ကာကွယ်ရေးဝန်ကြီးဌာနသည် MP materials ကုမ္ပဏီ၏ စတော့ ရှယ်ယာ ဒေါ်လာသန်း ၄၀၀ ဖိုး ဝယ်ယူခြင်းဖြင့် ကုမ္ပဏီတွင် ရှယ်ယာ အများအပြား ပိုင်ဆိုင်သူဖြစ်လာမည်ဖြစ်ကြောင်းနှင့် စက်ရုံအသစ် တည်ဆောက် နိုင်ရန်ကူညီခြင်းဖြင့် တရုတ်ဈေးကွက်ကို ရှောင်လွှဲနိုင်ရန် လုပ်ဆောင် နေကြောင်း မြေရှား သတ္တုတူးဖော်သည့် MP materials ကုမ္ပဏီက ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် ပြောကြားခဲ့သည်။

အမေရိကန် လက်နက်စနစ်များအတွက် အရေးကြီးသည့်ပစ္စည်း ဖြစ်သော်လည်း တရုတ်ကုမ္ပဏီများ ကြီးစိုးနေသည့် မြေရှားသတ္တု ထုတ်လုပ်မှုကို ထရမ့်အစိုးရက မည်မျှအထိ ထောက်ပံ့ပေးရန် ဆန္ဒ ရှိနေကြောင်း အဆိုပါ သဘောတူညီချက်က ဖော်ပြနေပါသည်။
Las Vegas အခြေစိုက် MP materials သည် ကယ်လီဖိုးနီးယားပြည်နယ် Mountain Pass ရှိ အမေရိကန်၏ တစ်ခုတည်းသော မြေရှားသတ္တုတွင်း ကို ပိုင်ဆိုင်ပါသည်။
MP materials ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Jim Litinsky က ကုမ္ပဏီသည် US ရှိ မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်ကို အပြည့်အဝ ပြန်လည်ထူထောင်ရန်နှင့် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများ အတွက် တစ်ခုတည်းသောအားနည်းချက်ကို ဖယ်ရှားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ မကြာသေးမီကဖြစ်ရပ်များသည် ထိုကိစ္စ၏ အရေးကြီးမှုအားမီးမောင်းထိုးပြခဲ့သည်ဟု ရင်းနှီးမြှုပ်နှံသူများ နှင့် ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွေ့ဆုံမှုတွင် Litinsky က ပြောကြား ခဲ့ပါသည်။
အမေရိကန်နှင့် တရုတ်တို့ကြား ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အငြင်းပွား မှုတွင် မြေရှားသတ္တုသည် အပေးအယူလုပ်စရာကိစ္စတစ်ခု ဖြစ်လာခဲ့ ပါသည်။ လွန်ခဲ့သည့်နှစ်များအတွင်း Mountain Pass မိုင်းသည် တရုတ် ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရန် ရုန်းကန်ခဲ့ရပါသည်။ တရုတ် ကုမ္ပဏီ အများစုမှာ အစိုးရပိုင်လုပ်ငန်းများဖြစ်ပြီး အစိုးရ အထောက်အပံ့ အများ အပြားရသည့်အပြင် အလုပ်သမားနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကုန်ကျစရိတ်များ သက်သာပါသည်။ မြေရှားသတ္တုတွင်း၏ ယခင် ပိုင်ရှင် ဖြစ်သော Molycorp သည် ၂၀၁၅ ခုနှစ်တွင် ဒေဝါလီခံရန် လျှောက်ထား ခဲ့ပြီးနောက် MP materials က ထိုမိုင်းကို ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။
MP materials ၏ ရှယ်ယာများကို ပင်တဂွန်က ဝယ်ယူရန် သဘော တူညီချက်သည် MP materials တွင် တရုတ်ရှယ်ယာပါဝင်မှုကိုလည်း လျော့နည်းစေသည်။ ယခုအချိန်တွင် Shenghe resources ဟုခေါ်သော တရုတ်ကုမ္ပဏီသည် MP ၏စတုတ္ထအကြီးဆုံးရှယ်ယာရှင်ဖြစ်ပြီး အကြမ်းဖျင်း အားဖြင့် အစုရှယ်ယာ ၈ ရာခိုင်နှုန်းရှိကြောင်း Bloomberg သတင်းက ဆိုပါသည်။
ကိုးကား- The Washington Post
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်မိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နစက

ကျောက်ဆည်၊ ဇူလိုင်-၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးကြိုသီးနှံမျိုးစုံကို နေရာဒေသအလိုက် ဆည်ရေ၊ ကန်ရေ၊ တူးမြောင်းရေ၊ မိုးရေများဖြင့် စိုက်ပျိုးလျက်ရှိရာ သပြေဝန်းကျေးရွာတွင် စိုက်ပျိုးထားသော မိုးကြိုပဲတီစိမ်း သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပဲတီစိမ်းသီးနှံစိုက်ပျိုးရာ၌ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မစိုက်ပျိုးမီ စက်ထယ်ဖြင့် မြေပြုပြင်ခြင်း (၁၃၅,၀၀၀) ကျပ်၊ မျိုးစေ့ကုန်ကျစရိတ်(၄၀,၀၀၀)ကျပ်၊ နွားရှဉ်းဖြင့်လူလုပ်အားသုံး စိုက်ပျိုးခြင်းကုန်ကျစရိတ် (၄၀,၀၀၀) ကျပ်၊ ပိုးမွှားနှိမ်နှင်းကာကွယ်ဆေး(၂၀၀,၀၀၀)ကျပ်၊ တန်းကြားမြေဆွခြင်းကုန်ကျစရိတ်(၆၀,၀၀၀)ကျပ်၊ ပေါင်းမြက် ရှင်းလင်းခြင်း (၅၀,၀၀၀)ကျပ်နှင့် ပဲတီစိမ်း(၁)တင်း ရိတ်သိမ်းချွေလှေ့ခြင်း(၂၃,၀၀၀)ကျပ် ပဲတီစိမ်း(၁)ဧက၊ (၁၀)တင်းထွက်ရှိပြီ ကာလပေါက်ဈေး (၁)တင်း(၁၂၅,၀၀၀)ကျပ်ဖြင့် ရောင်းချရပါက (၁)ဧက (၄)သိန်း (၉)သောင်း ကျပ်ကျော် အကျိုးအမြတ်ရရှိကြောင်း ပဲတီစိမ်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကျောက်ဆည်မြို့နယ်၌ မိုးကြိုပဲတီစိမ်းများစိုက်ပျိုးရာတွင် ဒေသရာသီဥတုနှင့်ကိုက်ညီကာ အောင်မြင်ဖြစ်ထွန်းပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် ဈေးကွက်ဝင်အထွက်ကောင်းမျိုးများဖြစ်သော ရေဆင်း(၁)၊ ရေဆင်း(၉)၊ ရေဆင်း(၁၄)၊ ရေဆင်း(၁၁)မျိုးများ အဓိကထား စိုက်ပျိုးကြကြောင်းနှင့် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းရေး ခရိုင်/မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှတာဝန်ရှိသူများက တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)

နေပြည်တော် ဇူလိုင် ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization) ၏ ဒုတိယအကြိမ်မြောက် ဒစ်ဂျစ်တယ်စီးပွားရေးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ဇူလိုင် ၉ ရက်မှ ၁၂ ရက်အထိ သွားရောက်ခဲ့သည်။

အဆိုပါဖိုရမ်ကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်အတွင်း ဝန်ကြီးအဆင့် တံခါးပိတ်အစည်းအဝေး၊ open forum နှင့် ခေါင်းစဉ်အလိုက် သီးခြားဆွေးနွေးမှုများအပြင် ထျန်းကျင်းတက္ကသိုလ်များမှ ကျွမ်းကျင်ပညာရှင်များ၏ ဟောပြောပို့ချဆွေးနွေးမှုများပါ ပါဝင်သည်။
ဇူလိုင် ၁၀ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ထျန်းကျင်းဧည့်ဂေဟာ၌ ပြုလုပ်သည့် နိုင်ငံတကာမှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Data Administration ၏ ဝန်ကြီးဖြစ်သူ H.E. Liu Liehong က တည်ခင်းသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
ပူးပေါင်းဆောင်ရွက်သွားမည်
ညစာစားပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာဘက်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ရာတွင် ဒစ်ဂျစ်တယ်စီးပွားရေးအကောင်အထည်ဖော်ခြင်းနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း ဆောင်ရွက်ရာတွင် ကောင်းသည်များရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိပါကြောင်း၊ စိန်ခေါ်မှုများကို နိုင်ငံတကာပူးပေါင်းဖြေရှင်းမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် SCO အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ပါဝင်သော ကိုယ်စားလှယ်ဝန်ကြီးများသည် ထျန်းကျင်းမြူနီစီပယ်အဖွဲ့ အထွေထွေအတွင်းရေးမှူးနှင့် ထျန်းကျင်းမြို့တော်ဝန်တို့နှင့် ညစာ စားပွဲမတိုင်မီ သီးသန့်ဧည့်ခန်းမဆောင်၌ ရင်းနှီးစွာတွေ့ဆုံဆွေးနွေးမှုများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ဖိုရမ်ဖွင့်ပွဲကို ဇူလိုင် ၁၁ ရက် နံနက် ၁၀ နာရီတွင် Renaissance Tianjin Lakeview ဟိုတယ်၌ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဗဟိုကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီဒုတိယဝန်ကြီးချုပ် H.E. Ding Xuexiang ၊ National Data Administ-ration ၏ ဝန်ကြီး၊ ထျန်းကျင်းမြူနီစီပယ်အဖွဲ့ အထွေထွေအတွင်းရေးမှူးနှင့် ထျန်းကျင်းမြို့တော်ဝန်တို့ တက်ရောက်အမှာစကားပြောကြားကြသည်။
ထို့အတူ ဖိုရမ်ဖွင့်ပွဲ၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့ဒစ်ဂျစ်တယ်စီးပွားရေးသည် လူ့အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် နေထိုင်မှုပုံစံများကို များစွာပြောင်းလဲပေးနေသည့် စွမ်းအားတစ်ခုဖြစ်လာကြောင်း၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အသက်သွေးကြောဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးသည် မြန်မာနိုင်ငံအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကြံ့ခိုင်မှုရှိစေနိုင်သည့် ဗျူဟာမြောက်အင်အားအဖြစ် ရှုမြင်ပါကြောင်း။
