အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။

ပေါက်ကွဲမှုသည် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းက ကန်းဒက်ဇ် ပြည်နယ်ရှိ ကာအူလ်ဘဏ်ခွဲတစ်ခုအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့် အဖွဲ့အစည်းက ပြုလုပ်ခဲ့ခြင်းဆိုသည်ကိုမူ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။ အာဖဂန်နစ္စတန် အာဏာရ တာလီဘန်အဖွဲ့ဝင်တစ်ဦး၊ အရပ်သား တစ်ဦးနှင့် ဘဏ်လုံခြုံရေးဝန်ထမ်း အပါအဝင် လူလေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါသည်။ ကန်းဒက်ဇ် ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျူမာဒင်ခါခ်ဆာက တိုက်ခိုက်မှုသည် အသေခံ ဗုံးဖောက်ခွဲခြင်းဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ကန်းဒက်ဇ်ပြည်နယ်ရဲကွပ်ကဲမှုအဖွဲ့က ရှာဖွေဖော်ထုတ်နေပြီး တရား မျှတမှုရှိစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။
အာဖဂန်နစ္စတန်၌ ဗုံးပေါက်ကွဲမှုနှင့် အသေခံဗုံးခွဲတိုက်ခိုက်မှု အရေအတွက်သည် အမေရိကန်တပ်များ ရုပ်သိမ်းပြီးချိန် တာလီဘန် ကျောထောက်နောက်ခံပြု အစိုးရကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ဖြုတ်ချပြီးချိန်နောက် သိသိသာသာ ကျဆင်းသွားခဲ့သော်လည်း (ISIS) အပါအဝင် လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်မှုများ ရှိနေဆဲပင်ဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား-NP News

မန္တလေးတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အယောင်ဆောင်၍ VPN ပါသည် ဆိုသောအကြောင်းပြချက်ဖြင့် ထိုးကြိတ်ရိုက်နှက်ပြီး ကားနှင့်ဖုန်း လုယက်မှုဖြစ်ပွားခဲ့ကြောင်း ရွှေကြေးစည်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၁ ရက် ည ၉နာရီခွဲအချိန်ခန့်က မဟာအောင်မြေမြို့နယ် ၃၈လမ်း၊ ၇၆×၇၈ လမ်းကြားတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းကြားအတွင်းသို့ အသက် (၅၇) နှစ် အရွယ် အမျိုးသားတစ်ဦးက Max II ကားဖြင့်ရောက်ရှိလာပြီး အပေါ့ဆင်း သွားနေစဉ် ဆိုင်ကယ် (၂) စီးဖြင့် လူ (၄) ဦး က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းအမျိုးသားအား “ဘာလုပ်နေတာလဲ” ဟုမေးကာ ကိုင်ဆောင်ထားဖုန်းကို စစ်ဆေးပြီးနောက် VPN ပါရှိသည်ဆိုကာ ပုသိမ်ကြီးမြို့နယ်၊ မြကျောက်ဘုရား YANKON စားသောက်ဆိုင်အနီး တွင် ကားပေါ်မှဆွဲချကာထိုးကြိတ်၍ ကားနှင့်ဖုန်းအား လုယက်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“မန္တလေးမြို့ထဲမှာဖြစ်တာ။ သူကအပေါ့သွားနေတဲ့အချိန် လူ (၄) ယောက် က ရောက်လာပြီး သူ့ကားကိုလုသွားတာ။ မျက်နှာတစ်ခုလုံးတော့ ထိုးကြိတ်ထားတာ။ စပြီးဖြစ်တာကတော့ ၃၈ လမ်းကြားထဲမှာ ဖြစ်တာပေါ့။ အဲဒီကနေ ပုသိမ်ကြီးမြို့နယ်ထဲကို ရောက်လာတာပေါ့။ မျက်နှာအထိုးခံထားရတာဆိုတော့ မျက်လုံးတွေဖူးယောင်နေတာ” ဟု ရွှေကြေးစည် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုးကြိတ်ရိုက်နှက်ခံရမှုကြောင့် ဝဲယာမျက်ကွင်းဖူးရောင်ညိုမဲဒဏ်ရာ၊ ယာဘက်နို့အုံအောက်ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ ဝဲဘက် ခြေထောက် ပြတ်ရှဒဏ်ရာ (၁) ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ထိခိုက် ဒဏ်ရာရရှိသူအမျိုးသားအား ရွှေကြေးစည်လူမှုကူညီရေးအသင်းက မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

