ဘိုကလေး ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးပြေမပိဿာချိန် အများအပြားတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောကြားသည်။

ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံ ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ဒေသထွက်ကုန်အမျိုးမျိုးကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ငါးပြေမပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ငါးပြေမပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။
“ဒေသထွက် ငါးပြေမတွေကို ပြည်တွင်းရန်ကုန်ဈေးကွက်က ဝယ်ယူမှု များပြားနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ငါးပြေမပိဿာချိန် ၇၇၀၀၀ထိ တင်ပို့ရောင်းချခဲ့ရတယ်။ ဘိုကလေးမြို့နယ်ကနေ ငါးပြေမတွေအပါအဝင် ရေထွက်ကုန်မျိုးစုံကို ရန်ကုန်မြို့ဈေးကွက်ကိုပဲ အများဆုံး တင်ပို့ရောင်းချတာများပါတယ်။ ဘိုကလေးမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို အခြားရေထွက်ကုန်တွေလဲ တင်ပို့ရောင်းချနေပါတယ်။ ငါးပြေမကတော့ အများဆုံးတင်ပို့ခဲ့ရပါတယ်”ဟု ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြသည်။
ဘိုကလေးမြို့နယ်တွင် လယ်ငါးပြေမနှင့် မွေးမြူရေးငါးပြေမနှစ်မျိုး အများဆုံးရရှိပြီး ရရှိလာသည့် ငါးပြေမများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးပြေမ ၁၀ ပိဿလျှင် ငွေကျပ် ၁၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
အဆိုပါ ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့် ငါးပြေမများ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချမှုများပြားလာခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာကြောင်း ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ဆက်လက်ပြောပြ၍ သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ

ပွင့်ဖြူ ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်း ၂၀၀၈ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားရေရိက္ခာ ဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ ဖူးစားပြောင်း ၂၇၂၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ ဒေသခံတောင်သူများက ဆောလျင်စွာ စိုက်ပျိုးခဲ့သော ဖူးစားပြောင်းစိုက်ခင်းများကို ဇန်နဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ လက်ရှိအချိန်ထိ ဖူးစားပြောင်း ၂၀၀၈ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး ဖူးစားပြောင်း ၂၇၂၄ ဧက စိုက်ပျိုးထားပါတယ်။ ဖူးစားပြောင်း စိုက်ပျိုးချိန်မှာ အထွက်နှုန်းတိုးတက်အောင် စိုက်နည်းစနစ်မှန်ကန်စေရေး၊ ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးစတဲ့စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ လက်ရှိမှာ တောင်သူတွေက သီးနှံဝင်ငွေတိုးပွားရေး အားထားစိုက်ပျိုးခဲ့တဲ့ ဖူးစားပြောင်း စိုက်ခင်းတွေကို ရိတ်သိမ်းနေပြီး ဖူးစားပြောင်း ၂၀၀၈ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ တစ်ဧကကို ပြောင်းဖူး ၁၄၉၈၀ ထွက်ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောသည်။
ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဖူးစားပြောင်းစိုက်ပျိုးတောင်သူများကို ပန်းတိုင်အထွက်နှုန်း ထွက်ရှိအောင် စိုက်နည်းစနစ်မှန်ကန်စေရေး၊ မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ အထွက်နှုန်းလျော့နည်းမှု မဖြစ်အောင် အချိန်မီရိတ်သိမ်းခြွေလှေ့နိုင်ရေး နည်းပညာများ ပံ့ပိုးကူညီပေးခြင်း စသည့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဖူးစားပြောင်းကို စိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးမည်ဆိုပါက ဒေသတွင်းစားရေရိက္ခာဖူလုံစေသည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်အစိုးရမှ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး တခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်လျက်ရှိရာ တောင်သူများအနေဖြင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးရာတွင် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သိရသည်။
Source: Myawady Web Portal

