင့်ပါတယ်။

ဦးရေပြားခြောက်သွေ့တဲ့သူတွေဗောက်ထတတ်ပါတယ်။ ဦးရေပြား မှာဖုံးအုပ်ထားတဲ့အဆီကိုအရေပြားအဆီကျိတ်လေးတွေကထုတ်ပေးပြီး ဦးရေပြားကိုချောမွတ်စေဖို့နဲ့ ရောဂါပိုးတွေအလွယ်တကူမဝင်စေဖို့ကာကွယ်ပေးပါတယ်။ဒါကြောင့်ဦးရေပြားခြောက်သွေ့သူတွေကအရေပြားခံနိုင်ရည်နည်းပြီးတုံ့ပြန်လွယ်တဲ့အရေပြားဖြစ်နေတတ်ပါ တယ်။
နေ့တိုင်းခေါင်းလျှော်တာ၊ မကြာခဏခေါင်းလျှော်တာ၊ ခေါင်းလျှော်ရည်ပြင်းပြင်းတွေအမြဲသုံးတာ၊ Dryer ကို ဦးရေပြားနဲ့နီးကပ်စွာလေမှုတ်တာတွေရှောင်သင့်ပါတယ်။ ပတ်ဝန်းကျင်လေထုခြောက်သွေ့နေချိန်ဆိုရင် ဦးရေပြားခြောက်သွေ့တတ်တာကို သတိထားသင့်ပါတယ်။
စိတ်ဖိစီးမှုများတဲ့သူတွေမှာ ဦးရေပြားပြဿနာရှိနိုင်ပါတယ်။ စိတ်ဖိစီး မှုကြောင့် ဦးရေပြားသာမက မျက်နှာ၊ လည်ပင်း၊ အရေပြားတို့လည်းခြောက်သွေ့တတ်ပါတယ်။ ဒါ့ပြင် စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ် အပူချိန်တက်တာ၊ ဦးရေပြားယားယံတာတွေဖြစ်တတ်ပါတယ်။
စိတ်ဖိစီးမှုများနေချိန်မှာ ခေါင်းမှန်မှန်လျှော်သင့်ပါတယ်။ ဦးရေပြား ယားယံတဲ့အခါ အေးမြတဲ့ပတ်ဝန်းကျင်နဲ့ စိတ်ကိုငြိမ်းချမ်းစွာထားတတ် ဖို့ သတိထားသင့်ပါတယ်။ ယားယံတာသက်သာစေမယ့် ဆေးဝါးတွေ၊ လိမ်းဆေးတွေလိမ်းနိုင်ပါတယ်။
မှိုပိုးကြောင့်အရေပြားယားယံတာလည်းရှိပါတယ်။အရေပြားအပေါ်ယံထိခိုက်စေတဲ့မှိုပိုးတွေကဦးရေပြားမှာ ဒက်ဖြစ်စေပါတယ်။
ဒက်ဖြစ်ရင် ဦးရေပြားနီမြန်းတာ၊ ရောင်ရမ်းတာနဲ့ အကြေးခွံလေးတွေ၊ အနီကွက်လေးတွေဖြစ်ပြီး ယားယံစေပါတယ်။ ဒက်က ထိတွေ့မှုကြောင့် ကူးစက်တဲ့အပြင် အသုံးအဆောင်ပစ္စည်းတွေ အတူသုံးတာကြောင့် လည်း ကူးစက်တတ်ပါတယ်။
ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရမယ့်အပြင် ခေါင်းဘီး၊အဝတ်အစား၊ ခေါင်းရိတ်ဓားနဲ့ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်း တွေကို သီးသန့်အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် လူစုလူဝေးနဲ့နေရတဲ့ အဆောင်၊ ကျောင်းတွေမှာ ဒက်ကူးစက်လွယ်တာကြောင့် သတိထား သင့်ပါတယ်။
မှိုရဲ့အဆီဖတ်တွေကြောင့်လည်းအရေပြားရောင်ရမ်းမှုဖြစ်စေပါတယ်။ ဦးရေပြားသာမကနားနောက်၊ နှာခေါင်းကြား၊ မျက်ခုံးစပ်၊ရင်ဘတ်၊ ကျော၊ ချိုင်း၊ လက်သည်းခွံတွေမှာယားယံပြီးအနီပြင်၊ အကြေးဖတ်တွေအဖြစ်တွေ့ရတတ်ပါတယ်။ လူတိုင်းက အရေပြားမှာရှိ တဲ့ မယ်လယ်စီးယားဖာဖာ(Malassezia FurFur)ဆိုတဲ့ မှိုတစ်မျိုးကတချို့ကိုယ်ခံစွမ်းအားစနစ်ရှိသူတွေမှာ အဆီကျိတ်လေးတွေကနေအဆီထွက်များတာ၊ တုံ့ပြန်လွယ်တာ၊ အရေပြားရောင်ရမ်းတာနဲ့အကြေးခွံလေးတွေဖြစ်စေပါတယ်။ အရွယ်ရောက်ချိန်မှာဟော်မုန်း အပြောင်းအလဲဖြစ်တာကြောင့်ပိုဆိုးတတ်ပါတယ်။ဆောင်းရာသီမှာပိုဆိုးတတ်ပါတယ်။
ဒါကိုကာကွယ်လို့ရပါတယ်။အရေပြားရောင်ရမ်းမှုကိုဖြစ်စေတဲ့အကြောင်းရင်းဖြစ်တဲ့မှိုပိုးကိုကုသရပါမယ်။ မှိုပိုးအတွက်ဆေးတွေ၊ခေါင်းလျှော်ရည်တွေသုံးနိုင်ပါတယ်။ပူလွန်းတဲ့ရေနဲ့ခေါင်းလျှော်တာရှောင်ရပါမယ်။ ခေါင်းလျှော်တဲ့အခါ ဦးခေါင်းမှာ ခေါင်းလျှော်ရည်တွေ မကျန်အောင် ရေနဲ့သေချာဆေးချရပါမယ်။ ဇင့်ပါတဲ့ခေါင်းလျှော်ရည်၊ ဆီလီနီယမ်ပါတဲ့ခေါင်းလျှော်ရည်၊ မှိုပိုးကိုပျောက်စေတဲ့ဆေးတွေပါတဲ့ ခေါင်းလျှော်ရည်တွေသုံးနိုင်ပါတယ်။ လက်ဖက်စိမ်းခေါင်းလျှော် ရည်ကလည်း ဗောက်သက်သာစေပါတယ်။
ဦးရေပြားမှာ နေလောင်တာဖြစ်တတ်ပါတယ်။ နေလောင်တာကိုအရေပြားသာမကဦးရေပြားမှာလည်းခံစားရပါတယ်။ဦးရေပြားနေလောင်တဲ့အခါဦးရေပြားနီရဲနေပြီး နာကျင်၊ ယားယံနေတတ်ပါ တယ်။ အကြေးခွံအဖတ်လေးတွေလည်း လန်လာတတ်ပါတယ်။
ဦးရေပြားကို နေရောင်ခြည်ကနေကာကွယ်ဖို့ နေပူထဲထွက်ရင် ဦးထုပ်၊ ထီး ဆောင်းရပါမယ်။ ဦးရေပြားကိုထိခိုက်စေမယ့် ပရာသီးနဲ့အရေပြားတုံ့ပြန်လွယ်စေမယ့်ဆံ ပင်သုံးပစ္စည်း တွေကိုရှောင် ရပါမယ်။
ဦးရေပြားမှာ သန်းကြောင့် အရေပြားရောင်ရမ်းတာဖြစ်ရင် ယားယံ တာနဲ့ ဗောက်များတာတွေဖြစ်တတ်ပါတယ်။ သန်းကြောင့် ဦးရေပြား သာမက လည်ပင်းနဲ့ ပခုံးမှာပါ အရေပြားရောင်ရမ်းတတ်ပါတယ်။သန်းကိုကာကွယ်လို့ရပါတယ်။ သန်းပျောက်စေမယ့် ခေါင်းလျှော် ရည်၊ ဆေးရည်တွေလိမ်းနိုင်ပါတယ်။ ခေါင်းမှန်မှန်လျှော်သင့်ပါတယ်။
သန်းက တစ်ယောက်နဲ့တစ်ယောက် ဦးခေါင်းချင်းထိရုံနဲ့ကူးစက်နိုင်ပြီး ဦးထုပ်၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ခေါင်းဘီးအတူသုံးတာတွေကြောင့်လည်း ကူးစက်နိုင်ပါတယ်။
ဦးရေပြားမှာ မျက်နှာလိုပဲ ဝက်ခြံပေါက်တတ်ပါတယ်။ အထူးသဖြင့် ဆံစပ်နေရာမျိုးမှာ ဝက်ခြံအနီဖုလေးတွေတွေ့ရတတ်ပါတယ်။ တစ်ခါ တစ်ရံ ရာသီဥတုပူပြင်းချိန်၊ ခေါင်းမှန်မှန်မလျှော်နိုင်ချိန်မှာ ဆယ်ကျော် သက်တွေမှာ ပိုတွေ့ရတတ်ပါတယ်။
အဆီကျိတ်လေးတွေကနေ အဆီထွက်တာများတဲ့ဆယ်ကျော်သက် အရွယ်မှာ ဝက်ခြံပိုပေါက်တတ်တာကို သတိထားသင့်ပါတယ်။ ဘယ်လို ကာကွယ်နိုင်လဲဆိုရင်ဦးရေပြားကိုအလှဆီလိမ်းတာ၊ Gel၊ Wax လိမ်းတာတွေရှောင်သင့်ပါတယ်။တတ်နိုင်သမျှတစ်ကိုယ်ရေသန့်ရှင်းရေး၊ဦးရေပြားသန့်ရှင်းရေးပြုလုပ်သင့်ကြောင်းရေးသားလိုက်ရပါတယ်။ ။
Photo - Kyarlay

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ တရုတ်နိုင်ငံ ဝူဟန်မြို့၌ ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါသည် ၂၀၂၀ ပြည့်နှစ် အစောပိုင်းက ကမ္ဘာအနှံ့သို့ ပျံ့နှံ့ဖြစ်ပွားခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ်ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ်မတ်လ ၁၁ ရက်က ကမ္ဘာ့ကပ်ရောဂါအသွင်အဖြစ် ကမ္ဘာအနှံ့သို့ပျံ့နှံ့ကာ ရောဂါ ဖြစ်ပွားနှုန်းသာမက အသေပျောက်နှုန်းလည်းများခဲ့သည်။ လူဦးရေ ၇၇၅ သန်းကျော်ရောဂါခံစားခဲ့ရပြီး ၇ သန်းကျော် သေဆုံးခဲ့သဖြင့် သေဆုံးနှုန်း သုည ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့သည်။ အမှန်တကယ် ဖြစ်ပွားမှုနှုန်း၊ သေဆုံးနှုန်းမှာ လက်ရှိကိန်းဂဏန်းများထက် ပိုများနိုင်မည်ဟုလည်း သိမြင်ခဲ့ကြသည်။ကမ္ဘာ့ကပ်ရောဂါသမိုင်းတွင် အဆင့် ၅ သေဆုံးမှု အများဆုံးကပ်ရောဂါဖြစ်ခဲ့သည်။