ကုမ္ပဏီများကို ခြိမ်းခြောက်ငွေညှစ်ခဲ့သော အမေရိကန်နှင့် ဆွစ်ဇာလန် တို့မှ အလိုရှိနေသည့် ရုရှားနိုင်ငံသား လေးဦးအား ဖူးခက်တွင် ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
အသက် ၂၇ နှစ်မှ ၃၉ နှစ်ကြားရှိ သံသယရှိသူများအား Muang နှင့် Thalang ခရိုင်ရှိ နေအိမ်များတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း Cyber Crime Investigation Bureau အကြီးအကဲ Trairong Phiwpan က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

အခင်းဖြစ်ရာနေရာမှ ကွန်ပျူတာများနှင့် လက်ကိုင်ဖုန်းများကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူလေးဦးသည် ဆွစ်ဇာလန်နိုင်ငံရှိ ကုမ္ပဏီ ၁၇ ခုအား ပစ်မှတ်ထားရန် ransomware ကိုအသုံးပြုကာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နှင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်ကြားတွင် အပေးအယူလုပ်ထားသောစနစ်များ၏ Log ဖွင့်နိုင်ရေး ငွေပေးချေရန် တောင်းဆိုခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
၎င်းတို့သည် ခြိမ်းခြောက်သော အီးမေးလ်များပေးပို့ပြီး ငွေပေးချေရန် ငြင်းဆိုထားသည့် အဖွဲ့အစည်းများသို့ ဖုန်းခေါ်ဆိုမှုများလည်း ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
ဟက်ကာများသည် ကမ္ဘာတစ်ဝှမ်းရှိ သားကောင် ၁၀၀၀ ထံမှ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၆ သန်းတန်ဖိုးရှိ Crypto ငွေကြေးများကို ခိုးယူခဲ့သည်ဟု Trairong မှ ပြောကြားခဲ့သည်ဟု The Nation သတင်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသူများအား အရေးယူမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့အား အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း Trairong Phiwpan က ပြောကြားခဲ့သည်။
ကိုးကား-VN Express
Photo: Bangkok Post

နျူကလီးယားစွမ်းအင်သုံး အမေရိကန်ရေငုပ်သင်္ဘောသည် တောင်ကိုရီးယား၌ ဆိုက်ကပ်မှုတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါလုပ်ရပ်ကြောင့် ဒေသတွင်း တင်းမာမှုများပိုမိုပြင်းထန်လာစေကြောင်း မြောက်ကိုရီးယားက ဆိုပါသည်။
မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီသတင်းစာ Rodong Sinmun က ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်၌ မြောက်ကိုရီးယား၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို “ပြောင်ပြောင်တင်းတင်းလျစ်လျူရှုခြင်း” အတွက် အမေရိကန်ကို ရှုတ်ချထားပြီး USS Alexandria သည် ဘူဆန်သို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်းဖော်ပြထားပါသည်။
မြောက်ကိုရီးယားစစ်တပ်အနေဖြင့် ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုမှန်သမျှကို ဟန့်တားမည်ဖြစ်ပြီး ရန်စလာသူများကို အပြစ်ပေးပိုင်ခွင့် ကျင့်သုံးမည်ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။
မြောက်ကိုရီးယားခေါင်းဆောင် Kim နှင့် ဆက်ဆံရေး ပြန်တည်ဆောက်ရန် လမ်းဖွင့်ထားသည်ဟု ပြောဆိုထားသည့် အမေရိကန်သမ္မတ Donald Trump အစိုးရကို မြောက်ကိုရီးယားက အကဲစမ်းနေခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက ဖော်ပြပါ သည်။
သို့သော် Kim သည် မကြာသေးမီက ရုရှားနှင့်မြောက်ကိုရီးယားတို့၏ မဟာမိတ်ဖွဲ့မှုကို အားကောင်းစေရန် အာရုံစိုက်လုပ်ဆောင်နေကြောင်း Yonhap သတင်းအေဂျင်စီက ဆိုသည်။
မြောက်ကိုရီးယားအား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တီထွင်နိုင်ရေးနှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များ ကမ္ဘာ့လေထုပြန်ဝင်ရေးဆိုင်ရာ နည်းပညာများအတွက် ရုရှားက ကူညီပေးနေနိုင်ခြေရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိများက ဆိုပါသည်။
ကိုးကား-NHK World

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ Yelahanka လေတပ်စခန်း၌ စတင်ကျင်းပသော Aero India 2025 အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲတွင် အမေရိကန်၏ F-35A နှင့် F-16 တိုက်လေယာဉ်များ ပါဝင်ပြသခဲ့ကြောင်း၊ ထို့အပြင် ရုရှား၏ Su-57 တိုက်လေယာဉ်လည်း ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့ကြောင်း သိရသည်။
အိန္ဒိယ၏ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ၁၉၉၆ ခုနှစ် မှစတင်ပြုလုပ်သည့် ယခုလေကြောင်းပြပွဲတွင် ကမ္ဘာ့အဆင့်မြင့် တိုက်လေယာဉ်များ၏ စွမ်းဆောင်ရည် ပြိုင်ဆိုင်မှုများကို ပြသနေကြပါသည်။