မိုးနဲ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်၌စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးသော ကြက်သွန်ဖြူစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နှစ်စဉ် ဆောင်းရာသီတွင် ချောင်းရေတင်ပြီး ကြက်သွန်ဖြူ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင်ကုန်ကျစရိတ်သက်သာပြီး အပင်ပြုစုရာတွင်သက်သာကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာဝပိုးသတ်ဆေးသုံးစွဲရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာများဖြန့်ဝေပေးလျက်ရှိကြောင်း တောင်သူဦးစိုင်းအောင်ဖေကပြောသည်။
မိုးနဲမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်ဖြူကို ၈၈၉ ဧက စိုက်ပျိုးထားရှိပြီး မိသားစုအပိုဝင်ငွေရရှိရေး ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်း စိုက်ပျိုးထားကြောင်း၊ တောင်သူများအတွက် ရာသီဥတုနှင့်ကိုက်ညီ၍ အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ပြောင်းလဲလာသည့်ခေတ်နှင့်အညီ ခေတ်မီနည်းစနစ်များပြောင်းလဲစိုက်ပျိုးနိုင်ရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများကကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ရန်ကုန် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရှိ တညင်းကုန်းလက်ကားဈေးကြီး၏ ဈေးရုံအမှတ်(၁)တွင် နယ်စုံမှထွက်ရှိသော သစ်သီး၀လံများကို အဓိကရောင်းချပြီး ယခုအခါ အဆိုပါဈေးကြီး၌ ရာသီပေါ် သစ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိရာလာရောက်ဝယ်ယူသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

တညင်းကုန်းလက်ကားဈေးကြီးတွင် ဒေသအသီးသီးမှထွက်ရှိသော ကုန်မျိုးစုံ၊ ကုန်ခြောက်မျိုးစုံ၊ သစ်သီး၀လံများ၊ ဟင်းသီးဟင်းရွက်များနှင့် ရာသီပေါ်သီးနှံ များကို လက်လီလက်ကားရောင်းချပေး လျက်ရှိပြီး လက်ရှိ တညင်းကုန်းလက်ကားဈေးကြီးရှိ ဈေးရုံငါးရုံတွင် ဆိုင်ခန်းပေါင်း ၇၆၀၀ ကျော် ဖွင့်လှစ်ထားကြောင်း သိရသည်။
“ဈေးရုံအမှတ်(၁)မှာ ဆိုင်ခန်းပေါင်း ၁၀၀၀ လောက်ရှိပြီးတော့ အဲဒီဈေးရုံမှာ သစ်သီး၀လံတွေကို အဓိကရောင်းချတာ ပါ။ လက်ရှိမှာ ရာသီပေါ်သီးနှံတွေဖြစ်တဲ့ စတော်ဘယ်ရီသီး၊ ထောပတ်သီး၊ လိမ္မော် သီး၊ စပျစ်သီး၊ ပျားလိမ္မော်၊ ဆီးသီး စတဲ့ သစ်သီးဝလံတွေ အများအပြားဝင်ရောက် လျက်ရှိပါတယ်။ အဓိကက ရှမ်းပြည်နယ် ဘက်က ဝင်ရောက်တာများပါတယ်" ဟု တညင်းကုန်းလက်ကားဈေးကြီးမှ အထွေထွေမန်နေဂျာ ဦးရဲထွန်းကပြောသည်။
တညင်းကုန်းလက်ကားဈေးကြီး၏ ဈေးရုံအမှတ်(၁)တွင် သစ်သီး၀လံများ၊ ဈေးရုံအမှတ်(၂)တွင် ဟင်းသီးဟင်းရွက် များ၊ ဈေးရုံအမှတ် (၃)တွင် မီးဖိုချောင်သုံးကုန်မျိုးစုံနှင့်ကုန်ခြောက်ပစ္စည်းများ၊ ဈေးရုံအမှတ်(၄)တွင် ရာသီပေါ်သစ်သီး ၀လံများနှင့် သားငါးများ၊ ဈေးရုံအမှတ်(၅)တွင် ဆန်၊ ဆီ၊ ကြက်သွန်နီ စသည့်အခြေခံ စာသောက်ကုန်ပစ္စည်းများကို ရောင်းချ ပေးလျက်ရှိသည်။
တညင်းကုန်းလက်ကားဈေးကြီးတွင် ၀န်ဆောင်မှုများအနေဖြင့် လုံခြုံရေးအတွက် ဈေးအတွင်းနေရာအနှံ့အပြား တွင် CCTV ကင်မရာများ တပ်ဆင်ထား ခြင်း၊ လုံခြုံရေး၀န်ထမ်းများဖြင့် နေ့ည မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း၊ ၂၄ နာရီ လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်ပေးထား ခြင်း၊ စားသောက်ဆိုင်များနှင့် အများသုံး သန့်စင်ခန်းများ ဖွင့်လှစ်ပေးထားခြင်းများ ဆောင်ရွက်ထားရှိကြောင်း၊ ထို့ပြင် မြန်မာ နိုင်ငံအနှံ့မှရန်ကုန်မြို့သို့လာရောက်၍ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ကြသောကုန်တင်ယာဉ်အမျိုးမျိုး လုံခြုံစိတ်ချစွာ ညအိပ်ရပ်နားနိုင်စေရန် ဈေး၀င်းအတွင်း ၌ ယာဉ်ရပ်နားစခန်းကိုလည်း ဖွင့်လှစ် ထားရှိကြောင်း သိရသည်။

