သတင်းများ

ကျောက်ဆည်မြို့နယ်တွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ငရုပ်သီးနှံ (၅၂၅၅၂) ဧက လျာထား စိုက်ပျိုးလျက်ရှိရာ တိုက်နယ် (၆) နယ်တွင် (၄၃၈၈) ဧကစိုက်ပျိုးပြီးဖြစ်

ကျောက်ဆည်၊ ဇူလိုင်-၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ်(၁၂)ခုရှိပြီး ဒေသတွင်း စိုက်ပျိုး သီးနှံများ ဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့်ပူးပေါင်း၍ လျာထားစိုက်ပျိုးလျက် ရှိရာ ၂၀၂၄-၂၀၂၅ခုနှစ်တွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ငရုပ်သီးနှံ(၄၉၀၈၃)ဧက လျာထားပြီး တိုက်နယ် (၆)နယ်တွင် (၄၃၈၈)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။ 

တိုက်နယ် (၆) နယ်၌ ကျေးရွာအုပ်စု (၅) အုပ်စုပါဝင်ပြီး အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် နွေစပါး (၂၃၈) ဧက၊ နွေနှမ်း (၁၂၅၁) ဧက၊ မိုးကြိုပဲတီစိမ်း (၄၄၁) ဧက၊ ငရုပ် (၅၆) ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင် နွေစပါး (၁၅၃) ဧက၊ နွေနှမ်း (၆၁) ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင် နွေစပါး (၁၂၇) ဧက၊ နွေနှမ်း (၇၄၉) ဧက၊ မိုးကြိုပဲတီစိမ်း (၅၈) ဧက၊ ရွှေဒါးကျေးရွာအုပ်စုတွင် နွေနှမ်း (၄၉၈) ဧက၊ မိုးကြိုပဲတီစိမ်း (၇၅) ဧက၊ ရဲဘော်ကြီး ကျေးရွာအုပ်စု တွင် နွေနှမ်း (၁၁၈) ဧက၊ မိုးကြိုပဲတီစိမ်း (၅၆၃) ဧက စုစုပေါင်း (၄၃၈၈) ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

စီမံကိန်းလျာထားသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ မျှော်မှန်းအထွက်နှုန်းရရှိရေး၊ ဒေသနှင့်ကိုက်ညီသည့် အောင်မြင်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များနှင့် အပင်ပြုစုခြင်း၊ အလေအလွင့် နည်းပါးစွာ ရိတ်သိမ်းချွေလှေ့ခြင်း နည်းပညာများ ဖြန့်ဝေပေးလျက်ရှိပြီး ၊ စိုက်ပျိုးရေများလည်း လုံလောက်စွာ ပေးဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)

လပွတ္တာ   ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ရေဘဝဲပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သန်းသန်းဌေး က ပြောပြ၍ သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ရေဘဝဲပိဿာချိန် ၄၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လအတွင်း ရေဘဝဲပိဿာချိန် ၆၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။

ဒေသထွက်ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ဇွန်လအတွင်း ရေဘဝဲပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေဘဝဲတွေရဲ့ လတ်ဆတ်မှုနဲ့ အရွယ်အစား၊ အလေးချိန်ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိပါတယ်။ လက်ရှိမှာလဲ ရေဘဝဲတွေ အဝယ်လိုက်နေပါတယ်။ ဒီဘက်ကနေထွက်တဲ့ ရေဘဝဲတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကိုလဲ တင်ပို့ရောင်းချနေပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သန်းသန်းဌေး က ပြောပြသည်။

လပွတ္တာမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ရေဘဝဲလက်ရှည် တစ်ကီလိုလျှင် ငွေကျပ် ၂၇၀၀၀၊ ရေဘဝဲ လက်တို တစ်ကီလိုလျှင် ငွေကျပ် ၂၄၅၀၀ ထိပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲများ တင်ပို့မှုအားကောင်းလာသည့်အတွက် ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းကောင်းနေကြောင်း သိရသည်။

