သတင်းများ

သေဒဏ်ချမှတ်ခံထားသူ ၄၀ ဦးအနက် ၃၇ ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ပေါ့ချမှတ်လိုက် ကြောင်း ဘိုင်ဒန်ကြေညာ

အမေရိကန်ရှိ ဖက်ဒရယ်တရားရုံးများက သေဒဏ် ချမှတ်ခံထားသူ ၄၀ ဦးအနက် ၃၇ ဦးကို တစ်သက် တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ပေါ့ချမှတ်ပေးလိုက်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၃ ရက်နေ့ တွင် ကြေညာလိုက်ပါသည်။ 

ထိုလျှော့ပေါ့ပြစ်ဒဏ်စာရင်းတွင် မပါဝင်သူ အကျဉ်းသား ၃ ဦးမှာ ၂၀၁၅ ခုနှစ်က တောင်ကရိုလိုင်းနားပြည်နယ်ရှိ ဘုရားကျောင်းတွင် လူသတ်မှုကျူးလွန်ခဲ့သူ၊ ၂၀၁၈ခုနှစ်တွင် ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ ဂျူးဘုရား ကျောင်းတွင်ဝတ်ပြုနေသူများကို သတ်ဖြတ်ခဲ့သူ၊ ၂၀၁၃ ခုနှစ်က ဘော်စတွန်မြို့ မာရသွန်ပွဲတွင် ဗုံးခွဲ တိုက်ခိုက် ခဲ့သူတို့ ဖြစ်ပါသည်။ 

အမေရိကန်အနေဖြင့် ပြည်ထောင်စုအဆင့်တွင် သေဒဏ်ပြစ်ဒဏ်ပေးခြင်းကို ရပ်တန့်ရမည်ဟု ပိုမို ယုံကြည်မိလာကြောင်း ဘိုင်ဒန်က ကြေညာချက်တွင် ပြောကြားထားပါသည်။ 

ယခင်သမ္မတတာဝန်ယူချိန်က အမေရိကန် ဖယ်ထရယ် ဆိုင်ရာ သေဒဏ်စီရင်မှုများကို ပြန်လည် အသက်သွင်း ခဲ့သူ လက်ရှိရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့် တက် မလာမီ ဘိုင်ဒန်က ထိုသို့ လျှော့ပေါ့ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ကိုးကား - BBC  

ပိုလန်က အစ္စရေး ဝန်ကြီးချုပ်ကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်

ပိုလန်နိုင်ငံ၌ ကျင်းပမည့် အော့စ်ဝစ်ချ် လွတ်မြောက်ရေး နှစ် ၈၀ ပြည့် နှစ်ပတ်လည် အခမ်းအနားအား ဇန်နဝါရီ လတွင် ကျင်းပမည်ဖြစ်ရာ အခမ်းအနားသို့ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု တက်ရောက်မည် ဆိုပါက ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ)၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝါဒလီ စလော ဘာတော့ဇဝစကီ ပြောကြားလိုက်ပါသည်။

အော့စ်ဝစ်ချ်အကျဉ်းထောင်သည် ဒုတိယကမ္ဘာစစ် အတွင်းက ဂျာမန်များတည်ဆောက်ထားခြင်းဖြစ်ပြီး ဂျူးလူမျိုး သန်းပေါင်းများစွာကို အဆိပ်ပေးသတ်ဖြတ် ခဲ့သည့်နေရာဖြစ်သည်။ အဆိုပါအကျဉ်းထောင်လွတ်မြောက်ရေးနေ့သည် အစ္စရေးနိုင်ငံကဲ့သို့ ဂျူးလူမျိုး များ အတွက် အရေးပါသောနေ့တစ်နေ့ဖြစ်ပါသည်။ 

နိုင်ငံတကာရာဇဝတ်မှု ရောမဥပဒေအား လက်မှတ် ရေးထိုးထားသည့် ပိုလန်သည် နိုင်ငံတကာ ရာဇ၀တ် တရားရုံး (ICC) ၏ ညွှန်ကြားချက်များကို လိုက်နာရန် တာဝန်ရှိကြောင်း ဝါဆောအစိုးရ၏ ထိပ်တန်းသံတမန် က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂါဇာတွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ဆက်နွှယ်သည့် စစ်ရာဇ၀တ်မှုများကို ကိုးကား၍ နေတန်ယာဟု နှင့် အစ္စရေး ကာကွယ်ရေး ဝန်ကြီးဟောင်း ဂေါ်လန် တို့ကို ICC က နိုဝင်ဘာလတွင် ဖမ်းဝရမ်း ထုတ်ခဲ့သည်။

