သတင်းများ

ရေကူးသွားပြီး ၃၀ မီလီမီတာစက်အမြောက်နဲ့တိုက်ခိုက်မယ့် ACV-30mm တင့်များ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကုန်း၊ ရေနှစ်သွယ်သွားတင့် ဖျက်ဒုံးကျည်စနစ်အသစ်တစ်မျိုးကို မိတ်ဆက်ပြသပြီးနောက် မကြာမီမှာပဲ အမေရိကန်မရိန်းတပ်ဖွဲ့က ကုန်း၊ ရေနှစ်သွယ် သွားတင့်အမျိုးအစား အသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

၃၀ မီလီမီတာစက်အမြောက်သုံး ကုန်း၊ ရေနှစ်သွယ်သွားတိုက်ယာဉ် ( ACV-30mm) အစင်း ၃၀ ကို ဒေါ်လာ ၁၈၈ ဒသမ ၅ သန်းနဲ့ BAE System ကုမ္ပဏီက မရိန်း တပ်ဖွဲ့အတွက် ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။ သူ့မှာအရေးအကြီးဆုံးသော ပြောင်းလဲမှုတစ်ခုက အဝေးထိန်းဆုံလည် စနစ်ပါဝင်လာခြင်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ဘီးရှစ်လုံးတပ် ACV-30mm ကုန်း၊ ရေနှစ်သွယ်သွားတိုက်ယာဉ်များက ရည်မှန်းချက်ဆီ ရေကူးသွားပြီး ၃၀ မီလီ မီတာစက်အမြောက်နဲ့တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။              

Ref: IE

K.H

Source: https://myawady.net.mm/

F-35၊ F-47 များနဲ့တွဲဖက်ပျံသန်းမယ့် ခပ်ကြမ်းကြမ်းဒရုန်းများ

အမေရိကန်လေတပ်က လူသားနဲ့စက် ပစ္စည်းပူးပေါင်းမှုရည်မှန်းချက်အကောင်အထည်ပေါ်စေရေးအတွက် လုပ်ဆောင်လျက်ရှိရာမှာ  စုပေါင်းတိုက်ခိုက်ရေးလေယာဉ် အစီအစဉ်သည်လည်း အစီအစဉ် တစ်ခုအနေနဲ့ ပါဝင်ပါတယ်။

အခုအဲဒီအစီအစဉ်ကနေ ထွက်ပေါ်လာတဲ့ ခပ်ကြမ်းကြမ်းဒရုန်းများကို လက်တွေ့စမ်းသပ်မှုလုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အဲဒီဒရုန်းတွေကတော့ YFQ-42A နဲ့ YFQ-44A တို့ပါပဲ။

ဒီစမ်းသပ်မှုတွေထဲမှာ တွန်းကန်အားစနစ်များ၊ လေကြောင်းထိန်းစနစ်များ၊ အလိုအလျောက်   လှုပ်ရှားနိုင်မှုများ၊ စစ်ဆင်ရေး အောင်မြင်ရေးအတွက် အရေးပါတဲ့ ကွပ်ကဲမှုနဲ့ထိန်းချုပ်မှု စနစ်များပါဝင်တဲ့အပြင် လက်တွေ့ပျံသန်းမှုကိုတော့ ဒီနှစ် အကုန်ပိုင်းမှာလုပ်သွားမယ်လို့ လေတပ်က ထုတ်ပြန်ထားပါတယ်။     

လာမည့်နှစ်အတွက် အမျိုးသားလုံခြုံရေးဘဏ္ဍာငွေ ဒေါ်လာ ၁.၀၁ ထရီလီယံ တောင်းခံမည်ဟု ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အောက်တိုဘာလ ၁ ရက်မှ စတင်မည့် ဘဏ္ဍာရေးနှစ်အတွက် သမိုင်းတွင်မည့် အမျိုးသားလုံခြုံရေးဘဏ္ဍာငွေ ဒေါ်လာ ၁.၀၁ ထရီလီယံကို ကွန်ဂရက်မှ တောင်းခံမည်ဟု အိမ်ဖြူတော်အရင်းမြစ်များကို ကိုးကား၍ Bloomberg က ဖော်ပြထား ပါသည်။

