သတင်းများ

ထရမ့်က Medvedev ၏ တွစ်တာမက်ဆေ့ခ်ျကို တုံ့ပြန်သည့်အနေဖြင့် နျူကလီးယားစစ်ရေယာဉ်များ စေလွှတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ် ၁ ရက်နေ့တွင် ရုရှား နိုင်ငံ အနီးသို့ နျူကလီးယားရေငုပ်သင်္ဘောနှစ်စီး ချဉ်းကပ်စေရန် အမိန့်ပေး ခဲ့ကြောင်း ကြေညာခဲ့ပြီး ရုရှားသမ္မတဟောင်း ဒမီထရီ မက်ဗီဒက်ဗ်၏ လူမှုကွန်ရက်မှတ်ချက်များကို ပြန်လည်တုံ့ပြန်ခဲ့သည်။

ထရမ့်က ၎င်း၏ Truth Social ပလက်ဖောင်းတွင် မက်ဗ်ဒက်ဗ်၏ စိန်ခေါ်မှုများဖြင့်ပြည့်နှက်နေသော ထုတ်ပြန်ချက်များကို ရှုတ်ချကာ "စကားလုံး များသည် အလွန်အရေးကြီးပြီး တစ်ခါတရံ မမျှော်လင့်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်" ဟု ရေးသားခဲ့ပြီး နျူကလီးယား ရေငုပ်သင်္ဘောနှစ်စီး စေလွှတ်ရန် အမိန့်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်း ထရမ့်သည် ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ မက်ဗီဒက်ဗ်နှင့် လူမှုကွန်ရက်ပေါ်တွင် ပြင်းထန်သော စကားစစ်ထိုးမှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်သမ္မတက အသေးစိတ် ထုတ်ဖော်ခြင်းမပြုခဲ့သော်လည်း ၎င်း၏ စစ်ရေးတုံ့ပြန်မှု ကြေညာချက် သည် ရုရှားသမ္မတဟောင်း၏ ဇူလိုင် ၃၁ ရက်နေ့က တွစ်တာပို့စ်နှင့် သက်ဆိုင်နေသည်ဟု ယူဆကြသည်။

မက်ဗ်ဒက်ဗ်သည် ထရမ့်၏ Truth Social တွင် ရေးသားခဲ့သော ပို့စ်ကို တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုပို့စ်တွင် အမေရိကန်သမ္မတက ၎င်းအား အောင်မြင်မှု မရှိသော ခေါင်းဆောင်ဟောင်းဟု ခေါ်ဆိုကာ စကားကို သတိထား ပြောရန် သတိပေးခဲ့သည်။

ရုရှားနိုင်ငံသမ္မတဟောင်းက ထရမ့်၏ တုံ့ပြန်မှုကို လှောင်ပြောင်ကာ "ရုရှားနိုင်ငံသည် အရာရာကို မှန်ကန်စွာလုပ်ဆောင်နေပြီး မိမိ၏ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမည်" ဟု တုံ့ပြန်ခဲ့သည်။

ထရမ့်နှင့် မက်ဗီဒက်ဗ်တို့သည် ဆိုရှယ်မီဒီယာများပေါ်တွင် စကားစစ် ထိုးပွဲများ အပြန်အလှန် လုပ်ဆောင်နေကြပြီး ဩဂုတ် ၁ ရက်နေ့တွင် ထရမ့်က ရုရှားရေပိုင်နက်အနီးသို့ နျူကလီးယားရေငုပ်သင်္ဘော နှစ်စီး စေလွှတ်ရန် အမိန့်ပေးခဲ့သည်ဟု ၎င်း၏ Truth Social တွင် ရေးသား ခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်း ပဋိပက္ခရပ်စဲရေး လုပ်ဆောင်မှု များနှင့်ပတ်သက်၍ ရုရှားကိုစိတ်ပျက်လာနေကြောင်း ထုတ်ဖော်ပြောဆို ခဲ့ပြီး ညှိနှိုင်းရေးကိစ္စများနှင့်ပတ်သက်၍ ၁၀ ရက်အတွင်း အပြီး လုပ်ဆောင် ရန် အချိန်ကန့်သတ်ချက် သတ်မှတ်ခဲ့ကာ မလုပ်ဆောင်ပါက ဒဏ်ခတ် အရေးယူမှုများ ချမှတ်မည်ဟု ပြောကြားခဲ့သည်။ ရုရှားဘက်ကလည်း ၎င်း၏ ကိုင်စွဲထားသော လိုလားချက်များကိုသာ အတိအလင်း ထုတ်ဖော် ကာ ဒဏ်ခတ်ပိတ်ဆို့မှုများသည် ၎င်းတို့အတွက် အထူးအဆန်း မဟုတ်တော့ ဟု တုံ့ပြန်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

