လူ၏ခန္ဓာကိုယ်အတွင်း ဝမ်းခေါင်း၏ လက်ဝဲဘက်အထက်ပိုင်းတွင် အစာအိမ်တည်ရှိသည်။ ထိုအစာအိမ်သည် လူတို့စားသောက်သော အစားအစာမှန်သမျှကို ကြေညက်စေသော အချွဲအရည်တို့ဖြင့် ရောပြွန်းစေကာ အချဉ်ဓာတ်အရည်တစ်မျိုးဖြင့် အစာချေပေးသည်။

အစာအိမ်သည် အစားအစာများဝင်သွားသောအခါ ကြီးလာပြီးအစာများမရှိလျှင် သေးငယ်နေတတ်သည်။ ယင်းအစာအိမ်တွင်ဖြစ်ပေါ်သော ရောဂါဟူသမျှကို အစာအိမ်ရောဂါဟု ခေါ်သည်။ သို့ရာတွင် အစာအိမ်တွင်ဖြစ်သော အစာအချဉ်ပေါက်ရောဂါသည် အစာအိမ်အတွင်းရှိ အက်စစ်ဓာတ် လောင်ကျွမ်းခြင်းကြောင့် အစာအိမ်ပါးခြင်း၊ ပေါက်ခြင်းစသည်တို့ ဖြစ်ပေါ်လာကာ အစာအိမ်ရောဂါကိုရရှိလေသည်။
ရောဂါဖြစ်ရသည့်အကြောင်းရင်း
အစာအိမ်ရောဂါဖြစ်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ မည်သူမျှတိကျစွာ ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း နောက်ဆုံးတွေ့ရှိချက်အရ အိပ်ချ်ပိုင်လိုရီ (H.pylori) ဗက်တီးရီးယားကြောင့် အစာအိမ်အနာဖြစ်သည်ဆိုကြသည်။ H.pylori က အစာအိမ်အနာဖြစ်စေသဖြင့် အဆိုပါဗက်တီးရီးယားကိုသတ်ရန် ပဋိဇီဝဆေးများဖြစ်သည့် Amoxicillin 500mg၊ Metronidazole 400mg၊ Ranitidine 150mg၊ Entacid ဆေးလေးမျိုး တစ်ရက်လျှင်နှစ်ကြိမ်(၁-၂)လဆက်တိုက်ကျွေးခြင်းဖြင့်အစာအိမ်ထဲမှ H-pylori ကို ပျောက်ကင်းစေသည်။
အစာအိမ်ရောဂါသည် အမျိုးသားများထက် အမျိုးသမီးများတွင်အဖြစ်များသည်။ သွေးအမျိုးအစားပေါ်မူတည်၍ ဖြစ်တတ်သည်။
အလုပ်ပင်ပန်းသူများ၊ စိုးရိမ်စိတ်ကြီးသူများနှင့် ဦးနှောက်အသုံးချမှုများသူများ၊ အချိန်မှန်မစားသူများနှင့် အိပ်ချိန်မမှန်သူများတွင်အစာအိမ်ရောဂါဖြစ်တတ်သည်။ အာရုံကြောများ လှုပ်ရှားရာတွင် အစာအိမ်အတွင်းရှိ သွေးကြောငယ် များ ကျဉ်းမြောင်းလာခြင်းကြောင့် သွေးအသွားအလာနည်းပါးလာပြီး အစာအိမ်အတွင်းရှိ အက်စစ်ဓာတ်လောင်ကျွမ်းမှုကိုလွန်ကဲစေကာ အစာအိမ်အတွင်း H.pylori များလာခြင်းကြောင့် အစာအိမ်ရောဂါ ဖြစ်ပေါ်လာရသည်။
အစာအိမ်ရောဂါလက္ခဏာများမှာ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ မကြာခဏမအီမသာဖြစ်ပြီး နေထိုင်မကောင်းခြင်း၊ စားသမျှအစာများ ကြေညက်မှုမရှိသဖြင့် အစာမကြေခြင်း၊ ရင်ခေါင်းအောင့်ခြင်း၊ အစာစားပြီးတိုင်းအစာအိမ်အပေါ်ပိုင်း လက်ဝဲဘက်နာကျင်ခြင်း၊ တစ်ခါတည်းစုပြုံ၍ ထွက်လာသောအစာများတွင် သွေးနီများပါလာခြင်း၊ အမြဲတမ်းဝမ်းဗိုက်ပွ၍ ချောင်းဆိုးမြန်ခြင်း စသည့်ရောဂါ လက္ခဏာများပြတတ်သည်။
ကြိုတင်ကာကွယ်နည်း
မည်သည့်အစားအသောက်မဆို ကြေညက်အောင်ဝါးပြီးမှ မျိုချသင့်သည်။ အစားအသောက်ကို အချိန်မှန်မှန် စားသောက်သင့်သည်။ အပူ၊အစပ်နှင့်အချဉ်များကို တရားလွန်မစားသင့်ပေ။ အလွန်မာသောအစာများစားသောက်ခြင်းကို ရှောင်ကြဉ်သင့်သည်။ နွားနို့ကို ကျက်အောင်ကျိုချက်၍သောက်သင့်သည်။ သွေးအန်လျှင် နွားနို့မတိုက်သင့်ပေ။ ဗိုက်နာသည့်အခါ ဗိုက်ကိုမနှိပ်သင့်ပေ။ အကိုက်အခဲပျောက်ဆေးများ ရှောင်သင့်သည်။
ကုသနည်း
အစာအိမ်ရောဂါကို ကုသရာတွင် H-pylori ဗက်တီးရီးယားကို ဖော်ပြသည့်ဆေးများ တိုက်၍ ကုသသင့်သည်။ အစာအိမ်ရောဂါရှိသူများ လုံလောက်စွာ အနားယူသင့်သည်။ ရေကို နေ့စဉ်(၂-၃)လီတာသောက်သင့်သည်။ ဆေးလိပ်၊ အရက် စသည်တို့မသောက်သင့်ပေ။ ကော်ဖီ၊ လက်ဖက်ရည် လွန်စွာမသောက်သင့်ပေ။ အက်စစ်ဓာတ်လွန်ကဲနေလျှင် အက်စစ်ဓာတ်အားနည်းအောင် Antacid၊ Omeprazole ဆေးဝါးများသောက်သုံးသင့်သည်။ အစာအိမ်နာအတွက် Gelmag၊ Sodamint တစ်နေ့နှစ်ကြိမ်ဖြင့်(၁-၂)လပြည့်အောင် သောက်သင့်သည်။ အစားမှန်မှန် စားသင့်သည်။
အစာအိမ်ရောဂါသည် အစာအိမ် သို့မဟုတ် အူသိမ်ဦးပိုင်း အနာဒဏ်ရာကြောင့် ဖြစ်သောရောဂါဖြစ်သည်။ အစာအိမ်နံရံများရောင်ခြင်း အပါအဝင် ကုသမှုခံယူရန် ဆရာဝန်နှင့်ချက်ချင်း ပြသသင့်သည်။ အဘယ်ကြောင့်ဆိုသော် မကုသဘဲထားပါက အမျိုးမျိုးသော နောက်ဆက်တွဲပြဿနာများနှင့် ပြင်းထန်သော အစာအိမ်ကင်ဆာကိုဖြစ်စေနိုင်သည်။
အစာအိမ်ရောင်ခြင်းလက္ခဏာများ
အစာအိမ်ရောင်ခြင်းလက္ခဏာများ ဖြစ်သော ရင်ဘတ်အထက်ပိုင်း သို့မဟုတ် ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်မှုနှင့် ဝမ်းဗိုက်နာခြင်းသည် လနှင့်ချီ၍ကြာတတ်သည်။ ဝမ်းဗိုက်နာခြင်း၊ ပူလောင်ခြင်း၊ ပြည့်လျှံခြင်းတို့ခံစားရတတ်သည်။ ဗိုက်ဆာနေချိန် သို့မဟုတ် ဗိုက်နာချိန် သို့မဟုတ် အစာမစားမီ သို့မဟုတ် အစာစားပြီးနောက် နာကျင်ခြင်း သို့မဟုတ် အိပ်နေစဉ်နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းဗိုက်အတွင်း အငွေ့ထွက်ခြင်း၊ ဗိုက်ပူခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်းများဖြစ်တတ်သည်။
အစာအိမ်ရောဂါကိုသိရှိနိုင်ရန် စေ့စေ့စပ်စပ် ရာဇဝင်နှင့် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းဖြင့် အသားစများ အပိုင်းပိုင်းဖြတ်၍ မြင်ရနိုင်သည်။ ထပ်လောင်းအတည်ပြုချက် လုပ်ဆောင်နိုင်သည်။နာတာရှည်ဝမ်းဗိုက်နာခြင်းများတွင် အစာအိမ်မှန်ပြောင်းကြည့်ခြင်းကို ပြုလုပ်နိုင်သည်။ ဆေးသောက်ပြီးနောက် နာကျင်မှုမသက်သာပါက သွေးအားနည်းခြင်းနှင့် ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ဖြစ်တတ်သည်။
အစာအိမ်ရောဂါကုသရာတွင် အချိန်မှန်စားခြင်း၊ အပူအစပ်ရှောင်ခြင်း၊ လက်ဖက်ရည်၊ ကော်ဖီရှောင်ခြင်း၊ ဆေးလိပ်နှင့်ကွမ်းရှောင်ခြင်း၊ လုံလောက်စွာအနားယူခြင်းအပါအဝင် မိမိ၏အပြုအမူကို ပြောင်းလဲသင့်သည်။ အစာကိုနည်းနည်းနှင့် မကြာခဏစားပေးသင့်သည်။ အစားအစာများကို သေချာကျက်အောင် ချက်ပြုတ်စားသောက်သင့်သည်။
ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန် အစာမစားမီ လက်ကိုရေနှင့်ဆပ်ပြာတို့ဖြင့် စက္ကန့်၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြော သင့်သည်။ အကိုက်အခဲပျောက်ဆေးကို ဆရာဝန်ညွှန်ကြားချက် မရှိဘဲ မသောက်သုံးသင့်ပေ။ ညစဉ်(၆-၈)နာရီပြည့်အောင် အိပ်စက်သင့်သည်။ အရက်၊ ကွမ်း၊ ဆေးလိပ်ဖြတ်သင့်သည်။ အစာအိမ်အနာမှတစ်ဆင့် ကင်ဆာထိမပြောင်းလဲစေရန် H.pylori ရောဂါကိုအမြစ်ပြတ်အောင် ကုသသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
MWD