ပွင့်ဖြူ ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခု ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် မေမြို့ ပန်း(ချင်းမိုင်မျိုး)များ အောင်မြင်ဖြစ်ထွန်း ၍ စိုက်ပျိုးသူများ ဝင်ငွေအကျိုးအမြတ်
ရရှိပြီး လုပ်ငန်းအဆင်ပြေနေကြောင်း ဒေသခံတောင်သူများ၏ပြောပြချက်အရ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သည် မိသားစုဝင်ငွေတိုးပွားစေရေးအတွက် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ကို စနစ်တကျအသုံးပြုပြီး ဂန္ဓမာပန်း၊ ကံ့ကော်ပန်း၊ နှင်းဆီပန်း၊ သစ္စာပန်း၊ နှင်းပန်း၊ စံပယ်ပန်း၊ သပြေပန်းမျိုးစုံနှင့် မေမြို့ပန်း(ချင်းမိုင်မျိုး) စသည့်ပန်းများကို စိုက်ပျိုးရောင်းချကြသည်။
"ဒီဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ မေမြို့ပန်း(ချင်းမိုင်မျိုး) စိုက်ပျိုးရေးလုပ်ငန်း က အောင်မြင်ဖြစ်ထွန်းပြီး ပန်းတွေ ရောင်းချရာကနေ တောင်သူတွေ ဝင်ငွေအကျိုးအမြတ်ရရှိနေပါတယ်။ မေမြို့ပန်း (ချင်းမိုင်မျိုး)က တစ်ပင်ကို ငွေကျပ် ၁၀၀ နဲ့ ဝယ်ယူစိုက်ပျိုးရပါတယ်။ စိုက်ပျိုးနည်း ကတော့ ပန်းမစိုက်မီ မြေကိုထယ်ရေး ညက်အောင် ထွန်ယက်ပြီး မြေဩဇာ၊ သဘာဝမြေဆွေး၊ သစ်ရွက်ဆွေးတို့ကို ရောနှောပြီး မြေဆီလွှာကောင်းမွန်အောင် ပြုပြင်တာ၊မြေအစိုဓာတ်ရအောင် ရေလောင်းတာတွေ လုပ်ဆောင်ပေးရပါတယ်။ မြေအစိုဓာတ်ရအောင် သုံးလေး ရက်လောက်နှပ်ထားပြီးရင် စတင်စိုက်ပျိုး လို့ရပါပြီ။ စိုက်ပျိုးပြီးတဲ့အချိန်မှာအပင်တွေရှင်သန်ကြီးထွားအောင် ရေဖျန်း ပေးတာ၊ မြေဩဇာကျွေးတာ၊ အပင် အားဆေးဖျန်းတာတွေ ပြုလုပ်ပေးရပါ တယ်။ စိုက်ပျိုးပြီး နှစ်လလောက်အကြာ မှာ ပန်းတွေကို စတင်ချိုးယူရောင်းချလို့ ရပါပြီ။ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူအများစုက အပို ဝင်ငွေရရှိစေဖို့ စိုက်ပျိုးမြေအပြင် မိမိတို့ရဲ့နေအိမ်မြေကွက်လပ်တွေမှာပါ ဘုရား ပန်းစိုက်ပျိုးရေးနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာ အုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာ၊ ပိန္နဲတော ကျေးရွာ၊ ယောစုကျေးရွာနှင့် မုန်းချောင်း ဘေးတစ်လျှောက်ရှိ ကျေးရွာများ၌ စိုက်ပျိုးသော မေမြို့ပန်း(ချင်းမိုင်မျိုး)မှာ လတ်ဆတ်မှုရှိပြီးတာရှည်ခံသည့်အတွက် ဒေသခံပြည်သူများက အကြိုက် တွေ့ဝယ်ယူကြသည့်အပြင် မင်းဘူး၊ စလင်း၊မကွေးမြို့တို့သို့ တင်ပို့ရောင်းချရသဖြင့် စိုက်ပျိုးသူများဝင်ငွေရရှိကာ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း၊မြန်မာနိုင်ငံသည် ဒေသအလိုက်သီးနှံမျိုးစုံ ဖြစ်ထွန်းရှင်သန်စေနိုင်မည့် မတူညီသော ရာသီဥတု၊ မြေအမျိုးအစား၊ သဘာဝဂေဟ စနစ်၊ စိုက်ပျိုးရေအရင်းအမြစ် စသည့် စိုက်ပျိုးရေးကို အထောက်အကူပြုသော အခြေခံကောင်းများ ပြည့်စုံကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်မှ စိုက်ပျိုး ထုတ်လုပ်သူများအား လိုအပ်ချက်မရှိ အောင် ကူညီဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့လုပ်ငန်းများ ပိုမိုအောင်မြင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းကြ ရမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည် ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက်ဆောင်းရာသီဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်း သီးနှံများ စိုက်ပျိုးကြောင်းနှင့်အခြေခံသမဝါယမအသင်း ၆၃ သင်းမှအသင်းသားတောင်သူ၂၃၃၉ ဦးက ဆောင်းနေကြာ ၈၇၈၄ ဧကစိုက်ပျိုးထားကြောင်း သိရသည်။

