သတင်းများ

အင်ဂျင်နီယာပညာရေး အရည်အသွေးအတည်ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ-၂၀၂၅ ကျင်းပ

နေပြည်တော် ဇူလိုင် ၃၀

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ကမ္ဘာ့အင်ဂျင် နီယာအဖွဲ့ချုပ်(WFEO)၏ အင်ဂျင်နီယာပညာရေးဆိုင်ရာ အမြဲတမ်းအင်ဂျင်နီယာအဖွဲ့ (CEIE)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အင်ဂျင်နီယာပညာရေး အရည်အသွေးအတည်ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ ICEEA 2025 ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။

ညီလာခံသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများ၊ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အင်ဂျင်နီယာအထူးပြုဘာသာရပ်အလိုက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဝင်များ တက်ရောက်ကြပြီး နိုင်ငံပေါင်း ၂၀ ကျော်မှ အင်ဂျင်နီယာအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် အင်ဂျင်နီယာပညာရှင်များက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။

ညီလာခံတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာညီလာခံ - ၂၀၂၅ အား “အင်ဂျင်နီယာပညာဖြင့် ရေရှည်တည်တံ့သော အနာဂတ်ကိုပုံဖော်ခြင်း” ခေါင်းစဉ်ဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမှ အင်ဂျင်နီယာပညာရေးနှင့် ပတ်သက်သည့် ဘာသာရပ်အလိုက် ကျွမ်းကျင်မှုဆိုင်ရာမြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန်၊ အင်ဂျင်နီယာပညာရေးသည် နည်းပညာပိုင်းအရ ခိုင်မာစွာရပ်တည်နိုင်ရုံသာမက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အခြေခံသဘောတရားများ၊ လူမှုအသိုက်အဝန်း၏ တုံ့ပြန်မှုနှင့်တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်မှုရှိကြောင်းတို့ကို ပါဝင်တက်ရောက်သူများအကြား အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးမှုများ၊ သင်ယူမျှဝေခြင်းနှင့် နည်းဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို အားပေးသည့် ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း။

အင်ဂျင်နီယာ ဆန်းသစ်တီထွင်မှုများသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးပန်းတိုင်များကို အားဖြည့်ပေးနိုင်ရေး၊ ၂၁ ရာစု စွမ်းရည်များမြှင့်တင်ခြင်းနှင့် အသိအမှတ်ပြုခြင်းတို့အတွက် အရည်အချင်း စစ်ဆေးရေးစနစ်များ ပိုမိုကောင်းမွန်အောင် ပြောင်းလဲဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှ အင်ဂျင်နီယာ ဘွဲ့ရများ၏ ယုံကြည်စိတ်ချရမှုနှင့် အလုပ်အကိုင်နယ်ပယ်ပြောင်းရွှေ့နိုင်မှုတို့ကို မြှင့်တင်နိုင်ရေး၊ စီးပွားရေးစွမ်းဆောင်နိုင်မှုနှင့် ကိုယ်ကျင့်တရားအခြေခံသော ခေါင်းဆောင်မှုစွမ်းရည်များ ဖွံ့ဖြိုးစေရန် ပညာရေးသင်ရိုးညွှန်းတမ်းများကို ပြန်လည် ရေးဆွဲနိုင်ရေးတို့အတွက် ဆွေးနွေးမှုများ ပြုလုပ်သွား ရန်ပြောကြားသည်။

ထို့နောက် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ် (WFEO) ဥက္ကဋ္ဌ၊ နိုင်ငံတကာအင်ဂျင်နီယာအဖွဲ့ချုပ် (IEA)ဥက္ကဋ္ဌ၊ ထိုင်ဝမ်အင်ဂျင်နီယာပညာရေးအဖွဲ့အစည်း (IEET) အမှုဆောင်အရာရှိချုပ်နှင့် အာရှနှင့် ပစိဖိတ်ဒေသ အင်ဂျင်နီယာအဖွဲ့အစည်းများ ဖက်ဒရေးရှင်း (FEIAP) ဥက္ကဋ္ဌတို့က အမှာစကား ပြောကြားကြသည်။

