သတင်းများ

အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး Shri Ajit Doval သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့်တွေ့ဆုံဆွေးနွေး

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး Shri Ajit Doval သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် ဒီဇင်ဘာ ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး အိန္ဒိယနှင့်တရုတ်တို့သည် ၎င်းတို့၏ နယ်စပ်အငြင်းပွားမှုတွင် တင်းမာမှုများ ဖြေလျှော့ရန် လုပ်ဆောင်နေကြကြောင်း Times of India သတင်းအေဂျင်စီကဖော်ပြထားပါသည်။

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး Ajit Doval သည် အိန္ဒိယကိုယ်စားလှယ်အဖွဲ့အား ၂၃ ကြိမ်မြောက် အထူးသံတမန်ဆွေးနွေးပွဲသို့ ဦးဆောင်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲအား ၅ နှစ်ကြာ ကြာမြင့်ပြီးနောက် ကျင်းပခြင်းဖြစ်ပါသည်။ နောက်ဆုံးအစည်းအဝေးကို ၂၀၁၉ ခုနှစ် တွင် Delhi တွင်ကျင်းပခဲ့ပါသည်။

နှစ်နိုင်ငံတာဝန်ရှိသူများသည် အောက်တိုဘာ ၂၁ ရက် က အရှေ့ပိုင်း Ladakh ဒေသတွင် ကင်းလှည့်ခြင်း ဆိုင်ရာသဘောတူညီချက်အပြီးတွင် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ရန်ကိစ္စရပ်များကို ဆွေးနွေးရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းတွင်ပင် တရုတ်အစိုးရသည် နှစ်နိုင်ငံခေါင်းဆောင်များအကြား အရေးကြီးသော ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး Ajit Doval နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့အကြား အဓိကတွေ့ဆုံပွဲမတိုင်မီတွင် နှစ်နိုင်ငံလုံးသည် အပြန် အလှန်ယုံကြည်မှုကိုမြှင့်တင်ရန်နှင့် မတူညီမှုများကို ရိုးသား၍ သစ္စာရှိရှိ မှန်ကန်စွာဖြေရှင်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပြောကြားခဲ့ပါသည်။

"တရုတ်နှင့် အိန္ဒိယခေါင်းဆောင်များအကြား အရေးကြီးသော ဘုံသဘောတူညီချက်များကိုအကောင်အထည်ဖော်ရန်၊ အိန္ဒိယနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ အချင်းချင်း၏အဓိက အကျိုးစီးပွားနှင့် အဓိက အလေးထားမှု၊ အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရန်၊ ကွဲပြားမှုများကို ရိုးသား၍ သစ္စာရှိရှိ ကိုင်တွယ်ဖြေရှင်းရန်၊ နှစ်နိုင်ငံ ဆက်ဆံရေးတည်ငြိမ်ပြီး ကျန်းမာစွာ ဖွံ့ဖြိုးတိုးတက်လာရန် ဖြစ်နိုင်ချေရှိကြောင်း Jian က ပြောကြားခဲ့ပါ သည်။

ယခုနှစ် အောက်တိုဘာလ အစောပိုင်းတွင် အိန္ဒိယနှင့်တရုတ်တို့သည် အိန္ဒိယနှင့်တရုတ်နိုင်ငံကြား နယ်စပ်ဒေသများတွင် အမှန်တကယ်ထိန်းချုပ်ရေးမျဉ်း (LAC) တစ်လျှောက် ကင်းလှည့်ရန်သဘောတူညီမှုရရှိခဲ့ပါသည်။

အိန္ဒိယနှင့် တရုတ်ကြား နယ်နိမိတ်ချင်း ပဋိပက္ခသည်၂၀၂၀ ပြည့်နှစ်တွင် LAC တစ်လျှောက် Ladakh အရှေ့ပိုင်းတွင် စတင်ခဲ့ပြီး တရုတ်စစ်တပ်၏ လှုပ်ရှားမှုများကြောင့် အစပျိုးခဲ့ခြင်းဖြစ်ပါသည်။ ယင်းကြောင့် နှစ်နိုင်ငံကြား ကာလရှည်တင်းမာမှုများဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့၏ ဆက်ဆံရေးကို သိသိသာသာ တင်းမာစေခဲ့ကြောင်း သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

