လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချိုက်ကျေးရွာနှင့် မြင်စတောကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာများအတွင်းသို့ Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မြင်စတောကျေးရွာနေသူများဖြစ်ကြသည့် မဇာဇာဖြိုး(၁၆)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးစိန်ရွှေ(၆၀)နှစ်၊ ဦးခိုင်စိုး(၄၅)နှစ်၊ ဒေါ်စန်းမြင့်(၆၆)နှစ်နှင့် ဒေါ်ခင်သီတာ(၄၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ အဆိုပါကျေးရွာ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် ညနေ ၅ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ န-လက်ခုပ်ပင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးနေလင်း(၇၅)နှစ်သည် ၎င်း၏နေအိမ်၌ သေဆုံးသွားသည့် သားဖြစ်သူ၏ရက်လည်ဆွမ်းသွတ်အား ပြုလုပ်ပေးနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦး (စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးနေလင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၉ နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းပြည်သူ့ဆေးရုံ၌ ကျည်ထိမှန် ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိုးညှင်းမြို့နယ်၊ ဟဲလုံကျေးရွာနေ ကိုကြည်သာတော(၂၃)နှစ်သည် ၎င်း၏နေအိမ်မှ မိုးညှင်းမြို့သို့ ထွက်ခွာလာစဉ် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ဒေသအခေါ် ကျားဖြူကန်အနီးအရောက် PDF အမည်ခံ အကြမ်းဖက် သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ၏ ပထမဆုံးသော Type 054B ဖရီးဂိတ်စစ်သင်္ဘော Luohe သည် တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ စစ်ဘက်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု၌ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) တွင် တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။

သင်္ဘောကိုယ်ထည်အမှတ်- ၅၄၅ ဟု သတ်မှတ်ထားသော Luohe မှာ တန်ချိန် ၅,၀၀၀ ခန့် အလေးချိန်ရှိကာ အဆိုပါ မျိုးဆက်သစ် ဖရီးဂိတ်စစ်သင်္ဘောအား တရုတ်နိုင်ငံက အမှီအခိုကင်းစွာ ဒီဇိုင်းဖန်တီး တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေဒါရှောင်ကွင်းနိုင်သော နည်းပညာ၊ တိုက်ခိုက်ရေးကွပ်ကဲမှုစနစ်များ၊ ပစ်အားပေါင်းစပ်မှု စသည့် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ထားသည့်အတွက် အဘက်ဘက်မှ စွမ်းဆောင်ရည် သိသိသာသာ တိုးမြှင့်ထားခြင်းလည်းဖြစ်သည်။
ယင်းစစ်သင်္ဘောသည် ကျယ်ပြန့်သော တိုက်ခိုက်ချေမှုန်းရေးဆိုင်ရာ စစ်ဆင်ရေးများနှင့် အမျိုးမျိုးသော စစ်ရေးမစ်ရှင်များအတွက် ထက်မြက်သော စွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားသဖြင့် ရေတပ်အထူးတပ်ဖွဲ့များ၏ ဘက်စုံတိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရာ၌ အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။
ကိုးကား-Myanmar National Post

