သတင်းများ

ရုရှားနှင့် ဆက်ဆံရေးဖြတ်တောက်မှုကြောင့် EU ထရီလီယံချီဆုံးရှုံးဟု မော်စကိုထုတ်ပြန်

ယူကရိန်းပဋိပက္ခနှင့် ဆက်စပ်ကာ ရုရှားနှင့် စွမ်းအင်နှင့်ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လျှော့ချခဲ့သည့် ဥရောပသမဂ္ဂ (EU) သည် ယခုအခါ ယူရို ၁ ထရီလီယံကျော် (ဒေါ်လာ ၁.၁၅ ထရီလီယံ) ဆုံးရှုံးခဲ့ရကြောင်း ရုရှား ဒုတိယသမ္မတ အာလက်ဇန္ဒား ဂရူရှ်ကို (Aleksandr Grushko) က ထုတ်ဖော်ပြောကြားခဲ့သည်။

ဇွန်လအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က EU နိုင်ငံများသည် ရုရှား ဓာတ်ငွေ့တင်ပို့မှုကို ငြင်းပယ်ခဲ့သည့်အတွက် ယူရို ၂၀၀ ဘီလီယံ (ဒေါ်လာ ၂၃၁ ဘီလီယံ) ခန့် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ၂၀၂၄ နှစ် ကုန်ပိုင်းတွင် ရုရှားအရာရှိများက EU၏ ရုရှားဆန့်ကျင်ပိတ်ဆို့မှုဆိုင်ရာ စုစုပေါင်းဆုံးရှုံးမှုမှာ ဒေါ်လာ ၁.၅ ထရီလီယံအထိ ရောက်ရှိခဲ့သည်ဟု ခန့်မှန်းခဲ့ကြသည်။

ဂရူရှ်ကိုက ရုရှားနှင့် EUကြား ကုန်သွယ်ရေးပမာဏသည် ၂၀၁၃ ခုနှစ်က ယူရို ၄၁၇ ဘီလီယံ (ဒေါ်လာ ၄၈၂ ဘီလီယံ) မှ ၂၀၂၃ တွင် ယူရို ၆၀ ဘီလီယံ (ဒေါ်လာ ၆၉ ဘီလီယံ) အထိ ကျဆင်းသွားကာ "သုညနီးပါး" အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။ "ဥရောပတွင် သဘာဝ ဓာတ်ငွေ့စျေးနှုန်းသည် အမေရိကန်ထက် ၄-၅ ဆ၊ လျှပ်စစ်ဓာတ်အားမှာ ၂-၃ ဆ အထိ ပိုမိုမြင့်မားနေသည် ၊ ဤသည်မှာ ရုရှားနှင့် စီးပွားရေး ဆက်နွှယ်မှုအားလုံးကို ဖြတ်တောက်လိုက်ရသည့် ဥရောပ၏ ပေးဆပ် ရမှုပင် ဖြစ်သည်" ဟု ၎င်းက ဆိုသည်။

ရုရှားဘက်မှ ယခုအခါ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို "အတိုင်းအတာ တစ်ခုအထိ ခံနိုင်ရည်ရှိလာ"ပြီဟု ကြေညာထားသည်။ EUက ၂၀၁၄ ခုနှစ် မှစတင်၍ ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ၂၀၂၂ တွင် အထူးသဖြင့် ဘဏ်လုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍများကို ပစ်မှတ်ထားကာ ပိတ်ဆို့မှုများ တိုးမြှင့်ခဲ့သည်။ သို့ရာတွင် မော်စကိုက ယင်းအရေးယူမှုများအား တရား မဝင်ဟုသတ်မှတ်ကာ နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းများကို ချိုးဖောက် သည်ဟု စွပ်စွဲထားသည်။

ဂရူရှ်ကို၏ ထုတ်ဖော်ပြောဆိုချက်များသည် EU က အမေရိကန်နှင့် လက်မှတ်ရေးထိုးခဲ့သော ကုန်သွယ်ရေးသဘောတူညီချက်နောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါသဘောတူညီချက်အရ EU သည် အမေရိကန်စွမ်းအင်ကုန်ကြမ်းများကို ဈေးနှုန်းမြင့်မားစွာ ဝယ်ယူရမည် ဖြစ်ပြီး ပို့ကုန်များအတွက် အကောက်ခွန် ၁၅ % ကိုလည်း ပေးဆောင် ရမည်ဖြစ်သည်။ ရုရှားဘက်က အဆိုပါစျေးနှုန်းများသည် မိမိတို့ တင်ပို့ သည့် စျေးနှုန်းထက် သိသိသာသာ ပိုမိုမြင့်မားမည်ဟု ဝေဖန်ထားသည်။

EU အတွင်း နိုင်ငံရေးသမားများစွာကလည်း ယင်းသဘော တူညီချက် အား "ညီမျှမှုကင်းမဲ့ပြီး ဥရောပ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်" သည်ဟု ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ ပူတင်က အဆိုပါ သဘော တူညီချက်သည် EU ၏ နိုင်ငံရေးအချုပ်အခြာအာဏာ ဆုံးရှုံးမှုကို ထင်ဟပ် စေပြီး စီးပွားရေးလွတ်လပ်မှုကိုပါ ထိခိုက်စေနိုင်သည်ဟု သုံးသပ်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

Trump နှင့် အဆင်မပြေသောဖုန်းစကားပြောဆိုမှုအပြီး ကုန်သွယ်ရေး ဆွေးနွေးပွဲ ပျက်သွားခြင်းကြောင့် ဆွစ်သမ္မတ Keller-Sutter ဝေဖန်မှု များ ရင်ဆိုင်နေရဟု Financial Times ဖော်ပြ

