တောင်ကိုရီးယားတပ်မတော်ရှိ စစ်သားအရေအတွက်သည် ပြီးခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ၂၀% ကျဆင်းသွားကြောင်း အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါသည်။ ထိုသို့ကျဆင်းရသည့် အဓိကအချက်မှာကမ္ဘာ့ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်သည့် တောင်ကိုရီးယားတွင် မဖြစ်မနေစစ်မှုထမ်းရမည့် အရွယ်ရောက်ယောက်ျားလူဦးရေ သိသိသာသာ ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း ထိုအစီရင်ခံစာက ဖော်ပြထား ပါသည်။

တောင်ကိုရီးယားတပ်မတော်၏ အရွယ်အစားသည် ၂၀၀၀ ပြည့်လွန်နှစ် များအစောပိုင်းက တပ်သား ၆၉၀,၀၀၀ ခန့်ရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်း လာကာ ၂၀၁၀ ပြည့်လွန်နှစ်နှောင်းပိုင်းတွင် ပိုမိုကျဆင်းလာပြီး ယခု အခါ တပ်သား ၄၅၀,၀၀၀ ခန့်သာရှိတော့သည်။ မြောက်ကိုရီးယားတွင် တပ်မတော်သား ၁.၂ သန်းခန့်ရှိသည်ဟု ၂၀၂၂ ခုနှစ်က ကာကွယ်ရေး ဝန်ကြီးဌာန၏ နောက်ဆုံးခန့်မှန်းချက်အရ သိရှိထားရပါသည်။
တောင်ကိုရီးယားသည် ကမ္ဘာ့ပေါ်တွင် အိုမင်းရင့်ရော်မှု အမြန်ဆုံး လူ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်နေပြီး ၂၀၂၄ ခုနှစ်တွင် အနိမ့်ဆုံး ကလေး မွေးဖွားနှုန်း ၀.၇၅ သာရှိပါသည်။ ၎င်းမှာ အမျိုးသမီးတစ်ဦး၏ မျိုးပွား နိုင်သောဘဝတွင် မျှော်မှန်းထားသည့် ပျမ်းမျှကလေးမွေးဖွားနှုန်းကို ညွှန်ပြ နေပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ၅၁.၈ သန်းအထိ ရှိခဲ့သော နိုင်ငံ၏ လူဦးရေသည် ၂၀၇၂ ခုနှစ်အရောက်တွင် ၃၆.၂ သန်းသို့ ကျဆင်းလာမည် ဟု အစိုးရ၏ခန့်မှန်းချက်အရ သိရပါသည်။
၂၀၂၅ ခုနှစ်တွင် တောင်ကိုရီးယား၏ ကာကွယ်ရေးအသုံးစရိတ်မှာ ဝမ် ၆၁ ထရီလီယံ (ပေါင် ၃၃ ဘီလီယံ) ကျော်ရှိပြီး မြောက်ကိုရီးယား၏ ခန့်မှန်း စီးပွားရေးအရွယ်အစားထက် ပိုမိုကြီးမားပါသည်။ သို့သော် နိုင်ငံ့ စစ်တပ် သည် ကာကွယ်ရေးအတွက် အသင့်ဖြစ်သည်ဟု လုံလောက်ရသော အရေ အတွက်ထက် စစ်သား ၅၀,၀၀၀ လိုအပ်နေဆဲဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားထားပါသည်။
ကိုးကား- The Guardian
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

အစ္စရေးသည် ဟိုလိုကော့စ်သင်ခန်းစာများကို လျစ်လျူရှုကာ ဂါဇာမြို့ကို သိမ်းပိုက်ရန် အစီအစဉ်ဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေသည်ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှား၏ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Dmitry Polyansky က သတိပေးခဲ့သည်။ အနောက်ဂျေရုဆလင်က သိမ်းပိုက်ရန် အတည်ပြုချက်ကို ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက်ကျင်းပခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပေါ် အစည်းအဝေး တွင် သံတမန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

Polyansky က အဆိုပါဆုံးဖြတ်ချက်သည် ဂါဇာ၏ လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံဖြေရှင်းရေး အလားအလာကို ဟန့်တားကာ သိမ်းပိုက်အုပ်ချုပ်မှုစနစ်ကို တရားဝင်အသိအမှတ်ပြုခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ဆိုသည်။