အထူးသဖြင့် အိန္ဒိယအပေါ် အာရှပစိဖိတ်မဟာဗျူဟာ၏ အဓိက မိတ်ဖက်အဖြစ် ရှုမြင်ထားသည့် အမေရိကန်နှင့် Made in India မူဝါဒအရ အိန္ဒိယနှင့် စစ်ဖက်ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်နေသည့် ရုရှားတို့၏ ဆဋ္ဌမ မျိုးဆက်တိုက်လေယာဉ်များဖြစ်သည့် F-35A နှင့် Su-57 တို့၏ တစ်ပြိုင်နက် ပြသမှုမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။
ကိုးကား-TASS
Photo: Defense Security Asia

ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ၀န်ကြီးချုပ် Kishida Fumio အား လက်လုပ်ဖောက်ခွဲရေးပစ္စည်းနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်နိုင်ရေး စုံစမ်းစစ်ဆေးရေး အရာရှိများက ကြိုးပမ်းနေပါသည်။

ဖောက်ခွဲရေးပစ္စည်းများနှင့်ပစ်ခတ်ခဲ့ခြင်းကြောင့် လူနှစ်ဦးဒဏ်ရာရရှိ ခဲ့ပြီး Kimura Ryuji သည် အဆိုပါပြစ်မှုအတွက် တရားစွဲဆိုခံထားရသည်။ Kishida သည် ၂၀၂၃ ခုနှစ်၊ ဧပြီလ၌ Wakayama မြို့ရှိ ဆိပ်ကမ်းတစ်ခုသို့ သွားရောက်ခဲ့ကာ အောက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် မဲဆွယ်စည်းရုံးခဲ့ရာတွင် အဆိုပါ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘေးလွတ်ရာသို့ အလျင်အမြန် ရှောင်တိမ်းနိုင်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာမရရှိခဲ့ပေ။
အသက် ၂၅ နှစ်အရွယ်ရှိ တိုက်ခိုက်သူအမျိုးသားသည် လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုနှင့်ပေါက်ကွဲစေတတ်သော ပစ္စည်းများထိန်းချုပ်ရေး အက်ဥပဒေ ချိုးဖောက်မှု အပါအဝင် စွဲချက် ၅ ခုနှင့် Wakayama ခရိုင် တရားရုံး၌ တရားရင်ဆိုင်နေရပါသည်။
၎င်းသည် ဝန်ကြီးချုပ်အား သတ်ဖြတ်ရန် ကြံရွယ်ထားကြောင်း စုံစမ်း စစ်ဆေးရေးအရာရှိများက ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြောကြားခဲ့ပြီး ၎င်း၏လုပ်ရပ်သည် တာဝန်ထမ်းဆောင်ဆဲဝန်ကြီးချုပ်ကို ပစ်မှတ်ထားပြီး ပတ်ဝန်းကျင်ရှိလူစုလူဝေးကို ထိခိုက်စေသည့်လုပ်ရပ်ဖြစ်ကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်ဟု ခေါ်ဆိုကာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ရန် တောင်းဆိုခဲ့ပါသည်။
Kimura ၏ ရှေ့နေများက စုံစမ်းစစ်ဆေးရေးအရာရှိများသည် ဖောက်ခွဲရေး ပစ္စည်းကျရောက်ခဲ့သည့်နေရာမှ ၂ မီတာအတွင်း သေဆုံးနိုင်မှုကိုသာ စမ်းသပ်စစ်ဆေးခဲ့သည်ဟု အခိုင်အမာဆိုခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် စီရင်ချက်ရန် တရားရုံးကစီစဉ်ထားပါသည်။

လန်ဒန် ဖေဖော်ဝါရီ ၁၁
အင်္ဂလန်မြောက်ပိုင်း ဝိုလ်လာမြို့ကလေးကစားကွင်းတစ်ကွင်း မြေအောက်၌ မပေါက်ကွဲသေးသည့် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံး ၁၇၆ လုံးတူးဖော်တွေ့ရှိခဲ့ရကြောင်း ဗြိတိန်မီဒီယာများက ဖေဖော်ဝါရီ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ကလေးကစားကွင်းပြန်လည် ပြင်ဆင်မွမ်းမံရေးလုပ်ငန်းများအတွက် မြေပြင်တူးဖော်မှုများပြုလုပ်နေစဉ် ပေါက်ကွဲခြင်းမရှိသေးသည့် အဆိုပါ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများ တွေ့ရှိခဲ့သော စစ်လက်ကျန်ဗုံးများအနက် ၆၀ တို့မှာ လေ့ကျင့်ရေးသုံး ၁၀ ပေါင် ဗုံးများဖြစ်ကြသည်။
၎င်း စစ်လက်ကျန်ဗုံးများမှာ ဖောက်ခွဲရေးစနစ် အသက်ဝင်နေဆဲဖြစ်ရာ ပေါက်ကွဲမည့်အန္တရာယ်ရှိနိုင်ကြောင်း ဗြိတိန်ဗုံးကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဗြိတိန်ဗုံးကျွမ်းကျင်သူများသည် ဝိုလ်လာမြို့စကော့ကလေးကစားကွင်း၌ စစ်လက်ကျန်ဗုံးဟောင်းဆက် ရှိ၊ မရှိ ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။
စကော့ ကလေးကစားကွင်းနေရာသည် ဒုတိယကမ္ဘာစစ်က ပြည်တွင်းအပျော်တမ်း အစောင့်တပ် တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးကွင်းဖြစ်ခဲ့ဖူးကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ

အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်သည် အမေရိကန်စစ်တပ်အတွင်း လိင်ပြောင်းထားသူများ ပါဝင်စစ်မှုထမ်းခြင်းကို ပိတ်ပင်လိုက်ကြောင်း သိရသည်။ ထို့အပြင် အမေရိကန်စစ်ဌာနချုပ်သည် အမေရိကန်စစ်တပ် အတွင်း ပါဝင်ထမ်းဆောင်သူများကို လိင်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆေးဝါးဆိုင်ရာစမ်းသပ်ခြင်းစသည့်လုပ်ထုံးလုပ်နည်းများ လုပ်ကိုင်ခြင်း ကို ရပ်တန့်လိုက်ကြောင်းသိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်စစ်တပ်အတွင်း လိင်ပြောင်းထားသူများကိုတားမြစ်မည်ဟု ပြောဆိုခဲ့ပြီးနောက် မကြာမီ အမေရိကန်စစ်ဌာနချုပ်က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးပီတီဟတ်ဆီက “ထိရောက်မှုရှိစေရန် ကျား၊မမသန်စွမ်းမှု ရာဇဝင်ရှိသည့် လူတစ်ဦးချင်းစီအတွက် အသစ်ဝင်ရောက်ခွင့် အားလုံးကို ခေတ္တရပ်ထားကြောင်း၊ ထို့အပြင် ကျားမရေးရာ ကူးပြောင်းရန်အတွက် အတည်ပြုခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်းတို့နှင့်ဆက်စပ်သည့် ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအားလုံးကို ခေတ္တရပ်ထားကြောင်း” ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် လိင်ပြောင်းထားသူများသည် “ဂုဏ်သိက္ခာနှင့် လေးစားမှု”ကို ဆက်လက်ရရှိမည်ဖြစ်ပြီး မူဝါဒအပြောင်းလဲများအတိုင်း စီမံညွှန်ကြားမှုအသစ်များထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း အမေရိကန် စစ်ဌာနချုပ်ကပြောသည်။ အမေရိကန်စစ်တပ်တွင် တပ်ဖွဲ့ဝင် အရေအတွက် (၁ ဒသမ ၃)သန်းကျော်ရှိနေပြီး လိင်ပြောင်းပြီး စစ်မှုထမ်းသူ အရေ အတွက် အနည်းဆုံး (၁၅,၀၀၀)ကျော်ရှိနေကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ယခင် သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်က သတ်မှတ်ထားသည့် အမိန့်စည်းကမ်းများကို ပယ်ဖျက်ခြင်းများလုပ်ဆောင်ခဲ့ရာ လိင်ပြောင်းထားသူများကို တားမြစ်ပိတ်ပင်ခြင်းများပါဝင်ခဲ့ပြီး အမေရိကန်စာသင်ကျောင်းများတွင်လည်း လိင်ပြောင်းထားသူများ ပါဝင်ယှဉ်ပြိုင်ခြင်းကို တားမြစ် ကန့်သတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

11 February 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “Aung Myo Htike” Facebook အကောင့်နှင့် “San Yati Lin Latt” Facebook အကောင့်ပိုင်ရှင်များဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဗိုလ်ကုန်းရပ်ကွက်နေ အောင်မျိုးထိုက်နှင့် မေဘရဏီအောင်တို့ နှစ်ဦးအား နံနက် ၁ နာရီတွင် ပဲခူးမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ သုခရိပ်ငြိမ်ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ရှော့တိုက်ဒုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဘုန်းကြီးကျောင်း၌ ရှိနေသည့် မြိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ဦးသူရကျော်(ခ)ကိုဂျက်(၄၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဆရာတော် ဉူးပညာဝံသ သက်တော်(၆၂)နှစ်၊ ဝါတော်(၅)ဝါတွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။