သတင်းများ

နောက်ဆုံးပေါ် လေယာဉ်ပစ် မစ်ဇိုင်းဒုံးစနစ် စမ်းသပ်ပစ်ခတ်မှုအား မြောက်ကိုရီးယားခေါင်းဆောင် ကြီးကြပ် ဆောင်ရွက်

မြောက်ကိုရီးယား Missile Administration က နောက်ဆုံးပေါ်လေယာဉ်ပစ် မစ်ဇိုင်းဒုံးစမ်းသပ် ပစ်ခတ်မှုတစ်ရပ်ကို မတ်လ၂၀ ရက်နေ့တွင် လုပ်ဆောင်ခဲ့ပြီး အဆိုပါစမ်းသပ်မှုကို ခေါင်းဆောင် ကင်ဂျုံအန်က ကြီးကြပ်ခဲ့ကြောင်းနှင့် ၎င်းမစ်ဇိုင်းစနစ်ကို လုံလုံလောက်လောက်ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ KCTV က မတ်လ ၂၁ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ယခုစမ်းသပ်ပစ်ခတ်မှုအပေါ် ကင်က ချီးကျူးခဲ့ပြီး မြောက်ကိုရီးယားတပ်မတော်အား အခြားအရေးကြီးသည့် ကာကွယ်ရေးလက်နက်စနစ်များကိုလည်း ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယားအနေဖြင့် ၎င်း၏လေကြောင်းရန်ကာကွယ်ရေးနည်းပညာနှင့် လက်နက်များကို ရုရှားထံမှ ရရှိခြင်းဖြစ်နိုင်ကြောင်း၊ ဤသည်မှာ ရုရှားထံသို့ မြောက်ကိုရီးယားတပ်ဖွဲ့များ စေလွှတ်ကူညီပေးခဲ့သည့်အပေါ် ပြန်လည် ကျေးဇူးတုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံသား ကျွမ်းကျင်သူတစ်ဦးက ထောက်ပြပြောဆိုခဲ့ပါသည်။

မြောက်ကိုရီးယားသည် ဒုံးကျည်အများအပြားကို နိုင်ငံအနောက်ဘက်ခြမ်းရှိ Onchon မြို့အနီးမှ ကိုရီးယား ကျွန်းဆွယ် အနောက်ဘက်ရှိ ပင်လယ်ဝါအတွင်းသို့ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဌာနများက ရေးသားဖော်ပြခဲ့ကြ ပါသည်။

မြောက်ကိုရီးယားက ယခုပစ်ခတ်စမ်းသပ်ခဲ့သည့် missile အမျိုးအစားကို တောင်ကိုရီးယား စစ်ဘက်နှင့် အမေရိကန်တို့ ပူးပေါင်း၍ လေ့လာဆန်းစစ်လျက်ရှိပြီး မြောက်ကိုရီးယား၏ လှုပ်ရှားဆောင်ရွက်မှုများကိုလည်း လေ့လာစောင့်ကြည့်လျက်ရှိကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-NHK World

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်(နစက-၄)
 
ရုရှားဒေသရှိ ဓာတ်အားပေးစက်ရုံကို ယူကရိန်းတိုက်ခိုက်မှုမှာ ဘုံသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကရင်မလင်ပြောကြား

ရုရှားနိုင်ငံ၊ ကူဘင်ဒေသရှိ ဓာတ်အားပေးစက်ရုံကို ယူကရိန်းစစ်တပ်က မတ်လ ၁၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် တိုက်ခိုက်မှုမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့အကြား ရရှိထားသော သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့်လုပ်ရပ် ဖြစ်သည်ဟု ရှုမြင်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားလိုက်ပါသည်။

“ရုရှားသမ္မတဗလာဒီမာပူတင်၊ ရုရှားစစ်ဦးစီးချုပ်၏ ညွှန်ကြားမှုဖြစ်သည့် ရက်ပေါင်း ၃၀ အတွင်း ယူကရိန်းဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်မှု မပြုလုပ်ရန် အားလုံးကို ညွှန်ကြားထားပြီးဖြစ်သော်လည်း ယခု ယူကရိန်း အစိုးရသည် အဆိုပါဘုံသဘောတူညီချက်များကို ဖောက်ဖျက်ရာ ရောက်သည့် လုပ်ရပ်တစ်ခုဆိုသည်မှာ သေချာနေပါသည်” ဟု ၎င်းက အလေးအနက် ပြောကြားထားပါသည်။ 

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၈၀ ဦး လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၅၆ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိသည်။