02 August 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ မက်လွှတ်ကျေးရွာနေ မချိုသင်း (၃၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်ရှေ့လမ်းမပေါ်သို့ TNLA အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဩဂုတ် ၁ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာနေ ဦးကြင်သိန်း(၅၄)နှစ်သည် ကျေးရွာအနီးရှိ ၎င်းပိုင်တောင်ယာခင်း၌ ကျွဲ/နွားများကျောင်းနေစဉ် ၎င်းအနီးသို့ TNLA အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲ ခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မင်းလှကျင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအုန်းကြိုင်သည် ရေချိုတွင်းကျေးရွာနေသူများဖြစ်ကြသည့် ရာအိမ်မှူးဖြစ်သူ ဦးသန်းထွန်း၊ ဦးနိုင်ဇော်၊ ဦးသောင်းမြင့်၊ ဦးဝင်းဌေး၊ ဦးဝင်းသိန်း၊ ဦးနေစန်း၊ ဦးထွန်းအောင်၊ ဒေါ်ဌေးဌေးမြင့်၊ ဒေါ်ချိုချို၊ ဒေါ်တင်နွဲ့တို့နှင့်အတူ ဦးအောင်လွင် မောင်းနှင်သော 8B/XXXX LIGHT TRUCK မော်တော်ယာဉ်ဖြင့် စကုမြို့မှ ရေချိုတွင်းကျေးရွာဘက်သို့ စကု-ဆင်ခေါင်းကားလမ်းအတိုင်း ထွက်ခွာလာစဉ် တောင်မန်းကျေးရွာနှင့် ဆင်ခေါင်းကျေးရွာကြားရှိ ဒေသအခေါ် ရေကျော်အနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီးရပ်တန့်ခိုင်းကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ဦးအုန်းကြိုင်အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်ကာ ကိုင်းတောကြီးကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရွှေကူမြို့နယ်၌ KIA အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဩဂုတ် ၂

အကြမ်းဖက်အဖွဲ့များသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် ၎င်းတို့အပေါ် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရွှေကူမြို့အတွင်းသို့ KIA အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ရွှေကူမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ “သိန်းကမ္ဘာ” သံတို/ သံစရောင်းဝယ်ရေးဆိုင်ရှေ့သို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် အမှတ် (၁) ရပ်ကွက်နေ အခြေခံ ပညာအလယ်တန်းကျောင်း (ခုံခမ်း) မှ ကျောင်းသားများဖြစ်သော မောင်မျိုးသော်တာအောင် (၁၂) နှစ်၊ မောင်လင်းရဝေအောင် (၈) နှစ်နှင့် အမှတ် (၁) ရပ်ကွက်နေ ဦးအောင်ကျော်ဦး (၄၉) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး တစ်ရပ်ကွက်တည်းနေသူများဖြစ်ကြသည့် အခြေခံပညာအလယ်တန်းကျောင်း (ခုံခမ်း) မှ ကျောင်းသားဖြစ်သူ မောင်ပိုင်ခန့်ကိုကို (၁၃) နှစ်၊ ဦးစိုးနိုင်ဦး (၄၁) နှစ်၊ ဒေါ်ခင်မာလွင် (၆၂) နှစ်၊ ဒေါ်ဝင်းသန္တာ (၂၆) နှစ်၊ မောင်ဝေယံမွန် (၁၅) နှစ်နှင့် ဒေါ်ခင်မြင့် (ခ) ခင်ဦး (၅၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး/ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

ညောင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် မူလတန်းပြ ကျောင်းဆရာမတစ်ဦး သေဆုံး

