သတင်းများ

NATO အဖွဲ့ဝင်အက်စတိုးနီးယားနိုင်ငံမှ ရုရှားနယ်စပ် စစ်ဆေးရေး ဂိတ်တွင် အတားအဆီးများ တပ်ဆင်ချထားရန် လုပ်ဆောင်

အက်စတိုးနီးယားအာဏာပိုင်များသည် ရုရှားနှင့်နယ်နိမိတ် ဆက်စပ် နေသော အဓိကဝင်/ထွက်ပေါက်တစ်ခုတွင် သံမဏိဂိတ်များနှင့် အတားအဆီး များ တပ်ဆင်ရန် စတင်လုပ်ဆောင်နေကြောင်း ဒေသခံရုပ်သံ ERR က စနေနေ့ (ဩဂုတ် ၂) တွင် ဖော်ပြခဲ့သည်။ အဆိုပါအစီအမံသည် လုံခြုံရေး ကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု သတင်းများအရသိရပြီး မော်စကိုနှင့် NATO နိုင်ငံများအကြား တင်းမာမှုများ တိုးလာနေချိန်တွင် ဆောင်ရွက် ခြင်း ဖြစ်သည်။

ယင်းအခြေခံအဆောက်အအုံ အဆင့်မြှင့်တင်မှုများကို အက်စတိုးနီးယား နှင့် ရုရှားအကြား အဓိက ဖြတ်သန်းရာနေရာတစ်ခုဖြစ်သော နာဗာ (Narva) နယ်စပ်ဂိတ်တွင် တပ်ဆင်လျက်ရှိသည်။ အက်စတိုးနီးယားဘက်ခြမ်းရှိ တံတားဝင်ပေါက်တွင် သံမဏိဂိတ်များ တပ်ဆင်ထားပြီး လမ်းလျှောက် သူများနှင့် မော်တော်ယာဉ်များကို ထိန်းချုပ်ရန် ထပ်ဆောင်း အကာအရံ များကို တံတား၏အလယ်တွင် ထားရှိထားသည်။ "အဆိုပါ အတားအဆီး များသည် နယ်စပ်စစ်ဆေးရေးဂိတ်ကို အတင်းအကျပ် ဖြတ်ကျော် မောင်းနှင် ခြင်းကို တားဆီးပေးပါသည်။ အခြေခံအားဖြင့် နယ်စပ်ထိန်းချုပ်မှုမှ ရှောင်တိမ်းခြင်းကို ကာကွယ်ရန် ကူညီပေးပါသည်" ဟု ရဲနှင့် နယ်ခြားစောင့် တပ်ဖွဲ့၏ နာဗာဂိတ်တာဝန်ခံ Antti Eensalu က ERR မှ ကိုးကား ပြောကြားခဲ့သည်။

၎င်းက အဆိုပါတပ်ဆင်မှုလုပ်ငန်းများကို လာမည့်လတွင် ပြီးစီးရန် မျှော်လင့် ထားကြောင်း ဖြည့်စွက်ပြောကြားခဲ့ပြီး လိုအပ်ပါက နယ်စပ်ဂိတ်ကို အပြည့်အဝ ပိတ်နိုင်ရန် ယင်းအဆင့်မြှင့်တင်မှုများက အထောက်အကူ ပြုမည် ဟု အတိအလင်း ပြောကြားခဲ့သည်။ အာဏာပိုင်များသည် အက်စတိုးနီးယား၏ တောင်ပိုင်းရှိ Luhamaa နှင့် Koidula နယ်စပ် ဂိတ်များတွင်လည်း အလားတူ အတားအဆီးများ တပ်ဆင်ရန် စီစဉ် နေသည်ဟု သိရသည်။