Financial Times သတင်းစာ၏ ဖော်ပြချက်အရ အမေရိကန်သမ္မတ Donald Trump နှင့် အဆင်မပြေဖြစ်ခဲ့သည့် ဖုန်းစကားဝိုင်း တစ်ခု အပြီး တွင် အမေရိကန်နှင့် ဆွစ်ဇာလန်၏ ကုန်သွယ်ရေးဆွေးနွေးပွဲများ ပျက်သွား ခဲ့ပြီး ဆွစ်သမ္မတ Karin Keller-Sutter သည် ပြည်တွင်းမှ ပြင်းထန်စွာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် Trump က ဆွစ်ဇာလန် အမျိုးသားနေ့နှင့် တိုက်ဆိုင်စွာ သောကြာနေ့ (ဩဂုတ် ၁) တွင်  ဆွစ် သွင်းကုန် များအပေါ် ၃၉% အထိ အကောက်ခွန်တိုးမြှင့်မည်ဟု ကြေညာခဲ့ပြီး ယင်း ပမာဏမှာ ကမ္ဘာ့အမြင့်ဆုံး အကောက်ခွန်နှုန်းထားများထဲမှ တစ်ခု ဖြစ်သည်။

Financial Times ၏ တနင်္ဂနွေနေ့ (ဩဂုတ် ၃) ထုတ် သတင်းတွင် ဖော်ပြချက်အရ ဆွစ်အစိုးရအဖွဲ့သည် ယူကေ၏ သဘောတူညီချက်နှင့် တူညီသည့် အမေရိကန်နှင့် ၁၀% အကောက်ခွန် စည်းကမ်းချက်ကို အကျေအလည်သဘောတူပြီးဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်အတွက် ဆွစ်ဇာလန်အစိုးရက အမေရိကန်သို့ ဒေါ်လာ ၁၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုခဲ့ပြီး အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer နှင့်လည်း ပုံမှန် ဆက်သွယ် ဆောင်ရွက်ခဲ့သည်။ ယင်းကမ်းလှမ်းချက်ကို ဇူလိုင်လအစောပိုင်းတွင် အတည် ပြုခဲ့ပြီး ဆွစ်အရာရှိများက ၎င်းသည် Trump ၏ လက်မှတ်ရေး ထိုးရန် သာကျန်ရှိသည်ဟု ယုံကြည်ခဲ့ကြသည်။

ဆွစ်ဇာလန်၏ ဘဏ္ဍာရေးဝန်ကြီးနှင့် လက်ရှိအလှည့်ကျသမ္မတ Karin Keller-Sutter သည် ယခုလအတွင်း Donald Trump နှင့် ကောင်းမွန်သည့် ဆက်သွယ်မှုရရှိထားကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြောဆိုခဲ့ သော်လည်း ဇူလိုင် ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် မိနစ် ၃၀ ကြာ ဖုန်း စကားပြောဆိုမှုတွင် အမေရိကန်သမ္မတက ဆွစ်ဇာလန်၏ ကမ်းလှမ်းချက် ကို ပယ်ချခဲ့ပြီး ဆွစ်ဇာလန်၏ ဒေါ်လာ ၃၉ ဘီလီယံ ကုန်သွယ်ရေး ပိုလျှံမှုအပေါ်သာ အာရုံစိုက်ခဲ့သည်ဟု သိရသည်။

"ဆွေးနွေးမှုသည် လုံးဝအဆင်မပြေခဲ့ဘဲ Trump က ပထမဆုံး မိနစ်ကတည်းက ၁၀% သည် လုံလောက်မှုမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဆွစ်ဇာလန်သည် အမေရိကန်မှ ငွေကြေးများကို ခိုးယူ နေသည်ဟူသော အချက်ကိုသာ အထပ်ထပ်ပြောဆိုနေခဲ့ကာ Keller-Sutter အနေဖြင့် ပြန်လည်ပြောဆိုစရာ စကားလုံးများ ကုန်ဆုံးသွားခဲ့ ရသည်။ ထို့အပြင် Trump က အလွန်တရာချမ်းသာကြွယ်ဝသော ဆွစ်ဇာလန်နိုင်ငံမှ အမေရိကန်အတွက် မည်သည့်အရာများ ထပ်မံပေး ဆောင်နိုင်မည်ကိုပါ မေးမြန်းခဲ့သည်” ဟု Financial Times က ဖော်ပြ ခဲ့သည်။

ဆွစ်ဇာလန်မီဒီယာများက အဆိုပါဖြစ်ရပ်ကို Keller-Sutter ၏ အကြီးမားဆုံး နိုင်ငံရေးရှုံးနိမ့်မှုအဖြစ် သတ်မှတ်ခဲ့ကြသည်။ အထူးသဖြင့် Blick သတင်းစာ က ထိုဖြစ်ရပ်ကို ၁၅၁၅ ခုနှစ် က Marignano တိုက်ပွဲတွင် ဆွစ်တပ် များ ၏ ပြင်သစ်တို့ထံ အရှုံးပေးခဲ့ရမှုနှင့် နှိုင်းယှဉ်ကာ "ဆွစ်ဇာလန်၏ အဆိုးရွားဆုံး နိုင်ငံရေးရှုံးနိမ့်မှု" ဟု ရေးသားခဲ့သည်။