နေတန်ယာဟုနှင့် ဂေါ်လန်တို့က ဂါဇာရှိအရပ်သား များအား အစားအစာ၊ ရေနှင့် ဆေးဝါးများကို တမင် တကာရည်ရွယ်ချက်ရှိရှိ ငတ်မွတ်ခေါင်းပါးစေသည့် စစ်ပွဲနည်းလမ်းကို အသုံးပြုခဲ့သည်ဟု တရားရုံးက စွပ်စွဲခဲ့ပါသည်။ အစိုးရရှေ့နေများအဆိုအရ အဆိုပါ လုပ်ရပ်များက စစ်ပွဲအတွက် မလိုအပ်ဘဲ သုံးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။ 

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံစလုံးသည် ရောမ သဘောတူစာချုပ်တွင် ပါ၀င်ပြီး ICC က အစ္စရေး ဝန်ကြီးချုပ်ကို ဖမ်းဝရမ်းထုတ်ရန် လိုအပ်သော်လည်း တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှုများမှာ မတူညီပေ။ ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban က နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်မည် မဟုတ်ကြောင်း အာမခံကာ ဟန်ဂေရီနိုင်ငံသို့ လာရောက်ရန် ပွင့်ပွင့် လင်းလင်း ဖိတ်ကြားထားကြောင်းသိရှိရသည်။ စပိန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန်၊ လစ်သူယေး နီးယားနှင့် စလိုဗေးနီးယားတို့ကဲ့သို့ နိုင်ငံများသည် သံတမန်ရေးရာ ကင်းလွတ်ခွင့်မရှိဘဲ ICC ၏ ညွှန်ကြားချက် များကို လိုက်နာရန် မလိုကြောင်း ပြောဆိုထားသည်။  ပြင်သစ်က ကနဦးတွင် ဖမ်းဝရမ်းကို လိုက်နာရန် ရည်ရွယ်ကြောင်း ထုတ်ဖော်ခဲ့သော်လည်း နောက်ပိုင်း တွင် နေတန်ယာဟုအတွက် သံတမန်ရေးရာ အကာအကွယ် ပေးမှုကို ပေးခဲ့ပါသည်။ ICC ၏ လုပ်ဆောင်ချက် များသည် အစ္စရေး အရာရှိများထံမှ ပြင်းထန်သော တုံ့ပြန်မှုများကို ထွက်ပေါ်လာစေသည်။ 

ကိုးကား-Myanmar National Post

ဒေါ်နယ်ထရမ့်နှင့် သမ္မတပူတင်အကြား လတ်တလော တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း ရုရှားအစိုးရက ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အမေရိကန် ရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် လက်ရှိအချိန်တွင် လူချင်းတွေ့ဆုံရန် အစီအစဉ်မရှိသေးကြောင်း ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ၂၃-၁၂-၂၀၂၄ ရက်တွင် TASS သတင်းဌာနသို့ ပြောကြား ခဲ့သည်။

ရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရမ့်၏ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ တွေ့ဆုံဆွေးနွေးပွဲကျင်းပရန်၊ သို့မဟုတ် အခြားအကြောင်းပြချက်မရှိဘဲ တွေ့ဆုံရန်ရှိ/ မရှိ မေးမြန်းခဲ့မှုအပေါ် Dmitry Peskov က အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။ 

အစောပိုင်းကာလတွင် ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်အတွက် သမ္မတပူတင်နှင့်တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ရန် မျှော်မှန်းထားကြောင်း ပြောကြား ခဲ့ပါသည်။ အလားတူပင် မည်သည့်အချိန်မဆို ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေသည်ဟု သမ္မတပူတင်က ဒီဇင်ဘာလ ၁၉ ရက်တွင် ပြောကြားထားကြောင်း သိရှိရပါသည်။