ဘော်လ်တစ်နိုင်ငံများဖြစ်သော လတ်ဗီးယားနှင့် လစ်သူယေးနီးယားတို့ ကဲ့သို့ပင် အက်စတိုးနီးယားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်း ပဋိပက္ခ မြင့်တက်လာပြီးနောက် ရုရှားအပေါ် ပိုမိုတင်းမာသော သဘော ထားကို ကျင့်သုံးလာခဲ့ပြီး ယူကရိန်းပဋိပက္ခအပြီးတွင် ရုရှားက ကျူးကျော် နိုင်သည်ဟု မှန်းဆခဲ့သည်။ ကရင်မလင် က အဆိုပါအချက်ကို ထပ်ခါ တလဲလဲ ငြင်းဆိုခဲ့ပြီး အက်စတိုးနီးယားနှင့် အခြားဘော်လ်တစ်နိုင်ငံများ ဆောင်ရွက်သည့် အလားတူ အစီအမံများကို "ရုရှားမုန်းတီးရေး" (Russophobic) အဖြစ် တံဆိပ်ကပ်ခဲ့သည်။

တနင်္ဂနွေနေ့ (ဩဂုတ် ၃) တွင် အက်စတိုးနီးယား ကာကွယ်ရေး ဝန်ကြီး ဌာနက NATO သည် နိုင်ငံတွင်း ဂျာမန်-ဒတ်ချ် မဟာမိတ်တပ်ဖွဲ့ (German-Dutch Allied Corps) တပ်စွဲထားရန် စဉ်းစားနေကြောင်း ကြေညာ ခဲ့သည်။ အဆိုပါလှုပ်ရှားမှုသည် ဘော်လ်တစ်ဒေသတွင် မဟာမိတ် အဖွဲ့ ၏ ရှိရင်းစွဲစစ်ရေးအခြေစိုက်စခန်းများကို ပိုမိုချဲ့ထွင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် အက်စတိုးနီးယားသည် နျူကလီးယား စွမ်းရည်ရှိသော စစ်လေယာဉ်များအပါအဝင် F-35 တိုက်လေယာဉ်များ နှင့် မဟာမိတ်တပ်ဖွဲ့များကို လက်ခံထားရှိရန် အဆင်သင့်ဖြစ်ကြောင်း အချက်ပြခဲ့သည်။ ကရင်မလင်က ထိုသို့သော တပ်ဖြန့်ချထားမှုများကိုရုရှား၏ အမျိုးသားလုံခြုံရေးအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်မည်ဟု တုံ့ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်တွင် အက်စတိုးနီးယားသည် ဘော်လ်တစ်ကာကွယ်ရေးမျဉ်း (Baltic Defense Line) လက်တ်ဗီယားနှင့် လစ်သူယေးနီးယားတို့နှင့် ပူးပေါင်းသည့် ဒေသဆိုင်ရာ စီမံချက်၏ အစိတ်အပိုင်းအဖြစ် ၎င်း၏ အရှေ့ဘက်နယ်စပ်တစ်လျှောက် ရာနှင့်ချီသော ကွန်ကရစ်ဘန်ကာများကို တည်ဆောက်ရန် အစီအစဉ်များကိုလည်း ကြေညာခဲ့သည်။မော်စကိုက ဥရောပအား ခြိမ်းခြောက်မှုမရှိကြောင်း ထပ်လောင်း ပြောကြား ခဲ့ပြီး ထိုသို့သော ကာကွယ်ရေးတည်ဆောက်မှုများအတွက် ငွေကြေးသုံးစွဲရန် လိုအပ်ချက်ကို သံသယဖြစ်နေခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ဗြိတိန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့သည် ယူကရိန်းတပ်များကို အသုံးချကာ ရုရှားရေနံတင် သင်္ဘောများကို တိုက်ခိုက်ရန် စီစဉ်နေဟု မော်စကိုထုတ်ဖော်