ပြီးခဲ့သည့်ငါးနှစ်တာကာလအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှကာကွယ်ရန် ကျောင်းများ၊ အလုပ်ခွင်များ ပိတ်ထားရပြီး ခရီးသွားလာမှုများ ကန့်သတ်ထားရသဖြင့် လူမှုရေး၊ စီးပွားရေးထိခိုက် နစ်နာမှုများကို တစ်ကမ္ဘာလုံး ခံစားခဲ့ရသည်။ မိသားစုဝင်များဆုံးရှုံးခြင်း၊ မိမိကိုယ်တိုင် နာမကျန်း ဖြစ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဝေဒနာများခံစားရခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ အစာ ရေစာရှားပါးခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းမှုများကိုလည်း ခံစားကြရသည်။ ကျန်းမာရေးဝန်ထမ်း များစွာအသက်ဆုံးရှုံးခဲ့ရသည်။ ကာကွယ်ဆေးစမ်းသပ်အောင်မြင်ပြီးနောက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ မှစ၍ ပြည်သူလူထုကို စတင်ထိုးနှံပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်က ပထမလှိုင်း၊ ဒုတိယလှိုင်း၊ ၂၀၂၁ ခုနှစ်က တတိယလှိုင်းအထိ ပြင်းထန် စွာဖြစ်ပွားခဲ့ပြီး အစိုးရ၏ ဦးဆောင်ကြိုးပမ်းမှု၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ လူမှုဝန်ထမ်းဆောင်ရွက်သူများ၏ မလျှော့သော ဇွဲလုံ့လနှင့်ကိုယ်ကျိုးစွန့် ဆောင်ရွက်မှုများဖြင့် ကျော်ဖြတ်ခဲ့ကြရသည်။ ကာကွယ်ဆေးများ အချိန်နှင့်တစ်ပြေးညီထိုးနှံနိုင်ရန်တာဝန်ရှိသူများ ကကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ် စတုတ္ထလှိုင်းမှစ၍ရောဂါဖြစ်ပွားနှုန်းများသော်လည်း ရောဂါပြင်းထန်မှုနည်းလာသဖြင့် အသေပျောက်နှုန်းနည်းလာကြသည်။ နောက်ပိုင်းကာလများတွင် မိမိကိုယ်တိုင်ရောဂါခံစားခဲ့ရသဖြင့် ကိုယ်ခံစွမ်းအားရှိလာခြင်းနှင့် ကာကွယ်ဆေးများတစ်ကြိမ်မကထိုးနှံခဲ့ရခြင်းကြောင့် ရောဂါပြင်းထန်မှုနည်းလာကြသည်။ ကိုဗစ်-၁၉ ရောဂါကို ရာသီတုပ်ကွေးအသွင်ဖြင့် သတ်မှတ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးကာ လူမှုရေး၊ စီးပွားရေး ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်ခဲ့ကြသည်။
သို့ရာတွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲ အသွင်ပြောင်းများစွာသည် လူထုကြား ဆက်လက်တည်ရှိနေပြီး အခါအခွင့်သင့်လျှင် လှိုင်းအသွင်ဖြင့် လူအများကြား ရောဂါဖြစ်ပွားစေခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲများအခြေအနေကို ဆက်လက်စောင့်ကြည့်လေ့လာလျက်ရှိသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှစ၍ မျိုးကွဲ BA.2.86 နှင့် JN.1 ကိုအထူးစောင့်ကြည့်လေ့လာခဲ့သည်။ လက်ရှိတွင် JN.1 ၊ NB.1.8.1 ၊ XEC ၊LP.8.1၊ XFG တို့မှာ ကမ္ဘာ့နိုင်ငံတချို့တွင် ရာသီတုပ်ကွေးအသွင်ဖြင့် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော်လည်း ဆေးရုံတက်ရောက်ကုသရနှုန်း၊ သေဆုံးနှုန်းမှာ နည်းလာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်လက်ခံယူထားပြီး ရောဂါပိုးအခြေအနေ၊ ရောဂါဖြစ်ပွားမှုနှင့် ရောဂါလက္ခဏာများကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း မေလဆန်းမှစ၍ ရောဂါဖြစ်ပွားမှုကို စတင်သိရှိခဲ့ပြီး မေလအတွင်း လူနာခြောက်ဦးကို တွေ့ရှိခဲ့သည်။ ရာခိုင်နှုန်းအနေဖြင့်သုည ဒသမ ၂၂ ရာခိုင်နှုန်းရှိသည်။ ဇွန်လအတွင်း၌ လူနာသစ်တွေ့ရှိမှု ၁၀၀ နီးပါးရှိလာခဲ့သည်။ အဓိကအားဖြင့်ရန်ကုန်တိုင်းဒေသကြီး၌တွေ့ရှိရပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်တချို့တွင်လည်း အနည်းငယ်စီဖြစ်ပွားခဲ့သည်။ ကိုဗစ်-၁၉ရောဂါနှင့်ဆက်စပ် သေဆုံးမှုဦးရေ သတင်းပို့အချက်အလက်များမရှိခဲ့ပါ။ သို့ရာတွင်ကျန်းမာရေးဌာနသို့ သတင်းမပို့၊ စစ်ဆေးမှုမခံယူဘဲ မိမိအိမ်အတွင်း၌သာ အိမ်သုံးဆေးသောက်ပြီးသက်သာသူ ဆေးခန်းများတွင် တုပ်ကွေးအဖြစ် ပြသကုသမှုခံယူသူများစွာ ရှိနေခဲ့သည်။ထို့ကြောင့်ကျန်းမာရေးဌာနများမှ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီးအသက်၆၅နှစ်နှင့်အထက်၊ ကိုယ်ဝန်ဆောင်သုံးလနှင့်အထက်ရှိသူ၊ကိုယ်ခံစွမ်းအားကျဆင်းနေသူ၊ကင်ဆာရောဂါ၊ဆီးချိုရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာနာတာရှည်ရောဂါရှိသူများ၊ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါသည် အိမ်သုံးဆေးများဖြစ်သော အကိုက်အခဲပျောက်ဆေး၊ နှာစေး၊ ချောင်းဆိုးခြင်းကို သက်သာစေသောဆေးနှင့် ဓာတ်ဆားများသောက်သုံးခြင်းဖြင့် သက်သာနိုင်သော်လည်း ရောဂါပြင်းထန်ပါက ပိုးသတ်ဆေးများပါ သောက်သုံးရသည်။ အထူးသဖြင့် ထိုကာလများတွင် ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်စေရန် နွေးနွေးထွေးထွေးနေထိုင်ခြင်း၊ အာဟာရပြည့်ဝပြီး ပူနွေးသန့်ရှင်းသော အစားအစာများစားသုံးခြင်း၊ ရေများများသောက်ခြင်း၊ စိတ်ရောကိုယ်ပါအနားယူခြင်းများ လုပ်ဆောင်သင့်ပါသည်။ ရောဂါဝေဒနာခံစားနေရချိန်တွင် ပြင်းထန်သောကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ မလုပ်သင့်ပါ။ ရောဂါပြင်းထန်ပါကသက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ပြသကာ စနစ်တကျကုသမှုခံယူရပါမည်။ ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါသည် သွေးဆိပ်ပြန့်ခြင်း၊ နှလုံးရောင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် ခန္ဓာကိုယ်အနှံ့သွေးခဲများ ပိတ်ဆို့ခြင်းကိုဖြစ်စေကာ အသက်အန္တရာယ် ထိခိုက်စေနိုင်ပါသည်။
ကိုဗစ်-၁၉ ရောဂါလှိုင်းအသွင်ဖြင့် ပျံ့နှံ့ဖြစ်ပွားနေချိန်တွင် ရောဂါမကူးစက်စေရန် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကျင့်သုံးရန် လိုအပ်သည်။ အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းမှကူးစက်တတ်သောရောဂါဖြစ်သောကြောင့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေသင့်သကဲ့သို့ လူစုလူဝေးရှိရာသို့ သွားလျှင် နှာခေါင်းစည်းတပ်ဆင်သင့်ပါသည်။ ရောဂါရှိသူထံမှ နှာစေး၊ ချောင်းဆိုး၊ စကားပြော၊ အသက်ရှူထုတ်ခြင်းဖြင့် ရောဂါပိုးမွှားများ အနီးရှိသူများကို ကူးစက်နိုင်သဖြင့် ပါးစပ်ကိုအုပ်၍နှာစေး၊ ချောင်းဆိုးခြင်းနှင့် နေမကောင်းစဉ်နှာခေါင်းစည်းတပ်ဆင်ထားရန်လိုအပ်သည်။
ရောဂါပိုးများကပ်ငြိနေသည့်အသုံးအဆောင် တံခါး၊ စားပွဲ စသည်တို့ကို ထိတွေ့ခြင်းဖြင့် မိမိထံသို့ ကူးစက်နိုင်သောကြောင့်လက်ကို ဆပ်ပြာနှင့်စနစ်တကျဆေးကြောသင့်သကဲ့သို့ရေမလိုလက်သန့်ဆေးရည်များကိုလည်း မကြာခဏ အသုံးပြုသင့်သည်။လက်ဖြင့်မျက်လုံး၊ နှာခေါင်း၊ ပါးစပ်များကို ကိုင်တွယ်တတ်သည့်အလေ့အကျင့်ကို ရှောင်ကြဉ်ရပါမည်။ နေမကောင်းစဉ်မိမိထံမှ သူတစ်ပါးသို့မကူးစက်စေရန်မိမိအိမ်တွင်း၌ သီးသန့်နေထိုင်သင့်သည်။ရောဂါကူးစက်ပြန့်ပွားနိုင်သောကာလမှာ ရှစ်ရက်ရှိသဖြင့် ထိုကာလအတွင်း တခြားသူသို့ ကူးစက်ပြန့်ပွားမှုမရှိစေရန် သတိပြု ဆင်ခြင်နေထိုင်ရပါမည်။