အင်ဂျင်နီယာပညာရေးအရည်အသွေးအတည် ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ ICEEA ကို နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်(WFEO)၊ နိုင်ငံတကာ အင်ဂျင်နီယာ အဖွဲ့ချုပ်(IEA)၊ ထိုင်ဝမ်အင်ဂျင်နီယာပညာရေးအဖွဲ့ အစည်း (IEET)၊ ဩစတြေးလျအင်ဂျင်နီယာအဖွဲ့ အစည်း(EA)၊ အာရှနှင့်ပစိဖိတ်ဒေသအင်ဂျင်နီယာ အဖွဲ့အစည်းများဖက်ဒရေးရှင်း (FEIAP)၊ ပါကစ္စတန် အင်ဂျင်နီယာကောင်စီ၊ မလေးရှားအင်ဂျင်နီယာများအဖွဲ့အစည်း (IEM)၊ အာဆီယံအင်ဂျင်နီယာအဖွဲ့ အစည်းများဖက်ဒရေးရှင်း (AFEO)၊ အိန္ဒိယနိုင်ငံ အရည်အသွေးအာမခံအဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံရှိ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများမှ အင်ဂျင်နီယာပညာရှင်များက အင်ဂျင်နီယာပညာရေးဖြင့် ရေရှည်တည်တံ့သော အနာဂတ်ကိုပုံဖော်ခြင်း၊ WFEO Academy ၏ အခန်းကဏ္ဍ၊ ရေရှည်တည်တံ့သောကမ္ဘာအတွက် အနာဂတ်အင်ဂျင်နီယာများ လေ့ကျင့်ပျိုးထောင်ခြင်း၊ အင်ဂျင်နီယာပညာ အတည်ပြုခြင်းတွင် AI ၏ အခန်းကဏ္ဍ၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးရည်မှန်းချက်များ (SDG)၊ စွမ်းအင်သုံးသုညသို့ ခရီးလမ်းနှင့် ရေရှည်တည်တံ့သော ဒေတာစင်တာများစသည့် ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

MOI

“မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၃၀

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည်။

ဦးစွာ ကျောင်းသားကျောင်း သူများက “လှမ်းလို့ဖိတ်ခေါ် GTI နေပြည်တော်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မူးယစ်ဆေးဝါးသည် လူငယ်များ၏ အိပ်မက်များ၊ စွမ်းရည်များနှင့် အနာဂတ်ကိုဖျက်ဆီးနိုင်သည့်အတွက် ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို ကျောင်းသင်ဘာသာရပ်များအပြင် ဘဝတွင် ကြုံတွေ့လာရမည့် ပြောဆိုဆက်သွယ်မှု၊ စီမံခန့်ခွဲမှု၊ လူမှုဆက်ဆံရေး ကောင်းမွန်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ပြဿနာများကို ဖြေရှင်းတတ်မှု၊ မှန်ကန်စွာဆုံးဖြတ်ချက်ချမှတ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုတို့အပြင် မူးယစ်ဆေးဝါးကင်းစင်သည့် လူ့ဘောင်သစ်တစ်ခုကို တည်ဆောက်ပေးနိုင်ပြီး ဘဝကိုအောင်မြင်စွာ တည်ဆောက်နိုင်သည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးသွားရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့် အသိပညာပေးသင်တန်းများနှင့် သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်) ကျောင်းအုပ်ဆရာကြီးထံအား ကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က အသိပညာပေးဟောပြောမည့် ဇမ္ဗူသီရိမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာလင်းပြည့်သိမ်းကို အမှတ်တရ ဂုဏ်ပြုလက်ဆောင် များကို ပေးအပ်ပြီး ဇမ္ဗူသီရိ မြို့နယ်ကျန်းမာရေးမှူးက “မူးယစ်နှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောကာ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူကဉာဏ်စမ်းပဟေဠိ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေဆိုနိုင်သူများကို အမှတ်တရ ဆုလက်ဆောင်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)၌ ဗီယက်နမ်နိုင်ငံမှ ကလေးနှလုံးအထူးကု ဆရာဝန်နှင့်ပူးပေါင်း၍ မွေးရာပါနှလုံးရောဂါ ကလေးလူနာများအား ကုသမှုဆောင်ရွက်

နေပြည်တော် ဇူလိုင် ၃၀

ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကုန်)၌ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများသည် မွေးရာပါ နှလုံးရောဂါများကို ရင်ခေါင်းဖွင့်၍ ဆောင်ရွက်သော ခက်ခဲသည့် ခွဲစိတ်ကုသမှုများနှင့် ခွဲစိတ်ရန်မလိုဘဲ နှလုံးနှင့်သွေးကြောအထူး ကုသစက် (Cardiac Catheteri-zation Lab) အသုံးပြု၍ ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတကာမှ ကျွမ်းကျင်သူ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများ၊ အထူးကုအဖွဲ့များနှင့် ပူးပေါင်း၍ ကုသမှုများဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကုန်)၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်မှ ၄ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children’s Hospital No. 1 မှ ကလေးနှလုံးအထူးကု ဆရာဝန် Dr. Do Nguyen Tin သည် မြန်မာနိုင်ငံမှ ပါမောက္ခ ဒေါက်တာခင်မောင်ဦး၊ ပါမောက္ခ (ကလေးနှလုံးဆေးကု) ခေါင်းဆောင်သော ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများနှင့်အတူ မွေးရာပါ နှလုံးရောဂါ ကလေးလူနာ ၁၇ ဦးအား ခွဲစိတ်စရာမလိုဘဲ နှလုံးနှင့် သွေးကြောအထူးကုသစက် (Cardiac Catheterization Lab) ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော အဆို့(Device)များ၊ ဆေးနှင့် ဆေးပစ္စည်းများ အသုံးပြု၍ ကုသခြင်းနှင့် ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကလေးလူနာများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ ပြန်လည်ခေါ်ယူပြီး Follow up ကြည့်ရှုခြင်းနှင့် နှလုံးစမ်းသပ်စက် (Echo) ရိုက်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေး ခဲ့ရာ စမ်းသပ်စစ်ဆေးမှုများအရ ကလေးလူနာများ၏ အခြေအနေသည် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်) ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ ကလေး နှလုံးရောဂါဝေဒနာရှင် ၄၉၆ ဦးအား မခွဲစိတ်ရဘဲ နှလုံးနှင့် သွေးကြော အထူးကုသစက်များ အသုံးပြု၍ လည်းကောင်း၊ ကလေးနှလုံးရောဂါဝေဒနာရှင် ၄၈၈ ဦးအား ခွဲစိတ်ကုသမှုများဆောင်ရွက်၍ လည်းကောင်း အောင်မြင်စွာ ကုသမှုများပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