ရုရှား နိုင်ငံခြားရေးထောက်လှမ်းရေးဌာန (SVR) က ဗြိတိန် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့သည် ယူကရိန်းတပ်ဖွဲ့များကိုအသုံးချ၍ အနောက် နိုင်ငံများက မော်စကို၏ လျှို့ဝှက်ရေနံတင်သင်္ဘောများဟု ခေါ်ဝေါ်သော သင်္ဘောများကို ဖျက်ဆီးရန်စီစဉ်နေကြောင်း ဩဂုတ် ၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ SVR ၏ ထုတ်ပြန်ချက်အရ ဗြိတိန်ထောက်လှမ်းရေး တို့သည် ရေနံတင်သင်္ဘောများကို ပျက်စီးစေခြင်းဖြင့် ရေကြောင်း သွားလာမှု ကို ပိတ်ဆို့ရန် သို့မဟုတ် ရုရှားနှင့်မိတ်ဖက်နိုင်ငံတစ်ခုတွင် ဆိပ်ကမ်း ဝင်ရောက်ဆိုက်ကပ်စဉ် မီးလောင်မှုဖြစ်ပွားစေရန် စီစဉ်နေကြောင်း ဆိုသည်။ "ဗြိတိန်ထောက်လှမ်းရေးတို့သည် ပင်လယ်ပြင်ကို လွှမ်းမိုးနို

ရုရှား နိုင်ငံခြားရေးထောက်လှမ်းရေးဌာန (SVR) က ဗြိတိန် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့သည် ယူကရိန်းတပ်ဖွဲ့များကိုအသုံးချ၍ အနောက် နိုင်ငံများက မော်စကို၏ လျှို့ဝှက်ရေနံတင်သင်္ဘောများဟု ခေါ်ဝေါ်သော သင်္ဘောများကို ဖျက်ဆီးရန်စီစဉ်နေကြောင်း ဩဂုတ် ၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ SVR ၏ ထုတ်ပြန်ချက်အရ ဗြိတိန်ထောက်လှမ်းရေး တို့သည် ရေနံတင်သင်္ဘောများကို ပျက်စီးစေခြင်းဖြင့် ရေကြောင်း သွားလာမှု ကို ပိတ်ဆို့ရန် သို့မဟုတ် ရုရှားနှင့်မိတ်ဖက်နိုင်ငံတစ်ခုတွင် ဆိပ်ကမ်း ဝင်ရောက်ဆိုက်ကပ်စဉ် မီးလောင်မှုဖြစ်ပွားစေရန် စီစဉ်နေကြောင်း ဆိုသည်။ "ဗြိတိန်ထောက်လှမ်းရေးတို့သည် ပင်လယ်ပြင်ကို လွှမ်းမိုးနိုင် ခဲ့သည့် အချိန်များကို လွမ်းဆွတ်လွန်းသည့်အတွက် ကျန်ရှိနေသော အသိဉာဏ်ကိုပါ ဆုံးရှုံးနေပြီဟု ထင်ရသည်" ဟု SVR က ပြောကြား ခဲ့သည်။

အနောက်နိုင်ငံများသည် ရုရှား၏ ရေနံကဏ္ဍမှ ဝင်ငွေကိုထိခိုက်စေရန် ရုရှားနှင့်ဆက်စပ်နေသော ရေနံတင်သင်္ဘောများကို အမျိုးမျိုးသော ကန့်သတ်ချက်များဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းနေကြသည်။ အစောပိုင်း မီဒီယာသတင်းများအရ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းပြချက်များဖြင့် တိုက်ရိုက်စစ်ဆေးမှုများ ပြုလုပ်ရန် အဆိုပြု ချက်များကို စဉ်းစားနေကြောင်း ဖော်ပြခဲ့သည်။ သို့သော် ယင်းအဆိုပြု ချက်များကို ကန့်ကွက်သူများက ၎င်းတို့သည် တရားဝင်မှုအားနည်းသော အခြေခံအကြောင်းတရားများပေါ်တွင် တည်ဆောက်ထားသည်ဟု ငြင်းဆို ခဲ့ကြသည်။

SVR ၏ အဆိုအရ ရုရှားရေနံတင်သင်္ဘောတစ်စီးတွင် ကြီးမားသော မတော်တဆမှုတစ်ခု ဖြစ်ပွားပါက ၎င်းကို အကြောင်းပြ၍ ရုရှားနှင့် ဆက်နွှယ်နေသော ရေနံတင်သင်္ဘောများ (shadow fleet) အားလုံးသည် အန္တရာယ်ရှိနိုင်သည်ဟု ကြေညာကာ နိုင်ငံတကာရေပိုင်နက်တွင် ဖမ်းဆီး ခြင်းခံရနိုင်သည်ဟု ဆိုသည်။