ကိုဗစ်-၁၉ ရောဂါခံစားရပြီးနောက်ပိုင်း လူနာ ၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဝေဒနာများအဖြစ် နုံးချိခြင်း၊ ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း၊ ချွေးများထွက်ခြင်း၊ ရင်တုန်ခြင်း၊ မှတ်ဉာဏ်နှင့် ဦးနှောက်စွမ်းဆောင်ရည်များကျဆင်းခြင်း၊ ကြွက်သားများအားနည်းခြင်းတို့ကို ခံစားရနိုင်သည်။ ထို့ပြင် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းများလည်း ခံစားရတတ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အမြဲသတိရှိနေရန်နှင့် ကာကွယ်ရမည့်နည်းလမ်းများကိုလည်း ဆက်လက်လိုက်နာကျင့်သုံးရန် လိုအပ်သည်။ ကျန်းမာရေးဌာနမှအချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော သတင်းအချက်အလက်များကို စောင့်ကြည့်လေ့လာလျက် ရောဂါဖြစ်ပွားကူးစက်နိုင်မှုလျှော့ချနိုင်ရန် ကာကွယ်နိုင်မှုနည်းလမ်းများကိုလည်းဆက်လက်လိုက်ပါ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။

အရောင်အသွေးစိုပြေသည့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်နှင့် သတ္တုဓာတ်တွေများစွာ ရရှိနိုင် ပါသည်။ အရောင်ရင့်ရင့် အသီးအရွက်ဖြစ်လေ ကျန်းမာရေးအတွက် ပိုကောင်းလေဆိုတာ အားလုံး သိထားပြီး ဖြစ်မှာပါ။ သို့သော် အရောင်အသွေး ကင်းမဲ့သည်ဟု ဆိုရလောက်သည့် အဖြူရောင်၊ အညိုရောင်သာ အများစု ရှိသည့် မှိုပွင့်လေးတွေမှာလည်း လူ့ကျန်းမာရေးကို အကျိုးပြုနိုင်သည့် အာဟာရဓာတ်တွေများစွာ ပါ၀င်နေ ပါသည်။ ထို့ကြောင့်ကျန်းမာရေးအတွက် မှိုစားပေးကြပါဟု တိုက်တွန်းရင်း မှိုစားခြင်းကြောင့်ရရှိနိုင်သည့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါသည်။

မှိုမှရနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ
(၁) ကင်ဆာမဖြစ်စေနိုင်ပါ
အသီးအနှံ၊ ဟင်းသီးဟင်းရွက်အများစုမှာ မပါသည့် selenium ဓာတ်ဟာ မှိုမှာပါရှိပါသည်။ ၄င်းဓာတ်သည် အသည်းလုပ်ငန်းဆောင်တာကို ကောင်းစေပြီး ခန္ဓာကိုယ်တွင်းရှိ ကင်ဆာဖြစ်စေနိုင်သော ဒြပ်ပေါင်းတွေကို ခြေဖျက်ပေးနိုင်ကာ ရောင်ရမ်းခြင်းဖြစ်စဉ်တွေ၊ အလုံးအကျိတ်ကြီးထွားခြင်းတွေကို အားပျော့စေပါသည်။ ထို့အပြင် မှိုမှာပါသည့် ဗီတာမင် D ဓာတ်က ကင်ဆာဆဲလ်ကြီးထွားမှုမရှိအောင် ဟန့်တားပေးနိုင်ပြီး ပါ၀င်သည့် ဖောလိတ် ဓာတ်ကလည်း မျိုးဗီဇပြောင်းလဲ၊ ပြုပြင်ပေးခြင်းမှာ အဓိကဏ္ဍအနေဖြင့် ပါ၀င်သောကြောင့် မျိုးဗီဇအသွင်ပြောင်း သွားသဖြင့် ကင်ဆာဆဲလ်ဖြစ်သွားနိုင်ခြင်းမှ ကာကွယ်ပေးပါသည်။ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ငရုတ်ကောင်း၊ ဖရုံသီး၊ ပဲစိမ်းတွေမှာ အင်တီအောက်ဆီးဒင့် ကြွယ်၀စွာပါသလိုမှိုမှာလည်း အင်တီးအောက်ဆီးဒင့်ပါ၀င်ပါသည်။
(၂) ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါသည်
လေ့လာမှုတွေအရ အမျှင်ဓာတ်ကြွယ်၀သည့် အစားအစာစားသုံးသော အမျိုးအစား (၁) ဆီးချိုသွေးချို ရောဂါသည် တွေမှာ သွေးတွင်းသကြားဓာတ်ပမာဏ လျော့ကျသွားကြောင်းနှင့် အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါကို ဖြစ်စေသည့် သွေးတွင်းသကြားဓာတ်၊ သွေးတွင်းအဆီမြင့်တက်ခြင်း၊ အင်ဆူလင်ထုတ်နိုင်အား ကျဆင်းခြင်းတို့ မဖြစ်စေကြောင်း သိရှိရပါသည်။ အမျှင်ဓာတ်သည် ဆီးချိုသွေးချိုရှိသူများအတွက် လိုအပ်သည့် အာဟာရဓာတ် တစ်ခုဖြစ်သောကြောင့် ဆီးချိုသွေးချိုရှိသူအမျိုးသမီးများသည် တစ်နေ့လျှင်အမျှင်ဓာတ် 21-25 ဂရမ်၊ အမျိုးသား များတွင် တစ်နေ့လျှင် 30-38 ဂရမ် စားသုံးပေးသင့်ကြောင်း သုတေသနပညာရှင်တွေက ထောက်ခံပေးထား ပါသည်။ မှိုမှာအမျှင်ဓာတ်ကြွယ်၀စွာပါ၀င်သည့်အတွက် ဆီးချိုသွေးချိုထိန်းလိုသူတွေပဲဖြစ်ဖြစ်၊ ဆီးချိုသွေးချို မဖြစ်အောင် ကာကွယ်လိုလျှင်ပဲဖြစ်ဖြစ် စားပေးသင့်ပါသည်။
(၃) နှလုံးကျန်းမာရေးကောင်းစေပါသည်
မှိုမှာပိုတက်ဆီယမ်ကြွယ်၀စွာပါ၀င်ပြီး ဆိုဒီယမ်ပါ၀င်မှုနည်းတာကြောင့် နှလုံးသွေးကြော ကျန်းမာရေးကောင်းစေ နိုင်ပြီး သွေးဖိအားရုတ်တရက် မြင့်တက်သွားခြင်း၊ ကျသွားခြင်းတွေ မဖြစ်စေနိုင်ပါ။
(၄) ကိုယ်ခံအားကောင်းစေပါသည်
မှိုမှာပါသည့် selenium ဓာတ်သည် ရောဂါကိုခုခံနိုင်စွမ်းရှိသော T-cells များကို လှုံ့ဆော်ပေးသည့်အတွက် ရောဂါပိုး ၀င်ရောက်သည့်အခါ ပြန်လည်ခုခံနိုင်အားကောင်းစေပါသည်။ ထို့အပြင် မှိုမှာပါ၀င်သည့် beta-glucan အမျှင်ဓာတ်က ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပြီး ကင်ဆာဆဲလ်များဖြစ်ခြင်း၊ အလုံးအကျိတ်များဖြစ်ပေါ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။
(၅) ကိုယ်အလေးချိန်ကျစေပါသည်
မှိုမှာဗိုက်ပြည့်အင့်ခြင်းကိုဖြစ်စေပြီး အစာစားချင်စိတ်ကိုလျော့နည်းစေနိုင်သည့် beta-glucan နှင့် chitin ဟု ခေါ်သည့် အမျှင်ဓာတ်နှစ်မျိုးပါ၀င်သောကြောင့် ကြာကြာဗိုက်ပြည့်နေစေပါသည်။ ထို့ကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူတွေရော ကိုယ်အလေးချိန် လျှော့ချနေသူများပါ မှိုကိုစားပေးသင့်ပါသည်။
မှိုမှရနိုင်သော အဓိကကျသည့် အာဟာရဓာတ်အုပ်စုများ
မှိုမှာအင်တီအောက်ဆီးဒင့်ပါဝင်သောကြောင့် နာတာရှည်ရောဂါများဖြစ်နိုင်ခြေမှ ကာကွယ်ပေးနိုင်ပါသည်။ ထို့အပြင် မှိုအုပ်စု၀င်အများစု၏ ဆဲလ်နံရံမှာ တွေ့ရတတ်သော beta-glucans ဟုခေါ်သည့် အမျှင်ဓာတ် အမျိုးအစားသည်လည်း အင်ဆူလင်ခံနိုင်ရည်အား တိုးတက်ကောင်းမွန်အောင်၊ သွေးတွင်းကိုလက်စထရောအဆင့် ညီမျှအောင်ဆောင်ရွက်ပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကောင်းစေရန် ထောက်ပံ့ပေးနိုင်ကာ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါသည်။
နောက်ထပ်အရေးကြီးသည့် အာဟာရဓာတ်တစ်ခုကတော့ Choline ပါ။ Choline သည် အိပ်စက်ခြင်း၊ ကြွက်သားလှုပ်ရှားနိုင်စွမ်း၊ သင်ယူမှုလုပ်ငန်းစဉ်နှင့် မှတ်ဉာဏ်အားတိုးတက်စေရေးအပိုင်း စသည့် လုပ်ငန်း ဆောင်တာများ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ပေးနိုင်ပြီး အမြှေးပါးတည်ဆောက်ရေးပိုင်း၊ နာဗ်ကြောများ ဆက်သွယ်ရေးပိုင်းနှင့် လိုအပ်သည့် အဆီစုပ်ယူမှုအပိုင်းကို ထောက်ပံ့ပေးနိုင်ကာ ရောင်ရမ်းခြင်း ဖြစ်စဉ်တွေကို လည်း လျှော့ချပေးနိုင်ပါသည်။
