သတင်းများ

လူလာနှင့် မိုဒီတို့က အမေရိကန်၏ ကုန်သွယ်ခွန်မြှင့်တင်မှုများကို ပြန်လည်တုံ့ပြန်

ဘရာဇီးနှင့် အိန္ဒိယခေါင်းဆောင်များသည် အမေရိကန်၏ ကုန်သွယ်ခွန် မြှင့်တင်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက် မှုနှင့် တရားမျှတသော ကုန်သွယ်ရေးကို ထောက်ခံကြောင်း ဘရာဇီး အစိုးရ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါ ဆေးလ်ဗာ သည် အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ နှင့် ကမ္ဘာ့ စီးပွားရေးအခြေအနေနှင့် ကုန်သွယ်ရေးတင်းမာမှုများကို ဖြေရှင်းရန် ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် တစ်နာရီကြာ ဖုန်းဆက် ပြောဆို ဆွေးနွေး ခဲ့ကြသည်။

ထုတ်ပြန်ချက်အရ ခေါင်းဆောင်နှစ်ဦးသည် ဘက်ပေါင်းစုံပူးပေါင်းမှုကို ကာကွယ်ရန်နှင့် လက်ရှိကမ္ဘာ့စိန်ခေါ်မှုများကိုရင်ဆိုင်ရန် အရေးကြီးပုံကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး နှစ်နိုင်ငံအကြား နက်ရှိုင်းသော ပူးပေါင်း ဆောင်ရွက်မှုများလုပ်ဆောင်နိုင်ရန် ညှိနှိုင်းခဲ့ကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရာဇီးသမ္မတဟောင်း ဂျိုင်ယာ ဘိုလ်ဆိုနာရိုအား ၂၀၂၂ ရွေးကောက်ပွဲအရေးနိမ့်ပြီးနောက် အာဏာသိမ်းရန် ကြံစည်မှုဖြင့် တရားစွဲဆိုနေသည့်ကိစ္စနှင့်ဆက်စပ်၍ ဇူလိုင် ၃၀ ရက်တွင် ဘရာဇီးကုန်ပစ္စည်းများအပေါ် ၅၀% ကုန်သွယ်ခွန် စတင်ကောက်ခံမှု နောက်ပိုင်း တိုက်ရိုက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ထရမ့်က ဘရာဇီး ကို အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် စွပ်စွဲခဲ့ပြီး ၎င်း၏နိုင်ငံရေးမူဝါဒများကို ဝေဖန်ခဲ့သည်။ ဘရာဇီးအစိုးရက ယင်းစွပ်စွဲချက်ကို ၎င်း၏ပြည်တွင်းရေးကိစ္စများတွင် တရားမဝင် ဝင်ရောက် စွက်ဖက်မှုအဖြစ် ရှုတ်ချခဲ့သည်။ တရုတ်နိုင်ငံက ဘရာဇီးကို ထောက်ခံ ခဲ့ပြီး အမေရိကန်၏ အနိုင်ကျင့်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ကုန်သွယ်ဖက်များကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ပြော

အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ယင်းတို့၏ အကျိုးစီးပွားအပေါ်အခြေခံ၍ ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်များကို ရွေးချယ်ခွင့်ရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။

“အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်များကို အမှီအခိုကင်းစွာ ရွေးချယ်ခွင့်ရှိသလို ၎င်းတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံတွေကိုလည်း ဆုံးဖြတ်ခွင့်ရှိပါသည်” ဟု အိန္ဒိယအပေါ် အမေရိကန်၏ စည်းကြပ်ခွန်ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့်စပ်လျဉ်း၍ ပက်စ်ကော့ဗ်က မှတ်ချက်ပြု ခဲ့သည်။ ရုရှားနှင့် ကုန်သွယ်ရေး ဆိုင်ရာ ဆက်ဆံမှုများ ဖြတ်တောက်ရန်အတွက် ကမ္ဘာ့နိုင်ငံများအား အကျပ်ကိုင်ရန် ရည်ရွယ်သည့် ကြေညာချက်များ ထွက်ပေါ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ခြိမ်းခြောက် ပြောဆိုမှုများမှာ တရားဝင်မှု မရှိဟုယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။