၎င်းတို့အဆိုအရ သတ်မှတ်ထားသောဘဏ္ဍာငွေများကို Golden Dome ဒုံးပျံကာကွယ်ရေးစနစ်၊ သင်္ဘောတည်ဆောက်ရေးနှင့် နျူကလီးယား စွမ်းအင်အခြေခံအဆောက်အအုံများ ခိုင်မာအားကောင်းလာစေရန်အတွက် အသုံးပြုရန် စီစဉ်ထားသည်ဟု သိရပါသည်။ ထို့အပြင် ယခုဘဏ္ဍာငွေတွင် အမေရိကန်စစ်မှုထမ်းများ၏ လစာကို ၃.၈% တိုးမြှင့်ပေးရန်လည်း ပါဝင်ပါသည်။

ဧပြီလ ၈ ရက်က ထရမ့်က ၎င်း၏အစိုးရအဖွဲ့သည် ဒေါ်လာ ၁ ထရီလီယံ ခန့်ရှိသော ကာကွယ်ရေးဘဏ္ဍာငွေကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က အမေရိကန်၏ အမျိုးသားလုံခြုံရေးဘဏ္ဍာငွေ ဒေါ်လာ ၈၄၁ ဘီလီယံ ဖြစ်ပါသည်။

ကိုးကား- TASS 

Photo: CNBC TV 18

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

အိန္ဒိယနှင့် ပါကစ္စတန် လေကြောင်းပိုင်နက် အသုံးပြုခွင့် အပြန်အလှန် ပိတ်ပင်

ပါကစ္စတန်လေယာဉ်အားလုံး အိန္ဒိယလေကြောင်းပိုင်နက်ထဲ ဝင်ရောက် ဖြတ်သန်း အသုံးပြုခွင့်ကို မေလ ၂၃ ရက်နေ့အထိ တားမြစ် ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း အိန္ဒိယအစိုးရက ဧပြီ ၃၀ (ဗုဒ္ဓဟူးနေ့)တွင် ထုတ်ပြန် ကြေညာလိုက်သည့် NOTAM (လေယာဉ်များအတွက် အသိပေးချက်) အရ သိရပါသည်။

“အိန္ဒိယလေကြောင်းပိုင်နက်ကို ပါကစ္စတန်၌ မှတ်ပုံတင်ထားသည့် လေယာဉ်များ၊ ပါကစ္စတန်လေကြောင်းလိုင်းများပိုင်ဆိုင်သည့် လေယာဉ်များ (ငှားရမ်းထားသည်ဖြစ်စေ) ၊ စစ်ဘက်သုံး လေယာဉ်များအား အသုံးပြု ခွင့်မပြု” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပါကစ္စတန်ဘက်မှလည်း ပြီးခဲ့သည့် ရက်အနည်းငယ်က အိန္ဒိယ လေယာဉ်များအား ၎င်းတို့၏ လေကြောင်းပိုင်နက် ဖြတ်သန်းခွင့်ကို ပိတ်ပင်ခဲ့သဖြင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု ပိုမိုမြင့်တက်လာခြင်း ဖြစ်ပါသည်။

ကိုးကား- TASS

Photo: FlightGlobal

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အစ္စရေးအတွက် သူလျှိုလုပ်ပေးသည်ဟု စွပ်စွဲခံထားရသည့် အမျိုးသားတစ်ဦးကို အီရန်အစိုးရ ကွပ်မျက်