နိုင်ငံတော်နှင့် ပြည်သူ/ ပြည်သားများအတွက် အကျိုးရှိစေမည့် ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်သည့် ဒစ်ဂျစ်တယ်စီးပွားရေးကို တည်ဆောက်မြှင့်တင်သွားရန် ဆုံးဖြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာများသည် နိုင်ငံနယ်နိမိတ်များကို လိုက်နာခြင်းမရှိသည့်အတွက် ဒစ်ဂျစ်တယ်စီးပွားရေး၏ စိန်ခေါ်မှုများကို ဖြေရှင်းသည့်အခါ နိုင်ငံတကာပူးပေါင်းမှု လိုအပ်ပါကြောင်း၊ SCO အဖွဲ့ဝင်နိုင်ငံများအတွင်း အလေ့အကျင့်ကောင်းများနှင့် အရင်းအမြစ်များကို မျှဝေပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းတွင်သာမက ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်စီးပွားရေး၏ အကျိုးကျေးဇူးများကို အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် SCO အဖွဲ့ဝင်အားလုံးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်သည့် ကြံ့ခိုင်မှုပြည့်ဝသော ဒစ်ဂျစ်တယ်အနာဂတ်ကို တည်ဆောက်ရာတွင် လက်တွဲပူးပေါင်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက ၎င်းတို့၏နိုင်ငံအသီးသီးတွင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲမှုဆောင်ရွက်နေသည့်အခြေအနေကို ဆွေးနွေးတင်ပြကြသည်။
ပါဝင်တက်ရောက်
ယခုနှစ် ဖိုရမ်သို့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်စုစုပေါင်း ၆၀၀ ခန့် ပါဝင်တက်ရောက်ကြသည်။ ဖိုရမ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Data Administration နှင့် ထျန်းကျင်း ပြည်နယ်အစိုးရတို့၏ အစီ အစဉ်ဖြင့် ဇူလိုင် ၉ ရက်တွင် ထျန်းကျင်းဆိပ်ကမ်းရှိ Smart Zero-Carbon container terminal နှင့် Binhai မြို့သစ်စီမံကိန်းပြတိုက်များသို့လည်းကောင်း၊ ဇူလိုင် ၁၀ ရက်တွင် ထျန်းကျင်းမြို့ပြ စီမံကိန်းပြခန်းသို့လည်းကောင်း၊ ဇူလိုင် ၁၁ ရက်တွင် G7 Connect ကုမ္ပဏီသို့လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် Fit Testing Technology သို့လည်းကောင်း သွားရောက်၍ artificial intelligence, big data နှင့် IoT နည်းပညာအပါအဝင် ဒစ်ဂျစ်တယ်နည်းပညာများကို နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိစွာ အသုံးပြုနေမှုကို သွားရောက်လေ့လာခဲ့ကြသည်။
ပြန်လည်ရောက်ရှိ
ဖိုရမ်အပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထျန်းကျင်းမြို့မှ ပြန်လည်ထွက်ခွာခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြကြောင်း သတင်းရရှိသည်။
MOI

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ဒူးရင်းသီးကို ၂၀၂၇ ခုနှစ်တွင် ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဒူးရင်းသီးစိုက်ပျိုးတင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
မြန်မာ့ဒူးရင်းသီးများကို ၂၀၂၂ ခုနှစ်မှစတင်ကာ အလုံးအရင်းဖြင့် စိုက်ပျိုးခဲ့ပြီး လက်ရှိတွင် နိုင်ငံခြားသို့တင်ပို့နေပြီဖြစ်ရာ ၂၀၂၇ ခုနှစ်တွင် နိုင်ငံခြားသို့ အလုံးအရင်းဖြင့်တင်ပို့ရောင်းချနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒူးရင်းပင်မျိုးကောင်း၊မျိုးသန့်များကို မြန်မာပြည်တွင် စိုက်ပျိုးထားပြီဖြစ်ရာ ရန်ကုန်တိုင်း၌ ဒူးရင်းစိုက်ဧက ၄၀၀၀ နှင့် ၆၀၀၀ ကြားစိုက်ပျိုးထားပြီး ဒူးရင်းစိုက်တောင်သူများကိုလည်း စနစ်တကျစိုက်ပျိုးနိုင်ရန် နည်းပညာပေးခြင်းများ၊ ပိုးမွှားကာကွယ်နိုင်ဖို့နည်းလမ်းများနှင့် အသီးခူးဆွတ်မှုနည်းပညာများ မျှဝေပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဒူးရင်းပင်ကို တနင်္သာရီတိုင်း ရေး၊ ဘိတ်၊ ထားဝယ်ဒေသများနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် စိုက်ပျိုးဖြစ်ထွန်းကြောင်း သိရသည်။