ကျော်ကျော်လင်း

ရတနာပုံသတင်းစာ

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၂၈၀၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ   ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစုံ ၂၈၀၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြိုု့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၂၈၀၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ မြေပဲ၊ နှမ်း၊ နေကြာစတဲ့ ဆီထွက်သီးနှံစုံ၂၈၀၂၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဆီထွက်သီးနှံအလိုက် လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်းကောင်းမွန်ဖို့ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံစိုက် တောင်သူများကို တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့် ကိုက်ညီသောမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆီထွက်သီးနှံများကို အထွက်နှုန်းနှင့် အရည်အသွေးတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဆီးထွက်သီးနှံများကို ဒေသမရွေးတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ရဲဝင်းနိုင် (ညောင်ဦး)

ရုရှားနိုင်ငံ၏ အရန်ရွှေပမာဏ ၁၀ နှစ်အတွင်း အမြင့်ဆုံး အဆင့်သို့ရောက်ရှိ

ရုရှားနိုင်ငံ၏ အရန်ရွှေပမာဏသည် ယခုနှစ် ပထမခြောက်လ အတွင်းမှာပင် တန်ဖိုးအားဖြင့် ဒေါ်လာ ၂၄၈ ဒသမ ၇ ဘီလီယံအထိ  စံချိန်တင်မြင့်တက်လာခဲ့ခြင်းကြောင့်  ယခုနှစ်အစပိုင်းမှစတင်၍ ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။

ရုရှားနိုင်ငံ၏ အရန်ရွှေပမာဏ မြင့်တက်လာခြင်းတွင် အကြောင်းရင်းနှစ်မျိုး ပါဝင်လျက်ရှိပြီး ပထမအကြောင်းရင်းမှာ ဗဟိုဘဏ်က ရွှေတုံးများနှင့် ရွှေချောင်းများကို ဝယ်ယူ၍ အရန်ရွှေပမာဏအတွင်းသို့ ထပ်မံ ပေါင်းထည့်ခြင်း ဖြစ်သည်။

ဒုတိယအကြောင်းရင်းမှာ ဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ရုရှားဗဟိုဘဏ်ရှိ အရန်ရွှေများ၏ ဈေးနှုန်းမှာလည်း တန်ဖိုးအားဖြင့်လိုက်ပါ မြင့်တက်လာခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံ    ပလီခါနော့ဗ် စီးပွားရေး တက္ကသိုလ်ရှိ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဈေးကွက်နှင့်   ဘဏ္ဍာရေးဆိုင်ရာနည်းပညာဌာနမှ    ယာယီအကြီးအကဲဖြစ်သူ ဆဗက်လာနာဖရူမီနာက ပြောကြားသည်။

၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်းမှာပင် ငွေဖြစ်လွယ်သည့်သတ္တု သို့မဟုတ် ရွှေ၏ဈေးနှုန်းသည် တစ်အောင်စလျှင် ဒေါ်လာ ၃၃၀၀ အထိ မြင့်တက်လာခြင်းကြောင့် တန်ဖိုးအားဖြင့် ၂၄ ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့ကြောင်း TradingView တွင် ဖော်ပြထားသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့က ၎င်းတို့နိုင်ငံအတွင်းရှိ ရုရှားနိုင်ငံမှပိုင်ဆိုင်သည့် ဘဏ္ဍာရေးအရင်းအမြစ်များနှင့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ပြီးချိန်မှစ၍ ရုရှားနိုင်ငံသည် နိုင်ငံခြား အရန်ငွေ အတွက် ထားရှိသည့် အရန်ရွှေပမာဏနှင့် နိုင်ငံအတွက် ထိန်းသိမ်းထားသည့် အရန်ရွှေပမာဏ ပိုမိုတိုးမြင့်လာစေရန်အတွက် ရွှေဝယ်ယူမှုကို တိုးမြှင့်ခဲ့သည့် အပြင် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးများအစား  တရုတ်ယွမ်ငွေ အမြောက်အမြားကိုပါ ဝယ်ယူခဲ့ကြောင်း Freedom Finance Global မှ ကျွမ်းကျင်သူနှင့် အကဲဖြတ်သူတစ်ဦးဖြစ်သူ ဗလာဒီမာချာနော့ဗ်က ပြောကြားထားသည်။