ရုရှားရေနံ မဝယ်ယူရန် အမေရိကန်တောင်းဆိုချက်ကို အိန္ဒိယနှင့် ဘရာဇီးတို့ ပယ်ချ

အိန္ဒိယနှင့် ဘရာဇီးနိုင်ငံတို့သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှားထံမှ ရေနံမဝယ်ယူကြရန် တောင်းဆိုချက်အပေါ် လက်မခံပါကြောင်း၊ ရုရှားထံမှ စွမ်းအင်ဝယ်ယူမှုမှာ ၎င်းတို့အတွက် အကျိုးစီးပွားရှိသဖြင့် ဒေါ်နယ်ထရမ့် ခြိမ်းခြောက်မှုများကို လိုက်မနာနိုင်ကြောင်း တရုတ် ကျွမ်းကျင်သူများ၏ ပြောကြားချက်များကို ကိုးကား၍ Global Times သတင်းစာက ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ လူမှုရေးသိပ္ပံအကယ်ဒမီမှ သုတေသနပညာရှင် လူရှန့် က "ထရမ့်၏ ကုန်သွယ်ခွန်များသည် နိုင်ငံအသီးသီးကို ပြင်းထန်စွာ ထိခိုက် စေခဲ့သော်လည်း ဘေးဒုက္ခကို စောင့်မျှော်နေမည့်အစား ဆုံးရှုံးမှု လျှော့ချ နိုင်ရန် ခိုင်မာစွာ ရပ်တည်ခြင်းက ပိုမိုကောင်းမွန်ကြောင်း ပြောကြား ထားပါသည်။

၎င်း၏အဆိုအရ နိုင်ငံတိုင်းတွင် ၎င်း၏ တရားဝင်အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရန် အခွင့်အရေးရှိပြီး၊ ဘရာဇီးနှင့် အိန္ဒိယတို့သည် လွတ်လပ်သောနိုင်ငံခြားရေးမူဝါဒ အပြည့်အဝ လိုက်နာကျင့်သုံးနေမှုမှာ ထင်ရှားပေါ်လွင်နေပါကြောင်း၊ ထရမ့်အစိုးရအဖွဲ့သည် ကုန်သွယ်ခွန်ကို ၎င်းရင်ဆိုင်နေရသည့် ပြဿနာအားလုံးအတွက် 'အရာရာကုသနိုင်သောဆေး'အဖြစ် သဘောထားသော်လည်း လက်တွေ့အခြေအနေတွင် ကွဲလွဲနေ ပါကြောင်း လူရှန့်က ယုံကြည်ထားပါသည်။

ကျင်းဟွာတက္ကသိုလ်မှ အမျိုးသားမဟာဗျူဟာနှင့်ဆိုင်ရာ သုတေသန ဌာန ညွှန်ကြားရေးမှူး ကျဲန်ဖျန့်က အမေရိကန် ဖိအားပေးမှု ရှိသော်လည်း အိန္ဒိယသည် ရုရှားရေနံဝယ်ယူမှုကို စွန့်လွှတ်မည်မဟုတ်ဟု ပြောကြားခဲ့ ပါသည်။ အိန္ဒိယသည် ရေနံလိုအပ်ချက်ရှိသောနိုင်ငံဖြစ်ပြီး ရုရှားရေနံ သည် စျေးနှုန်းချိုသာပြီး အရည်အသွေးမြင့်မားသည့် အကျိုးကျေးဇူးများကို ပေးစွမ်းကာ အိန္ဒိယ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက် ဖြစ်ကြောင်း ၎င်းက ထောက်ပြထားပါသည်။

အမေရိကန်၏ အိန္ဒိယအပေါ် ဖိအားပေးရန် ကြိုးပမ်းမှုများမှာ အိန္ဒိယကို ကြီးမားသောအာဏာရှိနိုင်ငံများအကြား ဟန်ချက်ညီမှုဆိုင်ရာ မူဝါဒကို ပိုမိုအားကောင်းစေနိုင်ကြောင်း ကျဲန်က ဖြည့်စွက်ပြောကြားထားပါသည်။

ထရမ့်သည် ယခင်က အိန္ဒိယနှင့် ဘရာဇီးအပါအဝင် ရုရှားရေနံ တင်သွင်းသည့် နိုင်ငံများအပေါ် အရေးယူဆောင်ရွက်မည့် အစီအစဉ်များကို ကြေညာခဲ့ ပါသည်။

ကိုးကား - TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

ကမ္ဘောဒီးယားနိုင်ငံ အန်ကောဥယျာဉ်တွင် ဇန်နဝါရီလမှ ဇူလိုင်လ အတွင်း လက်မှတ်ရောင်းအား ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈.၆ သန်း ရရှိ

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကော ရှေးဟောင်းသုတေသန ဥယျာဉ်က ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း လက်မှတ်ရောင်းအားမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈.၆ သန်း ရရှိခဲ့ရာ ယခင်နှစ် အလားတူ ကာလထက် ၅.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဩဂုတ် ၁ ရက်၌ ထုတ်ပြန်သည့် တရားဝင်အစီရင်ခံစာအရ သိရသည်။

