သတင်းများ

(၃)လအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် (၂,၀၀၀) နီးပါး တင်ပို့နိုင်ခဲ့

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဇွန်လအထိ ပြည်ပသို့ ပုစွန်မက်ထရစ်တန် (၂,၀၀၀) နီးပါး တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ဇွန်လ (၃၀) ရက်အထိ သုံးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် (၁,၉၇၅ ဒသမ ၃၉၄)တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၅ ဒသမ ၄၆၈)သန်းရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် (၁,၈၀၉ ဒသမ ၀၇၄) တန်တင်ပို့ကာ အမေရိကန် ဒေါ်လာ (၄ ဒသမ ၅၆၄) သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် (၁၆၆ ဒသမ ၃၂) တန်တင်ပို့ကာ အမေရိကန်ဒေါ်လာ (၀ဒသမ ၉၀၄) သန်းရရှိခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း (၄၀) ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်မှလည်း တိုက်ရိုက်တင်ပို့လျက်ရှိသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်သုံးလတာ ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်စုစုပေါင်း မက်ထရစ်တန် (၈၂,၇၇၃ ဒသမ ၈၁၁) တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၁၉ ဒသမ ၆၀၁) သန်း ရရှိထားကြောင်း သိရသည်။

Popular Myanmar

ထရမ့်က နိုင်ငံ ၁၅၀ ကျော်ကို အကောက်ခွန်အသစ် စည်းကြပ်မှုများအတွက် သတိပေးမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံပေါင်း ၁၅၀ ကျော်အား ၁၀% သို့မဟုတ် ၁၅% အကောက်ခွန်အသစ်များစည်းကြပ်မည်ဖြစ်ကြောင်း အသိပေးရန် အစီအစဉ်များကို ကြေညာခဲ့သည်။

ထရမ့်သည် ဇန်နဝါရီလတွင် တာဝန်စတင်ထမ်းဆောင်ပြီးနောက် ပြည်တွင်း စက်မှုလုပ်ငန်းများကို ကာကွယ်ရန် ကျယ်ပြန့်သော အကောက်ခွန်များကို စတင်ကာ အမေရိကန်ကုန်သွယ်ရေးမူဝါဒကို များစွာပြောင်းလဲခဲ့သည်။ ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော "Liberation Day" အစီအစဉ် အရ တင်သွင်းကုန်အများစုတွင် ၁၀% အကောက်ခွန် စည်းကြပ်မည် ဖြစ်ပြီး တရုတ်၊ မက္ကဆီကို၊ ကနေဒါနှင့် ဥရောပသမဂ္ဂကဲ့သို့သော အဓိက ကုန်သွယ်ဖက်နိုင်ငံများမှ ကုန်ပစ္စည်းများအတွက် ပိုမိုမြင့်မားသော နှုန်းထားများ သတ်မှတ်ခဲ့သည်။ သံမဏိ၊ အလူမီနီယမ်နှင့် မော်တော် ယာဉ်များအတွက် အပိုအကောက်ခွန်များကြောင့် ပျမ်းမျှအကောက်ခွန်နှုန်း များ သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ 

ဇူလိုင် ၁၆ ရက်နေ့တွင် အိမ်ဖြူတော်၌ သတင်းထောက်များအား ပြောကြား ရာတွင် ထရမ့်က "မိမိတို့သည် အကောက်ခွန်နှုန်းထား မည်မျှ ဖြစ်မည် ဆိုသည်ကို ဖော်ပြထားသည့် အသိပေးစာများကို နိုင်ငံပေါင်း ၁၅၀ ကျော် ကို ပို့မှာဖြစ်ပါသည်" ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းနိုင်ငံအများစုသည် အမေရိကန်နှင့် “အရေးမပါသော ၊ ကုန်သွယ်မှု မများသော” နိုင်ငံများဖြစ်ကြောင်း ဖြည့်စွက် ပြောကြား ခဲ့သည်။