အပြည့်အစုံဖတ်ရှုရန် 
https://sacministry.gov.mm/my/subject/10879

ထရမ့်၏ ကုန်သွယ်ခွန်အသစ်အပေါ် အိန္ဒိယက တုံ့ပြန်ဝေဖန်

အိန္ဒိယက ရုရှားနှင့် ရေနံဆိုင်ရာကုန်သွယ်မှုများ ဆက်လက်ပြုလုပ်နေခြင်းကြောင့် ချမှတ်ခဲ့သော အမေရိကန်၏ အခွန်စည်းကြပ်မှုအသစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်အား အလွန်ဆိုးရွားသော လုပ်ဆောင်မှုအဖြစ်ရှုတ်ချကာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ရှေးရှုလုပ်ဆောင်မည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။

အိမ်ဖြူတော်က ဩဂုတ်လ ၆ ရက်နေ့တွင် အိန္ဒိယထုတ်ကုန်များအပေါ် ထပ်ဆောင်းအခွန် ၂၅% တိုးမြှင့်မည်ဟု ကြေညာခဲ့ပြီး ၎င်းတို့၏ အဓိက ကုန်သွယ်ဖက်နိုင်ငံအပေါ် ယခင်က စည်းကြပ်ရန်သတ်မှတ်ထားသော အခွန်ကို ၅၀% အထိ နှစ်ဆတိုးမြှင့်လိုက်သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးထားသော အမိန့်အရ အဆိုပါ အခွန်နှုန်း အသစ်များသည် ၂၁ ရက်အတွင်း (သြဂုတ်လကုန်) တွင် စတင် အသက် ဝင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဝါရှင်တန်သည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ၏ စွမ်းအင် လုံခြုံရေးကို ထိပါးနေသည်ဟု ထောက်ပြခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူက "ရုရှားမှ ရေနံတင်သွင်းမှုများသည် ဈေးကွက် အခြေအနေအပေါ် အခြေခံပြီး အိန္ဒိယနိုင်ငံရှိ လူဦးရေ ၁.၄ ဘီလီယံ၏ စွမ်းအင်လုံခြုံရေးကို သေချာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ထို့အပြင် ၎င်းက "အဆိုပါ လုပ်ရပ်များသည် တရားမျှတမှုမရှိပါ" ဟု ထပ်လောင်းပြောကြားခဲ့ပြီး အခြားနိုင်ငံများစွာသည်လည်း ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားနှင့်အညီ ရုရှားနှင့် ဆက်လက်ကုန်သွယ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယသည် ယခုသီတင်းပတ်အစောပိုင်းတွင် အနောက်နိုင်ငံများ၏ နှစ်ထပ်မူဝါဒများကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ဩဂုတ် ၄ ရက်နေ့က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မော်စကိုနှင့် အိန္ဒိယ၏ ကာကွယ်ရေးနှင့် စွမ်းအင်ချိတ်ဆက်မှုများကို ဝေဖန်နေစဉ် ၎င်းတို့ကိုယ်တိုင် ရုရှားနှင့် ပိုမိုမြင့်မားသောကုန်သွယ်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း နယူးဒေလီက အတိအလင်း ဖော်ပြခဲ့သည်။ 

အမေရိကန်အရာရှိများက အိန္ဒိယ၏ မော်စကိုနှင့် နီးကပ်သော ဆက်ဆံရေး ကို ဝေဖန်ကာ မကြာသေးမီသီတင်းပတ်များအတွင်း နယူးဒေလီအပေါ် ပိုမိုတင်းမာသည့် သဘောထားရှိသည့် ဖော်ပြမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့က အိန္ဒိယနိုင်ငံအား ရုရှားဆီမှ ရေနံစိမ်းအမြောက်အမြား ဝယ်ယူခြင်းဖြင့် ယူကရိန်းနှင့် ရုရှားပဋိပက္ခကို ထိထိရောက်ရောက် ငွေကြေးထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခဲ့သည်။