အီရန်အစိုးရသည် အစ္စရေး သူလျှိုလုပ်မှုနှင့် ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အီရန်အမျိုးသား တစ်ဦးကို ဧပြီလ ၃၀ ရက်တွင် ကွပ်မျက်ခဲ့ကြောင်း သိရပါသည်။ အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အီရန်နှင့်အမေရိကန်ကြား အဆင့်မြင့် ဆွေးနွေးပွဲများ လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ ကွပ်မျက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးနှင့် နှစ်ပေါင်းများစွာ တင်းမာမှုများ ရှိနေခဲ့သည့် အီရန်သည် အစ္စရေး၏မော့ဆက်ထောက်လှမ်းရေး ဝန်ဆောင်မှု များနှင့်အဆက်အစပ်ရှိပြီး အီရန်နိုင်ငံအတွင်းတွင် သူလျှိုလုပ်မှုများကို ကူညီဆောင်ရွက်ပေးသည်ဟု စွပ်စွဲခံခဲ့ရသည့် လူအများအပြားကို

အီရန်အစိုးရသည် အစ္စရေး သူလျှိုလုပ်မှုနှင့် ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အီရန်အမျိုးသား တစ်ဦးကို ဧပြီလ ၃၀ ရက်တွင် ကွပ်မျက်ခဲ့ကြောင်း သိရပါသည်။ အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အီရန်နှင့်အမေရိကန်ကြား အဆင့်မြင့် ဆွေးနွေးပွဲများ လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ ကွပ်မျက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးနှင့် နှစ်ပေါင်းများစွာ တင်းမာမှုများ ရှိနေခဲ့သည့် အီရန်သည် အစ္စရေး၏မော့ဆက်ထောက်လှမ်းရေး ဝန်ဆောင်မှု များနှင့်အဆက်အစပ်ရှိပြီး အီရန်နိုင်ငံအတွင်းတွင် သူလျှိုလုပ်မှုများကို ကူညီဆောင်ရွက်ပေးသည်ဟု စွပ်စွဲခံခဲ့ရသည့် လူအများအပြားကိုကွပ်မျက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါသည်။ အီရန် မီဒီယာ Mizan ၏ အဆိုအရ တရားခံ Mohsen Langarneshin သည် ၂၀၂၂ ခုနှစ် အီရန်တပ်ဖွဲ့၏ ဗိုလ်မှူးကြီးတစ်ဦး သေဆုံးမှုအပါအဝင် အမှု များစွာ၌ ပါဝင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရပါသည်။ အီရန်မီဒီယာ Mizan က “အချိန်(၂)နှစ်အတွင်း အကြမ်းဖက် စစ်ဆင်ရေး များကို ပံ့ပိုးကူညီမှုနှင့် အီရန်တပ်ဖွဲ့ဗိုလ်မှူးကြီး Sayad Khodai လုပ်ကြံ ခံရမှု အခင်းဖြစ်ပွားရာနေရာ၌ ရှိနေခြင်းများ အပါအဝင် အရေးကြီးသည့် လုပ်ဆောင်ချက်များအားလုံးအတွက် Mohsen Langarneshin မှာ တာဝန် ရှိပါသည်” ဟု ပြောဆိုခဲ့ပါသည်။ထို့အပြင် Mohsen Langarneshin သည် Isfahan မြို့တွင်ရှိသော စက်မှုစင်တာကိုတိုက်ခိုက်ရန်အတွက် စစ်ဆင်ရေး ဆိုင်ရာ ပံ့ပိုးကူညီမှုများလည်း လုပ်ဆောင်ပေးခဲ့ကြောင်း အီရန်မီဒီယာ Mizan က ရေးသားဖော်ပြခဲ့ပါသည်။

ကိုးကား-NP News

ဆီးရီးယား တိုက်ခိုက်မှုများအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကပြော

ဆီးရီးယားနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဆီးရီးယား နိုင်ငံဆိုင်ရာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က မေလ ၁ ရက် နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလနှောင်းပိုင်းက သမ္မတ ဘာရှာအယ်လ်အာဆပ် အစိုးရပြုတ်ကျပြီးနောက် ဆီးရီးယားကို ကြားဖြတ်အစိုးရအဖွဲ့က အုပ်ချုပ်လျက်ရှိသည်။

ယခုသီတင်းပတ်အစောပိုင်းက လူနည်းစုဖြစ်သော Druze အသိုင်းအဝန်းများ အဓိကနေထိုင်ရာ မြို့တော် Damascus အနီးတွင် တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် နေရာအနှံ့အပြားသို့ ပျံ့နှံ့ဖြစ်ပွားခဲ့သည်။