Popular Myanmar

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဇူလိုင် ၁၁ ရက်၌ ဆန်နှင့် ဆန်ကွဲ ၆၁၄,၇၀၅ တန် တင်ပို့ ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံသည် သုံးလတာကာလအတွင်း ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၂၁၄ သန်း ရရှိခဲ့ကြောင်း အဖွဲ့ချုပ်၏ အချက်အလက်များအရ သိရသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ စပိန်နိုင်ငံ၊ ပိုလန် နိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ ပင်လယ် ရေကြောင်းလမ်းကြောင်းမှ ဆန်နှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄ သန်းကျော် တင်ပို့ခဲ့ပြီး ၀င်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ကျော် ရရှိခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။
ကိုးကား - Xinhua

နေပြည်တော် ဇူလိုင် ၁၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ကာဇက်စတန်၊ တူနီးရှား၊ ဘောစနီးယား ဟာဇီဂိုးဗီးနား၊ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဆားဘီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုစသည့် စုစုပေါင်းနိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့် ပတ်သက်၍ ဇူလိုင် ၇ ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများသို့ သဝဏ်လွှာ/အကြောင်းကြားစာများ ပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာ/အကြောင်းကြားစာနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံညှိနှိုင်းပြန်ကြားသည့် သဝဏ်လွှာ/ အကြောင်းကြားစာအား ဇူလိုင် ၉ ရက်နေ့က ပေးပို့ခဲ့သည်။
အဆိုပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပြန်လည်ပေးပို့သည့် သဝဏ်လွှာ/ အကြောင်းကြားစာ၌ သမ္မတကြီးထံမှ မိမိထံသို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့စွဲဖြင့် ပေးပို့သောစာလွှာအား ကျေးဇူးတင်ရှိစွာဖြင့် လက်ခံရရှိသည်ကို ဦးစွာအသိပေးအပ်ပါကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် အမေရိကန်ပြည်ထောင်စုကြီး တိုးတက်ကြီးပွားသာယာဝပြောရေးအတွက် မျိုးချစ်စိတ်အပြည့်အဝဖြင့် တာဝန်သယ်ပိုးထမ်းဆောင်လျက်ရှိသကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားလိုပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအား လက်ရှိကမ္ဘာ့နံပါတ်(၁)ဈေးကွက်နှင့် အလွန်ကောင်းမွန်သော စီးပွားရေးရှိနေသည့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက်ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်မှုအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း။
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့ပို့ကုန်များအပေါ် (၄၄)ရာခိုင်နှုန်း အခွန်ကောက်ယူရန် မူလလျာထားချက်ကို၊ (၄၀)ရာခိုင်နှုန်း ပြင်ဆင်လျာထား ဆောင်ရွက်ပေးမှုအတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် သမိုင်းကြောင်း ရှည်လျားကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့ပြီး၊ ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာမှုကတိကဝတ်များကိုလည်း အစဉ်အမြဲ ထိန်းသိမ်းခဲ့ကြပါကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတိုးမြှင့်နိုင်ရန်အတွက်လည်း မိမိတို့အစဉ်အမြဲမျှော်လင့်ကြိုးပမ်းလျက်ရှိပါကြောင်း။
အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားကုန်သွယ်မှုမမျှတသဖြင့် အမေရိကန်ဘက်မှ လိုငွေကြီးမားစွာပြခြင်းအတွက် အဆွေတော်သမ္မတကြီးအနေဖြင့် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းအပေါ် မိမိအပြည့်အဝနားလည်ပါကြောင်း။
ကနဦးအနေဖြင့် မြန်မာ-အမေရိကန်နှစ်နိုင်ငံ ဘက်ညီမျှသော ကုန်သွယ်မှုဖေါ်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်များအပေါ် အခွန်(၁၀)ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့သွင်းကုန်များအပေါ် (၀)ရာခိုင်နှုန်းမှ (၁၀)ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားရန်အဆိုပြုညှိနှိုင်းလိုပါကြောင်း၊ လိုအပ်ပါက မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ အမြန်စေလွှတ်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်လိုပါကြောင်း။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး(LDC)နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်နေသည့်အပြင် လွန်ခဲ့သည့်(၅)နှစ်တာကာလအတွင်း ကိုဗစ်(၁၉)ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုခါဆိုင်ကလုံးမုန်တိုင်း၊ ရာဂီမုန်တိုင်းရေကြီးရေလျှံမှုနှင့် ၇.၇ မဂ္ဂနီကျုရှိ မန္တလေးငလျင်ကြီးများကြောင့် ပြင်းထန်သောစိန်ခေါ်မှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရသဖြင့် မြန်မာပြည်သူများသည် ကြီးမားသောစိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနေရသည့်အချိန်လည်း ဖြစ်ပါကြောင်း။
အလျဉ်းသင့်၍ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေတွင် မြန်မာအစိုးရနှင့် ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို အဆွေတော်အား အသိပေးလိုပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အမေရိကန်နိုင်ငံရွေးကောက်ပွဲတွင် အဆွေတော်သမ္မတကြီးကြုံတွေ့ခဲ့ရသလို မိမိတို့နိုင်ငံရွေးကောက်ပွဲတွင်လည်း ကြီးမားသည့်မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၎င်းဖြစ်ရပ်များအတွက် အာဏာရပါတီနှင့် ရွေးကောက်ပွဲကော်မရှင်အား ပြန်လည်စိစစ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်မှုမပြုဘဲ နိုင်ငံတော်အာဏာကို မဲမသမာမှုများဖြင့် ပေါ်ထွက်လာသည့်ရလဒ်အရ တရားမဲ့ရယူရန်ကြိုးပမ်းမှုသည် တရားမျှတမှုမရှိကြောင်း၊ အာဏာရပါတီမဟုတ်သည့် အခြားသောနိုင်ငံရေးပါတီများက လက်ခံယုံကြည်ကြသောကြောင့် အခြေခံဥပဒေကအပ်နှင်းထားသော တာဝန်အရ တပ်မတော်မှ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ မီဒီယာများ၏ မဟုတ်မမှန်ထုတ်လွှင့်ခဲ့မှုများကြောင့်သာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် နိုင်ငံတကာ အထင်အမြင်မှားမှုများဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါကြောင်း။
တပ်မတော်က နိုင်ငံတော်အာဏာကို တာဝန်ယူဆောင်ရွက်ချိန်တွင် ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စိစစ်ခဲ့ရာ မဲအရေအတွက်(၁၁ ဒသမ ၃)သန်း (တစ်နိုင်ငံလုံး ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) မသမာမဲအဖြစ် စိစစ်တွေ့ရှိခဲ့ရပါကြောင်း၊ မဲမသမာမှုများအတွက် ထိုစဉ်ကတာဝန်ရှိသည့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်ချိန်တွင် ၎င်းတို့၏ထွက်ဆိုချက်များအရ မဲမသမာမှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ဆောင်ရွက်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့မှုကြောင့် ၎င်းတို့အပေါ် တရားရုံးကချမှတ်သည့် ပြစ်ဒဏ်များကိုခံယူပြီး ယခုအခါ ပြန်လည်လွတ်မြောက်နေကြပြီဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းကာ မဲမသမာမှုများကို စစ်ဆေးဖော်ထုတ်ခဲ့မှုအခြေအနေသည်လည်း မှန်ကန်မျှတမှုရှိကြောင်း တရားဝင်ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီများနှင့် ပြည်သူအများစုက လက်ခံယုံကြည်ခဲ့ကြပါကြောင်း။