ကိုးကား - TASS 

အမျိုးသမီးနိုင်ငံ့ခေါင်းဆောင် ပေါ်ထွက်ခွင့်မရခဲ့သော အမေရိကန်နိုင်ငံနှင့် ၂၀၂၄ ခုနှစ်တွင် အမျိုးသမီး နိုင်ငံ့ ခေါင်းဆောင်များပေါ်ထွက်ခဲ့သည့်နိုင်ငံများ

ယခု ၂၀၂၄ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင် ၄၅ နိုင်ငံတို့သည် မိမိတို့နိုင်ငံ၏ ခေါင်းဆောင်များ ရွေးကောက်တင်မြောက်ရန် ရွေးကောက်ပွဲများ ကျင်းပခဲ့ကြသည်။ ယင်းတို့အနက် ၄ နိုင်ငံသာ အမျိုးသမီးများကို နိုင်ငံ့ခေါင်းဆောင် သို့မဟုတ် အစိုးရအကြီးအကဲ ဖြစ်လာစေရန် ရွေးချယ်ခွင့်ရရှိခဲ့ကြောင်း နိုင်ငံတကာဖောင်ဒေးရှင်း၏ ရွေးကောက်ပွဲဆိုင်ရာ စနစ်အချက်အလက် များအပေါ် CNN ၏ လေ့လာဆန်းစစ်မှုအရ သိရှိရပါသည်။ 

၂၀၂၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ရန် အခွင့်အရေးရခဲ့သော်လည်း အမျိုးသမီး များကို ထိပ်ပိုင်းနိုင်ငံ့ခေါင်းဆောင်အဖြစ် မြင်တွေ့ခွင့် ရရှိရန် မျှော်လင့်ထားသည့် မဲဆန္ဒရှင်များအနေဖြင့်ထိုအခွင့်အရေးကို  ၈ နှစ်တာအတွင်း ဒုတိယအကြိမ်မြောက် ထပ်မံဆုံးရှုံးခဲ့ရပါသည်။ ၂၀၂၄ ခုနှစ်တွင် အမျိုးသမီးများကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည့် (၃) နိုင်ငံမှာ မြောက်မက်ဆီဒိုးနီးယား၊ နမီးဘီးယားနှင့် မက္ကဆီကို နိုင်ငံတို့ဖြစ်ပြီး ၎င်းတို့ နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ် အမျိုးသမီးခေါင်းဆောင်များအဖြစ် မှတ်တမ်းဝင်သွားပါသည်။ 

ကိုးကား - CNN                                                                                                                                                                                            

ဆီးရီးယားအစိုးရသစ်က နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ ခန့်အပ်

ဆီးရီးယားအုပ်ချုပ်သူများက သမ္မတ Bashar al-Assad အစိုးရကို ဖြုတ်ချခဲ့သည့်အုပ်စုနှင့်ဆက်စပ်နေသောသူများကို နိုင်ငံခြားရေးနှင့်ကာကွယ်ရေးဝန်ကြီးများအဖြစ် ခန့်အပ်လိုက်ပါသည်။

Hayat Tahrir al-Sham (HTS) သူပုန်အဖွဲ့ ခေါင်းဆောင် Abu Mohammed al-Jolani သည် ယာယီအစိုးရ၏ ဝန်ကြီးအဖွဲ့သစ် ဖွဲ့စည်းရန် အစပျိုးလုပ်ဆောင်နေကြောင်း ယူဆရပါသည်။

အသက် ၃၇ နှစ်အရွယ် Assad Hassan al-Shibani ကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ၎င်းသည် ယခင်က HTS နှင့်ဆက်နွှယ်နေသော အဖွဲ့တစ်ဖွဲ့၏ နိုင်ငံရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် တူရကီတွင် ပညာသင်ယူခဲ့သူလည်း ဖြစ်ပါသည်။

အသစ်ခန့်အပ်လိုက်သည့် ကာကွယ်ရေးဝန်ကြီးသည် HTS ၏ အကြီးတန်းအဖွဲ့ဝင် Murhaf Abu Qasra ဖြစ်သည်ဟု Reuters သတင်းဌာနနှင့် အခြားမီဒီယာ များတွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဆီးရီးယားအစိုးရပိုင် သတင်းဌာနက ကာကွယ်ရေးဝန်ကြီးသစ်နှင့် မစ္စတာ Jolani တို့ လက်နက်ကိုင်အုပ်စုများ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည့် ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပါသည်။ အစိုးရသစ်အတွက် တပ်ဖွဲ့များ ဖွဲ့စည်းရေး ဆွေးနွေး ခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။