တိုက်ခိုက်မှုများတွင် လူနည်းစုဖြစ်သော Druze အသိုင်းအဝန်းမှ လက်နက်ကိုင်အဖွဲ့များ၊ Sunni မွတ်ဆလင် များနှင့် ကြားဖြတ်အစိုးရများ တပ်ဖွဲ့များ ပါဝင်ကြသည်။

“လွန်စွာထိလွယ်ရှလွယ်နိုင်ခြေရှိသည့် တိုက်ခိုက်မှုများ ထပ်မံဖြစ်လာနိုင်ကြောင်း၊ အစ္စရေး၏ တိုက်ခိုက်မှုများလည်း ဖြစ်လာနိုင်ခြေရှိကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့် တိုက်ခိုက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း” ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏အထူးကိုယ်စားလှယ် Geri Pedersen က ဧပြီလ ၃၀ ရက်နေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန် ပြောကြားခဲ့ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK World

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊ ဒုတိယဦးစီးမှူး၊ နစက-၄

PNO ပြည်သူ့စစ်အဖွဲ့ အဆင့်မြင့်စစ်ရေး အထူးကွန်မန်ဒို သင်တန်း ဆင်းပွဲ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တက်ရောက် မိန့်ခွန်း ပြောကြား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် PNO ပြည်သူ့စစ်အဖွဲ့က အဆင့်မြင့်စစ်ရေး အထူး ကွန်မန်ဒိုသင်တန်း ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲကို ၂၀၂၅ခုနှစ် မေလ(၁) ရက်နေ့ တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းဆင်းပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ပအိုဝ်း အမျိုးသားတပ်မတော် (PNA)၊ တပ်ရင်း (၄) ၊ လေ့ကျင့်ရေးကွင်း (အောင်ဆုဗ္ဗေစခန်း)တွင် ပြုလုပ်ရာ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။

သင်တန်းကို (၅)လနီးပါးကြာ ပို့ချခြင်းဖြစ်ပြီး သင်တန်းတွင် ထောက်လှမ်းရေး ပညာ၊ ဒရုန်းအသုံးပြုနည်း၊ လက်နက်ကြီးပစ်ခတ်မှုနှင့် အထူး တိုက်ခိုက်ရေး ပညာများကို သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား-Myanmar National Post

အမေရိကန်သမ္မတ ထရမ့်က Mike Waltz အား အမျိုးသားလုံခြုံရေးအကြံပေးရာထူးမှ အနားပေးမည့်အကြောင်း အတည်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Mike Waltz အား အမျိုးသား လုံခြုံရေးအကြံပေး တာဝန်မှ အနားပေးမည့်အကြောင်းကို အတည်ပြုခဲ့သည်။ သမ္မတထရမ့်က ကြာသပတေးနေ့ (မေ ၁) တွင် Waltz အား ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် အဆိုပြုမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ၎င်း၏ တာဝန်များကို ယာယီထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

သမ္မတထရမ့်က ၎င်း၏ Truth Social အကောင့်တွင် ကြာသပတေးနေ့က တင်ခဲ့သော ပို့စ်တစ်ခုတွင် “Mike Waltz အား ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်အတွက် အဆိုပြုရန် မိမိအနေဖြင့် ဝမ်းမြောက်မိပါသည်” ဟု ရေးသားခဲ့သည်။ ထို့အပြင် ထရမ့်က Waltz ၏ စွမ်းဆောင်ချက်များကို စစ်မှုထမ်းဟောင်း၊ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်နှင့် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ချီးကျူးဂုဏ်ပြု ခဲ့သည်။