နေပြည်တော် ဩဂုတ် ၂

PDF အမည်ခံ အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဆည်ရွာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၂ နာရီခွဲတွင် အဆိုပါကျေးရွာနေ ဆည်ရွာကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ မူလတန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်ဝါဝါမိုး (၄၀) နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်ဝါဝါမိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဥဒေမဲ့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏လုပ်ရပ်အား ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOI

နေပြည်တော် သြဂုတ် ၁  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။  ထိုသို့‌ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင် မင်းတုန်းမြို့နယ်၌ တရားမဝင် အခြားသစ် ၀ ဒသမ ၈၇၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၂၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ဆောင

နေပြည်တော် သြဂုတ် ၁

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့‌ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင် မင်းတုန်းမြို့နယ်၌ တရားမဝင် အခြားသစ် ၀ ဒသမ ၈၇၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၂၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၃၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ် ရတနာပုံတံတား (နှာပေါက်) စစ်ဆေးရေးဂိတ်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် ၁၁၀ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၃၅၂၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင် ၃၁ ရက်တွင် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၁၁၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သြဂုတ် ၁ ရက်တွင် တောင်ငူခရိုင်၊ ညောင်လေးပင် ခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၉၆၄ တန်၊ သစ်မာ ၆ ဒသမ ၀၅၃ တန်၊ အခြားသစ် ၁၄ ဒသမ ၄၃၀ တန်၊ မီးသွေး ၃ ဒသမ ၂၀၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၂၂၂၆၀) ကို သစ်တောဥပဒေအရလည်းကောင်းစုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၄၃၃၂၆၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ သြဂုတ် ၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံ တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ရှစ်လုံးထိုး အင်ဂျင်နှစ်လုံးအပါအဝင် ဆက်စပ်ပစ္စည်း ၃၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇၆၇၅၀၀၀) ကို မြန်မာ့သတ္တုတွင်းဥပဒေအရလည်းကောင်း၊ ရွှေဘိုမြို့ အမှတ်(၈) စစ်အခြေခံလေ့ကျင့်ရေးတပ် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများနှင့် ဖြတ်စရောရာ ရှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၅၀၀၀၀) ကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၉၂၂၅၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ‌ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့ မန္တလေးရပ်ကွက် ဗိုလ်ချုပ်လမ်း အမှတ် (၇) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၃၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ကိုးစီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၂၆ စီး ဖမ်းဆီးရမိ ခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်၊ ၃၁ ရက်နှင့် သြဂုတ် ၁ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၄၀၅၉၇၆၀) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမို၍တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

ထိုင်းနိုင်ငံက ထိန်းသိမ်းထားသော စစ်သည်များကို ပြန်လွှတ်ပေးရန် ကမ္ဘောဒီးယားအစိုးရတောင်းဆို

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အသက်ဝင်ပြီးနောက် ထိုင်းနိုင်ငံက ထိန်းသိမ်းထားသော ကမ္ဘောဒီးယား စစ်သည် ၂၀ ကိုပြန်လွှတ်ပေးရန် ကမ္ဘောဒီးယားအစိုးရက   ဇူလိုင်လ ၃၁ ရက်တွင် တောင်းဆိုလိုက်ကြောင်း   သိရသည်။

ထိုင်းစစ်သည်များသည် ဇူလိုင်လ ၂၉ ရက်နံနက် ၇ နာရီခွဲတွင် ကမ္ဘောဒီးယား စစ်သည် ၂၁ ဦးကိုခေါ်ဆောင်သွားပြီး ၎င်းတို့အနက်တစ်ဦးမှာ သေဆုံးသွားပြီဟူ သောသတင်းကို ရရှိထားကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသောစစ်သည် ၂၀ ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ကမ္ဘောဒီးယား အစိုးရကာကွယ် ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယား နိုင်ငံတို့အနေဖြင့် လက်ရှိအာဆီယံအဖွဲ့ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့်အတူ  ထိုကိစ္စကို ဆွေးနွေးနေကြောင်း ၎င်းက ဆက်ပြောထားသည်။

တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားစစ်သည်များနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်ထားသည်။