ထို့ပြင်  ရုရှားအစိုးရသည်  ငွေကြေးဖောင်းပွမှုကို  ထိန်းချုပ်ရန်၊  ပြည်တွင်းကုန်ပစ္စည်းများ ထုတ်လုပ်မှုကို   အကာအကွယ်ပေးရန်နှင့် နိုင်ငံ့ငွေကြေးဖြစ်သည့် ရူဘယ်တန်ဖိုးမြင့်တက် လာစေရန်အတွက် ရွှေကိုအဓိကထား၍ အရန်ငွေကြေးအဖြစ် စုဆောင်းလာခြင်းဖြစ်သည်။   ထို့ပြင် ဗလာဒီမာပူတင်အစိုးရ၏ ငွေကြေးဆိုင်ရာ မူဝါဒများကြောင့် ရူဘယ်ငွေကြေးတန်ဖိုးသည် ယခုနှစ် ဇူလိုင်လအတွင်း၌ ယူရိုငွေကြေးနှင့် လဲလှယ်ရာတွင် ၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

MWD Web Portal

ထောပတ်သီးအခြေခံအလှကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီးမှ ထုတ်လုပ်သည့် အခြေခံအလှကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

ထောပတ်သီးမှ အခြေခံထုတ်လုပ်သည့် အလှကုန်ပစ္စည်းများ တင်ပို့လိုပါက တရုတ်နိုင်ငံ အလှကုန်ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းမျဉ်း (Cosmetic Supervision and Administration Regulation-CSAR)မှ ထုတ်ပြန်ထားသည့် Special Cosmetics နှင့် General Cosmetics လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ထောပတ်သီးနှင့် ထောပတ်သီးနှင့်ဆက်စပ်သည့် တန်ဖိုးမြင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ လက်ရှိတွင် ထောပတ်သီးစိမ်းကို လတ်ဆတ်သော သစ်သီးဝလံအဖြစ် တင်ပို့နိုင်ရေးအတွက် အန္တရာယ်ရှိ ဖျက်ပိုးများအတွက် လေ့လာအကဲဖြတ်ခြင်း (Pest Risk Analysis (PRA))ကို အဝေးရောက် စနစ်ဖြင့် လေ့လာအကဲဖြတ်ခြင်း (Remote Video Inspection) ကျင့်သုံးဆောင်ရွက်ရန် နှစ်နိုင်ငံအကြား သဘောတူပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထောပတ်သီးနှင့် ဆက်စပ်သောတန်ဖိုးမြှင့် စားသောက်ကုန်များဖြစ်သည့် ထောပတ်သီးဆီ၊ ဖျော်ရည်များ၊ အေးခဲသစ်သီးများကို GACC ၏ CIFER system မှတဆင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

Popular Myanmar

ထရမ့်က ဂျပန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို ကြေညာ

သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်သို့ တင်ပို့မည့် ကုန်ပစ္စည်းများအတွက် ဂျပန်ဘက်မှ အကောက်ခွန် ၁၅% ပြန်လည်ပေးဆောင်ရမည့် ကုန်သွယ်ရေးသဘောတူညီချက်ကို အင်္ဂါနေ့ (ဇူလိုင် ၂၂) ညအချိန်တွင် ကြေညာခဲ့သည်။

"မိမိတို့အနေဖြင့် ဂျပန်နှင့် အကြီးစား သဘောတူညီချက်တစ်ခုကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါပြီ။ လက်ရှိအချိန်ထိ ချုပ်ဆိုခဲ့ဖူးသမျှ အကြီးဆုံး သဘော တူညီချက်လည်း ဖြစ်နိုင်ပါသည်" ဟု ထရမ့်က Truth Social တွင် ရေးသား ဖော်ပြခဲ့သည်။

သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဂျပန်ဘက်မှ အမေရိကန် ပြည်ထောင်စုသို့ အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်ဘက်မှ အကျိုးအမြတ်၏ ၉၀% ကို ရရှိမည်ဟု ထရမ့်က ဖြည့်စွက် ပြောကြားခဲ့ သော်လည်း ထိုရင်းနှီးမြှုပ်နှံမှုများ မည်သို့လုပ်ဆောင်မည် သို့မဟုတ် အမြတ်ငွေများကို မည်သို့တွက်ချက်မည်ဆိုသည့် အချက်အလက်များကို ၎င်းက ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်း မရှိဘဲ လက်ရှိအချိန်အထိ တရားဝင် သဘောတူညီချက် အထောက်အထားများကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

“အဆိုပါသဘောတူညီချက်သည် သိန်းနှင့်ချီသောလူများစွာအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်ပြီး ဂျပန်ဘက်မှ အိမ်စီးကားနှင့် ထရပ်ကား၊ ဆန်နှင့် အခြားစိုက်ပျိုးရေး ထွက်ကုန်များ အပါအဝင် ကုန်သွယ်ရေးအတွက် တံခါးဖွင့်ပေးမည့်အပြင် အမေရိကန် ကို ၁၅% ပြန်လည်ပေးဆောင်ရမည့် အကောက်ခွန်များလည်း ပေးဆောင်ရမည် ဖြစ်ပါသည်" ဟု ထရမ့်က ရေးသားဖော်ပြခဲ့သည်။

နှစ်ဖက်စလုံးက တင်းမာမှုများရှိခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း ထရမ့်က အဆိုပါသဘောတူညီချက်သည် အမေရိကန်ပြည်ထောင်စုအတွက် အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းသော အချိန်ဖြစ်ပြီး ဂျပန်နိုင်ငံနှင့် အလွန် ကောင်းမွန်သော ဆက်ဆံရေးကို အမြဲထိန်းသိမ်းထားနိုင်မည်ဟု ပြောကြားခဲ့သည်။

ထရမ့်က ဧပြီလတွင် ကုန်သွယ်ခွန် စည်းကြပ်မှုကို ၉၀ ရက်ကြာ မရွှေ့ ဆိုင်းမီက ဂျပန်မှ ကုန်ပစ္စည်းများသည် ၂၄% ပြန်လည်ပေးဆောင်ရမည့် အကောက်ခွန်ကို ခဏတာ ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်မှစ၍ အမေရိကန် နှင့် ကုန်သွယ်ဖက်နိုင်ငံများမှ ပို့ကုန်ပစ္စည်းများအပေါ် အနည်းဆုံး ၁၀% အကောက်ခွန် ပေးဆောင်ခဲ့ရသည်။ 

ကိုးကား- CNN

Photo: Al Jazeera

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ကျိုုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း လယ်ဂဏန်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

ကျိုက်လတ်  ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း လယ်ဂဏန်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းကျိုက်လတ်မြို့နယ် ရေထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်စုစုထွေး က ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက လယ်ဂဏန်းပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လအတွင်း လယ်ဂဏန်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ လယ်ဂဏန်းများကို ရန်ကုန် ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။

“ရန်ကုန်ဈေးကွက်ထဲကို တင်ပို့ရောင်းချနေတဲ့ ဂဏန်းတွေက လယ်ကွင်းထဲက ဖမ်းယူရရှိတာဖြစ်ပါတယ်။ လယ်ဂဏန်းတွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲ အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း လယ်ဂဏန်း ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိမှာလဲ ဒီဘက်ကနေ တင်ပို့ရောင်းချတဲ့ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်” ဟု ကျိုက်လတ်မြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်စုစုထွေး က ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှဂဏန်းများအပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီးတင်ပို့ရောင်းချနေသည့် လယ်ဂဏန်း ၁၀ ပိဿာလျှင် ငွေကျပ် ၈၈၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးမျိုးကွဲများအလိုက် (၅၂၈၁၇) ဧက လျာထား စိုက်ပျိုး

ကျောက်ဆည်၊ ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးများကို ရေသောက်နည်းလမ်းများဖြင့် စပါးမျိုးကွဲများအလိုက်(၅၂၈၁၇)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် မြေစာရင်း ဦးစီးဌာနမှ သိရသည်။