ထိုသို့လွှဲပြောင်းပေးလျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးနယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၈၀ ဦးအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက်တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးသည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။
ထို့အတူ မြဝတီမြို့၊ မယ်ထော်သလေးနယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၅၆ ဦးအား မတ် ၁၉ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၇,၃၆၃ ဦးအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၄,၅၇၁ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂,၇၉၂ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သမားများက ရပ်ကွက်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဦးစောကျော်သန်း (၅၉)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌  PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့်  မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကင်းတပ်ကျေးရွာနေ ကိုစည်သူလှိုင်(၂၄)နှစ်သည် ၎င်း၏ နေအိမ်မှ တုံးဗျောကြီးကျေးရွာအနီးရှိ ရော်ဘာခြံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်စဉ် တုံးဗျောကြီးကျေးရွာအနီးရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ လက်နက်ကိုင်အကြမ်းဖက်သမားများက ရုံးသုံး၊ ကျောင်းသုံးစာရွက်စာတမ်းများအား လုယက်ယူဆောင်

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက် အကူပြုပစ္စည်းများနှင့် ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း၊ စာသင်ကျောင်းများတွ

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက် အကူပြုပစ္စည်းများနှင့် ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း၊ စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ အကြမ်းဖက်ခြိမ်း ခြောက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တောင်ရှည်ကျေးရွာအနီး နန်းမြင့်တိုးဂိတ်အကျော် ဒေသအခေါ် ကုလားကန်ကွေ့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ရန်ကုန်မြို့မှ မြင်းခြံမြို့သို့ ထွက်ခွာလာသည့် “သစ္စာဦး” Express ခရီးသည်တင်ယာဉ်အား ရပ်တန့်တားဆီး၍ ယာဉ်ပေါ်မှ တောင်သာမြို့နယ်ပညာရေးမှူးရုံးမှ မြင်းခြံခရိုင်ပညာရေးမှူးရုံးသို့ တင်ဆောင်ပေးပို့လိုက်သည့် ရုံးသုံး၊ ကျောင်းသုံးစာရွက်စာတမ်းများအား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ရုံးသုံး၊ ကျောင်းသုံး စာရွက်စာတမ်းများအား လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အမေရိကန်က ယီမင်မြို့တော်ရှိ ပစ်မှတ်များကို တိုက်ခိုက်မှုများပြုလုပ်

မတ်လ ၁၉ ရက်ရက်နေ့တွင် အမေရိကန်စစ်တပ်သည် ယီမင်နိုင်ငံ Sanaa မြို့ရှိ ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဟူသီ လက်နက်ကိုင်အဖွဲ့ပိုင် Al Masirah တီဗီချန်နယ်က ထုတ်ပြန်ပြောကြား ခဲ့ပါသည်။ ပင်လယ်နီအတွင်းသွားလာနေသော ကုန်တင်သင်္ဘောများကို အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင် အဖွဲ့၏ပစ်မှတ်ထား တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၏ တိုက်ခိုက်မှုများ ထပ်မံထွက်ပေါ်လာခြင်းဖြစ်ပါသည်။

အမေရိကန်၏တိုက်ခိုက်မှုများသည် Sanaa မြို့ရှိ လူနေရပ်ကွက်တစ်ခု ကိုလည်း ထိမှန်ခဲ့ကာ အနည်းဆုံးလူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အမေရိကန်သည် ယီမင်နိုင်ငံ တောင်ပိုင်း al-Bayda ပြည်နယ်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ စစ်ဘက် ဆိုင်ရာနေရာများနှင့် စစ်လက်နက်ပစ္စည်း သိုလှောင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းလည်း သိရပါသည်။

ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ပစ်မှတ်များကို လွန်ခဲ့သော ရက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးလူ ၃၁ ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ယင်းတိုက်ခိုက်မှုသည် ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း ဟူသီ လက်နက်ကိုင်အဖွဲ့အပေါ် လုပ်ဆောင်ခဲ့သည့် အမေရိကန်၏အကြီးမားဆုံး စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်းလည်း သိရပါသည်။

ကိုးကား-NP News

ဗဟိုဘဏ်အတိုးနှုန်းများကို အမေရိကန်ဗဟိုဘဏ်ဥက္ကဌ Jerome Powell က တည်ငြိမ်အောင် ထိန်းထားဆဲဖြစ်

အမေရိကန်ဗဟိုဘဏ်ဥက္ကဌ Jerome Powell က ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် သမ္မတထရမ့်၏ အမေရိကန်သို့ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းထား တိုးမြှင့်သတ်မှတ်မှုသည် အမေရိကန် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှေးစေပြီး နိုင်ငံတွင်း ငွေကြေးဖောင်းပွမှု ယာယီဖြစ်ပေါ်လျက်ရှိကြောင်း ပြောကြားထားပါသည်။