ထို့အပြင် ယူကရိန်းတပ်ဖွဲ့များကို အသုံးချရန် ရွေးချယ်ထားခြင်းမှာ တိုက်ခိုက်မှုအား မည်သူကမျှ မူလအစကို မခြေရာခံနိုင်စေရန်အတွက် ဖြစ်သည်ဟု SVR က ဆိုသည်။ အနောက်နိုင်ငံများ၏ အရာရှိများသည် အဆိုပါတိုက်ခိုက်မှုအတွက် ရုရှားကိုအပြစ်တင်မည် သို့မဟုတ် ယူကရိန်း ၏ ပါဝင်မှုပေါ်ပေါက်လာပါက ယူကရိန်းကို အပြစ်ဖို့မည်ဟု SVR က ဆက်လက်ဖော်ပြခဲ့သည်။

SVR ၏ ခန့်မှန်းချက်အရ ထိုလုပ်ကြံမှုကို အမေရိကန်သမ္မတ ထရမ့်အစိုးရ အပေါ် အကြီးမားဆုံး ဖိအားသက်ရောက်နိုင်မည့် အချိန်တွင် လုပ်ဆောင်ရန် စီစဉ်ထားပြီး ရုရှားရေနံဝယ်ယူသူများကို 'ဖြစ်ရပ်အတွက် သွယ်ဝိုက် တာဝန်ရှိသူများ' အဖြစ် သတ်မှတ်ကာ ၎င်းတို့အား ဒဏ်ခတ် အရေးယူမှု များ ချမှတ်ရန် အတင်းအကျပ်တောင်းဆိုမည်ဟု ဆိုသည်။

ရုရှား-တရုတ်ရေတပ်တို့ ရေငုပ်သင်္ဘော ချေမှုန်းရေးဆိုင်ရာ စစ်ရေး လေ့ကျင့်မှုပြုလုပ်

ရုရှားနှင့် တရုတ်ရေတပ်များသည် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုအစီအစဉ် တစ်ရပ်အဖြစ် အမြောက်နှင့် ရေငုပ်သင်္ဘောချေမှုန်းရေးဆိုင်ရာ စစ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း ရုရှား၏ ပစိဖိတ်ရေတပ်က တနင်္ဂနွေနေ့ (ဩဂုတ် ၃) က ပြောကြားလိုက်ပါသည်။

ထိုစစ်ရေးလေ့ကျင့်မှုမှာ ယခင် ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီ ဒက်ဖ်၏ ပြောကြားချက်အပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ရေတပ်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၂ စင်းကို သင့်လျော်သော နေရာများတွင် တပ်စွဲရန် အမိန့် ပေးလိုက်ပြီးနောက် ၂ ရက်အကြာတွင် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ သို့ရာတွင် ထရမ့် မပြောကြားမီကတည်းက ထိုစစ်ရေးလေ့ကျင့်မှု ပြုလုပ် ရန် စီစဉ်ထားကြောင်း သိရပါသည်။ 

ရုရှား ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဧရာမသင်္ဘောတစ်စီးနှင့် တရုတ် ရေတပ် ဖျက်သင်္ဘောနှစ်စီးအပါအဝင် ရုရှားနှင့် တရုတ်သင်္ဘောများ ပူးတွဲ၍ ရွေ့လျားနေကြောင်း ပစိဖိတ်ရေတပ်၏ ပြောကြားချက်ကို ကိုးကား၍ အင်တာဖက်စ်သတင်းဌာနကလည်း   ဖော်ပြထားပါသည်။

နိုင်ငံနှစ်နိုင်ငံမှ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောများအပြင် တရုတ် ရေငုပ်သင်္ဘောကယ်ဆယ်ရေးသင်္ဘောတစ်စီးလည်း ပါဝင်နေကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ထိုလှုပ်ရှားမှုများကို "ပင်လယ်ပြင် ဆိုင်ရာ အပြန်အလှန်ပူးပေါင်းမှု-၂၀၂၅" (Maritime Interaction- 2025) အမည်ရှိ စစ်ရေးလေ့ကျင့်မှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်္ဂါနေ့ (ဩဂုတ် ၅) တွင် ပြီးဆုံးရန် စီစဉ်ထားကြောင်း သိရပါသည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