ထိုနေ့ နှောင်းပိုင်းတွင် Real America's Voice ရုပ်သံဌာနနှင့် တွေ့ဆုံ မေးမြန်းရာတွင် ထရမ့်က အဆိုပါအကောက်ခွန်နှုန်းထားမှာ "၁၀% သို့မဟုတ် ၁၅% ဖြစ်နိုင်သည်" ဟု ရှင်းလင်းပြောကြားခဲ့သော်လည်း အဆုံးအဖြတ် ကိုမူ ယခုအချိန်ထိ မချမှတ်ရသေးကြောင်း ဖော်ပြခဲ့သည်။

အဆိုပါလုပ်ဆောင်ချက်သည် ထရမ့်၏ တိုက်ခိုက်မှုဆန်သော အကောက်ခွန် ကြေညာချက်များနောက်မှ လိုက်ပါလာခြင်းဖြစ်ပြီး မကြာသေးမီက ၎င်းသည် ဩဂုတ်လ ၁ ရက်မတိုင်မီ ကုန်သွယ်ဖက်နိုင်ငံများက ဝါရှင်တန် နှင့် ပိုမိုကောင်းမွန်သော သဘောတူညီချက်များ ညှိနှိုင်းမပြုလုပ်ပါက အကောက်ခွန်အသစ်များ စတင်အကျိုးသက်ရောက်မည်ဟု သတိပေးသည့် ကုန်သွယ်ရေးခြိမ်းခြောက်မှုများကို စတင်ခဲ့သည်။ အစီရင်ခံစာများအရ နိုင်ငံပေါင်း ၁၅၀ ကျော်သို့ အသိပေးစာများ ပေးပို့ခဲ့ပြီး ယခင် သတ်မှတ် ထားသော ဇူလိုင် ၉ ရက်နေ့ နောက်ဆုံးရက်ကို သုံးပတ်ရွှေ့ဆိုင်းကာ သက်ရောက်မည့် အကောက်ခွန်များကို ရှောင်ရှားရန် ထိခိုက်မည့် နိုင်ငံ များအကြား အလျင်အမြန် လုပ်ဆောင်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ကျယ်ပြန့်သော အကောက်ခွန်များ ပြန်လည်စတင်ချမှတ်ပြီးနောက် အမေရိကန်၏ စက်မှုလုပ်ငန်းလှုပ်ရှားမှုများ နှေးကွေးလာခဲ့ပြီး Institute for Supply Management ၏ အစီရင်ခံစာများတွင် ကုန်ထုတ်လုပ်မှု အားနည်းလာခြင်းနှင့် ထပ်တလဲလဲဖြစ်ပေါ်နေသော ပို့ဆောင်ရေး လမ်းကြောင်း ပိတ်ဆို့မှုများကို ဖော်ပြထားသည်။

စစ်တမ်းတစ်ခုအရ ကုမ္ပဏီများသည် ဆက်လက်ရပ်တည်နိုင်ရေး ရုန်းကန် နေရသည့် အခြေအနေတွင် ရှိနေပြီး ကုန်ကျစရိတ်များ တိုးလာခြင်းကို ဖောက်သည်များထံ မသက်ရောက်စေဘဲ ၎င်းတို့ဘာသာ ကျခံနေကြရသည်။ ထိုအတောအတွင်း ဈေးကွက်မတည်ငြိမ်မှုများ ဖြစ်ပေါ် ပြီးနောက် ယခင်က အကောက်ခွန်ခြိမ်းခြောက်မှုများ ပျော့ပျောင်းသွားခဲ့သည့် အတွက် ဈေးကွက်များက ထရမ့်၏ ခြိမ်းခြောက်မှုများကို တဖြည်းဖြည်း လျှော့တွက်လာကြသည်။ အစီရင်ခံစာများအရ ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာနမှ အရာရှိများက အကောက်ခွန်များ ဆက်လက်တည်ရှိနေ ပါက ငွေကြေးဈေးကွက် မတည်ငြိမ်မှုဖြစ်နိုင်သည်ဟု စိုးရိမ်ပူပန်မှုများ တိုးပွားလာခဲ့သည်ဟု ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဖျာပုံ    ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးစည်ဖောင်းခြောက် ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်ပင်လယ်ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာ က ပြောပြသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလက ငါးစည်ဖောင်းခြောက်ပိဿာချိန် ၄၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လအတွင်း ငါးစည်ဖောင်းခြောက် ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ငါးစည်ဖောင်းခြောက်က ပင်လယ်ငါးတွေဖြစ်တဲ့ ငါးရွှေ၊ နတ်ကတော်ငါး၊ ငါးရောင်၊ ငါးပုတ်သင် စတဲ့ ငါးတွေကို ဝမ်းဗိုက်ခွဲပြီး အတွင်းကရရှိတဲ့ စည်ဖောင်းတွေကို စနစ်ကျသန့်စင်နေပူလှန်းအခြောက်ခံပြီး ရရှိခြင်းဖြစ်ပါတယ်။ ငါးစည်ဖောင်းခြောက်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းလာတာကြောင့်အရောင်းအဝယ်ကောင်းခဲ့ပါတယ်။ ဒေသထွက် ငါးစည်ဖောင်းခြောက်တွေအပါအဝင် ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကထား တင်ပို့ရောင်းချတာဖြစ်ပါတယ်” ဟု ဖျာပုံမြို့နယ် ပင်လယ်ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာ က ပြောပြသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးစည်ဖောင်းတစ်ပိဿာချင်း ဈေးနှုန်းများမှာ ငါးရွှေစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၇၆၀၀၀၊ နတ်ကတော်စည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀၀၊ ငါးရောင်စည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၃၀၀၀ မှ၃၅၅၀၀၊ငါးပုတ်သင် စည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၇၇၀၀၀ စသည်ဖြင့် စည်ဖောင်းခြောက်အကြီးအသေးအပေါ် မူတည်ပြီး ဈေးအနိမ့်အမြင့် ရှိကြောင်း သိရသည်။