သို့ရာတွင် သမ္မတထရမ့်က Waltz ရာထူးမှ မည်သည့်အချိန်တွင် အနားပေးမည်ဆိုသည့်အချက်ကိုမူ ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်းမရှိပေ။ Rubio သည် နိုင်ငံခြားရေးဝန်ကြီးတာဝန်နှင့် အမျိုးသားလုံခြုံရေး အကြံပေးတာဝန်တို့အား ယာယီအားဖြင့် ပူးတွဲထမ်းဆောင်သွားမည်ဟုသာ ပြောကြားခဲ့သည်။ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် အစားထိုးခန့်အပ်မည့် လူစာရင်းနှင့်ပတ်သက်၍လည်း သမ္မတထရမ့်က ဖော်ပြခဲ့ခြင်းမရှိပေ။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အိန္ဒိယက ပါကစ္စတန်နှင့်ပတ်သက်သောလေယာဉ်များအားလုံးကို ဝေဟင်အသုံးပြုခွင့်တားမြစ်

နယူးဒေလီ၊ ဆက်ဆံရေး

အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံနှင့်ပတ်သက်သော လေယာဉ်များကို ဝေဟင်အသုံး ပြုခွင့်တားမြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ အဆိုပါလေယာဉ်များတွင် စစ်သုံးလေယာဉ်များလည်းပါဝင်သည်။ ယခုကဲ့သို့ ပါကစ္စတန်နိုင်ငံအတွက် ဝေဟင်ကိုအသုံးပြုခွင့်တားမြစ်ခြင်းသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ပါကစ္စတန်အစိုးရကအိန္ဒိယနိုင်ငံမှ   လေယာဉ်များအတွက် ဝေဟင်အသုံးပြုခွင့်ကို တားမြစ်ပြီးနောက် လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပါဟယ်ဂမ်အကြမ်းဖက်တိုက်ခိုက်မှုကို နောက်ကွယ်မှစီစဉ်သူများ၊ ကျူးလွန်သူများအနေဖြင့် တရားဥပဒေနှင့်အညီအပြစ်ပေးခံရမည်ဖြစ်ကြောင်း မေလ ၁ ရက်တွင်ပြောထားသည်။

အိန္ဒိယနိုင်ငံကထိန်းချုပ်ထားသည့်ကက်ရှမီးယားဒေသရှိ ပါဟယ်ဂမ်မြို့၌ စစ်သွေးကြွများက ခရီးသွားပြည်သူများကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၂၆ ဦးသေဆုံးပြီးနောက် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ကြား တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နယ်စပ်ရှိထိန်းချုပ်မျဉ်းတစ်လျှောက်၌ အိန္ဒိယနှင့်ပါကစ္စတန်စစ်သည်များကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားရာ ယခုအခါသီတင်းပတ်တစ်ပတ်ရှိလာပြီဖြစ်သည်။ ယင်းပစ်ခတ်မှုများတွင်ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနှင့်ထိုပစ်ခတ်မှုများကိုပါကစ္စတန်ဘက်ကစတင်ခြင်းဖြစ်ကြောင်း အိန္ဒိယဘက်ကထုတ်ပြန်ထားသည်။      

Ref: RT, AGC

နိုင်ငံရေးအမြတ်ထုတ်ကာ ဘင်္ဂါလီများအတွက် လွတ်လပ်သည့် ပြည်နယ်ထူထောင်ရေး Jamaat-e-Islami ပါတီက အဆိုပြုသည့်ကိစ္စကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကန့်ကွက်

နိုင်ငံရေး အမြတ်ထုတ်ကာ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအတွက် လွတ်လပ်သည့်ပြည်နယ်ထူထောင်ရေး Jamaat-e-Islami ပါတီက အဆိုပြုသည့်ကိစ္စကို ကန့်ကွက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဧပြီလ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်ပြောကြားသည်။ တရုတ် ကွန်မြူနစ် ပါတီနှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Jamaat-e-Islami ပါတီက ရခိုင်ပြည်နယ်ကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုရန်နှင့် ဘင်္ဂါလီများအတွက် လွတ်လပ်သော ပြည်နယ်ထူထောင်ရေးအတွက် အဆိုပြုပြောကြားခဲ့ခြင်းဖြစ်သည်။ “Jamaat-e-Islami ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်ဘာသာရေးအခြေခံ နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည်။ ယခင်အစိုးရလက်ထ