"ဂါဇာကို သိမ်းပိုက်ရန် Netanyahu အစိုးရ၏ ရည်ရွယ်ချက်ကို မိမိတို့ အနေဖြင့် အပြင်းအထန် ရှုတ်ချပါသည်" ဟု ၎င်းက ပြောကြားခဲ့ပြီး အစ္စရေး နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တောင်းဆိုမှုများနှင့် Hamas ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးထားသော အစ္စရေးအကျဉ်းသားများ၏ မိသားစု များ၏ တောင်းပန်မှုများကို နောက်တစ်ကြိမ် လျစ်လျူရှုခဲ့သည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
Hamas ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အစ္စရေးကို တိုက်ခိုက်မှု တွင် အများစုမှာ အစ္စရေးနိုင်ငံသားများဖြစ်သည့် လူ ၁,၂၀၀ ခန့် သေဆုံးပြီး ၂၅၁ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ဂါဇာတွင် အကျဉ်းသား ၅၀ ခန့် ပျောက်ဆုံး နေဆဲဖြစ်ကာ ၎င်းတို့အနက် ၂၀ ခန့်သာ အသက်ရှင်နေသည်ဟု ယူဆ ရသည်။Polyansky က အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa'ar အား အစိုးရ လုံခြုံရေးကောင်စီက စစ်ဆင်ရေးအတည်ပြုရန် ပြင်ဆင်နေသည် ကို သိသော်လည်း အကျဉ်းသားများအပေါ် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိဟု စွပ်စွဲခဲ့သည်။ ၎င်းက အဆိုပါဆုံးဖြတ်ချက်သည် အကျဉ်းသားများအား အသက်ရှင်လျက် အိမ်ပြန်ပို့ရန် အခွင့်အလမ်းများကို အဆုံးသတ်စေခဲ့ သည်ဟု ဆိုသည်။
၎င်းက ဒုတိယကမ္ဘာစစ်အတွင်း ဟိုလိုကော့စ်အရေးအခင်း၏ ပြင်းထန်သော အတွေ့အကြုံရှိခဲ့သည့် ဂျူးလူမျိုးများပင် ယခုအခါ ပါလက်စတိုင်း လူမျိုး များကို "Ghettos" (မြိုနယ်တစ်ခု၏ ဧရိယာ၊ အထူးသဖြင့် အလွန် ဆင်းရဲသော ဒေသတစ်ခု၊ လူမျိုးတစ်မျိုး သို့မဟုတ် ဘာသာတစ်ခုမှ လူများသည် အခြားလူများနှင့် ကင်းကွာ၍ ကျဉ်းကျပ်စွာ နေထိုင်ကြရသည်) တွင် ပိတ်ဆို့ ထားပြီး ၎င်းတို့အား အပြီးတိုင် ချေမှုန်းရန် ကြိုးပမ်းနေသည်ကို နားလည်ရန် ခဲယဉ်းကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ Polyansky က အဆိုပါ အချက်သည် သမိုင်း၏သင်ခန်းစာများကို လူသားများ မည်မျှမြန်မြန် မေ့လျော့ တတ်ကြောင်း၏ သက်သေသာဓကတစ်ရပ်ပင် ဖြစ်သည်ဟု မှတ်ချက်ပြု ခဲ့သည်။
ဝန်ကြီးချုပ် Benjamin Netanyahu ၏ အစိုးရ လုံခြုံရေးကောင်စီသည် အဆိုပါအစီအစဉ်ကို Hamas နှင့် "စစ်ပွဲအဆုံးသတ်ဆင်နွှဲခြင်း"၏အစိတ်အပိုင်းအဖြစ် သောကြာနေ့ (ဩဂုတ် ၈) က အတည်ပြုခဲ့သည်။အမေရိကန်နိုင်ငံမှလွဲ၍ အနောက်နိုင်ငံများစွာက အဆိုပါအစီအစဉ်ကို ရှုတ်ချခဲ့ပြီး အစ္စရေးတွင် အကြီးမားဆုံးစစ်ဆန့်ကျင်ရေးဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Hamas ကို တိုက်ခိုက်သည့် အစ္စရေး၏ စစ်ဆင်ရေးတွင် ပါလက်စတိုင်းလူမျိုး ၆၀,၀၀၀ ကျော် သေဆုံးခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