ကျော်ကျော်လင်း

ရတနာပုံသတင်းစာ

ကျောက်ဆည်မြို့နယ်၌ တိုက်နယ်(၄)ခုတွင် နွေစပါး(၃၆၁၂) ဧက ရိတ်သိမ်းရာ (၄၁၈၉၃၅)တင်းထွက်ရှိ

ကျောက်ဆည်၊ ဇူလိုင်-၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ်(၁၂)ခုရှိပြီး တိုက်နယ် (၄)ခုတွင် ဇူလိုင်(၁၅)ရက်နေ့ထိ နွေစပါး(၃၆၁၂)ဧက ရိတ်သိမ်းရာ (၄၁၈၉၃၅)တင်း ထွက်ရှိကြောင်း  မြို့နယ်မြေစာရင်း ဦးစီးဌာနမှ သိရသည်။ 

ထိုသို့ တိုက်နယ်များအလိုက် နွေစပါးရိတ်သိမ်းရာ၌ တိုက်နယ်(၃)တွင် (၁၇၀ )ဧက ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်း (၁၉,၁၈၃)တင်း၊ တိုက်နယ်(၅)တွင်(၂၂၄၄)ဧက ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်း(၂၆၂,၇၆၈)တင်း၊ တိုက်နယ်(၆)တွင် (၅၁၈)ဧက ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်း(၅၉,၈၀၄)တင်း၊ တိုက်နယ်(၈)တွင်(၆၈၀)ဧက ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်း (၇၇,၁၈၀)တင်း ထွက်ရှိခဲ့ပြီး စုစုပေါင်းရိတ်သိမ်းဧက(၃၆၁၂)ဧကနှင့် စုစုပေါင်း အထွက်တင်း (၄၁၈,၉၃၅) တင်း ထွက်ရှိကြောင်း သိရသည်။ 

ကျောက်ဆည်မြို့နယ်၌ နွေစပါးသီးနှံများစိုက်ပျိုးရာတွင် တိုက်နယ်များအလိုက်  မနော်သုခ၊ ရွှေမနော်၊ GW-11 နှင့်GW-18 စပါးမျိုးများ  စိုက်ပျိုးကြပြီး စပါးမျိုးကွဲများအလိုက် စုစုပေါင်း(၄၉၃၂)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

တရုတ်နိုင်ငံ၏ ယခုနှစ်ဒုတိယသုံးလပတ် စီးပွားရေးဖွံ့ဖြိုးနှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်းထိရှိ

