ယူကရိန်းအနေဖြင့် ရုရှားနှင့်အတူ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်း၌ မပါဝင်ပါက မကြာခင်ကာလအတွင်း သိသာသည့် ရှုံးနိမ့်မှုတစ်ခုနှင့် ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါသည်။ ဒေါ်နယ်ထရမ့်က The Atlantic မဂ္ဂဇင်းနှင့် အင်တာဗျူး တစ်ခုအတွင်း ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။ ထို့အပြင် ယူကရိန်းအတွက် စာနာမှုရှိ/မရှိဆိုသော မေးခွန်းများကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားမှုများ လုပ်ဆောင်ခဲ့ပြီး ၎င်း၏ မူဝါဒသည် ယူကရိန်းကို ကယ်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကာ ဆက်လက် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခက ယူကရိန်းအတွက် ကောင်းမွန်မှုများကို

ယူကရိန်းအနေဖြင့် ရုရှားနှင့်အတူ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်း၌ မပါဝင်ပါက မကြာခင်ကာလအတွင်း သိသာသည့် ရှုံးနိမ့်မှုတစ်ခုနှင့် ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါသည်။ ဒေါ်နယ်ထရမ့်က The Atlantic မဂ္ဂဇင်းနှင့် အင်တာဗျူး တစ်ခုအတွင်း ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။ ထို့အပြင် ယူကရိန်းအတွက် စာနာမှုရှိ/မရှိဆိုသော မေးခွန်းများကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားမှုများ လုပ်ဆောင်ခဲ့ပြီး ၎င်း၏ မူဝါဒသည် ယူကရိန်းကို ကယ်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကာ ဆက်လက် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခက ယူကရိန်းအတွက် ကောင်းမွန်မှုများကို ယူဆောင်လာနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ ဒေါ်နယ်ထရမ့် က “မိမိက ယူကရိန်းကို ကယ်တင်နေခြင်းဖြစ်သည်ဟု ထင်မြင်ပါသည်။ ယူကရိန်းသည် မကြာခင်အချိန်အတွင်း ချေမှုန်းခံရလိမ့်မည်ဟု မိမိထင်ပါသည်”ဟု ပြောကြားခဲ့ပါသည်။ ထို့အပြင် ယူကရိန်းသည် ရုရှားနှင့် ဖြစ်ပွားနေသော ပဋိပက္ခကို အနိုင်ရနိုင်မည် မဟုတ်ကြောင်းလည်း အမေရိကန် ဒုသမ္မတ J.D. Vance က လွန်ခဲ့သောရက်ပိုင်းက အလေးပေး ပြောကြားခဲ့ပါသည်။ J.D. Vance က “ယူကရိန်းသည် ရုရှားနှင့်ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခကို အနိုင်ရရှိနိုင်မည် မဟုတ်ပါ။ ထို့အပြင် ဆက်လက်ဖြစ်ပွားနေသည့် ရန်လိုမှုများကြောင့် ရုရှားက ပြိုလဲသွားမည်ဟု မျှော်လင့်နေမှုများကလည်း တကယ့်ကို ထူးဆန်းပါသည်” ဟုပြောခဲ့ပါသည်။
ကိုးကား-NP News

ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက် ယူကရိန်းသို့ တိုက်ရိုက်စီးပွားဖြစ် လက်နက်ရောင်းချမှုအတွက် ပထမဆုံး ခွင့်ပြုချက်ဖြစ်ကြောင်း အဆိုပါ သတင်းစာက ရေးသားထားပါသည်။ ယူကရိန်းသည် အမေရိကန်မှ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် လက်နက်များကို အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ မှ ၅၀ အထိ စုစုပေါင်း ဝယ်ယူရန် ရည်ရွယ်ထားပါသည်။
ကိုးကား - kyiv post