ကိုးကား - Times of India

အနောက်အုပ်စုက ရုရှားကို နျူစစ်ပွဲကြီး မဖြစ်ဖြစ်အောင် ကျဉ်းထဲကြပ်ထဲတွန်းပို့နေကြောင်း ပူတင်ပြော

အမေရိကန် တာလတ်ပစ်နှင့် တာဝေးပစ် ဒုံးကျည်များ ယူကရိန်းကို ဖြန့်ကျက်ခြင်းမပြုရန်၊ ယူကရိန်းအပေါ် အနောက်အုပ်စု၏ ပံ့ပိုးကူညီနေမှုက နျူစစ်ပွဲကြီး ဖြစ်အောင် ရုရှားကို တွန်းအားပေးနေကြောင်း သမ္မတ ဗလာဒီမာပူတင်က သတိပေးပြောလိုက်ပါသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိများ အစည်းအဝေးတွင် ပူတင်ကအမေရိကန်သည် ရုရှားနိုင်ငံကို အားပျော့စေရန်နှင့် ဗျူဟာမြောက်ရှုံးနိမ့်မှုဖြစ်လာစေရန် ကြိုးပမ်းနေကြောင်း၊ ကိယက်ဗ်၏ တရားမဝင်သော အုပ်ချုပ်မှုစနစ်အား လက်နက်နှင့်ငွေကြေးဖြင့်ပံ့ပိုးမှု ဆက်လက်လုပ်ဆောင်နေကြောင်း၊ ကြေးစားများနှင့် စစ်ဘက်အကြံပေးများ စေလွှတ်ခြင်းဖြင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာစေရန် တွန်းအားဖြစ်စေကြောင်း ပြောကြားခဲ့ပါသည်။ 

ဝါရှင်တန်အစိုးရက "ရိုးရှင်းသောနည်းဗျူဟာများ" ကို အသုံးပြုခြင်းဖြင့် အမေရိကန်များကို ကြောက်ရမည် ဆိုသည့် အသိတရားတိုးပွားစေကြောင်း၊ အမေရိကန်တို့ က ရုရှားတို့ကို မျဉ်းနီဆီ မရောက်ရောက်အောင် တွန်းပို့ နေကြောင်း၊ အမေရိကန်တို့နှင့် သဘောထားမတူသည့် နိုင်ငံများကို ရန်သူသတ်မှတ်ပြီး နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြောင်း၊ နိုင်ငံရေးများကိုလည်း ဝင်ရောက်စွက်ဖက်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ကိုယ်ပိုင်စည်းမျဉ်းများဖြင့်သာ နေထိုင်သွားမည်ဖြစ်ကြောင်း” ပူတင်က ပြောကြားခဲ့သည်။ 

နေတိုးက ၎င်း၏ကာကွယ်ရေးအသုံးစရိတ်ကိုမြှင့်တင်ကာရုရှားနယ်စပ်အနီးတွင် “တိုက်ခိုက်ရေး အဖွဲ့များ” ဖွဲ့စည်းထားကြောင်းနှင့်ဥရောပတွင် အမေရိကန် စစ်မှုထမ်းအရေအတွက်သည် တပ်ဖွဲ့ဝင် ၁သိန်း ကျော်သွားပြီ ဖြစ်ကြောင်း၊ နေတိုး၏ တပ်ဖြန့်ချထားမှုက ရုရှားနယ်စပ်များ၌ အမြင့်ဆုံးဖြစ်နေပြီး တစ်ကြိမ်တစ်ခါမျှ ယခုလောက်မများကြောင်း၊ နျူထိပ် ဖူးတပ် တာဝေးပစ်နှင့် တာလတ်ပစ်ဒုံးဆိုင်ရာစာချုပ်မှ အမေရိကန်နိုင်ငံသည် ၂၀၁၈ ခုနှစ်ကတည်းက ထွက်သွားပြီဖြစ်ကြောင်း၊ အမေရိကန်များက ရုရှားနိုင်ငံအနီးနားတွင် ဒုံးကျည်ကာကွယ်ရေးစခန်းများလာရောက်တည်ဆောက်နေခြင်းနှင့်ပတ်သက်ပြီးရုရှားအနေဖြင့် မည်သည့်စည်းမျဉ်း၊ စည်းကမ်းကိုမျှလိုက်နာရန် လိုအပ်ခြင်းမရှိတော့ကြောင်း ပူတင်က မှတ်ချက်ပြုခဲ့ပါသည်။