ပေကျင်း ဇူလိုင် ၁၅ 
တရုတ်နိုင်ငံ၏ယခုနှစ်ဒုတိယ သုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ မျှော်မှန်းထားသည်ထက်ပို၍ အားကောင်းခဲ့ကြောင်း ယနေ့ သတင်းများတွင် ရေးသားဖော်ပြထားသည်။

တရုတ်အစိုးရက ယနေ့ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ယခုနှစ်ဧပြီလမှဇွန်လထိအကျုံးဝင်သောသုံးလတာကာလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး   (ဂျီဒီပီ)တိုးနှုန်းမှာ ၅ ဒသမ ၂ ရာခိုင်နှုန်းထိရှိခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် မြင့်မားလာခဲ့ကြောင်း သိရသည်။ 

သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ ယခုနှစ် ဒုတိယသုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ဘောဂဗေဒ ပညာရှင်အများအပြား ခန့်မှန်းထားသည်ထက် မြ​င့်မားခဲ့ကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားထားသည်။

တရုတ်နိုင်ငံ၏ယခုနှစ်ဒုတိယ သုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း မှာ ၅ ဒသမ ၁ ရာခိုင်နှုန်းထိသာ ရှိနိုင်ကြောင်း ဘောဂဗေဒ၊ ပညာရှင်များက ယခင်ကခန့်မှန်းထားသည်။

အမေရိကန်အစိုးရက တရုတ်ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်မှုများ ပြုလုပ်ထားသည့်တိုင် ယခုနှစ် ဒုတိယသုံးလပတ် စီးပွားရေးဖွံ့ဖြိုးနှုန်းမှာ မျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းလာခြင်းဖြစ်သည်။ တရုတ် ကွန်မြူနစ်ပါတီ

ပေါ်လစ်ဗျူရိုကော်မတီသည် ယခုလကုန်ပိုင်းတွင် ကျင်းပမည့် အစည်းအဝေး၌ ၂၀၂၅ ခုနှစ် လက်ကျန်လများအတွက် စီးပွားရေးမူဝါဒများချမှတ်ဖွယ်ရှိကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper
 
အမေရိကန်နှင့် အင်ဒိုနီးရှား ကုန်သွယ်ရေး သဘောတူညီမှု ရရှိ၊ အမေရိကန်က အင်ဒိုနီးရှားသွင်းကုန်အပေါ် အခွန် ၁၉ % သာ ကောက်ခံမည်

အမေရိကန်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ အခွန်ကိစ္စများ ဆွေးနွေးပြီးနောက် ယခုအခါ အမေရိကန်သည် အင်ဒိုနီးရှားမှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၁၉ % သာ ကောက်ခံရန် သဘောတူညီချက် ရရှိသွားကြောင်း ဒေါ်နယ် ထရမ့်က ၎င်း၏ ထရမ့်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသား ဖော်ပြ ထားပါသည်။

ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်ရက်သတ္တပတ်က အရှေ့တောင် အာရှ နိုင်ငံများအပါအဝင် နိုင်ငံအများအပြားကို အခွန်နှုန်းထားသစ်ဖြင့် စည်းကြပ်ရန် အကြောင်းကြားစာပေးပို့ခဲ့ရာ ထိုအခါက အင်ဒိုနီးရှားမှ တင်သွင်းကုန်များအပေါ် အခွန် ၃၂ % ကောက်ခံရန် သတ်မှတ် ကြေညာ ခဲ့သည်။

ယခုအခါ နှစ်နိုင်ငံသမ္မတတို့အကြား ဆွေးနွေးညှိနှိုင်းများအရ  အမေရိကန် သည် အင်ဒိုနီးရှားတင်သွင်းကုန်အပေါ် အခွန် ၁၉ % သာ ကောက်ခံ တော့မည်ဖြစ်ပါသည်။ သို့ရာတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အမေရိကန် နိုင်ငံမှ ဒေါ်လာဘီလီယံချီတန်သော ကုန်ပစ္စည်းများ ဝယ်ယူရန် ကတိကဝတ် ပြုလိုက်ရပါသည်။ ထိုထဲတွင် အင်ဒိုနီးရှားသည် အမေရိကန်ထံမှ စွမ်းအင်ပစ္စည်း ဒေါ်လာ ၁၅ ဘီလီယံ၊ စိုက်ပျိုးရေးထွက်ကုန် ဒေါ်လာ ၄.၅ ဘီလီယံနှင့် ဘိုရင်းလေယာဉ် အစီး ၅၀ ဝယ်ယူရန် ကတိပြု ထားကြောင်း၊ အပြီးသတ်သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်သည့် အတွက် ဂုဏ်ယူပါကြောင်း ထရမ့်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသား ဖော်ပြထားပါသည်။