မှိုမှာဆိုဒီယမ်၊ အဆီဓာတ်၊ ကိုလက်စထရောနှင့် ကယ်လိုရီပါ၀င်မှုနည်းပါသည်။ အခြားအစားအစာတွေကနေ ရရှိဖို့ခက်ခဲသည့် အာဟာရဓာတ်တွေဖြစ်သော ဆီလီနီယမ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ သံဓာတ်နှင့် ဖော့စဖောရပ်စ် စသည်တို့ကို မှိုမှရနိုင်ပါသည်။
မှိုစားခြင်းကြောင့် ဆိုးကျိုးများလည်းဖြစ်နိုင်ဖွယ်ရာရှိ
အလေ့ကျပေါက်သည့် မှိုတွေကို စားမိသည့်အခါ အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ပြင်းထန်စွာဖျားနာရာမှ သေစေ နိုင်သည်အထိတောင် ဖြစ်တတ်ပါသည်။ ယခုလိုအလေ့ကျပေါက် မှိုများတွင် သတ္တုဓာတ်နှင့် အခြားသော အန္တရာယ်ဖြစ်စေသည့် ဓာတုဓာတ်များ ပါ၀င်နေခြင်းကြောင့် လူကိုအန္တရာယ်ဖြစ်စေခြင်းဖြစ်ကြောင်း လေ့လာ ထားမှုများအရ သိရှိရပြီး စနစ်တကျစိုက်ပျိုးထားခြင်းမရှိသည့်မှိုကို မစားကြရန် သုတေသီများက အကြံပြုထား ပါသည်။
ထို့အပြင်မှိုမှာပါသည့် beta-glucans ဓာတ်သည် အရေးကြီးသည့် အာဟာရဓာတ်တစ်ခုဖြစ်သည်ဟု ဆိုနိုင် သော်လည်း သွေးလေးဖက်နာ၊ အရေပြား TB၊ ပန်းနာရင်ကျပ်၊ နာတာရှည်နဗ်ကြောဖွဲ့ရောဂါရှိသူတွေမှာ ၄င်းဓာတ်က ကောင်းကျိုးထက် ဆိုးကျိုးကိုဖြစ်စေသောကြောင့် ထိုရောဂါများကို ခံစားနေရသူအနေဖြင့် မှိုကိုမစားသင့်ပါ။

ကျောက်ကပ်မှာ ကျောက်တည်ပြီဆိုပါတော့။ မိမိဘာသာ ဂရုတစိုက် ဆင်ခြင်ရမည့် အချက်တွေရှိပါသည်။ အဲဒါတွေကတော့ -
ရေများများသောက်ရမည်။
အစားအသောက်ကို ရွေးစားရမည်။
ကျောက်ကပ်မှာတည်သည့် ကျောက်အမျိုးအစားက အများကြီးဖြစ်နိုင်ပါသည်။
Calcium stone က အဖြစ်အများဆုံးကျောက် အမျိုးအစားပဲ ဖြစ်ပါသည်။
Uric acid stone က မိမိ၏ ဆီးထဲမှာ acid ဓာတ်တွေ များနေပါက ဖြစ်တတ်ပါသည်။
Struvite stone က ဆီးလမ်းကြောင်းပိုးဝင်ပါ များပါက ဖြစ်တတ်သည့် ကျောက်ပါ။

Cystine stone က မျိုးရိုးလိုက်ပြီး ဖြစ်တတ်သည့် ကျောက်ကပ်ကျောက်တစ်မျိုးပါ။
အရွယ်အစားကတော့ သေးသေးမွှားမွှားလေးတွေကနေ ပုလဲလုံးလောက်အထိ အမျိုးမျိုး ဖြစ်နိုင်ပါသည်။ အဆိုပါ ကျောက်များသည် ဆီးလမ်းကြောင်းတစ်လျှောက်မှာ ပိတ်ဆို့ပြီး နာကျင်၊ ရောင်ရမ်းတာကို ဖြစ်စေသလို တစ်ခါတလေကျတော့လည်း သူ့ဘာသာ ရှောရှောရှူရှူ ခန္ဓာကိုယ်ထဲက ထွက်သွားတာမျိုးလည်း ဖြစ်နိုင်ပါသည်။
ကျောက်ကပ်မှာ ကျောက်တည်တာကို ကုသတာပဲ ဖြစ်ဖြစ်၊ ကာကွယ်တာပဲ ဖြစ်ဖြစ် အရေးကြီးသည်မှာ ရေများများသောက်ရန် ဖြစ်ပါသည်။
တစ်နေ့ကို ဆီး ၂ လီတာ နီးပါး ထုတ်နိုင်သည့် ပမာဏအထိ သောက်ပါ။
ရေအစား အသီးဖျော်ရည်တွေ ၊ သံပရာရည်တွေလည်း သောက်နိုင်ပါသည်။
ကော်ဖီနှင့် လက်ဖက်ရည်ကိုတော့ တစ်ရက်ကို တစ်ခွက်၊ နှစ်ခွက်ထက် ပိုမသောက်ပါနှင့်။
ဆီးအရောင်ရင့်နေခြင်းသည် ရေလုံလောက်စွာ မသောက်ထားဘူးဆိုသည်ကို ပြနေခြင်းဖြစ်သည့်အတွက် ဆီးအရောင် ဖျော့ဖျော့သွားသည်အထိ ရေသောက်ပါ။
ဘယ်လို အစားအသောက်တွေ စားရမလဲ/ရှောင်ရမလဲ?
ရှောင်သင့်သည့် အစားအစာတွေက သင်၏ကျောက် အမျိုးအစားပေါ် မူတည်ပါသည်။
သင်၏ကျောက်သည် calcium stone ဆိုပါက -
ဆား လျှော့စားပါ။
နို့တွေ၊ ဒိန်ချဉ်များကို တစ်ရက် တစ်ခွက်၊ နှစ်ခွက်သာ သောက်ပါ။ ဒိန်ခဲ၊ ကမာ၊ တို့ဖူးနှင့် တခြား calcium ပါသည့် အစားအစာတွေ များများစားတာမျိုး ရှောင်ပါ။
လိမ္မော်သီး၊ သံပရာသီးနှင့် တခြားချဉ်သည့် အသီးတွေကို များများစား/ဖျော်သောက်တာမျိုး လုပ်ပါ။
အသား လျှော့စားပါ။ အဆီများသည့် အသားများကို ရှောင်ပါ။
Vit D အားဆေးတွေ၊ calcium ပါသည့် ဆေးများ သောက်သုံးခြင်းကို ရှောင်ပါ။
တချို့အစာအိမ်ဆေးတွေမှာ calcium ပါဝင်ခြင်းများ ရှိတတ်သဖြင့် ဆရာဝန်ကို မေးပြီးမှသောက်ပါ။
Vit C နှင့် ငါးကြီးဆီ သောက်သုံးလိုပါက ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပါ။
Calcium oxalate stone ဆိုပါက ဘယ်ရီသီးခြောက်၊ စတော်ဘယ်ရီ၊ စပျစ်သီးတွေရယ်၊ သကြားမုန်လာ၊ ကြက်သွန်မြိတ်၊ ဖရုံသီး အနွယ်ဝင် အသီးတွေ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ လက်ဖက်ရည်၊ ကော်ဖီ၊ အစေ့အဆံ၊ တို့ဖူးနှင့် ချောကလက်တွေကိုပါ လျှော့စားရပါမည်။
သင်၏ကျောက်သည် Uric acid stone ဆိုရင်တော့ -
အရက်
ငါးပါးနီ၊ ငါးသလောက်၊ sardines
ကညွတ်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ မှို
ပဲအမျိုးမျိုး
ကလီစာ
အဆီတွေကို ရှောင်ပါ။
တခြား ဆင်ခြင်ရမှာက ဆီကြော်မုန့်၊ ရေခဲမုန့် စသည့် အဆီများသော အစားအစာများ အပြင် အသားကို တစ်နပ် ၃ အောင်စထက် ပိုမစားပါနှင့် ။ ကိုယ်အလေးချိန် လျှော့ချနေသည်ဆိုပါက ဖြေးဖြေးပဲ လျှော့ပါ။ အမြန်လျှော့လိုက်ရင် uric acid stone ဖြစ်ခြင်းကို ပို၍အားပေးပါသည်။
ဆရာဝန်ဆီ အမြန်ဆုံး သွားရမည့် အချိန်
ချမ်းတုန်၍ ဖျားလျှင်၊ အန်လျှင်၊ ခါးနာတာ အရမ်းဆိုးပြီး မပျောက်လျှင် ဆီးထဲမှာ သွေးပါလျှင်၊ ဆီးက အနံ့ အရမ်းဆိုးပြီး နို့နှစ်ရောင်/ အဖြူရောင်တွေ ဖြစ်ပါက ဆီးသွားတိုင်း နာတာ ကျင်တာ ပူတာမျိုးဖြစ်ပါက ဆရာဝန်ဆီ အမြန်ဆုံး သွားသင့်ပါသည်။

အင်္ဂလိပ်လို Guava၊ ရုက္ခဗေဒအရ Psidium Guajava ဟုအမည်ရသော မာလကာပင်ကိုမြန်မာနိုင်ငံနေရာအနှံ့ ပေါများစွာတွေ့ရသည်။မာလကာသီးသည်မိုးရာသီစာ သစ်သီးတစ်မျိုးဖြစ်၍မိုးရာသီတွင် အသီးလှိုင်လှိုင်ထွက်ရှိသည်။ စျေးနှုန်းသင့်တင့်ကာအလွယ်တကူ ဝယ်ယူရရှိနိုင်သောကြောင့် မာလကာသီးကို လူတန်းစေ့စားနိုင်ကြသည်။အမျိုးအစားပေါ်မူတည်၍မာလကာသီး၏ အတွင်းပိုင်းအသားမှာ အဖြူရောင်(အူဖြူသီး)နှင့် ပန်းရင့်ရောင် သို့မဟုတ် ကြက်သွေးဖျော့ရောင်(အူနီသီး)ဟူ၍နှစ်မျိုးရှိသည်။

လတ်ဆတ်သောအသီး၏အတွင်းသားမှာချို၍ ကြွပ်ဆတ်ကာရနံ့မွှေးသည်။ အသီးမှည့်သွားသောအခါအတွင်းထဲရှိအသားမှာပျော့အိကာ ပိုချိုပြီး ပို၍မွှေးလာသည်။အသီးထဲတွင် အလွန်မာသော အစေ့များစွာပါရှိပြီးကြေညက်အောင် ဝါးစားပေးသင့်သည်။ အပေါ်ယံအခွံမှာအစိမ်းဖျော့သို့မဟုတ် အစိမ်းရင့်ရောင်နှင့် စိမ်းဝါရောင်တို့ဖြစ်ပြီးထိုအခွံကိုလည်းစားနိုင်သည်။မာလကာသီးကိုသူ့ချည်း သက်သက် အဆာပြေစားသုံးလေ့ရှိပြီး အခွံနွှာ၊ရေခဲစိမ်၍ဆား၊နွယ်ချိုမှုန့်နှင့်ငရုတ်သီးမှုန့်တို့ထည့်ပြီးစားကြသည်။
မာလကာသီးနှင့် မာလကာရွက်တို့၏ ကျန်းမာရေး
မာလကာသီးကိုတစ်ကြိမ်သာဖမ်းဆုပ်စား၊ ဆရာဝန်ကို တစ်နှစ်လုံးရှောင်ရှား ဟု ဆိုရိုးစကားရှိသည်။အသီးသာမက အရွက်၊ အစေ့နှင့် အခွံတို့ကလည်းလွန်စွာ ဆေးဖက်ဝင်သည်။မာလကာသီးတွင် ဘေးဥပဒ်ဖြစ်စေသော ကိုလက်စထရောနှင့် ဆိုဒီယမ်တို့ လုံးဝမပါရှိသည့်အပြင် ကယ်လိုရီနှင့်အဆီဓာတ်အနည်းငယ်သာပါရှိသည်။ အမျှင်ဓာတ်ကြွယ်ဝသောကြောင့်လူသားတို့၏ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေသည်။ မာလကာသီးက ဗီတာမင် - C စုဝေးရာ အရင်းအမြစ်ဖြစ်ပြီး လိမ္မော်သီးတွင်ပါရှိသော ဗီတာမင်-C ထက် ငါးဆပိုသည်။