ကညွတ်တွင်ပါဝင်သော သတ္တုဓာတ်များနှင့် ပျောက်ကင်းနိုင်သော ရောဂါများ
ကညွတ်တွင်ပါဝင်သော သတ္တုဓာတ်များသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးကြီးသည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော သတ္တုဓာတ်များကို ကညွတ်မှရရှိနိုင်သည်။ ကယ်လ်စီယမ်ပါဝင်သောကြောင့် အရိုးနှင့်သွားတည်ဆောက်ပုံ မာကျောမှုကို အထောက်အကူပြုသည်။ ကညွတ်တွင်ပါဝင်သော ကယ်လ်စီယမ်သည် အင်ဆူလင်စွန့်ထုတ်မှုကို ထိန်းညှိသော ပန်ကရိယဆဲလ်များအပေါ် တိုက်ရိုက်အာနိသင်ရှိသည်။ ဖော့စဖရပ်ပါဝင်မှုကြောင့် ကြွက်သားများ ကျုံ့နိုင်ဆန့်နိုင်ပြီး နှလုံးခုန်နှုန်းနှင့် နာဗ့်ကြောတို့ကို ထိန်းသိမ်းပေးသည်။ ကညွတ်တွင် ပိုတက်ဆီယမ် အများဆုံးပါဝင်သည်။ ပိုတက်ဆီယမ်သည် ကိုယ်တွင်း ကျောက်ကပ်လုပ်ဆောင်မှုနှင့် နှလုံးခုန်နှုန်းကို ထိန်းသိမ်းပေးသောဆဲလ်နှင့် ကိုယ်တွင်းအရည်များကို ထိန်းညှိပေးသည်။ သွေးဖိအားကိုလျော့ကျစေပြီး သွေးတိုးခြင်းမှ ကာကွယ်ပေးသည်။ သွေးဖိအားနှင့် ပတ်သက်သော အာနိသင်များရှိသည့် မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကိုထိန်းနိုင်ပြီး ကယ်လ်စီယမ်နှင့် ရုတင်ဓာတ်ကြောင့်လည်း ပိုအကျိုးရှိစေသည်။ ကော့ပါးဓာတ်သည် တွယ်ဆက်တစ်သျှူးများကို ပြန် လည်ကောင်းမွန်စေသည့်အတွက် နာကျင်မှု၊ တောင့်တင်းမှုများကို သက်သာစေနိုင်သည်။ အမျိုးသမီးများ ဓမ္မတာလာချိန်တွင် ဖြစ်တတ်သောဝေဒနာများ၊ ကိုက်ခဲခြင်း၊ သွေးဆင်းများခြင်းတို့ကို သက်သာစေသည်။
ကညွတ်၏ အစွမ်းသတ္တိများ
ကညွတ်တွင် ဗီတာမင်- A ကြွယ်ဝစွာ ပါဝင်နေသည့်အတွက် မျက်စိကျန်းမာရေးကို ကောင်းမွန်စေပြီး အတွင်းတိမ်ဖြစ်ခြင်းကို သက်သာစေသည်။ အမြင်အာရုံတွင် အမည်းစက်၊ အမည်းပြောက်များ မြင်ခြင်းမှ သက်သာစေသည်။ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်သည့်အပြင် သွေးချိုရောဂါဝေဒနာရှင်များလည်း စားသုံးနိုင်သည်။ သွေးပေါင်ချိန် ရုတ်တရက်မြင့်တက်ခြင်းကို ကာကွယ်ပေးသည်။
ကညွတ်သည် အသည်းထဲရှိ အဆိပ်ကို ထုတ်ပေးနိုင်သည့်အတွက် အရက်ကိုကြာရှည် သောက်သုံးသူများ ကညွတ်ကို ပုံမှန်စားပေးသင့်သည်။ အရက်အလွန်အကျွံသောက်၍ မအီမသာဖြစ်ပါက သက်သာစေနိုင်သည်ဟု သုတေသီများက ဆိုထားသည်။ ဗီတာမင်- K ကောင်းစွာပါဝင်သောကြောင့် အရိုးနှင့်ပတ်သက်သော ရောဂါများအတွက် အစွမ်းထက်သည်။ အရိုးသိပ်သည်းမှု ပိုကောင်းစေသည်။ ဗီတာမင်- K သည် ကယ်လ်စီယမ်စုပ်ယူမှုကို ပိုအားကောင်းစေသောကြောင့် အရိုးပွရောဂါနှင့် အရိုးကျိုးအက်မှု ရောဂါများကို ကာကွယ်ပေးနိုင်သည်။
ကညွတ်တွင် Asparagine ခေါ်သည့် အမိုင်နိုအက်စစ် ပါဝင်သောကြောင့် ဆီးရွှင်ဆေးအဖြစ်သုံးသည်။ ဒူလာပါဒရက်၊ လေးဖက်နာ၊ ဖောရောင်ခြင်းတို့ အတွက်လည်း အစွမ်းထက်သည်။ ဆီးပူ၊ ဆီးအောင့်နှင့် သည်းခြေရောဂါများအတွက် အပင်အမြစ်ရည်ကို ပျားရည်၊ နွားနို့တို့ဖြင့်ရောသောက်ပါက သက်သာပျောက်ကင်းစေသည်။သုတေသီများ၏ အဆိုအရ အစာခြေစနစ်ကို ကောင်းမွန်စေကာ ဝမ်းဗိုက်အဆီကျစေသဖြင့် ကိုယ်အလေးချိန်လျှော့လိုသူများ စားသင့်သည်။
ကညွတ်သည် Glutathione ဓာတ်ပေါင်းကြွယ်ဝပြီး အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင်မှုကိုဖြစ်စေ၍ ကိုယ်ခံအားကို ပိုမိုတိုးတက်ကောင်းမွန်စေသည်။ နေလောင်ခြင်းနှင့် အသက်ကြီးလာ၍ အသားအရေညစ်ခြင်းတို့ဖြစ်စေသော အရေပြားဆိုင်ရာပြဿနာများကို ကာကွယ်ပေးသည်။ ရောင်ရမ်းမှုကိုလျော့ကျစေပြီး အသည်းကျန်းမာရေးကို ကောင်းမွန်စေသည်။ ထို့ပြင် ကညွတ်သည် အဆိပ်အတောက်ကိုဖယ်ရှားပေးပြီး ကင်ဆာဖြစ်စေတတ်သော ဒြပ်ပေါင်းများနှင့် တခြားအန္တရာယ်ဖြစ်စေတတ်သော ဖရီးရယ်ဒီကယ်ကဲ့သို့ ဒြပ်ပေါင်းများကို ပြိုကွဲစေသည်။ ကညွတ်ကိုစားသုံးခြင်းဖြင့် အရိုးကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ လည်မျိုကင်ဆာနှင့် အဆုတ်ကင်ဆာတို့ကို ဆန့်ကျင်တိုက်ခိုက်နိုင်သည်။ ကညွတ်သည် အိုမင်းရင့်ရော်မှုကို နှေးကွေးစေသည့်အပြင် ခရမ်းလွန်ရောင်ခြည် သို့မဟုတ် ပြင်ပလေထုညစ်ညမ်းမှုကြောင့် ဖြစ်တတ်သော အရေပြားရောင်ရမ်းမှုကို ကာကွယ်ပေးသည်။ ကညွတ်တွင် Thiocyanin ဓာတ် ပြည့်ဝစွာပါဝင်မှုကြောင့် အရေပြားထဲရှိ အဆိပ်အတောက်များကို လျော့ပါးစေပြီး နေလောင်ဒဏ်ကို ကာကွယ်ပေးသည်။
ကညွတ်နှင့်ဓာတ်မတည့်သူများ
ကညွတ်သည် ကယ်လိုရီအလွန်နည်းသည်။ ကညွတ် ၁၀၀ ဂရမ်တွင် ကယ်လိုရီ ၂၀ ခန့်သာပါသည်။ အမျှင်ဓာတ်အရင်းအမြစ်ဖြစ်သော ကညွတ်ကိုစားသုံးခြင်းဖြင့် အစာကြေ၊ လေကြေစေပြီး ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေသည်။ ဆီးစွန့်ရာ တွင် နာကျင်သည့် ဆီးအိတ်ရောင်ရောဂါနှင့် အဆစ်ရောင်ရောဂါရှိသူများသည် ကညွတ်စားသုံးရန်မသင့်လျော်ပေ။ ကညွတ်သည် မတူညီသောအခြေအနေ၊ အမျိုးအစားနှင့် စိုက်ပျိုးမှုအနေအထားတို့ပေါ် မူတည်၍ တချို့လူနှင့်တိရစ္ဆာန်များကို အန္တရာယ်ဖြစ်စေသည်။ ကညွတ်နုနုကိုအစိမ်းစားပါက လူကိုအဆိပ်အတောက်ဖြစ်စေသည်။ အဆိပ်ရှိ၍ စားနိုင်သောအစိတ်အပိုင်းသည် ချက်ပြုတ်မှသာ အဆိပ်ကိုပျောက်ကွယ်စေနိုင်သည်။
အရွယ်တင်နုပျိုစေခြင်း
ရှေးယခင်ကတည်းက ကညွတ်ရိုးကို အူမကြီးနှင့်ပတ်သက်၍ ခံစားရသောရောဂါများတွင် ဆေးအဖြစ် သုံးခဲ့ကြသည်။ Lutein၊ Zeaxanthin၊ Carotene နှင့် Cryptoxanthin တို့ကဲ့သို့သော ဓာတ်တိုးဆန့်ကျင်မှုကို ကောင်းစွာကာကွယ်နိုင်သော အရင်းအမြစ်များပါဝင်သည်။ အင်ဆူလင် ခေါ် ကစီဓာတ်တစ်မျိုးပါရှိနေသောကြောင့် ဝမ်းမချုပ်စေဘဲ အူကိုသန့်စင်စေကာ အူမကြီးကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ ကညွတ်ထဲရှိ Glumatic၊ Glycine၊ Cysteine ဟူသော အစွမ်းထက်မြက်သည့် အမိုင်နိုအက်စစ်ပါရှိသည့်အတွက် အရွယ်တင်နုပျိုစေသည်။ ကညွတ်သည် သဘာဝဆီးဆေးဖြစ်သောကြောင့် သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးပြီး အရွယ်တင်နုပျိုစေသည်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေခြင်း ကညွတ်သည် ဆီးရွှင်စေပြီး ခန္ဓာကိုယ်ထဲတွင် Lithium များစေနိုင်သောကြောင့် အလွန်အကျွံ စားသုံးသောအခါ Lithium များခြင်း၏ ဆိုးကျိုးများ ရှိလာစေနိုင်သည်။ စားသုံးမှုလွန်ကဲလျှင် သန္ဓေ သား၏ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး မိခင်နို့ကိုပါ အဆိပ်အတောက်ဖြစ်စေနိုင်သောကြောင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အလွန်အကျွံမစားသင့်ပေ။ ခန္ဓာကိုယ်ထဲမှ ရေများကို ထုတ်ပယ်ပေးပြီး မလိုသောအငန်ဓာတ်နှင့် အရည်ဓာတ်ပါဝင်မှုကို လျော့နည်းစေသည်။ သွေးတိုးရောဂါ သို့မဟုတ် ခန္ဓာကိုယ်တစ်သျှူးများတွင် ရေစုနေတတ်သော Edema ရောဂါခံစားနေရသူများအတွက် အကျိုးပြုပေးနိုင်သော ဓာတ်စာဖြစ်သည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်သော အာနိသင်ရှိပေသည်။
ကညွတ်၏ကောင်းကျိုးများ
ကညွတ်တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် ကင်ဆာရောဂါကို ကာကွယ်ခြင်း၊ အရွယ်တင်ခြင်း၊ အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း၊ ရောင်ရမ်းခြင်း၊ ဆီးချိုရောဂါနှင့် နှလုံးကျန်းမာရေးတို့အတွက် သင့်လျော်သည်။ အမျိုးသမီးများ ဟော်မုန်းမညီညွတ်ခြင်း၊ ကျောက်ကပ်နှင့် သည်းခြေတို့တွင် ကျောက်တည်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း၌ လေပွခြင်း၊ နာတာရှည်အဆုတ်တီဘီကဲ့သို့သော မြစ်ခြောက်နာ၊ ကိုယ်ခံအားနည်းရောဂါ၊ အရည်ဝမ်းလျှောခြင်း၊ အာရုံကြောနာကျင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ လေးဖက်နာရောဂါများ အတွက် စားသုံးနိုင်သည်။ တချို့တွင် ကညွတ်ကို အနာစိမ်း၊ အနာခြောက်၊ တင်းတိပ်တို့တွင် ပွတ်လိမ်းပေးနိုင်သော အကျိုးကျေးဇူးများရရှိစေသည်။ ကညွတ်တွင် ကောင်းကျိုးများရှိသကဲ့သို့ ဆိုးကျိုးများလည်းရှိသည်။
ချင့်ချိန်စားသုံးသင့်
ကညွတ်တွင်ပါဝင်သော Oxalic Acid ဓာတ်ပေါင်းကြောင့် ဆီးအနံ့ပြောင်းခြင်း၊ ဓာတ်မတည့်သည့်သူများတွင် ခြေဖျား၊ လက်ဖျားများရောင်ရမ်းခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဟော်မုန်းကိုထိန်းစေတတ်ခြင်းတို့ကြောင့် အစားအစာပမာဏတစ်ခုအနေဖြင့်သာ စားသုံးသင့်သည်။ ကညွတ်စားသုံးခြင်းဖြင့် သွေးထဲရှိ Uric Acid ကို ထုတ်ပေးတတ်သောကြောင့် အရိုးအဆစ်ရောင်ရမ်းနာ တစ်မျိုးဖြစ်သော ဂေါက်ရောဂါအခံရှိသူများ အနေဖြင့် ချင့်ချိန်စားသုံးသင့်သည်။ တချို့သောသူများတွင် ဓာတ်မတည့်မှုကြောင့် အနည်းငယ်စားရုံဖြင့် ဒုက္ခရောက်တတ်သည်။ ဓာတ်မတည့်မှု လက္ခဏာရှိပါက အရေပြားနှင့်မျက်စိတွင် ယားယံနီရဲစေနိုင်ပြီး ဗိုက်အောင့်၊ ဗိုက်နာဖြစ်တတ်သည်။ ကညွတ်နှင့် ဓာတ်မတည့်မှုပြင်းထန်လျှင် နှာပိတ်ခြင်း၊ ဖောရောင်ခြင်း၊ ချွဲကျပ်ခြင်း၊ ပန်းနာ၊ ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်းတို့ဖြစ်လာနိုင်ကြောင်း အကြံပြု ရေးသားလိုက်ပါသည်။

ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး အဆင့်မြှင့်တင်နိုင်ရန် ကျောင်းအခြေပြုကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းကို ဂရုပြုဆောင်ရွက်ကြရန်လိုသည်။ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေးခြင်းကို သင်ထောက်ကူပစ္စည်းများ အသုံးပြုကာ နည်းမျိုးစုံဖြင့် ဆောင်ရွက်ကြရန်လိုအပ်သည်။ ကျန်းမာရေး အသိပညာပေး စာစောင်များဖြန့်ဝေခြင်း၊ ပရိုဂျက်တာနှင့် ကျန်းမာရေးပညာပေးဇာတ်လမ်းများ ပြသခြင်း၊ ကျောင်းကျန်းမာရေး လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများပြသခြင်း၊ ဟောပြောချက်များ ပြသခြင်း စသည်ဖြင့် နည်းမျိုးစုံသုံး၍ ကျန်းမာရေးအသိပညာမြင့်မားလာအောင် ဆောင်ရွက်ရန်လိုသည်။ ကျောင်
ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး အဆင့်မြှင့်တင်နိုင်ရန် ကျောင်းအခြေပြုကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းကို ဂရုပြုဆောင်ရွက်ကြရန်လိုသည်။ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေးခြင်းကို သင်ထောက်ကူပစ္စည်းများ အသုံးပြုကာ နည်းမျိုးစုံဖြင့် ဆောင်ရွက်ကြရန်လိုအပ်သည်။ ကျန်းမာရေး အသိပညာပေး စာစောင်များဖြန့်ဝေခြင်း၊ ပရိုဂျက်တာနှင့် ကျန်းမာရေးပညာပေးဇာတ်လမ်းများ ပြသခြင်း၊ ကျောင်းကျန်းမာရေး လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများပြသခြင်း၊ ဟောပြောချက်များ ပြသခြင်း စသည်ဖြင့် နည်းမျိုးစုံသုံး၍ ကျန်းမာရေးအသိပညာမြင့်မားလာအောင် ဆောင်ရွက်ရန်လိုသည်။ ကျောင်းသင်ဘာသာရပ်များတွင် ဘဝတွက်တာ ကျွမ်းကျင်စရာ(LifeSkill Education) ဘာသာရပ် သင်ကြားလေ့ကျင့်ပေးမှုဖြင့် ဘဝတစ်သက်တာတွင် ကျန်းမာစွာနေထိုင်တတ်သော နည်းလမ်းကောင်းများကို ရွေးချယ်နိုင်ပြီး မှန်ကန်သော ကျန်းမာရေးအပြုအမူ အကျင့်စရိုက်များ လက်ခံကျင့်သုံး တတ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကို မြှင့်တင်ရာတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများသည်လည်း အရေးပါသောလုပ်ငန်းများဖြစ်သည်။ ကျောင်းတိုင်း လက်သန့်၊ အစားအစာသန့်၊ သောက်ရေသန့်၊ အိမ်သာသန့် ဟူသော သန့်လေးသန့်နှင့်ပြည့်စုံအောင် ကြိုးစားဖြည့်ဆည်းဆောင် ရွက်ကြရပေမည်။ ကျောင်းတွင် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိရေးနှင့် ယင်လုံအိမ်သာများ ရာနှုန်းပြည့်သုံးစွဲနိုင်ရေး အလေးပေး ဆောင်ရွက်ကြရမည်။ အစာမစားမီနှင့် အိမ်သာအဆင်းလက်ဆေးခြင်း အလေ့အကျင့်များ ဖြစ်ထွန်းစွဲမြဲလာစေရန် လက်ဆေးရန်နေရာများ၊ ရေနှင့် ဆပ်ပြာများ အဆင်သင့်စီမံဆောင်ရွက်ပေးထားပြီး လေ့ကျင့်လုပ်ဆောင်ရန် သင်ကြားညွှန်ပြရမည်။
ကျောင်းခန်းများနှင့် အခန်းဝန်းကျင်တွင် အမှိုက်ပုံးများထားရှိ၍ အမှိုက်များကို စနစ်တကျသိမ်းဆည်းတတ်ရန်၊ စည်းကမ်းတကျ စွန့်ပစ်တတ်ရန် လေ့ကျင့်သင်ကြားပေးရမည်။ ဤနည်းဖြင့် အမှိုက်ကင်းစင် ကျောင်းများထူထောင်၍ ကြွက်၊ ခြင်၊ ယင်ကင်းစင်သောပတ်ဝန်းကျင်ကိုထူထောင်ရပေမည်။
ကျောင်းသား၊ ကျောင်းသူများအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးသည်လည်း အရေးကြီးသည်။ ကျောင်းသား၊ ကျောင်းသူတိုင်း အာဟာရမျှတ၍ အန္တရာယ်ကင်းသော အစားအစာများအကြောင်း နားလည်စွာရွေးချယ် စားသုံးတတ်စေရန် ပညာပေးခြင်းနှင့် အလေ့အကျင့်ပျိုးထောင်ခြင်းကို ဆောင်ရွက်ပေးရမည်။ ကျောင်းသား၊ ကျောင်းသူများ အာဟာရပြည့်ဝရေးအတွက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို အခါအားလျော်စွာ ဆောင်ရွက်ပေးသင့်သည်။ ဂျပန်နိုင်ငံသည် ဤနည်းဖြင့် အာဟာရပြည့်ဝ၍ သန်မာထွားကျိုင်းကာ ကျန်းမာသော လူမှုဝန်းကျင်ကို တည်ထောင်ခဲ့သည်။ ကျောင်းမုန့်ဈေးဆိုင်များကိုလည်း ကျန်းမာရေးနှင့် ညီညွတ်သော မုန့်နှင့် အစားအစာများ၊ အန္တရာယ်ကင်းသော အစားအစာများ စီမံရောင်းချရေးအတွက် စျေးသည်များကို ပညာပေးခြင်း၊ ကျောင်းကျန်းမာရေးအဖွဲ့က စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းဖြင့် အကောင်အထည်ဖော်ကြရပေမည်။ ကျန်းမာရေးနှင့်ပတ်သက်၍ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ဟု ဆိုထားသည်။ ရောဂါဘယများကို ဖြစ်လာမှကုသခြင်းထက် မဖြစ်မီကြိုတင်ကာကွယ်ခြင်းဖြင့် ပိုမိုထိရောက်မှုရှိမည်ဖြစ်သည်။ ရောဂါများကိုကြိုတင်ကာကွယ်ခြင်းဟုဆိုရာ၌ ကူးစက်တတ်သောရောဂါများနှင့် မကူးစက်တတ်သော ရောဂါများမဖြစ်ပွားအောင် ကာကွယ်ခြင်းကို ဆိုလိုသည်။ ကူးစက်တတ်သော ရောဂါများတွင် ကျောင်းသားများတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါများ မကူးစက်မဖြစ်ပွားနိုင်အောင် အသိပညာပေး၍ လိုက်နာနေထိုင်တတ်အောင် လေ့ကျင့်ပေးရမည်။ သွားနှင့် ခံတွင်းရောဂါ၊ သန်ကောင်ရောဂါစသောအဖြစ်များသောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင်လည်း ကျောင်းသားလူငယ်များ ကိုယ်တိုင်ပါဝင်လုပ်ကိုင် ဆောင်ရွက်တတ်စေရေးအတွက် လေ့ကျင့်ပျိုးထောင် ပေးရမည်။ မကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ရေးအတွက် မှန်ကန်သော ကျန်းမာရေး အလေ့အကျင့်များရရှိစေရန် ကျောင်းသားများအား အသိပညာပေးခြင်း၊ အလေ့အကျင့်ပျိုးထောင် ပေးခြင်းများကို ဟန်ချက်ညီညီ ဆောင်ရွက်ပေးရန် လိုအပ်သည်။
ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးအဆင့်မြှင့်တင်ရန် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရမည်။ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကိုယ်ကာယဖွံ့ဖြိုးရေးကို ပုံမှန်စစ်ဆေးပေးရသည်။ ကျန်းမာရေး စစ်ဆေးခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးခြင်းတို့ ဆောင်ရွက်ရသည်။ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး ပုံမှန်စစ်ဆေးခြင်းဖြင့် တွေ့ရှိသောရောဂါများကို ကုသပေးခြင်းနှင့် လိုအပ်သလို ဆက်လက်ညွှန်ပို့ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ကျောင်းဈေးသည်များကိုလည်း ကျန်းမာရေး စစ်ဆေး၍ လိုအပ်သလိုညွှန်ကြား ကုသစေရမည်ဖြစ်သည်။
ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျောင်းသားများ၏ မိဘအုပ်ထိန်းသူများ နားလည်လက်ခံလာအောင် တင်ပြဆွေးနွေးခြင်း၊ ဟောပြောခြင်းများ ဆောင်ရွက်ရမည်။ ကျောင်းတွင်းအာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လှုပ်ရှားမှုများ၊ ကျန်းမာရေးပညာပေးလုပ်ငန်းများ ဆောင်ရွက်တိုင်းတွင် လည်းကောင်း၊ ကလေးများအား ကျန်းမာရေးစစ်ဆေးပေးရာတွင် လည်းကောင်း မိဘများအားဖိတ်ခေါ်ခြင်း၊ မိဘဆရာအသင်း အစည်းအဝေးများ ပုံမှန်ကျင်းပခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကာ ကျောင်းမှပြည်သူအတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေး ဆောင်ရွက်ကြရမည်။
ကျန်းမာရေးကိစ္စ နှစ်သိမ့်ပညာပေး ဆွေးနွေးခြင်းနှင့်ပတ်သက်၍ ဆရာများအား လေ့ကျင့်သင်တန်းပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လိုအပ်ပါက နှစ်သိမ့်ပညာပေး ဆွေးနွေးခြင်းနှင့် လူမှုရေးပြဿနာများကို ညှိနှိုင်း၍ ပံ့ပိုးကူညီခြင်းတို့ ပြုလုပ်ပေးရမည်။ ထို့ပြင် မြို့နယ်တိုင်းတွင် တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ကျောင်းကျန်းမာရေးသင်တန်း၊ ကျောင်းအဆင့် ကျောင်းကျန်းမာရေး သင်တန်းများ ပေးနိုင်ရန် ဆောင်ရွက်ရမည်။ ကျောင်းသားထုအတွင်း ကျန်းမာရေး အလေ့အကျင့် အပြုအမူများဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးရမည်။ ကျန်းမာရေးကို အထောက်အကူပြုသော ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်နိုင်ရန် ကာယပညာနှင့်အားကစား လုပ်ငန်းသင်ကြားနိုင်မည့် နည်းပြများ၊ ဆရာများ၏ အကူအညီဖြင့် ကိုယ်လက်လှုပ်ရှား ကစားခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးခြင်း၊ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်နိုင်ရန် ညှိနှိုင်း၍ ပံ့ပိုးကူညီမှုများပေးခြင်းဖြင့် ကျန်းမာသော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ ။