နောင်ချိုမြို့ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်သင်ကြား ယာယီဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါးပိတ်ထားခဲ့ရပြီး ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများကို ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ယနေ့တွင်လည်း ကျောင်းသား ကျောင်းသူ ၁၁၁၀ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြားလျက်ရှိသည့်အပြင် ထပ်မံလာရောက်ကျောင်းအပ်နှံသူ ကျောင်းသားကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ထို့အပြင် တပ်မတော်မှဆရာဝန်များက ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်း သားပြည်သူ ၂၀၁ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။

နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက ဆေးရုံပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

နောင်ချိုမြို့၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူ ၁၁၀၀ ကျော် တက်ရောက် ပညာသင်ယူလျက်ရှိ

အကြမ်းဖက်သမားများကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ အခြေခံပညာကျောင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ များအား စာပေပညာရပ်များ သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်း အပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၉ ရက်တွင် ကျောင်းသား/ ကျောင်းသူ ၁၁၁၀ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြား လျက်ရှိသည့်အပြင် ထပ်မံလာရောက် ကျောင်းအပ်နှံသူ ကျောင်းသား/ ကျောင်းသူများကိုလည်း ကျောင်းအပ်လက်ခံခြင်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသလို ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကိုပါ ပေးအပ်ခဲ့သည်။

ထို့အပြင် တပ်မတော်မှ ဆရာဝန်များက ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ ယာယီ ဆေးရုံ ဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၃၀ တွင် ဒေသခံတိုင်းရင်းသားပြည်သူ ၂၀၁ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

၎င်းအပြင် နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီပြန်လည် ဖွင့်လှစ် နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက ဆေးရုံ ပတ်ဝန်းကျင်ရှိချုံနွယ် ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန် စေရေးအတွက် ရေမြောင်းများတူးဖော်ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုးကား- MHT

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် တစ်ဦးတွေ့ရှိ

(၂၈-၇-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၀-၇-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၇-၂၀၂၅) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈၈၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တစ်ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိနှုန်းမှာ (၀.၁၁) ရာခိုင်နှုန်းဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာ မရှိပါ။

လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့်

-အသက်အရွယ်ကြီးသူများ (အသက် ၆၀ နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်) ကို ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေပြီဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသေးစိတ်သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ နေပြည်တော်ကောင်စီနယ်မြေအတွင်း အောင်မြင်သူ ၅၇၄၁ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၄၆ ဒသမ ၂၇ ရာခိုင်နှုန်းရှိ

နေပြည်တော် ဇူလိုင် ၂၇

၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ၌လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ၌လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ဖြေဆိုသူ ၁၂၄၀၇ ဦးရှိသည့်အနက် အောင်မြင်သူ ၅၇၄၁ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် ၄၆ ဒသမ ၂၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာစစ်ဌာနဖွင့်လှစ်ထားသောကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား ကျောင်းသူများနှင့် မိဘများသည် စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြသည်။

ယခုကဲ့သို့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက “ကျွန်တော့် စာစစ်ဌာနအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား ကျောင်းသူပေါင်း ၃၃၉ ဦးရှိခဲ့ပြီး ဖြေဆိုအောင်မြင်သူ ၁၁၃ ဦးရှိပါတယ်။ ဒါကြောင့် အောင်ချက်ရာခိုင်နှုန်းအနေနဲ့ ၃၃ ဒသမ ၃၃ ရာခိုင်နှုန်းရှိပါတယ်။ ဂုဏ်ထူးရရှိမှုအနေနဲ့ ခြောက်ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်ရှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၂ ဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် ၂၆ ဦး ထွက်ရှိတဲ့အတွက် စုစုပေါင်းဂုဏ်ထူးရှင် ၄၈ ဦးရှိပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကို အခက်အခဲတွေကြားကနေ ကြိုးစားအားထုတ်ပြီး အောင်မြင်မှုရရှိအောင် ကြိုးစားဖြေဆိုခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေအစား ဂုဏ်ယူမိပါတယ်။ စာမေးပွဲပြန်လည်ဖြေဆိုကြဖို့ တွန်းအားပေးခဲ့ကြတဲ့ မိဘတွေကိုလည်း ကျေးဇူးတင်ပါတယ်။ စာမေးပွဲမအောင်မြင်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း စိတ်အားငယ်စရာမလိုဘဲ ဆက်လက်ကြိုးစားဖြေဆိုကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ဒီနှစ် Grade-12 တက်ရောက်ကြမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း ရှေ့ကအစ်ကိုတွေအစ်မတွေရဲ့ အခက်အခဲတွေကြားကနေ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြပြီး အောင်မြင်မှုရယူခဲ့ကြတာကို အတုယူကြစေလိုပါတယ်” ဟုပြောသည်။

အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က “ကျွန်တော့်ကျောင်းမှာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇီဝဗေဒဘာသာတွဲ ၄၈ ဦး ဝင်ရောက်ဖြေဆိုမှုမှာ အောင်မြင်သူ ၃၀ နဲ့ ဘောဂဗေဒဘာသာတွဲမှာ အောင်မြင်သူသုံးဦးဖြစ်တဲ့အတွက် အောင်မြင်မှုရာခိုင်နှုန်းက ၄၉ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဂုဏ်ထူးရရှိမှုအနေနဲ့ လေးဘာသာတစ်ဦး၊ သုံးဘာသာငါးဦး၊ နှစ်ဘာသာ၊ တစ်ဘာသာနဲ့ စုစုပေါင်း ၂၇ ဦး ဖြစ်ပါတယ်။ ဒုတိယအကြိမ်ဖြေဆိုမှုအတွက်လည်း ကျောင်းသား ကျောင်းသူတွေ မျှော်မှန်း သလိုဖြစ်ခဲ့တယ်လို့လည်း ယုံကြည်ပါတယ်။ အောင်မြင်တဲ့ ကျောင်းသားကျောင်းသူများနဲ့ ဂုဏ်ထူးရကျောင်းသား ကျောင်းသူများအတွက်သူတို့ရဲ့ မိဘတွေကိုယ်စားလည်း ဂုဏ်ယူပါတယ်။ သူတို့တွေဖြစ်ချင်တဲ့ ဆန္ဒနဲ့ကျောင်းကောင်းကောင်းတွေကို တက်ရောက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ကျရှုံးတဲ့ ကျောင်းသားကျောင်းသူတွေလည်း စိတ်ဓာတ်မကျဘဲ ခွန်အားအသစ်တွေနဲ့ ဆက်လက်ဖြေဆိုကြိုးစားကြပါလို့ ပြောချင်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲက အခြေခံပညာရဲ့အမြင့်ဆုံးစာမေးပွဲဖြစ်ပါတယ်။ ဒီစာမေးပွဲက ကလေးတွေကိုယ်တိုင် ကြိုးစားမှသာလျှင် ရည်မှန်းတဲ့ပန်းတိုင်ကို ရောက်ရှိမှာဖြစ်လို့ ဇွဲ၊ ဝီရိယ၊ လုံ့လတွေနဲ့ ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်” ဟုပြောသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြေဆိုအောင်မြင်မှုအနေဖြင့် ပျဉ်းမနားမြို့နယ်၌ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၄၇၉ ဦး၊ ရိုးရိုးအောင်မြင်သူ ၆၉၉ ဦး စုစုပေါင်း ၁၁၇၈ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၁ ဒသမ ၈၅ ရာခိုင်နှုန်း၊ ဇမ္ဗူသီရိမြို့နယ်၌ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူပေါင်း ၂၁၄ ဦး၊ ရိုးရိုးအောင်မြင်သူ ၃၈၈ ဦး စုစုပေါင်း ၆၀၂ ဦး၊ အောင်ချက်ရာခိုင် နှုန်း ၄၁ ဒသမ ၆၉ ရာခိုင်နှုန်း၊ လယ်ဝေးမြို့နယ်၌ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၃၇၀၊ ရိုးရိုးအောင်မြင်သူ ၇၉၉ ဦး စုစုပေါင်း ၁၁၆၉ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၄၇ ဒသမ ၁၈ ရာခိုင်နှုန်း၊ ဒက္ခိဏသီရိမြို့နယ်၌ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ ၆၀၊ ရိုးရိုးအောင်မြင်သူ ၁၀၁ ဦး စုစုပေါင်း ၁၆၁ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၄၅ ဒသမ ၆၁ ရာခိုင်နှုန်း၊ ဥတ္တရသီရိမြို့နယ်၌ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၂၄၄ ဦး၊ ရိုးရိုးအောင်မြင်သူ ၃၃၄ ဦး စုစုပေါင်း ၅၇၈ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၈၈ ရာခိုင်နှုန်း၊ တပ်ကုန်းမြို့နယ်၌ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၂၆၉ ဦး၊ ရိုးရိုးအောင်မြင်သူ ၅၇၂ ဦး စုစုပေါင်း ၈၄၁ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၉၀ ရာခိုင်နှုန်း၊ ဇေယျာသီရိမြို့နယ်၌ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၁၉၆ ဦး၊ ရိုးရိုးအောင်မြင်သူ ၄၁၄ ဦး စုစုပေါင်း ၆၁၀၊ အောင်ချက်ရာခိုင်နှုန်း ၄၃ ဒသမ ၇၃ ရာခိုင်နှုန်း၊ ပုဗ္ဗသီရိမြို့နယ်၌ ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၁၉၉ ဦး၊ ရိုးရိုး အောင်မြင်သူ ၄၀၃ ဦး စုစုပေါင်း ၆၀၂ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၃၈ ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဇီဝဗေဒဘာသာရပ်ဂုဏ်ထူးဖြင့် အောင်မြင်သူ မောင်ပိုင်ထက်ဦးက “ကျွန်တော် ဂုဏ်ထူးရရှိတဲ့အပေါ် အင်မတန်ဝမ်းသာပါတယ်။ ဂုဏ်ထူးတွေအများကြီးမျှော်မှန်းခဲ့ပေမယ့် တစ်ဘာသာပဲထွက်ခဲ့ပါတယ်။ ကျန်တဲ့ဘာသာတွေလည်း အမှတ်များမယ်လို့ ထင်ပါတယ်။ ဒုတိယအကြိမ် ဖြေဆိုမှုကိုလည်း ကျေနပ်အားရမှုရှိပါတယ်။ ပထမအကြိမ်ဖြေဆိုမှုရဲ့ အားနည်းချက်တွေကို ပြင်ဆင်မှုရခဲ့ပါတယ်။ ကျွန်တော် အမှတ်စာရင်းအတွက်တော့ ရင်ခုန်နေပါတယ်။ ကျွန်တော်တက်ချင်တဲ့ကျောင်းကို တက်လို့ရမယ်လို့ မျှော်လင့်ထားပါတယ်။ နောင်လာနောက်သား ညီလေး၊ ညီမလေးတွေကိုလည်း တစ်နေ့စာတစ်နေ့ကို လေ့လာလေ့ကျင့်ကြပါလို့ ပြောချင်ပါတယ်။ အချိန်ပိုတွေရှိခဲ့ရင် ပြန်လှန်လေ့ကျင့်ခန်းတွေ၊ မေးခွန်းဟောင်းတွေကို လေ့ကျင့်ကြပါလို့ ပြောချင်ပါတယ်။ ကျရှုံးတဲ့သူငယ်ချင်းတွေကိုလည်း အားမလျှော့ဘဲ ဆက်လက်ကြိုးစားဖြေဆိုကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်၊ ဓာတု ဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဂုဏ်ထူးများဖြင့် အောင်မြင်သူ မကြည်နူးဆက်က “အခုလိုလေးဘာသာဂုဏ်ထူးရရှိမှုအပေါ် အင်မတန်ဝမ်းသာပါတယ်။ ဘာသာစုံဂုဏ်ထူးထွက်ဖို့ မျှော်မှန်းပြီး ကြိုးစားခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့နှစ်ဘာသာမှာ လွဲချော်မှုလေးရှိခဲ့တယ်လို့ထင်ပါတယ်။ ဂုဏ်ထူးမထွက်ခဲ့ပေမယ့် အမှတ်ကောင်းမယ်လို့ ထင်ပါတယ်။ ကျောင်းပုံမှန်တက်ပြီး တစ်နေ့စာတစ်နေ့ ပုံမှန်လေ့လာကျက်မှတ်ပါတယ်။ ပြန်လှန်လေ့ကျင့်ခန်းတွေလုပ်တဲ့ အချိန်မှာ တစ်နေ့စာတစ်နေ့လေ့လာခဲ့တာတွေက အထောက်အကူပြုပါတယ်။ သင်ခန်းစာတွေကို တစ်နေ့စာ တစ်နေ့ပုံမှန်လေ့လာကျက်မှတ်ရင်း တစ်နှစ်တာကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်စာမေးပွဲဖြေဆိုမှုက အခွင့်အရေးတစ်ခုဖြစ်ခဲ့လို့ ကျေနပ်အားရမှုရှိခဲ့ပါတယ်။ ပထမအကြိမ်က အမှားတွေ၊ အားနည်းမှုတွေကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ နောက်ဖြေဆိုမယ့် မောင်လေး၊ ညီမလေးတွေကို Grade -12 က စိတ်ပင်ပန်းရမယ့် အတန်းမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ တစ်နေ့စာ တစ်နေ့၊ တစ်ပတ်စာ တစ်ပတ်သင်ခန်းစာတွေကို သေချာလေ့ကျင့်မယ်ဆိုရင် အောင်မြင်အောင် ဖြတ်ကျော်နိုင်မယ့် အတန်းဖြစ်ပါတယ်။ ဂုဏ်ထူးတွေပါ မှန်းမယ်ဆိုရင်တော့ ဇွဲ၊ ဝီရိယ၊ လုံ့လတွေကို ပိုပြီးအားစိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ပြန်လှန်လေ့ကျင့်ခန်းနဲ့ မေးခွန်းဟောင်းတွေကို သေချာလေ့ကျင့်ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံ(ရေဒီယို)၊ တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးခဲ့ပြီး အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