ယူနက်စကို (UNESCO) စာရင်းဝင် အန်ကောဥယျာဉ်သို့ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၆၁၈,၇၇၁ ဦး ဝင်ရောက်ခဲ့ရာ ယခင်နှစ် ကာလတူထက် ၅.၈ ရာခိုင်နှုန်း တိုးတက် လာခဲ့ကြောင်း နိုင်ငံပိုင် Angkor Enterprise လုပ်ငန်း အစီရင်ခံစာအရ သိရသည်။ ယခုနှစ် ဇူလိုင်လအတွင်း အဆိုပါ ရှေးဟောင်းဥယျာဉ်သို့ ပြည်ပခရီးသွားဧည့်သည် ၅၁,၀၉၈ ဦးဝန်းကျင် ဝင်ရောက်ခဲ့ရာ ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း၊ ယခုနှစ် ဇူလိုင်လအတွင်း လက်မှတ်ရောင်းရငွေမှ အမေရိကန်ဒေါ်လာ ၂.၂၃ သန်း ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၁၇ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း ၎င်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆီရမ်ရိ(ပ်)ပြည်နယ် အနောက်မြောက်ပိုင်းတွင် တည်ရှိ၍ ဧရိယာ ၄၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော အန်ကော ရှေးဟောင်းဥယျာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ အကျော်ကြားဆုံးနေရာတစ်ခုဖြစ်ပြီး ၉ ရာစုမှ ၁၃ ရာစုကြား တည်ဆောက် ခဲ့သည့် ရှေးဟောင်းဘုရားကျောင်း ၉၁ ကျောင်း တည်ရှိကြောင်း သိရ သည်။ Royal University of Phnom Penh ၏ နိုင်ငံတကာ လေ့လာရေး နှင့် ပြည်သူ့မူဝါဒအင်စတီကျု၊ ကထိက Thong Mengdavid က ၂၀၂၅ ခုနှစ် ကမ္ဘောဒီးယား-တရုတ် ခရီးသွားနှစ်က အန်ကောသို့ တရုတ် ခရီးသွား ဧည့်သည်များ ပိုမိုဆွဲဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

“၂၀၂၅ ခုနှစ်ကို ကမ္ဘောဒီးယား-တရုတ် ခရီးသွားနှစ်အဖြစ် သတ်မှတ် ထားသောကြောင့် အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်ကို တရုတ် ခရီးသွားဧည့်သည်များ လာရောက်မှု သိသိသာသာမြင့်တက်လာမည် ဖြစ်ကြောင်း မိမိတို့ မျှော်မှန်းနိုင်ပါသည်” ဟု ၎င်းက ဆင်ဟွာကို ပြောခဲ့ သည်။ ထိုသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု မြင့်တက်လာမည့် အခြေအနေ သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ကမ်ပိန်းများ၊ တိုက်ရိုက်လေကြောင်းခရီးစဉ်များနှင့် အဖွဲ့လိုက်ခရီးသွားအစီအစဉ်များမှတစ်ဆင့် ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခွင့်ရှိခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။ 

ကိုးကား- Xinhua

ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာအုပ်စု(၃၄)အုပ်စု၌ မိုးနှမ်း(၃၂၃၄)ဧကစိုက်ပျိုး

ကျောက်ဆည်၊ဩဂုတ်-၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး ဆီထွက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကျေးရွာအုပ်(၃၄)အုပ်စု၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးနှမ်း(၃၂၃၄)ဧက စိုက်ပျိုးကြောင်း သိရသည်။ 

မိုးနှမ်းသီးနှံများစိုက်ပျိုးရာ၌ ပန်းခွာကျေးရွာအုပ်စုတွင်(၂၆)ဧက၊ ကျီးပြကျေးရွာအုပ်စုတွင်(၆၉)ဧက၊ သင်ပျို ကျေးရွာအုပ်စုတွင်(၁၀၇)ဧက၊ ကျီးအိပ်ကျေးရွာအုပ်စုတွင်(၁၃၅)ဧက၊ ဒွေးလှကျေးရွာအုပ်စုတွင် (၃၅)ဧက၊ အနောက် ငါးဆူကျေးရွာအုပ်စုတွင်(၁၄၀)ဧက၊ ရှားပင်ကျေးရွာအုပ်စုတွင်(၁၀၃)ဧက၊ ဒါန်းတိုင်ကျေးရွာအုပ်စုတွင် (၈၅) ဧက၊ ရန်ဘက်လိုကျေးရွာအုပ်စုတွင်(၂၆)ဧက၊ ပေတောကြီးကျေးရွာအုပ်စုတွင် (၁၆၅)ဧက၊ ဘုံကွင်းကျေးရွာအုပ်စုတွင် (၁၃)ဧက၊ စင်းကွန်းကျေးရွာအုပ်စုတွင်(၆၀)ဧက၊ အရှေ့ငယ်တိုးကျေးရွာ အုပ်စုတွင်(၁၃၅)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် (၁၂၀၉)ဧက၊ ဖျောက်ဆိပ်ပင်ကျေးရွာအုပ်စုတွင်(၅၀)ဧက၊ ရွာသစ်ကျေးရွာအုပ်စုတွင်(၁၅)ဧက၊ ရေသရောက် ကျေးရွာအုပ်စုတွင်(၁၅)ဧက၊ ချောင်းဆုံကျေးရွာအုပ်စုတွင် (၁၅)ဧက၊ သရက်ပင်ကျေးရွာအုပ်စုတွင်(၂၅)ဧက၊ ရဲကျေးရွာအုပ်စုတွင်(၁၅)ဧက၊ ကြက်သားဟင်းကျေးရွာ အုပ်စုတွင်(၅၄)ဧက၊ သင်ကတုံကျေးရွာအုပ်စုတွင် (၂၆) ဧက၊ အရှေ့သာဂရကျေးရွာအုပ်စုတွင်(၃)ဧက၊ ကလေးကျေးရွာအုပ်စုတွင်(၁၂၄)ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင် (၁၃၂)ဧက၊ ပြည်တော်သာကျေးရွာအုပ်စုတွင်(၂၀)ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင်(၇၄)ဧက၊ သံရွာကျေးရွာ အုပ်စုတွင်(၁၅၅)ဧက၊ ခါးတ္ကုန်းကျေးရွာအုပ်စုတွင် (၃၀)ဧက၊ ဆူလေကုန်းကျေးရွာအုပ်စုတွင်(၉)ဧက၊ မြေစိုမိုး ကျေးရွာအုပ်စုတွင်(၁၅)ဧက၊ ပေါင်လောင်ကျေးရွာ အုပ်စုတွင်(၄၅)ဧက၊ တောင်တော် ကျေးရွာအုပ်စု တွင် (၇၁) ဧက၊ ကင်းကျေးရွာအုပ်စုတွင်(၁၅)ဧက စုစုပေါင်း ကျေးရွာအုပ်စု(၃၄)အုပ်စု၌ မိုးနှမ်း(၃၂၃၄)ဧက စိုက်ပျိုးကြောင်း သိရသည်။