လူတစ်ယောက်က မိခင်ဝမ်းတွင်းမှာ ကိုယ်ဝန်ဆောင်ချိန်ကတည်းကစပြီး ဘဝ တစ်လျှောက်လုံး အသက်အရွယ်အပိုင်းအခြားအလိုက် ကယ်လ်စီယမ်ဓာတ် လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ ကယ်လ်စီယမ်ဓာတ် လိုအပ်ချက်ပမာဏ မှာ မွေးကင်းစမှ အသက်ခြောက်လအထိ ၂၁၀ မီလီဂရမ်၊ အသက်ခြောက်လမှ တစ်နှစ်အထိ ၂၇၀ မီလီဂရမ်၊ အသက် တစ်နှစ်မှ သုံးနှစ်အထိ ၅၀၀ မီလီဂရမ်၊ အသက်လေးနှစ်မှ ရှစ်နှစ်အထိ ၈၀၀ မီလီဂရမ်၊ အသက်ကိုးနှစ်မှ ၁၈ နှစ်အထိ ၁၃၀၀ မီလီဂရမ်၊ အသက် ၁၉ နှစ်မှ နှစ် ၅၀ အထိ ၁၀၀၀ မီလီဂရမ်၊ အသက် ၅၁ နှစ်နှင့်အထက်
လူတစ်ယောက်က မိခင်ဝမ်းတွင်းမှာ ကိုယ်ဝန်ဆောင်ချိန်ကတည်းကစပြီး ဘဝ တစ်လျှောက်လုံး အသက်အရွယ်အပိုင်းအခြားအလိုက် ကယ်လ်စီယမ်ဓာတ် လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ ကယ်လ်စီယမ်ဓာတ် လိုအပ်ချက်ပမာဏ မှာ မွေးကင်းစမှ အသက်ခြောက်လအထိ ၂၁၀ မီလီဂရမ်၊ အသက်ခြောက်လမှ တစ်နှစ်အထိ ၂၇၀ မီလီဂရမ်၊ အသက် တစ်နှစ်မှ သုံးနှစ်အထိ ၅၀၀ မီလီဂရမ်၊ အသက်လေးနှစ်မှ ရှစ်နှစ်အထိ ၈၀၀ မီလီဂရမ်၊ အသက်ကိုးနှစ်မှ ၁၈ နှစ်အထိ ၁၃၀၀ မီလီဂရမ်၊ အသက် ၁၉ နှစ်မှ နှစ် ၅၀ အထိ ၁၀၀၀ မီလီဂရမ်၊ အသက် ၅၁ နှစ်နှင့်အထက် ၁၂၀၀ မီလီဂရမ်နှင့် အသက် ၅၁ နှစ်နှင့်အထက် ( *မ* ဟော်မုန်းဆေးဖြင့် ကုသမှုခံယူနေသော အမျိုးသမီးများ) ၁၅၀၀ မီလီဂရမ် လိုအပ်ပါတယ်။
သက်ငယ်ပိုင်းနဲ့ သက်လတ်ပိုင်းအရွယ် မွေးကင်းစမှ အသက် ၁၈ နှစ်အတွင်း ကြီးထွားဖွံ့ဖြိုးစဉ် ကာလတစ်လျှောက်လုံး ကယ်လ်စီယမ်ဓာတ် လိုအပ်ပါတယ်။ အဲဒီကာလအတွင်း ကယ်လ်စီယမ်ဓာတ် ပမာဏပြည့်မီတဲ့ အစားအသောက်တွေ စားပေးမှသာ အရိုးခိုင်မာခြင်းနဲ့ အရိုးတွေ ကြီးထွားဖွံ့ဖြိုး လာစေမှာဖြစ်ပါတယ်။
သက်လတ်ပိုင်းနဲ့ ကိုယ်၀န်ဆောင်အရွယ် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နဲ့ကလေး အတွက် ကယ်လ်စီယမ်ဓာတ် လုံလောက်စွာရရှိဖို့ အရေးကြီးပါတယ်။ ကလေးဖွံ့ဖြိုးကြီးထွားဖို့အတွက် မိခင်ကိုယ်တွင်းကနေ ကယ်လ်စီယမ်ဓာတ်ကို ထုတ်ယူ သုံးစွဲရတာကြောင့် ကိုယ်ဝန်ဆောင်အမျိုး သမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ် ပမာဏထက် ပိုမိုစားသုံးပေးဖို့လိုပါ တယ်။
သွေးဆုံးပြီးချိန်နဲ့ သက်ကြီးပိုင်းအရွယ် အမျိုးသမီးတွေ သွေးမဆုံးခင်မှာ သားဥအိမ်ကနေထုတ်လုပ်တဲ့ မဟော်မုန်းဓာတ် ရှိနေတာကြောင့် အရိုးထဲမှာရှိတဲ့ ကယ်လ် စီယမ်ဓာတ်နဲ့ တခြားသတ္တုဓာတ်တွေကို လျော့နည်းမသွားအောင် အလိုအလျောက် ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါပေမဲ့ သွေးဆုံးပြီးချိန်ကစပြီး မဟော်မုန်းဓာတ် တွေ လျော့နည်းသွားတာကြောင့် အရိုး တည်ဆောက်မှုဖြစ်စဉ်ထက် အရိုးကနေ ကယ်လ်စီယမ်ကို ထုတ်ယူသုံးစွဲမှု ပိုမိုများပြားလာပါတယ်။ ဒါကြောင့် သွေးဆုံးပြီး အမျိုးသမီးတွေမှာ တဖြည်းဖြည်းနဲ့ အရိုးပါးလာလေ့ရှိပါတယ်။ ပျမ်းမျှ အသက် ၅၀ ကျော် အမျိုးသမီးတွေရဲ့ ၂၀ ရာခိုင်နှုန်း ခန့်မှာ ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် အရိုးကျိုးခြင်း ပြဿနာနဲ့ရင်ဆိုင်ကြရပါတယ်။ အထူး သဖြင့် ကိုယ်လက်လှုပ်ရှားမှု နည်းသူတွေ၊ ပုံမှန်ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်ထက် ၂၅ ရာခိုင်နှုန်းကျော် တိုးနေသူတွေ၊ သွေးဆုံးချိန်စောသူတွေနဲ့ မျိုးရိုးမှာ အရိုးကျိုးရောဂါဖြစ်တဲ့ ရာဇဝင်ရှိသူတွေမှာ အရိုးပါးရောဂါဖြစ်လာနိုင်ဖို့ အလားအလာ ပိုနေလို့ အထူးသတိပြုသင့်ပါတယ်။
လူသားတို့အတွက် မရှိမဖြစ်ကယ်လ်စီယမ်
ကယ်လ်စီယမ်ဓာတ်က အရိုးနဲ့သွား တွေကိုကြံ့ခိုင်စေခြင်း၊ အာရုံကြောတွေကို အလုပ်လုပ်စေနိုင်ခြင်း၊ ကြွက်သားတွေကို ကျုံ့နိုင်ဆန့်နိုင်ခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်နေတဲ့ ဟော်မုန်းနဲ့ အင်ဇိုင်းတွေကို စစ်ထုတ်ပေးနိုင်ခြင်း စတဲ့ကောင်းကျိုးတွေ ရရှိစေပါတယ်။ ကျန်းမာရေးသုတေသီ တွေရဲ့လေ့လာတွေ့ရှိချက်အရ ကယ်လ် စီယမ်ဓာတ်ချို့တဲ့ရင် ခန္ဓာကိုယ်ထဲမှာ အဆီပိုတွေ စုဝေးလာနိုင်တဲ့အပြင် နောက် ဆက်တွဲဆိုးကျိုးတွေအဖြစ် ခြေချောင်း၊ လက်ချောင်းတွေ အကွေးအဆန့်ခက်ခဲ ခြင်း၊ နာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ အသားတွေအထိမခံနိုင်လောက်အောင် နာကျင်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကြွက်သားတွေ တင်းမာခြင်းနဲ့ သွေးကြော ဆိုင်ရာရောဂါတွေဖြစ်ကြတဲ့ လေဖြတ် ခြင်းနဲ့ နှလုံးရောဂါဖြစ်ခြင်း စတဲ့ရောဂါ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ကို စားပေးခြင်းဖြင့် သွေးတိုးရောဂါ၊ သွေး ထဲရှိ မလိုလားအပ်တဲ့ ကိုလက်စထရော မြင့်မားမှုတွေကို လျှော့ချပေးနိုင်တဲ့အပြင် သွေးထဲရှိ သကြားပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။
ကယ်လ်စီယမ်ဓာတ်ကြွယ်ဝသော အစားအစာများ
ကယ်လ်စီယမ်ဓာတ်ကြွယ်၀တဲ့ အစားအစာကို နို့နှင့်နို့ဖြင့်ပြုလုပ်သော အစား အစာများကိုသာ လူသိများကြပြီး အောက်ပါအစားအစာတွေကနေလည်း ကယ်လ်စီယမ်ဓာတ်တွေကို အလုံ အလောက်ရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ လတ်လတ် ဆတ်ဆတ်ကန်စွန်းရွက်ကနေ ကယ်လ် စီယမ်ဓာတ် ၁၂ ရာခိုင်နှုန်းရရှိနိုင်ပါ တယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ အဆီနည်းတဲ့ ချိစ်ကနေ ကယ်လ်စီယမ်ဓာတ် ၉၅ ရာခိုင်နှုန်းရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ အဆီနည်း တဲ့ ဒိန်ချဉ်ကနေ ကယ်လ်စီယမ်ဓာတ် ၁၃ ရာခိုင်နှုန်းရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ လတ်လတ် ဆတ်ဆတ်မုန်လာထုပ်အဖြူရောင်က နေ ကယ်လ်စီယမ်ဓာတ် ၁၁ ရာခိုင်နှုန်း ရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ ပဲပုပ် သို့မဟုတ် ပဲနဲ့ပြုလုပ်ထားတဲ့ တိုဟူး ကနေ ကယ်လ်စီယမ်ဓာတ် ၃၅ ရာခိုင် နှုန်းရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ ချက်ပြုတ် ပြီးတဲ့ ရုံးပတီသီးကနေ ကယ်လ်စီ ယမ်ဓာတ် ၈ ရာခိုင်နှုန်းရရှိနိုင်ပါ တယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ လတ်လတ် ဆတ်ဆတ် အစိမ်းရောင်ပန်းဂေါ်ဖီကနေ ကယ်လ်စီယမ်ဓာတ် ၅ ရာခိုင်နှုန်း ရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ လတ်လတ်ဆတ်ဆတ် ဗိုလ်စားပဲသီးကနေ ကယ်လ် စီယမ်ဓာတ် ၄ ရာခိုင်နှုန်းရရှိနိုင်ပါ တယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ ဗာဒံစေ့ကနေ ကယ်လ်စီယမ်ဓာတ် ၂၆ ရာခိုင်နှုန်း ရရှိနိုင်ပါတယ်။
- အလေးချိန် ၁၀၀ ဂရမ်ရှိတဲ့ ချက်ပြုတ် ပြီးတဲ့ ငါးသေတ္တာကနေ ကယ်လ်စီ ယမ်ဓာတ် ၃၈ ရာခိုင်နှုန်းရရှိနိုင်ပါ တယ်။
- အလေးချိန် ၂၇၇ မီလီဂရမ်ရှိတဲ့ အဖြူရောင်နှမ်းစေ့ကနေ ကယ်လ်စီ ယမ်ဓာတ် ၂၈ ရာခိုင်နှုန်းရရှိနိုင်ပါတယ်။
- အလေးချိန် ၁၅၈ မီလီဂရမ်ရှိတဲ့ လတ် လတ်ဆတ်ဆတ် ထိုင်ဝမ်ဂေါ်ဖီထုပ်က နေ ကယ်လ်စီယမ်ဓာတ် ၁၆ ရာခိုင်နှုန်း ရရှိနိုင်ပါတယ်။
- အလေးချိန် ၉၈ မီလီဂရမ်ရှိတဲ့ အဆီ မလိုင်ပြည့်ချိစ်ကနေ ကယ်လ်စီယမ် ဓာတ် ၁၀ ရာခိုင်နှုန်းရရှိနိုင်ပါတယ်။
- အလေးချိန် ၉၃ မီလီဂရမ်ရှိတဲ့ လတ်လတ်ဆတ်ဆတ် ကိုက်လန်ကနေ ကယ်လ်စီယမ် ဓာတ် ၉ ရာခိုင်နှုန်းရရှိ နိုင်ပါတယ်။
- အလေးချိန် ၆၀ မီလီဂရမ်ရှိတဲ့ လတ် လတ်ဆတ်ဆတ် ဟင်းနုနယ်ရွက်ကနေ ကယ်လ်စီယမ် ဓာတ် ၆ ရာခိုင်နှုန်းရရှိ နိုင်ပါတယ်။
ကယ်လ်စီယမ်ဓာတ် ချို့တဲ့သူတွေ အနေနဲ့ ဖြည့်စွက်စာအဖြစ် ကယ်လ်စီယမ် အားဆေးကို မှီဝဲကြရတဲ့အခါ ကယ်လ် စီယမ်အားဆေးကို အစားစားပြီးချိန်မှာ သောက်သင့်ပါတယ်။ အစာနဲ့တွဲသောက်ရင် ကယ်လ်စီယမ်စုပ်ယူမှု ပိုမိုကောင်းမွန်နိုင်ပါတယ်။ ကိုယ်သောက်သုံးမယ့် ကယ်လ်စီယမ်ပမာဏကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခွဲပြီး မနက်စာ၊ နေ့လယ်စာ၊ ညစာစားပြီးချိန်တွေမှာ သောက်သုံး သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။

အသက်ရှည်သူတို့၏ ပတ်ဝန်းကျင်တွင် စီးဆင်းနေသောရေပြင်ကို တွေ့ရစမြဲဖြစ်သည်။ လေကောင်းလေသန့်ရှိသော နေရာမျိုးဖြစ်သည်။ မွန်းကျပ်ခြင်းကင်းသော ကွင်းပြင်သည် တစ်ဖက်တွင်ရှိပြီး ကျောထောက်နောက်ခံ သဖွယ်ဖြစ်သော တောင်တန်းသည် အဝေးတစ်နေရာတွင် တွေ့မြင်နေရသည်။ တောင်ပေါ်မှ စီးဆင်းလာသော ရေနှင့် ကွင်းပြင်မှ ဖြတ်တိုက်လာသောလေတို့ ပေါင်းဆုံရာ နေရာဖြစ်သည်။