ကိုးကား-Myanmar National Post

ဒေါ်နယ်ထရန့်က သန်းနှင့်ချီ‌သော ရွှေ့ပြောင်းအလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်စေလွှတ်မည်

ဒေါ်နယ်ထရန့်က သန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း First Post America သတင်းဌာနတွင် ဖော်ပြထားသည်။ 

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ၎င်းသမ္မတတာဝန် စတင်ယူပြီးနောက်တွင် ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်ပို့မည့်ကိစ္စကိုစတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများအနေဖြင့် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်ငံသားများအား ပြန်လည်လက်ခံခြင်းမရှိပါက အဆိုပါနိုင်ငံများနှင့် စီးပွားရေးဆောင်ရွက်မည်မဟုတ်ကြောင်း၊ ၎င်းနိုင်ငံများအပေါ် အခွန်အခများ ကောက်ခံသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်အခွန်ဌာနကလည်း နေရပ်ပြန်လည်စေလွှတ်မည့်နိုင်ငံများ၏ အမည်စာရင်းအား ထုတ်ပြန်ထားသည်။ ရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ပြန်လည်ပို့ဆောင်ရာတွင် ပူးပေါင်းမှုမရှိသည့် နိုင်ငံ ၁၅ နိုင်ငံ အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁)     အိန္ဒိယနိုင်ငံ (India)

(၂)      ရုရှားနိုင်ငံ (Russia)

(၃)     တရုတ်နိုင်ငံ (China)

(၄)     ဘူတန်နိုင်ငံ (Bhutan)

(၅)     မြန်မာနိုင်ငံ (Myanmar)

(၆)     လာအိုနိုင်ငံ (Laos)

(၇)     ဗီယက်နမ်နိုင်ငံ (Vietnam)

(၈)     ကမ္ဘောဒီးယားနိုင်ငံ (Cambodia)

(၉)     ပါကစ္စတန်နိုင်ငံ (Pakistan)

(၁၀)   အာဖဂန်နစ်စတန်နိုင်ငံ (Afghanistan)

(၁၁)   အီရန်နိုင်ငံ (Iran)

(၁၂)    အီရတ်နိုင်ငံ (Iraq)

(၁၃)   အဇာဘိုင်ဂျန်နိုင်ငံ (Azerbaijan)

(၁၄)   ယူကရိန်းနိုင်ငံ (Ukraine)

(၁၅)   အာရိတီယားနိုင်ငံ (Eriteria)

အမေရိကန်ပြည်ထောင်စုက အိန္ဒိယနိုင်ငံအား ရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ပြန်လည်ပို့ဆောင်ရာတွင် ပူးပေါင်းမှုမရှိသည့် နိုင်ငံ ၁၅ နိုင်ငံအမည်စာရင်းတွင် ထည့်သွင်းထားသည်။ ပထမအကြိမ် နေရပ်ပြန်လည်စေလွှတ်မည့်စာရင်းတွင် ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၁.၅ သန်းရှိကြောင်း၊ အိန္ဒိယနိုင်ငံသား ၁၈,၀၀၀ ခန့်ကိုလည်း နေရပ်ပြန်လည်စေလွှတ်မည့်စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် အိန္ဒိယလူမျိုး ၇၀၀,၀၀၀ ကျော် အထောက်အထားမဲ့ နေထိုင်လျက်ရှိကြောင်း သိရသည်။

ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့ကိုလည်း ရွှေ့ပြောင်းအလုပ်သမားများအား နေရပ်ပြန်လည် ပို့ဆောင်ရာတွင် ပူးပေါင်းမှုမရှိသည့် နိုင်ငံစာရင်းတွင် ထည့်သွင်းဖော်ပြထားကြောင်း Goldman Sachs ၏ CEO ဖြစ်သူ David Solomon က ပြောကြားခဲ့သည်။

