BRICS ၏ မိတ်ဖက်နိုင်ငံများစာရင်းကို ယခုနှစ်ကုန်တွင် ထုတ်ပြန်ရန် ရုရှားက မျှော်လင့်ထားကြောင်း ရုရှား နိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergey Ryabkov က BRICS အသင်း၏ Sherpas/Sous-Sherpas အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ကြောင်း Reuter သတင်းဌာနက ဖော်ပြထားသည်။

BRICS မိတ်ဖက်နိုင်ငံများ၏ အမျိုးအစားသစ်ကို မိတ်ဆက်ခြင်းနှင့်ပတ်သက်သည့် အခြေအနေများကို ၎င်းတို့ ဆွေးနွေးခဲ့ကြကြောင်း၊ ရုရှားနိုင်ငံ၏ BRICS ဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးချိန်တွင် BRICS သည် ပိုမို အားကောင်းလာပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းRyabkov က ပြောကြားခဲ့သည်။
ကာဇန်တွင်ကျင်းပပြုလုပ်သည့် BRICS ထိပ်သီးအစည်း အဝေးအပြီးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က မိတ်ဖက်နိုင်ငံများစာရင်းကို သဘောတူညီခဲ့ကြောင်း ကြေညာခဲ့ပါသည်။ ယင်းနိုင်ငံများ၏ အမည်စာရင်း အပြည့်အစုံကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြောင်း၊ BRICS မိတ်ဖက်နိုင်ငံအသစ်များအဖြစ် ဖိတ်ကြားချက် များကို အဆိုပါနိုင်ငံများထံသို့ ဦးစွာပေးပို့မည်ဖြစ်ပြီး အပြုသဘောဆောင်သော တုံ့ပြန်မှုရရှိပြီးနောက် ၎င်း စာရင်းတွင် မည်သည့်နိုင်ငံပါဝင်သည်ကို ကြေညာ မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင် က ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှစတင်၍ BRICS အဖွဲ့ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက) တွင် အီဂျစ်၊ အီရန်၊ UAE၊ ဆော်ဒီ အာရေးဗီးယားနှင့် အီသီယိုးပီးယားနိုင်ငံတို့ ပါဝင်လာခဲ့ပါသည်။ ဘရာဇီးလ်သည် BRICSအဖွဲ့၏ ဥက္ကဋ္ဌ ရာထူးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင် တာဝန်ယူမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
ကိုးကား - Reuter သတင်းဌာန

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကာဇက်စတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်နှင့် CSTO ထိပ်သီးအစည်းအဝေးအပြီးတွင် သတင်းထောက်များထံမှ မေးခွန်းများကို ဖြေကြားပေးခဲ့ကြောင်း ကရင်မလင်မှ သတင်းထုတ်ပြန်ထားသည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် သမ္မတ ဗလာဒီမီယာ ပူတင်က ရုရှား နိုင်ငံ၏ Oreshnik စမ်းသပ်ပစ်ခတ်မှု အပြီးတွင် ယူကရိန်းတို့သည် ရုရှားနိုင်ငံအား ATACMS ဒုံးကျည်များဖြင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း၊ ယူကရိန်းတို့သည် ရုရှားအပေါ် ရန်လိုမှုများအတွက် အမြဲတမ်းတုံ့ပြန်မှု ခံရမည်ဖြစ်ကြောင်း၊ ယူကရိန်းရှိ စစ်ဘက်နှင့် စက်မှု