အားလုံးပါဝင်သည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်းမည် ဆိုပါက HTS ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းမှ ဖယ်ရှားပေးမည်ဟု အမေရိကန် တာဝန်ရှိ သူများက မစ္စတာ Jolani ကို ပြောကြားခဲ့သည်ဟု Washington Post က သတင်းဖော်ပြခဲ့ပါသည်။

နိုင်ငံတကာအသိုက်အဝန်းက တောင်းဆိုထားသည့်အတိုင်း လူနည်းစုများနှင့် အမျိုးသမီးအဖွဲ့ဝင်များပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရအဖွဲ့ကို ယာယီအစိုးရက ဖွဲ့စည်းနိုင်မည်လားဆိုသည်ကို အများက အာရုံစိုက်နေကြပါသည်။

ကိုးကား-NHK World

ဂါဇာဒေသ အလယ်ပိုင်းရှိ နျူဆာရတ် ဒုက္ခသည်စခန်းအား အစ္စရေးတပ်မတော်က တိုက်ခိုက်

ဂျေရုဆလင်  ဒီဇင်ဘာ ၂၃

ဂါဇာဒေသအလယ်ပိုင်းရှိ နျူဆာရတ် ဒုက္ခသည်စခန်းအား အစ္စရေးတပ်မတော်က တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့၏ မီဒီယာဆိုင်ရာရုံးက ယနေ့ပြောကြားသည်။

ဆောင်ရွက်ပေးရန်ပန်ကြား

အစ္စရေးတပ်မတော်၏ ၎င်းတိုက်ခိုက်မှုသည် ကြမ်းကြုတ်ရက်စက်သည့် ရာဇဝတ်မှုဖြစ်ကြောင်းနှင့် တိုက်ခိုက်ရာတွင် မြေတူးစက်များ၊ ဒရုန်းများ၊ တင့်ကားများ အသုံးပြု၍ အစ္စရေးတပ်ဖွဲ့ဝင်များက စခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည်ဟု အဆိုပါရုံးက ထပ်လောင်းပြောကြားသည်။ ယင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးများနှင့် ကလေးများ အများအပြား သေဆုံးခဲ့သည်။

ယခု တိုက်ခိုက်မှုအတွက် အစ္စရေးတပ်မတော်နှင့် အမေရိကန်အစိုးရတွင် တာဝန်ရှိကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဂါဇာဒေသခံများအား ကာကွယ်ရေးအတွက် ဝင်ရောက်ဖျန်ဖြေဆောင်ရွက်ပေးရန် ၎င်းရုံးက ပန်ကြားခဲ့သည်။ ဒေသတွင်းရှိ ဆေးရုံများနှင့် စာသင်ကျောင်းများတိုက်ခိုက်ခံရမှု များပြားလာသည့်အတွက် ၎င်းပဋိပက္ခအဆုံးသတ်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီက‌ တောင်းဆိုခဲ့သည်။

ဂါဇာဒေသတွင် လက်ရှိအချိန်အထိ ပါလက်စတိုင်းဒေသခံ ၄၅၃၁၇ ဦး‌ သေဆုံးခဲ့ကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

တရားစီရင်ရေးဆောင်ရွက်ရန် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို လွှဲပြောင်းပေးရေး ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို တောင်းဆို

ဘင်္ဂလားဒေ့ရှ်၌ ပြင်းထန်သည့်ဆန္ဒပြမှုများကြောင့် ၁၆ နှစ်သက်တမ်းရှိ ရှိတ်ဟာဆီနာအစိုးရအဖွဲ့ပြုတ်ကျ ပြီးနောက်   အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် ရှိတ်ဟာဆီနာအား ပြန်လည်လွှဲအပ်ပေးရန် ဘင်္ဂလား ဒေ့ရှ်က အိန္ဒိယနိုင်ငံသို့ သံတမန်စာတစ်စောင် ပေးပို့ ထားပါသည်။ 