ပါကစ္စတန်အစိုးရ၏ အကြီးတန်းအရာရှိတစ်ဦးက “အိန္ဒိယသည် လာမည့် ၂၄ နာရီ မှ ၃၆ နာရီအတွင်း ပါကစ္စတန်ကို စစ်ဆင်ရေးစတင်မည်”ဟူသော ယုံကြည်စိတ်ချရသည့် ထောက်လှမ်းရေးအချက်အလက်ရှိကြောင်း ဗုဒ္ဓဟူးနေ့ (ဧပြီ ၃၀) နံနက်စောစောတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါကြေညာချက်သည် နှစ်နိုင်ငံကြား တင်းမာမှုကို ပိုမိုမြင့်တက်စေခဲ့ပြီး အမေရိကန်နှင့် တရုတ်တို့က စိတ်ရှည်သည်းခံမှု ရှိရန် တိုက်တွန်းခဲ့သည်။

ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အတာယူလာရှ် တာရာက X (Twitter) တွင် ညသန်းခေါင်အချိန် ပို့စ်တင်ကာ “အိန္ဒိယ၏ စစ်ရေးအရေးယူမှုအတွက် ခိုင်လုံသော အချက်အလက်များ ရှိပါသည်” ဟု ဆိုခဲ့သည်။ သို့သော် မည်သည့်သက်သေအထောက်အထားကို အခြေခံထားကြောင်း ရှင်းလင်းချက် မပေးခဲ့ပေ။
အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးက တင်းမာမှုလျှော့ချရန် နှစ်ဖက်လုံး အား တောင်းဆိုခဲ့သည်။ CNN က အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနထံ တာရာ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ တုံ့ပြန်ချက်တောင်းခံရန် ဆက်သွယ် ခဲ့သော်လည်း အဖြေမရရှိသေးပါ။
ယခုအချိန်ကာလသည် အိန္ဒိယ-ပါကစ္စတန် ဆက်ဆံရေး အထူးတင်းမာ နေချိန်ဖြစ်သည်။
လွန်ခဲ့သော သီတင်းပတ်က အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယား၏ ပါဟယ်ဂမ်မြို့တွင် အကြမ်းဖက်သမားများက ခရီးသွား ၂၆ ဦးကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး အိန္ဒိယက ပါကစ္စတန်က အဆိုပါတိုက်ခိုက်မှုတွင် ပါဝင် ပတ်သက်နေသည်ဟု စွပ်စွဲခဲ့သည်။
ပါကစ္စတန်က ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ကြားနာစုံစမ်းရေးကော်မရှင် ဖွဲ့ရန် အဆိုပြုခဲ့သည်။
ကိုးကား-CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအတွက် သီးခြားလွတ်လပ်သော ကိုယ်ပိုင်ပြည်နယ် ဖြစ်ပေါ်လာရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အတိုက် အခံ အင်အားကြီးပါတီ ဂျာမတ် အီ အစ္စလမ်မစ် (Jamaat-e-Islami) ပါတီက တောင်းဆိုမှုသည် အနောက်နိုင်ငံ၏ စေခိုင်းမှုဖြစ်နိုင်ကြောင်း ရခိုင် နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) မှ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံစဉ်တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနများမှ ဖော်ပြခဲ့ကြသည်။
ကိုးကား- CNI News

အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေးပံ့ပိုးမှုများ တဖြည်းဖြည်း ရုတ်သိမ်းလာသည်နှင့်အမျှ ဥရောပသမဂ္ဂအနေဖြင့် ၎င်း၏ကိုယ်ပိုင်ကာကွယ်ရေး တာဝန်များကို လုပ်ဆောင်ရန် အဆင်သင့်ဖြစ်ထားရမည်ဟု ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ပြောကြားခဲ့သည်။
သူမ၏ထုတ်ဖော်ပြောဆိုချက်များသည် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန် သမ္မတ Donald Trump ၏ သံတမန်ရေးရာ တင်းမာလာမှုများကြားတွင် စစ်ရေးစွမ်းရည်များ မြှင့်တင်ရန် လိုအပ်ကြောင်း ညွှန်းဆိုနေသည်။