ကိုးကား - First Post America

နှစ်နိုင်ငံပူးတွဲဆောင်ရွက်ပါက ကြီးကျယ်သောအရာများစွာကိုပိုင်ဆိုင်နိုင်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြော

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ပါက ကြီးကျယ် သောအရာများစွာကို ပိုင်ဆိုင်နိုင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကဒီဇင်ဘာလ ၁၇ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ အပေါ်ထားရှိသည့်မူဝါဒမှာ ပြောင်းလဲခြင်း မရှိကြောင်း၊ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှု၏ရလဒ်များတွင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးထိန်းချုပ်မှုနှင့် စီးပွားရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်မှုတို့လည်းပါဝင်ကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံသာဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ကြီးကျယ်သောအရာများစွာကို ပိုင်ဆိုင်နိုင်မည်မှာ မလွဲဧကန်ဖြစ်ကြောင်း ဝမ်ယိကပြောထားသည်။

သို့သော်  တစ်ဖက်တွင်မူ အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ကျွန်းအရေးအပါအဝင် တရုတ်နိုင်ငံ၏ပြည်တွင်းရေးကိစ္စများတွင် တရားမဝင်နှင့်အကြောင်းအကျိုး ဆီလျော်မှုမရှိသော ဖိနှိပ်ချုပ်ချယ်မှုများကိုမူ ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ဝမ်ယိကပြောသည်။

ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ၏တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကိုကာကွယ်နိုင်ရေး၊ နိုင်ငံတကာဆက်ဆံရေး၏အခြေခံသတ်မှတ်ချက်များကိုကာကွယ်နိုင်ရေးတို့အတွက် ခိုင်မာပြင်းထန်သည့်တုံ့ပြန်မှုများဖြင့်   ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောထားသည်။

ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ်ကျမ်းသစ္စာမကျိန်ဆိုမီတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက   ယခုကဲ့သို့ပြောလာခြင်းဖြစ်သည်။             

Ref: RTA

Source: Myawady Webportal

ဘယ်လာရုစ်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်သည် Lukashenko အား သမ္မတလောင်းအဖြစ် မှတ်ပုံတင်ရန် စာရွက်စာတမ်းများကို လက်ခံခဲ့

ဘယ်လာရုစ်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်သည် Lukashenko အား သမ္မတလောင်းအဖြစ် မှတ်ပုံတင်ရန် စာရွက်စာတမ်းများကို လက်ခံခဲ့ကြောင်း BelTA သတင်း အေဂျင်စီက ဖော်ပြထားပါသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင်ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းအေဂျင်စီက ရေးသားဖော်ပြထားပါသည်။

ကိုးကား - BelTA သတင်းအေဂျင်စီ

ဆီးရီးယား လက်နက်ကိုင်အဖွဲ့ HTS နှင့် အမေရိကန် တိုက်ရိုက်ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်နေကြောင်း ဘလင်ကန်ပြောကြား

ဘိုင်ဒန်အစိုးရအဖွဲ့က လက်နက်ကိုင်အဖွဲ့ Hayat Tahriral-Sham နှင့်တိုက်ရိုက်ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ‌အတည်ပြုပြောကြားထားသည်။

HTS အဖွဲ့သည် အမေရိကန်နိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး သမ္မတ‌အာဆတ်အား ဖြုတ်ချရာတွင် ပါဝင်သော အဖွဲ့လည်း ဖြစ်သည်။

ဆီးရီးယားအနာဂတ်အရေးဆွေးနွေးရန် ဒေသတွင်းနိုင်ငံများနှင့် အနောက်အုပ်စုနိုင်ငံများမှ သံတမန်များ တွေ့ဆုံခဲ့သည့် ဂျော်ဒန်နိုင်ငံရှိ သတင်းစာရှင်းလင်းပွဲတွင် ဘလင်ကန်က  ထိုသို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