ကိုးကား- Aljazeera

Photo: MSN

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးပုတ်သင်ပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

လပွတ္တာ   ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်း ငါးပုတ်သင်ပိဿာချိန် ၇၀၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်းလပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်ခိုင်က ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် မေလအတွင်းက ငါးပုတ်သင် ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီးဇွန်လအတွင်း ငါးပုတ်သင်ငါးပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးပုတ်သင်များကို ပြည်တွင်းဈေးကွက်က ဝယ်ယူမှုအားကောင်းလာခြင်းကြောင့် တင်ပို့အားတက်လာခြင်းဖြစ်ကြောင်း သိရသည်။

ဒေသထွက် ရေထွက်ကုန်တွေထဲမှာ ငါးပုတ်သင်တွေ ပိုမိုတင်ပို့ရောင်းချအားကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်း ငါးပုတ်သင်ပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒေသပွဲရုံတွေဆီ ငါးပုတ်သင်တွေ ပုံမှန်ဝင်ရောက်နေပါတယ်။ ပွဲရုံတွေဆီ ဝင်လာတဲ့ ငါးတွေကလဲ လတ်ဆတ်မှုရှိပါတယ်။ ကုန်တင်ပို့အား တက်လာတော့ ရေလုပ်ငန်းနဲ့ ဆက်စပ်နေသူတွေ အဆင်ပြေနေတာတွေ့ရပါတယ်။ ဒီဘက်ဒေသကထွက်တဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ကိုပဲ အဓိကတင်ပို့ရောင်းချနေပါတယ်” ဟု လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်ခိုင် က ပြောပြသည်။

လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ငါးပုတ်သင်များအပါအဝင် ဒေသထွက်ရေထွက်ကုန်များကို ဝယ်ယူပြီး စနစ်တကျ ထုပ်ပိုးသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လက်ရှိတွင် ငါးပုတ်သင်ငါး တစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀၀ မှ ၂၂၀၀၀ ထိပေါက်ဈေးရှိကြောင်း သိရသည်။

မြေရှားသတ္တုတွင်း ပိုင်ဆိုင်သည့် ကုမ္ပဏီတွင် ပင်တဂွန်က ရှယ်ယာ ဒေါ်လာ သန်း ၄၀၀ ဖိုး ဝယ်ယူ

ကာကွယ်ရေးဝန်ကြီးဌာနသည် MP materials ကုမ္ပဏီ၏ စတော့ ရှယ်ယာ ဒေါ်လာသန်း ၄၀၀ ဖိုး ဝယ်ယူခြင်းဖြင့် ကုမ္ပဏီတွင် ရှယ်ယာ အများအပြား ပိုင်ဆိုင်သူဖြစ်လာမည်ဖြစ်ကြောင်းနှင့် စက်ရုံအသစ် တည်ဆောက် နိုင်ရန်ကူညီခြင်းဖြင့် တရုတ်ဈေးကွက်ကို ရှောင်လွှဲနိုင်ရန် လုပ်ဆောင် နေကြောင်း မြေရှား သတ္တုတူးဖော်သည့် MP materials ကုမ္ပဏီက ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် ပြောကြားခဲ့သည်။

အမေရိကန် လက်နက်စနစ်များအတွက် အရေးကြီးသည့်ပစ္စည်း ဖြစ်သော်လည်း တရုတ်ကုမ္ပဏီများ ကြီးစိုးနေသည့် မြေရှားသတ္တု ထုတ်လုပ်မှုကို ထရမ့်အစိုးရက မည်မျှအထိ ထောက်ပံ့ပေးရန် ဆန္ဒ ရှိနေကြောင်း အဆိုပါ သဘောတူညီချက်က ဖော်ပြနေပါသည်။