“ရုရှား၏ ခြိမ်းခြောက်မှုသည် ပျောက်ကွယ်သွားမည်မဟုတ်ပါ။ ထို့အပြင် အမေရိကန်၏ အာရုံစိုက်မှုသည် အခြားဒေသများဆီသို့ တဖြည်းဖြည်း ရွေ့လျားလာမည်ဆိုသည်ကို ကျွန်မတို့သိထားပါသည်။ ထို့ကြောင့် ဥရောပ တိုက်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရန် ကျွန်မတို့အနေဖြင့် ကိုယ်ပိုင် ကာကွယ်ရေးတာဝန်ကို ပိုမိုထမ်းဆောင်ရမည်မှာ အမှန်ပင်ဖြစ်သည်” ဟု ဗွန်ဒါလိုင်းယန်က စပိန်နိုင်ငံ ဗယ်လင်စီယာမြို့တွင် ကျင်းပသည့် ဥရောပ ပြည်သူ့ပါတီညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့သည်။
အချို့သော အဖွဲ့ဝင်နိုင်ငံများက အမေရိကန်ဦးဆောင်သည့် လုံခြုံရေး အစီအစဉ်များအပေါ် မှီခိုမှုလျှော့ချရန် နည်းလမ်းရှာဖွေနေစဉ် ဗွန်ဒါလိုင်းယန် က မတ်လတွင် ဥရောပသမဂ္ဂ၏ စစ်ရေးအရင်းအနှီးများ ပြန်လည်တည်ဆောက်ရန် ယူရို ၈၀၀ ဘီလီယံ (ဒေါ်လာ ၉၁၀ ဘီလီယံ) ရှာဖွေရေးအစီအစဉ်ကို ကြေညာခဲ့သည်။
ဂျာမနီ၏ ဝန်ကြီးချုပ်လောင်း Friedrich Merzက ဖေဖော်ဝါရီလတွင် “အမေရိကန်အပေါ် မှီခိုမှုမှ တဖြည်းဖြည်းလွတ်မြောက်ရန် လိုအပ်သည်” ဟု ပြောကြားခဲ့သည်။ ပြင်သစ်သမ္မတ Emmanuel Macron ကလည်း ဥရောပသမဂ္ဂအနေဖြင့် ၎င်း၏ကာကွယ်ရေးတာဝန်ကို ဝါရှင်တန်အပေါ် မှီခိုအားထားရန် မဖြစ်နိုင်တော့ကြောင်း အကြိမ်ကြိမ်ထောက်ပြခဲ့ပြီး၊ ဂျာမနီနှင့် အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ပြင်သစ်၏ နျူကလီးယားအကာအကွယ် အောက်သို့ လွှဲပြောင်းတာဝန်ယူပေးရန် ဖွင့်ဟထားသည်။
ထရမ့်က ဥရောပရှိ NATO အဖွဲ့ဝင်နိုင်ငံများအား ပူးပေါင်း ကာကွယ်ရေးအတွက် “မျှတသော အခန်းကဏ္ဍ” မှ ပါဝင်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ယူကရိန်းအား လုံခြုံရေးအာမခံချက်ပေးရန် ငြင်းဆိုခဲ့ပြီး အမေရိကန် စစ်သားများကို ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်တွင် ပါဝင် စေရန် ကတိမပြုခဲ့ပေ။
မော်စကိုက ဥရောပသမဂ္ဂ၏ စစ်ရေးတိုးချဲ့မှုသည် တင်းမာမှုများကို ပိုမို ဆိုးရွားစေမည်ဟု သတိပေးခဲ့သည်။ Vladimir Putin ၏ လုံခြုံရေး အကြံပေး Nikolay Patrushev က “အနောက်နိုင်ငံများသည် ၎င်းတို့၏ စစ်လက်နက်ယန္တရားများကို ရုရှားနှင့်တိုက်ခိုက်ရန် တပ်ဆင်နေပြီး နျူကလီးယားအရေးနှင့်ပတ်သက်သည့် ကြောက်မက်ဖွယ် အခြေအနေများကို စိတ်ကူးယဉ်အိပ်မက်မက်နေကြသည်” ဟု TASS သတင်းဌာနနှင့် အင်တာဗျူးတွင် စွပ်စွဲပြောဆိုခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကလည်း မတ်လတွင် “ဥရောပသမဂ္ဂသည် ရုရှားကို “အနိုင်ယူရန်” ဆိုသည့် စိတ်ကူးယဉ်ရည်မှန်းချက်အတွက် ၎င်း၏ စီးပွားရေးကိုစတေးရန် အဆင်သင့် ဖြစ်နေသည်” ဟု ဝေဖန်ခဲ့သည်။
ကိုးကား-RT

အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံနှင့် တင်းမာမှုမြင့်တက်နေချိန်တွင် ပြင်သစ် နိုင်ငံမှ Rafale တိုက်လေယာဉ် ၂၆ စင်းကို ဝယ်ယူလိုက်ကြောင်း သိရသည်။
အဆိုပါတိုက်လေယာဉ်များ ဝယ်ယူမှုသည် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၇ ဒသမ ၄၁ ဘီလီယံရှိပြီး ဝယ်ယူမှုအတွက် သဘောတူလက်မှတ် ထိုးလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါတိုက်လေယာဉ် ၂၆ စင်းတွင် တစ်ယောက်ထိုင်တိုက်ခိုက်ရေး လေယာဉ် ၂၂ စင်းနှင့် နှစ်ယောက် ထိုင်အမောင်းသင် လေယာဉ် ၄ စင်း ပါဝင်ကြောင်း၊ ယင်းတိုက်လေယာဉ်များကို ၂၀၃၁ ခုနှစ်တွင် အပြီးသတ် လွှဲပြောင်းပေးသွားရမည်ဖြစ်ကြောင်း သဘောတူညီချက်တွင် ဖော်ပြ ထားသည်။
ထို့ပြင် ယင်းသဘောတူညီချက်တွင် တိုက်လေယာဉ်များအတွက် ပြုပြင် ထိန်းသိမ်းမှု၊ လိုအပ်ချက်များကို ထောက်ပံ့ပေးမှုနှင့် လေယာဉ်မှူးများအား သင်တန်းပေးမှုများ ပါဝင်သည့်အပြင် လေယာဉ်အတွက်လိုအပ်သော အစိတ်အပိုင်းများကို ပြည်တွင်း၌ထုတ်လုပ်မှုတို့လည်း ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အိန္ဒိယနိုင်ငံက ပြင်သစ်နိုင်ငံမှ Rafale တိုက်လေယာဉ်များကို ဝယ်ယူခြင်း သည် ရေတပ်၏ လတ်တလော လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊လေယာဉ်တင် သင်္ဘောအခြေပြု အင်ဂျင်နှစ်လုံးတပ်လေယာဉ်များကိုပြည်တွင်း၌ ထုတ်လုပ်အသုံးပြုနိုင်သည့်အချိန်အထိ ကွာဟချက်ကို ဖြည့်တင်းပေးရန်တို့အတွက်ဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက် အရ သိရှိရပါသည်။

အမေရိကန်နှင့် အီရန်တို့၏ စတုတ္တအကြိမ် ဆွေးနွေးပွဲကို မေလ ၃ ရက် တွင် အီတလီနိုင်ငံ ရောမမြို့၌ ပြုလုပ်မည်ဖြစ်သည်ဟု Axios သတင်းဌာနက ပြောကြားထားပါသည်။
ထိုတွေ့ဆုံပွဲမတိုင်မီ မေလ ၂ ရက်တွင် အီရန်သည် နျူကလီးယား သဘောတူစာချုပ်ကိစ္စ ဆွေးနွေးရန် ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ်တို့နှင့် တွေ့ဆုံလိုကြောင်း အဆိုပြုထားသော်လည်း အဆိုပါဥရောပနိုင်ငံများ ဘက်က ပြန်ကြားလာခြင်း မရှိသေးကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။

နျူကလီးယားကိစ္စနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် အီရန်တို့၏ ပထမအကြိမ် ဆွေးနွေးပွဲကို ဧပြီ ၁၂ ရက်တွင် အိုမန်ရှိ Muscat ၌လည်းကောင်း၊ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ဧပြီ ၁၉ ရက်တွင် ရောမမြို့၌လည်းကောင်း၊ တတိယအကြိမ်ဆွေးနွေးပွဲကို ဧပြီ ၂၆ ရက်တွင် အိုမန်၌ လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အီရန်၏ နျူကလီးယားအခြေခံအဆောက်အအုံများ အားလုံးကို ဖျက်သိမ်းပစ်ရန် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထပ်မံတောင်းဆိုခဲ့သည်ဟု သိရ ပါသည်။