အဆွေတော်သမ္မတကြီးအနေဖြင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှု၍ ပဋိပက္ခများတိုးပွားစေသည့် သတင်းဌာနများနှင့် ရန်ပုံငွေစနစ်များကို ထိန်းချုပ်ပေးခြင်းအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မမှန်မကန်သတင်းအချက်အလက်များကိုသာ တစ်ဖက်သတ်ထုတ်လွှင့်ခဲ့မှုများကြောင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာကသိရှိမှုမရှိဘဲ သတင်းမှားများကို အခြေခံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ထားရာ ထိုအရေးယူပိတ်ဆို့ထားမှုများသည် မိမိတို့ နှစ်နိုင်ငံအတွက် မည်သို့မျှအကျိုးမရှိခြင်းကြောင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုရှေ့ရှု၍ ယခင်ကချမှတ်ခဲ့သည့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျော့ရုပ်သိမ်းပေးရန်လည်း အထူးမေတ္တာရပ်ခံအပ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အစဉ်အဆက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒကို ကျင့်သုံးခဲ့ပြီး၊ မည်သည့်နိုင်ငံနှင့်မျှ ပဋိပက္ခအငြင်းပွားမှုမရှိခဲ့ဘဲ ၎င်းအစဉ် အလာကောင်းကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း၊ အလားတူစွာပင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အခြားမည်သည့် ကမ္ဘာ့နိုင်ငံများကိုမျှ အနှောင့်အယှက်ပေးမှုမရှိခဲ့သည်ကိုလည်း ပြောကြားလိုပါကြောင်း။
အဆွေတော်၏ အဆိုပြုချက်အတိုင်း ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများ ဖယ်ရှားခြင်း၊ အပြန်အလှန်အခွန်ကောက်ခံမှုထိန်းသိမ်းခြင်းတို့ဖြင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း၊ အဆွေတော်နှင့် အမေရိကန် ပြည်သူပြည်သားများ ကျန်းမာရွှင်လန်းကြပါစေကြောင်း၊ အနာဂတ်လုပ်ငန်းစဉ်များတွင် အောင်မြင်မှုများဆွတ်ခူးနိုင်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့် ဖော်ပြပါရှိကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် လက်ခံကျင်းပမည့်(၅၃)ကြိမ်မြောက် ASEAN Banking Council အစည်းအဝေးနှင့် (၂၄)ကြိမ်မြောက် ASEAN Banking Conference တို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုယနေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်၍ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှု ကော်မတီအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ တွေ့ဆုံဆွေးနွေးရာ ASEAN Banking Council အစည်းအဝေးများတွင် ဆွေးနွေးမည့် အကြောင်းအရာများ၊ Panel Discussion ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ASEAN ဒေသအတွင်းရှိ နိုင်ငံများမှဘဏ်လုပ်ငန်းပညာရှင်များအား ဖိတ်ကြားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ကုန်တွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်း ကဏ္ဍရှိ ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲအခမ်းအနားကို မြန်မာနိုင်ငံတော်ဗဟို ဘဏ်၌ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်အတူ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အမှုဆောင်အရာရှိချုပ်များ တက်ရောက်ကြ သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လက်ရှိကျင့်သုံးလျက်ရှိသော ငွေကြေးမူဝါဒကို ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊ မေခရိုစီးပွားရေးညွှန်းကိန်းများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအရ ဗဟိုဘဏ်၏ ငွေကြေးမူဝါဒအပေါ် ထည့်သွင်း စဉ်းစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ မေခရို စီးပွားရေး အချက်အလက်များ အပါအဝင်စီးပွားရေးတိုးတက်မှုနှုန်းအပေါ် နှိုင်းယှဉ်ချက်များ၊ ပြည်တွင်းအလုပ်လက်မဲ့နှုန်းအခြေအနေ၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ငွေကြေးပမာဏ၊ GDP တွင် ဘဏ်လုပ်ငန်းကဏ္ဍ၏အပ်ငွေ၊ ချေးငွေနှင့် စုစုပေါင်းရရန်ပိုင်ခွင့်များ ပါဝင်မှု၊ ဘဏ်လုပ်ငန်းကဏ္ဍမှ စီးပွားရေးကဏ္ဍများသို့ ချေးငွေများ ထုတ်ချေးထားမှုအခြေအနေနှင့် စည်းမျဉ်းသတ်မှတ်ချက် လိုက်နာမှုအခြေအနေများ၊ ငွေရေးကြေးရေး အားကောင်းခိုင်မာမှု ညွှန်းကိန်းများကို သုံးသပ်ဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာသည့် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ဒါရိုက်တာအဖွဲ့ဝင်များ နှင့်စီမံခန့်ခွဲသူများက သက်ဆိုင်ရာ ဘဏ်အလိုက် ဆောင်ရွက်လျက်ရှိသည့် တိုးတက်မှုအခြေအနေ များ၊ Internal Control စီမံထားရှိမှု၊ Risk Management အကောင် အထည်ဖော်မှု၊ ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်းများလိုက်နာမှုနှင့် တရားစွဲချေးငွေများ၏ အခြေအနေများဆွေးနွေး တင်ပြခဲ့ရာ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက လုံခြုံစိတ်ချရပြီး ကောင်းမွန်သည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးရန်၊ ဘဏ်လုပ်ငန်းလုံခြုံမှုနှင့် အောင်မြင်မှုတို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်ပြီး ပြဋ္ဌာန်း ထားသည့်ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက် သွားရန်လိုအပ်ကြောင်းမှာကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်သို့ တင်သွင်းလာသည့် ဘရာဇီးကုန်ပစ္စည်းများအပေါ် အခွန် ၅၀ % စည်းကြပ်မည်ဟု ကြေညာ ပြီးနောက်နေ့မှာပင် ဘရာဇီးသမ္မတအီနာစီလို လူလာဒါဆီးလ်ဗါ က ဘရာဇီးဘက်ကလည်း တုံ့ပြန်သည့်အနေဖြင့် မိမိတို့နိုင်ငံထဲ တင်သွင်း လာသည့် အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ % စည်းကြပ် သွားမည်ဖြစ်ကြောင်း ဘရာဇီး သတင်းဌာနတစ်ခုဖြစ်သည့် Record ကို ပြောကြားလိုက်ပါသည်။

“ဘရာဇီးအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို အယူခံ တင်သွင်း နိုင်ပါသည်၊ ထို့အပြင် အဆိုပါကိစ္စအတွက် အပြည်ပြည်ဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ တောင်းဆိုပြီး ရှင်းလင်းချက်တွေ တောင်းခံနိုင်သော်လည်း အဓိကအရေးကြီးသည်က မိမိတို့၏ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် အပြန်အလှန်ရပိုင်ခွင့်ဆိုင်ရာဥပဒေ (Reciprocity Law) က အဓိက ကျပါသည်” ဟု လူလာက ထည့်သွင်းပြောကြားထားပါသည်။ လူလာ ဆိုလိုခြင်းမှာ လက်တင်အမေရိကန်ကား၏ အကြီးဆုံးစီးပွားရေးအပေါ် အခွန်တိုက်ခိုက်မှုရန်မှ ကာကွယ်ရန် ရည်ရွယ်ပြီး မကြာသေးခင်ကမှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေကို ရည်ညွှန်းပြောကြားခြင်း ဖြစ်ပါသည်။
ထရမ့်၏ အခွန်သတ်မှတ်ကြောင်း ကြေညာချက်ထွက်လာပြီးနောက်နေ့ ကြာသပတေးနေ့တွင် လူလာက အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ခေါ်ယူကာ အမေရိကန်အခွန်ကိစ္စကို တုံ့ပြန်ကိုင်တွယ်ဖြေရှင်းနိုင်ရန် အစည်းအဝေး တစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါသည်။ လူလာ၏ ရုံးအဖွဲ့အကြီးအကဲ ပြောကြားချက် အရ အမေရိကန်အခွန်စည်းကြပ်မှုအပေါ် မိမိတို့ဘက်က တုံ့ပြန် လုပ်ဆောင် နိုင်ရေး လေ့လာရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ကြသည်ဟု သိရှိ ရပါသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အာရှနိုင်ငံများအပါအဝင် နိုင်ငံ အတော်များများကို အခွန်တိုးမြင့်စည်းကြပ်ကောက်ခံရန် မကြာသေးမီ ရက်အတွင်းက ကြေညာထားပြီး ဆွေးနွေးညှိနှိုင်းရန် အချိန်ပေးသည့် အနေဖြင့် သုံးပတ်နောက်ဆုတ်ကာ လာမည့် ဩဂုတ်လ ၁ ရက်တွင် စတင် အသက်ဝင်မည်ဟု အသိပေးကြေညာထားပါသည်။
ကိုးကား- The Guardian