အိန္ဒိယက အဆိုပါစွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ၎င်း၏စွမ်းအင်မူဝါဒသည် စီးပွားရေးလိုအပ်ချက်နှင့် ပြည်သူများ၏ သာယာဝပြောရေးအပေါ် အခြေခံကြောင်း ခိုင်ခိုင်မာမာ ပြောဆိုခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ယူကရိန်း ပဋိပက္ခ မြင့်တက်လာသည့်အချိန်မှစ၍ ရုရှားသည် အိန္ဒိယ၏ အဓိက ရေနံစိမ်းတင်သွင်းသူဖြစ်လာခဲ့ပြီး အိန္ဒိယသည် ယခုအခါ သန့်စင်ပြီး လောင်စာဆီများကို ဥရောပသမဂ္ဂဝယ်လက်များထံ အကြီးအကျယ် တင်ပို့လျက်ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ကျောက်ဆည်မြို့နယ် သင်းဒီးစိုက်ပျိုးရေး ရှေ့တန်းစခန်း၊ ကျေးရွာအုပ်စု (၁၃) အုပ်စုတွင် ချည်မျှင်ရှည်ဝါ (၇၆၁၂) ဧက စိုက်ပျိုး

ကျောက်ဆည်၊  ဩဂုတ်-၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါသီးနှံများကို မိုးကြို၊ မိုးနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးကြကြောင်း သိရှိရပြီး သင်းဒီးရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု (၁၃)အုပ်စုတွင် ၂၀၂၅၊၂၀၂၆ခုနှစ် မိုးချည်မျှင်ရှည်ဝါ(၇၆၁၂)ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုးချည်မျှင်ရှည်ဝါများစိုက်ပျိုးရာ၌ ဟံမြင့်မိုရ်ကျေးရွာအုပ်စုတွင်(၁၇၀)ဧက၊ လယ်ကြီးကျေးရွာအုပ်စုတွင် (၃၀၃) ဧက၊ ပုန်းညက် ကျေးရွာအုပ်စုတွင်(၅၀၁)ဧက၊ ကျားကာကျေးရွာအုပ်စုတွင်(၂၆၄)ဧက၊ သံရွာကျေးရွာအုပ်တွင် (၇၅၇)ဧက၊ ခါးတက္ကုန်းကျေးရွာအုပ်စုတွင်(၁၉၁)ဧက၊ ဆူးလေကုန်းကျေးရွာအုပ်စုတွင်(၇၈၅)ဧက၊ ပေါက်ပင်ကွေ့ ကျေးရွာအုပ်စုတွင်(၁၁၄)ဧက၊ မြေစိုမိုးကျေးရွာအုပ်စုတွင်(၂၁၉)ဧက၊ ပဲခင်းကျေးရွာအုပ်စုတွင်(၅၆၅)ဧက၊ ပေါင်လောင်ကျေးရွာအုပ်စုတွင်(၁၅၇၄)ဧက၊ တောင်တော်ကျေးရွာအုပ်စုတွင်(၁၃၆၅)ဧက၊ ကင်းကျေးရွာအုပ်စု တွင် (၈၀၄)ဧက စုစုပေါင်း(၇၆၁၂)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ဝါချည်မျှင်ရှည်သီးနှံများကို သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းနှင့် သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းများမှ ကျေးရွာအုပ်စုများတွင် အများအပြားစိုက်ပျိုးကြပြီး ဝါတစ်ဧက စိုက်ပျိုးမည်ဆိုပါက မြေပြုပြင်ခြင်းကုန်ကျစရိတ် (၁၉၅၀၀၀)ကျပ်၊ အပင်ပြုစုခြင်း (၂၀၁၆၀၀)ကျပ်၊ သွင်းအားစု ကုန်ကျစရိတ် (၄၅၀၅၀၀)ကျပ် စုစုပေါင်း(၈၄၇၁၀၀)ကျပ်ခန့် ကုန်ကျစရိတ် ရှိကြောင်း ဝါစိုက်ပျိုးသည့် တောင်သူ များထံမှ သိရသည်။

 သက်မောင်(ကျောက်ဆည်)

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း သဘာဝဘေးများကြောင့် ကမ္ဘာတစ်ဝန်း၌ ဒေါ်လာ ၁၃၅ ဘီလီယံဆုံးရှုံး