အေးအေးသန့်၊ ကျော်စွာဝင်း

ဓာတ်ပုံ-ကိုထိန်

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ မန္တလေးတိုင်းဒေသကြီးတွင် ဖြေဆိုအောင်မြင်သူ ၁၆၇၆၆ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းရှိ

မန္တလေး ဇူလိုင် ၂၇

၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့တွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း အပြီးထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၃၃၇၉၁ ဦး ရှိသည့်အနက် အောင်မြင်သူ ၁၆၇၆၆ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၉ ဒသမ ၆၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီမှစတင်၍ မန္တလေးမြို့ရှိ စာစစ်ဌာနဖွင့်လှစ်သောကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား ကျောင်းသူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုကြပြီး တာဝန်ကျ ဆရာ ဆရာမများကလည်း စည်းကမ်းတကျဖြင့် စနစ်တကျကြည့်ရှုနိုင်စေရေး ကြီးကြပ်ဆောင်ရွက်ပေးကြသည်။

​အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက “ကျွန်တော်တို့ကျောင်းအနေနဲ့ ဒီနှစ်အောင်ချက်က မနှစ်ကထက်ကောင်းမွန်ပါတယ်။ မန္တလေးမြို့မှာ သဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့ပြီး ဒုတိယအကြိမ်ပြန်လည်ဖြေဆိုတော့ ခြောက်ဘာသာဂုဏ်ထူး၊ ငါးဘာသာနဲ့ လေးဘာသာဂုဏ်ထူးတွေလည်း ထွက်ရှိပါတယ်။ ဒီနှစ်ကတော့ ကျန်တဲ့နှစ်တွေထက် ကို နှစ်ဆလောက် ပိုပြီးဂုဏ်ယူရတဲ့ နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းမှာ Grade - 12 ကျောင်းသား ၁၁၂ ယောက်ရှိပါတယ်။ ဒီ ၁၁၂ ယောက်မှာ ၅၇ ရာခိုင်နှုန်းအောင်ပါတယ်။ စာမေးပွဲကိုပျက်ကွက်မရှိ ပြန်လည်ဖြေဆိုကြပြီး ဒီလိုရာခိုင်နှုန်းရရှိတဲ့အတွက် အင်မတန်ကျေနပ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စသည်ဖြင့် ဘယ်ကျောင်းကပဲ အောင်မြင်ပါစေအရေးကြီးတာက နိုင်ငံတော်ကိုအကျိုးပြုမယ့် ကျောင်းသား ကျောင်းသူတွေဖြစ်ဖို့လိုအပ်ပါတယ်။ ဒီနေ့ကတော့ အားလုံးအတွက် မင်္ဂလာရှိတဲ့ နေ့လေးတစ်နေ့ဖြစ်တယ်လို့ ပြောကြားလိုပါတယ်”ဟု ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မအေးချမ်းပြည့်က “သမီးအနေနဲ့ ဒီလိုဂုဏ်ထူးတွေရရှိအောင် ကျောင်းသင်ခန်းစာတွေကို တစ်နေ့စာတစ်နေ့ ပုံမှန်လေ့လာကျက်မှတ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတဲ့ ဘာသာရပ်အလိုက် သင်ခန်းစာတွေကို သေချာလေ့လာမှတ်သားခဲ့ပါတယ်။ ဒီလိုကြိုးစားခဲ့တဲ့အပေါ်မှာ အခုလိုအကျိုးရလဒ်ရတဲ့အတွက် ကျေနပ်မိပါတယ်။ သမီးအနေနဲ့ ဆရာဝန်တစ်ယောက်ဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိပါတယ်။ ဒါကြောင့် ဆေးကျောင်းတက်ပြီး ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားပြီး ပြည်သူတွေကို ဆေးကုသပေးမှာဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းသင်ခန်းစာတွေကို အားထုတ်ကြိုးစား လေ့လာမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ရည်မှန်းချက်ကို ရောက်ရှိမှာဖြစ်ပါတယ်”ဟုပြောသည်။