ပစ်မှတ် ၁၇ ခုကို ရုရှားလက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် ဒုံးကျည် ၉၀ စင်း နှင့် UAV အစင်း ၁၀၀ တို့ဖြင့် နှစ်ရက်ကြာ ဒုံးကျည်ပစ်ခတ်မှုများ ပြုလုပ်၍ တုန့်ပြန် ခဲ့ကြောင်း၊ ယူကရိန်းအာဏာပိုင်များသည် စိန့်ပီတာစဘတ် နှင့် မော်စကိုမြို့အပါအဝင် ရုရှားနိုင်ငံ၏ အရေးကြီးသည့် အဆောက်အအုံများကို ဆက်လက်တိုက်ခိုက်ရန် ကြိုးစားနေကြောင်း၊ လိုအပ်ပါက Oreshnik ဒုံးကျည်ကို ယူကရိန်းရှိစစ်ရေးပစ္စည်းများနှင့် ဆုံးဖြတ်ချက်ချရာ ဗဟိုဌာနချုပ်များအား တိုက်ခိုက်ရန် အသုံးပြုမည် ဖြစ်ကြောင်း၊ Oreshnik တာလတ်ပစ် ဒုံးကျည်သည် ရုရှား၏ စစ်ရေးရပ်တည်ချက်ကို ခိုင်ခံ့စေသော်လည်း ရုရှားသည် ၎င်းတို့၏ စည်းကမ်းချက်များအရ စေ့စပ် ညှိနှိုင်းရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် ယူကရိန်းကို နျူကလီးယား လက်နက်ပိုင်ဆိုင်ခွင့် မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ကြောင်း၊ ယူကရိန်းနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်များရှိပါက ရုရှားနိုင်ငံက ရနိုင်သည့် ဖျက်ဆီးရေး နည်းလမ်းအားလုံးဖြင့် ပြန်လည် တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ မည်သူမဆို ယူကရိန်း သို့ နျူကလီးယားလက်နက်များ လွှဲပြောင်းပေးခြင်းသည် နျူကလီးယားမပြန့်ပွားရေး ကတိကဝတ်များကို ချိုးဖောက်ရာရောက်ကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့ပါသည်။
ရုရှားတပ်မတော်သည် အထူးစစ်ဆင်ရေးဇုန်တွင်ရှေ့ တန်းစစ်မျက်နှာတစ်ခုလုံးနီးပါးကိုယုံကြည်စိတ်ချစွာချီတက်တိုက်ခိုက်နေပြီးတစ်ဖြည်းဖြည်းချင်း နယ်မြေသစ်များကို သိမ်းယူသွားမည်ဖြစ်ကြောင်း သမ္မတ ပူတင်က ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့အပြင် သတင်းထောက်များက အမေရိကန်ရွေး ကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့် ပတ်သက်၍ သမ္မတပူတင်က ဒေါ်နယ်ထရန့်သည် ထက်မြက်ပြီးအတွေ့အကြုံရင့်ကျက်သည့် နိုင်ငံရေးသမားအနေဖြင့် မှန်ကန်သည့် ဖြေရှင်းချက်များထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်း၊ အမေရိကန်ရွေးကောက်ပွဲကာလ အတွင်း ထရန့်၏ မိသားစုအပေါ် တိုက်ခိုက်မှုများသည် ရွံစရာကောင်းသည်ဟုမှတ်ချက်ပြုခဲ့ပြီး၊ မကြာသေးမီက လုပ်ကြံရန်ကြိုးပမ်းမှုများစွာ၏ ပစ်မှတ်ဖြစ်ခဲ့သော ထရန့်သည် ဘေးကင်းလုံခြုံမှုမရှိနိုင်သေးကြောင်း ပြောကြားခဲ့သည်။
ကိုးကား - kremlin.ru

နိုင်ငံတော်ခရီးစဉ်အဖြစ် ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိ လာသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကာဇက်စတန်သမ္မတ Kassym-Jomart Tokayev က လေဆိပ်၌ ကြိုဆို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ကရင်မလင်မှ သတင်း ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၉