Las Vegas အခြေစိုက် MP materials သည် ကယ်လီဖိုးနီးယားပြည်နယ် Mountain Pass ရှိ အမေရိကန်၏ တစ်ခုတည်းသော မြေရှားသတ္တုတွင်း ကို ပိုင်ဆိုင်ပါသည်။

MP materials ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Jim Litinsky က ကုမ္ပဏီသည် US ရှိ မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်ကို အပြည့်အဝ ပြန်လည်ထူထောင်ရန်နှင့် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများ အတွက် တစ်ခုတည်းသောအားနည်းချက်ကို ဖယ်ရှားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ မကြာသေးမီကဖြစ်ရပ်များသည် ထိုကိစ္စ၏ အရေးကြီးမှုအားမီးမောင်းထိုးပြခဲ့သည်ဟု ရင်းနှီးမြှုပ်နှံသူများ နှင့် ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွေ့ဆုံမှုတွင် Litinsky က ပြောကြား ခဲ့ပါသည်။

အမေရိကန်နှင့် တရုတ်တို့ကြား ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အငြင်းပွား မှုတွင် မြေရှားသတ္တုသည် အပေးအယူလုပ်စရာကိစ္စတစ်ခု ဖြစ်လာခဲ့ ပါသည်။ လွန်ခဲ့သည့်နှစ်များအတွင်း Mountain Pass မိုင်းသည် တရုတ် ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ရုန်းကန်ခဲ့ရပါသည်။ တရုတ် ကုမ္ပဏီ အများစုမှာ အစိုးရပိုင်လုပ်ငန်းများဖြစ်ပြီး အစိုးရ အထောက်အပံ့ အများ အပြားရသည့်အပြင် အလုပ်သမားနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကုန်ကျစရိတ်များ သက်သာပါသည်။ မြေရှားသတ္တုတွင်း၏ ယခင် ပိုင်ရှင် ဖြစ်သော Molycorp သည် ၂၀၁၅ ခုနှစ်တွင် ဒေဝါလီခံရန် လျှောက်ထား ခဲ့ပြီးနောက် MP materials က ထိုမိုင်းကို ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ 

MP materials ၏ ရှယ်ယာများကို ပင်တဂွန်က ဝယ်ယူရန် သဘော တူညီချက်သည် MP materials တွင် တရုတ်ရှယ်ယာပါဝင်မှုကိုလည်း လျော့နည်းစေသည်။ ယခုအချိန်တွင် Shenghe resources ဟုခေါ်သော တရုတ်ကုမ္ပဏီသည် MP ၏စတုတ္ထအကြီးဆုံးရှယ်ယာရှင်ဖြစ်ပြီး အကြမ်းဖျင်း အားဖြင့် အစုရှယ်ယာ ၈ ရာခိုင်နှုန်းရှိကြောင်း Bloomberg သတင်းက ဆိုပါသည်။

ကိုးကား- The Washington Post

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်မိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နစက

Apple က iPhone အတွက် အရေးကြီး ကုန်ကြမ်းတစ်ခုကို အမေရိကန်ထံမှ ဝယ်ယူရန် ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံ

Apple က အမေရိကန်ရှိ မြေရှားသတ္တုကုမ္ပဏီ MP Materials နှင့် ဒေါ်လာ ၅၀၀ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး သမ္မတ Trump ၏ ဖိအား ကြောင့် iPhone ထုတ်လုပ်မှုကို ပြည်တွင်းတွင် ပြုလုပ်ရန် လုပ်ဆောင် လျက်ရှိသည်။

ဇူလိုင် ၁၅ ရက်တွင် ကြေညာခဲ့သော ပူးပေါင်းဆောင်ရွက်မှုအရ Apple သည် MP Materials မှ မြေရှားသတ္တုအားအခြေခံသည့် သံလိုက် ကုန်ကြမ်းများကို တိုက်ရိုက်ဝယ်ယူမည်ဖြစ်ကာ အမေရိကန် ထောက်ပံ့ရေး ကွင်းဆက်ကို အားဖြည့်ပေးမည်ဖြစ်သည်။ ထို့အပြင် Apple သည် ကယ်လီဖိုးနီးယားတွင် အသစ်တည်ဆောက်မည့် Recycle စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး Recycle အခြေခံ မြေရှားသတ္တု ပစ္စည်း များကို Apple ထုတ်ကုန်များတွင် အသုံးပြုရန် စီစဉ်ထားသည်။