ထိုသို့ ဆောင်းနေကြာစိုက်ခင်းများ စိုက်ပျိုးရာတွင် ရွှေဝါမြေ၊ ကျီးအိပ်၊ ဒွေးလှ၊ ရွှေဆူးလေ၊ ကျားကာ၊ ကလေး၊ ဖျောက်ဆိပ်ပင်၊ ပဲခင်း၊ သင်ပျို၊ ရန်ဘက်လို၊ ပန်းဝတ်ရည်၊ ဘုံကွင်း၊ ရွှေဒါး၊ အရှေ့ငယ်တိုး၊ မှိုင်းပန် လယ်ယာမြေနှင့် အထွေထွေသမဝါယမ အသင်းသား၊ အသင်းသူ ၅၄၉ ဦးက ၂၁၃၆ ဧက၊ ရတနာမွန်၊ ရောင်နီဦး၊ ပန်းခွာ၊ဆယ်သိန်း၊ အောင်ဇေယျ၊ ပနံ၊ ဒါန်းတိုင်၊မြင်စိုင်း၊ သုခစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမ အသင်းသား၊ အသင်းသူ၃၄၄ ဦးက ၁၃၂၂ ဧက၊ ရွာတော်၊ ငါးလုံကုန်း၊ ညောင်ပင်ဇောက်၊ ဇရပ်ဖြူ၊ ငါးဆူ၊ ငွေပန်းကုန်း၊ ညောင်ဝန်း၊ မြင်းတွင်း၊ပတ္တာ၊ မြင်းချီနိုင်၊ မြင်းကဘက်၊ လက်ပံဇင်၊ ပေါင်လောင်လေး၊ ရွှေပေါက်ပင်၊ သံ-နောက်၊ ကင်း၊ တောင်တော်၊ မြေစိုမိုးကောင်း၊ လယ်ကြီး၊ တောတွင်၊ စိုက်မလန်း၊ ကိုးပင်၊ ရဲမအူ၊ ရွှေညောင်၊ န-ရွာနန်း၊ လက်ပံပင်၊ စွမ်းရည်၊ ရွှေအင်း၊ အင်ရောင်း၊ စပါယ်တော၊ ကောင်းတင်၊ စင်းကွန်း၊ ရွာသစ်၊ ရဲရွာ၊ ရှမ်းတောင်ဦး၊ ချောင်းဆုံ၊ ရဲဘော်ကြီး၊ ရေကြည် စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား၊ အသင်းသူ ၁၄၄၆ ဦးက ၇၄၆၂ ဧက စိုက်ပျိုးထားသည်။
နေကြာစိုက်တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နေကြာသီးနှံစိုက်ပျိုးရာတွင် ခက်ခဲမှုမရှိစေရေး မြို့နယ်သမဝါယမဦးစီးဌာနမှ နေကြာတစ်ဧကအတွက် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသောသွင်းအားစုများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရက စိုက်ပျိုးထုတ်လုပ်သူများအား လိုအပ်ချက်မရှိအောင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့လုပ်ငန်းများ ပိုမိုအောင်မြင်ရေးကိုအားသွန်ခွန်စိုက်ကြိုးပမ်းရမည်ဖြစ်သည်။
အလားတူ ဆီထွက်သီးနှံများ အများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပန်းတိုင်ရည်မှန်းချက်များအတိုင်းထွက်ရှိစေရေး ဆောင်ရွက်လျက်ရှိသဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်းသိရသည်။