Powell က ဗဟိုဘဏ်အတိုးနှုန်းများကို ၄.၂၅ % မှ ၄.၅၀% အတွင်း တည်ငြိမ်အောင် ထိန်းထားနိုင်သည်ဟု ကြေညာပြီးနောက်တွင် သမ္မတ ထရမ့်သည် အမေရိကန်၏ စီးပွားရေးမိတ်ဖက်နိုင်ငံများမှ သွင်းကုန်များကို အကောက်ခွန်နှုန်းထား တိုးမြှင့်ကောက်ခံလျက်ရှိသည့်အတွက် ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်မှုမြန်ဆန်နေကြောင်း ပြောကြားထားပါသည်။ သို့သော် တစ်ဖက်တွင် Powell ၏ မူဝါဒဆိုင်ရာ အကြံပေးများက ၂၀၂၅ ခုနှစ်၊ ဒုတိယ သုံးလပတ်တွင် အတိုးနှုန်းများကို လျှော့ချရန် မျှော်လင့်နေကြောင်း သတင်းရရှိပါသည်။ 

Powell က နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အချက်အလက်များသည် ခိုင်မာလျက်ရှိသည်ကို နိုင်ငံ၏ လက်ရှိ အလုပ်လက်မဲ့နှုန်းသည် ၄.၁  ရာခိုင်နှုန်း ဖြစ်နေခြင်း၊  အလုပ်အကိုင်ဈေးကွက်သည် အကြမ်းဖျင်းအားဖြင့် မျှတလျက်ရှိနေခြင်းတို့ကို ကြည့်ပါက သိရှိနိုင်ပါကြောင်း ပြောကြားထားပါသည်။  သို့သော် ငွေကြေးဖောင်းပွမှုကြောင့် အလုပ်လက်မဲ့နှုန်းများ တိုးမြင့်လာခြင်း ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်သွားမည်ဟုလည်း  Powell က ဆက်လက်ပြောကြားထားပါသည်။ 

အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ သမ္မတထရမ့်က အမေရိကန်၏ အကောက်ခွန်မူဝါဒအသစ်ကို အထောက်အပံ့ဖြစ်စေရန် Powell အနေဖြင့် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်သင့်ကြောင်း ၎င်း၏ Truth ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် ရေးသားထားကြောင်း သိရှိရပါသည်။ 

ကိုးကား - CNA 

Photo: The Jakarta Post

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃

အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများဖြင့် ရုရှားအပေါ် ဗျူဟာမြောက် ဖိအားပေးနေကြောင်း ရုရှားသမ္မတ ပြောကြား

အနောက်နိုင်ငံများက ရုရှားအပေါ် လုပ်ဆောင်သော အရေးယူပိတ်ဆို့မှုများသည် ယာယီသဘော အစီအမံများ မဟုတ်ဘဲ ယင်းတို့ဖြင့် ရုရှားအပေါ် ဗျူဟာမြောက် ဖိအားပေးရန်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က မတ် ၁၈ ရက် တွင် ပြောကြားခဲ့သည်။ အနောက်နိုင်ငံများ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် “ယာယီသဘော သို့မဟုတ် ရှင်းလင်းတိကျသော အစီအမံများ မဟုတ်ဘဲ” ရုရှားအပေါ်“စနစ်ကျသော ဗျူဟာမြောက် ဖိအားယန္တရား” ဖော်ဆောင်ခြင်းဖြစ်သည်ဟု ပူတင်က အဆိုပါနေ့တွင် မော်စကိုမြို့၌ ကျင်းပသော ရုရှားနိုင်ငံ စက်မှုလုပ်ငန်းရှင်နှင့် ကုမ္ပဏီလုပ်ငန်းရှင်များအဖွဲ့ချုပ် မျက်နှာစုံညီအစည်းအဝေး တက်ရောက်စဉ် ပြောကြားခဲ့သည်။ အခြေအနေ