အမေရိကန်နိုင်ငံ၏ Burma Act ဥပဒေသည် မြန်မာနိုင်ငံရှိ စစ်ဖြစ်ရာဒေသများကို ဓာတ်ဆီလိုက်လောင်းခြင်းသာဖြစ်ကြောင်း နိုင်ငံရေးပါတီအချို့က ရှုမြင်နေကြသည်။
သမ္မတဘိုင်ဒန်လက်ထက် (၂၀၂၂) ခုနှစ်တွင် အမေရိကန်အမျိုးသားကွယ်ရေး လုပ်ပိုင်ခွင့်အက် ဥပဒေ(NDAA)၌ မြန်မာ့အရေးနှင့်ပတ်သက်၍ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် Burma Act ကို ထည့်သွင်းကာ ပြန်လည်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
Burma Act အရ မြန်မာနိုင်ငံခေါင်းစဉ်ဖြင့် ပြီးခဲ့သော(၂၀၂၃ )ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၃၆)သန်း ထောက်ပံ့ခဲ့သကဲ့သို့ ယခု (၂၀၂၄) ခုနှစ်တွင် လည်း အမေရိကန်ဒေါ်လာ (၁၂၁) သန်းထက်မနည်း ထောက်ပံ့ရန် လျာထားမှုများရှိခဲ့ကြောင်း သိရသည်။
အထက်ပါကဲ့သို့သော ထောက်ပံ့ငွေများသည် နစကအစိုးရ၏ ဆန့်ကျင်ဘက်အဖွဲ့အစည်းများဖြစ်သော NUG ၊CRPH အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ အဓိကရောက်ရှိကြောင်းသိရပြီး လက်နက်မဟုတ်သည့် နည်းပညာ အကူအညီများဖြစ်သာကြောင်း ပြောဆိုနေကြသည်။
လက်ရှိတွင် အမေရိကန်နိုင်ငံကို ဘိုင်ဒန်အစိုးရ၏ ပြိုင်ဘက် သမ္မတထရမ့်က ပြန်လည် ဦးဆောင်တော့မည်ဖြစ်၍ Burma Act ကို ဆက်လက်အတည်ပြု ဖွယ်ရှိ၊ မရှိကို နိုင်ငံရေးအသိုင်းအဝိုင်းဘက်က စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ “အမေရိကန်မှာလည်း ဘိုင်ဒန်အစိုးရရှုံးပြီးတော့ ထရမ့်အစိုးရတက် လာတဲ့အခါမှာ Burma Act ဆိုတဲ့ဟာကို ထရမ့်က ဆက်လုပ်မလား။ ဒါကို ကျွန်တော်တို့ကတော့ စဉ်းစား ရတော့မယ်။ Burma Act ကြောင့် သူတို့က ကျွန်တော်တို့နိုင်ငံကို ပိုက်ဆံတွေ ထောက်ပံ့နေတာလေ။ အများစုထောက်ပံ့တာက ဒီတိုင်းရင်းသားဒေသတွေ မှာပဲ။ Burma Act ဆိုတာက ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ တကယ်ဒုက္ခရောက်နေတဲ့ သူတွေကို ပေးတာမှမဟုတ်တာ။ စစ်ပွဲတွေ ဖြစ်နေတဲ့ နေရာကို မီးမွှေးသလိုပဲ ရေနံလိုက်လောင်းနေတဲ့ ဟာပဲလေ။ ဓာတ်ဆီလိုက်လောင်းနေတဲ့ဟာပဲ။ မီး ဟုန်းဟုန်းတောက်ရုံပဲ ရှိတယ်လေ” ဟု ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌဦးရန်နိုင်ဝင်းက NP News ကို ပြောသည်။
နစကအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများသည် Burma Act အရ ငွေကြေးတစ်စုံတစ်ရာ ရရှိနေသည့် အတွက်သာ တိုက်နေခြင်းမျိုးဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ “Burma Act ဥပဒေကို အမေရိကန်မှာ ဘိုင်ဒန်အစိုးရတုန်းက ပြဋ္ဌာန်း လိုက်တယ်။ ကျွန်တော်တို့ ဒီဘက်မှာ ဒေါ်လာ သန်းနဲ့ချီပြီးတော့ ချပေးတယ်။ နိုင်ငံတကာက ထောက်ပံ့မှုအားလုံးသည် တကယ်တမ်း ကျွန်တော်တို့ နိုင်ငံအပေါ် စေတနာရှိမယ်ဆိုရင် ပြည်သူတွေကို တိုက်ရိုက်ပေးနိုင်တဲ့ဟာတွေကို ပေးရမှာဗျ။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုပဲ ပေးနေတော့ သူတို့ကလည်း ဒီငွေနဲ့၊ ဘိန်းငွေနဲ့ တိုက်ပွဲဖြစ် လာတာဗျ။ ဒီလိုမျိုးသာ ဘေးနားကနေ မမြှောက် ပေးဘူးဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေလည်း သိတာပေါ့လေ။ ရမှန်းသိလို့ တိုက်ပွဲတိုက်တာဗျ။ မရဘူးဆိုရင် သူတိုက်စရာကို အကြောင်းမရှိဘူး” ဟု ၎င်းကသုံးသပ်ထားသည်။
အမေရိကန်၏ Burma Act အရ ရရှိသည့် ငွေကြေးများသည် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံသို့ အဓိက စီးဆင်းနေလျက်ရှိကြောင်း သုံးသပ်နေကြသည်။ ထို့ပြင် အမျိုးသား ဒီမိုကရေစီပါတီသစ်မှ ဒုဥက္ကဋ္ဌ ဦးခိုင်မင်းကလည်း Burma Act သည် မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက် သမားများကို အားပေးကူညီထောက်ပံ့နေခြင်းသာဖြစ်ကြောင်း ရှုမြင်ထားသည်။
“အမေရိကန်က Burma Act ထုတ်ပြီးတော့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကို ထောက်ပံ့မယ်ဆိုတဲ့ဟာက စစ်ရေးမဟုတ်တဲ့ အကူအညီတွေကို ထောက်ပံ့မယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ စကားက အမေရိကန်အပါအဝင် အနောက်အုပ်စုရဲ့ သဘောထားက ကျွန်တော်တို့ တိုင်းပြည်အပေါ်မှာ ဘယ်တုန်းကမှ ကောင်းခဲ့တာမျိုး မရှိဘူးလေ။ အဲဒီ တော့ ဒီ Burma Act ဆိုတာကလည်း ကျွန်တော်တို့ တိုင်းပြည်ကို ဒုက္ခပေးဖို့ သူတို့လုပ်တဲ့ လုပ်ရပ်ပေါင်း များစွာထဲက တစ်ခု။ ဒီဟာက ကျွန်တော်တို့အတွက် အကျိုးမရှိတဲ့ကိစ္စပဲ။ အဓိကတော့ Burma Act ဆိုတာကို ရှင်းရှင်းလင်း လင်းပြောရမယ်ဆိုရင်တော့ဗျာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အကြမ်း ဖက်သမားတွေကို အားပေးကူညီထောက်ပံ့တဲ့ဟာပဲ။ မိတ်ဆွေကောင်းတွေ လုပ်ရမယ့်အလုပ်မျိုး မဟုတ်ဘူး။ သူခိုးကို ဓားရိုးကမ်းတဲ့ အလုပ်ပဲ” ဟု ဦးခိုင်မင်းက ပြောသည်။
မြန်မာနိုင်ငံတွင် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာ ရယူခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံအတွင်းရှိ ဒေသအများအပြားတွင် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့ပြီး ယခုအချိန်ထိပါ နိုင်ငံပျက်စီးသွားနိုင်သည့် တိုက်ပွဲများဆီသို့ ဦးတည်နေဆဲဖြစ်သည်။
Source : NP News

ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဆာဂေးရှိုဂူသည် မြို့တော် ကဘူးလ်သို့ တရားဝင်ခရီးစဉ် အဖြစ်သွားရောက်လည်ပတ်ခဲ့ပြီး ရုရှား ကိုယ်စားလှယ် အဖွဲ့အား အာဖဂန်နစ္စတန်၏ ဒုတိယ၀န်ကြီးချုပ် Abdul Ghani Baradar Akhund မှ လက်ခံတွေ့ဆုံခဲ့ကြောင်း အင်တာနက်ပေါ်တယ် Alemarah က နိုဝင်ဘာ ၂၅ ရက် ၌ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ် Abdul Ghani Baradar Akhund ၊ စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီး Nooruddin Azizi၊ စီးပွားရေးဝန်ကြီး Karidin Mohammad Haneef အပါအဝင် ဝန်ကြီးများ တက်ရောက် ခဲ့ကြပြီး စီးပွားရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြ ထားသည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ လုံခြုံရေးနှင့်တည်ငြိမ်မှု ပြန်လည်ရရှိလာခြင်းနှင့်အတူ နိုင်ငံသည် ဒေသတွင်း ကုန်သွယ်ရေးနှင့် ကူးသန်းသွားလာရေး ဗဟိုတစ်ခု ဖြစ်လာကြောင်း ဒုတိယဝန်ကြီးချုပ် Akhund က ထောက်ပြပြောကြားခဲ့ပါသည်။ နိုင်ငံ၏မူးယစ်ဆေးဝါး စိုက်ပျိုးမှုရပ်တန့်ခြင်းနှင့် အာဖဂန်နစ္စတန်၏လုံခြုံရေး နှင့်စီးပွားရေးကို ခြိမ်းခြောက်နေသော အုပ်စုများကို ပယ်ဖျက်နိုင်ခြင်းတို့ကို ပြန်လည်ပြောကြားခဲ့ပြီး၊ မြောက်- တောင် စင်္ကြံအားကောင်းစေရန်အတွက် နိုင်ငံ၏ အဓိကအခန်းကဏ္ဍမှ ပါဝင်လိုကြောင်းပြောကြားခဲ့သည်။
ထို့နောက် ရုရှားလုံခြုံရေးဆိုင်ရာ ကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူ က အာဖဂန်နစ္စတန်နိုင်ငံ၏ အပြုသဘော ပြောင်းလဲလာမှုကိုအသိအမှတ်ပြုခဲ့ပြီး ရုရှားနိုင်ငံသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် ရည်ရွယ်ကြောင်း ကြေညာခဲ့ပြီး မကြာမီတွင်ရုရှား ပြည်ထောင်စု၏ အကြမ်းဖက်အဖွဲ့အစည်းများစာရင်းမှ အာဖဂန်နစ္စတန်နိုင်ငံကိုပယ်ဖျက်ရန် အစီအစဉ်များရှိ ကြောင်း ပြောကြားခဲ့သည်။ ရုရှားကိုယ်စားလှယ်အဖွဲ့ သည်အာဖဂန်နိုင်ငံ၏ ပို့ဆောင်ရေးစီမံကိန်းကို ထောက်ခံ ကြောင်းနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအတွက် အသင့်ရှိကြောင်း ဖော်ပြခဲ့သည်။
ရုရှားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံပိုင်လုပ်ငန်းများသည် အာဖဂန်နစ္စတန်တွင် သတ္တုတွင်း၊ သယ်ယူပို့ဆောင်ရေးနှင့်စိုက်ပျိုးရေးကဲ့သို့သော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်းလည်း ဆာဂေးရှိုဂူ က ထုတ်ဖော် ပြောကြားခဲ့သည်။
နောက်ဆုံးတွင် နှစ်ဖက်စလုံးက ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်း ဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ရန် အတွက် ပူးတွဲအစိုးရကော်မရှင်တစ်ခုဖွဲ့စည်းရန် အရေး ကြီးကြောင်း အလေးထားပြောကြားခဲ့ကြကြောင်း သိရှိ ရသည်။
ကိုးကား - အင်တာနက်ပေါ်တယ် Alemarah

လွန်ခဲ့သည့်သုံးရက်အတွင်း ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံ Kursk ဒေသရှိ ပစ်မှတ်များကို တာဝေးပစ် လက်နက်များဖြင့် တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု RT သတင်းဌာနမှ ဖော်ပြထားသည်။