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် အိန္ဒိယနိုင်ငံသို့ ဩဂုတ်လ ၅ ရက်တွင် ရောက်ရှိနေခြင်း က နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက်မှုရှိစေမည့် အလားအလာရှိနေသဖြင့် သံတမန်ကျွမ်းကျင်မှုရှိရန် လိုအပ်မည်ဖြစ်သည်။ 

“ဘင်္ဂလားဒေ့ရှ်အနေဖြင့် တရားစီရင်ရေး လုပ်ငန်းစဉ် အတွက် သူမကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် လွှဲအပ်ပေးနိုင်ရန်အတွက် အိန္ဒိယအစိုးရထံ သံတမန် ရေးရာစာတစ်စောင် ပေးပို့ထားကြောင်း” ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ နိုင်ငံခြားရေးရာအကြံပေး Touhid Hossain က ပြောကြားခဲ့သည်။

ဒါကာရှိ နိုင်ငံတကာရာဇ၀တ်မှုခုံရုံး (International Court of Tribunal -ICT) သည် ရှိတ်ဟာဆီနာနှင့် သူမ၏ ဝန်ကြီးဟောင်းများ၊ အကြံပေးများ၊ စစ်ဘက်နှင့် အရပ်ဘက်အရာရှိများကို “လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှု” တို့အတွက် ဖမ်းဝရမ်းထုတ်ထားပါသည်။

ကိုးကား - The indian EXPRESS 

ယူကရိန်းပဋိပက္ခ ဖြေရှင်းနိုင်ရေးအတွက် တရုတ်အစိုးရက တောင်ကမ္ဘာခြမ်းနိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်

ယူကရိန်းပဋိပက္ခ အမြန်ဆုံးပြေလည်အောင် ဖြေရှင်းနိုင်စေရေးအတွက် တရုတ်အစိုးရက တောင်ကမ္ဘာခြမ်းနိုင်ငံများနှင့်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသ မော်နင်းက ဒီဇင်ဘာလ ၂၃ ရက် တွင်ပြောသည်။

တောင်ကမ္ဘာခြမ်းမှနိုင်ငံ အများအပြား ပါဝင်သည့် ယူကရိန်းပဋိပက္ခဆိုင်ရာ ငြိမ်းချမ်းရေးမိတ်ဆွေများ အဖွဲ့ဟူသောအဖွဲ့ကို ယခုနှစ်စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက ထိုအဖွဲ့မှတာဝန်ရှိသူများကတွေ့ဆုံစဉ်  ထိုသို့ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု မော်နင်းက ဆက်ပြောသည်။

ထို့ပြင် ယင်းအဖွဲ့သည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်နေသောအခြေအနေများနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို လေ့လာသုံးသပ်တွက်ချက်မှုများလုပ်ပြီး မကြာသေးမီကဖြစ်ပေါ်ခဲ့သော အခြေအနေတင်းမာမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်ဟု ထုတ်ပြန်ထားသည်။

အလားတူ အဆိုပါအဖွဲ့သည် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ တစ်နိုင်ငံ၏ တရားဝင်ရပ်တည်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများအပေါ် လေးစားမှုဟူသော အခြေခံသဘောတရားများကို လက်ကိုင်ထားကာ နိုင်ငံတကာပဋိပက္ခများကို ငြိမ်းချမ်းသောဖြေရှင်းနည်း အသုံးပြု၍ဖြေရှင်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တင်းမာမှုများကိုလျှော့ချရေးအတွက် တောင်းဆိုကြောင်း မော်နင်းက ပြောသည်။

Source: Myawady Web Portal

အလည်အပတ်ရောက်ရှိလာသော ဆလိုဗက်ကီးယား ဝန်ကြီးချုပ်နှင့် ရုရှားသမ္မတ တွေ့ဆုံ

ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico နှင့် တစ်ဦးချင်း တွေ့ဆုံခဲ့ကြောင်း ရုရှားသမ္မတသတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းဝန်က ပြောကြားလိုက်ပါသည်။