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg အား ရက်ပေါင်း ၁၀၀ အတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် တာဝန်ပေးထားကြောင်း သိရှိရပါသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg ၏ အခန်းကဏ္ဍသည် သမ္မတ ထရမ့် ကိုယ်တိုင်ကြီးကြပ်ရန် ရည်ရွယ်ထားသည့် ငြိမ်းချမ်းရေးစေ့စပ် ညှိနှိုင်းမှုတွင် ကနဦးခြေလှမ်းဖြစ်ဖွယ်ရှိကြောင်း သိရှိရပါသည်။ သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် သဘောတူညီချက်တစ်ခုရရှိရန် ဒေါ်နယ်ထရမ့် က ၎င်း၏မဲဆွယ်စည်းရုံးရေးကာလအတွင်း ကတိပြုထားသည်ထက် ပိုမိုခက်ခဲကြောင်း ထင်ရှားနေပါသည်။ ရုရှားသည် Kellogg နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမာပူတင် အကြားနားလည်မှုသည် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းကာလအတွင်းတွင် အမေရိကန်-ရုရှားဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေနိုင်ကြောင်း ရုရှားဘက်မှခန့်မှန်းထားသည်။ ခေါင်းဆောင်နှစ်ဦးစလုံးက ၎င်းတို့သည် ပုဂ္ဂိုလ်ရေးအရ စကားပြောဆိုခြင်း မရှိသေးသော်လည်း မကြာမီစကား ပြောဆိုမှုပြုလုပ်ရန် ကတိပြုထားကြောင်း ပြောကြားခဲ့ပါသည်။
Kellogg ၏ အဓိကအစီအစဉ်သည် ယူကရိန်း၏ နေတိုးအဖွဲ့ဝင်ဖြစ်မှုကို နှောင့်နှေးစေပြီး ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းအတွက် ရုရှားနိုင်ငံအား အပြန်အလှန်အားဖြင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ သက်သာခွင့်ပေးရန် အကြံပြုထားသည်။ ယူကရိန်းအစိုးရသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန်ငြင်းဆိုပါက ဝါရှင်တန်က ကိယက်ဗ်ကို စစ်ရေးအကူအညီရပ်ဆိုင်းရန်လည်း အဆိုပြုထားပါသည်။ ယူကရိန်းသမ္မတ ဇီလန်စကီးသည် ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် လိုလားနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယုံကြည်ထားပါသည်။ သို့သော် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားသမ္မတပူတင်က ညှိနှိုင်းရန်ငြင်းဆိုပါက ဒေါ်နယ်ထရမ့်သည် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်နိုင်ပါသည်။
အစောပိုင်းသတင်းများအရ ဒေါ်နယ်ထရမ့်၏အဖွဲ့သည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံညှိနှိုင်းရန် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့ပါသည်။ ထို့အပြင် ရုရှားအစိုးရသည် ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန်အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။
ကိုးကား - The Wall Street Journal (WSJ)