10 August 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟု စွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ် ခြင်းများပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မုံပင်ကျေးရွာ၌ သေနတ်/ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၈ နာရီ ၅၀ မိနစ်တွင် အဆိုပါကျေးရွာနေ ဒေါ်နန်းရွှေဝါ(၄၂)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားလေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်/ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာ/ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်/ ဓားများဖြင့် ပစ်ခတ်ထိုးခုတ် သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MOHA

ရုရှား၏ ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB) က ယူကရိန်းနိုင်ငံ၏ လုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းများသည် ရုရှားနိုင်ငံသား များကို အသုံးပြုကာ မိမိကိုယ်ကို အဆုံးစီရင်စေသည့် တိုက်ခိုက်မှုများ ဆောင်ရွက်စေခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သည့် အမျိုးသမီးများပါဝင်ပြီး လတ်တလောအချိန်အတွင်းအနည်းဆုံး ငါးဦးကို ပစ်မှတ်ထားခဲ့သည်ဟု FSB က တနင်္လာနေ့ (ဩဂုတ် ၁၁) တွင် ထုတ်ပြန်ခဲ့သည်။

ကိယက်ဗ်အစိုးရသည် Telegram နှင့် WhatsApp ကဲ့သို့သော ဆက်သွယ်ရေး အက်ပ်များမှတစ်ဆင့် ရုရှားတရား ဥပဒေစိုးမိုးရေးအရာရှိ များအဖြစ် ဟန်ဆောင်ကာ ရုရှားအမျိုးသမီးများကို လှည့်ဖြား သိမ်းသွင်း ခဲ့ပြီး ၎င်းတို့အား ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေးခဲ့သည်ဟု FSB က ဆိုသည်။ ထိုလှည့်ဖြားသူများသည် အဆိုပါအမျိုးသမီးများ၏ ဘဏ်အကောင့် များမှ အပ်နှံငွေကြေးများ၊ အိမ်ခြံမြေရောင်းချခြင်းမှရရှိသော ဝင်ငွေများ အပါအဝင် ကိုယ်ပိုင်ငွေကြေးများကို ခိုးယူခဲ့သည်ဟုလည်း FSB က ဖော်ပြ ခဲ့သည်။
ထိုသို့ဆုံးရှုံးသွားသော ငွေကြေးများကို ပြန်လည်ရရှိရန် အကြောင်း ပြကာ ၎င်းတို့အား ရုရှားစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ၏ အိမ်များနှင့် ယာဉ် များကို စောင့်ကြည့်ရန်၊ ပစ္စည်းများအတွင်း ဖုံးကွယ်ထားသော လက် လုပ်ဗုံးများ (IEDs) ကို သိမ်းဆည်းထားရန်၊ နောက်ဆုံးတွင် အိမ်သုံး ပစ္စည်းများအဖြစ် လှည့်ဖြားကာ စစ်မှုထမ်းများထံ ပို့ဆောင်ရန် တာဝန် ပေးခဲ့သည်။ FSB ၏ဖော်ပြချက်အရ ထိုအစီအစဉ်တွင် အဆိုပါ အမျိုးသမီး များကို "အသေခံဗုံးခွဲသူများ" အဖြစ် အသုံးပြုရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။
အေဂျင်စီက အသက်ကြီးသူများ၊ လူမှုရေးအရ အထီးကျန်နေသူများနှင့် အရွယ်မရောက်သေးသူများ၏ မိသားစုဝင်များအား "၎င်းတို့ကို လှည့်ဖြားမှု များနှင့် ရာဇဝတ်မှု (သို့) အစွန်းရောက်လှုပ်ရှားမှုများဆီသို့ ဆွဲဆောင် ခံရနိုင်ခြေအကြောင်း ပညာပေးရန်" တိုက်တွန်းခဲ့သည်။ ထို့အပြင် ရုရှား အစိုးရအရာရှိများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများသည် "Safe account" အဖြစ် သတ်မှတ်ထားသော နေရာများသို့ ငွေလွှဲရန် (သို့) ငွေသားများကို တစ်ဆင့်လွှဲပြောင်းပေးပို့သူများထံ အပ်နှံရန် မည်သည့်အခါမျှ တောင်းဆို လေ့မရှိကြောင်း ထပ်လောင်းရှင်းလင်းခဲ့သည်။