နိုဝင်ဘာ ၂၃ ရက်တွင် ယူကရိန်းတပ်ဖွဲ့များသည် Lotarevka ရွာအနီးရှိ S-400 လေယာဉ်ပစ်ဒုံးကျည်ဌာနခွဲ ကို ATACMS ဒုံးကျည် ၅ စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ ဒုံးကျည် ၅ စင်းအနက် ၃ စင်း ပျက်စီးခဲ့ပြီး ၂ စင်း သည် ပစ်မှတ်သို့ ရောက်ရှိခဲ့ကြောင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံ Kursk ဒေသရှိ Vostochny လေယာဉ်ကွင်းကို ATACMS ဒုံးကျည် များဖြင့် တိုက်ခိုက်ခဲ့ပြီး ဒုံးကျည်ခုနစ်စင်းမှာ ပစ်ချခံခဲ့ ရပြီး တစ်စင်းမှာ ပစ်မှတ်သို့ထိမှန်ခဲ့ကြောင်း၊ ဒုံးကျည် အပိုင်းအစများပြုတ်ကျမှုကြောင့် ရုရှားတပ်မတော်သား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားပါသည်။
Kursk ဒေသရှိ တိုက်ခိုက်ခဲ့သည့်နေရာများကို စစ်တမ်း ကောက်ယူမှုအတွင်း ယူကရိန်း စစ်သွေးကြွများက အမေရိကန်နိုင်ငံထုတ် ATACMS ဒုံးကျည်များကို ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
Kursk ဒေသတွင် ATACMS ဒုံးကျည်များဖြင့် တိုက်ခိုက် ခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ယူကရိန်း နိုင်ငံအပေါ် လက်တုံ့ပြန်အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
ကိုးကား - RT သတင်းဌာန

နေတိုး၏ ပါလီမန်ညီလာခံတွင် အစိုးရအဖွဲ့ဝင်များသည် ယူကရိန်းအား တာလတ်ပစ်ဒုံးကျည်များ ထောက်ပံ့ ပေးရန် အကြံပြုထားကြောင်း၊ ၎င်းတို့တွင် အမေရိကန် ပြည်ထောင်စု၏ Tomahawks ပဲ့ထိန်းဒုံးကျည် အပါ အဝင် အကွာအဝေး ကီလိုမီတာ ၁,၀၀၀ မှ ကီလိုမီတာ ၅,၅၀၀အထိ ပစ်လွှတ်နိုင်သော ဒုံးကျည်များပါဝင် ကြောင်း၊ အဆိုပါဒုံးကျည်များသည် ရုရှားနိုင်ငံ၏ ဗျူဟာမြောက် အတွင်းပိုင်းနေရာများကို တိုက်ခိုက် နိုင်စွမ်းရှိကြောင်း ဖော်ပြထားသည်။
ကိုးကား - ယူကရိန်းပါလီမန်အဖွဲ့ဝင်၏ပြောကြားချက်

ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Nigel Casey ကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်၍ မေးမြန်း ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Maria Zakharova ပြောကြားခဲ့ပါသည်။
မော်စကိုမြို့ရှိ ဗြိတိန်သံရုံးမှ ဒုတိယအတွင်းဝန်ဖြစ်သူ Wilkes Edward သည် ထောက်လှမ်းရေးနှင့် အဖျက် အမှောင့်လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သောကြောင့် ၎င်း၏ အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းလိုက်ကြောင်း ရုရှားဖက်ဒရေးရှင်း၏ ဖက်ဒရယ်လုံခြုံရေးဌာန (FSB) က အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ကိုးကား- ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန

၁၄.၁၁.၂ဝ၂၄
စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ယနေ့အထိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လုံးလုံးမရလို့ ဒေသနေ ပြည်သူတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ MT News က စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် ရခိုင့်လက်နက်ကိုင် AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေကို ဖော်ဆောင်နေပြီး ပြည်နယ်တစ်ခုလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ကြီးထွားနေတာကြောင့် ဆက်သွယ်ရေးလိုင်းတွေဟာလည်း ယနေ့အထိပြန်လည်ကောင်းမွန်လာခြင်းမျိုးမရှိဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

“အင်တာနက်နဲ့ ဖုန်းလိုင်းတွေက ဒီနေ့အထိ မရဘူးလေ။ ဖုန်းလိုင်းကတော့ တစ်ခါတလေရတယ်။ ဒါတောင် မိတစ်ချက်၊ မမိတစ်ချက်ပါပဲ။ အင်တာနက်လိုင်းကတော့ လုံးလုံးမရဘူး။ စစ်တွေလို မြို့ကြီးပေါ်မှာတောင် ဖုန်းလိုင်းက မမိပါဘူး။နယ်ဘက်တွေ အဝေးဘက်တွေဆို ပိုဆိုးပါတယ်။ ဘာအဆက်အသွယ်မှလုပ်လို့မရပါဘူး”လို့ အမည်မဖော်လိုသူ စစ်တွေမြို့ဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။
AA လက်နက်ကိုင်တပ်ဖွဲ့က ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဟုဆိုကာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ယနေ့အထိ မြို့သိမ်း တိုက်ပွဲတွေကိုဆက်လက်ဖော်ဆောင်နေသလို ဒီနေ့အထိ ချင်းနဲ့ ရခိုင်ပြည်နယ်က မြို့(၁၁)မြို့နဲ့ အဲ့ဒီမြို့တွေက တပ်စခန်းတွေ သိမ်းယူခဲ့တဲ့အပြင် နပခ တပ်စခန်း ၈ ခုကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ ရခိုင့်လက်နက်ကိုင်အဖွဲ့ AA က ဒီနေ့မှာထုတ်ပြန်ထားပါတယ်။
သို့သော်လည်း ဒီလိုနယ်မြေဒေသမတည်ငြိမ် မအေးချမ်းမှုပြည်တွင်းစစ်ပွဲတွေရဲ့စစ်ဘေး၊ စစ်ဒဏ်နဲ့ အတိဒုက္ခတွေကို ပြည်သူတွေကသာ ခါးစည်းခံနေရကြတာဖြစ်ပါတယ်။
စစ်ရေးအရ အသာစီးရပြီး နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ပေမယ့် ဒါတွေက ခေတ္တခဏသာဖြစ်ပြီး တရားဝင်နယ်မြေခွဲဝေအုပ်ချုပ်မှုတွေမဟုတ်တဲ့အတွက် ဒီလိုစစ်ရေးအရသိမ်းယူထားတဲ့နယ်မြေတွေကို ရေရှည်မှာထိန်းချုပ်ဖို့ခက်နိုင်တယ်လို့လည်း ပြည်တွင်းရှိ အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သူရဲ့အမြင်ကိုပြောပါတယ်။