မိုးနှမ်းသီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်ရေး တန်းဆွဲစနစ်၊ ဘောက်ကြီးတင်စနစ်များဖြင့် ပြောင်းလဲ စိုက်ပျိုးလာကြပြီး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တာဝန်ရှိသူများမှလည်း ဒေသနှင့်ကိုက်ညီသည့် နှမ်းမျိုးများ ဖြန့်ဝေခြင်း၊ အပင်ပြုစုရိတ်သိမ်းခြင်းနည်းပညာများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)

ထရမ့်အစိုးရသည် သတ်မှတ်ချိန်ကုန်ဆုံးရန် နာရီပိုင်းအလိုတွင် အကောက်ခွန် မူဝါဒများကို ပြောင်းလဲသတ်မှတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်ပကုန်သွယ်ရေးတွင် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သည့် အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်ပြီး သြဂုတ်လ ၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် သတ်မှတ်ရက်ကို တစ်ပတ်ထပ်မံဆွဲဆန့်လိုက်သည်။

ဇူလိုင် ၃၁ ရက်နေ့ညက ထုတ်ပြန်ချက်တွင် အိမ်ဖြူတော်က အဆိုပါ ဆုံးဖြတ်ချက်သည် နိုင်ငံများက "အရေးပါသော ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကတိကဝတ်များကို သဘောတူညီပြီးဖြစ်ခြင်း (သို့မဟုတ်) သဘောတူရန် အလားအလာရှိခြင်း" ကို ထင်ဟပ်သည်ဟု ဖော်ပြခဲ့သည်။ သြဂုတ် ၇ ရက်တွင် ဆွေးနွေးမှုမပြုလုပ်သော (သို့) "ကုန်သွယ်မှု မညီမျှမှု များကို လုံလောက်စွာ ဖြေရှင်းမပေးသော" နိုင်ငံများအား ပိုမို မြင့်မားသည့် အကောက်ခွန်များ စည်းကြပ်မည်ဖြစ်သည်။

ထရမ့်က ရုရှားနှင့် ဆက်လက်ကုန်သွယ်နေမှုကြောင့် အိန္ဒိယအပေါ် အပို ဒဏ်ခတ်မှုများ ဇူလိုင် ၃၀ ရက်နေ့က ကြေညာခဲ့သည်။ ၎င်းက အဆိုပါ အကောက်ခွန်များကို အိန္ဒိယ၏ BRICS အဖွဲ့ဝင်ဖြစ်မှုနှင့် နယူးဒေလီနှင့် အမေရိကန်အကြား အလွန်ကြီးမားသော ကုန်သွယ်ရေးလိုငွေပြမှု တို့ကြောင့် တစ်စိတ်တစ်ပိုင်း စည်းကြပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြား ခဲ့သည်။

ယခင်ကဘရာဇီးကို ၁၀% အကောက်ခွန်သတ်မှတ်ထားသော်လည်း ယမန်နေ့ (ဇူလိုင် ၃၁) က ထရမ့်က အမေရိကန်၏ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒနှင့် စီးပွားရေးအတွက် ခြိမ်းခြောက်မှုဟုဆိုကာ ၅၀% အထိ တိုးမြှင့်ခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများအားလုံးကို အပို ၁၀% အကောက်ခွန် ထပ်မံစည်းကြပ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး၊ ဒေါ်လာကို ကမ္ဘာ့စံအဖြစ်မှ "ဖျက်ဆီးရန်" ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။

ကနေဒါပေါ်မှ အကောက်ခွန်ကို ၂၅% မှ ၃၅% အထိ ရုတ်တရက် တိုးမြှင့်လိုက်ပြီး အကြောင်းပြချက်မှာ အမေရိကန်သို့ fentanyl မူးယစ်ဆေးဝါး တရားမဝင်စီးဆင်းမှုကို အော့တဝါအစိုးရက အရေးယူမှု မပြုခြင်းကြောင့် ဟုဆိုသည်။ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ် ပြုရန် ကနေဒါ၏ထောက်ခံမှုကို ထရမ့်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ၎င်းတို့နှင့် ကုန်သွယ်ရေးသဘောတူညီချက် ပြုလုပ်ရန် အလွန်ခက်ခဲစေမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ယခုအခါ ဝါရှင်တန်နှင့် အော့တဝါ အကြား ဆက်ဆံရေးမှာ ပိုမိုတင်းမာလာနေသည်။