ကိုးကား - AI jazeera

ရွေးကောက်ခံသမ္မတထရန့်  ထိုင်ဝမ်အစိုးရအပေါ် သဘောထားပြောင်းလဲသွားမလား

ရွေးကောက်ခံသမ္မတထရန့်က ထိုင်ဝမ်နိုင်ငံအား မိတ်ဆွေအဖြစ်သဘောထားခဲ့ပြီး လက်နက်အများအပြား ရောင်းချပေးခြင်း၊ သံတမန်များ အလည်အပတ် စေလွှတ်ခြင်းများကို ၎င်း၏ပထမသက်တမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယသက်တမ်းအတွက် မဲဆွယ်မှုများပြုလုပ်ရာတွင် အမေရိကန်နိုင်ငံ၏ လုံခြုံရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသည် အမေရိကန်၏ အီလက်ထရောနစ် စီးပွားရေးကို ခိုးယူသည်ဟု ထရန့်က ပြောကြားခဲ့ ပါသည်။

ထိုအချက်များကြောင့် ယခင်သက်တမ်းတွင် ထရန့် သည် တရုတ်ပြည်မကြီးရန်မှ ကာကွယ်ပေးသည့် မိတ်ဆွေဖြစ်ခဲ့သော်လည်း ဒုတိယသက်တမ်းတွင် ထရန့် မည်ကဲ့သို့ဆောင်ရွက်မည်ကို မခန့်မှန်းနိုင်သည့်အတွက် ထိုင်ဝမ်အစိုးရသည် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ထိုင်ဝမ်နိုင်ငံအတွင်း နေထိုင်သူများသည် ထရန့်၏နိုင်ငံရေးအခင်းအကျင်းကို ခန့်မှန်းရန် ခက်ခဲသောကြောင့် ထိုင်ဝမ်နိုင်ငံ၏ လုံခြုံရေးအပါ် စိုးရိမ်မှုမြင့်တက်နေကြောင်း  ထိုင်ဝမ်အမျိုးသားလုံခြုံရေး ကောင်စီထိပ်တန်းအကြံပေး (အငြိမ်းစား) တစ်ဦးက CNN သို့ ပြောကြားခဲ့ပါသည်။

ထိုင်ဝမ်အစိုးရအနေဖြင့် နိုင်ငံ၏လုံခြုံရေးကို ရှေးရှု၍ အမေရိကန်နိုင်ငံ၏ လက်နက်အကူအညီကို ဆက်လက် ရရှိရန် ရွေးကောက်ခံသမ္မတ ထရန့်အစိုးရနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး ယခုကတည်းက တည်ဆောက်ရန် လိုအပ်ပါသည်။ 

တရုတ်ပြည်မကြီး ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်အား ၎င်းတို့၏ အချုပ်အခြာအာဏာအောက်သို့ရောက်ရန် ကြိုးပမ်းနေသည်မှာ အချိန်ကာလတစ်ခုတိုင်ခဲ့ပြီ ဖြစ်ပါ သည်။ သို့သော်လည်း ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေး အက်ဥပဒေအောက်တွင် အမေရိကန်မှ ထိုင်ဝမ်သို့ လက်နက်ကိရိယာများ တရားဝင်တင်သွင်းနိုင်ပြီး တရုတ် ပြည်မကြီး၏ ရန်ကို ခုခံနေနိုင်ခြင်း ဖြစ်ပါသည်။ 

ထိုင်ဝမ်အစိုးရကလည်း အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေး ကိုအလေးထားကြောင်းနှင့် ထိုင်ဝမ်သမ္မတ Lai Ching-te က ထိုင်ဝမ်အစိုးရသည် အမေရိကန်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် မိတ်ဆွေဖြစ်လိုကြောင်း အမေရိကန်ရွေးကောက်ပွဲအပြီးတွင် သတင်းထုတ်ပြန် ခဲ့ပါသည်။ 

သို့သော်လည်း ထရန့်၏ မူဝါဒ၊ သဘောထားများအပေါ် စောင့်ကြည့်ပြီး ဒုတိယသက်တမ်းတွင် ထိုင်ဝမ်အစိုးရအပေါ် ပြောင်းလဲဆက်ဆံမည်လား ဆက်လက် စောင့်ကြည့်ရမည် ဖြစ်ပါသည်။ 