ထိုသို့ စိုက်ပျိုးရာ၌ ဧရာမင်း (၄၈၂၉၃) ဧက၊ မနောသုခ (၂၅၂၄) ဧက၊ ရွှေမနော် (၁၅၀၀) ဧက၊ အောင်နိုင်တိုး (၂၀၀) ဧက၊ GW-11 (၃၀၀) ဧက စုစုပေါင်း (၅၂၈၁၇) ဧကဖြစ်ကြောင်းနှင့် မိုးစပါးများကို ဇော်ဂျီဆည်ရေသောက် စနစ်ဖြင့် (၃၅၉၉၄) ဧက၊ကင်းတားရေသောက်စနစ်ဖြင့် (၁၆၀၂၇) ဧက၊ သစ်တက္ကုန်းဆည်ရေသောက်စနစ်ဖြင့် (၄၃၆) ဧက၊ မိုးရေဖြင့် (၂၅၀) ဧက၊ မြေအောက်ရေ (စက်ရေတွင်း) ဖြင့် (၁၁၀) ဧက လျာထားစိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့အနေဖြင့် လျာထားမိုးစပါးသီးနှံများ ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်ပူးပေါင်း၍ စိုက်လျက်ရှိကြောင်းနှင့် စိုက်ပျိုးသီးနှံများအောင်မြင်စေရေး သက်ဆိုင်ရာ ဦးစီးဌာနများမှ ဒေသနှင့်ကိုက်ညီသည့်မျိုးများဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များအား အသိပညာပေး ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(၃)လအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် (၂,၀၀၀) နီးပါး တင်ပို့နိုင်ခဲ့

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဇွန်လအထိ ပြည်ပသို့ ပုစွန်မက်ထရစ်တန် (၂,၀၀၀) နီးပါး တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ဇွန်လ (၃၀) ရက်အထိ သုံးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် (၁,၉၇၅ ဒသမ ၃၉၄)တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၅ ဒသမ ၄၆၈)သန်းရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် (၁,၈၀၉ ဒသမ ၀၇၄) တန်တင်ပို့ကာ အမေရိကန် ဒေါ်လာ (၄ ဒသမ ၅၆၄) သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် (၁၆၆ ဒသမ ၃၂) တန်တင်ပို့ကာ အမေရိကန်ဒေါ်လာ (၀ဒသမ ၉၀၄) သန်းရရှိခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း (၄၀) ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်မှလည်း တိုက်ရိုက်တင်ပို့လျက်ရှိသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်သုံးလတာ ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်စုစုပေါင်း မက်ထရစ်တန် (၈၂,၇၇၃ ဒသမ ၈၁၁) တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၁၉ ဒသမ ၆၀၁) သန်း ရရှိထားကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးမြစ်ချင်းပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

ဝါးခယ်မ   ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးမြစ်ချင်းပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဝါးခယ်မမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ရီရီတင့် ကပြောပြသည်။

ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မေလအတွင်းက ငါးမြစ်ချင်း ပိဿာချိန် ၅၄၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီးယခုနှစ် ဇွန်လအတွင်း ငါးမြစ်ချင်းပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ရေထွက်ကုန်ပစ္စည်းတွေအများအပြားတင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ မေလကထက် ဇွန်လထဲမှာ ပိဿာချိန် တော်တော်များများထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကနေ အဝယ်လိုက်နေတာကြောင့် တင်ပို့အားရှိခဲ့တာဖြစ်ပါတယ်။ ရေထွက်ကုန်တွေကို ကုန်လမ်းခရီးကအဆင်ပြေလို့ ကုန်တင်ကားတွေနဲ့အဓိက တင်ပို့ရောင်းချနေပါတယ်” ဟု ဝါးခယ်မမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီတင့် က ပြောပြသည်။

အဆိုပါ ဝါးခယ်မမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ငါးမြစ်ချင်း ၁၀ပိဿာလျှင် ငွေကျပ် ၁၆၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ဝါးခယ်မမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ရီရီတင့် က ဆက်လက်ပြောပြ၍ သိရသည်။