ဆလိုဗက်ကီးယားသို့ ရုရှား၏ ဓာတ်ငွေ့သယ်ယူ ပို့ဆောင်ရေးအတွက် တစ်ဆင့်ခံ ပို့ဆောင်မှုစနစ်ကို ရပ်ဆိုင်းရန် ယူကရိန်းသမ္မတ၏ ဆုံးဖြတ်ခဲ့မှု နောက်ပိုင်း တွင် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် Fico သည် ပူတင် နှင့်တွေ့ဆုံဆွေးနွေးရန် မျှော်လင့်နေကြောင်း ဆားဘီးယား သမ္မတ Aleksandar Vucic က အစောပိုင်းက ပြောကြားထားသည်။

 ရုရှား၏ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး၏ တစ်ဆင့်ခံ ပို့ဆောင်မှုစနစ်အတွက် ၅ နှစ် သက်တမ်းရှိ သဘောတူ စာချုပ်ကို ထပ်မံ၍ သက်တမ်းမတိုးရန် ယူကရိန်း သမ္မတ၏ ဆုံးဖြတ်ချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မှစ၍ ရုရှားဓာတ်ငွေ့များ မရရှိပါက ဆလိုဗက်ကီးယား သည် အကြပ်အတည်းဖြစ်စေမည်ဟု Fico အစောပိုင်း က ပြောကြားထားသည်။

Fico သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ဆလိုဗက်ကီးယားအစိုးရကို ဦးဆောင်ခဲ့ပြီး ယင်း မတိုင်မီက ၂၀၀၆-၂၀၁၀ နှင့် ၂၀၁၂-၂၀၁၈ ခုနှစ် ကာလ များတွင် ၀န်ကြီးချုပ် တာဝန်ယူခဲ့သည်။ ပူတင်သည် ယခင်ရာထူးသက်တမ်းအတွင်း Fico နှင့် အကြိမ်ကြိမ် တွေ့ဆုံဖူးသည်။ 

ကိုးကား -TASS/ Foreign policy

အဆမတန်ကြီးမားသော အခနှုန်းထားများ ကောက်ခံနေသည့် ပနားမားတူးမြောင်းကို အမေရိကန်က ပြန်လည်ထိန်းချုပ်ရမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာ့ရေလမ်းပို့ဆောင်ရေးလမ်းကြောင်းတွင် အလုပ်အများဆုံးနေရာဖြစ်သည့် ပနားမားတူးမြောင်းတွင် အမေရိကန်သင်္ဘောများ၏ ဖြတ်သန်းခများကို အလွန်အကျွံနှုန်းထားများဖြင့် ကောက်ခံနေသဖြင့် ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ရမည်ဖြစ် ကြောင်း ခြိမ်းခြောက်လိုက်ပါသည်။ 

“ယခုကိစ္စသည် အမေရိကန်၏ရေတပ်စစ်သင်္ဘောများနှင့် ကူးသန်းရောင်းဝယ်ရေးသင်္ဘောများအတွက် တရားမျှတမှုမရှိကြောင်း၊ ပနားမားက ကောက်ခံနေသည့်နှုန်းထားများသည် အဆမတန်ကြီးမားနေသဖြင့် အမေရိကန်က ပြန်လည်ထိန်းချုပ်ရမည်ဖြစ်ကြောင်း” ထရမ့်က ၎င်း၏ Truth Social platform မှတစ်ဆင့် ပြောကြားထား ပါသည်။   

အမေရိကန်သည် ၁၉၁၄ ခုနှစ်တွင် ပနားမားတူးမြောင်းကို တည်ဆောက်ပြီးစီးခဲ့ပြီး တူးမြောင်းပတ်ပတ်လည် နယ်နိမိတ်ကို ဆယ်စုနှစ်များစွာ ပူးတွဲထိန်းချုပ်ခဲ့ကာ၁၉၉၉ ခုနှစ်တွင် ပနားမားနိုင်ငံသို့ အပြီးအပိုင် လွှဲအပ်ပေးခဲ့သည်။ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ ကိုဆက်သွယ်ပေးထားသည့် ပနားမားတူးမြောင်းတစ်ဝိုက်တွင် တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာမှုကိုလည်း ထရမ့်က အရိပ်အမြွက်ပြောကြားထားပါသည်။ 

ကိုးကား - ALJAZEERA