Ref: Xinhua

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၃၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၂၉ ရက်တွင် သာကေတဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဝင်ရောက်ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၃၀၆၇၇၃) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. T-B ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ဇူလိုင် ၃၀ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၁၈၉၄၄၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာရှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၆၃၃၅၀၀၆) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (ကုန်လှောင်ရုံ) ၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၇၇၉၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၃၆၇၀၉၁၁၉) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၃၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ သထုံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၈၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ညောင်လေးပင်ခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၈၁၉ တန်၊ အခြားသစ် ၀ ဒသမ ၅၀၉ တန်၊ မီးသွေးတန် ၂ ဒသမ ၇၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၅၃၀၁) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၅၉၅၃၀၁ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေကြက်ယက်ဆိပ်ကမ်းအနီး၌ ရန်ကုန်မြို့မှ မုံရွာမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၆၆-၆၇ကြား အမှတ် ၁၄၁-A ရှိ ဂိုဒေါင် တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၃၅ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၇၃၇၁၃၇၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၃၈၇၁၃၇၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၃၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ခြောက်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၃၅ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၈၁၇၅၇၉၀) ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

နေပြည်တော် ဇူလိုင် ၃၀

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လျက်ရှိရာ ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၉ ရက် အထိ TNLA အဖွဲ့ဝင် လေးဦး၊ DPLA အဖွဲ့ဝင် ၄၇ ဦးနှင့် MDY-PDF အဖွဲ့ဝင် ၆၁ ဦး၊ ရွာငံ PDF အဖွဲ့ဝင် ခြောက်ဦး၊ စုစုပေါင်း ၁၁၈ ဦးတို့သည် လက်နက်မျိုးစုံ ၁၄ လက်၊ ကျည်မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန် လည် ဝင်ရောက်လာခဲ့ကြသည်။

ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံ သင်တန်းကျောင်း၌ DPLA အဖွဲ့ဝင် အမျိုးသားလေးဦး၊ MDY-PDF အဖွဲ့ဝင် အမျိုးသား ခြောက်ဦးနှင့် TNLA အဖွဲ့ဝင် အမျိုးသားနှစ်ဦး စုစုပေါင်း ၁၂ ဦး တို့သည် Type-81 အမျိုးအစား သေနတ်တစ်လက်၊ ၎င်းကျည် အိမ်တစ်ခု၊ ၎င်းကျည် ၂၅ တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံလာခြင်းများကြောင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့ကို တာဝန်ရှိသူများက ပြန်လည်လက်ခံပြီး ချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲပြောင်းအပ်နှံ ပေးခဲ့သည်။

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ပြောကြားချက်များအရ ၎င်းတို့သည် အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက် သူများဖြစ်ပြီး အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အဖွဲ့သို့ မဝင်ရောက်ပါက မိဘဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မလူသစ် စုဆောင်းခြင်းကိုခံခဲ့ရကြောင်း၊ ထို့ပြင် တောတွင်း၌ ပင်ပန်းကြမ်းတမ်းစွာဖြင့် အနေဆင်းရဲ၊ အစားဆင်းရဲ နေထိုင်ခဲ့ရကြောင်း၊ ၎င်းတို့အဖွဲ့အတွင်း၌ လက်နက်အားကိုးဖြင့် အထက်အောက် အနိုင်ကျင့်ဗိုလ်ကျ လူမျိုးရေးခွဲခြားဆက်ဆံခံရခြင်း၊ အဆင့်အတန်းခွဲခြား ဆက်ဆံခံရခြင်းများရှိကြောင်း၊ တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Opera-tion)များဆင်နွှဲမှုတွင် အကျအဆုံး များပြားလာသဖြင့် ခုခံနိုင်ခြင်းမရှိတော့၍ ဆက်လက်တိုက်ခိုက် လိုခြင်းမရှိဘဲ အသက်ရှင်သန်ရေးအတွက် အခက်အခဲဒုက္ခမျိုးစုံကြားမှ ထွက်ပြေးတိမ်းရှောင်နေရခြင်းများကြောင့် စိတ်ဓာတ်များကျဆင်းလာခြင်း၊ အကြမ်းဖက်သမားများ၏ လုပ်ရပ်များသည် အပြစ်မဲ့ပြည်သူများအတွက် လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာသည်ကို သိရှိနားလည်လာခြင်း၊ မိသားစုများနှင့်အတူ ယခင်ကဲ့သို့ နွေးနွေးထွေးထွေး ပြန်လည်နေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက် လာခြင်းတို့ကြောင့် ယခုကဲ့သို့ ၎င်းတို့အဖွဲ့အတွင်းမှ ပြန်လည်စွန့်ခွာလာပြီးနီးစပ်ရာ တပ်မတော်စခန်းများမှတစ်ဆင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား နွေးထွေးစွာ ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့်နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -

အလင်းဝင် - ၁

ကျွန်တော်ကတော့ DPLA ထဲကို ဘယ်လိုစရောက်ခဲ့သလဲဆိုတော့ ကျွန်တော်တို့ကို DPLA က စစ်ကောက် ကောက်တယ်ဗျ။ တစ်အိမ်တစ်ယောက်နှုန်းနဲ့ ကောက်တယ်။ တစ်အိမ်တစ်ယောက်နှုန်းနဲ့ကောက်တော့ ကျွန်တော်တို့က မောင်နှမသုံးယောက်ရှိတယ်။ မောင်နှမသုံးယောက်ရှိတဲ့အတွက် ညီတွေ၊ ညီမတွေကြောင့် ကျွန်တော်လိုက်ခဲ့ရတယ်။ လိုက်ခဲ့ရတဲ့အချိန်မှာ သူတို့က ကျွန်တော်တို့ကို ညကြီးအချိန်မှာ ကားနဲ့သင်တန်းကွင်းကို ခေါ်သွားတယ်။ သင်တန်းစတက်တဲ့အချိန် အတွေ့အကြုံကတော့ ကျွန်တော်တို့က လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားပြီဗျ။ ကျွန်တော်တို့ဘဝတွေက ပြောရမယ်ဆိုရင် ရှင်လျက်နဲ့သေသလို ဖြစ်သွားပြီဗျာ။ ဘာလို့လဲဆိုတော့ ဘေးကိုကြည့်လိုက်ရင်လည်း တောတောင်တွေ၊ အောက်ကိုကြည့်လိုက်ရင်လည်း ရေတွေပဲမြင်ရပြီး အခြားဘာမှမမြင်ရဘူး။ သင်တန်းကွင်းကို ကျွန်တော်တို့ နံနက် ၄ နာရီကနေ ည ၉ နာရီအထိ နားချိန်မရှိဘဲသင်တန်းတက်ရပါတယ်။ အစားအသောက်ကျွေးရင်လည်း အငတ်ငတ်အပြတ်ပြတ်နဲ့ ဘာကျွေးလဲဆိုတော့ ရှူးရှဲနဲ့ စွန်တန်ပဲကျွေးတယ်။ တစ်ခါတလေမှာ ရှူးရှဲတောင်မှ နပ်မမှန်ဘူး။ တစ်ခါတလေ ဆားဖြူးစားရတဲ့အခါတွေလည်းရှိတယ်။ အဲဒီလိုအစားအသောက် နပ်မမှန်တော့ ကိုယ်ဘာသာတောထဲက အသီးအရွက်လေးတွေ ခူးချက်စားရတယ်။ အဲဒီလိုသွားခူးစားလို့ သိသွားရင် အရိုက်အနှက်ခံရတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူတို့ကျွေးတာမစားလို့၊ မင်းတို့က အဲဒီလိုခူးစားလား၊ လုပ်စားလား ဆိုပြီးတော့ ကျွန်တော်တို့ကို ရိုက်နှက်နှိပ်စက်တာတွေရှိတယ်။ ကျွန်တော်တို့ဟာဆိုရင် အစာအာဟာရ ပြည့်ပြည့်ဝဝမစားရဘူး။ အိပ်တာလည်း ဝဝလင်လင် မအိပ်ရဘူး။ ပြီးရင် လူမျိုးရေးခွဲခြားတာတွေလည်းရှိတယ်။ ဘယ်လိုလူမျိုး ရေးခွဲခြားတာလဲဆိုတော့ ပလောင်တွေက သူတို့လူမျိုးဆိုရင် တစ်ခုခုအမှားလုပ်တာတို့၊ အပြစ်လုပ်တာ တို့ဆိုရင်သက်သာတဲ့ အပြစ်ပေးတာပဲရှိတယ်။ ကျွန်တော်တို့ ဓနုလူမျိုးတစ်ယောက်က အမှားလုပ်ပြီဆိုရင် သေမလောက်အထိနှိပ်စက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ကြိတ်မှိတ်ပြီးနေခဲ့ရတယ်။ ကျွန်တော်တို့မှာ အဖိအနှိပ်ခံဘဝနဲ့ ရှင်လျက်နဲ့သေနေသလို သင်တန်းမှာနေခဲ့ရတယ်။ ရှေ့တန်းရောက်ရောက်ချင်း ဘာတွေအတွေ့အကြုံရလဲဆိုတော့ မဖြစ်နိုင်တဲ့အရာကို တက်ခိုင်း၊ လုပ်ခိုင်းတယ်။ ဒီနေရာ မဖြစ်ဘူးဆိုရင်လည်း ဆုတ်ခိုင်းမယ်မရှိဘူး။ တက်တက်ဆိုပြီးတော့ အတင်းတက်ခိုင်းတယ်။ ကျွန်တော့်ရှေ့မှာပဲ သူငယ်ချင်းတွေ သေတာတွေရှိတယ်။ အဲဒီအထဲမှာ ပလောင်လူမျိုးတစ်ယောက်မှမပါဘူး။ ကျွန်တော်တို့ကြေကွဲရတယ်။ ခံစားရတယ်။ ကျွန်တော်တို့ ပြေးချင်တယ်။ လွတ်လမ်းရှာချင်တယ်။ ဒါပေမယ့်အခွင့်မသာဘူး။ နောက်ဆုံး တာဝန်ကျတဲ့ကုန်းကတော့ ကျောက်ကြမ်းကုန်းပေါ့။ အဲဒီကုန်းမှာ အဖြစ်အပျက်က ပိုဆိုးသွားတယ်။ ဘယ်လိုအဖြစ်အပျက် ပိုဆိုးသွားလဲဆိုတော့ ပလောင်တွေအများစုကကျတော့ ခုနက ကျွန်တော်ပြောသလိုပဲ ကျွန်တော်တို့ ဓနုလူမျိုးကို လူမျိုးတုန်းသတ်ဖြတ်တာပေါ့ဗျာ။ အမှန်က သူတို့ကအရှေ့ကမတိုက်ဘူး။ ကျွန်တော်တို့ ဓနုလူမျိုး လူ အယောက်လေးငါးဆယ်ကို အရှေ့ကိုအတက်ခိုင်းပြီး အတိုက်ခိုင်းတယ်။ သူတို့လူမျိုးကျတော့ တစ်ယောက်နှစ်ယောက်ပဲပါတယ်။ ပြီးရင်သူတို့က တက်တက်ဆိုရင် မြန်မာလိုပြောပြီးတက်တယ်ဗျာ။ ဆုတ်ဆုတ်ဆိုရင် ပလောင်လိုပြောပြီး ဆုတ်သွားတယ်။ ကျွန်တော်တို့က ပလောင်စကား နားမလည်တော့ အဲဒီမှာခံရပါတယ်။ ဘာခံရလဲဆိုတော့ ကျွန်တော်တို့ ဘုမသိဘမသိနဲ့ ဓနုတွေပဲကျန်ခဲ့တဲ့အတွက်ကြောင့် ဓနုလူမျိုးတွေသေကြတယ်ဗျာ။ အဲ့ဒီလိုပလောင် စကားနားမလည်တဲ့ ဓနုလူမျိုး တွေသေဆုံးတဲ့အတွက် ကျွန်တော် တို့ မကျေနပ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ငါတို့အလင်းဝင်မှ ရတော့မယ်။ ငါတို့ဒီလိုအခက်အခဲ ဘဝနဲ့ အဆင်မပြေတော့ဘူး။ ဘာလို့လဲဆိုတော့ ငါတို့အသက် ရှင်အောင် ငါတို့ကြိုးစားမှရမယ်လို့ တိုင်ပင်ပြီး ကျွန်တော်နဲ့အတူ သူငယ်ချင်းလေးယောက် ည ၁၂ နာရီအချိန်မှာ ထွက်ပြေးလာပြီး ပြင်ဦးလွင်ရောက်ဖို့ နှစ်ရက်ဆက်တိုက် လမ်းလျှောက်ခဲ့ရတယ်။ ကျန်တဲ့သူငယ်ချင်းတွေကိုလည်း ပြောချင်တာကတော့ အဲဒီမှာ ပေကပ်မနေနဲ့တော့၊ ကိုယ့်အသက်ကို နှမြောတယ်ဆိုရင် တပ်မတော်နဲ့လာပူးပေါင်းပါလို့ ပြောချင်တယ်။ သူတို့ပလောင်တွေ ဝါဒဖြန့်သလို အလင်းဝင်သူတွေ ကို တပ်မတော်က သတ်တယ်၊ နှိပ်စက်တယ်တို့ ထင်ခဲ့မိတာ။ လက်တွေ့မှာတော့ ကျွန်တော်တို့ ထင်ခဲ့သလိုမဟုတ်ဘဲ တကယ်တမ်း အလင်းဝင်လာတော့ တပ်မတော်က ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။ အဲဒီလိုတွေမြင်ရတော့ ဝမ်းသာကြည်နူးပြီး မျက်ရည်တောင် ကျမိတယ်။ သူငယ်ချင်းတွေကိုသိအောင် ပြောချင်တာက တပ်မတော်က တကယ်နွေးထွေးစွာကြိုဆိုတယ်။ ဒီရောက်လာမှ အစားအသောက်လည်း ကောင်းကောင်းစားရတယ်။ အိပ်ကောင်းချင်းလည်း အိပ်ရတယ်။ ပြောမယ် ဆိုရင် စိတ်လွတ်ကိုယ်လွတ်နေရ ထိုင်ရတယ်။ အရင်ကဆိုကြောက် စိတ်တွေနဲ့နေခဲ့ရတယ်။ ဘယ်နေ့သေမလဲ။ ဘယ်နေ့လက်နက်ကြီးကျမလဲ။ ဘယ်နေ့လေယာဉ်ကြဲမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့နေခဲ့ရတဲ့အချိန်တွေနဲ့ အခုအလင်းဝင်ရောက်တဲ့အခြေအနေနဲ့ တခြားစီကွာခြားသွားပြီလို့ ပြောချင်ပါတယ်။