“အခုက သူတို့က စစ်ရေးအရ အသာရတဲ့သဘောပဲရှိတယ်လေ။ ဒါတွေကိုရေရှည်မှာ ဘယ်လိုထိန်းချုပ်မလဲ။ မြို့တစ်ခုအတွက် ဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးဒါတွေကို ဘယ်လိုလုပ်မလဲ။ သိရသလောက်ဒါတွေကိုလုပ်ဖို့အတွက် AA မှာ ဘတ်ဂျက်အလုံအလောက်မရှိဘူး။ နောက်ကျန်းမာရေးစနစ်တွေ ပညာရေးစနစ်တွေ ဒေသခံတွေရဲ့ လူမှု့စီးပွားဘဝတွေ နောက်ဆုံးဆက်သွယ်ရေးအပိုင်းကအစ ဒါတွေကိုပေါ့လေ၊ သူတို့ ဘယ်လိုလုပ်မလဲ။ ဒီလိုအပိုင်းတွေအများကြီးရှိတယ်။ အခုစစ်ရေးအရအသာစီးရလို့သာ သိမ်းထားတယ်။ ပြီးရင်ပြန်ပေးရမှာပဲလေ။ တပ်က ဒါတွေကိုပြန်တိုက်ယူမှာပဲ။ အဲ့တော့ ဒါတွေက ရေရှည်မှာ ထိန်းချုပ်ဖို့ဆိုတာ အုပ်ချုပ်ဖို့ဆိုတာ AA အတွက်မလွယ်ပါဘူး။ အတော်ခက်ပါတယ်”လို့ သူရဲ့ အမြင်ကို သုံးသပ်ပြောပြခဲ့ပါတယ်။
ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဟာ ယနေ့အထိ လုံးလုံးမရဘူးလို့လည်း ဒေသခံတွေရဲ့ ပြောပြမှုတွေအရ သိရှိရပါတယ်။
“စစ်ကိုင်းဘက်တွေလည်း အတူတူပဲလေ။ ရခိုင်ဘက်တွေလိုပဲ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လုံးလုံးမရဘူး။ တိုက်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေအားလုံးက တူတူပါပဲ။ ဆက်သွယ်ရေးလိုင်းတွေရဖို့ဆိုတာက အင်မတန်ခက်ပါတယ်”လို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာနေထိုင်သူတစ်ဦးက MT News ကို ဆက်လက်ပြောပြပါတယ်။
Source- Myanmar Transparency News

အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သော အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးပွဲများကို မြန်မာနိုင်ငံတွင် လုပ်ဆောင်ပေးရန် လက်ရှိမြန်မာအစိုးရကို အင်ဒိုနီးရှားနှင့် အမေရိကန်သမ္မတတို့က တောင်းဆိုလိုက်သည်။
အင်ဒိုနီးရှားသမ္မတသစ် ဆူဘီယန်တိုနှင့် မကြာခင် တာဝန်ပြီးဆုံးမည့် အမေရိကန်သမ္မတဘိုင်ဒန်တို့ နိုဝင်ဘာ ၁၂ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံသဘောတူကြေညာချက်ထုတ်ပြန်မှုအတွင်း အင်ဒိုနီးရှားနှင့် အမေရိကန်သမ္မတတို့၏ နှစ်ဦးသဘောတူတောင်းဆိုချက်ကို အိမ်ဖြူတော်က ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့ပြင် ဘိုင်ဒန်က မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ထုတ်ဖော် ပြောကြားခဲ့သလို အာဆီယံ၏ သဘောတူညီဆန္ဒငါးရပ်ကို အကောင်အထည်ဖော်မှုကိုလည်း အပြည့်အဝထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ဆောင်မှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။
ထို့အပြင် အရပ်သားများအပေါ် ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သလို ပဋိပက္ခတွင် ပါဝင်နေသူအားလုံးအနေဖြင့် အရပ်သားများအပေါ် ကျူးလွန်မှုများ အတတ်နိုင်ဆုံး ထိန်းသိမ်းကာကွယ်ရန်နှင့် အရပ်သားများအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအတွက် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန်လည်း အင်ဒိုနီးရှားနှင့် အမေရိကန်သမ္မတတို့က နှစ်ဦးသဘောညီစွာ တိုက်တွန်းတောင်းဆိုခဲ့သည်။
Source: https://www.mtnewstoday.com/?p=81611