၁၀၀ဂရမ်အလေးချိန်ရှိသောမာလကာသီးတွင် ဗီတာမင်- A ၂၅၀ I.U၊ ဗီတာ မင်- B (ခေါ်) သီအာမင် သုည ဒသမ ၇ မီလီဂရမ်၊ နီအာစင် ၁ ဒသမ ၂ မီလီဂရမ်၊ ဗီတာမင်-C ၃၀၂ မီလီဂရမ်၊ ကယ်လ်စီယမ် ၃၀ မီလီဂရမ်၊ ဖော့စဖရပ်စ် ၂၉ မီလီဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၁ ဂရမ်၊ ပရိုတင်း ၁ ဂရမ်နှင့် ကယ်လိုရီ ၇၀ ခန့်ပါရှိသည်။
ဆီးချိုရောဂါအတွက် မာလကာသီးစားပါ
မာလကာသီးကို အိန္ဒိယနိုင်ငံရှိ The University of Allahabad တွင် သုတေသနပြုစမ်းသပ်ခဲ့ရာ မာလကာသီးအခွံသည် သွေးထဲရှိသကြားပမာဏကို မြင့်တက်စေနိုင်သော်လည်းအသီးအတွင်းရှိ အသားနှင့်အစေ့တို့က သွေးထဲရှိ ဂလူးကို့စ်ပမာဏကို လျှော့ချပေးနိုင်စွမ်းရှိသည်။
ထို့ကြောင့်ဆီးချိုရောဂါဝေဒနာသည်များ မာလကာသီးကို အခွံဖယ်၍ စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို ကောင်းကျိုးပြုသည်။ တိုကျိုမြို့ရှိ The Yakult Central Institute for Microbiological Research တွင် သုတေသနပြုလုပ်ခဲ့ရာ မာလကာရွက်ကို ရေနွေးကြမ်းအဖြစ်သောက်ပေးခြင်းဖြင့် အင်ဆူလင်ပမာဏပြောင်းလဲခြင်းမရှိဘဲသွေးထဲရှိ alpha-glucosidase အင်ဇိုင်းများကိုထိထိရောက်ရောက် ဟန့်တားပေးနိုင်၍ ဆီးချိုရောဂါဝေဒနာသည်များ ယုံကြည်စိတ်ချစွာသောက်သုံးသင့်ကြောင်း အကြံပြုထားသည်။
ဝမ်းလျှော၊ ဝမ်းကိုက်ခြင်းအတွက် မာလကာသီးစားပါ
မာလကာသီးတွင်အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေသော ဗီတာမင်-C၊ ကယ်ရိုတီနွိုက်စ်နှင့် ပိုတက်ဆီယမ်တို့ပါရှိသည့်အပြင် လူသားတို့၏ အူနှင့် ကလီစာတစ်သျှူးများကို ကောင်းကျိုးပြုသည့် astringentsဓာတ်ပေါင်းစုတို့ အမြောက်အမြားပါရှိခြင်းကြောင့် အူထဲရှိ မကောင်းသောဗက်တီးရီးယားပိုးမွှားများကိုသေစေနိုင်ခြင်း၊ အလွန်သေးငယ်သော ရောဂါပိုးမွှားများ ကြီးထွားလာမှုကို တားမြစ်ပေးနိုင်ခြင်း၊ အူထဲရှိ ပိုလျှံသော အရိအချွဲများကိုဖယ်ရှားသန့်စင်ပေးနိုင်ခြင်း စသည့်အစွမ်းသတ္တိများကြောင့် မာလကာသီးစားခြင်းဖြင့်ဝမ်းလျှော၊ဝမ်းပျက်ရောဂါ၊ဝမ်းကိုက်ရောဂါ၊အစာအိမ်နှင့် အူရောင်ခြင်းတို့ကိုကောင်းစွာကုသပေးနိုင်သည်။ ထို့ပြင် မာလကာရွက်ကို ရေနွေးကြမ်းခတ်သောက်ပေးခြင်းဖြင့် အူကိုအဆိပ်အတောက်ဖြစ်စေသည့် ပိုးမွှားများအား ဟန့်တားကာကွယ်ပေးသောကြောင့် ကာလဝမ်းရောဂါမဖြစ်စေဘဲအော်ဂလီဆန်ပျို့အန်ခြင်းများကိုလည်း သက်သာစေသည်။
သွေးတိုးရောဂါအတွက် မာလကာသီးစားပါ
မာလကာသီးသည် သွေးထဲရှိ မကောင်းသော ကိုလက်စထရောများကို လျှော့ချပေးကာ သွေးခဲခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ထို့ပြင်အမျှင်ဓာတ်နှင့် သဘာဝ Hypoglycemia တို့ကြွယ်ဝစွာပါရှိခြင်းကြောင့်လည်း သွေးဖိအားကျစေသည်။လူတစ်ယောက်၏တစ်နေ့တာ ပိုတက်ဆီယမ်လိုအပ်ချက် ၂၀ ရာခိုင်နှုန်းကို မာလကာသီးကြီးကြီးတစ်လုံးမှ ရရှိနိုင်သည်။ ထို့ကြောင့်မာလကာသီးစားခြင်းက သွေးတိုးရောဂါသက်သာစေနိုင်သကဲ့သို့ ယင်းရောဂါနှင့်ဆက်စပ်သောနှလုံးသွေးကြောရောဂါနှင့် လေဖြတ်ခြင်းဖြစ်နိုင်ခြေ အလားအလာတို့ကိုလည်း လျှော့ချပေးနိုင်သည်။
ကင်ဆာရောဂါအမျိုးမျိုးအတွက် မာလကာသီးစားပါ
မာလကာသီး၏အတွင်းထဲရှိအသားထက်အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကပိုမိုဆေးစွမ်းထက်သည်။ အထူးသဖြင့် မာလကာသီး(အူနီသီး)အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်သည့် Lyco-pene သည် ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော Free Radical များကို တိုက်ထုတ်ပေးပြီး အမျိုးသားများ ဆီးကျိတ်ကင်ဆာနှင့် အမျိုးသမီးများ ရင်သားကင်ဆာအကျိတ်ကြီးထွားလာမှုတို့ကို တားမြစ်ပေးနိုင်သည်။ ထို Lycopene ဓာတ်က သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေအလားအလာကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ကြောင်း အရီဇိုးနားတက္ကသိုလ်မှ သုတေသီများက အကြံပြုထားကြသည်။
သွားနှင့် ခံတွင်းရောဂါအမျိုးမျိုးအတွက် မာလကာသီးစားပါ
မာလကာရွက်ထဲတွင်ပါရှိသော Gu-aijaverin ခေါ် Flavonoids ဓာတ်ပေါင်းက သွားပိုးရောဂါဖြစ်စေသော ဗက်တီးရီးယားများ ကြီးထွားခြင်းကို ဟန့်တားကာကွယ်ပေးနိုင်သည်။ လည်ချောင်းနာခြင်း၊ လည်မျိုနှင့်အာသီးရောင်ခြင်း၊ သွားကိုက်ခြင်း၊ သွားဖုံးနာခြင်း စသည့် ခံတွင်းရောဂါအမျိုးမျိုးတို့အတွက် မာလကာရွက်ပြုတ်ရည်နွေးနွေးဖြင့် အာလုတ်ကျင်းပေးနိုင်သည်။ ထို့ပြင် Astringents ခေါ် တစ်သျှူးများကိုကျုံ့ကာ သွေးတိတ်စေသော အစွမ်းသတ္တိပါရှိသည့်အတွက် ဗီတာမင်-C ချို့တဲ့ခြင်းကြောင့်ဖြစ်တတ်သော သွားဖုံးရောင်၍ သွေးယိုစီးခြင်းကိုလည်း ကောင်းစွာကုသပေးနိုင်စွမ်းရှိသည်။
အရေပြားပြဿနာများအတွက် မာလကာသီးစားပါ
နိုက်ဂျီးရီးယားနိုင်ငံရှိ Federal Uni-versity of Technology ၌ လေ့လာစမ်းသပ်ချက်များအရ မာလကာရွက်တွင် ဗက်တီးရီးယားပိုးမွှားများကို သေစေနိုင်သည့်အစွမ်းသတ္တိပါရှိနေခြင်းကြောင့် ခွဲစိတ်ထားသောဒဏ်ရာများကို ပိုးမဝင်စေရန်၊ အရေပြားပေါ်ရှိ ကူးစက်နာများကို ပိုးသေစေရန်၊ အသားအရေပေါ်တွင် ပွန်းပဲ့ရှနာထိခိုက်မှုဖြစ်ပွားပါက သွေးတိတ်ပြီး အနာမြန်မြန်ကျက်စေရန် စသည်တို့အတွက် မာလကာရွက်ကို ရေစင်စင်ဆေးကာ ကြိတ်ခြေပြီး အုံပေးနိုင်သည်။ ထို့ပြင် သွေးဆိပ်တက်၍ ခန္ဓာကိုယ်ယားယံခြင်းအတွက်မာလကာရွက်ကိုရေစိမ်ပြီးချိုးပေးသင့်သည်။ဦးရေပြားပေါ်တွင်ဒက်ပေါက်ခြင်းနှင့် ဆံသားများခြောက်သွေ့ခြင်းတို့အတွက် မာလကာရွက်အရည် လိမ်းပေးနိုင်သည်။ မာလကာရွက်ထဲတွင် ဗီတာမင်-A ပါရှိခြင်းကြောင့် ဆံသားအမြစ်များသန်မာအောင် စွမ်းဆောင်ပေးနိုင်သည်။ ကျန်းမာသန့်ရှင်းသော အသားအရေပိုင်ဆိုင်လိုပါက မာလကာရွက်နုများနှင့် လတ်ဆတ်သော မာလကာသီးတို့ကို ရောပြုတ်၍ နေ့စဉ် ရေချိုးပေးခြင်းဖြင့် အသားအရေပေါ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပစ်ပြီး စိုပြည်လှပလာပါလိမ့်မည်။
အထွေထွေရောဂါများအတွက် မာလကာသီးစားပါ