ယခုလုပ်ဆောင်ချက်သည် Apple ၏ အမေရိကန်တွင် လုပ်ငန်းချဲ့ထွင်ရန် ဒေါ်လာ ၅၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ထရမ့် အစိုးရအနေဖြင့် နည်းပညာထုတ်လုပ်မှုကို ပြည်တွင်းသို့ ပြန်လည်ရွှေ့ပြောင်းကာ တရုတ်အပေါ် မှီခိုမှုလျှော့ချရန် အားထုတ် နေချိန်ဖြစ်သည်။ စမတ်ဖုန်းမှသည် တီဗီနှင့် စစ်လေယာဉ်များအထိ အရေးပါသော မြေရှားသတ္တုများသည် အမေရိကန်-တရုတ် ကုန်သွယ်ရေး ဆွေးနွေးပွဲများတွင် အဓိက အလှည့်အပြောင်းအဖြစ် ပါဝင်နေသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်သည် မြေရှားသတ္တုများ ပြုပြင် ထုတ်လုပ်မှု၏ ၉၀% နီးပါးကို ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။

“အမေရိကန်တီထွင်မှုများသည် မိမိတို့ Apple တွင် လုပ်ဆောင်သမျှ၏ အခြေခံဖြစ်ပြီး အမေရိကန်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို နက်ရှိုင်း စေရန် ဂုဏ်ယူပါသည်” ဟု Apple CEO Tim Cook က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ “မြေရှားသတ္တု ဆက်စပ်ပစ္စည်းများသည် အဆင့်မြင့် နည်းပညာ ထုတ်လုပ်ရန်အတွက် အရေးကြီးပြီး အဆိုပါ ပူးပေါင်းမှုသည် အမေရိကန်တွင် ထိုအရေးပါသော ကုန်ကြမ်းများ ရရှိမှု ကို ပိုမိုခိုင်မာစေမည်ဖြစ်သည်” ဟု ဆိုသည်။

MP Materials ၏ တက္ကဆက်ပြည်နယ် Fort Worth ရှိ စက်ရုံသည် Apple ထုတ်ကုန်များအတွက် အရေးပါသည့် ကုန်ကြမ်းများ ထုတ်လုပ် နိုင်မည့် စက်လိုင်းတစ်ခု တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် စတင် ပို့ဆောင်မည်ဖြစ်ကာ Apple ပစ္စည်းသန်းပေါင်းများစွာအတွက် အထောက်အပံ့ ဖြစ်စေမည်ဟု MP Materials က ဆိုသည်။ ထိုကုန်ကြမ်းများကို အမေရိကန်တစ်ဝှမ်းနှင့် ကမ္ဘာတစ်ဝှမ်းသို့ ဖြန့်ဖြူးပေးမည်ဖြစ်သည်။

Apple က အဆိုပါ တိုးချဲ့စီမံကိန်းဖြင့် အလုပ်အကိုင်အသစ်များစွာ ဖန်တီးပေးမည်ဟု ဆိုကာ ကုမ္ပဏီနှစ်ခုစလုံးသည် အမေရိကန်လုပ်သားများအားသံလိုက်ကုန်ကြမ်းထုတ်လုပ်မှုအတွက် လေ့ကျင့်သင်ကြားပေးမည် ဖြစ်သည်ဟု ဆိုသည်။

ကိုးကား- CNN

မွမ်ဘိုင်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန်ဆွေးနွေး

မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန် ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး Alexander Sergeevich Shatirov တို့ဆွေးနွေးခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် ဇူလိုင် ၁၄ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပို့/ဆက်ဝန်ကြီးရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရေး၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံများတည်ဆောက်ရေးကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အရည်အသွေးကောင်းမွန်သော သဘာဝမြေ ဩဇာများတင်သွင်းရေး၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးနည်းပညာများမျှဝေရေးနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။