ငဖဲ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆည်ရေနှင့်မြေအောက်ရေတို့ကို အသုံးပြု၍ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် ပဲမျိုးစုံ ၇၁၅၂ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံပဲမျိုးစုံအဖြစ် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲကြီး၊ ကုလားပဲ၊ ပဲနောက်နှင့် အခြားပဲမျိုးစုံ ၆၉၅၉ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့အထိ မတ်ပဲ၇၆၄ ဧက၊ ပဲတီစိမ်း ၄၉၈ ဧက၊ ကုလားပဲ ၅၅၀၈ ဧက၊ ပဲနောက် ၃၆၆ ဧကနှင့် ပဲကြီး၁၆ ဧက စုစုပေါင်း ၇၁၅၂ ဧက စိုက်ပျိုးပြီးစီးကာ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်း၊ မိုးစပါးများရိတ်သိမ်းခြွေလှေ့အပြီး လယ်မြေများတွင် ဒေသခံတောင်သူများက ကုလားပဲနှင့် ပဲတီစိမ်းကို ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ငဖဲမြို့နယ်အနေဖြင့် ယမန်နှစ်က ပဲမျိုးစုံ ၆၈၈၃ ဧကကို စိုက်ပျိုးနိုင်ခဲ့ကာ အထွက်နှုန်းများကောင်းမွန် ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် စိုက်ပျိုးပြီးစီးသော ပဲမျိုးစုံသီးနှံများအောင်မြင်ဖြစ်ထွန်းရေး၊ပဲမျိုးစုံအထွက်နှုန်းကောင်းမွန်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ စနစ်တကျထည့်သွင်းရေး၊ ပေါင်းသတ်ဆေး အသုံးပြုခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများနှင့် စနစ်တကျရိတ်သိမ်းနည်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် သက်ဆိုင်ရာကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သာယာဝတီ ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နှင့် ၇ မိုင်ကွာဝေးသော ဖိုးခေါင်ကျေးရွာရှိ အိမ်ထောင်စုများသည်မိရိုးဖလာအိုးလုပ်ငန်းဖြစ်သော မြေအိုးအမျိုးမျိုးလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုလုပ်ပြီး မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြေအိုးအမျိုးမျိုးပြုလုပ်ရာတွင် ရှေးဦးစွာ ရွာ၏အပြင်ဘက်ရှိ မြေကျင်းမှ မြေနီ၊ မြေစေးတို့ကို လှည်းဖြင့်တိုက်၍ မိမိတို့နေအိမ်တွင် စုပုံထားရကြောင်း၊ အိုးပြုလုပ်ရန် နုန်းမြေတစ်ဆ မြေနီနှစ်ဆ မြေစေးတစ်ဆတို့ကိုရော၍ အင်တုံထဲတွင်ထည့်ကာ စိမ်ထားရကြောင်း၊ မြေများနူးလာပါက စေးသွားစေရန် ဖျာပေါ်သို့ပုံ၍ ခြေထောက်ဖြင့် အကြိမ်ကြိမ်နင်းနယ်ရကြောင်း၊ ထို့နောက် လက်လှည့်ဆုံပေါ်တွင်တင်ကာ မိမိပြုလုပ်လိုသောအိုးပုံစံကို လက်ဖြင့်ပုံဖော်၍ အဆင့်ဆင့် ပြုလုပ်ပြီးမှ မီးဖုတ်ရကြောင်း သိရသည်။
အဆိုပါ ဖိုးခေါင်ကျေးရွာမှထွက်ရှိသောအိုးများကို အိုးအမျိုးအစားအလိုက် ဈေးနှုန်းအသီးသီးဖြင့် သာယာဝတီမြို့သို့သွားရောက်ရောင်းချရာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ဖိုးခေါင်ကျေးရွာနေ မြေအိုးအမျိုးမျိုးလုပ်ကိုင်သူမသင်းသင်းမော်၏ ပြောကြားချက်အရ သိရသည်။

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့ရာ၌ လာမည့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ဩဂုတ်လကုန်အထိ ၇ လ ကြာကာလအတွင်း အခွန်ကင်းလွတ်ခွင့် ပေးထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရပါသည်။