​မန္တလေးတိုင်းဒေသကြီးအတွင်း ဂုဏ်ထူးရရှိမှုအနေဖြင့် ခြောက်ဘာသာဂုဏ်ထူးရှင် ၄၂ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၈၀ ၊ လေးဘာသာဂုဏ်ထူး ရှင် ၅၄၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၂၆၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၈၉၆ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၉၉၃ ဦး ထွက်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ဆဋ္ဌမအဆင့်ရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် မောင်ဟိန်းမင်းကိုက “ကျွန်တော့်အနေနဲ့ ကျောင်းသင်ခန်းစာတွေကို တစ်နေ့စာတစ်နေ့ ပြီးပြတ်အောင် ကျက်မှတ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားတဲ့အချိန်မှာလည်း သေချာဂရုစိုက်နားထောင်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် ဒုတိယအကြိမ် ပြန်လည်ဖြေဆိုတဲ့ အခါမှာလည်း အကောင်းဆုံးကြိုးစားဖြေဆိုခဲ့ပါတယ်။ အခုလို ဘာသာစုံဂုဏ်ထူးရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ငယ်ငယ်ကတည်းက သင်ကြားပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ငယ်စဉ်ကတည်းက ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ ဒါကြောင့်ဆေးကျောင်းတက်ပြီး ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ရည်မှန်းထားပါတယ်”ဟု ပြောသည်။

​ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မနန်းရတီထွန်းက “ကျောင်းစဖွင့်ကတည်းက CAE ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာ ဆရာမတွေရဲ့ သင်ပြလမ်းညွှန်မှုအောက်မှာ သေချာလေ့လာ မှတ်သားခဲ့ပါတယ်။ ဒါကြောင့် အခုလိုအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ် စာမေးပွဲဖြေဆိုတုန်းက အခက်အခဲတချို့ရှိခဲ့ပါတယ်။ ပြီးတော့ သဘာဝဘေးကြောင့် ဒုတိယတစ်ကြိမ် ထပ်ဖြေရမယ်ဆိုတော့ စိတ်ဓာတ်ကျချင်ပေမယ့် ကြိုးစားမှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ထပ်ပြီးကြိုးစားဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ အခုလို ခြောက်ဘာသာဂုဏ်ထူးရရှိတဲ့အတွက် သမီးငယ်ငယ်ကတည်းက ရည်မှန်းခဲ့တဲ့ ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။ သမီးအခုလို အောင်မြင်မှုရအောင် သမီးရဲ့နောက်ကွယ်ကနေ ပံ့ပိုးပေးတဲ့ မိဘတွေနဲ့ သင်ကြားပြသပေးတဲ့ ဆရာကြီး၊ ဆရာမကြီးတွေကို ကျေးဇူးအများကြီးတင်ရှိပါတယ်”ဟုပြောသည်။

ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မနှင်းအိန္ဒြာကလည်း “သမီး ဒီလိုခြောက်ဘာသာ ဂုဏ်ထူးထွက်အောင် တစ်နေ့စာတစ်နေ့ ကြိုးစားသင်ယူကျက်မှတ်ခဲ့ပါတယ်။ ပထမအကြိမ် စာမေးပွဲဖြေစဉ်က အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒုတိယအကြိမ်ဖြေဆိုရမယ်လို့ သိရတဲ့အခါ စိတ်ဓာတ်မကျဘဲ မလျှော့သောဇွဲလုံ့လနဲ့ ပြန်လည်ကြိုးစားဖြေဆိုခဲ့ပါတယ်။ သမီးအနေနဲ့ ဒီလိုခြောက်ဘာသာဂုဏ်ထူး ရရှိမယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။ အခုလို ရရှိ ခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်။ ဒီလိုအောင်မြင်မှုရရှိအောင်ထောက်ပံ့ပေးတဲ့ အဖေနဲ့ အမေကိုကျေးဇူးတင်ပါတယ်။ သေချာသင်ကြားပေးတဲ့ ဆရာ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ တက္ကသိုလ်ကတော့ရွေးချယ်နေတုန်းပဲရှိပါတယ်” ဟု ပြောသည်။

ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မကြည်နူးမေက “စာမေးပွဲအောင်စာရင်းမထွက်ခင် အချိန်အထိ အလွန်ကိုစိတ်လှုပ်ရှားနေပါတယ်။ အခုလို ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။ အခုလို အောင်မြင်မှုရရှိအောင် တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ပါတယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတာတွေကိုလည်း နားထောင်ပြီး လေ့လာကျက်မှတ်ပါတယ်။ ဆရာမတွေ လမ်းညွှန်ပေးထားတဲ့အတိုင်းပဲလုပ်ခဲ့တာပါ။ မနက်အစောထပြီး စာကျက်ခဲ့ရပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာတွေကိုလျှော့ပြီး စာဘက်ကိုပဲ အာရုံစိုက်လုပ်ခဲ့ရပါတယ်။ သမီးကိုပံ့ပိုးပေးတဲ့ ဆရာ ဆရာမတွေ၊ မိဘတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဘယ်လိုအခက်အခဲပဲရှိရှိအရှုံးမပေးဘဲ ကြိုးစားရင် အောင်မြင်မှုရရှိမှာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ခြောက်ဦးဝင်ရောက်ဖြေဆိုခဲ့ကြရာ သုံးဘာသာဂုဏ်ထူးရှင်ငါးဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့ပြီး ရာခိုင်နှုန်းပြည့် အောင်မြင်ခဲ့သည်။