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်းဖြစ်ပွားသော သဘာဝဘေးများကြောင့် ကမ္ဘာတစ်ဝန်း၌ စီးပွားရေးအရဆုံးရှုံးမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံအထိရှိကြောင်း အာမခံကုမ္ပဏီတစ်ခုဖြစ်သည့် Swiss Re ကုမ္ပဏီက ဩဂုတ်လ ၆ ရက်တွင်ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်၏ ပထမနှစ်ဝက်အတွင်း သဘာဝဘေးများကြောင့်ဆုံးရှုံးမှုပမာဏသည် ဒေါ်လာ ၁၂၃ ဘီလီယံသာရှိသည့် အတွက် ယခုနှစ်တွင်ဆုံးရှုံးမှုပမာဏက ပိုမိုများပြားလာခြင်းဖြစ်သည်ကိုတွေ့ရှိရသည်။

ယခုနှစ်ဇန်နဝါရီလတွင် ဖြစ်ပွားသော လော့အိန်ဂျလိမြို့၌ တောမီးလောင်မှုက ဆုံးရှုံးမှုပမာဏအများဆုံးဖြစ်ပြီး အာမခံ ကုမ္ပဏီများအနေဖြင့် ဒေါ်လာဘီလီယံ ၄၀ အထိပေးလျော်ရကြောင်း Swiss Re ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ မတ်လတွင်  မြန်မာနိုင်ငံ၌ ဖြစ်ပွားသော ငလျင်လှုပ်ခတ်မှုသည်လည်း ယခုနှစ်၏ ပထမခြောက်လအတွင်း ဆုံးရှုံးမှု အများဆုံးသော သဘာဝဘေးတစ်ခုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများကိုပင်  ရိုက်ခတ်

စေခဲ့သည့် ထိုငလျင်ကြောင့် ထိုင်းနိုင်ငံတစ်ခုတည်းမှာပင် အာမခံကုမ္ပဏီများအနေဖြင့် ဒေါ်လာ တစ်ဘီလီယံခွဲအထိ လျော်ကြေးပေးရသည်ဟု  Swiss Re ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ပုံမှန်အားဖြင့်  မြောက်အတ္တလန္တိတ် ဟာရီကိန်းရာသီဖြစ်သည့် ဒုတိယနှစ်ဝက်ကာလတွင် ဆုံးရှုံးမှုပမာဏ ပိုမိုများပြားလေ့ရှိကြောင်း  အာမခံကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။    

 Ref: AGC

MWD Web Portal

အမေရိကန်ပြည်ထောင်စုသည် ဗီဇာအတွက် ဒေါ်လာ ၁၅၀၀၀ အာမခံ ငွေပေးသွင်းမှုစနစ်ကို စမ်းသပ်အကောင်အထည်ဖော်မည်

အမေရိကန်ပြည်ထောင်စုသည် အချို့နိုင်ငံများမှ ခရီးသွားများအား ခရီးသွား သို့မဟုတ် စီးပွားရေးဗီဇာ (B-1/B-2) ရရှိရန် အမေရိကန် ဒေါ်လာ ၅,၀၀၀ မှ ၁၅,၀၀၀ အထိ အာမခံငွေပေးသွင်းရမည့် ရှေ့ပြေး အစီအစဉ်ကို ဩဂုတ်လ ၅ ရက်က ထုတ်ပြန်သည့် Federal Register တွင် ဖော်ပြထားမှုအရ သိရှိရသည်။

သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှု ကို အဓိကထားကာ နယ်စပ်လုံခြုံရေး တိုးမြှင့်ခြင်း၊ လူသားချင်းစာနာမှု အစီအစဉ်များ ဖြတ်တောက်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေသုံးဆတိုးခြင်းစသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ခဲ့သည်။