ရေကို မြင်ရသောနေရာသည် အသက်ရှည်စေသည့်နေရာ၊ ရေစီးသံကို ကြားနေရသော နေရာသည် အသက်ရှည် စေသောအသံ၊ ရေကိုစိမ်ချိုးရခြင်းသည် အသက်ရှည်ခြင်းအကြောင်း၊ ကြည်လင် သောရေကို သောက်သုံးရခြင်းသည် ကျန်းမာခြင်း၏အကြောင်း၊ အေးမြသော ရေကိုသောက်သုံးရခြင်းသည် အပူအပင် ကင်းခြင်းအကြောင်း၊ သန့်စင်သောရေကို သောက်သုံးရခြင်းသည် ခွန်အားကိုဖြစ်စေ ခြင်းအကြောင်းဟု ရှေးအယူအဆများသည် ယနေ့အထိမှန်ကန်နေမြဲဖြစ်သည်။
မြို့ပြ၏မွန်းကျပ်မှုများတွင် မည်မျှပင် ဝင်ငွေကောင်းပါစေ အသက်ရှည်ကျန်းမာ ရန်မလွယ်ကူနိုင်ပါ။ နေ့စဉ်တွေ့ကြုံနေရ သည့် မော်တော်ယာဉ်နှင့် စက်ရုံများမှထုတ်လွှတ်သော ကာဗွန်အခိုးအငွေ့များ၊ ပိုက်နှင့်သွယ်တန်းထားသည့် ပိုးသတ် ဆေးခတ်ထားသောရေများ၊ လျှပ်စစ်ပစ္စည်းအသုံးအဆောင်များ၊ လက်ကိုင်ဖုန်း များ၊ တုန်ခါဆူညံသောအသံများကို တစ်နာရီခံစားရလျှင် ငါးမိနစ် အသက်တိုစေမည့် အကြောင်းအရာများဖြစ်သည်။
ထိုသို့သောနေရာ၌ နေထိုင်သူများ သည် အလုပ်အားလပ်ချိန်တွင် မြို့ပြင်သို့ ထွက်ပြီး လယ်ကွင်းပြင်၊ မြစ်ချောင်းရှိ သောနေရာများသို့ အသက်ရှူရန် သွားသင့်သည်။ မြစ်ဆိပ်နှင့်နီးလျှင် မြစ်ဆိပ်သို့သွားပြီး ရေလယ်တွင် သွားလာနေသော လှေ၊ သင်္ဘောများကိုကြည့်ခြင်းဖြင့် စိတ်ပူ ပန်မှုများကို လျော့ကျစေနိုင်သည်ဟု အဆိုရှိသည်။ ရေပြင်တွင် စီးမျောနေ သောအရာကိုကြည့်လျှင် စိတ်ပူပန်မှုများ ကိုလျော့ကျစေသည်။ စိတ်တင်းကျပ်မှု များကို ပြေလျော့စေသည်။
တစ်ခါတစ်ရံ တကယ့်ရေပြင်မြစ်ဆိပ် ကိုမသွားရောက်နိုင်သည့်အခါ ပန်းချီကားထဲမှ ရှုခင်းကပင် စိတ်ကိုပေါ့ပါးလန်းဆန်းစေနိုင်သည်။
ပန်းချီပြပွဲတစ်ခုတွင် တွေ့ခဲ့ဖူးသော ပန်းချီကားတစ်ချပ်ကို အမှတ်ရမိသေး သည်။ ပန်းချီ၊ ပန်းပုကျောင်းဆင်းသင်တန်း သားတစ်ဦး၏လက်ရာဖြစ်သည်။ မြစ်ကမ်း ဆိပ်တစ်ခုတွင် အဝတ်လျှော်နေသူ မိန်းမ တစ်ဦး၊ ရေချိုးနေသူကလေးငယ်နှစ်ဦးနှင့် ဝါးဖောင်များကို ရေးဆွဲထားသည်။ အလွန် အသက်ဝင်ပြီး သဘာဝကျသောရေဆေး ပန်းချီကားဖြစ်သည်။
ရေပြင်ကိုမြင်ရသဖြင့် စိတ်ကိုနူးညံ့ ပျော့ပျောင်းစေသည်။ သို့သော် စိတ်အား ငယ်စေခြင်းကား မဟုတ်ပါ။ အမေရိကန် စစ်ဘက်ဆိုင်ရာ စိတ်ပညာသုတေသီတို့၏ လေ့လာတွေ့ရှိချက်များအရ မိမိကိုယ်မိမိ သတ်သေသောစစ်သားများသည် မြေပြင် နှင့် သဲကန္တာရတို့တွင် တာဝန်ထမ်းဆောင် ရသူများဖြစ်လေ့ရှိပြီး ရေတပ်စစ်သင်္ဘောကြီးများနှင့် ပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်နေသူသင်္ဘောသားများမှာ မိမိကိုယ်ကိုသတ်သေမှု အလွန်နည်းကြောင်း လေ့လာတွေ့ရှိရသည်ဟုဆိုသည်။ ဤသည်မှာ ရေပြင်မှပေးသော စိတ်ချမ်းသာမှုဖြစ်သည်။
စိတ်ပညာရှင်များ၏အဆိုအရ အပန်း ဖြေခရီးထွက်ကြသူများအတွက် အသင့် လျော်ဆုံး၊ စိတ်ချမ်းသာမှုအပေးနိုင်ဆုံး နေရာမှာ ကမ်းခြေဟိုတယ်နှင့် အပန်းဖြေ စခန်းများဖြစ်သည်။ မြန်မာနိုင်ငံတွင် ငွေဆောင်၊ ချောင်းသာ၊ မောင်းမကန်စသော အပန်းဖြေစခန်းများရှိသကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း ပတ္တရား စသော ကမ်းခြေများသည် ကမ္ဘာလှည့်ခရီးသည်များ အလည်ပတ်ဆုံး ပင်လယ်ကမ်းခြေ များဖြစ်သည်။
စာရေးသူ၏ မွေးရာဇာတိမြို့ငယ်လေးမှာ ရန်ကုန်တိုင်းဒေသကြီး အစွန်အဖျားမှ မြို့ငယ်လေးတစ်မြို့ဖြစ်သည်။ မြို့လယ်တွင် နှစ်ဖာလုံပတ်လည်ခန့် ကျယ်သည့် ရေကန်ကြီးရှိသည်။ တစ်မြို့လုံးက သောက်သုံးရေကို ထိုရေကန်ကြီးမှ လာခပ်ကြသည်။ ရေစည်လှည်းများနှင့် ရေခပ်သူ ပျိုဖြူများဖြင့် ညနေနေဝင်ချိန် တွင် စည်ကားလှသည်။ ကန်လယ်တွင် ကြာဖြူ၊ ကြာနီပန်းများ ပွင့်လျက်ရှိသည်။ ငယ်စဉ်က နေဝင်ချိန်ကို ထိုကန်ပေါင်ပေါ် ထိုင်ပြီး ရေပြင်အရိပ်မှတစ်ဆင့်ကြည့်ရ ခြင်းကို အသက်ကြီးသောအခါ မကြာခဏ သတိရမိပါသည်။
အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ပန်းနာ ရောဂါ စသည့်ရောဂါရှိသူများသည် အသက်ပြင်းပြင်းရှူသော လေ့ကျင့်ခန်းကို နှစ်ရှည်လများ မှန်မှန်ပြုလုပ်လျှင် ရောဂါလုံးဝ ပျောက်ကင်းသွားသူများ ရှိကြောင်း အထောက်အထားများလည်းရှိသည်။
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်မည့် နေရာသည် ရေပြင်ကို မျက်နှာပြုပြီး လေ တိုက်ခတ်သောအချိန်တွင်ပြုလုပ်လျှင် ပို၍ကောင်းသည်။ ရေပြင်မှဖြတ်သန်း တိုက်ခတ်လာသောလေသည် ပိုမိုအေးမြ သန့်ရှင်းပြီး အဆုတ်မှ သွေးလှည့်အဖွဲ့ကို အားကောင်းစေသည်။ အောက်ဆီဂျင် ဓာတ်ကို အပြည့်အဝရရှိစေနိုင်သည်။
အသက်ရှူလေ့ကျင့်ပေးသောဆရာ များ၏အဆိုမှာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းပြီး ခေတ္တမျှအောင့်ထားပါ။ ပြန်ထုတ်သောအခါ ပါးစပ်ဟပြီး လေကုန်အောင် ပြန်ထုတ်ပါ။ ရှူလျှင် နှာခေါင်းဖြင့် အားပါးတရရှူပြီး ပြန်ထုတ်လျှင် ပါးစပ်မှ ပြန်ထုတ်ရမည်ဟု ဆိုလိုသည်။
ဤအသက်ရှူနည်းကို မှန်မှန်တစ်လခန့် ပြုလုပ်ပြီးသောအခါ နှလုံးနှင့်ရင်ဘတ် အောင့်သူ၊ အမောရောဂါရှိသူ၊ ရင်ကျပ်ရောဂါရှိသူများ ကောင်းစွာသက်သာသွား ကြောင်း သိရသည်။
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်သောအချိန်မှာ နံနက်စောစော နေထွက်ခါစ အချိန်တွင် ပို၍ကောင်းသည်။ ညနေပိုင်း အချိန်တွင်လည်း ပြုလုပ်နိုင်သည်။
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ချိန်တွင် တင်းကျပ်သော အင်္ကျီ၊ ဘောင်းဘီများမဝတ်ဆင်ဘဲ ပွ၍ချောင်ချိသော အဝတ်အထည်များ၊ ချည်ထည်များ ဝတ်ဆင်ခြင်းက ပို၍ကောင်းသည်။
ရှေးက ယောဂီများသည် ရေဆိပ်၊ မြစ် ဆိပ်ရှိ သစ်ပင်ကြီးများအောက်တွင် တင် ပျဉ်ခွေထိုင်ပြီး အချိန်ကြာမြင့်စွာ ရေက သိုဏ်းရှုသည်ဟု ဖတ်ခဲ့ဖူးသည်။ ရသေ့ ကြီးများမှာလည်း ဤနည်းကို ကျင့်ကြံကြ ကြောင်း တွေ့ရသည်။ ဤနည်းသည် နိဗ္ဗာန်ရောက်ကြောင်း သမထနည်းမဟုတ် နိုင်ပေ။ ယောဂ ခေါ် ကျင့်စဉ်များနှင့်တူသည်။ ဝိဇ္ဇာလိုင်းကျင့်စဉ်တချို့တွင်လည်း ရေကသိုဏ်းရှုနည်းရှိသည်။ အသက်ရှည်အောင်၊ အနာမဲ့အောင်ကျင့်ကြံသော နည်းလမ်းများဖြစ်သည်။
ရေသည် အရောင်၊ အဆင်း၊ အနံ့၊ အရသာမရှိဟုဆိုသည်။ မူလဓာတ်မှာ သီတဓာတ်ဖြစ်သဖြင့် အအေးကိုပေးသည် မှာ အမှန်ပင်ဖြစ်သည်။ အပူမှန်သမျှကို အအေးဓာတ်ဖြင့် ငြှိမ်းနိုင်သည်။ အေး သောအရာကိုမြင်ရုံမျှဖြင့် စိတ်ထဲတွင်အေးချမ်းမှု ရရှိစေမည်ဖြစ်သည်။
လောကသဘာဝ အလုပ်တာဝန်ဝတ္တရား အမျိုးမျိုးတို့၏ဒဏ်ကြောင့် စိတ် ဖိစီးမှုများရှိသောအခါ စိတ်ဖြေလျော့မှုပြုလုပ်ပေးရန် လိုအပ်သည်။ အပန်းဖြေရန် လိုအပ်သည်။ မွန်းကျပ်မှုမှ ထွက်ပေါက်ပေးရန် လိုအပ်သည်။ ထိုသို့ ထွက်ပေါက်မပေးနိုင်သည့်အခါ ပေါက်ကွဲမှုဖြစ်တတ်သည်။ ဒေါသကြောင့် ပူလောင်မှုဖြစ်ရတတ်သည်။
ထိုသို့ဖြစ်ရသောအခါမျိုးတွင် အပူ သောကများ ဖြေလျော့စီးမျောသွားစေရန် အကြံပေးလိုသည်မှာ မြစ်ဆိပ်၊ ချောင်း၊ ရေကန် စသည်တစ်ခုခုသို့သွားပါ။ ရေပြင် ကိုကြည့်ပါ။ မိမိအပူအပင်သောကမီးမှန် သမျှ ထိုရေပြင်ထဲသို့ ပစ်ချလိုက်သည်ဟု စိတ်ကမှတ်ယူကြည့်ပါ။ ကြည်လင်သော ရေပြင်သည် သင့်စိတ်ကို ကုစားနိုင်သည့် ကြေးမုံပြင် တစ်ချပ်ဖြစ်လာပါလိမ့်မည်။
MWD
Photo Crd- Unsplash