ဩဂုတ် ၄ -၆ တောင်တရုတ်ပင်လယ်ရှိ ဟိုင်နန်ကျွန်းအနီး တရုတ် စစ်ရေး လေ့ကျင့်

တရုတ်စစ်တပ်သည် ဩဂုတ်လ ၄ ရက်မှ ၆ ရက်အထိ တောင်တရုတ် ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း တရုတ်နိုင်ငံ ရေကြောင်းလုံခြုံရေးအုပ်ချုပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိ ရပါသည်။

ဖော်ပြထားသော သတင်းအချက်အလက်များအရ အဆိုပါ စစ်ရေး လေ့ကျင့်မှုများကို တောင်တရုတ်ပင်လယ်ရှိ ဟိုင်နန်ကျွန်း၏ အရှေ့ တောင်ပိုင်းတွင် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ သုံးရက်တာကြာမည့် ထိုစစ်ရေးလေ့ကျင့်မှုကို ပေကျင်း ဒေသစံတော်ချိန် နံနက် ၆ နာရီမှ ညနေ ၆:၃၀ အထိ (ဂရင်းနစ် စံတော်ချိန် ည ၂၂:၀၀ မှ နံနက် ၁၀:၃၀ အထိ) နေ့စဉ်ဆက်တိုက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။ 

ထိုစစ်ရေးလေ့ကျင့်မှုကာလအတွင်း သတ်မှတ်ထားသော ဧရိယာတွင် သင်္ဘောများ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း သက်ဆိုင်ရာ ဌာနများက သတိပေးကြေညာထားပါသည်။

ကိုးကား - TASS

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ရှိ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများသို့ အာဆီယံ ယာယီ စောင့်ကြည့်လေ့လာရေးအဖွဲ့ သွားရောက်စစ်ဆေး

အပစ်အခတ်ရပ်စဲမှု ရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ရှိ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများသို့ အာဆီယံ ယာယီ စောင့်ကြည့် လေ့လာရေး အဖွဲ့တစ်ဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု က‌မ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၂ ရက်၌ ပြောကြား ခဲ့သည်။အဆိုပါအဖွဲ့၌ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှား နိုင်ငံမှ စစ်သံမှူးနှင့် ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ လက်ထောက် စစ်သံမှူးများလည်း ပါဝင်ခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန Undersecretary of State နှင့် ပြောရေးဆိုခွင့်ရှိသူ မာလီ ဆိုချီတာက ဆိုသည်။

“ကမ္ဘောဒီးယားနိုင်ငံဟာ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု ကို လေ့လာစောင့်ကြည့်ဖို့အတွက် မလေးရှားနိုင်ငံက ဦးဆောင်သည့် စောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိ နေပါသည်” ဟု ဆိုချီတာက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ဒေသများတွင် ဇူလိုင် ၂၄ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ ပြီးနောက် ဇူလိုင် ၂၈ ရက်၌ ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရန် နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့ပြီး ယင်းနေ့ ညသန်းခေါင်ယံမှစ၍ အပစ်အခတ် ရပ်စဲမှု စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။ 

ကိုးကား- Xinhua

 ပန်းတောင်းမြို့နယ်၌ ရခိုင်ပြည်နယ်သို့သယ်ဆောင်မည့် ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၂