“ပြောင်းကတော့ ယခုနှစ်ထဲမှာ ထိုင်းနိုင်ငံကို အများဆုံး တင်ပို့မည်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံကလည်း ၇ လတာ အတွင်းမှာ အခွန်ကင်းလွတ်ခွင့်ပေးထားသည့်အတွက် ထိုကာလကို ချိန်ကိုက်ပြီး တင်ပို့ခြင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံသို့ တင်ပို့ပြီးမှ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နှင့် ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံများကို တင်ပို့သွားမည် ဖြစ်ပါကြောင်း၊ ယခုနှစ် ပြောင်းတင်ပို့မှုသည် ယခင်နှစ် ကထက် တိုးလာမည့်အခြေအနေမျိုး ဖြစ်ပါကြောင်း” အသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က NP News ကို ပြောသည်။
မြန်မာနိုင်ငံသည် ယခင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း၌ ပြောင်းတန်ချိန် (၁ ဒသမ ၁၁)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ နိုဝင်ဘာလအတွင်း၌ ပြောင်းတန်ချိန် (၁ ဒသမ ၈၈)သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၄၄၇)သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် ပြောင်း တင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအစား ရေကြောင်းကုန်သွယ်မှုဆိပ်ကမ်းများဖြစ်သည့် အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ သီလဝါဆိပ်ကမ်း၊ ရွှေမဲဆိပ်ကမ်းနှင့် မင်းထက်မင်းဆိပ်ကမ်းတို့မှ အဓိက တင်ပို့နေကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် ကော့သောင်း ဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းလမ်းဖြင့် တင်ပို့နေသည့်အပြင် ကုန်းတွင်းနယ်စပ် တာချီလိတ်မှတစ်ဆင့်လည်း တင်ပို့ လျက်ရှိကြောင်း သိရသည်။
ကိုးကား-NP News

ပွင့်ဖြူ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် ပန်းမုန်လာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများသီးနှံဝင်ငွေရရှိသဖြင့် သီးနှံဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကိုအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူ များ၏ပြောကြားချက်အရ သိရသည်။

"ဒီဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ မုန်းချောင်းရေ၊ မြေအောက်ရေတို့နဲ့ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် တစ်နိုင်တစ်ပိုင်စားဖို ဆောင်းသီးနှံ ပန်းမုန်လာစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးကြပါတယ်။ အခုဆိုရင် တောင်သူတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြတဲ့ ပန်းမုန်လာစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာမှာလည်း ဈေးကောင်းရရှိလို့ လုပ်ငန်းအဆင်ပြေကြတယ်။ ပန်းမုန်လာစိုက်ပျိုးရေးလုပ်ငန်းမှာ အဖြူမျိုးနဲ့ အစိမ်းမျိုးဆိုပြီး နှစ်မျိုးရှိတယ်။ အဖြူမျိုးက တစ်ပွင့်တည်း သာပွင့်ပြီး အစိမ်းမျိုးက အနည်းဆုံးနှစ်ပွင့်၊ သုံးပွင့်အထိ ဆွတ်ခူးရောင်းချရပါတယ်။ စားဖိုဆောင်သီးနှံတွေ စိုက်ပျိုးရာ မှာ ဝယ်ယူစားသုံးကြတဲ့ ပြည်သူတွေ အစားအစာဘေးကင်းလုံခြုံစေဖို့ အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်နဲ့ စိုက်ပျိုးတာကြောင့် သန့်ရှင်းလတ်ဆတ်မှုရှိပြီး အရည်အသွေးလည်း ကောင်းမွန်ပါတယ်။ သန့်ရှင်းလတ်ဆတ်မှုရှိတဲ့အတွက် ဈေးကွက်မှာ ရောင်းအားကောင်းမွန်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ် ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးကပြောသည်။
ပန်းမုန်လာစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး နှစ်လခွဲခန့်အကြာတွင်ဆွတ်ခူးရောင်းချရကြောင်းနှင့်ပွင့်ဖြူမြို့နယ်ဒေသထွက် ပန်းမုန်လာများသည် အော်ဂဲနစ် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးကြသဖြင့် သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်၍ ဈေးကွက်အတွင်း ရောင်းအားကောင်းမွန်လျက်ရှိကာ မင်းဘူးနှင့် မကွေးမြို့တို့သို့လည်း တင်ပို့ရောင်းချနေရကြောင်း သိရသည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ခြင်းဖြင့် စိုက်ပျိုးတောင်သူများ၊ ဆက်စပ်လုပ်ကိုင်သူများနှင့် ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကိုလည်း များစွာအထောက်အကူပြုလာနိုင်မည်ဖြစ်ကြောင်း သိရသည်။