လွန်ခဲ့သည့်လက ရုရှားပြည်သူ့လွှတ်တော်၏ သတင်းအချက်အလက် မူဝါဒကော်မတီဥက္ကဋ္ဌ Sergey Boyarsky က Telegram သည် ရုရှား၏ ဒေတာသိမ်းဆည်းမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန် ပျက်ကွက်ပါက ရုရှား၌ တားမြစ်ခံရနိုင်ကြောင်း သတိပေးခဲ့သည်။ "Telegram သည် ကိုယ်ရေးကိုယ်တာအချက်အလက်များ သိုလှောင်မှုနှင့်ပတ်သက်၍ လက်ရှိ ဥပဒေများနှင့် မကိုက်ညီပါ ၊ ၎င်းအနေဖြင့် ပိုမိုပြင်းထန်သော အရေးယူမှု များကို ရင်ဆိုင်ရနိုင်သည်" ဟု TASS သို့ ပြောကြားခဲ့သည်။
ရုရှားအာဏာပိုင်များသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများနှင့်အတူ မက်ဆေ့ဂျ်ပလက်ဖောင်းများမှတစ်ဆင့်အစွန်းရောက်အကြောင်းအရာများ ဖြန့်ဝေမှုကို စိုးရိမ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ မော်စကိုသည် ယခုအခါ "digital sovereignty" ကို မြှင့်တင်လျက်ရှိပြီး လုံခြုံပြီးအစိုးရကထိန်းချုပ်သော ပလက်ဖောင်းများ ဖန်တီးရေးဆွဲရန် ပြည်တွင်းကုမ္ပဏီများကို အားပေးလျက်ရှိသည်။ ရုရှား၏ အကြီးဆုံးလူမှုကွန်ရက်ကုမ္ပဏီ VK သည် တရုတ်၏ WeChat နှင့်တူညီသော "Max" အမည်ရှိ အမျိုးသားအဆင့် စာတိုပေးပို့ခြင်း (Messaging) ဝန်ဆောင်မှုတစ်ခုကို ဖန်တီးရေးဆွဲလျက်ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြို့တော်ကို ပိုမိုလုံခြုံစိတ်ချရပြီး သန့်ရှင်းစေမည်ဟု ကတိပြုလျက် ဝါရှင်တန်ဒီစီရှိ အိမ်ခြေရာမဲ့များအား ချက်ချင်းထွက်ခွာရန် တိုက်တွန်းလိုက်သည်။ ဖက်ဒရယ်အဆင့် ဝင်ရောက် စွက်ဖက်မှုများ မြင့်တက်လာချိန်တွင် ၎င်း၏ထုတ်ဖော်ပြောဆိုမှုများသည် မှုခင်းဆိုင်ရာ စိုးရိမ်မှုများနှင့်အတူ ထွက်ပေါ်လာခြင်းဖြစ်သည်။

တနင်္ဂနွေနေ့ (ဩဂုတ် ၁၀) က Truth Social တွင် ရေးသားခဲ့သော ပို့စ် တစ်ခုတွင် ထရမ့်က အမေရိကန်မြို့တော်၏ အခြေအနေကို ဆွေးနွေးရန် သတင်းစာရှင်းလင်းပွဲ တစ်ခုကျင်းပမည်ဟု ပြောကြားခဲ့သည်။ မှုခင်း များကို အရေးယူနှိမ်နင်းမှုများသည် အလွန်လျင်မြန်စွာ ဖြစ်ပေါ် လာမည် ဟုလည်း သတိပေးခဲ့သည်။
"အိမ်ခြေရာမဲ့များ ချက်ချင်းထွက်သွားရမည်" ဟု ၎င်းက ရေးသားခဲ့ပြီး အစိုးရအနေဖြင့် နေအိမ်များ ပံ့ပိုးပေးသော်လည်း မြို့တော်မှ အလှမ်း ဝေးကွာသောနေရာများတွင် ဖြစ်မည်ဟု ဖြည့်စွက်ခဲ့သည်။ ထိုပို့စ်နှင့် အတူ ကားလမ်းဘေးတွင် စခန်းချနေထိုင်နေပုံများနှင့် လမ်းပေါ်တွင် အိပ်စက်နေသော လူများ၏ ဓာတ်ပုံများကိုပါ တွဲဖက်တင်ခဲ့သည်။
ဝါရှင်တန်ဒီစီတွင် အဆိုပါကိစ္စရပ်သည် အရေးပါသော ကိစ္စတစ်ရပ် ဖြစ်သည်။ Metropolitan Washington Council of Governments ၏ အဆိုအရ အမေရိကန်မြို့တော်တွင် အိမ်ခြေရာမဲ့ ၅,၁၃၈ ဦး နေထိုင်လျက် ရှိသည်။ ၂၀၁၀ ခုနှစ်များတစ်လျှောက်တွင် မြို့တော်တွင် အိမ်ခြေရာမဲ့ ၆,၀၀၀ ကျော်ရှိခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။