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များအား မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/72090

မလေးရှားနိုင်ငံတွင် ကျင်းပသည့် ဒေသဆိုင်ရာ အဆင့်မြင့် အစည်းအဝေး အတွင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး သရီဆာ လာဇာရို က ဇူလိုင် ၁၁ ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုးစ်ဂျူနီယာ နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့ ဝါရှင်တန်ဒီစီ၌ ယခုလအတွင်း တွေ့ဆုံမည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဤသည်မှာ ထရမ့်နှင့် မာကိုးစ်တို့၏ ပထမဆုံးတွေ့ဆုံမှု ဖြစ်ပြီး ယခုနှစ် များအတွင်း ဖိလစ်ပိုင်-အမေရိကန် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ သိသိသာသာတိုးမြင့်လာခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး အကောက်ခွန် တိုးမြှင့်မှုဆိုင်ရာ ဆွေးနွေးချက်များ ပါဝင်မည်ဟု မျှော်မှန်းရသည်။
“အကောက်ခွန်နှင့်ပတ်သက်သောကိစ္စကို အခြားအကြောင်းအရာများ နှင့်အတူ ဆွေးနွေးသွားမည် ၊ အကောက်ခွန်ကိစ္စသည် မိမိတို့အတွက် အလွန်အရေးကြီးပါသည်။ မိမိတို့သည် အဆိုပါကိစ္စကို ဆွေးနွေးရန် ညှိနှိုင်းသူများကို ကြိုတင်စေလွှတ်ထားပြီးဖြစ်သည်” ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး သရီဆာ လာဇာရို က ဇူလိုင် ၁၁ ရက်နေ့တွင် Reuters သို့ ပြောကြားခဲ့သည်။
အမေရိကန် အိမ်ဖြူတော်အရာရှိ တစ်ဦးကလည်း အဆိုပါတွေ့ဆုံမှုကို ဇူလိုင် ၂၂ ရက်နေ့တွင် စီစဉ်ထားကြောင်း Reuters သို့ ပြောကြားခဲ့သည်။ ထို့အတူ သမ္မတ မာကိုးစ်၏ ရုံးမှလည်း ၎င်းသည် ဇူလိုင် ၂၀ မှ ၂၂ ရက်နေ့ အထိ အမေရိကန်သို့ အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်အစိုးရသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မကြာသေးမီ က ကြေညာခဲ့သည့် ၂၀% အကောက်ခွန် (ဧပြီလက ၁၇% အဖြစ် ခြိမ်းခြောက်ထားခဲ့ပြီး ယခု ရှင်းလင်းချက်မပါဘဲ ၃% တိုး) နှုန်းကို စိုးရိမ် နေသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်၏ ဖိလစ်ပိုင်နှင့်ကုန်သွယ်ရေး လိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံ အထိ မြင့်တက် လာခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၁.၈% တိုးလာခြင်းဖြစ်သည်။
ဖိလစ်ပိုင်အစိုးရက ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ဆက်လက် ညှိနှိုင်းမည် ဟု ကတိပြုထားပြီး လာမည့်သီတင်းပတ်တွင် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို ဝါရှင်တန်သို့ စေလွှတ်မည် ဖြစ်သည်။
သမ္မတ ဖာဒီနန်မာကိုးစ်ဂျူနီယာ လက်ထက်တွင် ဖိလစ်ပိုင်နှင့် အမေရိကန် ဆက်ဆံရေးသည် သိသိသာသာ တိုးတက်လာခဲ့သည်။ မာကိုးစ်သည်အမေရိကန်ဘက်သို့ ပိုမိုယိမ်းညွတ်လာကာ အမေရိကန် စစ်သည်များအား ဖိလစ်ပိုင်စစ်စခန်းများတွင် တပ်စွဲခွင့် ပိုမိုခွင့်ပြုခဲ့သည်။ အဆိုပါ အချက်များကြောင့် နှစ်နိုင်ငံအကြား စစ်ရေး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။
အမေရိကန်၏ ကိုလိုနီဟောင်းသည် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ် တို့အပေါ် တရုတ်နိုင်ငံ၏ ဗိုလ်ကျလွှမ်းမိုးမှုကို တန်ပြန်ရန် ဝါရှင်တန်၏ ကြိုးပမ်းအားထုတ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။
အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် ဆယ်စုနှစ် ခုနစ်ခုကျော် သက်တမ်း ရှိသော အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုထားပြီး နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှု ဒါဇင်များစွာပါဝင်ကာ အမေရိကန် ၏ Typhon ဒုံးခွင်းဒုံးစနစ် စမ်းသပ်မှုများက တရုတ်နိုင်ငံကို အမျက် ဒေါသထွက်စေခဲ့သည်။
ကိုးကား- CNA
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