ပန်းတောင်းမြို့နယ်၌ ရခိုင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၁ ရက် ည ၉ နာရီခွဲတွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ပန်းတောင်းမြို့နယ် ပုသိမ် - မုံရွာလမ်း၊ ရေကျော်ကျေးရွာလမ်းဆုံအနီးတွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂ သန်း (၎င်းဒေသ တန်ဖိုးငွေကျပ် ၃ ဘီလီယံခန့်) ဖမ်းဆီးရမိခဲ့ သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်သို့ စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်းနှင့် ပူးပေါင်းပါဝင်သူ ခင်မောင်လွင် တို့အား မင်္ဂလာဒုံမြို့နယ်ဈေးရပ်ကွက် မြို့ပတ်လမ်းရှိ နေအိမ်တွင်လည်းကောင်း၊ စိတ်ကြွရူးသွပ် ဆေးပြားများအား နေအိမ်၌ သိမ်းဆည်းထားခဲ့ပြီး ရန်ကုန်မှ ကြံခင်းမြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့သူ မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက်ရှိ ကိုကိုနိုင်၏ နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မြတ်မင်းအား CANTER BOX ယာဉ်၊ MINICAB ယာဉ် နှစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကြံခင်းမြို့မှ ပန်းတောင်းမြို့နယ်သို့ လီဖန်း မော်တော်ယာဉ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခဲ့သူ ကြံခင်းမြို့နယ် သဲဖြူကျေးရွာ နေ စိုးမင်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခဲ့သည့် LIFAN အမျိုးအစား မော်တော်ယာဉ်တစ်စီးအား ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်သူ တင်အောင်မိုး၏ အစီအမံဖြင့် မင်းစည်သူနှင့် ဖိုးအေးတို့က ရန်ကုန်မြို့၌ ပန်းတောင်းမြို့နယ်နှင့် မင်းတုန်းမြို့နယ်ကြားရှိ နယ်စပ်သို့ တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်ဝင်းထံ လွှဲအပ်ခဲ့ပြီး ကျော်ကျာ်ဝင်း၊ ကိုကိုနိုင်နှင့် မြတ်မင်းတို့သည် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မြို့ရှိ ကိုကိုနိုင်၏ နေအိမ်တွင် ခေတ္တသိမ်းဆည်းထားခဲ့ပြီး ရန်ကုန်မှ ကြံခင်းမြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြောင်း၊ ကြံခင်းမှပန်းတောင်းသို့ LIFAN ယာဉ်ပိုင်ရှင် စိုးမင်းနှင့် ယာဉ်မောင်း တင့်ဆွေတို့က ဆက်လက်သယ်ဆောင်ခဲ့ကြပြီး ပန်းတောင်းမြို့နယ်မှတစ်ဆင့် ရဲနိုင်နှင့် မိုးထိတို့က ရခိုင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

MOI

02 August 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မင်းလှကျင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအုန်းကြိုင်သည် ရေချိုတွင်းကျေးရွာနေသူများဖြစ်ကြသည့် ရာအိမ်မှူးဖြစ်သူ ဦးသန်းထွန်း၊ ဦးနိုင်ဇော်၊ ဦးသောင်းမြင့်၊ ဦးဝင်းဌေး၊ ဦးဝင်းသိန်း၊ ဦးနေစန်း၊ ဦးထွန်းအောင်၊ ဒေါ်ဌေးဌေးမြင့်၊ ဒေါ်ချိုချို၊ ဒေါ်တင်နွဲ့တို့နှင့်အတူ ဦးအောင်လွင် မောင်းနှင်သော 8B/XXXX LIGHT TRUCK မော်တော်ယာဉ်ဖြင့် စကုမြို့မှ ရေချိုတွင်းကျေးရွာဘက်သို့ စကု-ဆင်ခေါင်းကားလမ်းအတိုင်း ထွက်ခွာလာစဉ် တောင်မန်းကျေးရွာနှင့် ဆင်ခေါင်းကျေးရွာကြားရှိ ဒေသအခေါ် ရေကျော်အနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီးရပ်တန့်ခိုင်းကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ဦးအုန်းကြိုင်အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်ကာ ကိုင်းတောကြီးကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ မက်လွှတ်ကျေးရွာနေ မချိုသင်း (၃၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်ရှေ့လမ်းမပေါ်သို့ TNLA အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဩဂုတ် ၁ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာနေ ဦးကြင်သိန်း(၅၄)နှစ်သည် ကျေးရွာအနီးရှိ ၎င်းပိုင်တောင်ယာခင်း၌ ကျွဲ/နွားများကျောင်းနေစဉ် ၎င်းအနီးသို့ TNLA အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲ ခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နေပြည်တော် သြဂုတ် ၁  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။  ထိုသို့‌ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင် မင်းတုန်းမြို့နယ်၌ တရားမဝင် အခြားသစ် ၀ ဒသမ ၈၇၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၂၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ဆောင