ယခုအခါ မျက်မှောက်ခေတ်လူသားတို့စားသုံးသော အစားအစာ များသည် လူသားအားလုံး၏ ကျန်းမာရေးကိုသာမကကမ္ဘာမြေကြီးတည်တံ့ခိုင်မြဲရေးကိုပါ အဆုံးအဖြတ်ပေးသည့် အရေးကြီးသော အချိန် ကာလတစ်ခုသို့ ရောက်ရှိနေပါသည်။ လူတို့၏ လက်ရှိစားသောက်မှု အလေ့အထသည် အသားအလွန်များသောအစားအစာများနှင့် အစားအစာများကိုသိုလှောင်သိမ်းဆည်းသည့်အလေ့အထကြောင့်လက်ရှိကမ္ဘာ့စားရေရိက္ခာစနစ်သည် ရေရှည်တည်တံ့မှုအားနည်းခြင်းနှင့် စွန့်ပစ်ပစ္စည်းများမြင့် မားခြင်းကြောင့်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊သစ်တောပြုန်းတီးမှု၊ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှုနှင့် တခြားသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာပြဿန
ယခုအခါ မျက်မှောက်ခေတ်လူသားတို့စားသုံးသော အစားအစာ များသည် လူသားအားလုံး၏ ကျန်းမာရေးကိုသာမကကမ္ဘာမြေကြီးတည်တံ့ခိုင်မြဲရေးကိုပါ အဆုံးအဖြတ်ပေးသည့် အရေးကြီးသော အချိန် ကာလတစ်ခုသို့ ရောက်ရှိနေပါသည်။ လူတို့၏ လက်ရှိစားသောက်မှု အလေ့အထသည် အသားအလွန်များသောအစားအစာများနှင့် အစားအစာများကိုသိုလှောင်သိမ်းဆည်းသည့်အလေ့အထကြောင့်လက်ရှိကမ္ဘာ့စားရေရိက္ခာစနစ်သည် ရေရှည်တည်တံ့မှုအားနည်းခြင်းနှင့် စွန့်ပစ်ပစ္စည်းများမြင့် မားခြင်းကြောင့်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊သစ်တောပြုန်းတီးမှု၊ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှုနှင့် တခြားသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာပြဿနာများ ဖြစ်လာခဲ့သည်။
အစားအစာစနစ်များသည် လူသားတို့၏ကျန်းမာရေးကို ထိန်းသိမ်းပေး ပြီး ပတ်ဝန်းကျင်ရေရှည်တည်တံ့မှုကို ပံ့ပိုးပေးနိုင်သည့် အလားအလာရှိသော်လည်း ယနေ့ကမ္ဘာမြေကြီး၏လက်ရှိအခြေ အနေသည်နှစ်ခုစလုံးကိုခြိမ်းခြောက်လျက်ရှိသည်။
Planetary Health Diet သည် လူသားတို့၏ကျန်းမာရေးကို မြှင့်တင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေရန်အတွက် နိုင်ငံတကာသိပ္ပံပညာရှင်များအဖွဲ့မှ တီထွင်ထားသော အစားအသောက် ပုံစံ တစ်ခုဖြစ်သည်။ အနှစ်သာရအားဖြင့် Planetary Health Diet သည် လူသားနှင့်သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေသော လူသားတို့၏ ကျန်းမာရေးကိုပံ့ပိုးပေးနိုင်သည့် အာဟာရပြည့်ဝ သောစားသောက်မှု ပုံစံတစ်ခုဖြစ်ခြင်း၊ အသက်ရှည်ခြင်းနှင့်နာတာရှည်ရောဂါများဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ခြင်းတို့ကြောင့် ကမ္ဘာမြေကြီးကို ရေရှည် တည်တံ့ခိုင်မြဲစေရန် အထောက်အကူပြုသော စားသောက်မှုပုံစံတစ်ခု ဖြစ်သည်။
EAT-Lancet ကော်မရှင်သည် လူသားတို့၏ကမ္ဘာမြေကြီးကို ပျက်စီး မှုအနည်းဆုံးဖြစ်စေမည့် ရေရှည် တည်တံ့သောအစားအစာစနစ်များကိုသတ်မှတ်ရာတွင် တက်များပြားလာသောကမ္ဘာ့လူဦးရေကို ကျန်းမာ ရေးနှင့်ညီညွတ်သောအစားအစာများကျွေးရန်လိုအပ်ကြောင်း အကြံပြု ထားပါသည်။ EAT- Lancet ကော်မရှင်၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာသည် လူသားနှင့်ပတ်ဝန်းကျင်ကျန်းမာရေးကို ဦးစားပေး သည့် အစားအသောက် ပုံစံကိုအကြံပြုထားပြီး ရေရှည်အစားအစာဖူလုံမှုနှင့် အစားအစာစွန့်ပစ် မှုလျှော့ချရေးအစီအစဉ်များကို အကြံပြုထားသည်။ EAT- Lancet ကော်မရှင်သည် ပတ်ဝန်းကျင် ရေရှည်တည်တံ့မှုကိုအခြေခံ၍ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကို ရည်ညွှန်းဖော်ပြထား ပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ (ဥပမာ-ဟင်းသီးဟင်း ရွက်၊ သစ်သီးများ၊ အစေ့ အဆန်များ၊ ပဲနှင့် အခွံမာသီးများ) စားသုံးမှုတိုးလာခြင်းနှင့် ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများ(ဥပမာ-အနီရောင်အသား၊ သကြားနှင့်သန့်စင်ထားသောအစေ့အဆန်များ) စားသုံးမှုလျှော့ချခြင်း ကိုလိုက်နာရန် တိုက်တွန်းထားသည်။
Planetary Health Diet ၏အဓိကအစိတ်အပိုင်းများ
Planetary Health Diet ကဲ့သို့သော သက်ရှည်ကျန်းမာရေးကိုမြှင့်တင် ပေးနိုင်သည့်အစားအစာပုံစံတွင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊အစေ့အဆန်များ၊ ပဲပင်များ (ပဲစေ့နှင့်ပဲအမျိုးမျိုးကဲ့သို့) နှင့် အခွံမာသီးများ ကဲ့သို့ အပင်အခြေခံအစားအစာများကို အဓိကထားကာ ကြက်သားနှင့် ငါးများကို မျှတစွာ စားသုံးရန်နှင့် အနီရောင်အသားစားသုံးမှု၊ သကြား နှင့် သန့်စင်ထားသောအစေ့အဆန် များစားသုံးမှု အထူးသဖြင့် အလွန်အကျွံပြုပြင်ထားသောအစားအစာများစားသုံးမှုကိုကန့်သတ်ထား သည်။ ပြည့်ဝဆီများထက် သံလွင်ဆီကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ် သော မပြည့်ဝဆီများကို ပို၍ဦးစား ပေးပါသည်။ အပင်အခြေခံအစားအစာများကို အဓိကအာရုံစိုက်သော်လည်း နို့ထွက်ပစ္စည်း အလယ် အလတ် ပမာဏနှင့် ကစီဓာတ်အနည်းငယ်ပါဝင်သည့် ဟင်းသီးဟင်းရွက်များ လည်း ပါဝင်ပါသည်။ သက်သတ်လွတ်စားသူများအတွက် တစ်ဦးချင်း လိုအပ်ချက်များနှင့် ယဉ်ကျေးမှုဆိုင်ရာနှစ်သက်မှုများ နှင့် လိုက်လျော ညီထွေဖြစ်စေရန် ရွေးချယ်နိုင်သည်။ ဤအစားအစာသည် လူသားများ ၏အာဟာရ အတွက်အကျိုးပြုပြီး အသက်ရှည်စေရန်နှင့် နာတာရှည်ရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့် အပြင် ကာဗွန်ထုတ်လွှတ် မှု သိသိသာသာနည်းပါးစေပြီး စွန့်ပစ်ပစ္စည်းများကို လျော့နည်းစေခြင်း ဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလျှော့ချရန် ရည်ရွယ်ခြင်းဖြစ်ပါ သည်။
Planetary Health Diet ၏အကျိုးကျေးဇူးများလေ့လာမှုများအရလူသားနှင့်သဘာဝပတ်ဝန်းကျင်ကို အကျိုးပြု သောစားသောက်မှုပုံစံကို လိုက်နာခြင်းသည် နှလုံးရောဂါ၊ ကင်ဆာနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများကြောင့်အရွယ်မတိုင်မီသေဆုံးနိုင်ခြေနှင့် နာတာရှည်ရောဂါ များဖြစ် နိုင်ခြေကို လျှော့ချနိုင် သည်ဟု ဟားဗတ်ချန်းပြည်သူ့ကျန်းမာရေးကျောင်းမှ လေ့လာမှုတစ်ခု အရ သိရသည်။ သုတေသနများအရ Planetary Health Diet ကဲ့သို့သော အစားအသောက်များကို လိုက်နာ ခြင်းနှင့် သက်တမ်းပိုရှည်ခြင်းတို့ ဆက်စပ်မှုရှိကြောင်း Economic Times တွင် ဖော်ပြထားသောလေ့လာ မှုတစ်ခုအရ သိရသည်။
အသားစားသုံးမှုကိုလျှော့ချခြင်းဖြင့် အစားအစာရေရှည်ဖူလုံမှုရှိစေရန်၊သဘာဝပတ်ဝန်းကျင် ကိုမထိ ခိုက်စေရန်အထောက်အကူပြုပါသည်။အပင်အခြေခံအစားအသောက်များကိုကျယ်ကျယ်ပြန့်ပြန့် စားသုံးခြင်းဖြင့်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု၊ ဓာတ်မြေသြဇာလိုအပ်ချက်နှင့် စိုက်ပျိုးမြေ အသုံးပြုမှုသိသိသာသာလျော့ကျသွားနိုင် ကြောင်း တွေ့ရှိခဲ့သည်။
သက်တမ်း ၁၀၀ ထက်ကျော်လွန်၍အသက်ရှည်စေသောအစားအသောက်လေ့လာမှုများအရ အစား အသောက်သည် အသက်ရှည်ခြင်းကိုသက်ရောက်မှုရှိကြောင်း အကြံပြုထားသည်။ EAT-Lancet ကော်မရှင် မှမိတ်ဆက်ထားသော Planetary Health Diet (PHD) သည် ၂၀၂၅ ခုနှစ်အတွက် လူသားတို့၏ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုအတွက်အကျိုးပြုသည့် အစား အစာအဖြစ် ဆွဲဆောင် မှုရှိနေသည်။ အပင်အခြေခံအစားအစာများကိုအလေးထားပြီး တိရစ္ဆာန် ထွက်ပစ္စည်းများလျှော့ချခြင်းသည် အဓိကရောဂါများဖြစ်နိုင်ခြေနည်းပါးခြင်းနှင့် သေဆုံးမှုလျှော့ချ ပေးနိုင်ခြင်းတို့နှင့် ဆက်စပ်နေသည်။
သုတေသီများသည်အရွယ်ရောက်ပြီးသူ ၁၁၀၀၀ ကျော်ကို ၁၄ နှစ် ကြာလေ့လာခဲ့ရာ သစ်သီးများ၊ နို့ထွက်ပစ္စည်းများ၊ မပြည့်ဝဆီများနှင့် အခွံမာသီးများပါဝင်သော အစားအစာများကို အဓိကစား သောက်ခြင်းဖြင့် သေဆုံးနိုင်ခြေနည်းပါးကြောင်းပြသခဲ့သည်။ ထို့ကြောင့် ကျန်းမာ ရေးနှင့်ညီညွတ် အောင်စားသောက်ခြင်းသည် အသက်ပိုရှည်ရန် အဓိက အချက်ဖြစ်နိုင်ပါသည်။ EAT-Lancet ကော်မရှင်မှ ၂၀၁၉ ခုနှစ် အစီရင် ခံစာတွင် Planetary Health Diet ဟူသောအသုံးအနှုန်းကို ရေရှည် တည်တံ့သောအစားအစာစနစ်များမှ ကျန်းမာသောအစားအစာများဆိုင်ရာခေါင်းစဉ်ဖြင့် မိတ်ဆက်ခဲ့ သည်။ လူသားတို့၏ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုအတွက် အကျိုးပြုသည့် အစား အသောက်ပုံစံကို အလေးပေးထားပြီး အပင်အခြေခံအစားအစာများတိုးမြှင့်စားသုံးမှုနှင့် တိရစ္ဆာန်အခြေခံထွက်ကုန်များ စားသုံးမှုလျှော့ချရန် လှုံ့ဆော်ထားသည်။
Planetary Health Diet ကို လိုက်နာသူများသည် ကင်ဆာ၊ နှလုံးရောဂါ နှင့် အဆုတ်ရောဂါအပါအဝင် သေဆုံးနိုင်ခြေနည်းပါးကြောင်း မကြာ သေးမီက ဟားဗတ်ချန်းပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသီများ ၏လေ့လာမှုတစ်ခုအရ သိရသည်။ လေ့လာတွေ့ရှိချက်များကို The American Journal of Clinical Nutrition တွင် ထုတ်ဝေခဲ့သည်။ သုတေသီများသည် လူ ၂၀၀၀၀၀ ကျော်ထံမှကျန်းမာရေးအချက်အလက် များကို အသုံးပြုခဲ့သည်။ လေ့လာမှုစတင်ချိန်တွင် နာတာရှည်ရောဂါ ကင်းစင်သူများပါဝင်ခဲ့ပြီး အစားအသောက်မေးခွန်းလွှာများကို လေးနှစ် တစ်ကြိမ်နှင့် ၃၄ နှစ်အထိ ဖြေဆိုခဲ့ပါသည်။ Planetary Health Diet ကို အနီးကပ်ဆုံးလိုက်နာသူများသည် မလိုက်နာသူများထက် စောစီးစွာ သေဆုံးနိုင်ခြေ ၃၀ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုကဖော်ပြ သည်။ အထူးသဖြင့် ပါဝင်သူများအနက်လိုက်နာမှုအကောင်းဆုံးထိပ်တန်း ၁၀ ရာခိုင်နှုန်းသည် အောက်ခြေ ၁၀ ရာခိုင်နှုန်း ထက် အရွယ်မတိုင်မီသေဆုံးနိုင်ခြေ ၃၀ ရာခိုင်နှုန်းလျော့နည်းကြောင်း သိရသည်။
ဆိုရှယ်မီဒီယာလောကတွင် လူအများစုသည် ကျန်းမာရေးကောင်း စေမည့်အစားအသောက်များ ကိုရှာဖွေရန် အာရုံစိုက်လာကြသည်။
တိရစ္ဆာန်များမှရရှိသော ပရိုတင်းဓာတ်သည် ကြွက်သားထိန်းသိမ်းမှုနှင့် ကျန်းမာရေးအတွက် မရှိမဖြစ်လို အပ်သော်လည်း အလွန်အကျွံစားသုံး မှုသည်ခန္ဓာကိုယ်အတွက်အမှန်တကယ်ကောင်း မွန်မှုမရှိကြောင်း တွေ့ရှိခဲ့သည်။ နှလုံးနှင့်ဇီဝဖြစ်စဉ်ကျန်းမာရေးအတွက် အရေးကြီးသော ရောင်ရမ်းမှုကို လျှော့ချရန်နှင့် ကြွက်သားထုထည်ကို ထိန်းသိမ်းရန် အတွက် အပင်အခြေခံပရိုတင်းစားသုံးမှုကို အလေးပေး သောအစား အသောက်သည် ကျန်းမာစွာအိုမင်းခြင်းအတွက် အကောင်းဆုံးဖြစ်သော ကြောင့် အသက် ၃၀ နှင့် ၆၅ နှစ်ကြားတွင် အပင်အခြေခံပရိုတင်းကို အဓိကစားသုံးရန် အကြံပြုထားသည်။ Planetary Health Diet ခေါ် အပင်အခြေခံအစားအစာများသည် လူသားတို့၏ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးကျေးဇူးများစွာကို ပေးဆောင်နိုင်သော် လည်း တိရစ္ဆာန်ရင်းမြစ် အစားအစာများ ထက် သံဓာတ်၊ ဇင့်၊ ဗီတာမင် B-12၊ ကယ်လ်စီယမ်နှင့် Omega-3 Fatty Acids ကဲ့သို့သော အာဟာရ ဓာတ်တချို့ရရှိမှုနည်းပါးနိုင်သောကြောင့် ဖြစ်နိုင်ခြေရှိသောအာဟာရချို့ တဲ့မှုများ ကိုရှောင်ရှားရန် ဂရုတစိုက်စီစဉ်ရန်လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာမြေကြီးကိုကာကွယ်သည့် အစားအသောက်ရွေးချယ်မှုများသည် အသက်ရှည်ခြင်းနှင့်နာတာရှည်ရောဂါ များဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် မြေအသုံးချမှုလျှော့ချခြင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင်ထိခိုက် မှုအနည်း ဆုံးဖြစ်စေသည့် အစားအသောက်ပုံစံများသည် လူသားများ၏ ကျန်းမာရေးအတွက်အသင့်တော်ဆုံး ဖြစ်နိုင်ပါသည်။ လူသားနှင့်သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေသောအစားအသောက်များကိုလူတိုင်းရွေးချယ်စားသောက်ခြင်းဖြင့် အသက်အရွယ်ကြီးရင့်လာမည်ကို စိုးရိမ်စရာမလိုဘဲကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
MWD
Photo -Inoqo

အမျိုးသမီးတိုင်း ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာပြီး သက်သောင့်သက်သာဖြစ်ဖို့လိုပါတယ်။ သားဦး ကိုယ်ဝန်ဆောင်တွေက အတွေ့အကြုံ မရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန်တွေကို အဆင်ပြေ လွယ်ကူစွာ ဖြတ်သန်းနိုင်ဖို့ အောက်ပါအချက်တွေ ဂရုစိုက်သင့်ပါတယ်။
ကိုယ်ဝန်ရှိစဝေဒနာသက်သာစေဖို့
ကိုယ်ဝန်ရှိစမှာ ခါးနေရာက အရင်လိုမဟုတ်တော့ဘဲ အနည်းငယ်ပြည့်တင်းလာပါတယ်။

ဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားနှစ်ဖက်စလုံး အနည်းငယ်ကြီးလာပြီး တင်းကျပ်ကျပ် ခံစားရပါတယ်။ ကိုယ်ဝန်ရှိစမှာ ပျို့ချင်အန်ချင်တာကလည်း ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။ မောပန်းနွမ်းနယ်သလိုခံစားရတတ်ပြီး မကြာခဏအနားယူပေးဖို့လည်းလိုအပ်ပါတယ်။ နေ့ခင်းဘက်နာရီဝက်ခန့်အိပ်စက်ပေးသင့်ပါတယ်။
သွက်သွက်လက်လက်လှုပ်ရှားနိုင်စေဖို့
ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်တာက စွမ်းအင်ပြည့်ဝပြီး သွက်လက်နေစေပါတယ်။ ထို့ပြင် ကလေးမွေးဖွားရာမှာလည်း လွယ်ကူစေပါတယ်။ ပြင်းပြင်းထန်ထန်လုပ်ရတဲ့လေ့ကျင့်ခန်းမျိုးတွေကိုတော့ မလုပ်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် လမ်းလျှောက်တာ၊ရေကူးတာတွေက အကောင်းဆုံးလေ့ကျင့်ခန်းတွေလို့ဆိုနိုင်ပါတယ်။ တစ်ပတ်ကိုလေ့ကျင့်ခန်းပြုလုပ်ချိန် နှစ်နာရီခွဲလောက်ရှိသင့်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်အချိန်က အေရိုးဗစ်လေ့ကျင့်တာ၊ ပြေးတာ၊ အလေးမပစ္စည်းတွေနဲ့ လေ့ကျင့်ခဲ့တယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဆက်ကစားဖို့ သင့်၊ မသင့်ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်ရယူသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာ ရေဓာတ်ခန်းခြောက်တာဂရုပြုသင့်ပါတယ်။
လေ့ကျင့်ခန်းလုပ်ရင်း ခေါင်းမူးတာ၊ မောပန်းနွမ်းနယ်သလိုခံစားရတာတွေဖြစ်ခဲ့ရင် လေ့ကျင့်ခန်းလုပ်တာကိုချက်ချင်းရပ်သင့်ပါတယ်။
တင်းအားပြေလျော့စေဖို့
ညင်သာစွာနှိပ်နယ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။
နှိပ်နယ်ပေးတာကြောင့် ကြွက်သားတွေရဲ့တင်းအားတွေ လျော့နည်းသွားပြီး ပျော့ပျောင်းလာတဲ့အတွက်
နာကျင်မှု၊ ကိုက်ခဲမှုကိုသက်သာစေပါတယ်။ ခန္ဓာကိုယ်အပူပေးတာ၊ တစ်ကိုယ်လုံး ပေါင်းတင်တာမျိုး တွေကိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရေပြားက တချို့အချိန်တွေထက် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုမိုထိခိုက်လွယ်ပြီး ဓာတ်မတည့်မှုဖြစ်နိုင်တာကြောင့်ဖြစ်ပါတယ်။
စိတ်ဖိစီးမှုလျော့နည်းစေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုတွေကိုလျှော့ချနိုင်တဲ့အကောင်းဆုံးနည်းလမ်းက တရားထိုင်တာ၊ ယောဂကျင့်တာတို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေလေ့ကျင့်နိုင်တဲ့ ယောဂကျင့်နည်းတွေကို သင်တန်းခန်းမမှာ မလေ့ကျင့်နိုင်ရင် အိမ်မှာပဲ လေ့ကျင့်လို့ရပါတယ်။ ကိုယ်ဝန်ဆောင်တွေ ယောဂလေ့ကျင့်နည်းအတိုင်း အနေအထားမှန်ကန်ဖို့တော့ လိုပါတယ်။ ယောဂလေ့ကျင့်မယ်ဆိုရင် ဆရာဝန်ရဲ့ အကြံဉာဏ်ကို အရင်ဆုံးရယူဖို့လိုအပ်ပါတယ်။
စိတ်လှုပ်ရှားပြောင်းလဲမှုများတည်ငြိမ်စေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အတက်အကျပြောင်းလဲမှုတွေများတတ်ပါတယ်။ ကလေးမွေးဖွား ဖို့အတွက် စိုးရိမ်ကြောက်ရွံ့တာ၊ ငွေရေးကြေးရေးပူပန်ရတာ၊ မိဘတစ်ယောက်ဖြစ်လာဖို့ ကြိုတင်ပြင်ဆင် ရတာတွေကြောင့် စိတ်လှုပ်ရှားပြောင်းလဲမှုတွေ များနေတတ်ပါတယ်။ ထို့ပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်းဟော်မုန်းပမာဏ မြင့်တက်လာတာကြောင့် စိတ်ခံစားရမှုတွေ ပြောင်းလဲနေပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ သူငယ်ချင်းတွေနဲ့တွေ့ဆုံစကားပြောတာ၊ ရုပ်ရှင်ကြည့်တာ၊ အိမ်ထောင်ဖက်နဲ့ ချစ်ခင်စွာနေထိုင်တာတွေက စိတ်သက်သာစေပါတယ်။ စိတ်ဓာတ်ကျဆင်းတဲ့အခါဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။
နှစ်ယောက်စာအာဟာရစားပေးသင့်ပါတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ၃၀၀ ကယ်လိုရီအပိုရရှိဖို့လိုအပ်ပါတယ်။ ကယ်လိုရီအပိုရရှိအောင် ကောက်နှံတစ်ခုလုံးပါဝင်စာ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အသား၊ ပဲအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ စားသုံးပေးသင့်ပါတယ်။ နံနက်စာမစားတာမျိုး မလုပ်သင့်ပါဘူး။ ထမင်းတစ်နပ်နဲ့ တစ်နပ်ကြားမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာစားသင့်ပါတယ်။မချက်ပြုတ်ဘဲ အစိမ်းအတိုင်းစားတာ (ဥပမာ-ကြက်ဥအစိမ်းသောက်တာမျိုး)တွေ ရှောင်သင့်ပါတယ်။ ငါးမှာ မာကျူရီပါဝင်မှုများနိုင်တာကြောင့် ကျက်အောင်သေချာချက်စားသင့်ပါတယ်။ မကျက်တကျက်ချက်ထားတဲ့အသားတွေကိုမစားသင့်ပါဘူး။
အပန်းဖြေခရီးထွက်သင့်ပါတယ်
ကလေးမမွေးခင်မှာ ဇနီးမောင်နှံအတူတကွခရီးထွက်သင့်ပါတယ်။ ကိုယ်ဝန် ၃၆ ပတ်အတွင်း ခရီးထွက်သင့်ပါတယ်။ ခရီးသွားမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သွားရပါမယ်။ ခရီးသွားမယ့်နေရာပေါ် မူတည်ပြီး လိုအပ်တာတွေကို ဆရာဝန်ကညွှန်ကြားပေးပါလိမ့်မယ်။ ခရီးမထွက်နိုင်ခဲ့ရင် အကောင်းဆုံးဟိုတယ်တစ်ခုမှာ တစ်ညတာတည်းခိုပြီး အပန်းဖြေသင့်ပါတယ်။
အကောင်းမြင်စိတ်မွေးသင့်ပါတယ်
မိခင်တစ်ယောက်ဖြစ်တော့မယ်ဆိုရင် ကိုယ့်ရဲ့စိတ်နေစိတ်ထားတွေက အရင်နဲ့မတူဘဲ ပြောင်းလဲသင့်တာတွေပြောင်းလဲရပါမယ်။ မိခင်ကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးမျိုးတွေတွေးနေတာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို လျော့နည်းစေပါတယ်။ အကောင်းမြင်တဲ့ စိတ်မျိုးထားသင့်ပါတယ်။ ကျန်းမာရေးစာအုပ်၊ စာစောင်တွေဖတ်ရှု လေ့လာသင့်ပါတယ်။ အတွေ့အကြုံကောင်းတွေ မှတ်သားထားသင့်တယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်စားသောက်သင့်တယ်။ သင့်တင့်တဲ့လေ့ကျင့်ခန်း ပြုလုပ်သင့်တယ်။ ဒါဆိုရင် ကျေနပ်ပျော်ရွှင်မှုတွေနဲ့ ပြည့်ဝနေတဲ့မိခင်ဖြစ်စေမှာပါ။
ဆရာဝန်ညွှန်ကြားချက်မရှိဘဲဆေးမသောက်သင့်ပါဘူး
ဆရာဝန်ညွှန်ကြားချက်မပါရှိဘဲ ဝယ်ယူသောက်သုံးနိုင်တဲ့အအေးမိ၊ နှာစေးပျောက်ဆေး၊ ဓာတ်မတည့်တဲ့ကုသဆေး၊ ရောင်ရမ်းမှုသက်သာဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မသောက်သင့်ပါဘူး။ သောက်သုံးလိုက်တဲ့ဆေးဝါးတွေက သန္ဓေသားပေါ်မှာ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ ဆေးဝါးသောက်သုံးဖို့လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