ယခုစမ်းသပ်အစီအစဉ်တွင် ဗီဇာသက်တမ်းကျော်နေထိုင်မှုနှုန်း မြင့်မားသော နိုင်ငံများ၊ စိစစ်ရန် အချက်အလက်အကန့်အသတ်ရှိသောနိုင်ငံများ သို့မဟုတ် နေထိုင်ခွင့်မလိုဘဲ ရင်းနှီးမြှုပ်နှံမှုဖြင့် နိုင်ငံသားဖြစ်ခွင့် ပေးသည့် နိုင်ငံများမှ စီးပွားရေး/ခရီးသွားဗီဇာ (B-1/B-2) လျှောက်ထားသူများ ပါဝင်မည်ဖြစ်ပြီး ၎င်းအစီအစဉ်ကို တစ်နှစ်ကြာ စမ်းသပ်ဆောင်ရွက်မည် ဖြစ်သည်။ ဗီဇာအတွက် ပေးသွင်းရမည့်  အာမခံငွေပမာဏကို ခရီးသွား ရည်ရွယ်ချက်၊ အလုပ်၊ ဝင်ငွေ၊ အရည်အချင်းနှင့် ပညာရေးစသည့် လျှောက်ထားသူ၏ "ကိုယ်ရေးအချက်အလက်" အပေါ် အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ ယခင်ခရီးသွားတားမြစ်ပိတ်ပင်မှုစာရင်းတွင် ပါဝင်ခဲ့သည့် ချတ်ဒ်၊ အီရီထရီးယား၊ ဟေတီ၊ မြန်မာ၊ ယီမင် အပါအဝင် ဗီဇာ သက်တမ်းကျော်နှုန်းမြင့်နိုင်ငံများကို ဦးတည်နိုင်ကြောင်း ခန့်မှန်းရသည်။ ၂၀၂၃ ခုနှစ် အမေရိကန်နယ်စပ်လုံခြုံရေးအစီရင်ခံစာအရ ဗီဇာသက်တမ်းကျော် နေထိုင်သူ ငါးသိန်းကျော်ရှိပြီး မက္ကဆီကို (၄၉,၀၀၀) ၊ ကိုလံဘီယာ (၄၁,၀၀၀) ၊ဘရာဇီး၊ ဟေတီ၊ ဗင်နီဇွဲလား၊ ဒိုမီနီကန်သမ္မတနိုင်ငံ (၂၀,၀၀၀ ကျော်) တို့က ထိပ်ဆုံးတွင် ရပ်တည်နေသည်။

စီးပွားရေးပညာရှင်များက ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှု များသည် စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။ Moody's ၏ အကြီးတန်းစီးပွားရေးပညာရှင် Mark Zandi က "ရွှေ့ပြောင်း လုပ်သားနည်းပါးလာခြင်းသည် စီးပွားရေးအရွယ်အစား ကျုံ့သွားစေနိုင်ပြီး စီးပွားရေးကျဆင်းမှုကိုအစပျိုးနေသည်" ဟု ပြောကြားခဲ့သည်။

စည်းကြပ်ခွန်တိုးမြှင့်သည့် အမေရိကန်၏ ခြိမ်းခြောက်မှုလုပ်ရပ်သည် “မျှတမှုမရှိ” ဟု အိန္ဒိယ ဝေဖန်

အိန္ဒိယအပေါ် အမေရိကန်၏ လုပ်ရပ်မှာ တရားမျှတမှု မရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိကြောင်း၊ အိန္ဒိယအနေဖြင့် နိုင်ငံ၏အကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံမှုကို ကာကွယ်ရန် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Kumar Jaiswal က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

အပြည့်အစုံဖတ်ရှုရန် 
https://sacministry.gov.mm/my/subject/10794

ကျောက်ဆည်မြို့နယ်၌ မိုးစပါး(၁၉၆၅၀)ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည်၊ဩဂုတ်-၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်  မိုးစပါးများ စိုက်ပျိုးရာ တွင် နေရာဒေသအလိုက် ရေသောက်နည်းလမ်းများဖြင့် ပျိုးစိုက်နှင့် အစေ့ချစိုက် နည်းများဖြင့် စိုက်ပျိုးလျက် ရှိရာ (၁၉၆၅၀)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာနမှ သိရသည်။