အိပ်မပျော်ခေါင်းမကြည်ခြင်းနှင့် ခေါင်းမူး၊ခေါင်းကိုက်ခြင်းဝေဒနာများအတွက် မာလကာရွက်ကိုရေဆေးပြီး လက်ဖြင့်ပွတ်ခြေကာရှူပေးရုံမျှဖြင့် ဝေဒနာများပျောက်ကင်းစေနိုင်သည်။တာမင်-Cကြွယ်ဝသည့်အတွက် မာလကာသီးကိုမှန်မှန်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သည်။ တိုင်းရင်းဆေးဝါးကုထုံးများတွင်ဝက်ရူးပြန်ဝေဒနာရှင်များကို မာလကာရွက်ပြုတ်ရည်ဖြင့်ရေချိုးစေပါသည်။
နှာစေး၊ ချောင်းဆိုး၊ ပန်းနာ၊ ရင်ကျပ်နှင့် အဆုတ်ရောဂါဝေဒနာရှင်များ မာလကာရွက်ပြုတ်ရည်သောက်သုံးခြင်းဖြင့် သက်သာစေနိုင်သည်။
မာလကာသီးဖြင့် မိမိအိမ်တွင် Lotion ပြုလုပ်နည်းမာလကာသီး Lotion ကို လိမ်းလိုက်သောအခါ အသီးထဲတွင်ပါရှိသော ဗီတာမင်-A နှင့် ဗီတာမင်-C များက အသားထဲသို့စိမ့်ဝင်သွားပြီး အစိုဓာတ်ထိန်းပေးကာ အရေးအကြောင်းများမရှိတော့ဘဲ မျက်နှာအသားအရေကို ချောမွေ့ဝင်းမွတ်လာစေသည်။ အဆီများပြီး ဝက်ခြံပေါက်သော အသားအရေပိုင်ရှင်များလည်း ယုံကြည်စိတ်ချစွာလိမ်းနိုင်ပါသည်။ အလှကုန်စျေးကွက်တွင် မာလကာသီးဖြင့် ပြုလုပ်ထားသော အလှပြင်ပစ္စည်းများက အတော်အတန် စျေးနှုန်းမြင့်မားသည်။ သို့သော် ကုန်ကျစရိတ်နည်းနည်းနှင့် အာနိသင်ရှိသော မာလကာသီး Lotion ကိုမိမိအိမ်တွင်အောက်ပါအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပါသည်။
ရှေးဦးစွာမာလကာသီးနှစ်လုံးကို အခွံနွှာ၍ကြိတ်စက်ထဲထည့်ပြီးအစေ့များကြေသွားသည်အထိနှစ်မိနစ်ခန့် ကြိတ်ထားပါ။ ထို့နောက် အပူခံခွက်တစ်ခုထဲသို့ ပျားရည်လေးဇွန်းထည့်၍ Micro-wave ထဲတွင် အပူရှိန်ပြင်းပြင်းဖြင့် ပျားရည်ပျော်သွားသည်အထိ ၁၀ စက္ကန့်မျှ အပူပေးပါ။ ပျားရည်ထဲသို့သံလွင်ဆီ လေးဇွန်းထည့်၍ရောမွှေပေးပါ။ထိုအရောအနှောများထဲသို့ ကြိတ်ထားသောမာလကာသီးအနှစ်ရည်များ အားလုံးလောင်းထည့်ပြီးတစ်ပြေးညီဖြစ်သွားအောင် မပြတ်မွှေပေးပါ။ ၎င်းတို့ကို Micro-wave ထဲထည့်၍ အငွေ့ပြန်သွားသည်အထိ စက္ကန့် ၃၀ ခန့် အပူပေးပါ။ သိပ်မအေးခင် အဖုံးလုံသော ဘူးတစ်ဘူးထဲသို့ ပြောင်းထည့်ပြီး အဖုံးကိုလုံအောင် ပိတ်ထားပါ။ အေးသွားသောအခါ ထို Lotion ဘူးကိုရေခဲသေတ္တာထဲသိမ်းပါ။ထိုသို့ပြုလုပ်သောLotion ထဲတွင်တာရှည်အထားခံရန် ဖြည့်စွက်ဓာတုပစ္စည်းလုံးဝမပါရှိသည့်အတွက်အခန်းအပူချိန်တွင်ထားပါက အာနိသင်ပျက်ပြယ်စေနိုင်၍သတိပြုသိမ်းဆည်းပါ။အချိန်နှစ်လကျော်ကြာ ပြုလုပ်ပြီးသော Lotion ကိုမသုံးပါနှင့်။
သတိပြုရန်
မာလကာသီးက သွေးချုပ်စေတတ်၍ ရာသီသွေးအဆင်းလွန်သူများမှန်မှန်မှီဝဲစားသုံးပေးသင့်သော်လည်းပုံမှန် ဓမ္မတာလာသူများနှင့်ဓမ္မတာမမှန်သူများရာသီလာစဉ် မာလကာသီးလုံးဝ မစားပါနှင့်။ မာလကာသီးအခွံက အနည်းငယ်ဖန်၍ အခွံနွှာစားတတ်ကြသည်။ တချို့ကလည်း မာလကာစေ့က အူအတက်ပေါက်စေနိုင်သည်ဟု ယုံကြည်ကြသည်။ အမှန်တကယ်မှာ မာလကာသီး၏အသားထက်အခွံနှင့်အစေ့တို့က ကျန်းမာရေးကို ပိုမိုအကျိုးပြုစေသော အစိတ်အပိုင်းများဖြစ်သည်။ထို့ကြောင့်အခွံနှင့်အစေ့တို့ကိုပါညက်ညက်ဝါး၍ စားပေးသင့်ပါသည်။
မှတ်ချက်
မာလကာသီး သေးသေးကျစ်ကျစ်က အဖန်ဓာတ်များပြီးချောင်းဆိုး၊ သလိပ်ပွစေတတ်၍ထိုအသီးမျိုးကိုရှောင်ပါ။ အပေါ်ယံအခွံပြောင်တင်းပြီး အပြစ်အနာအဆာကင်းသောအသီးတို့ကိုသာရွေးချယ်ပါ။ မာလကာသီး၏သဘောသဘာ၀သည် အပင်မှခူးဆွတ်ပြီးနောက် တဖြည်းဖြည်းမှည့်လာတတ်၍ အခန်းအပူချိန်တွင် ထားပေးသင့်သည်။ အပူဓာတ်စာအသီးဖြစ်၍ ရေခဲသေတ္တာထဲသိမ်းဆည်းမထားသင့်ပေ။

အာဒါလွတ်သည်အပူပိုင်းဒေသများမှထွက်ရှိသော သစ်ဥသစ်ဖုဖြစ်သည်။ ယင်းကိုကြိတ်၍ ပုံမှန်စာ (Stable Food) အဖြစ် စားကြသည်။ မိုးသစ်တောတို့ တွင်ပေါက်သော ရုက္ခဗေဒအမည် Maranta Arun-dinacea ခေါ် ချုံပင်တစ်မျိုးမှထွက်သော အာတာလွတ်ဥဖြစ်သည်။ အာဒါလွတ်ပင်သည် Maranta မျိုးစုဝင်နှင့် Marantaece မျိုးရင်းဝင်ဖြစ်ပြီးလျှင် နှစ်ရှည်ခံပင်ပျော့မျိုးဖြစ်သည်။

အာဒါလွတ်ဥသည် အစာကြေလွယ်သော Starch (ကစီ)ဖြစ်သဖြင့်ယင်းကိုကလေးနှင့်နာမကျန်း ဖြစ်နေသူများအတွက်အစားအစာအဖြစ်အသုံးပြုလေ့ရှိကြသည်။ သို့သော်စီးပွားရေးသမားများကအာဒါလွတ်မှုန့်များတွင်အာလူးမှုန့်၊ ဆန်မှုန့်၊ သို့မဟုတ် ရိုးရိုးဂျုံမှုန့်များဖြင့်ရော၍ အာဒါလွတ်မှုန့် အဖြစ်ရောင်းချလေ့ရှိကြသည်။
အာဒါလွတ်ဥစားသုံးမှုပုံစံ
မြန်မာနိုင်ငံ၏ တချို့အရပ်ဒေသများတွင် အာဒါ လွတ်ဥကို ကလားဝါးဥ၊ သင်ဥ၊ ဝါးဥဟုအမျိုးမျိုးခေါ် ဝေါ်ကြသည်။ အာဒါလွတ်ဥကိုပြုတ်ပြီး ဆီ၊ ဆား၊ နှမ်းတို့ဖြင့် စားကြပြီး အရသာစိမ့်စိမ့်လေးနှင့် မြန်မာ့ အစားအစာများတွင် နေရာတစ်ခုယူထားသည့် အာဒါ လွတ်ဥက ဆေးဖက်ဝင်သည်။ အာဒါလွတ်ဥကို ပါးပါး လှီး၍ကြော်ခြင်း၊ ပြုတ်ထောင်းပြီး မုန့်နှစ်ဖြင့်လည်း အကြွပ်ကြော်စားလေ့ရှိကြောင်းနှင့်သက်သတ်လွတ်သမားများပိုမိုဝယ်ယူစားသုံးကြပြီး မုန့်ပဲ သရေစာအဖြစ်လည်း စားသုံးကြသည်။ အာဒါလွတ်ဥ တွင်ပါဝင်သည့်အာဟာရဓာတ်များနှင့် ဆေးဖက်ဝင်အာနိသင်များကို သိပ္ပံပညာလေ့လာမှုအထောက်အထားများလည်း တွေ့ရှိထားသည်။
အာဒါလွတ်ဥတွင်ပါဝင်သောအာဟာရဓာတ်များ
အာဒါလွတ်ဥတွင် အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ သံဓာတ်နှင့် ဖောလစ်အက်စစ်တို့ပါဝင်သည့်အပြင် ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်-B အုပ်စုကဲ့သို့ အာဟာရ ဓာတ်များပြည့်စုံစွာပါဝင်ပြီး ကယ်လ်စီယမ်၊ ပိုတက် စီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဖော့စဖရပ်စ်ကဲ့သို့ သတ္တုဓာတ်များကြွယ်ဝသည်။အာဒါလွတ်ဥတွင်အာဟာရဓာတ်များနှင့် သတ္တုဓာတ်များပါဝင်သည့် အတွက် အစာခြေစနစ်ကောင်းမွန်ခြင်း၊ အရိုးကို သန်မာစေခြင်း၊ သွေးလှည့်ပတ်မှုနှင့် နှလုံးကျန်းမာ ရေးကို ကောင်းမွန်စေခြင်း စသည့်ကျန်းမာရေးအကျိုး ကျေးဇူးများရရှိနိုင်သည်။ အာဒါလွတ်ဥ ၁၀၀ ဂရမ် တွင် ကာဗိုဟိုက်ဒရိုတ် ၁၃ ဂရမ် (၄ ရာခိုင်နှုန်း)၊ ပရိုတင်း ၄ ဒသမ ၂ ဂရမ် (၈ ရာခိုင်နှုန်း)၊ အဆီ သုည ဒသမ ၂ ဂရမ် (သုည ရာခိုင်နှုန်း)၊ ကိုလက်စထရော သုည ဒသမ သုည ဂရမ် ( သုည ရာခိုင်နှုန်း)၊ ဆိုဒီယမ် ၂၆ ဂရမ် (၁ ရာခိုင်နှုန်း) နှင့် ပိုတက်ဆီယမ် ၄၅၄ ဂရမ် (၁၂ ရာခိုင်နှုန်း) ပါဝင်သည်။
အာဒါလွတ်ဥ၏ဆေးဖက်ဝင်အကျိုးကျေးဇူးများ
အာဒါလွတ်ဥသည် မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားသောကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်သည်။