မက္ကဆီကိုသည် ဇူလိုင် ၃၁ ရက်နေ့အစောပိုင်းက ဝါရှင်တန်နှင့် သဘော တူညီမှုရရှိပြီးနောက် အကောက်ခွန်တိုးမြှင့်မှုမှ လွတ်မြောက်သွားခဲ့သည်။ အိမ်ဖြူတော်က မက္ကဆီကိုထုတ်ကုန်အချို့အတွက် ၂၅% အကောက်ခွန် နှုန်းထားကို နောက်ထပ် ၉၀ ရက်ကြာ ဆက်လက်ကျင့်သုံးမည်ဖြစ်ပြီး ၃၀% အထိ တိုးမြှင့်ရန် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း အတည် ပြုခဲ့သည်။

ယခုရက်သတ္တပတ်အတွင်း ဝါရှင်တန်နှင့် ကုန်သွယ်ရေး သဘောတူညီ ချက်များ ရရှိထားသော ဥရောပသမဂ္ဂ (EU)၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အတွက် အကောက်ခွန်နှုန်းထားကို ၁၅% အဖြစ် သတ်မှတ် ထားသည်။

အမေရိကန်၏ အမြင့်ဆုံးအကောက်ခွန်နှုန်းထားများကို ရင်ဆိုင်နေရသည့် နိုင်ငံများမှာ ဆီးရီးယား (၄၁%) ၊ လာအိုနှင့် မြန်မာ (၄၀%) ၊ ဆွစ်ဇာလန် (၃၉%) ၊ အီရတ်နှင့် ဆားဘီးယား (၃၅%) ၊ အယ်လ်ဂျီးရီးယား၊ လစ်ဗျား နှင့် တောင်အာဖရိက (၃၀%) တို့ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ဝန်ကြီး-၂

ထရမ့်က တောင်ကိုရီးယားနှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို ကြေညာ

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နှင့် တောင်ကိုရီးယားတို့အကြား ကုန်သွယ်ရေးသဘောတူညီချက် ညှိနှိုင်းမှုပြီးဆုံးကြောင်း ကြေညာခဲ့ပြီး ယင်းသဘောတူညီချက်တွင် တောင်ကိုရီးယားမှ တင်သွင်းကုန်များ အပေါ် အကောက်ခွန် ၁၅% ကောက်ခံမည်ဖြစ်သည်။ ထို့အပြင် တောင် ကိုရီးယားဘက်မှ အမေရိကန်ထိန်းချုပ်သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဒေါ်လာ ၃၅၀ ဘီလီယံ နှင့် အမေရိကန် စွမ်းအင်ထုတ်ကုန်များ ဝယ်ယူရန် ဒေါ်လာ ၁၀၀ ဘီလီယံ ကတိပြုထားသည်။

ဇူလိုင်လ ၃၀ ရက်နေ့တွင် Truth Social ၌ ထရမ့်က အမေရိကန် ကုန်ပစ္စည်းများအပေါ် ပြန်လည်ကောက်ခံမည့် အကောက်ခွန်မရှိဟု ဂုဏ်ယူစွာဖော်ပြခဲ့ပြီး၊ ယင်းကို အာရှရှိ အဓိက မဟာမိတ်နိုင်ငံနှင့် စီးပွားရေး ဆက်ဆံရေး တည်ငြိမ်စေရန်ရည်ရွယ်သည့် ပြီးပြည့်စုံသော ကုန်သွယ်ရေးသဘောတူညီချက်အဖြစ် ရည်ညွှန်းခဲ့သည်။

တောင်ကိုရီးယားသမ္မတ Lee Jae‑myung က အဆိုပါရလဒ်သည် ဂရု တစိုက် ပြင်ဆင်မှု၏ ရလဒ်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ပို့စ်တွင် ဖော်ပြခဲ့ပြီး သဘောတူညီချက်ရရှိရန် "မတူညီသော အမြင်များကို စုစည်းကာ မဟာ ဗျူဟာများကို ပြုပြင်ခဲ့ကြောင်း" ပြောကြားခဲ့သည်။ Lee Jae‑myung က အမေရိကန်စီးပွားရေးတွင် ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီး မြှုပ်နှံမှု သည် သင်္ဘောတည်ဆောက်ရေး၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဘက်ထရီ၊ ဇီဝ နည်းပညာနှင့် စွမ်းအင်ကဏ္ဍများတွင် ကိုရီးယားစက်မှုလုပ်ငန်းများ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် အထောက်အကူဖြစ်စေမည် ဟု ဆိုသည်။

ကူးသန်းရောင်းဝယ်ရေးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် တောင်ကိုရီးယားသည် အမေရိကန်သို့ ဒေါ်လာ ၁၃၂ ဘီလီယံ တန်ဖိုးရှိ မော်တော်ကား၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အီလက်ထရောနစ်ပစ္စည်း များတင်ပို့ခဲ့ပြီး၊ အမေရိကန်ဘက်မှ တောင်ကိုရီးယားသို့ ဒေါ်လာ ၆၆ ဘီလီယံ တန်ဖိုးရှိ စက်မှုလုပ်ငန်းသုံး စက်ယန္တရားများ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ တင်ပို့ခဲ့သည်။ ဤသည်မှာ ဝန်ဆောင်မှုမပါဘဲ အမေရိကန် ၏ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၆၆ ဘီလီယံ ဖြစ်စေခဲ့သော်လည်း ဝန်ဆောင်မှုများပါဝင်ပါက အဆိုပါကွာဟချက်မှာ ပိုမို ကျဉ်းမြောင်းသွားမည် ဖြစ်သည်။