ထိုသို့ မိုးစပါးများစိုက်ပျိုးရာ၌ ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် ပျိုးစိုက် (၃၂၈၅) ဧက၊ အစေ့ချစိုက် (၁၀၂၄၂) ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့် ပျိုးစိုက် (၇၇၉) ဧက၊ အစေ့ချစိုက် (၅၀၆၉) ဧက၊ သစ်တက္ကုန်း ဆည်ရေသောက်စနစ်ဖြင့် အစေ့ချစိုက် (၁၁၂) ဧက၊ မိုးကောင်းသောက်(မိုးရေ)စနစ်ဖြင့် အစေ့ချ (၁၆၃) ဧက စုစုပေါင်း (၁၉၆၅၀) ဧက စိုက်ပျိုးပြီးကြောင်းနှင့် စပါးမျိုးကွဲများအနေဖြင့် ဧရာမင်း (၁၉၄၈၇) ဧက၊ မနော်သုခ (၁၆၃) ဧက ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့အနေဖြင့် ဒေသအတွင်း ဆန်၊စပါး ဖူလုံပိုလျှံရေး  တောင်သူများ နှင့်ပူးပေါင်း၍ ဧရာမင်း(၄၈၂၉၃)ဧက၊ မနော်သုခ(၂၅၂၄)ဧက၊ ရွှေမနော်(၁၅၀၀)ဧက၊ အောင်နိုင်တိုး(၂၀၀)ဧက၊ GW-11(၃၀၀)ဧက စုစုပေါင်း(၅၂၈၁၇)ဧက လျာထားစိုက်လျက်ရှိကြောင်းနှင့် စပါးသီးနှံများအောင်မြင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာဦးစီးဌာနများမှ ဒေသအလိုက်ရေမြေနှင့် ကိုက်ညီသည့်မျိုးများဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များနှင့်အပင်ပြုစုခြင်း အသိပညာပေး ဖြန့်ဝေပေးလျက်ရှိပြီး စိုက်ပျိုးရေများလည်း လုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။

အမေရိကန်၏ စည်းကြပ်ခွန်တိုးမြှင့်မှုကို အရေးပေါ်အစီအစဉ်ဖြင့် တုံ့ပြန်မည်ဟု ဘရာဇီးသမ္မတ လူလာ ပြောကြား

ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံက ချမှတ်လိုက်သော စည်းကြပ်ခွန် တိုးမြှင့်မှုကို အရေးပေါ်အခြေအနေတစ်ရပ်ဖြင့် တုံ့ပြန်မည်ဖြစ်ပြီး ယင်း တိုးမြှင့်မှုနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထံ တင်ပြမည်ဖြစ်ကြောင်း သမ္မတ လူးဝစ်ဇ်အင်နာစီယို လူလာ ဒါဆေးလ်ဗားက သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

မြို့တော်ဘရာဇီးလီယာတွင် ကျင်းပသည့် စဉ်ဆက်မပြတ် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အစည်းအဝေးတွင် သမ္မတလူလာက အမေရိကန်၏ အဆိုပါကုန်သွယ်ရေးလှုပ်ရှားမှုကို “မတရားမှု” အဖြစ် သရုပ်ဖော်ကာ နိုင်ငံတကာ စင်မြင့်ထက်တွင် ဘရာဇီးနိုင်ငံ၏ တိုးတက်မှုကို မီးမောင်းထိုးပြခဲ့သည်။

“အစိုးရက ဘရာဇီးပြည်သူတွေကို ကတိပေးပါသည်။ အဆိုပါ မတရား သည့် တိုက်ခိုက်မှု လျော့ပါးစေရန်နှင့် အဆိုပါတိုက်ခိုက်မှုကြောင့် စီးပွားရေး နှင့် လူမှုရေး ထိခိုက်မှုများ သက်သာစေရန် အရေးပေါ် အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမှာပါ” ဟု သမ္မတလူလာက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မိမိတို့အနေဖြင့် အဆိုပါ အစီအမံများကြောင့် ထိခိုက်ခံစားရသည့်ဘရာဇီး အလုပ်သမားများနှင့် ကုမ္ပဏီများကို ကာကွယ်မှာြဖစ်သလို မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အပါအဝင် ရရှိနိုင်သည့် ယန္တရားအားလုံးကနေတစ်ဆင့် ဆောင်ရွက်သွား မှာပါ” ဟု သမ္မတလူလာက စီးပွားရေးခေါင်းဆောင်များ၊ သမဂ္ဂ ခေါင်းဆောင် များ၊ စိုက်ပျိုးရေးကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကို ပြောကြားခဲ့သည်။

ဘရာဇီးသည် စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ အမေရိကန်အာဏာပိုင်များနှင့် ဆွေးနွေးမှုများကို မတ်လမှစတင်၍ လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သမ္မတလူလာက ပြောကြားခဲ့သည်။