အနောက်နိုင်ငံများက ရုရှားအပေါ် လုပ်ဆောင်သော အရေးယူပိတ်ဆို့မှုများသည် ယာယီသဘော အစီအမံများ မဟုတ်ဘဲ ယင်းတို့ဖြင့် ရုရှားအပေါ် ဗျူဟာမြောက် ဖိအားပေးရန်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က မတ် ၁၈ ရက် တွင် ပြောကြားခဲ့သည်။ အနောက်နိုင်ငံများ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် “ယာယီသဘော သို့မဟုတ် ရှင်းလင်းတိကျသော အစီအမံများ မဟုတ်ဘဲ” ရုရှားအပေါ်“စနစ်ကျသော ဗျူဟာမြောက် ဖိအားယန္တရား” ဖော်ဆောင်ခြင်းဖြစ်သည်ဟု ပူတင်က အဆိုပါနေ့တွင် မော်စကိုမြို့၌ ကျင်းပသော ရုရှားနိုင်ငံ စက်မှုလုပ်ငန်းရှင်နှင့် ကုမ္ပဏီလုပ်ငန်းရှင်များအဖွဲ့ချုပ် မျက်နှာစုံညီအစည်းအဝေး တက်ရောက်စဉ် ပြောကြားခဲ့သည်။ အခြေအနေ မည်သို့ပင် ဖြစ်လာပြီး နိုင်ငံတကာဆက်ဆံရေး မည်သို့ပင် ပြောင်းလဲလာစေကာမူ ရုရှား၏ ပြိုင်ဖက်များအားလုံးက ရုရှား၏ စီးပွားရေးနှင့် နည်းပညာစွမ်းရည်များကို တားဆီးရန် မျှော်လင့်ကြသည်ဟု ပူတင်က ပြောကြားခဲ့သည်။ ပူတင်က ရုရှားနိုင်ငံစီးပွားရေးအခြေအနေကိုလည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။ ရုရှား စီးပွားရေး အေးစက် လာမှုသည် ရှောင်လွှဲ၍မရသော်လည်း စီးပွားရေး တိုးတက်မှုနှုန်းမှာ သိသိသာသာ ကျဆင်းသွားခြင်း မရှိသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အလုပ်အကိုင်မဲ့နှုန်းနည်းပါးမှုကို ထိန်းသိမ်းထားရန် ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေး အစီအမံများ ချမှတ်ရန်လည်း ပူတင်က ညွှန်ကြားခဲ့သည်။

ကိုးကား -ဆင်ဟွာ

ဗြိတိန်က ၎င်းတို့၏ အထူးတပ်ဖွဲ့ဝင်များအား ယူကရိန်းသို့ စေလွှတ်ရန် ပြင်ဆင်ထားဟုဆို

လန်ဒန်၊   စစ်ရေး

ရုရှားနှင့်အမေရိကန်တို့ကြား ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်ပြီးနောက်   ဗြိတိန်နိုင်ငံက ၎င်းတို့၏   အထူးတပ်ဖွဲ့ဝင်များအား ယူကရိန်းသို့စေလွှတ်ရန်    အသင့်အနေ အထားပြင်ဆင်ထားကြောင်း   ဗြိတိန်သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံအနေဖြင့် ၎င်းတို့၏ငြိမ်းချမ်းမှုထိန်းသိမ်းရေး မစ်ရှင်အရ ယူကရိန်းသို့ အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ရေးပြင်ဆင်ထားရန် ဗြိတိန်စစ်ရေးဆိုင်ရာ စီမံကိန်းချမှတ်ရေးတပ်ဖွဲ့ဌာနချုပ်က   ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကတည်းက ညွှန်ကြားထားခြင်းဖြစ်သည်။

ဗြိတိန်စစ်ရေးဆိုင်ရာ  စီမံကိန်းချမှတ်ရေး တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားချက်အရ   ယူကရိန်းသို့   ဗြိတိန်အထူးတပ်ဖွဲ့မှ အရန်တပ်ဖွဲ့ဝင်များအား  စေလွှတ်မည်ဖြစ်ကြောင်း လန်ဒန်မြို့မှ ထုတ်ဝေသည့်  i paper ၏ဖော်ပြချက်အရ သိရသည်။

ဗြိတိန်နိုင်ငံသည် ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးကို ထောက်ခံသည့် နိုင်ငံများအဖွဲ့မှ စစ်ဘက်အကြီးအကဲများ၏ ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရန်   ပြင်ဆင်နေစဉ် ယူကရိန်းသို့ အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ရေး ပြင်ဆင်မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း   သိရသည်။

ဗြိတိန်အထူးတပ်ဖွဲ့ဝင်များသည် အစဉ်အလာအရဖြစ်သည့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့မဟုတ်ဘဲ စစ်မြေပြင်တွင် အလျင်အမြန်ဖြန့်ကြက်နိုင်စွမ်း ရှိသည့်အပြင် ၎င်းတပ်ဖွဲ့များ၏ ထောက်လှမ်းရေးနှင့် ကင်းထောက်မှုတို့တွင် ကျွမ်းကျင်မှုများကြောင့် ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးကို ထောက်ခံသည့် နိုင်ငံများအဖွဲ့မှ တပ်မတော်များအား  ဦးဆောင်နိုင်သည့် စွမ်းရည်ကိုပိုင်ဆိုင်ထားသည့် တပ်ဖွဲ့များ ဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ပြောကြားထားသည်။ 

Source: https://myawady.net.mm/