ခန္ဓာကိုယ်၏အစာခြေစနစ်တွင်အမျှင်ဓာတ်ကအရေးပါဆုံးဖြစ်ပြီးအာဒါလွတ်ဥအမျှင်ဓာတ်က အူလမ်းကြောင်းအတွင်း၌အစားအစာရွေ့လျားမှု ကောင်းမွန်စေပြီးအာဟာရဓာတ်များစုပ်ယူနိုင်အောင် နှိုးဆွပေးကာ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းတို့ကိုသက်သာပျောက်ကင်းစေပြီး သွေးတွင်းသကြား ဓာတ်ကိုလည်း ထိန်းညှိပေးပါသည်။ အဆိုပါ အမျှင် ဓာတ်ကြောင့် ပိုလျှံနေသော ကိုလက်စထရောများကို ရှင်းလင်းပေးပြီးနှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေသည်။
အာဒါလွတ်ဥတွင် Gluten ဓာတ်မပါဝင်သောကြောင့်အစာအိမ်နာခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းမအီမသာဖြစ်ခြင်းတို့ကိုကာကွယ်ပေးနိုင်သည်။
အာဒါလွတ်ဥတွင်ပိုတက်ဆီယမ်ပါဝင်မှုပမာဏ များသောကြောင့်နှလုံးနှင့်ပတ်သက်သည့့်ရောဂါများကို ကာကွယ်ပေးသည်။ ပိုတက်ဆီယမ်က နှလုံး သွေးလွှတ်ကြောများနှင့် သွေးပြန်ကြောများကိုပြေလျော့စေပြီး သွေးဖိအားကိုကျစေသဖြင့် နှလုံး ရောဂါနှင့် လေဖြတ်ခြင်းအန္တရာယ်ကို လျော့နည်းစေ ပါသည်။ အာဒါလွတ်ဥတွင်ပိုတက်ဆီယမ်နှင့် ဆိုဒီယမ်ပါဝင်မှုများသောကြောင့်သွေးအားကိုထိန်းညှိပေးနိုင်ပါသည်။သွေးတိုးရောဂါရှိသူများ မဖြစ်မနေစားသုံးပေးသင့်သည့် အစားအစာတစ်ခု ဖြစ်ပါသည်။အာဒါလွတ်ဥထဲတွင်ပါဝင်သည့် ဖောလိတ်ဓာတ်သည်နှလုံးရောဂါဖြစ်စေသည့် Homocysteine ဓာတ်ကိုလျှော့ချပေးသည်။
မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားပြီး သတ္တုဓာတ်ကြွယ်ဝသောကြောင့် သွေးလှည့်ပတ်မှုအားကောင်းစေသည်။ အာဒါလွတ်ဥတွင် ဗီတာမင်-B အုပ်စုကြွယ်ဝစွာ ပါဝင်ပြီး ကောင်းမွန်သည့်ကိုလက်စထရောများ ပါဝင်သောကြောင့် နှလုံးသွေးကြောနှင့်ပတ်သက်သည့်ရောဂါများကိုကာကွယ်ပေးပါသည်။ သွေးအားနည်း ရောဂါအပြင် မူးမော်ခြင်းမဖြစ်အောင်ကာကွယ်ပေးပါသည်။
အာဒါလွတ်ဥထဲတွင်ပါဝင်သည့်သံဓာတ်ကသွေးလှည့်ပတ်မှုအားကောင်းစေသဖြင့် ဦးနှောက်ထဲကိုအောက်ဆီဂျင်လုံလောက်စွာရောက်ရှိစေသည့်အတွက် ဉာဏ်ကောင်းစေပါသည်။ သတိမေ့ရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးသည်။
အာဒါလွတ်ဥတွင်ပရိုတင်းဓာတ်နှင့်သံဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့်အရိုးများကိုသန်မာစေပါသည်။အာဒါလွတ်ဥတွင် ကြေးနီဓာတ်နှင့်သံဓာတ်ပါဝင် သောကြောင့်သွေးနီဆဲလ်များကိုတိုးပွားစေပြီးပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်းမှ ကာကွယ်ပေးသည်။ အဆိုပါဓာတ်များကြောင့်သွေးလှည့်ပတ်မှုကိုကောင်းမွန်စေသဖြင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။
အာဒါလွတ်ဥတွင်ဖောလိတ်ဓာတ်ပါဝင်မှုများသည့်အတွက် ကိုယ်ဝန်ဆောင်မိခင်များစားသုံးပါက ကျန်းမာစွာဖြင့် မွေးဖွားလာမည့်ကလေးတွင် ချို့ယွင်း ချက်ပါလာနိုင်ခြေနည်းစေပါသည်။ ဖောလိတ်ဓာတ်က ဒီအင်န်အေဖြစ်တည်မှုနှင့် ဆဲလ်ကျန်းမာရေးများတွင် အရေးကြီးသောဓာတ်ဖြစ်ပြီးဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ပေးသည်။
အသားမှရသောပရိုတင်းများထက် အသီးအနှံနှင့် သစ်ဥသစ်ဖုကရသောပရိုတင်းကို ခန္ဓာကိုယ်ကစုပ်ယူမှုလုပ်ရတာပိုမိုလွယ်ကူသောကြောင့် ပရိုတင်း အသင့်အတင့်ပါဝင်သော အာဒါလွတ်ဥကို စားပေးခြင်းဖြင့်ကျန်းမာသည့်ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ရရှိနိုင်မည်ဖြစ်သည်။အာလူး၊ပီလောပီနံတို့ကဲ့သို့ တခြားဥတွေထက် ကယ်လိုရီနည်းသည့်အာဒါလွတ်ဥက ကိုယ်အလေး ချိန်လျှော့ချရာတွင် ပိုသင့်တော်ပါသည်။ အာဟာရဓာတ်များနှင့်အမျှင်ဓာတ်ပါသည့် အာဒါလွတ်ဥကို တွဲစားလျှင်ကိုယ်အလေးချိန်လျှော့ခြင်းအတွက် ပိုအကျိုးထူးနိုင်ပါသည်။ အဆာပြေအနေဖြင့်လည်း စားသုံးနိုင်ပါသည်။
အာဒါလွတ်ဥ၏ ဆေးဖက်ဝင်အာနိသင်ကြောင့် ဆီးအိမ်ပိုးဝင်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကုသပေးနိုင်သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမကြာခဏဖြစ်တတ်သည့်အမျိုးသမီးများ အာဒါလွတ်ဥစားပေးသင့်သည်။ အာဒါလွတ်ဥတွင်ပါဝင်သည့်သတ္တုဓာတ်များက အားနည်းခြင်း၊နွမ်းနယ်ခြင်းနှင့် ဦးနှောက်ဉာဏ်ရည်ဆိုင်ရာပြဿနာများကို တွန်းလှန်ရာတွင်အများဆုံးအကျိုးပြုသည်။ ကိုယ်တွင်းအင်္ဂါစနစ်များအတွင်းအောက်ဆီဂျင်ပေးပို့မှုပိုကောင်းစေပြီး ခွန်အားလည်း မြင့်တက်စေသည်။
အာဒါလွတ်တွင် ဗီတာမင်-B ပါဝင်မှုမြင့်မားသောကြောင့် အင်ဇိုင်းနှင့်ဇီဝကမ္မဖြစ်စဉ်အတွက်အရေးပါလှသည်။ ဗီတာမင်-B အုပ်စုသည် ဟော်မုန်းများမှ အစနှလုံးခုန်နှုန်းအထိခန္ဓာကိုယ်အနှံ့လုပ်ဆောင်ချက်ဖြစ်စဉ်များကိုထိန်းညှိရာတွင်အရေးပါသည်။ ကယ်လ်စီယမ်ကြွယ်ဝမှုကြောင့်လည်း ခန္ဓာကိုယ်ထဲ က အယ်ကာလိုင်းအက်စစ်ထိန်းညှိမှုအတွက် အရေးပါသည်။အာဒါလွတ်ဥတွင် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့်ကျောက်ကပ်ကိုသန့်စင်ပေးပြီး ကျောက်ကပ်ထဲကအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။
သတိပြုရန်အချက်များ
အာဒါလွတ်ဥသည် ချောကလက်၊ နို့အေးချောင်း (ရေခဲချောင်း)၊ ဂွေးသီးတို့နှင့် တွဲဖက်စားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။ ဂေါက်ရောဂါရှိသူများစားသုံး ပါက ခြေဆစ်လက်ဆစ်များနာတတ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော်အာဒါလွတ်ဥတွင် ပရိုတင်းဓာတ်၊သံဓာတ်နှင့် ဖောလစ်အက်စစ်၊မဂ္ဂနီစီယမ်၊ ဖော့စဖရပ်စ်တို့ပါဝင်သည့်အပြင် တခြား ဗီတာမင်များနှင့်သတ္တုဓာတ်များလည်းပါဝင်သည့်အတွက် ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာခြေစနစ်ကောင်းမွန်စေခြင်း၊အစာအိမ်ရောဂါဖြစ်ပွားမှုမှကာကွယ်ပေးခြင်း၊ အရိုးကိုသန်မာစေခြင်း၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်ကူညီပေးခြင်း၊သွေးအား နည်းခြင်းကိုကာကွယ်ပေးပြီးသွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း၊နှလုံးကျန်းမာရေးအတွက်ကောင်းခြင်း၊ဆီးချိုရောဂါအတွက်အထောက်အကူပြုခြင်း၊ကိုယ်ဝန်ဆောင်မိခင်များအတွက်သန္ဓေသားဖွံ့ဖြိုးစေခြင်း စသည့်ကျန်းမာရေးအကျိုးအာနိသင်များကို ပေးစွမ်းနိုင်ကြောင်းနှင့် ဗီတာမင်-B အုပ်စုကြွယ်ဝစွာပါဝင်သောကြောင့်ခန္ဓာကိုယ် တစ်ခုလုံး၏လုပ်ငန်းလုပ်ဆောင်ချက်များကိုထိန်းချုပ်ပေးနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။