ပီလောပီနံကို လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စားသောက်ကုန်(အမှုန့်)နှင့် အဖျော် ယမကာတို့တွင် ထည့်သွင်းအသုံးပြုကြသည်။ မြန်မာနိုင်ငံ၌ အများအားဖြင့် ပီလောပီနံဥကိုပြုတ်၍ ဆီ၊ ဆားတို့နှင့်တို့ ကာ သရေစာအဖြစ်စားသုံးကြပြီး ပီလော ပီနံဥကြော်နှင့် ပီလောပီနံဥပေါင်းအဖြစ် လည်း စားသုံးကြသည်။

ပီလောပီနံမှ ကျန်းမာရေးအကျိုး အာနိသင်များရရှိစေရန် ပီလောပီနံဥကို လုံလောက်စွာ ကျက်သည်အထိ အချိန်ကြာကြာပြုတ်ပြီးမှသာ စားသုံးသင့်သည်။ ပီလောပီနံဥစားပြီးနောက် အချိန်လေးနာရီ အကြာတွင် မူးဝေခြင်း၊ အော့အန်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပွားခြင်းသည် ပီလော ပီနံဥတောက်သော လက္ခဏာများဖြစ် သည်။
ပီလောပီနံဥစားသုံးရာတွင် အဆိပ် အတောက်များ လျော့ပါးစေရန် ပီလောပီနံ ဥကို ရေနှင့်ပွက်ပွက်ဆူအောင် ၁၀ မိနစ် ခန့်ပြုတ်လိုက်ပါက ယင်းတွင်ပါဝင်သော Glucoside အဆိပ်များ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင် သည်။
ပီလောပီနံရွက်နှင့် အာဟာရဓာတ်ပါဝင်မှုများ
ပီလောပီနံပင်မှ ပီလောပီနံဥကိုသာ စားသုံးနိုင်ခြင်းမဟုတ်ဘဲ ပီလောပီနံ အရွက်ကိုလည်း စား၍ရပြီး ကျန်းမာရေး အတွက် အကျိုးသက်ရောက်မှုများစွာ ပေးစွမ်းနိုင်သည်။
ပီလောပီနံရွက်တွင် ပြည့်ဝဆီ(Satura-ted Fat) ပါဝင်မှုနည်းသကဲ့သို့ အကျိုးမပြု ကိုလက်စထရောနှင့် ဆိုဒီယမ်ပါဝင်မှု လည်းနည်းသည်။ အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာပါဝင် သကဲ့သို့ အကျိုးပြုကို လက်စထရောနှင့် ပရိုတင်းတို့လည်းပါဝင်သည်။ တခြား အာဟာရဓာတ်များ အနေဖြင့် ဗီတာမင်-B အုပ်စု၊ ဖောလိတ်၊ ဗီတာမင်-B6၊ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ကော့ပါး၊ ဆီလီ နီယမ်တို့ပါဝင်သည်။
စား၍ရသော ပီလောပီနံရွက်နှင့် ကျန်းမာရေးအာနိသင်များ
ပီလောပီနံရွက်အနုများကို အသားဟင်းထဲ ထည့်ချက်၍ရသကဲ့သို့ အရွက်ကို ကြော်စားခြင်း၊ ဟင်းရည်ပြုလုပ်၍ သောက်ခြင်းနှင့်ပြုတ်တို့ခြင်းများ ပြုလုပ်နိုင်သည်။ ကယ်လိုရီပါဝင်မှုနည်းသော ပီလောပီနံရွက်သည် အစာခြေစနစ်ကိုကောင်းမွန် စေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အအေးမိခြင်း၊ အဆစ်ရောင်နာ၊ ခံတွင်းအနာများကို သက်သာစေနိုင်သကဲ့သို့ သက်လုံကောင်းစေရန်လည်း ထောက် ကူပေးနိုင်သည်။ သံဓာတ်ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သွေးအားနည်းခြင်းမဖြစ်ရန် ကာကွယ်ပေးပြီး ဖောလိတ်နှင့် ဗီတာမင်- C ကြွယ်ဝစွာပါဝင်မှုကြောင့် ကိုယ်ဝန် ဆောင်ချိန်တွင် ကိုယ်ခံအားကောင်းစေ သည်။
ပီလောပီနံရွက်တွင် Lysine Protein ပါဝင်ခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန် ဗီတာမင်ချို့တဲ့မှုမဖြစ်စေရန် ကာကွယ် ပေးသည်။ ပီလောပီနံရွက်သည် အဖျား ကျစေပြီး ခေါင်းကိုက်သက်သာစေ ခြင်း၊ အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာခြေစနစ်ကို ထိခိုက်စေသည့် ပိုးများကို ဖယ်ရှားပေးခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို သက်သာစေပြီး ဝမ်းမှန်စေခြင်း၊ ခံတွင်းမြိန်စေပြီး အစာစားချင် စိတ်ဖြစ်စေရန် လုပ်ဆောင်ပေးခြင်း၊ အဆစ်ရောင်ခြင်း၊ အဆစ်နာကျင်ကိုက်ခဲ ခြင်းတို့ကိုသက်သာစေခြင်း၊ သဘာဝ သန်ကျဆေး တစ်မျိုးဖြစ်သည့် ပီလောပီနံ ရွက်က သန်ကျစေရန် ထောက်ကူပေးနိုင် ပြီး အစာခြေစနစ်အတွင်းမှ ကပ်ပါးပိုးများ ကို ဖယ်ရှားပေးနိုင်ခြင်း၊ အနာကျက်မြန် စေခြင်း စသည့်ကျန်းမာရေးအကျိုး ကျေးဇူးများရရှိနိုင်သကဲ့သို့ ပရိုတင်း၊ ဗီတာ မင်- C နှင့် သံဓာတ်တို့ပါဝင်ခြင်းကြောင့် ကိုယ်ခံအားကောင်းစေရန် ထောက်ကူ ပေးနိုင်သည်။ ပီလောပီနံ သည် ကျန်းမာရေးအတွက် အကျိုး ကျေးဇူးများစွာရှိသော်လည်း အလွန် အကျွံစားသုံးပါက ဆိုးကျိုးများလည်း ရှိနိုင်သည်။
သတိထားစားရမည့် ပီလောပီနံရွက်
ပီလောပီနံရွက်ကို စားသုံးမည်ဆိုပါက ရေစင်အောင်ဆေးကြောရန်နှင့် သေချာစွာ ကျက်အောင်ချက်ပြုတ်ရန် လိုအပ်သည်။ အဆိပ်အတောက် မဖြစ်စေရန် အစိမ်းစားခြင်းနှင့် အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။ ရောဂါအခံ ရှိသူများ၊ ဓာတ်မတည့်မှုဖြစ်တတ်သူ များ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ် ကြောင့် ဆေးသောက်နေရသူများအနေဖြင့် ဆရာဝန်၏ ခွင့်ပြုချက်ရမှသာ စားသုံးသင့်သည်။
ပီလောပီနံအစာအဆိပ်သင့်ခြင်း
ပီလောပီနံပင်၏အမြစ်တွင် အဆိပ်သင့်စေသော ဆိုင်ယာနိုက်(Cyanide) ဓာတ်တစ်မျိုးပါဝင်သောကြောင့် အစာအဆိပ်သင့်ခြင်းလည်း ဖြစ်နိုင်သည်။ အစာအဆိပ် သင့်ခြင်းသည် အသက်အန္တရာယ်ရှိပြီး ဆိုင်ယာနိုက်အဆိပ်သင့် လက္ခဏာများဖြစ်သည့် နှုတ်ခမ်းများပြာလာခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပျို့အန်ခြင်း၊ သတိ လစ်ခြင်းနှင့် အခန့်မသင့်ပါက အသက် သေဆုံးခြင်းတို့အထိ ဖြစ်နိုင်သည်။ ထို့ကြောင့် ပီလောပီနံအစာအဆိပ် သင့်သောလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးရုံသို့ အမြန်ဆုံး သွားရောက်သင့် သည်။
ပီလောပီနံသည် တခြားသီးနှံများ စိုက်ပျိုး၍မရသော မြေအမျိုးအစားတွင်လည်း စိုက်ပျိုးနိုင်သည်။ ပီလောပီနံကို စိုက်ပျိုးချိန်မှစ၍ သိုလှောင် သိမ်းဆည်းသည့်အချိန်ထိ လုပ်ဆောင်ရမည့် လုပ်ငန်းများကို အချိန်ကိုက် လုပ်ဆောင်ခြင်းဖြင့် မျှော်မှန်းထားသည့် အထွက်နှုန်းနှင့် စံချိန်မီအရည်အသွေး ကိုရရှိနိုင်မည်ဖြစ်သည်။ ကုန်ချောထုတ် လုပ်ပြီး ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်း များနှင့် အပင်၏အစိတ်အပိုင်းများကို မြေဆွေးပြုလုပ်၍ စိုက်ခင်းများအတွင်း ထည့်သွင်းခြင်း၊ မှိုစိုက်ပျိုးနိုင်ခြင်းနှင့် တိရစ္ဆာန်များအတွက်အစာအဖြစ် ကျွေးမွေးခြင်းတို့ ပြုလုပ်နိုင်သည်။ ရောဂါနှင့်ပိုးမွှားဒဏ်ကို အသင့်အတင့်ခံနိုင်၍ ဓာတု ဆေးဝါးသုံးစွဲမှု အနည်းငယ်သာရှိသောကြောင့် ဓာတ်ကြွင်းအာနိသင်နည်းပြီး စိုက်ပျိုးသူများ၊ စားသုံးသူနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးသည်။
သို့ရာတွင် ပီလောပီနံဥများကို တူးဖော် ပြီး ၂၄ နာရီအတွင်း တခြားအဆင့်တစ်ခု သို့ ပြောင်းလဲပစ်ရန် လိုအပ်ပါသည်။
ပီလောပီနံဥများမှ ပီလောပီနံမှုန့် ထုတ်လုပ်ရာတွင် တူးဖော်ပြီး ၂၄ နာရီအတွင်း ထုတ် လုပ်နိုင်မှသာ အရည်အသွေး ကောင်းမွန် နိုင်သည်။ ပီလောပီနံမှုန့်များကို အိတ်ခွံ များအတွင်း ထည့်သွင်းသိမ်းဆည်း၍ အခန်းအပူချိန်တွင် နှစ်နှစ်အထိ သိုလှောင် နိုင်ပြီး ဈေးကွက်ပေါ်မူတည်၍ ရောင်းချနိုင်သည်။
အချုပ်အားဖြင့်ဆိုသော် ပီလောပီနံသည် ကျန်းမာရေးပိုင်းနှင့် စီးပွားရေးပိုင်း တွင် ကောင်းကျိုးများစွာရှိသကဲ့သို့ ကျန်းမာရေးပိုင်းတွင် ဆိုးကျိုးသက်ရောက်မှု အနည်းငယ်လည်းရှိသည်။ ပီလောပီနံကို သံပရာသီးအပါအဝင် အချဉ်ကဲ သော အစားအစာများနှင့် တွဲဖက်စားသုံးမိပါက အော့အန်တတ်သည်။ သပြေသီးနှင့် ပီလောပီနံဥတွဲစားလျှင် အဆိပ်ဖြစ်စေတတ်ပြီး ဒန့်သလွန်သီးနှင့် ပီလောပီနံဥတွဲစားလျှင် တောက်တတ်သည်။ ကိုယ်ဝန် ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေး ငယ်များ၊ ကျန်းမာရေးအခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးအမြဲသောက် နေရသူများနှင့် ကျန်းမာရေးပြဿနာ အခံရှိသူများအနေဖြင့် ဆရာဝန်နှင့်တိုင်ပင်၍ ဆရာဝန်ခွင့်ပြုချက်ရမှသာ စားသုံးသင့်သည်။ စားသုံးမည်ဆိုလျှင်လည်း အခွံကို သေချာစွာ ဖယ်ရှားပြီးမှ စားသုံးသင့်ကြောင်းနှင့် အလွန်အကျွံစားသုံးရန် မသင့်ကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။

သွေးလွန်တုပ်ကွေးရောဂါသည် Arbo- virus အမျိုးအစားဖြစ်သည့် ဒင်ဂီး ဗိုင်းရပ်စ်ပိုး သယ်ဆောင်သော ခြင်ကျားကိုက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါဖြစ်ပွားပါက တခြားကမ္ဘာ့နိုင်ငံများ နည်းတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ သတင်းပေးပို့ရသော ရောဂါတစ်မျိုး ဖြစ်သည်။