ဝါရှင်တန်-ဆိုးလ် သဘောတူညီချက်သည် ထရမ့်၏ သီးသန့် သတ်မှတ် ထားသော ဩဂုတ် ၁ ရက် အကောက်ခွန်နောက်ဆုံးရက်စွဲမတိုင်မီယူကေ၊ ဂျပန်၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများနှင့် ရရှိထားသည့် အလားတူ သဘောတူညီချက်များပါဝင်သော ကျယ်ပြန့်သည့် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဧပြီလတွင် တောင်ကိုရီးယားသည် ၂၅% "ပြန်လည်ကောက်ခံသော" အကောက်ခွန် ကို ခဏတာ ရင်ဆိုင်ခဲ့ရ သော်လည်း နောက်ဆုံး ၁၅% နှုန်းထားသည် အခြားနိုင်ငံများတွင် ယခု အသုံးပြု နေသော ၁၀% အခြေခံနှုန်းထက် ပိုမိုမြင့်မားနေဆဲဖြစ်သည်။

ဥရောပသမဂ္ဂသည်လည်း လွန်ခဲ့သည့်သီတင်းပတ်က ညှိနှိုင်းခဲ့သော သဘောတူညီချက်အရ အလားတူ အကောက်ခွန်နှုန်းထားကို ရင်ဆိုင် ရမည်ဖြစ်သည်။ အဆိုပါသဘောတူညီချက်ကို အမေရိကန်၏ တစ်ဖက်သတ် တောင်းဆိုမှုများကို အညံ့ခံခြင်းဟု ဝေဖန်သူများက သုံးသပ်ခဲ့ကြသည်။ အိမ်ဖြူတော်အကြံပေးတစ်ဦးကပင် "ထရမ့်ရှေ့တွင် ဒူးထောက်လိုက်ခြင်း" ဟု ခိုင်းနှိုင်းပြောဆိုခဲ့သည်။

အိန္ဒိယနှင့် ရုရှား စီးပွားရေး ဆက်ဆံမှုကို ဂရုမစိုက်ကြောင်း ထရမ့်ပြော

အိန္ဒိယနှင့် ရုရှားတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံမှုကို ဂရုမစိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက် ပါသည်။

“အိန္ဒိယက ရုရှားနှင့် မည်သို့ပင်ဆောင်ရွက်နေစေကာမူ ဂရုမစိုက်ပါ။ ၎င်းတို့နှစ်နိုင်ငံလုံး စီးပွားပျက်နေတာ အတူတူပဲ ပျက်သွားပါစေ။ အိန္ဒိယ နှင့် အမေရိကန်တို့ ကုန်သွယ်မှု အလွန်နည်းပါးပါသည်။ ၎င်းတို့ ကုန်သွယ်ခွန် က ကမ္ဘာ့အမြင့်ဆုံးထဲမှာ ပါဝင်နေပါသည်။ ရုရှားနှင့် အမေရိကန် ကလည်း ကုန်သွယ်မှု လုံးဝနီးပါး မရှိသလောက်ပါပဲ" ဟု ထရမ့်က ၎င်း၏ Truth Social စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ထရမ့်က ယခင်က အမေရိကန်သည် ဩဂုတ်လ ၁ ရက်မှ စတင်၍ အိန္ဒိယ သို့ တင်ပို့သည့် ကုန်စည်များအား ၂၅% ကုန်သွယ်ခွန် စည်းကြပ်မည်ဟု ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်သော်လည်းအိန္ဒိယ၏ ကုန်သွယ်ခွန် အလွန်မြင့်မားခြင်း၊ ငွေကြေးမဟုတ်သော အခြား အခက်အခဲဆိုင်ရာ အတားအဆီးများ ရှိခြင်းတို့ကြောင့် အမေရိကန်နှင့် အိန္ဒိယကြား ကုန်သွယ်မှု အလွန်နည်းပါးကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အိန္ဒိယသည် တပ်မတော်ဆိုင်ရာ ပစ္စည်းအများစုကို ရုရှားထံမှ အမြဲ ဝယ်ယူလျက်ရှိပြီး တရုတ်နှင့်အတူ ရုရှား စွမ်းအင်အရင်းအမြစ်များ၏ အကြီးဆုံး ဝယ်လက်များဖြစ်ကြောင်း ၊ ထို့အတွက် ဩဂုတ် ၁ ရက်မှ စတင်၍ အိန္ဒိယအနေဖြင့် ၂၅% ကုန်သွယ်ခွန်အပြင် အပိုဒဏ်ငွေပါ ပေးဆောင်ရမည်ဟု ထရမ့်က ဆိုထားပါသည်။

ကိုးကား- Tass

တရုတ်နိုင်ငံက အမေရိကန်၏ ပိတ်ဆို့မှုကိုခုခံ၍ ရုရှားနိုင်ငံမှရေနံများကို ဆက်လက်ဝယ်ယူမည်ဖြစ်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးပြော

တရုတ်နိုင်ငံသည် အမေရိကန်အစိုးရ၏  ပိတ်ဆို့မှုကိုခုခံ၍ ရုရှားနိုင်ငံမှ ရေနံများကို ဆက်လက် ဝယ်ယူမည် ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် စွမ်းအင်မူဝါဒ ကို နိုင်ငံ၏အချုပ်အခြာအာဏာပိုင် ကိစ္စရပ်တစ်ခုအဖြစ် ရှုမြင်လျက်ရှိပြီး အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံမည့် ခြိမ်းခြောက်မှုများကိုမမှုဘဲ နိုင်ငံ၏စွမ်းအင်ကဏ္ဍကို ကာကွယ်သွားမည်ဖြစ်ကြောင်း ဘက်ဆန့် က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ဇူလိုင်လ ၂၉ ရက်က တရုတ်နိုင်ငံနှင့် နှစ်ရက်ကြာကျင်းပသည့်  ကုန်သွယ်ရေးဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် ပြောကြားခြင်း ဖြစ်သည်။