နေပြည်တော် သြဂုတ် ၁

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့‌ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင် မင်းတုန်းမြို့နယ်၌ တရားမဝင် အခြားသစ် ၀ ဒသမ ၈၇၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၂၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၃၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ် ရတနာပုံတံတား (နှာပေါက်) စစ်ဆေးရေးဂိတ်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် ၁၁၀ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၃၅၂၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင် ၃၁ ရက်တွင် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၁၁၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သြဂုတ် ၁ ရက်တွင် တောင်ငူခရိုင်၊ ညောင်လေးပင် ခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၉၆၄ တန်၊ သစ်မာ ၆ ဒသမ ၀၅၃ တန်၊ အခြားသစ် ၁၄ ဒသမ ၄၃၀ တန်၊ မီးသွေး ၃ ဒသမ ၂၀၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၂၂၂၆၀) ကို သစ်တောဥပဒေအရလည်းကောင်းစုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၄၃၃၂၆၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ သြဂုတ် ၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံ တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ရှစ်လုံးထိုး အင်ဂျင်နှစ်လုံးအပါအဝင် ဆက်စပ်ပစ္စည်း ၃၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇၆၇၅၀၀၀) ကို မြန်မာ့သတ္တုတွင်းဥပဒေအရလည်းကောင်း၊ ရွှေဘိုမြို့ အမှတ်(၈) စစ်အခြေခံလေ့ကျင့်ရေးတပ် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများနှင့် ဖြတ်စရောရာ ရှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၅၀၀၀၀) ကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၉၂၂၅၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ‌ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့ မန္တလေးရပ်ကွက် ဗိုလ်ချုပ်လမ်း အမှတ် (၇) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၃၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ကိုးစီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၂၆ စီး ဖမ်းဆီးရမိ ခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်၊ ၃၁ ရက်နှင့် သြဂုတ် ၁ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၄၀၅၉၇၆၀) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမို၍တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

ချမ်းမြသာစည်မြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁

ချမ်းမြသာစည် မြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် သတင်းအရချမ်းမြသာစည်မြို့နယ် မြို့သစ်(၃)ရပ်ကွက် ၁၁၀ လမ်းတွင် ပြည်သိမ်းမောင်းနှင်ပြီး စိုင်းဖြိုးမင်းနိုင်နှင့် သက်ထွဋ်ဦးတို့လိုက်ပါလာသည့် MARK II မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆေးပြား ၃၉၃၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၉၆၅ သိန်း)၊ စိတ်ပြောင်းဆေးဝါး (HAPPY WATER) ၀ ဒသမ ၉၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၂၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၁၄၀) တို့ကို ဖမ်းဆီးရမိခဲ့ သည်။

 စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၃) ရပ်ကွက်ရှိ ပြည်သိမ်းငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်မှ စိတ်ပြောင်းဆေးဝါး (HAPPY WATER) ၀ ဒသမ ၂၂ ကီလို (တစ် ကီလိုလျှင် ငွေကျပ်သိန်း ၁၂၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၆၄ သိန်း)နှင့် ကတ်တမင်း ၀ ဒသမ ၁၅ ကီလို (တစ်ကီလို လျှင် ငွေကျပ်သိန်း ၄၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၆၀) ဖမ်းဆီးရမိခဲ့သည်။

အလားတူ ပူးပေါင်းအဖွဲ့သည် ညနေ ၄ နာရီခွဲတွင် သတင်းအရ တိုက်ကြီးမြို့နယ် ဥပ္ပုံစုရပ်ကွက် မြဝတီလမ်းရှိ ဒေါ်စိုးစိုးရီ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ညီညီအောင်(ခ)ရာစင်းအား တွေ့ရှိပြီး စိတ်ကြွ ရူးသွပ်ဆေးပြား ၁၃၂၀၀ (တစ်ပြား လျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၃၂ သိန်း) ဖမ်းဆီးရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။