ရာသီမရွေးဖြစ်ပွားတတ်ပြီး မိုးဦးကျ ကာလမှစ၍ မိုးရာသီတွင် အဖြစ်အများ ဆုံးရောဂါဖြစ်သည်။ မိုးရာသီဖြစ်သဖြင့် ခြင်ကျားများ ပေါက်ပွားရာနေရာများပြား လာခြင်း၊ ခြင်ကျားခိုအောင်းရန် ချုံနွယ် ပိတ်ပေါင်းများ ထူထပ်လာခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု များပြားလာရခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာ၀ဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှု များကြောင့် ယခင်ကထက် ခြင်ပေါက်ပွား မှုပိုများလာရာ အစဉ်သတိပြုကြစေ လိုသည်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့်ခြင်ကျားနှင့် ပိုးလောက် လမ်းများကို ကြိုတင်နှိမ်နင်းရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းစဉ်များကို ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် အစဉ်သတိပြုလုပ် ဆောင်သင့်ပေသည်။
သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် အေးဒိစ်ခြင်ကျားသည် ရေကြည်ရေသန့် တွင် ပေါက်ပွားလေ့ရှိသည်။ ထိုခြင်ကျားသည် ပိုးလောက်လမ်းဘ၀မှ ခြင်ကောင် ဖြစ်ရန် ခုနစ်ရက်ခန့်ကြာမြင့်သည်။ ခြင်တစ်ကောင်၏ ပျမ်းမျှသက်တမ်းသည် တစ်လမှ သုံးလခန့်ရှိသည်။ ခြင်မတစ် ကောင်သည် သူ့သက်တမ်းတစ်လျှောက်တွင် အနည်းဆုံး ခုနစ်ကြိမ်ခန့် အောင်အောင်မြင်မြင်ဥဥနိုင်သည်။ တစ်ကြိမ်ဥလျှင် ရာသီဥတုနှင့် နေရာဒေသ တို့ပေါ်မူတည်၍ ဥ ၅၀ မှ ၃၀၀ အထိ ဥနိုင်သည်။ မိုးရွာပြီးနောက် ရေအိုင်များ၊ အိုးခြမ်းပဲ့များ၊ ဘက်ထရီအိုးဟောင်းများတွင် မိုးရေတင်ကျန်ပြီးနောက် နေထွက်လာသောအခါ ပိုးလောက်လမ်း များပေါက်ပွားလာကြကာ ယင်းမှတစ်ဆင့် ခြင်းကျား(ခေါ်) ခြင်ပုန်းများဖြစ်လာသည်။ ခြင်ပုန်းသည် ပေါက်ပွားမှုမြန်ဆန်ပြီး ကိုက် ၁၀၀ အထိ ပျံသန်းနိုင်သည်။
အဆိုပါခြင်ကျားသည် နေ့ဘက်တွင် ကိုက်လေ့ရှိပြီး စာသင်ကျောင်းများ ဖွင့်ချိန်တွင် ကျက်စားလာကြသည်။ ခြင်ဆိုးများသည် လူတစ်ဦးဆီမှ နောက်တစ်ဦးဆီသို့ မတူညီသောသွေးများကို သယ်ဆောင် ၍ သွေးစုပ်ခံရခြင်းဖြင့် လူထုကြား သွေးလွန်တုပ်ကွေးရောဂါ အစပျိုး ဖြစ်ပေါ်လာသည်။ ယခင် အသက်သုံးနှစ်မှ ၁၅ နှစ်အရွယ်ကလေးများတွင် သွေးလွန် တုပ်ကွေးရောဂါ အဖြစ်များကြပြီး နောက် ပိုင်းတွင် တစ်နှစ်အောက်ကလေးငယ် များသာမက အသက် ၁၅ နှစ်အထက် (၂၅ နှစ်မှ ၃၀ နှစ်) အရွယ်တွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလာကြသည်။ မိုးနှောင်းကာလ စက်တင်ဘာလအထိ အဖြစ်များ၍ သတိနှင့်ကြိုတင် ကာကွယ်ကြရန် လိုအပ်သည်။
သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ
ရောဂါလက္ခဏာများမှာ အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်နှင့် အထက်အဖျားကြီးခြင်း၊ ကိုယ်အပူချိန် ၁၀၅ ဒီဂရီဖာရင်ဟိုက် ခန့်အထိ ရုတ်တရက်ဆောင့်တက်လာခြင်း၊ ခေါင်းလွန်စွာကိုက်ခဲခြင်း၊ နားထင်များနာကျင်ကိုက်ခဲခြင်း၊ အရိုး၊ ကြွက်သား၊ အရိုးဆစ်စသည့် ကိုယ်လက်ကိုက်ခဲခြင်း၊ ဗိုက်နာ၊ ဗိုက်အောင့်ပြီး ဗိုက်ကိုအထိမခံ နိုင်ခြင်း၊ ခိုက်ခိုက်တုန်၍ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ အရေပြားပေါ် အနီရောင် အစက်များပေါ်လာခြင်း၊ မျက်နှာနီအန်း ခြင်း၊ပင်ပန်းနွမ်းနယ်ကာ အချိန် ပြည့်မှိန်းနေတတ်ပြီး အစာစားချင်စိတ်မရှိခြင်း၊ အစားအသောက်၊ အရည်၀င်ပြီး သည်နှင့်တစ်ပြိုင်နက် အန်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ လက်မောင်းကို သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် တိုင်းကြည့်ပါက Hess Test Positive ဖြစ်နေ ခြင်း စသည်တို့ဖြစ်သည်။ တချို့သူများမှာ ချောင်းဆိုး၊ နှာစေး၊ ၀မ်းပျက်၊ ၀မ်းလျှော ဖြစ်ပွားတတ်သည်။
သွေးလန့်ခြင်းရောဂါလက္ခဏာများ
အထက်ပါ လက္ခဏာများသည် သာမန် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပြီး ဆေးဝါး ကုသမှုခံယူပါက ပျမ်းမျှရက်သတ္တပတ်အတွင်း ပြန်လည်ကောင်းမွန်မည်ဖြစ်သည်။ သို့သော် သုံးရက်မှငါးရက်အတွင်း အဖျားတက်ရာမှ ရုတ်တရက် အဖျားကျလာပြီး တော်တော်နှင့် မလန်းဆန်းဘဲ လေးလံထိုင်းမှိုင်း၍ မှိန်းနေခြင်း၊ ကယောင် ကတမ်းဖြစ်ခြင်း၊ ခြေလက်များအေးစက် ခြင်း စသည်တို့သည် သွေးလန့်ခြင်းရောဂါ လက္ခဏာများဖြစ်သည်။ အထူးသဖြင့် ကလေးများတွင် သွေးလန့်လေ့ရှိကြသည်။ သွေးလန့်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အနှံ့ အပြားကို သွေးသွားလာမှု လျော့သွားခြင်း ကိုဆိုလိုသည်။ သွေးရည်ကြည်များ ပြင်ပကို ခဏထွက်သွားသည်ဟု ဆေးသိပ္ပံ ပညာအရပြောလေ့ရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသဖြင့် အဖျားကျစဉ် မလန်းလျှင် အစဉ်သတိချပ်ဟု ပြောစမှတ် ပြုကြသည်။
သွေးလန့်သော တခြားလက္ခဏာများမှာ မတ်တတ်ရပ်စဉ် မူးယိုင်ခြင်း၊ မကြာခဏ အဖျားတက်လိုက် ကျလိုက်ဖြစ်ခြင်း၊ မောပန်းခြင်း၊ သွေးခုန်နှုန်းသိသိသာသာ ကျဆင်း ခြင်း၊ အာခံတွင်းခြောက်သွေ့ခြင်း၊ အသက်ရှူနှုန်းမြန်ဆန်လာခြင်း၊ အသည်း ရောင်လာခြင်း၊ ကော်ဖီရောင်ပျို့အန်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ နှာခေါင်းသွေးလျှံ ခြင်း၊ သွေးဖြူဥနည်းသွားခြင်း၊ ဆီးနည်းလာပြီး ဆီးထဲသွေးပါခြင်း၊ ကတ္တရာစေး အရောင်၀မ်း အမည်းများသွားခြင်း စသည် တို့ဖြစ်ကြသည်။ ထိုအခြေအနေမျိုးတွင် ဆရာ၀န်၏ လက်ဦးမှုကို အရယူနိုင်ရန် လွန်စွာအရေးကြီးသည်။ ထိုအခါ လူနာ၏ ရောဂါအခြေအနေနှင့် ကိုယ်ခံစွမ်းအားပေါ် မူတည်ပြီး တစ်နာရီခြားတစ်ခါစောင့် ကြည့်ကာ ဆရာ၀န်က လိုအပ်သလို ရိုးရိုး ဆားရည်သွင်းခြင်း သို့မဟုတ် သွေးရည် ကြည်သွင်းခြင်းတို့ကို သွေးခုန်နှုန်းပမာဏ၊ ဆီးပမာဏနှင့် သွေးအပျစ်အကျဲနှုန်း စသည်တို့ပေါ်မူတည်၍ ထိရောက်စွာ ကုသမှုခံယူရမည်ဖြစ်သည်။
ရောဂါဖြစ်နေချိန် ရှောင်ကြဉ်ရမည့်အစားအစာများ
သွေးလွန်တုပ်ကွေးရောဂါဖြစ်နေပါက အစာမဖြတ်သင့်ဘဲ အစားအသောက်များ စားရမည်။ စွပ်ပြုတ်ရည်၊ ဓာတ်ဆားရည် စသည့်အားရှိစေမည့် အစားအသောက် များကို ၀င်အောင်ကျွေးရမည်။ အစာ ပျော့ပျော့ကျွေးရမည်။ ကော်ဖီ၊ လက်ဖက် ရည်၊ ချောကလက်စသော အညိုရောင် ပါသည့် အစားအသောက်များကို ရှောင်ကြဉ်ရမည်။ အဘယ်ကြောင့်ဆိုသော် သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်လာပါက ကော်ဖီရောင် အန်တတ်ခြင်းကြောင့်ဖြစ် သည်။
သွေးလွန်တုပ်ကွေးရောဂါအတွက် အိမ်တွင်းကုထုံး
- တမာရွက်နှင့် တမာအဆီတို့က သွေးကိုသန့်စင်စေသည်။ ထို့ကြောင့် တမာပြုတ်ရည်ဖြင့် ရေဖတ်တိုက်ပါ သို့မဟုတ် တမာဆီလူးပေးပါ။
- ခန္ဓာကိုယ်တွင်း ရေဓာတ် ဆုံးရှုံးမှုကို ပြန်လည်အစားထိုးရန်နှင့် အပူချိန် လျှော့ချနိုင်ရန် ရေများများသောက်ပါ။
- အဖျားလုံး၀ကျသည်အထိ အဖတ် လုံး၀မစားဘဲ အရည်စစ်သောက်ပါ။
- နံနံပင်က အဖျားကျစေရုံသာမက သွေးလွန်တုပ်ကွေးရောဂါကြောင့် ကုန်ဆုံးသွားသော အားအင်များကို ပြန် လည်ဖြည့်တင်း ပေးနိုင်သည်။
- ပင်စိမ်းရွက်ကလည်း သွေးလွန်တုပ်ကွေး ဖျားနာခြင်းအတွက် အကောင်း ဆုံး ဆေးတစ်ခွက်ဖြစ်၍ ပင်စိမ်းရွက် ၁၅ ရွက်ခန့် ဝါးစားပါ သို့မဟုတ် ပင် စိမ်းရွက်အစိုကို ရေနွေးကြမ်းခတ် သောက်ပါ။
- သင်္ဘောသီးနှင့် သင်္ဘောစေ့တို့ကို တုပ်ကွေးဖျားနာခြင်းအတွက် သဘာ၀ ဓာတ်စာအဖြစ် ယုံကြည်စိတ်ချစွာ စားနိုင်သည်။ သင်္ဘောရွက်ထဲတွင် ပါရှိသော အင်ဇိုင်းဓာတ်များက ကိုယ် အပူချိန်ကျစေရုံမျှမက သွေးလွန်တုပ် ကွေးရောဂါကြောင့် အစာမကြေ ဗိုက်နာခြင်းအတွက် အားဆေးတစ် ခွက်ဖြစ်သည်။
- ပဲနံ့သာပင်ရွက်ကို လက်ဖက်ရည်ကြမ်း ခတ်သောက်ခြင်းက အဖျားကျစေရုံမျှမက ခန္ဓာကိုယ်တွင်း ဇီ၀ကမ္မဖြစ် စဉ်ကို ကောင်းစွာလည်ပတ်စေသည်။
- တလည်းသီးနှင့် အနက်ရောင်စပျစ်သီး တို့က သွေးဆဲလ်များကို တိုးပွားလာ စေသည်။
- လိမ္မော်ရည်က အစာခြေအားကောင်း ခြင်း၊ ဆီးသွားခြင်း၊ လန်းဆန်းစေခြင်း တို့ကို ပေးစွမ်းနိုင်သည်။
- ကြက်သွန်နီကို ထက်ခြမ်းခြမ်း၍ ဖန်ပုလင်းထဲထည့်ကာ ရှလကာရည် မြုပ်အောင်တစ်ညဉ့်ထည့်သိပ်စိမ်၍ အဖုံးကို လုံအောင်ဖုံးထားပါ။ ထမင်း စားသည့်အခါတိုင်း ထည့်စားပေးခြင်းဖြင့် မိသားစုအလိုက် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်နိုင်သည်။
ကြိုတင်ကာကွယ်ရန် နည်းလမ်းကောင်းများ
ခြင်ကျားလောက်လမ်းသည် ရေကြည်ရေသန့်တွင် အဓိကပေါက်ပွားပြီး ခြင်ကျား ပေါက်ပွားပုံအဆင့်ဆင့်ဖြစ်သည့် (ဥ- ပိုးလောက်လမ်း- ပိုးရုပ်ဖုံး- သက်ကြီး ကောင်) ဖြစ်စဉ်မှာ ပျမ်းမျှရှစ်ရက်မှ ၁၀ ရက်ခန့်အထိ ကြာမြင့်သည်။ ထို့ကြောင့် မိမိအိမ်၊ ကျောင်းနှင့်ပတ်၀န်းကျင်တို့တွင် ရက်သတ္တပတ်လျှင် အနည်းဆုံးတစ်ကြိမ် ခြင်ကျားလောက်လမ်းရှာဖွေပြီး လောက် လမ်းပေါက်ပွားမှုမရှိအောင် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရန်လိုအပ်သည်။
သွေးလွန်တုပ်ကွေးရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သောဆေးဝါးမှာ ယနေ့အထိမပေါ်သေးပါ။ ရောဂါဖြစ်လာမှ ကုသခြင်းထက် မဖြစ်အောင်ကြိုတင်ကာ ကွယ်ရန်လိုအပ်သည်။ ထို့ကြောင့် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်၏ Precaution is better than Cure ဟု ဆိုကြခြင်းဖြစ်သည်။ အရေးကြီးဆုံးမှာ ခြင်ကိုက်မခံရစေရန် ဖြစ်သည်။ နေ့လယ် နေ့ခင်းတွင် အင်္ကျီလက်ရှည်၊ ပုဆိုး ရှည်ရှည်၀တ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ရေစီးရေလာကောင်းပြီး ခြင်မပေါက်ပွားစေရန် ရေဆိုးမြောင်းများ ရှင်းလင်းခြင်း၊ လေ၀င်လေထွက်ကောင်း ပြီး ခြင်မခိုအောင်းနိုင်စေရန် အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြံတွင်း၊ ခြံပြင် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကိုယ်ထူကိုယ်ထ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်း ခြင်းတို့အပြင် အစားအစာသန့်ရှင်းခြင်း၊ ရေသန့်ရှင်းခြင်း၊ လက်သန့်ရှင်းခြင်း၊ အိမ်သာ(မိလ္လာ)သန့်ရှင်းခြင်း၊ ပတ်၀န်းကျင် သန့်ရှင်းခြင်း စသည့်သန့်ငါးသန့်နှင့်အညီ မိမိအသိစိတ်ဓာတ်ဖြင့် အိမ်ထောင်စု တစ်စုချင်းစီတိုင်း တာ၀န်ယူကြမည်ဆိုပါက သန့်ရှင်းကျန်းမာသော စံပြရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှသည် တစ်နိုင်ငံလုံး အတိုင်းအတာအထိ သွေးလွန်တုပ်ကွေး ရောဂါ ကျဆင်းလာမည်ဖြစ်သည်။
ကူးစက်ရောဂါဆိုင်ရာအရ သွေးလွန်တုပ်ကွေးရောဂါသည် လေးနှစ်လျှင်တစ် ကြိမ် အပြင်းအထန် ြစ်ပွားတတ်သည်။ ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါသည် ရာသီတစ်ခုတည်းတွင်ပင် နှစ်ခါပြန် ဖြစ်နိုင်သည့်အတွက် ပထမတစ်ကြိမ်ဖြစ် ပြီးသူများလည်း မပေါ့ဆကြရန်လိုအပ်ပြီး ပထမတစ်ကြိမ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ဖူးသူသည် နောက်တစ်ကြိမ်ထပ်ဖြစ်လျှင် ပို၍ဆိုးနိုင်ကြောင်း ကျန်းမာရေး သုတေသီများက သတိပေးထားသည်။
သတိပေးလိုသည်မှာ ယနေ့အချိန် ကာလအထိ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကို တွေ့ကြုံနေရဆဲဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ပူပြင်းခြောက် သွေ့မှုကိုမနှစ်သက်ဘဲ စွတ်စိုသော အေးမြမှုကိုနှစ်သက်သည့် သဘောရှိသည်။ လက်ရှိ မြန်မာနိုင်ငံရာသီဥတုသည် ချမ်း အေးစွတ်စိုသော မိုးရာသီဖြစ်ရာ မိုးကာလ တွင် မလွဲမသွေဖြစ်လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ၀မ်းပျက်၊ ၀မ်းလျှောရောဂါ၊ အရေပြား ရောဂါ စသည့်ကူးစက်တတ်သော ရောဂါအမျိုးမျိုးတို့အပြင် ကိုဗစ်-၁၉ ရောဂါကိုလည်း အစဉ်သတိရှိကြစေလိုသည်။ ဖော်ပြပါ မိုးရာသီကာလတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများသည် အထိုက်အလျောက် ကြိုတင်ကာကွယ် နိုင်သည့်ရောဂါများဖြစ်ရာ မိမိနှင့် မိသားစု တစ်စုချင်းစီအလိုက် ရောဂါမဖြစ်အောင် ကျန်းမာရေးနှင့် လျော်ညီစွာ ပြုမူနေထိုင်ကြခြင်းဖြင့် ကြိုတင်ကာကွယ် စေလိုကြောင်း အသိပေး ရေးသားလိုက်ရပါသည်။
MWD Web Portal
Photo - On Doctor

လူနှင့်အလုပ် အမြဲတွဲဖက်နေသည်။ အလုပ်လုပ်ခြင်းသည် လူ့ဘဝရှင်သန်နေခြင်းပင်ဖြစ်သည်။ ကာယ အလုပ်ဖြင့် ဘဝရှင်သန်နေသူများရှိသကဲ့သို့ ဉာဏအလုပ်ဖြင့် စားပွဲတွင်ထိုင်ပြီး အလုပ်လုပ်နေရသူများ လည်းရှိကြသည်။
ကာယဖြင့်လုပ်နေရသူများမှာအလုပ်ချိန်ကြာ လာလျှင်ခန္ဓာကိုယ်ပင်ပန်းမှုကို ခံစားကြရသည်။ စားပွဲတွင်ထိုင်ပြီး အလုပ်လုပ်သူများမှာအများ ထင်သကဲ့သို့မသက်သာကြပေ။ အလုပ်စားပွဲတွင် အထိုင်ကြာ လာသည်နှင့်အမျှ စိတ်ပင်ပန်းလာရသည်။