လွန်ခဲ့သော သီတင်းပတ်က ထရမ့်သည် မြို့တော်၏မှုခင်းအခြေအနေကို ဝေဖန်ကာ မှုခင်းနှုန်းသည် လုံးဝထိန်းချုပ်မရဖြစ်နေကြောင်း ပြောကြား ခဲ့သည်။ ၎င်းက ဒေသခံလူငယ်များနှင့် ဂိုဏ်းသားများသည် အပြစ်ဒဏ်မှ ကင်းလွတ်နေပြီး ပြည်သူများကို တိုက်ခိုက်နေသည်ဟု စွပ်စွဲပြီး အခြေ အနေများမတိုးတက်ပါက မြို့တော်အား ဖက်ဒရယ်အစိုးရ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိစေရန်စဉ်းစားမည်ဟု သတိပေးခဲ့သည်။ ပြစ်မှုကျူးလွန်သူများကို ထောင်ချအရေးယူမည်ဖြစ်ပြီး လူဝင်မှုပြဿနာ ကိုင်တွယ်သကဲ့သို့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ကိုင်တွယ်ကာ မြို့တော်ကို သန့်ရှင်းစေမည်ဟု ထရမ့်က ဆက်လက်ပြောကြားခဲ့သည်။
ထရမ့်က မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရန် ဖက်ဒရယ်အရာရှိ အရေအတွက် တိုးမြှင့်ရန် အမိန့်ပေးခဲ့ပြီး အစိုးရဝန်ထမ်းတစ်ဦးအား တိုက်ခိုက်မှုကို ဒေသခံရဲတပ်ဖွဲ့၏ ကျရှုံးမှု သက်သေအဖြစ် ညွှန်ပြခဲ့သည်။ သောကြာနေ့ (ဩဂုတ် ၈) တွင် လျှို့ဝှက်ဝန်ဆောင်မှုဌာန (Secret Service) ၊ FBI နှင့် US Marshals အပါအဝင် ဖက်ဒရယ်အေဂျင်စီများမှ အရာရှိ ၁၂၀ ကျော်အား တာဝန်ခွဲဝေပေးအပ်ခဲ့သည်။ Reuters ၏ သတင်းအရ ရာနှင့် ချီသော National Guard တပ်ဖွဲ့ဝင်များကို စေလွှတ်ရန် အစီအစဉ် ရှိကြောင်း ဖော်ပြခဲ့သည်။
ဝါရှင်တန်ဒီစီမြို့တော်ဝန် Muriel Bowser ကမူ မြို့တော်တွင် မှုခင်းများ မြင့်တက်နေခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ "ကျွန်မတို့ဟာ ဒီမြို့မှာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အကြမ်းဖက်မှုမှုခင်းတွေကို လျှော့ချပြီး နှစ် ၃၀ အတွင်း အမြင့်ဆုံးလျှော့ချနိုင်ခဲ့သည်" ဟု တနင်္ဂနွေနေ့ (ဩဂုတ် ၁၀) က MSNBC သို့ သူမက ပြောကြားခဲ့သည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက် ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများ စသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ လုံးကြီးကျေးရွာနှင့် ဘူးကျေးရွာတို့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများမှာ ၎င်းတို့၏နေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေ ၁၇ ရက်တွင် လုံးကြီး ကျေးရွာမှ ဒေါ်ခင်ဌေးဝင်း(၆၀)နှစ်အားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် နံနက် ၈ နာရီတွင် ဘူးကျေးရွာနေသူများဖြစ်ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းမြင့်(၆၉)နှစ်နှင့် ၎င်း၏သား ဦးဝင်းကိုမြင့်(၄၂)နှစ်တို့အားလည်းကောင်း၊ ဘူးကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်း ပြဆရာမ ဒေါ်စန္ဒာမြင့် (၅၃)နှစ်၊ မြေတိုင်းစာရေး အငြိမ်းစား ဦးမျိုးလွင်(၅၅)နှစ်တို့အားလည်းကောင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အဆိုပါကျေးရွာများသို့ လာရောက်၍ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ရာမှ ဩဂုတ် ၉ ရက်တွင် ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဩဂုတ် ၁၀
၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ဒေါ်စမ်းစမ်းအေး (၅၉) နှစ်သည် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ဦးလတ်ခန်အရေ (၃၀) နှစ်နှင့်အတူ ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာမှ နေအိမ်သို့ပြန်ရန် မြန်မာပလာဇာအောက်ထပ်ကားပါကင်၌ ရပ်ထားသည့် ကားအနီးသို့ ရောက်ရှိစဉ် အမျိုးသားနှစ်ဦး (စိစစ်ဆဲ) မှ ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စမ်းစမ်းအေးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးလတ်ခန်အရေတွင် ဓားဒဏ်ရာများရရှိခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဗဟန်းမြို့ မရဲစခန်း၌ (ပ) ၁၉၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အမှုမှ ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ တရားခံ ၂ ဦးမှာ မြန်မာပလာဇာသို့ YGN-43 11/1190 Toyota Vitz အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၇ မိနစ်အချိန်တွင် ရောက်ရှိလာပြီး B2 ကားပါကင်တွင် ရပ်ထားခဲ့ကြောင်း၊ သေဆုံးသူ ဒေါ်စမ်းစမ်းအေးစီးနင်းလာသည့် YGN-13 4M-8749 Toyota Harrier အဖြူရောင်ယာဉ်သည် မွန်းလွဲ ၂ နာရီ ၂ မိနစ်အချိန်တွင်ရောက်ရှိလာပြီး B2 ကားပါကင် A ဇုံအနီးတွင် ရပ်တန့်၍ ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ ၂ ဦးသည် မော်တော်ယာဉ်ပေါ်မှဆင်းပြီး မြန်မာပလာဇာပေါ်သို့ တက်သွားခဲ့ကြောင်း၊ တရားခံ ၂ ဦး စီးနင်းလာသည့် မော်တော်ယာဉ်သည် ဒေါ်စမ်းစမ်းအေးစီးနင်းလာသည့် မော်တော်ယာဉ်အနီးသို့ ပြောင်းလဲရပ်တန့်ခဲ့ပြီးနောက် ညနေ ၄ နာရီ ၂၇ မိနစ်အချိန်တွင် ဒေါ်စမ်းစမ်းအေးနှင့် ဦးလတ်ခန်အရေတို့ ၂ ဦးသည် မြန်မာပလာဇာပေါ်မှ ဆင်းလာပြီး ၎င်းတို့ ကားရပ်ထားသည့်နေရာသို့ သွားရောက်စဉ် တရားခံ ၂ ဦးမှ ကားပေါ်မှဆင်းပြီး ဒေါ်စမ်းစမ်းအေးအား ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဦးလတ်ခန်အရေမှ ပြန်လည်ခုခံသဖြင့် တရားခံ ၁ ဦးမှ ဝင်ရောက်ထိုးကြိတ်ခဲ့ကြောင်း၊ တရားခံ ၂ ဦးသည် အခင်းဖြစ်နေရာမှ မြန်မာပလာဇာရှေ့ ကမ္ဘာအေး YGN-33 FF-1233 Toyota Caldina အဖြူရောင်ယာဉ်အား ငှားရမ်းပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်သွားကြောင်း၊ YGN-33 FF-1233 Toyota Caldina ယာဉ်မောင်းအား စစ်ဆေးခဲ့ရာ အဆိုပါတရားခံ ၂ ဦးအား အင်းစိန်မြို့နယ်၊ ပြည်လမ်း ၁၀ မိုင်ကုန်းကားမှတ်တိုင်အနီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ တရားခံ ၂ ဦး၏ CCTV မှတ်တမ်းအား ဒေါ်စမ်းစမ်းအေး၏ သမီးဖြစ်သူ မပိုပိုအိန္ဒြာချစ်အား ပြသမေးမြန်းခဲ့ရာ တစ်ဦးမှာ မိခင်ဖြစ်သူနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းအတူ လုပ်ကိုင်ပြီး မိခင်ဖြစ်သူအား အကြွေးပေးရန်ရှိသူ တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ INNO City တွင် တည်းခိုနေထိုင်သူ မြတ်သူရကျော် (၃၁) နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးစုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂုတ်လ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲမြို့မအဝင်ဂိတ်တွင် ၎င်း၏ဇနီးဖြစ်သူ မအေးစုအိစံ (ခ) ဘေဘီ (၂၆) နှစ် (ဘ) ဦးဝင်းချို အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ သိပ္ပံ (၉) လမ်း၊ Royal Thiri ကွန်ဒို၊ အမှတ် (၆၀၈) နေသူနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံမြတ်သူရကျော်အား စစ်ဆေးချက်အရ ၎င်းသည် သေဆုံးသူ ဒေါ်စမ်းစမ်းအေးအားပေးရန် အကြွေးများရှိသဖြင့် ငွေကြေးလိုအပ်ချက်များကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦး (စိစစ်ဆဲ) အား ဖမ်းဆီးရမိနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MOI

ထိုင်ဝမ်သည် အမေရိကန်ပြည်ထောင်စုမှ High Mobility Artillery Rocket Systems (HIMARS) ဒုံးကျည် ၂၈ စုံကို ဝယ်ယူရန် စီစဉ် နေကြောင်း တိုင်ပေတိုင်းမ်စ်က သတင်းရင်းမြစ်များကို ကိုးကား၍ ပြောကြား ထားပါသည်။
တိုင်ပေသည် ယခင်က ဝါရှင်တန်ထံမှ HIMARS ၂၉ စုံ ၀ယ်ယူခဲ့ရာ ယခုစီစဉ်ထားမှုအရ ဝယ်ယူပြီးစီးပါက ထိုင်ဝမ်တွင် HIMARS ပေါင်း ၅၇ စုံရှိမည်ဟု သတင်းစာက ဖော်ပြထားပါသည်။

ထို့အပြင် ကျွန်း၏အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန် ပြည်ထောင်စုထံမှ National Advanced Surface-to-Air Missile Systems (NASAMS) ကို ထပ်မံဝယ်ယူရန် ချိန်ဆနေကြောင်း စစ်ဘက် သတင်းရင်းမြစ်များက သတင်းစာကို ပြောကြားခဲ့ပါသည်။ အစောပိုင်း တွင် ထိုင်ဝမ်နှင့် အမေရိကန်တို့သည် NASAMS စနစ်သုံးမျိုးအတွက် စာချုပ် ချုပ်ဆိုခဲ့ပါသည်။
ချန်ကေရှိတ် (၁၈၈၇-၁၉၇၅) ဦးဆောင်သော ကူမင်တန်တပ်များ၏ အကြွင်းအကျန်များသည် တရုတ်ပြည်တွင်းစစ်တွင် ရှုံးနိမ့်ပြီးနောက် ထိုင်ဝမ်ကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် အုပ်ချုပ်ခဲ့သည်။ သို့ရာတွင် ပေကျင်းသည် ထိုင်ဝမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ ပြည်နယ်တစ်ခုအဖြစ်သာ သတ်မှတ်ထားပြီး ရုရှားနိုင်ငံအပါအဝင် နိုင်ငံ အများစုကလည်း ပေကျင်းသတ်မှတ်ထားမှုကို လက်ခံထားကြပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃
Photo Crd- Taipei

11 August 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ခုနစ်ခန်းတွဲ အငှားနေ အိမ်တန်းလျားသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် အဆိုပါအငှားနေအိမ်လိုင်းခန်း၌ ငှားရမ်းနေထိုင်သူ ဦးသက်ခိုင်(၅၂)နှစ်နှင့် ၎င်း၏သားဖြစ်သူ ကိုဟိန်းထက်အောင်(၂၄)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေး ထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ် လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉ ရက် မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီခွဲတွင် မြင်းခြံမြို့နယ်၊ ဖောင်းကားကျေးရွာနေ ဦးမြင့်စိုး(၆၅)နှစ်သည် ဖောင်းကားကျေးရွာမှ မြင်းခြံမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ဖောင်းကားကျေးရွာနှင့် ဒေသအခေါ် ဆခမ ကျေးရွာကြားအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။