ထို့ကြောင့်  အမေရိကန်လွှတ်တော် အမတ်များအနေဖြင့် ပိတ်ဆို့မှုအသစ်များကို ထပ်မံအတည်ပြု သင့်ကြောင်း ၎င်းက တောင်းဆိုထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် ချမှတ်နိုင်ရေးလုပ် ဆောင်ရမည့် အချိန်ကာလကို ရက်ပေါင်း ၅၀ မှ ၁၂ ရက်အတွင်း အပြီးသတ်လုပ်ဆောင် ရန် ဇူလိုင်လ၂၈ ရက်တွင် တောင်းဆိုခဲ့သည်။ အကယ်၍ ရုရှားနှင့် ယူကရိန်းတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်ချမှတ်နိုင်ခြင်း မရှိပါက ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် ထုတ်ကုန်များအား ဝယ်ယူသည့် နိုင်ငံများအပေါ် တစ်ဆင့်ခံပိတ်ဆို့မှုအဖြစ် အခွန် ၁၀၀ ရာခိုင်နှုန်းကောက်ခံမည်ဟု သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်၏ အဆိုပါသတိပေးချက်ကို ရုရှားနိုင်ငံကဝေဖန်ထားပြီး တရုတ်နိုင်ငံ အနေဖြင့်လည်း စွမ်းအင်ကဏ္ဍသည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် ကဏ္ဍဖြစ်သောကြောင့်   ရုရှားနိုင်ငံမှ  ရေနံကို ဆက်လက်ဝယ်ယူမည်ဟု အမေရိကန်နှင့် ကျင်းပခဲ့သည့် ကုန်သွယ်ရေး ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့ကြောင်း သိရသည်။

Ref: Rt

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အိန္ဒိယနိုင်ငံ အပေါ် ၂၅% အခွန် ကောက်ခံရန် ရည်ရွယ်ထားကြောင်း ပြောကြား

ဝါရှင်တန်၊ ဇူလိုင် ၃၀ ရက် 

အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော ကုန် ပစ္စည်းများအပေါ် ၂၅% သွင်းကုန်ခွန်များ ချမှတ်ရန် ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါသည်။

အဘာဒင်း (Aberdeen) မှ ဝါရှင်တန်သို့ ပြန်လာစဉ် ၎င်း၏ လေယာဉ် ပေါ်တွင် သတင်းထောက်များနှင့် စကားပြောဆိုရာ၌ သမ္မတထရမ့်က "အိန္ဒိယ က ၂၅% ပေးဆောင်ရလိမ့်မည်" ဟု ပြောကြားခဲ့ပါသည်။ အမေရိကန်နှင့် အိန္ဒိယတို့အကြား ကုန်သွယ်ရေးသဘောတူညီချက် ပြင်ဆင်မှု ပြီးစီးပြီ လားဟု မေးမြန်းသောအခါ အိမ်ဖြူတော်အကြီးအကဲက "မိမိ သိသလောက် တော့ မပြီးသေးကြောင်း" ပြန်လည်ဖြေကြားခဲ့ပါသည်။

"အိန္ဒိယသည် ကောင်းမွန်သည့် မိတ်ဆွေတစ်ဦးဖြစ်ခဲ့သော်လည်း ၎င်းတို့က တခြားမည်သည့်နိုင်ငံနှင့်မဆို နှိုင်းယှဉ်ပါက အခြေခံအားဖြင့် ပိုမိုမြင့်မားသည့် အခွန်တွေကို ကောက်ခံခဲ့ကြောင်း၊ သို့သော် ယခု မိမိ အာဏာရချိန်တွင် ယခုလို ဆက်လက်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ ကြောင်း" အမေရိကန်သမ္မတက အလေးပေးပြောကြားခဲ့ပါသည်။

အစောပိုင်းတွင် The Indian Express သတင်းစာက သတင်းရင်းမြစ် များကို ကိုးကား၍ အိန္ဒိယနှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေး သဘောတူညီချက်အသစ်အတွက် ဆွေးနွေးမှုများသည် တိုးတက်မှု မရှိခြင်းကြောင့် ရပ်ဆိုင်းနေကြောင်း ဖော်ပြခဲ့ပါသည်။ 

ထိုထုတ်ပြန်ချက်အရ အမေရိကန်အစိုးရက အမေရိကန် ကုန်ပစ္စည်းများ ကို အိန္ဒိယဈေးကွက်သို့ အခွန်လွတ်ဝင်ရောက်ခွင့်ပေးရန် တောင်းဆို နေပြီး အိန္ဒိယကမူ အိန္ဒိယကုန်ပစ္စည်းများအပေါ် အမေရိကန်က ချမှတ် သည့် အခွန်နှုန်းသည် ၁၅% ထက် မပိုရန် တောင်းဆိုနေကြောင်း သိရှိ ရပါသည်။

ထို့အပြင် အိန္ဒိယသည် အမေရိကန်လက်နက်များ၊ သဘာဝဓာတ်ငွေ့နှင့် နျူကလီးယားဓာတ်ပေါင်းဖိုများ ဝယ်ယူရန် ဆန္ဒရှိကြောင်းလည်း ဖော်ပြ ခဲ့ပါသည်။

ကိုးကား - tass