အမေရိကန်က ချမှတ်လိုက်သော စည်းကြပ်ခွန်တိုးမြှင့်မှုကို စိန်ခေါ်ရန် အတွက် ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာနက WTO ထံ မေတ္တာရပ်ခံချက် အား သြဂုတ် ၁၈ ရက်တွင် တင်သွင်းမည်ဖြစ်သည်။ ထိုအချိန်၌ ဘရာဇီး က အမေရိကန်၏ အဆိုပါစီမံချက်အပေါ် ၎င်း၏တုံ့ပြန်မှုကို တရားဝင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။ 

ကိုးကား- Xinhua

ရုရှားမှရေနံဝယ်ယူမှုကြောင့် အိန္ဒိယအပေါ် အကောက်ခွန် သိသိသာသာ တိုးမြှင့်မည်ဟု ထရမ့် ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ် ၅ ရက်တွင် အိန္ဒိယနိုင်ငံမှ တင်သွင်းကုန်များအပေါ် "လာမည့် ၂၄ နာရီအတွင်း" အကောက်ခွန်ကို သိသိသာသာတိုးမြှင့်မည်ဟု ကြေညာခဲ့သည်။ အိန္ဒိယအနေဖြင့် ရုရှား ရေနံကို ဆက်လက်ဝယ်ယူနေသောကြောင့် အဆိုပါ ဆုံးဖြတ်ချက် ချမှတ် ရခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ခြိမ်းခြောက်မှုမတိုင်မီတစ်ရက်က အိန္ဒိယအစိုးရက အမေရိကန် နှင့် ဥရောပသမဂ္ဂ၏ ရုရှားနှင့် ရေနံကုန်သွယ်မှုဆိုင်ရာ ဝေဖန်မှုများကို ပယ်ချခဲ့ပြီး "မိမိတို့၏ အမျိုးသားအကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံရေးကို ကာကွယ်ရန်" အစီအမံများချမှတ်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့အပြင် အိန္ဒိယကို ပစ်မှတ်ထားခြင်းမှာ မဖြစ်သင့်ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတထရမ့်က အိန္ဒိယကို "အမြင့်ဆုံး အကောက်ခွန် စည်းကြပ်သောနိုင်ငံ"ဟု သတ်မှတ်ကာ CNBC Squawk Box ၏ ဖုန်း အင်တာဗျူးတစ်ခုတွင် အိန္ဒိယသည် ကောင်းမွန်သော ကုန်သွယ်ဖက် နိုင်ငံ မဟုတ်ဟု ပြောကြားခဲ့သည်။ 

အိန္ဒိယသည် အမေရိကန်သို့ ပို့ကုန်များစွာတင်ပို့ခဲ့သော်လည်း အမေရိကန် ဘက်က တူညီသည့် ကုန်သွယ်မှုမပြုခဲ့ပေ။ အိန္ဒိယပို့ကုန်များအတွက် အကောက်ခွန် ၂၅ % စည်းကြပ်ရန် မူလကသဘောတူခဲ့သော်လည်း ရုရှားမှ ရေနံများကိုဆက်လက်ဝယ်ယူခြင်းဖြင့် စစ်ဘက်ဆိုင်ရာ ယန္တရား များကို အားဖြည့်ပေးနေခြင်းကြောင့် လာမည့် ၂၄ နာရီအတွင်း သိသိ သာသာတိုးမြှင့်သွားမည်ဟု ထရမ့်က ရှင်းပြခဲ့သည်။

အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယနှင့် အမေရိကန်ကြား နှစ်နိုင်ငံကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၁.၈ ဘီလီယံထိ ရှိခဲ့ပြီး နယူးဒေလီအနေဖြင့် ကုန်သွယ်ရေးပိုလျှံမှု ၄၁.၁၈ ဘီလီယံ ရှိခဲ့သည်။

ထရမ့်က ဩဂုတ် ၅ ရက်က ၎င်း၏အင်တာဗျူးတွင် နယူးဒေလီ အစိုးရ အနေဖြင့် အမေရိကန်ကုန်စည်များအပေါ်မှ အကောက်ခွန်များကို အပြည့်အဝ ကင်းလွတ်ခွင့်ပေးရန် အဆိုပြုထားကြောင်း ပြောကြားခဲ့ပြီး ထိုအချက်သည် အိန္ဒိယ၏ ကုန်သွယ်ရေးမျှတမှုအတွက် ကြိုးပမ်းမှု တစ်ရပ်ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။