ကရင်ပြည်နယ်၊ မြဝတီ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ သတင်းထုတ်ပြန်ထားရာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်ပြီး Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကျူးလွန်နေကြသည့် ပြည်ပ နိုင်ငံသားများအား စိစစ်ဖော်ထုတ်ခဲ့ပြီး တရုတ်နိုင်ငံသို့ တရုတ်နိုင်ငံသား ၅၃,၃၈၈ ဦးအထိ လွှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောနယ်စပ်ဒေသများ၏ လက်ရှိ ဖြစ်ပေါ် နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသားအချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင် ပတ်သက်မှုများဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်ကို အလေးထား ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသား များအား စိစစ်ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အများစုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့ကို တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့် အညီ စစ်ဆေး၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိသည်။
တရားမဝင် ဝင်ရောက်နေထိုင်၍ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်နေကြသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခဲ့ရာ နယ်စပ်ဒေသများဖြစ်သည့် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့များ အပါအဝင် အခြားနယ်စပ်ဒေသများမှ ဖော်ထုတ်ရရှိသည့် တရားမဝင် ဝင်ရောက်နေသူများကို သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်လည် လွှဲပြောင်းပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်အထိ တရုတ်နိုင်ငံသို့ ၅၃၃၈၈ ဦး၊ ထိုင်းနိုင်ငံသို့ ၆၄၈ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀ ဦး၊ လာအိုနိုင်ငံသို့ ၂၂ ဦး၊ ဗီယက်နမ်နိုင်ငံသို့ ၁၁၄၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံသို့ ၁၉ ဦး၊ မလေးရှားနိုင်ငံသို့ ၁၄၂ ဦး၊ ထိုင်ဝမ်သို့ ၂၁ ဦး၊ စင်္ကာပူနိုင်ငံသို့ ၂ ဦး၊ ပိုလန်နိုင်ငံသို့ ၁ ဦး၊ စပိန်နိုင်ငံသို့ ၁ ဦး၊ ရုရှားနိုင်ငံသို့ ၁၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံသို့ ၃၈ ဦး၊ ယူဂန်ဒါနိုင်ငံသို့ ၃ ဦး၊ အီဂျစ်နိုင်ငံသို့ ၂ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသို့ ၃ ဦး၊ အိန္ဒိယနိုင်ငံသို့ ၉၆ ဦး၊ မော်ရိုကိုနိုင်ငံသို့ ၁၃ ဦး၊ အီသီယိုးပီးယားနိုင်ငံသို့ ၂၉ ဦး၊ နီပေါနိုင်ငံသို့ ၂၆ ဦး၊ ပါကစ္စတန်နိုင်ငံသို့ ၃ ဦး၊ မြောက်အိုင်ယာလန်နိုင်ငံသို့ ၂ ဦး၊ ကာဇက်စတန်နိုင်ငံသို့ ၁ ဦး၊ ကင်ညာနိုင်ငံသို့ ၂ ဦး၊ သီရိလင်္ကာနိုင်ငံသို့ ၆၀ ဦး၊ တောင်အာဖရိကနိုင်ငံသို့ ၁ ဦး၊ ဟောင်ကောင်သို့ ၁ ဦး၊ ဆီရီယာလီယွန်နိုင်ငံသို့ ၂ ဦး၊ ဂါနာနိုင်ငံသို့ ၁ ဦး၊ ဘူရွန်ဒီနိုင်ငံသို့ ၁ ဦး၊ တာ့ခ်မင်နစ္စတန် နိုင်ငံသို့ ၁ ဦး၊ စုစုပေါင်း ၅၅၇၁၁ ဦးအား ပြန်လည်လွှဲပြောင်း ပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း စိစစ်ဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ စိစစ်နိုင်ရန်၊ အမြန်ဆုံး တရားစွဲဆို အရေးယူ ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်နိုင်ရန်အတွက် ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံ ရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အာရှ၊ ဥရောပ၊ တရုတ်နိုင်ငံနှင့် တောင်အာဖရိကဒေသရှိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ ၄၁၇၆ ဦး (အမျိုးသား ၃၄၁၅ ဦး၊ အမျိုးသမီး ၇၆၁ ဦး) ကို ကူညီစုံစမ်းရှာဖွေပေးရန် သံတမန်လမ်းကြောင်း၊ အင်တာပိုလ်ရဲဆက်သွယ်ရေးလမ်းကြောင်းနှင့် ရဲဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် အကြောင်းကြားသည့်စာများ လက်ခံရရှိခဲ့ကြောင်း။ ၂၀၂၅ ရက် ဇန်နဝါရီ ၁၉ ရက်အထိ အမျိုးသား ၉၅၈ ဦး၊ အမျိုးသမီး ၃၃၄ဦး ပေါင်း ၁၂၉၂ ဦးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ၁၂၈၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းခဲ့ပြီးဖြစ်ကာ ဗီယက်နမ် ၅ ဦး၊ ပါကစ္စတန် ၁ ဦး ၊ တရုတ် ၂ ဦး ပေါင်း ၈ ဦးလွှဲရန်ကျန်ရှိကြောင်း၊ ကျန်ရှိသူ ၂၈၈၄ ဦးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စုံစမ်းရှာဖွေလျက်ရှိပြီး ထူးခြားမှုရှိပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ်ပေးလျက်ရှိကြောင်း၊ မြန်မာ - တရုတ် နှစ်နိုင်ငံ ပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ Online Scam Center များကို တားဆီးနှိမ်နင်းမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ပထမအကြိမ်ကို ၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်မှ ၃၁ ရက်အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်မှ ၂၆ ရက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့်ပတ်သက်၍ လုပ်ဆောင်နေသူ များသည် သာမန်လူများမဟုတ်ကြဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင် ထွက်ပြေးနေရသည့် လောင်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းပင်ဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ခဲ့မှုအရ တရုတ်များက မြန်မာ များကို လိမ်ခြင်းမဟုတ်သကဲ့သို့ မြန်မာများက တရုတ်များကိုလိမ်ခြင်းလည်း မဟုတ်ပါ၊ ရာဇဝတ်မှု ကျူးလွန်ထားပြီး အပြစ်ရှိသည့် ပြည်ပြေးလူတစ်စုမှ မိမိတို့နှစ်နိုင်ငံလုံးကို လိမ်နေခြင်းပင် ဖြစ် သဖြင့် အပြစ်ရှိသူများကို ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ပြီး အကာအကွယ်ပေးသူများကိုလည်း အရေးယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွင်ရှိသည့် မသင့်လျော်သော စံနှုန်းများကို ပြန်ဖျက်မည်ဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်း တွင် ကတိပေးခဲ့ပါသည်။
ကိုးကား-RSBN