ခန္ဓာကိုယ်လည်း အညောင်းမိလာပြီး ခေါင်းအုံ၊ ဇက်ထိုး၊ အကြောတက် စသည့်ရောဂါများ ရလာလေ့ရှိ သည်။ အလုပ်စားပွဲတွင် တစ်ပုံတစ်ပင်ရှိနေသော ပင်ပန်းစရာများကြားမှ ဖြေဖျောက်စရာသစ်ပင်လေး တစ်ပင်အကြောင်း ပြောလိုပါသည်။
အကြောတက်ခြင်းအတော်များများတွင်ဇက်ကြောတက်ခြင်းသည် အဖြစ်အများဆုံးဖြစ်သည်။ အလုပ် ချိန်နှစ်နာရီထက်ကျော်ပြီး စာကြည့်၊ စာရေးခြင်းတွင် အာရုံစိုက်ရလျှင် ဇက်ထဲမှတောင့်တင်းပြီး ကြာလျှင် ကိုက်ခဲလာခြင်းကို ဇက်ကြောတက်သည်၊ ဇက်ကြောထိုးသည်ဟု ပြောလေ့ရှိကြသည်။
ဇက်ကြောတက်ရောဂါအချိန်ကြာလာလျှင် အာရုံကြောများကို ပါထိခိုက်ပြီး မျက်စိမှုန်လာတတ်သည်။
ဇက်ကြောတက်သည်မှစ၍ မျက်စိမှုန်လာသူများသည် မျက်စိဆရာဝန်နှင့်စမ်းသပ်ပြီး မျက်မှန်တပ်လိုက်သောအခါ အမြင်ကြည်လင်သွားသဖြင့် တစ် ခဏအတွင်း ဇက်ကြောတက်ရောဂါသည် သက်သာသွားသကဲ့သို့ရှိသော်လည်း နောက်ပိုင်းတွင် တက်မြဲ ပြန်တက်လာသည်ကို တွေ့ရလေ့ရှိသည်။
ထို့ကြောင့် မျက်စိဆရာဝန်ကြီးများကလည်း အနီး ကြည့် (စာကြည့်) တစ်နာရီကြည့်ပြီးတိုင်း အဝေးသို့ ၁၀ ပေခန့်လှမ်းကြည့်သင့်သည်။ ဖြစ်နိုင်လျှင် အဝေး မှ စိမ်းလန်းစိုပြည်သောနေရာကိုကြည့်ရလျှင် မျက်စိ အာရုံကြောလျော့စေမည်ဟုဆိုသည်။ အစိမ်းရောင်သည် မျက်စိသာမက စိတ်ကိုပါ လန်းဆန်း စေနိုင်သည်။
စိတ်ချမ်းသာမှုကို လူတိုင်းလိုချင်ကြသည်။ အလုပ် ရှုပ်နေလျှင် စိတ်ရှုပ်လာသည်။ စိတ်ရှုပ်ခြင်း၏နောက် တွင် ပင်ပန်းနွမ်းနယ်ခြင်းသည် ရောက်လာစမြဲဖြစ် သည်။
လူပင်ပန်း၊ စိတ်ပင်ပန်းဟု ပြောလေ့ရှိကြသော်လည်း တကယ်တမ်းတွင် စိတ်ပင်ပန်းခြင်းကသာ လူကိုပင်ပန်းစေခြင်းဖြစ်သည်။ မပြီးပြတ်နိုင်သော အလုပ်များကို လုပ်ရသောအခါ၊ အလုပ်နှင့်အချိန်မမျှသောအခါ အချိန်မီမပြီးမည်စိုး၍ စိတ်ပူပန်မှုဖြစ်စေသည်။ ပူပန်ရဖန်များသောအခါ စိတ်ပင်ပန်းလာလေသည်။
အနောက်တိုင်းစိတ်အထူးကုဆရာဝန်ကြီးများ ပြောလေ့ရှိသော စိတ်ကျရောဂါဟူသည်မှာ မနိုင်ဝန်ထမ်းရသူများတွင် အများဆုံးဖြစ်လေ့ရှိသော ရောဂါ ဖြစ်သည်။
အလုပ်ရှုပ်၊ ပင်ပန်းနွမ်းနယ်သူများအတွက် အနားယူခြင်းဖြင့် သက်သာစေနိုင်မည်ဟု ထင်ရသော်လည်း နောက်ပိုင်းတွင် စိတ်မအေးစရာ အလုပ်တာဝန်ကျန်ခဲ့သူများအတွက် လူကအနားယူနေသော်လည်း စိတ်က အလုပ်သို့ပြန်ရောက်နေသဖြင့် တကယ်တမ်း အနားမရသကဲ့သို့ ဖြစ်နေတတ်သည်။
တချို့သော ငွေကြေးတတ်နိုင်သူများသည် တစ်နှစ်လျှင်တစ်ကြိမ် ခရီးထွက်ပြီး အနားယူအပန်းဖြေလေ့ရှိကြသည်။ အထူးသဖြင့် ရှုခင်းသာယာသော နေရာများ၊ ပင်လယ်ကမ်းခြေများတွင် အနားယူလေ့ရှိကြသည်။
အုန်းပင်များစိမ်းစိုပြီး သာယာလှပသောကမ်းခြေ၌ ဒီရေတက်ချိန်တွင် ပြေးတက်လာသော ရေလှိုင်းကလေးများ၏ ကမ်းသို့ရိုက်ခတ်သံနှင့် ဒီရေဖုံးလွှမ်း သွားသော သဲသောင်ပြင်တို့၏အလှမှာ ရောက်ဖူးသူတို့မှသာ ခံစားတတ်မည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် အရာအားလုံး၊ သောကအားလုံးကို မေ့ထားပြီး စိတ် လွတ်ကိုယ်လွတ်အပန်းဖြေနိုင်လျှင် အကောင်းဆုံး ပင်ဖြစ်သည်။
ကျွန်တော့်မိတ်ဆွေတစ်ဦး၏ရုံးခန်းသို့ အလုပ်ကိစ္စတစ်ခု အကူအညီတောင်းရန်သွားသောအခါ သူသည် အလွန်အလုပ်ရှုပ်သူဖြစ်ကြောင်း တွေ့ရသည်။
သူ့ရှေ့တွင် လက်မှတ်ထိုးစရာများကလည်း တစ် ပုံတစ်ပင်ရှိနေသည်။ ဖုန်းကလည်းမနားတမ်း၊ တွေ့ လိုသူများကလည်း အခန်းပေါက်ဝတွင် တန်းစီစောင့် နေသည်ကို တွေ့ရသည်။ သို့သော် သူ့ကိုကြည့် ရသည် မှာ အလုပ်ရှုပ်နေသော်လည်း စိတ်ရှုပ်နေပုံမပေါ်ဘဲ တက်ကြွရွှင်လန်းလျက်ပင်ရှိသည်။
"လာ ထိုင်သူငယ်ချင်း၊ မတွေ့ရတာကြာပြီကွာ၊ ဘာအကူအညီလိုလဲ၊ လမ်းကြုံလို့ ဝင်လာတာလား" စသည်ဖြင့် ပဋိသန္ဓာရစကားကိုဆိုသည်။ ပြုံးပြုံးရွှင်ရွှင်မျက်နှာထားရှိသည်။
မိမိကလိုအပ်သည့်ကိစ္စများကို ပြောပြသည့်အခါ သူတတ်နိုင်သည်ကို ကူညီပေးသည်။ သူမတတ်နိုင်သည့်ကိစ္စများကို မတတ်နိုင်ကြောင်းနှင့် မည်သို့မည်ပုံလုပ်ဆောင်ရမည်၊မည်သူ့ထံသွားရမည်၊ မည်သည့်အချက်အလက်လိုသည် စသည်ဖြင့် လမ်းညွှန်ပေးသည်။ နယ်မှသူငယ်ချင်းများအကြောင်း၊ ဆွေမျိုးများအကြောင်း သူမေးသမျှ၊ စပ်မိသမျှပြော ပြီးနောက် နှုတ်ဆက်ပြီး ပြန်ခဲ့သည်။ ရာထူးကြီးသော်လည်း ဘဝမမေ့တတ်သည့်သူငယ်ချင်းနှင့် တွေ့ခဲ့ရ ပြီးအပြန်တွင် ကျေနပ်ပီတိများ စွာဖြစ်မိသည်။
ထိုသူငယ်ချင်းအခန်းတွင် ထူးခြားချက်နှစ်ခုတွေ့ ခဲ့ရသည်။ တစ်ခုမှာ သူ့အလုပ်စားပွဲပေါ်မှ သစ်ပင် စိုက်ထားသောပန်းအိုးငယ်တစ်ခုဖြစ်ပြီး နောက်တစ်ခုမှာ သူ့နောက်ဘက်နံရံတွင် ချိတ်ဆွဲထားသော အလျားတစ်ပေခွဲ၊ အနံတစ်ပေခန့်ရှိသော ဓာတ်ပုံတစ်ပုံဖြစ်သည်။
သူ့စားပွဲပေါ်မှ ပန်းအိုးငယ်လေးမှာ ဘွန်ဆိုင်းပင်ကဲ့သို့အမျိုးအမည်မသိအပင်ပုလေးဖြစ်သည်။ စိမ်းစိုနေသောသစ်ရွက်များဖြင့် ဝေဆာနေပြီး အမြင့် မှာ ၈ လက်မခန့်သာမြင့်သည်။ စားပွဲပေါ်တွင် နေရာ မယူလွန်းဘဲ လှပစိမ်းစိုနေသော သစ်ပင်လေးဖြစ် သည်။ ဤသစ်ပင်လေးကို မြင်လိုက်ရချိန် စိတ်ထဲ တွင် လန်းဆန်းသွားသကဲ့သို့ခံစားရမိသည်။
(ဤသစ်ပင်လေးကို သဘောကျလွန်း၍ သူငယ်ချင်းကို ခွင့်တောင်းပြီးကျွန်တော်၏ဟန်းဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခဲ့ပါသည်။) သူ၏ဘယ်ဘက်ရှိနံရံပေါ် တွင် ချိတ်ဆွဲထားသောဓာတ်ပုံမှာ ချောင်းသာကဲ့သို့ ကမ်းခြေတစ်နေရာ၌ မိသားစုနှင့် အပန်းဖြေနေသော ဓာတ်ပုံဖြစ်ပုံရသည်။ ဓာတ်ပုံထဲတွင် ပါသူအားလုံး ပြုံးရွှင်နေကြပြီး မြေးအရွယ်ကလေးငယ်လေးများလည်းပါသည်။
နောက်ခံခပ်လှမ်းလှမ်းတွင် ဘန်ဂလိုတစ်လုံးနှင့် အုန်းပင်စိမ်းစိမ်းများ တန်းစီလျက်ရှိပြီး အားလုံး မှာ ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ မျက်နှာသုတ်ပဝါ၊ တဘက်ထည်များနှင့် ရေကူးရာမှ ပြေးတက်လာပြီး အေးနေ၊ ချမ်းနေချိန် စုပေါင်းရိုက်ထားသောဓာတ်ပုံနှင့်တူသည်။
သူ့ကိုစပ်စုပြီးမမေးမိသော်လည်းဤဓာတ်ပုံကို ကြည့်လိုက်ရသည်နှင့်ပင်ကိုယ်ပါထိုဓာတ်ပုံထဲရောက်ရှိသွားပြီးအေးသွား၊ချမ်းသွားသကဲ့သို့ခံစားချက်တစ်ခု ဝင်လာပါသည်။ သူအလုပ်များပြီး စိတ်ပင်ပန်းသောအခါတွင်ဤဓာတ်ပုံကိုမော့ ကြည့်လိုက်ပါက ချောင်းသာသို့တစ်ဖန်ပြန်ရောက် သွားရသကဲ့သို့ဖြစ်လေမလားဟုစိတ်ထဲတွင်တွေးမိ သည်။
ထိုသူငယ်ချင်း၏ရုံးခန်းမှ ပြန်လာပြီးနောက် သူနှင့် ဆန့်ကျင်ဘက်မိတ်ဆွေတစ်ဦးကို သတိရမိသည်။ ဂေါက်သီးလေ့ကျင့်ရေးကွင်းတစ်ခုတွင်မိတ်ဆွေ ဆရာဝန်ကြီးတစ်ဦးနှင့်အတူဖြစ်သည်။
ဂေါက်သီးလေ့ကျင့်ရေးကွင်းမှာ ရှေ့တွင် ကိုက် ၅၀၀ ခန့်ရှည်လျားကျယ်ပြန့်သောမြက်ခင်းစိမ်းစိမ်း ကွင်းပြင်ကြီးရှိပြီး နောက်ခံမှာတောင်တန်းတောင်ကုန်းမြင့်များဖြင့် သာယာလှပသောနေရာဖြစ်သည်။ ဂေါက်သီးဗန်းအတွင်းမှ ကယ်ဒီမိန်းကလေးတည်ပေး သောဂေါက်သီးကို မိမိနှစ်သက်ရာဂေါက်တံဖြင့် တစ် လုံးပြီးတစ်လုံးရိုက်ထုတ်ပြီး အကွာအဝေးမည်မျှ ရောက်ပြီးကျသွားသည်ကို လှမ်းမျှော်ကြည့်ပြီး မျက်စိ ပသာဒယူနိုင်သည်။
သို့သော် မိမိဘေးခုံမှ ဆရာဝန်၏လက်ကိုင်ဖုန်းမှာ မကြာခဏမြည်နေသည်။ ဆေးရုံမှ သူ၏ကိုယ်ပိုင် ဆေးခန်းမှ မေးသံ၊ ဖြေသံများကို ကြားနေရသည်။ သူ့မှာဂေါက်ကွင်းရောက်သော်လည်း အအားမရ၊ နောက်ကအရေးပေါ်ဖုန်းများက လိုက်လာနေသည်။
တစ်ခါတစ်ရံ ကစားနေသည့်ဂေါက်တံကိုကိုင်၍ ခပ်ဝေးဝေးတွင်သွားပြီး ဖုန်းပြောနေသည်။ ပတ်ဝန်းကျင်ကစားသူများကို အားနာ၍ဖြစ်မည်။ သို့သော် သူ့ကြည့်ရသည်မှာ အနားယူသောနေရာမှာပင် အနား မရဖြစ်နေသည်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိရုံမျှ မက သူ့အစား စိတ်မောမိသည်။
လူ့ဘဝတစ်လျှောက်လုံးအသက်ရှင်နေသမျှ အလုပ်လုပ်နေရမည်ဖြစ်သည်။ တာဝန်သိသူအတွက် အလုပ်ဟူသည်မှာ အိပ်ရာဝင်ချိန်အထိ ရှိနေမည်ဖြစ်သည်။အလုပ်ပင်ပန်း၊စိတ်ပင်ပန်းလျှင် ရောဂါ ရလာ တတ်သည်။ အရွယ်ရင့်မှ ရောဂါရလျှင် မဆန်းပါ။ အရွယ်မတိုင်မီ ရောဂါရလျှင် ကိုယ်ဖြစ်ချင်သောဆန္ဒ များမှာ အပြီးမသတ်နိုင်ဘဲ ကျန်ခဲ့ရမည်။ ထားခဲ့ရ မည်ဖြစ်သည်။
ရခဲလှသည်မှာ လူ့ဘဝဟုဆိုလျှင်ရပြီးနောက် တွင်လည်း ခက်ခဲလှသည်မှာ လူ့ဘဝပင်ဖြစ်သည်။ ကြိုးစားရုန်းကန်ခြင်းများစွာဖြင့် ရင်ဆိုင်ဖြေရှင်းကြ သော်လည်း ရတာမလို လိုတာမရဖြင့် အဆုံးသတ် ကြရသူကများသည်။
ပင်ပန်းသမျှခံစားကြရသူများရှိသော်လည်းပင်ပန်းသမျှအရာမထင်ကြသူများလည်းရှိသည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ စသော အကြောင်းတရားများ ကလည်း နေ့စဉ်တွေ့ကြုံနေမြဲဖြစ်သည်။မည်သူမျှရှောင်လွှဲမရ။ပင်ပန်းနွမ်းနယ်မှုကိုမည်သို့ဖြေဖျောက်မည်နည်း။ အလုပ်ကိုတစ်ရက်ပင်ပျက်ရန်မလွယ်။တစ်နှစ်တစ်ကြိမ်ပင် အပန်းဖြေခရီးထွက်ရန်မလွယ်။
ဤအလုပ် ဤနေရာတွင်ပင် ပိတ်လှောင်နေသကဲ့ သို့ ခံစားရသည့်အခါ ထွက်ပေါက်ပေးရန်လိုသည်။ တစ်သက်တာစိတ်ချမ်းသာလိုလျှင် သစ်ပင်စိုက်ပါ ဟူသောစကားကို သတိရမိပါသည်။ကျွန်တော့်တွင် သစ်ပင်စိုက်စရာ မြေနေရာလည်းမရှိပါ။ သို့သော်ကျွန်တော့်သူငယ်ချင်းစားပွဲပေါ်မှ သစ်ပင်စိမ်းစိမ်း လေးကို သတိရမိသည်။ ထို့ကြောင့် ကျွန်တော်သည်လည်း ကျွန်တော့်စားပွဲပေါ်တွင်သစ် ပင်စိုက်ပါတော့မည်။
Photo -Spruce