အမေရိကန်နှင့်အီရန်တို့သည် အီရန်၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ လုပ်ဆောင်နေချိန်တွင် နေတန်ရာဟု၏ တောင်းဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ အမေရိကန်နှင့် အီရန်တို့သည် အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကို သုံးကြိမ်လုပ်ဆောင်ခဲ့ပြီး အဆိုပါဆွေးနွေးမှုများကို အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။ သို့သော် အီရန်၏ ငြိမ်းချမ်းသည့် နျူကလီးယားစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည်များကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်သည်ဟု အိုမန်နိုင်ငံက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အီရန်၏နျူကလီးယားအခြေခံ အဆောက်အအုံများ အားလုံးကို ဖျက်သိမ်းပစ်ရန် နေတန်ရာဟုက တောင်းဆိုခဲ့ခြင်းလည်း ဖြစ်ပါသည်။
ထို့အပြင် အီရန်ကို နျူကလီးယားလက်နက်မရရှိစေရန် လုပ်ဆောင်သွားမည် ဟု အစ္စရေးအစိုးရဘက်က ကာလရှည်ကြာကတိပြု ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါသည်။ သို့သော်လည်း အီရန်၏နိုင်ငံခြားရေးမူဝါဒ သို့မဟုတ် လမ်းကြောင်းကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းမှုများအားလုံးကို တားဆီးနိုင်မည်ဟု အီရန်ကယုံကြည်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာဂရာချီက ပြောကြားခဲ့ပါသည်။

ယူကရိန်းခေါင်းဆောင် ဇီလန်စကီးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ “အောင်ပွဲနေ့ (May 9) အထိမ်းအမှတ် ၇၂ နာရီစစ်ရပ်နားရေး” အဆိုကို အလေးမထားဘဲ ပယ်ချလိုက်ပြီး ၎င်းသည် “ရုရှား၏ လှည့်ကွက်တစ်ခု” ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ဇီလန်စကီးက လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သော ၎င်း၏ ထုတ်ပြန်ချက်တွင် “ချက်ချင်း ရက် ၃၀ ကြာ စစ်ရပ်နားရေး” ကိုသာ လိုလားကြောင်း ပြောကြား ခဲ့ပြီး၊ မော်စကိုအစိုးရအား “ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအာမခံချက်များ ထူထောင်ရန် ကြိုးပမ်းမှုများကို အဆက်မပြတ် ငြင်းဆန်နေသည်” ဟု စွပ်စွဲခဲ့သည်။