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ချောင်းဦးမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့မဈေးလမ်းအဆင်း၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ဖြတ်သန်းသွားလာနေသည့် မြို့သစ်ရပ်ကွက်နေ ဦးဖုန်းနိုင်(၅၃)နှစ်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး ကျောက်ဆစ်ကန်ကျေးရွာနေ ကိုချစ်ကို(၂၂)နှစ်တို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ချောင်းဦးမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့မဈေးလမ်းအဆင်း၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ဖြတ်သန်းသွားလာနေသည့် မြို့သစ်ရပ်ကွက်နေ ဦးဖုန်းနိုင်(၅၃)နှစ်တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး ကျောက်ဆစ်ကန်ကျေးရွာနေ ကိုချစ်ကို(၂၂)နှစ်တို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moha.gov.mm

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက် ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးပြည့်ဖြိုးအောင်(၃၁)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်နေ့က ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် တောင်တရုတ်ပင်လယ်တွင် ပဥ္စမအကြိမ်မြောက် ပူးတွဲ ရေကြောင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြသည်။
ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ဘက်က Carl Vinson Carrier Strike Group၊ ပဲ့ထိန်းဒုံးကျည် နှစ်စင်း၊ ရဟတ်ယာဉ်နှစ်စင်းနှင့် F-18 Hornet လေယာဉ် နှစ်စင်းတို့ ပါဝင်ကြောင်း၊ ဖိလစ်ပိုင်ဘက်က Antonio Luna ဖရီးဂိတ်သင်္ဘော၊ Andres Bonifacio ကင်းလှည့်သင်္ဘော၊ FA-50 တိုက်လေယာဉ်နှစ်စင်းနှင့် လေတပ် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ကျက် ချထားခဲ့ကြောင်း သိရပါသည်။

ဖိလစ်ပိုင်နှင့်အမေရိကန်အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို၂၀၂၃ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ယခုလေ့ကျင့်မှုသည် ပဉ္စမအကြိမ်ဖြစ်ကာ ၂၀၂၅ ခုနှစ်အတွက်ပထမဆုံးလေ့ကျင့်မှုဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် ရေပိုင်နက်ဇုန်အတွင်း အရှည် ၁၆၅ မီတာရှည်သည့် သင်္ဘောအပါအဝင် တရုတ်ကမ်းခြေစောင့်သင်္ဘောများရှိနေခြင်းအပေါ် ဖိလစ်ပိုင်က တရုတ်နိုင်ငံအား တောင်းဆိုချက်အပြီးပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါသည်။
ကိုးကား-CNA
Photo: NAVAL News

ဖိလစ်ပိုင်နှင့်အမေရိကန်ပြည်ထောင်စုတို့သည် တောင်တရုတ်ပင်လယ်အတွင်းပဉ္စမအကြိမ်အဖြစ် ရေတပ်စစ်ရေးလေ့ကျင့်မှုများကို ပူးတွဲလုပ်ဆောင်ခဲ့ကြောင်းဖိလစ်ပိုင်နိုင်ငံက ဇန်နဝါရီလ ၁၉ ရက်တွင်ထုတ်ပြန်သည်။
နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်က ထုတ်ပြန်သည်။

ယခုလုပ်ဆောင်ခဲ့သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် ဖိလစ်ပိုင်နှင့်အမေရိကန်တို့ကြား ယခုနှစ်အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများစတင်သည့် ၂၀၂၃ ခုနှစ်မှစ၍ ပဉ္စမအကြိမ်ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နှင့် အမေရိကန်တို့ကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများသည်ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာလက်ထက်တွင် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး အမေရိကန်တပ်များအား ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ စစ်အခြေစိုက်စခန်းများအားအသုံးပြုခွင့်ကိုပါ ပေးအပ်ထားသည်။
အဆိုပါရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ရေတပ်မှ Carl Vinson လေယာဉ်တင် သင်္ဘောပါဝင်သည့် တိုက်ခိုက်ရေးအဖွဲ့၊ ဒုံးကျည်တပ်ဖျက်သင်္ဘောနှစ်စင်း၊ ရဟတ်ယာဉ်နှစ်စင်းနှင့် F-18 Hornet စစ်လေယာဉ်တစ်စင်းပါဝင်သည်။
ထို့ပြင် အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံကြား ရေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်စစ်ဆင်နိုင်မှုတို့ကို တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ကပြောကြားထားကြောင်း သိရသည်။
Source: Myawady Web Portal