နိုင်ငံရေး အမြတ်ထုတ်ကာ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများအတွက် လွတ်လပ်သည့်ပြည်နယ်ထူထောင်ရေး Jamaat-e-Islami ပါတီက အဆိုပြုသည့်ကိစ္စကို ကန့်ကွက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဧပြီလ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်ပြောကြားသည်။ တရုတ် ကွန်မြူနစ် ပါတီနှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Jamaat-e-Islami ပါတီက ရခိုင်ပြည်နယ်ကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုရန်နှင့် ဘင်္ဂါလီများအတွက် လွတ်လပ်သော ပြည်နယ်ထူထောင်ရေးအတွက် အဆိုပြုပြောကြားခဲ့ခြင်းဖြစ်သည်။ “Jamaat-e-Islami ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်ဘာသာရေးအခြေခံ နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင် ပါတီကိုတရားစွဲဆိုခံရပြီး ၂၀၁၄ ခုနှစ်မှစ၍ ရွေးကောက်ပွဲဝင်ခွင့်မရခဲ့သည်ကိုတွေ့ရှိရသည်။ ယခု ကြားဖြတ်အစိုးရ လက်ထက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက ၎င်းပါတီအပေါ် စွပ်စွဲထားမှုများအား ရုတ်သိမ်းပေးခဲ့ကြောင်းတွေ့ ရှိရသည်။ လွန်ခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ဒါကာမြို့ရှိ Hotel Westinတွင် Jamaat-e-Islami ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် Dr. Syed Abdullah Muhammad Taher ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တရုတ်ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိခိုက်စေသည့် ဆွေးနွေးတောင်းဆိုမှုများ ပါရှိကြောင်းတွေ့ရှိရသည်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ ဘင်္ဂါလီဒုက္ခသည် ပြန်လည်လက်ခံရေး ကိစ္စနှင့်ပတ်သက်သည့် သဘောထားရပ်တည်ချက်များကို အစဉ်သဖြင့် ပြောကြားထားပြီးဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံပြီး လက်ခံရေးကိစ္စများ၊ ပြန်လည်ထောက်ပံ့ရေးကိစ္စများကို ပုံမှန်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပဋိပက္ခများ ဖြစ်ပွားချိန်မှ ရပ်တန့်သွားခဲ့ခြင်းဖြစ်ပါကြောင်း ရေးသားထားသည်။ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီဒုက္ခသည်များကို စာရင်းတိုက်ဆိုင်စိစစ်ပြီး ပြန်လည်လက်ခံမည်ဆိုသည့် အခြေခံမူဝါဒရှိပြီး ဖြစ်သကဲ့သို့ ဒုက္ခသည်များ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန်အတွက် လုံလောက်သည့် အဆောက်အအုံများကိုလည်း တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပြီး ဖြစ်သည်ကို နိုင်ငံတကာသံတမန်များသို့လည်း ရှင်းလင်းပြသပြီးဖြစ်ကြောင်း၊ Jamaat-e-Islami ပါတီသည် နိုင်ငံရေး အမြတ်ထုတ်လိုမှုအတွက် တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့မှုများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့် ပြောဆိုချက် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်းနှင့် ရှုတ်ချကန့်ကွက်ပါကြောင်း ပြောကြားလိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝေဖန်မှုများ ရှိခဲ့သည့် ၎င်းတို့၏ ပြောကြားချက်နှင့်ပတ်သက်၍ Jamaat-e-Islami ပါတီက ထုတ်ပြန်ချက်ထုတ် ရှင်းလင်းရာတွင် ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) များသည် လူမဆန်သော အခြေအနေတွင် နေထိုင်နေကြရကြောင်းနှင့် အစားအသောက်နှင့် အဝတ်အစားပေးခြင်း မှာ ဖြေရှင်းချက်မဟုတ်ကြောင်း၊ အမြဲတမ်း ဖြေရှင်းချက်မှာ နေရပ်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးဖြစ်သည်ဟု ဖော်ပြထားသည်။