ဇီလန်စကီးက “မေလ ၈ ရက်ကို စောင့်ပြီးမှ စစ်ရပ်နားရန် ပူတင်က ပြောနေကြောင်း၊ ထိုအချက်က ၎င်း၏ စစ်ရေးပြအခမ်းအနားပွဲအတွက် တိတ်ဆိတ်မှုလိုချင်၍ဖြစ်ကြောင်း၊ မိမိတို့အတွက် လူ့အသက်များက ပိုအရေးကြီးကြောင်း၊ ခမ်းနားထည်ဝါမှုများ မဟုတ်ကြောင်း၊ မိမိတို့ လိုချင်သည်က ချက်ချင်း၊ အပြည့်အဝနှင့် ကန့်သတ်ချက်မရှိသော စစ်ရပ်နားရေးဖြစ်ကြောင်း” ပြောဆိုခဲ့သည်။
အနောက်နိုင်ငံများ (အထူးသဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ) က ဇီလန်စကီး၏ သံသယကို ထောက်ခံခဲ့ပြီး၊ ပူတင်၏ စစ်ရပ်နားရေး အဆိုသည် “စစ်အင်အားပြန်လည်ဖြည့်တင်းရန် အချိန်ဆွဲမှု” ဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။
ရုရှားဘက်ကလည်း “ယူကရိန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆန့်ကျင်နေသည်” ဟု ပြန်လည်စွပ်စွဲခဲ့သည်။ “ရုရှားတပ်များ ယူကရိန်းနယ်မြေအားလုံးမှ လုံးဝဆုတ်ခွာပြီး ကျူးကျော်မှု အဆုံးသတ်မှသာ စစ်ငြိမ်းချမ်းရေး ဖြစ်နိုင်မည်” ဟု ဇီလန်စကီးက ထပ်လောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဇီလန်စကီး ၏ ပြောကြားချက်များသည် ၎င်း၏ အုပ်ချုပ်ရေးအကြီးအကဲ အန်ဒရီ ယာမက်နှင့် နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဂါ တို့၏ အဆိုနှင့် ကိုက်ညီနေပြီး၊ ထိုအရာရှိကြီးများကလည်း “ပူတင်၏ စစ်ရပ်နားရေးအဆိုသည် အခမ်းအနားပွဲအတွက်သာ ရည်ရွယ်ခြင်းဖြစ်ပြီး ချက်ချင်းစစ်ရပ်နားရေး လိုအပ်သည်” ဟု ပြောဆိုခဲ့ကြသည်။
ယခင်လအတွင်း အီစတာပွဲတော် အချိန်ကာလတွင်လည်း ရုရှားက တဖက်သတ် စစ်ရပ်နားရေးကို ကြေညာခဲ့ဖူးသည်။
ရုရှားတပ်မတော်၏ ပြောကြားချက်အရ အီစတာကာလစစ်ရပ်နားရေးသည် တစ်စိတ်တစ်ပိုင်းသာ အောင်မြင်ခဲ့ပြီး၊ ယူကရိန်းဘက်မှ စစ်ရပ်နားရေး ကာလအတွင်း တိုက်ခိုက်မှု ၄,၉၀၀ နီးပါးလုပ်ဆောင်ခဲ့ကာ ချိုးဖောက်ခဲ့သည်ဟု ဆိုသည်။ ထိုအထဲတွင် အဝေးထိန်း Kamikaze ဒရုန်းများဖြင့် တိုက်ခိုက်မှု ၃,၃၀၀ ကျော် ပါဝင်နေသည်ဟု ဆိုပါသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်က Type 22 အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များကို တောင်တရုတ်ပင်လယ်ထဲမှာ ဖြန့်ကြက်ချထား လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံအနီးနားမှာ သူတို့ရဲ့ ရပ်တည်မှုကို ပိုမိုခိုင်မာစေဖို့အတွက် ဆက်လက်လုပ်ဆောင်လာချိန်မှာ တရုတ် တပ်မတော်က အခုလိုဖြန့်ကြက်လိုက် တာပါ။

အမေရိကန်က တောင်တရုတ်ပင်လယ်ထဲမှာအသုံးပြုနေတဲ့စစ်ရေယာဉ်များက တန်ချိန် ၁၀၀၀၀ အထက်ရှိတဲ့ ရေယာဉ်ကြီးများဖြစ်ပါတယ်။ အခု တရုတ်တပ်မတော်က ဖြန့်ကြက်လိုက်တဲ့စစ်ရေယာဉ်တွေကတော့ တန်ချိန် ၂၀၀ သာရှိတာကို တွေ့ရပါတယ်။ အဲဒီအမြန်သွားစစ်ရေယာဉ်များက တန်ချိန်အားဖြင့်နည်းပါးတယ်ဆိုသော်ငြားလည်း စစ်ရေယာဉ်ကြီးများကို ထိရောက်စွာရင်ဆိုင်ဟန့်တားနိုင်စွမ်းရှိတယ်လို့ဆိုနိုင်ပါတယ်။
အထူးသဖြင့် Type 22 အမြန်သွားစစ်ရေယာဉ်တွေကို ကိုယ်ပျောက်နည်းပညာနဲ့တည်ဆောက်ထားတဲ့အတွက် အရေးကြီးတဲ့စစ်ဆင်ရေးလိုအပ်ချက်ကို ဖြည့် ဆည်းပေးလိုက်တဲ့သဘောပါပဲ။ မကြာ သေးမီကလုပ်ဆောင်တဲ့ လေ့ကျင့်ခန်းတစ်ခုမှာဆိုရင် တန်ချိန် ၈၀၀၀ ကြားကနေ ၉၀၀၀ ကြားရှိတဲ့ စစ်ရေယာဉ်တစ်စင်းက သတ်မှတ်ဧရိယာထဲဝင်လာချိန်မှာ Type 22 ရေယာဉ်က လျင်မြန်ဖျတ်လတ်လှတဲ့ အရှိန်နဲ့သွားပြီး အဲဒီစစ်ရေယာဉ်ကို တားဆီးနိုင်စွမ်းရှိတယ်ဆိုတာကို တွေ့ရှိထားပါတယ်။
Ref: IE K.H