အလင်းဝင် - ၂

ကျွန်တော် ဒီအဖွဲ့အစည်းထဲကို ကိုယ့်စိတ်ဆန္ဒနဲ့ဝင်သွားတာ မဟုတ်ပါဘူး။ ပြောချင်တာတော့ သူတို့ ကျွန်တော်တို့ကို တစ်အိမ်တစ်ယောက် မဖြစ်မနေ ဝင်ရမယ်ဆိုပြီးတော့ မဝင်ရင်လည်း ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေကို ဒုက္ခပေးမယ်ပေါ့။ တစ်ခုခုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ ကျွန်တော် အခုလိုဝင်ရခြင်း ဖြစ်ပါတယ်။ နောက်ပြီးတော့ သူတို့ထဲကိုဝင်တဲ့အချိန်မှာလည်း အဆင်မပြေမှုတွေအများကြီး ကြုံရတယ်။ ဘယ်လိုကြုံရလဲဆိုတော့ လူမျိုးရေးခွဲခြားတာတွေရှိတယ်။ နောက်ပြီးတော့သူတို့က လက်နက်ကိုင်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့လည်းသူတို့ခိုင်းတာကို မဖြစ်မနေလုပ်ရတာပဲဖြစ်တယ်။ သင်တန်းတွေဆက်တက်တဲ့အချိန်မှာလည်း လူမျိုးရေးခွဲခြားတယ်။ တစ်ယောက် နဲ့တစ်ယောက် အနိုင်ကျင့်ပြောဆို ဆက်ဆံခံရတာတွေ အများကြီးရှိတယ်။ အဲဒါတွေကြုံခဲ့ရတယ် အများကြီးဗျာ။ နောက်ပြီးတော့ ဒီသင်တန်းတက်ပြီးလို့ ရှေ့တန်းကို ထွက်လာတဲ့အချိန်မှာလည်း ကျွန်တော်တို့ကို ရှေ့ပဲထိုးခိုင်းတယ်။ အကြီးပိုင်း ပလောင်တွေကတော့ နောက်မှာပဲနေတယ်။ မဖြစ်မနေ ရအောင်တိုက်ဆိုပြီး ပြောထားတဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့လည်း အသေခံတိုက်ရတယ်။ အဲဒီလိုမျိုးကြုံခဲ့ရတယ်။ သူတို့က နောက်မှာနေပြီးတော့ ကျွန်တော်တို့တိုက်လို့ နိုင်ထားတဲ့မြို့တွေ၊ သိမ်းလို့ရထားတဲ့ မြို့တွေ၊ ရွာတွေကို သူတို့ဝင်တယ်။ ဝင်ပြီးတော့ သူတို့အဲဒီမှာရှိတဲ့ ပြည်သူတွေရဲ့ပစ္စည်းတွေကိုယူတယ်။ ယူပြီးတော့ အဲဒါတွေကိုလည်း ကျွန်တော်တို့ DPLA အဖွဲ့အစည်းတွေ ကောင်းစားဖို့အတွက်မဟုတ်ဘူး။ တကယ်တမ်းတော့ ပလောင်တွေ ကောင်းစားဖို့အတွက်ပဲ၊ သူတို့ကိုယ်သူတို့ ကောင်းစားဖို့အတွက်ပဲ သူတို့လုပ်ကြတယ်။ သူတို့က ပြည်သူတွေရဲ့ပစ္စည်းတွေ ကို ယူတယ်။ ယူပြီးတော့ သူတို့ပဲကောင်းစားဖို့အတွက်လုပ်တယ်။ သူတို့ကနောက်မှာ ထိုင်တယ်။ အေးဆေးပိုက်ဆံကို ဆီနဲ့ရေလိုသုံးကြတယ်။ ကျွန်တော်တို့ကိုကျတော့ ရှေ့တန်းမှာဆိုရင် ရှူးရှဲ၊ စွန်တန်နဲ့ ဖြစ်သလိုကျွေးတယ်။ ဖြစ်သလိုကျွေးပြီးတော့ အသေခံတိုက်ခိုင်းတယ်။ နောက်ဆုတ်လာ ပြီဆိုရင်လည်း ပစ်သတ်တာမျိုးတွေ၊ ခြိမ်းခြောက်တာမျိုးတွေ အများကြီးရှိတယ်ဗျာ။ အဲဒါကြောင့်မလို့ နောင်ချိုမြို့ကို မရမကထိုးမနိုင်ရင် မင်းတို့ကို သတ်မယ်ခြိမ်းခြောက်လို့ ကျွန်တော်တို့လည်း ရှေ့တန်းက အမြင်မှန်ရပြီးတော့ တပ်မတော်ထဲကို အလင်းဝင်ရောက်ခြင်း ဖြစ်ပါတယ်။ အခုမှဝင်လာတယ်ဆို ပေမယ့်လည်း ကိုယ့်ကိုယ်ကို နောင်တရလို့မဆုံးဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့ ဒီထဲဝင်လာရင် တပ်မတော်ဘက်ကလည်း အေးအေးချမ်းချမ်းနဲ့ ကြိုဆိုတယ်။ ကောင်းကောင်းမွန်မွန်နွေးထွေးစွာနဲ့ ကြိုဆိုတဲ့အတွက် ကျွန်တော်တို့မှာ ပြောမပြ တတ်အောင် ဝမ်းသာပီတိဖြစ်မိပါတယ်။ နောက်နောင် တပ်မတော်နှင့် ပြည်သူအတွက်ကို ဘယ်လိုတာဝန်ပဲပေးပေး ကျွန်တော်တို့ရဲရဲဝံ့ဝံ့နဲ့ တာဝန်ထမ်းဆောင်ပါ့မယ်လို့ ကတိပေးပါတယ်။ နောက်နောင်လည်း အကြမ်းဖက်အဖွဲ့အစည်းထဲကိုလည်း မဝင်တော့ပါဘူးလို့ ဝန်ခံကတိပြုပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

31 July 2025

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇူလိုင် ၂၉ ရက် ညနေ ၆ နာရီတွင် လောင်းလုံးမြို့နယ်၊ ပန်းဒက်အင်းကျေးရွာနေ ဦးစံဦး(၆၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်အနီးသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။