ကိုးကား - CNN

ထရန့်က ၎င်း၏ ကျမ်းသစ္စာဆိုပွဲသို့ တက်ရောက်ရန် တရုတ်သမ္မတရှီကျင့်ဖျင်ကို ဖိတ်ကြား

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က  လာမည့်ဇန်နဝါရီလတွင် ပြုလုပ်မည့် ၎င်း၏ သမ္မတ ကျမ်းသစ္စာဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ် သမ္မတရှီကျင့်ဖျင်ကို ဖိတ်ကြားထားကြောင်း ထရန့်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး Karoline Leavitt က အတည်ပြုပြောကြားလိုက်သည်။ ကာလ ကြာရှည်စွာပြိုင်ဘက်များအဖြစ် ရှုမြင်ခံထားရသည့် နှစ်နိုင်ငံအကြား ဆက်ဆံရေးခိုင်မာလာစေရန် ကြိုးပမ်းမှု ဖြစ်ကြောင်း သူမက ပြောထားပါသည်။ 

ဒါဟာ မဟာမိတ်နိုင်ငံများသာမက ရန်ဖက်နိုင်ငံများ၊ ပြိုင်ဘက်နိုင်ငံများအပေါ်လည်း ခေါင်းဆောင် အချင်းချင်းပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများကို ဖန်တီးနေသည့် သမ္မတထရန့်၏ ဥပမာတစ်ခုဖြစ်ကြောင်း  သူမက Fox & Friends အစီအစဉ်တွင် ပြောကြားထားပါသည်။ 

နှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာ အေးခဲနေသည့် ဆက်ဆံရေးအခြေအနေများကြောင့် အမေရိကန် သမ္မတ ကျမ်းသစ္စာဆိုပွဲကို တရုတ်ခေါင်းဆောင်တစ်ဦး တက်ရောက်ရန်ဆိုသည်မှာ ယခင်ကတခါမျှ မကြုံဖူးသည့် ကိစ္စဖြစ်သဖြင့် ဖြစ်နိုင်ဖွယ်ရာမရှိကြောင်း ကျွမ်းကျင်သူ များက ပြောကြားထားကြသည်။ 

ဒါက သံတမန်သက်သက် ဟန်ပြတစ်ခုသာဖြစ်ကြောင်း၊  သမ္မတရှီကျင့်ဖျင်သာမက အခြားနိုင်ငံခေါင်းဆောင်များ သည်လည်း အမေရိကန်သမ္မတ ကျမ်းသစ္စာဆိုပွဲများကို တက်လေ့မရှိကြကြောင်း   ဝါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ တရုတ်အရေးအထူး ကျွမ်းကျင်သူ Scott Kennedy က Reuters သတင်း ဌာနသို့ ပြောကြားထားသည်ကို ကိုးကား၍ ALJAZEERA က ဖော်ပြထားပါသည်။ 

ကိုးကား - ALJAZEERA

တောင်ကိုရီးယားသမ္မတ စွပ်စွဲပြစ်တင်ခံရ

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်ကို လွှတ်တော်က မဲခွဲဆုံးဖြတ်၍ စွပ်စွဲပြစ်တင်မှု ပြုလုပ်ခဲ့ ပါသည်။ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ခြင်း နှင့်စပ်လျဉ်း၍ သမ္မတကို ရာထူးမှ ဖယ်ရှားရန် စွပ်စွဲ ပြစ်တင်မှုကို ထောက်ခံမဲ ၂၀၄ မဲ၊ ကန့်ကွက်မဲ ၅ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။

တောင်ကိုရီးယားဉပဒေအရ သမ္မတအပေါ် စွပ်စွဲ ပြစ်တင်မှုနှင့်စပ်လျဉ်း၍ အမြင့်ဆုံးတရားရုံးဖြစ်သည့် အခြေခံဉပဒေတရားရုံးက စုံစမ်းစစ်ဆေးပြီး ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်ပါသည်။ အပြီးသတ်အမိန့်ချမှတ်ရန် အချိန် ၆ လခန့်အထိ ကြာမြင့်မည် ဖြစ်ပါသည်။ ယင်း ကာလအတွင်း သမ္မတအနေဖြင့် ၄င်း၏ လုပ်ပိုင်ခွင့် အာဏာများကို ဆိုင်းငံ့ခံထားရမည်ဖြစ်ပြီး ဝန်ကြီးချုပ်က ခေတ္တသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါ သည်။

တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်သည့် ပတ်ဂွမ်ဟေး အကျင့်ပျက်ခြစားမှု စွဲချက်ဖြင့် စွပ်စွဲပြစ်တင်ခံရပြီးနောက် ယွန်းဆွတ်ယောလ်သည် ဒုတိယမြောက် စွပ်စွဲပြစ်တင်ခံရသည့် သမ္မတ ဖြစ်လာ ခဲ့ပါသည်။

လွှတ်တော်က သမ္မတအပေါ် စွပ်စွဲပြစ်တင်ရန် ဒုတိယ အကြိမ် မဲခွဲဆုံးဖြတ်သည့် ဒီဇင်ဘာလ ၁၄ ရက် (စနေနေ့) တွင် သမ္မတ ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြသူများရှိခဲ့ပြီး တစ်ချိန်တည်းတွင် သမ္မတယွန်းဆွတ်ယိုးလ်ကို ထောက်ခံသူများကလည်း ကိုရီးယားအလံများ၊ အမေရိကန်အလံများ ကိုင်ဆောင် ဝှေ့ယမ်း၍ စုဝေးဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါသည်။

သမ္မတယွန်းနှင့် တာဝန်ရှိသူများကို နိုင်ငံတော်သစ္စာ ဖောက်ဖျက်မှုဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီး သမ္မတယွန်းကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထား ပါသည်။

နိုင်ငံရေးသမားများ၏ အတ္တများကြောင့် တိုင်းပြည်က မသေချာ မရေရာမှုများနှင့် ရင်ဆိုင်နေရသည့် တောင်ကိုရီးယားနိုင်ငံ၏ လက်ရှိအခြေအနေသည် သင်ခန်းစာယူစရာပင် ဖြစ်ပါသည်။

ကိုးကား - ICHIRO NMK

ဆီးရီးယားတွင် အာဏာရလာသော လက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်က သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေကြောင်း ကြေညာ

ဆီးရီးယားတွင် အာဏာရလာသော လက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်က သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင်သင့်ဖြစ်နေသည်ဟု ကြေညာခဲ့ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြ ထားသည်။

ဆီးရီးယားမြို့တော် ဒမတ်စကတ်တွင် အာဏာရလာသော လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင် Ahmed al-Sharaa (Abu Mohammed al-Julani) သည် ဆီးရီးယားသမ္မတနိုင်ငံမှ နိုင်ငံသားများ သို့မဟုတ် ၎င်း၏ တပ်ဖွဲ့ဝင်များမှ တောင်းဆိုပါက ဆီးရီးယားသမ္မတ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင်သင့်ရှိကြောင်း ကြေညာခဲ့ပါသည်။

တရားဥပဒေစိုးမိုးရေးကို အခြေခံသည့် နိုင်ငံတစ်ခု ထူထောင်ရန်အတွက် ကတိကဝတ်ပြုထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဆီးရီးယားတွင် အာဏာရ လာရန် တစ်ခုတည်းသောနည်းလမ်းက မဲပုံးများထဲ တွင်သာ ရှိနေမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရှိရပါသည်။

ဒီဇင်ဘာ ၁၂ ရက်က အာဏာရလာသော ပြည်သူ့ စစ်ကိုယ်စားလှယ် Ubayda Arnaut က ဆီးရီးယား အသွင်ကူးပြောင်းရေးအစိုးရသည် လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလုပ်ငန်းများကို သုံးလကြာ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း၊ အာဏာပိုင်အသစ်များသည် နိုင်ငံ၏အခြေခံဥပဒေအား ပြင်ဆင်ရန်အတွက် ဥပဒေ ရေးရာနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီများ ဖွဲ့စည်း မည်ဖြစ်ကြောင်း AFP သတင်းအေဂျင်စီသို့ ပြောကြားခဲ့ ပါသည်။ 

ကိုးကား - TASS / AFP