မင်းထက်အောင်

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၁၉၃၆၆ ဦးရှိ

ရန်ကုန် ဇူလိုင် ၂၇

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနများ၌ တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၃၇၄၆၇ ဦး ဖြေဆိုရာတွင် ၁၉၃၆၆ ဦး အောင်မြင်ခဲ့၍ အောင်မြင်မှုရာခိုင်နှုန်း ၅၁ ဒသမ ၆၉ ရာခိုင်နှုန်းရှိခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၉၁ ခု၌ တက္ကသိုလ်ဝင်အောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား ကျောင်းသူများနှင့် မိဘဆွေမျိုးများ စိတ်အားထက်သန်စွာ လာရောက်ကြည့်ရှုခဲ့ကြသည်။

“ဒီနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၅၁ ဒသမ ၆၉ ရာခိုင်နှုန်း ရရှိထားတာကြောင့် တစ်နိုင်ငံလုံးအနေနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မွန်ပြည်နယ်က ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းနဲ့ တစ်နိုင်ငံလုံးမှာ အောင်ချက် ပထမဖြစ်ပါတယ်။ အခုလို အောင်မြင်မှုရရှိအောင် အဘက်ဘက်က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ သူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က ပြောသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ကျောင်းသူ ၃၇၄၆၇ ဦး ဖြေဆိုခဲ့ပြီး ယခင်နှစ်က အောင်မြင်သူမရှိခဲ့သော ကိုကိုးကျွန်းစာစစ်ဌာန၌ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ၁၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၂ ဦး အောင်မြင်မှုရှိခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ရလဒ်ကောင်းများ ဆက်လက်ပိုင်ဆိုင်ရရှိနိုင်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကူညီမှုနှင့်အတူ သက်ဆိုင်ရာခရိုင်/မြို့နယ်ကျောင်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျောင်းနေနှုန်းမြင့်မားရေး၊ ကျောင်းထွက်နှုန်းကျဆင်းရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ကောင်းမွန်ရေး စသည့် စံနှုန်းများ ဆက်လက်အောင်မြင်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးမှူးက ပြောကြားသည်။

“ဗိုလ်တထောင်မြို့နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ၄၆၂ ဦး ဖြေဆိုရာမှာ ၂၈၅ ဦး အောင်မြင်ပြီး ဂုဏ်ထူးရှင် ၆၀ ထွက်ပေါ်ခဲ့ပါတယ်။ ခြောက်ဘာသာဂုဏ်ထူးရှင်လေးဦး ထွက်ပေါ်ခဲ့ပြီး ၆၁ ဒသမ ၆၉ ရာခိုင်နှုန်း အောင်မြင်ခဲ့တာကြောင့် အားလုံးနဲ့ထပ်တူ ဝမ်းသာဂုဏ်ယူပါတယ်”ဟု ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်သင်းသင်းအောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းမတော်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ ၄၇၀ ဖြေဆိုရာ၌ ၃၆၅ ဦး အောင်မြင်ခဲ့သည့်အတွက် အောင်မြင်မှုရာခိုင်နှုန်း ၇၇ ဒသမ ၆၆ ရာခိုင်နှုန်းရရှိခဲ့၍ အောင်ချက်အများဆုံး မြို့နယ်အဖြစ်လည်းကောင်း၊ ကမာရွတ်မြို့နယ်တွင် ၈၂၀ ဖြေဆိုရာ၌ ၆၃၃ ဦး အောင်မြင်ပြီး အောင်မြင်မှုရာခိုင်နှုန်း ၇၇ ဒသမ ၂၀ ရာခိုင်နှုန်းရရှိခဲ့၍ အောင်ချက်ဒုတိယအများဆုံးမြို့နယ်အဖြစ် လည်းကောင်း၊ ဒဂုံမြို့နယ်တွင် ၄၂၃ ဦး ဖြေဆိုရာ၌ ၃၀၈ ဦး အောင်မြင်ပြီး အောင်မြင်မှုရာခိုင်နှုန်း ၇၂ ဒသမ ၈၁ ရာခိုင်နှုန်းရရှိခဲ့ရာ အောင်ချက်တတိယအများ ဆုံးမြို့နယ်အဖြစ်လည်းကောင်း ရပ်တည်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုကဲ့သို့ အောင်ချက်မြင့်မားလာရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် Grate–12 ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများနှင့် မွမ်းမံသင်တန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ-ကနူး

၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းအပြီးထုတ်ပြန်ကြေညာသည်။

ထိုသို့ထုတ်ပြန်ပေးရာတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ထားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက အေးချမ်းစွာလာရောက်ကြည့်ရှုကြသည်။ အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံ (ရေဒီယို)၊ တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖြေဆို၊ အောင်မြင်သူနှင့် အောင်ချက်ရာခိုင်နှုန်းများကို အောက်ဖော်ပြပါဇယားဖြင့် ထုတ်ပြန်ကြေညာထားသည်။