သွေးတိုးရောဂါဆိုသည်မှာ သွေးပေါင်ချိန်ကိရိယာဖြင့် လက်မောင်း၊ တံတောင်ဆစ်ကွေးအနီးမှ သွေးကြောကိုဖိ၍ ပိတ်ထားပြီးပြန်လွှတ်ပေးလိုက်သောအခါတိုး၍ စီးဆင်းနိုင်သောဖိအား၊အပေါ်သွေးနှင့် ငြိမ်သက်သွေးတိုးအား၊ အောက်သွေးတို့ကို တိုင်းတာသည့်အခါ အပေါ်သွေးတိုးအား BP 140 mm/Hg မှ BP 90 mm/Hg အထက်တိုးနေလျှင် သွေးတိုးရောဂါရှိသည်ဟု ခေါ်သည်။ ဤသည်မှာ အနောက်တိုင်းဆေးပညာ၏လေ့လာသတ်မှတ်ချက်ဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးပညာ၌ အရေးပါသော သွေးစမ်းပညာတွင် လက်ကောက်ဝတ် (လက်မအရင်း) သွေးစမ်းသောအခါ သွေးလုံးပွ၍ ကြီးပြီးမြွေကဲ့သို့ တွန့်လိမ်၍တိုးလျှင်သွေးတိုးရောဂါဟုသတ်မှတ်ကြသည်။ အပေါ်သွေးတိုးလျှင် နားထင်ရှိသွေးကြောမှာ တဒိတ်ဒိတ်တိုးပြီး ခေါင်းကိုက်ခြင်း ဝေဒနာကိုပါတွဲလျက်ခံစားရလေ့ရှိသည်။
သွေးတိုးခြင်း အကြောင်းရင်းများစွာရှိသည်။ အစာမကြေ၍ဖြစ်သောသွေးတိုး၊ စိတ်တို၍ဖြစ်သော သွေးတိုး၊ အအေးပတ်၍ဖြစ်သော သွေးတိုး၊ အငန်အစားများ၍ ဖြစ်သော သွေးတိုး၊ လေစာ အခါးဓာတ် များသောအစာများစား၍လေကြောင့်ဖြစ်သောသွေးတိုး၊ ပန်ကာလေပြင်းစွာခံ၍အခိုးငုပ်ပြီးဖြစ်သောသွေးတိုးစသည့်အကြောင်းများစွာကြောင့် သွေးတိုးရောဂါ ရနိုင်သည်။
အထက်ပါအစားအသောက်၊အနေအထိုင်မှား၍ ရုတ်တရက်ဖြစ်သော သွေးတိုးအပြင် အလေ့အကျင့်၊ အပြုအမူအမှားကြောင့်ဖြစ်ရသော သွေးတိုးရောဂါတစ်မျိုးမှာ နေ့စဉ် ညနေစောင်းချိန်တွင် ရေချိုး လေ့ရှိသူများတွင်ဖြစ်ပွားတတ်ကြောင်းတွေ့ရှိရသည်။ အထူးသဖြင့်ဈေးရောင်းသူများရုံးဝန်ထမ်းများအနေဖြင့်ညနေအိမ်ပြန်ရောက်ပြီး ထမင်းမစားမီရေချိုးလေ့ရှိကြသည်။ နှစ်ကြာလာသောအခါ ထိုသူများသည် သွေးတိုး ရောဂါဝင်ရောက်လာသည်ကိုတွေ့ရှိရသည်။
ဤသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ နေသည် ညနေစောင်း အနောက်ဘက် ဂေါယာစွန်းတွင် ဝင်ရောက် ပျောက်ကွယ်သွားသည်။ မြန်မာ့ဆေးပညာအယူအဆအရ ထိုအချိန်သည် အခိုးငုပ်ချိန်ဖြစ်သည်။
အခိုးငုပ်ချိန်တွင်နေ့စဉ်ရက်ဆက်ရေချိုးသူများသည် အရေပြားမှတစ်ဆင့် သွေးကြောများတွင် အခိုးငုပ်သည်။ ထိုမှကြာလာသောအခါအဆုတ်တွင်အပူငုပ်ရာမှတစ်ဆင့် နှလုံးအိမ်ထိအောင် အခိုးငုပ်ခြင်းဖြစ်သည်။ နှလုံးသည်လူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးဖြန့်ဝေခြင်းဖြစ်သည်။
အခိုးငုပ်နေသောနှလုံးသည် လေပူကိုတွန်းလှန်၍ ဆောင့်တိုးရခြင်း၊ ပို၍ညှစ်အားသုံးရခြင်းကြောင့် သွေးတိုးခြင်း၊ (တစ်နည်း) သွေးပေါင်တက်ရခြင်းဖြစ်သည်။ ညနေဘက် ရေချိုးလေ့ရှိသူများသည် အသက်ငယ်စဉ်တွင် မသိသာသော်လည်း သွေးကြောများ မာဆတ်သည့်အရွယ်၊ တစ်နည်း အားဖြင့် သွေးဖိအားကို မခံနိုင်တော့သည့်အရွယ် အသက် ၄၅ နှစ်ကျော်လျှင် သွေးတိုးရောဂါဝင်ရောက် လာတတ်ခြင်းကြောင့် ညနေစောင်းချိန် ရေချိုးခြင်းကို ရှောင်ကြဉ်သင့်ကြောင်း သတိပေးရေးသားလိုက်ရပါသည်။
ဝမ်းချုပ်ခြင်းကြောင့်ဖြစ်သော သွေးတိုးရောဂါ
နံနက်အိပ်ရာထချိန် ဝမ်းကောင်းစွာမသွားလျှင် တစ်နေ့လုံး မအီမသာဖြစ်ပြီး ခေါင်းမူးခြင်း၊ နောက်ကျောတက်ခြင်း၊ စိတ်မကြည်ခြင်းများဖြစ်လာတတ်သည်။
နံနက်အိပ်ရာထချိန် ဝမ်းမသွားသည့်တိုင် နံနက်စာစားပြီးချိန်၊ အလုပ်မသွားမီဝမ်းသွားလျှင်လည်းနေသာသေးသည်။ သို့မဟုတ်ပါက တစ်နေကုန်နေမကောင်းဖြစ်တတ်သည်။
ဝမ်းချုပ်ခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲရောဂါအမျိုးမျိုးတွင်သွေးတိုးရောဂါခံစားရသူပိုများလာသည်။ တချို့မှာ ဆရာဝန်ပေးသောသွေးကျဆေးကိုမှန်မှန်သောက်လေ့မရှိဘဲ ခေါင်းမူးခေါင်းကိုက် အစားမှားမှသာသောက်လေ့ရှိကြသည်။ ထိုသူများသွေးပေါင်ချိန်တက်ပြီးသွေးတိုးသည့်နေ့များကို လေ့လာကြည့်လျှင် ဝမ်းချုပ်သောနေ့များဖြစ်ကြောင်း တွေ့ရသည်။
သွေးတိုးရောဂါသည်ခန္ဓာကိုယ်၏သွေးလှည့်အဖွဲ့၊ သွေးကြောများအတွင်း အဆီအနှစ်များထုတက်ပြီး ကျဉ်းမြောင်းလာရာမှ အစပြုခြင်းဖြစ်သည်။ သွေးပိုက်လိုင်းကျဉ်းသွားသဖြင့် နှလုံးမှသွေးသွားအောင် ပို၍ညှစ်ပေးရာမှ ဖိအားတိုးလာခြင်းကို သွေးတိုးသည်ဟု ခေါ်သည်။ အမှန်မှာ သွေးများတိုးလာသည် မဟုတ်၊ သွေးပို့ပေးသည့် နှလုံးညှစ်အားတိုးလာခြင်းသာဖြစ်သည်။
အငန်စား၍ သွေးတိုးသည်၊ အစားမှား၍ သွေးတိုးသည်၊ အအေးပတ်၍ သွေးကြောများကျုံ့၍ သွေးတိုးသည်ဟု အသိများကြသော်လည်း ဝမ်းချုပ်၍ သွေးတိုးသည်ကို လူသိနည်းကြသည်။ သွေးကျဆေးကို မှန်မှန်သောက်နေသူများပင်ဝမ်းချုပ်လျှင် သွေးပေါင်တက်ပြီး သွေးတိုးလာတတ်သည်။ ခေါင်းအုံမူး ဝေလာသောအခါ သွေးကျဆေးသောက်ထားသူ သွားလာရင်း နေရာမှာပင်လဲကျသွားသူ၊ လေဖြတ်သွားသူများကိုတွေ့ဖူးသည်။ လေဖြတ်သူအတော်များများကို လေ့လာကြည့်သောအခါ ဝမ်းချုပ်သူများဖြစ်ကြောင်း တွေ့ရှိရသည်။
MWD Web Portal
ဝမ်းချုပ်သူအတော်များများသည် အထိုင်များသူနှင့် လမ်းလျှောက်နည်းသူများဖြစ်ကြောင်း တွေ့ရသည်။ ရေသောက်နည်းသူများ၊ အထူးသဖြင့် ညအိပ်ရာဝင်ချိန်နှင့် နံနက်အိပ်ရာထချိန် ရေသောက်နည်းသူများမှာ ဝမ်းချုပ်လေ့ရှိကြောင်း တွေ့ရသည်။ တချို့သူများမှာ ဝမ်းမချုပ်စေရန် ဝမ်းနုတ်ဆေးစားလေ့ ရှိကြသည်။ ဝမ်းနုတ်ဆေးကို နေ့စဉ် မှန်မှန်သောက်ခြင်းသည်ကောင်းသောအလေ့အကျင့်မဟုတ်ပေ။ အစာအိမ်နှင့် အူအတွင်းမှ သက်စောင့်အချွဲအမြှေးများပါသွားပြီး ကြာလျှင် အူရောင်ရောဂါရနိုင်သည်။ ပွေးကိုင်းပါဝင်သောဆေးများကို နှစ်ရှည်စွဲစားလျှင်အူမကြီးရောင်နာမှ အခန့်မသင့်လျှင် ကင်ဆာ ဖြစ်နိုင်သည်။
တိုင်းရင်းဆေးအမည်ခံ၍ ထုတ်လုပ်သော သွေးတိုးကျဆေးများကို လေ့လာကြည့်သောအခါ ဝမ်းသွားအောင် စီမံဖော်စပ်ထားသောဝမ်းနုတ်ဆေးများဖြစ်သည်။ ထိုဆေးများတွင် အမှန်တကယ်သွေးဖိအား၊ နှလုံးညှစ်အားများကို လျော့ကျစေနိုင်သော ပရဆေးအမည်များမပါရှိဘဲ ဝမ်းသွားစေမည့် ပရဆေး အမည်များစွာ ထည့်သွင်းဖော်စပ်ထားသည်ကို တွေ့ရှိရသည်။ တချို့ဆေးများသည် သွေးတိုးကျဆေး အမည်ခံပြီး ပွေးကိုင်း၊ ကနခိုစေ့၊ မုတ်ခါး၊ မင်းကိုကာ၊ ဆားခါး၊ ဆေးပုလဲ စသည့် ဝမ်းလျှောလွယ်သည့် ပရဆေးများကို များစွာထည့်သွင်းဖော်စပ်ထားသည်ကို တွေ့ရသည်။
ဝမ်းတစ်လုံးကောင်းလျှင်ခေါင်းတစ်လုံးမခဲဟူသောစကားမှာမှန်သော်လည်း နေ့စဉ် ဝမ်းနုတ်ဆေးသောက်နေရခြင်းသည်လည်း မကောင်းပေ။ မာသောအစာ၊ ကြေခဲသောအစာ၊ လေချုပ်သောအစာများ ကိုရှောင်ကြဉ်ပြီး အသီးအနှံများများစားပေးခြင်း၊ ရေများများသောက်ခြင်း၊ လမ်းမှန်မှန်လျှောက်ခြင်း ပြုလုပ်ပြီး ဝမ်းအလွန်ချုပ်တတ်လျှင်သင်္ဘောသီးမှည့်၊ ဖီးကြမ်းငှက်ပျော၊ သရက်သီးမှည့်စားသုံးခြင်း၊ ဟင်းချက်လျှင်မန်ကျည်းသီးမှည့်ထည့်ချက်ခြင်း၊ ရှောက်သီးအရည်ထည့်ချက်ခြင်းဖြင့် သွေးတိုးရောဂါမှ ကာကွယ်နိုင်ကြောင်းရေးသားလိုက်ရပါသည်။